လမိုက်ညထက်ပို၍မိုက်သော( စ/ဆုံး )
———————————–
မှောင်မဲတိတ်ဆိတ်နေသော လကွယ်ညရဲ့ ညသန်းခေါင်မှာ
မအိပ်စက်နိုင်သော လူတစ်စုက တုတ်မီး၊ မီးရှုး ကိုယ်စီဖြင့် လှုပ်လှုပ်
ရွရွ ဖြစ်နေကြ၏။
ထိုလူတစ်စုကား ( ၇ ) ယောက်ခန့်မျှရှိပြီး၊
တစ်ယောက်က အသက်အားဖြင့် ကျန် ၆ ယောက်ထက်ကြီးပြီး၊
လွယ်အိတ်ကလေးတစ်လုံးကို လွယ်ထားကာ၊ လက်ထဲမှာလည်း
တုတ်သေးသေးကလေး တစ်ချောင်းကိုလည်း ကိုင်ထားသေး၏။
ကျန် ၆ ယောက်ကတော့ ပေါက်တူး၊ ဂေါ်ပြားကိုယ်စီကိုင်လျှက်။
သူတို့ကား ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်များဖြစ်တဲ့
သိုက်ဆရာများပင်။
” ကဲ ကဲ ငါ့ရဲ့ အားထားရတဲ့ တပည့်တို့ လုပ်စရာရှိတာလုပ်လို့ရပြီ၊
ငါ ဆရာ စီရင်စရာရှိတာ စီရင်ပြီးပြီ၊ ဒီတစ်ကြိမ် အောင်မြင်ရင်တော့
ငါတို့ဆရာတပည့် အေးဆေးနှပ်လို့ပြီ၊
ကဲ ကဲ စတူးကြတော့ ဟေ့ ”
ထိုလူ ၇ ယောက်ထဲ မှ အသက်ခပ်ကြီးကြီးနဲ့ လွယ်အိတ်လွယ်ထား
သူက ထိုသို့ ပြောလိုက်၏။
သူတို့ရဲ့ လုပ်စရာ ရှိတာ ဆိုတာက အခြားတော့မဟုတ်။
သိုက်တူးခြင်းပင်တည်း။
×××× ×××× ××××
ကညင်သာ ရွာနဲ့ အနည်းငယ်လှမ်းတဲ့ ကိုးတောင်ပြည့် ရှေးဟောင်း
စေတီတော်ဖြစ်တဲ့ ရွှေစာရံ စေတီတော် မြတ်မှာ သိုက်တူးနေကြ
ခြင်းပင်။
ရွာနဲ့လည်း အနည်းငယ်ဝေးသလို၊ ညစောင့်ညနေဘယ်သူမှ မရှိတဲ့
အတွက်လည်း လောဘသားသိုက်ဆရာတစ်စုအတွက်ပိုဟန်ကျ
နေတာပေါ့လေ။
” ဟုတ်ပြီ၊ ငါ့တပည့်တို့ ငါတို့အတွက် အနှောက်အယှက်တွေ
ရှိနိုင်တယ်၊ ဒါပေမယ့် ဘာမှကြောက်စရာမလိုဘူး၊ ငါ ဆရာ
တစ်ယောက်လုံး ရှိတယ်။
အဓိက က ဘယ်လိုပဲ ကြုံရကြုံရ ငါတားထားတဲ့ စည်းဝိုင်းထဲက
မထွက်ဖို့ပဲ ဟုတ်ပြီလား ကဲ တူးကြ တူးကြ”
” ဟုတ်ကဲ့ပါ ဆရာ ဒေဝ ”
တပည့် ၆ ယောက်ကလည်း သူတို့ ဆရာ ရဲ့ စွမ်းရည်ကို သိပြီး
သားမို့ သိပ်တော့ စိတ်မပူကြပေ။
*** *** *** **** **
ခဏကြာသောအခါ။ ။
လေစိမ်းတစ်ချက်တိုက်ခတ်သွားသည် မှာ သိုက်ဆရာရဲ့ တပည့်
၆ ယောက် တို့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားကြ၏။
ထိုအထဲမှ တစ်ယောက်က
” ဟေ့ကောင် မိုးအောင် ငါ အနံ့တစ်ခုရတယ်ကွ မင်းရော ရလား”ဟု
မေးလိုက်၍ မိုးအောင် ဆိုသူက
” ဟာ ငထွန်း မင်းသောက်လာပြန်ပြီလား စကားမပြောနဲ့ ဆရာကြီး
သိသွားရင် ငါတို့ကိုကျိန်းနေပါအုန်းမယ် တူးစရာရှိတာတူးစမ်းပါ
ကြာ ” ဟု
ပြန်ပြောလိုက်၏။
ထိုအခါ တစ်ခြား တစ်ယောက်က
” ဆရာကြီးကို ယုံလို့သာ တူးနေရတာကွ ငါ့စိတ်ထဲတော့ တစ်မျိုး
ကြီးပဲ” ဟုပြောလိုက်၍
ခေါင်းဆောင်ဖြစ်သူက
” ဟေ့ကောင်တွေ စကားမများကြနဲ့ အလုပ်ကိုပဲအာရုံစိုက်” ဟု
အော် ငေါက်လိုက်တော့၏။
*** *** ****
တူးနေရင်းကနေ ငထွန်း ရဲ့နားထဲ မြွေတစ်ကောင်၏
” တရှဲ ရှဲ ” မြည်သံကိုကြားလာရပြီး၊ တစ်ခါတခါ သူ့မိတ်ဆွေတွေကို
သေပြီးသားလူတွေ ဟု မြင်ယောင်လာ၏။
” စွတ် စွတ် စွတ် ” တူးရင်း တရှဲရှဲ မြည်နေသော မြွေအသံကို
ပိုမိုကြားလာရသလို သူတူးထားတဲ့ ကျင်းကိုကြည့်လိုက်တော့
မြောက်များစွာသော မြွေများ ထွက်လာနေတာကိုမြင်၍
” ဟာ ဟေ့ကောင်တွေ မြွေတွေဟ မြွေတွေ ” ဟု အော်ကာ
လက်ထဲ ကိုင်ထားတဲ့ ဂေါ်ပြားနဲ့ ရိုက်သတ်နေမိ၏။
ဒါပေမယ့် တစ်ခြားသူတွေကတော့ ဘာမှ မမြင်ပေ။
ထိုအခါ ဆရာဖြစ်သူက အနားသို့ရောက်လာပြီး
” ငထွန်း ငါ့တပည့် ဘာမှစိတ်မပူနဲ့ အဲဒါ ငါဆရာကို ပညာစမ်းနေတာ
ဒီလောက်နဲ့တော့မမူဘူးဟေ့ ဒေဝတဲ့ ဟေ့” ဟု အော်ကာ
လွယ်အိတ်ထဲမှ အဖြူရောင် အမှုန့်တစ်ဆုပ်ကိုယူကာ ငထွန်း ရဲ့
ကျင်းထဲ ပစ်ထည့်လိုက်တော့
” ဝုန်း ” ဆို မီးခိုးများဖြာထွက်လာပြီး၊
” အား ” ဟု မိန်းမတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံတစ်ခု
ထွက်ပေါ်လာတော့၏။
” ဟား ဟား ဟား ” သိုက်ဆရာဒေဝက သဘောကျစွာ ရယ်ကာ
” ကဲ ကဲ တူးကြဟေ့ မြန်မြန် ” ဟု အော်ပြောလိုက်တော့၏။
*** **** ****
” မောင်ကြီး ဆန်းမြင့် နှမ တို့ကိုကယ်ပါအုန်း မောင်ကြီး ဆန်းမြင့်
နှမတို့နဲ့ လက်ခဲ့မလားဟင် လာပါ နှမတို့ နဲ့ လိုက်ခဲ့ပါ”
ဆန်းမြင့်ဆိုသူမှာ အလွန်ချောမောလှပသော အမျိုးသမီးတစ်စုကို
မြင်လာရ၍
ဂေါ်ပြားကိုကိုင်ကာ ရပ်ကြည့်နေတော့၏။
ထိုအခါ သူ့ဘေးနားမှ အခြားတစ်ယောက်က
” ဆန်းမြင့် ဘာလုပ်နေတာလဲ တူးဟ ” ဟု ပြောပေမဲ့ ဆန်းမြင့်က
စည်းအပြင်ဘက် မှောင်မိုက်ထဲကို လက်ညိုးထိုးကာ
” မောင်ချို
ငါ့ကိုခေါ်နေတယ်ကွ ကောင်မလေးတွေ ငါ့ကိုခေါ်နေတယ်
ငါ သူတို့နဲ့ လိုက်သွားတော့မယ်” ဟု ပြောကာစည်းဝိုင်းထဲမှ ထွက်ပြေး
မယ်လုပ်၍
မောင်ချိုက အရှေ့ကနေတားတော့
ဆန်းမြင့်က ” ဖယ်စမ်းပါကွာ ငါ့ကိုခေါ်နေတယ်ကွ” ဟု ပြောကာ
လက်ထဲမှ ဂေါ်ပြားနဲ့ ရိုက်ထည့်လိုက်၍ မောင်ချိုမှာ အား ကနဲအော်ကာ
ဖင်ထိုင်ကျသွားတော့၏။
ထိုအခါမှ ဆရာဖြစ်သူက
” ဆန်းမြင့် သတိကပ်စမ်း အဲဒါ လူမဟုတ်ဘူး ငါတို့အလုပ်ကို
နှောက်ယှက်ဖို့လာတဲ့ မိစ္ဆာမတွေ” ဟု ပြောကာ
လက်ထဲကိုင်ထားသော
တုတ်ကလေး ဖြင့် ဆန်းမြင့် ခေါင်းကို နှစ်ချက်သုံးချက်ခေါက်လိုက်
တော့မှ သတိပြန်ဝင်ကာ
လဲကျနေသော မောင်ချိုကို ဆွဲထူပြီး
” ဟေ့ကောင်မောင်ချို ဘာဖြစ်တာလဲ” ဟု မေးလိုက်တော့
မောင်ချိုက နာကျင်သွားပေမယ့်
” ရပါတယ်ကွာ ဘာမှ မဖြစ်ဘူး” ဟု ပြောလိုက်၏။
စိတ်ထဲကတော့ ကြိန်းလျှက်။
” အင်း ဒီအတိုင်းဆို အခြေအနေက ပိုဆိုးလာနိုင်တယ်
ငါ ဆေးတော် အင်းတော်တွေ တိုက်ထားတာတောင်မှ ဒင်းတို့က
နှောက်ယှက်နိုင်သေးတယ်ဆိုတော့ ဒင်းတို့ဇကလည်းမသေးဘူးပဲ
ရော့ ရော့ ငါ ဆရာ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အင်းကိုးအင်း ဆေးတဲ့
တစ်ယောက်တစ်လုံးသောက်လိုက်”
ဆရာဖြစ်သူက ထိုသို့ပြောကာ ဆေးလုံးလိုလို သစ်သီးလိုလိုအလုံး
ကလေးတစ်ယောက်တစ်လုံး ပေး၍ တပည့်ဖြစ်သူတို့ကလည်း
သောက်လိုက်ကြတာပေါ့လေ။
××× ××× ××× ××
ထိုဆေး၏ စွမ်းအင်ကြောင်းလားမသိ။
အတော်ကြာသည်အထိ ဘာအနှောက်အယှက်မှ မရှိပဲတူးနိုင်ကြ၏။
သို့သော်လည်း ခရီး က ထင်သလောက်မတွင်ဖြစ်နေ၏။
ထိုစဉ် ရုတ်တရက် ဆိုသလို
ကောင်းကင်မှာ မိုးသားများ တလိပ်လိပ်တတ်လာကာ အချိန်အခါမဲ့
လျှပ်စီးများလက်လာပြီး မိုးခြိမ်းသံတွေလည်း
တစ်ဂျိန်း ဂျိန်း ထွက်ပေါ်လာတော့၏။
ပြီးနောက် လေလည်း အရှိန်ပြင်းစွာ တိုက်ခတ်လာ၍ သိုက်ဆရာတို့၏
မီးတုတ်များ တစ်စုံတစ်ယောက်ကငြိမ်းလိုက်သလို ရုတ်တရက်
ငြိမ်းသွား၍ အမှောင်အတိဖြစ်သွားတော့၏။
ထိုအခိုက်ကျရောက်လာသော အမှောင်ထုမှာ ပုံမှန်မဟုတ်ကြောင်းကို
သိုက်ဆရာတို့ သတိထားမိသွားကြတာပေါ့လေ။
” ဆရာဒေဝ ဆရာဒေဝ ဘယ်လိုလုပ်ကြမလဲ ကျုပ်တို့ ဘာမှ
မမြင်ရတော့ဘူး ”
” ဆရာဒေဝ တစ်ခုခု လုပ်ပါအုန်း”
အော်ဟစ်သံ မျိုးစုံထွက်ပေါ်လာ၍ ဆရာဖြစ်သူလည်း ဘာလုပ်လို့
လုပ်ရမှန်းမသိဖြစ်နေတုန်း ရုတ်တရက် ငြိမ်းသွားသောမီးများ ပြန်လင်း
လာတော့၏။
ထိုအခါသိုက်ဆရာ တို့ တစ်စု အံ့သြတုန်လှုပ်သွားသလို ကြက်သီး
တဖြန်းဖြန်းလည်းထသွားတော့၏။
မောင်ချို နှင့် အခြားနှစ်ယောက်မှာမူ ဖင်ထိုင်ကျသွားပြီး ဒူးတွေလည်း
တဆက်ဆက်တုန်လာ၏။
အဘယ့်ကြောင်းဆိုသော် သူတို့ နှင့် မနီးမဝေးတွင် မီးတုတ်ကိုယ်စီ
ဖြင့်ရပ်နေကြသော ထောင်ချီသော လူအုပ်ကိုတွေ့လိုက်ရသော
ကြောင်းပင်တည်း။
” ဆ ဆ ဆရာ ကျုပ်တို့ ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ”
” ကျုပ်တို့ ဘဝတော့ သွားပြီ ဟီးး ဟီး ဟီး ”
အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်ကာ ငိုသူငိုရယ်သူရယ်နှင့်။
ဆရာဖြစ်သူက တပည့်ဖြစ်သူတို့ကို ကြည့်လိုက်တော့ တစ်ယောက်
လျော့နေတာကို သတိထားမိသွားတော့၏။
” ဟေ့ ကောင်တွေ ဆန်းမြင့်ကော ဆန်းမြင့် ဘယ်မှာလဲ”
ဆရာဖြစ်သူက ရှေ့မှာ မြင်နေရတဲ့ လူအုပ်ကိုအရေးအပေးပဲ
ဆန်းမြင့်ကို မေးနေရခြင်းကား
စည်းပေါက်သွား ပြီဆိုတာကို နားလည်သဘောပေါက်သွားသော
ကြောင်းပင်။
ထိုအခါမှ သိုက်ဆရာ၏ တပည့်တို့က ဆန်းမြင့်ပျောက်နေတာကို
သတိထားမိလိုက်ကြတော့၏။
” ဟား ဟား ဟိ ဟိ ဟိ” အကုန်လုံးကြောက်နေကြချိန်ထွက်ပေါ်လာသော ရယ်သံကား ဆန်းမြင့် ၏ ရယ်သံပင်တည်း။
” အောင်မလေး ဆဆ ဆ ဆရာ ဟိုမှာ ဆန်း ဆန်းမြင့်”
ငထွန်း က အထစ်ထစ်အငေါ့ငေါ့ ပြောကာ လူအုပ်ရှိရာဘက် ညွှန်
ပြ၍ တခြားသူများ ကြည့်လိုက်တော့
အစွယ်ပြူးပြူး အရပ်ရှည်ရှည် ခန္ဓာကိုယ်တစ်ခုလုံး ရှည်လျားမဲနက်
နေသော အမွှေးတို့ဖြင့် ဖုံးလွှမ်းထား၍ ယောကျာ်း မိန်းမ မသဲကွဲ
သော အကောင်ကြီး နှစ်ကောင်က
ထောင်ချီသော လူအုပ်နှင့် သိုက်ဆရာတို့ ကြည့်နေစဉ်မှာပင်
ဆန်းမြင့် အား ခြေမှတစ်ကောင် လက်မှတစ်ကောင်ကိုင်ကာ ဆွဲဖြဲ
လိုက်ကြ၍
ဆန်းမြင့် မှာ နှစ်ပိုင်းပြတ်သွားပြီး အူတွေ လည်းထွက်ကျလာတော့၏။
ဆန်းမြင့် ကား နောက်ဆုံးထွက်သက်ထိ ရယ်လျက်ပင်။
ထို အကောင်ကြီးနှစ်ကောင်က နှစ်ပိုင်းပြတ်နေသောဆန်းမြင့်ကိုထမ်းကာ
အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
ထိုအခြင်းအရာကို မြင်လိုက်ရသော မိုးအောင် သည်းခြေပျက်သလို
မျိုးဖြစ်ကာ ပေါက်တူးကို ကောက်ပြီး ကိုယ့်ခေါင်းကိုကိုယ်
ရိုက်ထုပါတော့၏။
တခြားသူများတားတော့ ပေါက်တူး နဲ့ လိုက်ရမ်း၍ မည်သူမှ ဝင်မဆွဲ
ရဲ ကြတော့ပဲ ဆရာဖြစ်သူ တားမြစ်နေတဲ့ ကြားက ခြေဦးတည့်ရာ
ထွက်ပြေးကြပါတော့တယ်။
ထိုအခါ ထောင်ချီသော လူအုပ် ကလည်း
” လိုက်ကြ သတ်ကြ ဖမ်းကြ” ဟု အော်ကာ ချီတတ်လာကြတော့၏။
ထိုအချိန် သိုက်ဆရာဒေဝ တစ်ခုသတိထားမိတာက ထို ထောင်ချီ
သောလူများမှာ လူစင်စစ်များ မဟုတ်ဘူးဆိုတာကိုပေါ့။
ဒီတော့မှ သိုက်ဆရာဒေဝ နည်းနည်းစိတ်သက်သာကာ လွယ်အိတ်ထဲ
မှ အဖြူရောင် အမှုန့် တစ်ချို့ကိုထုတ်ယူကာ မိမိကိုယ်ကို စည်းဝိုင်း
လိုက်၏။
ထိုအခိုက် မိုးအောင် မှာ ဦးခေါင်းတစ်ခုလုံးကြေမွပြီးသေနေပြီဖြစ်သလို
ငထွန်း နှင့် တခြားသူတို့၏ နာကျင်စွာ အော်ဟစ်သံများဆူညံစွာ
ထွက်ပေါ်လာတော့၏။
သိုင်ဆရာဒေဝ ကတော့ ဒါတွေ အကုန်လုံးကို ဂရုမစိုက်ပဲ လွယ်အိတ်
ထဲမှ အင်းချပ်တစ်ခုကိုထုတ်ယူကာ
” ဥုံ. . . . .” မန်းမှုတ်ကာ သူ့ရှေ့က မြက်အစုကို ပစ်ထည့်လိုက်တော့
” ဝုန်း ” ဆို
မီးထတောက်လာတော့၏။
ထိုအခါ ပြေးလာနေသော လူအုပ်ကြီးမှာ နာကျင်စွာအော်ဟစ်ကာ
သိုက်ဆရာဒေဝ ရဲ့ ရှေ့ ရောက်လုလုမှာပဲ အလျှိုလျှိုပျောက်ကွယ်
သွားကြတော့၏။
ဒါကိုမြင်တော့ သိုက်ဆရာဒေဝ အားပါးတရရယ်ပါတော့၏။
” ဒေဝ တဲ့ကွ ဒီလောက်မစွမ်းပဲ သိုက်ဆရာမလုပ်ဘူးကွ ဟား ဟား
ဟား ”
” ဘုန်း ”
သိုက်ဆရာဒေဝ ရယ်၍ မဆုံးမီမှာပင် သူ့ရှေ့ကျလာသောအရာ
ကြောင်းနောက်သို့ လဲမလိုဖြစ်သွား၏။
သိုက်ဆရာက ဟန်ချက်ညီအောင်ပြန်ထိန်းပြီးကြည့်လိုက်တော့
သူ့တပည့်များဖြစ်တဲ့ ငထွန်းနှင့်အခြားသူများပင်။
သို့သော် အကုန်လုံး ရုပ်ပျက်ဆင်းပျက်သေနေကြလေပြီ။
တချို့ ဆို လျှာကတထွာလောက်ထွက်နေပြီး ငထွန်းမှာ ကားခေါင်း
ပြောင်းပြန်ဖြစ်နေ၏။
ထိုအခါ သိုက်ဆရာဒေဝမှာ ဖင်ထိုင်ကျကာ စည်း၏ အပြင်ဘက်ကို
ရောက်သွားတော့၏။
ဒေဝ က ကုန်းထမယ် လုပ်တော့ ဦးခေါင်းတစ်ခုလုံးကြေမွနေသော
မိုးအောင် မှာ ပေါက်တူးကိုင်လျက် ထလာပြီး သိုက်ဆရာအား
အားပါးတရ ရိုက်ထည့်လိုက်တော့၏။
ထိုအခိုက် သိုက်ဆရာမြင်လိုက်ရသည်က သူ့ကို ပေါက်တူးနဲ့
ရိုက်လိုက်တာက တကယ်သူ့တပည့်မိုးအောင် မဟုတ်ပဲ
အဝတ်အစားပြောင်ပြောင်လက်လက်နဲ့ မျက်နှာမှာပါးစပ်တစ်ခုကလွဲ
၍ ဘာမှမပါသော မိန်းမတစ်ယောက်ကိုပင်။
ထိုအမျိုးသမီးက ဆိုးရွားစွာ အော်လိုက်သောအခါ အမှောင်ထုထဲမှ
မြောက်များစွာသော ဧရာမမြွေကြီးများထွက်လာပြီး သိုက်ဆရာဒေဝ
နှင့် သူ၏တပည့်တို့ကို
အပိုင်းပိုင်းပြတ်ပြတ်စားသောက်ပစ်လိုက်ကြတော့၏။
ထိုအခါ ထိုအမျိုးသမီးက မျက်နှာကို ကောင်းပင်ပေါ်မော့ကာ
ဆိုးရွားသောသူမ၏ အသံဖြင့် အောင်နိုင်သူပမာ အော်ဟစ်ကာ
ဧရာမမြွေကြီးများနှင့်အတူ ထိုနေရာမှာပင် ပျောက်ကွယ်သွားတော့၏။။
××× ××× ××× ×××
လမိုက်ညထက် ပို၍ မိုက်သူများကား လမိုက်ညမှာပင်
ဆိုးရွားစွာသေကြေပျက်စီးခဲ့ရလေပြီ။
သို့သော်လည်း ကညင်သာ ရွာသူရွာသားတွေကတော့
အပူပင်ကင်းမဲ့စွာ အိပ်မောကျနေကြတုန်းပင်။ ။
×××× ××× ×××× ××× ×××××× ××× ×××××××
{ ပြီးပါပြီ }
မှတ်ချက်။ ။ စိတ်ကူးယဉ်မျှသာ။
အစဉ် ထာဝရ လေးစားစွာဖြင့် = wizard