လမ်းကြုံလိုက်ပါရစေ

လမ်းကြုံလိုက်ပါရစေ(စ/ဆုံး)
————————-

စစ်ဖြစ်တုန်းအချိန်မို့လို့
ယခုတလောခရီးသည်တွေသိပ်မများပါ
အငှားကားဆွဲစားရသည်မှာလည်းကိုယ့်အတွက် တွက်ချေကိုက်နှုန်းနည်းပါးသည်

ကျော်ကြီးတစ်ယောက်မြို့မ ကဖေးဆိုင်လေးတွင်ထိုင်ပြီးခေါင်းခြောက်နေတယ် တကယ်လို့တအားကြီးစစ်ဖြစ်ခဲ့ရင် စား၀တ်နေရေးအတွက်
အဖက်ဖက်ကပြည့်စုံသည်မဟုတ်သေး

ယခုကားကလည်းကိုယ်ပိုင်ကားမဟုတ် ဦးလေးသာကျော်မောင်က အလုပ်လက်ကိုင်မရှိတဲ့ကျော်ကြီးအား အသုံးစရိတ်လေးရအောင် ငှားပေးထားခြင်းသာ

မုဆိုးမအမေဖြစ်သူနဲ့ ခြိုးခြံစွာနေရတဲ့ကျော်ကြီးတို့သားအမိမှာ စုမိဆောင်းမိသည်ဟုမရှိသေး
ရတဲ့ငွေကိုတစ်နေ့လုပ်တစ်နေ့စားမျိုးပေါ့

ကျော်ကြီးကဖေးဆိုင်တွင်ထိုင်ပြီးခနကြာတော့
လူတစ်ယောက်၀င်လာတယ်
အဲ့ဒီလူကဆိုင်၀ိုင်းကိုစေ့စေ့စပ်စပ်ကြည့်ပြီးနောက် ကျော်ကြီးဆီကိုရောက်လာခဲ့တယ်

” ဒီကငါ့ညီက ကားဆရာကျော်ကြီးများလား”

အဲ့ဒီလူမေးလိုက်တော့ လက်ဖက်ရည်ခွက်ကိုချကာ

” ဟုတ်ပါတယ် ကိစ္စရှိလားဗျာ့”

” ဟုတ်တယ်ငါ့ညီ အစ်ကိုကမြို့နယ်မှုုးပါ ကိစ္စတစ်ခုရှိလို့ အဲ့ဒါက အလည်ရောက်နေတဲ့အစ်ကို့သူငယ်ချင်းက ပြန်တော့မလို့ သူ့ကိုစနဲမြို့အထိ
ပို့ပေးလို့ရမလား ”

” ဟာအစ်ကိုကလဲ ခရီးသည်တွေရှိတယ်လေဗျာ”

” အစ်ကိုသိပါတယ် အဲ့ဒီခရီးသည်တွေကို ကျောက်ဆည်ကိုသွားတဲ့ကားနဲ့ထည့်ပေးလိုက်လို့ရတယ်လေ
ငါ့ညီရဲ့ဒီနေ့ကားဆီစျေးအတွက်ရော ပိုက်ဆံပိုပေးပါ့မယ်ကွာ လုပ်ပါ”

ကျော်ကြီးစဥ်းစားလိုက်တယ် စနဲမြို့ဆိုတာဒီကနေသွားရင် တစ်နာရီလောက်မောင်းရမှာ အသွားအပြန်ဆို နည်းနည်းနောက်ကျမယ် ဒါပေမယ့်ငြင်းလိုက်လို့ရှိလျှင် ပါလာတဲ့ခရီးသည်ကလည်းနည်းနည်း
တွက်ချေမကိုက်ပေ

” ဟုတ်ကဲ့ပါ ဒီလိုဆိုအစ်ကို့သူငယ်ချင်းက
အခုသွားမှာလား”

” ဟုတ်တယ် ဟိုနားကဗာဒံပင်နားမှာစောင့်နေတယ်”

” ကောင်းပြီဗျာ”

” ရော့ငါ့ညီ ၉သောင်း
ရတယ်မလား”

” ဟုတ်ရပါတယ်ဗျ”

“အင်း အဲ့လိုဆိုသူ့ကိုသွားခေါ်လိုက်မယ်”

ပြောရင်းဆိုရင်း မြို့နယ်မှုုးအကိုမှာနေရာကနေထသွားလိုက်ပြီး သူငယ်ချင်းဖြစ်သူကိုသွားခေါ်ကာ
ခနကြာတော့ကားဆီကိုရောက်လာခဲ့တယ်

” ကဲ နောက်တစ်ခါလာရင် အမူးဆွဲမယ်ကွာ”

” အေး ဒါဆိုသွားပြီသူငယ်ချင်း”

ထိုလူကကားပေါ်စပြီးတတ်လိုက်တယ် အင်းသူလည်းအစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်မည်
ကျော်ကြီးလည်း ကြွပ်ကြွပ်အိတ်ထဲမှာကွမ်းယာထုတ်ကာ၀ါးလိုက်၏
ပြီးသည်နှင့်ထိုနေရာမှမောင်းထွက်လာခဲ့တော့သည်

” ဒီကအစ်ကို စနဲဇာတိလား”

ကျော်ကြီးကစကားစလိုက်တော့ ထိုလူကပြုံးကာ

” မဟုတ်ဘူး စစ်တွေက ဒီမှာတာ၀န်ကျနေတာလေ”

” ဘယ်လိုတာ၀န်ကျနေတာလဲ”

“ကျောင်းဆရာလေ စနဲမြို့မှာတာ၀န်ကျနေတာ”

” သြော်
ဒါဆိုဆရာပေါ့”

” ဟုတ်တယ်”

” ဆရာကတာ၀န်ကျတာ ဘယ်လောက်ကြာပြီလဲ”

” တစ်နှစ်ပေါ့ ဒီနှစ်ဆိုနှစ် နှစ်ပြည့်တော့မယ်”

” သြော်ဟုတ်ကဲ့ အခုတလောနိုင်ငံရေးတွေကသိပ်မကောင်းတော့ ခရီးသွားတွေသိပ်မရှိဘူး
ဒီနေ့တောင် ဆီစရိတ်မကာတော့ဘူးဖြစ်နေတာ”

” အင်း”

” ကွမ်းစားမလားဆရာ”

” အင်း တစ်ယာလောက်၀ါးလိုက်အုံးမှ
ကွမ်းပါလား”

ကျော်ကြီးက ကွမ်းယာထုတ်ပေးလိုက်သည်

ဒီလိုနဲ့နှစ်ယောက်သားပြောလိုက်ဆိုလိုက်နဲ့ မောင်းနှင်လာခဲ့ပြီးနောက် အချိန်အတော်ကြာတော့ စနဲမြို့ထဲကို၀င်လာခဲ့တယ်
မြို့ထဲရောက်တော့ ကုန်စုံဆိုင်တစ်ခုရှေ့တွင်ရပ်လိုက်၏

“ကျေးဇူးပဲကောင်လေးရာ သွားလိုက်အုံးမယ်နော်”

” ဟုတ်ကဲ့”

ကျော်ကြီးလည်း လက်ပက်နာရီတစ်ချက်ကြည့်လိုက်တော့ငါးနာရီတောင်ခွဲနေပြီ အပြန်ဆိုမိုးချုပ်တော့မှာမို့ ဘာမှမ၀ယ်တော့ဘဲ ကားပေါ်တတ်ကာ
ပြန်မောင်းထွက်လာခဲ့၏

ဆောင်းဦးမို့ နေရောင်ခပ်ယဲ့ယဲ့အောက်၌ မဖွဲတဖွဲမြုုတွေကဟိုတစ်စသည်တစ်ပင် လယ်ကွင်းတွေအတော်များများဖြတ်ကျော်ပြီး ဇင်ချောင်းမြို့ကိုကျော်လွန်လာခဲ့ပါပြီ

တစ်ခါတစ်ခါလမ်းပေါ်အသွားအပြန်ဆိုင်ကယ်တွေ ကားတွေတွေ့ရပေမယ့် နေရောင်ပျောက်လာသည်နှင့်အမျှ ဟိုင်းဝေးလမ်းမကြီးပေါ်တွင် အသွားအလာကင်းမဲ့လာခဲ့၏

ကျော်ကြီးလည်း ကားမီးကိုစတင်ထွန်းကာ အမှောင်ထုထဲ၌မောင်းနှင်လာခဲ့တယ် မင်းပြင်ကိုကျော်ပြီး ရေနံတောင်သချိုင်းရောက်တော့ ကားစက်ပျက်သွားခဲ့သည်

” ဟ ဘာဖြစ်သွားတာလဲ မိုးချုပ်နေပြီဆိုနေမှကွာ”

ကားပေါ်ကဆင်းပြီး အင်ဂျင်ခန်းကိုကြည့်တော့
ကြိုးတွေမှ မီးခိုးတွေထွက်နေ၏

” ဘာဖြစ်တာတုန်း သေရောကွာ”

အကူအညီတောင်းရန် ဦးလေးဆီကိုဖုန်းဆက်ဖို့လုပ်တော့ မိအေးနှစ်ခါနာကိန်းဆိုက်ရော
ဖုန်းအားကုန်ပြီး ပါ၀ါပိတ်နေသည့်ဖုန်းကိုကြည့်ပြီးကျော်ကြီးတစ်ယောက်အကြံအိုက်လာခဲ့တယ်

” ဟူး သေသာသေလိုက်ချင်တော့တယ်ကွာ”

ထိုသို့ညည်းညူနေစဥ် သချိုင်းဘက်ဆီမှ တဂျွတ်ဂျွတ်လျှောက်လာတဲ့ခြေသံကိုကြားလိုက်၏
ကျော်ကြီးလန့်ဖျပ်မိသွား၍ နောက်လှည့်ကြည့်လိုက်တယ် သူ့ဆီကိုလျှောက်လာတဲ့လူနှစ်ယောက်

လမ်းလျှောက်တဲ့ပုံစံကလည်း ယိုးတိုးယိုင်တိုင်နဲ့
ထိုလူနှစ်ယောက်အနားရောက်တော့ အရက်နံ့တွေကနံစော်နေသည်

” ဘာဖြစ်တာတုန်းကောင်လေး”

အင်္ကျီအ့ဖြူရောင်နဲ့လူကမေးလိုက်ရာ ကျော်ကြီးလည်းအကူအညီရများရမလားဆိုပြီး စိတ်ထဲသက်သာသွား၏

” ကားအင်ဂျင်ကျွမ်းသွားတာလားမသိဘူး
မီးခိုးတွေထွက်နေတယ်”

” ဟုတ်လား ခနလေးငါကြည့်ပေးမယ်”

ထိုလူနှစ်ယောက်ကာ သွားကြီးဖြဲကာ ကားအင်ဂျင်ကိုဟိုနှိပ်ဒီနှိပ်လုပ်နေကြ၏ ပြီးခနကြာတော့

“နှိုးကြည့်ကွာ”

” ဗျာ ဟုတ်”

ကျော်ကြီးကားပေါ်တတ်သွားပြီး စက်ကိုနှိုးကြည့်လိုက်တော့ ကားစက်နှိုးလာခဲ့သည်

” ရပြီဗျ ”

” ကျေးဇူးတင်ပါတယ်ဗျာ အစ်ကိုတို့မကူညီရင်
ဘာဆက်လုပ်ရမလဲသိတော့တာနဲ့တိုင်ပတ်နေမှာ”

” အေး ကားစက်လို့ကောင်းပြီဆိုတော့ ငါတို့နှစ်ယောက် ဟိုနားကိုလမ်းကြုံလိုက်ခဲ့လို့ရလား”

” ဟုတ်ရပါတယ်ဗျာ့ အကိုတို့ကူညီလို့ပဲကို
ရပါတယ်ဗျာ တတ်တတ်”

ထိုလူနှစ်ယောက်မှာကားပေါ်ခုန်တတ်လိုက်ကြပြီး
ခါးကြားမှပါလာတဲ့အရက်ပုလင်းထုတ်ကာဆက်ပြီးသောက်နေကြ၏

” မင်းလည်းသောက်မလား”

ကျော်ကြီးကို အရက်ပုလင်းထိုးပေးတော့

” မသောက်တော့ပါဘူးဗျာ ကားမောင်နေတုန်းအန္တရာယ်ရှိတယ်လေ အကိုတို့ပဲသောက်”

” မသောက်ဘူးဆိုလဲပြီးရောကွာ အစ်… ဂစ်….”

ခနအကြာမောင်းနှင်လာခဲ့ပေမယ့် ဟိုနားလေးပဲဟုပြောထားတာကို ထိုလူနှစ်ယောက်မှာထပ်ပြီးတုန့်ပြံမရှိပေ

“အစ်ကိုတို့ ဘယ်နားကဆင်းမှာလဲ အခုရေနံတောင်ကျော်ခဲ့ပြီလေ ”

ကျော်ကြီးမေးတော့ ထိုနှစ်ယောက်က မျက်လုံးမပွင့်တစ်ပွင့်နဲ့

” ဟိုနားလေးပဲ”

ဆိုပြီးထပ်ပြောလေတော့ ကျော်ကြီးမှာခေါက်ခြောက်လာခဲ့ပြီ ထပ်ပြီးမောင်းရင် သစ်ပုပ်လမ်းခွဲရောက်တော့မယ် ဒီဖက်မှာ သူတို့ကိုမတွေ့ဖူးတာအမှန် မျက်နှာစိမ်းဖြစ်နေတာကတကြောင်း ကားစက်နိုးအောင်ကူညီထားတာကတကြောင်းဆိုတော့
ထပ်ပြီးပြောဖို့ကလည်း အားနာနေသည်

မသိမသာကားမှန်ကနေကြည့်တော့ လဲလျောင်းနေတဲ့ထိုနှစ်ယောက်မှာ လူသေကောင်လိုပင် တုပ်တုပ်မျှမလှုပ်

ကျော်ကြီးလှည့်ကြည့်လိုက်တော့ မှန်ထဲကမြင်ရသည့်မြင်ကွင်းနှင့်တခြားစီ တခူးခူးမွှန်သံပေးကာ တစ်ကိုယ်လုံးချွေးတွေတောင်ထွက်လို့

ကျော်ကြီးထပ်ပြီးမသင်္ကာဖြင့် ကားမှန်ကိုပြန်ကြည့်လိုက်၏ ကားမှန်ထဲတွင်ကား အစတုန်းကလို
လူသေကောင်လိုလှုပ်ရှားခြင်းမရှိ စိတ်ထဲ၌လည်းစိုးရိမ်မှုတွေကြီးစိုးလာခဲ့၏

လူပြတ်တဲ့ရေနံတောင်သချိုင်းနားမှာကားပျက်ပြီး ထိုလူနှစ်ယောက်ကာ သချိုင်းဖက်မှထွက်လာခဲ့တယ် ကျော်ကြီးဆက်စပ်တွေးကြည့်တော့ ကြောက်စိတ်တွေဖြစ်လာသည်
ထို့ကြောင့် ကတ်ဆက်ကိုဖွင့်ကာ ပဌာန်းတော်တစ်ပုဒ်ကိုဖွင့်လိုက်၏

ပဌားဖွင့်သံကြားတော့ ထိုလူနှစ်ယောက်က ဗြန်းခနဲထကာ

” အခုချက်ချင်း ပိတ်လိုက်”

ဆိုပြီး အသံသြသြကြီးနဲ့အမိန့်ပေးလေတော့သည်

ကျော်ကြီးကြောက်လန့်တကြားလှည့်ကြည့်လိုက်တော့ ထိုလူနှစ်ယောက်လုံးမှာ တစ်ကိုယ်လုံးမီးလောင်ကျွမ်းထားသလို နီကြန့်ကြန့်အရာတွေပေါ်လာခဲ့၏

” ဟေ့ကောင် အခုချက်ချင်းပိတ် အားး အားး”

ကျော်ကြီးလဲ ​တစ်ကိုလုံးကြက်သေသေကာ ကားဘရိတ်ကိုကျွီခနဲမြည်အောင်နင်းလိုက်သည်

ထိုလူနှစ်ယောက်မှာ ကားရှေ့ကိုထွက်လာကာ ကတ်ဆက်ကို လက်သီးထိုးလိုက်၏ တစ်ချက်နှစ်ချက်ထိုးလိုက်တော့ ကတ်ဆက်အသံပိတ်သွားခဲ့သည်

ကျော်ကြီးမှာ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကြောင်နေ၏ မကောင်ဆိုး၀ါးနှစ်ကောင်ကရှေ့ကိုထွက်လာပြီး ကျော်ကြီးလည်ပင်းကိုလာညှစ်တော့သည်

” သေစမ်း သေစမ်း”

ထိုသို့လည်ပင်းညှစ်နေစဥ်ကားတစ်စီး ကျော်ကြီးကားအနားသို့ထိုးရပ်သံကြားလိုက်၏ ပြီးနောက်အထဲမှလူတစ်ယောက်နှစ်ယောက်ဆင်းလာပြီး

” ကျော်ကြီး ကျော်ကြီး”

ကားပေါ်တွင် သတိလစ်နေတဲ့ ကျော်ကြီးကိုတွေ့တော့ ရွာကစံမြအောင် မှာကားပေါ်မှရေသန့်ဗူးကိုယူပြီးဖြန်းလိုက်၏ ထိုတော့မှ ကျော်ကြီးသတိရကာ

” ဟင် ကိုစံမြအောင် ”

” မင်းသွားတာနောက်ကျလို့ ဦးလေးကဖုန်းဆက်တယ် ဖုန်းလဲစက်ပိတ်ထားတော့ တစ်ခုခုဖြစ်နေပြီလားမသိဘူးဆိုပြီး မခင်တို့ကားကိုငှားပြီးလိုက်လာတာ”

” ခုနက သရဲတွေရော”

” ဘယ်မှာလဲ ”

” ကျုပ်ကားနဲ့ လိုက်ပါလာတာ
အစကလူထင်လို့တင်လာခဲ့တယ်
နောက်မှ သူတို့ကလူမဟုတ်ဘူးဗျ”

” ဒါဆိုတော့ မင်းအောင်ဘာလေနှစ်ယောက်နဲ့တွေ့ခဲ့တာပဲဖြစ်မယ်
ဒီဟိုင်းဝေးလမ်းတစ်လျှောက် ကြုံခဲ့ရတဲ့လူတွေမနည်းတော့ဘူး
ကားတိုက်ခံရပြီးသေသွားတဲ့ အောင်ဘာလေထီရောင်းတဲ့အရက်သမားတွေပေါ့ ”

” ဘုရား တော်ပါသေးရဲ့”

ကျော်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကြောင့် တွေး​ကြည့်လေအကြောက်တရားကပိုတိုးလာခဲ့၏

” အဲ့ဒါနောက်မှဆက်ပြောတော့ အခုအိမ်ပြန်ကြရအောင်”

ကားစက်ကိုပြန်နှိုးပြီး ထိုနေရာမှအမြန်ဆုံးမောင်းလာခဲ့တော့သည်

သူတို့မောင်းထွက်လာခဲ့ပြီးနောက် တမာပင်အောက်တွင် တောက်ခေါက်ပြီးကျန်နေခဲ့သူမှာကားအရက်သမားနှစ်ယောက်

ပြီးပါပြီ ——-
နွေးကိုယ်တိုင်ရေးသားသည်