လူခြောက်မယား(စ/ဆုံး)

Unicode Version

လူခြောက်မယား(စ/ဆုံး)
——————————
ရွာလုံးကျွတ်မီးခိုးတိတ်အောင် ကျွေးမွေးသောမင်္ဂလာပွဲတစ်ခု။ ထိုမင်္ဂလာပွဲသို့ ကလေးမှအစ လူကြီးအဆုံးတက်ရောက်ချီးမြှင့်ကြသည့် ထူးခြားသောမင်္ဂလာပွဲတစ်ပွဲဖြစ်သည်။ ပို၍ထူးခြားသည်မှာ ထိုမင်္ဂလာပွဲတွင် သတို့သားကိုမတွေ့ရဘဲ သတို့သမီးတစ်ဦးတည်းသာတွေ့နေရခြင်းပင်။ သတို့သား၊သတို့သမီးထိုင်သည့် တစ်ခုသောထိုင်ခုံပေါ်တွင်ကားအဝါဖျော့ရောင် သတို့သားဝတ်စုံလွှားထားသည်ကိုတွေ့လိုက်ရသည်။ သတို့သမီး၏မျက်နှာမှာကား တက်ကြွလန်းဆန်းသောအမူအရာတို့ မတွေ့ရချေ။ သို့သော်သတို့သမီး၏ မိခင်ကား လာသမျှဧည့်သည်ကို ဧည့်ခံပြုံးပြရသည်မှာအမောပင်။
” လာမခင်ရီ…တစ်ယောက်ထဲလားရှင့်…”
” အေး…မမို့ရေ မနွယ်တို့စောင့်ရတာကြာတာနဲ့တစ်ယောက်ထဲထွက်လာတာအေ့…”
” အေးပါဟယ်…လာလာဒီဖက်ဝိုင်းကို…”
” မမို့တို့များ ရွှေသမက်၊ငွေသမက်ရထားတော့ မျက်နှာကပြုံးဖီးနေတာဘဲအေ…”
” ဒါလည်းသမီးလေးရဲ့ကံပါအေ…တို့ကတော့သမီးလေးရဲ့ရွေးချယ်မှုကိုကောင်းသည်ဆိုးသည်မကန့်ကွက်ပါဘူး…”
” ဒါပေါ့အေ…ညည်းသမီးကတော့ လူရွေးတော်သွားပြီ…”
လက်ဖက်ရည်ဝိုင်းမှအမျိုးသမီးကြီးတို့၏ မြှောက်ပင့်စကားများ ကြွက်စိကြွက်စိထွက်လာသည်။ ထိုမြှောက်ပင့်စကားများကြား ၌ သတို့သမီး၏မိခင်ဒေါ်မို့မို့ဖြူ ပါးစပ်မစိနိုင်တော့ချေ။
အမှန်စင်စစ်ထိုမင်္ဂလာပွဲကျင်းပနေသော သတို့သားမှာရုပ်ခန္ဓာမရှိဘဲ နမ်သာရှိသည့် လူခြောက်တစ်ဦးပင်ဖြစ်သည်။ ဆင်းဆင်းရဲရဲနေခဲ့ရသော ဦးဖိုးထူနှင့် ဒေါ်လှအုံတို့မိသားစုမှာ ထိုသားခြောက်မွေးပြီးသည့်အချိန်မှစ၍ တနေ့တခြားစီးပွားလာဘ်လာဘများ တိုးပွားလာခဲ့သည်။ ဒေါ်လှအုံတို့လင်မယားက ထိုလူခြောက်ကလေးကို ဖဲမွေ့ယာအသေးလေးပေါ်၌ သိပ်ထားကာ ထမင်းစားချိန်ထမင်း၊ ရေသောက်ချိန်ရေ အသင့်ထားရှိပေးပြီး သက်ရှိလူသားတစ်ယောက်နှယ်ဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ထားသည်။
ထိုလူခြောက်ကလေးလည်း လိုချင်သည်များကိုအိပ်မက်ကမ္ဘာမှတဆင့် မိခင်ကိုအသိပေး၏။ သူတို့လောကတွင် မိသားစုနဲ့ ဆက်သွယ်ရသည့် တစ်ဦးတည်းသောသူမှာလည်း သူတို့၏မွေးမိခင်သာဖြစ်၏။ တနေ့ဒေါ်လှအုံအိပ်ပျော်နေစဉ် အိပ်မက်ထဲ၌ လူငယ်တစ်ယောက်ရောက်လာခဲ့သည်။
” အမေ…သားမိန်းမလိုချင်ပြီ…သားဖို့ မိန်းမရှာပေး…”
” အို…သားရယ်…သားကြိုက်တဲ့မိန်းကလေးပုံစံမေမေဘယ်လိုသိမှာလဲကွယ်…အပူမရှာချင်စမ်းပါနဲ့ငါ့သားရဲ့…”
” မသိဘူးဗျာ…သားမိန်းမလိုချင်တယ်…”
” အေးပါအေးပါ…မေမေရှာပေးမယ်နော်…”
ထိုလူငယ်ကား သားဖြစ်သူလူခြောက်ကလေးဖြစ်မှန်းဒေါ်လှအုံသိသည်။ သားဖြစ်သူငယ်စဉ်ကတည်းက မိခင်၏အိပ်မက်ထဲသို့ ညတိုင်းလိုလိုလာနေကျဖြစ်သည်။ သားလူခြောက်ကလေးလည်း ရုပ်ခန္ဓာရှိလူသားတစ်ဦးကဲ့သို့ပင် အရွယ်ရောက်နေပေပြီ။
” ကဲအမေ…သားပြောတာတွေ ဖေဖေ့ကိုလည်း ပြန်ပြောပြလိုက်ပါဦး…ကဲသားသွားပြီဗျို့….”
ထိုလူငယ်က ဒေါ်လှအုံကိုမှာစရာရှိတာမှာပြီးသည်နှင့် ခပ်လှမ်းလှမ်းရှိ အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
မနက်ရောက်သည်နှင့် ညကအိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူအား ဒေါ်လှအုံပြောပြလိုက်၏။ ဦးဖိုးထူက ခေါင်းတဗြင်းဗြင်းကုတ်ရင်း
” ဟေ…ငါ့သားကအဲလို့ပြောသလားဟေ့…ဒါမှတကယ်ခက်တာဘဲ…”
” ဟုတ်တယ် တော့သားက သူမိန်းမလိုချင်ပြီ…ရှာပေးလို့ပြောနေတာ…”
” ရှာတာတော့ဟုတ်ပါပြီ…ဘယ်နားသွားရှာရမယ်လို့သူကမပြောတော့ ငါတို့ဘယ်နားသွားရှာရမလဲလှအုံရဲ့….”
” ကျုပ်လည်းမသိပေါင်တော်…”
ဒေါ်လှအုံလည်း ထိုကိစ္စအတွက်ခေါင်းခဲနေစဉ် ခဏ၌တစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်လုံးများဝင်းလက်လာပြီး
” ဪသတိရပြီ…ကြားဖူးနားဝစကားအရဆိုရင် လူခြောက်ကလေးတွေက လင်လိုချင်တယ်၊မယားလိုချင်တယ်ပြောရင် သူတို့နဲ့လိင်ဆန့်ကျင်ဘက်အရုပ်တွေဝယ်ပေးရတယ်တဲ့အေ့…”
” ဟုတ်ပါ့မလားလှအုံရယ်…နင့်ဟာက…”
” ဟုတ်မဟုတ်တော့ကျုပ်လည်းမသိဘူးအေ့…ဒါပေမဲ့လည်းလုပ်ကြည့်တော့ပိုမကောင်းပေဘူးလားကိုဖိုးထူရဲ့…”
” မင်းသဘောဘဲ…မင့်သားအတွက်မင်းဘဲကြည့်ပြီးစီစဉ်လိုက်…”
လင်မယားနှစ်ယောက်တိုင်ပင်ပြီး ဒေါ်လှအုံကဈေးမှ ဘိုမရုပ်တစ်ရုပ်ကိုဝယ်ပြီး သားဖြစ်သူနဲ့ဘေးချင်းယှဉ်တင်ထားပေးလိုက်သည်။ ညအိပ်ပျော်ချိန်၌ ဒေါ်လှအုံ၏အိပ်မက်ထဲသို့သားဖြစ်သူရောက်လာခဲ့သည်။
” သား…လူလေး…မျက်နှာမသာမယာနဲ့ဘာဖြစ်လို့လဲသားရဲ့…”
” အမေတို့ကြောင့်ပေါ့…သားအတွက်မိန်းမရှာပေးပါဆိုအရုပ်မကြီးဝယ်လာပေးတော့ သားဘာလုပ်ရမှာလဲဗျ…”
” ဟင်…သားဘဲမိန်းမလိုချင်တယ်ဆိုကွဲ့…”
” သားက လူသားမိန်းမစစ်စစ်ကိုလိုချင်တာလေအမေရဲ့…”
” ဟင်…အဲဒါကိုအမေတို့ကဘယ်လိုပြောပြီး ရှာပေးရမလဲငါ့သားရဲ့…အမေ့သားကအကောင်အထည်ဖော်လို့ရတာမှမဟုတ်ဘဲ…”
ဒေါ်လှအုံ၏စကားကြောင့် လူခြောက်ကလေးမှာ စိတ်ထိခိုက်သွားဟန်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။
” သား…အမေ့စကားကြောင့် စိတ်ထိခိုက်သွားတာလား…အမေမရည်ရွယ်ပါဘူးကွယ်…ကဲဒီလိုလုပ်…သားကိုယ်တိုင်သားကြိုက်တဲ့မိန်းကလေးမျိုးကိုရှာချေ…ရှာလို့တွေ့ရင်တော့အမေတို့ကိုပြော အမေတို့အဲဒီမိန်းကလေးကိုသွားတင်တောင်းပေးမယ်…ဟုတ်ပြီလား…”
ထိုစကားပြောမှ လူငယ်လေးမှာ ခေါင်းပြန်ထောင်လာပြီး
” တကယ်လားမေမေ…ဒါဆိုသားကြိုက်တဲ့ကောင်မလေးကို သားကိုယ်တိုင်ရှာမယ် မေမေတို့ဘက်ကပြောထားတဲ့အတိုင်း လုပ်ပေးဖို့မမေ့နဲ့ဦး…”
ထိုသို့အိပ်မက်ပေးပြီး တစ်လခန့်ကြာသောအခါ သားလူခြောက်ကလေးမှာ ဒေါ်လှအုံ၏အိပ်မက်ထဲသို့လာပြီး သူသဘောကျသည့်မိန်းကလေးကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောလာခဲ့သည်။
” သေချာလို့လားသားရယ်…အမေ့ချွေးမကသားတို့လိုလူခြောက်မလေးဘဲလားကွဲ့….”
” မဟုတ်ဘူးအမေ…သူကလူသားမိန်းကလေးစစ်စစ်…”
” ဟေ…သူကဘယ်ကလဲပြောပါအုံးသားရဲ့….”
” သူကသားတို့ရွာနဲ့အလှမ်းဝေးတဲ့မြို့ပေါ်က ကောင်မလေးအမေရ…”
” ဘုရားဘုရား…ငါ့သားတော့ မြို့သူကိုမှရှာလာခဲ့တာဘဲ…”
” ဘာလဲအမေပြောထားပြီး မလုပ်ပေးချင်တော့တာလား….”
” မဟုတ်ပါဘူးသားရယ်…သားပြောတဲ့မိန်းကလေးကိုမေမေတို့မှမမြင်ဖူးတာလေ…ဘယ်လိုသွားပြီး တောင်းရမ်းရမှာလဲကွဲ့လူကလေးရဲ့.. ”
” အဲဒါအတွက်မပူနဲ့အမေ…သားအားလုံးပြောပြမယ်…အမေတို့ကတောင်းရမ်းဖို့သာပြင်ထား….”
ဟုပြောပြီး မြို့နေကောင်မလေး၏ပုံပန်းသွင်ပြင်၊မိဘနာမည်နှင့် နေရပ်တို့ကိုပါပြောပြလိုက်သည်။ ဒေါ်လှအုံတို့လည်း ပြာပုံထဲအပ်ရှာရ သကဲ့သို့ တစ်ခါမှရင်းနှီးကျွမ်းဝင်မှုမရှိသော လူကိုမြို့အနှံ့လိုက်ရှာကြ၏။
” ကဲမိန်းမရေ…ဘယ်လိုလုပ်ကြမလဲ…သားပြောတဲ့မိန်းကလေးရဲ့မိသားစုကိုရှာတွေ့ပြီထားဦး…တို့လာရင်းအကြောင်းကိုဘယ်လိုပြောပြကြမလဲ….”
” ကျိုးကြောင်းသင့်အောင်တော့ပြောပြရမှာပေါ့အေ….ငါတို့မှာလည်းဒီသားတစ်ယောက်ဘဲရှိတာကို….”
သားပြောပြထားသောပုံပန်းသဏ္ဍာန်နှင့်ကိုက်ညီမည့်ကောင်မလေးကိုလိုက်ရှာရာ ညနေစောင်းခန့်တွင် မြို့စွန်ရှိ အိမ်စုကလေးဘက်သို့ရောက်ရှိလာသည်။ ထိုရပ်ကွက်မှာဆင်းရဲသားရပ်ကွက်ဖြစ်ဟန်တူသည်။ အိမ်အပြင်အဆင်မှာ မြို့လူထုတို့နေသည့်အိမ်နှင့်မတူဘဲ သေးငယ်လှသည်။ လိပ်စာထဲကအတိုင်းရောက်သော် အိမ်တစ်အိမ်၏ရှေ့သို့ရပ်လိုက်ကြသည်။
” သားပြောပြတာဒီအိမ်နဲ့တူတယ်ကိုဖိုးထူ…”
” သေချာလို့လားမိန်းမ…တော်ကြာတို့ကိုသူခိုးသူဝှက်တွေထင်ပြီး မောင်းထုတ်နေဦးမယ်…”
” သားပြောပြထားတဲ့အိမ်ပုံစံဆိုရင် ဒီအိမ်ဘဲကိုဖိုးထူ…ဟုတ်မဟုတ်အရင်ခေါ်ကြည့်ရတာပေါ့….”
” အိမ်ရှင်တို့…အိမ်ရှင်တို့….ဒါဒေါ်မို့မို့ဖြူတို့အိမ်ဟုတ်ပါသလားရှင့်….”
အပြင်မှ ခေါ်နေသောအသံကြောင့် အဝတ်လျှော်နေသောမမို့မို့ဖြူတစ်ယောက်လမ်းဘက်သို့လှည့်ကြည့်လိုက်ရာ ခပ်ကျော့ကျော့ဝတ်ဆင်ထားသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသဖြင့် အသံပြန်ပြုလိုက်၏။
” ဟုတ်…ဟုတ်ပါတယ်ရှင့်…ဘာကိစ္စများလဲရှင့်…”
ထိုအခါအပြင်မှလူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကြ၏။ မိန်းမကြီးက
” ဒါဆိုရင်အစ်မတို့ကိုအထဲဝင်ခွင့်ပြုပါဦး…ပြောစရာကိစ္စလေးရှိလို့ပါရှင့်…”
” ဟုတ်ဟုတ်….ဝင်လာပါအစ်မတို့…ဘာကိစ္စများလည်းနော်….အိမ်ထဲဝင်ကြပါအုံး…”
ထိုလူနှစ်ယောက်လည်း အိမ်ထဲသို့ဝင်လာခဲ့ကြပြီး အိမ်အနှံ့ဝေ့ကြည့်နေကြ၏။
” ဟို…ဟို…အစ်မတို့ဘာရှာကြတာလဲရှင့်…”
” ညီမမှာ စိမ်းနွယ်လို့ခေါ်တဲ့သမီးလေးရှိလား….”
” ဟင်…သ…သမီးနဲ့သိကြတာလား…”
” အစ်မတို့တော့မသိပါဘူး…အစ်မရဲ့သားပြောပြထားလို့ပါ…”
ထိုအခါမှ မမို့ဖြူကသဘောပေါက်သွားဟန်ဖြင့်
” ဪ…ဟုတ်ပါတယ်…စိမ်းနွယ်လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်ရှင့်…ခုကအလုပ်သွားနေပါတယ်…ဘာကိစ္စများလည်းနော်…”
” သားရေးသမီးရေးကိစ္စပါဗျာ….ကျွန်တော်တို့ရဲ့သားလေးက ဟောဒီကညီမရဲ့သမီးကိုသဘောကျချစ်နှစ်သက်လို့ သွားတောင်းပေးပါအုံးဆိုလို့ လာရောက်တောင်းရမ်းပေးတာပါ….”
” ရှင့်….ဒါ…ဒါက…သ…သမီးလေးပြန်လာမှ သူ့သဘောကိုမေးရဦးမှာရှင့်…”
” နားလည်ပါတယ်ဗျာ…ကျွန်နော်တို့ဘက်က မိဘဝတ္တရားရှိတဲ့အတိုင်း လာရောက်ရတာပါဗျ…”
” ဟုတ်ကဲ့ပါရှင့်…သမီးလေးပြန်လာတာနဲ့…ဒီအကြောင်းကိုပြောပြပြီး စကားပြန်ပေးပါ့မယ်ရှင့်…ဒါနဲ့အစ်ကိုတို့သားရော ပါမလာဘူးလား…တစ်မျိုးတော့မထင်နဲ့နော်…မြင်ဖူးထားတော့လူမမှားတော့ဘူးပေါ့ရှင်…ဟင်းဟင်း….”
ထိုစကားကြောင့် ဒေါ်လှအုံမှာ ကွက်ခနဲမျက်နှာပျက်သွားသော်လည်း ချက်ချင်းပြန်ပြင်လိုက်ပြီး
” အစ်မတို့သားက သာမန်လူမဟုတ်ပါဘူးရှင်…”
” ရှင့်!…”
ဒေါ်လှအုံ၏စကားကြောင့် မမို့ဖြူအာမေဋိတ်သံပြုမိ၏။
” ဟုတ်တယ်ညီမ အစ်မသားက လူခြောက်ကလေးပါ…ဒါကလည်းညီမတို့ဘက်ကသားရဲ့ဖြစ်တည်မှုကို လက်ခံနိုင်မှ သားရေးသမီးရေးကိစ္စဆက်ပြောမှာပါ…”
ဒေါ်လှအုံကမကွယ်မဝှက်ဘဲ သားဖြစ်သူ၏ဖြစ်တည်မှုကိုပါပြောပြလိုက်ရာ ရိုးသားသောတောသူတောင်သားများဖြစ်ကြောင်း ဒေါ်မို့မို့ဖြူသဘောပေါက်ဟန်ဖြင့် ပြုံးလိုက်၏။
” ညီမကတော့ဘာမှမပြောလိုပါဘူးရှင့်….သမီးလေးရဲ့စိတ်ဆန္ဒကိုမေးပြီးရင်တော့အကြောင်းပြန်ပါ့မယ်…စိတ်တွေမပူကြပါနဲ့နော်…ညီမသမီးလေးကလိမ္မာပြီးမိဘစကားနားထောင်တဲ့ကလေးပါ….”
” ဒါဆိုလည်းညီမတို့သားအမိတွေ တိုင်ပင်ကြပေါ့ရှင့်….ရက်အကြာကြီးတော့ မလုပ်နဲ့နော်….အစ်မတို့သားက အရမ်းဂျီကျနေလို့ပါ….”
” စိတ်ချအစ်မ…ညီမတို့ကိုအချိန်သုံးရက်ဘဲပေးပါ…အစ်မတို့ကိုအကြောင်းပြန်ပါ့မယ်….”
မိဘချင်းစကားပြောပြီးသည်နှင့် ဒေါ်လှအုံတို့လင်မယားလည်းတောရွာသို့ပြန်လာခဲ့၏။
မစိမ်းနွယ်ကစတိုးဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းမလေးတစ်ဦးဖြစ်၏။ မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်နေထိုင်ပြီး သားအမိနှစ်ယောက်သာရှိ၏။ မိခင်က ဖဲရိုက်၊နှစ်လုံး၊သုံးလုံးတို့ကို အလွန်အကျွံစွဲလမ်းသူဖြစ်သောကြောင့် စိမ်းနွယ်ကအိမ်စရိတ်သာမက မိခင်၏လောင်းကစားစရိတ်ကိုပါရှာပေးနေရ၏။
ဆိုင်ပိတ်သည်နှင့် ဟင်းချက်စရာများဝယ်ခြမ်းပြီးအိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ ယခုတလော တစ်ယောက်ယောက်ကမိမိကိုအမြဲလိုလိုစောင့်ကြည့်နေသကဲ့သို့ခံစားနေရသဖြင့် စိတ်မလုံမလဲဖြစ်ကာ အနောက်ကိုမကြာခဏလှည့်လှည့်ကြည့်နေသည်။ ည၆နာရီမှဆိုင်ပိတ်သဖြင့် အိမ်အပြန်တွင် ပတ်ဝန်းကျင်ကမှောင်စပျိုးနေချေပြီ။
” အမေ…အမေ…တံခါးဖွင့်ဦး…သမီးပြန်ရောက်ပြီ…”
” အေးအေး…လာပြီသမီးလေးရေ..လာပြီ…”
” ဟင်…သမီးလေးဆိုပါလား…အမေများနေမကောင်းတာလား…”
မိခင်ဖြစ်သူ၏ချိုသာသောစကားကြောင့် စိမ်းနွယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပုံမှန်အချိန်များတွင် ဒေါ်မို့ဖြူသည် စိမ်းနွယ်ကိုအမြင်မကြည်ဘဲအမြဲတစေဆဲရေးတိုင်းထွာတတ်သည်။ ယခုမူကား ချိူချိုသာသာပြောနေသောကြောင့် သူမအံ့ဩမိနေခြင်းပင်။ သူမတွေးနေစဉ် တံခါးပွင့်လာပြီး မိခင်ဖြစ်သူထွက်လာသည်။
” သမီးလေးပင်ပန်းနေပြီလားကွဲ့…လာလာသမီးလေး….”
” အမေ…အမေနေကောင်းပါတယ်နော်…”
” နေကောင်းတာမှတဖက်ကိုလွန်နေတာအေ….လာအထဲကို…အမေပြောစရာရှိတယ်….”
” ဘာလဲအမေရဲ့…အဝတ်လဲပါရစေဦး…”
” အိုအေ…နောက်မှလဲ….အမေအရေးတကြီးပြောစရာရှိတယ်ဒီမှာလာထိုင်….”
ဒေါ်မို့ဖြူက တံခါးကိုပြန်ပိတ်လိုက်ပြီး ဂျက်ထိုးထားလိုက်သည်။ သမီးဖြစ်သူ၏လက်ကိုအတင်းဆွဲခေါ်ပြီး ခုံပေါ်၌ထိုင်ခိုင်းလိုက်ပြီးမှ
” သမီး…သမီးမှာချစ်သူရည်းစားရှိနေပြီလား….အမေ့ကိုအမှန်တိုင်းပြောစမ်း….”
” အမေ…အမေနေကောင်းတာသေချာပါတယ်နော်…မှန်းစမ်း…”
မိခင်ဖြစ်သူ၏ထူးဆန်းသောစကားကြောင့် စိမ်းနွယ်ကမိခင်၏နဖူးကိုလက်ဖြင့်စမ်းကြည့်လိုက်ရာ ဒေါ်မို့ဖြူကစိမ်းနွယ်၏လက်ကိုပုတ်ထုတ်လိုက်ပြီး
” ညည်းလက်ကိုဖယ်စမ်းပါအေ…နေကောင်းပါတယ်ဆိုနေ…အမေမေးတာဘဲဖြေ…ညည်းမှာချစ်သူရည်းစားတွေရှိနေပြီလား…”
” အမေရယ်…တနေ့တနေ့စားဖို့သောက်ဖို့ ကုန်းရုန်းရှာဖွေနေရတာ…ဘယ်ကလာရည်းစားထားဖို့အချိန်ရလို့လဲရှင်…”
” ကောင်းတယ်…အဲဒါကောင်းတယ်…ဒီမယ်သမီး…ညည်းအမေပြောတာကိုသေချနားထောင်…အမေ့ကိုကောင်လေးတစ်ယောက်ရဲ့မိဘတွေက သူတို့ရဲ့သားနဲ့သမီးလေးကိုလက်ထပ်ပေးဖို့လာကမ်းလှမ်းထားတယ်…အဲဒါကိုသမီးလက်ခံရမယ်…သမီးအဲကောင်လေးကိုလက်ထပ်ရမယ်….”
” ရှင်.”
” ဟားဟားဟား…အမေရယ်…အမေဒီညဘာဖြစ်နေတာလဲ…သမီးကိုမစနဲ့တော့ သမီးပင်ပန်းလာတယ်…အဝတ်အစားလဲရေချိုးပြီးနားတော့မယ်….”
မိခင်၏စကားကြောင့် စိမ်းနွယ်မှာ ရယ်ချင်စိတ်ပေါက်သွား၏။ မိခင်ဖြစ်သူကိုမည်သို့မျှနားမလည်နိုင်တော့ချေ။ သို့ကြောင့် ထိုင်ခုံမှထသွားမည်အလုပ် ဒေါ်မို့ဖြူက ပြန်ဆွဲထားလိုက်သဖြင့် ပြန်ထိုင်လိုက်ရ၏။
” ဘာလဲအမေရယ်…အမေကသမီးကိုယောကျာ်းပေးစားမလို့လား…”
ဆိုပြီးခပ်နောက်နောက်ပြန်ပြောလိုက်ရာ မိခင်ဖြစ်သူက
” ညည်းကိုငါစနေတာမဟုတ်ဘူးမိစိမ်း….တကယ်ပြောနေတာ…နေ့လည်ကအမေ့ဆီကိုကောင်လေးရဲ့မိဘတွေလာသွားတယ်…”
ဟုပြောပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။ မိခင်ဖြစ်သူစကားဆုံးသည်နှင့် စိမ်းနွယ်မှာ မျက်လုံးအပြူးသားဖြင့်
” အမေ…လူခြောက်တွေကတကယ်ရှိတယ်ပေါ့…”
” ဪ..ရှိလို့ဘဲ သူကညည်းကိုကြိုက်နေတာပေါ့အေ…ညည်းဘယ်လိုသဘောရလဲ…”
” သမီးလက်မထပ်ချင်သေးပါဘူးအမေရယ်…ပြီးတော့ခုလက်ထပ်ရမှာက လူခြောက်နဲ့ဆိုတော့သမီးပိုတောင်လက်မထပ်ချင်သေးဘူး….”
” ဟဲ့ဟဲ့…ညည်းလူခြောက်တွေအကြောင်းမကြားဖူးသေးလို့ပါ….ညည်းအခုလိုလူခြောက်မယားလုပ်ရမှာက ထီပေါက်တာထက်ကိုကံကောင်းသေးတာအေ့…ညည်းပင်ပင်ပန်းပန်းလုပ်စရာမလိုတော့သလို ညည်းအမေဖြစ်တဲ့ငါလည်း ငွေကိုဖောဖောသီသီသုံးနိူင်သွားတာပေါ့အေ့…ညည်းအတွေးမမှားစမ်းပါနဲ့….”
” အိုအမေရယ်….လင်ယူတာကစားစရာများမှတ်နေတာလား….ဒါသမီးဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုနော်…”
” အောင်မယ်….ငါမွေးလို့်ညည်းလူဖြစ်လာတာအေ့….ငါကကောင်းစေချင်လို့ပြောတာ…မိဘကလက်နဲ့ရေးတာကို ညည်းခြေထောက်နဲ့မဖျက်ချင်စမ်းပါနဲ့အေ….ညည်းဘဝကောင်းစားဖို့ပြောနေတာ….”
” သမီးမယူနိုင်ပါဘူးအမေရယ်….အမေ့ကိုသမီးရှာကျွေးနိုင်ပါသေးတယ်…သမီးမှာလက်တွေခြေတွေအကောင်းကြီးပါ…အမေ့အသုံးစရိတ်အတွက်ပူမနေစမ်းပါနဲ့….”
” ငါ့ကိုဘာမှပြန်မပြောနဲ့တော့မိစိမ်း….ငါကပြောရင် ပြောသလိုလိုက်လုပ်မှကြိုက်တာညည်းသိတယ်နော်….ညည်းပြင်စရာရှိတာပြင်ထား….နောက်သုံးရက်နေရင် ကောင်လေးမိဘတွေလာလိမ့်မယ်…စတိုးဆိုင်မှာအရောင်းသမ လုပ်မနေနဲ့တော့…”
” ဟူး…..စိတ်ညစ်ပါတယ်နော်….”
မိခင်ကိုပြန်အာမခံနိူင်တော့သည့်အဆုံး စိမ်းနွယ်မှာ သက်ပြင်းရှည်ကြီးကိုသာ ချရင်း အိပ်ခန်းထဲသို့ဝင်သွားခဲ့တော့သည်။ ဒေါ်မို့်မို့ဖြူမှာကား မိမိအတွက်ရလာမည့် ငွေပုံကြီးကိုသာ အတွေးထဲမြင်ယောင်ရင်း ပြုံးပြုံးကြီးထိုင်နေတော့သည်။
ဤသို့ဖြင့်ရက်ချိန်းပြည့်သွားပြီး နှစ်ဦးနှစ်ဖက်သဘောတူကာ ယခုကဲ့သို့စည်ကားသိုက်မြိုက်သော မင်္ဂလာပွဲကြီးကိုကျင်းပလိုက်တော့သည်။ ထိုမင်္ဂလာပွဲပြီးသည်နှင့် ခန်းဝင်လက်ဖွဲ့အဖြစ် အိမ်ကြီးတစ်လုံးကို ပေးရာ ထိုအိမ်ကြီးထဲ၌ စိမ်းနွယ်နေရ၏။ ထို့ပြင် လက်မသာသာရှိသောလူပုံသဏ္ဍာန်အရာထည့်ထားသည့် မှန်ဘောင်တစ်ခုကိုလည်းဂရုတစိုက်ကြည့်ရှူရသေး၏။ ထိုအိမ်ကြီးထဲ၌ စိမ်းနွယ်တစ်ယောက်ဘုရင်မကြီးတစ်ပါးနှယ် နေရသော်လည်း စိတ်နှလုံးမွေ့လျော်ခြင်းမရှိချေ။
လက်ထပ်ပြီးသည့်အချိန်မှစ၍ မိမိ၏အပါးမှတစ်စုံတစ်ယောက်ရှိနေသောခံစားချက်ကို အရင်ကထက်ပို၍ခံစားမိနေသာ်လည်း ဘာမှန်းမသိရချေ။
” မအေးပို…ဒီနေ့စိမ်းတို့ဘုရားသွားရအောင်နော်…ဒီအိမ်ကြီးထဲနေနေရတာစိတ်မွန်းကြပ်လာပြီ….”
” ဟို…ဟိုလေ…ကို…ကိုကြီးကိုမမစိမ်းခွင့်တောင်းပြီးပြီလားဟင်….”
” မအေးပို…ဒီအိမ်မှာရှိတာ မအေးပိုနဲ့စိမ်းနှစ်ယောက်ထဲလေ…ဘယ်ကကိုကြီးကိုခွင့်တောင်းရမှာလဲ….”
” ရှင်…မ…မဟုတ်ဘူးလေမမစိမ်း….မမစိမ်းရဲ့ယောကျာ်းကိုကြီးသန့်နောင်လည်းရှိတယ်လေ….”
” အိုဟယ်….ဘာမှမဟုတ်တဲ့အသားခြောက်ကိုများ ကြောက်နေရတယ်လို့…သူကအကောင်အထည်မြင်နေရတာမှမဟုတ်ဘဲခွင့်တောင်းနေစရာမလိုဘူး….တကတည်း ဘာမှမလုပ်ဘဲတနေ့တနေ့ ထမင်းခူးပေးလိုက်…အဝတ်သွားထားပေးလိုက်နဲ့အလုပ်ကိုရှူပ်လွန်းတယ်….”
” ရှင်!…”
စိမ်းနွယ်၏စကားကြောင့် မအေးပို လန့်သွားပြီး လက်နှစ်ဖက်ဖြင့်ပါးစပ်ကိုပိတ်ထားလိုက်မိသည်။ မအေးပိုက လူခြောက်ကလေးအကြောင်းကို ရွာမှာကတည်းကသိပြီးသားဖြစ်၏။ ယခုလည်းထိုလူခြောက်ကလေး၏ဝေယျာဝစ္စနှင့်စိမ်းနွယ်၏ဝေယျာဝစ္စကို လုပ်ပေးရန် ဒေါ်လှအုံကထည့်ပေးလိုက်ခြင်းဖြစ်၏။
” ကဲမအေးပို….စိမ်းပြောထားမယ်…ဒီနေ့ကစပြီး အဲဒီအမဲသားခြောက်လိုလိုဟာကို ထမင်းတွေသွားထားပေးတာတွေ….အကောင်းစားအဝတ်တွေ သွားသွားထားပေးတာတွေ မလုပ်နဲ့တော့ကြားလား….အလကားဘာမှမဟုတ်တာတွေကိုလာအယုံသွင်းနေတယ်…”
” ရှင်…မ…မလုပ်ပေးရင် ကိုကြီးသေသွားမှာပေါ့မမစိမ်းရဲ့…”
” ငါကမလုပ်နဲ့ဆိုမလုပ်နဲ့ပေါ့မအေးပိုရဲ့…ဒါငါ့အိမ်…ဒီအိမ်ကြီးရဖို့ငါ့ဘဝနဲ့ရင်းထားရတာ…ငါ့အိမ်မှာနေရင်ငါ့စည်းကမ်းကိုလိုက်နာရမယ်ကြားလား…မဟုတ်ရင်အထုတ်ဆွဲပြီးရွာပြန်သွားတော့….”
” ဟုတ်…ဟုတ်ကဲ့မမစိမ်း…”
စိမ်းနွယ်၏စကားကြောင့် မအေးပိုဘာမှပြန်မပြောရဲတော့ချေ။ ထိုအချိန်မှစ၍ လူခြောက်လေးအတွက် စားသောက်စရာများနှင့် အဝတ်အစားများကို သွားမပို့ပေးတော့ချေ။
လူခြောက်ကလေးကိုလည်းအတူအိပ်သည့်ကုတင်ပေါ်တွင်မထားတော့ဘဲ ပစ္စည်းအဟောင်းများသိမ်းသည့် စတိုခန်းထဲတွင်သွားပစ်ထားလိုက်သည်။
စိမ်းနွယ်မှာယောက္ခပေးသည့် တင်တောင်းငွေများဖြင့် ကုန်စုံဆိုင်ကြီးကိုမြို့ဈေးထဲ၌ဖွင့်ထားလိုက်၏။ ဒေါ်မို့မို့ဖြူလည်း သမီးကောင်းမှုဖြင့် ဆင်ခြေဖုံးရပ်ကွက်မှမြို့လယ်ခေါင်ရှိ တိုက်ခန်းသို့ပြောင်းလာပြီး လောင်းကစားကိုစိတ်ကြိုက်လုပ်တော့သည်။
ဒေါ်လှအုံသည် တောင်ထိပ်ပေါ်ရှိမြဘုရားသို့ရောက်နေ၏။ ဘုရားဆည်းလည်းသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။ သူမသည်ဘုရားကိုဝတ်ပြုရင်း တိတ်ဆိတ်မှု၏အရသာကိုခံစားနေသည်။ ထိုစဉ်
” အမေ…အမေ…”
ဟူသောခေါ်သံကြောင့် သူမလှည့်ကြည့်လိုက်ရာ ပိန်လှီနေသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရ၏။
” အမေ…သားကိုကယ်ပါဦးဗျ…”
” ဟယ်…သားလေး…မောင်သန့်နောင်…အမေ့သားလေးပိန်လိုက်တာကော နေမကောင်းဘူးလားကွဲ့….အဝတ်တွေလည်းစုတ်ပြတ်နေတာဘဲ….အမေ့နားလာပါဦးသားရယ်….”
ထိုလူငယ်ကမျက်ရည်စက်လက်ဖြင့် ဒေါ်လှအုံ၏ရင်ခွင်ထဲသို့ ကလေးတစ်ယောက်နှယ်တိုးဝင်ပြီး တသိမ့်သိမ့်ငိုနေ၏။
” သားလေး…ဘာဖြစ်လာတာလဲအမေ့ကိုပြောပါအုံး…သားလက်ထပ်ပြီးထဲက အမေ့ဆီမလာတာတစ်နှစ်ကျော်ပြီနော်…သားမိန်းမနဲ့အဆင်မပြေဘူးလား…”
” အမေ…သူသားကိုမချစ်ဘူးဗျ…သားထမင်းမစားရတာကြာပြီ…မအေးပိုလည်းသူ့ကိုမဆန့်ကျင်ရဲလို့သားကိုထမင်းလည်းလာမပို့ပေးတော့ဘူး…အဝတ်အစားလည်းလာမလဲပေးတော့ဘူး…ပြီးတော့သူကသားကို မည်းမှောင်နေတဲ့အခန်းထဲမှာပိတ်လှောင်ထားတယ်…သားအရမ်းကြောက်တယ်အမေ…”
” အမလေး….အမေတို့တော့မြွေပွေးကိုခါးပိုက်ဆောင်မိပြီနဲ့တူတယ်ငါ့သားရယ်…ငါ့သားကိုသူတို့ကမချစ်မနှစ်သက်ဘဲ ငွေကြေးမက်မောပြီး လက်ခံထားကြတာပေါ့….ငါ့သားလေးကိုကြည့်ပါအုံး ပိန်လှီပြီးညစ်ပတ်ပေစုတ်နေတာဘဲ…အမေသားကိုပြန်ခေါ်မယ်…သူတို့လက်ထဲမထည့်ပေးနိူင်တော့ဘူး….”
” အမေ…သူတို့ကသားကိုတစ်ပတ်တစ်ခါလာပြီးတွေ့တယ်…သူတို့လုပ်ငန်းဆောင်တာမှန်သမျှကိုကြည့်ရှု မစ ပေးရမယ်တဲ့…နောက်ပြီးစိမ်းအမေက သူလောင်းကစားလုပ်တိုင်းအမြဲနိူင်အောင် မစပေးရမယ်တဲ့…မ မစ ပေးရင်သားကိုမီးရှို့ပစ်မယ်လို့ခြိမ်းခြောက်တယ်….သားကိုလည်းအချွန်တွေနဲ့ထိုးထားကြတာကြည့်ပါအုံးအမေ….”
မောင်သန့်နောင်ကထိုသို့ပြောပြီး ခန္ဓာကိုပေါ်မှအနာများကိုမိခင်အားလှန်ပြလိုက်၏။
” အမလေး…ဖြစ်မှဖြစ်ရလေငါ့သားရယ်….ငါ့သားကိုအမေတို့ဒုက္ခတွင်းထဲပစ်ထားမိသလိုဖြစ်နေပါရော့လားကွယ်…အဟင့်….”
ဒေါ်လှအုံကသားဖြစ်သည်၏ဒဏ်ရာကိုကြည့်ပြီး မချိတင်ကဲ ဝမ်းနည်းငိုကြွေးနေမိသည်။ တိတ်ဆိတ်အေးချမ်းသော မြစေတီရင်ပြင်သည်ကား သူမ၏အပူသောကပရိဝေဒမီးကို မငြိမ်းအေးစေနိူင်တော့ပေ။
” အမေ…သားပြန်တော့မယ်…မနက်ဖြန် သားအိမ်ကိုလာခဲ့နော်အမေ…သားကြိုက်တဲ့ဝက်သားဟင်းလေးချက်လာပေးနော်…သားဗိုက်အရမ်းဆာတယ်ဗျ…နောက်ပြီးသားအတွက်အဝတ်အစားအသစ်လေးလည်းဝယ်လာပေးနော်သားအဝတ်တွေစုတ်နေပြီဗျ….”
” အင်းပါသားရယ်…အမေမနက်ဖြန်လာခဲ့မယ်နော်…သားကြိုက်တာတွေဝယ်လာပေးမယ်….ကျန်းမာရေးလည်းဂရုစိုက်နော်သားလေး…”
” ဟုတ်…သားသွားပြီအမေ…”
မောင်သန့်နောင်က မိခင်ကိုနူတ်ဆက်ပြီး စေတီ၏အနောက်ဘက်အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွား၏။
” သား…သားလေး…”
” မလှအုံ…မလှအုံ…သားကိုအိပ်မက်မက်နေတာလား….နေမြင့်နေပြီထပါအုံး…”
ဦးဖိုးထူက လှုပ်နိူးလိုက်သောကြောင့် ဒေါ်လှအုံနိူးလာသဖြင့် အိပ်မက်မက်နေမှန်းသိလိုက်၏။ သို့သော်ပါးပြင်နဲ့ခေါင်းအုံးတို့မှာကား မျက်ရည်ဖြင့် စိုရွဲှနေ၏။
” မိန်းမ…သားကိုမက်လို့လား…ပြောစမ်းပါအုံး ငါ့သားလေးအဆင်ပြေရဲ့လား…”
” အစ်ကို…သား…သားလေးအရမ်းပိန်နေတယ်…သူ့ကိုဟိုသားအမိကနှိပ်စက်ကြတယ်တဲ့…”
ဒေါ်လှအုံကထိုသို့ပြောရင်း အိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူအား အကုန်ပြောပြလိုက်၏။
” တောက်! ဒင်းတို့ကငါ့သားကိုမချစ်မကြိုက်ဘဲ…ငွေမက်ပြီး ငါ့သားကိုအငတ်ထားကြတာပေါ့…”
နောက်တနေ့၌လင်မယားနှစ်ယောက် သားကြိုက်သည့်ဝက်သားဟင်းကိုထမင်းချိုင့်ထဲထည့်ပြီး မြို့သို့တက်လာကြပြီး သားဖြစ်သူအတွက်အဝတ်အစားသုံးစုံကိုလည်းဝယ်လာခဲ့ကြ၏။ ထို့နောက် ချွေးမဖြစ်သူရှိရာအိမ်ကြီးသို့လာခဲ့ပြီး ခြံရှေ့ရောက်သည်နှင့် လူခေါ်ခေါင်းလောင်းကိုတီးလိုက်၏။
ခဏ၌ခြံရှေ့တံခါးဆီသို့ မအေးပိုကအပြေးကလေးရောက်လာခဲ့၏။
” အ…အရီးလေး….”
” ဟဲ့…အေးပို…တံခါးမြန်မြန်ဖွင့်လိုက်စမ်း…”
” ဟုတ်…ဟုတ်ဖွင့်နေပါတယ်အရီးလေး…”
တံခါးပွင့်လာသည်နှင့် ဒေါ်လှအုံတို့လင်မယားနှစ်ယောက်အိမ်ထဲသို့ဝင်လာကြပြီးလျှင်
” ညည်းမမလေးမရှိဘူးလား အေးပို…”
” မ…မရှိဘူးအရီးလေး…မမစိမ်းကဆိုင်သွားနေတယ်…”
” ညည်းအစ်ကိုရော ဘယ်မှာထားထားတာလဲ….ထမင်းပုံမှန်ကျွေးရဲ့လား…အဝတ်အစားပုံမှန်လဲပေးရဲ့လားအေးပို…”
” အ…အခန်းထဲမှာပါအရီးလေး…အဝတ်အစားတွေထမင်းတွေပုံမှန်ပို့ပေးပါတယ်…”
” ငါ့သားကိုငါတွေ့ချင်တယ်အေးပို…ငါ့သားဆီလိုက်ပို့ပေးစမ်း…”
” ဟို…ဟိုလေ….မမစိမ်း…မမစိမ်းကသူ့အခန်းထဲကို ဘယ်သူမှပေးမဝင်ဘူးရှင့်…တံ…တံခါးသော့လည်းခတ်ထားပါတယ်…”
” အေးပို…”
” ရှင့်…ဦး…ဦးထူ…”
မအေးပိုကစကားအထစ်ထစ်ဖြင့်ပြောနေသဖြင့် ဦးဖိုးထူစိတ်မရှည်တော့ဘဲ အော်လိုက်တော့၏။
” ငါ့သားဘယ်မှာလဲပြောစမ်း….”
” ဟို…ဟို…အ…အခန်းထဲမှာပါဦးထူ…”
” ဘယ်အခန်းလဲသွားပြ…”
မအေးပိုက တဟိုဟိုဖြင့် အင်တင်တင်လုပ်နေ၏။ ထိုအချိန်ခြံရှေ့တံခါးပွင့်လာပြီး မစိမ်းနွယ်နဲ့မိခင်ဖြစ်သူဝင်လာခဲ့၏။
” မအေးပို…မအေးပို…ငါပြန်ရောက်ပြီဟဲ့…ဘာလုပ်နေတာလဲ….ဘယ်သူတွေနဲ့စကားပြောနေတာလဲ….”
” မ…မမစိမ်း….”
မအေးပိုက စိမ်းနွယ်ဆီပြေးလာ၏။ စိမ်းနွယ်တို့လည်း ယောက္ခမဖြစ်သူကိုတွေ့လိုက်ပြီး ပြုံးလိုက်ကာ
” ဪ…အမေတို့ရောက်နေတာလား…မအေးပို…အမေတို့ကိုအိမ်ထဲခေါ်သွားလေ…ဘာလို့ဒီမှာရပ်ခိုင်းရတာလဲ…”
” ဟို…ဟိုလေ…”
” ပြန်ရောက်ပြီလားသမီး…အမေတို့ကသားလေးသန့်နောင်ကိုလာကြည့်တာပါ…”
” ဪ…ကိုသန့်နောင်ကိုလာကြည့်တာလား….အမေ့သားကအိမ်ထဲမှာရှင့်…သူကတနေ့တနေ့အိမ်ထဲမှာဘဲနေနေတာလေ…ဟုတ်တယ်နော်အမေ…”
စိမ်းနွယ်ကထိုသို့ပြောပြီး ဒေါ်မို့မို့ဖြူဘက်လှည့်ကာပြောလိုက်၏။ ဒေါ်မို့်မို့ဖြူလည်း မျက်နှာချိုသွေးလိုက်ပြီး
” ဟုတ်…ဟုတ်ပါတယ်ရှင်…သမက်လေးကအကောင်အထည်သာမမြင်ရတာ ဇနီးနဲ့ယောက္ခမအပေါ်တော့ အရမ်းကိုသိတတ်တာရှင့် ….အဟင်း…”
” ဟုတ်လား…ဒါဆိုလည်းကျုပ်သားနဲ့တွေ့ချင်လို့ ပြပါအုံး…”
” ဪ..အဲဒါ…ဟို…ဟိုလေ…အမေ့သားကအခန်းထဲမှာရှိတယ်ရှင့်…အေးပို…ကိုသန့်နောင်ကိုတချက်သွားကြည့်လိုက်ပါအုံး စိမ်းအခန်းကိုလည်းသန့်ထားပေးအုံးနေ.ာ်…..အမေ ခဏနေအုံးနော်…အေးပိုကိုသွားကြည့်ခိုင်းထားတယ်…သမီးတို့အခန်းကရှုပ်ပွနေလို့ပါ..”
” ဟုတ်…ဟုတ်မမစိမ်း…”
မအေးပိုကအိမ်ထဲသို့ပြေးဝင်သွားပြီး စတိုခန်းသော့ကိုရှာကာ မှန်ခေါင်းငယ်ကိုအမြန်ရှာဖွေလိုက်၏။ ခဏ၌အိမ်ထောင့်တွင် ဖုန်မှုန့်များကပ်နေသောမှန်ခေါင်းငယ်ကိုတွေ့လိုက်ရပြီးအမြန်ကောက်ယူကာ အဝတ်စဖြင့်သန့်ပေးလိုက်၏။ ထို့နောက်အထဲမှ အသားခြောက်ကလေးကိုသေချာကောက်ယူပြီး အိပ်ယာသေးသေးလေးထက်၌အိပ်စေပြီးသည်နှင့် စိမ်းနွယ်၏အခန်းတံခါးကိုဖွင့်ကာ မှန်ခေါင်းငယ်အား အိပ်ယာခေါင်းရင်းရှိ ခေါင်းအုံးပေါ်သို့တင်ပေးလိုက်၏။ ရှုပ်ပွနေသောစိမ်းအခန်းကိုလည်း အမြန်သန့်ပေးလိုက်၏။ ပြီးသည်နှင့်အောက်ထပ်သို့်ပြန်လာပြီး ဧည့်ခန်းထဲ၌ထိုင်နေသောစိမ်းနွယ်ဆီပြေးလာပြီး
” ပြီးပြီမမစိမ်း….”
” အမေနဲ့အဖေတို့ ကိုသန့်နောင်ကိုသွားတွေ့လို့ရပါပြီရှင့်….ကိုသန့်နောင်အမေ့ကိုလာတွေ့သေးလား…”
စိမ်းနွယ်ကထိုသို့ပြောလိုက်သော်လည်း ဒေါ်လှအုံတို့်လင်မယားကဘာမှမပြောဘဲ ထိုင်ရာမှထကာ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ စိမ်းနွယ်၏အခန်းထဲသို့ရောက်သည်နှင့် ကုတင်ပေါ်ရှိခေါင်းအုံးပေါ်မှ မှန်ခေါင်းသေးသေးလေးကိုကြည့်လိုက်၏။
” သား…သားလေး…အမေတို့ရောက်လာပြီနော်….အမေ့သားလေး…”
နှစ်ယောက်သားမှန်ခေါင်းငယ်ကို ကောက်ယူလိုက်ပြီး သားဖြစ်သူကိုကြည့်လိုက်ရာ လက်မသာသာရှိသော လူခြောက်ကလေး၏ခန္ဓာအနံ့၌ အနီစက်များကိုတွေ့လိုက်ရ၏။
” ငါ့သားကိုအဖေတို့အိမ်ပြန်ခေါ်သွားမယ်…ဒီမိန်းမယုတ်ဆီမှာ သားနေစရာမလိုတော့ဘူး…”
ဦးဖိုးထူကထိုသို့ပြောပြီး မှန်ခေါင်းကိုပွေ့ယူကာ လှည့်ထွက်မည်အပြု
” အဖေ…ကျွန်မယောကျာ်းကို ဘယ်ခေါ်သွားမလို့လဲရှင့်…”
” ဖယ်စမ်း…ငါ့အရှေ့ကနေဖယ်ကြစမ်း….ငါ့သားကိုနှိပ်စက်လို့မဝကြသေးဘူးလား….”
” အဖေတို့ကို ကိုသန့်နောင်ကဘာတွေတိုင်ထားလို့လဲမသိပေမဲ့ ဒါလင်မယားကြားကကိစ္စလေ….လင်မယားကြားကကိစ္စကိုဘေးလူတွေဝင်ပါစရာမလိုဘူးထင်တယ်နော်…”
” ဘေးဖယ်နေလို့ငါပြောနေတယ်နော်…”
” မဖယ်ဘူး…အဖေတို့ကကျွန်မယောကျာ်းကိုဘယ်ခေါ်သွားမလို့လဲ… ဒီလူခြောက်ကလေးကိုကျွန်မပိုင်တယ်နော်…အဖေတို့ကိုယ်တိုင် ကျွန်မနဲ့လက်ထပ်ပေးခဲ့တာ…ပေးစမ်းအဲဒီမှန်ခေါင်း….”
” ဖယ်စမ်း…ငါ့သားကိုမင်းထိစရာမလိုဘူး….”
” ခွမ်း….”
” ဟင်…”
” ငါ့သားလေး….အမလေး… ငါ့သားလေးရေ….”
တစ်ယောက်နှင့်တစ်ယောက်လုကြရင်း မှန်ခေါင်းငယ်လေးသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး ကွဲကြေသွား၏။ လူခြောက်ကလေးလည်း ကြမ်းပြင်ပေါ်ရှိမှန်ကွဲစများကြားသို့ လွှင့်စင်သွား၏။ ဒေါ်လှအုံက အလန့်တကြားဖြင့် မှန်စများကြားမှ လူခြောက်ကလေးကိုအမြန်ကောက်ယူလိုက်၏။ ထိုအခါသေးငယ်သောမှန်ကွဲစလေးသည် လူခြောက်ကလေး၏ကြောပြင်၌ စိုက်ဝင်နေ၏။
” အမလေး….ငါ့သားလေးအသက်မှရှိသေးရဲ့လား….”
” ငါ့ယောကျာ်းကိုပြန်ပေး…ငါ့ယောကျာ်းကိုမယူသွားနဲ့…”
” တော်ကြတော့…ဒါငါ့သား…ငါ့သားကိုငါပြန်ခေါ်မယ်…မင်းတို့်အနားတိုးလာတာနဲ့ ငါအကုန်သတ်ပစ်မယ်မှတ်…”
ဦးဖိုးထူက အနားမှသံပန်းအိုးကိုကောက်ယူလိုက်ပြီး စိမ်းနွယ်တို့သားအမိအားရွယ်ထားလိုက်၏။
” လာအေးပို…ညည်းငါတို့နဲ့ုပြန်လိုက်ခဲ့…ဒီကောင်မတွေဆီမှာအလုပ်လုပ်စရာမလိုတော့ဘူး….”
” ဟုတ်…ဟုတ်အရီးလေး…”
ထို့နောက် ဒေါ်လှအုံတို့လင်မယားသည် သားခြောက်ကလေးကိုပုဝါဖြင့်ပတ်လိုက်ပြီး မအေးပိုကိုခေါ်ကာ ထိုအိမ်ကြီးထဲမှ ထွက်လာခဲ့ကြ၏။
ဒေါ်လှအုံသည် သားကြိုက်တတ်သည့် အစားအသောက်များကို ချက်ပြုတ်ပြီးသားအခန်းထဲသို့ယူလာပေး၏။
” သားလေး…ထမင်းစားတော့…အမေသားကြိုက်တတ်တဲ့ဟင်းတွေချက်ထားပေးတယ်…သားဒဏ်ရာတွေသက်သာသွားပြီလား…အိမ်ပြန်ရောက်တာ တစ်လကျော်နေပြီသားအမေ့ကိုလာမတွေ့သေးဘူးနော်….”
ဒေါ်လှအုံကထိုသို့ပြောရင်း သားဖြစ်သူ၏အိပ်ယာသေးသေးလေးကိုသေချာပြင်ပေးနေ၏။
ညရောက်သော် အိပ်မက်ထဲသို့သားဖြစ်သူရောက်လာခဲ့သည်။ အရင်လိုပိန်မနေဘဲ ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေပြီး အဝါရောင်စတစ်အင်္ကျီကိုဝတ်ဆင်ထားသည်။
” အမေ…သားနေကောင်းသွားပြီဗျ…ကျောပြင်ကဒဏ်ရာလည်း သက်သာနေပါပြီ။ သားအမေ့ဆီမလာတာကလည်း သားသူ့ကိုလွမ်းနေလို့ မြစေတီမှာနေ့တိုင်းသွားထိုင်နေလို့်ပါ…အမေတို့ကျန်းမာရေးဂရုစိုက်နော်….နောက်ပြီးသားအတွက် သင်္ကန်းလေးတစ်စုံလောက်ကပ်ပေးပါနော်အမေ…”
” အင်းပါသားရယ် အမေလှူပေးပါ့မယ်…”
နောက်တစ်နေ့၌ဒေါ်လှအုံသည် ယောကျာ်းနဲ့တိုင်ပင်ပြီး သင်္ကန်းတစ်စုံဝယ်ကာ ရွာဦးကျောင်း၌သွားရောက်လှူဒါန်းပေးလိုက်၏။ မအေးပိုလည်း ဒေါ်လှအုံတို့၏အိမ်တွင်နေလာသည်မှာ ငါးလပင်ပြည့်ခဲ့ပြီ။ သူမသည်မိဘမရှိသည့် တစ်ကောင်ကြွက်တမျက်နှာဖြစ်သဖြင့် ဒေါ်လှအုံကခေါ်ယူကျွေးမွေးထားခြင်းဖြစ်၏။ ယနေ့သည် အိမ်၌ဒေါ်လှအုံတို့လင်မယားနှစ်ယောက်စလုံးမရှိကြချေ။ မန္တလေးတောင်သို့သွားပြီး ဘုရားဖူးသွားကြသဖြင့် သုံးရက်လောက်တော့ကြာမည်ဖြစ်သည်။
မအေးပိုကိုကား အိမ်စောင့်အဖြ
စ်နှင့် လူခြောက်ကလေးမောင်သန့်နောင်ကိုအလုပ်အကျွေးပြုရန်အတွက် စိတ်ချလက်ချထားခဲ့ခြင်းဖြစ်သည်။ မအေးပိုကထိုအခွင့်အကောင်းကိုယူပြီး လူခြောက်ကလေးနှင့် အတွင်းပစ္စည်းကိုယူပြီး မြို့သို့ပြေးလေသည်။ ဘုရားဖူးပြန်လာသည့် ဒေါ်လှအုံတို့ကား သားဖြစ်သူကိုလည်းရှုံး၊အတွင်းပစ္စည်းလည်းရှုံးကာ အပူလုံးကြွနေရသည်။ မအေးပိုကိုကား အစအနပင်မတွေ့ကြရတော့ချေ။
မောင်ရေခဲတို့ဆရာတပည့်သည် ကျောက်ကြားဘုရားတည်မည့်နေရာကို လိုက်ရှာရင်း သရက်စုရွာသို့ရောက်လာခဲ့ကြသည်။ ရွာထိပ်သို့ရောက်လာသည်နှင့် သစ်ပင်ကြီး၏အောက်မှ ထိုင်နေသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရသဖြင့် မေးမြန်းရန်အနားသို့တိုးလာခဲ့သည်။
” ညီလေး…ညီလေးကဒီရွာကလားဗျ…”
မောင်ထင်ပေါ်ကဆရာဖြစ်သူအား ကြောင်ကြည့်နေသည်။ လူငယ်က မောင်ရေခဲကိုလှည့်ကြည့်လာပြီး
” ခင်ဗျားက ကျုပ်ကိုမြင်နေရတာလားဗျ..”
“မြင်ရလို့ဘဲ အကူညီတောင်းဖို့လာတာဗျာ…ဒါနဲ့ညီလေးစကားကထူးဆန်းနေပါလားဗျ…”
” ဟာ….ကျုပ်ကခင်ဗျားတို့လို လူမဟုတ်ဘူးလေဗျာ…ဒါကြောင့် ကျုပ်ကိုမြင်နေရတာလားလို့မေးတာပေါ့ဗျ….”
ထိုလူ၏စကားကြောင့် မောင်ရေခဲသေချာကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်မှာလူစင်စစ်မဟုတ်မှန်းသိလိုက်ရသည်။
” ဪ…ငါသတိမကပ်မိပေဘဲကိုး…ဒါနဲ့ညီလေးကဒီမှာဘာလုပ်နေတာလဲဗျ…”
” ကျုပ်…ကျုပ်မိဘနှစ်ပါးကိုစောင့်နေတာဗျ…သူတို့ကကျုပ်ကိုလိုက်ရှာနေတယ်လေ…အရင်ကအမေနဲ့အဆက်အသွယ်လုပ်လို့ရပေမဲ့ခုကမရတော့ဘူးဗျ….ရွာထဲကိုလည်းကျုပ်ဝင်လို့မရတော့ဘူးလေ…”
မောင်ရေခဲကထိုလူအား သေချာကြည့်လိုက်ရာလူခြောက်ကလေးဘဝမှသေလွန်သွားပြီဖြစ်သော ဝိဉာဉ်တစ်ကောင်ဖြစ်မှန်းသိလိုက်၏။
” ညီကကလူခြောက်ဘဝကနေ သေလွန်ပြီးတဲ့ဝိဉာဉ်ဘဲ…ဒါကြောင့်ရွာစောင့်နတ်ကရွာထဲအဝင်မခံတော့တာ….”
” ဟင်…ကျုပ်…ကျုပ်မသေပါဘူး…ကျုပ်ရဲ့ခန္ဓာကလေးရှိနေပါသေးတယ်…”
ဝိဉာဉ်ကထိုသို့ပြောပြီး လူခြောက်ခန္ဓာကလေးရှိရာသို့ပြန်သွား၏။ ထိုအခါ ပုလင်းထဲရှိမိမိ၏ခန္ဓာသေးသေးလေးမှာ ချစားထားသလိုဖြစ်နေပြီး မည်းခြောက်သွားသည်ကိုတွေ့လိုက်ရသည်။
” ငါ…ငါသေသွားပြီဘဲ….”
လူခြောက်ကလေး၏ဝိဉာဉ်မှာငိုယိုပြီး မောင်ရေခဲရှေ့ပြန်ရောက်လာသည်။
” ယုံပြီလား…ညီကသေသွားပြီဆိုတာ…”
” ယုံပါပြီဗျာ…ဒါကြောင့်ကျုပ်အမေနဲ့ဆက်သွယ်လို့မရတော့တာပေါ့….ကျုပ်ကိုခိုးယူပြီး ပုလင်းထဲထည့်ထားကြတာလေ…ဒါပေမဲ့ကျုပ်ရဲ့ဝိဉာဉ်ကမြဘုရားမှာရောက်နေတာ…ကျုပ်ပြန်လာတော့ ပုလင်းထဲဝင်မရတော့တာနဲ့ အမေ့ဆီပြန်လာတာ…ဒီရောက်တော့ ရွာထဲအဝင်မခံတော့ဘူးလေ…အမေနဲ့အဖေ ကျုပ်ကိုစိတ်ပူနေရှာတယ်…ကျုပ်အမေနဲ့တစ်ခါလောက်တွေ့ချင်တယ်ဗျာ…ကျုပ်….ကျုပ်ကိုခင်ဗျားကူညီပေးနိူင်မလား…ကျုပ်ကိုမြင်နိူင်တာခင်ဗျားတစ်ယောက်ထဲရှိတာလေဗျာ…”
မောင်ရေခဲသည် ထိုလူခြောက်ကလေး၏ ဝိဉာဉ်ကိုကြည့်ပြီး သနားနေမိသဖြင့် ရွာစောင့်နတ်ကိုအကူအညီတောင်းပြီး ရွာထဲသို့ခဏတာဝင်ခွင့်ပေးရန် တောင်းဆိုပေးလိုက်၏။ ရွာစောင့်နတ်လည်း မောင်ရေခဲ၏တောင်းဆိုမှုကြောင့် ညရောက်လျှင် ရွာထဲသို့ခေတ္တဝင်ခွင့်ကိုပေးလိုက်၏။
” ကဲ…ညီလေးကိုရွာစောင့်နတ်က ရွာထဲကိုခေတ္တဝင်ခွင့်ပေးလိုက်ပြီ…ညီ့ကိစ္စပြီးရင်တော့ဒီနေရာကနေအဝေးဆုံးကိုထွက်သွားရမယ်နော်….ညီရဲ့နောက်ဘဝကညီ့ကိုစောင့်ကြိုနေတယ်…ကဲကဲ…နေရစ်ခဲ့ပေဦးတော့….”
မောင်ရေခဲကထိုသို့ပြောပြီး ပြုံးလိုက်၏။ မောင်ထင်ပေါ်ကဆရာဖြစ်သူကိုနားမလည်နိူင်ဘဲဖြစ်နေ၏။
” ဆရာ…ကျွန်တော်ဆရာ့ကိုကြည့်နေတာကြာပြီ…ဆရာကဒီနေရာမှာရပ်ပြီး ဘယ်သူနဲ့စကားပြောနေတာလဲဗျ…”
” လူခြောက်ကလေးရဲ့ဝိဉာဉ်နဲ့လေထင်ပေါ်ရဲ့…သူကအကူညီတောင်းလို့ကူညီပေးလိုက်တာ…”
” ဆရာ…လူခြောက်ကလေးတွေကတယ်ရှိတာလားဗျ…”
” ရှိတာပေါ့ထင်ပေါ်ရဲ့…ပြောရရင် လူခြောက်ကလေးတွေဆိုတာ သန္ဓေမအောင်တဲ့ ကိုယ်ဝန်ပေါ့…သူတို့က သန္ဓေမအောင်ရာကနေ တေဇောဓာတ်ကြောင့်တဖြည်းဖြည်းခြောက်သွားပြီး ကိုယ်ဝန်ရက်စေ့၊လစေ့တာနဲ့သာမာန်ကလေးမွေးဖွားသလိုဘဲ မွေးဖွားလာတာ…သူတို့ကသန္ဓေမအောင်ပေမဲ့ သူတို့ရဲ့စွဲလမ်းစိတ်ကြောင့် ပြိတ္တာဘုံသားအဖြစ်နဲ့ သူတို့်ရဲ့ခြောက်သွေ့နေတဲ့ခန္ဓာသေးသေးလေးမှာစွဲကပ်နေကြတာလေ…”
” ဒါကြောင့်မို့ လူတစ်ရာမှာ တစ်ယောက်မွေးခဲတဲ့ လူခြောက်ကလေးဟာ ပေတစိတ်စွဲကပ်နေတဲ့အတွက်သက်ရှိလူတစ်ယောက်လိုဘဲ လိုချင်တာတွေပူဆာတတ်တယ်၊မစတတ်တယ်၊အရွယ်ရောက်တတ်တယ်၊သူတို့လိုချင်တာတွေကိုသူတို့ရဲ့မာတာမိခင်ကိုဆက်သွယ်ပြီး ပြောတတ်ကြတယ်လေ..ဒါပေမဲ့လူခြောက်တိုင်းတော့ မ မစတတ်ပါဘူး…”
” သူတို့ကလူတွေလိုဘဲအင်္ဂါအစုံပါတာဘဲလားဆရာ…”
” ပါတယ်ဆိုရုံအရာကလေးသာသာပါဘဲ…ဒါပေမဲ့သူတို့်အသက်ရှိနေသေးရင် အဲဒီလူခြောက်ကလေးက အသားအရေတွေစိုပည်နေတာတွေ့ရတယ်…သေဆုံးသွားရင်တော့ သားခြောက်ကလေးရဲ့အသားစတွေပဲ့ကြွေနေတာမျိုး၊ အသားအရေလုံးဝခြောက်ကပ်ပြီး မည်းနေတာမျိုးဖြစ်သွားတတ်ကြတယ်…”
” ဪ..ဒါဆိုသူတို့လည်း တနည်းအားဖြင့်ပြောရရင် ပေတလောကသားတွေပေါ့နော်ဆရာ….”
” သိပ်ဟုတ်တာပေါ့ထင်ပေါ်…”
ထိုသို့ပြောပြီး ဆရာတပည့်နှစ်ယောက် ထိုနေရာမှ ထွက်သွားကြတော့သည်။
” ကျလိ…ကျလိ…ကျလိ….”
လပြည့်ည၏လရောင်သည် လောကကြီးကို လွှမ်းခြုံနေ၏။ ညပိုးကောင်တို့၏ အော်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဒေါ်လှအုံသည် အိပ်ယာထက်မှအိပ်နေရင်း သားဖြစ်သူကိုသတိရနေသည်။ ကိုဖိုးထူကား အိပ်မောကျနေပေပြီ။ သူမသာလျှင် သားဖြစ်သူကိုလွှမ်းဆွတ်နေရခြင်းသာ။ ပြေးကြည့်မှသူတို့မှာ ဒီသားတစ်ယောက်သာရှိသည်မို့ ယခုလိုသားပျောက်သွားသဖြင့် သောကရောက်နေရခြင်းမှာမဆန်းချေ။ မအေးပိုကလည်း သားကိုဘာလုပ်လိုက်သည်မသိ သားဖြစ်သူမှာ သူမ၏အိပ်မက်ထဲသို့ပင်ရောက်မလာခဲ့သည်မှာ ကြာနေချေပြီ။
တွေးနေရင်းမျက်ဝန်းအိမ်မှမျက်ရည်စများစီးကျလာခဲ့သည်။ ထို့နောက်သူမ အိပ်ပျော်သွားတော့သည်။
” အမေ…အမေ…ထပါအုံးဗျ…သားပြန်လာပြီလေ…”
” ဟင်…သား…အသံဘဲ…”
” အမေ…အမေငိုနေတာလားဗျ…အမေအရမ်းပိန်ကျသွားတယ်နော်…”
” သား…အမေ့သားလေးရယ်…သားဘယ်တွေသွားနေတာလဲ….အမေ့ဆီမလာတာကြာပြီ…အမေသတိရနေတာ…”
” အမေ…နောက်အမေ့ဆီသားမလာနိူင်တော့ဘူးဗျ…သား…သား…အမေ့ဆီလာတာဒီတစ်ခါနောက်ဆုံးဘဲဗျ…”
” ဟင်…ဘာလို့လဲသားရဲ့…”
” သား….သားလာလို့မရတော့ဘူးအမေ…သား…သားသေသွားပြီအမေ…”
” ဟင်…သားသေသွားပြီဟုတ်လားသား….အမေ့ကိုမစပါနဲ့သားရယ်…”
” တကယ်ပြောတာအမေ…အမေ့ကိုသားလာနူတ်ဆက်တာ…အဖေ့ကိုလည်းသားထာဝရနူတ်ဆက်ခဲ့တယ်လို့ပြောပေးပါနော်…အမေတို့်ကျန်းမာရေးဂရုစိုက်ကြပါ…နောက်နောင်အမေ့ကိုကျန်းမာရေးဂရုစိုက်ဖို့ ပြောပေးလို့မရတော့ဘူးဗျ…အမေ…သားသွားရတော့မယ်….ကန်တော့ခဲ့ပါတယ်နော်အမေ…”
” သား….သားလေး….”
လူခြောက်ကလေးမောင်သန့်နောင်သည် မျက်ရည်စက်လက်ဖြင့် မိခင်ဖြစ်သူကို နောက်ဆုံးကန်တော့ရင်း တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားခဲ့တော့သည်။ ဒေါ်လှအုံကား သားဖြစ်သူကိုအော်ခေါ်ရင်း အိပ်မက်မှလန့်နိူးလာခဲ့တော့သည်။ အိပ်မက်အကြောင်းစုံကို ယောကျာ်းဖြစ်သူအား ပြောပြလိုက်ရာ ဦးဖိုးထူလည်း တစ်ခါမှမမြင်ဖူးသေား၏ပုံရိပ်ကိုမျှော်မှန်းပုံဖော်ကြည့်ရင်း ဝမ်းနည်းပူဆွေးနေရှာသည်။ နောက်တစ်နေ့တွင်ကား သားဖြစ်သူကိုရည်စူးပြီး အလှူအတန်းများလုပ်ပေးကြသည်။
ဒေါ်မို့မို့ဖြူသည် လောင်းကစားထဲနစ်မွှန်းရင်း အကြွေးနွံထဲကနေရုန်းမထွက်နိူင်ဘဲရှိနေသည်။ သမီးဖြစ်သူမစိမ်းနွယ်လည်း လူခြောက်ကလေးကိုပုလင်းထဲထည့်ပြီး လိုလေသေးမရှိအောင် ထားပေးသော်လည်း စီးပွားရေးမှာတိုးတက်မလာဘဲ ဆုတ်ယုတ်မြဲဆုတ်ယုတ်လာသည်။ ကြားထဲတွင်လူယုံမအေးပိုက ယောကျာ်းနောက်လိုက်ပြေးသွားသည့်အပြင် မိမိ၏စုမိဆောင်းမိထားသည့် ငွေစရွှေစအချို့ပါ ခိုးယူသွားသဖြင့် စိမ်းနွယ်မှာ အရူးမသဖွယ် စိတ်ထိခိုက်နေသည်။ နောက်ဆုံး၌ မိမိတို့၏တိုက်အိမ်ကြီးကိုရောင်းချပြီး ဆင်ခြေဖုံးရပ်ကွက်ကလေးရှိ အိမ်သေးသေးလေးကိုဝယ်ယူကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေရတော့သည်။…..။
# ပြီး
# ခွန်း

Zawgyi Version

လူေျခာက္မယား(စ/ဆံုး)
——————————
႐ြာလုံးကြၽတ္မီးခိုးတိတ္ေအာင္ ေကြၽးေမြးေသာမဂၤလာပြဲတစ္ခု။ ထိုမဂၤလာပြဲသို႔ ကေလးမွအစ လူႀကီးအဆုံးတက္ေရာက္ခ်ီးျမႇင့္ၾကသည့္ ထူးျခားေသာမဂၤလာပြဲတစ္ပြဲျဖစ္သည္။ ပို၍ထူးျခားသည္မွာ ထိုမဂၤလာပြဲတြင္ သတို႔သားကိုမေတြ႕ရဘဲ သတို႔သမီးတစ္ဦးတည္းသာေတြ႕ေနရျခင္းပင္။ သတို႔သား၊သတို႔သမီးထိုင္သည့္ တစ္ခုေသာထိုင္ခုံေပၚတြင္ကားအဝါေဖ်ာ့ေရာင္ သတို႔သားဝတ္စုံလႊားထားသည္ကိုေတြ႕လိုက္ရသည္။ သတို႔သမီး၏မ်က္ႏွာမွာကား တက္ႂကြလန္းဆန္းေသာအမူအရာတို႔ မေတြ႕ရေခ်။ သို႔ေသာ္သတို႔သမီး၏ မိခင္ကား လာသမွ်ဧည့္သည္ကို ဧည့္ခံၿပဳံးျပရသည္မွာအေမာပင္။
” လာမခင္ရီ…တစ္ေယာက္ထဲလားရွင့္…”
” ေအး…မမို႔ေရ မႏြယ္တို႔ေစာင့္ရတာၾကာတာနဲ႔တစ္ေယာက္ထဲထြက္လာတာေအ့…”
” ေအးပါဟယ္…လာလာဒီဖက္ဝိုင္းကို…”
” မမို႔တို႔မ်ား ေ႐ႊသမက္၊ေငြသမက္ရထားေတာ့ မ်က္ႏွာကၿပဳံးဖီးေနတာဘဲေအ…”
” ဒါလည္းသမီးေလးရဲ႕ကံပါေအ…တို႔ကေတာ့သမီးေလးရဲ႕ေ႐ြးခ်ယ္မႈကိုေကာင္းသည္ဆိုးသည္မကန႔္ကြက္ပါဘူး…”
” ဒါေပါ့ေအ…ညည္းသမီးကေတာ့ လူေ႐ြးေတာ္သြားၿပီ…”
လက္ဖက္ရည္ဝိုင္းမွအမ်ိဳးသမီးႀကီးတို႔၏ ေျမႇာက္ပင့္စကားမ်ား ႂကြက္စိႂကြက္စိထြက္လာသည္။ ထိုေျမႇာက္ပင့္စကားမ်ားၾကား ၌ သတို႔သမီး၏မိခင္ေဒၚမို႔မို႔ျဖဴ ပါးစပ္မစိႏိုင္ေတာ့ေခ်။
အမွန္စင္စစ္ထိုမဂၤလာပြဲက်င္းပေနေသာ သတို႔သားမွာ႐ုပ္ခႏၶာမရွိဘဲ နမ္သာရွိသည့္ လူေျခာက္တစ္ဦးပင္ျဖစ္သည္။ ဆင္းဆင္းရဲရဲေနခဲ့ရေသာ ဦးဖိုးထူႏွင့္ ေဒၚလွအုံတို႔မိသားစုမွာ ထိုသားေျခာက္ေမြးၿပီးသည့္အခ်ိန္မွစ၍ တေန႔တျခားစီးပြားလာဘ္လာဘမ်ား တိုးပြားလာခဲ့သည္။ ေဒၚလွအုံတို႔လင္မယားက ထိုလူေျခာက္ကေလးကို ဖဲေမြ႕ယာအေသးေလးေပၚ၌ သိပ္ထားကာ ထမင္းစားခ်ိန္ထမင္း၊ ေရေသာက္ခ်ိန္ေရ အသင့္ထားရွိေပးၿပီး သက္ရွိလူသားတစ္ေယာက္ႏွယ္ဂ႐ုတစိုက္ေကြၽးေမြးေစာင့္ေရွာက္ထားသည္။
ထိုလူေျခာက္ကေလးလည္း လိုခ်င္သည္မ်ားကိုအိပ္မက္ကမာၻမွတဆင့္ မိခင္ကိုအသိေပး၏။ သူတို႔ေလာကတြင္ မိသားစုနဲ႔ ဆက္သြယ္ရသည့္ တစ္ဦးတည္းေသာသူမွာလည္း သူတို႔၏ေမြးမိခင္သာျဖစ္၏။ တေန႔ေဒၚလွအုံအိပ္ေပ်ာ္ေနစဥ္ အိပ္မက္ထဲ၌ လူငယ္တစ္ေယာက္ေရာက္လာခဲ့သည္။
” အေမ…သားမိန္းမလိုခ်င္ၿပီ…သားဖို႔ မိန္းမရွာေပး…”
” အို…သားရယ္…သားႀကိဳက္တဲ့မိန္းကေလးပုံစံေမေမဘယ္လိုသိမွာလဲကြယ္…အပူမရွာခ်င္စမ္းပါနဲ႔ငါ့သားရဲ႕…”
” မသိဘူးဗ်ာ…သားမိန္းမလိုခ်င္တယ္…”
” ေအးပါေအးပါ…ေမေမရွာေပးမယ္ေနာ္…”
ထိုလူငယ္ကား သားျဖစ္သူလူေျခာက္ကေလးျဖစ္မွန္းေဒၚလွအုံသိသည္။ သားျဖစ္သူငယ္စဥ္ကတည္းက မိခင္၏အိပ္မက္ထဲသို႔ ညတိုင္းလိုလိုလာေနက်ျဖစ္သည္။ သားလူေျခာက္ကေလးလည္း ႐ုပ္ခႏၶာရွိလူသားတစ္ဦးကဲ့သို႔ပင္ အ႐ြယ္ေရာက္ေနေပၿပီ။
” ကဲအေမ…သားေျပာတာေတြ ေဖေဖ့ကိုလည္း ျပန္ေျပာျပလိုက္ပါဦး…ကဲသားသြားၿပီဗ်ိဳ႕….”
ထိုလူငယ္က ေဒၚလွအုံကိုမွာစရာရွိတာမွာၿပီးသည္ႏွင့္ ခပ္လွမ္းလွမ္းရွိ အေမွာင္ထုထဲသို႔တိုးဝင္ေပ်ာက္ကြယ္သြားေလေတာ့သည္။
မနက္ေရာက္သည္ႏွင့္ ညကအိပ္မက္အေၾကာင္းကို ေယာက်ာ္းျဖစ္သူအား ေဒၚလွအုံေျပာျပလိုက္၏။ ဦးဖိုးထူက ေခါင္းတျဗင္းျဗင္းကုတ္ရင္း
” ေဟ…ငါ့သားကအဲလို႔ေျပာသလားေဟ့…ဒါမွတကယ္ခက္တာဘဲ…”
” ဟုတ္တယ္ ေတာ့သားက သူမိန္းမလိုခ်င္ၿပီ…ရွာေပးလို႔ေျပာေနတာ…”
” ရွာတာေတာ့ဟုတ္ပါၿပီ…ဘယ္နားသြားရွာရမယ္လို႔သူကမေျပာေတာ့ ငါတို႔ဘယ္နားသြားရွာရမလဲလွအုံရဲ႕….”
” က်ဳပ္လည္းမသိေပါင္ေတာ္…”
ေဒၚလွအုံလည္း ထိုကိစၥအတြက္ေခါင္းခဲေနစဥ္ ခဏ၌တစ္ခုခုကိုသတိရသြားဟန္ျဖင့္ မ်က္လုံးမ်ားဝင္းလက္လာၿပီး
” ဪသတိရၿပီ…ၾကားဖူးနားဝစကားအရဆိုရင္ လူေျခာက္ကေလးေတြက လင္လိုခ်င္တယ္၊မယားလိုခ်င္တယ္ေျပာရင္ သူတို႔နဲ႔လိင္ဆန႔္က်င္ဘက္အ႐ုပ္ေတြဝယ္ေပးရတယ္တဲ့ေအ့…”
” ဟုတ္ပါ့မလားလွအုံရယ္…နင့္ဟာက…”
” ဟုတ္မဟုတ္ေတာ့က်ဳပ္လည္းမသိဘူးေအ့…ဒါေပမဲ့လည္းလုပ္ၾကည့္ေတာ့ပိုမေကာင္းေပဘူးလားကိုဖိုးထူရဲ႕…”
” မင္းသေဘာဘဲ…မင့္သားအတြက္မင္းဘဲၾကည့္ၿပီးစီစဥ္လိုက္…”
လင္မယားႏွစ္ေယာက္တိုင္ပင္ၿပီး ေဒၚလွအုံကေဈးမွ ဘိုမ႐ုပ္တစ္႐ုပ္ကိုဝယ္ၿပီး သားျဖစ္သူနဲ႔ေဘးခ်င္းယွဥ္တင္ထားေပးလိုက္သည္။ ညအိပ္ေပ်ာ္ခ်ိန္၌ ေဒၚလွအုံ၏အိပ္မက္ထဲသို႔သားျဖစ္သူေရာက္လာခဲ့သည္။
” သား…လူေလး…မ်က္ႏွာမသာမယာနဲ႔ဘာျဖစ္လို႔လဲသားရဲ႕…”
” အေမတို႔ေၾကာင့္ေပါ့…သားအတြက္မိန္းမရွာေပးပါဆိုအ႐ုပ္မႀကီးဝယ္လာေပးေတာ့ သားဘာလုပ္ရမွာလဲဗ်…”
” ဟင္…သားဘဲမိန္းမလိုခ်င္တယ္ဆိုကြဲ႕…”
” သားက လူသားမိန္းမစစ္စစ္ကိုလိုခ်င္တာေလအေမရဲ႕…”
” ဟင္…အဲဒါကိုအေမတို႔ကဘယ္လိုေျပာၿပီး ရွာေပးရမလဲငါ့သားရဲ႕…အေမ့သားကအေကာင္အထည္ေဖာ္လို႔ရတာမွမဟုတ္ဘဲ…”
ေဒၚလွအုံ၏စကားေၾကာင့္ လူေျခာက္ကေလးမွာ စိတ္ထိခိုက္သြားဟန္ျဖင့္ ေခါင္းငိုက္စိုက္က်သြားသည္။
” သား…အေမ့စကားေၾကာင့္ စိတ္ထိခိုက္သြားတာလား…အေမမရည္႐ြယ္ပါဘူးကြယ္…ကဲဒီလိုလုပ္…သားကိုယ္တိုင္သားႀကိဳက္တဲ့မိန္းကေလးမ်ိဳးကိုရွာေခ်…ရွာလို႔ေတြ႕ရင္ေတာ့အေမတို႔ကိုေျပာ အေမတို႔အဲဒီမိန္းကေလးကိုသြားတင္ေတာင္းေပးမယ္…ဟုတ္ၿပီလား…”
ထိုစကားေျပာမွ လူငယ္ေလးမွာ ေခါင္းျပန္ေထာင္လာၿပီး
” တကယ္လားေမေမ…ဒါဆိုသားႀကိဳက္တဲ့ေကာင္မေလးကို သားကိုယ္တိုင္ရွာမယ္ ေမေမတို႔ဘက္ကေျပာထားတဲ့အတိုင္း လုပ္ေပးဖို႔မေမ့နဲ႔ဦး…”
ထိုသို႔အိပ္မက္ေပးၿပီး တစ္လခန႔္ၾကာေသာအခါ သားလူေျခာက္ကေလးမွာ ေဒၚလွအုံ၏အိပ္မက္ထဲသို႔လာၿပီး သူသေဘာက်သည့္မိန္းကေလးကို ရွာေတြ႕ၿပီျဖစ္ေၾကာင္း ေျပာလာခဲ့သည္။
” ေသခ်ာလို႔လားသားရယ္…အေမ့ေခြၽးမကသားတို႔လိုလူေျခာက္မေလးဘဲလားကြဲ႕….”
” မဟုတ္ဘူးအေမ…သူကလူသားမိန္းကေလးစစ္စစ္…”
” ေဟ…သူကဘယ္ကလဲေျပာပါအုံးသားရဲ႕….”
” သူကသားတို႔႐ြာနဲ႔အလွမ္းေဝးတဲ့ၿမိဳ႕ေပၚက ေကာင္မေလးအေမရ…”
” ဘုရားဘုရား…ငါ့သားေတာ့ ၿမိဳ႕သူကိုမွရွာလာခဲ့တာဘဲ…”
” ဘာလဲအေမေျပာထားၿပီး မလုပ္ေပးခ်င္ေတာ့တာလား….”
” မဟုတ္ပါဘူးသားရယ္…သားေျပာတဲ့မိန္းကေလးကိုေမေမတို႔မွမျမင္ဖူးတာေလ…ဘယ္လိုသြားၿပီး ေတာင္းရမ္းရမွာလဲကြဲ႕လူကေလးရဲ႕.. ”
” အဲဒါအတြက္မပူနဲ႔အေမ…သားအားလုံးေျပာျပမယ္…အေမတို႔ကေတာင္းရမ္းဖို႔သာျပင္ထား….”
ဟုေျပာၿပီး ၿမိဳ႕ေနေကာင္မေလး၏ပုံပန္းသြင္ျပင္၊မိဘနာမည္ႏွင့္ ေနရပ္တို႔ကိုပါေျပာျပလိုက္သည္။ ေဒၚလွအုံတို႔လည္း ျပာပုံထဲအပ္ရွာရ သကဲ့သို႔ တစ္ခါမွရင္းႏွီးကြၽမ္းဝင္မႈမရွိေသာ လူကိုၿမိဳ႕အႏွံ႔လိုက္ရွာၾက၏။
” ကဲမိန္းမေရ…ဘယ္လိုလုပ္ၾကမလဲ…သားေျပာတဲ့မိန္းကေလးရဲ႕မိသားစုကိုရွာေတြ႕ၿပီထားဦး…တို႔လာရင္းအေၾကာင္းကိုဘယ္လိုေျပာျပၾကမလဲ….”
” က်ိဳးေၾကာင္းသင့္ေအာင္ေတာ့ေျပာျပရမွာေပါ့ေအ….ငါတို႔မွာလည္းဒီသားတစ္ေယာက္ဘဲရွိတာကို….”
သားေျပာျပထားေသာပုံပန္းသ႑ာန္ႏွင့္ကိုက္ညီမည့္ေကာင္မေလးကိုလိုက္ရွာရာ ညေနေစာင္းခန႔္တြင္ ၿမိဳ႕စြန္ရွိ အိမ္စုကေလးဘက္သို႔ေရာက္ရွိလာသည္။ ထိုရပ္ကြက္မွာဆင္းရဲသားရပ္ကြက္ျဖစ္ဟန္တူသည္။ အိမ္အျပင္အဆင္မွာ ၿမိဳ႕လူထုတို႔ေနသည့္အိမ္ႏွင့္မတူဘဲ ေသးငယ္လွသည္။ လိပ္စာထဲကအတိုင္းေရာက္ေသာ္ အိမ္တစ္အိမ္၏ေရွ႕သို႔ရပ္လိုက္ၾကသည္။
” သားေျပာျပတာဒီအိမ္နဲ႔တူတယ္ကိုဖိုးထူ…”
” ေသခ်ာလို႔လားမိန္းမ…ေတာ္ၾကာတို႔ကိုသူခိုးသူဝွက္ေတြထင္ၿပီး ေမာင္းထုတ္ေနဦးမယ္…”
” သားေျပာျပထားတဲ့အိမ္ပုံစံဆိုရင္ ဒီအိမ္ဘဲကိုဖိုးထူ…ဟုတ္မဟုတ္အရင္ေခၚၾကည့္ရတာေပါ့….”
” အိမ္ရွင္တို႔…အိမ္ရွင္တို႔….ဒါေဒၚမို႔မို႔ျဖဴတို႔အိမ္ဟုတ္ပါသလားရွင့္….”
အျပင္မွ ေခၚေနေသာအသံေၾကာင့္ အဝတ္ေလွ်ာ္ေနေသာမမို႔မို႔ျဖဴတစ္ေယာက္လမ္းဘက္သို႔လွည့္ၾကည့္လိုက္ရာ ခပ္ေက်ာ့ေက်ာ့ဝတ္ဆင္ထားသည့္ လူႏွစ္ေယာက္ကိုေတြ႕လိုက္ရသျဖင့္ အသံျပန္ျပဳလိုက္၏။
” ဟုတ္…ဟုတ္ပါတယ္ရွင့္…ဘာကိစၥမ်ားလဲရွင့္…”
ထိုအခါအျပင္မွလူႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး ေခါင္းညိတ္ၾက၏။ မိန္းမႀကီးက
” ဒါဆိုရင္အစ္မတို႔ကိုအထဲဝင္ခြင့္ျပဳပါဦး…ေျပာစရာကိစၥေလးရွိလို႔ပါရွင့္…”
” ဟုတ္ဟုတ္….ဝင္လာပါအစ္မတို႔…ဘာကိစၥမ်ားလည္းေနာ္….အိမ္ထဲဝင္ၾကပါအုံး…”
ထိုလူႏွစ္ေယာက္လည္း အိမ္ထဲသို႔ဝင္လာခဲ့ၾကၿပီး အိမ္အႏွံ႔ေဝ့ၾကည့္ေနၾက၏။
” ဟို…ဟို…အစ္မတို႔ဘာရွာၾကတာလဲရွင့္…”
” ညီမမွာ စိမ္းႏြယ္လို႔ေခၚတဲ့သမီးေလးရွိလား….”
” ဟင္…သ…သမီးနဲ႔သိၾကတာလား…”
” အစ္မတို႔ေတာ့မသိပါဘူး…အစ္မရဲ႕သားေျပာျပထားလို႔ပါ…”
ထိုအခါမွ မမို႔ျဖဴကသေဘာေပါက္သြားဟန္ျဖင့္
” ဪ…ဟုတ္ပါတယ္…စိမ္းႏြယ္လို႔ေခၚတဲ့သမီးေလးတစ္ေယာက္ရွိပါတယ္ရွင့္…ခုကအလုပ္သြားေနပါတယ္…ဘာကိစၥမ်ားလည္းေနာ္…”
” သားေရးသမီးေရးကိစၥပါဗ်ာ….ကြၽန္ေတာ္တို႔ရဲ႕သားေလးက ေဟာဒီကညီမရဲ႕သမီးကိုသေဘာက်ခ်စ္ႏွစ္သက္လို႔ သြားေတာင္းေပးပါအုံးဆိုလို႔ လာေရာက္ေတာင္းရမ္းေပးတာပါ….”
” ရွင့္….ဒါ…ဒါက…သ…သမီးေလးျပန္လာမွ သူ႔သေဘာကိုေမးရဦးမွာရွင့္…”
” နားလည္ပါတယ္ဗ်ာ…ကြၽန္ေနာ္တို႔ဘက္က မိဘဝတၱရားရွိတဲ့အတိုင္း လာေရာက္ရတာပါဗ်…”
” ဟုတ္ကဲ့ပါရွင့္…သမီးေလးျပန္လာတာနဲ႔…ဒီအေၾကာင္းကိုေျပာျပၿပီး စကားျပန္ေပးပါ့မယ္ရွင့္…ဒါနဲ႔အစ္ကိုတို႔သားေရာ ပါမလာဘူးလား…တစ္မ်ိဳးေတာ့မထင္နဲ႔ေနာ္…ျမင္ဖူးထားေတာ့လူမမွားေတာ့ဘူးေပါ့ရွင္…ဟင္းဟင္း….”
ထိုစကားေၾကာင့္ ေဒၚလွအုံမွာ ကြက္ခနဲမ်က္ႏွာပ်က္သြားေသာ္လည္း ခ်က္ခ်င္းျပန္ျပင္လိုက္ၿပီး
” အစ္မတို႔သားက သာမန္လူမဟုတ္ပါဘူးရွင္…”
” ရွင့္!…”
ေဒၚလွအုံ၏စကားေၾကာင့္ မမို႔ျဖဴအာေမဋိတ္သံျပဳမိ၏။
” ဟုတ္တယ္ညီမ အစ္မသားက လူေျခာက္ကေလးပါ…ဒါကလည္းညီမတို႔ဘက္ကသားရဲ႕ျဖစ္တည္မႈကို လက္ခံႏိုင္မွ သားေရးသမီးေရးကိစၥဆက္ေျပာမွာပါ…”
ေဒၚလွအုံကမကြယ္မဝွက္ဘဲ သားျဖစ္သူ၏ျဖစ္တည္မႈကိုပါေျပာျပလိုက္ရာ ႐ိုးသားေသာေတာသူေတာင္သားမ်ားျဖစ္ေၾကာင္း ေဒၚမို႔မို႔ျဖဴသေဘာေပါက္ဟန္ျဖင့္ ၿပဳံးလိုက္၏။
” ညီမကေတာ့ဘာမွမေျပာလိုပါဘူးရွင့္….သမီးေလးရဲ႕စိတ္ဆႏၵကိုေမးၿပီးရင္ေတာ့အေၾကာင္းျပန္ပါ့မယ္…စိတ္ေတြမပူၾကပါနဲ႔ေနာ္…ညီမသမီးေလးကလိမၼာၿပီးမိဘစကားနားေထာင္တဲ့ကေလးပါ….”
” ဒါဆိုလည္းညီမတို႔သားအမိေတြ တိုင္ပင္ၾကေပါ့ရွင့္….ရက္အၾကာႀကီးေတာ့ မလုပ္နဲ႔ေနာ္….အစ္မတို႔သားက အရမ္းဂ်ီက်ေနလို႔ပါ….”
” စိတ္ခ်အစ္မ…ညီမတို႔ကိုအခ်ိန္သုံးရက္ဘဲေပးပါ…အစ္မတို႔ကိုအေၾကာင္းျပန္ပါ့မယ္….”
မိဘခ်င္းစကားေျပာၿပီးသည္ႏွင့္ ေဒၚလွအုံတို႔လင္မယားလည္းေတာ႐ြာသို႔ျပန္လာခဲ့၏။
မစိမ္းႏြယ္ကစတိုးဆိုင္တစ္ခုမွ အေရာင္းဝန္ထမ္းမေလးတစ္ဦးျဖစ္၏။ ၿမိဳ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုတြင္ေနထိုင္ၿပီး သားအမိႏွစ္ေယာက္သာရွိ၏။ မိခင္က ဖဲ႐ိုက္၊ႏွစ္လုံး၊သုံးလုံးတို႔ကို အလြန္အကြၽံစြဲလမ္းသူျဖစ္ေသာေၾကာင့္ စိမ္းႏြယ္ကအိမ္စရိတ္သာမက မိခင္၏ေလာင္းကစားစရိတ္ကိုပါရွာေပးေနရ၏။
ဆိုင္ပိတ္သည္ႏွင့္ ဟင္းခ်က္စရာမ်ားဝယ္ျခမ္းၿပီးအိမ္သို႔လမ္းေလွ်ာက္ျပန္လာခဲ့သည္။ ယခုတေလာ တစ္ေယာက္ေယာက္ကမိမိကိုအၿမဲလိုလိုေစာင့္ၾကည့္ေနသကဲ့သို႔ခံစားေနရသျဖင့္ စိတ္မလုံမလဲျဖစ္ကာ အေနာက္ကိုမၾကာခဏလွည့္လွည့္ၾကည့္ေနသည္။ ည၆နာရီမွဆိုင္ပိတ္သျဖင့္ အိမ္အျပန္တြင္ ပတ္ဝန္းက်င္ကေမွာင္စပ်ိဳးေနေခ်ၿပီ။
” အေမ…အေမ…တံခါးဖြင့္ဦး…သမီးျပန္ေရာက္ၿပီ…”
” ေအးေအး…လာၿပီသမီးေလးေရ..လာၿပီ…”
” ဟင္…သမီးေလးဆိုပါလား…အေမမ်ားေနမေကာင္းတာလား…”
မိခင္ျဖစ္သူ၏ခ်ိဳသာေသာစကားေၾကာင့္ စိမ္းႏြယ္ေၾကာင္အမ္းအမ္းျဖစ္သြားသည္။ ပုံမွန္အခ်ိန္မ်ားတြင္ ေဒၚမို႔ျဖဴသည္ စိမ္းႏြယ္ကိုအျမင္မၾကည္ဘဲအၿမဲတေစဆဲေရးတိုင္းထြာတတ္သည္။ ယခုမူကား ခ်ိဴခ်ိဳသာသာေျပာေနေသာေၾကာင့္ သူမအံ့ဩမိေနျခင္းပင္။ သူမေတြးေနစဥ္ တံခါးပြင့္လာၿပီး မိခင္ျဖစ္သူထြက္လာသည္။
” သမီးေလးပင္ပန္းေနၿပီလားကြဲ႕…လာလာသမီးေလး….”
” အေမ…အေမေနေကာင္းပါတယ္ေနာ္…”
” ေနေကာင္းတာမွတဖက္ကိုလြန္ေနတာေအ….လာအထဲကို…အေမေျပာစရာရွိတယ္….”
” ဘာလဲအေမရဲ႕…အဝတ္လဲပါရေစဦး…”
” အိုေအ…ေနာက္မွလဲ….အေမအေရးတႀကီးေျပာစရာရွိတယ္ဒီမွာလာထိုင္….”
ေဒၚမို႔ျဖဴက တံခါးကိုျပန္ပိတ္လိုက္ၿပီး ဂ်က္ထိုးထားလိုက္သည္။ သမီးျဖစ္သူ၏လက္ကိုအတင္းဆြဲေခၚၿပီး ခုံေပၚ၌ထိုင္ခိုင္းလိုက္ၿပီးမွ
” သမီး…သမီးမွာခ်စ္သူရည္းစားရွိေနၿပီလား….အေမ့ကိုအမွန္တိုင္းေျပာစမ္း….”
” အေမ…အေမေနေကာင္းတာေသခ်ာပါတယ္ေနာ္…မွန္းစမ္း…”
မိခင္ျဖစ္သူ၏ထူးဆန္းေသာစကားေၾကာင့္ စိမ္းႏြယ္ကမိခင္၏နဖူးကိုလက္ျဖင့္စမ္းၾကည့္လိုက္ရာ ေဒၚမို႔ျဖဴကစိမ္းႏြယ္၏လက္ကိုပုတ္ထုတ္လိုက္ၿပီး
” ညည္းလက္ကိုဖယ္စမ္းပါေအ…ေနေကာင္းပါတယ္ဆိုေန…အေမေမးတာဘဲေျဖ…ညည္းမွာခ်စ္သူရည္းစားေတြရွိေနၿပီလား…”
” အေမရယ္…တေန႔တေန႔စားဖို႔ေသာက္ဖို႔ ကုန္း႐ုန္းရွာေဖြေနရတာ…ဘယ္ကလာရည္းစားထားဖို႔အခ်ိန္ရလို႔လဲရွင္…”
” ေကာင္းတယ္…အဲဒါေကာင္းတယ္…ဒီမယ္သမီး…ညည္းအေမေျပာတာကိုေသခ်နားေထာင္…အေမ့ကိုေကာင္ေလးတစ္ေယာက္ရဲ႕မိဘေတြက သူတို႔ရဲ႕သားနဲ႔သမီးေလးကိုလက္ထပ္ေပးဖို႔လာကမ္းလွမ္းထားတယ္…အဲဒါကိုသမီးလက္ခံရမယ္…သမီးအဲေကာင္ေလးကိုလက္ထပ္ရမယ္….”
” ရွင္.”
” ဟားဟားဟား…အေမရယ္…အေမဒီညဘာျဖစ္ေနတာလဲ…သမီးကိုမစနဲ႔ေတာ့ သမီးပင္ပန္းလာတယ္…အဝတ္အစားလဲေရခ်ိဳးၿပီးနားေတာ့မယ္….”
မိခင္၏စကားေၾကာင့္ စိမ္းႏြယ္မွာ ရယ္ခ်င္စိတ္ေပါက္သြား၏။ မိခင္ျဖစ္သူကိုမည္သို႔မွ်နားမလည္ႏိုင္ေတာ့ေခ်။ သို႔ေၾကာင့္ ထိုင္ခုံမွထသြားမည္အလုပ္ ေဒၚမို႔ျဖဴက ျပန္ဆြဲထားလိုက္သျဖင့္ ျပန္ထိုင္လိုက္ရ၏။
” ဘာလဲအေမရယ္…အေမကသမီးကိုေယာက်ာ္းေပးစားမလို႔လား…”
ဆိုၿပီးခပ္ေနာက္ေနာက္ျပန္ေျပာလိုက္ရာ မိခင္ျဖစ္သူက
” ညည္းကိုငါစေနတာမဟုတ္ဘူးမိစိမ္း….တကယ္ေျပာေနတာ…ေန႔လည္ကအေမ့ဆီကိုေကာင္ေလးရဲ႕မိဘေတြလာသြားတယ္…”
ဟုေျပာၿပီး ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္၏။ မိခင္ျဖစ္သူစကားဆုံးသည္ႏွင့္ စိမ္းႏြယ္မွာ မ်က္လုံးအျပဴးသားျဖင့္
” အေမ…လူေျခာက္ေတြကတကယ္ရွိတယ္ေပါ့…”
” ဪ..ရွိလို႔ဘဲ သူကညည္းကိုႀကိဳက္ေနတာေပါ့ေအ…ညည္းဘယ္လိုသေဘာရလဲ…”
” သမီးလက္မထပ္ခ်င္ေသးပါဘူးအေမရယ္…ၿပီးေတာ့ခုလက္ထပ္ရမွာက လူေျခာက္နဲ႔ဆိုေတာ့သမီးပိုေတာင္လက္မထပ္ခ်င္ေသးဘူး….”
” ဟဲ့ဟဲ့…ညည္းလူေျခာက္ေတြအေၾကာင္းမၾကားဖူးေသးလို႔ပါ….ညည္းအခုလိုလူေျခာက္မယားလုပ္ရမွာက ထီေပါက္တာထက္ကိုကံေကာင္းေသးတာေအ့…ညည္းပင္ပင္ပန္းပန္းလုပ္စရာမလိုေတာ့သလို ညည္းအေမျဖစ္တဲ့ငါလည္း ေငြကိုေဖာေဖာသီသီသုံးႏိူင္သြားတာေပါ့ေအ့…ညည္းအေတြးမမွားစမ္းပါနဲ႔….”
” အိုအေမရယ္….လင္ယူတာကစားစရာမ်ားမွတ္ေနတာလား….ဒါသမီးဘဝအတြက္အေရးႀကီးတဲ့အရာတစ္ခုေနာ္…”
” ေအာင္မယ္….ငါေမြးလို႔္ညည္းလူျဖစ္လာတာေအ့….ငါကေကာင္းေစခ်င္လို႔ေျပာတာ…မိဘကလက္နဲ႔ေရးတာကို ညည္းေျခေထာက္နဲ႔မဖ်က္ခ်င္စမ္းပါနဲ႔ေအ….ညည္းဘဝေကာင္းစားဖို႔ေျပာေနတာ….”
” သမီးမယူႏိုင္ပါဘူးအေမရယ္….အေမ့ကိုသမီးရွာေကြၽးႏိုင္ပါေသးတယ္…သမီးမွာလက္ေတြေျခေတြအေကာင္းႀကီးပါ…အေမ့အသုံးစရိတ္အတြက္ပူမေနစမ္းပါနဲ႔….”
” ငါ့ကိုဘာမွျပန္မေျပာနဲ႔ေတာ့မိစိမ္း….ငါကေျပာရင္ ေျပာသလိုလိုက္လုပ္မွႀကိဳက္တာညည္းသိတယ္ေနာ္….ညည္းျပင္စရာရွိတာျပင္ထား….ေနာက္သုံးရက္ေနရင္ ေကာင္ေလးမိဘေတြလာလိမ့္မယ္…စတိုးဆိုင္မွာအေရာင္းသမ လုပ္မေနနဲ႔ေတာ့…”
” ဟူး…..စိတ္ညစ္ပါတယ္ေနာ္….”
မိခင္ကိုျပန္အာမခံႏိူင္ေတာ့သည့္အဆုံး စိမ္းႏြယ္မွာ သက္ျပင္းရွည္ႀကီးကိုသာ ခ်ရင္း အိပ္ခန္းထဲသို႔ဝင္သြားခဲ့ေတာ့သည္။ ေဒၚမို႔္မို႔ျဖဴမွာကား မိမိအတြက္ရလာမည့္ ေငြပုံႀကီးကိုသာ အေတြးထဲျမင္ေယာင္ရင္း ၿပဳံးၿပဳံးႀကီးထိုင္ေနေတာ့သည္။
ဤသို႔ျဖင့္ရက္ခ်ိန္းျပည့္သြားၿပီး ႏွစ္ဦးႏွစ္ဖက္သေဘာတူကာ ယခုကဲ့သို႔စည္ကားသိုက္ၿမိဳက္ေသာ မဂၤလာပြဲႀကီးကိုက်င္းပလိုက္ေတာ့သည္။ ထိုမဂၤလာပြဲၿပီးသည္ႏွင့္ ခန္းဝင္လက္ဖြဲ႕အျဖစ္ အိမ္ႀကီးတစ္လုံးကို ေပးရာ ထိုအိမ္ႀကီးထဲ၌ စိမ္းႏြယ္ေနရ၏။ ထို႔ျပင္ လက္မသာသာရွိေသာလူပုံသ႑ာန္အရာထည့္ထားသည့္ မွန္ေဘာင္တစ္ခုကိုလည္းဂ႐ုတစိုက္ၾကည့္ရႉရေသး၏။ ထိုအိမ္ႀကီးထဲ၌ စိမ္းႏြယ္တစ္ေယာက္ဘုရင္မႀကီးတစ္ပါးႏွယ္ ေနရေသာ္လည္း စိတ္ႏွလုံးေမြ႕ေလ်ာ္ျခင္းမရွိေခ်။
လက္ထပ္ၿပီးသည့္အခ်ိန္မွစ၍ မိမိ၏အပါးမွတစ္စုံတစ္ေယာက္ရွိေနေသာခံစားခ်က္ကို အရင္ကထက္ပို၍ခံစားမိေနသာ္လည္း ဘာမွန္းမသိရေခ်။
” မေအးပို…ဒီေန႔စိမ္းတို႔ဘုရားသြားရေအာင္ေနာ္…ဒီအိမ္ႀကီးထဲေနေနရတာစိတ္မြန္းၾကပ္လာၿပီ….”
” ဟို…ဟိုေလ…ကို…ကိုႀကီးကိုမမစိမ္းခြင့္ေတာင္းၿပီးၿပီလားဟင္….”
” မေအးပို…ဒီအိမ္မွာရွိတာ မေအးပိုနဲ႔စိမ္းႏွစ္ေယာက္ထဲေလ…ဘယ္ကကိုႀကီးကိုခြင့္ေတာင္းရမွာလဲ….”
” ရွင္…မ…မဟုတ္ဘူးေလမမစိမ္း….မမစိမ္းရဲ႕ေယာက်ာ္းကိုႀကီးသန႔္ေနာင္လည္းရွိတယ္ေလ….”
” အိုဟယ္….ဘာမွမဟုတ္တဲ့အသားေျခာက္ကိုမ်ား ေၾကာက္ေနရတယ္လို႔…သူကအေကာင္အထည္ျမင္ေနရတာမွမဟုတ္ဘဲခြင့္ေတာင္းေနစရာမလိုဘူး….တကတည္း ဘာမွမလုပ္ဘဲတေန႔တေန႔ ထမင္းခူးေပးလိုက္…အဝတ္သြားထားေပးလိုက္နဲ႔အလုပ္ကိုရႉပ္လြန္းတယ္….”
” ရွင္!…”
စိမ္းႏြယ္၏စကားေၾကာင့္ မေအးပို လန႔္သြားၿပီး လက္ႏွစ္ဖက္ျဖင့္ပါးစပ္ကိုပိတ္ထားလိုက္မိသည္။ မေအးပိုက လူေျခာက္ကေလးအေၾကာင္းကို ႐ြာမွာကတည္းကသိၿပီးသားျဖစ္၏။ ယခုလည္းထိုလူေျခာက္ကေလး၏ေဝယ်ာဝစၥႏွင့္စိမ္းႏြယ္၏ေဝယ်ာဝစၥကို လုပ္ေပးရန္ ေဒၚလွအုံကထည့္ေပးလိုက္ျခင္းျဖစ္၏။
” ကဲမေအးပို….စိမ္းေျပာထားမယ္…ဒီေန႔ကစၿပီး အဲဒီအမဲသားေျခာက္လိုလိုဟာကို ထမင္းေတြသြားထားေပးတာေတြ….အေကာင္းစားအဝတ္ေတြ သြားသြားထားေပးတာေတြ မလုပ္နဲ႔ေတာ့ၾကားလား….အလကားဘာမွမဟုတ္တာေတြကိုလာအယုံသြင္းေနတယ္…”
” ရွင္…မ…မလုပ္ေပးရင္ ကိုႀကီးေသသြားမွာေပါ့မမစိမ္းရဲ႕…”
” ငါကမလုပ္နဲ႔ဆိုမလုပ္နဲ႔ေပါ့မေအးပိုရဲ႕…ဒါငါ့အိမ္…ဒီအိမ္ႀကီးရဖို႔ငါ့ဘဝနဲ႔ရင္းထားရတာ…ငါ့အိမ္မွာေနရင္ငါ့စည္းကမ္းကိုလိုက္နာရမယ္ၾကားလား…မဟုတ္ရင္အထုတ္ဆြဲၿပီး႐ြာျပန္သြားေတာ့….”
” ဟုတ္…ဟုတ္ကဲ့မမစိမ္း…”
စိမ္းႏြယ္၏စကားေၾကာင့္ မေအးပိုဘာမွျပန္မေျပာရဲေတာ့ေခ်။ ထိုအခ်ိန္မွစ၍ လူေျခာက္ေလးအတြက္ စားေသာက္စရာမ်ားႏွင့္ အဝတ္အစားမ်ားကို သြားမပို႔ေပးေတာ့ေခ်။
လူေျခာက္ကေလးကိုလည္းအတူအိပ္သည့္ကုတင္ေပၚတြင္မထားေတာ့ဘဲ ပစၥည္းအေဟာင္းမ်ားသိမ္းသည့္ စတိုခန္းထဲတြင္သြားပစ္ထားလိုက္သည္။
စိမ္းႏြယ္မွာေယာကၡေပးသည့္ တင္ေတာင္းေငြမ်ားျဖင့္ ကုန္စုံဆိုင္ႀကီးကိုၿမိဳ႕ေဈးထဲ၌ဖြင့္ထားလိုက္၏။ ေဒၚမို႔မို႔ျဖဴလည္း သမီးေကာင္းမႈျဖင့္ ဆင္ေျခဖုံးရပ္ကြက္မွၿမိဳ႕လယ္ေခါင္ရွိ တိုက္ခန္းသို႔ေျပာင္းလာၿပီး ေလာင္းကစားကိုစိတ္ႀကိဳက္လုပ္ေတာ့သည္။
ေဒၚလွအုံသည္ ေတာင္ထိပ္ေပၚရွိျမဘုရားသို႔ေရာက္ေန၏။ ဘုရားဆည္းလည္းသံမွလြဲ၍ ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္ေန၏။ သူမသည္ဘုရားကိုဝတ္ျပဳရင္း တိတ္ဆိတ္မႈ၏အရသာကိုခံစားေနသည္။ ထိုစဥ္
” အေမ…အေမ…”
ဟူေသာေခၚသံေၾကာင့္ သူမလွည့္ၾကည့္လိုက္ရာ ပိန္လွီေနေသာလူငယ္တစ္ေယာက္ကိုေတြ႕လိုက္ရ၏။
” အေမ…သားကိုကယ္ပါဦးဗ်…”
” ဟယ္…သားေလး…ေမာင္သန႔္ေနာင္…အေမ့သားေလးပိန္လိုက္တာေကာ ေနမေကာင္းဘူးလားကြဲ႕….အဝတ္ေတြလည္းစုတ္ျပတ္ေနတာဘဲ….အေမ့နားလာပါဦးသားရယ္….”
ထိုလူငယ္ကမ်က္ရည္စက္လက္ျဖင့္ ေဒၚလွအုံ၏ရင္ခြင္ထဲသို႔ ကေလးတစ္ေယာက္ႏွယ္တိုးဝင္ၿပီး တသိမ့္သိမ့္ငိုေန၏။
” သားေလး…ဘာျဖစ္လာတာလဲအေမ့ကိုေျပာပါအုံး…သားလက္ထပ္ၿပီးထဲက အေမ့ဆီမလာတာတစ္ႏွစ္ေက်ာ္ၿပီေနာ္…သားမိန္းမနဲ႔အဆင္မေျပဘူးလား…”
” အေမ…သူသားကိုမခ်စ္ဘူးဗ်…သားထမင္းမစားရတာၾကာၿပီ…မေအးပိုလည္းသူ႔ကိုမဆန႔္က်င္ရဲလို႔သားကိုထမင္းလည္းလာမပို႔ေပးေတာ့ဘူး…အဝတ္အစားလည္းလာမလဲေပးေတာ့ဘူး…ၿပီးေတာ့သူကသားကို မည္းေမွာင္ေနတဲ့အခန္းထဲမွာပိတ္ေလွာင္ထားတယ္…သားအရမ္းေၾကာက္တယ္အေမ…”
” အမေလး….အေမတို႔ေတာ့ေႁမြေပြးကိုခါးပိုက္ေဆာင္မိၿပီနဲ႔တူတယ္ငါ့သားရယ္…ငါ့သားကိုသူတို႔ကမခ်စ္မႏွစ္သက္ဘဲ ေငြေၾကးမက္ေမာၿပီး လက္ခံထားၾကတာေပါ့….ငါ့သားေလးကိုၾကည့္ပါအုံး ပိန္လွီၿပီးညစ္ပတ္ေပစုတ္ေနတာဘဲ…အေမသားကိုျပန္ေခၚမယ္…သူတို႔လက္ထဲမထည့္ေပးႏိူင္ေတာ့ဘူး….”
” အေမ…သူတို႔ကသားကိုတစ္ပတ္တစ္ခါလာၿပီးေတြ႕တယ္…သူတို႔လုပ္ငန္းေဆာင္တာမွန္သမွ်ကိုၾကည့္ရႈ မစ ေပးရမယ္တဲ့…ေနာက္ၿပီးစိမ္းအေမက သူေလာင္းကစားလုပ္တိုင္းအၿမဲႏိူင္ေအာင္ မစေပးရမယ္တဲ့…မ မစ ေပးရင္သားကိုမီးရႈိ႕ပစ္မယ္လို႔ၿခိမ္းေျခာက္တယ္….သားကိုလည္းအခြၽန္ေတြနဲ႔ထိုးထားၾကတာၾကည့္ပါအုံးအေမ….”
ေမာင္သန႔္ေနာင္ကထိုသို႔ေျပာၿပီး ခႏၶာကိုေပၚမွအနာမ်ားကိုမိခင္အားလွန္ျပလိုက္၏။
” အမေလး…ျဖစ္မွျဖစ္ရေလငါ့သားရယ္….ငါ့သားကိုအေမတို႔ဒုကၡတြင္းထဲပစ္ထားမိသလိုျဖစ္ေနပါေရာ့လားကြယ္…အဟင့္….”
ေဒၚလွအုံကသားျဖစ္သည္၏ဒဏ္ရာကိုၾကည့္ၿပီး မခ်ိတင္ကဲ ဝမ္းနည္းငိုေႂကြးေနမိသည္။ တိတ္ဆိတ္ေအးခ်မ္းေသာ ျမေစတီရင္ျပင္သည္ကား သူမ၏အပူေသာကပရိေဝဒမီးကို မၿငိမ္းေအးေစႏိူင္ေတာ့ေပ။
” အေမ…သားျပန္ေတာ့မယ္…မနက္ျဖန္ သားအိမ္ကိုလာခဲ့ေနာ္အေမ…သားႀကိဳက္တဲ့ဝက္သားဟင္းေလးခ်က္လာေပးေနာ္…သားဗိုက္အရမ္းဆာတယ္ဗ်…ေနာက္ၿပီးသားအတြက္အဝတ္အစားအသစ္ေလးလည္းဝယ္လာေပးေနာ္သားအဝတ္ေတြစုတ္ေနၿပီဗ်….”
” အင္းပါသားရယ္…အေမမနက္ျဖန္လာခဲ့မယ္ေနာ္…သားႀကိဳက္တာေတြဝယ္လာေပးမယ္….က်န္းမာေရးလည္းဂ႐ုစိုက္ေနာ္သားေလး…”
” ဟုတ္…သားသြားၿပီအေမ…”
ေမာင္သန႔္ေနာင္က မိခင္ကိုႏူတ္ဆက္ၿပီး ေစတီ၏အေနာက္ဘက္အေမွာင္ထုထဲသို႔တိုးဝင္ေပ်ာက္ကြယ္သြား၏။
” သား…သားေလး…”
” မလွအုံ…မလွအုံ…သားကိုအိပ္မက္မက္ေနတာလား….ေနျမင့္ေနၿပီထပါအုံး…”
ဦးဖိုးထူက လႈပ္ႏိူးလိုက္ေသာေၾကာင့္ ေဒၚလွအုံႏိူးလာသျဖင့္ အိပ္မက္မက္ေနမွန္းသိလိုက္၏။ သို႔ေသာ္ပါးျပင္နဲ႔ေခါင္းအုံးတို႔မွာကား မ်က္ရည္ျဖင့္ စို႐ြဲွေန၏။
” မိန္းမ…သားကိုမက္လို႔လား…ေျပာစမ္းပါအုံး ငါ့သားေလးအဆင္ေျပရဲ႕လား…”
” အစ္ကို…သား…သားေလးအရမ္းပိန္ေနတယ္…သူ႔ကိုဟိုသားအမိကႏွိပ္စက္ၾကတယ္တဲ့…”
ေဒၚလွအုံကထိုသို႔ေျပာရင္း အိပ္မက္အေၾကာင္းကို ေယာက်ာ္းျဖစ္သူအား အကုန္ေျပာျပလိုက္၏။
” ေတာက္! ဒင္းတို႔ကငါ့သားကိုမခ်စ္မႀကိဳက္ဘဲ…ေငြမက္ၿပီး ငါ့သားကိုအငတ္ထားၾကတာေပါ့…”
ေနာက္တေန႔၌လင္မယားႏွစ္ေယာက္ သားႀကိဳက္သည့္ဝက္သားဟင္းကိုထမင္းခ်ိဳင့္ထဲထည့္ၿပီး ၿမိဳ႕သို႔တက္လာၾကၿပီး သားျဖစ္သူအတြက္အဝတ္အစားသုံးစုံကိုလည္းဝယ္လာခဲ့ၾက၏။ ထို႔ေနာက္ ေခြၽးမျဖစ္သူရွိရာအိမ္ႀကီးသို႔လာခဲ့ၿပီး ၿခံေရွ႕ေရာက္သည္ႏွင့္ လူေခၚေခါင္းေလာင္းကိုတီးလိုက္၏။
ခဏ၌ၿခံေရွ႕တံခါးဆီသို႔ မေအးပိုကအေျပးကေလးေရာက္လာခဲ့၏။
” အ…အရီးေလး….”
” ဟဲ့…ေအးပို…တံခါးျမန္ျမန္ဖြင့္လိုက္စမ္း…”
” ဟုတ္…ဟုတ္ဖြင့္ေနပါတယ္အရီးေလး…”
တံခါးပြင့္လာသည္ႏွင့္ ေဒၚလွအုံတို႔လင္မယားႏွစ္ေယာက္အိမ္ထဲသို႔ဝင္လာၾကၿပီးလွ်င္
” ညည္းမမေလးမရွိဘူးလား ေအးပို…”
” မ…မရွိဘူးအရီးေလး…မမစိမ္းကဆိုင္သြားေနတယ္…”
” ညည္းအစ္ကိုေရာ ဘယ္မွာထားထားတာလဲ….ထမင္းပုံမွန္ေကြၽးရဲ႕လား…အဝတ္အစားပုံမွန္လဲေပးရဲ႕လားေအးပို…”
” အ…အခန္းထဲမွာပါအရီးေလး…အဝတ္အစားေတြထမင္းေတြပုံမွန္ပို႔ေပးပါတယ္…”
” ငါ့သားကိုငါေတြ႕ခ်င္တယ္ေအးပို…ငါ့သားဆီလိုက္ပို႔ေပးစမ္း…”
” ဟို…ဟိုေလ….မမစိမ္း…မမစိမ္းကသူ႔အခန္းထဲကို ဘယ္သူမွေပးမဝင္ဘူးရွင့္…တံ…တံခါးေသာ့လည္းခတ္ထားပါတယ္…”
” ေအးပို…”
” ရွင့္…ဦး…ဦးထူ…”
မေအးပိုကစကားအထစ္ထစ္ျဖင့္ေျပာေနသျဖင့္ ဦးဖိုးထူစိတ္မရွည္ေတာ့ဘဲ ေအာ္လိုက္ေတာ့၏။
” ငါ့သားဘယ္မွာလဲေျပာစမ္း….”
” ဟို…ဟို…အ…အခန္းထဲမွာပါဦးထူ…”
” ဘယ္အခန္းလဲသြားျပ…”
မေအးပိုက တဟိုဟိုျဖင့္ အင္တင္တင္လုပ္ေန၏။ ထိုအခ်ိန္ၿခံေရွ႕တံခါးပြင့္လာၿပီး မစိမ္းႏြယ္နဲ႔မိခင္ျဖစ္သူဝင္လာခဲ့၏။
” မေအးပို…မေအးပို…ငါျပန္ေရာက္ၿပီဟဲ့…ဘာလုပ္ေနတာလဲ….ဘယ္သူေတြနဲ႔စကားေျပာေနတာလဲ….”
” မ…မမစိမ္း….”
မေအးပိုက စိမ္းႏြယ္ဆီေျပးလာ၏။ စိမ္းႏြယ္တို႔လည္း ေယာကၡမျဖစ္သူကိုေတြ႕လိုက္ၿပီး ၿပဳံးလိုက္ကာ
” ဪ…အေမတို႔ေရာက္ေနတာလား…မေအးပို…အေမတို႔ကိုအိမ္ထဲေခၚသြားေလ…ဘာလို႔ဒီမွာရပ္ခိုင္းရတာလဲ…”
” ဟို…ဟိုေလ…”
” ျပန္ေရာက္ၿပီလားသမီး…အေမတို႔ကသားေလးသန႔္ေနာင္ကိုလာၾကည့္တာပါ…”
” ဪ…ကိုသန႔္ေနာင္ကိုလာၾကည့္တာလား….အေမ့သားကအိမ္ထဲမွာရွင့္…သူကတေန႔တေန႔အိမ္ထဲမွာဘဲေနေနတာေလ…ဟုတ္တယ္ေနာ္အေမ…”
စိမ္းႏြယ္ကထိုသို႔ေျပာၿပီး ေဒၚမို႔မို႔ျဖဴဘက္လွည့္ကာေျပာလိုက္၏။ ေဒၚမို႔္မို႔ျဖဴလည္း မ်က္ႏွာခ်ိဳေသြးလိုက္ၿပီး
” ဟုတ္…ဟုတ္ပါတယ္ရွင္…သမက္ေလးကအေကာင္အထည္သာမျမင္ရတာ ဇနီးနဲ႔ေယာကၡမအေပၚေတာ့ အရမ္းကိုသိတတ္တာရွင့္ ….အဟင္း…”
” ဟုတ္လား…ဒါဆိုလည္းက်ဳပ္သားနဲ႔ေတြ႕ခ်င္လို႔ ျပပါအုံး…”
” ဪ..အဲဒါ…ဟို…ဟိုေလ…အေမ့သားကအခန္းထဲမွာရွိတယ္ရွင့္…ေအးပို…ကိုသန္႔္ေနာင္ကိုတခ်က္သြားၾကည့္လိုက္ပါအုံး စိမ္းအခန္းကိုလည္းသန႔္ထားေပးအုံးေန.ာ္…..အေမ ခဏေနအုံးေနာ္…ေအးပိုကိုသြားၾကည့္ခိုင္းထားတယ္…သမီးတို႔အခန္းကရႈပ္ပြေနလို႔ပါ..”
” ဟုတ္…ဟုတ္မမစိမ္း…”
မေအးပိုကအိမ္ထဲသို႔ေျပးဝင္သြားၿပီး စတိုခန္းေသာ့ကိုရွာကာ မွန္ေခါင္းငယ္ကိုအျမန္ရွာေဖြလိုက္၏။ ခဏ၌အိမ္ေထာင့္တြင္ ဖုန္မႈန႔္မ်ားကပ္ေနေသာမွန္ေခါင္းငယ္ကိုေတြ႕လိုက္ရၿပီးအျမန္ေကာက္ယူကာ အဝတ္စျဖင့္သန႔္ေပးလိုက္၏။ ထို႔ေနာက္အထဲမွ အသားေျခာက္ကေလးကိုေသခ်ာေကာက္ယူၿပီး အိပ္ယာေသးေသးေလးထက္၌အိပ္ေစၿပီးသည္ႏွင့္ စိမ္းႏြယ္၏အခန္းတံခါးကိုဖြင့္ကာ မွန္ေခါင္းငယ္အား အိပ္ယာေခါင္းရင္းရွိ ေခါင္းအုံးေပၚသို႔တင္ေပးလိုက္၏။ ရႈပ္ပြေနေသာစိမ္းအခန္းကိုလည္း အျမန္သန႔္ေပးလိုက္၏။ ၿပီးသည္ႏွင့္ေအာက္ထပ္သို႔္ျပန္လာၿပီး ဧည့္ခန္းထဲ၌ထိုင္ေနေသာစိမ္းႏြယ္ဆီေျပးလာၿပီး
” ၿပီးၿပီမမစိမ္း….”
” အေမနဲ႔အေဖတို႔ ကိုသန႔္ေနာင္ကိုသြားေတြ႕လို႔ရပါၿပီရွင့္….ကိုသန႔္ေနာင္အေမ့ကိုလာေတြ႕ေသးလား…”
စိမ္းႏြယ္ကထိုသို႔ေျပာလိုက္ေသာ္လည္း ေဒၚလွအုံတို႔္လင္မယားကဘာမွမေျပာဘဲ ထိုင္ရာမွထကာ အေပၚထပ္သို႔တက္လာခဲ့ၾကသည္။ စိမ္းႏြယ္၏အခန္းထဲသို႔ေရာက္သည္ႏွင့္ ကုတင္ေပၚရွိေခါင္းအုံးေပၚမွ မွန္ေခါင္းေသးေသးေလးကိုၾကည့္လိုက္၏။
” သား…သားေလး…အေမတို႔ေရာက္လာၿပီေနာ္….အေမ့သားေလး…”
ႏွစ္ေယာက္သားမွန္ေခါင္းငယ္ကို ေကာက္ယူလိုက္ၿပီး သားျဖစ္သူကိုၾကည့္လိုက္ရာ လက္မသာသာရွိေသာ လူေျခာက္ကေလး၏ခႏၶာအနံ႔၌ အနီစက္မ်ားကိုေတြ႕လိုက္ရ၏။
” ငါ့သားကိုအေဖတို႔အိမ္ျပန္ေခၚသြားမယ္…ဒီမိန္းမယုတ္ဆီမွာ သားေနစရာမလိုေတာ့ဘူး…”
ဦးဖိုးထူကထိုသို႔ေျပာၿပီး မွန္ေခါင္းကိုေပြ႕ယူကာ လွည့္ထြက္မည္အျပဳ
” အေဖ…ကြၽန္မေယာက်ာ္းကို ဘယ္ေခၚသြားမလို႔လဲရွင့္…”
” ဖယ္စမ္း…ငါ့အေရွ႕ကေနဖယ္ၾကစမ္း….ငါ့သားကိုႏွိပ္စက္လို႔မဝၾကေသးဘူးလား….”
” အေဖတို႔ကို ကိုသန႔္ေနာင္ကဘာေတြတိုင္ထားလို႔လဲမသိေပမဲ့ ဒါလင္မယားၾကားကကိစၥေလ….လင္မယားၾကားကကိစၥကိုေဘးလူေတြဝင္ပါစရာမလိုဘူးထင္တယ္ေနာ္…”
” ေဘးဖယ္ေနလို႔ငါေျပာေနတယ္ေနာ္…”
” မဖယ္ဘူး…အေဖတို႔ကကြၽန္မေယာက်ာ္းကိုဘယ္ေခၚသြားမလို႔လဲ… ဒီလူေျခာက္ကေလးကိုကြၽန္မပိုင္တယ္ေနာ္…အေဖတို႔ကိုယ္တိုင္ ကြၽန္မနဲ႔လက္ထပ္ေပးခဲ့တာ…ေပးစမ္းအဲဒီမွန္ေခါင္း….”
” ဖယ္စမ္း…ငါ့သားကိုမင္းထိစရာမလိုဘူး….”
” ခြမ္း….”
” ဟင္…”
” ငါ့သားေလး….အမေလး… ငါ့သားေလးေရ….”
တစ္ေယာက္ႏွင့္တစ္ေယာက္လုၾကရင္း မွန္ေခါင္းငယ္ေလးသည္ ၾကမ္းျပင္ေပၚသို႔က်သြားၿပီး ကြဲေၾကသြား၏။ လူေျခာက္ကေလးလည္း ၾကမ္းျပင္ေပၚရွိမွန္ကြဲစမ်ားၾကားသို႔ လႊင့္စင္သြား၏။ ေဒၚလွအုံက အလန႔္တၾကားျဖင့္ မွန္စမ်ားၾကားမွ လူေျခာက္ကေလးကိုအျမန္ေကာက္ယူလိုက္၏။ ထိုအခါေသးငယ္ေသာမွန္ကြဲစေလးသည္ လူေျခာက္ကေလး၏ေၾကာျပင္၌ စိုက္ဝင္ေန၏။
” အမေလး….ငါ့သားေလးအသက္မွရွိေသးရဲ႕လား….”
” ငါ့ေယာက်ာ္းကိုျပန္ေပး…ငါ့ေယာက်ာ္းကိုမယူသြားနဲ႔…”
” ေတာ္ၾကေတာ့…ဒါငါ့သား…ငါ့သားကိုငါျပန္ေခၚမယ္…မင္းတို႔္အနားတိုးလာတာနဲ႔ ငါအကုန္သတ္ပစ္မယ္မွတ္…”
ဦးဖိုးထူက အနားမွသံပန္းအိုးကိုေကာက္ယူလိုက္ၿပီး စိမ္းႏြယ္တို႔သားအမိအား႐ြယ္ထားလိုက္၏။
” လာေအးပို…ညည္းငါတို႔နဲ႔ုျပန္လိုက္ခဲ့…ဒီေကာင္မေတြဆီမွာအလုပ္လုပ္စရာမလိုေတာ့ဘူး….”
” ဟုတ္…ဟုတ္အရီးေလး…”
ထို႔ေနာက္ ေဒၚလွအုံတို႔လင္မယားသည္ သားေျခာက္ကေလးကိုပုဝါျဖင့္ပတ္လိုက္ၿပီး မေအးပိုကိုေခၚကာ ထိုအိမ္ႀကီးထဲမွ ထြက္လာခဲ့ၾက၏။
ေဒၚလွအုံသည္ သားႀကိဳက္တတ္သည့္ အစားအေသာက္မ်ားကို ခ်က္ျပဳတ္ၿပီးသားအခန္းထဲသို႔ယူလာေပး၏။
” သားေလး…ထမင္းစားေတာ့…အေမသားႀကိဳက္တတ္တဲ့ဟင္းေတြခ်က္ထားေပးတယ္…သားဒဏ္ရာေတြသက္သာသြားၿပီလား…အိမ္ျပန္ေရာက္တာ တစ္လေက်ာ္ေနၿပီသားအေမ့ကိုလာမေတြ႕ေသးဘူးေနာ္….”
ေဒၚလွအုံကထိုသို႔ေျပာရင္း သားျဖစ္သူ၏အိပ္ယာေသးေသးေလးကိုေသခ်ာျပင္ေပးေန၏။
ညေရာက္ေသာ္ အိပ္မက္ထဲသို႔သားျဖစ္သူေရာက္လာခဲ့သည္။ အရင္လိုပိန္မေနဘဲ ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးျဖစ္ေနၿပီး အဝါေရာင္စတစ္အက်ႌကိုဝတ္ဆင္ထားသည္။
” အေမ…သားေနေကာင္းသြားၿပီဗ်…ေက်ာျပင္ကဒဏ္ရာလည္း သက္သာေနပါၿပီ။ သားအေမ့ဆီမလာတာကလည္း သားသူ႔ကိုလြမ္းေနလို႔ ျမေစတီမွာေန႔တိုင္းသြားထိုင္ေနလို႔္ပါ…အေမတို႔က်န္းမာေရးဂ႐ုစိုက္ေနာ္….ေနာက္ၿပီးသားအတြက္ သကၤန္းေလးတစ္စုံေလာက္ကပ္ေပးပါေနာ္အေမ…”
” အင္းပါသားရယ္ အေမလႉေပးပါ့မယ္…”
ေနာက္တစ္ေန႔၌ေဒၚလွအုံသည္ ေယာက်ာ္းနဲ႔တိုင္ပင္ၿပီး သကၤန္းတစ္စုံဝယ္ကာ ႐ြာဦးေက်ာင္း၌သြားေရာက္လႉဒါန္းေပးလိုက္၏။ မေအးပိုလည္း ေဒၚလွအုံတို႔၏အိမ္တြင္ေနလာသည္မွာ ငါးလပင္ျပည့္ခဲ့ၿပီ။ သူမသည္မိဘမရွိသည့္ တစ္ေကာင္ႂကြက္တမ်က္ႏွာျဖစ္သျဖင့္ ေဒၚလွအုံကေခၚယူေကြၽးေမြးထားျခင္းျဖစ္၏။ ယေန႔သည္ အိမ္၌ေဒၚလွအုံတို႔လင္မယားႏွစ္ေယာက္စလုံးမရွိၾကေခ်။ မႏၲေလးေတာင္သို႔သြားၿပီး ဘုရားဖူးသြားၾကသျဖင့္ သုံးရက္ေလာက္ေတာ့ၾကာမည္ျဖစ္သည္။
မေအးပိုကိုကား အိမ္ေစာင့္အျဖ
စ္ႏွင့္ လူေျခာက္ကေလးေမာင္သန႔္ေနာင္ကိုအလုပ္အေကြၽးျပဳရန္အတြက္ စိတ္ခ်လက္ခ်ထားခဲ့ျခင္းျဖစ္သည္။ မေအးပိုကထိုအခြင့္အေကာင္းကိုယူၿပီး လူေျခာက္ကေလးႏွင့္ အတြင္းပစၥည္းကိုယူၿပီး ၿမိဳ႕သို႔ေျပးေလသည္။ ဘုရားဖူးျပန္လာသည့္ ေဒၚလွအုံတို႔ကား သားျဖစ္သူကိုလည္းရႈံး၊အတြင္းပစၥည္းလည္းရႈံးကာ အပူလုံးႂကြေနရသည္။ မေအးပိုကိုကား အစအနပင္မေတြ႕ၾကရေတာ့ေခ်။
ေမာင္ေရခဲတို႔ဆရာတပည့္သည္ ေက်ာက္ၾကားဘုရားတည္မည့္ေနရာကို လိုက္ရွာရင္း သရက္စု႐ြာသို႔ေရာက္လာခဲ့ၾကသည္။ ႐ြာထိပ္သို႔ေရာက္လာသည္ႏွင့္ သစ္ပင္ႀကီး၏ေအာက္မွ ထိုင္ေနေသာလူငယ္တစ္ေယာက္ကိုေတြ႕လိုက္ရသျဖင့္ ေမးျမန္းရန္အနားသို႔တိုးလာခဲ့သည္။
” ညီေလး…ညီေလးကဒီ႐ြာကလားဗ်…”
ေမာင္ထင္ေပၚကဆရာျဖစ္သူအား ေၾကာင္ၾကည့္ေနသည္။ လူငယ္က ေမာင္ေရခဲကိုလွည့္ၾကည့္လာၿပီး
” ခင္ဗ်ားက က်ဳပ္ကိုျမင္ေနရတာလားဗ်..”
“ျမင္ရလို႔ဘဲ အကူညီေတာင္းဖို႔လာတာဗ်ာ…ဒါနဲ႔ညီေလးစကားကထူးဆန္းေနပါလားဗ်…”
” ဟာ….က်ဳပ္ကခင္ဗ်ားတို႔လို လူမဟုတ္ဘူးေလဗ်ာ…ဒါေၾကာင့္ က်ဳပ္ကိုျမင္ေနရတာလားလို႔ေမးတာေပါ့ဗ်….”
ထိုလူ၏စကားေၾကာင့္ ေမာင္ေရခဲေသခ်ာၾကည့္လိုက္ရာ ထိုပုဂၢိဳလ္မွာလူစင္စစ္မဟုတ္မွန္းသိလိုက္ရသည္။
” ဪ…ငါသတိမကပ္မိေပဘဲကိုး…ဒါနဲ႔ညီေလးကဒီမွာဘာလုပ္ေနတာလဲဗ်…”
” က်ဳပ္…က်ဳပ္မိဘႏွစ္ပါးကိုေစာင့္ေနတာဗ်…သူတို႔ကက်ဳပ္ကိုလိုက္ရွာေနတယ္ေလ…အရင္ကအေမနဲ႔အဆက္အသြယ္လုပ္လို႔ရေပမဲ့ခုကမရေတာ့ဘူးဗ်….႐ြာထဲကိုလည္းက်ဳပ္ဝင္လို႔မရေတာ့ဘူးေလ…”
ေမာင္ေရခဲကထိုလူအား ေသခ်ာၾကည့္လိုက္ရာလူေျခာက္ကေလးဘဝမွေသလြန္သြားၿပီျဖစ္ေသာ ဝိဉာဥ္တစ္ေကာင္ျဖစ္မွန္းသိလိုက္၏။
” ညီကကလူေျခာက္ဘဝကေန ေသလြန္ၿပီးတဲ့ဝိဉာဥ္ဘဲ…ဒါေၾကာင့္႐ြာေစာင့္နတ္က႐ြာထဲအဝင္မခံေတာ့တာ….”
” ဟင္…က်ဳပ္…က်ဳပ္မေသပါဘူး…က်ဳပ္ရဲ႕ခႏၶာကေလးရွိေနပါေသးတယ္…”
ဝိဉာဥ္ကထိုသို႔ေျပာၿပီး လူေျခာက္ခႏၶာကေလးရွိရာသို႔ျပန္သြား၏။ ထိုအခါ ပုလင္းထဲရွိမိမိ၏ခႏၶာေသးေသးေလးမွာ ခ်စားထားသလိုျဖစ္ေနၿပီး မည္းေျခာက္သြားသည္ကိုေတြ႕လိုက္ရသည္။
” ငါ…ငါေသသြားၿပီဘဲ….”
လူေျခာက္ကေလး၏ဝိဉာဥ္မွာငိုယိုၿပီး ေမာင္ေရခဲေရွ႕ျပန္ေရာက္လာသည္။
” ယုံၿပီလား…ညီကေသသြားၿပီဆိုတာ…”
” ယုံပါၿပီဗ်ာ…ဒါေၾကာင့္က်ဳပ္အေမနဲ႔ဆက္သြယ္လို႔မရေတာ့တာေပါ့….က်ဳပ္ကိုခိုးယူၿပီး ပုလင္းထဲထည့္ထားၾကတာေလ…ဒါေပမဲ့က်ဳပ္ရဲ႕ဝိဉာဥ္ကျမဘုရားမွာေရာက္ေနတာ…က်ဳပ္ျပန္လာေတာ့ ပုလင္းထဲဝင္မရေတာ့တာနဲ႔ အေမ့ဆီျပန္လာတာ…ဒီေရာက္ေတာ့ ႐ြာထဲအဝင္မခံေတာ့ဘူးေလ…အေမနဲ႔အေဖ က်ဳပ္ကိုစိတ္ပူေနရွာတယ္…က်ဳပ္အေမနဲ႔တစ္ခါေလာက္ေတြ႕ခ်င္တယ္ဗ်ာ…က်ဳပ္….က်ဳပ္ကိုခင္ဗ်ားကူညီေပးႏိူင္မလား…က်ဳပ္ကိုျမင္ႏိူင္တာခင္ဗ်ားတစ္ေယာက္ထဲရွိတာေလဗ်ာ…”
ေမာင္ေရခဲသည္ ထိုလူေျခာက္ကေလး၏ ဝိဉာဥ္ကိုၾကည့္ၿပီး သနားေနမိသျဖင့္ ႐ြာေစာင့္နတ္ကိုအကူအညီေတာင္းၿပီး ႐ြာထဲသို႔ခဏတာဝင္ခြင့္ေပးရန္ ေတာင္းဆိုေပးလိုက္၏။ ႐ြာေစာင့္နတ္လည္း ေမာင္ေရခဲ၏ေတာင္းဆိုမႈေၾကာင့္ ညေရာက္လွ်င္ ႐ြာထဲသို႔ေခတၱဝင္ခြင့္ကိုေပးလိုက္၏။
” ကဲ…ညီေလးကို႐ြာေစာင့္နတ္က ႐ြာထဲကိုေခတၱဝင္ခြင့္ေပးလိုက္ၿပီ…ညီ့ကိစၥၿပီးရင္ေတာ့ဒီေနရာကေနအေဝးဆုံးကိုထြက္သြားရမယ္ေနာ္….ညီရဲ႕ေနာက္ဘဝကညီ့ကိုေစာင့္ႀကိဳေနတယ္…ကဲကဲ…ေနရစ္ခဲ့ေပဦးေတာ့….”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ၿပဳံးလိုက္၏။ ေမာင္ထင္ေပၚကဆရာျဖစ္သူကိုနားမလည္ႏိူင္ဘဲျဖစ္ေန၏။
” ဆရာ…ကြၽန္ေတာ္ဆရာ့ကိုၾကည့္ေနတာၾကာၿပီ…ဆရာကဒီေနရာမွာရပ္ၿပီး ဘယ္သူနဲ႔စကားေျပာေနတာလဲဗ်…”
” လူေျခာက္ကေလးရဲ႕ဝိဉာဥ္နဲ႔ေလထင္ေပၚရဲ႕…သူကအကူညီေတာင္းလို႔ကူညီေပးလိုက္တာ…”
” ဆရာ…လူေျခာက္ကေလးေတြကတယ္ရွိတာလားဗ်…”
” ရွိတာေပါ့ထင္ေပၚရဲ႕…ေျပာရရင္ လူေျခာက္ကေလးေတြဆိုတာ သေႏၶမေအာင္တဲ့ ကိုယ္ဝန္ေပါ့…သူတို႔က သေႏၶမေအာင္ရာကေန ေတေဇာဓာတ္ေၾကာင့္တျဖည္းျဖည္းေျခာက္သြားၿပီး ကိုယ္ဝန္ရက္ေစ့၊လေစ့တာနဲ႔သာမာန္ကေလးေမြးဖြားသလိုဘဲ ေမြးဖြားလာတာ…သူတို႔ကသေႏၶမေအာင္ေပမဲ့ သူတို႔ရဲ႕စြဲလမ္းစိတ္ေၾကာင့္ ၿပိတၱာဘုံသားအျဖစ္နဲ႔ သူတို႔္ရဲ႕ေျခာက္ေသြ႕ေနတဲ့ခႏၶာေသးေသးေလးမွာစြဲကပ္ေနၾကတာေလ…”
” ဒါေၾကာင့္မို႔ လူတစ္ရာမွာ တစ္ေယာက္ေမြးခဲတဲ့ လူေျခာက္ကေလးဟာ ေပတစိတ္စြဲကပ္ေနတဲ့အတြက္သက္ရွိလူတစ္ေယာက္လိုဘဲ လိုခ်င္တာေတြပူဆာတတ္တယ္၊မစတတ္တယ္၊အ႐ြယ္ေရာက္တတ္တယ္၊သူတို႔လိုခ်င္တာေတြကိုသူတို႔ရဲ႕မာတာမိခင္ကိုဆက္သြယ္ၿပီး ေျပာတတ္ၾကတယ္ေလ..ဒါေပမဲ့လူေျခာက္တိုင္းေတာ့ မ မစတတ္ပါဘူး…”
” သူတို႔ကလူေတြလိုဘဲအဂၤါအစုံပါတာဘဲလားဆရာ…”
” ပါတယ္ဆို႐ုံအရာကေလးသာသာပါဘဲ…ဒါေပမဲ့သူတို႔္အသက္ရွိေနေသးရင္ အဲဒီလူေျခာက္ကေလးက အသားအေရေတြစိုပည္ေနတာေတြ႕ရတယ္…ေသဆုံးသြားရင္ေတာ့ သားေျခာက္ကေလးရဲ႕အသားစေတြပဲ့ေႂကြေနတာမ်ိဳး၊ အသားအေရလုံးဝေျခာက္ကပ္ၿပီး မည္းေနတာမ်ိဳးျဖစ္သြားတတ္ၾကတယ္…”
” ဪ..ဒါဆိုသူတို႔လည္း တနည္းအားျဖင့္ေျပာရရင္ ေပတေလာကသားေတြေပါ့ေနာ္ဆရာ….”
” သိပ္ဟုတ္တာေပါ့ထင္ေပၚ…”
ထိုသို႔ေျပာၿပီး ဆရာတပည့္ႏွစ္ေယာက္ ထိုေနရာမွ ထြက္သြားၾကေတာ့သည္။
” က်လိ…က်လိ…က်လိ….”
လျပည့္ည၏လေရာင္သည္ ေလာကႀကီးကို လႊမ္းၿခဳံေန၏။ ညပိုးေကာင္တို႔၏ ေအာ္သံမွအပ ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္ေနသည္။ ေဒၚလွအုံသည္ အိပ္ယာထက္မွအိပ္ေနရင္း သားျဖစ္သူကိုသတိရေနသည္။ ကိုဖိုးထူကား အိပ္ေမာက်ေနေပၿပီ။ သူမသာလွ်င္ သားျဖစ္သူကိုလႊမ္းဆြတ္ေနရျခင္းသာ။ ေျပးၾကည့္မွသူတို႔မွာ ဒီသားတစ္ေယာက္သာရွိသည္မို႔ ယခုလိုသားေပ်ာက္သြားသျဖင့္ ေသာကေရာက္ေနရျခင္းမွာမဆန္းေခ်။ မေအးပိုကလည္း သားကိုဘာလုပ္လိုက္သည္မသိ သားျဖစ္သူမွာ သူမ၏အိပ္မက္ထဲသို႔ပင္ေရာက္မလာခဲ့သည္မွာ ၾကာေနေခ်ၿပီ။
ေတြးေနရင္းမ်က္ဝန္းအိမ္မွမ်က္ရည္စမ်ားစီးက်လာခဲ့သည္။ ထို႔ေနာက္သူမ အိပ္ေပ်ာ္သြားေတာ့သည္။
” အေမ…အေမ…ထပါအုံးဗ်…သားျပန္လာၿပီေလ…”
” ဟင္…သား…အသံဘဲ…”
” အေမ…အေမငိုေနတာလားဗ်…အေမအရမ္းပိန္က်သြားတယ္ေနာ္…”
” သား…အေမ့သားေလးရယ္…သားဘယ္ေတြသြားေနတာလဲ….အေမ့ဆီမလာတာၾကာၿပီ…အေမသတိရေနတာ…”
” အေမ…ေနာက္အေမ့ဆီသားမလာႏိူင္ေတာ့ဘူးဗ်…သား…သား…အေမ့ဆီလာတာဒီတစ္ခါေနာက္ဆုံးဘဲဗ်…”
” ဟင္…ဘာလို႔လဲသားရဲ႕…”
” သား….သားလာလို႔မရေတာ့ဘူးအေမ…သား…သားေသသြားၿပီအေမ…”
” ဟင္…သားေသသြားၿပီဟုတ္လားသား….အေမ့ကိုမစပါနဲ႔သားရယ္…”
” တကယ္ေျပာတာအေမ…အေမ့ကိုသားလာႏူတ္ဆက္တာ…အေဖ့ကိုလည္းသားထာဝရႏူတ္ဆက္ခဲ့တယ္လို႔ေျပာေပးပါေနာ္…အေမတို႔္က်န္းမာေရးဂ႐ုစိုက္ၾကပါ…ေနာက္ေနာင္အေမ့ကိုက်န္းမာေရးဂ႐ုစိုက္ဖို႔ ေျပာေပးလို႔မရေတာ့ဘူးဗ်…အေမ…သားသြားရေတာ့မယ္….ကန္ေတာ့ခဲ့ပါတယ္ေနာ္အေမ…”
” သား….သားေလး….”
လူေျခာက္ကေလးေမာင္သန႔္ေနာင္သည္ မ်က္ရည္စက္လက္ျဖင့္ မိခင္ျဖစ္သူကို ေနာက္ဆုံးကန္ေတာ့ရင္း တျဖည္းျဖည္းေဝဝါးေပ်ာက္ကြယ္သြားခဲ့ေတာ့သည္။ ေဒၚလွအုံကား သားျဖစ္သူကိုေအာ္ေခၚရင္း အိပ္မက္မွလန႔္ႏိူးလာခဲ့ေတာ့သည္။ အိပ္မက္အေၾကာင္းစုံကို ေယာက်ာ္းျဖစ္သူအား ေျပာျပလိုက္ရာ ဦးဖိုးထူလည္း တစ္ခါမွမျမင္ဖူးေသား၏ပုံရိပ္ကိုေမွ်ာ္မွန္းပုံေဖာ္ၾကည့္ရင္း ဝမ္းနည္းပူေဆြးေနရွာသည္။ ေနာက္တစ္ေန႔တြင္ကား သားျဖစ္သူကိုရည္စူးၿပီး အလႉအတန္းမ်ားလုပ္ေပးၾကသည္။
ေဒၚမို႔မို႔ျဖဴသည္ ေလာင္းကစားထဲနစ္မႊန္းရင္း အေႂကြးႏြံထဲကေန႐ုန္းမထြက္ႏိူင္ဘဲရွိေနသည္။ သမီးျဖစ္သူမစိမ္းႏြယ္လည္း လူေျခာက္ကေလးကိုပုလင္းထဲထည့္ၿပီး လိုေလေသးမရွိေအာင္ ထားေပးေသာ္လည္း စီးပြားေရးမွာတိုးတက္မလာဘဲ ဆုတ္ယုတ္ၿမဲဆုတ္ယုတ္လာသည္။ ၾကားထဲတြင္လူယုံမေအးပိုက ေယာက်ာ္းေနာက္လိုက္ေျပးသြားသည့္အျပင္ မိမိ၏စုမိေဆာင္းမိထားသည့္ ေငြစေ႐ႊစအခ်ိဳ႕ပါ ခိုးယူသြားသျဖင့္ စိမ္းႏြယ္မွာ အ႐ူးမသဖြယ္ စိတ္ထိခိုက္ေနသည္။ ေနာက္ဆုံး၌ မိမိတို႔၏တိုက္အိမ္ႀကီးကိုေရာင္းခ်ၿပီး ဆင္ေျခဖုံးရပ္ကြက္ကေလးရွိ အိမ္ေသးေသးေလးကိုဝယ္ယူကာ ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္စားေသာက္ေနရေတာ့သည္။…..။
# ၿပီး
# ခြန္း