လူဝင်စား(စ/ဆုံး)
————–
သူ့နာမည်အရင်းကကိုခန့်အသားညိုညိုအရပ်အမောင်းမနိမ့်မမြင့်နဲ့ခန့်ချောချောပါတယ်။
ကိုခန့်ရဲ့မွေးရပ်ဇာတိမှာဧရာဝတီတိုင်းဖျာပုံ၊ဘိုကလေးနယ်ဘက်မှဖြစ်ပြီးမိဘတွေကဆန်စက်ပိုင်ရှင်တွေဖြစ်ကြပါတယ်။
ကိုခန့်မှာအခြားမွေးချင်းညီအစ်ကိုမောင်နှမတွေမရှိဘဲတစ်ဦးတည်းသောသားဖြစ်ပြီးကိုခန့်မွေးလာကတဲကမိဘများရဲ့စီးပွားရေးလုပ်ငန်းတွေဟာလဲတစ်ဟုန်တိုးကြီးပွားတိုးတက်လာတာမို့မိဘနှစ်ပါးအပြင်ဆွေမျိုးတွေကပါဖူးဖူးမှုတ်ချစ်ကြပါတယ်။
မူလအောင်မြင်နေတဲ့ဆန်စက်လုပ်ငန်းအပြင်လယ်ဧကထောင်ချီပိုင်ဆိုင်လာခဲ့ပြီးရန်ကုန်ဘက်ကိုသွားလာဖို့သစ်သားခွန်သဘော်သုံးလေးစီးကိုလဲကိုခန့်ရဲ့မိဘတွေကပိုင်ဆိုင်ကြပါတယ်။
ကိုခန့်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာတော့ရန်ကုန်မှာတက္ကသိုလ်ဆက်တက်ရန်ဆယ်မိုင်ကုန်းဘက်မှာကြီးမားကျယ်ဝန်းတဲ့ခြံကျယ်ကြီးတစ်ခြံကိုဝယ်ယူခဲ့ပြီးဆွေနီးမျိုးစပ်ထဲမှာအားကိုးရတဲ့သူလေးငါးဦးနဲအတူကိုခန့်တို့မိသားစုနေထိုင်ကြပါတယ်။
ရွာမှာရှိဆန်စက်နဲ့လယ်မြေတွေကိုတော့ကိုခန့်ရဲ့ဦးလေးဖြစ်သူဦးဘတူနဲ့လွှဲပြောင်းထားခဲ့ပြီးတစ်လလျှင်တစ်ခေါက်လောက်သာဆန်စက်ကိစ္စနဲ့အခြားအရေးကြီးကိစ္စတွေအတွက်သာသူ့ရပ်သူ့ရွာကို၊ကိုယ်ပိုင်သဘော်နဲ့ပြန်ပြီးသူ့ရဲ့လုပ်ငန်းတွေကိုစီမံခန့်ခွဲတတ်ပါတယ်။
ဦးဘတူမှာလဲသစ္စာရှိတဲ့သူတစ်ယောက်မို့စီးပွားရေးလုပ်ငန်းတွေအတွက်မျက်နှာလွဲရပါတယ်။ကိုခန့်ကျောင်းတက်နေစဥ်လေးနှစ်တာလုံးလုံးမိသားစုတွေရန်ကုန်မြို့မှာနေထိုင်ကြပြီးကိုခန့်ရဲ့မိခင်ဖြစ်သူကတော့ကိုခန့်ကိုရန်ကုန်မှာရှိတဲ့ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ချပေးခါသားတွေမြေးတွေနဲ့အတူနေချင်ပေမယ့်ကိုခန့်ကိုယ်တိုင်ကအိမ်ထောင်ပြုလိုခြင်းမရှိသေးဘဲသူ့ရဲ့မွေးရပ်မြေမှာသာနေထိုင်လိုစိတ်ပြင်းပြနေတာမို့ရန်ကုန်မြေကိုစွန့်ခွါပြီးမိသားစုတွေရွာကိုပြန်လာကြပါတယ်။
ရွာကိုပြန်ရောက်တော့ကိုခန့်တစ်ယောက်ပျော်လိုက်သည်ဆိုတာပြောစရာမလိုအောင်ပင်သူငယ်ချင်းတွေနဲ့ပျော်လိုက်၊ပါးလိုက်ဆန်စက်လုပ်ငန်းကိုဦးစီးလိုက်နဲ့ကိုခန့်တစ်ယောက်သဘောတွေ့နေပါတယ်။
ရန်ကုန်တက္ကသိုလ်တက်နေစဥ်မှာပင်ချစ်သူရည်းစားမထားခဲ့ဖူးတဲ့ကိုခန့်တစ်ယောက်တစ်ဘက်ရွာမှသူကြီးရဲ့သမီးဝါဝါမြင့်ကိုနှစ်သက်သဘောကျနေခဲ့ပါတယ်။သူ့ရဲ့ဆန္ဒကိုမိဘတွေကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့အခါမှာတော့ဆန်စက်ပိုင်ရှင်သူဌေးလင်မယားလဲတစ်ဘက်ရွာရှိသူကြီးရဲ့အိမ်ကိုချောင်းပေါက်မတတ်သွားပြီးရွှေလမ်းငွေလမ်းဖောက်ကြပါတယ်။
သူကြီးလင်မယားကလဲလူကဲခပ်မညံ့ကြသူတွေမို့သမီးအလှကိုနားဝင်အောင်ဖျောင်းဖျပြောဆိုပြီးကိုခန့်တို့မိသားစုနဲ့
ဆွေမျိုးတော်စပ်ဖို့လက်ခံလိုက်ကြပါတယ်။
ကိုခန့်တို့ဘက်ကလဲတစ်ဦးတည်းသောသားလေးမို့လယ်ဧကပေါင်းများစွာအပြင်သဘော်နှစ်စီးကိုလက်ဖွဲ့မည်ဖြစ်ပြီးလက်ဝတ်လက်စားများစွာကိုသူတိုးသမီးလေးအတွက်ဆင်မြန်းလက်ဖွဲ့ဖို့ပြင်ဆင်ပြီးမဂ်လာရက်မြတ်ရွှေးချယ်ခါမဂ်လာဆောင်ကိုအကြီးအကျယ်ဆောင်ပေးဖို့ပြင်ဆင်ကြပါတယ်။
မဂ်လာပွဲအတွက်လိုလေသွေးမရှိစေရအားနဲ့ချက်လိုအပ်ချက်တွေနဲနိူင်သမျှနဲစေရန်ကြိုတင်ပြင်ဆင်ကြပါတယ်ငွေကြေးချမ်းသာတဲ့သူတွေမို့ခန်းဝင်ပစ္စည်းနဲ့အခြားသောလိုအပ်တဲ့ပစ္စည်းတွေကိုရန်ကုန်ကမှာယူပြီးကိုခန့်ကိုမဂ်ဆောင်အပြီးမှာနေထိုင်ဖို့ကျွန်းတိုင်လုံးတွေနဲ့သွပ်မိုးပျဥ်ကာနှစ်ထပ်အိမ်ကြီးလဲဆောက်လို့ပြီးပြီးအရာရာအားလုံးပျော်စရာအတိပြီးတဲ့အနေအထားကိုရောက်နေခဲ့ပါပြီ
မွေးလာကပြည့်ပြည့်စုံစုံနဲ့ဘဝကိုဖြတ်သန်းလာရတာမို့ကိုခန့်အတွက်အရရာဟာရေကန်အသင့်ကြာအသင့်တွေသာကြုံနေရတာမို့်ပေါ့ပေါ့ပါးပါးပင်သူငယ်ချင်းတွေနဲ့သောက်စားပျော်ပါးရင်းတစ်နေ့မှာတော့သူငယ်ချင်းတွေမြစ်ကမ်းပါးမှာရေကူးရင်းကိုခန့်တစ်ယောက်ရေနစ်ပြီးကွယ်လွန်ခဲ့ပါတော့တယ်။
ကိုခန့်သိလိုက်ချိန်မှာတော့သူငယ်ချင်းတွေသူကိုအသဲအသံလိုက်ရှာနေကြတယ်။
“ေဟ့ကောင်တွေငါဒီမှာကွ”
“ငါ့ကို့စောင့်ကြပါအုံးဟ”
“သူငယ်ချင်းတွေရဲ့လက်ထဲမှာရေနစ်ထားတဲ့အလောင်းတစ်လောင်း”
“ကိုခန့်ခေါ်နေတာဘယ်သူမှပြန်မထူးကြ”
သူငယ်ချင်းတွေအားလုံးလဲမျက်နှာတွေမကောင်းကြဘဲကြက်သေသေနေကြပါတယ်။
ကိုခန့်ရဲ့အလောင်းကိုမိခင်ဖြစ်သူမြင်တော့ငိုလိုက်တာရင်ကွဲပက်လက်တရားသဘောကိုနီးနီးစပ်စပ်ရှိပေမယ့်ရင်ကဖြစ်တဲ့သားလေးအသေဆိုးနဲ့သေရတာကိုမြင်တော့ဘယ်လိုမှမခံစားနိူင်ဘူးဖြစ်နေတာအဖေလုပ်သူကလဲမျက်ရည်တွေကျပြီးဇနီးသည်ကိုနှစ်သိမ့်ဖို်စကားလုံးတွေကင်းမဲ့နေရှာတယ်။
ထိုညအဖို့်ကိုခန့်အတွက်ဘဝတွေခြားနားသွားပြီမို့အိမ်မှာနေခွင့်မရတော့ဘဲရွာနောက်ဘက်ရှိသင်းချိုင်းထဲမှာရှိတဲ့ညောင်မုတ်ဆိပ်ပင်ရဲ့အကိုင်းအဖြားသေးသေးလေးမှာနေစရာရပါတယ်။ကိုခန့်ကြည့်လိုက်တော့သစ်ပင်တစ်ပင်လုံးနီးပါးနေထိုင်သူတွေအပြည့်ပင်ရှိနေကြပါတယ်။
တစ်နေ့တစ်နေ့အစာစားရဖို့အတော်ပင်ကြိုးစားရပါတယ်၊အစာစားခွင့်ရသော်လည်းစိတ်ထင်တိုင်းစားခွင့်မရှိဘဲသူ့ထက်အရင်ရောက်နေသူတွေနဲ့အကောင်ကြီးမားတဲ့သူနေတွေကိုဦးစားပေးရပြန်ပါတယ်။
မိုးသည်းထန်တဲ့နေ့တွေမှာဆိုရင်ကိုခန့်တို့အပင်မှာမှီခိုသူတွေအားလုံးမိုးထဲရေထဲမှာခက်ခက်ခဲခဲနေထိုင်ကြရပါတယ်။ထိုအပင်ကြီးကိုရောက်ပြီးသိပ်မကြာခင်မှာဘဲကိုခန့်အတွက်အခွင့်အရေးတစ်ရပ်ပေါ်လာခဲ့ပါတယ်။
ကိုခန့်တို်သင်းချိုင်းအနီးမှာနေထိုင်တဲ့တဲအိမ်တန်းလေးတွေမှဦးအောင်မြတ်ရဲ့ဇနီးဒေါ်မြိုင်ဟာနေ့စဥ်နေတိုင်းမနက်ပိုင်းဘုရားဆွမ်းတော်ကပ်၊မေတ္တာပို့အမျှအတန်းဝေပြီးတဲ့အချိန်မှာဆွမ်းတော်စွန့်တဲ့အခါညောင်မုတ်ဆိပ်ပင်ကြီးအနီးမှာဆွမ်းတော်စွန့်ရင်းမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကိုအမျှပေးဝေပြီးသူ့ရဲ့တဲလေးဆီကိုပြန်တတ်ပါတယ်။
နောက်ရက်များမှာဒေါ်မြိုင်ရဲ့အနောက်ကိုလိုက်ဖို့ကိုခန့်ကြိုးစားပေမယ့်ဒေါ်မြိုင်ရဲ့တဲအနီးမှာရှိတဲ့အစောင့်အရှောက်တွေကြောင့်ကိုခန့်အနားသို့ကပ်လို့မရဘဲရှိနေပါတယ်။
ေန့တိုင်းနီးပါးဒေါ်မြိုင်ရဲ့တဲလေးအနီးကိုလိုက်သွားခဲ့ပြီးကံကောင်းတဲ့နေ့လေးတစ်နေ့မှာတော့တဲအတွင်းရှိရေအိုးစင်လေးပေါ်မှရေသောက်တဲ့သတ္တု့ဖလားငယ်လေးဟာပက်လက်အနေအထားမို့ထိုရေခွက်လေးထဲကိုအစက်အပျောက်လေးအဖြစ်ကိုခန့်ဝင်ပြီးနေရာယူလိုက်ပါတယ်။ခဏအကြာမှာတော့အိမ်အလုပ်တွေလုပ်ကိုင်ရင်းမောလာလို့ဖလာလေးနဲ့ရေခပ်ပြီးဒေါ်မြိုင်အားရပါးရတစ်ဂွပ်ဂွပ်နေအောင်သောက်ချလိုက်ပါတော့တယ်။
“ဟူး”
“အခု့မှဘဲအမောပြေတော့တယ်”
သိပ်မကြာမှီဒေါ်မြိုင်ထံမှာကိုယ်ဝန်ရှိလာပြီးကိုးလလွယ်ပြီးဆယ်လမြှောက်မှာသားယောကျာ်းလေးတစ်ယောက်အောင်မြင်စွာဖွားမြင်ခဲ့ပါတယ်။
မိဘနှစ်ပါစလုံးကသားလေးကိုအလွန်ပင်ချစ်ရှာပြီးမောင်သန်းလို်အမည်ပေးလိုက်ပါတယ်။မောင်သန်းရဲ့အထက်မှာအသ်ကိုတစ်ယောက်ရှိပါတယ်။
မောင်သန်း (၅) နှစ်သားအရွယ်ခန့်တွင်အရင်ဘဝကမိဘဟောင်းတွေကိုတွေ့ချင်လွန်းလို့အနအတင်းပင်ပူစာပါတယ်။မိဘတွေကလဲယုံတစ်ဝက်မယုံတစ်ဝက်နဲ့မို့မောင်သန်းလေးရဲ့ပြောစကားကိုအစပိုင်းလက်မခံခဲ့ဘဲငြင်းပယ်ခဲ့ကြပါတယ်။
နောက်ဆုံးပြောမရတဲ့အဆုံးမောင်သန်းလမ်းညွန်တဲ့အတိုင်းတစ်ဘက်ရွာကိုလှေလှော်ပြီးလိုက်ပို့ကြရာအရင်ဘဝကမိဘတွေဟာအတော်ပင်အိုမင်းနေကြပြီးမောင်သန်းပြောသမျှအားလုံးမှန်ကန်နေတာမို့တစ်ချိန်ကသူတို့ရဲ့သားကိုခန့်ပြန်ဝင်စားတာကိုလက်ခံသွားကြပါတော့တယ်။
ကိုခန့်မသေဆုံးမှီလက်ထပ်မည့်အမျိုးသမီးပင်အသက် (၃၀) ကျော်ခန့်ရှိနေပြီးတစ်သက်တာလုံးအိမ်ထောင်မပြု့တော့ဘဲတရားဓမ္မနဲ့သာအဖော်ပြုရင်းနေထိုင်သွားတယ်လို့သိခွင့်ရခဲ့ပါတယ်။
စစ်ကြီးပြီးလို့မောင်သန်းတို့မိသားစုရန်ကုန်ရှိဆင်ခြေဖုံးရပ်ကွက်လေးမှနေထိုင်ရင်းအသက် (၁၉) နှစ်အရွယ်မှာအစိုးရဌာနတစ်ခု့တွင်အလုပ်ဝင်ရောက်ပြီးယခု့ဘဝတွင်သူ့ကိုချစ်ခင်စုံမက်တဲ့အိမ်ထောင်ဘက်နဲ့အတူသမီးနှစ်ယောက်၊သားနှစ်ယောက်မွေးဖွားခဲ့ပြီးဟိုးအရင်ဘဝကလိုပင်၊ယမကာကိုတော့ကြိုက်နှစ်သက်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်ရဲ့မိုးတွင်းကာလမိုးတွင်းကာလရဲ့မနက်အစောပိုင်းအချိန်ကာလလေးမှာမိသားစုကိုနူတ်ဆက်ပြီးလောကကြီးမှအပြီးအပိုင်ထွက်ခွါသွားခဲ့ပြီဖြစ်ပါတော့တယ်ခင်ဗျာ။
အဖေကွယ်လွန်ချိန်မှာအသက် (၆၂) နှစ်အရွယ်မှာဖြစ်ပြီးအခု့တော့ကျွန်တော်တို့ဘဝထဲကအဖေထွက်ခွါသွားတာ (၂၃) နှစ်တိုင်ခဲ့ပြီဖြစ်ပြီးနှစ်တွေကြာညောင်းခဲ့ပေမယ်အဖေ့နဲ့ပတ်သက်တဲ့အမှတ်တရတွေအားလုံးကျွန်တော်တို့်တစ်သက်မေ့နိူင်တော့မယ်မထင်တော့ပါခင်ဗျာ။ကိုချမ်း (ထီလာမြေ)