လောင်မီးကျတဲ့အိမ်

လောင်မီးကျတဲ့ အိမ် (စ/ဆုံး)

————————

” အောင်မလေး ……မီး…မီး…… မီးလောင်နေလို့လာကြပါအုံးရှင်”

ဒေါ်တင်ရီ၏ ထိတ်လန့်တကြား အော်ဟစ်လိုက်သံက တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ကာလ၌ ကျယ်လောင်စွာပေါ်ထွက်လာလေသည် ။

ဒေါ်တင်ရီရဲ့ အထိတ်တလန့် အော်သံကြောင့် အိပ်မောကြလျှက်ရှိ့သော အိမ်သားများ ရုတ်တရက်လန့်နိုးလာခဲ့သည် ။ ထို့အတူ အနီးပတ်ဝန်းကျင်ရှိ့အိမ်များမှ လူတစ်ချို့လဲ ကသောကမြောနှင့်အပြေးအလွှားပင်
ရောက်ရှိ့လာကြသည် ။

” ဘယ်မှာလဲ…မီး…”

” တင်ရီ…တင်ရီ… ဘယ်မှာလောင်နေတာလဲ…… မီး… ဘယ်မှာလဲ…”

ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်က စိုးရီမ်ပူပန်စွာဖြင့် အမောတကော မေးမြန်းလိုက်လေသည်။ ရပ်ကွက်အတွင်းမှ လူများကလဲ မီးလောင်နေသည်ဆိုသော်အော်သံကြောင့်ထိတ်လန့်တကြားဖြစ်ကုန်ကြလေသည်။

အချိန်ကာလမှာ နွေဦးပေါက်ရာသီ ဖြစ်သဖြင့်မီးဘေးအန္တာရယ်ကြောင့်ရပ်ကွက်အတွင်းရှိ့ အိမ်များမှာ နိုးနိုးကြားကြားပင်ရှိ့လှသည် ။ထို့အတူ လုံခြုံရေးမီးကင်းများပင် အရှေ့မီးကင်းနှင့် အနောက်မီးကင်း ဟူ၍ နှစ်ဖွဲ့ခွဲကာ ဖွဲ့စည်းစောင့်ကြရပေသည် ။
“ဘယ်မှာလောင်နေတာလဲ…မီး…ဘယ်မှာလဲ…”

မီးလောင်သည်ဟု ကြားသိရသော်လည်း မီးလောင်သည့် အရိပ်အယောင်ကို မတွေ့ရ၍ အားလုံးဇဝေဇဝါဖြစ်ကာ ဝေခွဲမရသော အကြည့်မျိုးဖြင့် ဒေါ်တင်ရီထံ ကြည့်မိလိုက်ကြသည် ။

” ဒေါ်တင်ရီ…ဒေါ်တင်ရီ…”

“ဘယ်မှာလဲ…မီး…ဘယ်မှာလောင်နေလို့လဲ မီး…

“ဟိုစားပွဲပေါ်မှာ စာအုပ်
တွေ ရုတ်တရက် မီးထလောင်နေတာ တွေ့လိုက်လို့ ကြောက်လှန့်တကြား အော်လိုက်မိတာပါ ။စားပွဲပေါ်ကို လက်ညှိုးထိုးပြတော့ မီးက မရှိ့တော့ ။ ဟင်…… စောစောက
တဟုန်ဟုန်လောင်နေပါတယ် ။

အားလုံး၏ အကြည့်က ဒေါ်တင်ရီညွှန်ပြသော စားပွဲပေါ်သို့ စုပြုံ ရောက်သွားကြသည် ။

“ဟုတ်တယ်… စာအုပ်တွေ မီးလောင်ပြာကြသွားတယ်။ သို့ပေမယ့်ဘယ်လိုလောင်မှန်း မသိကြဘူး။ဒီစာအုပ် လေးငါးအုပ်လောင်တဲ့ မီးအရှိန်နဲ့ဆို ဒီကျွန်းသားစားပွဲပါဆက်လောင်ရမှာ …ခုတော့ မီးလုံးဝမကျွမ်းပဲ ငြိမ်းသွားတာ အံ့ရော ”

သူတို့အားလုံး စားပွဲပေါ်မှ စာအုပ်မီးလောင်ကျွမ်းပုံကို ဝေဖန်ပြောဆိုနေစဉ် ကြိုးတန်းမှချိတ်ထားသော အကျီင်္င်္တစ်ထည်ကိုမီးလောင် သွားသည်ကို တွေ့
လိုက်ရပြန်သည် ။

“ကဲ…ဟေ့…ထူးတော့ အတော်ထူးနေတယ်။လောင်ပုံလောင်နည်းကလည်း အရမ်းမြန်တယ်။ ငရဲမီးလောင်တဲ့အတိုင်းပဲ ဟုတ်ခနဲ့ ထလောင်ပြီး…ချက်ချင်းပင်ပြန်ငြိမ်းသွားပြန်တယ် ။ အနီးက ပစ္စည်းကိုလဲ ကူးစက်မလောင်ကျွမ်းပဲ ဟိုနား တစ်စု ဒီနားတစ်စု လျှောက်လောင်နေတ
ယ် ။မီးလောင်ခံရတဲ့ပစွည်းမှာ အကွင်းလိုက် မီးကျွမ်းတဲ့နေရာတွေ့ရတယ်။ တစ်ချို့ပစွည်းတွေကိုတော့ ပြာကျတဲ့အထိ လောင်သွားတယ် ။

ဒီထူးဆန်းတဲ့ဖြစ်ရပ်က…တစ်ယောက်စကား တစ်ယောက်ကြားဖြင့်ဒေါ်တင်ရီအိမ်တွင် လူများတရုတ်ရုတ်ဖြစ်လာကာ ကိုယ်ထင်ရာကို တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုကြရင်း တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ကာလ၌ ဆူညံပွက်လော ရိုက်သွားတော့သည် ။

ဒါ…… လူကြီးတွေ ပြောနေတဲ့ လောင်မီးကြတယ်ဆိုတာများလား ။ ပုဏ္ဏက တိုက်တာလဲ ဖြစ်
နိုင်တာပဲ ”

” ဘုရား…… ဘုရား… ဘာကြောင့်များမီးလောင်နေပါလိမ့် ငါတို့အိမ်သား…တစ်ယောက်ယောက်ကများ မမြင်အပ်တဲ့ ပုဂ္ဂိုတွေ
မကြိုက်တဲ့ အမှားတစ်ခုခုများ လုပ်မိခဲ့လို့လား။ဒေါ်မြရီနဲ့သူ့ခင်ပွန်းဦးဝင်းအောင်တို့ဘယ်လိုမှ မစဉ်းစားတတ်ချေ။ မျက်
စိအောက်မှာပင် မီးသုံးလေးကြိမ် ဆက်တိုက်လောင်သွားခဲ့သည် ။

ကျွန်မတို့လဲမစဉ်းစားတတ်တော့ဘူး ။ ဒီမီးလောင်တာက ရိုးရိုးမှဟုတ်ရဲ့လား။ဆရာကောင်း သမားကောင်းတွေစုံစမ်းပြီး ပယောဂလား …စုန်းတိုက် နတ်တိုက်
တာလားမေးကြည့်ကြရင်ကောင်းမယ်…

ထိုတစ်ညတည်းပင် ဆယ်ကြိမ်ခန့်မီးလောင်ကျွမ်းခဲ့ရာ မည်သူမျှအိမ်ထဲတွင် မနေရဲကြတော့ပဲ ခြံထဲတွင်သာစကားပြောဆိုကြရင်း စောင့်ကြည့်နေခဲ့ကြသည် ။စဉ်းစားရ တော်တော်
ခက်တယ်။ သိုဖြစ်၍ ထိုမီးလောင်မူ့ကို ထိုညက အဖြေရှာ မရဘဲ နောက်နေ့သို့ ကူးခဲ့သည်။

ထိုနေ့မနက်ပိုင်းတွင်လည်း မီးအကြိမ်နှစ်ဆယ်နီးပါးခန့် လောင်ကျွမ်းခဲ့ပေသည်။နေ့လည်ပိုင်းလောက်တွင်မူ ရပ်ကွပ်အတွင်းရှိ့ လူတစ်ချို့၏ ကူညီမူ့ကြောင့် ပထမံ ဆရာလှ ဆိုသူသကို
အိမ်သို့ ပင့်နိုင်ခဲ့သည်။ဆရာအသက်
ခြောက်ဆယ်ကျော်ခန့်ရှိ့မည်ဟု ခန့်မှန်းမိလိုက်သည်။
မိမိတို့ အခက်အခဲ ကိုဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ဒေါ်တင်ရီ ထစ်ထစ်ချ ယုံကြည်လိုက်သည် ။

ဆရာကြီးအိမ်ပေါ်ရောက်သည်နှင့် အိမ်အနှံ့ အကဲခတ် ကြည့်လိုက်ပြီး ဘာမှမဆိုသေးပဲ ဘုရားကိုဦးချကန်တော့လိုက်သည်။

ထိုနောက်ဆရာကြီးက စကားစလာသည် ။စုန်းတိုက် … နတ်တိုက်တာလဲ မဟုတ်ဘူး။
အမှောင့် ပယောဂလည်း မဟုတ်ဘူး။ အခုဖြစ်နေတာက ဒီအိမ်က အိမ်ရှင်ယောကျာင်္နဲ့သက်ဆိုင်နေတယ်။

“ဗျာ…ကျွန်တော်နဲ့သက်ဆိုင်နေတယ် ဟုတ်လား ဆရာကြီး”

“ဟုတ်တယ် နမည်ဘယ်လိုခေါ်လဲ ”

“ဝင်းအောင်ပါ ဆရာကြီး ………

” မောင်ဝင်းအောင် အခုရက်ပိုင်းအတွင်းအမှားတစ်ခုလုပ်ခဲ့တယ်တဲ့”

“ဗျာ…ကျွန်တာ် ဘာမှမလုပ်မိပါလား ဆရာကြီး…ဘယ်လိုကြောင့်များလဲ…”

ထိုစဉ်အတွင်း လာရောက်နားထောင်နေသူ အတွင်းမှ အမျိုး သမီးတစ်ယောက် ရုတ်တရက် ……ဟီ…
ဟီး……ဟီ…… ဝုန်း…ဝုန်း……ဝုန်း… ငိုသလို ညည်းသလို အသံပြုပြီး ကိုယ် ခန္တာ တုန်တုန်ရီရီ ဖြစ်လာကာ လက်နှစ်ဖက် လက်သီးဆုပ်၍ ထခုန်
တော့သည။်အနီးရှိ့လူများရုတ်တရက် လန့်သွားကြသလို…ကြောက်လှန့်တကြား နောက်သိုရှဲသွားကြကုန်သည် ။

ထိုအချိန်တွင် ကဲ……ကဲ…… အကျိုးအကြောင်းသိရအောင်
ထိုင်ပြီးပြောပြစေချင်ပါတယ်။သို့ကလို ဆရာကြီးက ပြောလိုက်သည်နှင့် ဝုန်းခနဲမြည်အောင်ပစ်ထိုင်ချလိုက်သည်။

ခနနေတော့ ဆရာကြီးက စတင်မေးတော့သည်။အိမ်ထဲက ပစ္စည်းတွေဘာကြောင့်မီးလောင်အောင်ပြုနေရတာလဲ ရှင်း
ပြပါ ။

“မကျေနပ်လို့ကွ ………မကျေနပ်လို…”

“အသင်က……ဘယ်သူလဲ…ဘာကြောင့်မ
ကျေနပ်တာလဲ ”

“ဝင်းအောင် အလုပ်လုပ်နေတဲ့ ဘုရားဝင်းထဲမှာစောင့်နေတဲ့ နတ်ဘီလူး ပါ ”
နတ်ဘီလူးဆိုသည်နှင့် ဦးဝင်းအောင်အပါအဝင်အားလုံးမျက်လုံးပြူးသွားကြသည်။

” ဘယ်လိုကြောင့် မကျေမနပ်ဖြစ်နေရတယ်
ဆိုတာ ပြောပြပေးပါ ”

” စောင်းတန်းနားက ပြိုကြနေတဲ့ ကျုပ်ရဲ့အုတ်တိုက်ပြသာဒ်လေးကို ဖြိုပြီးရှင်းပြစ်လိုက်တယ်။ကျုပ်ရဲ့ ကိုယ်စား ရုပ်ထုကိုလည်း
အုတ်ကျိုး အုတ်ပဲ့တွေပုံထားတဲ့ အပုံထဲပစ်ထည့်ထားလိုက်တယ်။ဒါကို မကျေနပ်လို့”

” ဒီကိစ္စ …မသိရိုးအမှန်ပါ။တကယ်ပဲ
အစောင့်ရှိ့တာမှန်ရင် ဆရာတော်ကို ပြန်လျှောက်ပေးပါမယ်။နတ်ဘီလူးရဲ့ အဆောင်ပြသာဒ်ကို ကျွန်တော်တာဝန်ယူပြီး ပြန်ဆောက်
ထားပေးပါမယ်…ဖြစ်ပျက်ပြီးသမျှ ခွင့်လွှတ်ပေးပါ။အုတ်တိုက် ပြသာဒ်ကလည်း ပျက်စီးနေတာကြာပြီ ဆိုတော့ ဆရာတော်ကလည်း အစောင့်ရှိ့မှန်းမသိလို့ ဖြစ်ပါလိမ့်
မယ် ။ကဲ……အသင်ဘီလူးမင်း ကျေနပ်လိုက်ပါ။အသင်နတ်ဘီလူးမင်း
အတွက် ပြသာဒ်တစ်ဆောင် ဆောက်ပေးဖို့ကတိပေးတဲ့ အတွက် လောင်မီးလက်နက်နဲ့ခြိမ်းခြောက်တာတွေ မလုပ်ပါနဲ့တော့…

” ကောင်းပြီလေ ………ကျုပ်အတွက် ရည်စူးပြီး ဝင်းအောင်မိသားစုက အုန်း ငှက်ပျောတစ်ပွဲ
သစ်သီးကိုးမျိုး ပန်းပွင့် ကိုးပွင့် ဆီမီးကိုးတိုင်ဘုရားမှာသွားပြီး လှူပေးပါ။

” ဘယ်ဘုရားမှာ လှူပေးရမလဲ…

“ကျုပ်စောင့်နေတဲ့ဘုရားမှာ……

“…သိပါပြီ… ပြောတဲ့အတိုင်း လုပ်ပေးပါမယ် ”

သို့ကလို မှာစရာရှိ့တာ မှာပြီးသည်နှင့် ထိုအမျိုး သမီးတစ်ကိုယ်လုံး တုန်ယင်လာပြီး
မကြာခင် ငြိမ်သွားသည်။ဝင်ပူး ကပ်နေ
သော ဘီလူးလဲ ထွက်သွားတော့သည်။

‘”ကဲ……ကဲ……အားလုံးကြားကြတဲ့အတိုင်းပဲ။
စိုးရိမ်စရာတော့မရှိ့တော့ပါဘူး။ ကတိပေးထားတဲ့အတိုင်း မနက်ဖြန် ပွဲသွားလှူလိုက်ကြ အားလုံးအဆင်ပြေသွားလိမ့်မယ်။ဆရာကြီးလဲ ကိစ္စပြီပြီမို့ ပြန်တော့မယ်။ဆရာကြီးလဲ ဘုရားကိုဦးချပြီး ပြန်သွားတော့သည်။
ပြသနာ အရင်းခံကို သိသွားကြပြီမို့ အားလုံးစိတ်ချမ်းသာသွားကြတော့သည်။

ထိုသို့ဖြစ်ပွားပြီးနောက် တစ်ပတ်ခန့်ကြာသော် အခါတန်ဆောင်းအသစ်လေးနဲ့ အတူ ဘီလူးရုပ်လေးကိုဆေးကြော သန့်စင်ကာ ဆေးရောင်ခြယ်ပြီး
အုတ်တိုက် ပြသာဒ် အသစ်လေးနဲ့ ထားပေးလိုက်တော့သည်။

ထိုအချိန်မှ စ၍ ကိုဝင်းအောင်တို့ အိမ်လည်း လောင်မီးကျခြင်းမှ ကင်းဝေးချမ်းသာ ရခဲ့လေတော့သည် ။

လူ့ဘုံဌာန လူလောကကြီးထဲမှာ…ပရလောကသား.…နာနာဘာဝ…တစ္ဆေသရဲတွေကြောင့်ပြဲဖြစ်ဖြစ်…

ထူခြားဆန်းကြယ်တဲ့ ပညာရပ်တွေကြောင့်ပဲဖြစ်ဖြစ်…မယုံနိုင်စ အဖြစ်အပျက်တွေ…အံ့မခန်း အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး…

ပစ္စုပ္ပါန်မှာလည်း ဖြစ်နေဆဲ…နောင်အနာဂတ်မှာလဲ ဆက်လက်ဖြစ်ပွားဦးမှာ အသေအချာပဲ ဖြစ်ပါတော့တယ် ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )