Unicode Version
ဝိညာဉ်ညီးသံ(စ/ဆုံး)
————————
“အင်း-ဟင်း-ဟင်း”
ညည်းညူသံတစ်ခုကို ကျွန်မ ကြားလိုက်ရ ပါတယ်။ ကျွန်မကြက်သီးမွေးညင်းတွေဖြန်းခနဲ နေအောင် ဖြစ်သွားတယ်။ ကျွန်မ ဘေးကနေ မိန်းမတစ်ယောက်
ဆံပင်ဖားလျားနဲ့ လျှောက် သွားတာ ရုတ်တရက်တွေ့လိုက်ရသလိုပဲ။ ကျွန်မကြောက်လိုက်တာ၊ မောင်ကလည်း ဒီနေ့ ကျမှ ဂျူတီရှိတယ်လေ။ အိမ်မှာ ကျွန်မ တစ် ယောက်တည်းပေါ့။ တစ်ယောက်တည်း ဖြစ်နေ
လို့ပဲစိတ်ချောက်ချားတာလား။ မောင်ရှိတဲ့ ရက် တွေမှာတော့ ဒါမျိုး မကြုံဖူးပါဘူး။ ကျွန်မလည်း ဧည့်ခန်းထဲကနေ အိပ်ခန်းထဲသို့အမြန်ပြေးသွား ခဲ့ပါတယ်။ စောင်ခေါင်းမြီးခြုံပြီး ဘုရားစာတွေ
တတွတ်တွတ်ရွတ်ရင်းအိပ်ပျော်သွားခဲ့ပါတယ်။ အိပ်ပျော်နေရင်းရုတ်တရက် ကျွန်မ လန့်နိုးသွားတယ်။ တစ်လောကလုံး အိပ်မောကျလို့ နေပါပြီ။ ကျွန်မ ကတော့ တစ်ရေးနိုးပေါ့လေ။ အဲဒီအချိန်မှာပဲ ခြေသံတွေ တရှပ်ရှပ်နဲ့ ကြား နေရတယ်။ကျွန်မခုတင်ဘေးမှာမိန်းမတစ်ယောက်လမ်းလျှောက်နေတယ်။
သူမကအိပ်ခန်းထဲကိုလိုက်လာတာလား။ ကျွန်မကြောက်လွန်းလို့ာချွေး တွေတောင် ပြန်နေ ပြီ။ ဘုရားဂုဏ်တော်တွေကို ရွတ်လိုက်တော့မှ ခြေသံ မကြားရတော့သလို သူမကိုလည်း မတွေ့ရတော့ပါဘူး။ ဘုရားရဲ့ကျေးဇူး ကြောင့် နာနာဘာဝတွေ ကျွန်မအနားမနေနိုင်တော့ဘူးလေ။ ကျွန်မလည်း မြတ်စွာဘုရားကိုအာရုံပြုရင်း သရဏဂုံပွားများပြီး တစ်ညတာ ဖြတ်သန်းလို့ လာခဲ့ရပါတယ်။
နောက်တစ်နေ့ မောင် ပြန်လာတော့ မနေ့ညက အဖြစ်အပျက်တွေ မောင့်ကိုကျွန်မ ပြောပြမိတယ်။ မောင်က မေတ္တသုတ်ရွတ်ဖို့နဲ့ အမျှအတန်း ပေးဝေဖို့ပြောပါတယ်။ ဒါပေမဲ့ – မောင် အိမ်မှာမရှိတဲ့အချိန်တွေကကျွန်မရဲ့ ချောက်ချားစရာ အချိန်တွေပါ။ ဆံပင်ဖားလျားနဲ့ အိမ်ထဲမှာ လျှောက်သွား နေတဲ့မိန်းမကိုပဲ ကျွန်မ မြင်နေရတယ်။ သူမရဲ့စူးရှတဲ့အကြည့်တွေနဲ့ မချိ တင်ကဲ ပြုံးတဲ့အပြုံးတွေက ကျွန်မအတွက် လိပ်ပြာလွင့်စဉ်မတတ်ပါပဲ။ အချိန်တိုင်းလိုလိုပဲ ကျွန်မအနောက်ကနေတစ်ကောက်ကောက်လျှောက် လိုက်နေသလိုပဲ။ တစ်ခါတလေမှာ ထောင့်တစ်နေရာက သူမက ကျွန်မကို ထိုင်ကြည့်နေသလိုပါပဲ။ ကျွန်မတော့ ရူးတော့မှာပဲ။
ကျွန်မလည်း စိတ်တိုလာပြီး“အိမ်မှာ နေချင်ရင်နေနော်။ ငါ့ကိုတော့ လန့်အောင်မလုပ်နဲ့။ အနှောင့်အယှက်မပေးနဲ့”လို့ကျွန်မပြောလိုက်မိတယ်။ အဲဒီလိုပြောလိုက်တဲ့အချိန်မှာ ဖျန်းခနဲနေအောင် ကြက်သီးမွေးညင်းတွေ ထသွားလိုက်တာ အသက်ရှူရပ်ပြီလားတောင် မှတ်ရပါတယ်ရှင်။ ကျွန်မ ပြောပြီးမှ မှားသွားပြီလား မသိဘူး။
“အို-ထားလိုက်ပါတော့။ သူမကိုမနှောင့်ယှက်ဖို့ပြောထားတာပဲလေ။ ဘာမှ ဖြစ်မယ်မထင်ပါဘူး”
ကျွန်မလည်း တစ်ယောက်တည်းပြောပြီး ညနေဈေးသွားဖို့ ထွက်လာ ခဲ့ပါတယ်။ နောက်နေ့ကျရင် မောင်နှင့်ကျွန်မ ထမင်းချိုင့်ထည့်ဖို့အတွက် ညနေကတည်းကကြိုဝယ်ထားတာလေ။ မောင်က ဆိတ်သားနဲ့ပဲဟင်း ချက် တဲ့ဟင်း အရမ်းကြိုက်တာ။ ကျွန်မလည်း ကြိုက်တယ်လေ။ အကြိုက်ချင်း တူတဲ့ ကျွန်မတို့နှစ်ယောက်အတွက် အဆင်ပြေတာပေါ့။
“ဟယ် – မောင်ပြန်ရောက်နေပြီ။ မ ဈေးသွားနေတာ၊ မောင်ကြိုက်တဲ့ ဆိတ်သားနဲ့ပဲ ချက်မလို့လေ”
“ဟုတ်လား- ကောင်းတာပေါ့။ အလိုက်သိ၊ အကြိုက်သိတဲ့မကိုမောင်က ချစ်နေရတာ”
မောင်ရဲ့ချစ်စကားများကြား၍အမောပြေသွားတဲ့ကျွန်မ အရာအားလုံး ကို မေ့သွားသလိုပါပဲ။ ကျွန်မလည်း အသားတွေ ရေဆေး၊ ဘူးထဲထည့်ပြီး ရေခဲသေတ္တာအတွင်းသို့ ထည့်ထားလိုက်ပါတယ်။ မောင်နဲ့ကျွန်မ ညစာ စားကြတဲ့အချိန် ထမင်းဝိုင်းရဲ့ ခပ်လှမ်းလှမ်းမှာထိုင်ကြည့်နေတဲ့ သူမကို ကျွန်မ ရုတ်တရက်တွေ့လိုက်ရတယ်။ ကျွန်မလန့်ပြီး“ဟင်”ဟုအာမေဍိတ် ထွက်ပြီး မျက်လုံးပြူးသွားတဲ့အမူအရာကို မောင်က တွေ့လိုက်ပါတယ်။ “ဘာဖြစ်တာလဲ”
မောင်က ကျွန်မ လှမ်းကြည့်မိတဲ့နေရာကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူမ အိမ်ပေါ်က ဆင်းသွားတာ ကျွန်မ တွေ့လိုက်တယ်။ “ဘာလဲကွာ-မကလည်း ထမင်းစားနေတာ ဟိုကြည့်ဒီကြည့်နဲ့” မောင် ပြောတာ နားထောင်ရင်း ကျွန်မ စိတ်တွေလွင့်ဝေနေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ အသက်ရှူကြပ်သလို
ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။ အသံရှင်ကိုတော့ မတွေ့လိုက်ဘူး။ ဘယ်သူများ လာပြောတာလဲမသိဘူး။
ထိုအချိန်မှာပဲ နာရီနှိုးစက်သံကြား၍ လန့်နိုးခဲ့ပါတယ်။ “ဟင်း”ကျွန်မ အိပ်မက်တွေ မက်နေတာပဲ။ ကျွန်မလည်း မောပန်းစွာနဲ့ သက်ပြင်းချရင်း အိပ်ခန်းထဲမှာ မီးဖိုခန်းဆီကို လျှောက်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာ အရိပ် တစ်ခုလှစ်ခနဲတွေ့လိုက်ရတယ်။ ပြတင်းပေါက်မှလေနုအေးတစ်ချက်တိုက် လိုက်တာ ကျွန်မရဲ့ အသွေးအသားကို စိမ့်ခနဲဖြစ်သွားပါတယ်။ ကြောက် စိတ်တွေ ဝင်မလာအောင် တားဆီးရင်း ထမင်းဟင်းချက်ဖို့အတွက် ကျွန်မ ပြင်ဆင်နေရပါတယ်။ အသားလှီးနေတဲ့အချိန်မှာ ကျွန်မ ဘေးက တစ် ယောက်ယောက် ထိုင်ကြည့်နေသလို ခံစားနေရတယ်။ ကျွန်မလည်း အား တင်းပြီး အသားတွေလှီးနေတာ လက်တွေတုန်ပြီး လှီးလို့မရဖြစ်နေတယ်။ စူးရှတဲ့မျက်လုံးတွေနဲ့ ကျွန်မကိုကြည့်နေတဲ့ သူမကိုမြင်လိုက်ရတယ်ဆိုရင်ပဲ “မောင်ရေ- လာပါဦး၊ ကျွန်မ ကြောက်တယ်” မောင်လည်း ကျွန်မ အော်သံ ကြောင့် အနားရောက်လာပါတယ်။
“ဘာဖြစ်တာလဲ – မရဲ့၊ လန့်လိုက်တာကွာ”
ချွေးတွေပြန်နေတဲ့ကျွန်မကိုမောင်ကချွေးသုတ်ရင်းပြောနေပါတယ်။
ကျွန်မလည်း ဖြစ်ကြောင်းကုန်စင် မောင့်ကို ပြောပြလိုက်ပါတယ်။ “ဟာ – ဒုက္ခပါပဲ မရယ်။ မောင် အနားမှာ ဘုရားစာရွတ်ပေးနေမယ်” ကျွန်မလည်း ချက်စရာရှိသည်များ ချက်ပြုတ်နေလိုက်ပါတယ်။ မောင် ကလည်း အနားမှာ ဘုရားဂုဏ်တော်တွေ ရွတ်ပေးနေတော့ ကျွန်မလည်း ကြောက်စိတ်တွေ ပြေသွားပါတယ်။
နံနက်မိုးလင်းတော့ မောင် ရုံးသွားပြီးကျွန်မလည်း ကျွန်မရဲ့ရုံးကို သွား ခဲ့ပါတယ်။ ရုံးမှာလည်း အသုဘသတင်းတစ်ခု ကြားရပြန်တယ်။
ကျွန်မတို့ ဌာနက လူတစ်ယောက် ဆုံးသွားတယ်လေ။ သူနဲ့ ကျွန်မက အရမ်းခင်ကြ တာပေါ့။ သူကလည်း လှန့်တာဝါသနာပါတဲ့သူလေ။ ရုံးခန်းထဲမှာ သူ အရင် ရောက်နေရင် တံခါးနောက်ကနေ ဝါးခနဲလှန့်တတ်တဲ့အကျင့်ရှိသူပေါ့။ ကျွန်မကလည်း သူရဲ့အမိန့်ပြန်စာကို လက်နှိပ်စက်ရိုက်ရတယ်။ လက်နှိပ် စက်ရိုက်တဲ့အခန်းမှာ ကျွန်မတစ်ယောက်တည်း စာရိုက်နေတဲ့အချိန် အနား မှာ တစ်ယောက်ယောက်က ဝါးခနဲလှန့်လိုက်သံကို ကျွန်မ ကြားလိုက်ရ တယ်။ ကျွန်မလည်း ကြက်သီးမွေးညင်းတွေထ၊ ချွေးသီးချွေးပေါက်တွေ ကျပြီး လန့်ဖျပ်စွာဖြင့် ရုံးခန်းဆီသို့ အမြန်ပြေးခဲ့မိတယ်။ အမောတကော ဖြင့် ပြေးလာတဲ့ကျွန်မကို အားလုံးကလည်း အကြောင်သားဖြင့် ကြည့်နေ ကြတယ်။ ကျွန်မလည်းလက်ဖျားတွေအေးစက်ပြီးမောနေပါတယ်။ နောက် တော့မှ အားလုံးလည်း ပျာယီးပျာယာ ဖြစ်ကုန်ကြတယ်။
“ဟယ် – ခင်မမ၊ ဘာဖြစ်တာလဲ – ကြည့်စမ်းပါဦး။ လက်ဖျားတွေလည်း အေးစက်နေတာပဲ။ ရေတိုက်ကြပါဦး”
ကျွန်မလည်း ရေသောက်ပြီး စိတ်ငြိမ်သွားတော့မှ ဖြစ်ပုံတွေ ပြောပြ နေမိတယ်။ အားလုံးကလည်း အာမေဍိတ်များစွာဖြင့် တစ်ယောက်တစ် ပေါက်ပြောဆိုနေကြပါတယ်။ ကျွန်မလည်း ဒီနေ့တစ်နေ့လုံးစိတ်ပင်ပန်းစွာ ဖြင့် ရုံးတက်ခဲ့ရပါတယ်။
ညနေရုံးမှပြန်လာပြီး အိမ်ရှေ့ရောက်တော့ကျွန်မခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ အိမ်ထဲဝင်ရမှာ ကျွန်မ ကြောက်နေတယ်။ ဒါပေမဲ့လည်း ကျွန်မအိပ်ပဲလေ၊ ဝင်ရတော့မှာပေါ့။“ဟင်း” သက်ပြင်းရှည်ကြီးကိုလေးပင် စွာချရင်း ကျွန်မ ထိုင်ခုံမှာ ခြေပစ်လက်ပစ် ထိုင်မိပါတယ်။ ခဏအကြာမှာ မောင် ပြန်ရောက်လာတယ်။
“မရေ – မောင် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်။ အိမ်မှာ မတစ်ယောက် တည်း ထားခဲ့ရမှာလည်း စိတ်မချဘူး”
မောင်က ကျွန်မကို စိတ်မချသော စိုးရိမ်သောအမူအရာများဖြင့် အား ပေးစကားများ ဆိုလျက်ရှိပါတယ်။ ကျွန်မလည်း မောင့်ရဲ့အားပေးစကားများ နားထောင်ရင်း အတွေးတွေလည်း နယ်လွန်လျက်ပေါ့ရှင်။
မောင် အလုပ်ကိစ္စဖြင့် ခရီးထွက်နေသောကြောင့် အိမ်မှာ ကျွန်မ တစ် ယောက်တည်း ဖြစ်နေတာပေါ့။ နေဝင်မှာကို ကျွန်မ ကြောက်နေတယ်။ ညရောက်မှာကိုလည်း ကြောက်နေမိတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီး ညအချိန်သို့ ရောက်ခဲ့ပြန်ပြီပေါ့။ “အင်း-ဟင်း-ဟင်း”
ညည်းညူသံတွေ ကြားနေရပြန်ပြီ။ ကျွန်မ ကြောက်လိုက်တာ၊ ဒီည တစ်ညလုံး ကျွန်မ အိပ်ပျော်ပါ့မလား။ မိုးမြန်မြန်လင်းပါစေလို့ ကျွန်မ ဆုတောင်းနေမိတယ်။ ကျွန်မလည်း အိပ်ပျော်သလိုမပျော်သလိုနဲ့ ဇောချွေး များ ပြန်လျက်ရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်မကို စကားတွေ လာပြောနေသလိုပဲ။ ဒါပေမဲ့ – စကားလုံးတွေကို ပီသစွာမကြားရဘူး။ ကျွန်မမျက်လုံးထဲမှာလည်း ကားတိုက်မှုမြင်ကွင်း၊ အိမ်ထဲမှာလျှောက်သွား နေတဲ့ ဝိညာဉ်တစ်ခု၊ ရုံးမှာ နေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအား လုံးကို ပြန်မြင်ယောင်နေမိတယ်။“အင်း-ဟင်း-ဟင်း” ညည်းညူသံတွေ ကလည်း အဆက်မပြတ်ကြားနေရပြန်တယ်။ ကျွန်မ နားကို လက်ဝါးဖြင့် ပိတ်ထားပေမယ့်လည်း ကြားနေရသေးတယ်။ အိပ်ရာပေါ်မှာလူးလွန့်နေတဲ့ ကျွန်မ အရူးတစ်ယောက်လိုပါပဲ။ ကျွန်မ အိပ်မက်တွေ မက်ပြန်ပြီ။ ဟိုအရင် နေ့ကမက်တဲ့ လမ်းဆုံက ကားတိုက်မှုကို ပြန်မက်နေတယ်။ ကျွန်မနဲ့ ဘာ ပတ်သက်လို့ တူညီတဲ့ အိပ်မက်တွေပဲ မက်နေရတာလဲ။ ကျွန်မ ရင်တွေ တလှပ်လှပ်နဲ့ အသက်ရှူရကြပ်နေသလိုပဲ။ “ကယ်ကြပါဦး- ကယ်ပါဦး” ကျွန်မကို ကယ်မယ့်သူမရှိဖြစ်နေတယ်။ “မောင်ရေ-ကယ်ပါဦး” ကျွန်မ မောင့်ကို တမ်းတမိတယ်။ မောင် အနားမှာမရှိတာ အားငယ်လိုက်တာ။ ကျွန်မ ငိုချင်လာပြီ။ ဝမ်းနည်းသလို ခံစားရတယ်။ ကျွန်မ ပင်ပန်းစွာနဲ့ ည အချိန်ကို ဖြတ်သန်းနေရပါတယ်။
ထိုအချိန်မှာ ကျွန်မ မြတ်စွာဘုရားကို သတိရလိုက်တယ်။ ဘုရားဂုဏ် တော်တွေပွားများနေလိုက်တော့မှကျွန်မရဲ့စိတ်တွေငြိမ်သက်သွားပါတယ်။ ဘုရားနဲ့ ဂုဏ်တော်ကျေးဇူးတွေကြောင့် ကျွန်မ ငြိမ်းချမ်းစွာ အိပ်ပျော်ခဲ့ရ တယ်။
ဒီလိုနဲ့ပဲ တစ်ညတာကုန်ဆုံး၍ နံနက်မိုးသောက်ခဲ့ပြန်ပါပြီ။ ရုံးရောက် တော့ ကျွန်မ၏ သူငယ်ချင်းအား ညက အဖြစ်များကို ပြောပြမိနေပါတယ်။
“အင်း – ခင်မမရေ၊ ရှင် ပြောပုံအရဆိုရင်တော့ ရှင် ကံနိမ့်နေတာထင် တယ်။ မကောင်းတဲ့အိပ်မက်တွေ မက်နေတာ ရှင့်အတွက်မကောင်းဘူး။ ဘုရားသွားပြီး ကောင်းမှုကုသိုလ်သွားလုပ်ဦး။ တစ်ယောက်တည်းဆိုတော့ စုလာအိပ်ပေးရမလား”
“ရပါတယ် – စုရယ်၊ စုကို အားနာပါတယ်”
တစ်နေ့တာကုန်ဆုံး၍ရုံးဆင်းပြီးကျွန်မအိမ်ပြန်လာခဲ့ပါတယ်။ လေးလံ
သော ခြေလှမ်းများဖြင့်ပေါ့ရှင်။ အိမ်ရောက်တော့ အိမ်ထဲမဝင်ချင်သေးတာ နဲ့ အိမ်ရှေ့အုတ်ခုံလေးပေါ်ထိုင်နေလိုက်ပါတယ်။ ထိုအချိန် အိမ်နီးနားချင်း အစ်မက ကျွန်မအား နှုတ်ဆက်ပါတယ်။
“ရုံးက ပြန်လာပြီလား – ညီမ” “ဟုတ်ကဲ့”
အဲဒီအစ်မက ကျွန်မအနား လာထိုင်ပါတယ်။ ကျွန်မတို့လည်း ဟို အကြောင်း ဒီအကြောင်းတွေပြောကြရင်း မြို့သစ်တည်သည့်အကြောင်း ရောက်သွားပါတယ်။ ယခုဆိုရင် မြို့သစ်တွေ အများကြီးပေါ်ထွက်လာပြီး စည်ကားလျက်ရှိကြောင်းတွေပေါ့ရှင်။ ကျွန်မတို့နေသည့် မြို့ကလည်း မြို့ သစ်များထဲမှတစ်ခုအပါအဝင်ပေါ့။ မြို့စတည်စဉ်ကလမ်းတွေဖောက်တဲ့အခါ လမ်းဆုံတစ်ခုမှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ အဲဒီလမ်းဆုံကကျွန်မတို့အိမ်ရှေ့ ပဲပေါ့။ အဲဒီမှာ လမ်းအလုပ်သမားတွေ သေဆုံးခဲ့ကြတယ်။ ဒါဆိုရင် သူတို့ တွေများ မကျွတ်မလွတ်ဘဲ ရှိနေကြတာလား။ ကျွန်မ အိမ်ထဲရောက်နေတဲ့ သူမကရော အဲဒီထဲက တစ်ယောက်ယောက်များလား။ တကယ်တမ်းကျ တော့ သူတို့တွေက သနားစရာကောင်းပါတယ်။ လမ်းဆုံမှာ ကားတိုက်မှု ဖြစ်ခဲ့တယ်ဆိုတော့ အိပ်မက်ထဲက ကားတိုက်တဲ့မြင်ကွင်းက ဒါများလား။
ညညဆိုရင် ညည်းသံတွေကြားနေရတာ ကားတိုက်ခံရသူတွေရဲ့ညည်းသံ တွေလား။ အိမ်ထဲမှာမြင်နေရတဲ့ ဆံပင်ဖားလျားနဲ့ မိန်းမကရော ဘယ်သူလဲ။
ဒီညမှာလည်းကျွန်မတစ်ယောက်တည်း ချောက်ချားလျက်ရှိပါတယ်။ ညနေက အိမ်နားက အစ်မနှင့် ပြောခဲ့သည်များကို ပြန်ကြားယောင်၍ စိတ် မတည်ငြိမ်ဖြစ်နေတယ်။ တစ္ဆေတွေ၊ ဝိညာဉ်တွေက ကြောက်တတ်ရင် ပိုခြောက်တယ်လို့ ကြားဖူးတယ်။ ကျွန်မ ကြောက်နေလို့ ပိုခြောက်နေတာ များလား။ ထိုအချိန်မှာပဲ ကျွန်မရဲ့မျက်လုံးအစုံကပြတင်းပေါက်မှလိုက်ကာ များဆီသို့ရောက်ရှိသွားပါတယ်။ ပြတင်းမှ လိုက်ကာများလှုပ်ယမ်းနေပုံမှာ ဝိညာဉ်တွေ၊ တစ္ဆေတွေက က,ခုန်နေသယောင်ပေါ့။ ကျွန်မရဲ့အကြည့်တွေ ကိုဖယ်လိုက်ပြီး ဘုရားခန်းထဲသို့ ဝင်လာခဲ့ပါတယ်။ ဘုရားရှိခိုးနေတဲ့အချိန် မှာ အိမ်အပြင်ဘက်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။ ပြတင်းပေါက် ကနေ လှမ်းကြည့်နေသလို ဆံပင်ဖားလျားနဲ့ မိန်းမတစ်ယောက်ရဲ့အရိပ်ကို လှစ်ခနဲ၊ မိန်းမတစ်ယောက်ရဲ့အရိပ်ကို လှစ်ခနဲမြင်လိုက်ရတယ်။ ကျွန်မ ကြောက်စိတ်တွေ ဝင်သွားပေမယ့် ဘုရားဂုဏ်တော်ပွားများနေတဲ့အချိန်မို့ အန္တရာယ်အပေါင်းမှ ကင်းလွတ်နေတယ်လို့ ခံစားရတယ်။ သူတို့အတွက် တော့ကောင်းမှုကုသိုလ်တစ်ခုခုတော့လုပ်ပေးရမယ်ဟု တွေးနေမိပါတယ် ရှင်။ မောင် ပြန်လာရင်ပြောပြပြီး သံဃာတွေပင့်ပြီး အလှူလုပ်ရမည်ဟု ဆုံးဖြတ်လိုက်ပါတော့တယ်။ အိမ်တက်အလှူလုပ်ဖို့တော့ စီစဉ်ထားတာ ရှိပါတယ်။ ငွေစုထားတာ နည်းနေသေးတဲ့အတွက် မလုပ်ဖြစ်သေးတာပါ။ ကျွန်မက သံဃာတွေကို နေ့ဆွမ်းကပ်ချင်တာ။ ဧည့်သည်တွေကိုလည်း ထမင်း၊ ဟင်း ကျွေးချင်တာလေ။ ဒါကြောင့် အလှူအတွက် ငွေများများ ရအောင် စုနေတာပေါ့ရှင်။
ကျွန်မလည်း အတွေးများဖြင့် အိပ်ပျော်သွားခဲ့တာ မိုးလင်းမှပဲ အိပ်ရာ နိုးတော့တယ်။ ဒီတစ်ညမှာတော့ ကျွန်မ နှစ်ခြိုက်စွာ အိပ်ခွင့်ရခဲ့တာပဲ။ အရင်ရက်တွေကလို အိပ်မက်ဆိုးတွေလည်း မမက်၊ ညည်းသံတွေလည်း
မကြားရဘဲ အေးချမ်းစွာ အိပ်ခဲ့ရပါလား။ ကျွန်မ တွေးနေတုန်း အိမ်ရှေ့မှ ကားရပ်သံကြားရ၍ ထွက်ကြည့်လိုက်ရာ ဟင်ဘယ်သူမှ မရှိပါလား။
ကျွန်မ သေချာကြားလိုက်ပါတယ်။ ကားတစ်စီးရပ်လိုက်ပြီး လူတွေ ကားထဲက ဆင်းလာသလိုမျိုး ကျွန်မ သေသေချာချာကြီးကို ခံစားနေမိ တယ်။ ကျွန်မရဲ့အကြားအာရုံ၊ အမြင်အာရုံတွေ ချို့ယွင်းနေပြီလား။ စိတ် ပင်ပန်းစွာဖြင့် အရုပ်ကြိုးပြတ်သလို ကျွန်မ ထိုင်ချလိုက်မိပါတယ်။ ထို အချိန်မှာပဲ လေတစ်ချက်ဝှေ့လိုက်သလို ခံစားမိပြန်တယ်။ အပြင်မှာတော့ လေငြိမ်၍ သစ်ပင်တွေလည်း ငြိမ်သက်လျက်ပါပဲ။ ကျွန်မ – ရူးတော့မယ်နဲ့ တူတယ်။
ကျွန်မလည်း အချိန်ဘယ်လောက်ကြာအောင် တွေဝေခဲ့မှန်း မသိ တော့ပါဘူး။ ဧည့်ခန်းထဲမှာ အချိန်ကြာမြင့်စွာ ထိုင်နေခဲ့တာ ငူငူငိုင်ငိုင်ကြီး နဲ့လို့မောင်ပြောမှပဲကျွန်မ သိတော့တယ်။ ဆံပင်ဖားလျားနဲ့မျက်လုံးအသေ ကြီးနဲ့ တစ်နေရာကို စိုက်ကြည့်နေတဲ့ ကျွန်မကို မောင်တောင်မှပဲ မြင်မြင် ချင်းကြောက်သွားတယ်ဆိုပဲ။ မောင်က ဘုရားသောက်တော်ရေတွေယူပြီး ကျွန်မကို လောင်းချလိုက်တော့မှ ပုံမှန်ပြန်ဖြစ်သွားတယ်တဲ့။ “ခရီးက ပြန် ရောက်ချင်း စိတ်ပူလိုက်ရတာ”ဟု မောင်က စိုးရိမ်တကြီး ပြောနေပါတယ်။ “မောင် – ကျွန်မတို့အိမ်မှာ အိမ်တက်အလှူလုပ်ပြီး မကျွတ်သေးတဲ့ သူတွေကို အမျှပေးရအောင်နော်။ သူတို့အတွက်လည်း အလှူလုပ်ပေးရ မယ်”
“အေး – အဲဒါ အကောင်းဆုံးပဲ မရေ”
ဒီညမှာတော့ ကျွန်မ အိပ်ဆေးသောက်ပြီး အိပ်ခဲ့ရပါတယ်။ မောင် ပြန် ရောက်နေပြီဆိုတော့လည်း ကျွန်မ အားရှိတာပေါ့လေ။
“ဟင် – ဘုရားကျောင်းဆောင်ထဲက ဘုရားဆင်းတုတော်တွေ ဘယ် ရောက်သွားတာလဲ”
ထိုစဉ်ကျွန်မ သူငယ်ချင်းက –
“ခင်မမကလည်းကွယ်။ အလှူလုပ်မယ်လို့ ဘုရားတွေက အိမ်ရှေ့ခန်းကို ကြွနေပြီ”
ဟုတ်ပါရဲ့ရှင် – ဘုရားခန်းထံရှိဘုရားကျောင်းဆောင်ထဲမှ ဘုရားများက အိမ်ရှေ့ဧည့်ခန်းစားပွဲပေါ်မှာ ကြွရောက်နေကြပါပြီ။ ကျွန်မ သူငယ်ချင်းက လည်း ပန်း၊ ဆီမီး၊ သောက်တော်ရေတွေ ကပ်လို့နေပါတယ်။ ကျွန်မရဲ့ မျက်လုံးအစုံကလည်း အိမ်ရှေ့ဆီသို့ ရောက်သွားပါတယ်။
အိမ်ရှေ့လှေကားနားမှာဆိုက်စုံ၊ အရွယ်စုံ၊ လူကြီး၊ ကလေးနှင့် လူလတ် ပိုင်းတွေပါ ရောက်နေကြတာ ခြံထဲမှာ အပြည့်ပါပဲ။ ထိုအထဲမှ တစ်ယောက် ကကျွန်မအား”အလှူလုပ်မယ်ဆိုလို့ စောင့်နေကြတာပါ”ဟုပြောပါတယ်။ ကျွန်မလည်း မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေမိ ပါတယ်။ အလှူလုပ်မယ်ဆိုတာ မောင်နဲ့ကျွန်မ နှစ်ယောက်ပဲ သိထားတာ ပါ။ အခြားသူများကိုမပြောရသေးပါဘူး။ သူတို့ကဘယ်လိုသိပြီးရောက်လာ ကြတာလဲ။
“ဟင်း”
ကျွန်မ သက်ပြင်းရှည်ကြီး ချလိုက်မိပါတယ်။ မောင့်ကို လှမ်းခေါ်မိတော့ –
“မ – ဘာဖြစ်တာလဲ၊ သတိထားဦးလေ။ မောင် အနားမှာရှိတယ်” မောင့်အသံကြား၍ကျွန်မ ကြည့်မိတော့ အိပ်ရာထဲမှာပဲ ရှိသေးတယ်။ ဒါဆိုကျွန်မအိပ်မက်မက်နေတာပေါ့။ အိပ်မက်အကြောင်းမောင့်ကိုပြောပြ
တဲအခါ –
“အင်း- သူတို့က အမျှလိုချင်နေကြပြီကွ။ စုထားတဲ့ငွေနဲ့ပဲ အမြန်ဆုံး အလှူလုပ်လိုက်ရအောင်ကွာ။ နေ့ဆွမ်း မကပ်နိုင်တော့လည်း မုန့်ဟင်းခါးပဲ ကပ်ကြတာပေါ့”
နောက်တစ်နေ့ ရုံးပိတ်ရက်မှာပဲ သံဃာတွေပင့်ပြီး အလှူလုပ်ခဲ့ကြပါ တယ်။ ကျွန်မ၏ အိမ်မှ အဖြစ်အပျက်များနှင့် အိပ်မက်ထဲကအကြောင်း များကို ဆရာတော်အား လျှောက်ထားခဲ့ပါတယ်။
“မကျွတ်မလွတ်သေးတဲ့ သူတွေရှိတတ်ပါတယ်။ အချိန်တန်တော့ အမျှလိုချင်တဲ့ ဒါယိကာမကြီးကို အကူအညီတောင်းတာလည်း ဖြစ်နိုင်ပါ တယ်”
ကျွန်မတို့အားလုံး အမျှဝေသာဓုခေါ်နေကြတဲ့အချိန်မှာ ကြက်သီးမွေး ညင်းများ ထသွားခဲ့ပါတယ်။ လေတစ်ချက် ဝှေ့လိုက်သလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့အိပ်မက်ထဲမှသူများ အားလုံးအမျှရ၍ သာဓုခေါ်နိုင်ကြပြီလို့ ယုံ ကြည်မိပါတယ်။ ဒါ့အပြင် အိမ်ထဲမှာ လျှောက်သွားနေတဲ့ ဆံပင်ဖားလျားနဲ့ ဝိညာဉ်လည်း အမျှရမှာပါလေ။
ထိုနေ့က မုန့်ဟင်းခါးအိုးမှာ လုံးဝမလျှော့ဘဲ လာသမျှဧည့်သည်များ လည်း ဝဝလင်လင် စားကြရပါတယ်။ လာသမျှ ဧည့်သည်တွေကလည်း အချိုပွဲမုန့်တွေ ဝယ်လာကြတာ။ ဧည့်သည်တွေကို မုန့်တွေ ပြန်ကျွေးနဲ့ စား စရာတွေမကုန်နိုင်သလိုဖြစ်နေပါတယ်။ စားသောက်ရင်းကျွန်မ သူငယ်ချင်းက
“ခင်မမရယ် – ဆရာတော်ကို လျှောက်ထားတဲ့အချိန်မှာပေါ့။ စုလေ ကြက်သီးထလိုက်တာ။ အိပ်မက်ထဲမှာက အိမ်ရှေ့လှေကားမှာ သူတို့ တစ်တွေ အဖွဲ့လိုက်စုဝေးပြီး ရောက်နေကြတာဆို။ စုကလည်း အိမ်ပေါက်ဝ နားမှာထိုင်ပြီး တရားနာနေတာလေ”
“လှေကားနဲ့နီးတာပေါ့။ အနောက်တောင်လှည့်မကြည့်ရဲဘူး။ အမျှဝေ တော့ ကြက်သီးထလိုက်တာ”
ကြက်သီးထတယ်ဆိုတာ ဝိညာဉ်တွေက သူတို့ သိတယ်ဆိုတာကို အသိပေးတာနေမှာပေါ့။ ကျွန်မရဲ့အလှူအတွက် ပီတိဖြစ်ရပါတယ်။ နောက် နေ့ကျတော့ အိမ်နီးချင်း အစ်မလည်း ပြောပါတယ်။
“ညီမရယ် – ဧည့်သည်တွေ ဘယ်လောက်ဖိတ်ထားတာလဲ။ လာလိုက် ကြတာ။ ဆရာတော် တရားမပေးခင်တည်းက ရောက်နေကြတာ။ အိမ်ပေါ် မှာ လူတွေနဲ့မို့ ခြံထဲကနေပဲ အမျှယူတော့မယ်ဆိုပြီး ပြောနေတာကြားရ တယ်။ အရုဏ်ဆွမ်းကပ်တာဆိုတော့ အစောကြီးလာပြီး တရားနာကြတယ် နော်။ အစ်မတောင်မှ တွေးမိသေးတယ်။ အစ်မလည်း ကလေးငယ်လေးနဲ့ လို့အိမ်နီးပြီး တရားလာမနာနိုင်ဘူးလို့။ သူတို့က မိုးမလင်းခင်တည်းရောက် နေကြတော့ အစ်မက အိပ်ရာထဲကနေ သူတို့ပြောတာတွေ ကြားနေရတာ”
ကျွန်မနားထောင်ရင်းအံ့သြရပြန်တယ်။ အိပ်မက်ထဲကအတိုင်း သူတို့ အားလုံး အမျှဝေတာကို သာဓုလာခေါ်ကြတာနေမှာပေါ့။ အလှူပြီးသည့် နေ့မှစ၍ ကျွန်မ အိမ်တွင် ညည်းညူသံ၊ လမ်းလျှောက်သံ၊ စကားသံများ မကြားရတော့ပါ။ ကျွန်မလည်း ချမ်းသာစွာ အိပ်စက်ရပြီး နိုးထလာသည့် အခါမှာလည်း လန်းဆန်းတက်ကြွလို့ နေပါတော့တယ်ရှင်။
— စောစုထိုက်
Zawgyi Version
၀ိညာဥ္ညီးသံ(စ/ဆံုး)
————————
“အင္း-ဟင္း-ဟင္း”
ညည္းညဴသံတစ္ခုကို ကြၽန္မ ၾကားလိုက္ရ ပါတယ္။ ကြၽန္မၾကက္သီးေမြးညင္းေတြျဖန္းခနဲ ေနေအာင္ ျဖစ္သြားတယ္။ ကြၽန္မ ေဘးကေန မိန္းမတစ္ေယာက္
ဆံပင္ဖားလ်ားနဲ႔ ေလွ်ာက္ သြားတာ ႐ုတ္တရက္ေတြ႕လိုက္ရသလိုပဲ။ ကြၽန္မေၾကာက္လိုက္တာ၊ ေမာင္ကလည္း ဒီေန႔ က်မွ ဂ်ဴတီရွိတယ္ေလ။ အိမ္မွာ ကြၽန္မ တစ္ ေယာက္တည္းေပါ့။ တစ္ေယာက္တည္း ျဖစ္ေန
လို႔ပဲစိတ္ေခ်ာက္ခ်ားတာလား။ ေမာင္ရွိတဲ့ ရက္ ေတြမွာေတာ့ ဒါမ်ိဳး မႀကဳံဖူးပါဘူး။ ကြၽန္မလည္း ဧည့္ခန္းထဲကေန အိပ္ခန္းထဲသို႔အျမန္ေျပးသြား ခဲ့ပါတယ္။ ေစာင္ေခါင္းၿမီးၿခဳံၿပီး ဘုရားစာေတြ
တတြတ္တြတ္႐ြတ္ရင္းအိပ္ေပ်ာ္သြားခဲ့ပါတယ္။ အိပ္ေပ်ာ္ေနရင္း႐ုတ္တရက္ ကြၽန္မ လန႔္ႏိုးသြားတယ္။ တစ္ေလာကလုံး အိပ္ေမာက်လို႔ ေနပါၿပီ။ ကြၽန္မ ကေတာ့ တစ္ေရးႏိုးေပါ့ေလ။ အဲဒီအခ်ိန္မွာပဲ ေျခသံေတြ တရွပ္ရွပ္နဲ႔ ၾကား ေနရတယ္။ကြၽန္မခုတင္ေဘးမွာမိန္းမတစ္ေယာက္လမ္းေလွ်ာက္ေနတယ္။
သူမကအိပ္ခန္းထဲကိုလိုက္လာတာလား။ ကြၽန္မေၾကာက္လြန္းလို႔ာေခြၽး ေတြေတာင္ ျပန္ေန ၿပီ။ ဘုရားဂုဏ္ေတာ္ေတြကို ႐ြတ္လိုက္ေတာ့မွ ေျခသံ မၾကားရေတာ့သလို သူမကိုလည္း မေတြ႕ရေတာ့ပါဘူး။ ဘုရားရဲ႕ေက်းဇူး ေၾကာင့္ နာနာဘာဝေတြ ကြၽန္မအနားမေနႏိုင္ေတာ့ဘူးေလ။ ကြၽန္မလည္း ျမတ္စြာဘုရားကိုအာ႐ုံျပဳရင္း သရဏဂုံပြားမ်ားၿပီး တစ္ညတာ ျဖတ္သန္းလို႔ လာခဲ့ရပါတယ္။
ေနာက္တစ္ေန႔ ေမာင္ ျပန္လာေတာ့ မေန႔ညက အျဖစ္အပ်က္ေတြ ေမာင့္ကိုကြၽန္မ ေျပာျပမိတယ္။ ေမာင္က ေမတၱသုတ္႐ြတ္ဖို႔နဲ႔ အမွ်အတန္း ေပးေဝဖို႔ေျပာပါတယ္။ ဒါေပမဲ့ – ေမာင္ အိမ္မွာမရွိတဲ့အခ်ိန္ေတြကကြၽန္မရဲ႕ ေခ်ာက္ခ်ားစရာ အခ်ိန္ေတြပါ။ ဆံပင္ဖားလ်ားနဲ႔ အိမ္ထဲမွာ ေလွ်ာက္သြား ေနတဲ့မိန္းမကိုပဲ ကြၽန္မ ျမင္ေနရတယ္။ သူမရဲ႕စူးရွတဲ့အၾကည့္ေတြနဲ႔ မခ်ိ တင္ကဲ ၿပဳံးတဲ့အၿပဳံးေတြက ကြၽန္မအတြက္ လိပ္ျပာလြင့္စဥ္မတတ္ပါပဲ။ အခ်ိန္တိုင္းလိုလိုပဲ ကြၽန္မအေနာက္ကေနတစ္ေကာက္ေကာက္ေလွ်ာက္ လိုက္ေနသလိုပဲ။ တစ္ခါတေလမွာ ေထာင့္တစ္ေနရာက သူမက ကြၽန္မကို ထိုင္ၾကည့္ေနသလိုပါပဲ။ ကြၽန္မေတာ့ ႐ူးေတာ့မွာပဲ။
ကြၽန္မလည္း စိတ္တိုလာၿပီး“အိမ္မွာ ေနခ်င္ရင္ေနေနာ္။ ငါ့ကိုေတာ့ လန႔္ေအာင္မလုပ္နဲ႔။ အေႏွာင့္အယွက္မေပးနဲ႔”လို႔ကြၽန္မေျပာလိုက္မိတယ္။ အဲဒီလိုေျပာလိုက္တဲ့အခ်ိန္မွာ ဖ်န္းခနဲေနေအာင္ ၾကက္သီးေမြးညင္းေတြ ထသြားလိုက္တာ အသက္ရႉရပ္ၿပီလားေတာင္ မွတ္ရပါတယ္ရွင္။ ကြၽန္မ ေျပာၿပီးမွ မွားသြားၿပီလား မသိဘူး။
“အို-ထားလိုက္ပါေတာ့။ သူမကိုမေႏွာင့္ယွက္ဖို႔ေျပာထားတာပဲေလ။ ဘာမွ ျဖစ္မယ္မထင္ပါဘူး”
ကြၽန္မလည္း တစ္ေယာက္တည္းေျပာၿပီး ညေနေဈးသြားဖို႔ ထြက္လာ ခဲ့ပါတယ္။ ေနာက္ေန႔က်ရင္ ေမာင္ႏွင့္ကြၽန္မ ထမင္းခ်ိဳင့္ထည့္ဖို႔အတြက္ ညေနကတည္းကႀကိဳဝယ္ထားတာေလ။ ေမာင္က ဆိတ္သားနဲ႔ပဲဟင္း ခ်က္ တဲ့ဟင္း အရမ္းႀကိဳက္တာ။ ကြၽန္မလည္း ႀကိဳက္တယ္ေလ။ အႀကိဳက္ခ်င္း တူတဲ့ ကြၽန္မတို႔ႏွစ္ေယာက္အတြက္ အဆင္ေျပတာေပါ့။
“ဟယ္ – ေမာင္ျပန္ေရာက္ေနၿပီ။ မ ေဈးသြားေနတာ၊ ေမာင္ႀကိဳက္တဲ့ ဆိတ္သားနဲ႔ပဲ ခ်က္မလို႔ေလ”
“ဟုတ္လား- ေကာင္းတာေပါ့။ အလိုက္သိ၊ အႀကိဳက္သိတဲ့မကိုေမာင္က ခ်စ္ေနရတာ”
ေမာင္ရဲ႕ခ်စ္စကားမ်ားၾကား၍အေမာေျပသြားတဲ့ကြၽန္မ အရာအားလုံး ကို ေမ့သြားသလိုပါပဲ။ ကြၽန္မလည္း အသားေတြ ေရေဆး၊ ဘူးထဲထည့္ၿပီး ေရခဲေသတၱာအတြင္းသို႔ ထည့္ထားလိုက္ပါတယ္။ ေမာင္နဲ႔ကြၽန္မ ညစာ စားၾကတဲ့အခ်ိန္ ထမင္းဝိုင္းရဲ႕ ခပ္လွမ္းလွမ္းမွာထိုင္ၾကည့္ေနတဲ့ သူမကို ကြၽန္မ ႐ုတ္တရက္ေတြ႕လိုက္ရတယ္။ ကြၽန္မလန႔္ၿပီး“ဟင္”ဟုအာေမဍိတ္ ထြက္ၿပီး မ်က္လုံးျပဴးသြားတဲ့အမူအရာကို ေမာင္က ေတြ႕လိုက္ပါတယ္။ “ဘာျဖစ္တာလဲ”
ေမာင္က ကြၽန္မ လွမ္းၾကည့္မိတဲ့ေနရာကို လွည့္ၾကည့္လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ သူမ အိမ္ေပၚက ဆင္းသြားတာ ကြၽန္မ ေတြ႕လိုက္တယ္။ “ဘာလဲကြာ-မကလည္း ထမင္းစားေနတာ ဟိုၾကည့္ဒီၾကည့္နဲ႔” ေမာင္ ေျပာတာ နားေထာင္ရင္း ကြၽန္မ စိတ္ေတြလြင့္ေဝေနခဲ့ပါတယ္။ ထမင္းစားၿပီးပန္းကန္ေတြေဆးေနခ်ိန္အေနာက္ကေန“ဖုတ္”ဆိုတဲ့အသံ ၾကားလိုက္တယ္။ လွည့္ၾကည့္ေတာ့ ဘယ္သူမွလည္း မရွိဘူး။ ဒီညမွာ အိပ္ ရာဝင္တဲ့အခ်ိန္ထိ သူမရဲ႕ပုံသဏၭာန္က ကြၽန္မ မ်က္လုံးထဲမွာ စြဲလ်က္ပါပဲ။ သူမရဲ႕ညည္းညဴသံေတြကိုလည္းအဆက္မျပတ္ၾကားေနရသလိုပဲ။ သူမကို ျမင္ေယာင္ရင္း ကြၽန္မ အိပ္ေပ်ာ္သြားတယ္။ ကြၽန္မ အသက္ရႉၾကပ္သလို
ခံစားေနရတယ္။ ကြၽန္မရဲ႕ျမင္ကြင္းထဲမွာ ကားအႀကီးႀကီးႏွစ္စီး တိုက္မိတာ ကို ျမင္ေနရတယ္။ ကားေပၚက လူေတြလည္း လြင့္စဥ္ထြက္ကုန္ၾကတယ္။ ထိုျမင္ကြင္းကိုၾကည့္ရင္း ေသြးပ်က္သလို ျဖစ္ေနရပါတယ္။ အျဖစ္အပ်က္ ေတြကို ရပ္ၾကည့္ေနရင္းက “အိမ္ထဲဝင္ေလ- ဘာေတြၾကည့္ေနတာလဲ” အသံၾကား၍ ကြၽန္မလည္း အိမ္ထဲ ျပန္ဝင္လာခဲ့တယ္။ အသံရွင္ကိုေတာ့ မေတြ႕လိုက္ဘူး။ ဘယ္သူမ်ား လာေျပာတာလဲမသိဘူး။
ထိုအခ်ိန္မွာပဲ နာရီႏႈိးစက္သံၾကား၍ လန႔္ႏိုးခဲ့ပါတယ္။ “ဟင္း”ကြၽန္မ အိပ္မက္ေတြ မက္ေနတာပဲ။ ကြၽန္မလည္း ေမာပန္းစြာနဲ႔ သက္ျပင္းခ်ရင္း အိပ္ခန္းထဲမွာ မီးဖိုခန္းဆီကို ေလွ်ာက္လာခဲ့ပါတယ္။ မီးဖိုခန္းထဲမွာ အရိပ္ တစ္ခုလွစ္ခနဲေတြ႕လိုက္ရတယ္။ ျပတင္းေပါက္မွေလႏုေအးတစ္ခ်က္တိုက္ လိုက္တာ ကြၽန္မရဲ႕ အေသြးအသားကို စိမ့္ခနဲျဖစ္သြားပါတယ္။ ေၾကာက္ စိတ္ေတြ ဝင္မလာေအာင္ တားဆီးရင္း ထမင္းဟင္းခ်က္ဖို႔အတြက္ ကြၽန္မ ျပင္ဆင္ေနရပါတယ္။ အသားလွီးေနတဲ့အခ်ိန္မွာ ကြၽန္မ ေဘးက တစ္ ေယာက္ေယာက္ ထိုင္ၾကည့္ေနသလို ခံစားေနရတယ္။ ကြၽန္မလည္း အား တင္းၿပီး အသားေတြလွီးေနတာ လက္ေတြတုန္ၿပီး လွီးလို႔မရျဖစ္ေနတယ္။ စူးရွတဲ့မ်က္လုံးေတြနဲ႔ ကြၽန္မကိုၾကည့္ေနတဲ့ သူမကိုျမင္လိုက္ရတယ္ဆိုရင္ပဲ “ေမာင္ေရ- လာပါဦး၊ ကြၽန္မ ေၾကာက္တယ္” ေမာင္လည္း ကြၽန္မ ေအာ္သံ ေၾကာင့္ အနားေရာက္လာပါတယ္။
“ဘာျဖစ္တာလဲ – မရဲ႕၊ လန႔္လိုက္တာကြာ”
ေခြၽးေတြျပန္ေနတဲ့ကြၽန္မကိုေမာင္ကေခြၽးသုတ္ရင္းေျပာေနပါတယ္။
ကြၽန္မလည္း ျဖစ္ေၾကာင္းကုန္စင္ ေမာင့္ကို ေျပာျပလိုက္ပါတယ္။ “ဟာ – ဒုကၡပါပဲ မရယ္။ ေမာင္ အနားမွာ ဘုရားစာ႐ြတ္ေပးေနမယ္” ကြၽန္မလည္း ခ်က္စရာရွိသည္မ်ား ခ်က္ျပဳတ္ေနလိုက္ပါတယ္။ ေမာင္ ကလည္း အနားမွာ ဘုရားဂုဏ္ေတာ္ေတြ ႐ြတ္ေပးေနေတာ့ ကြၽန္မလည္း ေၾကာက္စိတ္ေတြ ေျပသြားပါတယ္။
နံနက္မိုးလင္းေတာ့ ေမာင္ ႐ုံးသြားၿပီးကြၽန္မလည္း ကြၽန္မရဲ႕႐ုံးကို သြား ခဲ့ပါတယ္။ ႐ုံးမွာလည္း အသုဘသတင္းတစ္ခု ၾကားရျပန္တယ္။
ကြၽန္မတို႔ ဌာနက လူတစ္ေယာက္ ဆုံးသြားတယ္ေလ။ သူနဲ႔ ကြၽန္မက အရမ္းခင္ၾက တာေပါ့။ သူကလည္း လွန႔္တာဝါသနာပါတဲ့သူေလ။ ႐ုံးခန္းထဲမွာ သူ အရင္ ေရာက္ေနရင္ တံခါးေနာက္ကေန ဝါးခနဲလွန႔္တတ္တဲ့အက်င့္ရွိသူေပါ့။ ကြၽန္မကလည္း သူရဲ႕အမိန႔္ျပန္စာကို လက္ႏွိပ္စက္႐ိုက္ရတယ္။ လက္ႏွိပ္ စက္႐ိုက္တဲ့အခန္းမွာ ကြၽန္မတစ္ေယာက္တည္း စာ႐ိုက္ေနတဲ့အခ်ိန္ အနား မွာ တစ္ေယာက္ေယာက္က ဝါးခနဲလွန႔္လိုက္သံကို ကြၽန္မ ၾကားလိုက္ရ တယ္။ ကြၽန္မလည္း ၾကက္သီးေမြးညင္းေတြထ၊ ေခြၽးသီးေခြၽးေပါက္ေတြ က်ၿပီး လန႔္ဖ်ပ္စြာျဖင့္ ႐ုံးခန္းဆီသို႔ အျမန္ေျပးခဲ့မိတယ္။ အေမာတေကာ ျဖင့္ ေျပးလာတဲ့ကြၽန္မကို အားလုံးကလည္း အေၾကာင္သားျဖင့္ ၾကည့္ေန ၾကတယ္။ ကြၽန္မလည္းလက္ဖ်ားေတြေအးစက္ၿပီးေမာေနပါတယ္။ ေနာက္ ေတာ့မွ အားလုံးလည္း ပ်ာယီးပ်ာယာ ျဖစ္ကုန္ၾကတယ္။
“ဟယ္ – ခင္မမ၊ ဘာျဖစ္တာလဲ – ၾကည့္စမ္းပါဦး။ လက္ဖ်ားေတြလည္း ေအးစက္ေနတာပဲ။ ေရတိုက္ၾကပါဦး”
ကြၽန္မလည္း ေရေသာက္ၿပီး စိတ္ၿငိမ္သြားေတာ့မွ ျဖစ္ပုံေတြ ေျပာျပ ေနမိတယ္။ အားလုံးကလည္း အာေမဍိတ္မ်ားစြာျဖင့္ တစ္ေယာက္တစ္ ေပါက္ေျပာဆိုေနၾကပါတယ္။ ကြၽန္မလည္း ဒီေန႔တစ္ေန႔လုံးစိတ္ပင္ပန္းစြာ ျဖင့္ ႐ုံးတက္ခဲ့ရပါတယ္။
ညေန႐ုံးမွျပန္လာၿပီး အိမ္ေရွ႕ေရာက္ေတာ့ကြၽန္မေျခလွမ္းေတြ တုံ႔ခနဲ ျဖစ္သြားတယ္။ အိမ္ထဲဝင္ရမွာ ကြၽန္မ ေၾကာက္ေနတယ္။ ဒါေပမဲ့လည္း ကြၽန္မအိပ္ပဲေလ၊ ဝင္ရေတာ့မွာေပါ့။“ဟင္း” သက္ျပင္းရွည္ႀကီးကိုေလးပင္ စြာခ်ရင္း ကြၽန္မ ထိုင္ခုံမွာ ေျခပစ္လက္ပစ္ ထိုင္မိပါတယ္။ ခဏအၾကာမွာ ေမာင္ ျပန္ေရာက္လာတယ္။
“မေရ – ေမာင္ အလုပ္ကိစၥနဲ႔ ခရီးထြက္ရမယ္။ အိမ္မွာ မတစ္ေယာက္ တည္း ထားခဲ့ရမွာလည္း စိတ္မခ်ဘူး”
ေမာင္က ကြၽန္မကို စိတ္မခ်ေသာ စိုးရိမ္ေသာအမူအရာမ်ားျဖင့္ အား ေပးစကားမ်ား ဆိုလ်က္ရွိပါတယ္။ ကြၽန္မလည္း ေမာင့္ရဲ႕အားေပးစကားမ်ား နားေထာင္ရင္း အေတြးေတြလည္း နယ္လြန္လ်က္ေပါ့ရွင္။
ေမာင္ အလုပ္ကိစၥျဖင့္ ခရီးထြက္ေနေသာေၾကာင့္ အိမ္မွာ ကြၽန္မ တစ္ ေယာက္တည္း ျဖစ္ေနတာေပါ့။ ေနဝင္မွာကို ကြၽန္မ ေၾကာက္ေနတယ္။ ညေရာက္မွာကိုလည္း ေၾကာက္ေနမိတယ္။ ဒီလိုနဲ႔ပဲ အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးၿပီး ညအခ်ိန္သို႔ ေရာက္ခဲ့ျပန္ၿပီေပါ့။ “အင္း-ဟင္း-ဟင္း”
ညည္းညဴသံေတြ ၾကားေနရျပန္ၿပီ။ ကြၽန္မ ေၾကာက္လိုက္တာ၊ ဒီည တစ္ညလုံး ကြၽန္မ အိပ္ေပ်ာ္ပါ့မလား။ မိုးျမန္ျမန္လင္းပါေစလို႔ ကြၽန္မ ဆုေတာင္းေနမိတယ္။ ကြၽန္မလည္း အိပ္ေပ်ာ္သလိုမေပ်ာ္သလိုနဲ႔ ေဇာေခြၽး မ်ား ျပန္လ်က္ရွိပါတယ္။ တစ္ေယာက္ေယာက္က ကြၽန္မကို စကားေတြ လာေျပာေနသလိုပဲ။ ဒါေပမဲ့ – စကားလုံးေတြကို ပီသစြာမၾကားရဘူး။ ကြၽန္မမ်က္လုံးထဲမွာလည္း ကားတိုက္မႈျမင္ကြင္း၊ အိမ္ထဲမွာေလွ်ာက္သြား ေနတဲ့ ဝိညာဥ္တစ္ခု၊ ႐ုံးမွာ ေန႔ခင္းကျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြအား လုံးကို ျပန္ျမင္ေယာင္ေနမိတယ္။“အင္း-ဟင္း-ဟင္း” ညည္းညဴသံေတြ ကလည္း အဆက္မျပတ္ၾကားေနရျပန္တယ္။ ကြၽန္မ နားကို လက္ဝါးျဖင့္ ပိတ္ထားေပမယ့္လည္း ၾကားေနရေသးတယ္။ အိပ္ရာေပၚမွာလူးလြန႔္ေနတဲ့ ကြၽန္မ အ႐ူးတစ္ေယာက္လိုပါပဲ။ ကြၽန္မ အိပ္မက္ေတြ မက္ျပန္ၿပီ။ ဟိုအရင္ ေန႔ကမက္တဲ့ လမ္းဆုံက ကားတိုက္မႈကို ျပန္မက္ေနတယ္။ ကြၽန္မနဲ႔ ဘာ ပတ္သက္လို႔ တူညီတဲ့ အိပ္မက္ေတြပဲ မက္ေနရတာလဲ။ ကြၽန္မ ရင္ေတြ တလွပ္လွပ္နဲ႔ အသက္ရႉရၾကပ္ေနသလိုပဲ။ “ကယ္ၾကပါဦး- ကယ္ပါဦး” ကြၽန္မကို ကယ္မယ့္သူမရွိျဖစ္ေနတယ္။ “ေမာင္ေရ-ကယ္ပါဦး” ကြၽန္မ ေမာင့္ကို တမ္းတမိတယ္။ ေမာင္ အနားမွာမရွိတာ အားငယ္လိုက္တာ။ ကြၽန္မ ငိုခ်င္လာၿပီ။ ဝမ္းနည္းသလို ခံစားရတယ္။ ကြၽန္မ ပင္ပန္းစြာနဲ႔ ည အခ်ိန္ကို ျဖတ္သန္းေနရပါတယ္။
ထိုအခ်ိန္မွာ ကြၽန္မ ျမတ္စြာဘုရားကို သတိရလိုက္တယ္။ ဘုရားဂုဏ္ ေတာ္ေတြပြားမ်ားေနလိုက္ေတာ့မွကြၽန္မရဲ႕စိတ္ေတြၿငိမ္သက္သြားပါတယ္။ ဘုရားနဲ႔ ဂုဏ္ေတာ္ေက်းဇူးေတြေၾကာင့္ ကြၽန္မ ၿငိမ္းခ်မ္းစြာ အိပ္ေပ်ာ္ခဲ့ရ တယ္။
ဒီလိုနဲ႔ပဲ တစ္ညတာကုန္ဆုံး၍ နံနက္မိုးေသာက္ခဲ့ျပန္ပါၿပီ။ ႐ုံးေရာက္ ေတာ့ ကြၽန္မ၏ သူငယ္ခ်င္းအား ညက အျဖစ္မ်ားကို ေျပာျပမိေနပါတယ္။
“အင္း – ခင္မမေရ၊ ရွင္ ေျပာပုံအရဆိုရင္ေတာ့ ရွင္ ကံနိမ့္ေနတာထင္ တယ္။ မေကာင္းတဲ့အိပ္မက္ေတြ မက္ေနတာ ရွင့္အတြက္မေကာင္းဘူး။ ဘုရားသြားၿပီး ေကာင္းမႈကုသိုလ္သြားလုပ္ဦး။ တစ္ေယာက္တည္းဆိုေတာ့ စုလာအိပ္ေပးရမလား”
“ရပါတယ္ – စုရယ္၊ စုကို အားနာပါတယ္”
တစ္ေန႔တာကုန္ဆုံး၍႐ုံးဆင္းၿပီးကြၽန္မအိမ္ျပန္လာခဲ့ပါတယ္။ ေလးလံ
ေသာ ေျခလွမ္းမ်ားျဖင့္ေပါ့ရွင္။ အိမ္ေရာက္ေတာ့ အိမ္ထဲမဝင္ခ်င္ေသးတာ နဲ႔ အိမ္ေရွ႕အုတ္ခုံေလးေပၚထိုင္ေနလိုက္ပါတယ္။ ထိုအခ်ိန္ အိမ္နီးနားခ်င္း အစ္မက ကြၽန္မအား ႏႈတ္ဆက္ပါတယ္။
“႐ုံးက ျပန္လာၿပီလား – ညီမ” “ဟုတ္ကဲ့”
အဲဒီအစ္မက ကြၽန္မအနား လာထိုင္ပါတယ္။ ကြၽန္မတို႔လည္း ဟို အေၾကာင္း ဒီအေၾကာင္းေတြေျပာၾကရင္း ၿမိဳ႕သစ္တည္သည့္အေၾကာင္း ေရာက္သြားပါတယ္။ ယခုဆိုရင္ ၿမိဳ႕သစ္ေတြ အမ်ားႀကီးေပၚထြက္လာၿပီး စည္ကားလ်က္ရွိေၾကာင္းေတြေပါ့ရွင္။ ကြၽန္မတို႔ေနသည့္ ၿမိဳ႕ကလည္း ၿမိဳ႕ သစ္မ်ားထဲမွတစ္ခုအပါအဝင္ေပါ့။ ၿမိဳ႕စတည္စဥ္ကလမ္းေတြေဖာက္တဲ့အခါ လမ္းဆုံတစ္ခုမွာ ကားတိုက္မႈျဖစ္ခဲ့တယ္။ အဲဒီလမ္းဆုံကကြၽန္မတို႔အိမ္ေရွ႕ ပဲေပါ့။ အဲဒီမွာ လမ္းအလုပ္သမားေတြ ေသဆုံးခဲ့ၾကတယ္။ ဒါဆိုရင္ သူတို႔ ေတြမ်ား မကြၽတ္မလြတ္ဘဲ ရွိေနၾကတာလား။ ကြၽန္မ အိမ္ထဲေရာက္ေနတဲ့ သူမကေရာ အဲဒီထဲက တစ္ေယာက္ေယာက္မ်ားလား။ တကယ္တမ္းက် ေတာ့ သူတို႔ေတြက သနားစရာေကာင္းပါတယ္။ လမ္းဆုံမွာ ကားတိုက္မႈ ျဖစ္ခဲ့တယ္ဆိုေတာ့ အိပ္မက္ထဲက ကားတိုက္တဲ့ျမင္ကြင္းက ဒါမ်ားလား။
ညညဆိုရင္ ညည္းသံေတြၾကားေနရတာ ကားတိုက္ခံရသူေတြရဲ႕ညည္းသံ ေတြလား။ အိမ္ထဲမွာျမင္ေနရတဲ့ ဆံပင္ဖားလ်ားနဲ႔ မိန္းမကေရာ ဘယ္သူလဲ။
ဒီညမွာလည္းကြၽန္မတစ္ေယာက္တည္း ေခ်ာက္ခ်ားလ်က္ရွိပါတယ္။ ညေနက အိမ္နားက အစ္မႏွင့္ ေျပာခဲ့သည္မ်ားကို ျပန္ၾကားေယာင္၍ စိတ္ မတည္ၿငိမ္ျဖစ္ေနတယ္။ တေစၦေတြ၊ ဝိညာဥ္ေတြက ေၾကာက္တတ္ရင္ ပိုေျခာက္တယ္လို႔ ၾကားဖူးတယ္။ ကြၽန္မ ေၾကာက္ေနလို႔ ပိုေျခာက္ေနတာ မ်ားလား။ ထိုအခ်ိန္မွာပဲ ကြၽန္မရဲ႕မ်က္လုံးအစုံကျပတင္းေပါက္မွလိုက္ကာ မ်ားဆီသို႔ေရာက္ရွိသြားပါတယ္။ ျပတင္းမွ လိုက္ကာမ်ားလႈပ္ယမ္းေနပုံမွာ ဝိညာဥ္ေတြ၊ တေစၦေတြက က,ခုန္ေနသေယာင္ေပါ့။ ကြၽန္မရဲ႕အၾကည့္ေတြ ကိုဖယ္လိုက္ၿပီး ဘုရားခန္းထဲသို႔ ဝင္လာခဲ့ပါတယ္။ ဘုရားရွိခိုးေနတဲ့အခ်ိန္ မွာ အိမ္အျပင္ဘက္မွာ တစ္ေယာက္ေယာက္ ရွိေနသလိုပဲ။ ျပတင္းေပါက္ ကေန လွမ္းၾကည့္ေနသလို ဆံပင္ဖားလ်ားနဲ႔ မိန္းမတစ္ေယာက္ရဲ႕အရိပ္ကို လွစ္ခနဲ၊ မိန္းမတစ္ေယာက္ရဲ႕အရိပ္ကို လွစ္ခနဲျမင္လိုက္ရတယ္။ ကြၽန္မ ေၾကာက္စိတ္ေတြ ဝင္သြားေပမယ့္ ဘုရားဂုဏ္ေတာ္ပြားမ်ားေနတဲ့အခ်ိန္မို႔ အႏၲရာယ္အေပါင္းမွ ကင္းလြတ္ေနတယ္လို႔ ခံစားရတယ္။ သူတို႔အတြက္ ေတာ့ေကာင္းမႈကုသိုလ္တစ္ခုခုေတာ့လုပ္ေပးရမယ္ဟု ေတြးေနမိပါတယ္ ရွင္။ ေမာင္ ျပန္လာရင္ေျပာျပၿပီး သံဃာေတြပင့္ၿပီး အလႉလုပ္ရမည္ဟု ဆုံးျဖတ္လိုက္ပါေတာ့တယ္။ အိမ္တက္အလႉလုပ္ဖို႔ေတာ့ စီစဥ္ထားတာ ရွိပါတယ္။ ေငြစုထားတာ နည္းေနေသးတဲ့အတြက္ မလုပ္ျဖစ္ေသးတာပါ။ ကြၽန္မက သံဃာေတြကို ေန႔ဆြမ္းကပ္ခ်င္တာ။ ဧည့္သည္ေတြကိုလည္း ထမင္း၊ ဟင္း ေကြၽးခ်င္တာေလ။ ဒါေၾကာင့္ အလႉအတြက္ ေငြမ်ားမ်ား ရေအာင္ စုေနတာေပါ့ရွင္။
ကြၽန္မလည္း အေတြးမ်ားျဖင့္ အိပ္ေပ်ာ္သြားခဲ့တာ မိုးလင္းမွပဲ အိပ္ရာ ႏိုးေတာ့တယ္။ ဒီတစ္ညမွာေတာ့ ကြၽန္မ ႏွစ္ၿခိဳက္စြာ အိပ္ခြင့္ရခဲ့တာပဲ။ အရင္ရက္ေတြကလို အိပ္မက္ဆိုးေတြလည္း မမက္၊ ညည္းသံေတြလည္း
မၾကားရဘဲ ေအးခ်မ္းစြာ အိပ္ခဲ့ရပါလား။ ကြၽန္မ ေတြးေနတုန္း အိမ္ေရွ႕မွ ကားရပ္သံၾကားရ၍ ထြက္ၾကည့္လိုက္ရာ ဟင္ဘယ္သူမွ မရွိပါလား။
ကြၽန္မ ေသခ်ာၾကားလိုက္ပါတယ္။ ကားတစ္စီးရပ္လိုက္ၿပီး လူေတြ ကားထဲက ဆင္းလာသလိုမ်ိဳး ကြၽန္မ ေသေသခ်ာခ်ာႀကီးကို ခံစားေနမိ တယ္။ ကြၽန္မရဲ႕အၾကားအာ႐ုံ၊ အျမင္အာ႐ုံေတြ ခ်ိဳ႕ယြင္းေနၿပီလား။ စိတ္ ပင္ပန္းစြာျဖင့္ အ႐ုပ္ႀကိဳးျပတ္သလို ကြၽန္မ ထိုင္ခ်လိုက္မိပါတယ္။ ထို အခ်ိန္မွာပဲ ေလတစ္ခ်က္ေဝွ႔လိုက္သလို ခံစားမိျပန္တယ္။ အျပင္မွာေတာ့ ေလၿငိမ္၍ သစ္ပင္ေတြလည္း ၿငိမ္သက္လ်က္ပါပဲ။ ကြၽန္မ – ႐ူးေတာ့မယ္နဲ႔ တူတယ္။
ကြၽန္မလည္း အခ်ိန္ဘယ္ေလာက္ၾကာေအာင္ ေတြေဝခဲ့မွန္း မသိ ေတာ့ပါဘူး။ ဧည့္ခန္းထဲမွာ အခ်ိန္ၾကာျမင့္စြာ ထိုင္ေနခဲ့တာ ငူငူငိုင္ငိုင္ႀကီး နဲ႔လို႔ေမာင္ေျပာမွပဲကြၽန္မ သိေတာ့တယ္။ ဆံပင္ဖားလ်ားနဲ႔မ်က္လုံးအေသ ႀကီးနဲ႔ တစ္ေနရာကို စိုက္ၾကည့္ေနတဲ့ ကြၽန္မကို ေမာင္ေတာင္မွပဲ ျမင္ျမင္ ခ်င္းေၾကာက္သြားတယ္ဆိုပဲ။ ေမာင္က ဘုရားေသာက္ေတာ္ေရေတြယူၿပီး ကြၽန္မကို ေလာင္းခ်လိုက္ေတာ့မွ ပုံမွန္ျပန္ျဖစ္သြားတယ္တဲ့။ “ခရီးက ျပန္ ေရာက္ခ်င္း စိတ္ပူလိုက္ရတာ”ဟု ေမာင္က စိုးရိမ္တႀကီး ေျပာေနပါတယ္။ “ေမာင္ – ကြၽန္မတို႔အိမ္မွာ အိမ္တက္အလႉလုပ္ၿပီး မကြၽတ္ေသးတဲ့ သူေတြကို အမွ်ေပးရေအာင္ေနာ္။ သူတို႔အတြက္လည္း အလႉလုပ္ေပးရ မယ္”
“ေအး – အဲဒါ အေကာင္းဆုံးပဲ မေရ”
ဒီညမွာေတာ့ ကြၽန္မ အိပ္ေဆးေသာက္ၿပီး အိပ္ခဲ့ရပါတယ္။ ေမာင္ ျပန္ ေရာက္ေနၿပီဆိုေတာ့လည္း ကြၽန္မ အားရွိတာေပါ့ေလ။
“ဟင္ – ဘုရားေက်ာင္းေဆာင္ထဲက ဘုရားဆင္းတုေတာ္ေတြ ဘယ္ ေရာက္သြားတာလဲ”
ထိုစဥ္ကြၽန္မ သူငယ္ခ်င္းက –
“ခင္မမကလည္းကြယ္။ အလႉလုပ္မယ္လို႔ ဘုရားေတြက အိမ္ေရွ႕ခန္းကို ႂကြေနၿပီ”
ဟုတ္ပါရဲ႕ရွင္ – ဘုရားခန္းထံရွိဘုရားေက်ာင္းေဆာင္ထဲမွ ဘုရားမ်ားက အိမ္ေရွ႕ဧည့္ခန္းစားပြဲေပၚမွာ ႂကြေရာက္ေနၾကပါၿပီ။ ကြၽန္မ သူငယ္ခ်င္းက လည္း ပန္း၊ ဆီမီး၊ ေသာက္ေတာ္ေရေတြ ကပ္လို႔ေနပါတယ္။ ကြၽန္မရဲ႕ မ်က္လုံးအစုံကလည္း အိမ္ေရွ႕ဆီသို႔ ေရာက္သြားပါတယ္။
အိမ္ေရွ႕ေလွကားနားမွာဆိုက္စုံ၊ အ႐ြယ္စုံ၊ လူႀကီး၊ ကေလးႏွင့္ လူလတ္ ပိုင္းေတြပါ ေရာက္ေနၾကတာ ၿခံထဲမွာ အျပည့္ပါပဲ။ ထိုအထဲမွ တစ္ေယာက္ ကကြၽန္မအား”အလႉလုပ္မယ္ဆိုလို႔ ေစာင့္ေနၾကတာပါ”ဟုေျပာပါတယ္။ ကြၽန္မလည္း မ်က္လုံးအျပဴးသား၊ ပါးစပ္အေဟာင္းသားျဖင့္ မွင္တက္ေနမိ ပါတယ္။ အလႉလုပ္မယ္ဆိုတာ ေမာင္နဲ႔ကြၽန္မ ႏွစ္ေယာက္ပဲ သိထားတာ ပါ။ အျခားသူမ်ားကိုမေျပာရေသးပါဘူး။ သူတို႔ကဘယ္လိုသိၿပီးေရာက္လာ ၾကတာလဲ။
“ဟင္း”
ကြၽန္မ သက္ျပင္းရွည္ႀကီး ခ်လိုက္မိပါတယ္။ ေမာင့္ကို လွမ္းေခၚမိေတာ့ –
“မ – ဘာျဖစ္တာလဲ၊ သတိထားဦးေလ။ ေမာင္ အနားမွာရွိတယ္” ေမာင့္အသံၾကား၍ကြၽန္မ ၾကည့္မိေတာ့ အိပ္ရာထဲမွာပဲ ရွိေသးတယ္။ ဒါဆိုကြၽန္မအိပ္မက္မက္ေနတာေပါ့။ အိပ္မက္အေၾကာင္းေမာင့္ကိုေျပာျပ
တဲအခါ –
“အင္း- သူတို႔က အမွ်လိုခ်င္ေနၾကၿပီကြ။ စုထားတဲ့ေငြနဲ႔ပဲ အျမန္ဆုံး အလႉလုပ္လိုက္ရေအာင္ကြာ။ ေန႔ဆြမ္း မကပ္ႏိုင္ေတာ့လည္း မုန႔္ဟင္းခါးပဲ ကပ္ၾကတာေပါ့”
ေနာက္တစ္ေန႔ ႐ုံးပိတ္ရက္မွာပဲ သံဃာေတြပင့္ၿပီး အလႉလုပ္ခဲ့ၾကပါ တယ္။ ကြၽန္မ၏ အိမ္မွ အျဖစ္အပ်က္မ်ားႏွင့္ အိပ္မက္ထဲကအေၾကာင္း မ်ားကို ဆရာေတာ္အား ေလွ်ာက္ထားခဲ့ပါတယ္။
“မကြၽတ္မလြတ္ေသးတဲ့ သူေတြရွိတတ္ပါတယ္။ အခ်ိန္တန္ေတာ့ အမွ်လိုခ်င္တဲ့ ဒါယိကာမႀကီးကို အကူအညီေတာင္းတာလည္း ျဖစ္ႏိုင္ပါ တယ္”
ကြၽန္မတို႔အားလုံး အမွ်ေဝသာဓုေခၚေနၾကတဲ့အခ်ိန္မွာ ၾကက္သီးေမြး ညင္းမ်ား ထသြားခဲ့ပါတယ္။ ေလတစ္ခ်က္ ေဝွ႔လိုက္သလို ခံစားခဲ့ရတယ္။ ကြၽန္မရဲ႕အိပ္မက္ထဲမွသူမ်ား အားလုံးအမွ်ရ၍ သာဓုေခၚႏိုင္ၾကၿပီလို႔ ယုံ ၾကည္မိပါတယ္။ ဒါ့အျပင္ အိမ္ထဲမွာ ေလွ်ာက္သြားေနတဲ့ ဆံပင္ဖားလ်ားနဲ႔ ဝိညာဥ္လည္း အမွ်ရမွာပါေလ။
ထိုေန႔က မုန႔္ဟင္းခါးအိုးမွာ လုံးဝမေလွ်ာ့ဘဲ လာသမွ်ဧည့္သည္မ်ား လည္း ဝဝလင္လင္ စားၾကရပါတယ္။ လာသမွ် ဧည့္သည္ေတြကလည္း အခ်ိဳပြဲမုန႔္ေတြ ဝယ္လာၾကတာ။ ဧည့္သည္ေတြကို မုန႔္ေတြ ျပန္ေကြၽးနဲ႔ စား စရာေတြမကုန္ႏိုင္သလိုျဖစ္ေနပါတယ္။ စားေသာက္ရင္းကြၽန္မ သူငယ္ခ်င္းက
“ခင္မမရယ္ – ဆရာေတာ္ကို ေလွ်ာက္ထားတဲ့အခ်ိန္မွာေပါ့။ စုေလ ၾကက္သီးထလိုက္တာ။ အိပ္မက္ထဲမွာက အိမ္ေရွ႕ေလွကားမွာ သူတို႔ တစ္ေတြ အဖြဲ႕လိုက္စုေဝးၿပီး ေရာက္ေနၾကတာဆို။ စုကလည္း အိမ္ေပါက္ဝ နားမွာထိုင္ၿပီး တရားနာေနတာေလ”
“ေလွကားနဲ႔နီးတာေပါ့။ အေနာက္ေတာင္လွည့္မၾကည့္ရဲဘူး။ အမွ်ေဝ ေတာ့ ၾကက္သီးထလိုက္တာ”
ၾကက္သီးထတယ္ဆိုတာ ဝိညာဥ္ေတြက သူတို႔ သိတယ္ဆိုတာကို အသိေပးတာေနမွာေပါ့။ ကြၽန္မရဲ႕အလႉအတြက္ ပီတိျဖစ္ရပါတယ္။ ေနာက္ ေန႔က်ေတာ့ အိမ္နီးခ်င္း အစ္မလည္း ေျပာပါတယ္။
“ညီမရယ္ – ဧည့္သည္ေတြ ဘယ္ေလာက္ဖိတ္ထားတာလဲ။ လာလိုက္ ၾကတာ။ ဆရာေတာ္ တရားမေပးခင္တည္းက ေရာက္ေနၾကတာ။ အိမ္ေပၚ မွာ လူေတြနဲ႔မို႔ ၿခံထဲကေနပဲ အမွ်ယူေတာ့မယ္ဆိုၿပီး ေျပာေနတာၾကားရ တယ္။ အ႐ုဏ္ဆြမ္းကပ္တာဆိုေတာ့ အေစာႀကီးလာၿပီး တရားနာၾကတယ္ ေနာ္။ အစ္မေတာင္မွ ေတြးမိေသးတယ္။ အစ္မလည္း ကေလးငယ္ေလးနဲ႔ လို႔အိမ္နီးၿပီး တရားလာမနာႏိုင္ဘူးလို႔။ သူတို႔က မိုးမလင္းခင္တည္းေရာက္ ေနၾကေတာ့ အစ္မက အိပ္ရာထဲကေန သူတို႔ေျပာတာေတြ ၾကားေနရတာ”
ကြၽန္မနားေထာင္ရင္းအံ့ၾသရျပန္တယ္။ အိပ္မက္ထဲကအတိုင္း သူတို႔ အားလုံး အမွ်ေဝတာကို သာဓုလာေခၚၾကတာေနမွာေပါ့။ အလႉၿပီးသည့္ ေန႔မွစ၍ ကြၽန္မ အိမ္တြင္ ညည္းညဴသံ၊ လမ္းေလွ်ာက္သံ၊ စကားသံမ်ား မၾကားရေတာ့ပါ။ ကြၽန္မလည္း ခ်မ္းသာစြာ အိပ္စက္ရၿပီး ႏိုးထလာသည့္ အခါမွာလည္း လန္းဆန္းတက္ႂကြလို႔ ေနပါေတာ့တယ္ရွင္။
— ေစာစုထိုက္