သက်ပျောက်ပစ္စည်း

*သက်ပျောက်ပစ္စည်း*📖📖📖(စ/ဆုံး)

**********************************
———————————-
အသိတစ်ယောက်ပြောပြသောရွာအကြောင်းပါ
********************************
အညာဒေသရဲ့ရွာကြီးတစ်ရွာတွင်သဘောအလွန်ကောင်းသောဆရာတော်ကြီးတစ်ပါးရှိသည်။
ထိုရွာသည်မြို့လဲမမြည်ရွာလဲမကျသောစည်ကားသောရွာကြီးတစ်ရွာဖြစ်သည်။
ရွာထိပ်တွင်ဆရာတော်ကြီးသတင်းသုံးသောတောရဘုန်းကြီးကျောင်းကြီးရှိသည်။
ကျောင်းဝင်းကြီးသည်အကျယ်ကြီးဖြစ်ကာသီးပင်စားပင်အစုံအလင်ရှိကာ
အရိပ်ရအပင်ကြီးများကနေရောင်မထိုးအောင်မိုးပေးထားသောကြောင့်အညာဒေသရဲ့အိုအေစစ်ဖြစ်လေသည်။
ဆရာတော်ကျောင်းသည်လူတဖက်စာမကကြီးသောကျွန်းတိုင်ကြီးများဖြင့်ခြေတန်ရှည်
ဆောက်ထားသောကျောင်းကြီးဖြစ်ကာကျောင်းအောက်တွင်သံမံသလင်းခင်းထားသည်။
အကာမရှိပေထိုကျောင်းအောက်တွင်တစ်ရွာလုံးကဘုန်းကြီးကျောင်းလာလူ ထားသော
သက်ပျောက်ကုတင်များကုလယ်ထိုင်စားပွဲစသဖြင့်သက်ပျောက်ပစ္စည်းအများအပြားရှိနေသည်။
မကောင်းကျောင်းပို့ဆိုသောစကားအတိုင်းသူတို့စိတ်ထဲမသိုးမသန့်အထင်ရှိသည့်အရာများ
လာပို့ထားသည်မှာအစုံအလင်ဖြစ်သည်စောင်ခြင်ထောင်ခေါင်းအုံးပါပါသေးသည်။
ဆရာတော်ကြီးကလဲလာလူ သမျှလက်ခံကာထားလေသည်မြို့ကဧည့်သည်များလာပါကလဲ
ဆရာတော်ကြီးကျောင်းအောက်တွင်လာတည်းကြတာမို့သက်ပျောက်ပစ္စည်းများနှင့်
မကင်းလွတ်ပဲအိပ်ကြရလေသည်။ထိုအခါညဘက်ရောက်ပါကကုတင်ပေါ်က
တွန်းချခြင်း-ဆွဲချခြင်း-ခြင်ထောင်အားဆွဲဖြုတ်ခြင်း-
တောက်တစ်ခေါက်ခေါက်ဖြင့်လမ်းရှောက်နေခြင်း-
စသည်ဖြင့်အမျိုးစုံအောင်ခြောက်လှန့်ခံကြရလေသည်။
မနက်မိုးလင်းတော့ဆရာတော်ကြီးကလာသမျှဧည့်သည်များအားမေးနေကြအတိုင်း
”’ဒကာတို့ညကအိပ်လို့ပျော်ကြလားကွဲ့””’
ထိုအခါလာတည်းသူများကလဲဖြေနေကြအတိုင်း
”’တစ်ညလုံးကောင်းကောင်းမအိပ်ရအောင်သရဲခြောက်ခံရပါတယ်ဘုရား””
ထိုအခါဆရာတော်ကြီးကဟောမြဲတရားဖြစ်သည့်ပစ္စည်းဥစ္စာစွဲလမ်းခြင်းအစချီသောတရားများကိုလာသမျှူလူကိုသံဝေဂရအောင်ဟောလေသည်။
မည်သို့ပင်ဆိုစေကာမူဘုန်းကြီးကျောင်းတွင်သရဲခြောက်သည်ဟူသောသတင်းသည်ဟိုလေးကျော်နေသည်။
တစ်နေ့မှာတော့အောက်အရပ်ကသရဲမကြောက်သောကုန်သည်ထိုရွာသို့ရောက်လာရာကာလသားများနှင့်
အလောင်းအစားလုပ်ကြလေသည်။
”’ကျုပ်ကသရဲတို့ဘာတို့အယုံအကြည်မရှိဘူး——ရှိလဲမယုံဘူး—-မွေးကထဲကတစ်ခါမှသရဲမမြင်ဘူးဘူး””
””ဒါဆိုကျုပ်တို့ရွာထိပ်ကဘုန်းကြီးကျောင်းအောက်သွားအိပ်ကြည့်မလား—”’
””အကယ်၍မနက်မိုးလင်းလို့ဘာမှမဖြစ်ဘူးဆိုဘုန်းကြီးဆီမှာအေးအေးဆေးဆေးတရားနာလာခဲ့———အဲဒါဆိုခင်ဗျားခိုင်းတာကျုပ်တို့လုပ်ပေးမယ်””’
””ကျုပ်တို့နိုင်ရင်—–ခင်ဗျားကခိုင်းတာလုပ်”’
”’စိန်လိုက်ကြိုက်ပြီ—–လိုက်သာပို့လိုက်တော့”’
ဒီလိုနဲ့ဘုန်းကြီးကျောင်းရောက်လာကာဘုန်းကြီးထံအပ်လေသည်။
”’အရှင်ဘုရားဒီလူကသရဲတစ္ဆေမယုံဘူးဘုရား—-အဲဒါအရှင်ဘုရားကျောင်းမှာတည်းပြီးမနက်တရားဟောပါ
မနက်တပည့်တော်တို့လာခေါ်ပါမယ်ဘုရား—””
ရွာသားများကကုန်သည်အားထားခဲ့ကာပြန်သွားကြလေသည်။
”ဒီအခါလူ့ဂွစာကုန်သည်ကဘုန်းကြီးအား
”’အရှင်ဘုရားဘုန်းကြီးကျောင်းမှာသရဲကနေလို့ရလို့လားဘုရား ——ဘုရားသံတရားသံကြားရင်နေမရဘူးဆိုအမျှဝေတဲ့အခါမကျွတ်ဘူးလားဘုရား——””
”’အဲဒါပဲပေါ့ ဒကာ—လူတွေဟာသေခါနီးစွဲမိစွဲရာကိုစိတ်စွဲလမ်းသွားရင်—-အဲဒီအစွဲကိုချွတ်ရခက်တယ်—–အခိုက်အတန့်အားဖြင့်တော့မကျွတ်မလွတ်ဖြစ်သွားကြတာပဲ—-
အချိန်တစ်ခုပြီးရင်တော့ကျွတ်သွားတာပေါ့လေ””
””’ကောင်းပြီတပည့်တော်အဲမကျွတ်မလွတ်တွေတွေရင်အရှင်ဘုရားကျောင်းမှာအလျု ကြီးလုပ်ပြီး—–
သာဓုခေါ်ခိုင်းမယ်တပည့်တော်ကတော့အယုံအကြည်မရှိပါဘူး””
ထိုအခါဘုန်းကြီးစိတ်ထဲမနက်မိုးလင်းရင်တော့ဒီဒကာအစွဲကိုချွတ်ဘို့တရား
အကြီးအကျယ်ဟောမယ်လို့စိတ်ကူးထားလိုက်သည်။
ကုန်သည်သည်တယူသန်တဇောက်ကန်းသူ့ကိုယ်သူအထင်ကြီးသူဖြစ်သည် ။
ဘုန်းကြီးကျောင်းတွင်သရဲခြောက်ခံရတာ
ဘာမှမဖြစ်စလောက်ဟုထင်သည်အကယ်၍ဘာမှမဖြစ်ပါကသူ့အားရွာသားများကသတ္တိခဲဟု
ထင်ကြမည်သူခိုင်းတာလဲလုပ်ပေးမည်ဆိုတော့သူတွေးကာကျေနပ်နေသည်။
သရဲအကြောင်းကြားထားသည်ကိုလဲအယုံအကြည်မရှိပေသရဲလဲမတွေ့ဘူးပေ
ထုံးစံအတိုင်းဆရာတော်ကြီးကကျောင်အောက်ကသက်ပျောက်ကုတင်တွင်နေရာပေးကာ
သက်ပျောက်ခြင်ထောင်စောင်ခေါင်းအုံးစသည်ဖြင့်သက်ပျောက်ပစ္စည်းများပေးထားသည်။
ညဘက်ရောက်တော့ကုန်သည်လဲအေးအေးလူလူအိပ်လေသည်။
သဘာဝလေအေးလေးနှင့်အိပ်ပျော်ကာစရှိသေး
‘ ”””’ဟေ့လူထထ—-ဟေ့လူထ”””
သူ့အားလူတစ်ယောက်ကအတင်းလာနိုးနေသဖြင့်ခြင်ထောင်မကာကြည့်လိုက်တော့
မျက်နှာကဖြူဖွေးဖောသွပ်နေကာမျက်လုံးကသပိတ်လောက်ရှိသောသရဲတစ်ယောက်ကိုမြင်ရလေသည်။
ထိုအခါသရဲမကြောက်သောကုန်သည်သည်အနည်းငယ်တုန်လှုတ်သွားကာ
”””ခင်ဗျားကလူလား——သရဲလား””’
”’ငါကဒီကုတင်ပိုင်ရှင်ဒါငါတို့လင်မယားရဲ့မင်္ဂလာဦးကျွန်းကုတင်လေးငါကိုယ်တိုင်လုပ်ထားတာ——ငါအရက်အသောက်များပြီးသေတော့ ——ငါ့မိန်းမကဘုန်းကြီးကျောင်းလာပို့ထားတာကွ” ””’
ထိုစကားကြားတော့ကုန်သည်လဲကျောချမ်းသွားကာဘေးကကွပ်ပျစ်ပေါ်ပြောင်းအိပ်လိုက်သည်။
မကြာခင်ခြင်ထောင်အားလာစောင့်ဆွဲပြန်သည်
ဒီအခါကုန်သည်လန့်နိုးသွားတော့ခြင်ထောင်ကြိုးများဆွဲဖြုတ်နေသောမိန်းမကြီးတစ်ယောက်အား
မြင်ရပြန်သည်ထဘီရင်ရှားနှင့်ဆံပင်ကဖွာလန်ကျဲနေသည်။
ကုန်သည်အားမျက်ထောင့်နီကြီးဖြင့်ကြည့်ကာ
””’ဒါငါ့ခြင်ထောင်အသစ်ငါ့သမီးက——မြို့ကပို့လိုက်တာဘယ်သူမှငါခြင်ထောင်နဲ့အိပ်တာမကြိုက်ဘူး”’
ထိုအခါကုန်သည်လဲထိတ်လန့်သွားကာခြင်ထောင်အားဖြုတ်၍ဘေးကုတင်ပေါ်ပြစ်တင်ကာ
ဒီအတိုင်းအိပ်လေသည်။ဒါပေမဲ့ဘယ်သရဲများလာခြောက်အုံးမလဲလို့ထိတ်လန့်စွာနှင့်
မျက်လုံးကိုအသေပိတ်ထားလိုက်သည်။
သ့ူ့ခြေရင်းတရှပ်ရှပ်လမ်းရှောက်နေသံကြောင့်သူ့ခြေထောက်များလာဆွဲမလားတွေးကာ
ခြေထောက်များကိုကွေးထားလိုက်သည်။သရဲမကြောက်ဖူးဆိုပေမဲ့တစ်ကယ်တန်းလက်တွေ့ကြုံလာသည့်အခါအထင်နှင့်အမြင်သည်လွဲနေကာမလန့်စဖူးလန့်နေမိ၏
အသံကြောင့်ဖားသေဆိုသလိုမျိူ းအသံစုံကြောင့်ကောင်းကောင်းအိပ်မပျော်မှေးကနဲပြန်အိပ်ပျော်မယ်ကြံသေး
နှာခေါင်းထဲအပုတ်နံ့ရနေသည်ဘယ်ကအနံ့ကြီးလဲလို့တွေးနေတုန်းမိမိအနောက်ဘက်က
ရနေတာကြောင့်နောက်လှည့်ကြည့်လိုက်ရာကွပ်ပျစ်ပေါ်တွင်သူ့ဘေးမှလာအိပ်နေသော
အရိုးဖြိုင်းဖြိုင်းနှင့်အဖိုးကြီးတစ်ဦးအားတွေ့လိုက်ရာအသဲများအေးသွားကာ
ထထိုင်လိုက်မိသည်ထိုအခါအရိုးဖြိုင်းဖြိုင်းနဲ့အဖိုးကြီးသည်မျက်တွင်ဟောက်ပက်ကြီးဖြစ်နေတာတွေ့တော့
ကုန်သည်လဲဘယ်လိုမှစိတ်တင်းထားလို့မရကာအော်
ချင်ပေမဲ့သူ့စကားနဲ့သူမို့ပါးစပ်ကိုစိထားကာစိတ်ထဲကအသံမထွက်ပဲကုန်းအော်နေရသည်။
တစ်ကိုယ်လုံးဇောခြွေများထွက်နေကာအတော်ကြောက်နေ
်လေသည်။
လူကလဲတစ်ကယ့်သရဲများလက်တွေ့မြင်ရတဲ့အခါကတုန်ကရင်ဖြစ်ကာအပေါ့သွားချင်သလိုလို
အလေးသွားချင်သလိုလိုဖြစ်လာတာကြောင့်ရေအိမ်သွားရန်ထလာခဲ့သည်။
ဒါပေမဲ့စိတ်ကတော့မလုံပေမိမိပတ်ဝန်းကျင်တွင်သရဲများကပ်နေသည်ဟုထင်နေသည်။
ဘုန်းကြီးကျောင်းခြံကြီးကလဲအကျယ်ကြီးဆိုတော့ရေအိမ်ကခြံထောင့်တွင်ရှိသည်။
ဒါနဲ့ကုန်သည်လဲရှောက်လာရင်ကြက်တွန်သံကြားတော့အားတက်သွားမိသည်။
မကြာခင်မိုးလင်းတော့မည်ဘုန်းကြီးမေးရင်မှင်သေသေဖြင့်ဘာမှမသိပါဟုပြောမည်စိတ်ကူးထားသည်။
သရဲမကြောက်တတ်သောသူ့အကြောင်းကြွားမည်ဟုအားခဲထားသည်။
ထိုအချိန်တွင်သူရှေ့တွင်လူတစ်ယောက်သစ်ပင်ပေါ်မော့ကြည့်ကာရပ်နေသည်ကိုတွေ့ရသည်။
သူလဲအကြောက်ပြေသွားသည်ဘုန်းကြီးကျောင်းသားလားရွာထဲကလူလားဘာလားတွေးကာ
အနားကပ်သွား၍ထိုသူအားမေးလိုက်သည်။
”’ဟေ့လူစောစောစီးစီးဘာလုပ်နေတာလဲသစ်ပင်ပေါ်တက်မလို့လား”’
ထိုအခါထိုလူကအသံသြသြကြီးဖြင့်ဖြေလိုက်သည်။
”ဟုတ်တယ်ဘယ်လိုတက်ရင်ကောင်းမလဲတွေးနေတာ”
”” ခင်ဗျားကလဲသစ်ပင်ပေါ်တက်တာများအဆန်းလုပ်လို့—–”
သူ့စကားမဆုံးခင်သူ့ရှေ့မှလူသည်သစ်ပင်ပေါ်သို့ဇောက်ထိုးကြီးတက်သွားရာ
သူသည်အလွန်ဆွံ့အသွားကာနေရာမှာရပ်ရင်းကျောက်ရုပ်တရုပ်လိုတောင့်တောင့်ကြီးရပ်နေသည်
သေးများလဲထွက်ကျသွားသည်မှာပုဆိုးတစ်ခုလုံးစိုရွဲသွားလေသည်။
မနက်မိုးလင်းတော့ကုန်သည်အားမတွေ့ရတော့ပါရွာသားများလိုက်ရှာပါသော်လည်းအစအနပင်မတွေ့တော့
နောက်၂လလောက်နေတော့ပျောက်သွားသောကုန်သည်သည်ဘုန်းကြီးကျောင်းတွင်
အလှုူ ကြီးလာလုပ်ကာမကျွတ်မလွတ်သူများအားအမျှပေးလေသည်။
ဆရာတော်ကြီးကလည်းဝမ်းပန်းတသာကြိုဆို၍ကုန်သည်နှင့်တစ်ကွရွာသားများကိုအကြီးအကျယ်တရားဟောလေတော့သည်။
ဒါပေမဲ့နောက်၂လ၃လတွင်တော့ဘုန်းကြီးကျောင်းအောက်တွင်သက်ပျောက်ပစ္စည်းအသစ်များထပ်ရောက်လာပြန်သည်။
လူတွေကနေ့တိုင်းမွေးပြီးနေ့တိုင်းသေနေတာဆိုတော့ဆရာတော်ကြီးကျောင်းတွင်လည်းနေ့တိုင်းသက်ပျောက်ပစ္စည်းများထပ်တိုးလာသလိုဆရာတော်လည်းနေ့တိုင်းတရားဟောနေရအုံးမှာမလွဲပါ
ပြီး
D Moe Moe