သက်မဲ့ဝိညာဉ်(စ/ဆုံး)
——————
ကျွန်တော့ နာမည် စွဲညို့ရှင်ပါ။ကျွန်တော့မှာ အရမ်းချစ်ရတဲ့ချစ်သူလေးတစ်ယောက်ရှိတယ်။သူ့နာမည်က ချစ်ခွန်းချို။ကျွန်တော့ထက်အသက်ကြီးတယ်။ အသားဖြူတယ်။ဆံပင်လည်းရှည်တယ်။သူ့ရဲ့အားနည်းချက်ကတော့ကျန်းမာရေးချူချာတာပဲ။ခုဆို ချစ်သူသက်တမ်း၃နှစ်ပြည့်တော့မယ်။
“မောင်´´
သူ့ရဲ့ခေါ်သံကဘယ်သူနဲ့မှမတူတာ ချွဲနွှဲ့ပြီးလည်းမပြောတတ်ဘူး။ခုသူ့ရဲ့ခေါ်သံလေးက အရမ်းကိုညိုးငယ်နေတဲ့အသံမျိုးပင်။
“ မ ဘာပြောမလို့လဲ ပြောလေ´´
ကျွန်တော်လည်း ပြုံးရယ်ကာပြန်ပြောလိုက်တယ်။
“မောင် ကျွန်မကိုချစ်လား´´
သူ့ရဲ့မေးခွန်းကအရမ်းကိုသူစိမ်းဆန်နေတယ်။
“ဘာလို့ အဲ့မေးခွန်းကိုမေးတာလဲ´´
“သိချင်လို့ပါ ဖြေပါနော်´´
“ဒီလိုကလေးဆန်တဲ့မေးခွန်းတွေမောင်
မဖြေချင်ဘူး ´´
ကျွန်တော်လည်း ဒေါသထွက်သော
လေသံနဲ့ပြန်ဖြေလိုက်မိတယ်။
“ဘာလဲ မောင် မကရောဂါသည်မို့ ငြိုငြင်လာပြီမဟုတ်လား မ သိပါတယ်မောင် ´´
“ဟာ.. မ ဘယ်လိုဖြစ်နေတာလဲ ဒီလိုမေးခွန်းမျိုးကဖြေစရာလိုသေးလို့လား ရစ်စရာမရှိကြံဖန်ရစ်တယ်ကွာ´´
“တော်ပြီ မောင် မတို့လမ်းခွဲရအောင်´´
ဟုဆိုသောစကားကိုငိုပြီးပြောရှာတယ်။ဒါပေမဲ့ ကျွန်တော့ရင်ထဲမှာ အရမ်းခံစားလိုက်ရတယ်ပြောမပြတတ်အောင်ပါပဲ။
“ကောင်းပြီလေ မကလမ်းခွဲဖို့ပြောလာမှတော့ဒီလိုလုပ်ကြတာပေါ့´´
ကျွန်တော်အပြုံးမပျက်ပြန်ပြောလိုက်တယ်။
“မောင် ဘာတွေဖြစ်နေတာလဲ အရင်ကလမ်းခွဲရအောင်လို့ပြောလိုက်တိုင်း
မောင် အမြဲချော့ပြီး ထာဝရမခွဲကြေးလို့ပြောနေတတ်တဲ့မောင်
မောင်အသစ်တွေ့နေပြီမဟုတ်လား´´
“ဟုတ်တယ် ငါမင်းကိုအရမ်းငြီးငွေ့လာပြီ
မင်းသိလား´´
ရင်ထဲကမပါတဲ့စကားလုံးတွေနဲ့
သူ့ကိုထိုးနှက်ခဲ့တယ်။
“ကောင်းပြီမောင် ဒီလိုပြောလာပြီဆိုတော့
လမ်းခွဲကြတာပေါ့ ဆူးဆိုတဲ့အရာက ချက်ချင်းနှုတ်ပစ်လ်ိုက်မှ မနှုတ်ဘဲထားမယ်ဆိုရင် ပိုဆိုးပြီးအသက်အန္တရာယ်ပါထိခိုက်နိုင်တယ်။´´
သူ့ရဲ့စကားသံတွေကြောင့် ကျွန်တော်တဖက်လှည့်ကာ မျက်ရည်တွေကျလာတယ်။သူသိနိုင်မယ်မထင်ပါဘူး။
“မ အချစ်သစ်နဲ့ပျော်ရွှင်ပါစေ´´
ကျွန်တ်ာအံကြွတ်မျက်ရည်သုတ်ပြီးပြောလိုက်တယ်။သူအတော်လေးဒေါသထွက်သွားပုံရတယ်။
“မင်း မို့လို့ပြောရက်တယ်ကွာ´´
သူမျက်ရည်တွေကျလာတယ်။
“အိုကေလေ ငါသွားတော့မယ် ချစ်ခွန်းချို ငါ့မှာအရေးကြီးတဲ့အလုပ်တွေလုပ်စရာရှိသေးတယ်။´´ကျွန်တော်ပြောပြောဆိုဆိုနဲ့လှည့်ထွက်ပြန်ခဲ့တယ်။
“ခဏနေဦးစွဲညို့ရှင် မင်းနောင်တမရပါစေနဲ့ ငါ့ရဲ့အချစ်တွေအတွက် ပြန်ပြီး မပေးဆပ်ရစေနဲ့လို့ငါဆုတောင်းတယ်´´
သူကျောခိုင်းလှည့်ထွက်သွားတယ်။ဘာကြောင့်မှန်းမသ်ိကျတော့ရင်ဘတ်တစ်စုံနာကျင်လာတယ်။
အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်သလို
ရယူခြင်းလည်းမဟုတ်ဘူး ခွင့်လွှတ်နားလည်ခြင်းယုံကြည်ခြင်း သစ္စာရှိခြင်း တစ်ယောက်ရင်ထဲမှာ
တစ်ယောက်ကထာဝရရှင်သန်နေခြင်း
ရေမြေခြားနေလည်း စိတ်ချင်းအမြဲနီးကပ်နေခြင်းလို့ထင်မိတယ်။
တခြားသူတွေကတော့ ကျွန်တော်တို့ ချစ်သူနှစ်ယောက်လမ်းခွဲ လိုက်ပြီဆိုတာကိုမယုံကြဘူး။ချစ်သူသက်တမ်းလည်း ၃နှစ်ပြည့်တော့မယ်လေ။ဒါပေမဲ့လည်း ဒါကအိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး။လက်တွေ့ဖြစ်ရပ်တစ်ခုပဲ။တစ်နေ့မှာ~~
သူ့ကိုကောင်လေးတစ်ယောက်တစ်ယောက်နဲ့တွေ့လိုက်တယ်။အရမ်းရင်းနှီးနေတဲ့
ဆက်ဆံရေးတစ်ခုလို့ ကျွန်တော်မြင်တယ်။
ကျွန်တော့ ရင်ထဲဗြောင်းဆန်သွားတယ်။လောကကြီးကလည်ထွက်သွားပြီး ကျွန်တော့မျက်လုံးထဲဘယ်အရာကိုမျှမြင်တော့ဘူး သူတို့နှစ်ဦးဆီကိုခြေဦးတည်လာတယ်။သူတို့ရဲ့ အရှေ့မှာ ခြေစုံကိုရပ်လိုက်မိတယ်။
“စွဲညို့ရှင် ဒါဘာလုပ်တာလဲ´´
“မ ဒါကျွန်တော်ပြောရမှာပါ ဒါဘာသဘောလဲ´´
“မင်း ငါ့ကိုအရှက်ကွဲနေတာလား
လမ်းမကြီးမှာ´´
“သူဘယ်သူလဲ ဘာလဲမနေ့တစ်နေ့မှချစ်သူနဲ့ပျက်တယ် ခုချစ်သူအသစ်ထားနေပြီပေါ့လေ မိန်းမတွေများအပြောင်းအလဲမြန်ပါ့´´
“ဖျန်းး´´
“ငါ့စေတနာ တစ်နေ့အကျိုးပေးလိမ့်မယ် ငါ့ကိုအရှက်ကွဲလို့ ဒါ ငါ့ရဲ့နောက်ဆုံးလက်ဆောင် နင့်ကိုငါဘယ်တော့မှမမြင်ချင်ဘူး ငါ့ရှေ့ကထွက်သွား ´´
မ ဒေါသထွက်တာ ဒီတစ်ခါပဲ
ကျွန်တော်မြင်ဖူးတယ်။
မ စိတ်ချမ်းသာဖို့ သူ့ ဘဝထဲကနေ
ထွက်ခဲ့ရုံပေါ့။
—နတ်သမီးလေး မိုးမြင့်စံနန်းအထက်မှာ ရောင်စုံခြယ်ပန်းခင်းလေးထဲနင်အိပ်စက်ပါနော်။ကြင်နာသူအိပ်မက်လှလှမက်ဖို့ရာ ကိုယ်ဟာသီချင်းလေးများ—
®®®®®®®®®®®®
“သက်မဲ့ နှလုံးသား”
______________
အပိုင်း(၂)
“မ စိတ်ချပါ မ မတွေ့ချင်တဲ့ဒီမျက်နှာကို
ဒီတစ်သက် လုံးဝမတွေ့စေရဘူး ´´
ကျွန်တော်ပြောပြီးလှည့်ထွက်ခဲ့ရပြန်တယ်။
မလွှဲသာလို့ခွဲခွာခဲ့ရသော်လည်း
ရင်ထဲမှာချစ်နေဆဲပင်။
မောင် မ လည်းမလွှဲသာလို့မောင့်ပါးကိုရိုက်ခဲ့မိတာပါ။မကို အရမ်းနာကြည်းသွားပြီလား။မောင့်ရဲ့အမုန်းတွေမ မခံယူပါရစေနဲ့။
မောင် မ လုပ်သမျှအရာတ်ိုင်းက မောင်
ပျော်ရွှင်စေဖို့အတွက်ပါမောင်။ချစ်ခွန်းချိုတစ်ယောက်စိတ်ထဲက ရေရွတ်နေရုံမှလွဲ၍ ရင်ထဲကနေ ငိုကြွေးခြင်းများသာ တတ်နိုင်ခဲ့သည်။
အမှန်တော့နှစ်ယောက်စလုံးကချစ်နေလျက်နဲ့လမ်းခွဲခဲ့တာပါ။ဒါတွေကိုသူတို့ရင်ထဲမှာပဲ
သိမ်းထားခဲ့ ကြတယ်။
“ညီမလေး ရရဲ့လား´´
“ရပါတယ် ကိုမင်းအာကာ ´´
မင်းအာကာက အခုမှနိုင်ငံခြားကပြန်လာတဲ့ချစ်ခွန်းချိုရဲ့အစ်ကိုဝမ်းကွဲဆရာဝန်တစ်ယောက်ပါ။စွဲညို့ကအထင်လွှဲသွားခြင်းသာ။
တစ်လခန့်ကြာသော်~~~
“သမီး မကြောက်နဲ့နော် ဘုရားတရားကိုစိတ်မှာမှတ်နေ သမီးရောဂါတွေပျောက်ကင်းသွားလိမ့်မယ်´´
ချစ်ခွန်းချို ခွဲစိတ်ခန်းဝင်ခါနီး သူ၏မိဘများမှ အားပေးစကားပြောနေခြင်းဖြစ်သည်။
ချစ်ခွန်းချိုတစ်ယောက်စိတ်ထဲကပင်
“ခုချိန်မှာ မောင်ရှိနေရင်သိပ်ကောင်းမှာပဲ မောင် မ မသေရတော့ဘူးအသက်ဆက်ရှင်ရတော့မယ်
မောင်ကခုဘယ်တွေပျောက်နေတာလဲ မောင်အနားမှာရှိရင်´´
ဆိုတဲ့စိတ်နဲ့ချစ်ခွန်းချိုခွဲစိတ်ခန်း အတွင်းသို့ဝင်သွားတော့သည်။
အမှန်တော့ချစ်ခွန်းချိုက အသည်းကင်ဆာသမားတစ်ယောက်ပါ။သေတော့မယ်ဆိုတာကို သိလို့ သူ့ရဲ့ချစ်သူစိတ်ကို စမ်းသပ်ခဲ့တယ်။သူ မမျှော်လင့်ထားတဲ့လမ်းခွဲမယ်ဆိုတဲ့စကားကြောင့်အတော်လေး စိတ်ထိခိုက်သွားတယ်။ပြီးတော့ သူသေတော့မယ်ဆိုတာကို သူ့ချစ်သူသိရင်ဝမ်းနည်းခံစားစေမဲ့ဝေဒနာမျိုးကိုသူ မပေးချင်ဘူးလေ။ဒါကြောင့်လမ်းခွဲခဲ့တာပါ။
ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တယ်။
ဒါပေမဲ့စွဲညို့ကတော့ ခုထိချစ်ခွန်းချိုရဲ့ပုံရိပ်ထဲကိုရောက်မလာခဲ့ပေ။
“သမီးသက်သာလား ´´
“ဟုတ်ကဲ့မာမီ´´
“သိပ်ပြီးလှုပ်လှုပ်ရှားရှား မလုပ်နဲ့နော်´´
“ဟုတ်ကဲ့ မာမီ ဒယ်ဒီကော´´
“သမီးဒယ်ဒီ ဆေးသွားဝယ်တယ်ကြာနေပြီ်
မာမီလည်းလိုက်သွားမယ်နော်´´
“ဟုတ်ကဲ့မာမီ´´
—နတ်သမီးလေး မိုးမြင့်စံနန်းအထက်မှာ ရောင်စုံခြယ်ပန်းခင်းလေးထဲနင်အိပ်စက်ပါနော် ကြင်နာသူအိပ်မက်လှလှမက်ဖို့ရာ–
“ဒီသီချင်းသံက မောင်ပဲ မောင် မဆီလာတယ်
မောင်ဘယ်မှာလဲ မောင် မောင်´´
မောင်ဆိုသောအော်သံနှင့်အတူ
ချစ်ခွန်းချို နိုးထလာတယ်။
“သမီး သမီးဘာဖြစ်တာလဲ´´
“အိပ်မက်မက်တာပါ မာမီဘာမှမဖြစ်ပါဘူး´´
ချစ်ခွန်းချို ဖြေလိုက်တဲ့အချိန်မှာပဲ သီချင်းသံကိုကြား ယောင်လာပြန်တယ်။
“စိတ်လှုပ်ရှားစေမဲ့ အကြောင်းအရာတွေ
သိပ်မတွေးပါနဲ့ သမီးလေးနော်´´
“ဟုတ်ကဲ့ မာမီ သီချင်းသံကြားလား´´
ချစ်ခွန်းချို ရဲ့အမေးကြောင့် သူ့မာမီ့မျက်နှာပျက်သွားသည်ကို သူသတိထားမ်ိသည်။
“ဘာသီချင်းသံမှ မကြားရပါဘူး
သမီးပြန်အိပ်လိုက်နော် အားရှိအောင်
ဆေးရုံကဆင်းရတော့မယ်´´
သူ့မာမီရဲ့တုံ့ပြန်မှုတွေက ချစ်ခွန်းချို အတွက်ထူးခြားနေတာအမှန်ပဲ။
“ဟုတ်ကဲ့မာမီ ကိုမင်းအာကာကော´´
“သမီးခွဲစိတ်ကုသမှုပြီးတည်းက ပြန်သွားပြီဟိုမှာလည်းကိစ္စလေးတွေရှိလို့လေ ဒီမှာသမီးအတွက်ပန်းစည်း´´
“ဟုတ်ကဲ့ တကယ်လို့ဖုန်းဆက်ခဲ့ရင်ကျေးဇူးတင်ကြောင်းပြောပေးပါနော်´´
ချစ်ခွန်းချို ပန်းစည်းကိုသတိထားကာကြည့်လိုက်မိသည်။
“ဟင် ဒီပန်းစည်းက Vdayနေ့က မောင်ငါ့ကိုပေးတဲ့ ပန်းစည်းပဲ မောင် မောင်ဆေးရုံမှာရှိနေတာလား´´
ချစ်ခွန်းချို ခေါင်းတွေရှုပ်ထွေးနေသည်။
တစ်နှစ်ခန့်ကြာသော်~~
“သမီး မာမီတို့ပြောစရာရှိတယ်´´
“ပြောလေ မာမီနဲ့ ဒယ်ဒီ´´
“သမီးကို မောင်ဇွဲသာနဲ့နေရာချထားပေးချင်လို့
အဲ့ဒါဘယ်လိုသဘောရလဲ´´
“ရှင်´´
ဟူသောအသံနှင့်အတူ
ချစ်ခွန်ချို ခေတ္တမျှမှိန်သက်သွားသည်။
ချစ်ခွန်းချို ရင်ထဲမှာ စွဲအတွက်ပဲ နေရာရှိတယ်။စွဲ သူ့ဆီပြန်လာမယ်လို့ယုံကြည်နေဆဲပင်။
“သမီးသဘောပါ သမီးမငြင်းဘူးလို့
မာမီတို့မျှော်လင့်တယ်´´
ချစ်ခွန်းချို ကိုလည်း သူ့မိဘများက အရမ်းမျှော်လင့်ထားတာလေ။ကျန်းမာရေးအခြေအနေကြောင့်ဆေးတက္ကသိုလ် တက်ခွင့်မရခဲ့တဲ့သမီးကို
တူဖြစ်သူ မင်းအာကာရဲ့သူငယ်ချင်းဒေါက်တာ ဇွဲသာနဲ့နေရာချပေးစေချင်တာလည်း မိဘတွေမမှားပါဘူးလေ၊၊
“သမီး စဉ်းစားပါရစေ မာမီနဲ့ဒယ်ဒီ´´
စွဲ ကိုမမေ့နိုင်သေးတဲ့စိတ်ကြောင့် ခေါင်းမညိတ်ခဲ့သလို ခေါင်းမခါခဲ့ဘူး။
“သက်မဲ့ နှလုံးသား”
(ဇာတ်သိမ်းပ်ိုင်း )
“မ အရမ်းရက်စက်တယ်ဗျာ ရက်စက်တယ် ရက်စက်တယ်´´
“မဟုတ်ဘူးမောင် မ ရှင်းပြပါရစေ´´
“မသိဘူး မ အရမ်းရက်စက်တယ် မ ပြောခဲ့တဲ့ဆူးဆိုတဲ့အရာက ကျွန်တော်ပေါ့
မ ကိုထပ်ပြောလိုက်မယ် အချစ်သစ်နဲ့ပျော်ပါစေ´´
“မဟုတ်ဘူး မဟုတ်ဘူး မောင်´´
အော်သံများနှင့်အတူ ချစ်ခွန်း အိပ်ရာမှနိုးထလာသည်။
“သမီး သမီးဘာဖြစ်တာလဲ´´
ဟုဆိုကာဒယ်ဒီနဲ့မာမီ ဖြစ်သူ
အခန်းတွင်းသို့ဝင်လာသည်။
“အိပ်မက်ဆိုးမက်လို့ပါ ဘာမှမဟုတ်ပါဘူး´´
ချစ်ခွန်းရဲ့ဖြေသံဟာ တုန်ရီနေသည်။
“သမီးရယ် ရေသောက်လိုက်နော် ရော့´´
“ရပါတယ် ဒယ်ဒီတို့သွားအိပ်တော့ သမီးကြောင့်အိပ်ရေးပျက်ရပြီ´´
“အေးအေး သမီးပြန်အိပ်နော် ၁ချက်တီးနေပြီ´´
“ဟုတ်ကဲ့´´
ချစ်ခွန်းရဲ့အတွေးထဲမှာ စွဲရဲ့ပုံရိပ်တွေဝင်ရောက်လာပြန်တယ်။
လွန်ခဲ့တဲ့ ၅နှစ်
စွဲနဲ့ သူစတွေ့ခဲ့စဉ်ကပေါ့
သူငယ်ချင်းတွေပုဂံဘုရားသွားတဲ့အချိန်က..
“ဟာ ဖိနပ်ပျက်သွားပြီ´´
“ဒီကအစ်မ ကျွန်တော့ဖိနပ်ယူစီးလိုက်ပါ ကျွန်တော်က ယောက်ျားလေးပဲ´´
“ဒီက´´
“ကျွန်တော်က မမမိုးသားဖြူရဲ့မောင်တစ်ဝမ်းကွဲပါ။မမတို့ကရှေ့ရောက်သွားပြီ ရော့မြန်မြန်စီးလိုက်။ရှေ့ကဘုရားမှာ ဖိနပ်ရောင်းလားမသိဘူး
အဲ့တော့မှဝယ်လိုက်ပေါ့´´
ဒီလိုနဲ့ချစ်ခွန်းတို့နှစ်ယောက်ရင်းနှီးခဲ့ကြတယ်။နောက်ဆုံးချစ်သူတွေဖြစ်သွားတယ်ဆိုပါတော့။
မိုးသားဖြူကလည်း န်ိုင်ငံခြားကိုပညာသင်ထွက်သွားပြီ။ခုထိစွဲရဲ့သတင်းလည်းဘာမှမကြားဘူး။စွဲ မကိုစိတ်ဆိုးသွားပြီလား။မေးခွန်းပေါင်းများစွာနှင့်အတူရုတ်တရက်.
–နတ်သမီးလေး မိုးမြင့်စံနန်းအထက်မှာရောင်စုံခြယ်ပန်းခင်းလေးထဲနင်အိပ်စက်ပါနော် ကြင်နာသူအိပ်မက်လှလှမက်ဖို့ရာ–
ဒါစွဲ အသံပဲ။မဖြစ်နိုင်တာ။
“မောင် ဘယ်မှာလဲ မောင်မနောက်ပါနဲ့ထွက်လာခဲ့ပါ´´
အရူးတစ်ယောက်လို အော်ဟစ်နေသော်လည်းဘာမှထူးမလာချေ။
“ချလွမ်´´
“ဒါမောင်ပေးထားတဲ့ ကော်ဖီခွက်ပဲ ဘယ်လိုဖြစ်ပြီးပြုတ်ကျတာလဲ မောင်တစ်ခုခုဖြစ်နေတာလား´´
“မ ကိုမောင်စိတ်မချဘူး။မရဲ့ဘေးမှာအရိပ်လေးတစ်ခုလိုရှိနေတယ်။´´
ငိုသံဖြင့်ပြောသော စွဲရဲ့အသံကို ချစ်ခွန်းကြားလိုက်ရတယ်။
“ဒါဆိုမောင်က´´
“ဟုတ်တယ် မ မောင်ကလူ့လောကထဲမှာမရှိတော့ဘူး မ မှတ်မိလား ချစ်သူသတ်တမ်း၃နှစ်ပြည့်တဲ့နေ့ကို´´
“အဲ့တာ မအသည်းအစားထိုးကုတဲ့နေ့လေ အဲ့နေ့က မောင်ပန်းစည်းတောင်ပို့ခဲ့သေးတာပဲ´´
“ဟုတ်ပါတယ် အဲ့ပန်းစည်းပေးတဲ့အချိန်ကစပြီး မောင်လူ့လောကထဲမှာမရှိတော့တာပဲ´´
“ဟင် မ နားမလည်ဘူး ´´
“အချိန်တန်ရင် နားလည်လာမှာပါ ခုမကိုစိတ်မချလို့ ဇွဲသာဆိုတဲ့သူနဲ့လက်မထပ်ပါနဲ့´´
“ဘာလို့လဲ မောင် ´´
အခန်းကတိတ်ဆိတ်သွားတယ်။
ဘာစကားသံမှမကြားရတော့။
“မောင် ကျွန်မကိုသနားရင်ပြောပါ မောင့်အသံလေးကြားချင်သေးတယ်´´
သို့သော်လည်းဘာတုန့်ပြန်မှုမှမကြားရတော့ပေ။
အချစ်စိတ်ဆိုတာ သေသွားသော်လည်းချစ်သူရဲ့ဘေးမှာကပ်တွယ်နေဆဲ အသက်မဲ့သွားသော်လည်းနှလုံးသားကရှင်သန်နေဆဲ
ကိုယ့်ချစ်သူရဲ့ဘေးမှအရိပ်လေးတစ်ခုလိုအမြဲရှိနေဆဲ သေတာတောင်
ဝိညာဉ်အဖြစ်စောင့်ရှောက်နေစမြဲပင်။
“သမီး မာမီတို့ပြောတာစဉ်းစားပြီးပြီလား´´
“မာမီနဲ့ဒယ်ဒီ သမီးလက်မခံနိုင်ဘူး´´
“ဘာကြောင့်လဲသမီး´´
“မသိဘူး မာမီ´´
“နောက်လာမဲ့အင်္ဂါနေ့စေ့စပ်ပွဲလုပ်မယ်လို့စီစဉ်ပြီးပြီ အာကာလည်း နိုင်ငံခြားကနေ မနက်ဖြန်ပြန်လာတော့မယ်´´
“ဒါဘာသဘောလဲ မာမီတို့ကသမီးသဘောကိုမေးနေတာလား စီစဉ်ပြီးသားကိစ္စကို ပြောပြနေတာလား´´
“မာမီတို့လုပ်တဲ့အရာတွေက သမီးလေးကောင်းစားဖို့အတွက်ပါ။´´
“မာမီတို့မတရားဘူး´´
ချစ်ခွန်း ခုချိန်မှာ စွဲကိုအရမ်းသတိရလာတယ်။စွဲဘာတွေဖြစ်နေလဲ။စွဲ သေတယ်ဆိုတာကကောဘာကြောင့်လဲ သိချင်နေမိတယ်။
–ရိုးရိုးလေးနဲ့လှနေတယ် မရေ ဆန်းဆန်းပြားပြားမဝတ်ပါနဲ့လား ကမ္ဘာကျော်တဲ့မင်း–
“ဟယ်လို ´´
“ချစ်ခွန်းချို ညီမလေးနေကောင်းလား´´
“ကိုအာကာလား´´
“ဟုတ်တယ် ညီမလေး အစ်ကိုညီမလေးကိုပြောစရာတွေရှိတယိ´´
“ ခွန်းလည်း မေးစရာရှိတယ် မနက်ဖြန်တွေ့မယ်လေ´´
“အိုကေ မနက်ဖြန်တွေ့မယ်´´
ချစ်ခွန်းချို ရင်ခုန်နေမိတယ်။အာကာပြောမဲ့စကားတွေက သူသိချင်နေတဲ့ အဖြေတွေဖြစ်နေမယ်လို့ ယုံကြည်နေတယ်။
“ညီမလေးထိုင် ဘာသောက်မလဲ´´
“မသောက်တော့ဘူး မေးစရာရှိတာအရင်မေးမယ်´´
“ဘာမေးမယ်ဆိုတာအစ်က်ိုသိပါတယ် ရော့ဒါက စွဲညို့ရဲ့ဒိုင်ယာရီစာအုပ်ပဲ´´
“အစ်ကို့ဆီဘယ်လိုရောက်နေတာလဲ´´
“သေချာဖတ်ကြည့်လိုက်ရင် ရှင်းသွားမှာပါကွာ´´
ချစ်ခွန်းချို လက်တွေတုန်ရီစွာနဲ့စာအုပ်လေးကိုလှန်လိုက်မိတယ်။
စာအုပ်ထဲမှာ သူတို့စတွေ့ခဲ့တဲ့အချိန်တွေအသေးစိတ်ရေးထားတယ်။
“မ ကတော့မသိပါဘူး ဒီနေ့မ ပြောခဲ့တယ် လမ်းခွဲရအောင်ဆိုတဲ့စကား ကျွန်တော်အရမ်းခံစားရတယ်မရာ။မ မသိခဲ့ပါဘူး မ မိဘတွေအိမ်လာပြီး မနဲ့မပတ်သက်ဖို့ပြောခဲ့တယ်။ဒါပေမဲ့ မကိုကျွန်တော် လက်မလွှတ်နိုင်ဘူး။မရဲ့ လမ်းခွဲမယ်ဆိုတဲ့စကားက
ကျွန်တော့ရင်ကိုမြှားတစ်စင်းစိုက်ပြီး အဲ့မြှားကိုပြန်ဆွဲနှုတ်လိုက်သလိုမျိုး ခံစားရတယ်။မရဲ့ကျန်းမာရေးအခြေအနေကို ကျွန်တော်စုံစမ်းပြီးသားပါ။ဒါကြောင့် ကျွန်တော်နည်းလမ်းအစုံသုံးခဲ့တယ်။မ ကျွန်တော့ကိုစိတ်ကုန်အောင်လုပ်ခဲ့တယ်။ကျွန်တော် ကိုမင်းအာကာနဲ့တွေ့ခဲ့တယ်။အသည်းအစားထိုးကုရင် မအသက်ရှင်နိုင်တယ်တဲ့။ဒါကြောင့်ကျွန်တော့်အသည်းကိုမ အတွက်ပေးခဲ့တယ်။မ မသိသေးတာ မောင့်ရဲ့ ကျန်းမာရေးအခြေအနေပဲ။မောင်လည်း ဦးနှောက်ကင်ဆာနဲ့ မကြာခင်သေရတော့မယ့်သူလေ။ဝေဒနာခံစားပြီး မသေချင်ခဲ့ဘူး။ကျွန်တော့ရဲ့နောက်ဆုံး ထွက်သက်မှာ နှလုံးသားကို ဓားနဲ့ထိုးစိုက်ပြီး မအတွက် အသည်းပေးခဲ့တယ်။
ဒါပေမဲ့ မရဲ့အနားမှာ အမြဲထာဝရရှိနေချင်တယ်။မောင်က တစ်ကောင်ကြွက် ဆိုတော့စိတ်ပူပန်စေမဲ့သူမရှိဘူးလေ။မကကျွန်တော့ကို ချစ်လားလို့မေးခဲ့တယ်။ကျွန်တော်မကို ပြောမပြတတ်အောင်ချစ်တာပါ။မရဲ့မောင်။ ။
ထိုစာကိုဖတ်ပြီး ချစ်ခွန်းမျက်ရည်တွေဝဲကာ မျက်ရည်မိုးတွေရွာသွန်းလာတယ်။စိတ်ထဲကနေ မောင် ကျွန်မကိုအဲ့ဒီလောက်တောင်ချစ်ခဲ့တာလား။ ။ဆိုတဲ့စကား ပဲ့တင်နေတော့သည်။
အချစ်ဆိုတဲ့အရာမှာ
တစ်ခါတလေ ပါးစပ်ကနေဖွင့်ပြောမှချစ်တာမဟုတ်ဘူး ရင်ထဲကနေပြောမထွက်တဲ့စကားလုံးတွေကလည်း အချစ်ပါပဲ ဝေးခြင်းနီးခြင်း
ချမ်းသာခြင်းဆင်းရဲခြင်းတွေက
တကယ်တော့ အရေးမပါပါဘူး။ဆိုတာကို သူတို့နှစ်ဦးကြောင့်နားလည်သွားရတယ်။
ဇာတ်လမ်းရဲ့အဆုံးမှာ ချစ်ခွန်းချိုဟာ သာသနာ့ဘောင်အတွင်းအပြီးအပိုင်ဝင်ရောက်ခဲ့ပြီး
စွဲညို့ရှင်ရဲ့အစွဲအလမ်းတွေလည်းပျောက်ပျက်သွားပါတော့တယ်။
ပြီးပါပြီ
ရွှင်လန်း ချမ်းမြေ့ကြပါစေ
တုနှိုင်းမဲ့ (သစ္စာ)