သင်္ချိုင်းပြာ(စ/ဆုံး)

Unicode Version

သင်္ချိုင်းပြာ(စ/ဆုံး)
————————
၁၉၉၂ – ခုနှစ်ခန့်က ကျွန်တော် ကုမ္ပဏီတစ်ခုတွင် မန်နေဂျာလုပ်စဉ် ကြုံခဲ့ရသော အဖြစ်အပျက် ဖြစ်သည်။ ကုမ္ပဏီ ဒါရိုက်တာလူကြီးများက ဗိုလ်မှူး အငြိမ်းစားများအပြင် အရပ်သား ငွေရှင်၊ ကြေးရှင်များလည်း ပါဝင် ပါသည်။ကုမ္ပဏီလုပ်ငန်းများက အုတ်၊ သဲ၊ ဘိလပ်မြေ၊ အရက်ချက်လုပ် ရန်တင်လဲရည်၊သစ်များအပြင်ဆောက်လုပ်ရေးလုပ်ငန်းလည်းပါသေးသည်။ ကျွန်တော်တို့ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာက ဗိုလ်မှူး(အငြိမ်းစား)။ အရပ်ဘက်ဌာနသို့ ပြောင်းပြီး ညွှန်ကြားရေးမှူးလည်း လုပ်ခဲ့ဖူးသဖြင့် လွန် စွာအပေါင်းအသင်းလည်း ဆန့်သည်။ မိတ်ဆွေ အလွန်ပေါသည်။ ဌာန ဆိုင်ရာများတွင်လည်းပေါက်ရောက်သည်။ကုမ္ပဏီတွေရှိသည်။အငြိမ်းစား ဗိုလ်မှူးချင်းတောင် သူက ဆရာကြီး။ ချမ်းသာပြီး ပစ္စည်းကြွယ်ဝသည်။ တရားဝင်ယူထားသော မိန်းမတောင် ကျွန်တော်သိသမျှ (၃)ယောက် ရှိ သည်။တခြားကျွန်တော်မသိသူများလည်းရှိပါသေးသည်။ သူကတစ်လိုင်း တည်းသမားလည်း မဟုတ်၊ လိုင်းပေါင်းစုံ (မထသ) ဖြစ်သည်။
တစ်နေ့တော့လှိုင်သာယာမြို့သစ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးကုမ္ပဏီ ရုံးခန်းသို့ မနက် (၁၀)နာရီခန့် ရောက်လာသည်။ ကျွန်တော်နှင့်တွေ့တော့ သူကအငြိမ်းစားဗိုလ်မှူးတစ်ဦးဟုပြောသည်။စစ်သုံးတောဆောင်းဦးထုပ် အစိမ်းရောင်ကိုဆောင်းပြီးဖိနပ်ကရော်ဘာဖိနပ်၊အတော်နွမ်းပါးသောပုံစံ ပင်။ ပိန်ပိန်၊ အသားညိုညိုဖြစ်သဖြင့် စာရေးဆရာ၊ မုဆိုးကြီး ဦးလေးမောင် နှင့် အတော်တူသည်။ အသက်အရွယ်ကလည်း (၆၅)နှစ်ခန့်ရှိပါလိမ့်မည်။ ကျွန်တော်က ဗိုလ်မှူး အပြင်သွားနေသဖြင့် ခေတ္တစောင့်ဆိုင်းရန် ပြော၍ ရုံးခန်းဧည့်စားပွဲတွင် နေရာပေးပြီး ကော်ဖီတိုက်၍ ဧည့်ခံထားပါသည်။ (၁၁) နာရီခန့်ရှိတော့ ကျွန်တော့် ဗိုလ်မှူး ပြန်ရောက်လာသဖြင့် သူတို့နှစ်ဦး စကားပြောကြသည်။ ကျွန်တော်က ဧည့်ခန်းအဝ၊ မန်နေဂျာစားပွဲတွင် ထိုင်၍အလုပ်လုပ်နေသဖြင့်သူတို့ပြောစကားများကိုအတိုင်းသားကြားနေ
ရပါသည်။
မန်နေဂျင်း ဒါရိုက်တာ –
“ဗိုလ်မှူး – ဘာကိစ္စလဲ။ ပြောပါ။ ကျွန်တော် အစည်းအဝေး သွားစရာရှိ လို့ အချိန်သိပ်မရဘူး”
“အစ်ကို-မြေကွက်ကလေးရောင်းချင်လို့ပါ – ညီလေးရယ်။ ကူညီပါဦး” “ဘယ်မှာရှိတာလဲ။ ဘယ်လောက်နဲ့ ရောင်းမှာပါလဲ”
“လှိုင်သာယာမြို့သစ်က တမာကုန်းမှာပါ။ ပေ(၄၀-၆၀) နှစ်ကွက်ပူး။ လေးသောင်းတည်းနဲ့ ရောင်းချင်တာပါ”
“လမ်းမကြီးဘေးမှာလား – အတွင်းကျသလား”
“လမ်းမကြီးနဲ့တော့ နည်းနည်းလှမ်းတယ်။ အတွင်းကျပေမယ့် ပတ် လမ်းနဲ့ နီးပါတယ်”
“ကျွန်တော့်မှာလည်းမြေကွက်တွေ – အိမ်တွေအများကြီးရထားတော့ မလိုသေးဘူးဗျ။ နောက်ပြီးအစွန်ကျနေတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ တခြားတစ်ယောက်ယောက်ကို စပ်ရောင်းပါ။ ကျွန်တော် အစည်းအဝေး သွားစရာရှိသေးလို့။ ရော့ – ဟော့သည်မှာလမ်းစရိတ် (၅ဝဝ)ကျပ်…”
ဗိုလ်မှူးဟောင်းကြီး ကုပ်ကုပ်ကလေး ပြန်ထွက်လာသည်။ စိတ် မကောင်းပါ။ ဗိုလ်မှူးအချင်းချင်းတောင် ချမ်းသာသူနှင့် ဆင်းရဲသူ၊ အတော် ကွာခြားဟန် ရှိပါသည်။
“ဆရာလေး-ကျွန်တော်ပြန်ပါဦးမယ်နော်”
“ဗိုလ်မှူး – ခဏကလေး စောင့်ပါ။ နေ့လယ်စာ ထမင်းမစားရသေးဘူး မဟုတ်လား။ ကျွန်တော်နဲ့ အတူစားရင်း စကားပြောကြတာပေါ့”
“ဟုတ်ကဲ့ – ဆရာလေး”
ကျွန်တော်အလုပ်များကိုအပြီးသတ်ဖြတ်နေစဉ်ကျွန်တော်တို့ဗိုလ်မှူး
မန်နေဂျင်း ဒါရိုက်တာ အစည်းအဝေးတက်ရန် ရုံးပေါ်က ဆင်းသွားသည်။ ဗိုလ်မှူးဟောင်းကြီးကို နှုတ်ပင် ဆက်မသွားပါ။
ကျွန်တော်လည်း အလုပ်လက်စသိမ်း၍အောက်က ဝန်ထမ်းများအား မှာကြားခဲ့ပြီး (၃၅)လမ်းထဲမှထမင်းစားနေကျဆိုင်သို့ထွက်ခဲ့ပါသည်။ ဗိုလ် မှူးဟောင်းကြီးအတွက်ဟင်းအစုံအလင်မှာကြားပြီးအတူထမင်းစားကြရင်း- “အဘက “ အခု ဘယ်မှာနေတာလဲ”
“လှိုင်သာယာမြို့သစ်မှာပါ။ အဘတို့ရပ်ကွက် အဖျက်ခံရတော့ လှိုင် သာယာမှာ မြေကွက် အစားပြန်ပေးလို့ နေရတာပါ။ သားသမီးတွေက များ တော့ မြေကွက် (၃)ကွက် ရပါတယ်။ တစ်ကွက်ပေါ်မှာ အိမ်ကလေးတွေ ဆောက်ပြီးစီးပွားရေး အဆင်မပြေတော့ မြေ(၂)ကွက်ကို ပြန်ရောင်းရမှာ
ပါ”“မြေ (၃)ကွက်က တစ်ဆက်တည်းလား- အဘ”
“ဟုတ်ပါတယ်- ဆရာလေး။ တစ်ဆက်တည်းပါ” “(၄၀)ပေ၊ (၆၀)ပေ နှစ်ကွက်ဆိုတော့ (၈၀×၆၀)ပေပေါ့နော်” “ဟုတ်ပါတယ်-ဆရာလေး။ နောင်တစ်နှစ်လောက်ကြာရင် တစ် ကွက်ကို သိန်းနဲ့ချီ ရမှာပါ။ အခုတော့ အဝယ်တောင်မရှိသေးပါဘူး” “မြေကွက်ချ ပါမစ်ရပြီးပြီလား။ အဘနာမည်နဲ့လား”
“ဟုတ်ပါတယ်။ ကျွန်တော့်နာမည်ပေါက်တစ်ကွက်၊ သားနာမည် ပေါက်တစ်ကွက်ပါ။ အခု ကျွန်တော်တို့နေတာက သမီးနာမည်ပေါက်မြေ ပေါ်မှာ အိမ်ကလေးတွေ ဆောက်နေကြတာပါ”
“ကဲ-အဘ-စိတ်အေးအေးထားပါ။ ကျွန်တော်က ကုမ္ပဏီက မန်နေ ဂျာပါ။ စုဆောင်းငွေကလေး နည်းနည်းရှိပါတယ်။ ဒီနေ့ စနေနေ့ဆိုတော့ မနက်ဖြန် အလုပ်ပိတ်ရက်၊ ကျွန်တော် မနက်ဖြန် မနက်(၁၀)နာရီလောက် အဘတို့မြေကို လာကြည့်မယ်။ ကြိုက်ရင် ဝယ်ပါ့မယ်။ ဈေးလည်း မဆစ်ပါ ဘူး။ အဘတို့အခက်အခဲကို ကူညီတဲ့သဘောပါ။ အဘတို့ လိပ်စာသာ ပေး ခဲ့ပါ။ ကျွန်တော် ဆက်ဆက်လာခဲ့ပါ့မယ်”
“ကျေးဇူးတင်ပါတယ် – ဆရာလေး
နောက်တစ်နေ့ မနက် (၇)နာရီခန့် ကျွန်တော် ထောင်ဝင်းအတွင်း နေအိမ်မှ တညင်းကုန်း၊ အင်းစိန်ကမ်းနား၊ ချက်ပလက်ဗိုက်ပူကားကြီးအား စီး၍ ထွက်ခဲ့ပါသည်။ ထိုအချိန်က အင်းစိန်ကမ်းနားတွင် ကမ်းနားဈေးရှိပြီး ကားဂိတ်အဆုံး အောင်ဇေယျ၊ လှိုင်မြစ်ကျော် တံတားကြီးလည်း ဆောက် လုပ်ဆဲကာလဖြစ်သဖြင့် လွန်စွာစည်ကားလှသည်။ လှိုင်မြစ်ကို ကူးရန် ငှက်သမ္ဗန်များနှင့် (RORO FERRY) ခေါ် ဇက်ရေယာဉ်အဝါကြီးက စုန်ချည်၊ ဆန်ချည် ကူးသန်းနေသည်။ လူအပြင် ကားများကိုလည်း သယ် ဆောင်ပေးသည်။ ငှက်သမ္ဗန်ကလေးများလည်း ရှိသေးသည်။
ကျွန်တော် တစ်ဖက်ကမ်းသို့ ကူးခဲ့သည်။ လှိုင်သာယာဘက်ခြမ်း၌ (DYNA) ကားနှင့် ချက်ပလက်ကားဂိတ်ရှိသဖြင့် ကားစီးရသည်မှာ အဆင်ပြေသည်။ ထိုင်ခုံနေရာ ရသည်။ ကမ်းနားမှ တမာကုန်းလမ်းဆုံသို့ လေးငါးမိုင် ဝေးပါလိမ့်မည်။ ထိုအချိန်က တမာကုန်းတွင် ကားဂိတ်ဆုံးပြီး တမာကုန်းကိုသမကုန်း၊လင်မျှော်ကုန်းဟူ၍လည်းခေါ်ကြသည်။လမ်းတွင် ရှိသည့် မီးခွက်ဈေးဆိုသည်မှာ ရန်ကုန်ဘက်ကူး၍ အလုပ်လုပ်ကြသည့်
လင်ယောက်ျားများ ပြန်လာမှ မိန်းမများက ဆန်နှင့် ဟင်းချက်စရာများဝယ် လေ့ရှိကြသည်။ ထိုဈေးတွင် ညဘက်မှ ပိုစည်ကားသည်။ ညဘက်တွင် လျှပ်စစ်မီးက မရှိ၊ ဘက်ထရီမီးအိမ်များက မပေါ်သေး။ ထို့ကြောင့် မီးခွက် (ရေနံဆီ)ထွန်း၍ ဈေးရောင်းကြရသဖြင့် မီးခွက်ဈေးဟု အမည်တွင်သည်။ တမာကုန်းနေရာအနီးတွင်သမဝါယမဆိုင်ကြီးရှိသဖြင့်အစွဲပြုကာသမကုန်း
ဟူ၍လည်းကောင်း၊ လင်ယောက်ျားများ အလုပ်က ပြန်အလာကို အိမ်မှ မယားများ၊ကားဂိတ်ထွက်၍စောင့်ကြိုနေကြရသဖြင့်လည်းလင်မျှော်ကုန်း ဟူသော အမည်လည်း တွင်ပါ၏။ မြို့သစ် အကွက်ချစဉ်ကာလက လွန်စွာ ခေါင်သီလှသောနေရာဖြစ်သည်။ လှိုင်သာယာမြို့သစ်၏အနောက်မြောက် ဘက် အစွန်ဆုံး၊ လက်လုပ်၊ လက်စား၊ ဆင်းရဲသားများ၏ မြေပိုင်၊ အိမ်ပိုင် ရရှိကြသော ဘူမိနက်သန်မြေပင်။ အိမ်ပိုင်ရှင်က (၄ဝx၆ဝ)ပေမြေကွက်ရရှိ ပြီးအိမ်ငှားများက (၂ဝ× ၆၀)ပေရရှိကြပေသည်။
တမာကုန်းလမ်းဆုံမှ အောက်ဘက် မိုင်ဝက်ခန့်ဆင်းပြီး ရွှေဘန်ဒါ လက်ဖက်ရည်ဆိုင်ရှေ့မှအတွင်းဝင်၊ညာချိုး၊ဘယ်ချိုးတော့ဗိုလ်မှူးဟောင်း ကြီးနေသောပိတောက်လမ်းသို့ရောက်သည်။မေးမြန်းကြည့်တော့ဗိုလ်မှူး
ဟောင်းကြီးတို့မိသားစု နေထိုင်ရာ အိမ်ကလေးများဆီသို့ ညွှန်ပြကြသည်။ အစွန်ဆုံးမြေကွက်များ ဖြစ်ကြသည်။ ချိန်းထားသဖြင့် ကျွန်တော့်ကိုမြင် တော့ ဗိုလ်မှူးကထွက်ကြိုသည်။
“လာပါ- ဆရာလေး။ ကျွန်တော် အစောကတည်းက မျှော်နေတာ။ ဘာစားပြီးပြီလဲ”
“ပြီးပါပြီ-အဘ”
ကျွန်တော် အဘတို့ခြံထဲသို့ ဝင်ခဲ့ပြီး အဘအိမ်ကလေးထဲသို့ ဝင်ခဲ့ကြ သည်။ အဘက အိမ်ရှေ့ခန်းတွင် ခင်းထားသော ထမင်းစား စားပွဲခုံဝိုင်း ကလေးပေါ်မှ ရေနွေးကြမ်း၊ ထန်းလျက်ခဲများဖြင့် ဧည့်ခံသည်။
“သုံးဆောင်ပါ – ဆရာလေး။ ဒီမှာတော့ ဒါပဲရှိပါတယ်” ကျွန်တော်က မြေခရားထဲမှ ရေနွေးကြမ်းပူပူကလေးကို ငှဲ့သောက်
“အဘရောင်းမယ့် အကွက်တွေက ဘယ်မှာလဲ”
“မြောက်ဘက် နှစ်ခြံကျော်မှာပါ – ဆရာလေး” “၄၀’ x ၆၀’ နှစ်ကွက်နော်”
“ဟုတ်ပါတယ် – ဆရာလေး”
“အဘတို့အခုနေတဲ့ခြံကလည်း ၄ဝ’× ၆၀’ ပေါ့နော်။ အိမ်ကများလွန်း တော့ကျယ်မှန်းမသိသာဘူး”
“ဟုတ်တယ်-ဆရာလေး။ ဟိုဘက်နှစ်ခြံက ရောင်းရမှာဆိုတော့ ဒီဘက်ခြံမှာပဲ မိသားစု လေးစု ပေါင်းနေကြတော့ ခြံက ကျဉ်းသွားတာပေါ့။ သားသမီးများတော့ ပင်စင်စားဝန်ထမ်းရဲ့ဒုက္ခပေါ့ဗျာ”
“ကဲ-အဘ-နေမပူခင်မြေကွက်တွင် ဆင်းကြည့်ရအောင်” “ဟုတ်ကဲ့- ဆရာလေး။ ခဏကလေးစောင့်ပါ”
“သားရေ – သာအောင်ရေ”
“ဗျာ-အဖေ”
“ခဏလာစမ်းကွာ။ ချွန်ထားတဲ့ သစ်ငုတ်တွေနဲ့ တူပါ ယူခဲ့။ ပေကြိုး
လည်းယူခဲ့”
“ဟုတ်ကဲ့ပါ – အဖေ”
“ကျွန်တော်မနေ့ကတည်းက သားနဲ့တိုင်းထွာပြီးပါပြီ။ ဆရာလေးလာ မှပေကြိုးဆွဲပြီးအတိအကျ တိုင်းထွာပေးဖို့စီစဉ်ထားတာပါ” ကျွန်တော်တို့ကွင်းဆင်းပြီးတိုင်းထွာကြသည်။ဆောင်းဦးပေါက်ရာသီ
ဖြစ်သဖြင့် မြေကွက်များအတွင်း၌ မြက်နှင့် ချုံပင်များ တောထနေသည်။ လမ်းအစပ် ရေမြောင်းအတွင်း၌ ရေကအပြည့်၊ ကန်စွန်းနွယ်ပင်များက အလေ့ကျပေါက်ရောက်နေသည်။ ကန်စွန်းရိုးနီနီ၊ အညွန့်ကလေးများက တလူလူ၊ (၄ဝ’× ၆ဝ’)ပေတိုင်းပြီးတော့ ကျွန်တော်တို့ အဘအိမ် ပြန်သွားကြစဉ် ရေနွေးကြမ်းသောက်၊ ထန်းလျက်ခဲ စား၍ နားရင်း စကားပြောကြ သည်။ ပတ်ဝန်းကျင်က သာသာယာယာအေးအေးချမ်းချမ်း ဖြစ်သည်။ “ကဲ-အဘ-အဘက ၄၀’× ၆ဝ’ပေတစ်ကွက်နှစ်သောင်းနဲ့နှစ်ကွက် လေးသောင်းနဲ့ ရောင်းချင်တာနော်”
“ဟုတ်ပါတယ်။ ဆရာလေးက ဆစ်ချင်တာလား”
“မဟုတ်ပါဘူး။ ကျွန်တော် မဆစ်ပါဘူး။ အဘတို့က နွမ်းပါးပါတယ်။ မောင်သာအောင်ရေ – ခဏပါကွာ။
စမ်းကွာ။ ရော့ – ပိုက်ဆံပါယူသွား”
ဦးကိုစာချုပ်နှစ်စောင်လောက်ဝယ်ပေး
“ဟုတ်ကဲ့-ဦး။ ဘာစာချုပ်လို့ပြောဝယ်ရမလဲ”
“အိမ်ခြံမြေ အရောင်းအဝယ်၊ ကတိစာချုပ်ပေါ့ကွာ။ (၁၀)ကျပ်တန်
လောက်ဆို ရပါပြီ။ နှစ်စောင်နော်”
“ဟုတ်ကဲ့ပါ ဦး”
ကျွန်တော်မောင်သာအောင်ပြန်လာတော့ကိုယ်တိုင်စာချုပ်တွင်ရေး
သွင်းပြီး ရပ်ကွက်လူကြီးတစ်ဦးအား အသိသက်သေအဖြစ် ထား၍ အရပ် စာချုပ် ချုပ်ဆိုကြသည်။
“ကဲ-ဒီမှာငွေလေးသောင်းပါ – အဘ။ ရေကြည့်ပါဦး”
“ရပါတယ် – ဆရာလေး။ ဒီမှာ ကျွန်တော်တို့မိသားစု ပိုင်ဆိုင်တဲ့ ပါမစ် ဂရန် နှစ်စောင်ပါ”
“ဟုတ်ကဲ့- ရပါပြီ အဘ။ ဒါနဲ့ မောင်သာအောင်က ကျောင်းနေသေး သလား”
“ဟုတ်ကဲ့ – (၉)တန်းကျလို့ ကျောင်းထွက်လိုက်ရတာပါ – ဆရာ” “အခု အလုပ်ကရော..”
“မရှိသေးပါဘူး ခင်ဗျ။ အိမ်အလုပ်ကလေးတွေပဲရှိပါတယ်” “အသက်ကရောကွာ …”
“(၁၆)နှစ်ပါ – ဆရာ”
“အေး- အဲဒါဆိုရင် ကောင်းပြီ။ ဦးက မင်းနေဖို့ ဦးဝယ်လိုက်တဲ့ ခြံထဲ မှာ အိမ်ကလေး ဆောက်ပေးမယ်။ ခြံထဲမှာ ရာသီပေါ်သီးနှံတွေ စိုက်မယ်။
မင်းကို လစာ တစ်လ (၁ဝဝဝိ/-)ကျပ် ပေးမယ်။ သီးနှံတွေ အောင်မြင်ရင် လည်း ရောင်းချပြီးတာနဲ့ အမြတ်ဆုကြေး ခွဲဝေပေးဦးမယ်။ လုပ်မလား”
“လုပ်မယ်-ဦး” ထိုစဉ်အဘက –
“ဆရာလေး – အိမ်ဆောက်ရင် ပိုက်ဆံကုန်မှာပေါ့။ ဆရာလေးက နေ မှာမှမဟုတ်ဘဲ။သားကလည်းကျွန်တော်တို့အိမ်မှာပဲနေပြီးအလုပ်လုပ်ရင်
ရပါတယ်။ အပိုကုန်မှာစိုးလို့ပါ”
“အဘရေ – မြို့သစ်အကွက်ဆိုတာ အိမ်မဆောက်ရင် လူမနေတဲ့ သဘော။အိုးအိမ်ကပြဿနာရှာလိမ့်မယ်။ဒါကြောင့်ကြိုတင်ဆောက်ထား ရမှာ။ကျွန်တော်တို့လာတော့လည်းနားနားနေနေနေရတာပေါ့။မကြာခဏ လာမှာဆိုတော့ အဘတို့အိမ်မှာတည်းရတာ အားနာလို့ပါ” “ဪ- အဲဒီလိုလား။ ကျွန်တော် သဘောပေါက်ပါပြီ”
ထိုနေ့က မွန်းတည့်တော့မည်ဖြစ်သဖြင့် ကျွန်တော့်အား အဘတို့ မိသားစုက နေ့လယ်စာ အတင်းကျွေးသည်။ ပဲကုလားဟင်း၊ ကန်စွန်းရိုးနီ ပြုတ်၊တို့စရာနှင့်ငါးပိရည်သာဖြစ်သော်လည်းကျွန်တော်အတော်မြိန်သည်။
အမှတ်တရနေ့လယ်စာဖြစ်သည်။ ကန်စွန်းရိုးနီပြုတ်တို့စရာမှာ ကျွန်တော် စားဖူးသော တို့စရာနှင့် မတူ အတော်အရသာရှိနေသည်။ ထိုအရသာကို ဖော်ပြခြင်းကားမစွမ်းသာပါ။ လတ်ဆတ်ပြီး သဘာဝပေါက်ပင်မို့ဖြစ်ပါလိမ့် မည်ဟုထိုစဉ်ကထင်ခဲ့ပါသည်။
ညနေစောင်းမှ ကျွန်တော် အိမ်ပြန်ဖြစ်သည်။ တမာကုန်းကားဂိတ် အထိ မောင်သာအောင်က စကားပြောရင်း လိုက်ပို့သည်။ ကျွန်တော်က လည်း မောင်သာအောင်အား ခင်မင်သဖြင့် ကားဂိတ်တွင် ကားစောင့်ရင် လစာငွေ (၁ဝဝဝိ/-)ကျပ်အား ကြိုတင်ထုတ်ပေးလိုက်ပါသည်။ ထိုခေတ် က တစ်ထောင်ကျပ်ဆိုသည်မှာ မနည်းပါ။ သူတို့မိသားစု စားပုံမျိုးနှင့် တစ် လခန့် စားနိုင်ပါလိမ့်မည်။
နောက်တစ်ပတ်တနင်္ဂနွေနေ့မနက်ခင်းတွင်ကျွန်တော်စုဆောင်းဝယ် ယူထားသော ဆောင်းသီးနှံမျိုးစေ့များ (ဂေါ်ဖီပန်း၊ မုန့်ညင်း၊ မုန်လာ၊ ကိုက် လန်၊ နိုကိုဥ)ကို ယူဆောင်ပြီး လှိုင်သာယာ၊ တမာကုန်းသို့ ထွက်ခဲ့ပါသည်။ မြို့သစ်ဖြစ်၍ တစ်ပတ်နှင့် တစ်ပတ်မတူအောင် အဆောက်အဦများ တိုး တက်လာပြီး လမ်းများ ကောင်းလာသည်။ လမ်းကောင်းတော့ ယာဉ်လိုင်း များလည်း တိုးတက်ကောင်းမွန်လာပါသည်။ တမာကုန်းလမ်းမကြီးက
လည်း အတော်ကျယ်ပြန့်ပြီး ချောမွေ့လာသည်။ လမ်းတစ်ဖက်တစ်ချက်၌ လည်းစားသောက်ဆိုင်မျိုးစုံဖြင့် စည်ကားတိုးတက်လာပါသည်။ ယာဉ်လိုင်း များလည်း အတွင်းဘက်ရပ်ကွက်များသို့ ပြေးဆွဲနေပြီဖြစ်သည်။ လူနေရပ် ကွက်လို တဖြည်းဖြည်း စည်ပင်လာပြီဖြစ်သည်။
ထို့ကြောင့် ကျွန်တော် လမ်းမလျှောက်တော့ဘဲ ဒိုင်နာကားအား တစ် မှတ်တိုင်စီး၍ဆင်းကာ ကျွန်တော့်ခြံမြေ တည်ရှိရာ ရပ်ကွက်အတွင်းသို့ လမ်းလျှောက်ဝင်ခဲ့ပါသည်။ကျွန်တော်အဘတို့အိမ်ရှေ့ရောက်တော့မနက် (၉)နာရီခန့် လှမ်းခေါ်သံကြား၍ ကျွန်တော် လှည့်ကြည့်တော့ အဘနှင့် သူ့ သား မောင်သာအောင်တို့ ကျွန်တော့်မြေကွက် နှစ်ကွက်ပေါ်တွင် ချုံပင်များ ရှင်းပြီး ရာသီသီးနှံ စိုက်ပျိုးရန် မြောင်းပေါင်များ ဖော်နေကြသည်။ ဗိုလ်မှူး အငြိမ်းစားချင်းတူသော်လည်း အဘမှာ ရိုးသားသူဖြစ်သဖြင့် ကျွန်တော့် ကုမ္ပဏီဗိုလ်မှူးနှင့်တော့ ဘဝပေးကုသိုလ်ကံကွာခြားလှပါသည်။
အဘက-
“လာ-ဆရာလေး။ စိုက်ပျိုးမြောင်းပေါင်တွေ ပြီးတော့မယ်။ မျိုးစေ့ တွေရောပါလာသလား။ တစ်ခါတည်း စိုက်လိုက်ကြရအောင်”
“အဘရေ – ရာသီပင်၊ဆောင်းသီးနှံတွေကတစ်ခါတည်းမျိုးစေ့၊မြေချ စိုက်လို့ မရဘူး။ ပျိုးခင်း လုပ်ရဦးမယ်။ ပြီးမှ ပျိုးပင်ကိုနုတ်ပြီး မြေချစိုက်မှ အပင်သန်တာ။ ချဉ်ပေါင်ပင်လောက်တော့ ပျိုးကြဲပြီး စိုက်လို့ရပါတယ်” “စိုက်လို့ရတာ စိုက်နှင့်တာပေါ့။ ပျိုးခင်းလည်း လုပ်ပေးပါ့မယ်”
“ရေနဲ့ နီးတဲ့နေရာမှာ ပျိုးခင်းလုပ်မယ် – အဘ။ ပျိုးခင်းကရေဝမှ အပင် သန်တာ-မြေဆွေးလည်း သုံးရမယ်”
“ဟုတ်မှာပါ။ အဘက ငယ်စဉ်ကတည်းက စစ်ပဲတိုက်လာတော့ စိုက် ပျိုးရေးကိစ္စ မကျွမ်းဘူး။ ဆရာလေးက အတွေ့အကြုံရှိတယ် – ထင်ပါ့” “ဟုတ်တယ် – အဘ။ကျွန်တော်ကပျားဂေဟာကေဒါဆင်းမွေးမြူရေး နဲ့စိုက်ပျိုးရေး နားလည်ပါတယ်”
“ကောင်းတာပေါ့ ဆရာလေးရယ်”
ကျွန်တော်ပျိုးခင်းလုပ်မည်။မြေပေါင်များကိုမြေညက်အောင်ပြင်ဆင်
၍ မြက်ပင်၊ ချုံပင်များ မီးရှို့ထားသည့်ပြာ ရနိုင်သမျှသော နွားချေးများ စု ဆောင်း၍မြောင်းပေါင်များပေါ်တွင် ဖြူးပြီးပန်းဂေါ်ဖီ၊ မုန်လာ၊ မုန်ညင်း၊ နိုကို ဥ၊ ကိုက်လန်မျိုးစေ့များအား တစ်ကန့်စီ ပျိုးကြဲသည်။ ပြီးနောက်ကောက်ရိုး ဖုံး၍ရေဝဝလောင်းသည်။ နောက်တစ်ပတ်ခန့်ကြာတော့ ပျိုးပင်များပေါက် လာသည်။ သုံးပတ်ခန့်ကြာတော့ သန်စွမ်းသောပျိုးပင်များ ရလာသည်။ ပျိုးပင်ကလေးများမှာ မြေသစ်၌ လွန်စွာသန်စွမ်းကြသဖြင့် ကျွန်တော် လွန် စွာ အံ့ဩဝမ်းသာမိပါသည်။ မြေဆီလွှာ အလွန်ဩဇာထက်သန်သော ကြောင့် ဖြစ်ပေလိမ့်မည်။
ပျိုးပင်များ(၃)ပတ်သားတွင်အမျိုးအစားခွဲမြေချစိုက်ပျိုးသည်။ခြံပတ် လည် ရေမြောင်းများတွင် ရေအပြည့်ရှိပြီး အစိုဓာတ် ကောင်းမွန်သဖြင့် (၄) ပတ်ခန့်အကြာတွင် အဖူးအပွင့်နှင့် ဥများ ဥကြသည်မှာ မယုံကြည်နိုင်ဖွယ် ရာဖြစ်ထွန်းအောင်မြင်လှသည်။ ခူးဆွတ်ချိန်လိုသေးသော်လည်းပန်းဂေါ်ဖီ ပွင့်များက တစ်ထွာခန့် အချင်းရှိပြီဖြစ်သော်လည်း ကျစ်နေသေးသဖြင့် ခူး ဆွတ်ချိန် တစ်ပတ်ခန့်လိုသေးသည်။ အရွက်များက မဲပြာနေပြီး မိုးပေါ် ထောင်နေသည်။ မုန်လာဥကြီးများက တစ်ထွာခန့် တုတ်တုတ်ခဲခဲ၊ မြေပေါ် တစ်ဝက်ပေါ်နေသည်။ နိုကိုဥများက လက်ဖက်ရည်ကြမ်း ပန်းကန်လုံးခန့်၊ ကိုက်လန်ပင်များက နှစ်ပေခန့် မြင့်မားပြီး မုန်ညင်းပင်များက တစ်ပေပတ် လည် ဝိုင်းနေသည်။ ချဉ်ပေါင်ပင်များက သန်စွမ်းမှိုင်းညို့နေသည်။ လွန်စွာ အောင်မြင်သောစိုက်ခင်းဖြစ်သဖြင့် ပတ်ဝန်းကျင်က လွန်စွာသဘောကျ ကြသည်။ စိုက်ပြီး တစ်လပြည့်တော့ ရောင်းတမ်းဝင်ချေပြီ။
တစ်နေ့ ရုံးပိတ်ရက် ကျွန်တော် မနက် (၈)နာရီခန့် ခြံထဲရောက်သွား တော့ မောင်သာအောင် စိုက်ခင်းအား ရေလောင်းနေပါသည်။ ကျွန်တော် ရေမလောင်းရသေးသောအပိုင်းကို လိုက်ကြည့်တော့ ပန်းပွင့်များ၊ အရွက် များပေါ်တွင် ပြာဖြူဖြူကလေးများကို တွေ့ရသည်။ ပန်းဂေါ်ဖီပွင့်ကြီးတစ်ပွင့် ပေါ်၌ ပြာဖြူဖြူအခွေကလေးများကို တွေ့ရသဖြင့် ကျွန်တော် အသာအရာ
ယူပြီး စာအိတ်ကလေးထဲ ထည့်ခဲ့သည်။ ထိုပြာဖြူဖြူအခွေကလေးများ၊ အမှုန်ကလေးများသည် မည်သည့်နေရာက လွင့်မျောပါလာသည်ကို မသိ ရသေးပါ။
ကျွန်တော် ရှိနေစဉ်၌ပင် အသီးအရွက်ဝယ်သူများ ရောက်ရှိလာကြ သဖြင့်မောင်သာအောင်က

“ဆရာ – ရောင်းလိုက်ရတော့မလား။နေ့စဉ်လာမေးနေကြတာ။ ဆရာ မရှိလို့ ဒီနေ့ ပိတ်ရက်၊ ဆရာလာမှ ရောင်းမယ်လို့ ချိန်းထားတာ” “အေး-အေး… ပေါက်ဈေးနဲ့ သင့်သလိုရောင်းပေါ့ကွာ”
ထိုနေ့ တစ်မနက်ခင်းတည်း (၅ဝဝဝိ/-)ကျပ်ဖိုးခန့် ရောင်းရသည်။ တစ်ဦးချင်း လာဝယ်သူများကလည်း မစဲ၊ တဖွဲဖွဲ။ ထိုနေ့က နေ့လယ်စာကို အဘအိမ်တွင်မစားတော့ဘဲကျွန်တော်နားနေရန်ဆောက်ထားသောအိမ် ကလေးပေါ်၌ မောင်သာအောင်က ခြံထွက်သီးနှံများဖြင့် ချက်ပြုတ်၊ ကြော် လှော်ကျွေးမွေးရာ လတ်ဆတ်သဖြင့် အရသာထူးကဲလှသည်။ ပျော်စရာ လည်းကောင်းလှပေသည်။
ထိုနေ့ညနေစောင်းတွင် ကျွန်တော် အိမ်တန်းမပြန်ဘဲ ကျွန်တော် သူငယ်ချင်းရှိရာ ကြည့်မြင်တိုင်ရှိ ပုဂ္ဂလိက ဓာတ်ခွဲခန်းသို့ တန်းသွားသည်။ ထိုပြာမှုန် ဘယ်နေရာကလွင့်လာပြီး မည်သည့်ပြာမှုန်တွေဖြစ်သည်ကို လည်း သိလိုလှပါသည်။ ဓာတ်ခွဲခန်းမှ သူငယ်ချင်းသည် သဘောကောင်း သည်။ ငယ်ပေါင်းလည်း ဖြစ်သဖြင့် ချက်ချင်း ဓာတ်ခွဲစမ်းသပ်ပေးရာ အောက်ပါအတိုင်း အဖြေထွက်လာသည်။
“သူငယ်ချင်း-ကိုဦးရေ။မင်းပြာနမူနာကမနုဿဓာတ်ပြာပဲကွ။ (DNA) ခွဲကြည့်တော့ အမျိုးသမီးအလောင်းကို မီးရှို့ထားတဲ့ပြာ။ မင်း ငါ့ ဆီ ယူလာတာက အမျိုးသမီးဆံပင်ကို မီးလောင်ပြီး ကြွင်းကျန်ရစ်တဲ့ဓာတ် ပြာ။ အဲဒီပြာထဲမှာ မီးစုန်းဓာတ် (၅ဝ) ရာခိုင်နှုန်း၊ တခြားဓာတ်တွေအပြင်
ထူးထူးခြားခြား အာစင်းနစ်ခေါ် စိန်ဓာတ်ပွိုင့် (၅)ရာခိုင်နှုန်း ပါတယ်။ မဆို စလောက်ကလေးပါပဲ။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် အဲဒီအမျိုးသမီးဟာ (SUICIDE) လုပ်တာလား၊ တခြားသူက လုပ်ကြံတာလား။ တစ်ခုခုပဲ။ ကိုယ်ပြောရဲတာကတော့ အဲ့ဒီအမျိုးသမီးဟာ အာဆင်းနစ်ခေါ် စိန်ဓာတ် ကြောင့်သေဆုံးရတာပဲ။ ဒါနဲ့ ဒီဓာတ်ပြာကို ဘယ်ကရတာလဲ”
ကျွန်တော့်စိုက်ခင်းထဲမှရကြောင်း၊ ဒီဓာတ်ပြာကြောင့် ကျွန်တော့်စိုက် ခင်း အံ့ဩစရာကောင်းအောင် သန်စွမ်းသဖြင့် စားသုံးသူ အန္တရာယ် ရှိ၊ မရှိ လာရောက်စုံစမ်းမေးမြန်းခြင်းဖြစ်ကြောင်း ရှင်းပြရာ ဓာတ်ခွဲဆရာသူငယ်
ချင်းက –
“အာဆင်းနစ်ဓာတ်က ပွိုင့် (၅)ရာခိုင်နှုန်းဆိုတော့ စားသုံးသူကို အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ – အစိမ်းမစားစေနဲ့။ ရေနဲ့စင်ကြယ်အောင်ဆေး ကြောပြီးမှ ချက်ပြုတ်စားပါ။ မင်းစိုက်ပျိုးခြံကမီးသင်္ဂြိုဟ်စက်နဲ့နီးတယ်ထင် ပါရဲ့။ စုံစမ်းကြည့်ပါဦးကွာ”
“အေးကွာ- ကိုယ်လည်း ပတ်ဝန်းကျင်ကို မလေ့လာရသေးပါဘူး။ လှိုင်သာယာမြို့အစွန်၊ တမာကုန်းဆိုတဲ့ ရပ်ကွက်ပဲ”
ကျွန်တော် ဓာတ်ခွဲဆရာ သူငယ်ချင်းအား နှုတ်ဆက်ပြီး အင်းစိန်အိမ် သို့ ပြန်ခဲ့ပါသည်။ ထိုညက ခရီးပန်းသဖြင့် ရေချိုး၊ ညစာစား၊ ဘုရားဝတ်ပြု ပြီး စောစီးစွာ အိပ်ရာဝင်ခဲ့သည်။ စွဲလမ်းမိသောကြောင့်လားမသိ၊ ကျွန် တော့်အိပ်မက်မက်သည်။
အိပ်မက်ထဲတွင် အမျိုးသမီး ခပ်ငယ်ငယ်ကို တွေ့ရသည်။ မျက်နှာညှိုး ငယ်စွာဖြင့် ဖွင့်ဟသည်။ ဆံပင်ပြာပိုင်ရှင်မှာ မခင်အေးတဲ့။ ထန်းတစ်ပင် မြို့တွင် နေထိုင်ပြီး ဖျားနာနေစဉ် မိထွေးဖြစ်သူမှ အဆိပ်ခတ်သတ်ခြင်းဖြစ် ကြောင်း၊ အမှုမှန်ပေါ်စေရန် မေတ္တာဖြင့် လိုက်လံကူညီဆောင်ရွက်ပေးရန် တောင်းပန်သဖြင့် ကျွန်တော် နောက်တစ်နေ့တွင် မော်တော်ဆိုင်ကယ်ဖြင့်
သွားသည်။ အောင်ဇေယျမြစ်ကူးတံတားကြီးလည်း ပြီးစီးလုနီးပြီဖြစ်သဖြင့် လမ်းများ ကောင်းမွန်နေသည်။ ဇက်ရေယာဉ်ဖြင့် တစ်ဖက်ကမ်းကူးပြီး တမာကုန်းခြံမှ မောင်သာအောင်အား အဖော်ရစေရန် ဝင်ခေါ်သည်။ တမာ ကုန်းမှ (၁)နာရီခန့် သွားတော့ထန်းတစ်ပင်ရောက်သည်။ ရဲစခန်းဝင်၍ သူငယ်ချင်းရဲစခန်းမှူးဦးတင်နှင့်တွေ့ပြီးဓာတ်ခွဲခန်းအဖြေအားပြ၍အကျိုး အကြောင်း ရှင်းပြရာ ရဲစခန်းမှူးက မခင်အေးနာမည်ဖြင့် သေဆုံးခန့်မှန်း ရက်ကို သက်ဆိုင်ရာသို့ လိုက်လံစုံစမ်းရာ ထန်းတစ်ပင်ကမ်းနားပိုင်းမှဖြစ် ကြောင်း သိရတော့သည်။
ဖျားနာ၍သေသဖြင့် ဆေးရုံပင် မတင်ဖြစ်ကြောင်း၊ အနီးရှိ ထိန်ပင် သုသာန်တွင် မီးသင်္ဂြိုဟ်လိုက်ကြောင်းလည်း သိရသည်။ သူငယ်ချင်း စခန်းမှူးက ရဲပီပီ မှုခင်းဖြစ်စဉ်ကို အစအဆုံး လိုက်လံစုံစမ်း ထောက် လှမ်းသည်။ မိထွေးဖြစ်သူက လင်ပါသမီး မခင်အေးအား အမွေကိစ္စ အတွက် အဆိပ်ခတ်၍ သတ်ကြောင်း၊ မကျန်းမာ၍ သေဆုံးသည်ဟု ရပ်ကွက်ထဲတွင် သတင်းလွှင့်ပြီး ဆေးရုံမတက်ရသဖြင့် တောမြို့ပီပီ နီးစပ်ရာ သင်္ချိုင်းတွင်မီးသင်္ဂြိုဟ်၍ အစဖျောက်ခဲ့ကြောင်း ဓာတ်ပြာအား ဓာတ်ခွဲရာမှ သက်သေခံသဖြင့် မိထွေးဖြစ်သူ လူသတ်မှုဖြင့် ထောင်ကျ လေတော့သည်။ သေဆုံးသူမခင်အေး ကျေနပ်နိုင်ပါစေဟု ကျွန်တော် အမျှပေးဝေရင်း ဆုတောင်းလိုက်ပါတော့သည်။
ထောင်မှူးကြီး သိန်းဝင်း

Zawgyi Version

သခ်ႋဳင္းျပာ(စ/ဆုံး)
————————
၁၉၉၂ – ခုႏွစ္ခန႔္က ကြၽန္ေတာ္ ကုမၸဏီတစ္ခုတြင္ မန္ေနဂ်ာလုပ္စဥ္ ႀကဳံခဲ့ရေသာ အျဖစ္အပ်က္ ျဖစ္သည္။ ကုမၸဏီ ဒါ႐ိုက္တာလူႀကီးမ်ားက ဗိုလ္မႉး အၿငိမ္းစားမ်ားအျပင္ အရပ္သား ေငြရွင္၊ ေၾကးရွင္မ်ားလည္း ပါဝင္ ပါသည္။ကုမၸဏီလုပ္ငန္းမ်ားက အုတ္၊ သဲ၊ ဘိလပ္ေျမ၊ အရက္ခ်က္လုပ္ ရန္တင္လဲရည္၊သစ္မ်ားအျပင္ေဆာက္လုပ္ေရးလုပ္ငန္းလည္းပါေသးသည္။ ကြၽန္ေတာ္တို႔ ကုမၸဏီ၏ မန္ေနဂ်င္း ဒါ႐ိုက္တာက ဗိုလ္မႉး(အၿငိမ္းစား)။ အရပ္ဘက္ဌာနသို႔ ေျပာင္းၿပီး ၫႊန္ၾကားေရးမႉးလည္း လုပ္ခဲ့ဖူးသျဖင့္ လြန္ စြာအေပါင္းအသင္းလည္း ဆန႔္သည္။ မိတ္ေဆြ အလြန္ေပါသည္။ ဌာန ဆိုင္ရာမ်ားတြင္လည္းေပါက္ေရာက္သည္။ကုမၸဏီေတြရွိသည္။အၿငိမ္းစား ဗိုလ္မႉးခ်င္းေတာင္ သူက ဆရာႀကီး။ ခ်မ္းသာၿပီး ပစၥည္းႂကြယ္ဝသည္။ တရားဝင္ယူထားေသာ မိန္းမေတာင္ ကြၽန္ေတာ္သိသမွ် (၃)ေယာက္ ရွိ သည္။တျခားကြၽန္ေတာ္မသိသူမ်ားလည္းရွိပါေသးသည္။ သူကတစ္လိုင္း တည္းသမားလည္း မဟုတ္၊ လိုင္းေပါင္းစုံ (မထသ) ျဖစ္သည္။
တစ္ေန႔ေတာ့လႈိင္သာယာၿမိဳ႕သစ္မွ အၿငိမ္းစားဗိုလ္မႉးတစ္ဦးကုမၸဏီ ႐ုံးခန္းသို႔ မနက္ (၁၀)နာရီခန႔္ ေရာက္လာသည္။ ကြၽန္ေတာ္ႏွင့္ေတြ႕ေတာ့ သူကအၿငိမ္းစားဗိုလ္မႉးတစ္ဦးဟုေျပာသည္။စစ္သုံးေတာေဆာင္းဦးထုပ္ အစိမ္းေရာင္ကိုေဆာင္းၿပီးဖိနပ္ကေရာ္ဘာဖိနပ္၊အေတာ္ႏြမ္းပါးေသာပုံစံ ပင္။ ပိန္ပိန္၊ အသားညိဳညိဳျဖစ္သျဖင့္ စာေရးဆရာ၊ မုဆိုးႀကီး ဦးေလးေမာင္ ႏွင့္ အေတာ္တူသည္။ အသက္အ႐ြယ္ကလည္း (၆၅)ႏွစ္ခန႔္ရွိပါလိမ့္မည္။ ကြၽန္ေတာ္က ဗိုလ္မႉး အျပင္သြားေနသျဖင့္ ေခတၱေစာင့္ဆိုင္းရန္ ေျပာ၍ ႐ုံးခန္းဧည့္စားပြဲတြင္ ေနရာေပးၿပီး ေကာ္ဖီတိုက္၍ ဧည့္ခံထားပါသည္။ (၁၁) နာရီခန႔္ရွိေတာ့ ကြၽန္ေတာ့္ ဗိုလ္မႉး ျပန္ေရာက္လာသျဖင့္ သူတို႔ႏွစ္ဦး စကားေျပာၾကသည္။ ကြၽန္ေတာ္က ဧည့္ခန္းအဝ၊ မန္ေနဂ်ာစားပြဲတြင္ ထိုင္၍အလုပ္လုပ္ေနသျဖင့္သူတို႔ေျပာစကားမ်ားကိုအတိုင္းသားၾကားေန
ရပါသည္။
မန္ေနဂ်င္း ဒါ႐ိုက္တာ –
“ဗိုလ္မႉး – ဘာကိစၥလဲ။ ေျပာပါ။ ကြၽန္ေတာ္ အစည္းအေဝး သြားစရာရွိ လို႔ အခ်ိန္သိပ္မရဘူး”
“အစ္ကို-ေျမကြက္ကေလးေရာင္းခ်င္လို႔ပါ – ညီေလးရယ္။ ကူညီပါဦး” “ဘယ္မွာရွိတာလဲ။ ဘယ္ေလာက္နဲ႔ ေရာင္းမွာပါလဲ”
“လႈိင္သာယာၿမိဳ႕သစ္က တမာကုန္းမွာပါ။ ေပ(၄၀-၆၀) ႏွစ္ကြက္ပူး။ ေလးေသာင္းတည္းနဲ႔ ေရာင္းခ်င္တာပါ”
“လမ္းမႀကီးေဘးမွာလား – အတြင္းက်သလား”
“လမ္းမႀကီးနဲ႔ေတာ့ နည္းနည္းလွမ္းတယ္။ အတြင္းက်ေပမယ့္ ပတ္ လမ္းနဲ႔ နီးပါတယ္”
“ကြၽန္ေတာ့္မွာလည္းေျမကြက္ေတြ – အိမ္ေတြအမ်ားႀကီးရထားေတာ့ မလိုေသးဘူးဗ်။ ေနာက္ၿပီးအစြန္က်ေနေတာ့ ဘာမွလုပ္လို႔ရမွာမဟုတ္ဘူး။ တျခားတစ္ေယာက္ေယာက္ကို စပ္ေရာင္းပါ။ ကြၽန္ေတာ္ အစည္းအေဝး သြားစရာရွိေသးလို႔။ ေရာ့ – ေဟာ့သည္မွာလမ္းစရိတ္ (၅ဝဝ)က်ပ္…”
ဗိုလ္မႉးေဟာင္းႀကီး ကုပ္ကုပ္ကေလး ျပန္ထြက္လာသည္။ စိတ္ မေကာင္းပါ။ ဗိုလ္မႉးအခ်င္းခ်င္းေတာင္ ခ်မ္းသာသူႏွင့္ ဆင္းရဲသူ၊ အေတာ္ ကြာျခားဟန္ ရွိပါသည္။
“ဆရာေလး-ကြၽန္ေတာ္ျပန္ပါဦးမယ္ေနာ္”
“ဗိုလ္မႉး – ခဏကေလး ေစာင့္ပါ။ ေန႔လယ္စာ ထမင္းမစားရေသးဘူး မဟုတ္လား။ ကြၽန္ေတာ္နဲ႔ အတူစားရင္း စကားေျပာၾကတာေပါ့”
“ဟုတ္ကဲ့ – ဆရာေလး”
ကြၽန္ေတာ္အလုပ္မ်ားကိုအၿပီးသတ္ျဖတ္ေနစဥ္ကြၽန္ေတာ္တို႔ဗိုလ္မႉး
မန္ေနဂ်င္း ဒါ႐ိုက္တာ အစည္းအေဝးတက္ရန္ ႐ုံးေပၚက ဆင္းသြားသည္။ ဗိုလ္မႉးေဟာင္းႀကီးကို ႏႈတ္ပင္ ဆက္မသြားပါ။
ကြၽန္ေတာ္လည္း အလုပ္လက္စသိမ္း၍ေအာက္က ဝန္ထမ္းမ်ားအား မွာၾကားခဲ့ၿပီး (၃၅)လမ္းထဲမွထမင္းစားေနက်ဆိုင္သို႔ထြက္ခဲ့ပါသည္။ ဗိုလ္ မႉးေဟာင္းႀကီးအတြက္ဟင္းအစုံအလင္မွာၾကားၿပီးအတူထမင္းစားၾကရင္း- “အဘက “ အခု ဘယ္မွာေနတာလဲ”
“လႈိင္သာယာၿမိဳ႕သစ္မွာပါ။ အဘတို႔ရပ္ကြက္ အဖ်က္ခံရေတာ့ လႈိင္ သာယာမွာ ေျမကြက္ အစားျပန္ေပးလို႔ ေနရတာပါ။ သားသမီးေတြက မ်ား ေတာ့ ေျမကြက္ (၃)ကြက္ ရပါတယ္။ တစ္ကြက္ေပၚမွာ အိမ္ကေလးေတြ ေဆာက္ၿပီးစီးပြားေရး အဆင္မေျပေတာ့ ေျမ(၂)ကြက္ကို ျပန္ေရာင္းရမွာ
ပါ”“ေျမ (၃)ကြက္က တစ္ဆက္တည္းလား- အဘ”
“ဟုတ္ပါတယ္- ဆရာေလး။ တစ္ဆက္တည္းပါ” “(၄၀)ေပ၊ (၆၀)ေပ ႏွစ္ကြက္ဆိုေတာ့ (၈၀×၆၀)ေပေပါ့ေနာ္” “ဟုတ္ပါတယ္-ဆရာေလး။ ေနာင္တစ္ႏွစ္ေလာက္ၾကာရင္ တစ္ ကြက္ကို သိန္းနဲ႔ခ်ီ ရမွာပါ။ အခုေတာ့ အဝယ္ေတာင္မရွိေသးပါဘူး” “ေျမကြက္ခ် ပါမစ္ရၿပီးၿပီလား။ အဘနာမည္နဲ႔လား”
“ဟုတ္ပါတယ္။ ကြၽန္ေတာ့္နာမည္ေပါက္တစ္ကြက္၊ သားနာမည္ ေပါက္တစ္ကြက္ပါ။ အခု ကြၽန္ေတာ္တို႔ေနတာက သမီးနာမည္ေပါက္ေျမ ေပၚမွာ အိမ္ကေလးေတြ ေဆာက္ေနၾကတာပါ”
“ကဲ-အဘ-စိတ္ေအးေအးထားပါ။ ကြၽန္ေတာ္က ကုမၸဏီက မန္ေန ဂ်ာပါ။ စုေဆာင္းေငြကေလး နည္းနည္းရွိပါတယ္။ ဒီေန႔ စေနေန႔ဆိုေတာ့ မနက္ျဖန္ အလုပ္ပိတ္ရက္၊ ကြၽန္ေတာ္ မနက္ျဖန္ မနက္(၁၀)နာရီေလာက္ အဘတို႔ေျမကို လာၾကည့္မယ္။ ႀကိဳက္ရင္ ဝယ္ပါ့မယ္။ ေဈးလည္း မဆစ္ပါ ဘူး။ အဘတို႔အခက္အခဲကို ကူညီတဲ့သေဘာပါ။ အဘတို႔ လိပ္စာသာ ေပး ခဲ့ပါ။ ကြၽန္ေတာ္ ဆက္ဆက္လာခဲ့ပါ့မယ္”
“ေက်းဇူးတင္ပါတယ္ – ဆရာေလး
ေနာက္တစ္ေန႔ မနက္ (၇)နာရီခန႔္ ကြၽန္ေတာ္ ေထာင္ဝင္းအတြင္း ေနအိမ္မွ တညင္းကုန္း၊ အင္းစိန္ကမ္းနား၊ ခ်က္ပလက္ဗိုက္ပူကားႀကီးအား စီး၍ ထြက္ခဲ့ပါသည္။ ထိုအခ်ိန္က အင္းစိန္ကမ္းနားတြင္ ကမ္းနားေဈးရွိၿပီး ကားဂိတ္အဆုံး ေအာင္ေဇယ်၊ လႈိင္ျမစ္ေက်ာ္ တံတားႀကီးလည္း ေဆာက္ လုပ္ဆဲကာလျဖစ္သျဖင့္ လြန္စြာစည္ကားလွသည္။ လႈိင္ျမစ္ကို ကူးရန္ ငွက္သမၺန္မ်ားႏွင့္ (RORO FERRY) ေခၚ ဇက္ေရယာဥ္အဝါႀကီးက စုန္ခ်ည္၊ ဆန္ခ်ည္ ကူးသန္းေနသည္။ လူအျပင္ ကားမ်ားကိုလည္း သယ္ ေဆာင္ေပးသည္။ ငွက္သမၺန္ကေလးမ်ားလည္း ရွိေသးသည္။
ကြၽန္ေတာ္ တစ္ဖက္ကမ္းသို႔ ကူးခဲ့သည္။ လႈိင္သာယာဘက္ျခမ္း၌ (DYNA) ကားႏွင့္ ခ်က္ပလက္ကားဂိတ္ရွိသျဖင့္ ကားစီးရသည္မွာ အဆင္ေျပသည္။ ထိုင္ခုံေနရာ ရသည္။ ကမ္းနားမွ တမာကုန္းလမ္းဆုံသို႔ ေလးငါးမိုင္ ေဝးပါလိမ့္မည္။ ထိုအခ်ိန္က တမာကုန္းတြင္ ကားဂိတ္ဆုံးၿပီး တမာကုန္းကိုသမကုန္း၊လင္ေမွ်ာ္ကုန္းဟူ၍လည္းေခၚၾကသည္။လမ္းတြင္ ရွိသည့္ မီးခြက္ေဈးဆိုသည္မွာ ရန္ကုန္ဘက္ကူး၍ အလုပ္လုပ္ၾကသည့္
လင္ေယာက္်ားမ်ား ျပန္လာမွ မိန္းမမ်ားက ဆန္ႏွင့္ ဟင္းခ်က္စရာမ်ားဝယ္ ေလ့ရွိၾကသည္။ ထိုေဈးတြင္ ညဘက္မွ ပိုစည္ကားသည္။ ညဘက္တြင္ လွ်ပ္စစ္မီးက မရွိ၊ ဘက္ထရီမီးအိမ္မ်ားက မေပၚေသး။ ထို႔ေၾကာင့္ မီးခြက္ (ေရနံဆီ)ထြန္း၍ ေဈးေရာင္းၾကရသျဖင့္ မီးခြက္ေဈးဟု အမည္တြင္သည္။ တမာကုန္းေနရာအနီးတြင္သမဝါယမဆိုင္ႀကီးရွိသျဖင့္အစြဲျပဳကာသမကုန္း
ဟူ၍လည္းေကာင္း၊ လင္ေယာက္်ားမ်ား အလုပ္က ျပန္အလာကို အိမ္မွ မယားမ်ား၊ကားဂိတ္ထြက္၍ေစာင့္ႀကိဳေနၾကရသျဖင့္လည္းလင္ေမွ်ာ္ကုန္း ဟူေသာ အမည္လည္း တြင္ပါ၏။ ၿမိဳ႕သစ္ အကြက္ခ်စဥ္ကာလက လြန္စြာ ေခါင္သီလွေသာေနရာျဖစ္သည္။ လႈိင္သာယာၿမိဳ႕သစ္၏အေနာက္ေျမာက္ ဘက္ အစြန္ဆုံး၊ လက္လုပ္၊ လက္စား၊ ဆင္းရဲသားမ်ား၏ ေျမပိုင္၊ အိမ္ပိုင္ ရရွိၾကေသာ ဘူမိနက္သန္ေျမပင္။ အိမ္ပိုင္ရွင္က (၄ဝx၆ဝ)ေပေျမကြက္ရရွိ ၿပီးအိမ္ငွားမ်ားက (၂ဝ× ၆၀)ေပရရွိၾကေပသည္။
တမာကုန္းလမ္းဆုံမွ ေအာက္ဘက္ မိုင္ဝက္ခန႔္ဆင္းၿပီး ေ႐ႊဘန္ဒါ လက္ဖက္ရည္ဆိုင္ေရွ႕မွအတြင္းဝင္၊ညာခ်ိဳး၊ဘယ္ခ်ိဳးေတာ့ဗိုလ္မႉးေဟာင္း ႀကီးေနေသာပိေတာက္လမ္းသို႔ေရာက္သည္။ေမးျမန္းၾကည့္ေတာ့ဗိုလ္မႉး
ေဟာင္းႀကီးတို႔မိသားစု ေနထိုင္ရာ အိမ္ကေလးမ်ားဆီသို႔ ၫႊန္ျပၾကသည္။ အစြန္ဆုံးေျမကြက္မ်ား ျဖစ္ၾကသည္။ ခ်ိန္းထားသျဖင့္ ကြၽန္ေတာ့္ကိုျမင္ ေတာ့ ဗိုလ္မႉးကထြက္ႀကိဳသည္။
“လာပါ- ဆရာေလး။ ကြၽန္ေတာ္ အေစာကတည္းက ေမွ်ာ္ေနတာ။ ဘာစားၿပီးၿပီလဲ”
“ၿပီးပါၿပီ-အဘ”
ကြၽန္ေတာ္ အဘတို႔ၿခံထဲသို႔ ဝင္ခဲ့ၿပီး အဘအိမ္ကေလးထဲသို႔ ဝင္ခဲ့ၾက သည္။ အဘက အိမ္ေရွ႕ခန္းတြင္ ခင္းထားေသာ ထမင္းစား စားပြဲခုံဝိုင္း ကေလးေပၚမွ ေရေႏြးၾကမ္း၊ ထန္းလ်က္ခဲမ်ားျဖင့္ ဧည့္ခံသည္။
“သုံးေဆာင္ပါ – ဆရာေလး။ ဒီမွာေတာ့ ဒါပဲရွိပါတယ္” ကြၽန္ေတာ္က ေျမခရားထဲမွ ေရေႏြးၾကမ္းပူပူကေလးကို ငွဲ႔ေသာက္
“အဘေရာင္းမယ့္ အကြက္ေတြက ဘယ္မွာလဲ”
“ေျမာက္ဘက္ ႏွစ္ၿခံေက်ာ္မွာပါ – ဆရာေလး” “၄၀’ x ၆၀’ ႏွစ္ကြက္ေနာ္”
“ဟုတ္ပါတယ္ – ဆရာေလး”
“အဘတို႔အခုေနတဲ့ၿခံကလည္း ၄ဝ’× ၆၀’ ေပါ့ေနာ္။ အိမ္ကမ်ားလြန္း ေတာ့က်ယ္မွန္းမသိသာဘူး”
“ဟုတ္တယ္-ဆရာေလး။ ဟိုဘက္ႏွစ္ၿခံက ေရာင္းရမွာဆိုေတာ့ ဒီဘက္ၿခံမွာပဲ မိသားစု ေလးစု ေပါင္းေနၾကေတာ့ ၿခံက က်ဥ္းသြားတာေပါ့။ သားသမီးမ်ားေတာ့ ပင္စင္စားဝန္ထမ္းရဲ႕ဒုကၡေပါ့ဗ်ာ”
“ကဲ-အဘ-ေနမပူခင္ေျမကြက္တြင္ ဆင္းၾကည့္ရေအာင္” “ဟုတ္ကဲ့- ဆရာေလး။ ခဏကေလးေစာင့္ပါ”
“သားေရ – သာေအာင္ေရ”
“ဗ်ာ-အေဖ”
“ခဏလာစမ္းကြာ။ ခြၽန္ထားတဲ့ သစ္ငုတ္ေတြနဲ႔ တူပါ ယူခဲ့။ ေပႀကိဳး
လည္းယူခဲ့”
“ဟုတ္ကဲ့ပါ – အေဖ”
“ကြၽန္ေတာ္မေန႔ကတည္းက သားနဲ႔တိုင္းထြာၿပီးပါၿပီ။ ဆရာေလးလာ မွေပႀကိဳးဆြဲၿပီးအတိအက် တိုင္းထြာေပးဖို႔စီစဥ္ထားတာပါ” ကြၽန္ေတာ္တို႔ကြင္းဆင္းၿပီးတိုင္းထြာၾကသည္။ေဆာင္းဦးေပါက္ရာသီ
ျဖစ္သျဖင့္ ေျမကြက္မ်ားအတြင္း၌ ျမက္ႏွင့္ ခ်ဳံပင္မ်ား ေတာထေနသည္။ လမ္းအစပ္ ေရေျမာင္းအတြင္း၌ ေရကအျပည့္၊ ကန္စြန္းႏြယ္ပင္မ်ားက အေလ့က်ေပါက္ေရာက္ေနသည္။ ကန္စြန္း႐ိုးနီနီ၊ အၫြန႔္ကေလးမ်ားက တလူလူ၊ (၄ဝ’× ၆ဝ’)ေပတိုင္းၿပီးေတာ့ ကြၽန္ေတာ္တို႔ အဘအိမ္ ျပန္သြားၾကစဥ္ ေရေႏြးၾကမ္းေသာက္၊ ထန္းလ်က္ခဲ စား၍ နားရင္း စကားေျပာၾက သည္။ ပတ္ဝန္းက်င္က သာသာယာယာေအးေအးခ်မ္းခ်မ္း ျဖစ္သည္။ “ကဲ-အဘ-အဘက ၄၀’× ၆ဝ’ေပတစ္ကြက္ႏွစ္ေသာင္းနဲ႔ႏွစ္ကြက္ ေလးေသာင္းနဲ႔ ေရာင္းခ်င္တာေနာ္”
“ဟုတ္ပါတယ္။ ဆရာေလးက ဆစ္ခ်င္တာလား”
“မဟုတ္ပါဘူး။ ကြၽန္ေတာ္ မဆစ္ပါဘူး။ အဘတို႔က ႏြမ္းပါးပါတယ္။ ေမာင္သာေအာင္ေရ – ခဏပါကြာ။
စမ္းကြာ။ ေရာ့ – ပိုက္ဆံပါယူသြား”
ဦးကိုစာခ်ဳပ္ႏွစ္ေစာင္ေလာက္ဝယ္ေပး
“ဟုတ္ကဲ့-ဦး။ ဘာစာခ်ဳပ္လို႔ေျပာဝယ္ရမလဲ”
“အိမ္ၿခံေျမ အေရာင္းအဝယ္၊ ကတိစာခ်ဳပ္ေပါ့ကြာ။ (၁၀)က်ပ္တန္
ေလာက္ဆို ရပါၿပီ။ ႏွစ္ေစာင္ေနာ္”
“ဟုတ္ကဲ့ပါ ဦး”
ကြၽန္ေတာ္ေမာင္သာေအာင္ျပန္လာေတာ့ကိုယ္တိုင္စာခ်ဳပ္တြင္ေရး
သြင္းၿပီး ရပ္ကြက္လူႀကီးတစ္ဦးအား အသိသက္ေသအျဖစ္ ထား၍ အရပ္ စာခ်ဳပ္ ခ်ဳပ္ဆိုၾကသည္။
“ကဲ-ဒီမွာေငြေလးေသာင္းပါ – အဘ။ ေရၾကည့္ပါဦး”
“ရပါတယ္ – ဆရာေလး။ ဒီမွာ ကြၽန္ေတာ္တို႔မိသားစု ပိုင္ဆိုင္တဲ့ ပါမစ္ ဂရန္ ႏွစ္ေစာင္ပါ”
“ဟုတ္ကဲ့- ရပါၿပီ အဘ။ ဒါနဲ႔ ေမာင္သာေအာင္က ေက်ာင္းေနေသး သလား”
“ဟုတ္ကဲ့ – (၉)တန္းက်လို႔ ေက်ာင္းထြက္လိုက္ရတာပါ – ဆရာ” “အခု အလုပ္ကေရာ..”
“မရွိေသးပါဘူး ခင္ဗ်။ အိမ္အလုပ္ကေလးေတြပဲရွိပါတယ္” “အသက္ကေရာကြာ …”
“(၁၆)ႏွစ္ပါ – ဆရာ”
“ေအး- အဲဒါဆိုရင္ ေကာင္းၿပီ။ ဦးက မင္းေနဖို႔ ဦးဝယ္လိုက္တဲ့ ၿခံထဲ မွာ အိမ္ကေလး ေဆာက္ေပးမယ္။ ၿခံထဲမွာ ရာသီေပၚသီးႏွံေတြ စိုက္မယ္။
မင္းကို လစာ တစ္လ (၁ဝဝဝိ/-)က်ပ္ ေပးမယ္။ သီးႏွံေတြ ေအာင္ျမင္ရင္ လည္း ေရာင္းခ်ၿပီးတာနဲ႔ အျမတ္ဆုေၾကး ခြဲေဝေပးဦးမယ္။ လုပ္မလား”
“လုပ္မယ္-ဦး” ထိုစဥ္အဘက –
“ဆရာေလး – အိမ္ေဆာက္ရင္ ပိုက္ဆံကုန္မွာေပါ့။ ဆရာေလးက ေန မွာမွမဟုတ္ဘဲ။သားကလည္းကြၽန္ေတာ္တို႔အိမ္မွာပဲေနၿပီးအလုပ္လုပ္ရင္
ရပါတယ္။ အပိုကုန္မွာစိုးလို႔ပါ”
“အဘေရ – ၿမိဳ႕သစ္အကြက္ဆိုတာ အိမ္မေဆာက္ရင္ လူမေနတဲ့ သေဘာ။အိုးအိမ္ကျပႆနာရွာလိမ့္မယ္။ဒါေၾကာင့္ႀကိဳတင္ေဆာက္ထား ရမွာ။ကြၽန္ေတာ္တို႔လာေတာ့လည္းနားနားေနေနေနရတာေပါ့။မၾကာခဏ လာမွာဆိုေတာ့ အဘတို႔အိမ္မွာတည္းရတာ အားနာလို႔ပါ” “ဪ- အဲဒီလိုလား။ ကြၽန္ေတာ္ သေဘာေပါက္ပါၿပီ”
ထိုေန႔က မြန္းတည့္ေတာ့မည္ျဖစ္သျဖင့္ ကြၽန္ေတာ့္အား အဘတို႔ မိသားစုက ေန႔လယ္စာ အတင္းေကြၽးသည္။ ပဲကုလားဟင္း၊ ကန္စြန္း႐ိုးနီ ျပဳတ္၊တို႔စရာႏွင့္ငါးပိရည္သာျဖစ္ေသာ္လည္းကြၽန္ေတာ္အေတာ္ၿမိန္သည္။
အမွတ္တရေန႔လယ္စာျဖစ္သည္။ ကန္စြန္း႐ိုးနီျပဳတ္တို႔စရာမွာ ကြၽန္ေတာ္ စားဖူးေသာ တို႔စရာႏွင့္ မတူ အေတာ္အရသာရွိေနသည္။ ထိုအရသာကို ေဖာ္ျပျခင္းကားမစြမ္းသာပါ။ လတ္ဆတ္ၿပီး သဘာဝေပါက္ပင္မို႔ျဖစ္ပါလိမ့္ မည္ဟုထိုစဥ္ကထင္ခဲ့ပါသည္။
ညေနေစာင္းမွ ကြၽန္ေတာ္ အိမ္ျပန္ျဖစ္သည္။ တမာကုန္းကားဂိတ္ အထိ ေမာင္သာေအာင္က စကားေျပာရင္း လိုက္ပို႔သည္။ ကြၽန္ေတာ္က လည္း ေမာင္သာေအာင္အား ခင္မင္သျဖင့္ ကားဂိတ္တြင္ ကားေစာင့္ရင္ လစာေငြ (၁ဝဝဝိ/-)က်ပ္အား ႀကိဳတင္ထုတ္ေပးလိုက္ပါသည္။ ထိုေခတ္ က တစ္ေထာင္က်ပ္ဆိုသည္မွာ မနည္းပါ။ သူတို႔မိသားစု စားပုံမ်ိဳးႏွင့္ တစ္ လခန႔္ စားႏိုင္ပါလိမ့္မည္။
ေနာက္တစ္ပတ္တနဂၤေႏြေန႔မနက္ခင္းတြင္ကြၽန္ေတာ္စုေဆာင္းဝယ္ ယူထားေသာ ေဆာင္းသီးႏွံမ်ိဳးေစ့မ်ား (ေဂၚဖီပန္း၊ မုန႔္ညင္း၊ မုန္လာ၊ ကိုက္ လန္၊ ႏိုကိုဥ)ကို ယူေဆာင္ၿပီး လႈိင္သာယာ၊ တမာကုန္းသို႔ ထြက္ခဲ့ပါသည္။ ၿမိဳ႕သစ္ျဖစ္၍ တစ္ပတ္ႏွင့္ တစ္ပတ္မတူေအာင္ အေဆာက္အဦမ်ား တိုး တက္လာၿပီး လမ္းမ်ား ေကာင္းလာသည္။ လမ္းေကာင္းေတာ့ ယာဥ္လိုင္း မ်ားလည္း တိုးတက္ေကာင္းမြန္လာပါသည္။ တမာကုန္းလမ္းမႀကီးက
လည္း အေတာ္က်ယ္ျပန႔္ၿပီး ေခ်ာေမြ႕လာသည္။ လမ္းတစ္ဖက္တစ္ခ်က္၌ လည္းစားေသာက္ဆိုင္မ်ိဳးစုံျဖင့္ စည္ကားတိုးတက္လာပါသည္။ ယာဥ္လိုင္း မ်ားလည္း အတြင္းဘက္ရပ္ကြက္မ်ားသို႔ ေျပးဆြဲေနၿပီျဖစ္သည္။ လူေနရပ္ ကြက္လို တျဖည္းျဖည္း စည္ပင္လာၿပီျဖစ္သည္။
ထို႔ေၾကာင့္ ကြၽန္ေတာ္ လမ္းမေလွ်ာက္ေတာ့ဘဲ ဒိုင္နာကားအား တစ္ မွတ္တိုင္စီး၍ဆင္းကာ ကြၽန္ေတာ့္ၿခံေျမ တည္ရွိရာ ရပ္ကြက္အတြင္းသို႔ လမ္းေလွ်ာက္ဝင္ခဲ့ပါသည္။ကြၽန္ေတာ္အဘတို႔အိမ္ေရွ႕ေရာက္ေတာ့မနက္ (၉)နာရီခန႔္ လွမ္းေခၚသံၾကား၍ ကြၽန္ေတာ္ လွည့္ၾကည့္ေတာ့ အဘႏွင့္ သူ႔ သား ေမာင္သာေအာင္တို႔ ကြၽန္ေတာ့္ေျမကြက္ ႏွစ္ကြက္ေပၚတြင္ ခ်ဳံပင္မ်ား ရွင္းၿပီး ရာသီသီးႏွံ စိုက္ပ်ိဳးရန္ ေျမာင္းေပါင္မ်ား ေဖာ္ေနၾကသည္။ ဗိုလ္မႉး အၿငိမ္းစားခ်င္းတူေသာ္လည္း အဘမွာ ႐ိုးသားသူျဖစ္သျဖင့္ ကြၽန္ေတာ့္ ကုမၸဏီဗိုလ္မႉးႏွင့္ေတာ့ ဘဝေပးကုသိုလ္ကံကြာျခားလွပါသည္။
အဘက-
“လာ-ဆရာေလး။ စိုက္ပ်ိဳးေျမာင္းေပါင္ေတြ ၿပီးေတာ့မယ္။ မ်ိဳးေစ့ ေတြေရာပါလာသလား။ တစ္ခါတည္း စိုက္လိုက္ၾကရေအာင္”
“အဘေရ – ရာသီပင္၊ေဆာင္းသီးႏွံေတြကတစ္ခါတည္းမ်ိဳးေစ့၊ေျမခ် စိုက္လို႔ မရဘူး။ ပ်ိဳးခင္း လုပ္ရဦးမယ္။ ၿပီးမွ ပ်ိဳးပင္ကိုႏုတ္ၿပီး ေျမခ်စိုက္မွ အပင္သန္တာ။ ခ်ဥ္ေပါင္ပင္ေလာက္ေတာ့ ပ်ိဳးႀကဲၿပီး စိုက္လို႔ရပါတယ္” “စိုက္လို႔ရတာ စိုက္ႏွင့္တာေပါ့။ ပ်ိဳးခင္းလည္း လုပ္ေပးပါ့မယ္”
“ေရနဲ႔ နီးတဲ့ေနရာမွာ ပ်ိဳးခင္းလုပ္မယ္ – အဘ။ ပ်ိဳးခင္းကေရဝမွ အပင္ သန္တာ-ေျမေဆြးလည္း သုံးရမယ္”
“ဟုတ္မွာပါ။ အဘက ငယ္စဥ္ကတည္းက စစ္ပဲတိုက္လာေတာ့ စိုက္ ပ်ိဳးေရးကိစၥ မကြၽမ္းဘူး။ ဆရာေလးက အေတြ႕အႀကဳံရွိတယ္ – ထင္ပါ့” “ဟုတ္တယ္ – အဘ။ကြၽန္ေတာ္ကပ်ားေဂဟာေကဒါဆင္းေမြးျမဴေရး နဲ႔စိုက္ပ်ိဳးေရး နားလည္ပါတယ္”
“ေကာင္းတာေပါ့ ဆရာေလးရယ္”
ကြၽန္ေတာ္ပ်ိဳးခင္းလုပ္မည္။ေျမေပါင္မ်ားကိုေျမညက္ေအာင္ျပင္ဆင္
၍ ျမက္ပင္၊ ခ်ဳံပင္မ်ား မီးရႈိ႕ထားသည့္ျပာ ရႏိုင္သမွ်ေသာ ႏြားေခ်းမ်ား စု ေဆာင္း၍ေျမာင္းေပါင္မ်ားေပၚတြင္ ျဖဴးၿပီးပန္းေဂၚဖီ၊ မုန္လာ၊ မုန္ညင္း၊ ႏိုကို ဥ၊ ကိုက္လန္မ်ိဳးေစ့မ်ားအား တစ္ကန႔္စီ ပ်ိဳးႀကဲသည္။ ၿပီးေနာက္ေကာက္႐ိုး ဖုံး၍ေရဝဝေလာင္းသည္။ ေနာက္တစ္ပတ္ခန႔္ၾကာေတာ့ ပ်ိဳးပင္မ်ားေပါက္ လာသည္။ သုံးပတ္ခန႔္ၾကာေတာ့ သန္စြမ္းေသာပ်ိဳးပင္မ်ား ရလာသည္။ ပ်ိဳးပင္ကေလးမ်ားမွာ ေျမသစ္၌ လြန္စြာသန္စြမ္းၾကသျဖင့္ ကြၽန္ေတာ္ လြန္ စြာ အံ့ဩဝမ္းသာမိပါသည္။ ေျမဆီလႊာ အလြန္ဩဇာထက္သန္ေသာ ေၾကာင့္ ျဖစ္ေပလိမ့္မည္။
ပ်ိဳးပင္မ်ား(၃)ပတ္သားတြင္အမ်ိဳးအစားခြဲေျမခ်စိုက္ပ်ိဳးသည္။ၿခံပတ္ လည္ ေရေျမာင္းမ်ားတြင္ ေရအျပည့္ရွိၿပီး အစိုဓာတ္ ေကာင္းမြန္သျဖင့္ (၄) ပတ္ခန႔္အၾကာတြင္ အဖူးအပြင့္ႏွင့္ ဥမ်ား ဥၾကသည္မွာ မယုံၾကည္ႏိုင္ဖြယ္ ရာျဖစ္ထြန္းေအာင္ျမင္လွသည္။ ခူးဆြတ္ခ်ိန္လိုေသးေသာ္လည္းပန္းေဂၚဖီ ပြင့္မ်ားက တစ္ထြာခန႔္ အခ်င္းရွိၿပီျဖစ္ေသာ္လည္း က်စ္ေနေသးသျဖင့္ ခူး ဆြတ္ခ်ိန္ တစ္ပတ္ခန႔္လိုေသးသည္။ အ႐ြက္မ်ားက မဲျပာေနၿပီး မိုးေပၚ ေထာင္ေနသည္။ မုန္လာဥႀကီးမ်ားက တစ္ထြာခန႔္ တုတ္တုတ္ခဲခဲ၊ ေျမေပၚ တစ္ဝက္ေပၚေနသည္။ ႏိုကိုဥမ်ားက လက္ဖက္ရည္ၾကမ္း ပန္းကန္လုံးခန႔္၊ ကိုက္လန္ပင္မ်ားက ႏွစ္ေပခန႔္ ျမင့္မားၿပီး မုန္ညင္းပင္မ်ားက တစ္ေပပတ္ လည္ ဝိုင္းေနသည္။ ခ်ဥ္ေပါင္ပင္မ်ားက သန္စြမ္းမႈိင္းညိဳ႕ေနသည္။ လြန္စြာ ေအာင္ျမင္ေသာစိုက္ခင္းျဖစ္သျဖင့္ ပတ္ဝန္းက်င္က လြန္စြာသေဘာက် ၾကသည္။ စိုက္ၿပီး တစ္လျပည့္ေတာ့ ေရာင္းတမ္းဝင္ေခ်ၿပီ။
တစ္ေန႔ ႐ုံးပိတ္ရက္ ကြၽန္ေတာ္ မနက္ (၈)နာရီခန႔္ ၿခံထဲေရာက္သြား ေတာ့ ေမာင္သာေအာင္ စိုက္ခင္းအား ေရေလာင္းေနပါသည္။ ကြၽန္ေတာ္ ေရမေလာင္းရေသးေသာအပိုင္းကို လိုက္ၾကည့္ေတာ့ ပန္းပြင့္မ်ား၊ အ႐ြက္ မ်ားေပၚတြင္ ျပာျဖဴျဖဴကေလးမ်ားကို ေတြ႕ရသည္။ ပန္းေဂၚဖီပြင့္ႀကီးတစ္ပြင့္ ေပၚ၌ ျပာျဖဴျဖဴအေခြကေလးမ်ားကို ေတြ႕ရသျဖင့္ ကြၽန္ေတာ္ အသာအရာ
ယူၿပီး စာအိတ္ကေလးထဲ ထည့္ခဲ့သည္။ ထိုျပာျဖဴျဖဴအေခြကေလးမ်ား၊ အမႈန္ကေလးမ်ားသည္ မည္သည့္ေနရာက လြင့္ေမ်ာပါလာသည္ကို မသိ ရေသးပါ။
ကြၽန္ေတာ္ ရွိေနစဥ္၌ပင္ အသီးအ႐ြက္ဝယ္သူမ်ား ေရာက္ရွိလာၾက သျဖင့္ေမာင္သာေအာင္က

“ဆရာ – ေရာင္းလိုက္ရေတာ့မလား။ေန႔စဥ္လာေမးေနၾကတာ။ ဆရာ မရွိလို႔ ဒီေန႔ ပိတ္ရက္၊ ဆရာလာမွ ေရာင္းမယ္လို႔ ခ်ိန္းထားတာ” “ေအး-ေအး… ေပါက္ေဈးနဲ႔ သင့္သလိုေရာင္းေပါ့ကြာ”
ထိုေန႔ တစ္မနက္ခင္းတည္း (၅ဝဝဝိ/-)က်ပ္ဖိုးခန႔္ ေရာင္းရသည္။ တစ္ဦးခ်င္း လာဝယ္သူမ်ားကလည္း မစဲ၊ တဖြဲဖြဲ။ ထိုေန႔က ေန႔လယ္စာကို အဘအိမ္တြင္မစားေတာ့ဘဲကြၽန္ေတာ္နားေနရန္ေဆာက္ထားေသာအိမ္ ကေလးေပၚ၌ ေမာင္သာေအာင္က ၿခံထြက္သီးႏွံမ်ားျဖင့္ ခ်က္ျပဳတ္၊ ေၾကာ္ ေလွာ္ေကြၽးေမြးရာ လတ္ဆတ္သျဖင့္ အရသာထူးကဲလွသည္။ ေပ်ာ္စရာ လည္းေကာင္းလွေပသည္။
ထိုေန႔ညေနေစာင္းတြင္ ကြၽန္ေတာ္ အိမ္တန္းမျပန္ဘဲ ကြၽန္ေတာ္ သူငယ္ခ်င္းရွိရာ ၾကည့္ျမင္တိုင္ရွိ ပုဂၢလိက ဓာတ္ခြဲခန္းသို႔ တန္းသြားသည္။ ထိုျပာမႈန္ ဘယ္ေနရာကလြင့္လာၿပီး မည္သည့္ျပာမႈန္ေတြျဖစ္သည္ကို လည္း သိလိုလွပါသည္။ ဓာတ္ခြဲခန္းမွ သူငယ္ခ်င္းသည္ သေဘာေကာင္း သည္။ ငယ္ေပါင္းလည္း ျဖစ္သျဖင့္ ခ်က္ခ်င္း ဓာတ္ခြဲစမ္းသပ္ေပးရာ ေအာက္ပါအတိုင္း အေျဖထြက္လာသည္။
“သူငယ္ခ်င္း-ကိုဦးေရ။မင္းျပာနမူနာကမႏုႆဓာတ္ျပာပဲကြ။ (DNA) ခြဲၾကည့္ေတာ့ အမ်ိဳးသမီးအေလာင္းကို မီးရႈိ႕ထားတဲ့ျပာ။ မင္း ငါ့ ဆီ ယူလာတာက အမ်ိဳးသမီးဆံပင္ကို မီးေလာင္ၿပီး ႂကြင္းက်န္ရစ္တဲ့ဓာတ္ ျပာ။ အဲဒီျပာထဲမွာ မီးစုန္းဓာတ္ (၅ဝ) ရာခိုင္ႏႈန္း၊ တျခားဓာတ္ေတြအျပင္
ထူးထူးျခားျခား အာစင္းနစ္ေခၚ စိန္ဓာတ္ပြိဳင့္ (၅)ရာခိုင္ႏႈန္း ပါတယ္။ မဆို စေလာက္ကေလးပါပဲ။ အဲ့ဒါကို ၾကည့္ျခင္းအားျဖင့္ အဲဒီအမ်ိဳးသမီးဟာ (SUICIDE) လုပ္တာလား၊ တျခားသူက လုပ္ႀကံတာလား။ တစ္ခုခုပဲ။ ကိုယ္ေျပာရဲတာကေတာ့ အဲ့ဒီအမ်ိဳးသမီးဟာ အာဆင္းနစ္ေခၚ စိန္ဓာတ္ ေၾကာင့္ေသဆုံးရတာပဲ။ ဒါနဲ႔ ဒီဓာတ္ျပာကို ဘယ္ကရတာလဲ”
ကြၽန္ေတာ့္စိုက္ခင္းထဲမွရေၾကာင္း၊ ဒီဓာတ္ျပာေၾကာင့္ ကြၽန္ေတာ့္စိုက္ ခင္း အံ့ဩစရာေကာင္းေအာင္ သန္စြမ္းသျဖင့္ စားသုံးသူ အႏၲရာယ္ ရွိ၊ မရွိ လာေရာက္စုံစမ္းေမးျမန္းျခင္းျဖစ္ေၾကာင္း ရွင္းျပရာ ဓာတ္ခြဲဆရာသူငယ္
ခ်င္းက –
“အာဆင္းနစ္ဓာတ္က ပြိဳင့္ (၅)ရာခိုင္ႏႈန္းဆိုေတာ့ စားသုံးသူကို အႏၲရာယ္မရွိပါဘူး။ ဒါေပမဲ့ – အစိမ္းမစားေစနဲ႔။ ေရနဲ႔စင္ၾကယ္ေအာင္ေဆး ေၾကာၿပီးမွ ခ်က္ျပဳတ္စားပါ။ မင္းစိုက္ပ်ိဳးၿခံကမီးသၿဂႋဳဟ္စက္နဲ႔နီးတယ္ထင္ ပါရဲ႕။ စုံစမ္းၾကည့္ပါဦးကြာ”
“ေအးကြာ- ကိုယ္လည္း ပတ္ဝန္းက်င္ကို မေလ့လာရေသးပါဘူး။ လႈိင္သာယာၿမိဳ႕အစြန္၊ တမာကုန္းဆိုတဲ့ ရပ္ကြက္ပဲ”
ကြၽန္ေတာ္ ဓာတ္ခြဲဆရာ သူငယ္ခ်င္းအား ႏႈတ္ဆက္ၿပီး အင္းစိန္အိမ္ သို႔ ျပန္ခဲ့ပါသည္။ ထိုညက ခရီးပန္းသျဖင့္ ေရခ်ိဳး၊ ညစာစား၊ ဘုရားဝတ္ျပဳ ၿပီး ေစာစီးစြာ အိပ္ရာဝင္ခဲ့သည္။ စြဲလမ္းမိေသာေၾကာင့္လားမသိ၊ ကြၽန္ ေတာ့္အိပ္မက္မက္သည္။
အိပ္မက္ထဲတြင္ အမ်ိဳးသမီး ခပ္ငယ္ငယ္ကို ေတြ႕ရသည္။ မ်က္ႏွာညႇိဳး ငယ္စြာျဖင့္ ဖြင့္ဟသည္။ ဆံပင္ျပာပိုင္ရွင္မွာ မခင္ေအးတဲ့။ ထန္းတစ္ပင္ ၿမိဳ႕တြင္ ေနထိုင္ၿပီး ဖ်ားနာေနစဥ္ မိေထြးျဖစ္သူမွ အဆိပ္ခတ္သတ္ျခင္းျဖစ္ ေၾကာင္း၊ အမႈမွန္ေပၚေစရန္ ေမတၱာျဖင့္ လိုက္လံကူညီေဆာင္႐ြက္ေပးရန္ ေတာင္းပန္သျဖင့္ ကြၽန္ေတာ္ ေနာက္တစ္ေန႔တြင္ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္
သြားသည္။ ေအာင္ေဇယ်ျမစ္ကူးတံတားႀကီးလည္း ၿပီးစီးလုနီးၿပီျဖစ္သျဖင့္ လမ္းမ်ား ေကာင္းမြန္ေနသည္။ ဇက္ေရယာဥ္ျဖင့္ တစ္ဖက္ကမ္းကူးၿပီး တမာကုန္းၿခံမွ ေမာင္သာေအာင္အား အေဖာ္ရေစရန္ ဝင္ေခၚသည္။ တမာ ကုန္းမွ (၁)နာရီခန႔္ သြားေတာ့ထန္းတစ္ပင္ေရာက္သည္။ ရဲစခန္းဝင္၍ သူငယ္ခ်င္းရဲစခန္းမႉးဦးတင္ႏွင့္ေတြ႕ၿပီးဓာတ္ခြဲခန္းအေျဖအားျပ၍အက်ိဳး အေၾကာင္း ရွင္းျပရာ ရဲစခန္းမႉးက မခင္ေအးနာမည္ျဖင့္ ေသဆုံးခန႔္မွန္း ရက္ကို သက္ဆိုင္ရာသို႔ လိုက္လံစုံစမ္းရာ ထန္းတစ္ပင္ကမ္းနားပိုင္းမွျဖစ္ ေၾကာင္း သိရေတာ့သည္။
ဖ်ားနာ၍ေသသျဖင့္ ေဆး႐ုံပင္ မတင္ျဖစ္ေၾကာင္း၊ အနီးရွိ ထိန္ပင္ သုသာန္တြင္ မီးသၿဂႋဳဟ္လိုက္ေၾကာင္းလည္း သိရသည္။ သူငယ္ခ်င္း စခန္းမႉးက ရဲပီပီ မႈခင္းျဖစ္စဥ္ကို အစအဆုံး လိုက္လံစုံစမ္း ေထာက္ လွမ္းသည္။ မိေထြးျဖစ္သူက လင္ပါသမီး မခင္ေအးအား အေမြကိစၥ အတြက္ အဆိပ္ခတ္၍ သတ္ေၾကာင္း၊ မက်န္းမာ၍ ေသဆုံးသည္ဟု ရပ္ကြက္ထဲတြင္ သတင္းလႊင့္ၿပီး ေဆး႐ုံမတက္ရသျဖင့္ ေတာၿမိဳ႕ပီပီ နီးစပ္ရာ သခ်ႋဳင္းတြင္မီးသၿဂႋဳဟ္၍ အစေဖ်ာက္ခဲ့ေၾကာင္း ဓာတ္ျပာအား ဓာတ္ခြဲရာမွ သက္ေသခံသျဖင့္ မိေထြးျဖစ္သူ လူသတ္မႈျဖင့္ ေထာင္က် ေလေတာ့သည္။ ေသဆုံးသူမခင္ေအး ေက်နပ္ႏိုင္ပါေစဟု ကြၽန္ေတာ္ အမွ်ေပးေဝရင္း ဆုေတာင္းလိုက္ပါေတာ့သည္။
ေထာင္မႉးႀကီး သိန္းဝင္း