သင်္ချိုင်းရွှေ့ခြင်း(စ/ဆုံး)

Unicode Version

သင်္ချိုင်းရွှေ့ခြင်း(စ/ဆုံး)
—————————-
ဝဲမှူးရွာလေးရဲ့အိမ့်တလိမ့်စုန်းပြဿနာကိုဖြေရှင်းပေးပြီးတာနဲ့ ဦးအောင်မောင်တို့မြေးအဖိုးလဲ ပြန်ဖို့ပြင်ဆင်နေကြပါတယ်။
” သူကြီးရယ် တစ်ရက်တန်သည် နှစ်ရက်တန်သည် နေပါဦးလားဗျာ ကျနော်ဘာနဲ့မှ ဧည့်မခံရသေးလို့ပါ ”
ကိုလှဝင်းက မျက်နာငယ်လေးနဲ့ ဒူးထောက်ပြောတော့ ဦးအောင်မောင်းက
” သား လှဝင်း ထစမ်း ငါသင်ပေးတဲ့ပညာရပ်တွေထဲမှာ သူတစ်ပါးကိုအောက်ကြို့ဖို့ ပါလို့လား မာနထားစမ်းပါ ”
” ကျနော့်အဖေလိုလဲဖြစ် ဆရာလိုလဲဖြစ်နေလို့ ရိုသေသမှုနဲ့ ဒူးထောက်တာပါ မပြန်ပါနဲ့ဦး သူကြီးရယ် ”
ဦးအောင်မောင်းက မြေးဖြစ်သူရဲ့မျက်နာကိုလှမ်းကြည့်တော့ သိန်းခေါင်ကလဲ မသိမသာခေါင်းဆတ်ပြလိုက်တာမလို့….
” အင်း တခြားရွာတွေမှာလဲ ပြဿနာရှိသံမကြားသေးဘူးဆိုတော့ ငါတို့ ခဏတော့နေမယ် ဟုတ်ပြီလား ”
” တ တကယ်နော် သူကြီး မောင် မောင်စန်းရေ ကြက်တစ်ကောင်ချက်စမ်းကွာ သူကြီးတို့မြေးအဖိုးကို ထမင်းကျွေးရအောင် ”
” ဟုတ်ကဲ့ ကိုလှဝင်း ”
မောင်စန်း ခြံထဲဆင်းမယ်ကြားတော့ တစ်ချိန်လုံးငြိမ်နေတဲ့သိန်းခေါင်လဲ ပြာပြာသလဲနဲ့..
” ဟာ မဆင်းနဲ့ ဦးလေးစန်း မဆင်းနဲ့ ဦးလေးလှဝင်း မြန်မြန်တားပါဦး အဖိုး..သူ့ကိုတား ”
” ဟေ့ကောင် လှဝင်း ငါ့မြေးပြောနေတယ်လေ မောင်းစန်းကို တား ”
ဦးအောင်မောင်းကပါ ရုတ်တရက်ကြီး ထတားတော့ ကိုလှဝင်းလဲ အံသြသွားပြီး
” သူများကြက်တွေ မဟုတ်ပါဘူး သူကြီးရဲ့ ကျနော်ကိုယ်တိုင်မွေးထားတဲ့ကြက်တွေ…”
” အား!!!! ”
ကိုလှဝင်းစကားတောင်မဆုံးသေး ငယ်သံပါအောင်အော်လိုက်တဲ့ မောင်စန်းရဲ့အသံက အိမ်အောက်ကြက်ခြံထဲကနေ ထွက်လာခဲ့တယ်။
” မောင်စန်း မောင်စန်း ဘာဖြစ်တာလဲ ”
အိမ်ပေါ်ကလူတွေလဲ အသံကြားရာဆီအပြေးရောက်သွားပြီး လူးလိမ့်နေတဲ့ မောင်စန်းကို ပွေ့ချီကာ အပြင်ခေါ်လာခဲ့လိုက်တယ်။
” မြွေ မြွေကြီး အကိုလှဝင်း မြွေကြီး လက်မောင်းလုံးလောက်ရှိတယ် ကျနော့်ကို ကျနော့်ကိုက်သွား….”
မောင်စန်းတစ်ယောက် စကားမေးတောင်မရတော့ပဲ ပျော့ခွေသွားခဲ့ပြီ။ တစ်ကိုယ်လုံးပြာတက်လာတဲ့အဆိပ်တွေကလဲ ခြေကျင်းဝပ်မှကနေ တဖြည်းဖြည်းတက်လာတဲ့အချိန် ကိုလှဝင်းလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။
” မြေးလေး မောင်စန်းကို ကယ်ပါဦး ”
” ဟာ သူကြီးကလဲ ကလေးက ဘာလုပ်တတ်မှာလဲ မောင်စန်းကိုပွေ့ထားပေး ကျနော်ဆေးထိုးဆရာသွားခေါ်လိုက်မယ် ”
ကိုယ်လှဝင်းက ပြောပြောဆိုဆို ပြေးထွက်သွားတာမလို့ ဦးအောင်မောင်းလဲ လှမ်းတားချိန်တောင်မရလိုက်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ဟဲ့ ကောင်လေး ဘယ်သွားမလို့လဲ ”
” အစ်မက ကျနော့်ကိုသိလို့လား ”
ဇာတိလက်ပံလှရွာကိုသွားနေတုန်း ဘေးကဖြတ်သွားတဲ့မိန်းမတစ်ယောက်ရဲ့နှုတ်ဆက်တဲ့အသံကြောင့် မောင်စန်းရပ်နားထောင်လိုက်မိတယ်။
” သိတယ်လေ နင်က ဝဲမှူးရွာက ရွာဥသျှောင်လှဝင်းရဲ့တပည့် မောင်းစန်းမဟုတ်ဘူးလား ”
” ဟုတ်တယ်လေ အစ်မရဲ့ ဘာလို့လဲ အစ်မကဘယ်သူလဲဗျ ”
” အဲ့တာဆို ငါလူမမှားပါဘူး လာ ပြန်လိုက်ခဲ့ အရှင်မက နင့်ကို ပြန်ခေါ်လိုက်တယ် ”
မောင်စန်းငြင်းခွင့်မရှိ ၊ သူ့ကိုယ်သူတောင် နားမလည်နိုင် ဖြစ်နေတယ်။ ကြက်ခြံနားကနေ အခု ရွာပြင်ရောက်နေတာ ဘာကြောင့်လဲ သူစဉ်းစားမရ၊ သူစိမ်းအမျိုးသမီးခေါ်ရာနောက်ကိုပဲ လိုက်လာခဲ့လိုက်တယ်။
” ကဲ့ သွား အထဲဝင် ပြန်ထွက်မလာနဲ့ ပြန်ထွက်လာရင် ကိုယ်ထိုက်နဲ့ကိုယ့်ကံ နင့်မိန်းမဆီမှာလဲ မပေါ့မပါးကြီးဖြစ်နေပြီ သတိထား ဒါပဲ ငါသွားပြီ ”
ကိုလှဝင်းတို့အိမ်ရှေ့ရောက်တော့ အမျိုးသမီးက သူ့ကိုခြံထဲတွန်းပို့ပြီး ပြန်သွားတာမလို့ မောင်းစန်းလဲ နားမလည်တဲ့ဟန်နဲ့ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်တယ်။
” ဟင် ”
မြင်လိုက်ရတဲ့မြင်ကွင်းက သူ့မျက်လုံးတောင်မယုံနိုင် ၊ အမျိုးသမီးက လာတုန်းကနဲ့မတူပဲ ရှေးခေတ်ထိုင်မသိမ်းဝတ်စုံအဝါရောင်ဝတ်ပြီး မြေပြင်ကိုခြေမထိပဲ လမ်းလျှောက်နေခဲ့လို့ပါ။
အမျိုးသမီးကျောပြင်ကို မျက်စိတစ်ဆုံးငေးကြည့်ရင်း အိမ်ထဲဝင်ဖို့သတိရလာတာမလို့ မောင်စန်းတစ်ဖက်ကိုပြန်အလှည့်
” ဟာ ခြံထဲမှာ ဘာတွေလဲ အများကြီးပါလား ဟိုတန်းလျားမှာထိုင်နေတဲ့ပြောင်ပြောင်လက်လက်နဲ့လူဘေးမှာလဲ မနည်းပါလား ဟိုတစ်ယောက်က ဆယ်ခိုင်သူကြီး ဒါဆို ဒီဘက်ကလူက ဟိုကလေးလေးပေါ့ အိမ်မှာ ဧည့်သည်မှ ရှိမနေတာ ”
တစ်ယောက်ထဲစကားတွေပြောနေတုန်း တစ်ကိုယ်လုံးလင်းနေတဲ့လူက သူ့ကိုလက်ယပ်ခေါ်နေတာမလို့ ဝင်သွားတဲ့အချိန် အရာအားလုံးက ချက်ချင်းအမှောင်ကျသွားခဲ့ပါတယ်။
” ဟော လှုပ်လာပြီ လှုပ်လာပြီ မောင်စန်း …မောင်စန်း … တပည့်ကြီး ထပါဦး ”
” ဆရာ သူဘယ်လိုနေသေးလဲ ”
” ထူးဆန်းလိုက်တာ စောစောကစမ်းကြည့်တာ နှလုံးခုန်နှေးနေပြီ ချက်ချင်းကြီးပုံမှန်ပြန်ဖြစ်လာတယ် အဆိပ်ကိုတော့စုပ်ထုတ်ပြီးပြီ အနာကျတ်ဆေးတလုံး ထိုးပေးခဲ့မယ် ကိုလှဝင်းရေ ခင်ဗျားတပည့် ခဏနေ သတိရလာတော့မှာပါ ”
သူ့ကိုကျော်ပြီး စကားတွေပြောနေကြတဲ့လူတွေကို မျက်လုံးဖွင့်ကြည့်ပေမဲ့ ချက်ချင်းဖွင့်မရ၊ ဒါ့အပြင် ခန္ဓာကိုယ်ကလဲ လှုပ်လို့မရဖြစ်နေခဲ့တယ်။ ဖြည်းဖြည်းချင်းအားယူဖွင့်ကြည့်တော့ မြင်ကွင်းက ဝိုးတဝါးဖြစ်နေရာကနေ ကြည်လာခဲ့တယ်။
” ဦးလေးမောင်စန်း မျက်လုံးပွင့်လာပြီ အဖိုး ”
” ဟူး တော်ပါသေးရဲ့မြေးရယ် မြေးကငြိမ်နေတော့ မကယ်ပေးတော့ဘူးလားလို့ အဖိုးကလန့်နေတာ ပြောပါဦး မြွေက ရိုးရိုးပဲလား ”
” မရိုးဘူး အဖိုးရေ ရှူး…တိုးတိုး ဟိုမှာ ဦးလေးလှဝင်းပြန်လာပြီ ”
ဆေးထိုးဆရာကိုခြံပြင်ထိပြန်လိုက်ပို့နေတဲ့ ကိုလှဝင်းပြန်ရောက်လာတော့ တပည့်ဖြစ်သူကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ မီးဖိုထဲဝင်သွားခဲ့တယ်။
” သား သားလေး မင်း မင်းက ဘယ်သူလဲဟင် ”
” ကျနော်က အဖေဦးကောင်းစံ အမေဒေါ်ကြည်ပြာတို့ကမွေးတဲ့ ဆယ်ခိုင်သူကြီးရဲ့မြေး မောင်သိန်းခေါင်လေ ”
” မနောက်ပါနဲ့ သားရယ် စောစော သားကိုမြင်တာ ဒီပုံမဟုတ်ပါဘူး သားကိုယ်ကြီးက ပိုးစုန်းကြူးလိုပဲလင်းနေတာ ဟို ဓါးကိုင်လှံကိုင်အစောင့်တွေရော ဘယ်ရောက်သွားလဲ ”
မြေးဖြစ်သူရဲ့ရုပ်အမှန်ကိုမောင်စန်းတယောက် ဝိုးတဝါးမြင်ခဲ့ရလို့ အခုလိုမေးနေမှန်း ဦးအောင်မောင်းရိပ်မိလိုက်ပါတယ်။ မောင်လှဝင်းဆေးဆရာသွားပင့်နေတုန်းကတောင် ခြံရှေ့မှာ အဝါဝမ်းဆက်နဲ့အမျိုးသမီးတစ်ယောက်ကို သူလဲ လှမ်းမြင်လိုက်တယ်လေ။ မြေးဖြစ်ကိုမေးကြည့်တော့ အဲ့ဒါသင်္ချိုင်းရှင်မမဖဲဝါတဲ့။
” ဟင် သူကြီး ဗိုက်ဆာနေပြီလား မွန်းတောင်လွဲနေပြီ ဟုတ်သားပဲ စောစောက အကိုလှဝင်း ကျနော့်ကို ကြက်သားချက်ခိုင်းထားတာ ဘာလို့မေ့နေပါလိမ့် ဒီဦးနှောက်ကတော့ ”
ဦးအောင်မောင်းအတွေးလွန်နေတုန်း မောင်စန်းက အိပ်နေရာကနေ ငေါက်ကနဲထထိုင်ပြီး ပြာပြာသလဲနဲ့ မီးဖိုထဲဝင်သွားခဲ့တယ်။
မီးဖိုထဲရောက်တော့ ဟင်းချက်နေတဲ့ ဆရာဖြစ်သူကို မြင်လိုက်တာမလို့…
” ဟာ အကို လှဝင်း ဘာလုပ်တာလဲ ဖယ် ဖယ် ကျနော်ချက်ပါ့မယ် သွားပါ အိမ်ရှေ့မှာ သူကြီးတို့နဲ့ စကားသွားပြောနေပါ ”
” မ မဟုတ်ဘူးလေ မောင်စန်း မင်းစောစောက မြွေကိုက် ”
ငရုတ်ကြက်သွန်တွေ အတင်းဖြဲရဲပြီး ချက်စရာရှိတာချက်နေတဲ့မောင်စန်းကို ကိုလှဝင်း နားမလည်နိုင်။ ခြေထောက်မှာပတ်တီးကြီးနဲ့လူက ဘာမှမဖြစ်ခဲ့သလို လုပ်ကိုင်နေပုံက သူ့ကို ပိုပြီး အံ့သြစရာကောင်းနေခဲ့တယ်။
” ဟား ဟား ဟား ငါ့မြေးကတော့ လုပ်ချလိုက်ပြန်ပြီ ဘာလို့ သူ့ကို မှတ်ဉာဏ်ဖျောက်ပစ်ရတာလဲ ”
” သူ့အတွက် ပိုကောင်းမယ်ထင်လို့ပါ အဖိုးရာ မတွေးသင့်တာတွေတွေးမိရင် စိတ်ရောဂါရသွားမှာစိုးရတယ်လေ ”
သိန်းခေါင်က အဲ့လိုပြောပြီး အိမ်အောက်ကို ခုန်ပေါက်ဆင်းသွားတဲ့အချိန် ကိုလှဝင်းတစ်ယောက် မီးဖိုးထဲလှည့်ကြည့်လှည့်ကြည့်နဲ့ အိမ်ရှေ့ပြန်ရောက်လာခဲ့တယ်။
” ဟော မောင်လှဝင်း ချွေးတွေလဲပျံလို့ပါလား လာထိုင်ပါဦး ထွေထွေထူးထူးတွေ လုပ်မနေပါနဲ့ကွာ ရှိတာပဲချက်ပေါ့ ”
” ဟို ဟို သူကြီး မောင်းစန်းကလေ ”
” မောင်စန်း ဘာဖြစ်လို့လဲကွ ဟင်းချက်မယ်ဆိုပြီး ထသွားပြီလေ ”
” မဟုတ်ဘူးလေ သူကြီး မောင်စန်းက ခုနကတင် မြွေ …”
” ဟိုးထား မောင်လှဝင်း မင်း ဘာပြောချင်နေလဲ ငါသိတယ် မင်းပဲ ပြောခဲ့တယ်လေ ကလေးက ဘာလုပ်တတ်မှာလဲဆို အခု သူဘာလုပ်လိုက်လဲ မင်းတောင်မသိလိုက်ဘူးမဟုတ်လား ဟား ဟား ဟား ”
” ဗျာ ”
ဖြစ်စဉ်တချို့ကို အကျဉ်းချုံးပြီး ရှင်းပြလိုက်တဲ့ ဦးအောင်မောင်းစကားကိုနားထောင်ပြီး ကိုလှဝင်းငြိမ်ကျသွားခဲ့တယ်။ တကယ်တော့ ဒီကလေးဟာ လှေပြိုင်ပွဲမှာကတည်းက သူ့ကိုရော ရွာသားတွေကိုရော ကယ်ခဲ့တယ်ဆိုတာ သူသိသွားခဲ့ပြီ။
” သ သူကြီး သိန်း သိန်းခေါင်လေးရော သူဘယ်ရောက်သွားလဲ ”
” စောစောကတင် အိမ်အောက်ဆင်းသွားတာပဲ လုပ်စရာရှိလို့နေမှာပေါ့ ”
အိမ်အောက်ပြန်ဆင်းသွားတဲ့ သိန်းခေါင်တစ်ယောက်ကတော့ ထွက်ပြေးသွားတဲ့မြွေဆိုးကိုခေါ်ပြီး ပညာသည်တွေသာမြင်နိုင်တဲ့စာတစ်ကြောင်းနဲ့အတူ မူလလာရာနေရာကို ပြန်လွှတ်လိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” နောင် ဝေ ဝေ ….ဆွမ်းတော်ဗျို့….”
” အေးကြည်မရေ ဟိုမှာ ဆွမ်းခံကြွလာပြီဟေ့ ”
” လာပြီ မမျိုးရေ သဘက်ယူနေလို့ ”
ကြေးစည်သံကြားတာနဲ့ ခြံရှေ့ပြေးဆင်းသွားတဲ့မမျိုးတစ်ယောက် ခပ်လှမ်းလှမ်းကနေကြွလာတဲ့သံဃာတော်တွေကိုမြင်လို့ အိမ်နီးချင်းအဖော်ကို အော်ခေါ်လိုက်တာပါ။
ဆွမ်းခံပြန်သွားတော့ မောင်စန်းတစ်ယောက် သူတို့အနားရောက်လာပြီး
” မမျိုးတို့ အေးကြည်တို့ ငါ့ကိုကူညီကြပါဦး ”
” ဘာဖြစ်လို့လဲ မောင်စန်း နင့်မိန်းမရီချို ဗိုက်နာလို့လား ”
” ဘယ်ကလာဟာ ရီချို့ဗိုက်ကတစ်လလောက်လိုသေးတယ် ငါပြောတာလေးဆုံးအောင် နားထောင်ကြပါဦး ”
” ပြောစရာရှိတာ တန်းမပြောပဲ ဝေ့နေကိုး ဘယ်သိမလဲဟဲ့ ”
” ဒီလိုဟေ့ နင်တို့ကြောက်မှာစိုးလို့ ပြောရကောင်းမလား မပြောရကောင်းမလား စဉ်းစားနေတာ လက်ပံလှရွာနဲ့ တို့ရွာကြားက သင်္ချိုင်းကုန်းကြီးကို သိတယ်မဟုတ်လား ”
” အပျိုကြီးမပုတို့လယ်နားက သင်္ချိုင်းကုန်းမလား သိသားပဲ ဘာဖြစ်လို့လဲ ”
” အေးလေ နင်တို့သိတဲ့အတိုင်း လူတွေ လယ်မြေတိုးရင်းတိုးရင်းနဲ့ သင်္ချိုင်းမြေက ကျဉ်းလာပြီလေ အပယ်မြေဆိုတာ အပင်တွေဘာတွေမစိုက်ကောင်းဘူးပြောလဲ နားမလည်ကြဘူး ဖြစ်မှပဲခံမယ်တဲ့ ”
မောင်စန်းက နာမည်ထုတ်မပြောပဲ စိတ်ပျက်နေသလိုလိုပြောလိုက်တော့ အေးကြည်မက ဝင်ပြောလိုက်တယ်။
” ဟိုလူရွတ်ကြီးမြင့်မောင်မဟုတ်လား သူက အဲ့လိုပဲ တို့နဲ့လဲ အပေါက်အလမ်းသိပ်မတည့်ပါဘူးဟယ် ”
” သူလုပ်တာ အရေးမကြီးဘူး တကယ်တမ်းဖြစ်ရင် တစ်ရွာလုံးခံရမှာဟ ”
” ဟုတ်တယ် ကိုမောင်စန်း ”
” အာ့ကြောင့် တို့ရွာကို ဆယ်ခိုင်သူကြီးလာတုန်းလေး ရွာမြောက်ဘက်သင်္ချိုင်းကိုရွှေ့ဖို့ လုပ်အားပေးလာဆင့်တာ တခြားအိမ်တွေလဲ လိုက်ပြောပေးပါဦး သူငယ်ချင်းရေ ကိုလှဝင်းပြောတာလို့ပြောနော် နေ့လည်အစည်းအဝေးရှိတယ် မလာတဲ့အိမ် ဒဏ်ရိုက်မယ်လို့ ”
” အမလေး ဒဏ်တော့အရိုက်မခံပါဘူး သမီးငယ်ရေ အမေ အိမ်ရှေ့မှာ ဆွမ်းဇလုံထားခဲ့တယ် ရေဆေးပြီးသိမ်းထားလိုက်ဦး အမေရွာထဲသွားစရာရှိလို့ ”
” ဟုတ် အမေ သွားလေ ”
“လာ အေးကြည် နင်လဲလိုက်ခဲ့ ”
မမျိုးနဲ့ အေးကြည်တို့ထွက်သွားတော့ မောင်စန်းလဲ တစ်ခြားအိမ်တွေအသိပေးဖို့ရာ သူတို့နဲ့ဆန့်ကျင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
အိမ်ရှေ့မြေကွက်လပ်မှာ စည်းကားနေတဲ့လူတွေကိုလှမ်းကြည့်ပြီး ကိုလှဝင်းအိမ်အောက်ဆင်းလာလိုက်တယ်။ ခဏနေတော့ ဆယ်ရွာလုံးက လေးစားရတဲ့ ဦးအောင်မောင်းကပါ တည်ကြည်နေတဲ့မျက်နာနဲ့ ဆင်းလာပြီး…
” ခေါ်ရတဲ့အကြောင်းကို သိပြီးရောပေါ့ ” လို့ ပြောလိုက်တယ်။
” ဟုတ်ကဲ့ သိပြီးပါပြီ ”
” အေး တို့ဆယ်ခိုင်သူကြီးရောက်နေတာနဲ့ အဆင်သင့်လို့ ဒီကိစ္စကိုအားချင်းထလုပ်ရတာဟေ့ နားလည်ပေးကြပါ ”
” နားလည်ပါတယ် ငါ့မောင်ရယ် တို့ဘာကူညီရမလဲ ”
” လှည်း ရသလောက်လိုချင်တယ် အမိုးနဲ့အိမ်ပါတဲ့လှည်းဖြစ်ရမယ် ”
” ဟဲ့ မောင်လှဝင်းရဲ့ အိမ်ကတော့ထားပါတော့ ဘယ်ကအမိုးလဲ တခါမှတောင်မကြားဖူးဘူး ”
တပည့်ဖြစ်သူကိုဝိုင်းပြီးဝေဖန်နေတော့ ဦးအောင်မောင်းလဲမနေသာတော့ပဲ ရွာသားတွေကိုလက်ကာပြကာ..
” အမိုးလုပ်တာလွယ်ပါတယ် ထန်းကြောဖျာကို နှီးချောင်းကွပ်၊ ခုံးပြီး လေးဘက်လေးတန်ကောက်ချည်လိုက်ရတာပဲကို လူစီးမှာမှ မဟုတ်တာ ”
လို့ ပြောလိုက်တယ်။ ဒီတော့မှ ရွာသားတွေလည်း တစ်ယောက်တစ်ပေါက်ပြောတာရပ်ပြီး ငြိမ်သွားကြပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့ရောက်တော့ လှည်းအစီးပေါင်းမြောက်များစွာက ဦးအောင်မောင်းပြောသလို အမိုးကိုယ်စီနဲ့ မောင်လှဝင်းအိမ်ရှေ့မှာ စီတန်းနေကြပါတယ်။ ရှေ့ဆုံးကလှည်းပေါ်မှာတော့ ဆယ်ခိုင်သူကြီး မောင်သိန်းခေါင် ဝဲမှုးရွာအကြီးအကဲမောင်လှဝင်း ရပ်မိရပ်ဖနှစ်ဦးတို့ကလိုက်ပါပြီး ရွာပြင်သင်္ချိုင်းဆီထွက်ခွာလာခဲ့ကြပါတယ်။
” အဟေး ဟေး ပုံပြင်တွေထဲကလို လှည်ကုန်သည်ငါးရာလိုမျိုးဟေ့ လာကြည့်ကြဟေ့ ”
” မုံ့ပါရင် ပေးခဲ့ပါဗျို့ ”
တစ်သက်မှာတစ်ကြိမ်မြင်ရခဲတဲ့လှည်းတန်းရှည်ကြီးကို တစ်ရွာလုံးက ကလေးလူကြီးမကျန် ထွက်ကြည့်နေတာမလို့ အသံတွေက ပွဲတော်ကြီးလို ဆူညံနေခဲ့ပါတယ်။
သင်္ချိုင်းဆီရောက်လာတော့ ရပ်မိရပ်ဖတွေကဆိုင်ရာပိုင်ရာတွေဆီပွဲပေးပြီး အသင့်ယူလာတဲ့ ထမင်းဟင်းတွေကို ငှက်ပျောဖက်တွေပေါ်ပုံကာ အုတ်ဂူနဲ့မြေပုံတစ်ချို့ပေါ်တင်လိုက်တယ်။
” ဤသုဿန်မှာနေထိုင်ကြကုန်သော မမြင်အပ်၊ မြင်အပ်ဝေနေယျသတ္တဝါအပေါင်းတို့ခင်ဗျာ ကျွန်ုပ်တို့ကျွေးမွေးသော အစားအသောက်များကို သဘောရှိသလို သုံးဆောင်ကြပါခင်ဗျာ အဆင့်အတန်းမခွဲပေမဲ့ သူ့စည်းနဲ့သူမို့ ဒါကတော့ သင်္ချိုင်းရှင်မအတွက်ရည်ရွယ်ပါတယ် ….”
” အို… ” ” ဟာ… ” ” ဟင်… ”
ရွာအကြီးအကဲက တတ်သလောက်မှတ်သလောက်ပြောဆိုပြီးခပ်လှမ်းလှမ်းကိုထွက်သွားတာနဲ့ ငှက်ပျောဖက်ပေါ်က စားစရာတွေလဲ တဖြည်းဖြည်းလျော့လာကြတာ အားလုံးမြင်လိုက်ရပါတယ်။
သို့ပေမဲ့ သီးသန့်ခွဲထားတဲ့ထမင်းပုံကတော့ အရာတောင်မယွင်းတာမလို့ သိန်းခေါင်လဲ ဖျက်ကနဲအာရုံခံကြည့်လိုက်တဲ့အချိန် ထမင်းပုံနားရစ်သီရစ်သီလုပ်နေတဲ့ တင်းပုတ်ကိုင်မြေဖုတ်ဘီလူးနှစ်ကောင်ကိုသာ မြင်လိုက်ရပါတယ်။
” အဖိုး ဟိုဦးလေးကြီး ပြောတာ လိုနေတယ် သင်္ချိုင်းရှင်မက လောလောဆယ်ဒီမှာမရှိဘူး သင်္ချိုင်းစောင့်ပဲရှိတယ် ဒါကြောင့် အဖိုး အခုအဲ့ထမင်းပုံနားသွားရပ်ပြီး ခန္ဓာကိုယ်ခဏငှားပေး ”
ဦးအောင်မောင်းလဲ မြေးဖြစ်သူပြောတဲ့အတိုင်း ထမင်းပုံနားရောက်တာနဲ့ အုတ်ဂူကိုကိုင်ပြီး မျက်လုံးမှိတ်လိုက်တယ်။
” အို ..သင်္ချိုင်းစောင့်တို့ သင်တို့အရှင်မက မေတ္တာတရားကြီးမားစွာဖြင့် သူ့ဝေစုအား သင်တို့ကိုစားခွင့်ပြုလိုက်သည် ဒါကြောင့် ဣန္ဒြေရစွာသုံးဆောင်ပြီး သင်္ချိုင်းရွှေ့ရာမှာကူညီကြပါကွယ်…”
ပါးစပ်ကသာလှုပ်ပြီးအသံထွက်နေပေမဲ့ သူပြောနေတာမဟုတ်မှန်း ဦးအောင်မောင်း သိနေတယ်လေ။ ပြောနေရင်းမသိမသာ မျက်လုံးဖွင့်ကြည့်လိုက်တော့ အစားအသောက်တွေကိုအငမ်းမရ ထိုင်စားနေတဲ့ မည်းမည်းအကောင်ကြီးနှစ်ကောင်ကို မြင်လိုက်ရတယ်။
” ဝှီ!!!! ဝှီ!!! ဝှီ!!! ”
တင်းပုတ်ဝှေ့ယမ်းသံက လေတိုက်သလိုထွက်လာတာနဲ့ အားလုံးစားသောက်ပြီးကြောင်း ဦးအောင်မောင်းသိလိုက်တယ်။ ဒါကြောင့် သူလုပ်ရမဲ့အလုပ်ဖြစ်တဲ့ အမိန့်ပြန်တမ်းကို ဟန်ပါပါနဲ့ စရွတ်ဖို့ပြင်လိုက်ပါတယ်။
” အဟမ်း !!! ရိုးမကိုအမှီပြုပြီး ရွာတည်ထားတဲ့ ဟောဒီဆယ်ရွာစုရဲ့အုပ်ချုပ်သူ ကျနော်အောင်မောင်းရဲ့အမိန့်အား သင်္ချိုင်းနေမမြင်အပ်၊ မြင်အပ်ပုဂ္ဂိုလ်သတ္တဝါများက နာခံကြရမည် ”
” အကြောင်းအရာမှာ ဤသင်္ချိုင်းမြေနေရာသည် လူသားတို့အကျိုးအတွက် များမကြာခင် လယ်မြေအဖြစ်တိုးချဲ့ထွန်ယက်ပါတော့မည်။ သို့ဖြစ်ပါ၍ ဤနေရာကိုအမှီသဟဲပြုနေတဲ့ သတ္တဝါများအနေနဲ့ မိမိတို့ပိုင်ရာဆိုင်ရာတို့ကိုယူဆောင်ပြီး အနောက်ကလှည်းတွေပေါ်တက်ပေးကြပါခင်ဗျာ ကျနော်တို့အနေနဲ့ ရွာမြောက်ဘက်သင်္ချိုင်းအသစ်ကို ရွှေ့ပေးပါ့မယ် ”
ဦးအောင်မောင်းစကားဆုံးပြီးသိပ်မကြာလိုက် နွားတွေရဲ့နှာမှုတ်သံတစ်ရှူးရှူးက လှည်းတွေဆီကထွက်လာခဲ့ပါတယ်။ သိန်းခေါင်လဲ လှည်းအားလုံးမျက်ခြေမပြတ်ကြည့်ပြီး အဖိုးဖြစ်သူနားကိုရောက်လာခဲ့တယ်။
” သူကြီး နွားတွေ ထိန်းမရတော့ဘူး မျက်လုံးကြီးတွေပြူးနေပြီ တစ်ခုခုလုပ်ပါဦး ”
မောင်လှဝင်းနဲ့ ရပ်မိရပ်ဖတစ်ချို့ကလာပြောတော့ သိန်းခေါင်လဲ လှစ်ကနဲပြုံးလိုက်ပြီး မျက်လုံးနှစ်ဖက်ကို တစ်ဖျက်ဖျက်ခတ်ပြီး တစ်စုံတစ်ယောက်ကိုခေါ်လိုက်တဲ့အချိန်…
” ဘာဖြစ်နေကြတာလဲ လှည်းမစီးဖူးဘူးလား တယ် ငါလုပ်လိုက်ရ နှစ်ခါပြန် ထပ်သေကုန်တော့မှာပဲ ”
” ဟဲ့ မဲကြီးနဲ့ ပွကြီး နင်တို့ကလဲ သူတို့ကိုလိုက်ရိုက်ဖို့ပဲ စဉ်းစားမနေနဲ့လေ အစီအစဉ်တကျ ခွဲတမ်းချပေးမှပေါ့ တကယ်တကယ် ဘာမှအားမကိုးရဘူး ”
နုပျိုချောမောတဲ့ရုပ်ရည်နဲ့မလိုက်အောင် အော်ဟစ်ကြိမ်းမောင်းနေတဲ့သင်္ချိုင်းရှင်မက အရှေ့လှည်းတွေနားက ပေါ်လာလိုက် နောက်ဆုံးတန်းကိုရောက်သွားလိုက်နဲ့ စီစဉ်ပေးပြီးခဏ နွားတွေလဲ ငြိမ်သက်ကုန်ကြပါတယ်။
” အဖိုး သူ့ကိုမြင်ရတယ်မဟုတ်လား ချောတယ်နော် ”
” အလှကနန်းဆန်ပေမဲ့ သူ့ဘဝက ကံအကြောင်းမလှခဲ့တော့ စိတ်မကောင်းဘူးမြေးရယ် ”
ဒီအတိုင်းကြည့်ရင်လှည်းပေါ်ဘာမှမမြင်ရပေမဲ့ လှည်းဘီးရာတွေကတော့ မြောက်များလှစွာသောအလေးချိန်ကိုဖော်ပြနေကြပါတယ်။
” ဆင်းကြဟေ့ ဒါ နင်တို့နေရာမဲ့နေရာအသစ်ပဲ ရှေ့ကရောက်နေတဲ့ဟာတွေကလဲ ရန်မဖြစ်ကြနဲ့ဟေ့ သဘက်မခင်လှ ဘယ်ရောက်နေလဲ ကျွတ်သွားပြီလား ”
” အိပ်နေတယ်ထင်တယ် အရှင်မ ကျုပ်သွား နှိုးပေးမယ် ”
ဝဲမှူးရွာမြောက်ဘက်သုဿာန်ရဲ့ယာယီသင်္ချိုင်းစောင့်က တပည့်ငယ်သားတွေရှာကျွေးတဲ့အစားစာတွေ တစ်ဖြဲနှစ်ဖြဲစားပြီးအိပ်နေတာကြောင့် လူတွေလာတာတောင်မသိလိုက်။ ခဏနေတော့ နားရွက်နှစ်ဖက်ကိုတစ်ဖျပ်ဖျပ်ခတ်ပြီး အူယားဖားယားနဲ့ပြေးလာကာ
” ဟယ် အရှင်မ လာတယ်လား ပြော ကျမဘာလုပ်ပေးရမလဲ ”
” ငါဘာလုပ်နေလဲ နင်မမြင်ဘူးလား မျက်လုံးကိုပြူးကြည့်ဟဲ့ ရိုက်လိုက်ရရင် ကျောစုတ်တော့မှာပဲ ”
” သြော် အင် ဟီး ဟီး တောင်း တောင်း တောင်းပန်ပါတယ် အရှင်မ မရိုက်ပါနဲ့ ”
သူတို့ချင်းပြောနေတာကိုကြားပြီး ရယ်ချင်နေတဲ့လူသုံးယောက်က ကိစ္စဝစ္စတွေပြီးလို့သင်္ချိုင်းမြေကထွက်တာနဲ့ ဣန္ဒြေမဆည်နိုင်အောင် ရယ်လိုက်ကြပါတယ်။
” ဟား ဟား ဟား ဟား ”
” တ တကယ်ကြီး ကျနော်လဲ မြင်နေရတာ သူကြီးရဲ့ ကိုလှဝင်း အစ်ကိုရော သူတို့ကိုမြင်ရလား ”
” ဘယ်လိုလုပ်မြင်ရမှာလဲ မောင်စန်းရဲ့ ဒါပေမဲ့ နွားတွေရုန်းနေရတာကိုတော့ ငါသတိထားမိတယ် နေပါဦး မင်းလဲ ငါ့ဆီမှာနေလာတာ နှစ်တွေမနည်းတော့ပါဘူး နာနာဘာဝမြင်ရတယ်လို့လဲ မကြားမိပါလား ”
” မောင်လှဝင်းကလဲ မင်းတပည့် ဟိုတစ်နေ့က မြွေ… ”
” သြော် …ဟုတ်သားပဲ ကျနော်လဲကြားဖူးတယ် သေလုမြောပါးဖြစ်ပေမဲ့ သေကံမရောက်သက်မပျောက်တဲ့လူအတော်များများက နာနာဘာဝမြင်ရတယ်တဲ့ သဘောက်ပေါက်ပြီ သား သိန်းခေါင်လဲ ငြိမ်တယ်နော် ဘာတွေတွေးနေတာလဲ ”
” ဦးလေးအယူအဆက မှားနေတယ်ပြောရင် စိတ်ဆိုးမလား ”
” မဆိုးပါဘူး သားရယ် လက်ပံလှကမင်းထွန်းပြောတာ ဦးလေးကြားဖူးပါတယ် သားက လောကီရောလောကုတ္တရာရော တော်တော်နှံ့နှံ့စပ်စပ်သိတယ်တဲ့ ပြောပြပါဦး ”
” ပြောပြလိုက်ပါမြေးရယ် တော်ကြာ တို့မြေးအဖိုးကို ထမင်းမကျွေးပဲနေမယ် ”
” ဟား ဟား ဟား ဟား ”
အရွှန်းဖောက်လိုက်တဲ့ ဦးအောင်မောင်းစကားကြောင့် လှည်းပေါ်ပါလူတစ်စုလဲ ဝါးကနဲပွဲကျသွားခဲ့ပါလေရော။
” ဒီလိုဦးလေးရဲ့ သမထလို့ခေါ်တဲ့ စိတ်စုစည်းမှုအားကောင်းရင်လဲ ပရလောကသားတွေကိုမြင်ရနိုင်တယ် ဒါက အထက်သမားပဲဖြစ်ဖြစ် အောက်သမားပဲဖြစ်ဖြစ် ကျင့်ကိုကျင့်ရမဲ့ သမာဓိကျင့်စဉ်ပေါ့ နောက်မှသာ ကိုယ်လိုက်တဲ့လမ်းစဉ်တွေကွဲပြီး တစ်လမ်းစီဖြစ်ကုန်ကြတာ တစ်ချို့ မွေးရာပါမြင်နိုင်တာလဲ ရှိကြတယ် ဒါမျိုးကတော့ ရှားပါတယ် ”
သိန်းခေါင်ပြောပြတဲ့စကားတွေကို စိတ်ဝင်တစားနားထောင်ရင်း သဘောတွေကျနေတဲ့လှဝင်းတစ်ယောက် အိမ်ပြန်ရောက်တာတောင်ဆင်းဖို့မေ့နေခဲ့ပါတယ်။
” ဒါနဲ့ မောင်လှဝင်းရေ မနက်ဖြန်တော့ငါတို့မြေးအဖိုးပြန်တော့မယ် လာမဲ့ကထိန်ရာသီ ငါ့မြေးကို ရှင်ပြုပေးမှာ မင်းတို့လာချင်လဲလာကြပေါ့ အနားနီးရင် ရက်အတိအကျ လှမ်းပြောလိုက်မယ်လေ ”
” ဟုတ်ကဲ့ လာခဲ့ပါ့မယ် ”
ရေလမ်းခရီးက အတိုဆုံးမလို့ ကမ်းပေါ်တက်လိုက်တယ်ဆိုရင်ပဲ သာမောင်ကြီးရဲ့ဟီသံက သခင်ပြန်လာလို့ ပျော်မြူးနေတဲ့အလား ဆူညံနေခဲ့တယ်။ လိုက်ပို့ပေးတဲ့မောင်စန်းကို မြင်းပေါ်ကနေလက်ပြရင်း ရွှေကိုင်းရွာကို ဦးတည်လိုက်ကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အဟောင်းလေးပြန်ဖတ်ကြ
ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေ…..
မောင်လူလှ ~ ကညင်မြေ

Zawgyi Version

သခ်ႋဳင္းေ႐ႊ႕ျခင္း(စ/ဆံုး)
—————————-
ဝဲမႉး႐ြာေလးရဲ႕အိမ့္တလိမ့္စုန္းျပႆနာကိုေျဖရွင္းေပးၿပီးတာနဲ႔ ဦးေအာင္ေမာင္တို႔ေျမးအဖိုးလဲ ျပန္ဖို႔ျပင္ဆင္ေနၾကပါတယ္။
” သူႀကီးရယ္ တစ္ရက္တန္သည္ ႏွစ္ရက္တန္သည္ ေနပါဦးလားဗ်ာ က်ေနာ္ဘာနဲ႔မွ ဧည့္မခံရေသးလို႔ပါ ”
ကိုလွဝင္းက မ်က္နာငယ္ေလးနဲ႔ ဒူးေထာက္ေျပာေတာ့ ဦးေအာင္ေမာင္းက
” သား လွဝင္း ထစမ္း ငါသင္ေပးတဲ့ပညာရပ္ေတြထဲမွာ သူတစ္ပါးကိုေအာက္ႀကိဳ႕ဖို႔ ပါလို႔လား မာနထားစမ္းပါ ”
” က်ေနာ့္အေဖလိုလဲျဖစ္ ဆရာလိုလဲျဖစ္ေနလို႔ ႐ိုေသသမႈနဲ႔ ဒူးေထာက္တာပါ မျပန္ပါနဲ႔ဦး သူႀကီးရယ္ ”
ဦးေအာင္ေမာင္းက ေျမးျဖစ္သူရဲ႕မ်က္နာကိုလွမ္းၾကည့္ေတာ့ သိန္းေခါင္ကလဲ မသိမသာေခါင္းဆတ္ျပလိုက္တာမလို႔….
” အင္း တျခား႐ြာေတြမွာလဲ ျပႆနာရွိသံမၾကားေသးဘူးဆိုေတာ့ ငါတို႔ ခဏေတာ့ေနမယ္ ဟုတ္ၿပီလား ”
” တ တကယ္ေနာ္ သူႀကီး ေမာင္ ေမာင္စန္းေရ ၾကက္တစ္ေကာင္ခ်က္စမ္းကြာ သူႀကီးတို႔ေျမးအဖိုးကို ထမင္းေကြၽးရေအာင္ ”
” ဟုတ္ကဲ့ ကိုလွဝင္း ”
ေမာင္စန္း ၿခံထဲဆင္းမယ္ၾကားေတာ့ တစ္ခ်ိန္လုံးၿငိမ္ေနတဲ့သိန္းေခါင္လဲ ျပာျပာသလဲနဲ႔..
” ဟာ မဆင္းနဲ႔ ဦးေလးစန္း မဆင္းနဲ႔ ဦးေလးလွဝင္း ျမန္ျမန္တားပါဦး အဖိုး..သူ႔ကိုတား ”
” ေဟ့ေကာင္ လွဝင္း ငါ့ေျမးေျပာေနတယ္ေလ ေမာင္းစန္းကို တား ”
ဦးေအာင္ေမာင္းကပါ ႐ုတ္တရက္ႀကီး ထတားေတာ့ ကိုလွဝင္းလဲ အံၾသသြားၿပီး
” သူမ်ားၾကက္ေတြ မဟုတ္ပါဘူး သူႀကီးရဲ႕ က်ေနာ္ကိုယ္တိုင္ေမြးထားတဲ့ၾကက္ေတြ…”
” အား!!!! ”
ကိုလွဝင္းစကားေတာင္မဆုံးေသး ငယ္သံပါေအာင္ေအာ္လိုက္တဲ့ ေမာင္စန္းရဲ႕အသံက အိမ္ေအာက္ၾကက္ၿခံထဲကေန ထြက္လာခဲ့တယ္။
” ေမာင္စန္း ေမာင္စန္း ဘာျဖစ္တာလဲ ”
အိမ္ေပၚကလူေတြလဲ အသံၾကားရာဆီအေျပးေရာက္သြားၿပီး လူးလိမ့္ေနတဲ့ ေမာင္စန္းကို ေပြ႕ခ်ီကာ အျပင္ေခၚလာခဲ့လိုက္တယ္။
” ေႁမြ ေႁမြႀကီး အကိုလွဝင္း ေႁမြႀကီး လက္ေမာင္းလုံးေလာက္ရွိတယ္ က်ေနာ့္ကို က်ေနာ့္ကိုက္သြား….”
ေမာင္စန္းတစ္ေယာက္ စကားေမးေတာင္မရေတာ့ပဲ ေပ်ာ့ေခြသြားခဲ့ၿပီ။ တစ္ကိုယ္လုံးျပာတက္လာတဲ့အဆိပ္ေတြကလဲ ေျခက်င္းဝပ္မွကေန တျဖည္းျဖည္းတက္လာတဲ့အခ်ိန္ ကိုလွဝင္းလဲ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့။
” ေျမးေလး ေမာင္စန္းကို ကယ္ပါဦး ”
” ဟာ သူႀကီးကလဲ ကေလးက ဘာလုပ္တတ္မွာလဲ ေမာင္စန္းကိုေပြ႕ထားေပး က်ေနာ္ေဆးထိုးဆရာသြားေခၚလိုက္မယ္ ”
ကိုယ္လွဝင္းက ေျပာေျပာဆိုဆို ေျပးထြက္သြားတာမလို႔ ဦးေအာင္ေမာင္းလဲ လွမ္းတားခ်ိန္ေတာင္မရလိုက္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ဟဲ့ ေကာင္ေလး ဘယ္သြားမလို႔လဲ ”
” အစ္မက က်ေနာ့္ကိုသိလို႔လား ”
ဇာတိလက္ပံလွ႐ြာကိုသြားေနတုန္း ေဘးကျဖတ္သြားတဲ့မိန္းမတစ္ေယာက္ရဲ႕ႏႈတ္ဆက္တဲ့အသံေၾကာင့္ ေမာင္စန္းရပ္နားေထာင္လိုက္မိတယ္။
” သိတယ္ေလ နင္က ဝဲမႉး႐ြာက ႐ြာဥေသွ်ာင္လွဝင္းရဲ႕တပည့္ ေမာင္းစန္းမဟုတ္ဘူးလား ”
” ဟုတ္တယ္ေလ အစ္မရဲ႕ ဘာလို႔လဲ အစ္မကဘယ္သူလဲဗ် ”
” အဲ့တာဆို ငါလူမမွားပါဘူး လာ ျပန္လိုက္ခဲ့ အရွင္မက နင့္ကို ျပန္ေခၚလိုက္တယ္ ”
ေမာင္စန္းျငင္းခြင့္မရွိ ၊ သူ႔ကိုယ္သူေတာင္ နားမလည္ႏိုင္ ျဖစ္ေနတယ္။ ၾကက္ၿခံနားကေန အခု ႐ြာျပင္ေရာက္ေနတာ ဘာေၾကာင့္လဲ သူစဥ္းစားမရ၊ သူစိမ္းအမ်ိဳးသမီးေခၚရာေနာက္ကိုပဲ လိုက္လာခဲ့လိုက္တယ္။
” ကဲ့ သြား အထဲဝင္ ျပန္ထြက္မလာနဲ႔ ျပန္ထြက္လာရင္ ကိုယ္ထိုက္နဲ႔ကိုယ့္ကံ နင့္မိန္းမဆီမွာလဲ မေပါ့မပါးႀကီးျဖစ္ေနၿပီ သတိထား ဒါပဲ ငါသြားၿပီ ”
ကိုလွဝင္းတို႔အိမ္ေရွ႕ေရာက္ေတာ့ အမ်ိဳးသမီးက သူ႔ကိုၿခံထဲတြန္းပို႔ၿပီး ျပန္သြားတာမလို႔ ေမာင္းစန္းလဲ နားမလည္တဲ့ဟန္နဲ႔ ထိုအမ်ိဳးသမီးကို လွည့္ၾကည့္လိုက္တယ္။
” ဟင္ ”
ျမင္လိုက္ရတဲ့ျမင္ကြင္းက သူ႔မ်က္လုံးေတာင္မယုံႏိုင္ ၊ အမ်ိဳးသမီးက လာတုန္းကနဲ႔မတူပဲ ​ေရွးေခတ္ထိုင္မသိမ္းဝတ္စုံအဝါေရာင္ဝတ္ၿပီး ေျမျပင္ကိုေျခမထိပဲ လမ္းေလွ်ာက္ေနခဲ့လို႔ပါ။
အမ်ိဳးသမီးေက်ာျပင္ကို မ်က္စိတစ္ဆုံးေငးၾကည့္ရင္း အိမ္ထဲဝင္ဖို႔သတိရလာတာမလို႔ ေမာင္စန္းတစ္ဖက္ကိုျပန္အလွည့္
” ဟာ ၿခံထဲမွာ ဘာေတြလဲ အမ်ားႀကီးပါလား ဟိုတန္းလ်ားမွာထိုင္ေနတဲ့ေျပာင္ေျပာင္လက္လက္နဲ႔လူေဘးမွာလဲ မနည္းပါလား ဟိုတစ္ေယာက္က ဆယ္ခိုင္သူႀကီး ဒါဆို ဒီဘက္ကလူက ဟိုကေလးေလးေပါ့ အိမ္မွာ ဧည့္သည္မွ ရွိမေနတာ ”
တစ္ေယာက္ထဲစကားေတြေျပာေနတုန္း တစ္ကိုယ္လုံးလင္းေနတဲ့လူက သူ႔ကိုလက္ယပ္ေခၚေနတာမလို႔ ဝင္သြားတဲ့အခ်ိန္ အရာအားလုံးက ခ်က္ခ်င္းအေမွာင္က်သြားခဲ့ပါတယ္။
” ေဟာ လႈပ္လာၿပီ လႈပ္လာၿပီ ေမာင္စန္း …ေမာင္စန္း … တပည့္ႀကီး ထပါဦး ”
” ဆရာ သူဘယ္လိုေနေသးလဲ ”
” ထူးဆန္းလိုက္တာ ေစာေစာကစမ္းၾကည့္တာ ႏွလုံးခုန္ေႏွးေနၿပီ ခ်က္ခ်င္းႀကီးပုံမွန္ျပန္ျဖစ္လာတယ္ အဆိပ္ကိုေတာ့စုပ္ထုတ္ၿပီးၿပီ အနာက်တ္ေဆးတလုံး ထိုးေပးခဲ့မယ္ ကိုလွဝင္းေရ ခင္ဗ်ားတပည့္ ခဏေန သတိရလာေတာ့မွာပါ ”
သူ႔ကိုေက်ာ္ၿပီး စကားေတြေျပာေနၾကတဲ့လူေတြကို မ်က္လုံးဖြင့္ၾကည့္ေပမဲ့ ခ်က္ခ်င္းဖြင့္မရ၊ ဒါ့အျပင္ ခႏၶာကိုယ္ကလဲ လႈပ္လို႔မရျဖစ္ေနခဲ့တယ္။ ျဖည္းျဖည္းခ်င္းအားယူဖြင့္ၾကည့္ေတာ့ ျမင္ကြင္းက ဝိုးတဝါးျဖစ္ေနရာကေန ၾကည္လာခဲ့တယ္။
” ဦးေလးေမာင္စန္း မ်က္လုံးပြင့္လာၿပီ အဖိုး ”
” ဟူး ေတာ္ပါေသးရဲ႕ေျမးရယ္ ေျမးကၿငိမ္ေနေတာ့ မကယ္ေပးေတာ့ဘူးလားလို႔ အဖိုးကလန္႔ေနတာ ေျပာပါဦး ေႁမြက ႐ိုး႐ိုးပဲလား ”
” မ႐ိုးဘူး အဖိုးေရ ရႉး…တိုးတိုး ဟိုမွာ ဦးေလးလွဝင္းျပန္လာၿပီ ”
ေဆးထိုးဆရာကိုၿခံျပင္ထိျပန္လိုက္ပို႔ေနတဲ့ ကိုလွဝင္းျပန္ေရာက္လာေတာ့ တပည့္ျဖစ္သူကို တစ္ခ်က္ၾကည့္ၿပီး သက္ျပင္းခ်ကာ မီးဖိုထဲဝင္သြားခဲ့တယ္။
” သား သားေလး မင္း မင္းက ဘယ္သူလဲဟင္ ”
” က်ေနာ္က အေဖဦးေကာင္းစံ အေမေဒၚၾကည္ျပာတို႔ကေမြးတဲ့ ဆယ္ခိုင္သူႀကီးရဲ႕ေျမး ေမာင္သိန္းေခါင္ေလ ”
” မေနာက္ပါနဲ႔ သားရယ္ ေစာေစာ သားကိုျမင္တာ ဒီပုံမဟုတ္ပါဘူး သားကိုယ္ႀကီးက ပိုးစုန္းၾကဴးလိုပဲလင္းေနတာ ဟို ဓါးကိုင္လွံကိုင္အေစာင့္ေတြေရာ ဘယ္ေရာက္သြားလဲ ”
ေျမးျဖစ္သူရဲ႕႐ုပ္အမွန္ကိုေမာင္စန္းတေယာက္ ဝိုးတဝါးျမင္ခဲ့ရလို႔ အခုလိုေမးေနမွန္း ဦးေအာင္ေမာင္းရိပ္မိလိုက္ပါတယ္။ ေမာင္လွဝင္းေဆးဆရာသြားပင့္ေနတုန္းကေတာင္ ၿခံေရွ႕မွာ အဝါဝမ္းဆက္နဲ႔အမ်ိဳးသမီးတစ္ေယာက္ကို သူလဲ လွမ္းျမင္လိုက္တယ္ေလ။ ​ေျမးျဖစ္ကိုေမးၾကည့္ေတာ့ အဲ့ဒါသခ်ႋဳင္းရွင္မမဖဲဝါတဲ့။
” ဟင္ သူႀကီး ဗိုက္ဆာေနၿပီလား မြန္းေတာင္လြဲေနၿပီ ဟုတ္သားပဲ ေစာေစာက အကိုလွဝင္း က်ေနာ့္ကို ၾကက္သားခ်က္ခိုင္းထားတာ ဘာလို႔ေမ့ေနပါလိမ့္ ဒီဦးေႏွာက္ကေတာ့ ”
ဦးေအာင္ေမာင္းအေတြးလြန္ေနတုန္း ေမာင္စန္းက အိပ္ေနရာကေန ေငါက္ကနဲထထိုင္ၿပီး ျပာျပာသလဲနဲ႔ မီးဖိုထဲဝင္သြားခဲ့တယ္။
မီးဖိုထဲေရာက္ေတာ့ ဟင္းခ်က္ေနတဲ့ ဆရာျဖစ္သူကို ျမင္လိုက္တာမလို႔…
” ဟာ အကို လွဝင္း ဘာလုပ္တာလဲ ဖယ္ ဖယ္ က်ေနာ္ခ်က္ပါ့မယ္ သြားပါ အိမ္ေရွ႕မွာ သူႀကီးတို႔နဲ႔ စကားသြားေျပာေနပါ ”
” မ မဟုတ္ဘူးေလ ေမာင္စန္း မင္းေစာေစာက ေႁမြကိုက္ ”
င႐ုတ္ၾကက္သြန္ေတြ အတင္းၿဖဲရဲၿပီး ခ်က္စရာရွိတာခ်က္ေနတဲ့ေမာင္စန္းကို ကိုလွဝင္း နားမလည္ႏိုင္။ ေျခေထာက္မွာပတ္တီးႀကီးနဲ႔လူက ဘာမွမျဖစ္ခဲ့သလို လုပ္ကိုင္ေနပုံက သူ႔ကို ပိုၿပီး အံ့ၾသစရာေကာင္းေနခဲ့တယ္။
” ဟား ဟား ဟား ငါ့ေျမးကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ ဘာလို႔ သူ႔ကို မွတ္ဉာဏ္ေဖ်ာက္ပစ္ရတာလဲ ”
” သူ႔အတြက္ ပိုေကာင္းမယ္ထင္လို႔ပါ အဖိုးရာ မေတြးသင့္တာေတြေတြးမိရင္ စိတ္ေရာဂါရသြားမွာစိုးရတယ္ေလ ”
သိန္းေခါင္က အဲ့လိုေျပာၿပီး အိမ္ေအာက္ကို ခုန္ေပါက္ဆင္းသြားတဲ့အခ်ိန္ ကိုလွဝင္းတစ္ေယာက္ မီးဖိုးထဲလွည့္ၾကည့္လွည့္ၾကည့္နဲ႔ အိမ္ေရွ႕ျပန္ေရာက္လာခဲ့တယ္။
” ေဟာ ေမာင္လွဝင္း ေခြၽးေတြလဲပ်ံလို႔ပါလား လာထိုင္ပါဦး ေထြေထြထူးထူးေတြ လုပ္မေနပါနဲ႔ကြာ ရွိတာပဲခ်က္ေပါ့ ”
” ဟို ဟို သူႀကီး ေမာင္းစန္းကေလ ”
” ေမာင္စန္း ဘာျဖစ္လို႔လဲကြ ဟင္းခ်က္မယ္ဆိုၿပီး ထသြားၿပီေလ ”
” မဟုတ္ဘူးေလ သူႀကီး ေမာင္စန္းက ခုနကတင္ ေႁမြ …”
” ဟိုးထား ေမာင္လွဝင္း မင္း ဘာေျပာခ်င္ေနလဲ ငါသိတယ္ မင္းပဲ ေျပာခဲ့တယ္ေလ ကေလးက ဘာလုပ္တတ္မွာလဲဆို အခု သူဘာလုပ္လိုက္လဲ မင္းေတာင္မသိလိုက္ဘူးမဟုတ္လား ဟား ဟား ဟား ”
” ဗ်ာ ”
ျဖစ္စဥ္တခ်ိဳ႕ကို အက်ဥ္းခ်ဳံးၿပီး ရွင္းျပလိုက္တဲ့ ဦးေအာင္ေမာင္းစကားကိုနားေထာင္ၿပီး ကိုလွဝင္းၿငိမ္က်သြားခဲ့တယ္။ တကယ္ေတာ့ ဒီကေလးဟာ ေလွၿပိဳင္ပြဲမွာကတည္းက သူ႔ကိုေရာ ႐ြာသားေတြကိုေရာ ကယ္ခဲ့တယ္ဆိုတာ သူသိသြားခဲ့ၿပီ။
” သ သူႀကီး သိန္း သိန္းေခါင္ေလးေရာ သူဘယ္ေရာက္သြားလဲ ”
” ေစာေစာကတင္ အိမ္ေအာက္ဆင္းသြားတာပဲ လုပ္စရာရွိလို႔ေနမွာေပါ့ ”
အိမ္ေအာက္ျပန္ဆင္းသြားတဲ့ သိန္းေခါင္တစ္ေယာက္ကေတာ့ ထြက္ေျပးသြားတဲ့ေႁမြဆိုးကိုေခၚၿပီး ပညာသည္ေတြသာျမင္ႏိုင္တဲ့စာတစ္ေၾကာင္းနဲ႔အတူ မူလလာရာေနရာကို ျပန္လႊတ္လိုက္ပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ေနာင္ ေဝ ေဝ ….ဆြမ္းေတာ္ဗ်ိဳ႕….”
” ေအးၾကည္မေရ ဟိုမွာ ဆြမ္းခံႂကြလာၿပီေဟ့ ”
” လာၿပီ မမ်ိဳးေရ သဘက္ယူေနလို႔ ”
ေၾကးစည္သံၾကားတာနဲ႔ ၿခံေရွ႕ေျပးဆင္းသြားတဲ့မမ်ိဳးတစ္ေယာက္ ခပ္လွမ္းလွမ္းကေနႂကြလာတဲ့သံဃာေတာ္ေတြကိုျမင္လို႔ အိမ္နီးခ်င္းအေဖာ္ကို ေအာ္ေခၚလိုက္တာပါ။
ဆြမ္းခံျပန္သြားေတာ့ ေမာင္စန္းတစ္ေယာက္ သူတို႔အနားေရာက္လာၿပီး
” မမ်ိဳးတို႔ ေအးၾကည္တို႔ ငါ့​ကိုကူညီၾကပါဦး ”
” ဘာျဖစ္လို႔လဲ ေမာင္စန္း နင့္မိန္းမရီခ်ိဳ ဗိုက္နာလို႔လား ”
” ဘယ္ကလာဟာ ရီခ်ိဳ႕ဗိုက္ကတစ္လေလာက္လိုေသးတယ္ ငါေျပာတာေလးဆုံးေအာင္ နားေထာင္ၾကပါဦး ”
” ေျပာစရာရွိတာ တန္းမေျပာပဲ ေဝ့ေနကိုး ဘယ္သိမလဲဟဲ့ ”
” ဒီလိုေဟ့ နင္တို႔ေၾကာက္မွာစိုးလို႔ ေျပာရေကာင္းမလား မေျပာရေကာင္းမလား စဥ္းစားေနတာ လက္ပံလွ႐ြာနဲ႔ တို႔႐ြာၾကားက သခ်ႋဳင္းကုန္းႀကီးကို သိတယ္မဟုတ္လား ”
” အပ်ိဳႀကီးမပုတို႔လယ္နားက သခ်ႋဳင္းကုန္းမလား သိသားပဲ ဘာျဖစ္လို႔လဲ ”
” ေအးေလ နင္တို႔သိတဲ့အတိုင္း လူေတြ လယ္ေျမတိုးရင္းတိုးရင္းနဲ႔ သခ်ႋဳင္းေျမက က်ဥ္းလာၿပီေလ အပယ္ေျမဆိုတာ အပင္ေတြဘာေတြမစိုက္ေကာင္းဘူးေျပာလဲ နားမလည္ၾကဘူး ျဖစ္မွပဲခံမယ္တဲ့ ”
ေမာင္စန္းက နာမည္ထုတ္မေျပာပဲ စိတ္ပ်က္ေနသလိုလိုေျပာလိုက္ေတာ့ ေအးၾကည္မက ဝင္ေျပာလိုက္တယ္။
” ဟိုလူ႐ြတ္ႀကီးျမင့္ေမာင္မဟုတ္လား သူက အဲ့လိုပဲ တို႔နဲ႔လဲ အေပါက္အလမ္းသိပ္မတည့္ပါဘူးဟယ္ ”
” သူလုပ္တာ အေရးမႀကီးဘူး တကယ္တမ္းျဖစ္ရင္ တစ္႐ြာလုံးခံရမွာဟ ”
” ဟုတ္တယ္ ကိုေမာင္စန္း ”
” အာ့ေၾကာင့္ တို႔႐ြာကို ဆယ္ခိုင္သူႀကီးလာတုန္းေလး ႐ြာေျမာက္ဘက္သခ်ႋဳင္းကိုေ႐ႊ႕ဖို႔ လုပ္အားေပးလာဆင့္တာ တျခားအိမ္ေတြလဲ လိုက္ေျပာေပးပါဦး သူငယ္ခ်င္းေရ ကိုလွဝင္းေျပာတာလို႔ေျပာေနာ္ ေန႔လည္အစည္းအေဝးရွိတယ္ မလာတဲ့အိမ္ ဒဏ္႐ိုက္မယ္လို႔ ”
” အမေလး ဒဏ္ေတာ့အ႐ိုက္မခံပါဘူး သမီးငယ္ေရ အေမ အိမ္ေရွ႕မွာ ဆြမ္းဇလုံထားခဲ့တယ္ ေရေဆးၿပီးသိမ္းထားလိုက္ဦး အေမ႐ြာထဲသြားစရာရွိလို႔ ”
” ဟုတ္ အေမ သြားေလ ”
“လာ ေအးၾကည္ နင္လဲလိုက္ခဲ့ ”
မမ်ိဳးနဲ႔ ေအးၾကည္တို႔ထြက္သြားေတာ့ ေမာင္စန္းလဲ တစ္ျခားအိမ္ေတြအသိေပးဖို႔ရာ သူတို႔နဲ႔ဆန္႔က်င္ဘက္ကိုထြက္လာခဲ့လိုက္တယ္။
အိမ္ေရွ႕ေျမကြက္လပ္မွာ စည္းကားေနတဲ့လူေတြကိုလွမ္းၾကည့္ၿပီး ကိုလွဝင္းအိမ္ေအာက္ဆင္းလာလိုက္တယ္။ ခဏေနေတာ့ ဆယ္႐ြာလုံးက ေလးစားရတဲ့ ဦးေအာင္ေမာင္းကပါ တည္ၾကည္ေနတဲ့မ်က္နာနဲ႔ ဆင္းလာၿပီး…
” ေခၚရတဲ့အေၾကာင္းကို သိၿပီးေရာေပါ့ ” လို႔ ေျပာလိုက္တယ္။
” ဟုတ္ကဲ့ သိၿပီးပါၿပီ ”
” ေအး တို႔ဆယ္ခိုင္သူႀကီး​ေရာက္ေနတာနဲ႔ အဆင္သင့္လို႔ ဒီကိစၥကိုအားခ်င္းထလုပ္ရတာေဟ့ နားလည္ေပးၾကပါ ”
” နားလည္ပါတယ္ ငါ့ေမာင္ရယ္ တို႔ဘာကူညီရမလဲ ”
” လွည္း ရသေလာက္လိုခ်င္တယ္ အမိုးနဲ႔အိမ္ပါတဲ့လွည္းျဖစ္ရမယ္ ”
” ဟဲ့ ေမာင္လွဝင္းရဲ႕ အိမ္ကေတာ့ထားပါေတာ့ ဘယ္ကအမိုးလဲ တခါမွေတာင္မၾကားဖူးဘူး ”
တပည့္ျဖစ္သူကိုဝိုင္း​ၿပီးေဝဖန္ေနေတာ့ ဦးေအာင္ေမာင္းလဲမေနသာေတာ့ပဲ ႐ြာသားေတြကိုလက္ကာျပကာ..
” အမိုးလုပ္တာလြယ္ပါတယ္ ထန္းေၾကာဖ်ာကို ႏွီးေခ်ာင္းကြပ္၊ ခုံးၿပီး ေလးဘက္ေလးတန္ေကာက္ခ်ည္လိုက္ရတာပဲကို လူစီးမွာမွ မဟုတ္တာ ”
လို႔ ေျပာလိုက္တယ္။ ဒီေတာ့မွ ႐ြာသားေတြလည္း တစ္ေယာက္တစ္ေပါက္ေျပာတာရပ္ၿပီး ၿငိမ္သြားၾကပါေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေနာက္တစ္ေန႔ေရာက္ေတာ့ လွည္းအစီးေပါင္းေျမာက္မ်ားစြာက ဦးေအာင္ေမာင္းေျပာသလို အမိုးကိုယ္စီနဲ႔ ေမာင္လွဝင္းအိမ္ေရွ႕မွာ စီတန္းေနၾကပါတယ္။ ေရွ႕ဆုံးကလွည္းေပၚမွာေတာ့ ဆယ္ခိုင္သူႀကီး ေမာင္သိန္းေခါင္ ဝဲမႈး႐ြာအႀကီးအကဲေမာင္လွဝင္း ရပ္မိရပ္ဖႏွစ္ဦးတို႔ကလိုက္ပါၿပီး ႐ြာျပင္သခ်ႋဳင္းဆီထြက္ခြာလာခဲ့ၾကပါတယ္။
” အေဟး ေဟး ပုံျပင္ေတြထဲကလို လွည္ကုန္သည္ငါးရာလိုမ်ိဳးေဟ့ လာၾကည့္ၾကေဟ့ ”
” မုံ႔ပါရင္ ေပးခဲ့ပါဗ်ိဳ႕ ”
တစ္သက္မွာတစ္ႀကိမ္ျမင္ရခဲတဲ့လွည္းတန္းရွည္ႀကီးကို တစ္႐ြာလုံးက ကေလးလူႀကီးမက်န္ ထြက္ၾကည့္ေနတာမလို႔ အသံေတြက ပြဲေတာ္ႀကီးလို ဆူညံေနခဲ့ပါတယ္။
သခ်ႋဳင္းဆီေရာက္လာေတာ့ ရပ္မိရပ္ဖေတြကဆိုင္ရာပိုင္ရာေတြဆီပြဲေပးၿပီး အသင့္ယူလာတဲ့ ထမင္းဟင္းေတြကို ငွက္ေပ်ာဖက္ေတြေပၚပုံကာ အုတ္ဂူ​နဲ႔ေျမပုံတစ္ခ်ိဳ႕ေပၚတင္လိုက္တယ္။
” ဤသုႆန္မွာေနထိုင္ၾကကုန္ေသာ မျမင္အပ္၊ ျမင္အပ္ေဝေနယ်သတၱဝါအေပါင္းတို႔ခင္ဗ်ာ ကြၽႏ္ုပ္တို႔ေကြၽးေမြးေသာ အစားအေသာက္မ်ားကို သေဘာရွိသလို သုံးေဆာင္ၾကပါခင္ဗ်ာ အဆင့္အတန္းမခြဲေပမဲ့ သူ႔စည္းနဲ႔သူမို႔ ဒါကေတာ့ သခ်ႋဳင္းရွင္မအတြက္ရည္႐ြယ္ပါတယ္ ….”
” အို… ” ” ဟာ… ” ” ဟင္… ”
႐ြာအႀကီးအကဲက တတ္သေလာက္မွတ္သေလာက္ေျပာဆိုၿပီးခပ္လွမ္းလွမ္းကိုထြက္သြားတာနဲ႔ ငွက္ေပ်ာဖက္ေပၚက စားစရာေတြလဲ တျဖည္းျဖည္းေလ်ာ့လာၾကတာ အားလုံးျမင္လိုက္ရပါတယ္။
သို႔ေပမဲ့ သီးသန္႔ခြဲထားတဲ့ထမင္းပုံကေတာ့ အရာေတာင္မယြင္းတာမလို႔ သိန္းေခါင္လဲ ဖ်က္ကနဲအာ႐ုံခံၾကည့္လိုက္တဲ့အခ်ိန္ ထမင္းပုံနားရစ္သီရစ္သီလုပ္ေနတဲ့ တင္းပုတ္ကိုင္ေျမဖုတ္ဘီလူးႏွစ္ေကာင္ကိုသာ ျမင္လိုက္ရပါတယ္။
” အဖိုး ဟိုဦးေလးႀကီး ေျပာတာ လိုေနတယ္ သခ်ႋဳင္းရွင္မက ေလာေလာဆယ္ဒီမွာမရွိဘူး သခ်ႋဳင္းေစာင့္ပဲရွိတယ္ ဒါေၾကာင့္ အဖိုး အခုအဲ့ထမင္းပုံနားသြားရပ္ၿပီး ခႏၶာကိုယ္ခဏငွားေပး ”
ဦးေအာင္ေမာင္းလဲ ေျမးျဖစ္သူေျပာတဲ့အတိုင္း ထမင္းပုံနားေရာက္တာနဲ႔ အုတ္ဂူကိုကိုင္ၿပီး မ်က္လုံးမွိတ္လိုက္တယ္။
” အို ..သခ်ႋဳင္းေစာင့္တို႔ သင္တို႔အရွင္မက ေမတၱာတရားႀကီးမားစြာျဖင့္ သူ႔ေဝစုအား သင္တို႔ကိုစားခြင့္ျပဳလိုက္သည္ ဒါေၾကာင့္ ဣေျႏၵရစြာသုံးေဆာင္ၿပီး သခ်ႋဳင္းေ႐ႊ႕ရာမွာကူညီၾကပါကြယ္…”
ပါးစပ္ကသာလႈပ္ၿပီးအသံထြက္ေနေပမဲ့ သူေျပာေနတာမဟုတ္မွန္း ဦးေအာင္ေမာင္း သိေနတယ္ေလ။ ေျပာေနရင္းမသိမသာ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အစားအေသာက္ေတြကိုအငမ္းမရ ထိုင္စားေနတဲ့ မည္းမည္းအေကာင္ႀကီးႏွစ္ေကာင္ကို ျမင္လိုက္ရတယ္။
” ဝွီ!!!! ဝွီ!!! ဝွီ!!! ”
တင္းပုတ္ေဝွ႔ယမ္းသံက ေလတိုက္သလိုထြက္လာတာနဲ႔ အားလုံးစားေသာက္ၿပီးေၾကာင္း ဦးေအာင္ေမာင္းသိလိုက္တယ္။ ဒါေၾကာင့္ သူလုပ္ရမဲ့အလုပ္ျဖစ္တဲ့ အမိန္႔ျပန္တမ္းကို ဟန္ပါပါနဲ႔ စ႐ြတ္ဖို႔ျပင္လိုက္ပါတယ္။
” အဟမ္း !!! ႐ိုးမကိုအမွီျပဳၿပီး ႐ြာတည္ထားတဲ့ ေဟာဒီဆယ္႐ြာစုရဲ႕အုပ္ခ်ဳပ္သူ က်ေနာ္ေအာင္ေမာင္းရဲ႕အမိန္႔အား သခ်ႋဳင္းေနမျမင္အပ္၊ ျမင္အပ္ပုဂၢိဳလ္သတၱဝါမ်ားက နာခံၾကရမည္ ”
” အေၾကာင္းအရာမွာ ဤသခ်ႋဳင္းေျမေနရာသည္ လူသားတို႔အက်ိဳးအတြက္ မ်ားမၾကာခင္ လယ္ေျမအျဖစ္တိုးခ်ဲ႕ထြန္ယက္ပါေတာ့မည္။ သို႔ျဖစ္ပါ၍ ဤေနရာကိုအမွီသဟဲျပဳေနတဲ့ သတၱဝါမ်ားအေနနဲ႔ မိမိတို႔ပိုင္ရာဆိုင္ရာတို႔ကိုယူေဆာင္ၿပီး အေနာက္ကလွည္းေတြေပၚတက္ေပးၾကပါခင္ဗ်ာ က်ေနာ္တို႔အေနနဲ႔ ႐ြာေျမာက္ဘက္သခ်ႋဳင္းအသစ္ကို ေ႐ႊ႕ေပးပါ့မယ္ ”
ဦးေအာင္ေမာင္းစကားဆုံးၿပီးသိပ္မၾကာလိုက္ ႏြားေတြရဲ႕ႏွာမႈတ္သံတစ္ရႉးရႉးက လွည္းေတြဆီကထြက္လာခဲ့ပါတယ္။ သိန္းေခါင္လဲ လွည္းအားလုံးမ်က္ေျခမျပတ္ၾကည့္ၿပီး အဖိုးျဖစ္သူနားကိုေရာက္လာခဲ့တယ္။
” သူႀကီး ႏြားေတြ ထိန္းမရေတာ့ဘူး မ်က္လုံးႀကီးေတြျပဴးေနၿပီ တစ္ခုခုလုပ္ပါဦး ”
ေမာင္လွဝင္းနဲ႔ ရပ္မိရပ္ဖတစ္ခ်ိဳ႕ကလာေျပာေတာ့ သိန္းေခါင္လဲ လွစ္ကနဲၿပဳံးလိုက္ၿပီး မ်က္လုံးႏွစ္ဖက္ကို တစ္ဖ်က္ဖ်က္ခတ္ၿပီး တစ္စုံတစ္ေယာက္ကိုေခၚလိုက္တဲ့အခ်ိန္…
” ဘာျဖစ္ေနၾကတာလဲ လွည္းမစီးဖူးဘူးလား တယ္ ငါလုပ္လိုက္ရ ႏွစ္ခါျပန္ ထပ္ေသကုန္ေတာ့မွာပဲ ”
” ဟဲ့ မဲႀကီးနဲ႔ ပြႀကီး နင္တို႔ကလဲ သူတို႔ကိုလိုက္႐ိုက္ဖို႔ပဲ စဥ္းစားမေနနဲ႔ေလ အစီအစဥ္တက် ခြဲတမ္းခ်ေပးမွေပါ့ တကယ္တကယ္ ဘာမွအားမကိုးရဘူး ”
ႏုပ်ိဳေခ်ာေမာတဲ့႐ုပ္ရည္နဲ႔မလိုက္ေအာင္ ေအာ္ဟစ္ႀကိမ္းေမာင္းေနတဲ့သခ်ႋဳင္းရွင္မက အေရွ႕လွည္းေတြနားက ေပၚလာလိုက္ ေနာက္ဆုံးတန္းကိုေရာက္သြားလိုက္နဲ႔ စီစဥ္ေပးၿပီးခဏ ႏြားေတြလဲ ၿငိမ္သက္ကုန္ၾကပါတယ္။
” အဖိုး သူ႔ကိုျမင္ရတယ္မဟုတ္လား ေခ်ာတယ္ေနာ္ ”
” အလွကနန္းဆန္ေပမဲ့ သူ႔ဘဝက ကံအေၾကာင္းမလွခဲ့ေတာ့ စိတ္မေကာင္းဘူးေျမးရယ္ ”
ဒီအတိုင္းၾကည့္ရင္လွည္းေပၚဘာမွမျမင္ရေပမဲ့ လွည္းဘီးရာေတြကေတာ့ ေျမာက္မ်ားလွစြာေသာအေလးခ်ိန္ကိုေဖာ္ျပေနၾကပါတယ္။
” ဆင္းၾကေဟ့ ဒါ နင္တို႔ေနရာမဲ့ေနရာအသစ္ပဲ ေရွ႕ကေရာက္ေနတဲ့ဟာေတြကလဲ ရန္မျဖစ္ၾကနဲ႔ေဟ့ ​သဘက္မခင္လွ ဘယ္ေရာက္ေနလဲ ကြၽတ္သြားၿပီလား ”
” အိပ္ေနတယ္ထင္တယ္ အရွင္မ က်ဳပ္သြား ႏႈိးေပးမယ္ ”
ဝဲမႉး႐ြာေျမာက္ဘက္သုႆာန္ရဲ႕ယာယီသခ်ႋဳင္းေစာင့္က တပည့္ငယ္သားေတြရွာေကြၽးတဲ့အစားစာေတြ တစ္ၿဖဲႏွစ္ၿဖဲစားၿပီးအိပ္ေနတာေၾကာင့္ လူေတြလာတာ​ေတာင္မသိလိုက္။ ခဏေနေတာ့ နား႐ြက္ႏွစ္ဖက္ကိုတစ္ဖ်ပ္ဖ်ပ္ခတ္ၿပီး အူယားဖားယားနဲ႔ေျပးလာကာ
” ဟယ္ အရွင္မ လာတယ္လား ေျပာ က်မဘာလုပ္ေပးရမလဲ ”
” ငါဘာလုပ္ေနလဲ နင္မျမင္ဘူးလား မ်က္လုံးကိုျပဴးၾကည့္ဟဲ့ ႐ိုက္လိုက္ရရင္ ေက်ာစုတ္ေတာ့မွာပဲ ”
” ေၾသာ္ အင္ ဟီး ဟီး ေတာင္း ေတာင္း ေတာင္းပန္ပါတယ္ အရွင္မ မ႐ိုက္ပါနဲ႔ ”
သူတို႔ခ်င္းေျပာေနတာကိုၾကားၿပီး ရယ္ခ်င္ေနတဲ့လူသုံးေယာက္က ကိစၥဝစၥေတြၿပီးလို႔သခ်ႋဳင္းေျမကထြက္တာနဲ႔ ဣေျႏၵမဆည္ႏိုင္ေအာင္ ရယ္လိုက္ၾကပါတယ္။
” ဟား ဟား ဟား ဟား ”
” တ တကယ္ႀကီး က်ေနာ္လဲ ျမင္ေနရတာ သူႀကီးရဲ႕ ကိုလွဝင္း အစ္ကိုေရာ သူတို႔ကိုျမင္ရလား ”
” ဘယ္လိုလုပ္ျမင္ရမွာလဲ ေမာင္စန္းရဲ႕ ဒါေပမဲ့ ႏြားေတြ႐ုန္းေနရတာကိုေတာ့ ငါသတိထားမိတယ္ ေနပါဦး မင္းလဲ ငါ့ဆီမွာေနလာတာ ႏွစ္ေတြမနည္းေတာ့ပါဘူး နာနာဘာဝျမင္ရတယ္လို႔လဲ မၾကားမိပါလား ”
” ေမာင္လွဝင္းကလဲ မင္းတပည့္ ဟိုတစ္ေန႔က ေႁမြ… ”
” ေၾသာ္ …ဟုတ္သားပဲ က်ေနာ္လဲၾကားဖူးတယ္ ေသလုေျမာပါးျဖစ္ေပမဲ့ ေသကံမေရာက္သက္မေပ်ာက္တဲ့လူအေတာ္မ်ားမ်ားက နာနာဘာဝျမင္ရတယ္တဲ့ သေဘာက္ေပါက္ၿပီ သား သိန္းေခါင္လဲ ၿငိမ္တယ္ေနာ္ ဘာေတြေတြးေနတာလဲ ”
” ဦးေလးအယူအဆက မွားေနတယ္ေျပာရင္ စိတ္ဆိုးမလား ”
” မဆိုးပါဘူး သားရယ္ လက္ပံလွကမင္းထြန္းေျပာတာ ဦးေလးၾကားဖူးပါတယ္ သားက ေလာကီေရာေလာကုတၱရာေရာ ေတာ္ေတာ္ႏွံ႔ႏွံ႔စပ္စပ္သိတယ္တဲ့ ေျပာျပပါဦး ”
” ေျပာျပလိုက္ပါေျမးရယ္ ေတာ္ၾကာ တို႔ေျမးအဖိုးကို ထမင္းမေကြၽးပဲေနမယ္ ”
” ဟား ဟား ဟား ဟား ”
အ႐ႊန္းေဖာက္လိုက္တဲ့ ဦးေအာင္ေမာင္းစကားေၾကာင့္ လွည္းေပၚပါလူတစ္စုလဲ ဝါးကနဲပြဲက်သြားခဲ့ပါေလေရာ။
” ဒီလိုဦးေလးရဲ႕ သမထလို႔ေခၚတဲ့ စိတ္စုစည္းမႈအားေကာင္းရင္လဲ ပရေလာကသားေတြကိုျမင္ရႏိုင္တယ္ ဒါက အထက္သမားပဲျဖစ္ျဖစ္ ေအာက္သမားပဲျဖစ္ျဖစ္ က်င့္ကိုက်င့္ရမဲ့ သမာဓိက်င့္စဥ္ေပါ့ ေနာက္မွသာ ကိုယ္လိုက္တဲ့လမ္းစဥ္ေတြကြဲၿပီး တစ္လမ္းစီျဖစ္ကုန္ၾကတာ တစ္ခ်ိဳ႕ ေမြးရာပါျမင္ႏိုင္တာလဲ ရွိၾကတယ္ ဒါမ်ိဳးကေတာ့ ရွားပါတယ္ ”
​သိန္းေခါင္ေျပာျပတဲ့စကားေတြကို စိတ္ဝင္တစားနားေထာင္ရင္း သေဘာေတြက်ေနတဲ့လွဝင္းတစ္ေယာက္ အိမ္ျပန္ေရာက္တာေတာင္ဆင္းဖို႔ေမ့ေနခဲ့ပါတယ္။
” ဒါနဲ႔ ေမာင္လွဝင္းေရ မနက္ျဖန္ေတာ့ငါတို႔ေျမးအဖိုးျပန္ေတာ့မယ္ လာမဲ့ကထိန္ရာသီ ငါ့ေျမးကို ရွင္ျပဳေပးမွာ မင္းတို႔လာခ်င္လဲလာၾကေပါ့ အနားနီးရင္ ရက္အတိအက် လွမ္းေျပာလိုက္မယ္ေလ ”
” ဟုတ္ကဲ့ လာခဲ့ပါ့မယ္ ”
ေရလမ္းခရီးက အတိုဆုံးမလို႔ ကမ္းေပၚတက္လိုက္တယ္ဆိုရင္ပဲ သာေမာင္ႀကီးရဲ႕ဟီသံက သခင္ျပန္လာလို႔ ေပ်ာ္ျမဴးေနတဲ့အလား ဆူညံေနခဲ့တယ္။ လိုက္ပို႔ေပးတဲ့ေမာင္စန္းကို ျမင္းေပၚကေနလက္ျပရင္း ေ႐ႊကိုင္း႐ြာကို ဦးတည္လိုက္ၾကတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အေဟာင္းေလးျပန္ဖတ္ၾက
ေဘးအမ်ိဳးမ်ိဳးမွကင္းေဝးၾကပါေစ…..
ေမာင္လူလွ ~ ကညင္ေျမ