” သင်္ချိုင်းရှင်မနဲ့ တစ်ညတာ “(စ/ဆုံး)

Unicode Version

” သင်္ချိုင်းရှင်မနဲ့ တစ်ညတာ “(စ/ဆုံး)
——————————————–

အပိုင်း(၁)

ကျွန်မတို့သူငယ်ချင်းတစ်စု နွေရာသီကျောင်းပိတ်ရက် ခရီးတစ်ခု ကိုသွားခဲ့ကြသည်။အဲ့ဒီနေရာလေးကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ဓနုဖြူမြို့ကလေးရှိ ရွာလေးတစ်ရွာကိုပေါ့။မြို့ကလေးက ကျဉ်းမြောင်းပေမဲ့ ကျက်သရေရှိလှသည်။ကျိုက္ကလွန်ပွန်းဘုရားကြီး၊ ဗိုလ်ချုပ်ကြေးရုပ်နှင့်နာရီစင်တို့က မြို့ကလေး၏ကျက်သရေကိုဆောင်နေသည်။
ကျွန်မတို့အဖွဲ့ခေါင်းဆောင်ကတော့ ကျောင်းရဲ့အတန်းခေါင်းဆောင်ကျွန်မရဲ့အစ်ကိုပင်ဖြစ်သည်။လမ်းခရီးတွင် ညောင်တုန်းတံတားကြီးကိုကျော်ဖြတ်ခဲ့ရသည်မှာလည်း အလွန်အမှတ်တရဖြစ်လှသည်။တံတားပေါ်ကနေ လယ်မြေသဘာဝနဲ့မြစ်ရေရဲ့သဘာဝတို့က အလွန်ကျက်သရေရှိလှသည်။လေကောင်းလေသန့်ကိုရှုရှိုက်ရင်း အရမ်းစိတ်အပန်းပြေခဲ့ရသည်။ကျွန်မတို့သတိမထားမိသည်မှာ ဒီလိုသဘာဝတရားက ရရှိတဲ့အရာကိုအမှတ်တမဲ့ ပျက်ဆီးနေကြခြင်းပင်။

ခုလိုလေကောင်းလေသန့်မျိုး တခြားနေရာတွင်ရနိုင်ရန်မလွယ်လှချေ။အထူးသဖြင့်ကျွန်မတို့နေထိုင်တဲ့ရန်ကုန်လိုနေရာမျိုးတွင် ခုလိုလေကောင်းလေသန့်ကိုရရှိဖို့မလွယ်ဘူးဆိုတဲ့အတွေးလေးနဲ့ ခရီးဆက်ရင်း ကျိုက္ကလွန်ပွန်းဘုရားသို့ဝင်ရောက်ဖူးမြှော်ခဲ့သည်။ဓနုဖြူမြို့ရဲ့ကျက်သရေဆောင်ဟု ပမာတင်စားရလောက်အောင် အလွန်တန်ခိုးကြီးသော ဘုရားတစ်ဆူလည်းဖြစ်သည်။ထို့နောက် လမ်းဆုံတွင်တည်ရှိနေသော နာရီစင်နှင့် ကျွန်မတို့ရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ထုတို့မှာ ဓနုဖြူမြို့ရဲ့အထင်ကရ နာမည်ကျော်ကြားနေသော နေရာများပင်။ဒီလိုနဲ့သူငယ်ချင်းတွေပျော်ပျော်ပါးပါးခရီးဆက်ရင်း အစ်ကို့ရဲ့လမ်းပြမှု့နှင့်အတူ သွားလိုသည့်အိမ်သို့ရောက်ရှိခဲ့သည်။

ထိုအိမ်မှာ အခြားအိမ်မဟုတ် ကျွန်မ၏ကြီးမေ တော်စပ်သူတစ်ယောက်အိမ်ပင်။ကျွန်မကို ငယ်စဉ်ကထိန်းကျောင်းပေးခဲ့သူ တစ်ယောက်ဆိုလည်းမမှားချေ။သို့သော် ကျွန်မ ငယ်ရွယ်သည့်အချိန်မို့ အစ်ကိုပြောသည့် ကြီးမေဆိုသူကို ကျွန်မမမှတ်မိပေ။အစ်ကို့ရဲ့ရောက်ပြီဆိုသော လေသံနှင့်အတူ ပတ်ဝန်းကျင်ကို ငေးမောကြည့်မိတဲ့အခါ တောရွာသဘာဝ ခြံဝန်းအလွန်ကျယ်ပြောလှသည်ကို သတိထားမိသည်။ရန်ကုန်မှာဆို ခြံအကျယ်ကြီးပိုင်သူက သူဋ္ဌေးပင်။တောရွာမှာတော့ အတော်များများ ခြံအကျယ်အဝန်းကျယ်ကြီးများ ကိုပိုင်ဆိုင်ကြသည်မှာ မဆန်းပေ။ခြံဝန်းထဲကို အတားအဆီးမရှိ ကားဘီးကလေး လှိမ့်ကာရွေ့သွားနေသည်။

တံခါးမထားရှိသည်မှာလည်း တောရွာရဲ့ရိုးသားတဲ့ဓလေ့ တစ်ခုပင်ဖြစ်သည်။ခြံဝန်းထဲတွင် သစ်ပင်ပန်းပင်တို့မှာလည်း အလွန်နေချင်စရာကောင်းလှသည်။သို့သော် တချို့နေရာတွေက အလွန်ချုံထူလှသည်။ရှေးဆန်လှသည်။အိုဟောင်းလှသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ကျွန်မခံစားမိသည်။ကျွန်မရဲ့အတွေးလေးတွေးက ကားဘီးလေးရပ်သွားသည်နှင့်အတူ ရပ်တန့်သွားရသည်။

“ကဲ ကားပေါ်ကဆင်းကြ ရောက်ပါပြီ ခု မဟာစံအိမ်ကနေ ကြိုဆိုပါတယ်´´

အစ်ကို့ရဲ့စကားအတိုင်း အားလုံးကားပေါ်ကနေ ဆင်းကြသည်။အားလုံးမျက်နှာမလန်းကြပေ။မျက်နှာမလန်းသည့်အကြောင်းမှာ ခြံကအလွန်အိုဟောင်းနေခြင်းကြောင့်ပင်…

“အားလုံး နားနားနေနေ နေကြ ဒါကငါ့ရဲ့ကြီးမေအိမ်´´
အစ်ကို့ရဲ့စကားကြောင့်အားလုံးရဲ့မျက်လုံးတွေကအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကိုကြည့်ပြီး မျက်နှာတွေ မရွှင်မလန်းဖြစ်နေသည်။အိမ်ကြီးက မဟာစံအိမ်ဆိုသည့်အတိုင်း အလွန်မဟာဆန်ပြီးရှေးကျသည်။ချုံနွယ်များထူထပ်နေသည်။တချို့နေရာမှာ ရေညှိများပင်တက်နေသည်။
သို့သော် အိမ်ထဲဝင်လိုက်သည်နှင့်အသုံးအဆောင်တွေက ခေတ်ဆန်သည့် အသုံးအဆောင်များပြားလှသည်။ ခြံ မှာ အလွန်အိုဟောင်းနေသည်။ခြံရဲ့အကျယ်အဝန်းကလည်း ခြံထဲကအော်သံကိုပင် အပြင်ကမကြားနိုင်လောက်အောင် ကျယ်လှသည်။ထပ်ပြီးသေချာစပ်စုကြည့်မှ
ခြံနောက်တွင် သင်္ချိုင်းကုန်းရှိနေခြင်းပင်ဖြစ်သည်။ရန်ကုန်မြို့တွင် သင်္ချိုင်းကုန်းဆိုတာ ဘာမှန်းမသိလောက်အောင် ရှားပါးလှသည်။တောရွာများတွင်မူ သင်္ချိုင်းကုန်းဆိုတာ အထူးအဆန်းမဟုတ်သော နေရာတစ်ခုပင်ဖြစ်သည်။

“ဟေ့ယောင် တွေမင်းတို့မျက်နှာက ဘာဖြစ်နေတာလဲ ´´
အစ်ကိုမှ ကျွန်မတို့အားလုံးကိုပြော လိုက်သောစကားပင်။

“မဖြစ်ပါဘူးကွာ ခရီးပန်းလာလို့ပါ ရှုိင်းကိုရာ´´
သူရမှ အစ်ကို့အားပြောသည်။ထုံးစံအတိုင်း စကားအချေအတင်ပြောဆိုကြလေပြီ။သူငယ်ချင်းတွေသာပြောတာ ကျွန်မတို့အဖွဲ့က အမြဲစနောက် ရန်ဖြစ်နေကျပင်။ကျွန်မအစ်ကိုရှိုင်းကိုက ဒေါသကြီးပေမယ့် ထိန်းချုပ်တတ်သည်။အုပ်ချုပ်မှု့နိုင်နင်း၏။ငယ်ငယ်လေးကတည်းကနေ ခုထိအမြဲ
တမ်းအတန်းခေါင်းဆောင် တာဝန်ကို
ထမ်းဆောင်ရသည်။ ခုလည်းကျွန်မ
တို့အဖွဲ့ခေါင်းဆောင်အဖြစ်ခန့်ထားသည်။အစ်ကို့ပုံသဏ္ဌာန်က တစ်မူထူးခြားသည်။အရပ်၅ပေ၇လက်မခန့် အသားအရည်ကလည်းမဖြူမညိုသောအသားအရည်ကိုပိုင်ဆိုင်ထားပြီးမျက်ခုံးမွှေးထူထူ ကအစ်ကို့ကိုထင်ပေါ်စေသည်။ဒေါသကြီးပေမဲ့ဖော်ရွေတဲ့ အပြုံးပိုင်ရှင်တစ်ယောက်လည်းဖြစ်သည်။အစ်ကို့ကြောင့် ယောက်မလို့အခေါ်ခံရသည်မှာလည်း မနည်းတော့ချေ။ကျွန်မကလည်း ယောက်မလို့ခေါ်တာကိုမကြိုက် မကြိုက်မှန်းသိလေ လူတွေကလည်းစကြတဲ့သဘာဝမဟုတ်လား။ကျွန်မအတွက်တော့ အစ်ကိုက အရာရာကောင်းတယ်။လူတွေကိုလည်းပေးဆပ်အနစ်နာခံတတ်တယ်။…

“ဒီမှာ မိန်းကလေးတွေပါနေတာတောင် မငြီးဘူး မင်းတို့က ငြီးနေတယ် ´´

အစ်ကိုမှ သူရတို့ကို ဒေါသထွက်သောလေသံဖြင့်ပြောလိုက်သည်။အစ်ကိုပြောသည်မှာလည်း မမှားချေ။မိန်းကလေးတွေထက် သူတို့ယောက်ျားလေးတွေက ပိုပင်ပန်းနေကြသည်။သူရကပိုဆိုးသည်။တစ်ခါတလေ နွှဲ့တဲ့တဲ့စကားပြောဆိုငတတ်လို့မကြိုက်။စနောက်သန်သည်မှာ လည်းယောက်ျားလေးအားလုံးလိုလိုပင်။

“မိန်းကလေးလည်း လူပဲငါတို့လည်းလူပဲ ပင်ပန်းတာပေါ့´´

မြတ်မင်းခမှ အစ်ကို့ကိုပြန်ပြောသည်။မြတ်မင်းခမှာ ရုပ်ချောသလို ဂုဏ်မောက်သူတစ်ဦးလည်းဖြစ်သည်။ခင်မင်နေပေမယ့်မြတ်မင်းခ စိတ်ကခန့်မှန်းလို့မရ သူတစ်ယောက်ဟုဆိုနိုင်သည်။သူငယ်ချင်းစိတ်ဓာတ်ရှိလို့သာ ခင်မင်နေကြခြင်းဖြစ်သည်။

“စကားကိုဘယ်လိုပြောတာလည်း မြတ်မင်းခ´´
“တော်ပါတော့ ကိုကြီးရာ ရောက်ရောက်ချင်း စကားပြောတာတွေက ရန်ဖြစ်တော့မယ်အတိုင်းပဲ ´´
ကျွန်မ လည်း ဝင်တားရချေပြီ။မတားလျှင် ရန်ဖြစ်ကြတော့မည်။နောက်ပြီးရင် သူတို့ကပြန်တည့်ကြတာပါပဲ။ခုရန်ဖြစ်တုန်းတော့ ဘေးလူတွေက အနေခက်ရသည်မဟုတ်လား။ထိုအချိန်မှာပဲ…
“ မဟာစံအိမ်ကနေကြိုဆိုပါတယ် ကလေးတို့
ကြီးမေအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရတယ် အိမ်မှာက သားမိသုံးယောက်ထဲနေတာ သားကြီးနဲ့သမီးငယ်က လယ်ထဲသွားတယ်´´
ကြီးမေဆိုသူမှာ အသက်၄၀ကျော်၅၀ ဝန်းကျင်ဖြစ်သည်။အသက်ကြီးပေမယ့်ဖျတ်လတ်သည်။
သွက်ချာသည်။မပိန်မဝသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။တောရွာမှာနေသည်ဆိုပေမယ့် ဝတ်ဆင်ပုံမှာပုံတုန်းကြီးတော့မဟုတ်ပေ။

“ဒါနဲ့ ကြီးမေ သူ့ကိုသေချာကြည့်ပါဦးဘယ်သူလဲလို့´´
အစ်ကို့ရဲ့စကားကြောင့် ကြီးမေကျွန်မကိုစူးစူးစိုက်စိုက်ကြည့်သည်။အလွန်စူးရှသောမျက်လုံးတစ်စုံဟုဆိုနိုင်သည်။ကျွန်မလူငယ်ဆိုပေမယ့် ထိုအကြည့်ကိုမလွန်ဆန်နိုင်လောက်အောင်ပါပဲ။ကြီးမေမျက်စိအားကောင်းသည်ဟု ဆိုရမည်။

“ကြီးမေ မသိဘူး ငါ့တူ သူလေးကဘယ်သူလဲ´´
“ကြီးမေရဲ့ အချစ်တော်လေ ငယ်ငယ်က ကြီးမေထိန်းခဲ့တဲ့ ပိုးဟပ်ဖြူလေ´´
“ပိုးဟပ်ဖြူဟုတ်လား မှတ်တောင်မမှတ်မိဘူး ´´
ပိုးဟပ်ဖြူဆိုသောနာမည်နှင့်အတူ ကြီးမေရဲ့မျက်နှာမှာအပြုံးများတောက်ပြောင်သွားသည်။
“ကိုကြီး စုကိုလူကြားထဲမှာဖဲ့နေတာလား´´
ကျွန်မ ငယ်နာမည်ကို ဖော်နေတာနဲ့ကျွန်မရှက်ရမ်း ရမ်းပြီး အစ်ကို့ကိုပြန်ပြောမိသည်။

“မဖဲ့ပါဘူး နင်ငယ်ငယ်က အသားဖြူပြီးအရမ်းညစ်ပတ်တာတဲ့ အဲ့ဒါကြောင့်နင့်နာမည်ကို ပိုးဟပ်ဖြူလို့ပေးထားတာ´´
“တူမလေး က ကြီးမေကိုမမှတ်မိလို့ပါ ကြီးမေဆီမှာ တူမလေးရဲ့ကစားစရာလေးတွေတောင်ရှိသေးတယ် ´´
“ဟုတ်ကဲ့ ကြီးမေ သမီးမမှတ်မိတော့ဘူး´´
“သမီးက ငယ်သေးတာကိုး´´
“ရှိုင်းကို ငါတို့ဗိုက်ဆာနေပြီ ´´
သူငယ်ချင်းတွေ လူကြားထဲဆိုဖဲ့ပြီ။ခုလည်းဗိုက်ဆာသည်ကို ကြာကြာမနေနိုင်လို့ အစ်ကို့ကိုပြောနေကြသည်။
“သားတို့သမီးတို့လည်း ဗိုက်ဆာနေရောပေါ့ သမီးလေးကတော့ ချက်ပြုတ်ပေးသွားတယ် လာသမီးတို့ဝိုင်းပြီးခူးခပ်ပေးကြ´´
ကျွန်မတို့မိန်းကလေးတွေလည်း ထမင်းခူးခပ်ရတော့တာပေါ့။
“ဟုတ်ကဲ့ လာကြ ကလျာနဲ့နှင်းရတီ´´
ကျွန်မကတော့ခေါင်းဆောင်ပေါ့။
အမျိုးအိမ်ဆိုတော့။အားလုံးမိန်းကလေး
သုံးယောက် ယောက်ျားလေး သုံးယောက်ပင်။
“စုယမုံလှိုင် နင်ကဟင်းတွေထမင်းတွေ
တောင်ပြင်တတ်လ်ို့လား´´
ကျွန်မကိုသူငယ်ချင်းတွေက လှောင်ပြောင်ကြလေပြီ။သူတို့ပြောလည်းပြောစရာ အိမ်ကမီးဖိုချောင်ကို ထမင်းစားဖို့သာဝင်ဖြစ်တယ်။ကျန်တာမလုပ်တတ်ချေ။
“ဟုတ်တယ် မလုပ်တတ်ဘဲနေမလား
နင်တို့ကလေ ငါ့ဆိုဖဲ့ဖို့ပဲတွေးနေကြတာ´´
ကျွန်မရဲ့နှုတ်ခမ်းဆူပြီး ပြန်ပြောတတ်တဲ့အကျင့်ကဒီလိုနေရာပေါ့။

“သေချာလုပ်ကြ ဟင်းတွေကတော့ရှယ်ပဲ ဟင်းအများကြီးကို တစ်ယောက်တည်းချက်ထားတာလား´´
ပြင်ဆင်ပေးပြီးတာနဲ့ တင် ဗိုက်ဆာတာပျောက်သွားသလားပဲ။
“ဟုတ်တယ် တူမလေးရဲ့မမသီရိချက်ထားတာ ပြောရင်းဆိုရင်းပြန်လာပြီ´´
မမသီရိရဲ့ ဝတ်စားဆင်ယင်မှု့မှာ ခေတ်မီပြီးနန်းဆန်လှသည်။မျက်နှာများလည်း ယဉ်ယဉ်လေးနှင့်မြင်သူတကာငေးမောလောက်သော မျက်နှာပင်။ခေါင်းတွင် ခရေပန်းကုံးလေးပန်ထားသည်။ခြေလှမ်းကလည်း အိနြေ္ဒိအပြည့်ဟုဆိုနိုင်ပေသည်။
“ဧည့်သည်တွေရောက်နေပြီပဲ သမီးနဲ့ကိုကြီးလည်း အချိန်မီအောင်ပြန်လာကြတာပဲ နောက်ကျသွားတယ်´´
“နောက်မကျပါဘူး မမသီရိ´´
ကိုရှိုင်းမှ မမသီရိကိုပြောလိုက်သည်။မမသီရိအစ်ကို့ကို ကောင်းကောင်းကြီးမှတ်မိပုံရသည်။
“ငါ့မောင် ရှိုင်းကို မှတ်တောင်မမှတ်မိဘူး´´
“ရှိုင်းကို မင်းကအစ်မတော့မြင်တယ် အစ်ကို့ကိုမမြင်ဘူးပေါ့´´
“မဟုတ်ပါဘူးအစ်ကို နေမည ညီလေးက အစ်ကို့လူကောင်ကိုကြည့်ပြီးမတွေ့ဘူးဖြစ်နေတာ´´
ပြောလည်းပြောစရာ အစ်ကိုနေမည
ဆိုသူက လူကောင်ထွားကျိုင်းသည်။
“ငယ်ငယ်ကအကျင့်မပျောက်သေးဘူး´´ရယ်ရယ်မောမောနှင့်ပြောဆိုသည်။
“လာလာ အားလုံးထမင်းစားလို့ရပြီ´´ကြီးမေရဲ့စကားသံကြောင့် အားလုံးပျော်သွားသည်။
“လက်နဲ့စားစား ဇွန်နဲ့စားစား အဆင်ပြေတာနဲ့စားကြ´´
“ကြီးမေတို့လည်း စားကြလေ´´
“နောက်မှစားမယ် စားကြ´
“မမသီရိက ဟင်းချက်လက်ရာကောင်းတယ် ´´
အားလုံးဗိုက်ဆာဆာနဲ့ပျော်ပျော်ပါးပါးစားကြမြှောက်လိုက်ပါပဲ…
“ကုန်ရင်ထပ်ထည့်ပေးမယ် မမြှောက်ပါနဲ့´´
“အဲ့ကောင်မလေးက အဲ့လိုပဲ မမရေ မြှောက်စား´´
“ကိုကြီးနော်´´
“ကဲပါစားကြ မောင်နှမတွေစကားမများနဲ့´
အားလုံးစကားလက်စုံပြောရင်းနဲ့အချိန်တွေကုန်သွားတယ်။
®®®®®®

ဒီလိုနဲ့တစ်မနက်တာကုန်ဆုံးသွားတယ်။အားလုံးပေါင်းသူငယ်ချင်းခြောက်ယောက်လာကြတာ။ကိုကြီးရှိုင်းကို ၊သူရ ၊မြတ်မင်းခ၊ကလျာ၊နှင်းရတီ၊ကျွန်မစုယမုံလှိုင်အားလုံးပေါင်းခြောက်ယောက်ပေါ့။ကိုကြီးရှိုင်းကို အတန်းခေါင်းဆောင်ဖြစ်သလို ထိန်းနိုင်တယ်။လူကဲခက်တော်တယ်။နည်းနည်းတော့ဒေါသကြီးတယ်။သူရ အေးတယ်။ကိစ္စတွေကိုဝင်ပြီးဖြေရှင်းတတ်တယ်။ဒါပေမဲ့ယောက်ျားလေးဖြစ်ပြီး အရမ်းအေးလွန်းတယ်။သတ္တိမရှိဘူး။မြတ်မင်းခ မျက်နှာပြောင်တယ်။အစအနောက်သန်တယ်။အစ်ကိုနဲ့ မတည့်အတူနေ။မျက်နှာမြင်ရင်ဒေါသဖြစ်တယ်။မမြင်ရင်ချောင်းကြည့်ဆိုသလို။ငယ်သူငယ်ချင်းတွေမတည့်ကြဘူး။ကလျာ အေးတော့အေးတယ်။ဒါပေမဲ့စပ်စုတယ်။နှင်းရတီ ခေတ်ဆန်တယ်။သွက်လက်တယ်။စနောက်တတ်တယ်။ကျွန်တော်တော့ အားလုံးသိတဲ့အတ်ုိင်း မဟုတ်မခံ ကိုယ့်ကိုသေးသေးမတင်နဲ့ လုံးကြီးပြန်တင်တတ်တဲ့လူစားမျိုး။မိန်းကလေးပုံစံယောက်ျားလေးစိတ် ဒေါသကြီးတယ်။စိတ်ကောက်တက်တယ်။အားငယ်တတ်တယ်။အားလုံးကသူငယ်ချင်းတွေဆိုပေမဲ့ တစ်ယောက်တစ်မျိုးတွေပေါ့။ဒါပေမဲ့စည်းလုံးမှုတော့ရှိတယ်။အစားအသောက်ဆိုစားမယ်။ခရီးဆိုသွားမယ်ဆိုတဲ့လူစားမျိုးတွေချည်းပဲ။

“ငါ့ညီတို့ကံကောင်းတယ်´´
“ဘာကိုလဲအစ်ကို´´
“နတ်ပွဲရှိတယ် မင်းတို့ရန်ကုန်မှာမမြင်ဘူးတဲ့ပွဲ´´
“နတ်ပွဲတော့ကြည့်ဖူးပါတယ် ဒါပေမဲ့ပျင်းစရာကြီး”
“ဒီည မပျင်းစေရဘူး´´
ကျွန်မတို့အလွန်စိတ်ဝင်စားမိသည်။
“ဟုတ်တယ် ငါ့မောင်ရဲ့ ဒီညမဖဲဝါကိုပင့်တဲ့ပွဲ ကြမ်းတယ်´´
“ဒါဆိုသွားကြည့်ကြတာပေါ့´´
“ဘာသွားကြည့်ရအောင်လည်း မိန်းကလေးတွေမလိုက်ရဘူး´´
ကိုကြီးက ကျွန်မတို့ကိုဆူသည်။

“မသိဘူး လိုက်မှာပဲ ကျွန်မတို့မလိုက်ရရင် ကိုကြီးတို့လည်းမသွားရဘူး´´
ကျွန်မအကျင့်အတိုင်း ဘယ်သူမှတားမရပါဘူး။
“ဘာမှမဖြစ်ပါဘူး သွားလို့ရပါတယ် ´´
“ကြီးမေ ´´လို့ခေါ်ပြီးကျွန်မစကားသံရပ်တန့်သွားတယ်။
“စုယမုံလှိုင် မြေးမသွားပါနဲ့´´စကားသံကျွန်မနားထဲကြားလိုက်ရသောကြောင့်ဖြစ်သည်။
“ဒါ ဘိုးဘိုးအသံပဲ´´ကျွန်မစကားကြောင့် ဘိုးဘိုးတားနေခြင်းပင်။
“မိစု ဘာဖြစ်တာလဲ´´
“ဟင်အင်းမဖြစ်ပါဘူး ကျွန်မတို့သွားနားရအောင်´´
“အေးအေး ရေမိုးချိုးကြ နားကြ´´
“စု နင်ဘာဖြစ်နေတာလဲ´´
“မဖြစ်ပါဘူး ကလျာ ´´
“နင်တစ်ခုခုတော့ဖြစ်နေတယ်နော်´´
“ငါဆေးသောက်ပြီးအိပ်တော့မယ် ညနေန်ိုးနော်´´
“နင် ဘာလ်ို့အဲ့ဆေးတွေသောက်နေတာလဲ´´
သူငယ်ချင်းနှစ်ယောက် ကျွန်မအားပြိုင်တူမေးတယ်။
“ငါ စိတ်တည်ငြိမ်အောင်လို့ပါဟာ ´´
“စိတ်ငြိမ်ဆေးက သောက်တိုင်းကောင်းတာမဟုတ်ဘူးနော်´´
“ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့သောက်တာပါ´´
“အေးပါ ဒါဆိုအိပ်လေ ရေချိုးပြီးမှအိပ်ပါလား´´
“အင်းပါ´´

®®®®®®®®®®

£€£€ညနေနေရီနေရီ ရေခပ်ချိန်လေးနီးလာပြီ £€£သီချင်းလေး ဆိုနေတဲ့ အစ်ကိုနေမညအားကျွန်မလှမ်းစလိုက်တယ်။
“ကိုကြီးနေမည´´
“လန့်လိုက်တာ ညီမတို့ရေချိုးလို့ရပြီနော် အစ်ကိုသွားပြီ´´
“ဒါနဲ့ ကိုကြီးရှိုင်းကို တို့ကိုမတွေ့ပါလား´´
“သင်္ချိုင်းကုန်းဘက်သွားတယ် ´´
“ဟင် ဘာသွားလုပ်ကြတာလဲ´´

သင်္ချ ိုင်းကုန်းဆိုတာသွားကောင်းသည့်နေရာမဟုတ်လို့ထင်မြင်မိသည်။တစ်နေ့သွားကြရမှာတော့မှန်ပါတယ်။ဒါပေမယ့်…

“သွားပြီးလေ့လာတာနေမှာပေါ့´´
“ဘာတွေလျှောက်လုပ်ပြန်ပြီလဲမသိဘူး စိတ်ညစ်ပါတယ်´´
“ခဏနေပြန်လာရင်လာပေါ့ မလာရင်´´
ကျွန်မလည်းစိတ်တိုနေမိသည်။

“မလာရင်ဘာဖြစ်လဲ´´
“ရေချိုးဖို့လုပ်တော့ ရေချိုးခန်းကရေမလာဘူး အနောက်မှာရေတွင်းရှိတယ်။အစ်ကိုသွားပြီတစ်ခုခုလိုရင် နင့်အစ်မသီရိကိုလှမ်းခေါ်လိုက်´´
ကိုနေမညကပဲအားလုံးစီစဉ်ပေးသည်။

“ဟုတ်ကဲ့ပါ´´
“ရေကအေးနေတာပဲ´´
“ချိုးကြပါ သိပ်ပြီးဆော့မနေနဲ့ဖျားမယ်´´
“နင့်မျက်နှာကဘာဖြစ်နေတာလဲ´´
ကျွန်မမျက်နှာမကောင်းမှန်းသူတို့ရိပ်မိကြဟန်တူသည်။

“မဖြစ်ပါဘူး ´´
“ငါအရင်သွားနှင့်မယ် လိုက်ခဲ့ကြ´´
ကျွန်မလည်း ရေအမြန်ချိုးပြီး အမြန်သွားနားတော့သည်။

“ဟုတ်ကဲ့ပါရှင် ´´
“ဘာဖြစ်နေတာလဲ မသိဘူး´´
နှစ်ယောက်သားငြင်းခုန်ပြီးကျန်နေခဲ့သည်။
“စပ်စုမ မြန်မြန်ချိုး´´

®®®®®®®®®®®

ရုတ်တရက် ဆိုသလိုလေညင်းကလေးများ တိုက်ခတ်လာတယ်။ပတ်ဝန်းကျင်က မဲမှောင်ကျသွားတယ်။ငြိမ်သက်နေရာမှ ခွေးအူသံများ ကြားလိုက်ရတယ်။ခွေးဟောင်သံများ ကြားလိုက်ရတယ်။
“အူးဝူး…အူးဝူး…´´ဆွဲငင်သောအသံများမှာကြောက်စရာကောင်းလှသည်။
ကြောက်စရာကောင်းတဲ့အငွေ့အသက်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရ၏။ဘေးပတ်ဝန်းကျင်မှာဘာမှကိုမမြင်ရဘဲ မီးခိုးလုံးများထွက်ပေါ်လာသည်။

“ဘယ်သူရှိလဲ´´
“အဲ့ဒီမှာရပ်စမ်း ငါ့ပိုင်နက်ထဲကျူးကျော်လာတာဘာလဲ´´
အသံသြသြကြီးနှင့် ကြောက်စရာကောင်းလှသော အသံထွက်ပေါ်လာသည်။

“သင်ကဘယ်သူလဲ ကျွန်မကခရီးသွားပါ လမ်းပျောက်နေလို့´´
“ဟား ဟား ငါ့ပိုင်နက်ထဲဝင်လာပြီးတော့မှ ငါဘယ်သူလဲဆိုတာမသိဘူး ဟုတ်လား မင်းရဲ့အရှေ့ကိုသေချာကြည့်ကြည့်ပါဦး´´
“ဂူ ဂူတွေ´´
ကျွန်မ အရမ်းတုန်လှုပ်သွားမိသည်။
ဘာလုပ်ရမလဲမသိဖြစ်သွားရ၏။
“ငါ့ပိုင်နက်ထဲ ဝင်လာတဲ့ ငမိုက်သားကို ဖမ်းပြီးစားကြစမ်း´´
“ဟင် ကိုကြီးရှိုင်းကို သူရ မြတ်မင်းခ ဘာဖြစ်နေကြတာလဲ´´

သုံးယောက်စလုံးမျက်နှာက သွေးသံရဲရဲနှင့်ကြောက်စရာကောင်းလှသည်။အသိစိတ်များလည်းကွယ်ပျောက်နေသည့်အလား…

“အရိုးပါမကျန်အောင် စားကြစမ်း ဟားဟား´´
“ကိုကြီး မလေးလေ မိစု သူရနဲ့မြတ်မင်းခ ငါနင်တို့သူငယ်ချင်းလေ´´
သူတို့မျက်နှာကလူစိတ်ပျောက်နေုပြီး။ကျွန်မအားစားတော့မယ့်အနေအထားမှာရှိတယ်။ကျွန်မလည်း အားကုန်ပြေးရင်း…
“အား…ကယ်ကြပါဦး´´
အိပ်မက်မှကျွန်မနိုးထလာသည်။
“မိစု ဘာဖြစ်တာလဲ´´
အားလုံးကကျွန်မအား ဝိုင်းကြည့်နေကြသည်။

“တူမလေး ရေသောက်လိုက်´´
“အိပ်မက်ဆိုးမက်လို့ပါ´´
“ဘာလို့ဆေးတွေသောက်ပြီးအိပ်တာလဲ´´
အစ်က်ိုဒေါသထွက်သောလေသံ
စိတ်ပူသောလေသံဖြင့်ကျွန်မက်ိုပြောသည်။
“စိတ်ကြည်အောင်ပါကိုကြီးရာ´´
“ကဲပါ ငါ့မောင်ရာ ညီမလေးကိုဘာမှမပြောပါနဲ့ ´´
“ဒါနဲ့ ကိုကြီးတို့သင်္ချိုင်းကုန်းသွားတယ်ဆို´´
“မသွားပါဘူး ´´
“ကိုကြီးနေမည´´
“နင့်အကြောင်းသိလို့ ငါစလိုက်တာပါ´´
“ကဲညနေစောင်းနေပြီ ထမင်းစားပြီး နတ်ပွဲသွားကြည့်ကြမယ်´´
“မသွားတော့ဘူး´´
“ဘာဖြစ်လိူ့လဲ´´
“မိစု လိုက်လို့မဖြစ်ဘူး´´
“ကိုကြီးနော် ဒီအထိလိုက်လာပြီးမှတော့ စုကိုမချုပ်ချယ်ပါနဲ့ ဟိုမသွားနဲ့ ဒီမသွားနဲ့ ဆိုတာကိုမကြားချင်ဘူး´´
“ဒီမောင်နှမနှစ်ယောက်ကတော့လေ မပြောလိုက်ချင်ဘူး လာထမင်းစားပြီးရင်သွားကြမယ်´´
®®®®®®®®®®®

“နတ်ပွဲက စနေပြီထင်တယ်´´
အားလုံးကကြည့်ချင်စိတ်များများနေသည်။

“ ညမိုးချုပ်မှ မဖဲဝါဝင်မှာ´´
“ဝေးသေးလား ´´
“တစ်ခေါ်ဆိုရောက်ပါပြီ´´
တစ်ခေါ်ဆိုသည့်အတိုင်းအတာမှာ လူတစ်ယောက်တစ်ခါအော်ပြောသောအသံဖြစ်သည်။အလွန်ဝေးလှသည်။
“အသံတွေကြားနေရပြီ ´´
`စု နင်နတ်ပွဲကြည့်ချင်တယ်ပြောသေးတယ်မျက်နှာက´´
“ကလျာ သူ့အကြောင်းလည်းသိသားနဲ့ တစ်ယောက်ယောက်နဲ့ရန်ဖြစ်ရင်နှုတ်ခမ်းကစူ
မျက်နှာကလည်း´´
“မဟုတ်ပါဘူးဟာ ငါတစ်ခုခုစဉ်းစားမိလို့ပါ´´
“ရောက်ပြီနဲ့ထင်တယ်´´
“လူတွေအများကြီးပဲ´´
“ခုဆို အုန်းသီးကို ပါးစပ်နဲ့အခွံခွာပြမှာဖြစ်ပါတယ်။´´
“အုန်းသီးကလည်းအစစ်ပါ´´
“ကဲ ဆရာရေ တီးလုံးလေးကြမ်းပေးပါဗျို့´´
“ကြမ်းသကိုး အုန်းသီးကို ပါးစပ်နဲ့ခွာတာကြည့်ကြပါဦး´´
“Video ရိုက်လေ´´
“ဒီလောက်လူအများကြီးတိုးလို့တောင်မရတာ ဘယ်လိုရိုက်လို့ရမှာလဲ´´
အမှန်ပင် လူကတိုးမပေါက်လောက်အောင်များပြားသည်။

“နင်တို့ကယောက်ျားလေးတွေဖြစ်ပြီးတော့´´
“အပိုတွေပြောမနေနဲ့ အားလုံးမမြင်ရတာချင်းအတူတူ´´
“တော်ကြတော့ ရန်ပဲဖြစ်မနေကြနဲ့´´
“အုန်းသီးကအစစ်ပါနော်´´
“အုန်းရည်တောင်သောက်ပြနေတာကို စစ်လားဆိုတော့ နင်မခွဲခြားတတ်ဘူးလား´´
“နည်းနည်းနောက်ဆုတ်ပေးကြပါ ထိခိုက်မိတာလေးတွေရှိမှာဆိုးလို့ပါ ခုဆိုမီးဓားကို ကိုင်ပြီးခုတ်ပြမှာဖြစ်ပါတယ် မတော်တဆထိခိုက်မှုမရှိရအောင် နောက်ဆုတ်ပေးကြပါ´´
“အားး´´ဓားမှာရေနံဆီလောင်းပြီး မီးတောက်လောင်နေသော အရှိန်ဖြင့် လက်တွေက်ိုဓားနဲ့မွှန်းပြနေတာ အလွန်ကြောက်စရာကောင်းလှသည်။တစ်ပွဲလုံးအော်သံများဆူညံနေသည်။
“ဘယ်လိုလဲကြောက်နေပြီမဟုတ်လား အဲ့ဒါကြောင့်နင်တို့မိန်းကလေးတွေကို
ခေါ်မလာချင်တာ´´
“အား´´
ဓားနှစ်ဖက်ကိုင်ကာ လူအုပ်ကြားထဲသို့ဝင်ပြေးခြင်းကြောင့်အားလုံးတုန်လှုပ်သွားသည်။
“နည်းတောင်နည်းသေးတယ် ´´
မျက်နှာဆိုးကြီးနှင့် လက်ကဓားကိုကိုင်ပြီးကျွန်မတို့ဆီကလာတော့ မကြောက်ဘဲနေမည်လား။
“နောက်ဆုံးအစီအစဉ်ကတော့ မဖဲဝါကိုပင့်တဲ့ပွဲပဲဖြစ်ပါတယ်။ဒီညဟာ နောက်ဆုံးညမို့စကားအချို့လည်းပြောချင်ပါသေးတယ်´´
ပြောသွားတဲ့စကားတွေထဲမှာ ကျွန်မအကြိုက်ဆုံးစကားလေးတစ်ခွန်းရှိတယ်။
“လူတွေကပြောတယ် ဘာလို့နတ်ကိုးကွယ်တာလဲတဲ့ ကျွန်တော်တို့ပြောချင်ပါတယ် နတ်ကိုကျွန်တော်တို့မကိုးကွယ်ပါ ကျွန်တော်တို့ကိုးကွယ်တာ ဘုရားပါ။နတ်ဆိုတာ အသိမှတ်ပြုတဲ့အနေနဲ့သူတို့အတွက် ခုလိုကျင်းပပေးတာပါ။ဒါကို လူငယ်တွေသိအောင်ပြောချင်ပါတယ်´´ကျွန်မနားထဲတွင်ထိုစကားစွဲထင်နေသည်။

အချိန်အားဖြင့် ည၁၁ထိုးပြီ
“ခုဆိုမဖဲဝါကို ပင့်ဖိတ်မှာဖြစ်ပါတယ်´´
“ဆိုင်းတော်သား ရေ မဖဲဝါ ပင့်မယ်ဟေ့
မဖဲဝါအတွက်ပြင်ဆင်ပေးပြီးပါပြီ´´
မဖဲဝါဝင်ပူးတဲ့ပုံသဏ္ဌာန်ကအလွန်ကြောက်စရာကောင်းသည်။ဆံပင်ဖျားလျားချကာ မျက်လုံးတွေဟာ သိသာစွာနီရဲနေသည်။စကားတွေလည်းပြောနေသည်။ကျွန်မတို့တော့နားမလည်ပါ။

“ကဲ အဆင်သင့်ပြင် ပြေးတော့´´
“ဖယ်ဖယ် ပြေး´´
လူအများရဲ့အာရုံကိုဖမ်းစားနိုင်ပါတယ်။လူတစ်ယောက်ဟာ ကြက်အသေတစ်ကောင်က်ိုအစိမ်းလိုက်ဇကောထဲထည့်ပြီး ပြေးကာ မဖဲဝါမှနောက်ကလိုက်ခြင်းဖြစ်သည်။သူတို့ပြောတာတော့ ပြေးတဲ့သူဟာ လွတ်အောင်ပြေးပြီး မဖဲဝါမသိအောင် လမ်းတွင်ပစ်ထားခဲ့ရမည်ဖြစ်သည်။နတ်ကနားပေးသောအိမ်သည် လမ်းရဲ့ထောင့်နေရာတွင်ရှိပြီး လမ်းဟာ အတော်ရှည်လျားပြီး လေးထောင့်ပုံသဏ္ဌာန်ရှိသည်။မိနစ်ပိုင်းလောက်ကြာတော့ အရှေ့ကပြေးသွားသော လူတစ်ယောက်အရင်ပြန်ရောက်လာပြီး မဖဲဝါဝင်ပူးထားသူသည်အနောက်မှရောက်လာကာ လူအုပ်ထဲသို့ ကြောက်အောင်ခြောက်ပြခြင်းကြောင့် ပွဲဟာအလွန်ပွတ်လောရိုက်သွားသည်။

“ကျေနပ်ပြီထင်တယ် ကစားတာကိုကျေနပ်ပါတော့´´
“မကျေနပ်သေးဘူး ကြက်အစိမ်းငါ့ကိုထပ်ကျွေး”
မဖဲဝါဝင်ပူးနေသူမှအသံသြသြနှင့်ပြောနေသည်။
“ဟုတ်ပါပြီ ကျေနပ်စေရမယ် ကဲရွာစားရေ ပတ်မကြီးတီးစေ…”
နောက်တစ်ဖန်လူတစ်ယောက်ကြက်အစိမ်းကိုကိုင်ပြီးရှေ့မှပြေးပြန်သည်။

“လိုက်ဟ လိုက် လိုက်”
“အူးဝူး…အူးဝူး…”
ခွေးအူသံတွေလည်းထွက်ပေါ်လာသည်။ရှေ့မှပြေးသောသူပြန်ရောက်လာပြီ။
ဇကောတော့ပါမလာချေ။
“ဟေးပျော်ပါတော့ ကျေနပ်ပါတော့ ထပ်မကစားပါနဲ့ လိပ်ပြာရှင်လည်းပင်ပန်းလှပြီ”
”အင်း”
”အား”
ကျွန်မအော်သံတစ်ပွဲလုံးဆူထွက်သွားသည်။မဖဲဝါဝင်ပူးထားသူကျွန်မရှေ့ရောက်လာခြင်းကြောင့်ပင်…

“ဟဲ့စု အဆင်ပြေလား”
“အင်းပြေတယ်”
ကျွန်မရှေ့ကနေ ချက်ချင်းပြန်လှည့်သွားသည်။အကြည့်က အလွန်စူးရှလှသည်။
“ဒီလိုနဲ့ဝင်ပူးထားတဲ့သူလည်းအကောင်းပကတ်ိဖြစ်သွားသည်။´´

ခုဆိုရင်တော့ ပွဲဟာအောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ဒီအိမ်ဒီခြံကိုလာရောက်သော လူအများလည်း ကောင်းကျိုးတွေပြည့်ဝပါစေ။မနေ့ကမှ ပွဲပေးထားသော ငှက်ပျောသီးတွေဟာ ခုညအလွန်ပျော်နေပြီ ဟုလည်းကြားသိရသည်။ငှက်ပျောသီးများကို ပွဲလာပရိသတ်များ က်ိုဝေကာ နတ်ကနားပွဲပြီးဆုံးသွားသည်။
“ကဲပြန်မယ် လာလာ”
အားလုံးအတွေးများစွာနှင့် ပြန်လာကြသည်။လမ်းတွင်…
”အူးးဝူးးး”
သိသာစွာခွေးများရဲ့ဆွဲငင်အော်မြည်သံက ကြောက်မက်ဖွယ်ကောင်းနေသည်။ကျောထဲကိုစိမ့်သလိုခံစားရသည်။

®®®®®®®®®®
ဆက်ရန်
တုနှိုင်းမဲ့(သစ္စာ)

“သင်္ချ ိုင်းရှင်မနှင့် တစ်ညတာ”
____________________

(ဇာတ်သိမ်းပိုင်း)

ပတ်ဝန်းကျင်က ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ခွေးအူသံများချက်ချင်းရပ်သွားသည်။တစ်ဖွဲ့လုံးလည်းတိတ်ဆိတ်နေတာနဲ့ ကျွန်မစကားစလိုက်သည်။
“နတ်ပွဲတော့ပြီးသွားပြီ နင်တို့ဘာရလ်ိုက်လဲ´´
“ငှက်ပျောသီးရလိုက်တယ်လေ´´
မြတ်မင်းခမှပြောင်စပ်စပ်ပြောသည်။
မြတ်မင်းခက တစ်ခါတလေမာနကြီးပေမယ့် ပြောင်တတ်တဲ့အကျင့်က လူချစ်လူခင်ပေါများစေသလားမပြောတတ်ပေ။ကျွန်မလည်း ဒေါသထွက်ထွက်နှင့်အော်ပြောလိုက်သည်။

“ဟာ ငါပြောတာက ဘာသင်ခန်းစာရလိုက်လဲမေးတာ´´
ကျွန်မလေသံအနည်းငယ်ကျယ်သွားဟန်တူသည်။
“စု နင် သင်ခန်းစာရချင်ရင် စာဖတ်လေ နတ်ပွဲကနေတော့ဘာရမှာလဲ´´ကလျာမှကျွန်မကိုပြောသည်။
“စာဖတ်မှ သင်ခန်းစာရမှာမဟုတ်ပါဘူး ကိုယ့်ရဲ့တစ်နေ့တာတွေ့ရှိတဲ့မြင်ကွင်းတွေကလည်း ဗဟုသုတရနိုင်တယ်´´
ကျွန်မရဲ့အပြောကို သူတို့သဘောမတွေ့ကြပေ။ကျွန်မရဲ့ခံယူချက်တစ်ခုဆိုလည်းမမှားချေ။လူတွေက စာအုပ်စာပေဖတ်မှ ဗဟုသုတအသိဥာဏ်ရမည်ဟု ထင်နေကြသည်။ကျွန်မအနေနဲ့ ပတ်ဝန်းကျင်မှာတွေ့ရှိသမျှအရာတွေအပေါ် ကောင်းကောင်းအသုံးချတတ်၊ အတုယူတတ်လျှင် ဗဟုသုတရရှိစေတယ်လို့ခံယူထား၏။အမှန်ပင် ကျွန်မခုဆို onlineပေါ်တွင်စာပေအနည်းငယ်ကို မတောက်တခေါက်ရေးတတ်လာသည်။အသိပညာများကိုလည်းအနည်းငယ်စုဆောင်းပြီး ပြန်လှည်ပေးဆောင်နိုင်နေပြီဟုယူဆမိသည်။ထိုသို့လုပ်ဆောင်နိုင်ရခြင်းမှာ စာဖတ်ခြင်းအကျိုးများပါသည်ကို ကျွန်မ မငြင်းပါ။သို့သော် ကျွန်မခုချိန်ထိ စာအုပ်ကောင်း၁၀အုပ်ထက်ပိုမဖတ်ဖူးသေးချေ။ကျောင်းပုံနှိပ်စာအုပ်ကိုသာအသက်၁၈နှစ်ထိ ဖတ်မှတ်နေရသည်။ဆယ်တန်းဖြေပြီးမှ အပြင်စာအုပ်တွေကိုဖတ်မှတ်လေ့လာဖြစ်သည်မှာလည်းယနေ့ထိဆို စာအုပ်စာပေကောင်း၇အုပ်ခန့်သာဖတ်ဖူးမှတ်ဖူးသည်။ကျွန်မအနေနဲ့ ပတ်ဝန်းကျင်မှ အသိပညာများကိုယူဆောင်တတ်သည်ကို ပိုများ၏။မျက်စိရှေ့တွင် စက်ဘီးမှောက်သည့်ဖြစ်ရပ်ကအစ သင်္ခန်းစာယူတတ်သည့်အကျင့်ကျွန်မမှာရှိသည်။ကျွန်မရဲ့ပြောဆိုလိုက်သောစကားပေါ် မမသီရိ ပြန်လည်ခွန်းဆိုလိုက်သည်။မမသီရိတစ်ယောက် ညဘက်မှောင်မဲနေတဲ့အချိန်မှာပင် သူ၏ အလှမှာထင်ပေါ်နေသေးသည်။
ကျွန်မကို ရယ်မောပျော်ရွှင်ဖွယ်အသံဖြင့်စကားဆိုလိုက်ပုံမှာအလွန်နားအေးချမ်းမြေ့စေသည်။

“ဒါမှပေါ့…ငါ့ညီမမိစုကတော့ ငယ်ငယ်ကအတိုင်းပဲ´´
ကျွန်မလည်းသိလျက်နဲ့ပြန်မေးသည်။
“ဘာကိုလဲ မမသီရိ´´
“အစ်မနောက်မှပြောပြမယ် ´´မမရဲ့မျက်နှာကကျွန်မအားမေးခွန်းများစွာမေးချင်စိတ်ကိုဖြစ်ပေါ်စေသည်။ကျွန်မစိတ်ထဲ မမသီရိနဲ့ကျွန်မ အရမ်းရင်းနှီးသလိုခံစားရသည်။
ကျွန်မကိုယ် ကျွန်မ လမ်းသွားရင်းပြန်လည်သုံးသပ်နေမိပြန်သည်။
ဒီနေ့ဒီအချိန်ထိ ကျွန်မစကားတွေကြောင့်သူငယ်ချင်းတွေနဲ့အဆင်မပြေတာများတယ်။ကျွန်မက သူတို့နဲ့စိတ်ဓာတ် နေပုံထိုင်ပုံပြောဆိုမှု့တွေးခေါ်မှု့ပုံသဏ္ဌာန်တွေကွာခြားလို့ ဘေးထွက်နေရတဲ့နေ့တွေကများခဲ့သည်။ကျွန်မကသီးခြားနေဖြစ်သည်က ပိုများ၏။ထိုသို့နေထိုင်ခြင်းက မကောင်းဖူးဟုထင်မြင်မိသည်။အထီးကျန်ခြင်းကို ခံစားကြရသည်မဟုတ်လော…

ဒီလိုနဲ့အချိန်အားဖြင့် ည၁ချက်တီးပြီ~
“အသွားတုန်းက သိပ်မဝေးသလိုဘဲ ခုငါတို့လမ်းလျှောက်လာတာ ကြာနေပြီ မရောက်နိုင်သေးဘူး´´
အမှန်ပင် ကျွန်မတို့အသွားတုန်းကအဲ့သလောက် မဝေးချေ။ခုပြန်မှ အရမ်းဝေးနေသလိုခံစားမိသည်။
“စိတ်ကြောင့်ပါ သွားတုန်းက ကြည့်ချင်စိတ်အရမ်းများတော့ မြန်မြန်ရောက်တာ
ခု အိမ်ပြန်တာဆိုတော့ ဝေးတယ်ထင်တာပါ´´
ကိုကြီးနေမည မှကျွန်မတို့ကို လေယူလေသိမ်းအသံနှင့်ပြောရှာသည်။ကျွန်မအခုမှ စဉ်းစားမိသည်။အိမ်မှာကြီးမေတစ်ယောက်တည်းကျန်နေခဲ့သည်။ကျွန်မလည်းစိတ်မချသောလေသံဖြင့်…
“မမ သီရိ အိမ်မှာကြီးမေတစ်ယောက်တည်းနော် အမြန်သွားရအောင် စုတို့မေ့နေလိုက်တာ လူကြီးက အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့တယ်´´
ကျွန်မလေသံက စိုးရိမ်စိတ်များကြီးထွားနေသည်။ချက်ချင်းဆိုသလို ရောဂါသည်ဆိုသည့်အတိုင်းဇောချွေးများပြန်လာသည်။
“အော် စိတ်မပူနဲ့ အမေကအိမ်မှာတစ်ယောက်တည်းနေနေကြလေ ဘာမှမဖြစ်ပါဘူး ညီမလေးရဲ့”
မမသီရိ ကျွန်မကို ပြောနေသည့်လေသံကို ကျွန်မအံ့သြမိသည်။အမှန်ဆို ကြီးမေက မမသီရိအမေ စိုးရိမ်ခြင်းမရှိတဲ့မျက်နှာကြောင့်ကျွန်မ စဉ်းစားရခက်သွား၏။
ရုတ်တရက်ဆိုသလို~
လေပြင်းတစ်ချက်ဝှေ့သွားသည်။
“ဟဲ့ နင်တို့တွေ့လိုက်လား အရိပ်တစ်ခု´´ကလျာမှအော်ပြောလိုက်သည်။အမှန်ပင် ကျွန်မလည်းအရိပ်မဲတစ်ခုကိုတွေ့လိုက်ရသည်။
“ကောင်မလေးတွေ ဘာတွေပြောနေတာလဲ ဘာအရိပ်မှမရှိဘူး လမ်းမြန်မြန်လျှောက်´´
ကိုကြီးနေမညမှ ကျွန်မတို့အားပြောသည်။မရှိဘူးဆိုပြီးငြင်းနေသည့်ကိုကြီးနေမည မျက်နှာပျက်သွားသည်ကိုလည်းကျွန်မသတိထားမိသည်။
လမ်းကရွာလမ်းဖြစ်ပြီး ကျဉ်းလို့ကားတွေတုတ်တုတ်တို့နဲ့သွားလို့မရလို့လမ်းလျှောက်သွားရသည်။အသွားတုန်းက မြန်နေသလိုပဲ ခုခြေလှမ်းတွေကလေးလာပြီး ချမ်းစိမ့်ပြီး အရိပ်တစ်ခုကလိုက်နေသလိုခံစားနေရပြန်၏။စိတ်ကဖြစ်နေတာပါဆိုတဲ့အတွေးနဲ့အတူ ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်နေမိသည်။

“အူးဝူး…အူးဝူး…´´
နောက်တစ်ဖန်
ခွေးတွေရဲ့ ဆွဲငင်စွာအူလာသော အသံတွေကြောင့် အားလုံးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ဒီတစ်ခါခွေးအူသံက အလွန်ကြောက်စရာကောင်းလွန်းနေ၏။သည်းကြီးမဲကြီး အူနေကြခြင်းပင်။အနီးအနားတွင်လည်းခွေးတစ်ကောင်တစ်မြှီးပင်မတွေ့ရချေ။
“ဒီကလေးတွေကတော့ လာမြန်မြန်လျှောက် မိုးချုပ်နေတာလေခွေးအူတာကိုကြောက်နေတယ်´´
မမသီရိကလည်း ကိုကြီးနေမညနှင့်မောင်နှမလို့မပြောရဘူး။တစ်လေသံထဲပင် ကျွန်မတို့ကို အမြန်လမ်းလျှောက်ခိုင်းနေသည်။ကျွန်မရဲ့စပ်စုတတ်တဲ့အကျင့်အမေးအမြန်းထူသည့်အတိုင်းမေးလိုက်သည်။
“မမသီရိ မကြောက်ဘူးလား´´
“ဒါတွေကရိုးနေပါပြီ ခွေးက ညဉ့်နက်လို့အူတယ် ဒါကြောက်စရာမှမဟုတ်တာ´´
ပြောပြောဆိုဆို…
•••ဖက်••••ဖက်••••ဖျက်••••ဖလပ် ••ခြေသံလိုလိုအသံက အနောက်မှလိုက်လာသလိုခံစားရသည်။ထိုအသံကြားရာဆီသို့ အားလုံး
လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်ထဲ

•••အား•••
ကျွန်မတို့တစ်ဖွဲ့လုံးထအော်ကြသည်။ထိုအရာက အလွန်ကြီးမားလှသည်။အရပ်မှာထန်းပင်တမျှရှည်သည်။လျှာကြီးကလည်း အရှည်ကြီးတွဲလျားကျနေသလ်ို နားရွက်နှစ်ဖက်ကလည်း ထိုအရာအားဖုံးအုပ်ထားသည်။ကျွန်မကြားဖူးသည့် နားရွက်ခြုံသရဲဟုထင်မြင်မိသည်။အားလုံးလည်း ထိုအရာကိုအော်ပြီးကြောင်သာကြည့်နေကြသည်…နားရွက်ခြုံသရဲရဲ့လျှာကပိုသိသာစွာ ရှည်ထွက်လာသည်။
“ဟဲ့ ဘာကြောင်ကြည့်နေကြတာလဲ မြန်မြန်လာကြ ပြေးမယ်´´
ကိုကြီးနေမညလည်း အော်ကာ မမသီရိလက်ကို အတင်းဆွဲပြီးပြေးသည်။ကိုကြီးရှိုင်းကိုလည်း ကျွန်မလက်ကိုဆွဲပြီးပြေးသည်။လူတွေရဲ့သဘာဝအတိုင်းကိုယ့်သွေးသားကိုတော့ စိုးရိမ်ကြသည်မှာမထူးဆန်းပါဘူးဟုတွေးထင်မိသည်။

“အား ပြေး´´
အကုန်လုံးအော်ပြီးအားကုန်ပြေးသော်လည်း ကျွန်မတို့ခြလှမ်းတွေက မရွေ့ပေ။ထိုသရဲရဲ့ခြေလှမ်းကအလွန်ကျဲသည်။တစ်လှမ်းလှမ်းလိုက်တာနဲ့ကျွန်မတို့နားရောက်လာတော့မည်။

“ဘယ်လိုလုပ်ကြမလဲ လာနေပြီ´´
“ဘုရားစာရွတ်ကြလေ ´´
အားလုံးကကြောက်နေ၍ ဘုရားစာကိုဆုံးအောင်မရွတ်နိုင်ဘဲ အော်သာအော်နေကြသည်။

“တစ်ခုခုတော့ လုပ်ကြပါဦး´´
ခုမှကျွန်မသတိရမိသည်။အဘိုးကျွန်မတို့မောင်နှမနှစ်ယောက်ကိုဆွဲပေးခဲ့တဲ့ဘုရားဆွဲကြိုးပင်။

“ဒီမှာ ဘုရားဆွဲကြိုး´´
“ကိုကြီးဆီမှာလည်းရှိတယ်လေ မြန်မြန်´´
နှစ်ယောက်သားဘုရားဆွဲကြိုးကို လည်ပင်းကချွတ်ပြီး လက်ကထိုသရဲရှိရာဘက်ကို ကိုင်မြှောက်လိုက်သည်။တစ်ချိန်တည်းမှာပဲ…အဖြူရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာသည်။ထိုအလင်းတန်းနှင့်အတူအလွန်ကျယ်လောင်သောအသံကြီး ထိုသရဲထံမှထွက်ပေါ်လာပြီး သရဲလည်းပျောက်ကွယ်သွားတော့သည်။

*****************

“မြေးလေး မိစု ထတော့လေ ထတော့´´
အသံတစ်စုံနှင့်အတူ ကျွန်မပခုံးကိုလှုပ်နိုးသော လက်တစ်စုံကြောင့် ကျွန်မမျက်လုံးကို အတင်းဖွင့်ဖို့ကြိုးစားပေမဲ့ဘယ်လိုမှမရပေ။အသံတွေကို ဝိုးတိုးဝါးတား ကြားနေရသည်။
“ငါ့မြေးကို မထိနဲ့ မင်းတို့သွား´´
ကျွန်မအဘိုးအသံပင်။ကျွန်မအဘိုးအသံကို ကောင်းကောင်းကြီးမှတ်မိသည်။
“ဒီဝိညာဉ်အဘိုးကြီးက ငါတို့တန်ခိုးကို မယှဉ်နိုင်ဘဲနဲ့ လာနှောက်ယှက်နေတယ်´´
“အား´´
“မြေးလေး မြန်မြန်ထတော့ ပြေးတော့ မြေးမြန်မြန်ထပါ မျက်လုံးဖွင့်ကြည့်ပါ အလင်းတန်းရှိရာကိုပြေးပါ´
ကျွန်မအား စိုးရိမ်မှုများစွာဖြင့်ပြောနေသော အဘိုး၏အသံကို ကျွန်မကြားနေရသည်။
အဘိုးနာမည်က ဘိုးလှကျော်။ကျွန်မအသက်၁၅နှစ်မှာအဘိုးဆုံးသွားခဲ့တာ။အဘိုးက ကျွန်မရဲ့အဘိုးအရင်းမဟုတ်ချေ။။ငယ်စဉ်ကတည်းက အဘိုးအဘွားတွေနဲ့ အတူမနေရတဲ့ အတွက် ကျွန်မအဘိုးအဘွားရင်းတွေနဲ့မခင်တွယ်တာအမှန်ပဲ။အဘိုးလှကျော်က ရန်ကုန်ကို ကျွန်မတို့ပြောင်းစဉ်ကတည်းက အိမ်ချင်းကပ်လျက်လည်းဖြစ် မြေးအရင်းက ကျွန်မနှင့်အသက်တူပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးသွားလို့ ကျွန်မအား မြေးအရင်းပမာချစ်ခင်သည်။ ကျွန်မလည်း အဘိုးအား အဘိုးရင်းတွေထက် ပို၍ချစ်ခင်လှသည်။အဘိုးက နာတာရှည်ရောဂါနဲ့ ဆုံးစဉ် ကျွန်တော်က ၉တန်းစာမေးပွဲရက်မို့ အဘိုးရဲ့နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့သည်ကိုလည်း ခုထိနောင်တရနေဆဲပင်။တစ်ခါတလေ ကျွန်မအနားမှာ အဘိုးအမြဲရှိနေတယ်လို့ ခံစားရသည်။ကျွန်မ ဒုက္ခရောက်ချိန်မှာလည်း အဘိုးက သတိပေးစကားပြောသည်။ဘယ်သူမှ ကျွန်မစကားကို မယုံကြပေ။ကျွန်မကတော့ အဘိုး ကျွန်မအားအမြဲစောင့်ရှောက်နေသည်ကို ခံစားမိသည်။ယခုလည်း အဘိုးအသံကို ကျွန်မ ကြားရသည်။ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်ရင်း…
တကယ်ကျွန်မအဘိုးပင်…အဘိုးမျက်နှာကနည်းနည်းမှမပြောင်းလဲသေး။နုပျိုနေစဲပင်…ကျွန်မနှုတ်မှအဘိုးကိုခေါ်ကာ အဘိုးကိုကျွန်မသိုင်းဖက်ဖို့ကြိုးစားပေမယ့်မရချေ။

“ဘိုးဘျိုး´´
“မြေး မြန်မြန်ပြေးတော့ အလင်းတန်းရှိရာကိုပြေးပါ´´
ကျွန်မကိုသာ ပြေးဖို့ပြောနေသည်။အဘိုးလက်မှာလည်းတောင်ဝှေးတစ်ခုကို ကိုင်ကာဝှေ့ရမ်းနေသည်။နှုတ်မှ သွားဟုဆိုနေသည်။တစ်ခုခုကိုမောင်းထုတ်နေဟန်တူသည်။ကျွန်မထိုအရာကို မမြင်ရချေ။

“ဘိုးဘိုးလည်း လိုက်ခဲ့လေ´´
ကျွန်တော်အဘ်ိုးရဲ့လက်ကို ဆွဲကိုင်ရင်းပြောသည်။ကိုင်၍မရ။
“အဘိုးမျက်နှာညိုှးငယ်စွာနှင့် ကျွန်မအရှေ့မှာပင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“အဘိုး မသွားပါနဲ့´´
“မြေးလေး ပြေးပါတော့´´
ကျွန်မအားပြောသည်။ပျော်ကွယ်သွားသော်လည်းအသံနှင့်ပြောရှာသော အဘိုးကို ကျွန်မလိုက်ရှာနေမိသည်။ထိုအချိန်မှာပဲ…
”လိုက်…”
ဟူသောအသံကိုကျွန်မကြားလိုက်သည်။အမှန်တကယ်ပင် ကျွန်မနောက်ကိုခွေးနက်ကြီး၃ကောင်ပြေးလာသည်။ကျွန်မလည်းဆန့်ကျင်ဘက်ကိုကွေ့ကောက်ပြေးသည်။ ကျွန်မပြေးရင်းပြေးရင်းအလင်းတန်းတစ်ခုရှိရာသို့ ဦးတည်မိသည်။
အလင်းတန်းရောက်ခါနီး
တစ်စုံတစ်ရာက ကျွန်မခြေထောက်ကိုဖမ်းဆွဲထားသည်ဟုခံစားရသည်။ ကျွန်မလည်း အောက်ကိုကြည့်လ်ိုက်တဲ့အခါမှာ
ထိုအရာမှာ အရိုးခြောက်ကြီးဖြစ်နေသည်။ထိုအရိုးခြောက်ကြီးက အသက်ရှိသည်။ကျွန်မခြေထောက်ကိုဖမ်းဆွဲထားသည်။ကျွန်မလည်းနှုတ်မှအတင်းအော်နေမိသည်။

“အရိုးခြောက် ကြီး ကယ်ကြပါဦး ကယ်ကြပါဦး´´
“တူမလေး တူမလေး သမီး မကြောက်နဲ့ကြီးမေတို့ရှိတယ် သတိရပြီလား´´
ကျွန်မအိပ်မက်မက်နေခြင်းလား…
မဝေခွဲတတ်ပေ။
“သက်သာရဲ့လား ညီမလေး ရော့ရေသောက်လိုက်´´မမသီရိကျွန်မကိုရေတိုက်သည်။
“ဟုတ်ကဲ့´´
ရေခွက်ကို ကိုင်သောလက်မှာ တုန်ရီနေသည်။
“နင်သတိရလို့ တော်သေးတယ်အဲ့ဒါကြောင့် နင်နဲ့ဘယ်ခရီးမှမသွားချင်တာ နင့်ကျန်းမာရေးက ခုလိုအန္တရာယ်နဲ့ သေသွားနိုင်တယ်သိလား နင်တစ်ခုခုဖြစ်ရင် ငါလည်းလွယ်မှာမဟုတ်ဘူး ´´
ကိုကြီးရှိုင်းကို ကျွန်မကိုဆူနေသည်။
“ရှိုင်းကို ကိုယ့်ညီမကိုအဲ့လို မပြောရဘူးလေ´´
“ကြီးမေ တူမကိုကြည့်ပါဦး ကိုယ့်အနေအထားနဲ့သူများတွေနဲ့တန်းတူသွားလာချင်တယ်´´
“တော်ပြီကိုကြီး စု အိမ်ပြန်မယ်´´
“ဘယ်အိမ်ကို ပြန်မှာလဲ မနက်ဖြန်ညနေမှပြန်မယ်´´
“ကဲကဲ အားလုံးလည်း ပင်ပန်းနေပြီ သွားအိပ်ကြတော့´´
ဒီလိုနဲ့ ခြောက်ခြားစရာညတစ်ညကုန်ဆုံးသွားပြန်သည်။
®®®®®®®®®®®

“ကြီးမေ ဘယ်သွားမလို့လဲ´´
ရှိုင်းကိုတစ်ယောက် မေးလိုက်ခြင်းပင်။
“အော် မင်းဦးလေးအုတ်ဂူဘက်သွားမလို့ပါ တူလေး တို့လိုက်မလို့လား´´
“ကိုယ့်ဦးလေး အုတ်ဂူသွားတာပဲ လိုက်မယ်လေ´´
“မိစု နင်မလိုက်ရဘူး´´
ထုံးစံအတိုင်းကျွန်မကိုမလိုက်ခိုင်းဘူး။ကျွန်မလည်း ဒီတစ်ခါတော့လိုက်ချင်စိတ်လည်းမရှိလို့တစ်ခါတည်းငြင်းလိုက်သည်။
“မလိုက်ပါဘူး သွားကြ´´
“ငါတို့လည်း မလိုက်ရတော့ဘူးလား စု´´
ကလျာနဲ့ရတီလည်းလိုက်ချင်ပုံရသည်။ကျွန်မလည်းထုံးစံအတိုင်း တစ်ယောက်တည်းနေခဲ့မယ်ဆိုတဲ့အတွေးနဲ့ …
“နင်တို့လိုက်သွားလေ ငါနေခဲ့မယ်´´
“မနေခဲ့ပါနဲ့ တူမလေးရဲ့ဦးလေးက တူမလေးလာရင် ပျော်မှာ´´
“ရှင်´´ကျွန်မခေတ္တမျှငြိမ်သက်ရင်း
“အစ်မပြောတယ်လေ မိစုကငယ်ငယ်ကအတိုင်းပဲဆိုတာ မိစုက အဘ(အဖေ)ကအရမ်းချစ်တာ အမြဲပြောတယ် ပိုးဟပ်ဖြူဆီအလည်သွားချင်လ်ိုက်တာ သူ့အဖေတွေလည်း အလည်မလာကြဘူးတဲ့ တစ်နေ့ မိစု တို့အိမ်ကိုအလည်သွားမယ်လို့ပြောတယ်။မကြာပါဘူး အဘ(အဖေ)ပိုးထိပြီးဆုံးတာပဲ´´
ကျွန်မငယ်ငယ်ကအကြောင်းအရာတွေမမှတ်မိပေမဲ့ ဦးလေးရဲ့ဓာတ်ပုံကို ကြည့်ပြီး တဖြည်းဖြည်းကလေးဘဝကိုပြန်ယောင်လာမိသည်။ဦးလေးနဲ့ဒေါ်လေး ကငယ်ငယ်ကကျွန်မကိုထိန်းခဲ့ကြသူများဖြစ်ပြီးကျွန်မကိုအတော်လေးချစ်ခဲ့ကြမည်ဟုခံစားမိ၏။။အတွေးပုံရိပ်တွေကိုမြင်ယောင်ရင်း ကျွန်မမျက်ရည်များဝဲမ်ိသွားတယ်။

“ရှိုင်းကို တူမလေး ငိုနေပြီ လိုက်ခိုင်းလိုက်ပါ´´
“အင်းပါ ဒီနားလေးတင်ပဲ ´´
သင်္ချိုင်းကုန်းက မြင်နေရပေမဲ့ အုတ်ဂူတွေကအင်မတန်များလှသည်။တရားရစရာပေါ့။အုတ်ဂူကိုမှ အမျိုးမျိုးရှိသေးသည်။ဂူကြီး ဂူငယ် ဂူလတ်ပြုလုပ်ထားတာလည်း ကောင်းတဲ့အယူအဆလား မကောင်းတဲ့အယူအဆလားမပြောတတ်ပေ။အသက်ရှင်နေတဲ့လူ့ဘဝမှာတော့အိမ်ကြီး အိမ်ငယ် အိမ်လတ် လောဘတက်နေပေမဲ့ သေသွားရင် ဘာမျှမပါနိုင်တော့တဲ့အရာတွေကို လူတွေကဘယ်လိုကြောင့်တရားမရလည်း မစဉ်းစားတတ်ပေ။ကျွန်မရဲ့တစ်ယူသန်အယူအဆတွေပေါ့လေ။အတွေးများစွာကိုတွေးရင်း ဦးလေးရဲ့အုတ်ဂူအရှေ့သို့ရောက်လာသည်။

ဦးနိုင်လင်း အသက်၅၂နှစ်
တစ်နေ့နေဝင်ငါ့ရုပ်နာမ် သေရန်တစ်ရက်နီးပြန်ပြီ
တစ်နှစ်ကုန်ပြန်ငါ့ရုပ်နာမ်သေရန်တစ်နှစ်နီးပြန်ပြီ
ငါဟူသောကိုယ်မရှိသူဟူသော နာမ်မရှိ

“စု နင်ဘာတွေရွတ်နေတာလဲ´´
“ဟင်အင်း မရွတ်ပါဘူး ´´
ကျွန်မ ပတ်ဝန်းကျင်ကိုခုမှသတိထားမိသည်။ကျွန်မအိပ်မက်ထဲက သင်္ချိုင်းကုန်းဖြစ်နေသည်။အိပ်မက်ထဲကအုတ်ဂူက ဒေါ်သက်ထားရီ အသက်၄၈နှစ် အုတ်ဂူအရောင်ကအဖြူရောင် ဖြစ်နေသည်။တ်ိုက်ဆိုင်တာပဲဖြစ်ပါစေလို့ ဆုတောင်းရင်း ဦးလေးကို အမျှဝေဆုတောင်းစကားတွေပြောပြီး ပြန်လာခဲ့ကြသည်။

®®®®®®®®®®
“အစ်မ အစ်ကို ကြီးမေ သားတို့ပြန်တော့မယ်´´
ကျွန်မတို့အားလုံးကိုနှုတ်ဆက်ရတော့သည်။
“အေးကွယ် ပျင်းနေတော့မှာပဲ´´
အမှန်ပင် ကျွန်မတို့လာမှ ကြီးမေတို့အိမ်က သာယာစိုပြေနေဟန်တူသည်။သားမိသုံးယောက်အဖို့ကျွန်မတို့ကိုသတိရနေမည်မှာလည်းမလွဲဧကန်ပါ။
“ရန်ကုန်လည်း အလည်လာခဲ့ကြနော်´´
“ကားကိုဂရုစိုက်မောင်းကြကွယ်
ညနေတောင်စောင်းနေပြီလေ မနက်ဖြန်မှပြန်ပါလား´´စိုးရိမ်တကြီးကျွန်မတို့ကို ကြီးမေ မျက်ရည်လေးဝဲကာပြောနေရှာသည်။အချိန်မှာလည်းအတော်လေးညနေစောင်းနေပြီ။
“ကားလမ်းက ညမိုးချုပ်မှချောင်တာ ပြီးတော့ကားမူးသက်သာအောင်လို့´´
“နောက်လည်းလာလည်ကြ´´ကြီးမေတို့ရဲ့မျက်နှာမှာ တဖြည်းဖြည်းမျက်ရည်ဝဲလျက် လက်ပြနှုတ်ဆက်ရှာသည်။
အားလုံးပျော်ပျော်ပါးပါးနဲ့သီချင်းတွေဆိုလျက်အပြန်ခရီးကပျော်ရွှင်ခဲ့ရသည်။
ကျွန်မရဲ့နောက်ဆုံးဇာတ်လမ်းလေးကဒီမှာစတာပဲ။
ချက်ချင်းကားထိုးရပ်သွားသည်။
“ဘာဖြစ်တာလဲ ´´
“ငါဘယ်သိမှာလဲ အောက်ဆင်းကြည့်ရအောင်´´
ဘေးပတ်ဝန်းကျင်က မှောင်မဲတိတ်ဆိတ်နေသည်။အသံကတိတ်ဆိတ်ပြီးခြောက်ခြားစရာကောင်းသည်။လေအေးများကြောင့်ကျောပင်ချမ်းတက်လာသည်။။ကြက်သီးများပင်ထလာသည်။
“ကားက ဘာဖြစ်တာလဲ´´
“ဘာမှမဖြစ်ဘူး ထိုးရပ်သွားတာ´´
“စက်နိုးကြည့်လေ´´
ထူးဆန်းလှသည်။ချက်ချင်းပင် လူအားလုံးအောက်ရောက်မှကားစက်နှိုးလို့ရသည်။
“ရပြီ အားလုံးပြန်တက်တော့´´
ကားပေါ်ပြန်တက်မည်အပြုမှာပဲ…
“ ဟားဟား´´
အလွန်ကျယ်လောင်သောရယ်သံနှင့်အတူမိန်းမတစ်ယောက်ထွက်ပေါ်လာသည်။အရှေ့တွင်အခေါင်းတစ်ခုရှိသည်။ဆံပင်ကိုဖားလျားချလျက်။အလွန်ကြောက်စရာကောင်းလှသည်။

“ဒီလိုလွယ်လွယ်နဲ့ထွက်သွားလို့မရဘူးငါ့မြေပြန်ပေး´´
“အား မင်း မင်းဘယ်သူလဲ အ အခေါင်ကြီးပါလား´´
“ငါ့ပိုင်နက်ထဲဝင်လာပြီး ငါ့မြေက်ိုယူသွားတာ ခုပြန်ပေး´´
“ကျွန်မတို့ဘာမြေမှမယူခဲ့ပါဘူး မနှောက်ယှက်ပါနဲ့´´
“မင်းတို့လူတွေ ငါ့မြေကို ယူသွားတယ် ခုပြန်ပေး´
“မြတ်မင်းခ မြတ်မင်းခ ဘာဖြစ်တာလဲ ´´
လွယ်အိတ်ကို လက်ညိုးထိုးပြနေလျက်။မြတ်မင်းခ စကားပင်မပြောနိုင်ပေ။
“လွယ်အိတ်ကို ထုတ်ကြည့်ကြလေ´´
ပဝါနှင့်မြေကြီးကို ထုတ်ထားသည်။

“မြတ်မင်းခ မင်းကွာ´´
“ခုချက်ချင်းငါ့မြေကို သူ့နေရာပြန်ပို့ပေး မဟုတ်ရင် အားလုံးကို ဂုတ်ချိုးသတ်မယ်´´
မျက်ထောင့်နီကြီးဖြင့်ကျွန်မတ်ို့အားကြည့်သည်။ထိုအမျိုးသမီးက ကြည့်လေကြည့်လေပိုကြောက်စရာကောင်းလာသည်။အငြိုးကြီးသူတစ်ယောက်လည်းဖြစ်ဟန်တူသည်ဟုကျွန်မတွေးနေရင်းမှ ထိုအမျိုးသမီးက သင်္ချိုင်းရှင်မ မဖဲဝါဟုတွေးထင်မိသည်။

“မြတ်မင်းခ မြတ်မင်းခ´´
“မင်းတို့သူငယ်ချင်းကို မသေစေချင်ရင် ခုချက်ချင်း ငါ့မြေက်ိုပြန်သွားထား´´
အသံမှာကြောက်စရာကောင်းလှသည်။
“အား´´
သူငယ်ချင်းအားလုံးလည်းမျက်စိစုံမှိတ်လျက်အော်နေကြသည်။
“မြန်မြန်ကားပေါ်ပြန်တက် ဟိုသင်္ချိုင်းကုန်းပြန်သွားရအောင်´´
ကားကိုအမြန်မောင်းစရာပင်မလိုဘဲ သင်္ချိုင်းကုန်းရှိရာသို့ရောက်သွားသည်။
“မြတ်မင်းခ မင်းယူခဲ့တဲ့နေရာကိုလက်ည်ိုးထိုး´´
“ဟိုနေရာတဲ့ ´´မြေကြီးကို အသာချပြီး လှည့်အထွက် ဖွားကနဲ
“အားး´´ဟူသောအသံနှင့်ပင်တစ်စုံတစ်ရာကိုတွေ့ပြီးပြေးခဲ့ကြရပြန်သည်။
ကျွန်မတို့ခြေလှမ်းတွေရပ်တန့်သွားရသည်။ကျွန်မတို့နားက သည်းကြီးမဲကြီး ကိုက်ဖြတ်စားသောက်မည့် ကြောက်မက်ဖွယ် အသိစိတ်ပျောက်နေသည့်လူအချို့ဝိုင်းလာသည်။

“ဟားငါ့ပိုင်နက်ထဲကို နောက်မလာနိုင်အောင် ပညာပေးကြစမ်း”
ထိုအမျိုးသမီးမှာမဖဲဝါဆိုတာသေချာပြီ။ကိုက်ဖြတ်စားမည့်သူများမှာ အစိမ်းသေသေသွားသူများသာဖြစ်ရမည်။တစ်ဖြည်းဖြည်းကျွန်မတို့နားရောက်လာသည်။

“ဆွဲကြိုးကော ဘုရားဆွဲကြိုး”
“ဟုတ်သားပဲ ´´
ကျွန်မတို့မောင်နှမနှစ်ယောက် ဘုရားဆွဲကြိုးကို ကိုင်မြှောက်လိုက်လျက် ချက်ချင်းဆိုသလို အမြင်အာရုံစူးရှလှတဲ့အလင်းရောင်ကြီးထွက်ပေါ်လာတော့သည်။
ကျန်တာဘာမှကျွန်မတို့မသိတော့ချေ…
“အားလုံးထ ထကြ´´
ကိုကြီးရှိုင်းကို အသံကြောင့် အားလုံးအလူးအလဲထကြည့်လိုက်တဲ့အခါ…
“ဟဲ့ ဟိုမှာ´´
“ဘာလဲရတီ´´
လက်ညိုးထိုးရာကြည့်လိုက်တော့ ရန်ကုန်တိုင်းဒေသကြီးမှ ကြိုဆိုပါသည်ဆိုသည့်ဆိုင်းဘုတ်ပင်။

“ငါတို့ မသေဘူးဟ ´´
ဒီလိုနဲ့အားလုံးအိမ်ကိုပြန်ရောက်ကြသလို အရင်ကထက် ခင်မင်မှု့တွေတိုးလာခဲ့ကြသည်။ ကျွန်မတို့သူငယ်ချင်းတွေခုဆို စည်းလုံးနေပြီ။
တစ်ယောက်နဲ့ တစ်ယောက်စနောက်မှုမရှိဘဲ
ဘဝခရီးကို လျှောက်လမ်းနေကြပါပြီ။ ။လူတွေအားလုံး တစ်ယောက်ကိုတစ်ယောက်စနောက်မှု့မှာအန္တရာယ်တွေ ပါလာတတ်လို့သတိနဲ့ယှဉ်ပြီး စနောက်ကြပါလို့တိုက်တွန်းလျက်…

ပြီးပါပြီ

တုနှိုင်းမဲ့(သစ္စာ)

Zawgyi Version

” သခ်ႋဳင္းရွင္မနဲ႔ တစ္ညတာ “(စ/ဆုံး)
——————————————–

အပိုင္း(၁)

ကြၽန္မတို႔သူငယ္ခ်င္းတစ္စု ေႏြရာသီေက်ာင္းပိတ္ရက္ ခရီးတစ္ခု ကိုသြားခဲ့ၾကသည္။အဲ့ဒီေနရာေလးကေတာ့ ဧရာဝတီတိုင္း ေဒသႀကီး၊ဓႏုျဖဴၿမိဳ႕ကေလးရွိ ႐ြာေလးတစ္႐ြာကိုေပါ့။ၿမိဳ႕ကေလးက က်ဥ္းေျမာင္းေပမဲ့ က်က္သေရရွိလွသည္။က်ိဳကၠလြန္ပြန္းဘုရားႀကီး၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ႏွင့္နာရီစင္တို႔က ၿမိဳ႕ကေလး၏က်က္သေရကိုေဆာင္ေနသည္။
ကြၽန္မတို႔အဖြဲ႕ေခါင္းေဆာင္ကေတာ့ ေက်ာင္းရဲ႕အတန္းေခါင္းေဆာင္ကြၽန္မရဲ႕အစ္ကိုပင္ျဖစ္သည္။လမ္းခရီးတြင္ ေညာင္တုန္းတံတားႀကီးကိုေက်ာ္ျဖတ္ခဲ့ရသည္မွာလည္း အလြန္အမွတ္တရျဖစ္လွသည္။တံတားေပၚကေန လယ္ေျမသဘာဝနဲ႔ျမစ္ေရရဲ႕သဘာဝတို႔က အလြန္က်က္သေရရွိလွသည္။ေလေကာင္းေလသန္႔ကိုရႈရႈိက္ရင္း အရမ္းစိတ္အပန္းေျပခဲ့ရသည္။ကြၽန္မတို႔သတိမထားမိသည္မွာ ဒီလိုသဘာဝတရားက ရရွိတဲ့အရာကိုအမွတ္တမဲ့ ပ်က္ဆီးေနၾကျခင္းပင္။

ခုလိုေလေကာင္းေလသန္႔မ်ိဳး တျခားေနရာတြင္ရႏိုင္ရန္မလြယ္လွေခ်။အထူးသျဖင့္ကြၽန္မတို႔ေနထိုင္တဲ့ရန္ကုန္လိုေနရာမ်ိဳးတြင္ ခုလိုေလေကာင္းေလသန္႔ကိုရရွိဖို႔မလြယ္ဘူးဆိုတဲ့အေတြးေလးနဲ႔ ခရီးဆက္ရင္း က်ိဳကၠလြန္ပြန္းဘုရားသို႔ဝင္ေရာက္ဖူးေျမႇာ္ခဲ့သည္။ဓႏုျဖဴၿမိဳ႕ရဲ႕က်က္သေရေဆာင္ဟု ပမာတင္စားရေလာက္ေအာင္ အလြန္တန္ခိုးႀကီးေသာ ဘုရားတစ္ဆူလည္းျဖစ္သည္။ထို႔ေနာက္ လမ္းဆုံတြင္တည္ရွိေနေသာ နာရီစင္ႏွင့္ ကြၽန္မတို႔ရဲ႕လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေၾကး႐ုပ္ထုတို႔မွာ ဓႏုျဖဴၿမိဳ႕ရဲ႕အထင္ကရ နာမည္ေက်ာ္ၾကားေနေသာ ေနရာမ်ားပင္။ဒီလိုနဲ႔သူငယ္ခ်င္းေတြေပ်ာ္ေပ်ာ္ပါးပါးခရီးဆက္ရင္း အစ္ကို႔ရဲ႕လမ္းျပမႈ႕ႏွင့္အတူ သြားလိုသည့္အိမ္သို႔ေရာက္ရွိခဲ့သည္။

ထိုအိမ္မွာ အျခားအိမ္မဟုတ္ ကြၽန္မ၏ႀကီးေမ ေတာ္စပ္သူတစ္ေယာက္အိမ္ပင္။ကြၽန္မကို ငယ္စဥ္ကထိန္းေက်ာင္းေပးခဲ့သူ တစ္ေယာက္ဆိုလည္းမမွားေခ်။သို႔ေသာ္ ကြၽန္မ ငယ္႐ြယ္သည့္အခ်ိန္မို႔ အစ္ကိုေျပာသည့္ ႀကီးေမဆိုသူကို ကြၽန္မမမွတ္မိေပ။အစ္ကို႔ရဲ႕ေရာက္ၿပီဆိုေသာ ေလသံႏွင့္အတူ ပတ္ဝန္းက်င္ကို ေငးေမာၾကည့္မိတဲ့အခါ ေတာ႐ြာသဘာဝ ၿခံဝန္းအလြန္က်ယ္ေျပာလွသည္ကို သတိထားမိသည္။ရန္ကုန္မွာဆို ၿခံအက်ယ္ႀကီးပိုင္သူက သူေ႒းပင္။ေတာ႐ြာမွာေတာ့ အေတာ္မ်ားမ်ား ၿခံအက်ယ္အဝန္းက်ယ္ႀကီးမ်ား ကိုပိုင္ဆိုင္ၾကသည္မွာ မဆန္းေပ။ၿခံဝန္းထဲကို အတားအဆီးမရွိ ကားဘီးကေလး လွိမ့္ကာေ႐ြ႕သြားေနသည္။

တံခါးမထားရွိသည္မွာလည္း ေတာ႐ြာရဲ႕႐ိုးသားတဲ့ဓေလ့ တစ္ခုပင္ျဖစ္သည္။ၿခံဝန္းထဲတြင္ သစ္ပင္ပန္းပင္တို႔မွာလည္း အလြန္ေနခ်င္စရာေကာင္းလွသည္။သို႔ေသာ္ တခ်ိဳ႕ေနရာေတြက အလြန္ခ်ဳံထူလွသည္။ေရွးဆန္လွသည္။အိုေဟာင္းလွသျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္ဟု ကြၽန္မခံစားမိသည္။ကြၽန္မရဲ႕အေတြးေလးေတြးက ကားဘီးေလးရပ္သြားသည္ႏွင့္အတူ ရပ္တန္႔သြားရသည္။

“ကဲ ကားေပၚကဆင္းၾက ေရာက္ပါၿပီ ခု မဟာစံအိမ္ကေန ႀကိဳဆိုပါတယ္´´

အစ္ကို႔ရဲ႕စကားအတိုင္း အားလုံးကားေပၚကေန ဆင္းၾကသည္။အားလုံးမ်က္ႏွာမလန္းၾကေပ။မ်က္ႏွာမလန္းသည့္အေၾကာင္းမွာ ၿခံကအလြန္အိုေဟာင္းေနျခင္းေၾကာင့္ပင္…

“အားလုံး နားနားေနေန ေနၾက ဒါကငါ့ရဲ႕ႀကီးေမအိမ္´´
အစ္ကို႔ရဲ႕စကားေၾကာင့္အားလုံးရဲ႕မ်က္လုံးေတြကအိမ္ႏွင့္ အိမ္ပတ္ဝန္းက်င္ကိုၾကည့္ၿပီး မ်က္ႏွာေတြ မ႐ႊင္မလန္းျဖစ္ေနသည္။အိမ္ႀကီးက မဟာစံအိမ္ဆိုသည့္အတိုင္း အလြန္မဟာဆန္ၿပီးေရွးက်သည္။ခ်ဳံႏြယ္မ်ားထူထပ္ေနသည္။တခ်ိဳ႕ေနရာမွာ ေရညႇိမ်ားပင္တက္ေနသည္။
သို႔ေသာ္ အိမ္ထဲဝင္လိုက္သည္ႏွင့္အသုံးအေဆာင္ေတြက ေခတ္ဆန္သည့္ အသုံးအေဆာင္မ်ားျပားလွသည္။ ၿခံ မွာ အလြန္အိုေဟာင္းေနသည္။ၿခံရဲ႕အက်ယ္အဝန္းကလည္း ၿခံထဲကေအာ္သံကိုပင္ အျပင္ကမၾကားႏိုင္ေလာက္ေအာင္ က်ယ္လွသည္။ထပ္ၿပီးေသခ်ာစပ္စုၾကည့္မွ
ၿခံေနာက္တြင္ သခ်ႋဳင္းကုန္းရွိေနျခင္းပင္ျဖစ္သည္။ရန္ကုန္ၿမိဳ႕တြင္ သခ်ႋဳင္းကုန္းဆိုတာ ဘာမွန္းမသိေလာက္ေအာင္ ရွားပါးလွသည္။ေတာ႐ြာမ်ားတြင္မူ သခ်ႋဳင္းကုန္းဆိုတာ အထူးအဆန္းမဟုတ္ေသာ ေနရာတစ္ခုပင္ျဖစ္သည္။

“ေဟ့ေယာင္ ေတြမင္းတို႔မ်က္ႏွာက ဘာျဖစ္ေနတာလဲ ´´
အစ္ကိုမွ ကြၽန္မတို႔အားလုံးကိုေျပာ လိုက္ေသာစကားပင္။

“မျဖစ္ပါဘူးကြာ ခရီးပန္းလာလို႔ပါ ရႈိင္းကိုရာ´´
သူရမွ အစ္ကို႔အားေျပာသည္။ထုံးစံအတိုင္း စကားအေခ်အတင္ေျပာဆိုၾကေလၿပီ။သူငယ္ခ်င္းေတြသာေျပာတာ ကြၽန္မတို႔အဖြဲ႕က အၿမဲစေနာက္ ရန္ျဖစ္ေနက်ပင္။ကြၽန္မအစ္ကိုရႈိင္းကိုက ေဒါသႀကီးေပမယ့္ ထိန္းခ်ဳပ္တတ္သည္။အုပ္ခ်ဳပ္မႈ႕ႏိုင္နင္း၏။ငယ္ငယ္ေလးကတည္းကေန ခုထိအၿမဲ
တမ္းအတန္းေခါင္းေဆာင္ တာဝန္ကို
ထမ္းေဆာင္ရသည္။ ခုလည္းကြၽန္မ
တို႔အဖြဲ႕ေခါင္းေဆာင္အျဖစ္ခန္႔ထားသည္။အစ္ကို႔ပုံသဏၭာန္က တစ္မူထူးျခားသည္။အရပ္၅ေပ၇လက္မခန္႔ အသားအရည္ကလည္းမျဖဴမညိဳေသာအသားအရည္ကိုပိုင္ဆိုင္ထားၿပီးမ်က္ခုံးေမႊးထူထူ ကအစ္ကို႔ကိုထင္ေပၚေစသည္။ေဒါသႀကီးေပမဲ့ေဖာ္ေ႐ြတဲ့ အၿပဳံးပိုင္ရွင္တစ္ေယာက္လည္းျဖစ္သည္။အစ္ကို႔ေၾကာင့္ ေယာက္မလို႔အေခၚခံရသည္မွာလည္း မနည္းေတာ့ေခ်။ကြၽန္မကလည္း ေယာက္မလို႔ေခၚတာကိုမႀကိဳက္ မႀကိဳက္မွန္းသိေလ လူေတြကလည္းစၾကတဲ့သဘာဝမဟုတ္လား။ကြၽန္မအတြက္ေတာ့ အစ္ကိုက အရာရာေကာင္းတယ္။လူေတြကိုလည္းေပးဆပ္အနစ္နာခံတတ္တယ္။…

“ဒီမွာ မိန္းကေလးေတြပါေနတာေတာင္ မၿငီးဘူး မင္းတို႔က ၿငီးေနတယ္ ´´

အစ္ကိုမွ သူရတို႔ကို ေဒါသထြက္ေသာေလသံျဖင့္ေျပာလိုက္သည္။အစ္ကိုေျပာသည္မွာလည္း မမွားေခ်။မိန္းကေလးေတြထက္ သူတို႔ေယာက္်ားေလးေတြက ပိုပင္ပန္းေနၾကသည္။သူရကပိုဆိုးသည္။တစ္ခါတေလ ႏႊဲ႕တဲ့တဲ့စကားေျပာဆိုငတတ္လို႔မႀကိဳက္။စေနာက္သန္သည္မွာ လည္းေယာက္်ားေလးအားလုံးလိုလိုပင္။

“မိန္းကေလးလည္း လူပဲငါတို႔လည္းလူပဲ ပင္ပန္းတာေပါ့´´

ျမတ္မင္းခမွ အစ္ကို႔ကိုျပန္ေျပာသည္။ျမတ္မင္းခမွာ ႐ုပ္ေခ်ာသလို ဂုဏ္ေမာက္သူတစ္ဦးလည္းျဖစ္သည္။ခင္မင္ေနေပမယ့္ျမတ္မင္းခ စိတ္ကခန္႔မွန္းလို႔မရ သူတစ္ေယာက္ဟုဆိုႏိုင္သည္။သူငယ္ခ်င္းစိတ္ဓာတ္ရွိလို႔သာ ခင္မင္ေနၾကျခင္းျဖစ္သည္။

“စကားကိုဘယ္လိုေျပာတာလည္း ျမတ္မင္းခ´´
“ေတာ္ပါေတာ့ ကိုႀကီးရာ ေရာက္ေရာက္ခ်င္း စကားေျပာတာေတြက ရန္ျဖစ္ေတာ့မယ္အတိုင္းပဲ ´´
ကြၽန္မ လည္း ဝင္တားရေခ်ၿပီ။မတားလွ်င္ ရန္ျဖစ္ၾကေတာ့မည္။ေနာက္ၿပီးရင္ သူတို႔ကျပန္တည့္ၾကတာပါပဲ။ခုရန္ျဖစ္တုန္းေတာ့ ေဘးလူေတြက အေနခက္ရသည္မဟုတ္လား။ထိုအခ်ိန္မွာပဲ…
“ မဟာစံအိမ္ကေနႀကိဳဆိုပါတယ္ ကေလးတို႔
ႀကီးေမအိမ္မွာ လြတ္လြတ္လပ္လပ္ေနလို႔ရတယ္ အိမ္မွာက သားမိသုံးေယာက္ထဲေနတာ သားႀကီးနဲ႔သမီးငယ္က လယ္ထဲသြားတယ္´´
ႀကီးေမဆိုသူမွာ အသက္၄၀ေက်ာ္၅၀ ဝန္းက်င္ျဖစ္သည္။အသက္ႀကီးေပမယ့္ဖ်တ္လတ္သည္။
သြက္ခ်ာသည္။မပိန္မဝေသာခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသည္။ေတာ႐ြာမွာေနသည္ဆိုေပမယ့္ ဝတ္ဆင္ပုံမွာပုံတုန္းႀကီးေတာ့မဟုတ္ေပ။

“ဒါနဲ႔ ႀကီးေမ သူ႔ကိုေသခ်ာၾကည့္ပါဦးဘယ္သူလဲလို႔´´
အစ္ကို႔ရဲ႕စကားေၾကာင့္ ႀကီးေမကြၽန္မကိုစူးစူးစိုက္စိုက္ၾကည့္သည္။အလြန္စူးရွေသာမ်က္လုံးတစ္စုံဟုဆိုႏိုင္သည္။ကြၽန္မလူငယ္ဆိုေပမယ့္ ထိုအၾကည့္ကိုမလြန္ဆန္ႏိုင္ေလာက္ေအာင္ပါပဲ။ႀကီးေမမ်က္စိအားေကာင္းသည္ဟု ဆိုရမည္။

“ႀကီးေမ မသိဘူး ငါ့တူ သူေလးကဘယ္သူလဲ´´
“ႀကီးေမရဲ႕ အခ်စ္ေတာ္ေလ ငယ္ငယ္က ႀကီးေမထိန္းခဲ့တဲ့ ပိုးဟပ္ျဖဴေလ´´
“ပိုးဟပ္ျဖဴဟုတ္လား မွတ္ေတာင္မမွတ္မိဘူး ´´
ပိုးဟပ္ျဖဴဆိုေသာနာမည္ႏွင့္အတူ ႀကီးေမရဲ႕မ်က္ႏွာမွာအၿပဳံးမ်ားေတာက္ေျပာင္သြားသည္။
“ကိုႀကီး စုကိုလူၾကားထဲမွာဖဲ့ေနတာလား´´
ကြၽန္မ ငယ္နာမည္ကို ေဖာ္ေနတာနဲ႔ကြၽန္မရွက္ရမ္း ရမ္းၿပီး အစ္ကို႔ကိုျပန္ေျပာမိသည္။

“မဖဲ့ပါဘူး နင္ငယ္ငယ္က အသားျဖဴၿပီးအရမ္းညစ္ပတ္တာတဲ့ အဲ့ဒါေၾကာင့္နင့္နာမည္ကို ပိုးဟပ္ျဖဴလို႔ေပးထားတာ´´
“တူမေလး က ႀကီးေမကိုမမွတ္မိလို႔ပါ ႀကီးေမဆီမွာ တူမေလးရဲ႕ကစားစရာေလးေတြေတာင္ရွိေသးတယ္ ´´
“ဟုတ္ကဲ့ ႀကီးေမ သမီးမမွတ္မိေတာ့ဘူး´´
“သမီးက ငယ္ေသးတာကိုး´´
“ရႈိင္းကို ငါတို႔ဗိုက္ဆာေနၿပီ ´´
သူငယ္ခ်င္းေတြ လူၾကားထဲဆိုဖဲ့ၿပီ။ခုလည္းဗိုက္ဆာသည္ကို ၾကာၾကာမေနႏိုင္လို႔ အစ္ကို႔ကိုေျပာေနၾကသည္။
“သားတို႔သမီးတို႔လည္း ဗိုက္ဆာေနေရာေပါ့ သမီးေလးကေတာ့ ခ်က္ျပဳတ္ေပးသြားတယ္ လာသမီးတို႔ဝိုင္းၿပီးခူးခပ္ေပးၾက´´
ကြၽန္မတို႔မိန္းကေလးေတြလည္း ထမင္းခူးခပ္ရေတာ့တာေပါ့။
“ဟုတ္ကဲ့ လာၾက ကလ်ာနဲ႔ႏွင္းရတီ´´
ကြၽန္မကေတာ့ေခါင္းေဆာင္ေပါ့။
အမ်ိဳးအိမ္ဆိုေတာ့။အားလုံးမိန္းကေလး
သုံးေယာက္ ေယာက္်ားေလး သုံးေယာက္ပင္။
“စုယမုံလႈိင္ နင္ကဟင္းေတြထမင္းေတြ
ေတာင္ျပင္တတ္လ္ို႔လား´´
ကြၽန္မကိုသူငယ္ခ်င္းေတြက ေလွာင္ေျပာင္ၾကေလၿပီ။သူတို႔ေျပာလည္းေျပာစရာ အိမ္ကမီးဖိုေခ်ာင္ကို ထမင္းစားဖို႔သာဝင္ျဖစ္တယ္။က်န္တာမလုပ္တတ္ေခ်။
“ဟုတ္တယ္ မလုပ္တတ္ဘဲေနမလား
နင္တို႔ကေလ ငါ့ဆိုဖဲ့ဖို႔ပဲေတြးေနၾကတာ´´
ကြၽန္မရဲ႕ႏႈတ္ခမ္းဆူၿပီး ျပန္ေျပာတတ္တဲ့အက်င့္ကဒီလိုေနရာေပါ့။

“ေသခ်ာလုပ္ၾက ဟင္းေတြကေတာ့ရွယ္ပဲ ဟင္းအမ်ားႀကီးကို တစ္ေယာက္တည္းခ်က္ထားတာလား´´
ျပင္ဆင္ေပးၿပီးတာနဲ႔ တင္ ဗိုက္ဆာတာေပ်ာက္သြားသလားပဲ။
“ဟုတ္တယ္ တူမေလးရဲ႕မမသီရိခ်က္ထားတာ ေျပာရင္းဆိုရင္းျပန္လာၿပီ´´
မမသီရိရဲ႕ ဝတ္စားဆင္ယင္မႈ႕မွာ ေခတ္မီၿပီးနန္းဆန္လွသည္။မ်က္ႏွာမ်ားလည္း ယဥ္ယဥ္ေလးႏွင့္ျမင္သူတကာေငးေမာေလာက္ေသာ မ်က္ႏွာပင္။ေခါင္းတြင္ ခေရပန္းကုံးေလးပန္ထားသည္။ေျခလွမ္းကလည္း အိေျႏၵိအျပည့္ဟုဆိုႏိုင္ေပသည္။
“ဧည့္သည္ေတြေရာက္ေနၿပီပဲ သမီးနဲ႔ကိုႀကီးလည္း အခ်ိန္မီေအာင္ျပန္လာၾကတာပဲ ေနာက္က်သြားတယ္´´
“ေနာက္မက်ပါဘူး မမသီရိ´´
ကိုရႈိင္းမွ မမသီရိကိုေျပာလိုက္သည္။မမသီရိအစ္ကို႔ကို ေကာင္းေကာင္းႀကီးမွတ္မိပုံရသည္။
“ငါ့ေမာင္ ရႈိင္းကို မွတ္ေတာင္မမွတ္မိဘူး´´
“ရႈိင္းကို မင္းကအစ္မေတာ့ျမင္တယ္ အစ္ကို႔ကိုမျမင္ဘူးေပါ့´´
“မဟုတ္ပါဘူးအစ္ကို ေနမည ညီေလးက အစ္ကို႔လူေကာင္ကိုၾကည့္ၿပီးမေတြ႕ဘူးျဖစ္ေနတာ´´
ေျပာလည္းေျပာစရာ အစ္ကိုေနမည
ဆိုသူက လူေကာင္ထြားက်ိဳင္းသည္။
“ငယ္ငယ္ကအက်င့္မေပ်ာက္ေသးဘူး´´ရယ္ရယ္ေမာေမာႏွင့္ေျပာဆိုသည္။
“လာလာ အားလုံးထမင္းစားလို႔ရၿပီ´´ႀကီးေမရဲ႕စကားသံေၾကာင့္ အားလုံးေပ်ာ္သြားသည္။
“လက္နဲ႔စားစား ဇြန္နဲ႔စားစား အဆင္ေျပတာနဲ႔စားၾက´´
“ႀကီးေမတို႔လည္း စားၾကေလ´´
“ေနာက္မွစားမယ္ စားၾက´
“မမသီရိက ဟင္းခ်က္လက္ရာေကာင္းတယ္ ´´
အားလုံးဗိုက္ဆာဆာနဲ႔ေပ်ာ္ေပ်ာ္ပါးပါးစားၾကေျမႇာက္လိုက္ပါပဲ…
“ကုန္ရင္ထပ္ထည့္ေပးမယ္ မေျမႇာက္ပါနဲ႔´´
“အဲ့ေကာင္မေလးက အဲ့လိုပဲ မမေရ ေျမႇာက္စား´´
“ကိုႀကီးေနာ္´´
“ကဲပါစားၾက ေမာင္ႏွမေတြစကားမမ်ားနဲ႔´
အားလုံးစကားလက္စုံေျပာရင္းနဲ႔အခ်ိန္ေတြကုန္သြားတယ္။
®®®®®®

ဒီလိုနဲ႔တစ္မနက္တာကုန္ဆုံးသြားတယ္။အားလုံးေပါင္းသူငယ္ခ်င္းေျခာက္ေယာက္လာၾကတာ။ကိုႀကီးရႈိင္းကို ၊သူရ ၊ျမတ္မင္းခ၊ကလ်ာ၊ႏွင္းရတီ၊ကြၽန္မစုယမုံလႈိင္အားလုံးေပါင္းေျခာက္ေယာက္ေပါ့။ကိုႀကီးရႈိင္းကို အတန္းေခါင္းေဆာင္ျဖစ္သလို ထိန္းႏိုင္တယ္။လူကဲခက္ေတာ္တယ္။နည္းနည္းေတာ့ေဒါသႀကီးတယ္။သူရ ေအးတယ္။ကိစၥေတြကိုဝင္ၿပီးေျဖရွင္းတတ္တယ္။ဒါေပမဲ့ေယာက္်ားေလးျဖစ္ၿပီး အရမ္းေအးလြန္းတယ္။သတၱိမရွိဘူး။ျမတ္မင္းခ မ်က္ႏွာေျပာင္တယ္။အစအေနာက္သန္တယ္။အစ္ကိုနဲ႔ မတည့္အတူေန။မ်က္ႏွာျမင္ရင္ေဒါသျဖစ္တယ္။မျမင္ရင္ေခ်ာင္းၾကည့္ဆိုသလို။ငယ္သူငယ္ခ်င္းေတြမတည့္ၾကဘူး။ကလ်ာ ေအးေတာ့ေအးတယ္။ဒါေပမဲ့စပ္စုတယ္။ႏွင္းရတီ ေခတ္ဆန္တယ္။သြက္လက္တယ္။စေနာက္တတ္တယ္။ကြၽန္ေတာ္ေတာ့ အားလုံးသိတဲ့အတ္ုိင္း မဟုတ္မခံ ကိုယ့္ကိုေသးေသးမတင္နဲ႔ လုံးႀကီးျပန္တင္တတ္တဲ့လူစားမ်ိဳး။မိန္းကေလးပုံစံေယာက္်ားေလးစိတ္ ေဒါသႀကီးတယ္။စိတ္ေကာက္တက္တယ္။အားငယ္တတ္တယ္။အားလုံးကသူငယ္ခ်င္းေတြဆိုေပမဲ့ တစ္ေယာက္တစ္မ်ိဳးေတြေပါ့။ဒါေပမဲ့စည္းလုံးမႈေတာ့ရွိတယ္။အစားအေသာက္ဆိုစားမယ္။ခရီးဆိုသြားမယ္ဆိုတဲ့လူစားမ်ိဳးေတြခ်ည္းပဲ။

“ငါ့ညီတို႔ကံေကာင္းတယ္´´
“ဘာကိုလဲအစ္ကို´´
“နတ္ပြဲရွိတယ္ မင္းတို႔ရန္ကုန္မွာမျမင္ဘူးတဲ့ပြဲ´´
“နတ္ပြဲေတာ့ၾကည့္ဖူးပါတယ္ ဒါေပမဲ့ပ်င္းစရာႀကီး”
“ဒီည မပ်င္းေစရဘူး´´
ကြၽန္မတို႔အလြန္စိတ္ဝင္စားမိသည္။
“ဟုတ္တယ္ ငါ့ေမာင္ရဲ႕ ဒီညမဖဲဝါကိုပင့္တဲ့ပြဲ ၾကမ္းတယ္´´
“ဒါဆိုသြားၾကည့္ၾကတာေပါ့´´
“ဘာသြားၾကည့္ရေအာင္လည္း မိန္းကေလးေတြမလိုက္ရဘူး´´
ကိုႀကီးက ကြၽန္မတို႔ကိုဆူသည္။

“မသိဘူး လိုက္မွာပဲ ကြၽန္မတို႔မလိုက္ရရင္ ကိုႀကီးတို႔လည္းမသြားရဘူး´´
ကြၽန္မအက်င့္အတိုင္း ဘယ္သူမွတားမရပါဘူး။
“ဘာမွမျဖစ္ပါဘူး သြားလို႔ရပါတယ္ ´´
“ႀကီးေမ ´´လို႔ေခၚၿပီးကြၽန္မစကားသံရပ္တန္႔သြားတယ္။
“စုယမုံလႈိင္ ေျမးမသြားပါနဲ႔´´စကားသံကြၽန္မနားထဲၾကားလိုက္ရေသာေၾကာင့္ျဖစ္သည္။
“ဒါ ဘိုးဘိုးအသံပဲ´´ကြၽန္မစကားေၾကာင့္ ဘိုးဘိုးတားေနျခင္းပင္။
“မိစု ဘာျဖစ္တာလဲ´´
“ဟင္အင္းမျဖစ္ပါဘူး ကြၽန္မတို႔သြားနားရေအာင္´´
“ေအးေအး ေရမိုးခ်ိဳးၾက နားၾက´´
“စု နင္ဘာျဖစ္ေနတာလဲ´´
“မျဖစ္ပါဘူး ကလ်ာ ´´
“နင္တစ္ခုခုေတာ့ျဖစ္ေနတယ္ေနာ္´´
“ငါေဆးေသာက္ၿပီးအိပ္ေတာ့မယ္ ညေနန္ိုးေနာ္´´
“နင္ ဘာလ္ို႔အဲ့ေဆးေတြေသာက္ေနတာလဲ´´
သူငယ္ခ်င္းႏွစ္ေယာက္ ကြၽန္မအားၿပိဳင္တူေမးတယ္။
“ငါ စိတ္တည္ၿငိမ္ေအာင္လို႔ပါဟာ ´´
“စိတ္ၿငိမ္ေဆးက ေသာက္တိုင္းေကာင္းတာမဟုတ္ဘူးေနာ္´´
“ဆရာဝန္ရဲ႕လမ္းၫႊန္ခ်က္နဲ႔ေသာက္တာပါ´´
“ေအးပါ ဒါဆိုအိပ္ေလ ေရခ်ိဳးၿပီးမွအိပ္ပါလား´´
“အင္းပါ´´

®®®®®®®®®®

£€£€ညေနေနရီေနရီ ေရခပ္ခ်ိန္ေလးနီးလာၿပီ £€£သီခ်င္းေလး ဆိုေနတဲ့ အစ္ကိုေနမညအားကြၽန္မလွမ္းစလိုက္တယ္။
“ကိုႀကီးေနမည´´
“လန္႔လိုက္တာ ညီမတို႔ေရခ်ိဳးလို႔ရၿပီေနာ္ အစ္ကိုသြားၿပီ´´
“ဒါနဲ႔ ကိုႀကီးရႈိင္းကို တို႔ကိုမေတြ႕ပါလား´´
“သခ်ႋဳင္းကုန္းဘက္သြားတယ္ ´´
“ဟင္ ဘာသြားလုပ္ၾကတာလဲ´´

သခ်ၤ ိုင္းကုန္းဆိုတာသြားေကာင္းသည့္ေနရာမဟုတ္လို႔ထင္ျမင္မိသည္။တစ္ေန႔သြားၾကရမွာေတာ့မွန္ပါတယ္။ဒါေပမယ့္…

“သြားၿပီးေလ့လာတာေနမွာေပါ့´´
“ဘာေတြေလွ်ာက္လုပ္ျပန္ၿပီလဲမသိဘူး စိတ္ညစ္ပါတယ္´´
“ခဏေနျပန္လာရင္လာေပါ့ မလာရင္´´
ကြၽန္မလည္းစိတ္တိုေနမိသည္။

“မလာရင္ဘာျဖစ္လဲ´´
“ေရခ်ိဳးဖို႔လုပ္ေတာ့ ေရခ်ိဳးခန္းကေရမလာဘူး အေနာက္မွာေရတြင္းရွိတယ္။အစ္ကိုသြားၿပီတစ္ခုခုလိုရင္ နင့္အစ္မသီရိကိုလွမ္းေခၚလိုက္´´
ကိုေနမညကပဲအားလုံးစီစဥ္ေပးသည္။

“ဟုတ္ကဲ့ပါ´´
“ေရကေအးေနတာပဲ´´
“ခ်ိဳးၾကပါ သိပ္ၿပီးေဆာ့မေနနဲ႔ဖ်ားမယ္´´
“နင့္မ်က္ႏွာကဘာျဖစ္ေနတာလဲ´´
ကြၽန္မမ်က္ႏွာမေကာင္းမွန္းသူတို႔ရိပ္မိၾကဟန္တူသည္။

“မျဖစ္ပါဘူး ´´
“ငါအရင္သြားႏွင့္မယ္ လိုက္ခဲ့ၾက´´
ကြၽန္မလည္း ေရအျမန္ခ်ိဳးၿပီး အျမန္သြားနားေတာ့သည္။

“ဟုတ္ကဲ့ပါရွင္ ´´
“ဘာျဖစ္ေနတာလဲ မသိဘူး´´
ႏွစ္ေယာက္သားျငင္းခုန္ၿပီးက်န္ေနခဲ့သည္။
“စပ္စုမ ျမန္ျမန္ခ်ိဳး´´

®®®®®®®®®®®

႐ုတ္တရက္ ဆိုသလိုေလညင္းကေလးမ်ား တိုက္ခတ္လာတယ္။ပတ္ဝန္းက်င္က မဲေမွာင္က်သြားတယ္။ၿငိမ္သက္ေနရာမွ ေခြးအူသံမ်ား ၾကားလိုက္ရတယ္။ေခြးေဟာင္သံမ်ား ၾကားလိုက္ရတယ္။
“အူးဝူး…အူးဝူး…´´ဆြဲငင္ေသာအသံမ်ားမွာေၾကာက္စရာေကာင္းလွသည္။
ေၾကာက္စရာေကာင္းတဲ့အေငြ႕အသက္ကို ခ်က္ခ်င္းဆိုသလို ခံစားလိုက္ရ၏။ေဘးပတ္ဝန္းက်င္မွာဘာမွကိုမျမင္ရဘဲ မီးခိုးလုံးမ်ားထြက္ေပၚလာသည္။

“ဘယ္သူရွိလဲ´´
“အဲ့ဒီမွာရပ္စမ္း ငါ့ပိုင္နက္ထဲက်ဴးေက်ာ္လာတာဘာလဲ´´
အသံၾသၾသႀကီးႏွင့္ ေၾကာက္စရာေကာင္းလွေသာ အသံထြက္ေပၚလာသည္။

“သင္ကဘယ္သူလဲ ကြၽန္မကခရီးသြားပါ လမ္းေပ်ာက္ေနလို႔´´
“ဟား ဟား ငါ့ပိုင္နက္ထဲဝင္လာၿပီးေတာ့မွ ငါဘယ္သူလဲဆိုတာမသိဘူး ဟုတ္လား မင္းရဲ႕အေရွ႕ကိုေသခ်ာၾကည့္ၾကည့္ပါဦး´´
“ဂူ ဂူေတြ´´
ကြၽန္မ အရမ္းတုန္လႈပ္သြားမိသည္။
ဘာလုပ္ရမလဲမသိျဖစ္သြားရ၏။
“ငါ့ပိုင္နက္ထဲ ဝင္လာတဲ့ ငမိုက္သားကို ဖမ္းၿပီးစားၾကစမ္း´´
“ဟင္ ကိုႀကီးရႈိင္းကို သူရ ျမတ္မင္းခ ဘာျဖစ္ေနၾကတာလဲ´´

သုံးေယာက္စလုံးမ်က္ႏွာက ေသြးသံရဲရဲႏွင့္ေၾကာက္စရာေကာင္းလွသည္။အသိစိတ္မ်ားလည္းကြယ္ေပ်ာက္ေနသည့္အလား…

“အ႐ိုးပါမက်န္ေအာင္ စားၾကစမ္း ဟားဟား´´
“ကိုႀကီး မေလးေလ မိစု သူရနဲ႔ျမတ္မင္းခ ငါနင္တို႔သူငယ္ခ်င္းေလ´´
သူတို႔မ်က္ႏွာကလူစိတ္ေပ်ာက္ေနုၿပီး။ကြၽန္မအားစားေတာ့မယ့္အေနအထားမွာရွိတယ္။ကြၽန္မလည္း အားကုန္ေျပးရင္း…
“အား…ကယ္ၾကပါဦး´´
အိပ္မက္မွကြၽန္မႏိုးထလာသည္။
“မိစု ဘာျဖစ္တာလဲ´´
အားလုံးကကြၽန္မအား ဝိုင္းၾကည့္ေနၾကသည္။

“တူမေလး ေရေသာက္လိုက္´´
“အိပ္မက္ဆိုးမက္လို႔ပါ´´
“ဘာလို႔ေဆးေတြေသာက္ၿပီးအိပ္တာလဲ´´
အစ္က္ိုေဒါသထြက္ေသာေလသံ
စိတ္ပူေသာေလသံျဖင့္ကြၽန္မက္ိုေျပာသည္။
“စိတ္ၾကည္ေအာင္ပါကိုႀကီးရာ´´
“ကဲပါ ငါ့ေမာင္ရာ ညီမေလးကိုဘာမွမေျပာပါနဲ႔ ´´
“ဒါနဲ႔ ကိုႀကီးတို႔သခ်ႋဳင္းကုန္းသြားတယ္ဆို´´
“မသြားပါဘူး ´´
“ကိုႀကီးေနမည´´
“နင့္အေၾကာင္းသိလို႔ ငါစလိုက္တာပါ´´
“ကဲညေနေစာင္းေနၿပီ ထမင္းစားၿပီး နတ္ပြဲသြားၾကည့္ၾကမယ္´´
“မသြားေတာ့ဘူး´´
“ဘာျဖစ္လိူ႔လဲ´´
“မိစု လိုက္လို႔မျဖစ္ဘူး´´
“ကိုႀကီးေနာ္ ဒီအထိလိုက္လာၿပီးမွေတာ့ စုကိုမခ်ဳပ္ခ်ယ္ပါနဲ႔ ဟိုမသြားနဲ႔ ဒီမသြားနဲ႔ ဆိုတာကိုမၾကားခ်င္ဘူး´´
“ဒီေမာင္ႏွမႏွစ္ေယာက္ကေတာ့ေလ မေျပာလိုက္ခ်င္ဘူး လာထမင္းစားၿပီးရင္သြားၾကမယ္´´
®®®®®®®®®®®

“နတ္ပြဲက စေနၿပီထင္တယ္´´
အားလုံးကၾကည့္ခ်င္စိတ္မ်ားမ်ားေနသည္။

“ ညမိုးခ်ဳပ္မွ မဖဲဝါဝင္မွာ´´
“ေဝးေသးလား ´´
“တစ္ေခၚဆိုေရာက္ပါၿပီ´´
တစ္ေခၚဆိုသည့္အတိုင္းအတာမွာ လူတစ္ေယာက္တစ္ခါေအာ္ေျပာေသာအသံျဖစ္သည္။အလြန္ေဝးလွသည္။
“အသံေတြၾကားေနရၿပီ ´´
`စု နင္နတ္ပြဲၾကည့္ခ်င္တယ္ေျပာေသးတယ္မ်က္ႏွာက´´
“ကလ်ာ သူ႔အေၾကာင္းလည္းသိသားနဲ႔ တစ္ေယာက္ေယာက္နဲ႔ရန္ျဖစ္ရင္ႏႈတ္ခမ္းကစူ
မ်က္ႏွာကလည္း´´
“မဟုတ္ပါဘူးဟာ ငါတစ္ခုခုစဥ္းစားမိလို႔ပါ´´
“ေရာက္ၿပီနဲ႔ထင္တယ္´´
“လူေတြအမ်ားႀကီးပဲ´´
“ခုဆို အုန္းသီးကို ပါးစပ္နဲ႔အခြံခြာျပမွာျဖစ္ပါတယ္။´´
“အုန္းသီးကလည္းအစစ္ပါ´´
“ကဲ ဆရာေရ တီးလုံးေလးၾကမ္းေပးပါဗ်ိဳ႕´´
“ၾကမ္းသကိုး အုန္းသီးကို ပါးစပ္နဲ႔ခြာတာၾကည့္ၾကပါဦး´´
“Video ႐ိုက္ေလ´´
“ဒီေလာက္လူအမ်ားႀကီးတိုးလို႔ေတာင္မရတာ ဘယ္လို႐ိုက္လို႔ရမွာလဲ´´
အမွန္ပင္ လူကတိုးမေပါက္ေလာက္ေအာင္မ်ားျပားသည္။

“နင္တို႔ကေယာက္်ားေလးေတြျဖစ္ၿပီးေတာ့´´
“အပိုေတြေျပာမေနနဲ႔ အားလုံးမျမင္ရတာခ်င္းအတူတူ´´
“ေတာ္ၾကေတာ့ ရန္ပဲျဖစ္မေနၾကနဲ႔´´
“အုန္းသီးကအစစ္ပါေနာ္´´
“အုန္းရည္ေတာင္ေသာက္ျပေနတာကို စစ္လားဆိုေတာ့ နင္မခြဲျခားတတ္ဘူးလား´´
“နည္းနည္းေနာက္ဆုတ္ေပးၾကပါ ထိခိုက္မိတာေလးေတြရွိမွာဆိုးလို႔ပါ ခုဆိုမီးဓားကို ကိုင္ၿပီးခုတ္ျပမွာျဖစ္ပါတယ္ မေတာ္တဆထိခိုက္မႈမရွိရေအာင္ ေနာက္ဆုတ္ေပးၾကပါ´´
“အားး´´ဓားမွာေရနံဆီေလာင္းၿပီး မီးေတာက္ေလာင္ေနေသာ အရွိန္ျဖင့္ လက္ေတြက္ိုဓားနဲ႔မႊန္းျပေနတာ အလြန္ေၾကာက္စရာေကာင္းလွသည္။တစ္ပြဲလုံးေအာ္သံမ်ားဆူညံေနသည္။
“ဘယ္လိုလဲေၾကာက္ေနၿပီမဟုတ္လား အဲ့ဒါေၾကာင့္နင္တို႔မိန္းကေလးေတြကို
ေခၚမလာခ်င္တာ´´
“အား´´
ဓားႏွစ္ဖက္ကိုင္ကာ လူအုပ္ၾကားထဲသို႔ဝင္ေျပးျခင္းေၾကာင့္အားလုံးတုန္လႈပ္သြားသည္။
“နည္းေတာင္နည္းေသးတယ္ ´´
မ်က္ႏွာဆိုးႀကီးႏွင့္ လက္ကဓားကိုကိုင္ၿပီးကြၽန္မတို႔ဆီကလာေတာ့ မေၾကာက္ဘဲေနမည္လား။
“ေနာက္ဆုံးအစီအစဥ္ကေတာ့ မဖဲဝါကိုပင့္တဲ့ပြဲပဲျဖစ္ပါတယ္။ဒီညဟာ ေနာက္ဆုံးညမို႔စကားအခ်ိဳ႕လည္းေျပာခ်င္ပါေသးတယ္´´
ေျပာသြားတဲ့စကားေတြထဲမွာ ကြၽန္မအႀကိဳက္ဆုံးစကားေလးတစ္ခြန္းရွိတယ္။
“လူေတြကေျပာတယ္ ဘာလို႔နတ္ကိုးကြယ္တာလဲတဲ့ ကြၽန္ေတာ္တို႔ေျပာခ်င္ပါတယ္ နတ္ကိုကြၽန္ေတာ္တို႔မကိုးကြယ္ပါ ကြၽန္ေတာ္တို႔ကိုးကြယ္တာ ဘုရားပါ။နတ္ဆိုတာ အသိမွတ္ျပဳတဲ့အေနနဲ႔သူတို႔အတြက္ ခုလိုက်င္းပေပးတာပါ။ဒါကို လူငယ္ေတြသိေအာင္ေျပာခ်င္ပါတယ္´´ကြၽန္မနားထဲတြင္ထိုစကားစြဲထင္ေနသည္။

အခ်ိန္အားျဖင့္ ည၁၁ထိုးၿပီ
“ခုဆိုမဖဲဝါကို ပင့္ဖိတ္မွာျဖစ္ပါတယ္´´
“ဆိုင္းေတာ္သား ေရ မဖဲဝါ ပင့္မယ္ေဟ့
မဖဲဝါအတြက္ျပင္ဆင္ေပးၿပီးပါၿပီ´´
မဖဲဝါဝင္ပူးတဲ့ပုံသဏၭာန္ကအလြန္ေၾကာက္စရာေကာင္းသည္။ဆံပင္ဖ်ားလ်ားခ်ကာ မ်က္လုံးေတြဟာ သိသာစြာနီရဲေနသည္။စကားေတြလည္းေျပာေနသည္။ကြၽန္မတို႔ေတာ့နားမလည္ပါ။

“ကဲ အဆင္သင့္ျပင္ ေျပးေတာ့´´
“ဖယ္ဖယ္ ေျပး´´
လူအမ်ားရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ပါတယ္။လူတစ္ေယာက္ဟာ ၾကက္အေသတစ္ေကာင္က္ိုအစိမ္းလိုက္ဇေကာထဲထည့္ၿပီး ေျပးကာ မဖဲဝါမွေနာက္ကလိုက္ျခင္းျဖစ္သည္။သူတို႔ေျပာတာေတာ့ ေျပးတဲ့သူဟာ လြတ္ေအာင္ေျပးၿပီး မဖဲဝါမသိေအာင္ လမ္းတြင္ပစ္ထားခဲ့ရမည္ျဖစ္သည္။နတ္ကနားေပးေသာအိမ္သည္ လမ္းရဲ႕ေထာင့္ေနရာတြင္ရွိၿပီး လမ္းဟာ အေတာ္ရွည္လ်ားၿပီး ေလးေထာင့္ပုံသဏၭာန္ရွိသည္။မိနစ္ပိုင္းေလာက္ၾကာေတာ့ အေရွ႕ကေျပးသြားေသာ လူတစ္ေယာက္အရင္ျပန္ေရာက္လာၿပီး မဖဲဝါဝင္ပူးထားသူသည္အေနာက္မွေရာက္လာကာ လူအုပ္ထဲသို႔ ေၾကာက္ေအာင္ေျခာက္ျပျခင္းေၾကာင့္ ပြဲဟာအလြန္ပြတ္ေလာ႐ိုက္သြားသည္။

“ေက်နပ္ၿပီထင္တယ္ ကစားတာကိုေက်နပ္ပါေတာ့´´
“မေက်နပ္ေသးဘူး ၾကက္အစိမ္းငါ့ကိုထပ္ေကြၽး”
မဖဲဝါဝင္ပူးေနသူမွအသံၾသၾသႏွင့္ေျပာေနသည္။
“ဟုတ္ပါၿပီ ေက်နပ္ေစရမယ္ ကဲ႐ြာစားေရ ပတ္မႀကီးတီးေစ…”
ေနာက္တစ္ဖန္လူတစ္ေယာက္ၾကက္အစိမ္းကိုကိုင္ၿပီးေရွ႕မွေျပးျပန္သည္။

“လိုက္ဟ လိုက္ လိုက္”
“အူးဝူး…အူးဝူး…”
ေခြးအူသံေတြလည္းထြက္ေပၚလာသည္။ေရွ႕မွေျပးေသာသူျပန္ေရာက္လာၿပီ။
ဇေကာေတာ့ပါမလာေခ်။
“ေဟးေပ်ာ္ပါေတာ့ ေက်နပ္ပါေတာ့ ထပ္မကစားပါနဲ႔ လိပ္ျပာရွင္လည္းပင္ပန္းလွၿပီ”
”အင္း”
”အား”
ကြၽန္မေအာ္သံတစ္ပြဲလုံးဆူထြက္သြားသည္။မဖဲဝါဝင္ပူးထားသူကြၽန္မေရွ႕ေရာက္လာျခင္းေၾကာင့္ပင္…

“ဟဲ့စု အဆင္ေျပလား”
“အင္းေျပတယ္”
ကြၽန္မေရွ႕ကေန ခ်က္ခ်င္းျပန္လွည့္သြားသည္။အၾကည့္က အလြန္စူးရွလွသည္။
“ဒီလိုနဲ႔ဝင္ပူးထားတဲ့သူလည္းအေကာင္းပကတ္ိျဖစ္သြားသည္။´´

ခုဆိုရင္ေတာ့ ပြဲဟာေအာင္ျမင္စြာ ၿပီးဆုံးသြားပါၿပီ။ဒီအိမ္ဒီၿခံကိုလာေရာက္ေသာ လူအမ်ားလည္း ေကာင္းက်ိဳးေတြျပည့္ဝပါေစ။မေန႔ကမွ ပြဲေပးထားေသာ ငွက္ေပ်ာသီးေတြဟာ ခုညအလြန္ေပ်ာ္ေနၿပီ ဟုလည္းၾကားသိရသည္။ငွက္ေပ်ာသီးမ်ားကို ပြဲလာပရိသတ္မ်ား က္ိုေဝကာ နတ္ကနားပြဲၿပီးဆုံးသြားသည္။
“ကဲျပန္မယ္ လာလာ”
အားလုံးအေတြးမ်ားစြာႏွင့္ ျပန္လာၾကသည္။လမ္းတြင္…
”အူးးဝူးးး”
သိသာစြာေခြးမ်ားရဲ႕ဆြဲငင္ေအာ္ျမည္သံက ေၾကာက္မက္ဖြယ္ေကာင္းေနသည္။ေက်ာထဲကိုစိမ့္သလိုခံစားရသည္။

®®®®®®®®®®
ဆက္ရန္
တုႏႈိင္းမဲ့(သစၥာ)

“သခ်ၤ ိုင္းရွင္မႏွင့္ တစ္ညတာ”
____________________

(ဇာတ္သိမ္းပိုင္း)

ပတ္ဝန္းက်င္က ျပန္လည္တိတ္ဆိတ္သြားျပန္သည္။ေခြးအူသံမ်ားခ်က္ခ်င္းရပ္သြားသည္။တစ္ဖြဲ႕လုံးလည္းတိတ္ဆိတ္ေနတာနဲ႔ ကြၽန္မစကားစလိုက္သည္။
“နတ္ပြဲေတာ့ၿပီးသြားၿပီ နင္တို႔ဘာရလ္ိုက္လဲ´´
“ငွက္ေပ်ာသီးရလိုက္တယ္ေလ´´
ျမတ္မင္းခမွေျပာင္စပ္စပ္ေျပာသည္။
ျမတ္မင္းခက တစ္ခါတေလမာနႀကီးေပမယ့္ ေျပာင္တတ္တဲ့အက်င့္က လူခ်စ္လူခင္ေပါမ်ားေစသလားမေျပာတတ္ေပ။ကြၽန္မလည္း ေဒါသထြက္ထြက္ႏွင့္ေအာ္ေျပာလိုက္သည္။

“ဟာ ငါေျပာတာက ဘာသင္ခန္းစာရလိုက္လဲေမးတာ´´
ကြၽန္မေလသံအနည္းငယ္က်ယ္သြားဟန္တူသည္။
“စု နင္ သင္ခန္းစာရခ်င္ရင္ စာဖတ္ေလ နတ္ပြဲကေနေတာ့ဘာရမွာလဲ´´ကလ်ာမွကြၽန္မကိုေျပာသည္။
“စာဖတ္မွ သင္ခန္းစာရမွာမဟုတ္ပါဘူး ကိုယ့္ရဲ႕တစ္ေန႔တာေတြ႕ရွိတဲ့ျမင္ကြင္းေတြကလည္း ဗဟုသုတရႏိုင္တယ္´´
ကြၽန္မရဲ႕အေျပာကို သူတို႔သေဘာမေတြ႕ၾကေပ။ကြၽန္မရဲ႕ခံယူခ်က္တစ္ခုဆိုလည္းမမွားေခ်။လူေတြက စာအုပ္စာေပဖတ္မွ ဗဟုသုတအသိဥာဏ္ရမည္ဟု ထင္ေနၾကသည္။ကြၽန္မအေနနဲ႔ ပတ္ဝန္းက်င္မွာေတြ႕ရွိသမွ်အရာေတြအေပၚ ေကာင္းေကာင္းအသုံးခ်တတ္၊ အတုယူတတ္လွ်င္ ဗဟုသုတရရွိေစတယ္လို႔ခံယူထား၏။အမွန္ပင္ ကြၽန္မခုဆို onlineေပၚတြင္စာေပအနည္းငယ္ကို မေတာက္တေခါက္ေရးတတ္လာသည္။အသိပညာမ်ားကိုလည္းအနည္းငယ္စုေဆာင္းၿပီး ျပန္လွည္ေပးေဆာင္ႏိုင္ေနၿပီဟုယူဆမိသည္။ထိုသို႔လုပ္ေဆာင္ႏိုင္ရျခင္းမွာ စာဖတ္ျခင္းအက်ိဳးမ်ားပါသည္ကို ကြၽန္မ မျငင္းပါ။သို႔ေသာ္ ကြၽန္မခုခ်ိန္ထိ စာအုပ္ေကာင္း၁၀အုပ္ထက္ပိုမဖတ္ဖူးေသးေခ်။ေက်ာင္းပုံႏွိပ္စာအုပ္ကိုသာအသက္၁၈ႏွစ္ထိ ဖတ္မွတ္ေနရသည္။ဆယ္တန္းေျဖၿပီးမွ အျပင္စာအုပ္ေတြကိုဖတ္မွတ္ေလ့လာျဖစ္သည္မွာလည္းယေန႔ထိဆို စာအုပ္စာေပေကာင္း၇အုပ္ခန္႔သာဖတ္ဖူးမွတ္ဖူးသည္။ကြၽန္မအေနနဲ႔ ပတ္ဝန္းက်င္မွ အသိပညာမ်ားကိုယူေဆာင္တတ္သည္ကို ပိုမ်ား၏။မ်က္စိေရွ႕တြင္ စက္ဘီးေမွာက္သည့္ျဖစ္ရပ္ကအစ သခၤန္းစာယူတတ္သည့္အက်င့္ကြၽန္မမွာရွိသည္။ကြၽန္မရဲ႕ေျပာဆိုလိုက္ေသာစကားေပၚ မမသီရိ ျပန္လည္ခြန္းဆိုလိုက္သည္။မမသီရိတစ္ေယာက္ ညဘက္ေမွာင္မဲေနတဲ့အခ်ိန္မွာပင္ သူ၏ အလွမွာထင္ေပၚေနေသးသည္။
ကြၽန္မကို ရယ္ေမာေပ်ာ္႐ႊင္ဖြယ္အသံျဖင့္စကားဆိုလိုက္ပုံမွာအလြန္နားေအးခ်မ္းေျမ့ေစသည္။

“ဒါမွေပါ့…ငါ့ညီမမိစုကေတာ့ ငယ္ငယ္ကအတိုင္းပဲ´´
ကြၽန္မလည္းသိလ်က္နဲ႔ျပန္ေမးသည္။
“ဘာကိုလဲ မမသီရိ´´
“အစ္မေနာက္မွေျပာျပမယ္ ´´မမရဲ႕မ်က္ႏွာကကြၽန္မအားေမးခြန္းမ်ားစြာေမးခ်င္စိတ္ကိုျဖစ္ေပၚေစသည္။ကြၽန္မစိတ္ထဲ မမသီရိနဲ႔ကြၽန္မ အရမ္းရင္းႏွီးသလိုခံစားရသည္။
ကြၽန္မကိုယ္ ကြၽန္မ လမ္းသြားရင္းျပန္လည္သုံးသပ္ေနမိျပန္သည္။
ဒီေန႔ဒီအခ်ိန္ထိ ကြၽန္မစကားေတြေၾကာင့္သူငယ္ခ်င္းေတြနဲ႔အဆင္မေျပတာမ်ားတယ္။ကြၽန္မက သူတို႔နဲ႔စိတ္ဓာတ္ ေနပုံထိုင္ပုံေျပာဆိုမႈ႕ေတြးေခၚမႈ႕ပုံသဏၭာန္ေတြကြာျခားလို႔ ေဘးထြက္ေနရတဲ့ေန႔ေတြကမ်ားခဲ့သည္။ကြၽန္မကသီးျခားေနျဖစ္သည္က ပိုမ်ား၏။ထိုသို႔ေနထိုင္ျခင္းက မေကာင္းဖူးဟုထင္ျမင္မိသည္။အထီးက်န္ျခင္းကို ခံစားၾကရသည္မဟုတ္ေလာ…

ဒီလိုနဲ႔အခ်ိန္အားျဖင့္ ည၁ခ်က္တီးၿပီ~
“အသြားတုန္းက သိပ္မေဝးသလိုဘဲ ခုငါတို႔လမ္းေလွ်ာက္လာတာ ၾကာေနၿပီ မေရာက္ႏိုင္ေသးဘူး´´
အမွန္ပင္ ကြၽန္မတို႔အသြားတုန္းကအဲ့သေလာက္ မေဝးေခ်။ခုျပန္မွ အရမ္းေဝးေနသလိုခံစားမိသည္။
“စိတ္ေၾကာင့္ပါ သြားတုန္းက ၾကည့္ခ်င္စိတ္အရမ္းမ်ားေတာ့ ျမန္ျမန္ေရာက္တာ
ခု အိမ္ျပန္တာဆိုေတာ့ ေဝးတယ္ထင္တာပါ´´
ကိုႀကီးေနမည မွကြၽန္မတို႔ကို ေလယူေလသိမ္းအသံႏွင့္ေျပာရွာသည္။ကြၽန္မအခုမွ စဥ္းစားမိသည္။အိမ္မွာႀကီးေမတစ္ေယာက္တည္းက်န္ေနခဲ့သည္။ကြၽန္မလည္းစိတ္မခ်ေသာေလသံျဖင့္…
“မမ သီရိ အိမ္မွာႀကီးေမတစ္ေယာက္တည္းေနာ္ အျမန္သြားရေအာင္ စုတို႔ေမ့ေနလိုက္တာ လူႀကီးက အိမ္မွာတစ္ေယာက္တည္းက်န္ေနခဲ့တယ္´´
ကြၽန္မေလသံက စိုးရိမ္စိတ္မ်ားႀကီးထြားေနသည္။ခ်က္ခ်င္းဆိုသလို ေရာဂါသည္ဆိုသည့္အတိုင္းေဇာေခြၽးမ်ားျပန္လာသည္။
“ေအာ္ စိတ္မပူနဲ႔ အေမကအိမ္မွာတစ္ေယာက္တည္းေနေနၾကေလ ဘာမွမျဖစ္ပါဘူး ညီမေလးရဲ႕”
မမသီရိ ကြၽန္မကို ေျပာေနသည့္ေလသံကို ကြၽန္မအံ့ၾသမိသည္။အမွန္ဆို ႀကီးေမက မမသီရိအေမ စိုးရိမ္ျခင္းမရွိတဲ့မ်က္ႏွာေၾကာင့္ကြၽန္မ စဥ္းစားရခက္သြား၏။
႐ုတ္တရက္ဆိုသလို~
ေလျပင္းတစ္ခ်က္ေဝွ႔သြားသည္။
“ဟဲ့ နင္တို႔ေတြ႕လိုက္လား အရိပ္တစ္ခု´´ကလ်ာမွေအာ္ေျပာလိုက္သည္။အမွန္ပင္ ကြၽန္မလည္းအရိပ္မဲတစ္ခုကိုေတြ႕လိုက္ရသည္။
“ေကာင္မေလးေတြ ဘာေတြေျပာေနတာလဲ ဘာအရိပ္မွမရွိဘူး လမ္းျမန္ျမန္ေလွ်ာက္´´
ကိုႀကီးေနမညမွ ကြၽန္မတို႔အားေျပာသည္။မရွိဘူးဆိုၿပီးျငင္းေနသည့္ကိုႀကီးေနမည မ်က္ႏွာပ်က္သြားသည္ကိုလည္းကြၽန္မသတိထားမိသည္။
လမ္းက႐ြာလမ္းျဖစ္ၿပီး က်ဥ္းလို႔ကားေတြတုတ္တုတ္တို႔နဲ႔သြားလို႔မရလို႔လမ္းေလွ်ာက္သြားရသည္။အသြားတုန္းက ျမန္ေနသလိုပဲ ခုေျခလွမ္းေတြကေလးလာၿပီး ခ်မ္းစိမ့္ၿပီး အရိပ္တစ္ခုကလိုက္ေနသလိုခံစားေနရျပန္၏။စိတ္ကျဖစ္ေနတာပါဆိုတဲ့အေတြးနဲ႔အတူ ေျခလွမ္းေတြကိုခပ္သြက္သြက္ေလွ်ာက္ေနမိသည္။

“အူးဝူး…အူးဝူး…´´
ေနာက္တစ္ဖန္
ေခြးေတြရဲ႕ ဆြဲငင္စြာအူလာေသာ အသံေတြေၾကာင့္ အားလုံးရဲ႕ေျခလွမ္းေတြ ရပ္တန္႔သြားသည္။ဒီတစ္ခါေခြးအူသံက အလြန္ေၾကာက္စရာေကာင္းလြန္းေန၏။သည္းႀကီးမဲႀကီး အူေနၾကျခင္းပင္။အနီးအနားတြင္လည္းေခြးတစ္ေကာင္တစ္ျမႇီးပင္မေတြ႕ရေခ်။
“ဒီကေလးေတြကေတာ့ လာျမန္ျမန္ေလွ်ာက္ မိုးခ်ဳပ္ေနတာေလေခြးအူတာကိုေၾကာက္ေနတယ္´´
မမသီရိကလည္း ကိုႀကီးေနမညႏွင့္ေမာင္ႏွမလို႔မေျပာရဘူး။တစ္ေလသံထဲပင္ ကြၽန္မတို႔ကို အျမန္လမ္းေလွ်ာက္ခိုင္းေနသည္။ကြၽန္မရဲ႕စပ္စုတတ္တဲ့အက်င့္အေမးအျမန္းထူသည့္အတိုင္းေမးလိုက္သည္။
“မမသီရိ မေၾကာက္ဘူးလား´´
“ဒါေတြက႐ိုးေနပါၿပီ ေခြးက ညဥ့္နက္လို႔အူတယ္ ဒါေၾကာက္စရာမွမဟုတ္တာ´´
ေျပာေျပာဆိုဆို…
•••ဖက္••••ဖက္••••ဖ်က္••••ဖလပ္ ••ေျခသံလိုလိုအသံက အေနာက္မွလိုက္လာသလိုခံစားရသည္။ထိုအသံၾကားရာဆီသို႔ အားလုံး
လွည့္ၾကည့္လိုက္သည္ႏွင့္တစ္ၿပိဳင္ထဲ

•••အား•••
ကြၽန္မတို႔တစ္ဖြဲ႕လုံးထေအာ္ၾကသည္။ထိုအရာက အလြန္ႀကီးမားလွသည္။အရပ္မွာထန္းပင္တမွ်ရွည္သည္။လွ်ာႀကီးကလည္း အရွည္ႀကီးတြဲလ်ားက်ေနသလ္ို နား႐ြက္ႏွစ္ဖက္ကလည္း ထိုအရာအားဖုံးအုပ္ထားသည္။ကြၽန္မၾကားဖူးသည့္ နား႐ြက္ၿခဳံသရဲဟုထင္ျမင္မိသည္။အားလုံးလည္း ထိုအရာကိုေအာ္ၿပီးေၾကာင္သာၾကည့္ေနၾကသည္…နား႐ြက္ၿခဳံသရဲရဲ႕လွ်ာကပိုသိသာစြာ ရွည္ထြက္လာသည္။
“ဟဲ့ ဘာေၾကာင္ၾကည့္ေနၾကတာလဲ ျမန္ျမန္လာၾက ေျပးမယ္´´
ကိုႀကီးေနမညလည္း ေအာ္ကာ မမသီရိလက္ကို အတင္းဆြဲၿပီးေျပးသည္။ကိုႀကီးရႈိင္းကိုလည္း ကြၽန္မလက္ကိုဆြဲၿပီးေျပးသည္။လူေတြရဲ႕သဘာဝအတိုင္းကိုယ့္ေသြးသားကိုေတာ့ စိုးရိမ္ၾကသည္မွာမထူးဆန္းပါဘူးဟုေတြးထင္မိသည္။

“အား ေျပး´´
အကုန္လုံးေအာ္ၿပီးအားကုန္ေျပးေသာ္လည္း ကြၽန္မတို႔ျခလွမ္းေတြက မေ႐ြ႕ေပ။ထိုသရဲရဲ႕ေျခလွမ္းကအလြန္က်ဲသည္။တစ္လွမ္းလွမ္းလိုက္တာနဲ႔ကြၽန္မတို႔နားေရာက္လာေတာ့မည္။

“ဘယ္လိုလုပ္ၾကမလဲ လာေနၿပီ´´
“ဘုရားစာ႐ြတ္ၾကေလ ´´
အားလုံးကေၾကာက္ေန၍ ဘုရားစာကိုဆုံးေအာင္မ႐ြတ္ႏိုင္ဘဲ ေအာ္သာေအာ္ေနၾကသည္။

“တစ္ခုခုေတာ့ လုပ္ၾကပါဦး´´
ခုမွကြၽန္မသတိရမိသည္။အဘိုးကြၽန္မတို႔ေမာင္ႏွမႏွစ္ေယာက္ကိုဆြဲေပးခဲ့တဲ့ဘုရားဆြဲႀကိဳးပင္။

“ဒီမွာ ဘုရားဆြဲႀကိဳး´´
“ကိုႀကီးဆီမွာလည္းရွိတယ္ေလ ျမန္ျမန္´´
ႏွစ္ေယာက္သားဘုရားဆြဲႀကိဳးကို လည္ပင္းကခြၽတ္ၿပီး လက္ကထိုသရဲရွိရာဘက္ကို ကိုင္ေျမႇာက္လိုက္သည္။တစ္ခ်ိန္တည္းမွာပဲ…အျဖဴေရာင္အလင္းတန္းတစ္ခုေပၚထြက္လာသည္။ထိုအလင္းတန္းႏွင့္အတူအလြန္က်ယ္ေလာင္ေသာအသံႀကီး ထိုသရဲထံမွထြက္ေပၚလာၿပီး သရဲလည္းေပ်ာက္ကြယ္သြားေတာ့သည္။

*****************

“ေျမးေလး မိစု ထေတာ့ေလ ထေတာ့´´
အသံတစ္စုံႏွင့္အတူ ကြၽန္မပခုံးကိုလႈပ္ႏိုးေသာ လက္တစ္စုံေၾကာင့္ ကြၽန္မမ်က္လုံးကို အတင္းဖြင့္ဖို႔ႀကိဳးစားေပမဲ့ဘယ္လိုမွမရေပ။အသံေတြကို ဝိုးတိုးဝါးတား ၾကားေနရသည္။
“ငါ့ေျမးကို မထိနဲ႔ မင္းတို႔သြား´´
ကြၽန္မအဘိုးအသံပင္။ကြၽန္မအဘိုးအသံကို ေကာင္းေကာင္းႀကီးမွတ္မိသည္။
“ဒီဝိညာဥ္အဘိုးႀကီးက ငါတို႔တန္ခိုးကို မယွဥ္ႏိုင္ဘဲနဲ႔ လာေႏွာက္ယွက္ေနတယ္´´
“အား´´
“ေျမးေလး ျမန္ျမန္ထေတာ့ ေျပးေတာ့ ေျမးျမန္ျမန္ထပါ မ်က္လုံးဖြင့္ၾကည့္ပါ အလင္းတန္းရွိရာကိုေျပးပါ´
ကြၽန္မအား စိုးရိမ္မႈမ်ားစြာျဖင့္ေျပာေနေသာ အဘိုး၏အသံကို ကြၽန္မၾကားေနရသည္။
အဘိုးနာမည္က ဘိုးလွေက်ာ္။ကြၽန္မအသက္၁၅ႏွစ္မွာအဘိုးဆုံးသြားခဲ့တာ။အဘိုးက ကြၽန္မရဲ႕အဘိုးအရင္းမဟုတ္ေခ်။။ငယ္စဥ္ကတည္းက အဘိုးအဘြားေတြနဲ႔ အတူမေနရတဲ့ အတြက္ ကြၽန္မအဘိုးအဘြားရင္းေတြနဲ႔မခင္တြယ္တာအမွန္ပဲ။အဘိုးလွေက်ာ္က ရန္ကုန္ကို ကြၽန္မတို႔ေျပာင္းစဥ္ကတည္းက အိမ္ခ်င္းကပ္လ်က္လည္းျဖစ္ ေျမးအရင္းက ကြၽန္မႏွင့္အသက္တူၿပီး အသက္ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ဆုံးသြားလို႔ ကြၽန္မအား ေျမးအရင္းပမာခ်စ္ခင္သည္။ ကြၽန္မလည္း အဘိုးအား အဘိုးရင္းေတြထက္ ပို၍ခ်စ္ခင္လွသည္။အဘိုးက နာတာရွည္ေရာဂါနဲ႔ ဆုံးစဥ္ ကြၽန္ေတာ္က ၉တန္းစာေမးပြဲရက္မို႔ အဘိုးရဲ႕ေနာက္ဆုံးခရီးကို လိုက္မပို႔ႏိုင္ခဲ့သည္ကိုလည္း ခုထိေနာင္တရေနဆဲပင္။တစ္ခါတေလ ကြၽန္မအနားမွာ အဘိုးအၿမဲရွိေနတယ္လို႔ ခံစားရသည္။ကြၽန္မ ဒုကၡေရာက္ခ်ိန္မွာလည္း အဘိုးက သတိေပးစကားေျပာသည္။ဘယ္သူမွ ကြၽန္မစကားကို မယုံၾကေပ။ကြၽန္မကေတာ့ အဘိုး ကြၽန္မအားအၿမဲေစာင့္ေရွာက္ေနသည္ကို ခံစားမိသည္။ယခုလည္း အဘိုးအသံကို ကြၽန္မ ၾကားရသည္။ကြၽန္ေတာ္ မ်က္လုံးဖြင့္ၾကည့္လိုက္ရင္း…
တကယ္ကြၽန္မအဘိုးပင္…အဘိုးမ်က္ႏွာကနည္းနည္းမွမေျပာင္းလဲေသး။ႏုပ်ိဳေနစဲပင္…ကြၽန္မႏႈတ္မွအဘိုးကိုေခၚကာ အဘိုးကိုကြၽန္မသိုင္းဖက္ဖို႔ႀကိဳးစားေပမယ့္မရေခ်။

“ဘိုးဘ်ိဳး´´
“ေျမး ျမန္ျမန္ေျပးေတာ့ အလင္းတန္းရွိရာကိုေျပးပါ´´
ကြၽန္မကိုသာ ေျပးဖို႔ေျပာေနသည္။အဘိုးလက္မွာလည္းေတာင္ေဝွးတစ္ခုကို ကိုင္ကာေဝွ႔ရမ္းေနသည္။ႏႈတ္မွ သြားဟုဆိုေနသည္။တစ္ခုခုကိုေမာင္းထုတ္ေနဟန္တူသည္။ကြၽန္မထိုအရာကို မျမင္ရေခ်။

“ဘိုးဘိုးလည္း လိုက္ခဲ့ေလ´´
ကြၽန္ေတာ္အဘ္ိုးရဲ႕လက္ကို ဆြဲကိုင္ရင္းေျပာသည္။ကိုင္၍မရ။
“အဘိုးမ်က္ႏွာညိဳွးငယ္စြာႏွင့္ ကြၽန္မအေရွ႕မွာပင္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။
“အဘိုး မသြားပါနဲ႔´´
“ေျမးေလး ေျပးပါေတာ့´´
ကြၽန္မအားေျပာသည္။ေပ်ာ္ကြယ္သြားေသာ္လည္းအသံႏွင့္ေျပာရွာေသာ အဘိုးကို ကြၽန္မလိုက္ရွာေနမိသည္။ထိုအခ်ိန္မွာပဲ…
”လိုက္…”
ဟူေသာအသံကိုကြၽန္မၾကားလိုက္သည္။အမွန္တကယ္ပင္ ကြၽန္မေနာက္ကိုေခြးနက္ႀကီး၃ေကာင္ေျပးလာသည္။ကြၽန္မလည္းဆန္႔က်င္ဘက္ကိုေကြ႕ေကာက္ေျပးသည္။ ကြၽန္မေျပးရင္းေျပးရင္းအလင္းတန္းတစ္ခုရွိရာသို႔ ဦးတည္မိသည္။
အလင္းတန္းေရာက္ခါနီး
တစ္စုံတစ္ရာက ကြၽန္မေျခေထာက္ကိုဖမ္းဆြဲထားသည္ဟုခံစားရသည္။ ကြၽန္မလည္း ေအာက္ကိုၾကည့္လ္ိုက္တဲ့အခါမွာ
ထိုအရာမွာ အ႐ိုးေျခာက္ႀကီးျဖစ္ေနသည္။ထိုအ႐ိုးေျခာက္ႀကီးက အသက္ရွိသည္။ကြၽန္မေျခေထာက္ကိုဖမ္းဆြဲထားသည္။ကြၽန္မလည္းႏႈတ္မွအတင္းေအာ္ေနမိသည္။

“အ႐ိုးေျခာက္ ႀကီး ကယ္ၾကပါဦး ကယ္ၾကပါဦး´´
“တူမေလး တူမေလး သမီး မေၾကာက္နဲ႔ႀကီးေမတို႔ရွိတယ္ သတိရၿပီလား´´
ကြၽန္မအိပ္မက္မက္ေနျခင္းလား…
မေဝခြဲတတ္ေပ။
“သက္သာရဲ႕လား ညီမေလး ေရာ့ေရေသာက္လိုက္´´မမသီရိကြၽန္မကိုေရတိုက္သည္။
“ဟုတ္ကဲ့´´
ေရခြက္ကို ကိုင္ေသာလက္မွာ တုန္ရီေနသည္။
“နင္သတိရလို႔ ေတာ္ေသးတယ္အဲ့ဒါေၾကာင့္ နင္နဲ႔ဘယ္ခရီးမွမသြားခ်င္တာ နင့္က်န္းမာေရးက ခုလိုအႏၲရာယ္နဲ႔ ေသသြားႏိုင္တယ္သိလား နင္တစ္ခုခုျဖစ္ရင္ ငါလည္းလြယ္မွာမဟုတ္ဘူး ´´
ကိုႀကီးရႈိင္းကို ကြၽန္မကိုဆူေနသည္။
“ရႈိင္းကို ကိုယ့္ညီမကိုအဲ့လို မေျပာရဘူးေလ´´
“ႀကီးေမ တူမကိုၾကည့္ပါဦး ကိုယ့္အေနအထားနဲ႔သူမ်ားေတြနဲ႔တန္းတူသြားလာခ်င္တယ္´´
“ေတာ္ၿပီကိုႀကီး စု အိမ္ျပန္မယ္´´
“ဘယ္အိမ္ကို ျပန္မွာလဲ မနက္ျဖန္ညေနမွျပန္မယ္´´
“ကဲကဲ အားလုံးလည္း ပင္ပန္းေနၿပီ သြားအိပ္ၾကေတာ့´´
ဒီလိုနဲ႔ ေျခာက္ျခားစရာညတစ္ညကုန္ဆုံးသြားျပန္သည္။
®®®®®®®®®®®

“ႀကီးေမ ဘယ္သြားမလို႔လဲ´´
ရႈိင္းကိုတစ္ေယာက္ ေမးလိုက္ျခင္းပင္။
“ေအာ္ မင္းဦးေလးအုတ္ဂူဘက္သြားမလို႔ပါ တူေလး တို႔လိုက္မလို႔လား´´
“ကိုယ့္ဦးေလး အုတ္ဂူသြားတာပဲ လိုက္မယ္ေလ´´
“မိစု နင္မလိုက္ရဘူး´´
ထုံးစံအတိုင္းကြၽန္မကိုမလိုက္ခိုင္းဘူး။ကြၽန္မလည္း ဒီတစ္ခါေတာ့လိုက္ခ်င္စိတ္လည္းမရွိလို႔တစ္ခါတည္းျငင္းလိုက္သည္။
“မလိုက္ပါဘူး သြားၾက´´
“ငါတို႔လည္း မလိုက္ရေတာ့ဘူးလား စု´´
ကလ်ာနဲ႔ရတီလည္းလိုက္ခ်င္ပုံရသည္။ကြၽန္မလည္းထုံးစံအတိုင္း တစ္ေယာက္တည္းေနခဲ့မယ္ဆိုတဲ့အေတြးနဲ႔ …
“နင္တို႔လိုက္သြားေလ ငါေနခဲ့မယ္´´
“မေနခဲ့ပါနဲ႔ တူမေလးရဲ႕ဦးေလးက တူမေလးလာရင္ ေပ်ာ္မွာ´´
“ရွင္´´ကြၽန္မေခတၱမွ်ၿငိမ္သက္ရင္း
“အစ္မေျပာတယ္ေလ မိစုကငယ္ငယ္ကအတိုင္းပဲဆိုတာ မိစုက အဘ(အေဖ)ကအရမ္းခ်စ္တာ အၿမဲေျပာတယ္ ပိုးဟပ္ျဖဴဆီအလည္သြားခ်င္လ္ိုက္တာ သူ႔အေဖေတြလည္း အလည္မလာၾကဘူးတဲ့ တစ္ေန႔ မိစု တို႔အိမ္ကိုအလည္သြားမယ္လို႔ေျပာတယ္။မၾကာပါဘူး အဘ(အေဖ)ပိုးထိၿပီးဆုံးတာပဲ´´
ကြၽန္မငယ္ငယ္ကအေၾကာင္းအရာေတြမမွတ္မိေပမဲ့ ဦးေလးရဲ႕ဓာတ္ပုံကို ၾကည့္ၿပီး တျဖည္းျဖည္းကေလးဘဝကိုျပန္ေယာင္လာမိသည္။ဦးေလးနဲ႔ေဒၚေလး ကငယ္ငယ္ကကြၽန္မကိုထိန္းခဲ့ၾကသူမ်ားျဖစ္ၿပီးကြၽန္မကိုအေတာ္ေလးခ်စ္ခဲ့ၾကမည္ဟုခံစားမိ၏။။အေတြးပုံရိပ္ေတြကိုျမင္ေယာင္ရင္း ကြၽန္မမ်က္ရည္မ်ားဝဲမ္ိသြားတယ္။

“ရႈိင္းကို တူမေလး ငိုေနၿပီ လိုက္ခိုင္းလိုက္ပါ´´
“အင္းပါ ဒီနားေလးတင္ပဲ ´´
သခ်ႋဳင္းကုန္းက ျမင္ေနရေပမဲ့ အုတ္ဂူေတြကအင္မတန္မ်ားလွသည္။တရားရစရာေပါ့။အုတ္ဂူကိုမွ အမ်ိဳးမ်ိဳးရွိေသးသည္။ဂူႀကီး ဂူငယ္ ဂူလတ္ျပဳလုပ္ထားတာလည္း ေကာင္းတဲ့အယူအဆလား မေကာင္းတဲ့အယူအဆလားမေျပာတတ္ေပ။အသက္ရွင္ေနတဲ့လူ႔ဘဝမွာေတာ့အိမ္ႀကီး အိမ္ငယ္ အိမ္လတ္ ေလာဘတက္ေနေပမဲ့ ေသသြားရင္ ဘာမွ်မပါႏိုင္ေတာ့တဲ့အရာေတြကို လူေတြကဘယ္လိုေၾကာင့္တရားမရလည္း မစဥ္းစားတတ္ေပ။ကြၽန္မရဲ႕တစ္ယူသန္အယူအဆေတြေပါ့ေလ။အေတြးမ်ားစြာကိုေတြးရင္း ဦးေလးရဲ႕အုတ္ဂူအေရွ႕သို႔ေရာက္လာသည္။

ဦးႏိုင္လင္း အသက္၅၂ႏွစ္
တစ္ေန႔ေနဝင္ငါ့႐ုပ္နာမ္ ေသရန္တစ္ရက္နီးျပန္ၿပီ
တစ္ႏွစ္ကုန္ျပန္ငါ့႐ုပ္နာမ္ေသရန္တစ္ႏွစ္နီးျပန္ၿပီ
ငါဟူေသာကိုယ္မရွိသူဟူေသာ နာမ္မရွိ

“စု နင္ဘာေတြ႐ြတ္ေနတာလဲ´´
“ဟင္အင္း မ႐ြတ္ပါဘူး ´´
ကြၽန္မ ပတ္ဝန္းက်င္ကိုခုမွသတိထားမိသည္။ကြၽန္မအိပ္မက္ထဲက သခ်ႋဳင္းကုန္းျဖစ္ေနသည္။အိပ္မက္ထဲကအုတ္ဂူက ေဒၚသက္ထားရီ အသက္၄၈ႏွစ္ အုတ္ဂူအေရာင္ကအျဖဴေရာင္ ျဖစ္ေနသည္။တ္ိုက္ဆိုင္တာပဲျဖစ္ပါေစလို႔ ဆုေတာင္းရင္း ဦးေလးကို အမွ်ေဝဆုေတာင္းစကားေတြေျပာၿပီး ျပန္လာခဲ့ၾကသည္။

®®®®®®®®®®
“အစ္မ အစ္ကို ႀကီးေမ သားတို႔ျပန္ေတာ့မယ္´´
ကြၽန္မတို႔အားလုံးကိုႏႈတ္ဆက္ရေတာ့သည္။
“ေအးကြယ္ ပ်င္းေနေတာ့မွာပဲ´´
အမွန္ပင္ ကြၽန္မတို႔လာမွ ႀကီးေမတို႔အိမ္က သာယာစိုေျပေနဟန္တူသည္။သားမိသုံးေယာက္အဖို႔ကြၽန္မတို႔ကိုသတိရေနမည္မွာလည္းမလြဲဧကန္ပါ။
“ရန္ကုန္လည္း အလည္လာခဲ့ၾကေနာ္´´
“ကားကိုဂ႐ုစိုက္ေမာင္းၾကကြယ္
ညေနေတာင္ေစာင္းေနၿပီေလ မနက္ျဖန္မွျပန္ပါလား´´စိုးရိမ္တႀကီးကြၽန္မတို႔ကို ႀကီးေမ မ်က္ရည္ေလးဝဲကာေျပာေနရွာသည္။အခ်ိန္မွာလည္းအေတာ္ေလးညေနေစာင္းေနၿပီ။
“ကားလမ္းက ညမိုးခ်ဳပ္မွေခ်ာင္တာ ၿပီးေတာ့ကားမူးသက္သာေအာင္လို႔´´
“ေနာက္လည္းလာလည္ၾက´´ႀကီးေမတို႔ရဲ႕မ်က္ႏွာမွာ တျဖည္းျဖည္းမ်က္ရည္ဝဲလ်က္ လက္ျပႏႈတ္ဆက္ရွာသည္။
အားလုံးေပ်ာ္ေပ်ာ္ပါးပါးနဲ႔သီခ်င္းေတြဆိုလ်က္အျပန္ခရီးကေပ်ာ္႐ႊင္ခဲ့ရသည္။
ကြၽန္မရဲ႕ေနာက္ဆုံးဇာတ္လမ္းေလးကဒီမွာစတာပဲ။
ခ်က္ခ်င္းကားထိုးရပ္သြားသည္။
“ဘာျဖစ္တာလဲ ´´
“ငါဘယ္သိမွာလဲ ေအာက္ဆင္းၾကည့္ရေအာင္´´
ေဘးပတ္ဝန္းက်င္က ေမွာင္မဲတိတ္ဆိတ္ေနသည္။အသံကတိတ္ဆိတ္ၿပီးေျခာက္ျခားစရာေကာင္းသည္။ေလေအးမ်ားေၾကာင့္ေက်ာပင္ခ်မ္းတက္လာသည္။။ၾကက္သီးမ်ားပင္ထလာသည္။
“ကားက ဘာျဖစ္တာလဲ´´
“ဘာမွမျဖစ္ဘူး ထိုးရပ္သြားတာ´´
“စက္ႏိုးၾကည့္ေလ´´
ထူးဆန္းလွသည္။ခ်က္ခ်င္းပင္ လူအားလုံးေအာက္ေရာက္မွကားစက္ႏႈိးလို႔ရသည္။
“ရၿပီ အားလုံးျပန္တက္ေတာ့´´
ကားေပၚျပန္တက္မည္အျပဳမွာပဲ…
“ ဟားဟား´´
အလြန္က်ယ္ေလာင္ေသာရယ္သံႏွင့္အတူမိန္းမတစ္ေယာက္ထြက္ေပၚလာသည္။အေရွ႕တြင္အေခါင္းတစ္ခုရွိသည္။ဆံပင္ကိုဖားလ်ားခ်လ်က္။အလြန္ေၾကာက္စရာေကာင္းလွသည္။

“ဒီလိုလြယ္လြယ္နဲ႔ထြက္သြားလို႔မရဘူးငါ့ေျမျပန္ေပး´´
“အား မင္း မင္းဘယ္သူလဲ အ အေခါင္ႀကီးပါလား´´
“ငါ့ပိုင္နက္ထဲဝင္လာၿပီး ငါ့ေျမက္ိုယူသြားတာ ခုျပန္ေပး´´
“ကြၽန္မတို႔ဘာေျမမွမယူခဲ့ပါဘူး မေႏွာက္ယွက္ပါနဲ႔´´
“မင္းတို႔လူေတြ ငါ့ေျမကို ယူသြားတယ္ ခုျပန္ေပး´
“ျမတ္မင္းခ ျမတ္မင္းခ ဘာျဖစ္တာလဲ ´´
လြယ္အိတ္ကို လက္ညိဳးထိုးျပေနလ်က္။ျမတ္မင္းခ စကားပင္မေျပာႏိုင္ေပ။
“လြယ္အိတ္ကို ထုတ္ၾကည့္ၾကေလ´´
ပဝါႏွင့္ေျမႀကီးကို ထုတ္ထားသည္။

“ျမတ္မင္းခ မင္းကြာ´´
“ခုခ်က္ခ်င္းငါ့ေျမကို သူ႔ေနရာျပန္ပို႔ေပး မဟုတ္ရင္ အားလုံးကို ဂုတ္ခ်ိဳးသတ္မယ္´´
မ်က္ေထာင့္နီႀကီးျဖင့္ကြၽန္မတ္ို႔အားၾကည့္သည္။ထိုအမ်ိဳးသမီးက ၾကည့္ေလၾကည့္ေလပိုေၾကာက္စရာေကာင္းလာသည္။အၿငိဳးႀကီးသူတစ္ေယာက္လည္းျဖစ္ဟန္တူသည္ဟုကြၽန္မေတြးေနရင္းမွ ထိုအမ်ိဳးသမီးက သခ်ႋဳင္းရွင္မ မဖဲဝါဟုေတြးထင္မိသည္။

“ျမတ္မင္းခ ျမတ္မင္းခ´´
“မင္းတို႔သူငယ္ခ်င္းကို မေသေစခ်င္ရင္ ခုခ်က္ခ်င္း ငါ့ေျမက္ိုျပန္သြားထား´´
အသံမွာေၾကာက္စရာေကာင္းလွသည္။
“အား´´
သူငယ္ခ်င္းအားလုံးလည္းမ်က္စိစုံမွိတ္လ်က္ေအာ္ေနၾကသည္။
“ျမန္ျမန္ကားေပၚျပန္တက္ ဟိုသခ်ႋဳင္းကုန္းျပန္သြားရေအာင္´´
ကားကိုအျမန္ေမာင္းစရာပင္မလိုဘဲ သခ်ႋဳင္းကုန္းရွိရာသို႔ေရာက္သြားသည္။
“ျမတ္မင္းခ မင္းယူခဲ့တဲ့ေနရာကိုလက္ည္ိုးထိုး´´
“ဟိုေနရာတဲ့ ´´ေျမႀကီးကို အသာခ်ၿပီး လွည့္အထြက္ ဖြားကနဲ
“အားး´´ဟူေသာအသံႏွင့္ပင္တစ္စုံတစ္ရာကိုေတြ႕ၿပီးေျပးခဲ့ၾကရျပန္သည္။
ကြၽန္မတို႔ေျခလွမ္းေတြရပ္တန္႔သြားရသည္။ကြၽန္မတို႔နားက သည္းႀကီးမဲႀကီး ကိုက္ျဖတ္စားေသာက္မည့္ ေၾကာက္မက္ဖြယ္ အသိစိတ္ေပ်ာက္ေနသည့္လူအခ်ိဳ႕ဝိုင္းလာသည္။

“ဟားငါ့ပိုင္နက္ထဲကို ေနာက္မလာႏိုင္ေအာင္ ပညာေပးၾကစမ္း”
ထိုအမ်ိဳးသမီးမွာမဖဲဝါဆိုတာေသခ်ာၿပီ။ကိုက္ျဖတ္စားမည့္သူမ်ားမွာ အစိမ္းေသေသသြားသူမ်ားသာျဖစ္ရမည္။တစ္ျဖည္းျဖည္းကြၽန္မတို႔နားေရာက္လာသည္။

“ဆြဲႀကိဳးေကာ ဘုရားဆြဲႀကိဳး”
“ဟုတ္သားပဲ ´´
ကြၽန္မတို႔ေမာင္ႏွမႏွစ္ေယာက္ ဘုရားဆြဲႀကိဳးကို ကိုင္ေျမႇာက္လိုက္လ်က္ ခ်က္ခ်င္းဆိုသလို အျမင္အာ႐ုံစူးရွလွတဲ့အလင္းေရာင္ႀကီးထြက္ေပၚလာေတာ့သည္။
က်န္တာဘာမွကြၽန္မတို႔မသိေတာ့ေခ်…
“အားလုံးထ ထၾက´´
ကိုႀကီးရႈိင္းကို အသံေၾကာင့္ အားလုံးအလူးအလဲထၾကည့္လိုက္တဲ့အခါ…
“ဟဲ့ ဟိုမွာ´´
“ဘာလဲရတီ´´
လက္ညိဳးထိုးရာၾကည့္လိုက္ေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွ ႀကိဳဆိုပါသည္ဆိုသည့္ဆိုင္းဘုတ္ပင္။

“ငါတို႔ မေသဘူးဟ ´´
ဒီလိုနဲ႔အားလုံးအိမ္ကိုျပန္ေရာက္ၾကသလို အရင္ကထက္ ခင္မင္မႈ႕ေတြတိုးလာခဲ့ၾကသည္။ ကြၽန္မတို႔သူငယ္ခ်င္းေတြခုဆို စည္းလုံးေနၿပီ။
တစ္ေယာက္နဲ႔ တစ္ေယာက္စေနာက္မႈမရွိဘဲ
ဘဝခရီးကို ေလွ်ာက္လမ္းေနၾကပါၿပီ။ ။လူေတြအားလုံး တစ္ေယာက္ကိုတစ္ေယာက္စေနာက္မႈ႕မွာအႏၲရာယ္ေတြ ပါလာတတ္လို႔သတိနဲ႔ယွဥ္ၿပီး စေနာက္ၾကပါလို႔တိုက္တြန္းလ်က္…

ၿပီးပါၿပီ

တုႏႈိင္းမဲ့(သစၥာ)