သင်္ဂြိုလ်တဲ့ည(စ/ဆုံး)
———————
” မစန်းအေးရေ… မစန်းအေး.. ”
အိမ်ရှေ့မှ ခုနှစ်သံချီအော်ခေါ်ပြီးအိမ်ပေါ်ပြေးတက်လာသော ဒေါ်ခင်မေကြောင့် ရွှေရည်ထိတ်လန့်သွားခဲ့ရသည်..။ရွှေရည်၏မိခင်
ဒေါ်စန်းစန်းအေးလည်း ထိတ်ထိတ်ပျာပျာဖြင့် အိမ်နောက်ဖေးမှ
ပြေးထွက်လာတော့၏..။
ဒေါ်ခင်မေနှင့် ရွာထဲမှ မောင်ညို ..၊ ကိုသာလှ…၊ မစု တို့အား မျက်စိ
မျက်နှာပျက်စွာဖြင့်တွေ့လိုက်ရသောအခါ…
” အမလေး..လန့်လိုက်တာဟယ်.. ဘာကိစ္စတုန်း.. ”
” မသန်းအေး အသတ်ခံရလို့.. ချောင်းစပ်မှာအလောင်းတွေ့သတဲ့..
တော့်ကိုလာခေါ်ခိုင်းလို့ပါတော်… ”
” ဟင်.. အမလေးးး.. လုပ်ကြပါဦးတော်.. ငါ့ကိုလိုက်ပို့ကြစမ်း
ပါ… ”
” အမေ..သမီးလည်းလိုက်မယ်.. ”
သားအမိနှစ်ယောက် ထိတ်လန့်တုန်လှုပ်ကာ ဘုရားတပြီးလိုက်
သွားကြတော့သည်…။ရွာပြင်လယ်ကွင်းအချို့အားဖြတ်ကျော်ပြီး
ချောင်းစပ်အနီးသို့ရောက်သောအခါ မန်ကျည်းပင်အောက်နား
တွင် လူများစုရုံးနေကြသည်ကိုတွေ့လိုက်ကြသည်…။
ဒေါ်စန်းအေးနှင့် ရွှေရည်တို့လည်း ထိုနေရာသို့အပြေးသွားကြလေ
သည်..။ရွာလူကြီးနှင့် ရွာသားများက ဝိုင်းကြည့်နေသည့်ကြားထဲ
သို့ တိုးဝှေ့ကာကြည့်လိုက်ရာ… ဒေါ်သန်းသန်းအေးသည် မျက်လုံး
အပွင့်လိုက် ဗိုက်တွင် ဓါးဖြင့်ထိုးခံရပြီး သေဆုံးနေရှာပေပြီ…။
” မမကြီးရေ.. ဟီး..ဟီး..အီးး.. အဖြစ်ဆိုးလှချည်လား..ဟီး..ဟီး”
” ဒေါ်လေး.. အဟင့်..ဟီးဟီး.. အီး.. ”
” ကဲ..ဘယ်သူမှအလောင်းကိုမထိကြနဲ့ မကိုင်ကြနဲ့.. သက်ဆိုင်ရာ
ရဲတွေလာတဲ့အထိ စောင့်ပေးကြပါ.. ”
ရွာလူကြီး၏ တားမြစ်မှုကြောင့် ဒေါ်စန်းအေးတို့သားအမိမှာ အနီး
နားကနေသာ အလောင်းအားကြည့်ပြီး ငိုကြွေးနေရရှာတော့သည်။
” ကျုပ် အစ်မကိုဘယ်သူသတ်သွားတာလဲဦးမျိုးလွင်.. ကျုပ်ကိုပြော
ပါအုံး..ဟီး..ဟီး.. ”
ရွာလူကြီး၏ လက်မောင်းအား ဆုပ်ကိုင်ကာ ဝမ်းနည်းပက်လက်
မေးလေတော့သည်..။
” ဘာမှမသိရသေးပါဘူး..မစန်းအေး..စိတ်အေးအေးထားပါဗျာ..
အမှုမှန်ပေါ်ဖို့ ကျုပ်တို့အားလုံး ဝိုင်းကူညီမှာပါ.. ”
” ဘယ်လိုစိတ်အေးနိုင်မတုံးတော့… ဟီး..အီး.. လူတစ်ယောက်လုံး
အသတ်ခံရတာ.. ကျုပ်တော့အားကိုးရာမဲ့ပါပြီတော်..အီးး ဟီး..ဟီး”
မကြာခင်မှာပင် ရဲတပ်ဖွဲ့များ ရောက်ရှိလာကြပြီး အလောင်းအားစစ်
ဆေးကြသည်..ထို့နောက်အလောင်းစတင်တွေ့ရှိသူအားစစ်ဆေး
မေးမြန်းပြီး.. အလောင်းအားသယ်ယူသွားကြလေသည်..။
အလောင်းမရှိသော်လည်း နာရေးအိမ်ဖြစ်၍ ဖဲဝိုင်းကရှိသည်..။
ရွာထဲမှ လူအချို့နှင့် ဆွေမျိုး များကလာအိပ်စောင့်ကူကြလေသည်။
ရပ်ဝေးရောက်နေကြသော မောင်နှမများအားအကြောင်းကြားပြီး
တစ်ညနေခင်းလုံးငိုကြွေးထားသဖြင့် ဒေါ်စန်းစန်းအေး မောပန်း
ကာ ခဏမှေးနေချေပြီ..။
သတင်းမေးသူများသာ တဖွဲဖွဲရောက်လာကြလေရာ ရွှေရည်နှင့်
သူမဖခင် ဦးလှရွှေတို့ ဒေါ်သန်းသန်းအေးသေဆုံးမှုကို ဝမ်းနည်း
စွာ ပြန်လည်ဖြေကြားနေတော့၏…။
ဒေါ်သန်းသန်းအေးသည် အပျိုကြီးဖြစ်ပြီး အသက် ၅၀ မပြည့်တပြည့်
အရွယ်…၊ အရပ်အမောင်းကောင်းပြီး အသားညိုသည်..။သာမာန်
ရွက်ကြမ်းရည်ကျို ရုပ်သာရှိသော်လည်း ငွေတိုးပေးစားသဖြင့်..
ရွှေကို သီးနေအောင်ဝတ်ဆင်နိုင်သည်…။ယခုအသတ်ခံရချိန်တွင်
ဝတ်ဆင်ထားသော လက်ဝတ်လက်စားများ အားလုံးမပါရှိတော့ပေ။
ပစ္စည်းကြောင့်သတ်သည်ဟု ယူဆရသဖြင့် လူသတ်တရားခံအား
ဝိုင်းဝန်းအဖြေရှာကြသော်လည်း မစဉ်းစားနိုင်ကြချေ။
ရွာထဲတွင်လည်း အမူအရာပျက်သူမရှိ..၊ရှောင်တိမ်းနေသောသူ
လည်းမရှိ၍ ပိုမိုအခက်တွေ့နေချေလေသည်..။ဒေါ်စန်းစန်းအေးမှာ
အစ်မဖြစ်သူ၏အခန်းအား သူစိမ်းအဝင်မခံလို၍ တံခါးသော့ခတ်
ထားလေသည်..။သေဆုံးသူမှာ ဝတ်ဆင်ထားသောလက်ဝတ်လက်
စားများအပြင် အခြားရွှေထည်များနှင့် လယ်ဧကစာရွက်စာတမ်းများ
အပေါင်ခံထားသောပစ္စည်းများ…၊ ငွေပေးချေးထားသောစာရင်း
စာအုပ်များရှိသဖြင့် ပိတ်ထားခြင်းဖြစ်လေသည်..။တံခါးရွက်အပြင်
ဖက်တွင် ခန်းစီးတပ်ထားသဖြင့် သော့အိမ်ကိုမမြင်ရပေ..။
” ရှပ်… ရှပ်…ရှပ်… ”
စကားသံများဆူညံနေ၍ သတိမထားမိနေကြရာမှာ လမ်းလျှောက်
နေသံကို သေချာစွာကြားလိုက်ရသဖြင့် ရွှေရည်တို့သားအဖမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်..။အသံမှာ
သေဆုံးသူ၏အခန်းထဲမှလာခြင်းမှာ သေချာလွန်းနေချေသည်..။
ထိုအခန်းတွင် လူမရှိခြင်းကို မည်သူမှမသိကြဘဲ .. မိသားစုဝင်များ
သာသိထားကြသည်..။
” အဖေ.. ကြီးသန်း ထင်တယ်.. ”
လေသံတိုးတိုးဖြင့် ရွှေရည်ကအနားကပ်ပြောသောအခါ ဦးလှရွှေ
သည် တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ပြလေသည်..။
” ဂလွမ်း.. ”
အခန်းတွင်းမှ ပစ္စည်းပြုတ်ကျသံကြောင့် ဖဲဝိုင်းမှာလူများ ရုတ်တရက်
တိတ်ဆိတ်သွားပြီး နားစွင့်နေကြသည်..။
” ဟင်းး.. ဟင်းး.. ”
ညည်းသံကိုပီပီပြင်ပြင်ထပ်မံကြားလိုက်ရသောအခါ..
” ကိုလှရွှေ..အခန်းထဲမှာဘယ်သူတုံး.. ”
” ဟို.. ဟာ..ကွာ..ငါ့မိန်းမ ပါ.. မင်းတို့ကလည်း..”
” အော်.. ”
ဦးလှရွှေအဖြေကြောင့် ဆက်မမေးကြတော့ဘဲ ဖဲဝိုင်းကပြန်စီ
လာပြန်သည်..။အဖြစ်မှန်သိနေသော ရွှေရည်မှာ ဖခင်ထံအတင်း
တိုးကပ်ပြီး ထိတ်လန့်နေတော့သည်..။
” ဒုန်း..ဒုန်း.. ”
အခန်းထဲမှ တံခါးထုနေသဖြင့်.. အားလုံးတိတ်ဆိတ်သွားကြပြန်
သည်..။ကိုလှရွှေတို့ဆွေမျိုးများသာ မျက်စိမျက်နှာပျက်နေကြချေသည်။
” ကိုလှရွှေ.. မစန်းအေးတံခါးဖွင့်ခိုင်းနေတာထင်တယ်ဗျ.. ”
ဖဲရိုက်နေသူများလည်း အရေးမစိုက်ကြတော့ပဲ ဝိုင်းပြန်ဆက်နေ
တော့သည်..။ထိုစဉ်..တဖက်အခန်းမှ..ဒေါ်စန်းစန်းအေးနိုးလာပြီး..
ထွက်လာရာ..
” ဟင်.. အစ်မစန်းအေး.. ဒီဖက်ခန်းမှာအိပ်နေတာမဟုတ်ဘူးလား”
နာရေးသတင်းလာမေးသူက အံ့သြကာမေးလေသည်..။
” ဘယ်ကသာ.. အဲ့မှာဘယ်သူမရှိဘူး..ငါသော့ခတ်ထားတာ..”
ကိုလှရွှေပင် တားချိန်မရလိုက်.. ဒေါ်စန်းအေးကဖြေလိုက်လေရာ..
လူအများထိတ်လန့်သွားကြတော့သည်..။
” ဒါဆို..ခုနက..ဘယ်သူတုံး.. ”
” မ..မ..သန်း…အေးလား..လား..”
” ဒုန်းးး..”
နာမည်ပြောရုံရှိသေးသည်..အခန်းတံခါးအားထုထည့်လာတော့
သည်..။
” အမလေးး..”
ဖဲဝိုင်းမှ လူအချို့ထလာပြီး ခန်းစီးစအားပင့်ကြည့်ကြလေရာ..
” ဟင်.. သော့ခတ်ထားတာဟ.. ”
အားလုံး၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများက ဖုံးလွှမ်းနေတော့
သည်..။
” မစန်းအေး.. ဖွင့်..ဖွင့်..ကြည့်ပါလား.. အထဲမှာ..ကြောင်များ..
ဝင်..နေတာလား..မသိ..သိ..ဘူး.. ”
ထိတ်လန့်နေသည်ထက်စာလျှင် ကြည့်လိုက်ရသည်က အကြောက်
ပြေစေလိမ့်မည်ဟု ဆိုကြသဖြင့် ဒေါ်စန်းစန်းအေးလည်း အိပ်ခန်း
တွင်းမှသော့အားယူကာ အခန်းအားဖွင့်ကြည့်လိုက်လေသည်…။
အခန်းတွင်းအမှောင်ချထားသဖြင့် အထဲကိုမမြင်နိုင်ကြသေးပေ..။
အပြင်မှမီးရောင်ဖြင့် ဝိုးတဝါးသာမြင်နိုင်ပေသည်..။
လူများအခန်းထဲသို့ ချောင်းကြည့်လိုက်လေရာ.. ကုတင်ပေါ်တွင်
ဆံပင်ဖားလားချပြီး ကျောပေးကာထိုင်နေသော ဒေါ်သန်းသန်းအေး
အား ရုတ်တရက် တွေ့လိုက်ကြရသဖြင့်…
” အမလေးး.. ”
” သရဲဗျို့.. ”
” မသန်းအေးကြီးတော့.. ဘုရား..ဘုရား.. ”
ထိတ်လန့်ကာ ပြေးကြလေသည်..။လူအကုန်အိမ်အောက်ဆင်းပြေး
ကြသည်..။အိမ်ပေါ်သို့မည်သူမှမတက်ရဲကြတော့ချေ…။
” ဘယ်လိုလုပ်ကြမလဲတော့.. ”
” ဦးမျိုးလွင်ကိုသွားခေါ်ကြဟေ့… ”
” အမလေးး.. ကောင်ဖြစ်လက်ဖြစ်တော့ ..ကြောက်စရာကောင်း
ချက်.. ”
အိမ်ရှေ့တွင်ဆူညံကုန်ကြလေသည်..။မကြာမှီ..ရွာလူကြီးဦးမျိုးလွင်
ရောက်လာပြီး..
” ယောကျာ်းတွေပဲတက်မယ်ဟေ့.. လာကြ.. ”
ယောကျာ်းချည်းချည်း ဆယ်ယောက်ကျော်ခန့် အိမ်ပေါ်တက်ကြည့်
ကြသည်..။
” ဘာမှမရှိပါဘူးဟ.. နင်တို့တွေ.. မျက်စိမှားတာနေမှာပါ..လာ
ကြည့်ကြ.. ”
ဦးမျိုးလွင်မှ မည်သည်မှမရှိကြောင်းသေချာပြောပြမှ လူအချို့အိမ်
ပေါ်တက်ရဲကြသည်..။ဆူညံသံများကြောင့်လည်း ရွာထဲမှ လူအချို့
ပြေးလာကြည့်ကြလေရာ အိမ်မှာလူစည်ကားနေချေတော့၏..။
အိမ်ပေါ်သို့တက်ကြသော်လည်း အခန်းထဲသို့မဝင်ရဲကြချေ..။
အိမ်လယ်တွင်သာ စုရုံးကာထိုင်ကြသည်..။ဒေါ်သန်းသန်းအေး
အခန်းအား မီးဖွင့်ပြီး တံခါးလည်းဖွင့်ထားလေသည်..။
တော်တော်ကြာသည်အထိ အသံမကြားရတော့သဖြင့် အနည်း
ငယ်စိတ်အေးသွားကြကာ ပုံမှန်အတိုင်းပြန်ဖြစ်လာကြသည်..။
အိမ်ပြန်သူကပြန်.. ဆက်စောင့်သူကစောင့်ဖြင့်.. မနက် ၃ နာရီ
ထိုးလာချေပြီ..။
” ဝုန်းးးး… ”
” အမလေးး. ကယ်ကြပါ.. ”
ဒေါ်သန်းသန်းအေးအခန်းမှ တံခါးဆောင့်ပိတ်သံမှာ ကြမ်းတမ်း
လှချေသည်…။အိမ်ရှိလူအကုန် ပြေးဆင်းကြပြန်သည်..။
” ကိုလှရွှေ.. ကျုပ်..ကျုပ်တို့ ဆက်မစောင့်ရဲတော့ဘူး… ”
” ဟုတ်တယ်ဗျ.. ကျုပ်လည်းလန့်လာပြီ.. ”
” မပြန်ကြပါနဲ့ဗျာ.. ကူညီပြီးဆက်စောင့်ပေးကြပါ..ကျုပ်တောင်း
ပန်ပါတယ်… ”
ကြောက်လန့်လှသဖြင့် အိမ်ပြန်ချင်နေကြချေပြီ…။
” မိန်းမ.. နင်တစ်ခုခုပြောအုံး..နင့်အစ်မကို.. ”
” ငါဘာပြောရမတုံး.. ”
” ထပ်မခြောက်နဲ့လို့.. ပြောလေဟာ.. ”
” အလိုတော်.. ငါပြောလို့ကော မခြောက်ပဲနေမှာတဲ့လား.. ”
” ပြောကြည့်ပါဟ..အရှုံးမရှိပါဘူး.. ”
” ဟင်း… အစ်မ..ငါတို့လည်းကြောက်နေပြီတော့…နင်ခြောက်ရ
မှာကငါတို့ကိုမဟုတ်ဘူး.. နင့်ကိုသတ်သွားတဲ့သူကိုသွားခြောက်
ရမှာ..အီး..ဟီး..ဟီး.. အဖြစ်ဆိုးလိုက်တာအစ်မရယ်… ဟီး..ဟီး”
ဒေါ်စန်းစန်းအေး၏စကားအဆုံးတွင် အိမ်ပေါ်မှတစုံတဦးဆင်း
လာသည့်အသံအား ကြားကြရပြန်သည်..။
လှေကားပေါ်မှဆင်းလာသံ ခြေသံတဖျပ်ဖျပ်ကိုကြားလိုက်ကြပြီး..
ကြက်သီးများထလာကြလေသည်…။
” ကြားလားဟေ့.. တကယ်သွားပြီထင်တယ်ဟ… ”
” အမလေးဗျာ… လန့်ဖို့ကောင်းချက်… ”
လူတွေလည်း ကြောက်ကြောက်ရွံ့ရွ ံ့ဖြင့် အိမ်ပေါ်တက်ကာ ဝိုင်းဖွဲ့
ထိုင်နေရရှာတော့သည်…။မိုးလင်းသည်အထိမည်သည့်အသံမှထပ်
မကြားရတော့ပေ…။
နောက်ရက်တွေလည်း ခြောက်လှန့်သံမကြားကြတော့…။
အလောင်းအားစစ်ဆေးပြီး သဂြိုလ်၍ ရပြီဟု အကြောင်းကြား
လာသောအခါ.. မိသားစုဝင်များသည် အလောင်းသယ်ယူ
သွားရာ မြို့သို့သွားကြရပြီး ထိုမြို့ရှိ ရင်ခွဲရုံမှ မီးသဂြိုဟ်စက်
သို့ ပို့ဆောင်ကြရသည်..။
ရွာပြင်တွင်သေဆုံး၍လည်း ရွာပြန်မသယ်ကြသည့် ထုံးစံကလည်း
ရှိလေသည်…။အလောင်းအား နောက်ဆုံးကြည့်ခွင့်ရမည်ဖြစ်၍
လည်း တစ်ရွာလုံးနီးနီး လိုက်ပါပို့ဆောင်ပေးကြသည်..။
ဒေါ်သန်းသန်းအေးအား မီးသဂြိုဟ် ပြီးရွာသို့ပြန်လာကြရာ
ညနေ ၄ နာရီခန့်ပင်ရှိနေကြချေပြီ…။
” သဂြိုဟ်ညဆို လာတတ်တယ်ဟ… ”
တီးတိုးပြောဆိုနေကြသော ရွာသားများအားကြည့်ပြီး မိသားစု
ဝင်များမှာစိတ်ပူပန်နေကြတော့သည်..။ညအိပ်ဖို့ရာပင် မစဉ်းစား
ရဲကြချေ…။မည်သူမှ မစောင့်အိပ်ရဲ ကြသဖြင့် ရွာထဲရှိ သတ္တိ အနဲ
ငယ်ရှိသည်ဟု ဆိုရလောက်သောသူများကို တစ်ည ၃ထောင် ဖြင့်
ညအိပ်စောင့်ရန်ခေါ်ယူထားရသည်..။
၃ထောင် ရမည်ဆို၍ ညအိပ်စောင့်ချင်သူများ များလာခဲ့တော့သည်။
အားလုံး အယောက် ၃၀ ခန့်ရှိ၍ အကြောက်ပြေစေသည်မှာ အသေ
အချာပင်…။ညရောက်လာလေ ကျောချမ်းလာလေဖြစ်သော
ဒေါ်သန်းသန်းအေးအိမ်တွင် မည်သူမျှမငိုက်ရဲကြချေ…။
အကြောက်ပြေစေရန် ရယ်စရာများပြောနေကြလေသည်…။ည
၁၀ နာရီလောက်တွင်…
” ဗျု ိ့.. အစ်မစန်းအေး… ကိုလှရွှေ… ”
” အိမ်ရှေ့မှခေါ်သံများကြောင့် ထိတ်ထိတ်လန့်လန့် လူများထွက်
ကြည်ု့ကြတော့သည်…။အိမ်ပြင်တွင် ကပ္ပိယနှင့် ရွာသားအချို့
အားတွေ့ရပြီး..
” ဆရာတော်က အခေါ်ခိုင်းလို့ဗျို့..အစ်မသန်းအေးကိုသတ်တဲ့သူ..
မိပြီတဲ့… မြန်မြန်လိုက်ခဲ့ကြဗျု ိ့.. ”
လူသတ်သမားအားမိပြီဆို၍ အိမ်ရှိလူကုန်ဆင်းလာကြလေသည်။
” ဟဲ့ အကုန်မလိုက်ကြနဲ့လေ.. အိမ်မှာစောင့်ကြအုံး.. ”
” အစ်မစန်းအေးကလည်း.. အစ်မတို့မရှိရင် မစောင့်ရဲဘူးဗျ… ”
” ဒုက္ခပါပဲ.. ကဲ..ဘယ်သူမှမလိုက်ခဲ့နဲ့ .. အကုန်စောင့်နေကြ..”
မည်သူမှ မလိုက်ရပဲ ဒေါ်သန်းသန်းအေး၏ မိသားစုဝင်များသာ
လိုက်သွားကြလေသည်…။
ဆရာတော်ကျောင်းသို့ရောက်သောအခါ… ရွာလူကြီးနှင့် ရွာခံ
အချို့ အခြားရွာမှ ရွာသားများအားလည်းတွေ့ကြရသည်..။
ဆရာတော်၏ရှေ့တွင် လူတစ်ယောက်အား ကြိုးဖြင့်တုပ်ချည်
ထားသဖြင့် ထိုသူသည် တရားခံဖြစ်ဟန်တူသည်ဟု ဦးလှရွှေတို့
သိလိုက်ကြသည်..။
ထိုသူမှာ ခေါင်းငိုက်စိုက်ကြကာ.. တစ်ကိုယ်လုံးတုန်ယင်နေလေ
သည်…။ခါးလည်းကုန်းထားသဖြင့် သူ၏မျက်နှာအားမတွေ့ရပေ။
” ကဲ..လာကြ.. သူ့နာမည်က မောင်ကျော်မျိုးတဲ့.. သရက်တောမှာ
နေတယ်.. ခုနက ဘုန်းဘုန်းကျောင်းပေါ်ပြေးတက်လာပြီး ..
ဒကာမကြီးမသန်းအေးကို သူသတ်တာပါလို့လာလျှောက်လို့..
ဒကာမျိုးလွင်တို့ကိုခေါ်ပေးလိုက်တာပဲကွဲ့.. ”
” တင်ပါ့ဘုရား… ”
” ဟဲ့.. နင်ဘာလို့ငါ့အစ်မကိုသတ်တာလဲ.. ပြောစမ်း.. နင့်ကိုငါကိုယ်
တိုင်ပြန်သတ်မယ်.. ”
ဒေါသထွက်ကာ ဒေါ်စန်းစန်းအေးသည်.. တရားခံနားကပ်သွားပြီး
ဆံပင်ကိုဆောင့်ဆွဲတော့သည်…။
” ဒကာမ..စိတ်ထိန်း..”
” မစန်းအေး..မလုပ်ပါနဲ့ဗျာ.. ”
ဘေးမှလူများဝိုင်းဆွဲကြသဖြင့် .. ရပ်လိုက်ရသော်လည်း မကျေနပ်
နေချေ…။
” ကဲ..ကိုလှရွှေ နဲ့မစန်းအေးတို့ .. ဒါက မသန်းအေးကိုသတ်ပြီးယူ
ထားတဲ့ လက်ဝတ်လက်စားတွေတဲ့.. မှန်မမှန်ပဲစစ်ပေး.. သက်သေခံ
ပစ္စည်းတင်ပြရအုံးမှာ..အခုပြန်ယူလို့မရသေးဘူး.. ”
” လက်ကောက်..၇ ကွင်း.. နားကပ်.. လက်စွပ် ၃ ကွင်း..ဆွဲကြိုး
ဆွဲသီး.. အားလုံးမှန်ပါတယ်.. ”
” ကောင်းပြီဗျာ.. ညလည်းနက်နေပြီဆိုတော့ မနက်မှသူ့ကိုစခန်းပို့
ရမှာပဲ.. ”
” အီး..ဟီး..ဟီး.. ”
တရားခံမှငိုရှိုက်သံထွက်လာလေသည်..။
” ဘုန်းဘုန်း..ကယ်ပါဘုရား.. ”
” ဒကာ.. ဘုန်းဘုန်းလည်းကယ်လို့မရဘူး.. ”
” မဟုတ်ပါဘူးဘုရား.. မသန်းအေး.. ကျွန်တော့ဂုတ်ပေါ်ခွစီး
ထားလို့ပါဘုရား.. အီး..ဟီး..ဟီး.. ”
” ဟေ.. ဘယ်မှာတုန်း.. ”
” မင်းလျှောက်မပြောနဲ့.. ”
” တကယ်ပါဗျာ.. ကျွန်တော်သူ့ကိုသတ်လိုက်တဲ့ညက ကျွန်တော့်
နောက် လိုက်လာပြီး ဂုတ်ပေါ်ခွစီးထားတာဗျ.. ကျွန်တော်လှုပ်လို့မရ
ဘူး.. ကျွန်တော်တစ်ယောက်ပဲ သူ့ကိုမြင်နေတာဗျ.. ဘုန်းဘုန်း..
ကယ်ပါဘုရား.. ဘုန်းဘုန်းမကယ်ရင် တပည့်တော်..သေရပါ
လိမ့်မယ်ဘုရား..ဟီး..ဟီး.. ”
” သေပလေ့စေ.. နင့်လိုကောင်ကသေရမှာ.. ”
” မစန်းအေး.. စိတ်အေးအေးထားပါဗျာ.. ”
” အင်း.. ဖြစ်ရလေကွဲ့… ကဲ..ကဲ.. ကပ္ပိယကြီး.. ဥူ းဇင်းတွေသွား
ခေါ်ချေ.. ”
” တင်ပါ.. ”
ဥူ းဇင်း လေးပါးရောက်လာကာ ဆရာတော်မှ ဒေါ်သန်းသန်းအေး
အား နားချပြီး တရားရွတ်ဖတ်ကြလေသည်…။တရားခံကျော်မျိုးမှာ
တရားရွတ်ဖတ်ပြီးဆုံးမှ ခေါင်းထောင်နိုင်လေတော့သည်..။
” ကျေးဇူးကြီးလှပါတယ်ဘုရား.. ”
၎င်းအား ရွာလူကြီးတို့အဖွဲ့မှ ခေါ်ဆောင်သွားပြီး လူတွေလည်း
အသီးသီးပြန်ကုန်ကြလေသည်…။ဒေါ်စန်းစန်းအေးတို့လည်း
ပြန်လာကြပြီး အိမ်ရောက်သောအခါ… အိမ်တွင်လူတစ်ယောက်မှ
မရှိကြတော့ချေ..။
” ဟဲ့.. ဘယ်ရောက်ကုန်ကြတုံး.. သာလှ .. မောင်ညို.. အမလေး
တော်..အိမ်ကိုဒီတိုင်းထားခဲ့ကြတယ်..ဟင်း.. ”
အိမ်ပေါ်သို့တက်ကြလေရာ…
” အမလေး…ကယ်ကြပါဦး.. ”
အကုန်ပြန်ပြေးဆင်းကြလေသည်..။ဒေါ်သန်းသန်းအေးသည်
အိမ်လယ်တွင် ငုတ်တုတ်ထိုင်ကာ ၎င်း တို့အားစိုက်ကြည့်နေသော
ကြောင့်ပင်တည်း…။
သော်တာလမင်းစန္ဒာ