သတိပေးဝိညာဉ်(စ/ဆုံး)

Unicode Version

သတိပေးဝိညာဉ်(စ/ဆုံး)
—————————–
“အား”
အော်သံနှင့်အတူကျွန်မအိပ်ရာမှလန့်နိုးခဲ့ပါတယ်။ ဇော်ချွေးများပြန်၍ မောပန်းနေပြီး ကျွန်မ ဝမ်းနည်းသလို ခံစားနေရပါတယ်။ မျက်လုံးအိမ်မှ မျက်ရည်များလည်းစီးကျလို့နေပါတယ်။ ကျွန်မမျက်နှာကိုစမ်းမိရင်အံ့ဩမိ ပါတယ်။ အိပ်မက်ဆိုးတွေမက်နေတာနေ့တိုင်းဖြစ်နေပါပြီ။ ကျွန်မ ခင်ပွန်းနဲ့ ပတ်သက်တဲ့ အိပ်မက်တွေပါ။
ရယ်”
“မောင် – နေကောင်းရဲ့လား။ အဆင်ပြေရဲ့လား စိတ်ပူလိုက်တာ မောင်
ရှေ့တန်းစစ်မြေပြင်မှာ မောင်က တိုင်းပြည်တာဝန် ထမ်းဆောင်နေရ တာလေ။ နောက်မှာကျန်ခဲ့တဲ့မောင့်ရဲ့ဇနီးကျွန်မကတော့စိုးရိမ်ပူပန်မှုတွေ နဲ့ပေါ့။ ကျွန်မလိုပဲတပ်မတော်သားတွေရဲ့မိသားစုတွေအားလုံး စိုးရိမ်ပူပန်မှု တွေ ရှိနေကြမှာပါ။ ကျွန်မကိုယ်ကျွန်မ အားပေးမိပါတယ်။ စစ်သားမိန်းမပဲ သံမဏိစိတ်ဓာတ်ရှိရမှာပေါ့။ ဒါပေမဲ့-ကျွန်မဝမ်းနည်းနေမိတယ်။ အိပ်မက် ထဲမှာမောင်က ကောင်းကင်ကိုပျံတက်သွားတယ်။ ကျွန်မက မောင့်နောက်

ပြေးလိုက်ရင်း ချောက်ထဲကျသွားခဲ့တယ်။ အဲဒါဘာအဓိပ္ပာယ်လဲ၊ မောင်ရေ- လောကကြီးထဲမှာ ကျွန်မကို တစ်ယောက်တည်း မထားခဲ့ပါနဲ့နော်။ ကျွန်မ ကြောက်တယ်
ဘိုးဘွားပိုင်အိမ်ကြီးထဲမှာကျွန်မတစ်ယောက်တည်းချောက်
ချားစွာနဲ့ ညသန်းခေါင်ယံအချိန်တွေကို အတွေးဆိုးများစွာဖြင့် ကျော်ဖြတ် နေရပါတယ်။ မောင်ရှေ့တန်းမသွားခင်ကတော့ အဖော်ကောင်မလေး
ခေါ်ထားဖို့ပြောပါတယ်။
ကျွန်မကတစ်ယောက်တည်းအေးအေးဆေးဆေး
နေချင်တာမို့ အိမ်ဖော် မခေါ်ခဲ့ပါဘူး။
“အိမ်အလုပ်တွေကို ကျွန်မလုပ်နိုင်ပါတယ် မောင်ရယ်” “မောင့်ဇနီးလေးပင်ပန်းမှာစိုးလို့ပါ။ မောင်မရှိတဲ့အချိန်ကူဖော်လောင် ဖက် အဖော်လေးရှိတော့ မကောင်းဘူးလား”
မောင်နဲ့ ကျွန်မပြောခဲ့ကြတဲ့စကားတွေကို ပြန်ကြားယောင်မိပါတယ်။ “မောင် – ရှေ့တန်းသွားရမယ်။ မ တစ်ယောက်တည်း ဖြစ်ရဲ့လား” “ဖြစ်ပါတယ် – မောင်ရယ် စိတ်ချပါ။ ဒါပေမဲ့- မောင့်ကို ကျွန်မ စိတ်မချ ဘူး။ အစစအရာရာ ဂရုစိုက်နော်”
“စိတ်ချပါ မရယ် – ရဲဘော်မသေ သေသော်ငရဲမလားတဲ့ တပ်မတော် အရာရှိ မိန်းမတစ်ယောက် လုပ်နေပြီး စိတ်ဓာတ်က မာစမ်းပါကွာ” “ဟုတ်ကဲ့ပါ – မောင်ရယ်၊ မောင့်ကို ကျွန်မ အလေးပြုပါတယ်” “အင်း – ဒါမှ မောင့်မိန်းမ”
“ဟယ်၊ လူဆိုး – ကြည့်စမ်း”
မောင် ခရီးမထွက်ခင် ကျွန်မတို့ရဲ့ ကြည်နူးစရာ အဖြစ်လေးတွေပေါ့။

နံနက်မိုးသောက်နေခြည်ဖြာဖြာတွေနဲ့အတူ နေ့တစ်နေ့ကို စတင်လို့
နေပါပြီ။ မောင်တို့ရဲ့ဘိုးဘွားပိုင်အိမ်ကြီးကခြံဝန်းကျယ်ကြီးထဲမှာအထီးကျန် စွာတည်ရှိနေသလိုပဲ။အရင်ကသတိမထားမိပေမဲ့အခုမှတစ်ယောက်တည်း

ဖြစ်နေလို့ပဲလား။ ကြက်သီးမွေးညင်းထသလိုခံစားနေရတယ်။ အောက်ထပ် ရောက်တော့နံရံမှာကပ်ထားတဲ့မောင်တို့ရဲ့ဘိုးဘွားဘီဘင်တွေရဲ့အိုဟောင်း နေတဲ့ဓာတ်ပုံတွေက အသက်ဝင်နေသလိုပဲ။ မောင်နဲ့အတူနေတုန်းက သေချာမကြည်မိတဲ့ ပုံတွေကို အခုမှ လိုက်ကြည့်နေမိတယ်။ ဓာတ်ပုံထဲက မျက်လုံးတွေက အသက်ဝင်ပြီး စူးရှတဲ့ အကြည့်တွေနဲ့ ကျွန်မကို ကြည့်နေ ကြတယ်။ ကျွန်မကိုယ်ကျွန်မလည်းအခုမှပဲမိတ်ဆက်ပေးနေမိသေးတယ်။ “ကျွန်မက ဘိုးဘိုးဘွားဘွားတို့ရဲ့ မြေး ဖြစ်မလား၊ မြစ်ဖြစ်မလား မသိ ဘူးရှင့်။ ဗိုလ်ကြီးရဲ့ဇနီးမပါ။ ကျွန်မကို စောင့်ရှောက်ကြပါနော်။ ရုတ်တရက် ကျွန်မ ကြက်သီးထသွားတယ်။ ကျွန်မကလည်း ဘာတွေ ပြောနေမိမှန်း မသိပါဘူး။ ကျွန်မအိမ်အပြင်ထွက်ခဲ့တယ်။ခြံထဲမှာလမ်းလျှောက်ရင်းခြံဝနား ရောက်သွားတယ်။ အိမ်ကြီးကို တစ်ချက် လှမ်းကြည့်မိတယ်။ နေ့ခင်းမှာ တောင်တစ္ဆေတစ်ကောင်ထိုင်နေသလိုပဲ။ ညဘက်ဆိုရင်အို- ဘာတွေတွေး နေမိပါလိမ့်။ ယောင်နောက်ဆံထုံးပါဆိုသလိုမောင်နဲ့ရန်ကုန်မှာလက်ထပ်ပြီး
မောင့်ရဲ့ဇာတိမြေရှိရာသို့လိုက်လာခဲ့ခြင်းဖြစ်ပါတယ်။ မောင့်ရဲ့မိခင်တပ်ရင်း ကလည်း မောင့်ရဲ့ဇာတိမြေမှာပဲဆိုတော့ အဆင်ပြေတာပေါ့လေ။
ရန်ကုန်မှာမောင်က M.S.C လာတက်ရင်းကျွန်မတို့တွေ့ခဲ့ကြတာပေါ့။ မိဘတွေလည်း မရှိတော့တဲ့မောင့်ကို အားပေးရင်း ကျွန်မ အချစ်တွေ ပိုခဲ့ရ တာလေ။ မောင်(၁ဝ)နှစ်သားလောက်ကမောင်နဲ့ (၁ဝ)နှစ်ကွာတဲ့အစ်မက နှလုံးရောဂါနဲ့ ဆုံးသွားခဲ့တယ်။ ငယ်ငယ်တည်းက မောင်နှမ မရှိဘဲ အထီး ကျန်စွာနေခဲ့ရတဲ့ မောင့်ဘဝထဲကိုကျွန်မပျော်ရွှင်စွာနဲ့ဝင်ခဲ့ရင်း မောင်ရှိရာ အရပ်ကိုကျွန်မလိုက်ခဲ့တာပေါ့။ မြို့ပြရဲ့လူနေထူထပ်မှုအောက်ကနေခြံဝန်း ကြီးထဲမှာ စိတ်ငြိမ်စွာနဲ့ နေရတာကို ကျွန်မ သဘောကျခဲ့တယ်။ စရောက် တုန်းကတော့ အိမ်ကြီးကိုသေချာမကြည့်မိပါဘူး။ အခုတစ်ယောက်တည်း ဖြစ်ခါမှ ကြည့်မိတော့ စိတ်တွေ ချောက်ချားလိုက်တာ။ အခုကျွန်မစိတ်တွေ ချောက်ချားလာပြီ။

ဖြစ်နေလို့ပဲလား။ ကြက်သီးမွေးညင်းထသလိုခံစားနေရတယ်။ အောက်ထပ် ရောက်တော့နံရံမှာကပ်ထားတဲ့မောင်တို့ရဲ့ဘိုးဘွားဘီဘင်တွေရဲ့အိုဟောင်း နေတဲ့ဓာတ်ပုံတွေက အသက်ဝင်နေသလိုပဲ။ မောင်နဲ့အတူနေတုန်းက သေချာမကြည်မိတဲ့ ပုံတွေကို အခုမှ လိုက်ကြည့်နေမိတယ်။ ဓာတ်ပုံထဲက မျက်လုံးတွေက အသက်ဝင်ပြီး စူးရှတဲ့ အကြည့်တွေနဲ့ ကျွန်မကို ကြည့်နေ ကြတယ်။ ကျွန်မကိုယ်ကျွန်မလည်းအခုမှပဲမိတ်ဆက်ပေးနေမိသေးတယ်။ “ကျွန်မက ဘိုးဘိုးဘွားဘွားတို့ရဲ့ မြေး ဖြစ်မလား၊ မြစ်ဖြစ်မလား မသိ ဘူးရှင့်။ ဗိုလ်ကြီးရဲ့ဇနီးမပါ။ ကျွန်မကို စောင့်ရှောက်ကြပါနော်။ ရုတ်တရက် ကျွန်မ ကြက်သီးထသွားတယ်။ ကျွန်မကလည်း ဘာတွေ ပြောနေမိမှန်း မသိပါဘူး။ ကျွန်မအိမ်အပြင်ထွက်ခဲ့တယ်။ခြံထဲမှာလမ်းလျှောက်ရင်းခြံဝနား ရောက်သွားတယ်။ အိမ်ကြီးကို တစ်ချက် လှမ်းကြည့်မိတယ်။ နေ့ခင်းမှာ တောင်တစ္ဆေတစ်ကောင်ထိုင်နေသလိုပဲ။ ညဘက်ဆိုရင်အို- ဘာတွေတွေး နေမိပါလိမ့်။ ယောင်နောက်ဆံထုံးပါဆိုသလိုမောင်နဲ့ရန်ကုန်မှာလက်ထပ်ပြီး
မောင့်ရဲ့ဇာတိမြေရှိရာသို့လိုက်လာခဲ့ခြင်းဖြစ်ပါတယ်။ မောင့်ရဲ့မိခင်တပ်ရင်း ကလည်း မောင့်ရဲ့ဇာတိမြေမှာပဲဆိုတော့ အဆင်ပြေတာပေါ့လေ။
ရန်ကုန်မှာမောင်က M.S.C လာတက်ရင်းကျွန်မတို့တွေ့ခဲ့ကြတာပေါ့။ မိဘတွေလည်း မရှိတော့တဲ့မောင့်ကို အားပေးရင်း ကျွန်မ အချစ်တွေ ပိုခဲ့ရ တာလေ။ မောင်(၁ဝ)နှစ်သားလောက်ကမောင်နဲ့ (၁ဝ)နှစ်ကွာတဲ့အစ်မက နှလုံးရောဂါနဲ့ ဆုံးသွားခဲ့တယ်။ ငယ်ငယ်တည်းက မောင်နှမ မရှိဘဲ အထီး ကျန်စွာနေခဲ့ရတဲ့ မောင့်ဘဝထဲကိုကျွန်မပျော်ရွှင်စွာနဲ့ဝင်ခဲ့ရင်း မောင်ရှိရာ အရပ်ကိုကျွန်မလိုက်ခဲ့တာပေါ့။ မြို့ပြရဲ့လူနေထူထပ်မှုအောက်ကနေခြံဝန်း ကြီးထဲမှာ စိတ်ငြိမ်စွာနဲ့ နေရတာကို ကျွန်မ သဘောကျခဲ့တယ်။ စရောက် တုန်းကတော့ အိမ်ကြီးကိုသေချာမကြည့်မိပါဘူး။ အခုတစ်ယောက်တည်း ဖြစ်ခါမှ ကြည့်မိတော့ စိတ်တွေ ချောက်ချားလိုက်တာ။ အခုကျွန်မစိတ်တွေ ချောက်ချားလာပြီ။
နေ့တစ်နေ့ရဲ့အချိန် ကုန်ဆုံး၍ ညအချိန်သို့ ရောက်ခဲ့ပြန်ပါပြီ။ ကျွန်မ
လည်း ဘုရားဝတ်တက်ပြီး ဘုရားခန်းထဲကအထွက် အရိပ်မည်းတစ်ခုကို လှစ်ခနဲ တွေ့လိုက်ရပါတယ်။ ကျွန်မ ခေါင်းနားပန်းကြီးသွားပြီး ကြက်သီး မွေးညင်းထသွားတယ်။ ဒါမျိုး ကျွန်မတစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်မ တစ် ယောက်တည်းမို့စိတ်ချောက်ချားတာနေမှာပေါ့လေဟုတွေးရင်းအိပ်ရာခန်း ရှိရာသို့လာခဲ့ပါတယ်။ အိပ်ခန်းရဲ့ ပြတင်းပေါက်မှလိုက်ကာကလေအဝှေ့မှာ ယိမ်းနွဲ့နေပုံက သမီးပျိုတစ်ယောက်ကနေသည့် အလားအသွင် မြင်နေရပါ တယ်။ ကျွန်မကလည်း ကဗျာဆန်နေလိုက်တာဟု ကိုယ့်ကိုယ်ကိုယ် တွေးရင်း ပြုံးမိပါတယ်။
အိပ်ခန်းပြတင်းပေါက်ကို ပိတ်ရင်း ကောင်းကင်ကြီးကို လှမ်းကြည့်မိ တယ်။ လပြည့်နေ့မို့ လမင်းကြီးက ထိန်ထိန်သာနေတာပဲ။ လရောင်က ကျွန်မအိပ်ခန်းပြတင်းပေါက်ကို ဖွင့်ရင်း ကောင်းကင်ကြီးကို လှမ်းကြည့်မိ တယ်။ လရောင်က ကျွန်မအိပ်ခန်းအတွင်းသို့ဖြာကျနေတယ်။ အတွေးများ စွာဖြင့်ပဲ ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တယ်ထင်တယ်။ သန်းခေါင်ယံ အချိန်မှာကျွန်မ တစ်ရေးနိုးလာခဲ့တယ်။ အိပ်ခန်းရဲ့အပြင်မှာ စကားသံတွေ ကြားနေရတယ်။ ဘယ်သူတွေစကားပြောနေတာလည်း အိမ်မှာလည်းကျွန်မ တစ်ယောက်တည်းပါ။ အိမ်ပေါ်ထပ်တက်လာတဲ့ ခြေသံတွေလည်း ကြား နေရတယ်။ ဟိုဘက်အခန်းကတံခါးဖွင့်သံတွေ၊ စာကြည့်ခန်းကစာရွက်လှန် သံတွေ၊ အဲဒါ ဘာတွေလည်း ညအချိန်မှာ မအိပ်ဘဲ ဘာတွေ လုပ်နေကြ တာလဲ။
ထိုအချိန်မှာပဲ ရှေးဟောင်းနာရီကြီးမှ “ဒေါင်”ဟူ၍ (၁)နာရီထိုးပြီ ဖြစ် ကြောင်းကျွန်မသိခဲ့ရပါတယ်။တိတ်ဆိတ်နေတဲ့ညအချိန်မှာ“ဒေါင်”ဟူသော အသံကြီးကလည်း ကြောက်စရာကောင်းလိုက်တာ။ ကျွန်မလည်း အိပ် မပျော်နိုင်ဘဲခြေသံ၊စကားသံ၊ တံခါးဖွင့်သံ၊ စာရွက်လှန်သံတွေကိုနားထောင် ရင်း တစ်ညတာ ကုန်ဆုံးခဲ့ပြန်ပါပြီ။ မောင်ခရီးမသွားခင်က ကျွန်မ ထိုအသံ များကို သတိမထားမိပါဘူး။ မောင့်မျက်နှာ တစ်ကမ္ဘာထင်နေတော့ မကြား

တာ နေမှာပေါ့လေ။ ကျွန်မကိုယ်ကျွန်မတွေးရင်း ရယ်မိပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလို့ လာပါတယ်။
ကျွန်မလည်း မအိပ်ရတဲ့ ညတွေများလို့ မျက်တွင်းတွေညိုပြီး ကျန်းမာ ရေးလည်း ချို့တဲ့လာပါတယ်။ ည – ညကြားနေရတဲ့အသံတွေကိုသေချာနား ထောင်ကြည့်တော့လည်း မသဲမကွဲတွေပဲ ကြားရတယ်။ ထွက်လည်း မကြည့်ရဲဘူး။ မနက်မိုးလင်းမှပဲ အခန်းထဲကထွက်ရဲတယ်။ ဒီနေ့တော့ စာကြည့်ခန်းထဲကျွန်မှ သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်မှုကိစ္စတွေလုပ်ပြီး
နံနက်စာစားသောက်ပြီး စာကြည့်ခန်းထဲကျွန်မ သွားခဲ့တယ်။“ဟင်- အံ့ဩ စရာကောင်းလိုက်တာအခန်းထဲမှာမိုးမျှင်တစ်မျှင်ဖုန်တစ်စက်တောင်မရှိဘဲ သန့်ရှင်းနေပါလား။ ကျွန်မစရောက်ကတည်းက အဲဒီ့အခန်းထဲတစ်ခါမှမဝင် ခဲ့ဘူး။ မောင်ကလည်း အလုပ်နဲ့ အိမ်နဲ့အချိန်ကုန်နေတာ စာကြည့်ခန်းထဲ ဝင်တာလည်းမမြင်ပါဘူး။ မောင်ပြောတာကြားဖူးတယ်။ အဘိုးအဘွားတွေ ရဲ့စာဖတ်ခန်းလို့ပြောတာ။ မောင် စာဖတ်ရင်တော့ အောက်ထပ်ကစားပွဲမှာ ဘဲ ဖတ်တာများပါတယ်။ ကျွန်မလည်း စာဖတ်ခန်းထဲ ဟိုဟိုဒီဒီ လျှောက် ကြည့်နေမိတယ်။ စားပွဲပေါ်မှာ ဖတ်လက်စစာအုပ်တစ်အုပ်ရှိနေတာတွေ့ရ တယ်။ အခန်းထဲလျှောက်ကြည့်နေတဲ့အချိန်အနောက်ကနေတစ်ယောက်
ယောက်လိုက်နေသလိုခံစားရတယ်။ ကျွန်မလည်းစာဖတ်ခန်းထဲကခပ်မြန် မြန်လေး ပြန်ထွက်လာခဲ့တယ်။
အခန်းရဲ့ အပြင်အရောက်မှာတော့ အခန်းရဲ့တံခါးမကြီးက “ကျွီ”ခနဲ
ပိတ်သွားတယ်။ကျွန်မနောက်တောင်ပြန်လှည့်မကြည့်ရဲဘူးဖြစ်သွားတယ်။ ဒါပေမဲ့-စိတ်ကို ဖြေလိုက်ပါတယ်။ လေတိုက်လို့ ပိတ်သွားတာ နေမှာပေါ့။ ဟင်း – လေတိုက်ရအောင်လည်း ပြတင်းပေါက်တံခါးတွေ ပိတ်ထားတာပဲ။ ကျွန်မရဲ့ကြောက်စိတ်တွေပြန်ဝင်လို့လာပါတယ်။ ကြောက်စိတ်တွေဖြစ်နေ ပေမယ့် ခြေလှမ်းတွေကလည်း တစ္ဆေတစ်ကောင်ကဲ့သို့ စူးရှတောက်ပပြီး ခြေထောက်တွေကလည်း လမ်းမလျှောက်ရဘဲ ပေါ့ပါးစွာနဲ့ အခန်းထဲကို ရောက်သွားပါတယ်။ အခန်းထဲမှာဝတ်ရုံဖြူနဲ့ ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ မိန်းမလှ တစ်ယောက်က ကျွန်မကိုပြုံးပြနေတယ်။
ကျွန်မလည်း ကြောင်တောင်တောင်နဲ့ယောင်ပြီး ပြုံးပြလိုက်မိတယ်။ နောက်မှသေချာပြန်ကြည့်တော့လက်ရာပြောင်မြောက်လှတဲ့ အင်မတန်မှ အသက်ဝင်လှတဲ့ ပုံတူပန်းချီကားတစ်ချပ် ဖြစ်နေတယ်။ ဒီ အိပ်ခန်းရဲ့ ပိုင်ရှင်က “သူမ”လား။ ဒီ အိပ်ခန်းမှာလည်း သန့်ရှင်းသပ်ရပ်နေတာက အံ့ဩစရာကောင်းနေပြန်တယ်။ ကျွန်မရဲ့အကြည့်ကလှုပ်နေတဲ့မြင်းကုလား ထိုင်ပေါ်ရောက်သွားတယ်။

“ဟင်”
ခုံက ဘာလို့ လှုပ်နေတာလည်း ဘယ်သူမှလည်း မထိုင်ဘဲ ဒါမှမဟုတ် “သူမ” ထိုင်များ နေလို့လား။ အို – မဟုတ်တာ ဘယ်သူမှ မရှိဘဲ ငါ ဘာတွေ တွေးနေမိပါလိမ့်။ (တော်ပြီ) အခန်းထဲကပြန်ထွက်တော့မယ်။ အခန်းထဲက ထွက်လာတော့တံခါးကို ဘယ်သူများ ပိတ်ဦးမလည်းလို့ ခပ်မြန်မြန်ပဲ လှည့် ကြည့်လိုက်ပါတယ်။ သူခိုးဖမ်းတဲ့မျက်လုံးနဲ့ဒီတစ်ခါတော့မရဘူးဆိုတဲ့ပုံမျိုးနဲ့ ပေါ့လေ။ ဒါပေမဲ့လည်းတံခါးက ခုနကလိုပိတ်မသွားဘူးရှင့်။ စဉ်းစားစရာပဲ။ ဘာကြောင့်လည်း ကျွန်မလည်း အောက်ထပ်ကို ဆင်းလာတယ်။ ဧည့်ခန်း ထဲကကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်နေလိုက်တယ်။ ကျွန်မနဲ့မျက်နှာ ချင်းဆိုင်ခုံမှာ တစ်ယောက်ယောက် ထိုင်နေတယ်လို့ ခံစားရပြန်တယ်။ ခုနက ပန်းချီကားထဲက သူမလား၊ ကျွန်မစိတ်တွေ ကယောင် ချောက်ချား ဖြစ်နေပြီ။ ပြီးတော့လေ -ကျွန်မ အနောက်ကနေ တစ်ယောက်ယောက် ဖြတ်သွားသလိုပဲ။
ကျွန်မအမြန်လှည့်ကြည့်လိုက်တယ်။ ကျွန်မမျက်လုံးထဲမြင်လိုက်ရတာ ဆံပင်ဖားလျားနဲ့အရိပ်မည်းတစ်ခု။ ဒီအိမ်ကြီးထဲမှာ ဝိညာဉ်တွေရောက်နေ တာလား။ စာဖတ်ခန်းထဲမှာ စာဖတ်နေတာက ဘယ်သူလဲ၊ အိပ်ခန်းထဲက သူမကရော၊ ဆံပင်ဖားလျားနဲ့ အရိပ်မည်းတစ်ခု၊ အဲဒါတွေက တစ်ယောက် တည်းလား။ ကျွန်မကို သူတို့ဘာလို့ အဲဒီလို လုပ်နေရတာလဲ၊ ကျွန်မကို ခြောက်တာလား။
သရဲခြောက်တယ်ဆိုတာအဲဒါကိုပြောတာလား။ ကျွန်မတွေ့ခဲ့တဲ့ သူမ ကရော ကျွန်မကို အဖော်ပြုပေးနေတာလား။ ခြောက်တာလား။ သူမ ရှိနေ တာကို သတိပေးတာလား။ လားပေါင်း များစွာသော မေးခွန်းများနဲ့ ကျွန်မ အသက်ကို လေးပင်စွာ ရှူရှိုက်မိလိုက်ပါတယ်။
“မောင်ရေ-ကျွန်မစိတ်တွေ အရမ်းပင်ပန်းနေပြီ။ မောင့်ကိုတမ်းတရင်း ကျွန်မခုံပေါ်မှာ အိပ်ပျော်သွားတယ်။ ကျွန်မ နူးညံ့တဲ့ အထိအတွေ့တစ်ခုကို ခံစားနေရတယ်။ ကျွန်မရဲ့ဆံနွယ်တွေကိုပွတ်သပ်ပေးပြီးကျွန်မကိုချော့သိပ် နေသလိုပဲ။ ကျွန်မလည်း စင်းကျနေတဲ့မျက်လုံးအစုံကိုအားယူ၍ဖွင့်ကြည့်လိုက်တယ်။ မသဲမကွဲ မြင်ကွင်းထဲမှာ ဝတ်ရုံဖြူနဲ့ ပန်းချီကားထဲက သူမပါ
လား။
“အား”
ကျွန်မလည်းလန့်ပြီး ထအော်မိတယ်။“ဟင်” ဘယ်သူမှလည်းမရှိဘူး။ ကျွန်မ အိပ်မက် မက်နေတာပဲ။ ကျွန်မ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း အိမ်ကြီးထဲမှ အပြင်သို့ ထွက်ခဲ့ပါတယ်။
အညောင်းပြေခြံထဲလမ်းလျှောက်ဦးမယ်ဆိုတဲ့အတွေးတွေနဲ့ပေါ့။ ခြံထဲ
ရောက်တော့ ခြေလှမ်းတွေက ခြံအနောက်ဘက်ကိုဦးတည်လို့နေပါတယ်။ အံ့ဩစရာပဲ။ ကျွန်မရဲ့စိတ်ကူးက ခြံရှေ့မှာ လမ်းလျှောက်ဖို့ပါ။
“အမလေး”
ကျွန်မအော်လိုက်မိပါတယ်။အရိပ်တစ်ခုခြံနောက်ဘက်ကခရေပင်ကြီး ထဲကိုဝင်သွားတယ်။ ကျွန်မကလည်း အဲဒီ့ခရေပင်ကြီးနား လျှောက်သွားလို့ နေမိတယ်။ “အို” ကျွန်မ အံ့ဩရပြန်ပါပြီ။ ခရေပင်ကြီးနားမှာ အုတ်ဂူတစ်ခု ပါလား။ နာမည်ကမစိမ်းနွယ်အသက်က(၂၀)နှစ်ဆိုပါလား။ မောင်ပြောဖူးတဲ့ မောင့် အစ်မဆိုတာပဲ။ ခြံထဲမှာ အုတ်ဂူလုပ်ထားတော့ မောင်က မပြောခဲ့ဖူး ပါဘူး။ ခြံထဲမှာ အုတ်ဂူလုပ်ထားတော့ ဒီခြံမြေကမသန့်တော့ဘူးပေါ့။ အိမ်ထဲ မှာလျှောက်သွားနေတဲ့ဝိညာဉ်က သူမပဲလား။ စကားပြောသံတွေကဘာလဲ သူမနဲ့အခြားဝိညာဉ်တွေစကားပြောနေကြတာလား။ကျွန်မလည်းအုတ်ဂူကို
စိုက်ကြည့်ရင်းမှင်တက်နေမိတယ်။ မျက်လုံးထဲမှာလည်းဝတ်ရုံဖြူနဲ့မိန်းမလှ တစ်ယောက်ကအုတ်ဂူပေါ်မှာထိုင်ပြီး ကျွန်မကိုပြုံးပြနေတယ်။ သူမမျက်လုံး တွေကလည်း စူးရှတောက်ပနေတယ်။ တဖြည်းဖြည်းနဲ့ သူမရဲ့ အပြုံးတွေ ကလည်း ကြောက်စရာကောင်း- ကောင်းလာတယ်။ ပြုံးရင်းနဲ့ အစွယ်တွေ ထွက်ကျလာတယ်။ မိန်းမလှအပြုံးတွေကနေတစ္ဆေတစ်ကောင်ရဲ့အပြုံးတွေ အဖြစ်အသွင်ပြောင်းလာတယ်။ အဲဒီအချိန်မှာဘဲမှောင်ရီသမ်းပြီး နေလုံးကြီး လည်းဝင်လို့သွားတယ်။ ကျွန်မလည်းကျောက်ရုပ်တစ်ရုပ်လိုရပ်နေရာကနေ သတိပြန်ဝင်လာပြီး အိမ်ကြီးရှိရာဘက်သို့ ပြန်ပြေးလာခဲ့တယ်။ ကျွန်မ ကြောက်လိုက်တာ။ ခုနက မြင်ရတာ တကယ်လား။ စိတ်ထင်တာလား။
ကယောင်ချောက်ချား ဖြစ်တာလား။ ကျွန်မ မောပန်းစွာနဲ့ အသက်ရှူနေ ရပါတယ်။ နှလုံးခုန်နှုန်းတွေလည်း အဆမတန် မြင့်မားနေပါရဲ့။ ရင်တွေ လည်း အောင့်လိုက်တာ။ ခန္ဓာကိုယ်အတွင်းထဲက ကလီစာတွေ ဘာတွေ ဖြစ်ကုန်ပြီလည်းတောင်မသိပါဘူးရှင်။“မောင်ရေ”တာဝန်တွေပြီးရင် ပြန်လာပါတော့။ ကျွန်မစိတ်ချောက်ချားပြီး သေတော့မယ်။ ဘုရား – ဘုရား ကယ်တော်မူပါဘုရား။
အမြန်
ရန်ကုန်က မိဘတွေဆီကို ဖုန်းဆက်တော့လည်း ဘုရားဖူးထွက်နေ ကြတယ်တဲ့။ ကျွန်မရဲ့အဖြစ်ကိုတော့ မပြောတော့ပါဘူး။ ကျွန်မ အသက်ကို မှန်အောင် ဖြည်းဖြည်းချင်း ရှူနေရပါတယ်။ ထိုအချိန်မှာပဲ ဖုန်းသံမြည်လာ တယ်။
“ဟဲလို – ဟုတ်ကဲ့ပါရှင့်”
ကျွန်မ ထိတ်လန့်စွာနဲ့ အော်မိတယ်။ မောင် ဒဏ်ရာရလို့ စစ်ဆေးရုံမှာ တင်ထားရတယ်တဲ့။ ကျွန်မ အမြန်ပဲ ဆေးရုံကို လိုက်သွားတယ်။ ဘုရား- ဘုရားမောင်ဘာမှမဖြစ်ပါစေနဲ့ ကျွန်မလည်း ဘုရားစာတွေရွတ်လိုက်တာမှ စုံလို့ပါပဲ။ ဆေးရုံရောက်တော့ မောင်က သတိတောင်ရနေပြီ။ မောင်နေသာ ရဲ့လား။ ကျွန်မလည်း အူယားဖားယားနဲ့ မောင့်ဆီ အပြေးသွားခဲ့ပါတယ်။
“မောင် – သက်သာရဲ့လား။ ဘယ်လို နေသေးလဲ၊ ဘယ်လိုဖြစ်တာလဲ၊ မသေကောင်း မပျောက်ကောင်း။ ဘုရားကယ်လို့ပေါ့ မောင်ရယ်”
ကျွန်မလည်းမေးခွန်းများစွာကိုစိုးရိမ်တကြီးနဲ့မောင့်ကိုမေးမိနေတယ်။
“မောင်” သက်သာပါတယ်“မ”ရယ်။ ကျည်က လက်မောင်းကိုထိသွားတာ ပါ။ တော်သေးတာက အရိုးနဲ့လွတ်သွားတယ်။ ဒါနဲ့ “မ”ရော နေကောင်းရဲ့ လား။ မျက်နှာကလည်း ဖြူဖပ်ဖြူရော်နဲ့ ။
“ဟုတ်ကဲ့၊ ကောင်းပါတယ်-မောင်ရယ်” မောင်က ဆေးရုံက ဆင်းရင် တစ်ပတ်လောက် ခွင့်ရတယ်။
“ဟုတ်လား- ကောင်းတာပေါ့မောင်ရယ်”
ကျွန်မလည်း သက်ပြင်းရှည်ကြီးကို လေးပင့်စွာချရင်း အိမ်ပြန်ရမှာ ကြောက်နေမိတယ်။ မောင့်ရဲ့ဒဏ်ရာ သက်သာတော့ ဆေးရုံမှ ဆင်းခွင့်ရ၍ ကျွန်မတို့ အိမ်ပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ မောင်က မေးတယ်။ “အဆင်ပြေရဲ့လား အိမ်မှာ ဘာတွေ ဖြစ်သေးလဲ”
ဖြစ်တော့ ဖြစ်တယ်။ မ လည်း လိပ်ပြာလွင့်မတတ်ပဲ။ မောင် ကျွန်မတို့ ဒီအိမ်မှာ မနေရဲတော့ဘူး။ တပ်ထဲမှာပဲ ပြောင်းနေရအောင်နော်” “တပ်ထဲမှာနေရင် အရာရှိကတော်တွေ အရမ်းပင်ပန်းတယ်။ မောင့် ဇနီးပင်ပန်းမှာစိုးလို့ပါ”
“တပ်မတော်သားရဲ့ မိန်းမပဲ။ ပင်ပန်းတော့ ဘာဖြစ်လည်း ခံနိုင်ရည် ရှိရမှာပေါ့။ မောင် – ကျွန်မတို့ဒီအိမ်ထဲကဝိညာဉ်တွေကျွတ်လွတ်သွားအောင် အလှူလုပ်ပြီး အမျှအတန်းဝေကြမယ်နော်”
“ကောင်းပါပြီ – မရယ်”
နောက်တစ်နေ့မနက်မှာ သံဃာတော်တွေပင့်ပြီး မစိမ်းနွယ်နှင့် အခြား မကျွတ်လွတ်သေးတဲ့ဝိညာဉ်အားလုံးကို အမျှပေးဝေခဲ့ပါတယ်။ ညရောက် တော့အိပ်မက်ထဲမှာ မစိမ်းနွယ်က “ညီမလေးနဲ့ မောင်လေးကိုကျေးဇူးတင် ပါတယ်”လို့ကျွန်မကိုပြောသွားတယ်။ ကြည်လင်လန်းဆန်းနေတဲ့မစိမ်းနွယ် ရဲ့မျက်နှာက အေးချမ်းလိုက်တာလို့ ကျွန်မတွေးရင်း ပြုံးမိတယ်။
မောင်ကလည်း ကျွန်မကဲ့သို့ အိပ်မက် မက်တယ်တဲ့။ မစိမ်းနွယ်က မောင့်ကိုလည်း နှုတ်ဆက်သွားတယ်လေ။ နောက်တစ်နေ့ နံနက်မှာ မောင် နှင့် ကျွန်မ လက်ဆတ်တဲ့ လေနုအေးကို ရှူရှိုက်ရင်း မစိမ်းနွယ်ကို သတိရ လိုက်တယ်။ ဘုရား၊ တရား၊ သံဃာရဲ့ဂုဏ်ကျေးဇူးတွေကြောင့်မစိမ်းနွယ်နှင့် အခြားဝိညာဉ်တွေ ကောင်းရာ သုဂတိဘုံမှာ ငြိမ်းချမ်းစွာ ရောက်ရှိနေကြပြီ ဆိုတာကျွန်မယုံကြည်လိုက်ပါတယ်။ ကျွန်မဝမ်းသာပီတိဖြာစွာနှင့်ပြုံးလိုက် မိပါတယ်။ မောင်ကလည်း ကျွန်မကို ကြည့်ရင်း ပြုံးလို့နေပါတယ်။
> စောစုထိုက်

Zawgyi Version

သတိေပးဝိညာဥ္(စ/ဆုံး)
—————————–
“အား”
ေအာ္သံႏွင့္အတူကြၽန္မအိပ္ရာမွလန႔္ႏိုးခဲ့ပါတယ္။ ေဇာ္ေခြၽးမ်ားျပန္၍ ေမာပန္းေနၿပီး ကြၽန္မ ဝမ္းနည္းသလို ခံစားေနရပါတယ္။ မ်က္လုံးအိမ္မွ မ်က္ရည္မ်ားလည္းစီးက်လို႔ေနပါတယ္။ ကြၽန္မမ်က္ႏွာကိုစမ္းမိရင္အံ့ဩမိ ပါတယ္။ အိပ္မက္ဆိုးေတြမက္ေနတာေန႔တိုင္းျဖစ္ေနပါၿပီ။ ကြၽန္မ ခင္ပြန္းနဲ႔ ပတ္သက္တဲ့ အိပ္မက္ေတြပါ။
ရယ္”
“ေမာင္ – ေနေကာင္းရဲ႕လား။ အဆင္ေျပရဲ႕လား စိတ္ပူလိုက္တာ ေမာင္
ေရွ႕တန္းစစ္ေျမျပင္မွာ ေမာင္က တိုင္းျပည္တာဝန္ ထမ္းေဆာင္ေနရ တာေလ။ ေနာက္မွာက်န္ခဲ့တဲ့ေမာင့္ရဲ႕ဇနီးကြၽန္မကေတာ့စိုးရိမ္ပူပန္မႈေတြ နဲ႔ေပါ့။ ကြၽန္မလိုပဲတပ္မေတာ္သားေတြရဲ႕မိသားစုေတြအားလုံး စိုးရိမ္ပူပန္မႈ ေတြ ရွိေနၾကမွာပါ။ ကြၽန္မကိုယ္ကြၽန္မ အားေပးမိပါတယ္။ စစ္သားမိန္းမပဲ သံမဏိစိတ္ဓာတ္ရွိရမွာေပါ့။ ဒါေပမဲ့-ကြၽန္မဝမ္းနည္းေနမိတယ္။ အိပ္မက္ ထဲမွာေမာင္က ေကာင္းကင္ကိုပ်ံတက္သြားတယ္။ ကြၽန္မက ေမာင့္ေနာက္

ေျပးလိုက္ရင္း ေခ်ာက္ထဲက်သြားခဲ့တယ္။ အဲဒါဘာအဓိပၸာယ္လဲ၊ ေမာင္ေရ- ေလာကႀကီးထဲမွာ ကြၽန္မကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႔ေနာ္။ ကြၽန္မ ေၾကာက္တယ္
ဘိုးဘြားပိုင္အိမ္ႀကီးထဲမွာကြၽန္မတစ္ေယာက္တည္းေခ်ာက္
ခ်ားစြာနဲ႔ ညသန္းေခါင္ယံအခ်ိန္ေတြကို အေတြးဆိုးမ်ားစြာျဖင့္ ေက်ာ္ျဖတ္ ေနရပါတယ္။ ေမာင္ေရွ႕တန္းမသြားခင္ကေတာ့ အေဖာ္ေကာင္မေလး
ေခၚထားဖို႔ေျပာပါတယ္။
ကြၽန္မကတစ္ေယာက္တည္းေအးေအးေဆးေဆး
ေနခ်င္တာမို႔ အိမ္ေဖာ္ မေခၚခဲ့ပါဘူး။
“အိမ္အလုပ္ေတြကို ကြၽန္မလုပ္ႏိုင္ပါတယ္ ေမာင္ရယ္” “ေမာင့္ဇနီးေလးပင္ပန္းမွာစိုးလို႔ပါ။ ေမာင္မရွိတဲ့အခ်ိန္ကူေဖာ္ေလာင္ ဖက္ အေဖာ္ေလးရွိေတာ့ မေကာင္းဘူးလား”
ေမာင္နဲ႔ ကြၽန္မေျပာခဲ့ၾကတဲ့စကားေတြကို ျပန္ၾကားေယာင္မိပါတယ္။ “ေမာင္ – ေရွ႕တန္းသြားရမယ္။ မ တစ္ေယာက္တည္း ျဖစ္ရဲ႕လား” “ျဖစ္ပါတယ္ – ေမာင္ရယ္ စိတ္ခ်ပါ။ ဒါေပမဲ့- ေမာင့္ကို ကြၽန္မ စိတ္မခ် ဘူး။ အစစအရာရာ ဂ႐ုစိုက္ေနာ္”
“စိတ္ခ်ပါ မရယ္ – ရဲေဘာ္မေသ ေသေသာ္ငရဲမလားတဲ့ တပ္မေတာ္ အရာရွိ မိန္းမတစ္ေယာက္ လုပ္ေနၿပီး စိတ္ဓာတ္က မာစမ္းပါကြာ” “ဟုတ္ကဲ့ပါ – ေမာင္ရယ္၊ ေမာင့္ကို ကြၽန္မ အေလးျပဳပါတယ္” “အင္း – ဒါမွ ေမာင့္မိန္းမ”
“ဟယ္၊ လူဆိုး – ၾကည့္စမ္း”
ေမာင္ ခရီးမထြက္ခင္ ကြၽန္မတို႔ရဲ႕ ၾကည္ႏူးစရာ အျဖစ္ေလးေတြေပါ့။

နံနက္မိုးေသာက္ေနျခည္ျဖာျဖာေတြနဲ႔အတူ ေန႔တစ္ေန႔ကို စတင္လို႔
ေနပါၿပီ။ ေမာင္တို႔ရဲ႕ဘိုးဘြားပိုင္အိမ္ႀကီးကၿခံဝန္းက်ယ္ႀကီးထဲမွာအထီးက်န္ စြာတည္ရွိေနသလိုပဲ။အရင္ကသတိမထားမိေပမဲ့အခုမွတစ္ေယာက္တည္း

ျဖစ္ေနလို႔ပဲလား။ ၾကက္သီးေမြးညင္းထသလိုခံစားေနရတယ္။ ေအာက္ထပ္ ေရာက္ေတာ့နံရံမွာကပ္ထားတဲ့ေမာင္တို႔ရဲ႕ဘိုးဘြားဘီဘင္ေတြရဲ႕အိုေဟာင္း ေနတဲ့ဓာတ္ပုံေတြက အသက္ဝင္ေနသလိုပဲ။ ေမာင္နဲ႔အတူေနတုန္းက ေသခ်ာမၾကည္မိတဲ့ ပုံေတြကို အခုမွ လိုက္ၾကည့္ေနမိတယ္။ ဓာတ္ပုံထဲက မ်က္လုံးေတြက အသက္ဝင္ၿပီး စူးရွတဲ့ အၾကည့္ေတြနဲ႔ ကြၽန္မကို ၾကည့္ေန ၾကတယ္။ ကြၽန္မကိုယ္ကြၽန္မလည္းအခုမွပဲမိတ္ဆက္ေပးေနမိေသးတယ္။ “ကြၽန္မက ဘိုးဘိုးဘြားဘြားတို႔ရဲ႕ ေျမး ျဖစ္မလား၊ ျမစ္ျဖစ္မလား မသိ ဘူးရွင့္။ ဗိုလ္ႀကီးရဲ႕ဇနီးမပါ။ ကြၽန္မကို ေစာင့္ေရွာက္ၾကပါေနာ္။ ႐ုတ္တရက္ ကြၽန္မ ၾကက္သီးထသြားတယ္။ ကြၽန္မကလည္း ဘာေတြ ေျပာေနမိမွန္း မသိပါဘူး။ ကြၽန္မအိမ္အျပင္ထြက္ခဲ့တယ္။ၿခံထဲမွာလမ္းေလွ်ာက္ရင္းၿခံဝနား ေရာက္သြားတယ္။ အိမ္ႀကီးကို တစ္ခ်က္ လွမ္းၾကည့္မိတယ္။ ေန႔ခင္းမွာ ေတာင္တေစၦတစ္ေကာင္ထိုင္ေနသလိုပဲ။ ညဘက္ဆိုရင္အို- ဘာေတြေတြး ေနမိပါလိမ့္။ ေယာင္ေနာက္ဆံထုံးပါဆိုသလိုေမာင္နဲ႔ရန္ကုန္မွာလက္ထပ္ၿပီး
ေမာင့္ရဲ႕ဇာတိေျမရွိရာသို႔လိုက္လာခဲ့ျခင္းျဖစ္ပါတယ္။ ေမာင့္ရဲ႕မိခင္တပ္ရင္း ကလည္း ေမာင့္ရဲ႕ဇာတိေျမမွာပဲဆိုေတာ့ အဆင္ေျပတာေပါ့ေလ။
ရန္ကုန္မွာေမာင္က M.S.C လာတက္ရင္းကြၽန္မတို႔ေတြ႕ခဲ့ၾကတာေပါ့။ မိဘေတြလည္း မရွိေတာ့တဲ့ေမာင့္ကို အားေပးရင္း ကြၽန္မ အခ်စ္ေတြ ပိုခဲ့ရ တာေလ။ ေမာင္(၁ဝ)ႏွစ္သားေလာက္ကေမာင္နဲ႔ (၁ဝ)ႏွစ္ကြာတဲ့အစ္မက ႏွလုံးေရာဂါနဲ႔ ဆုံးသြားခဲ့တယ္။ ငယ္ငယ္တည္းက ေမာင္ႏွမ မရွိဘဲ အထီး က်န္စြာေနခဲ့ရတဲ့ ေမာင့္ဘဝထဲကိုကြၽန္မေပ်ာ္႐ႊင္စြာနဲ႔ဝင္ခဲ့ရင္း ေမာင္ရွိရာ အရပ္ကိုကြၽန္မလိုက္ခဲ့တာေပါ့။ ၿမိဳ႕ျပရဲ႕လူေနထူထပ္မႈေအာက္ကေနၿခံဝန္း ႀကီးထဲမွာ စိတ္ၿငိမ္စြာနဲ႔ ေနရတာကို ကြၽန္မ သေဘာက်ခဲ့တယ္။ စေရာက္ တုန္းကေတာ့ အိမ္ႀကီးကိုေသခ်ာမၾကည့္မိပါဘူး။ အခုတစ္ေယာက္တည္း ျဖစ္ခါမွ ၾကည့္မိေတာ့ စိတ္ေတြ ေခ်ာက္ခ်ားလိုက္တာ။ အခုကြၽန္မစိတ္ေတြ ေခ်ာက္ခ်ားလာၿပီ။

ျဖစ္ေနလို႔ပဲလား။ ၾကက္သီးေမြးညင္းထသလိုခံစားေနရတယ္။ ေအာက္ထပ္ ေရာက္ေတာ့နံရံမွာကပ္ထားတဲ့ေမာင္တို႔ရဲ႕ဘိုးဘြားဘီဘင္ေတြရဲ႕အိုေဟာင္း ေနတဲ့ဓာတ္ပုံေတြက အသက္ဝင္ေနသလိုပဲ။ ေမာင္နဲ႔အတူေနတုန္းက ေသခ်ာမၾကည္မိတဲ့ ပုံေတြကို အခုမွ လိုက္ၾကည့္ေနမိတယ္။ ဓာတ္ပုံထဲက မ်က္လုံးေတြက အသက္ဝင္ၿပီး စူးရွတဲ့ အၾကည့္ေတြနဲ႔ ကြၽန္မကို ၾကည့္ေန ၾကတယ္။ ကြၽန္မကိုယ္ကြၽန္မလည္းအခုမွပဲမိတ္ဆက္ေပးေနမိေသးတယ္။ “ကြၽန္မက ဘိုးဘိုးဘြားဘြားတို႔ရဲ႕ ေျမး ျဖစ္မလား၊ ျမစ္ျဖစ္မလား မသိ ဘူးရွင့္။ ဗိုလ္ႀကီးရဲ႕ဇနီးမပါ။ ကြၽန္မကို ေစာင့္ေရွာက္ၾကပါေနာ္။ ႐ုတ္တရက္ ကြၽန္မ ၾကက္သီးထသြားတယ္။ ကြၽန္မကလည္း ဘာေတြ ေျပာေနမိမွန္း မသိပါဘူး။ ကြၽန္မအိမ္အျပင္ထြက္ခဲ့တယ္။ၿခံထဲမွာလမ္းေလွ်ာက္ရင္းၿခံဝနား ေရာက္သြားတယ္။ အိမ္ႀကီးကို တစ္ခ်က္ လွမ္းၾကည့္မိတယ္။ ေန႔ခင္းမွာ ေတာင္တေစၦတစ္ေကာင္ထိုင္ေနသလိုပဲ။ ညဘက္ဆိုရင္အို- ဘာေတြေတြး ေနမိပါလိမ့္။ ေယာင္ေနာက္ဆံထုံးပါဆိုသလိုေမာင္နဲ႔ရန္ကုန္မွာလက္ထပ္ၿပီး
ေမာင့္ရဲ႕ဇာတိေျမရွိရာသို႔လိုက္လာခဲ့ျခင္းျဖစ္ပါတယ္။ ေမာင့္ရဲ႕မိခင္တပ္ရင္း ကလည္း ေမာင့္ရဲ႕ဇာတိေျမမွာပဲဆိုေတာ့ အဆင္ေျပတာေပါ့ေလ။
ရန္ကုန္မွာေမာင္က M.S.C လာတက္ရင္းကြၽန္မတို႔ေတြ႕ခဲ့ၾကတာေပါ့။ မိဘေတြလည္း မရွိေတာ့တဲ့ေမာင့္ကို အားေပးရင္း ကြၽန္မ အခ်စ္ေတြ ပိုခဲ့ရ တာေလ။ ေမာင္(၁ဝ)ႏွစ္သားေလာက္ကေမာင္နဲ႔ (၁ဝ)ႏွစ္ကြာတဲ့အစ္မက ႏွလုံးေရာဂါနဲ႔ ဆုံးသြားခဲ့တယ္။ ငယ္ငယ္တည္းက ေမာင္ႏွမ မရွိဘဲ အထီး က်န္စြာေနခဲ့ရတဲ့ ေမာင့္ဘဝထဲကိုကြၽန္မေပ်ာ္႐ႊင္စြာနဲ႔ဝင္ခဲ့ရင္း ေမာင္ရွိရာ အရပ္ကိုကြၽန္မလိုက္ခဲ့တာေပါ့။ ၿမိဳ႕ျပရဲ႕လူေနထူထပ္မႈေအာက္ကေနၿခံဝန္း ႀကီးထဲမွာ စိတ္ၿငိမ္စြာနဲ႔ ေနရတာကို ကြၽန္မ သေဘာက်ခဲ့တယ္။ စေရာက္ တုန္းကေတာ့ အိမ္ႀကီးကိုေသခ်ာမၾကည့္မိပါဘူး။ အခုတစ္ေယာက္တည္း ျဖစ္ခါမွ ၾကည့္မိေတာ့ စိတ္ေတြ ေခ်ာက္ခ်ားလိုက္တာ။ အခုကြၽန္မစိတ္ေတြ ေခ်ာက္ခ်ားလာၿပီ။
ေန႔တစ္ေန႔ရဲ႕အခ်ိန္ ကုန္ဆုံး၍ ညအခ်ိန္သို႔ ေရာက္ခဲ့ျပန္ပါၿပီ။ ကြၽန္မ
လည္း ဘုရားဝတ္တက္ၿပီး ဘုရားခန္းထဲကအထြက္ အရိပ္မည္းတစ္ခုကို လွစ္ခနဲ ေတြ႕လိုက္ရပါတယ္။ ကြၽန္မ ေခါင္းနားပန္းႀကီးသြားၿပီး ၾကက္သီး ေမြးညင္းထသြားတယ္။ ဒါမ်ိဳး ကြၽန္မတစ္ခါမွ မႀကဳံဖူးပါဘူး။ ကြၽန္မ တစ္ ေယာက္တည္းမို႔စိတ္ေခ်ာက္ခ်ားတာေနမွာေပါ့ေလဟုေတြးရင္းအိပ္ရာခန္း ရွိရာသို႔လာခဲ့ပါတယ္။ အိပ္ခန္းရဲ႕ ျပတင္းေပါက္မွလိုက္ကာကေလအေဝွ႔မွာ ယိမ္းႏြဲ႕ေနပုံက သမီးပ်ိဳတစ္ေယာက္ကေနသည့္ အလားအသြင္ ျမင္ေနရပါ တယ္။ ကြၽန္မကလည္း ကဗ်ာဆန္ေနလိုက္တာဟု ကိုယ့္ကိုယ္ကိုယ္ ေတြးရင္း ၿပဳံးမိပါတယ္။
အိပ္ခန္းျပတင္းေပါက္ကို ပိတ္ရင္း ေကာင္းကင္ႀကီးကို လွမ္းၾကည့္မိ တယ္။ လျပည့္ေန႔မို႔ လမင္းႀကီးက ထိန္ထိန္သာေနတာပဲ။ လေရာင္က ကြၽန္မအိပ္ခန္းျပတင္းေပါက္ကို ဖြင့္ရင္း ေကာင္းကင္ႀကီးကို လွမ္းၾကည့္မိ တယ္။ လေရာင္က ကြၽန္မအိပ္ခန္းအတြင္းသို႔ျဖာက်ေနတယ္။ အေတြးမ်ား စြာျဖင့္ပဲ ကြၽန္မ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားခဲ့တယ္ထင္တယ္။ သန္းေခါင္ယံ အခ်ိန္မွာကြၽန္မ တစ္ေရးႏိုးလာခဲ့တယ္။ အိပ္ခန္းရဲ႕အျပင္မွာ စကားသံေတြ ၾကားေနရတယ္။ ဘယ္သူေတြစကားေျပာေနတာလည္း အိမ္မွာလည္းကြၽန္မ တစ္ေယာက္တည္းပါ။ အိမ္ေပၚထပ္တက္လာတဲ့ ေျခသံေတြလည္း ၾကား ေနရတယ္။ ဟိုဘက္အခန္းကတံခါးဖြင့္သံေတြ၊ စာၾကည့္ခန္းကစာ႐ြက္လွန္ သံေတြ၊ အဲဒါ ဘာေတြလည္း ညအခ်ိန္မွာ မအိပ္ဘဲ ဘာေတြ လုပ္ေနၾက တာလဲ။
ထိုအခ်ိန္မွာပဲ ေရွးေဟာင္းနာရီႀကီးမွ “ေဒါင္”ဟူ၍ (၁)နာရီထိုးၿပီ ျဖစ္ ေၾကာင္းကြၽန္မသိခဲ့ရပါတယ္။တိတ္ဆိတ္ေနတဲ့ညအခ်ိန္မွာ“ေဒါင္”ဟူေသာ အသံႀကီးကလည္း ေၾကာက္စရာေကာင္းလိုက္တာ။ ကြၽန္မလည္း အိပ္ မေပ်ာ္ႏိုင္ဘဲေျခသံ၊စကားသံ၊ တံခါးဖြင့္သံ၊ စာ႐ြက္လွန္သံေတြကိုနားေထာင္ ရင္း တစ္ညတာ ကုန္ဆုံးခဲ့ျပန္ပါၿပီ။ ေမာင္ခရီးမသြားခင္က ကြၽန္မ ထိုအသံ မ်ားကို သတိမထားမိပါဘူး။ ေမာင့္မ်က္ႏွာ တစ္ကမာၻထင္ေနေတာ့ မၾကား

တာ ေနမွာေပါ့ေလ။ ကြၽန္မကိုယ္ကြၽန္မေတြးရင္း ရယ္မိပါတယ္။ ဒီလိုနဲ႔ပဲ တစ္ေန႔ၿပီး တစ္ေန႔ ကုန္ဆုံးလို႔ လာပါတယ္။
ကြၽန္မလည္း မအိပ္ရတဲ့ ညေတြမ်ားလို႔ မ်က္တြင္းေတြညိဳၿပီး က်န္းမာ ေရးလည္း ခ်ိဳ႕တဲ့လာပါတယ္။ ည – ညၾကားေနရတဲ့အသံေတြကိုေသခ်ာနား ေထာင္ၾကည့္ေတာ့လည္း မသဲမကြဲေတြပဲ ၾကားရတယ္။ ထြက္လည္း မၾကည့္ရဲဘူး။ မနက္မိုးလင္းမွပဲ အခန္းထဲကထြက္ရဲတယ္။ ဒီေန႔ေတာ့ စာၾကည့္ခန္းထဲကြၽန္မွ သြားမယ္လို႔ ဆုံးျဖတ္ခဲ့တယ္။ အိမ္မႈကိစၥေတြလုပ္ၿပီး
နံနက္စာစားေသာက္ၿပီး စာၾကည့္ခန္းထဲကြၽန္မ သြားခဲ့တယ္။“ဟင္- အံ့ဩ စရာေကာင္းလိုက္တာအခန္းထဲမွာမိုးမွ်င္တစ္မွ်င္ဖုန္တစ္စက္ေတာင္မရွိဘဲ သန႔္ရွင္းေနပါလား။ ကြၽန္မစေရာက္ကတည္းက အဲဒီ့အခန္းထဲတစ္ခါမွမဝင္ ခဲ့ဘူး။ ေမာင္ကလည္း အလုပ္နဲ႔ အိမ္နဲ႔အခ်ိန္ကုန္ေနတာ စာၾကည့္ခန္းထဲ ဝင္တာလည္းမျမင္ပါဘူး။ ေမာင္ေျပာတာၾကားဖူးတယ္။ အဘိုးအဘြားေတြ ရဲ႕စာဖတ္ခန္းလို႔ေျပာတာ။ ေမာင္ စာဖတ္ရင္ေတာ့ ေအာက္ထပ္ကစားပြဲမွာ ဘဲ ဖတ္တာမ်ားပါတယ္။ ကြၽန္မလည္း စာဖတ္ခန္းထဲ ဟိုဟိုဒီဒီ ေလွ်ာက္ ၾကည့္ေနမိတယ္။ စားပြဲေပၚမွာ ဖတ္လက္စစာအုပ္တစ္အုပ္ရွိေနတာေတြ႕ရ တယ္။ အခန္းထဲေလွ်ာက္ၾကည့္ေနတဲ့အခ်ိန္အေနာက္ကေနတစ္ေယာက္
ေယာက္လိုက္ေနသလိုခံစားရတယ္။ ကြၽန္မလည္းစာဖတ္ခန္းထဲကခပ္ျမန္ ျမန္ေလး ျပန္ထြက္လာခဲ့တယ္။
အခန္းရဲ႕ အျပင္အေရာက္မွာေတာ့ အခန္းရဲ႕တံခါးမႀကီးက “ကြၽီ”ခနဲ
ပိတ္သြားတယ္။ကြၽန္မေနာက္ေတာင္ျပန္လွည့္မၾကည့္ရဲဘူးျဖစ္သြားတယ္။ ဒါေပမဲ့-စိတ္ကို ေျဖလိုက္ပါတယ္။ ေလတိုက္လို႔ ပိတ္သြားတာ ေနမွာေပါ့။ ဟင္း – ေလတိုက္ရေအာင္လည္း ျပတင္းေပါက္တံခါးေတြ ပိတ္ထားတာပဲ။ ကြၽန္မရဲ႕ေၾကာက္စိတ္ေတြျပန္ဝင္လို႔လာပါတယ္။ ေၾကာက္စိတ္ေတြျဖစ္ေန ေပမယ့္ ေျခလွမ္းေတြကလည္း တေစၦတစ္ေကာင္ကဲ့သို႔ စူးရွေတာက္ပၿပီး ေျခေထာက္ေတြကလည္း လမ္းမေလွ်ာက္ရဘဲ ေပါ့ပါးစြာနဲ႔ အခန္းထဲကို ေရာက္သြားပါတယ္။ အခန္းထဲမွာဝတ္႐ုံျဖဴနဲ႔ ကုလားထိုင္ေပၚမွာထိုင္ေနတဲ့ မိန္းမလွ တစ္ေယာက္က ကြၽန္မကိုၿပဳံးျပေနတယ္။
ကြၽန္မလည္း ေၾကာင္ေတာင္ေတာင္နဲ႔ေယာင္ၿပီး ၿပဳံးျပလိုက္မိတယ္။ ေနာက္မွေသခ်ာျပန္ၾကည့္ေတာ့လက္ရာေျပာင္ေျမာက္လွတဲ့ အင္မတန္မွ အသက္ဝင္လွတဲ့ ပုံတူပန္းခ်ီကားတစ္ခ်ပ္ ျဖစ္ေနတယ္။ ဒီ အိပ္ခန္းရဲ႕ ပိုင္ရွင္က “သူမ”လား။ ဒီ အိပ္ခန္းမွာလည္း သန႔္ရွင္းသပ္ရပ္ေနတာက အံ့ဩစရာေကာင္းေနျပန္တယ္။ ကြၽန္မရဲ႕အၾကည့္ကလႈပ္ေနတဲ့ျမင္းကုလား ထိုင္ေပၚေရာက္သြားတယ္။

“ဟင္”
ခုံက ဘာလို႔ လႈပ္ေနတာလည္း ဘယ္သူမွလည္း မထိုင္ဘဲ ဒါမွမဟုတ္ “သူမ” ထိုင္မ်ား ေနလို႔လား။ အို – မဟုတ္တာ ဘယ္သူမွ မရွိဘဲ ငါ ဘာေတြ ေတြးေနမိပါလိမ့္။ (ေတာ္ၿပီ) အခန္းထဲကျပန္ထြက္ေတာ့မယ္။ အခန္းထဲက ထြက္လာေတာ့တံခါးကို ဘယ္သူမ်ား ပိတ္ဦးမလည္းလို႔ ခပ္ျမန္ျမန္ပဲ လွည့္ ၾကည့္လိုက္ပါတယ္။ သူခိုးဖမ္းတဲ့မ်က္လုံးနဲ႔ဒီတစ္ခါေတာ့မရဘူးဆိုတဲ့ပုံမ်ိဳးနဲ႔ ေပါ့ေလ။ ဒါေပမဲ့လည္းတံခါးက ခုနကလိုပိတ္မသြားဘူးရွင့္။ စဥ္းစားစရာပဲ။ ဘာေၾကာင့္လည္း ကြၽန္မလည္း ေအာက္ထပ္ကို ဆင္းလာတယ္။ ဧည့္ခန္း ထဲကကုလားထိုင္မွာ ေျခပစ္လက္ပစ္ ထိုင္ေနလိုက္တယ္။ ကြၽန္မနဲ႔မ်က္ႏွာ ခ်င္းဆိုင္ခုံမွာ တစ္ေယာက္ေယာက္ ထိုင္ေနတယ္လို႔ ခံစားရျပန္တယ္။ ခုနက ပန္းခ်ီကားထဲက သူမလား၊ ကြၽန္မစိတ္ေတြ ကေယာင္ ေခ်ာက္ခ်ား ျဖစ္ေနၿပီ။ ၿပီးေတာ့ေလ -ကြၽန္မ အေနာက္ကေန တစ္ေယာက္ေယာက္ ျဖတ္သြားသလိုပဲ။
ကြၽန္မအျမန္လွည့္ၾကည့္လိုက္တယ္။ ကြၽန္မမ်က္လုံးထဲျမင္လိုက္ရတာ ဆံပင္ဖားလ်ားနဲ႔အရိပ္မည္းတစ္ခု။ ဒီအိမ္ႀကီးထဲမွာ ဝိညာဥ္ေတြေရာက္ေန တာလား။ စာဖတ္ခန္းထဲမွာ စာဖတ္ေနတာက ဘယ္သူလဲ၊ အိပ္ခန္းထဲက သူမကေရာ၊ ဆံပင္ဖားလ်ားနဲ႔ အရိပ္မည္းတစ္ခု၊ အဲဒါေတြက တစ္ေယာက္ တည္းလား။ ကြၽန္မကို သူတို႔ဘာလို႔ အဲဒီလို လုပ္ေနရတာလဲ၊ ကြၽန္မကို ေျခာက္တာလား။
သရဲေျခာက္တယ္ဆိုတာအဲဒါကိုေျပာတာလား။ ကြၽန္မေတြ႕ခဲ့တဲ့ သူမ ကေရာ ကြၽန္မကို အေဖာ္ျပဳေပးေနတာလား။ ေျခာက္တာလား။ သူမ ရွိေန တာကို သတိေပးတာလား။ လားေပါင္း မ်ားစြာေသာ ေမးခြန္းမ်ားနဲ႔ ကြၽန္မ အသက္ကို ေလးပင္စြာ ရႉရႈိက္မိလိုက္ပါတယ္။
“ေမာင္ေရ-ကြၽန္မစိတ္ေတြ အရမ္းပင္ပန္းေနၿပီ။ ေမာင့္ကိုတမ္းတရင္း ကြၽန္မခုံေပၚမွာ အိပ္ေပ်ာ္သြားတယ္။ ကြၽန္မ ႏူးညံ့တဲ့ အထိအေတြ႕တစ္ခုကို ခံစားေနရတယ္။ ကြၽန္မရဲ႕ဆံႏြယ္ေတြကိုပြတ္သပ္ေပးၿပီးကြၽန္မကိုေခ်ာ့သိပ္ ေနသလိုပဲ။ ကြၽန္မလည္း စင္းက်ေနတဲ့မ်က္လုံးအစုံကိုအားယူ၍ဖြင့္ၾကည့္လိုက္တယ္။ မသဲမကြဲ ျမင္ကြင္းထဲမွာ ဝတ္႐ုံျဖဴနဲ႔ ပန္းခ်ီကားထဲက သူမပါ
လား။
“အား”
ကြၽန္မလည္းလန႔္ၿပီး ထေအာ္မိတယ္။“ဟင္” ဘယ္သူမွလည္းမရွိဘူး။ ကြၽန္မ အိပ္မက္ မက္ေနတာပဲ။ ကြၽန္မ ေလပူတစ္ခ်က္ကို မႈတ္ထုတ္ရင္း အိမ္ႀကီးထဲမွ အျပင္သို႔ ထြက္ခဲ့ပါတယ္။
အေညာင္းေျပၿခံထဲလမ္းေလွ်ာက္ဦးမယ္ဆိုတဲ့အေတြးေတြနဲ႔ေပါ့။ ၿခံထဲ
ေရာက္ေတာ့ ေျခလွမ္းေတြက ၿခံအေနာက္ဘက္ကိုဦးတည္လို႔ေနပါတယ္။ အံ့ဩစရာပဲ။ ကြၽန္မရဲ႕စိတ္ကူးက ၿခံေရွ႕မွာ လမ္းေလွ်ာက္ဖို႔ပါ။
“အမေလး”
ကြၽန္မေအာ္လိုက္မိပါတယ္။အရိပ္တစ္ခုၿခံေနာက္ဘက္ကခေရပင္ႀကီး ထဲကိုဝင္သြားတယ္။ ကြၽန္မကလည္း အဲဒီ့ခေရပင္ႀကီးနား ေလွ်ာက္သြားလို႔ ေနမိတယ္။ “အို” ကြၽန္မ အံ့ဩရျပန္ပါၿပီ။ ခေရပင္ႀကီးနားမွာ အုတ္ဂူတစ္ခု ပါလား။ နာမည္ကမစိမ္းႏြယ္အသက္က(၂၀)ႏွစ္ဆိုပါလား။ ေမာင္ေျပာဖူးတဲ့ ေမာင့္ အစ္မဆိုတာပဲ။ ၿခံထဲမွာ အုတ္ဂူလုပ္ထားေတာ့ ေမာင္က မေျပာခဲ့ဖူး ပါဘူး။ ၿခံထဲမွာ အုတ္ဂူလုပ္ထားေတာ့ ဒီၿခံေျမကမသန႔္ေတာ့ဘူးေပါ့။ အိမ္ထဲ မွာေလွ်ာက္သြားေနတဲ့ဝိညာဥ္က သူမပဲလား။ စကားေျပာသံေတြကဘာလဲ သူမနဲ႔အျခားဝိညာဥ္ေတြစကားေျပာေနၾကတာလား။ကြၽန္မလည္းအုတ္ဂူကို
စိုက္ၾကည့္ရင္းမွင္တက္ေနမိတယ္။ မ်က္လုံးထဲမွာလည္းဝတ္႐ုံျဖဴနဲ႔မိန္းမလွ တစ္ေယာက္ကအုတ္ဂူေပၚမွာထိုင္ၿပီး ကြၽန္မကိုၿပဳံးျပေနတယ္။ သူမမ်က္လုံး ေတြကလည္း စူးရွေတာက္ပေနတယ္။ တျဖည္းျဖည္းနဲ႔ သူမရဲ႕ အၿပဳံးေတြ ကလည္း ေၾကာက္စရာေကာင္း- ေကာင္းလာတယ္။ ၿပဳံးရင္းနဲ႔ အစြယ္ေတြ ထြက္က်လာတယ္။ မိန္းမလွအၿပဳံးေတြကေနတေစၦတစ္ေကာင္ရဲ႕အၿပဳံးေတြ အျဖစ္အသြင္ေျပာင္းလာတယ္။ အဲဒီအခ်ိန္မွာဘဲေမွာင္ရီသမ္းၿပီး ေနလုံးႀကီး လည္းဝင္လို႔သြားတယ္။ ကြၽန္မလည္းေက်ာက္႐ုပ္တစ္႐ုပ္လိုရပ္ေနရာကေန သတိျပန္ဝင္လာၿပီး အိမ္ႀကီးရွိရာဘက္သို႔ ျပန္ေျပးလာခဲ့တယ္။ ကြၽန္မ ေၾကာက္လိုက္တာ။ ခုနက ျမင္ရတာ တကယ္လား။ စိတ္ထင္တာလား။
ကေယာင္ေခ်ာက္ခ်ား ျဖစ္တာလား။ ကြၽန္မ ေမာပန္းစြာနဲ႔ အသက္ရႉေန ရပါတယ္။ ႏွလုံးခုန္ႏႈန္းေတြလည္း အဆမတန္ ျမင့္မားေနပါရဲ႕။ ရင္ေတြ လည္း ေအာင့္လိုက္တာ။ ခႏၶာကိုယ္အတြင္းထဲက ကလီစာေတြ ဘာေတြ ျဖစ္ကုန္ၿပီလည္းေတာင္မသိပါဘူးရွင္။“ေမာင္ေရ”တာဝန္ေတြၿပီးရင္ ျပန္လာပါေတာ့။ ကြၽန္မစိတ္ေခ်ာက္ခ်ားၿပီး ေသေတာ့မယ္။ ဘုရား – ဘုရား ကယ္ေတာ္မူပါဘုရား။
အျမန္
ရန္ကုန္က မိဘေတြဆီကို ဖုန္းဆက္ေတာ့လည္း ဘုရားဖူးထြက္ေန ၾကတယ္တဲ့။ ကြၽန္မရဲ႕အျဖစ္ကိုေတာ့ မေျပာေတာ့ပါဘူး။ ကြၽန္မ အသက္ကို မွန္ေအာင္ ျဖည္းျဖည္းခ်င္း ရႉေနရပါတယ္။ ထိုအခ်ိန္မွာပဲ ဖုန္းသံျမည္လာ တယ္။
“ဟဲလို – ဟုတ္ကဲ့ပါရွင့္”
ကြၽန္မ ထိတ္လန႔္စြာနဲ႔ ေအာ္မိတယ္။ ေမာင္ ဒဏ္ရာရလို႔ စစ္ေဆး႐ုံမွာ တင္ထားရတယ္တဲ့။ ကြၽန္မ အျမန္ပဲ ေဆး႐ုံကို လိုက္သြားတယ္။ ဘုရား- ဘုရားေမာင္ဘာမွမျဖစ္ပါေစနဲ႔ ကြၽန္မလည္း ဘုရားစာေတြ႐ြတ္လိုက္တာမွ စုံလို႔ပါပဲ။ ေဆး႐ုံေရာက္ေတာ့ ေမာင္က သတိေတာင္ရေနၿပီ။ ေမာင္ေနသာ ရဲ႕လား။ ကြၽန္မလည္း အူယားဖားယားနဲ႔ ေမာင့္ဆီ အေျပးသြားခဲ့ပါတယ္။
“ေမာင္ – သက္သာရဲ႕လား။ ဘယ္လို ေနေသးလဲ၊ ဘယ္လိုျဖစ္တာလဲ၊ မေသေကာင္း မေပ်ာက္ေကာင္း။ ဘုရားကယ္လို႔ေပါ့ ေမာင္ရယ္”
ကြၽန္မလည္းေမးခြန္းမ်ားစြာကိုစိုးရိမ္တႀကီးနဲ႔ေမာင့္ကိုေမးမိေနတယ္။
“ေမာင္” သက္သာပါတယ္“မ”ရယ္။ က်ည္က လက္ေမာင္းကိုထိသြားတာ ပါ။ ေတာ္ေသးတာက အ႐ိုးနဲ႔လြတ္သြားတယ္။ ဒါနဲ႔ “မ”ေရာ ေနေကာင္းရဲ႕ လား။ မ်က္ႏွာကလည္း ျဖဴဖပ္ျဖဴေရာ္နဲ႔ ။
“ဟုတ္ကဲ့၊ ေကာင္းပါတယ္-ေမာင္ရယ္” ေမာင္က ေဆး႐ုံက ဆင္းရင္ တစ္ပတ္ေလာက္ ခြင့္ရတယ္။
“ဟုတ္လား- ေကာင္းတာေပါ့ေမာင္ရယ္”
ကြၽန္မလည္း သက္ျပင္းရွည္ႀကီးကို ေလးပင့္စြာခ်ရင္း အိမ္ျပန္ရမွာ ေၾကာက္ေနမိတယ္။ ေမာင့္ရဲ႕ဒဏ္ရာ သက္သာေတာ့ ေဆး႐ုံမွ ဆင္းခြင့္ရ၍ ကြၽန္မတို႔ အိမ္ျပန္လာခဲ့ၾကတယ္။ အိမ္ေရာက္ေတာ့ ေမာင္က ေမးတယ္။ “အဆင္ေျပရဲ႕လား အိမ္မွာ ဘာေတြ ျဖစ္ေသးလဲ”
ျဖစ္ေတာ့ ျဖစ္တယ္။ မ လည္း လိပ္ျပာလြင့္မတတ္ပဲ။ ေမာင္ ကြၽန္မတို႔ ဒီအိမ္မွာ မေနရဲေတာ့ဘူး။ တပ္ထဲမွာပဲ ေျပာင္းေနရေအာင္ေနာ္” “တပ္ထဲမွာေနရင္ အရာရွိကေတာ္ေတြ အရမ္းပင္ပန္းတယ္။ ေမာင့္ ဇနီးပင္ပန္းမွာစိုးလို႔ပါ”
“တပ္မေတာ္သားရဲ႕ မိန္းမပဲ။ ပင္ပန္းေတာ့ ဘာျဖစ္လည္း ခံႏိုင္ရည္ ရွိရမွာေပါ့။ ေမာင္ – ကြၽန္မတို႔ဒီအိမ္ထဲကဝိညာဥ္ေတြကြၽတ္လြတ္သြားေအာင္ အလႉလုပ္ၿပီး အမွ်အတန္းေဝၾကမယ္ေနာ္”
“ေကာင္းပါၿပီ – မရယ္”
ေနာက္တစ္ေန႔မနက္မွာ သံဃာေတာ္ေတြပင့္ၿပီး မစိမ္းႏြယ္ႏွင့္ အျခား မကြၽတ္လြတ္ေသးတဲ့ဝိညာဥ္အားလုံးကို အမွ်ေပးေဝခဲ့ပါတယ္။ ညေရာက္ ေတာ့အိပ္မက္ထဲမွာ မစိမ္းႏြယ္က “ညီမေလးနဲ႔ ေမာင္ေလးကိုေက်းဇူးတင္ ပါတယ္”လို႔ကြၽန္မကိုေျပာသြားတယ္။ ၾကည္လင္လန္းဆန္းေနတဲ့မစိမ္းႏြယ္ ရဲ႕မ်က္ႏွာက ေအးခ်မ္းလိုက္တာလို႔ ကြၽန္မေတြးရင္း ၿပဳံးမိတယ္။
ေမာင္ကလည္း ကြၽန္မကဲ့သို႔ အိပ္မက္ မက္တယ္တဲ့။ မစိမ္းႏြယ္က ေမာင့္ကိုလည္း ႏႈတ္ဆက္သြားတယ္ေလ။ ေနာက္တစ္ေန႔ နံနက္မွာ ေမာင္ ႏွင့္ ကြၽန္မ လက္ဆတ္တဲ့ ေလႏုေအးကို ရႉရႈိက္ရင္း မစိမ္းႏြယ္ကို သတိရ လိုက္တယ္။ ဘုရား၊ တရား၊ သံဃာရဲ႕ဂုဏ္ေက်းဇူးေတြေၾကာင့္မစိမ္းႏြယ္ႏွင့္ အျခားဝိညာဥ္ေတြ ေကာင္းရာ သုဂတိဘုံမွာ ၿငိမ္းခ်မ္းစြာ ေရာက္ရွိေနၾကၿပီ ဆိုတာကြၽန္မယုံၾကည္လိုက္ပါတယ္။ ကြၽန္မဝမ္းသာပီတိျဖာစြာႏွင့္ၿပဳံးလိုက္ မိပါတယ္။ ေမာင္ကလည္း ကြၽန္မကို ၾကည့္ရင္း ၿပဳံးလို႔ေနပါတယ္။
> ေစာစုထိုက္