သဘက်ကြီးမိုးသီး (စ၊ဆုံး)

Unicode Version

သဘက်ကြီးမိုးသီး (စ၊ဆုံး)
——————————-
ထန်းလက်တံကျေးရွာဆိုတာက စပါးနှင့်ပဲကိုသာ အဓိကစိုက်ပျိုး၍ အသက်မွေးဝမ်းကြောင်းပြုနေသော ရွာငယ်လေးတစ်ရွာဖြစ်လေ၏။ စာသင်ကျောင်းမရှိသောကြောင့် ဤရွာက ကျောင်းနေအရွယ်ကလေးများကို စောကြည်ဖြူဟုခေါ်သော လူငယ်တစ်ယောက်က သူ၏နေအိမ်မှာ ရေးတတ်ဖတ်တတ်အောင် စာသင်ကြားပေးလေ၏။ အမေတစ်ခု သားတစ်ခု ဆိုသော်ငြားလည်း ငွေကြေးပြည့်စုံသောကြောင့် အေးအေးလူလူနေနိုင်ကြသူများဖြစ်သည်။
သားအမိနှစ်ယောက်လုံးက သဘောမနောကောင်းသောကြောင့် တစ်ရွာလုံးကချစ်ခင်လေးစားကြ၏။ စောကြည်ဖြူက ကလေးများကို ကျောက်သင်ပုန်း၊ ကျောက်တံကအစ ဖတ်စာအုပ်အဆုံး သူကိုယ်တိုင်ဝယ်ပေးကာ ပညာဒါနပြုနေသူတစ်ဦးဖြစ်သည်။ ရုပ်ရည်ကလည်း တည်ကြည်၍ အနေအေးသောကြောင့် ရွာ၏နှင်းဆီခိုင်လေးဖြစ်၏။ စောကြည်ဖြူကတော့ အချစ်ရေးကိုစိတ်မဝင်စားပဲ ကလေးများကို စာသင်‌ကြားပေးတာနှင့် မိခင်၏အနားမှာသာ နေချင်သော စိတ်ဆန္ဒရှိပေသည်။
ဤသို့ဖြင့် တစ်နေ့သော နေ့လယ်ခင်း၌ စောကြည်ဖြူသည် ကလေးများကို စာသင်ကြားပေးနေချိန် မိခင်ဖြစ်သူ ဒေါ်ကြည်အေးက ခေါ်လိုက်လေသည်။
“သား‌ရေ စောကြည်ဖြူ။”
“ဗျာအမေ.။”
“လာစမ်းပါအုံး သားရယ်။ အမေခိုင်းစရာလေးရှိလို့။”
“ဟုတ်အမေ။”
စောကြည်ဖြူက အိမ်ရှေ့က မန်ကျည်းပင်အောက်မှာ စာသင်ကြားနေရင်း မိခင်ဖြစ်သူခေါ်သောကြောင့် အိမ်ထဲကိုဝင်လာခဲ့လိုက်သည်။
“ပြောလေအမေ ဘာခိုင်းစရာရှိလို့လဲ။”
“အမေ့ကို ဟိုဘက်ရွာကထိန်သီးတို့ဆီ အကြွေးသွားတောင်းပေးစမ်းကွယ်။ မနေ့က လာပေးမယ်ပြောပြီးမလာကြဘူး။ အဲဒီလိုကတိမတည်တာမျိုးတော့ ‌အမေမကြိုက်ဘူး။ သားရအောင်တောင်းခဲ့လိုက်။”
“ဪ အမေရယ် သူတို့အဆင်မပြေလို့ မလာတာဖြစ်နေပါအုံးမယ်။ တကယ်လို့သူတို့မှာ မရှိသေးရင် သားကဘယ်လိုတောင်းယူရမှာလဲ။”
“ကဲ ဒါဆိုလည်း ရရင်ယူခဲ့။ မရရင်လည်း နောက်တစ်ခါကတိမတည်ရင် မချေးဘူးလို့သာပြောလိုက်။”
“အင်းအင်း ဒါဆိုလည်း သားအခုပဲသွားတော့မယ်။ အမေခိုင်းမှာဒါပဲလား။”
“နေအုံး။ အဲဒီရွာမှာ အမဲပေါ်တယ်လို့ အမေကြားတယ်။ တလက်စတည်း တစ်ပိဿာလောက် ဝယ်ခဲ့စမ်းကွယ်။ အမေခံတွင်းပျက်နေလို့ အမဲခြောက်လေးလုပ်စားအုံးမယ်။”
“ဟုတ်ဟုတ်။”
စောကြည်ဖြူက ကလေးတွေကို အိမ်စာပေးကာ ပြန်လွှတ်လိုက်ပြီး သူက တဖက်ရွာကိုထွက်လာခဲ့လေသည်။ တစ်ဖက်ရွာကိုမရောက်တာကြာပြီ ဖြစ်သောကြောင့် သူ၏သူငယ်ချင်း နှင်းမှုံ၏အိမ်ကို ဝင်လည်ရန်ဆုံးဖြတ်လိုက်၏။ နှင်းမှုံက သူ့လိုအမေတစ်ခု သမီးတစ်ခုဖြစ်သည်။ သို့သော် နှင်းမှုံတို့က သူတို့လောက်အဆင်မပြေ တစ်နေ့လုပ်မှ တစ်နေ့စားရသောဘဝ။ ထိုအရာမျှမကသေး နှင်းမှုံတို့၏ အဖွားခင်မှုံက စုန်းမကြီးဟု နာမည်ကြီးသောကြောင့် နှင်းမှုံကိုလည်း သူ၏အဖွားက ပညာအမွေပေးခဲ့တယ်ဆိုကာ ရွာကရှောင်ဖယ်နေကြ၏။
နှင်းမှုံ၏မိခင် ဒေါ်နှင်းမြိုင်ကလည်း ကျန်းမာရေးချူချာသူဖြစ်၍ ဝမ်းတစ်ထွာအပြင် မိခင်၏ဆေးဖိုးကိုပါ ရှာနေရသူဖြစ်၏။ အပျိုလေးတန်မဲ့ သူများတွေလို လှလှပပ ဖြီးလိမ်းပြင်ဆင်ခြင်းမရှိသော်လည်း နှင်းမှုံကပါးကွက်ကွက်ထားရုံနဲ့တင် မိန်းမခြင်းလည်ပြန်ငေးရသော အလှတရားရှိသူဖြစ်၏။ ‌သူသည် နှင်းမှုံ၏အကြောင်းကို တွေးတောလာတာ ‌ရှားပင်စု‌ရွာထိပ်ကို ရောက်မှန်းမသိရောက်လာခဲ့သည်။
ရွာထဲကိုဆက်လက်ဝင်လာခဲ့ကာ အကြွေးတောင်းယူ၍ နှင်းမှုံအိမ်ဘက်ကို လျှောက်လာခဲ့သည်။ စောကြည်ဖြူက ထိုရွာ၌လည်း လူချစ်လူခင်ပေါများသောကြောင့် ဟိုလူကနှုတ်ဆက်၊ သည်လူကနှုတ်ဆက်နှင့် နှင်းမှုံ၏အိမ်အား တော်တော်နှင့်မရောက်ပေ။ နှင်းမှုံအိမ်ရှေ့ကိုသူရောက်သွားချိန်၌ နှင်းမှုံကအိမ်ရှေ့မှာ အဝတ်လျှော်နေလေ၏။
“နှင်းမှုံရေ ငါဝင်ခဲ့မယ်နော်။”
“ဟော ပေါ်တော်မူကိုစောကြည်ဖြူ ဘယ်ကနေများ ရောက်ချလာတာတုန်း လာလာဝင်ခဲ့။”
စောကြည်ဖြူက ကွပ်ပျစ်၌ ဝင်ထိုင်လိုက်ချိန် နှင်းမှုံကလည်း လျှော်လက်စအဝတ်များကို ခဏထား၍ ကွပ်ပျစ်ပေါ်လာထိုင်လေ၏။
“အကြွေးတောင်းရင်းနဲ့ နင့်ဆီဝင်လာတာဟ။ ငါလည်း ကလေးတွေစာသင်ပေးနေတာနဲ့ပဲ ဒီရွာကိုမရောက်ဖြစ်ဘူး။”
“အ‌မလေး စောကြည်ဖြူရယ် နင်တို့ရွာနဲ့ငါတို့ရွာ ခြေကျင်တောင်ကူးနေကြတာ နင့်ဟာနင် မလာ မလာချင်ဘူးပြောစမ်းပါ။”
“ငါတကယ်မအားတာနှင်းမှုံရဲ့ ကလေးတွေက အရင်ကထက်များလာပြီ။ ငါ့မှာမနိုင်လို့တောင် နေ့တစ်ချိန် ညတစ်ချိန် လူခွဲသင်ရတယ်ဟ။”
“ဟုတ်ပါပြီတော် နင့်ရဲ့ကုသိုလ်ကို ငါကလည်းသာဓုခေါ်ပါတယ်။ စာမသင်ကြားနိုင်တဲ့ ကလေးတွေ နင်ကစာသင်ပေးတော့ နင်ကုသိုလ်တွေအများကြီးရမှာ။”
“အဲဒီကုသိုလ် နင်ရောမလိုချင်ဘူးလား နှင်းမှုံ။ နင်လည်း နင့်အဖေရှိတုန်းက မြို့မှာကျောင်းတက်ခဲ့တာပဲ။ ဒီရွာက ကလေးတွေကို စာပြနိုင်လောက်မှာပါ။”
“ငါလည်း နင်ပြောသလိုလုပ်ချင်တာပေါ့ဟာ။ နင်သိတဲ့အတိုင်း ငါ့ဘဝက တစ်နေ့လုပ်မှတစ်နေ့စားရတာ။ ဒါတောင်အမေ့ဆေးဖိုးကို ရှာနေရတာဟ။ ငါ့မှာအားတယ်လို့တောင်မရှိပါဘူးဟယ်။”
“အဟွတ်အဟွတ် အဟွတ်.. သမီးရေ..။”
“ရှင်အမေ လာပြီလာပြီ။ စောကြည်ဖြူခဏလေးနော်။”
စောကြည်ဖြူခေါင်းညိမ့်ပြလိုက်တော့ နှင်းမှုံက အိမ်ထဲကိုဝင်သွားလေ၏။ စောကြည်ဖြူသည် နှင်းမှုံ၏ဘဝကို တွေးကာ သနားမိလေ၏။ လူငယ်ခြင်းတူတူတောင်မှ နှင်းမှုံကသူ့ထက် မိသားစုတာဝန်တွေကို ပခုံးပေါ်ထမ်းထားသူ။ မိန်းမသားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုအရှုံးမပေးပဲ လောကဓံရဲ့ရိုက်ချက်တွေကြားမှာ ရပ်တည်နိုင်သူဖြစ်လေ၏။ သူ့အနေနှင့် နှင်းမှုံကို ကူညီနိုင်က ကူညီပေးချင်မိသည်။ သို့သော် နှင်းမှုံက မရှိမာနကြီး၏။ သူကူညီမည်ဆိုပါက ငြင်းဆန်မှာကို သူသိနေသည်။
တစ်အောင့်မျှအကြာ နှင်းမှုံပြန်ထွက်လာလေသည်။
“ဟဲ့ စောင့်နေရတာ ကြာသွားလား။ တောင်းပန်ပါတယ်ဟယ် အမေက တရေးနိုးဗိုက်ဆာတာနဲ့ ဆန်ပြုတ်ကလေးကျွေးပြီး ဆေးတိုက်နေလို့ အခုတော့ ပြန်အိပ်သွားပါပြီ။”
“အေးပါ။ ဒါနဲ့နှင်းမှုံ ငါနင့်ကိုပြောစရာရှိတယ်။”
“အေးပြောလေ ဘာများလဲ။”
“ငါဒီလိုပြောတာ နင်စိတ်တော့မဆိုးပါနဲ့။ နင့်မှာဘာအခက်ခဲရှိရှိ ငါ့ကိုပြောပါ။ ငါနင့်ကို ငါတတ်နိုင်သလောက်ကူညီပေးပါ့မယ်။”
နှင်းမှုံ၏မျက်နှာ ချက်ချင်းပြောင်းလဲသွားတာကို သူသတိထားမိလိုက်၏။
“နင်အခုလို ပြောတာငါကျေးဇူးတင်ပါတယ် စောကြည်ဖြူ။ ဒါပေမဲ့ အားနွဲ့တဲ့မိန်းမသားမလို့ ယောက်ျားတစ်ယောက်က ကူညီပေးတာမျိူးငါမလိုချင်ဘူး။ ပြီးတော့ ငါ့ကိုသနားတဲ့မျက်လုံးတွေနဲ့ လာမကြည့်ပါနဲ့။ ငါ့အမေနဲ့ငါ့ဘဝကို ဘယ်သူ့ဆီကမှ အကူညီမယူလည်း ရပ်တည်နိုင်တယ်။ ငါကနင်တို့အမြင်မှာ သနားစရာမိန်းမသားဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် စုန်းမတစ်ယောက်လို့ နင်တို့မြင်ရင်မြင်မယ်။ ဒါပေမဲ့ ငါကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမမြင်ဘူး။ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့မိန်းမဟာ ဘုရင်မတစ်ယောက်လို့ပဲ ငါ့ကိုယ်ငါမြင်တယ်။”
“ငါ နင့်ကိုအဲဒီလိုသဘောမျိုးနဲ့ ပြောတာမဟုတ်ဘူးနှင်းမှုံ ငါပြောတာက…။”
“တော်တော့စောကြည်ဖြူ နင်ဒါတွေပြောနေမယ်ဆို နင်ပြန်တော့။”
“ဟူး…အေးပါ နင်ပြန်ဆိုလည်းငါပြန်ပါ့မယ်။ ငါနောက်ကြုံမှဝင်ခဲ့တော့မယ်။”
“အေး ကောင်းပြီ။”
စောကြည်ဖြူသည် နှင်းမှုံစိတ်ဆိုးသွားမှန်းသိသောကြောင့် ဆက်လက်မပြောဆိုတော့ပဲ ထွက်လာခဲ့၏။ အမဲပေါ်သော အိမ်ကိုမေးမြန်းကာ မိခင်ဖြစ်သူဝယ်ခိုင်းသည့် အမဲသားတစ်ပိဿာဝယ်၍ ပြန်လာခဲ့သည်။ အချိန်က နွားရိုင်းသွင်းချိန် ကျော်ပြီဖြစ်၍ အနည်းငယ်မှောင်စပြုလာလေ၏။ စောကြည်ဖြူတစ်ယောက် ရွာနှစ်ရွာသွားလာသော အလယ်က ခြုံတောနားကိုအရောက်တွင် အနောက်ကနေ တဖတ်ဖတ်နှင့် လိုက်လာသည့် အသံကိုကြားလိုက်ရ၏။
လှည့်ကြည့်လိုက်သော်လည်း မည်သည့်သက်ရှိတစ်ဦးမှ မရှိပေ။ သူတစ်ဦးတည်းသာ ထိုလမ်းပေါ်၌ ရှိလေ၏။ သူသည် လက်ထဲက အမဲသားတွဲကိုကြည့်ကာ သရဲတစ္ဆေတွေများ လိုက်လာတာလားဟု တွေးမိပြီး ခေါင်းနပန်းကြီး၍ ကြောက်စိတ်များဝင်လာလေ၏။ အနောက်ကိုလှည့်မကြည့်ပဲ ခတ်သုတ်သုတ်လျှောက်လိုက်၏။ ထိုစဉ်သူသည် ခလုတ်တိုက်၍ လဲကျသွား၏။
“ဘုန်း.။”
“အားကျွတ်ကျွတ်.. အရေးထဲကွာ ခလုတ်တိုက်ရတယ်လို့။ နာလိုက်တာ။”
စောကြည်ဖြူသည် ဖုန်များခါကာ ရွာကိုခတ်သုတ်သုတ်ပြန်လာခဲ့သည်။ သူဝိုင်းထဲကိုဝင်လာသည့်အခါမှာတော့ မိခင်ဖြစ်သူက စိုးရိမ်တကြီး ပြေးထွက်လာလေ၏။
“ဟယ် သားလေး လက်မှာလည်းသွေးတွေနဲ့ပါ့လားကွယ် ဘယ်လိုဖြစ်တာတုန်း။”
စောကြည်ဖြူ သူ၏လက်ကိုကြည့်မိလိုက်၏။ စောစောက သူလဲကျသွားချိန်၌ ပွန်းပဲ့သွားသည်ထင်၏။ ညာဘက်လက်တံတောင်ဆစ်ကနေ သွေးများစီးကျနေလေသည်။ ‌သူလည်းကြောက်စိတ်ကြောင့် သတိမထားမိခဲ့။ မိခင်ဖြစ်သူပြောမှ သိလေ၏။
“‌ လမ်းမှာခလုတ်တိုက်လဲတုန်းက ပွန်းတာနေမယ်အမေရဲ့ သားတောင်သတိမထားမိဘူး။”
“ဒီလောက်သွေးတွေကျနေတာတောင် မသိဘူးလားသားရယ်။ လာလာဖန်ဆေးပြီး ဆေးထည့်ရအောင်။”
‌ညချမ်းအချိန်ကိုရောက်သောအခါ စောကြည်ဖြူသည် ကလေးများကို စာသင်ကြားပြီးသည့်နောက် မိခင်ဖြစ်သူချက်ထားသော အမဲသားနပ်ကို အားပါးတရစား၍ အိပ်ရာဝင်ခဲ့လေ၏။ တဖြည်းဖြည်းနှင့် ညက တိတ်ဆိတ်လာကာ သန်းခေါင်ယံအကျော်ကို ကျရောက်လာသည်။ စောကြည်ဖြူသည် ရုတ်တရက်နိုးလာကာ ရေအိမ်ကိုသွားရန် မီးအိမ်ကလေးဆွဲ၍ အောက်ကိုဆင်းလာခဲ့သည်။
ပတ်ဝန်းကျင်ကမဲမှောင်၍ ပိုးကောင်ငယ်တို့၏ အော်မြည်သံများကိုသာ ကြားရသည်။ စောကြည်ဖြူရေအိမ်ကို ဝင်နေခိုက် အိမ်သာကို ဘုံးခနဲ ထုသံကြီးကြားလိုက်ရလေသည်။
“ဘုံး!!။”
“အမလေး.. ဟာ အမေလား။ သားရှိတယ်အမေ ခဏစောင့်အုံး ပြီးပြီ။”
စောကြည်ဖြူ ကိစ္စအမြန်ရှင်းကာ ထွက်လာချိန်၌ မိခင်ဖြစ်သူကိုမတွေ့ရပေ။ ဘယ်များရောက်သွားတာလဲဟုတွေးကာ အိမ်အပေါ်ကိုတက်လာပြီး မိခင်ဖြစ်သူအခန်းထဲကြည့်လိုက်သောအခါ မိခင်ဖြစ်သူက နှစ်ချိုက်စွာအိပ်မောကြနေတာကို မြင်လိုက်ရသည်။ သူသည် မျက်လုံးပြူးသွားခဲ့၏။
“အမေကအိပ်နေတာပဲ။ ဒါဆို ခုဏက အိမ်သာတံခါးကိုလာထုတာ ဘယ်သူလဲ။ တခြားလူလည်း အိမ်မှာရှိတာမဟုတ်ဘူး။ သ…သရဲများလား.. ဘုရားဘုရား။”
စောကြည်ဖြူတစ်ယောက် စိတ်ထဲကရေရွတ်နေခိုက် အောက်ထပ်ကနေ အသံဗလံများထွက်လာခဲ့သည်။ သူ၏စိတ်များ တုန်လှုပ်ချောက်ခြားသွားလေ၏။ သူသွားကြည့်ရမလား ဟုစဉ်းစားမိသည်။ မကြည့်လို့ကမဖြစ်ပြန် သူခိုးဆိုရင် ရှိတာအကုန်ပြောင်လိမ့်မည်။ သို့သော် သရဲဆိုရင် ပိုဆိုးမည်။ နောက်ဆုံး သူစိတ်ကိုတင်းကာ အိမ်အောက်ကိုပြန်ဆင်းလာခဲ့သည်။ အသံကမီးဖိုချောင်ထဲက ထွက်လာနေခြင်းဖြစ်၏။
မီးဖိုချောင်ထဲကိုမရဲတရဲနှင့် သူကြည့်မိချိန်၌ တစ်ယောက်မှတော့မရှိပေ။ သို့သော် အိုးခွက်ပန်းကန်တွေ ပွစံကျဲကာ အမေချန်ထားသော အိုးထဲက ဟင်းများကတော့ လျှာနဲ့ယက်ထားသလို တက်တက်စင်အောင်ပြောင်နေလေသည်။
“ဖြောင်း!!။”
ထိုစဉ် အိမ်ရှေ့ကနေ အသံထွက်လာသောကြောင့် သူထွက်ကြည့်လိုက်မိ၏။ အမဲသားများကို ဝါးလုံးတွင်ချိတ်ကာ နေလှန်းထားသည့် ဝါးလုံးက လဲကျသွားခြင်းဖြစ်သည်။ လေတိုက်လို့ဖြစ်မှာပါဟု ကိုယ့်ကိုယ်ကိုယ်မကြောက်ရန် ဖြည့်တွေးလိုက်၏။ သူဝါးလုံးကိုပြန်ထောင်ဖို့ ကောက်လိုက်ချိန်၌ လရောင်ကြောင့် မြေပြင်မှာအရိပ်နှစ်ခုထွက်နေတာကို သူမြင်လိုက်ရသည်။ အနောက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သောအခါ ရေနွေးသောက်ပန်းကန်လုံးလောက်ထိ ပြူးကျယ်နေသော မျက်လုံးများ၊ အစွယ်အဖွေးသားနှင့် ကြောက်စရာကောင်းလှသော သရဲတစ်ကောင်၏မျက်နှာကိုသူတွေ့လိုက်ရ၏။
“အားးးးးး။”
စောကြည်ဖြူတစ်ယောက် အသံကုန်ခြစ်၍ အော်ကာ မေ့လဲကျသွားလေ၏။ စောကြည်ဖြူ၏အသံကြောင့် ဘေးပတ်ဝန်းကျင်နှင့် သူ၏မိခင်ဒေါ်ကြည်အေးပါနိုးလာလေသည်။ ဒေါ်ကြည်အေး အပြင်ထွက်ကြည့်ချိန်၌ မြေကြီးပေါ်လဲကျနေသော သားဖြစ်သူကိုတွေ့လိုက်ရသည်။
“ဟင်.. သား .. စောကြည်ဖြူ။ အမလေးလာကြပါအုံး။”
ဘေးပတ်ဝန်းကျင်ကလူများရောက်လာကာ စောကြည်ဖြူကို နှိုးကြလေသည်။ မေ့နေမှန်းသိသွားကာ အိမ်ပေါ်ကိုမရွေ့သူနှင့် ဆေးဆရာသွားပင့်သူများနှင့် တစ်ရွာလုံးနီးပါး နိုးသွားကြလေ၏။ နံနက်မိုးလင်းသောအခါ စောကြည်ဖြူတစ်ယောက် ပြန်နိုးလာခဲ့လေသည်။
“သားလေး… သားလေးသတိရလာပြီ။”
“သားဘာဖြစ်သွားတာတုန်းအမေ။”
“ညကအိမ်ရှေ့မှာ သားမေ့လဲနေတာသားရဲ့။ ဘယ်လိုဖြစ်တာတုန်းသားရယ်။”
“အမဲသားနေလှန်းထားတဲ့ဝါးလုံး လဲကျသွားလို့ ဆင်းထောင်ရင်း မေ့လဲသွားတာ။”
“ဒါဆိုသားကဘာလို့အော်တာတုန်း။ သားအော်သံကြားတော့ အမေ့မှာ ရင်ကိုထိတ်သွားတာပဲကွယ်။”
“အမေကလည်းဗျာ ခေါင်းထဲမှာလည်သွားတော့ ကြောက်ပြီးအော်မိတာပေါ့။”
“အေးပါကွယ်အေးပါ။”
“အမေ ကျုပ်ကို အမဲသားချက်ကျွေးအုံးဗျာ။ ကျုပ်အမဲသားစားချင်တယ်။”
“အေးအေး အမေချက်ကျွေးမယ်‌နော်။”
ဒေါ်ကြည်အေးတစ်ယောက် သားဖြစ်သူ အနည်းငယ်ပြောင်းလဲသွားသလို ထင်မိ၏။ သို့သော်လည်း နေသိပ်မကောင်းလို့ဖြစ်မှာပါဟု ဖြည့်တွေးပေးကာ မနေ့ကသားဖြစ်သူဝယ်လာသည့် အမဲသားကို အနည်းငယ်ခွဲထားတာမလို့ ထပ်ဝယ်ရန်မလိုသောကြောင့် ကျန်သည့်အမဲသားကိုသာ ဆီပြန်ကလေးချက်လိုက်လေ၏။ စာသင်ရန်ကလေးများ ရောက်လာသောအခါ ဒေါ်ကြည်အေးက စောကြည်ဖြူနေသိပ်မကောင်းဘူဟုဆိုကာ တစ်ပတ်လောက်မလာကြရန် ပြောလိုက်လေသည်။
စောကြည်ဖြူကတော့ ‌အိပ်ရာထဲက မ‌ထပေ။ နေ့လယ်စာထမင်းစားချိန်မှသာ အိပ်ရာထဲကထလာပြီး ထမင်းစားလေ၏။ ထမင်းစားသော်လည်း စောကြည်ဖြူက အမဲသားခွက်ကို သူကြီးနှိုက်ကာ ထမင်းသိပ်မစားပေ။
“သားလေး ထမင်းလည်းစားအုံးလေ ဟင်းတွေကြီးစားမနေနဲ့။”
“အမေကလည်းဗျာ ထမင်းစားတာတောင် လိုက်ပြောနေတယ်။ ကျုပ်ဟာကျုပ်စားချင်သလို စားလို့မရဘူးလား။”
“အေးပါကွယ် အမေမပြောတော့ပါဘူး။ သားစားချင်သလိုစားပါ။”
ဒေါ်ကြည်အေးသားဖြစ်သူ ထမင်းစားပုံကို သိပ်တော့ဘဝင်မကျ။ ‌အရင်ကထမင်းစားရင် မိခင်ဖြစ်သူကို ဦးချပြီးမှ သူစား၏။ မိမိထမင်းစားနည်းရင်တောင် အတင်းကျွေးကာ အမေထမင်းစားလို့ အားရှိမှ သားတို့အတူတူအကြာကြီးနေနိုင်မှာလို့ ပြောတတ်သူ။ ယခုမူ ‌သတိပြန်ရလာချိန်မှစ၍ တစ်မျိုးပြောင်းနေ၏။ ‌
“အမေ ကျုပ်ထမင်းစားပြီးပြီ ခေါင်းကိုက်လို့ လှဲလိုက်အုံးမယ်။”
“အေးပါကွယ်အေးပါ။”
စောကြည်ဖြူထသွားချိန်၌ ဒေါ်ကြည်အေးထမင်းဝိုင်းကိုငုံ့ကြည့်လိုက်တော့ အမဲသားဟင်းခွက်က ပြောင်သလင်းခါကာ ကျန်သည့်ဟင်းများက ပုံစံမပျက်ပေ။ ဒေါ်ကြည်အေးလည်း ခေါင်းရှုပ်သွားကာ ဆက်လက်မစဉ်းစားတော့ပဲ ကျန်သည့်ဟင်းများနှင့်သာ ထမင်းစားလိုက်လေ၏။
ဤသို့ဖြင့် နေ့တာကုန်ဆုံး၍ ညအခါကိုရောက်ရှိလာခဲ့လေသည်။ ဒေါ်ကြည်အေးတစ်ယောက် ညစာစားရန် သားဖြစ်သူကိုခေါ်သော်လည်း အမဲသားမပါရင် မစားဘူးဟု ဂျီကျနေလေ၏။ ‌ဒေါ်ကြည်အေးလည်း စိတ်ပေါက်သွားကာ စားချင်စား မစားချင်နေဟာဆိုပြီး သူတစ်ယောက်တည်းသာ ထမင်းစားလိုက်သည်။
ထို့နောက် ညအိပ်ရာမဝင်ခင် ဒေါ်ကြည်အေးသည် ဘုရားကျောင်းဆောင်ရှေ့၌ ဘုရားရှိခိုးနေ၏။
“ဟာ အ‌မေ!!…. အမေ!!…။”
စောကြည်ဖြူ၏ အလန့်တကြားအော်သံကြောင့် ဒေါ်ကြည်အေးသည် အ‌ပြေးသွားကြည့်မိချိန်၌ စောကြည်ဖြူသည် သူ့ကိုဒေါသတကြီးကြည့်ကာ…
“အမေဘာတွေအကျယ်ကြီးရွတ်နေတာလဲဗျာ ဒီမှာအိပ်မရတော့ဘူး။”
“ဟဲ့ ဘုရားရှိခိုးတာတောင် နင်ကဘာဖြစ်နေတာလဲ။”
“မရွတ်နဲ့ အမေ့ဟာအမေ အိပ်စရာရှိတာသွားအိပ်ဗျာ။”
“နင်နေမကောင်းလို့ ငါ‌ခွင့်လွှတ်ထားတာနော်။ နင်နေပြန်ကောင်းရင် မလွယ်ဘူးမှတ်။”
ဒေါ်ကြည်အေးလည်း ဘုရားကိုဦးချကာ အိပ်ခန်းထဲဝင်၍ အိပ်လိုက်လေ၏။
+++ +++
ဤသို့ဖြင့် အချိန်က တစတစ မှောင်မိုက်လာလေတော့သည်။ သန်းခေါင်ကြက်တွန်ချိန်၌ ရွာလည်ပိုင်းက ကင်းတဲဆီကနေ သံချောင်း‌ခေါက်သံများကြားလိုက်ရသောကြောင့် ရွာလူကြီး ဦးမောင်ထွန်းနိုးလာခဲ့၏။ သုံးတောင့်ထိုးဓာတ်မီးကိုယူ၍ ထွက်လာခဲ့သည်။
“ဟေ့ သော်ဇင်တို့ကျင်စိန်တို့ ဘာဖြစ်ကြတာလဲကွ။”
“သူခိုးသူကြီးရေ သူခိုးဗျ။ ဦးစံမောင်းကြက်ခြံထဲဝင်သွားလို့။”
“ဟေ အခုဘယ်ရောက်သွားလဲသူခိုးက။”
“မသိဘူးသူကြီးရ။ ကျုပ်တို့လည်း မြင်မြင်ခြင်း သံချောင်းခေါက်ပြီး ကြက်ခြံကိုဝိုင်းထားတာ။ တော်တော်လျှင်တဲ့သူခိုးဗျာ။ ‌ကျုပ်တို့ဘေးကနေ ရိပ်ခနဲဖြတ်ပြေးသွားတာ။”
” မင်းတို့အတော်ညံ့တဲ့ကောင်တွေပဲ နောက်ကနေမလိုက်ဘူးလား။”
“ဟ လိုက်‌တာပေါ့သူကြီးရ။ သောက်ကမြင်းမသား သူခိုးက ပြေးတာများ အရိပ်ပဲမြင်ရတယ်။ ဆရာလေးစောကြည်ဖြူတို့ ဒီအိမ်ရှေ့နားမှာတင်ပျောက်သွားတာ။”
“ဟေဟုတ်လား။ ဒါဆိုလာလေကွာ တစ်အိမ်အိမ်မှာ ပုန်းနေလိမ့်မယ် ရှာကြည့်ကြစမ်း။”
သူကြီးနှင့်ကာလသားသုံးယောက်က စောကြည်ဖြူတို့ခြံထဲဝင်ရှာကြလေ၏။‌ ဒေါ်ကြည်အေး၏က ဆူဆူညံညံအသံများကြောင့် နိုးလာခဲ့လေ၏။
“‌ညကြီးမိုးချုပ် သူကြီးတို့ပါ့လား။”
“ဟုတ်ပါ့ဒေါ်ကြည်အေးရေ။ သူခိုးလိုက်ဖမ်းနေတာ ဒီနားလေးမှာတင်ပျောက်သွားလို့ဗျို့ အဲဒါရှာနေကြတာ။”
“ရှင် အိမ်ထဲတွေပါဝင်ရှာပေးပါအုံးသူကြီးရယ်။ တော်ကြာ ‌တစ်နေရာရာမှာ ချောင်ခိုနေရင် ဒုက္ခပဲ။”
“စိတ်မပူပါနဲ့ဗျာ ကျုပ်တို့ရှာနေတာပါ။”
သူကြီးနှင့်ကာလသားတွေက ‌အိမ်ကိုလှည့်ပတ်‌‌၍ ရှာကြည့်ကြ၏။ ထိုစဉ် ကြက်အမွှေးများကို တွေ့သွားလေသည်။
“ဒီနားမှာ ကြက်အမွှေးတွေပဲ သူကြီး။”
“ဒီနားဝန်းကျင်သေချာရှာစမ်းကွာ။”
“ဟုတ်ဟုတ်သူကြီး။”
သူကြီးနှင့်ကာလသားတွေ သေချာစီစစ်ရှာဖွေသော်လည်း သူခိုးကိုမမိချေ။ အချိန်အတော်ကြာ ရှာပြီးချိန်၌ သူခိုးကိုမတွေ့တာနှင့် ကိုယ်စီကိုယ်ငှအိမ်ကိုပြန်ကျလေသည်။ နံနက်မိုးလင်းချိန်၌ ဦးစံမောင်းတစ်ယောက် သူကြီးအိမ်ကို ရောက်လာခဲ့သည်။ သူကြီးကအိမ်ရှေ့ကွပ်ပျစ်ပေါ်၌ ရေနွေးကြမ်းသောက်ရင်း လက်ဖက်သုပ်စားကာ ထိုင်နေလေ၏။
“‌ဗျို့သူကြီး ကျုပ်ဝင်ခဲ့မယ်နော်။”
“ဟော ကိုစံမောင်းပါ့လားဗျ။ လာလေဗျာ ထိုင်ပါအုံး။”
ဦးစံမောင်းက သူကြီးထိုင်နေသည့် ကွပ်ပျစ်ပေါ်ဝင်ထိုင်လိုက်လေ၏။
“မနေ့ညက ကြက်ပျောက်တာ လာတိုင်တာထင်တယ် ဟုတ်လား ကိုစံမောင်း။”
“အင်း အဲဒီလိုပဲဆိုရမယ်ဗျ။ ရိုးရိုးတန်းတန်းကြက်ပျောက်တာဆို ကျုပ်အနေနဲ့မတိုင်ပါဘူး။ ခုဟာက နည်းနည်းထူးဆန်းနေတယ်သူကြီး။”
“ဟင် ဘာလို့တုန်း ကိုစံမောင်းရဲ့။”
“မနေ့ညက သူကြီးတို့ပြန်သွားတော့ ကျုပ်ကြက်ခြံထဲဝင်ကြည့်တာ။ ကြက်အသေနှစ်ကောင်ကိုတွေ့တယ်ဗျ။ ပြီးတော့ နှစ်ကောင်ကလည်းပျောက်နေတယ်။ ပျောက်သွားတဲ့နှစ်ကောင်က သူခိုးခိုးသွားတယ်ထားအုံးဗျာ။ သေတဲ့နှစ်ကောင်က နည်းနည်းထူးဆန်းတယ်။”
“ဘယ်လိုသေနေလို့လဲ။”
“ကြက်‌ရဲ့ ခန္ဓာကိုယ်တစ်ဝက်က မရှိတော့ဘူးသူကြီးရဲ့ ပုံစံကြည့်ရတာတော့ အစားခံလိုက်ရတာဗျ။”
“ဘယ်လို!!။ အစားခံထားရတာ။”
“ဟုတ်တယ်ဗျ။ ခေါင်းကနေ စပြီး ခန္ဓာကိုယ်တစ်ဝက်ထိ အစားခံထားရတာ။ ကျုပ်လည်း မသင်္ကာတာနဲ့ ကြက်‌အမွေးတွေ‌နှုတ်ကြည့်လိုက်တာ နည်းနည်းနောနော သွားအရာကြီးမဟုတ်ဘူးဗျ။”
“ခွေးကိုက်ခံရတာမဖြစ်နိုင်ဘူးလား ကိုစံမောင်း။”
“မဖြစ်နိုင်ဘူးဗျ။ ကြက်ခြံထဲခွေးဝင်ရင်တောင် အိမ်ကငညိုက ဝင်ကိုက်မှာပဲ။ မနေ့ညက သူခိုးကို ငညိုကဟောင်တောင်မဟောင်ရဲပဲ အိမ်အောက်ကို အမြှီးကုပ်ပြီး ဝင်နေတာဗျ။”
“ကိုစံမောင်းပြောမှပဲ ‌မနေ့က ကျင်စိန်တို့ပြောတာသတိရတယ်။ ကြက်ခြံကိုသူတို့ဝိုင်းထားတဲ့ ကြားကနေ သူခိုးက လစ်ခနဲပြေးသွားတာ မြန်ချက်ဆိုပဲ။ နောက်‌ကနေလိုက်တာလည်း အရိပ်ကိုပဲမြင်ရတယ်တဲ့။ ‌ဒီကြက်သူခိုးက အတော်တော့ထူးဆန်းတာပဲ။”
“ဟုတ်တယ် အဲဒါကြောင့် သူကြီးကိုကျုပ်လာပြောပြတာ။ ဒီညအဲဒီသူခိုးထပ်မခိုးဘူးလို့ မပြောနိုင်ဘူးသူကြီး။ ဒီကောင့်ကို ကင်းပုန်းဝပ်ပြီး ဖမ်းမှရမယ်။”
“ခင်ဗျားပြောတာမဆိုးဘူး။ ဒီညကျုပ်ကိုယ်တိုင် ကင်းပုန်းဝပ်ပြီး ဒီသူခိုးကိုဖမ်းမယ်။ ခင်ဗျားလည်းသတိရှိရှိနေအုံး ခင်ဗျားကြက်ခြံထဲနောက်တစ်ခါမဝင်ဘူးလို့မပြောနိုင်ဘူး။”
“ကောင်းပါပြီသူကြီး ဒါဆိုကျုပ်ပြန်အုံးမယ်။”
“ဟုတ်ပြီဟုတ်ပြီ။”
သူကြီးက ညကြကင်းပုန်းဝပ်ရန် ကာလသားများကိုခေါ်ယူကာ ‌ဆွေးနွေးလိုက်သည်။ တစ်ဖွဲ့ကိုသုံးယောက်ဆီတာဝန်ပေးကာ ဓားများကို မကိုင်ပဲ ဝါးရင်းတုတ်များသာကိုင်ခိုင်း၏။ အကုန်လုံးအစီစဉ်ချ၍ တာဝန်ကိုယ်စီပေးပြီးချိန်၌ ရွာဦးကျောင်းက ကျောင်းသားလေးတစ်ယောက် သူကြီးဆီရောက်လာလေ၏။
“သူကြီး ဆရာတော်ကြီးက သူကြီးကိုအခုလာခဲ့ဖို့ပြောလိုက်တယ်။”
“အေးအေး ငါအခုလိုက်ခဲ့မယ်။ ကဲသော်ဇင်နဲ့ကျင်စိန်ကဦးဆောင်ပြီး ဘယ်နေရာမှာဘယ်သူတွေ စောင့်မလဲဆိုတာ ခွဲထားလိုက် ငါရွာဦးကျောင်းခဏသွားအုံးမယ်။”
“ဟုတ်ကဲ့သူကြီး..။”
သူကြီးက ကျောင်းသားလေးနှင့်အတူ ရွာဦးကျောင်းဆရာတော်ဆီရောက်လာခဲ့သည်။ ကျောင်းဆောင်ပေါ်တက်လာသည့်အခါ၌ ဆရာတော်ကြီး၏ရှေ့မှာ ယောဂီအညိုရောင်ဝမ်းဆက်နှင့် လူငယ်သုံးဦးကိုတွေ့လိုက်ရသည်။ အလယ်ကလူငယ်က တည်ကြည်ခံ့ညား၍ မျက်လုံးမျက်ဖန် အတော်ကောင်းလေ၏။ ထိုလူငယ်က ခေါင်းပေါင်းပေါင်းထားကာ ကျန်သည့်လူငယ်နှစ်ဦးက ခေါင်းပေါင်းမပါကြပေ။ သူကြီးက ထိုလူငယ်များကိုကြည့်ပြီးတာနှင့် ဆရာတော်ကြီးကို ထိခြင်းငါးပါးနဲ့အညီ ကန်တော့လိုက်သည်။
“အရှင်ဘုရားခေါ်တယ်ဆိုလို့ဘုရား။ ဘာအရေးကိစ္စများရှိလို့လဲ ဘုရား။”
“ဒါကာသူကြီးရေ ကျန်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဟောဒီမယ် ဒီဒါကာလေးသုံးယောက်က ဒီရွာမှာ တစ်ညတာတည်းခိုချင်လို့တဲ့။ အဲဒါ ဒါကာသူကြီးက တာဝန်ရှိသူဆိုတော့ ဘုန်းဘုန်းက မေးမြန်းရတာပဲ။”
“တင်ပါ့ဘုရား တစ်ညတာတည်းခိုဖို့က ဘာမှမပြောပလောက်‌ပါဘူးဘုရား။ သို့သော်လည်းပဲ ရွာမှာက သူခိုးဓားမြတွေ သောင်းကျန်းနေတော့….။”
သူကြီး၏ စကားမဆုံးခင် အလယ်ကလူငယ်၏ ဘယ်ဘက်ကလူငယ်က ထပြောလေသည်။
“ကျွန်တော်တို့ကို သူခိုးဓားမြလို့ ဒီကဘကြီး သံသယဝင်နေတာနဲ့တူတယ်။ ဒီအတွက်စိတ်မပူပါနဲ့ ကျွန်တော်တို့က နယ်တကာလှည့်ပြီး ပယောဂကုနေတဲ့ဆေးဆရာတွေပါ။ ဒီရွာမှာလည်း အကြောင်းမဲ့ လာနေထိုင်တာမဟုတ်ပါဘူး။ သူကြီးတို့ရွာထဲက ရွာသားတစ်ယောက်ကို ပူးကပ်နေတဲ့ သဘက်တစ်ကောင်ကို လာရောက်နှိမ်နင်းပေးတာပါ။”
ထိုလူငယ်၏ စကားကြောင့် ဆရာတော်ကြီးနှင့်သူကြီးက အံ့ဩသွားကြလေသည်။ ထိုလူငယ်က သူ့စကားလွန်သွားမှန်းသိကာ အလယ်ကလူကို ကြည့်လိုက်၏။ ထိုအလယ်က လူငယ်ကတော့ တည်ညိမ်စွာပြုံးလျှက်..
“ကျွန်တော့်တပည့်ပြောသလိုပါပဲသူကြီး အခြေအနေတွေမဆိုးခင်မှာ ကျွန်တော်တို့ရောက်လာခဲ့တာပါ။ သူကြီးမယုံရင် ဒီကနေ့ည စောင့်ကြည့်‌ပါ ကျွန်တော်တို့ လက်တွေ့ပြပါ့မယ်။”
“ဒါပေမဲ့ မောင်ရင်တို့က ဒါတွေကိုဘယ်လိုသိနေတာလဲ။ ကျုပ်လိုလူမပြောနဲ့ တစ်ရွာလုံး ဒီအကြောင်းကို ဘယ်သူမှပြောသံလည်းမကြားဘူး။”
“ကျွန်တော်တို့ ဘယ်လိုသိလဲဆိုတာ ပြောပြလို့မရပါဘူး။ ဒီ‌လိုပရလောကသားတွေက အင်မတန်ဉာဏ်ကောင်းပြီး ပိပိရိရိနေထိုင်‌နိုင်ကြတယ်။ ဒါပေမဲ့ သူကြီးအနေနဲ့ တစ်ခုခုတော့ ထူးဆန်းတာမျိုးကြုံဖူးမယ် ထင်တယ်။”
“ဟေ မောင်.. မောင်ရင်တို့က ဒါတွေလည်းသိနေတာလား။ မှန်ပါတယ် မနေ့ညက ကြက်သူခိုးက တော်တော်ထူးဆန်းနေလို့ ကျုပ်တို့လည်း အံ့ဩနေကြတာ။ ဒီညဖမ်းဖို့တောင် ကင်းပုန်းဝပ်ဖို့စီစဉ်ပြီး ဒီလာခဲ့တာပါ။”
“ကျွန်တော်တို့ကို အခုယုံကြည်ပြီလား။”
“ယုံပါပြီမောင်ရင်.. ဒီလိုဆိုရင်လည်း မောင်ရင်တို့ဦးအိမ်မှာလိုက်တည်းပါ။ မောင်ရင်တို့ပြောတဲ့ သဘက်ဝင်ပူးနေတဲ့ ရွာသားက ဘယ်သူများလဲကွဲ့။”
“ညကြရင် တွေ့ပါလိမ့်မယ်သူကြီး။ သူကြီးအနေနဲ့ ကျွန်တော့်ကိုတစ်ခုလောက်ကူညီနိုင်မလား။ ရွာသူရွာသားတွေကို ညကြ ဘာအသံကြားကြား၊ ဘယ်သူ့ကိုတွေ့တွေ့ ဘာမှမလုပ်ဖို့ ဝင်မပါဖို့ပြောပေးပါ။”
“ကောင်းပါပြီ။ ဒီလောက်ကတော့ ကျုပ်အနေနဲ့ ကူညီနိုင်ပါတယ်။ မောင်ရင်တို့နာမည်တွေက ဘယ်လိုခေါ်ကြလဲ။”
“ကျွန်တော့်နာမည်သူရ၊ ဒါကခွန်းသ၊ ဒီဘက်ကစောသ။ ”
ဤသို့ဖြင့် သူရတို့ဆရာတပည့်သုံးဦးက သူကြီးအိမ်၌ လိုက်လံတည်းခိုကြလေသည်။ သူကြီးကျွေးသော နေ့လယ်စာအားစား၍ အိမ်ပေါ်ထပ်က ဘုရားခန်းရှေ့၌ သမထထိုင်လိုက်ကြ၏။ သို့သော်သူရက သမထ ထိုင်ခြင်းမပြုသေးပဲ ခေါင်းပေါင်းကိုချွတ်လိုက်သောအခါ ခေါင်းပေါင်းပုဝါပေါ်တွင် အင်းစမကွက်များ၊ နာနာရူပံ ပုံများအပြင် ဘုရားစေတီရုပ်ပွားတော်များစွာ ရေးဆွဲထားတာကို မြင်လိုက်ရ၏။ သူရက ပုဝါကိုဖြန့်လိုက်ကာ မန္တာန်တစ်ပုဒ်ရွတ်လိုက်သည်။ နာနာရူပံအရုပ်များက ရွှေရောင်ဝင်းလတ်သွားခဲ့၏။
ထို့နောက်သူရသည် ခေါင်းပေါင်းကို ပြန်ပေါင်းကာ သမထထိုင်လိုက်တော့သည်။ အချိန်က တစ်စတစ်စမှောင်မိုက် လာခဲ့၏။ သက်ကြီးခေါင်းချချိန်အရောက်၌ သူရတို့ဆရာတပည့်သုံးဦးလုံး သမထဖြုတ်ကာ အိမ်အောက်ကိုဆင်းလာခဲ့သည်။ အိမ်ရှေ့ကွပ်ပျစ်တွင် သူကြီးနှင့် ကာလသားလေးယောက်ထိုင်နေကြ၏။
“မောင်ရင်တို့ကို စိတ်မချလို့ ဦးတို့ပါလိုက်ခဲ့ပါရစေ။”
“ဒီလိုဆိုလည်းသူကြီးတို့သဘောပါပဲ။ ခတ်လှမ်းလှမ်းကနေပဲ ကြည့်နေကြပါ။”
“ဒါဆိုသွားကြရအောင်။”
“ကျွန်တော်တို့ ရွာတောင်ပိုင်းကင်းတဲဆီကနေ စောင့်ရအောင်သူကြီး။”
“ကောင်းပါပြီ။”
ရွာတောင်ပိုင်းကို သူရတို့ဆရာတပည့်သုံးဦးနှင့် သူကြီးတို့လူတစ်စု ထွက်လာကြ၏။ ‌နေရာများခွဲကာ ကင်းပုန်းဝပ်နေကြသော်လည်း သူရက အိမ်တစ်အိမ်ကိုပဲကြည့်ကာ မတ်တပ်ရပ်နေခဲ့သည်။ ညဉ့်နက်သန်းခေါင်ကျော်သည်အထိ ဘာမှမထူးခြားသောကြောင့် သူကြီးအနေနှင့် စိတ်ပျက်လာ၏။ ကျန်သည့်ကာလသားများကလည်း ခြင်ကိုက်သည့်ဒဏ်ကို မခံနိုင်ကြတော့ပေ။ ထိုစဉ်သူရသည် တစ်စုံတရာကိုတွေးမိကာ ပြုံးလိုက်လေ၏။
“သူကြီး ဟိုအိမ်ကဘယ်သူ့အိမ်လဲသိလား။”
“ဪ ဒီအိမ်လား ‌ဆရာလေးစောကြည်ဖြူတို့အိမ်လေ။ သူတို့ကသားအမိနှစ်ယောက်တည်းရှိကြတော့တာ အတော်လေးလည်း စိတ်ထားကောင်းကြတယ်။”
“အဲဒီအိမ်ကိုသွားကြရအောင်။”
“ဘာလို့လဲမောင်ရင်ရ။ ဒီအချိန်အိပ်နေလောက်ပြီ မကောင်းပါဘူးကွယ်။”
“နိုးနေတဲ့သူရှိပါတယ် သူကြီးရယ် လာပါ။”
သူရကအရှေ့ကနေ ဦးဆောင်ကာ သွားလိုက်သည်။ အိမိခြံဝန်းအရှေ့ကိုအရောက်မှာတော့ အိမ်ထဲကို သူကြီးကအော်ခေါ်လေသည်။
“ဗျို့ဒေါ်ကြည်အေး ဒေါ်ကြည်အေး။ ဆရာလေးစောကြည်ဖြူ ဆရာလေးစောကြည်ဖြူ။”
သူကြီးကအော်ခေါ်နေသော်လည်း အထဲကနေ မည်သည့်အသံမှ ထွက်မလာပေ။ သို့သော် ခဏအကြာမှာ အိမ်အပေါ်ကနေ စောကြည်ဖြူဆင်းလာလေ၏။
“ဘာကိစ္စလဲ ညကြီးမိုးချုပ်။”
“ဆရာလေးစောကြည်ဖြူ နေကောင်းသွားပြီလား။”
ကာလသားတစ်ယောက်၏ အမေးကို စောကြည်ဖြူက အရေးမထား သူရကိုစိုက်ကြည့်ကာ မေးကြောကြီးများ ထောင်လာလေ၏။
“သူကြီး ခင်‌ဗျားဘယ်ကောင်တွေကို ကျုပ်အိမ်ခေါ်လာတာလဲ အခုထွက်သွားကြစမ်း။”
စောကြည်ဖြူက အထက်ပါအတိုင်းပြောပြီး လှည့်အထွက်မှာ သူရက ညာလက်ညိုးနှင့်ထိုး၍…
“ဟဲ့ ပယောဂမှန်ရင် လှုပ်မရအောင်ချုပ်ထားကြစမ်း။”
သူရအမိန့်အာဏာသံကြောင့် စောကြည်ဖြူတစ်ယောက် ရပ်သွားလေ၏။ သူကြီးနှင့် ကာလသားများအံ့ဩသွားကြသည်။
“ဒါဆို ဆရာလေးစောကြည်ဖြူကိုယ်ထဲမှာ သရဲဝင်ပူးနေတာပေါ့.။”
သူရက..
“ဟုတ်တယ်သူကြီး သရဲထက်တောင်မြင့်နေပြီ သဘက်ကဝင်ပူးနေတာ။”
သူရကအဲဒီလိုပြောပြီး စောကြည်ဖြူ၏ အရှေ့ကို မတ်တပ်သွားရပ်လိုက်သည်။
“သင်ဘယ်သူလဲ နှုတ်ဖွင့်စေနှုတ်ကပြော။”
စောကြည်ဖြူက မျက်ထောင့်နီနှင့်စိုက်ကြည့်ကာ မူလအသံမဟုတ်ပဲ အသံဩဩကြီးနှင့်ပြောလိုက်၏။
“ငါကမိုးသီးပဲ။”
“သင်ကဘာကြောင့် ဒီခန္ဓာကိုယ်ထဲဝင်နေရတာလဲ။ အသင်မ‌ကျေနပ်တာရှိလို့လား။ ဒါမှမဟုတ် ဘယ်သူကခိုင်းလို့လဲ။”
“ငါ့အပင်နားကနေ ဒီလူကအမဲသားတွဲကိုင်ပြီး ဖြတ်သွားတာ ငါစားချင်လို့လိုက်လာတာ။”
“သင်က စားချင်တာလည်း စားပြီးပြီမဟုတ်လား။ ဘာလို့ဒီခန္ဓာထဲမှာဆက်ရှိနေရတာလဲ။ သင်အခုထွက်သွားပါ။
“မင်းကဘာကောင်လဲ ငါ့ကိုအခုချက်ချင်းလွှတ်ပေး မင်းကိုသတ်စားပြစ်မယ် ဟီးဟီးဟီးဟားဟားဟား။”
စောကြည်ဖြူကို ဝင်ပူးနေသော သဘက်ကြီးရယ်သံကြောင့် သူကြီးနှင့် ကာလသားများ ကြက်သီးမွေးညှင်းထ၍ ကြောက်လန့်သွားကြ၏။ ထိုစဉ် ဒေါ်‌ကြည်အေးတစ်ယောက်နိုးလာခဲ့သည်။
“ဟင် သူကြီးတို့ပဲ ဘာတွေဖြစ်နေကြတာလဲ။”
သူကြီးက ဒေါ်ကြည်အေးကို အကျိုးသင့်အကြောင်းသင့် အကျည်းချုပ်ပြောပြလိုက်၏။ ဒေါ်ကြည်အေးက သားဖြစ်သူကိုကြည့်ကာ မျက်ရည်များကျလာ၏။ သူရအနားကိုကပ်သွားကာ…
“ကျွန်မသားလေးကို ကယ်‌ပေး‌ပါနော်ဆရာလေး။”
“စိတ်ချပါအဒေါ် အဒေါ်သားက မသေနိုင်သေးပါဘူး။ ကဲ မိုးသီးခေါ်သဘက်ကြီး အသင်ဒီခန္ဓာကနေ ထွက်သွားဖို့ ကျွန်ုပ်မေတ္တာရပ်ခံတယ်။”
“ဟီးဟီးဟီး မထွက်ဘူး ငါလုံးဝမထွက်ဘူး။ ဒီမှာငါစားချင်တာစားလို့ရတယ် သူ့ထဲကနေလုံးဝမထွက်ဘူး။”
“တယ်လည်းခေါင်းမာတာကို။ သင်ပဲ‌ခံနိုင်မလားကျွန်ုပ်ပဲ ထုတ်နိုင်မလား ကြည့်ကြတာပေါ့။ ဟဲ့ ကြိမ်ပိုင်က မျက်နှာကိုတရစပ်ရိုက်စမ်း လှံပိုင်ကကျောကို လှံနဲ့ထောက်ထား။ မီးပိုင်က ဝမ်းအတွင်းကိုမီးနဲ့မျိုက်စမ်း။”
သူရ၏အမိန့်အာဏာအသံ အဆုံး၌ သဘက်ကြီးက စူးစူးဝါးဝါးအော်ဟစ်နေ၏။
“အားးးးး ပူတယ်ပူတယ် နာလည်းနာတယ်။ ကယ်ကြပါအုံး အားးးးး။”
“ကြိမ်ပိုင်လှံပိုင်မီးပိုင်ရပ်စမ်း။ ကဲ အသင်ထွက်မလား ဒီ့ထက်နှိက်စက်ခံမလား။”
ဝင်ပူးခံနေရသည့် စောကြည်ဖြူက သူရကိုစိုက်ကြည့်ပြီး။
“ထွက်မယ် ထွက်ပါ့မယ်။”
“ကဲ ဒါဆိုရင် သင်လုပ်ထားတဲ့‌ပယောဂအနှောက်ယှက်တွေကို အကုန်ပြန်ထုတ်သွားပါ။”
“ဘာလဲ ငါဘာမှလုပ်မထားပါဘူး။”
“ဒီလောက်ထိ နှိပ်စက်ထားတာတောင် အသင်က လိမ်ညာနေသေးတယ်။ သင်ပြုစားထားတဲ့ အရာမှန်သမျှ အကုန်ပြန်ထုတ်သွားဖို့ ကျွန်ုပ်အမိန့်ပေးတယ်။”
“မလုပ်ဘူးမလုပ်နိုင်ဘူး။”
“‌သင်က ဒီလိုဆိုမှတော့ ကျွန်ုပ်ကလည်းညှာတာမနေတော့ဘူး။”
သူရကမန္တာန်တစ်ပုဒ်ရွတ်လိုက်ချိန်၌ သူ၏ခေါင်းပေါင်းကနေ ရွှေရောင်အလင်းတန်းများထွက်လာကာ ဘီလူးနှစ်ကောင်ပေါ်လာခဲ့၏။ ဘီလူးနှစ်ကောင်က စောကြည်ဖြူထဲဝင်ပူးနေသော သဘက်ကြီးကို ဂုတ်ကနေဆွဲထုတ်လိုက်လေသည်။ သဘက်ကြီးထွက်သွားတာနဲ့ စောကြည်ဖြူကမေ့လဲသွား၏။
ဘီလူးနှစ်ကောင်က သဘက်ကြီးကို ဆွဲကိုင်ပေါက်လိုက် ထိုးလိုက်ကြိတ်လိုက်နှင့် နှိပ်စက်နေ၏။ သဘက်က အော်ဟစ်ကာ အလူးလဲခံနေရသည်။ နောက်ဆုံး ဘီလူးနှစ်ကောင်ကို ဒူးထောက်ကာ အညံ့ခံပြီး မည်သူ့ကိုမှ ဒုက္ခ‌မပေးတော့ပါဘူးဟု သစ္စာဆိုကာ ရွာထဲကနေပြေးထွက်သွားလေ၏။
စောကြည်ဖြူလဲကျသွားချိန်၌ သူရက လွယ်အိတ်ထဲကရေမန်းထုတ်ကာ မျက်နှာပေါ်တောက်ချလိုက်ချိန်သတိရလာ၏။
“အမေ အမေ။”
“သားလေး သားလေးသတိရလာပြီ။”
“သားဘာဖြစ်သွားတာလဲဟင် ဟို သရဲကြီးရော။”
ဒေါ်ကြည်အေးက စောကြည်ဖြူကိုအကြောင်းစုံရှင်းပြလိုက်သောအခါ စောကြည်ဖြူက သူရကိုကျေးဇူးတင်လေသည်။ သူကြီးအပါဝင် ကာလသားတွေကလည်း သူရကိုကျေးဇူးတင်ကြသည်။
“ညနေ နေဝင်ချိန်မှာ ပရလောကသားတွေက အစာရှာထွက်တတ်ကြတယ်။ ဒါကြောင့် အဲဒီလိုမျိုးအချိန်မှာ သားစိမ်းငါးစိမ်းတွေသယ်မသွားသင့်ဘူး။ ကဲရော့ ဒီရေမန်းလေးသောက်လိုက်ပါအုံး။”
သူရတိုက်သော ရေမန်းကို စောကြည်ဖြူသောက် ပြီးသောအခါ ပျို့တက်လာပြီး အမဲသားအစိမ်းအဖတ်များကို အန်ချလေ၏။
“ပယောဂပြုစားထားတာတွေ အကုန်ရှင်းသွားပါပြီ။”
သူရတို့ဆရာတပည့်သုံးဦးလည်း ပယောဂအကုန်ရှင်းပြီးတာနှင့် သူကြီးအိမ်၌ တစ်ညတာ အိပ်စက်ပြီး ဆက်လက်ခရီးထွက်လာ‌‌ခဲ့သည်။
~~~~~
ပြီးပါပြီ။
#စာပေချစ်သူများအားလေးစားလျှက်
#မိုးထွန်း(မကွေး)

Zawgyi Version

သဘက္ႀကီးမိုးသီး (စ၊ဆုံး)
——————————-
ထန္းလက္တံေက်း႐ြာဆိုတာက စပါးႏွင့္ပဲကိုသာ အဓိကစိုက္ပ်ိဳး၍ အသက္ေမြးဝမ္းေၾကာင္းျပဳေနေသာ ႐ြာငယ္ေလးတစ္႐ြာျဖစ္ေလ၏။ စာသင္ေက်ာင္းမရွိေသာေၾကာင့္ ဤ႐ြာက ေက်ာင္းေနအ႐ြယ္ကေလးမ်ားကို ေစာၾကည္ျဖဴဟုေခၚေသာ လူငယ္တစ္ေယာက္က သူ၏ေနအိမ္မွာ ေရးတတ္ဖတ္တတ္ေအာင္ စာသင္ၾကားေပးေလ၏။ အေမတစ္ခု သားတစ္ခု ဆိုေသာ္ျငားလည္း ေငြေၾကးျပည့္စုံေသာေၾကာင့္ ေအးေအးလူလူေနႏိုင္ၾကသူမ်ားျဖစ္သည္။
သားအမိႏွစ္ေယာက္လုံးက သေဘာမေနာေကာင္းေသာေၾကာင့္ တစ္႐ြာလုံးကခ်စ္ခင္ေလးစားၾက၏။ ေစာၾကည္ျဖဴက ကေလးမ်ားကို ေက်ာက္သင္ပုန္း၊ ေက်ာက္တံကအစ ဖတ္စာအုပ္အဆုံး သူကိုယ္တိုင္ဝယ္ေပးကာ ပညာဒါနျပဳေနသူတစ္ဦးျဖစ္သည္။ ႐ုပ္ရည္ကလည္း တည္ၾကည္၍ အေနေအးေသာေၾကာင့္ ႐ြာ၏ႏွင္းဆီခိုင္ေလးျဖစ္၏။ ေစာၾကည္ျဖဴကေတာ့ အခ်စ္ေရးကိုစိတ္မဝင္စားပဲ ကေလးမ်ားကို စာသင္‌ၾကားေပးတာႏွင့္ မိခင္၏အနားမွာသာ ေနခ်င္ေသာ စိတ္ဆႏၵရွိေပသည္။
ဤသို႔ျဖင့္ တစ္ေန႔ေသာ ေန႔လယ္ခင္း၌ ေစာၾကည္ျဖဴသည္ ကေလးမ်ားကို စာသင္ၾကားေပးေနခ်ိန္ မိခင္ျဖစ္သူ ေဒၚၾကည္ေအးက ေခၚလိုက္ေလသည္။
“သား‌ေရ ေစာၾကည္ျဖဴ။”
“ဗ်ာအေမ.။”
“လာစမ္းပါအုံး သားရယ္။ အေမခိုင္းစရာေလးရွိလို႔။”
“ဟုတ္အေမ။”
ေစာၾကည္ျဖဴက အိမ္ေရွ႕က မန္က်ည္းပင္ေအာက္မွာ စာသင္ၾကားေနရင္း မိခင္ျဖစ္သူေခၚေသာေၾကာင့္ အိမ္ထဲကိုဝင္လာခဲ့လိုက္သည္။
“ေျပာေလအေမ ဘာခိုင္းစရာရွိလို႔လဲ။”
“အေမ့ကို ဟိုဘက္႐ြာကထိန္သီးတို႔ဆီ အေႂကြးသြားေတာင္းေပးစမ္းကြယ္။ မေန႔က လာေပးမယ္ေျပာၿပီးမလာၾကဘူး။ အဲဒီလိုကတိမတည္တာမ်ိဳးေတာ့ ‌အေမမႀကိဳက္ဘူး။ သားရေအာင္ေတာင္းခဲ့လိုက္။”
“ဪ အေမရယ္ သူတို႔အဆင္မေျပလို႔ မလာတာျဖစ္ေနပါအုံးမယ္။ တကယ္လို႔သူတို႔မွာ မရွိေသးရင္ သားကဘယ္လိုေတာင္းယူရမွာလဲ။”
“ကဲ ဒါဆိုလည္း ရရင္ယူခဲ့။ မရရင္လည္း ေနာက္တစ္ခါကတိမတည္ရင္ မေခ်းဘူးလို႔သာေျပာလိုက္။”
“အင္းအင္း ဒါဆိုလည္း သားအခုပဲသြားေတာ့မယ္။ အေမခိုင္းမွာဒါပဲလား။”
“ေနအုံး။ အဲဒီ႐ြာမွာ အမဲေပၚတယ္လို႔ အေမၾကားတယ္။ တလက္စတည္း တစ္ပိႆာေလာက္ ဝယ္ခဲ့စမ္းကြယ္။ အေမခံတြင္းပ်က္ေနလို႔ အမဲေျခာက္ေလးလုပ္စားအုံးမယ္။”
“ဟုတ္ဟုတ္။”
ေစာၾကည္ျဖဴက ကေလးေတြကို အိမ္စာေပးကာ ျပန္လႊတ္လိုက္ၿပီး သူက တဖက္႐ြာကိုထြက္လာခဲ့ေလသည္။ တစ္ဖက္႐ြာကိုမေရာက္တာၾကာၿပီ ျဖစ္ေသာေၾကာင့္ သူ၏သူငယ္ခ်င္း ႏွင္းမႈံ၏အိမ္ကို ဝင္လည္ရန္ဆုံးျဖတ္လိုက္၏။ ႏွင္းမႈံက သူ႔လိုအေမတစ္ခု သမီးတစ္ခုျဖစ္သည္။ သို႔ေသာ္ ႏွင္းမႈံတို႔က သူတို႔ေလာက္အဆင္မေျပ တစ္ေန႔လုပ္မွ တစ္ေန႔စားရေသာဘဝ။ ထိုအရာမွ်မကေသး ႏွင္းမႈံတို႔၏ အဖြားခင္မႈံက စုန္းမႀကီးဟု နာမည္ႀကီးေသာေၾကာင့္ ႏွင္းမႈံကိုလည္း သူ၏အဖြားက ပညာအေမြေပးခဲ့တယ္ဆိုကာ ႐ြာကေရွာင္ဖယ္ေနၾက၏။
ႏွင္းမႈံ၏မိခင္ ေဒၚႏွင္းၿမိဳင္ကလည္း က်န္းမာေရးခ်ဴခ်ာသူျဖစ္၍ ဝမ္းတစ္ထြာအျပင္ မိခင္၏ေဆးဖိုးကိုပါ ရွာေနရသူျဖစ္၏။ အပ်ိဳေလးတန္မဲ့ သူမ်ားေတြလို လွလွပပ ၿဖီးလိမ္းျပင္ဆင္ျခင္းမရွိေသာ္လည္း ႏွင္းမႈံကပါးကြက္ကြက္ထား႐ုံနဲ႔တင္ မိန္းမျခင္းလည္ျပန္ေငးရေသာ အလွတရားရွိသူျဖစ္၏။ ‌သူသည္ ႏွင္းမႈံ၏အေၾကာင္းကို ေတြးေတာလာတာ ‌ရွားပင္စု‌႐ြာထိပ္ကို ေရာက္မွန္းမသိေရာက္လာခဲ့သည္။
႐ြာထဲကိုဆက္လက္ဝင္လာခဲ့ကာ အေႂကြးေတာင္းယူ၍ ႏွင္းမႈံအိမ္ဘက္ကို ေလွ်ာက္လာခဲ့သည္။ ေစာၾကည္ျဖဴက ထို႐ြာ၌လည္း လူခ်စ္လူခင္ေပါမ်ားေသာေၾကာင့္ ဟိုလူကႏႈတ္ဆက္၊ သည္လူကႏႈတ္ဆက္ႏွင့္ ႏွင္းမႈံ၏အိမ္အား ေတာ္ေတာ္ႏွင့္မေရာက္ေပ။ ႏွင္းမႈံအိမ္ေရွ႕ကိုသူေရာက္သြားခ်ိန္၌ ႏွင္းမႈံကအိမ္ေရွ႕မွာ အဝတ္ေလွ်ာ္ေနေလ၏။
“ႏွင္းမႈံေရ ငါဝင္ခဲ့မယ္ေနာ္။”
“ေဟာ ေပၚေတာ္မူကိုေစာၾကည္ျဖဴ ဘယ္ကေနမ်ား ေရာက္ခ်လာတာတုန္း လာလာဝင္ခဲ့။”
ေစာၾကည္ျဖဴက ကြပ္ပ်စ္၌ ဝင္ထိုင္လိုက္ခ်ိန္ ႏွင္းမႈံကလည္း ေလွ်ာ္လက္စအဝတ္မ်ားကို ခဏထား၍ ကြပ္ပ်စ္ေပၚလာထိုင္ေလ၏။
“အေႂကြးေတာင္းရင္းနဲ႔ နင့္ဆီဝင္လာတာဟ။ ငါလည္း ကေလးေတြစာသင္ေပးေနတာနဲ႔ပဲ ဒီ႐ြာကိုမေရာက္ျဖစ္ဘူး။”
“အ‌မေလး ေစာၾကည္ျဖဴရယ္ နင္တို႔႐ြာနဲ႔ငါတို႔႐ြာ ေျခက်င္ေတာင္ကူးေနၾကတာ နင့္ဟာနင္ မလာ မလာခ်င္ဘူးေျပာစမ္းပါ။”
“ငါတကယ္မအားတာႏွင္းမႈံရဲ႕ ကေလးေတြက အရင္ကထက္မ်ားလာၿပီ။ ငါ့မွာမႏိုင္လို႔ေတာင္ ေန႔တစ္ခ်ိန္ ညတစ္ခ်ိန္ လူခြဲသင္ရတယ္ဟ။”
“ဟုတ္ပါၿပီေတာ္ နင့္ရဲ႕ကုသိုလ္ကို ငါကလည္းသာဓုေခၚပါတယ္။ စာမသင္ၾကားႏိုင္တဲ့ ကေလးေတြ နင္ကစာသင္ေပးေတာ့ နင္ကုသိုလ္ေတြအမ်ားႀကီးရမွာ။”
“အဲဒီကုသိုလ္ နင္ေရာမလိုခ်င္ဘူးလား ႏွင္းမႈံ။ နင္လည္း နင့္အေဖရွိတုန္းက ၿမိဳ႕မွာေက်ာင္းတက္ခဲ့တာပဲ။ ဒီ႐ြာက ကေလးေတြကို စာျပႏိုင္ေလာက္မွာပါ။”
“ငါလည္း နင္ေျပာသလိုလုပ္ခ်င္တာေပါ့ဟာ။ နင္သိတဲ့အတိုင္း ငါ့ဘဝက တစ္ေန႔လုပ္မွတစ္ေန႔စားရတာ။ ဒါေတာင္အေမ့ေဆးဖိုးကို ရွာေနရတာဟ။ ငါ့မွာအားတယ္လို႔ေတာင္မရွိပါဘူးဟယ္။”
“အဟြတ္အဟြတ္ အဟြတ္.. သမီးေရ..။”
“ရွင္အေမ လာၿပီလာၿပီ။ ေစာၾကည္ျဖဴခဏေလးေနာ္။”
ေစာၾကည္ျဖဴေခါင္းညိမ့္ျပလိုက္ေတာ့ ႏွင္းမႈံက အိမ္ထဲကိုဝင္သြားေလ၏။ ေစာၾကည္ျဖဴသည္ ႏွင္းမႈံ၏ဘဝကို ေတြးကာ သနားမိေလ၏။ လူငယ္ျခင္းတူတူေတာင္မွ ႏွင္းမႈံကသူ႔ထက္ မိသားစုတာဝန္ေတြကို ပခုံးေပၚထမ္းထားသူ။ မိန္းမသားတစ္ဦးျဖစ္ေပမဲ့ ဘဝကိုအရႈံးမေပးပဲ ေလာကဓံရဲ႕႐ိုက္ခ်က္ေတြၾကားမွာ ရပ္တည္ႏိုင္သူျဖစ္ေလ၏။ သူ႔အေနႏွင့္ ႏွင္းမႈံကို ကူညီႏိုင္က ကူညီေပးခ်င္မိသည္။ သို႔ေသာ္ ႏွင္းမႈံက မရွိမာနႀကီး၏။ သူကူညီမည္ဆိုပါက ျငင္းဆန္မွာကို သူသိေနသည္။
တစ္ေအာင့္မွ်အၾကာ ႏွင္းမႈံျပန္ထြက္လာေလသည္။
“ဟဲ့ ေစာင့္ေနရတာ ၾကာသြားလား။ ေတာင္းပန္ပါတယ္ဟယ္ အေမက တေရးႏိုးဗိုက္ဆာတာနဲ႔ ဆန္ျပဳတ္ကေလးေကြၽးၿပီး ေဆးတိုက္ေနလို႔ အခုေတာ့ ျပန္အိပ္သြားပါၿပီ။”
“ေအးပါ။ ဒါနဲ႔ႏွင္းမႈံ ငါနင့္ကိုေျပာစရာရွိတယ္။”
“ေအးေျပာေလ ဘာမ်ားလဲ။”
“ငါဒီလိုေျပာတာ နင္စိတ္ေတာ့မဆိုးပါနဲ႔။ နင့္မွာဘာအခက္ခဲရွိရွိ ငါ့ကိုေျပာပါ။ ငါနင့္ကို ငါတတ္ႏိုင္သေလာက္ကူညီေပးပါ့မယ္။”
ႏွင္းမႈံ၏မ်က္ႏွာ ခ်က္ခ်င္းေျပာင္းလဲသြားတာကို သူသတိထားမိလိုက္၏။
“နင္အခုလို ေျပာတာငါေက်းဇူးတင္ပါတယ္ ေစာၾကည္ျဖဴ။ ဒါေပမဲ့ အားႏြဲ႕တဲ့မိန္းမသားမလို႔ ေယာက္်ားတစ္ေယာက္က ကူညီေပးတာမ်ိဴးငါမလိုခ်င္ဘူး။ ၿပီးေတာ့ ငါ့ကိုသနားတဲ့မ်က္လုံးေတြနဲ႔ လာမၾကည့္ပါနဲ႔။ ငါ့အေမနဲ႔ငါ့ဘဝကို ဘယ္သူ႔ဆီကမွ အကူညီမယူလည္း ရပ္တည္ႏိုင္တယ္။ ငါကနင္တို႔အျမင္မွာ သနားစရာမိန္းမသားျဖစ္ခ်င္ျဖစ္မယ္ ဒါမွမဟုတ္ စုန္းမတစ္ေယာက္လို႔ နင္တို႔ျမင္ရင္ျမင္မယ္။ ဒါေပမဲ့ ငါကေတာ့ ကိုယ့္ကိုယ္ကိုယ္ အဲဒီလိုမျမင္ဘူး။ ကိုယ့္ဘဝကိုယ္ရပ္တည္ႏိုင္တဲ့မိန္းမဟာ ဘုရင္မတစ္ေယာက္လို႔ပဲ ငါ့ကိုယ္ငါျမင္တယ္။”
“ငါ နင့္ကိုအဲဒီလိုသေဘာမ်ိဳးနဲ႔ ေျပာတာမဟုတ္ဘူးႏွင္းမႈံ ငါေျပာတာက…။”
“ေတာ္ေတာ့ေစာၾကည္ျဖဴ နင္ဒါေတြေျပာေနမယ္ဆို နင္ျပန္ေတာ့။”
“ဟူး…ေအးပါ နင္ျပန္ဆိုလည္းငါျပန္ပါ့မယ္။ ငါေနာက္ႀကဳံမွဝင္ခဲ့ေတာ့မယ္။”
“ေအး ေကာင္းၿပီ။”
ေစာၾကည္ျဖဴသည္ ႏွင္းမႈံစိတ္ဆိုးသြားမွန္းသိေသာေၾကာင့္ ဆက္လက္မေျပာဆိုေတာ့ပဲ ထြက္လာခဲ့၏။ အမဲေပၚေသာ အိမ္ကိုေမးျမန္းကာ မိခင္ျဖစ္သူဝယ္ခိုင္းသည့္ အမဲသားတစ္ပိႆာဝယ္၍ ျပန္လာခဲ့သည္။ အခ်ိန္က ႏြား႐ိုင္းသြင္းခ်ိန္ ေက်ာ္ၿပီျဖစ္၍ အနည္းငယ္ေမွာင္စျပဳလာေလ၏။ ေစာၾကည္ျဖဴတစ္ေယာက္ ႐ြာႏွစ္႐ြာသြားလာေသာ အလယ္က ၿခဳံေတာနားကိုအေရာက္တြင္ အေနာက္ကေန တဖတ္ဖတ္ႏွင့္ လိုက္လာသည့္ အသံကိုၾကားလိုက္ရ၏။
လွည့္ၾကည့္လိုက္ေသာ္လည္း မည္သည့္သက္ရွိတစ္ဦးမွ မရွိေပ။ သူတစ္ဦးတည္းသာ ထိုလမ္းေပၚ၌ ရွိေလ၏။ သူသည္ လက္ထဲက အမဲသားတြဲကိုၾကည့္ကာ သရဲတေစၦေတြမ်ား လိုက္လာတာလားဟု ေတြးမိၿပီး ေခါင္းနပန္းႀကီး၍ ေၾကာက္စိတ္မ်ားဝင္လာေလ၏။ အေနာက္ကိုလွည့္မၾကည့္ပဲ ခတ္သုတ္သုတ္ေလွ်ာက္လိုက္၏။ ထိုစဥ္သူသည္ ခလုတ္တိုက္၍ လဲက်သြား၏။
“ဘုန္း.။”
“အားကြၽတ္ကြၽတ္.. အေရးထဲကြာ ခလုတ္တိုက္ရတယ္လို႔။ နာလိုက္တာ။”
ေစာၾကည္ျဖဴသည္ ဖုန္မ်ားခါကာ ႐ြာကိုခတ္သုတ္သုတ္ျပန္လာခဲ့သည္။ သူဝိုင္းထဲကိုဝင္လာသည့္အခါမွာေတာ့ မိခင္ျဖစ္သူက စိုးရိမ္တႀကီး ေျပးထြက္လာေလ၏။
“ဟယ္ သားေလး လက္မွာလည္းေသြးေတြနဲ႔ပါ့လားကြယ္ ဘယ္လိုျဖစ္တာတုန္း။”
ေစာၾကည္ျဖဴ သူ၏လက္ကိုၾကည့္မိလိုက္၏။ ေစာေစာက သူလဲက်သြားခ်ိန္၌ ပြန္းပဲ့သြားသည္ထင္၏။ ညာဘက္လက္တံေတာင္ဆစ္ကေန ေသြးမ်ားစီးက်ေနေလသည္။ ‌သူလည္းေၾကာက္စိတ္ေၾကာင့္ သတိမထားမိခဲ့။ မိခင္ျဖစ္သူေျပာမွ သိေလ၏။
“‌ လမ္းမွာခလုတ္တိုက္လဲတုန္းက ပြန္းတာေနမယ္အေမရဲ႕ သားေတာင္သတိမထားမိဘူး။”
“ဒီေလာက္ေသြးေတြက်ေနတာေတာင္ မသိဘူးလားသားရယ္။ လာလာဖန္ေဆးၿပီး ေဆးထည့္ရေအာင္။”
‌ညခ်မ္းအခ်ိန္ကိုေရာက္ေသာအခါ ေစာၾကည္ျဖဴသည္ ကေလးမ်ားကို စာသင္ၾကားၿပီးသည့္ေနာက္ မိခင္ျဖစ္သူခ်က္ထားေသာ အမဲသားနပ္ကို အားပါးတရစား၍ အိပ္ရာဝင္ခဲ့ေလ၏။ တျဖည္းျဖည္းႏွင့္ ညက တိတ္ဆိတ္လာကာ သန္းေခါင္ယံအေက်ာ္ကို က်ေရာက္လာသည္။ ေစာၾကည္ျဖဴသည္ ႐ုတ္တရက္ႏိုးလာကာ ေရအိမ္ကိုသြားရန္ မီးအိမ္ကေလးဆြဲ၍ ေအာက္ကိုဆင္းလာခဲ့သည္။
ပတ္ဝန္းက်င္ကမဲေမွာင္၍ ပိုးေကာင္ငယ္တို႔၏ ေအာ္ျမည္သံမ်ားကိုသာ ၾကားရသည္။ ေစာၾကည္ျဖဴေရအိမ္ကို ဝင္ေနခိုက္ အိမ္သာကို ဘုံးခနဲ ထုသံႀကီးၾကားလိုက္ရေလသည္။
“ဘုံး!!။”
“အမေလး.. ဟာ အေမလား။ သားရွိတယ္အေမ ခဏေစာင့္အုံး ၿပီးၿပီ။”
ေစာၾကည္ျဖဴ ကိစၥအျမန္ရွင္းကာ ထြက္လာခ်ိန္၌ မိခင္ျဖစ္သူကိုမေတြ႕ရေပ။ ဘယ္မ်ားေရာက္သြားတာလဲဟုေတြးကာ အိမ္အေပၚကိုတက္လာၿပီး မိခင္ျဖစ္သူအခန္းထဲၾကည့္လိုက္ေသာအခါ မိခင္ျဖစ္သူက ႏွစ္ခ်ိဳက္စြာအိပ္ေမာၾကေနတာကို ျမင္လိုက္ရသည္။ သူသည္ မ်က္လုံးျပဴးသြားခဲ့၏။
“အေမကအိပ္ေနတာပဲ။ ဒါဆို ခုဏက အိမ္သာတံခါးကိုလာထုတာ ဘယ္သူလဲ။ တျခားလူလည္း အိမ္မွာရွိတာမဟုတ္ဘူး။ သ…သရဲမ်ားလား.. ဘုရားဘုရား။”
ေစာၾကည္ျဖဴတစ္ေယာက္ စိတ္ထဲကေရ႐ြတ္ေနခိုက္ ေအာက္ထပ္ကေန အသံဗလံမ်ားထြက္လာခဲ့သည္။ သူ၏စိတ္မ်ား တုန္လႈပ္ေခ်ာက္ျခားသြားေလ၏။ သူသြားၾကည့္ရမလား ဟုစဥ္းစားမိသည္။ မၾကည့္လို႔ကမျဖစ္ျပန္ သူခိုးဆိုရင္ ရွိတာအကုန္ေျပာင္လိမ့္မည္။ သို႔ေသာ္ သရဲဆိုရင္ ပိုဆိုးမည္။ ေနာက္ဆုံး သူစိတ္ကိုတင္းကာ အိမ္ေအာက္ကိုျပန္ဆင္းလာခဲ့သည္။ အသံကမီးဖိုေခ်ာင္ထဲက ထြက္လာေနျခင္းျဖစ္၏။
မီးဖိုေခ်ာင္ထဲကိုမရဲတရဲႏွင့္ သူၾကည့္မိခ်ိန္၌ တစ္ေယာက္မွေတာ့မရွိေပ။ သို႔ေသာ္ အိုးခြက္ပန္းကန္ေတြ ပြစံက်ဲကာ အေမခ်န္ထားေသာ အိုးထဲက ဟင္းမ်ားကေတာ့ လွ်ာနဲ႔ယက္ထားသလို တက္တက္စင္ေအာင္ေျပာင္ေနေလသည္။
“ေျဖာင္း!!။”
ထိုစဥ္ အိမ္ေရွ႕ကေန အသံထြက္လာေသာေၾကာင့္ သူထြက္ၾကည့္လိုက္မိ၏။ အမဲသားမ်ားကို ဝါးလုံးတြင္ခ်ိတ္ကာ ေနလွန္းထားသည့္ ဝါးလုံးက လဲက်သြားျခင္းျဖစ္သည္။ ေလတိုက္လို႔ျဖစ္မွာပါဟု ကိုယ့္ကိုယ္ကိုယ္မေၾကာက္ရန္ ျဖည့္ေတြးလိုက္၏။ သူဝါးလုံးကိုျပန္ေထာင္ဖို႔ ေကာက္လိုက္ခ်ိန္၌ လေရာင္ေၾကာင့္ ေျမျပင္မွာအရိပ္ႏွစ္ခုထြက္ေနတာကို သူျမင္လိုက္ရသည္။ အေနာက္ကို ဆတ္ခနဲလွည့္ၾကည့္လိုက္ေသာအခါ ေရေႏြးေသာက္ပန္းကန္လုံးေလာက္ထိ ျပဴးက်ယ္ေနေသာ မ်က္လုံးမ်ား၊ အစြယ္အေဖြးသားႏွင့္ ေၾကာက္စရာေကာင္းလွေသာ သရဲတစ္ေကာင္၏မ်က္ႏွာကိုသူေတြ႕လိုက္ရ၏။
“အားးးးးး။”
ေစာၾကည္ျဖဴတစ္ေယာက္ အသံကုန္ျခစ္၍ ေအာ္ကာ ေမ့လဲက်သြားေလ၏။ ေစာၾကည္ျဖဴ၏အသံေၾကာင့္ ေဘးပတ္ဝန္းက်င္ႏွင့္ သူ၏မိခင္ေဒၚၾကည္ေအးပါႏိုးလာေလသည္။ ေဒၚၾကည္ေအး အျပင္ထြက္ၾကည့္ခ်ိန္၌ ေျမႀကီးေပၚလဲက်ေနေသာ သားျဖစ္သူကိုေတြ႕လိုက္ရသည္။
“ဟင္.. သား .. ေစာၾကည္ျဖဴ။ အမေလးလာၾကပါအုံး။”
ေဘးပတ္ဝန္းက်င္ကလူမ်ားေရာက္လာကာ ေစာၾကည္ျဖဴကို ႏႈိးၾကေလသည္။ ေမ့ေနမွန္းသိသြားကာ အိမ္ေပၚကိုမေ႐ြ႕သူႏွင့္ ေဆးဆရာသြားပင့္သူမ်ားႏွင့္ တစ္႐ြာလုံးနီးပါး ႏိုးသြားၾကေလ၏။ နံနက္မိုးလင္းေသာအခါ ေစာၾကည္ျဖဴတစ္ေယာက္ ျပန္ႏိုးလာခဲ့ေလသည္။
“သားေလး… သားေလးသတိရလာၿပီ။”
“သားဘာျဖစ္သြားတာတုန္းအေမ။”
“ညကအိမ္ေရွ႕မွာ သားေမ့လဲေနတာသားရဲ႕။ ဘယ္လိုျဖစ္တာတုန္းသားရယ္။”
“အမဲသားေနလွန္းထားတဲ့ဝါးလုံး လဲက်သြားလို႔ ဆင္းေထာင္ရင္း ေမ့လဲသြားတာ။”
“ဒါဆိုသားကဘာလို႔ေအာ္တာတုန္း။ သားေအာ္သံၾကားေတာ့ အေမ့မွာ ရင္ကိုထိတ္သြားတာပဲကြယ္။”
“အေမကလည္းဗ်ာ ေခါင္းထဲမွာလည္သြားေတာ့ ေၾကာက္ၿပီးေအာ္မိတာေပါ့။”
“ေအးပါကြယ္ေအးပါ။”
“အေမ က်ဳပ္ကို အမဲသားခ်က္ေကြၽးအုံးဗ်ာ။ က်ဳပ္အမဲသားစားခ်င္တယ္။”
“ေအးေအး အေမခ်က္ေကြၽးမယ္‌ေနာ္။”
ေဒၚၾကည္ေအးတစ္ေယာက္ သားျဖစ္သူ အနည္းငယ္ေျပာင္းလဲသြားသလို ထင္မိ၏။ သို႔ေသာ္လည္း ေနသိပ္မေကာင္းလို႔ျဖစ္မွာပါဟု ျဖည့္ေတြးေပးကာ မေန႔ကသားျဖစ္သူဝယ္လာသည့္ အမဲသားကို အနည္းငယ္ခြဲထားတာမလို႔ ထပ္ဝယ္ရန္မလိုေသာေၾကာင့္ က်န္သည့္အမဲသားကိုသာ ဆီျပန္ကေလးခ်က္လိုက္ေလ၏။ စာသင္ရန္ကေလးမ်ား ေရာက္လာေသာအခါ ေဒၚၾကည္ေအးက ေစာၾကည္ျဖဴေနသိပ္မေကာင္းဘူဟုဆိုကာ တစ္ပတ္ေလာက္မလာၾကရန္ ေျပာလိုက္ေလသည္။
ေစာၾကည္ျဖဴကေတာ့ ‌အိပ္ရာထဲက မ‌ထေပ။ ေန႔လယ္စာထမင္းစားခ်ိန္မွသာ အိပ္ရာထဲကထလာၿပီး ထမင္းစားေလ၏။ ထမင္းစားေသာ္လည္း ေစာၾကည္ျဖဴက အမဲသားခြက္ကို သူႀကီးႏႈိက္ကာ ထမင္းသိပ္မစားေပ။
“သားေလး ထမင္းလည္းစားအုံးေလ ဟင္းေတြႀကီးစားမေနနဲ႔။”
“အေမကလည္းဗ်ာ ထမင္းစားတာေတာင္ လိုက္ေျပာေနတယ္။ က်ဳပ္ဟာက်ဳပ္စားခ်င္သလို စားလို႔မရဘူးလား။”
“ေအးပါကြယ္ အေမမေျပာေတာ့ပါဘူး။ သားစားခ်င္သလိုစားပါ။”
ေဒၚၾကည္ေအးသားျဖစ္သူ ထမင္းစားပုံကို သိပ္ေတာ့ဘဝင္မက်။ ‌အရင္ကထမင္းစားရင္ မိခင္ျဖစ္သူကို ဦးခ်ၿပီးမွ သူစား၏။ မိမိထမင္းစားနည္းရင္ေတာင္ အတင္းေကြၽးကာ အေမထမင္းစားလို႔ အားရွိမွ သားတို႔အတူတူအၾကာႀကီးေနႏိုင္မွာလို႔ ေျပာတတ္သူ။ ယခုမူ ‌သတိျပန္ရလာခ်ိန္မွစ၍ တစ္မ်ိဳးေျပာင္းေန၏။ ‌
“အေမ က်ဳပ္ထမင္းစားၿပီးၿပီ ေခါင္းကိုက္လို႔ လွဲလိုက္အုံးမယ္။”
“ေအးပါကြယ္ေအးပါ။”
ေစာၾကည္ျဖဴထသြားခ်ိန္၌ ေဒၚၾကည္ေအးထမင္းဝိုင္းကိုငုံ႔ၾကည့္လိုက္ေတာ့ အမဲသားဟင္းခြက္က ေျပာင္သလင္းခါကာ က်န္သည့္ဟင္းမ်ားက ပုံစံမပ်က္ေပ။ ေဒၚၾကည္ေအးလည္း ေခါင္းရႈပ္သြားကာ ဆက္လက္မစဥ္းစားေတာ့ပဲ က်န္သည့္ဟင္းမ်ားႏွင့္သာ ထမင္းစားလိုက္ေလ၏။
ဤသို႔ျဖင့္ ေန႔တာကုန္ဆုံး၍ ညအခါကိုေရာက္ရွိလာခဲ့ေလသည္။ ေဒၚၾကည္ေအးတစ္ေယာက္ ညစာစားရန္ သားျဖစ္သူကိုေခၚေသာ္လည္း အမဲသားမပါရင္ မစားဘူးဟု ဂ်ီက်ေနေလ၏။ ‌ေဒၚၾကည္ေအးလည္း စိတ္ေပါက္သြားကာ စားခ်င္စား မစားခ်င္ေနဟာဆိုၿပီး သူတစ္ေယာက္တည္းသာ ထမင္းစားလိုက္သည္။
ထို႔ေနာက္ ညအိပ္ရာမဝင္ခင္ ေဒၚၾကည္ေအးသည္ ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဘုရားရွိခိုးေန၏။
“ဟာ အ‌ေမ!!…. အေမ!!…။”
ေစာၾကည္ျဖဴ၏ အလန႔္တၾကားေအာ္သံေၾကာင့္ ေဒၚၾကည္ေအးသည္ အ‌ေျပးသြားၾကည့္မိခ်ိန္၌ ေစာၾကည္ျဖဴသည္ သူ႔ကိုေဒါသတႀကီးၾကည့္ကာ…
“အေမဘာေတြအက်ယ္ႀကီး႐ြတ္ေနတာလဲဗ်ာ ဒီမွာအိပ္မရေတာ့ဘူး။”
“ဟဲ့ ဘုရားရွိခိုးတာေတာင္ နင္ကဘာျဖစ္ေနတာလဲ။”
“မ႐ြတ္နဲ႔ အေမ့ဟာအေမ အိပ္စရာရွိတာသြားအိပ္ဗ်ာ။”
“နင္ေနမေကာင္းလို႔ ငါ‌ခြင့္လႊတ္ထားတာေနာ္။ နင္ေနျပန္ေကာင္းရင္ မလြယ္ဘူးမွတ္။”
ေဒၚၾကည္ေအးလည္း ဘုရားကိုဦးခ်ကာ အိပ္ခန္းထဲဝင္၍ အိပ္လိုက္ေလ၏။
+++ +++
ဤသို႔ျဖင့္ အခ်ိန္က တစတစ ေမွာင္မိုက္လာေလေတာ့သည္။ သန္းေခါင္ၾကက္တြန္ခ်ိန္၌ ႐ြာလည္ပိုင္းက ကင္းတဲဆီကေန သံေခ်ာင္း‌ေခါက္သံမ်ားၾကားလိုက္ရေသာေၾကာင့္ ႐ြာလူႀကီး ဦးေမာင္ထြန္းႏိုးလာခဲ့၏။ သုံးေတာင့္ထိုးဓာတ္မီးကိုယူ၍ ထြက္လာခဲ့သည္။
“ေဟ့ ေသာ္ဇင္တို႔က်င္စိန္တို႔ ဘာျဖစ္ၾကတာလဲကြ။”
“သူခိုးသူႀကီးေရ သူခိုးဗ်။ ဦးစံေမာင္းၾကက္ၿခံထဲဝင္သြားလို႔။”
“ေဟ အခုဘယ္ေရာက္သြားလဲသူခိုးက။”
“မသိဘူးသူႀကီးရ။ က်ဳပ္တို႔လည္း ျမင္ျမင္ျခင္း သံေခ်ာင္းေခါက္ၿပီး ၾကက္ၿခံကိုဝိုင္းထားတာ။ ေတာ္ေတာ္လွ်င္တဲ့သူခိုးဗ်ာ။ ‌က်ဳပ္တို႔ေဘးကေန ရိပ္ခနဲျဖတ္ေျပးသြားတာ။”
” မင္းတို႔အေတာ္ညံ့တဲ့ေကာင္ေတြပဲ ေနာက္ကေနမလိုက္ဘူးလား။”
“ဟ လိုက္‌တာေပါ့သူႀကီးရ။ ေသာက္ကျမင္းမသား သူခိုးက ေျပးတာမ်ား အရိပ္ပဲျမင္ရတယ္။ ဆရာေလးေစာၾကည္ျဖဴတို႔ ဒီအိမ္ေရွ႕နားမွာတင္ေပ်ာက္သြားတာ။”
“ေဟဟုတ္လား။ ဒါဆိုလာေလကြာ တစ္အိမ္အိမ္မွာ ပုန္းေနလိမ့္မယ္ ရွာၾကည့္ၾကစမ္း။”
သူႀကီးႏွင့္ကာလသားသုံးေယာက္က ေစာၾကည္ျဖဴတို႔ၿခံထဲဝင္ရွာၾကေလ၏။‌ ေဒၚၾကည္ေအး၏က ဆူဆူညံညံအသံမ်ားေၾကာင့္ ႏိုးလာခဲ့ေလ၏။
“‌ညႀကီးမိုးခ်ဳပ္ သူႀကီးတို႔ပါ့လား။”
“ဟုတ္ပါ့ေဒၚၾကည္ေအးေရ။ သူခိုးလိုက္ဖမ္းေနတာ ဒီနားေလးမွာတင္ေပ်ာက္သြားလို႔ဗ်ိဳ႕ အဲဒါရွာေနၾကတာ။”
“ရွင္ အိမ္ထဲေတြပါဝင္ရွာေပးပါအုံးသူႀကီးရယ္။ ေတာ္ၾကာ ‌တစ္ေနရာရာမွာ ေခ်ာင္ခိုေနရင္ ဒုကၡပဲ။”
“စိတ္မပူပါနဲ႔ဗ်ာ က်ဳပ္တို႔ရွာေနတာပါ။”
သူႀကီးႏွင့္ကာလသားေတြက ‌အိမ္ကိုလွည့္ပတ္‌‌၍ ရွာၾကည့္ၾက၏။ ထိုစဥ္ ၾကက္အေမႊးမ်ားကို ေတြ႕သြားေလသည္။
“ဒီနားမွာ ၾကက္အေမႊးေတြပဲ သူႀကီး။”
“ဒီနားဝန္းက်င္ေသခ်ာရွာစမ္းကြာ။”
“ဟုတ္ဟုတ္သူႀကီး။”
သူႀကီးႏွင့္ကာလသားေတြ ေသခ်ာစီစစ္ရွာေဖြေသာ္လည္း သူခိုးကိုမမိေခ်။ အခ်ိန္အေတာ္ၾကာ ရွာၿပီးခ်ိန္၌ သူခိုးကိုမေတြ႕တာႏွင့္ ကိုယ္စီကိုယ္ငွအိမ္ကိုျပန္က်ေလသည္။ နံနက္မိုးလင္းခ်ိန္၌ ဦးစံေမာင္းတစ္ေယာက္ သူႀကီးအိမ္ကို ေရာက္လာခဲ့သည္။ သူႀကီးကအိမ္ေရွ႕ကြပ္ပ်စ္ေပၚ၌ ေရေႏြးၾကမ္းေသာက္ရင္း လက္ဖက္သုပ္စားကာ ထိုင္ေနေလ၏။
“‌ဗ်ိဳ႕သူႀကီး က်ဳပ္ဝင္ခဲ့မယ္ေနာ္။”
“ေဟာ ကိုစံေမာင္းပါ့လားဗ်။ လာေလဗ်ာ ထိုင္ပါအုံး။”
ဦးစံေမာင္းက သူႀကီးထိုင္ေနသည့္ ကြပ္ပ်စ္ေပၚဝင္ထိုင္လိုက္ေလ၏။
“မေန႔ညက ၾကက္ေပ်ာက္တာ လာတိုင္တာထင္တယ္ ဟုတ္လား ကိုစံေမာင္း။”
“အင္း အဲဒီလိုပဲဆိုရမယ္ဗ်။ ႐ိုး႐ိုးတန္းတန္းၾကက္ေပ်ာက္တာဆို က်ဳပ္အေနနဲ႔မတိုင္ပါဘူး။ ခုဟာက နည္းနည္းထူးဆန္းေနတယ္သူႀကီး။”
“ဟင္ ဘာလို႔တုန္း ကိုစံေမာင္းရဲ႕။”
“မေန႔ညက သူႀကီးတို႔ျပန္သြားေတာ့ က်ဳပ္ၾကက္ၿခံထဲဝင္ၾကည့္တာ။ ၾကက္အေသႏွစ္ေကာင္ကိုေတြ႕တယ္ဗ်။ ၿပီးေတာ့ ႏွစ္ေကာင္ကလည္းေပ်ာက္ေနတယ္။ ေပ်ာက္သြားတဲ့ႏွစ္ေကာင္က သူခိုးခိုးသြားတယ္ထားအုံးဗ်ာ။ ေသတဲ့ႏွစ္ေကာင္က နည္းနည္းထူးဆန္းတယ္။”
“ဘယ္လိုေသေနလို႔လဲ။”
“ၾကက္‌ရဲ႕ ခႏၶာကိုယ္တစ္ဝက္က မရွိေတာ့ဘူးသူႀကီးရဲ႕ ပုံစံၾကည့္ရတာေတာ့ အစားခံလိုက္ရတာဗ်။”
“ဘယ္လို!!။ အစားခံထားရတာ။”
“ဟုတ္တယ္ဗ်။ ေခါင္းကေန စၿပီး ခႏၶာကိုယ္တစ္ဝက္ထိ အစားခံထားရတာ။ က်ဳပ္လည္း မသကၤာတာနဲ႔ ၾကက္‌အေမြးေတြ‌ႏႈတ္ၾကည့္လိုက္တာ နည္းနည္းေနာေနာ သြားအရာႀကီးမဟုတ္ဘူးဗ်။”
“ေခြးကိုက္ခံရတာမျဖစ္ႏိုင္ဘူးလား ကိုစံေမာင္း။”
“မျဖစ္ႏိုင္ဘူးဗ်။ ၾကက္ၿခံထဲေခြးဝင္ရင္ေတာင္ အိမ္ကငညိဳက ဝင္ကိုက္မွာပဲ။ မေန႔ညက သူခိုးကို ငညိဳကေဟာင္ေတာင္မေဟာင္ရဲပဲ အိမ္ေအာက္ကို အျမႇီးကုပ္ၿပီး ဝင္ေနတာဗ်။”
“ကိုစံေမာင္းေျပာမွပဲ ‌မေန႔က က်င္စိန္တို႔ေျပာတာသတိရတယ္။ ၾကက္ၿခံကိုသူတို႔ဝိုင္းထားတဲ့ ၾကားကေန သူခိုးက လစ္ခနဲေျပးသြားတာ ျမန္ခ်က္ဆိုပဲ။ ေနာက္‌ကေနလိုက္တာလည္း အရိပ္ကိုပဲျမင္ရတယ္တဲ့။ ‌ဒီၾကက္သူခိုးက အေတာ္ေတာ့ထူးဆန္းတာပဲ။”
“ဟုတ္တယ္ အဲဒါေၾကာင့္ သူႀကီးကိုက်ဳပ္လာေျပာျပတာ။ ဒီညအဲဒီသူခိုးထပ္မခိုးဘူးလို႔ မေျပာႏိုင္ဘူးသူႀကီး။ ဒီေကာင့္ကို ကင္းပုန္းဝပ္ၿပီး ဖမ္းမွရမယ္။”
“ခင္ဗ်ားေျပာတာမဆိုးဘူး။ ဒီညက်ဳပ္ကိုယ္တိုင္ ကင္းပုန္းဝပ္ၿပီး ဒီသူခိုးကိုဖမ္းမယ္။ ခင္ဗ်ားလည္းသတိရွိရွိေနအုံး ခင္ဗ်ားၾကက္ၿခံထဲေနာက္တစ္ခါမဝင္ဘူးလို႔မေျပာႏိုင္ဘူး။”
“ေကာင္းပါၿပီသူႀကီး ဒါဆိုက်ဳပ္ျပန္အုံးမယ္။”
“ဟုတ္ၿပီဟုတ္ၿပီ။”
သူႀကီးက ညၾကကင္းပုန္းဝပ္ရန္ ကာလသားမ်ားကိုေခၚယူကာ ‌ေဆြးေႏြးလိုက္သည္။ တစ္ဖြဲ႕ကိုသုံးေယာက္ဆီတာဝန္ေပးကာ ဓားမ်ားကို မကိုင္ပဲ ဝါးရင္းတုတ္မ်ားသာကိုင္ခိုင္း၏။ အကုန္လုံးအစီစဥ္ခ်၍ တာဝန္ကိုယ္စီေပးၿပီးခ်ိန္၌ ႐ြာဦးေက်ာင္းက ေက်ာင္းသားေလးတစ္ေယာက္ သူႀကီးဆီေရာက္လာေလ၏။
“သူႀကီး ဆရာေတာ္ႀကီးက သူႀကီးကိုအခုလာခဲ့ဖို႔ေျပာလိုက္တယ္။”
“ေအးေအး ငါအခုလိုက္ခဲ့မယ္။ ကဲေသာ္ဇင္နဲ႔က်င္စိန္ကဦးေဆာင္ၿပီး ဘယ္ေနရာမွာဘယ္သူေတြ ေစာင့္မလဲဆိုတာ ခြဲထားလိုက္ ငါ႐ြာဦးေက်ာင္းခဏသြားအုံးမယ္။”
“ဟုတ္ကဲ့သူႀကီး..။”
သူႀကီးက ေက်ာင္းသားေလးႏွင့္အတူ ႐ြာဦးေက်ာင္းဆရာေတာ္ဆီေရာက္လာခဲ့သည္။ ေက်ာင္းေဆာင္ေပၚတက္လာသည့္အခါ၌ ဆရာေတာ္ႀကီး၏ေရွ႕မွာ ေယာဂီအညိဳေရာင္ဝမ္းဆက္ႏွင့္ လူငယ္သုံးဦးကိုေတြ႕လိုက္ရသည္။ အလယ္ကလူငယ္က တည္ၾကည္ခံ့ညား၍ မ်က္လုံးမ်က္ဖန္ အေတာ္ေကာင္းေလ၏။ ထိုလူငယ္က ေခါင္းေပါင္းေပါင္းထားကာ က်န္သည့္လူငယ္ႏွစ္ဦးက ေခါင္းေပါင္းမပါၾကေပ။ သူႀကီးက ထိုလူငယ္မ်ားကိုၾကည့္ၿပီးတာႏွင့္ ဆရာေတာ္ႀကီးကို ထိျခင္းငါးပါးနဲ႔အညီ ကန္ေတာ့လိုက္သည္။
“အရွင္ဘုရားေခၚတယ္ဆိုလို႔ဘုရား။ ဘာအေရးကိစၥမ်ားရွိလို႔လဲ ဘုရား။”
“ဒါကာသူႀကီးေရ က်န္တဲ့ကိစၥေတာ့မဟုတ္ပါဘူး။ ေဟာဒီမယ္ ဒီဒါကာေလးသုံးေယာက္က ဒီ႐ြာမွာ တစ္ညတာတည္းခိုခ်င္လို႔တဲ့။ အဲဒါ ဒါကာသူႀကီးက တာဝန္ရွိသူဆိုေတာ့ ဘုန္းဘုန္းက ေမးျမန္းရတာပဲ။”
“တင္ပါ့ဘုရား တစ္ညတာတည္းခိုဖို႔က ဘာမွမေျပာပေလာက္‌ပါဘူးဘုရား။ သို႔ေသာ္လည္းပဲ ႐ြာမွာက သူခိုးဓားျမေတြ ေသာင္းက်န္းေနေတာ့….။”
သူႀကီး၏ စကားမဆုံးခင္ အလယ္ကလူငယ္၏ ဘယ္ဘက္ကလူငယ္က ထေျပာေလသည္။
“ကြၽန္ေတာ္တို႔ကို သူခိုးဓားျမလို႔ ဒီကဘႀကီး သံသယဝင္ေနတာနဲ႔တူတယ္။ ဒီအတြက္စိတ္မပူပါနဲ႔ ကြၽန္ေတာ္တို႔က နယ္တကာလွည့္ၿပီး ပေယာဂကုေနတဲ့ေဆးဆရာေတြပါ။ ဒီ႐ြာမွာလည္း အေၾကာင္းမဲ့ လာေနထိုင္တာမဟုတ္ပါဘူး။ သူႀကီးတို႔႐ြာထဲက ႐ြာသားတစ္ေယာက္ကို ပူးကပ္ေနတဲ့ သဘက္တစ္ေကာင္ကို လာေရာက္ႏွိမ္နင္းေပးတာပါ။”
ထိုလူငယ္၏ စကားေၾကာင့္ ဆရာေတာ္ႀကီးႏွင့္သူႀကီးက အံ့ဩသြားၾကေလသည္။ ထိုလူငယ္က သူ႔စကားလြန္သြားမွန္းသိကာ အလယ္ကလူကို ၾကည့္လိုက္၏။ ထိုအလယ္က လူငယ္ကေတာ့ တည္ညိမ္စြာၿပဳံးလွ်က္..
“ကြၽန္ေတာ့္တပည့္ေျပာသလိုပါပဲသူႀကီး အေျခအေနေတြမဆိုးခင္မွာ ကြၽန္ေတာ္တို႔ေရာက္လာခဲ့တာပါ။ သူႀကီးမယုံရင္ ဒီကေန႔ည ေစာင့္ၾကည့္‌ပါ ကြၽန္ေတာ္တို႔ လက္ေတြ႕ျပပါ့မယ္။”
“ဒါေပမဲ့ ေမာင္ရင္တို႔က ဒါေတြကိုဘယ္လိုသိေနတာလဲ။ က်ဳပ္လိုလူမေျပာနဲ႔ တစ္႐ြာလုံး ဒီအေၾကာင္းကို ဘယ္သူမွေျပာသံလည္းမၾကားဘူး။”
“ကြၽန္ေတာ္တို႔ ဘယ္လိုသိလဲဆိုတာ ေျပာျပလို႔မရပါဘူး။ ဒီ‌လိုပရေလာကသားေတြက အင္မတန္ဉာဏ္ေကာင္းၿပီး ပိပိရိရိေနထိုင္‌ႏိုင္ၾကတယ္။ ဒါေပမဲ့ သူႀကီးအေနနဲ႔ တစ္ခုခုေတာ့ ထူးဆန္းတာမ်ိဳးႀကဳံဖူးမယ္ ထင္တယ္။”
“ေဟ ေမာင္.. ေမာင္ရင္တို႔က ဒါေတြလည္းသိေနတာလား။ မွန္ပါတယ္ မေန႔ညက ၾကက္သူခိုးက ေတာ္ေတာ္ထူးဆန္းေနလို႔ က်ဳပ္တို႔လည္း အံ့ဩေနၾကတာ။ ဒီညဖမ္းဖို႔ေတာင္ ကင္းပုန္းဝပ္ဖို႔စီစဥ္ၿပီး ဒီလာခဲ့တာပါ။”
“ကြၽန္ေတာ္တို႔ကို အခုယုံၾကည္ၿပီလား။”
“ယုံပါၿပီေမာင္ရင္.. ဒီလိုဆိုရင္လည္း ေမာင္ရင္တို႔ဦးအိမ္မွာလိုက္တည္းပါ။ ေမာင္ရင္တို႔ေျပာတဲ့ သဘက္ဝင္ပူးေနတဲ့ ႐ြာသားက ဘယ္သူမ်ားလဲကြဲ႕။”
“ညၾကရင္ ေတြ႕ပါလိမ့္မယ္သူႀကီး။ သူႀကီးအေနနဲ႔ ကြၽန္ေတာ့္ကိုတစ္ခုေလာက္ကူညီႏိုင္မလား။ ႐ြာသူ႐ြာသားေတြကို ညၾက ဘာအသံၾကားၾကား၊ ဘယ္သူ႔ကိုေတြ႕ေတြ႕ ဘာမွမလုပ္ဖို႔ ဝင္မပါဖို႔ေျပာေပးပါ။”
“ေကာင္းပါၿပီ။ ဒီေလာက္ကေတာ့ က်ဳပ္အေနနဲ႔ ကူညီႏိုင္ပါတယ္။ ေမာင္ရင္တို႔နာမည္ေတြက ဘယ္လိုေခၚၾကလဲ။”
“ကြၽန္ေတာ့္နာမည္သူရ၊ ဒါကခြန္းသ၊ ဒီဘက္ကေစာသ။ ”
ဤသို႔ျဖင့္ သူရတို႔ဆရာတပည့္သုံးဦးက သူႀကီးအိမ္၌ လိုက္လံတည္းခိုၾကေလသည္။ သူႀကီးေကြၽးေသာ ေန႔လယ္စာအားစား၍ အိမ္ေပၚထပ္က ဘုရားခန္းေရွ႕၌ သမထထိုင္လိုက္ၾက၏။ သို႔ေသာ္သူရက သမထ ထိုင္ျခင္းမျပဳေသးပဲ ေခါင္းေပါင္းကိုခြၽတ္လိုက္ေသာအခါ ေခါင္းေပါင္းပုဝါေပၚတြင္ အင္းစမကြက္မ်ား၊ နာနာ႐ူပံ ပုံမ်ားအျပင္ ဘုရားေစတီ႐ုပ္ပြားေတာ္မ်ားစြာ ေရးဆြဲထားတာကို ျမင္လိုက္ရ၏။ သူရက ပုဝါကိုျဖန႔္လိုက္ကာ မႏၲာန္တစ္ပုဒ္႐ြတ္လိုက္သည္။ နာနာ႐ူပံအ႐ုပ္မ်ားက ေ႐ႊေရာင္ဝင္းလတ္သြားခဲ့၏။
ထို႔ေနာက္သူရသည္ ေခါင္းေပါင္းကို ျပန္ေပါင္းကာ သမထထိုင္လိုက္ေတာ့သည္။ အခ်ိန္က တစ္စတစ္စေမွာင္မိုက္ လာခဲ့၏။ သက္ႀကီးေခါင္းခ်ခ်ိန္အေရာက္၌ သူရတို႔ဆရာတပည့္သုံးဦးလုံး သမထျဖဳတ္ကာ အိမ္ေအာက္ကိုဆင္းလာခဲ့သည္။ အိမ္ေရွ႕ကြပ္ပ်စ္တြင္ သူႀကီးႏွင့္ ကာလသားေလးေယာက္ထိုင္ေနၾက၏။
“ေမာင္ရင္တို႔ကို စိတ္မခ်လို႔ ဦးတို႔ပါလိုက္ခဲ့ပါရေစ။”
“ဒီလိုဆိုလည္းသူႀကီးတို႔သေဘာပါပဲ။ ခတ္လွမ္းလွမ္းကေနပဲ ၾကည့္ေနၾကပါ။”
“ဒါဆိုသြားၾကရေအာင္။”
“ကြၽန္ေတာ္တို႔ ႐ြာေတာင္ပိုင္းကင္းတဲဆီကေန ေစာင့္ရေအာင္သူႀကီး။”
“ေကာင္းပါၿပီ။”
႐ြာေတာင္ပိုင္းကို သူရတို႔ဆရာတပည့္သုံးဦးႏွင့္ သူႀကီးတို႔လူတစ္စု ထြက္လာၾက၏။ ‌ေနရာမ်ားခြဲကာ ကင္းပုန္းဝပ္ေနၾကေသာ္လည္း သူရက အိမ္တစ္အိမ္ကိုပဲၾကည့္ကာ မတ္တပ္ရပ္ေနခဲ့သည္။ ညဥ့္နက္သန္းေခါင္ေက်ာ္သည္အထိ ဘာမွမထူးျခားေသာေၾကာင့္ သူႀကီးအေနႏွင့္ စိတ္ပ်က္လာ၏။ က်န္သည့္ကာလသားမ်ားကလည္း ျခင္ကိုက္သည့္ဒဏ္ကို မခံႏိုင္ၾကေတာ့ေပ။ ထိုစဥ္သူရသည္ တစ္စုံတရာကိုေတြးမိကာ ၿပဳံးလိုက္ေလ၏။
“သူႀကီး ဟိုအိမ္ကဘယ္သူ႔အိမ္လဲသိလား။”
“ဪ ဒီအိမ္လား ‌ဆရာေလးေစာၾကည္ျဖဴတို႔အိမ္ေလ။ သူတို႔ကသားအမိႏွစ္ေယာက္တည္းရွိၾကေတာ့တာ အေတာ္ေလးလည္း စိတ္ထားေကာင္းၾကတယ္။”
“အဲဒီအိမ္ကိုသြားၾကရေအာင္။”
“ဘာလို႔လဲေမာင္ရင္ရ။ ဒီအခ်ိန္အိပ္ေနေလာက္ၿပီ မေကာင္းပါဘူးကြယ္။”
“ႏိုးေနတဲ့သူရွိပါတယ္ သူႀကီးရယ္ လာပါ။”
သူရကအေရွ႕ကေန ဦးေဆာင္ကာ သြားလိုက္သည္။ အိမိၿခံဝန္းအေရွ႕ကိုအေရာက္မွာေတာ့ အိမ္ထဲကို သူႀကီးကေအာ္ေခၚေလသည္။
“ဗ်ိဳ႕ေဒၚၾကည္ေအး ေဒၚၾကည္ေအး။ ဆရာေလးေစာၾကည္ျဖဴ ဆရာေလးေစာၾကည္ျဖဴ။”
သူႀကီးကေအာ္ေခၚေနေသာ္လည္း အထဲကေန မည္သည့္အသံမွ ထြက္မလာေပ။ သို႔ေသာ္ ခဏအၾကာမွာ အိမ္အေပၚကေန ေစာၾကည္ျဖဴဆင္းလာေလ၏။
“ဘာကိစၥလဲ ညႀကီးမိုးခ်ဳပ္။”
“ဆရာေလးေစာၾကည္ျဖဴ ေနေကာင္းသြားၿပီလား။”
ကာလသားတစ္ေယာက္၏ အေမးကို ေစာၾကည္ျဖဴက အေရးမထား သူရကိုစိုက္ၾကည့္ကာ ေမးေၾကာႀကီးမ်ား ေထာင္လာေလ၏။
“သူႀကီး ခင္‌ဗ်ားဘယ္ေကာင္ေတြကို က်ဳပ္အိမ္ေခၚလာတာလဲ အခုထြက္သြားၾကစမ္း။”
ေစာၾကည္ျဖဴက အထက္ပါအတိုင္းေျပာၿပီး လွည့္အထြက္မွာ သူရက ညာလက္ညိဳးႏွင့္ထိုး၍…
“ဟဲ့ ပေယာဂမွန္ရင္ လႈပ္မရေအာင္ခ်ဳပ္ထားၾကစမ္း။”
သူရအမိန႔္အာဏာသံေၾကာင့္ ေစာၾကည္ျဖဴတစ္ေယာက္ ရပ္သြားေလ၏။ သူႀကီးႏွင့္ ကာလသားမ်ားအံ့ဩသြားၾကသည္။
“ဒါဆို ဆရာေလးေစာၾကည္ျဖဴကိုယ္ထဲမွာ သရဲဝင္ပူးေနတာေပါ့.။”
သူရက..
“ဟုတ္တယ္သူႀကီး သရဲထက္ေတာင္ျမင့္ေနၿပီ သဘက္ကဝင္ပူးေနတာ။”
သူရကအဲဒီလိုေျပာၿပီး ေစာၾကည္ျဖဴ၏ အေရွ႕ကို မတ္တပ္သြားရပ္လိုက္သည္။
“သင္ဘယ္သူလဲ ႏႈတ္ဖြင့္ေစႏႈတ္ကေျပာ။”
ေစာၾကည္ျဖဴက မ်က္ေထာင့္နီႏွင့္စိုက္ၾကည့္ကာ မူလအသံမဟုတ္ပဲ အသံဩဩႀကီးႏွင့္ေျပာလိုက္၏။
“ငါကမိုးသီးပဲ။”
“သင္ကဘာေၾကာင့္ ဒီခႏၶာကိုယ္ထဲဝင္ေနရတာလဲ။ အသင္မ‌ေက်နပ္တာရွိလို႔လား။ ဒါမွမဟုတ္ ဘယ္သူကခိုင္းလို႔လဲ။”
“ငါ့အပင္နားကေန ဒီလူကအမဲသားတြဲကိုင္ၿပီး ျဖတ္သြားတာ ငါစားခ်င္လို႔လိုက္လာတာ။”
“သင္က စားခ်င္တာလည္း စားၿပီးၿပီမဟုတ္လား။ ဘာလို႔ဒီခႏၶာထဲမွာဆက္ရွိေနရတာလဲ။ သင္အခုထြက္သြားပါ။
“မင္းကဘာေကာင္လဲ ငါ့ကိုအခုခ်က္ခ်င္းလႊတ္ေပး မင္းကိုသတ္စားျပစ္မယ္ ဟီးဟီးဟီးဟားဟားဟား။”
ေစာၾကည္ျဖဴကို ဝင္ပူးေနေသာ သဘက္ႀကီးရယ္သံေၾကာင့္ သူႀကီးႏွင့္ ကာလသားမ်ား ၾကက္သီးေမြးညႇင္းထ၍ ေၾကာက္လန႔္သြားၾက၏။ ထိုစဥ္ ေဒၚ‌ၾကည္ေအးတစ္ေယာက္ႏိုးလာခဲ့သည္။
“ဟင္ သူႀကီးတို႔ပဲ ဘာေတြျဖစ္ေနၾကတာလဲ။”
သူႀကီးက ေဒၚၾကည္ေအးကို အက်ိဳးသင့္အေၾကာင္းသင့္ အက်ည္းခ်ဳပ္ေျပာျပလိုက္၏။ ေဒၚၾကည္ေအးက သားျဖစ္သူကိုၾကည့္ကာ မ်က္ရည္မ်ားက်လာ၏။ သူရအနားကိုကပ္သြားကာ…
“ကြၽန္မသားေလးကို ကယ္‌ေပး‌ပါေနာ္ဆရာေလး။”
“စိတ္ခ်ပါအေဒၚ အေဒၚသားက မေသႏိုင္ေသးပါဘူး။ ကဲ မိုးသီးေခၚသဘက္ႀကီး အသင္ဒီခႏၶာကေန ထြက္သြားဖို႔ ကြၽႏ္ုပ္ေမတၱာရပ္ခံတယ္။”
“ဟီးဟီးဟီး မထြက္ဘူး ငါလုံးဝမထြက္ဘူး။ ဒီမွာငါစားခ်င္တာစားလို႔ရတယ္ သူ႔ထဲကေနလုံးဝမထြက္ဘူး။”
“တယ္လည္းေခါင္းမာတာကို။ သင္ပဲ‌ခံႏိုင္မလားကြၽႏ္ုပ္ပဲ ထုတ္ႏိုင္မလား ၾကည့္ၾကတာေပါ့။ ဟဲ့ ႀကိမ္ပိုင္က မ်က္ႏွာကိုတရစပ္႐ိုက္စမ္း လွံပိုင္ကေက်ာကို လွံနဲ႔ေထာက္ထား။ မီးပိုင္က ဝမ္းအတြင္းကိုမီးနဲ႔မ်ိဳက္စမ္း။”
သူရ၏အမိန႔္အာဏာအသံ အဆုံး၌ သဘက္ႀကီးက စူးစူးဝါးဝါးေအာ္ဟစ္ေန၏။
“အားးးးး ပူတယ္ပူတယ္ နာလည္းနာတယ္။ ကယ္ၾကပါအုံး အားးးးး။”
“ႀကိမ္ပိုင္လွံပိုင္မီးပိုင္ရပ္စမ္း။ ကဲ အသင္ထြက္မလား ဒီ့ထက္ႏွိက္စက္ခံမလား။”
ဝင္ပူးခံေနရသည့္ ေစာၾကည္ျဖဴက သူရကိုစိုက္ၾကည့္ၿပီး။
“ထြက္မယ္ ထြက္ပါ့မယ္။”
“ကဲ ဒါဆိုရင္ သင္လုပ္ထားတဲ့‌ပေယာဂအေႏွာက္ယွက္ေတြကို အကုန္ျပန္ထုတ္သြားပါ။”
“ဘာလဲ ငါဘာမွလုပ္မထားပါဘူး။”
“ဒီေလာက္ထိ ႏွိပ္စက္ထားတာေတာင္ အသင္က လိမ္ညာေနေသးတယ္။ သင္ျပဳစားထားတဲ့ အရာမွန္သမွ် အကုန္ျပန္ထုတ္သြားဖို႔ ကြၽႏ္ုပ္အမိန႔္ေပးတယ္။”
“မလုပ္ဘူးမလုပ္ႏိုင္ဘူး။”
“‌သင္က ဒီလိုဆိုမွေတာ့ ကြၽႏ္ုပ္ကလည္းညႇာတာမေနေတာ့ဘူး။”
သူရကမႏၲာန္တစ္ပုဒ္႐ြတ္လိုက္ခ်ိန္၌ သူ၏ေခါင္းေပါင္းကေန ေ႐ႊေရာင္အလင္းတန္းမ်ားထြက္လာကာ ဘီလူးႏွစ္ေကာင္ေပၚလာခဲ့၏။ ဘီလူးႏွစ္ေကာင္က ေစာၾကည္ျဖဴထဲဝင္ပူးေနေသာ သဘက္ႀကီးကို ဂုတ္ကေနဆြဲထုတ္လိုက္ေလသည္။ သဘက္ႀကီးထြက္သြားတာနဲ႔ ေစာၾကည္ျဖဴကေမ့လဲသြား၏။
ဘီလူးႏွစ္ေကာင္က သဘက္ႀကီးကို ဆြဲကိုင္ေပါက္လိုက္ ထိုးလိုက္ႀကိတ္လိုက္ႏွင့္ ႏွိပ္စက္ေန၏။ သဘက္က ေအာ္ဟစ္ကာ အလူးလဲခံေနရသည္။ ေနာက္ဆုံး ဘီလူးႏွစ္ေကာင္ကို ဒူးေထာက္ကာ အညံ့ခံၿပီး မည္သူ႔ကိုမွ ဒုကၡ‌မေပးေတာ့ပါဘူးဟု သစၥာဆိုကာ ႐ြာထဲကေနေျပးထြက္သြားေလ၏။
ေစာၾကည္ျဖဴလဲက်သြားခ်ိန္၌ သူရက လြယ္အိတ္ထဲကေရမန္းထုတ္ကာ မ်က္ႏွာေပၚေတာက္ခ်လိုက္ခ်ိန္သတိရလာ၏။
“အေမ အေမ။”
“သားေလး သားေလးသတိရလာၿပီ။”
“သားဘာျဖစ္သြားတာလဲဟင္ ဟို သရဲႀကီးေရာ။”
ေဒၚၾကည္ေအးက ေစာၾကည္ျဖဴကိုအေၾကာင္းစုံရွင္းျပလိုက္ေသာအခါ ေစာၾကည္ျဖဴက သူရကိုေက်းဇူးတင္ေလသည္။ သူႀကီးအပါဝင္ ကာလသားေတြကလည္း သူရကိုေက်းဇူးတင္ၾကသည္။
“ညေန ေနဝင္ခ်ိန္မွာ ပရေလာကသားေတြက အစာရွာထြက္တတ္ၾကတယ္။ ဒါေၾကာင့္ အဲဒီလိုမ်ိဳးအခ်ိန္မွာ သားစိမ္းငါးစိမ္းေတြသယ္မသြားသင့္ဘူး။ ကဲေရာ့ ဒီေရမန္းေလးေသာက္လိုက္ပါအုံး။”
သူရတိုက္ေသာ ေရမန္းကို ေစာၾကည္ျဖဴေသာက္ ၿပီးေသာအခါ ပ်ိဳ႕တက္လာၿပီး အမဲသားအစိမ္းအဖတ္မ်ားကို အန္ခ်ေလ၏။
“ပေယာဂျပဳစားထားတာေတြ အကုန္ရွင္းသြားပါၿပီ။”
သူရတို႔ဆရာတပည့္သုံးဦးလည္း ပေယာဂအကုန္ရွင္းၿပီးတာႏွင့္ သူႀကီးအိမ္၌ တစ္ညတာ အိပ္စက္ၿပီး ဆက္လက္ခရီးထြက္လာ‌‌ခဲ့သည္။
~~~~~
ၿပီးပါၿပီ။
#စာေပခ်စ္သူမ်ားအားေလးစားလွ်က္
#မိုးထြန္း(မေကြး)