သမန်းမိကျောင်း(စ/ဆုံး)

Unicode Version

သမန်းမိကျောင်း(စ/ဆုံး)
——————————
” ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်ထဲ… ”
” အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ ပန်း….ပန်လျက်ပဲ…. ”
အသံရှင်နာမည်က ကိုစိုးလွင်၊ ` တစ်ရွာမပြောင်းသူကောင်းမဖြစ် ´ ဆိုတဲ့စကားအတိုင်း အသက်နှစ်ဆယ်ဝန်းကျင်လောက်ထဲက ဒီရွာရောက်လာပြီး အခြေချသူဖြစ်ပါတယ်။
ကြုံရာကျပမ်းအလုပ်တွေလုပ်ရင်း ရွာမှာမရှိသေးတဲ့ဘဲမွေးမြူရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့တယ်။ အကျိုးပေးတယ်ပြောရမလား ၊ လုပ်ငန်းက အဆင်ပြေလာတော့ ကိုယ်ပိုင်အိမ်နဲ့ခြံကိုပိုင်ဆိုင်လာခဲ့တယ်။
ဒီကနေ့မှာလဲ ရေကြီးနေချိန်က အချိန်ကြာကြာခြံထဲလှောင်ထားရတဲ့ သူ့ဘဲတွေကို အညောင်းအညာပြေ လွှတ်ပေးထားပြီး သူကတော့ ပိုက်တစ်လက်နဲ့ ငါးဟင်းစားရှာနေခဲ့တယ်။
” ဂါး ဂါး ဂါး ”
” ဝေါ ဝရော ”
” ဖလပ် ဖလပ် ဖလပ် ဂါး ဂါး ဂါး ”
ဘဲအော်သံတွေက တစ်စထက်တစ်စပိုကျယ်လာမို့ ကိုစိုးလဲ ပိုက်ကို ကမ်းဘေးကချုံတစ်ခုနဲ့ချည်ထားခဲ့ပြီး လှေကို အောက်ဘက်စုန်ဆင်းလာလိုက်တယ်။
” ငါ့ဘဲတွေက ချောင်းရေမကူးရတာကြာလို့များ ပျော်နေကြတာလားမသိပါဘူး ”
သူ့အတွေးနဲ့သူလှေလှော်လာနေတုန်း ဘဲအုပ်ကိုကြည့်လိုက်တော့ …..
” ဟင် ဘဲတွေက ဘာလို့ အုပ်စုကွဲသွားတာလဲ ဟိုဘက်တစ်အုပ်ကလဲ အသားကုန်အော်နေကြတယ် ဘာဖြစ်လို့ ဟ ဘာ ဘာကြီးလဲ ”
လန့်အော်နေတဲ့ဘဲတွေကြားထဲ လိုက်ကြည့်နေရင်း မဲနက်နေတဲ့လူဦးခေါင်းတစ်ခုကိုဖျက်ကနဲမြင်လိုက်တာမို့ ကိုစိုးခဲ အံ့သြမှင်သက်သွားခဲ့တယ်။ ခေါင်းမဲကြီးက ရေထဲငုပ်လိုက်ပေါ်လိုက်လုပ်ရင်း ဘဲတွေနောက်ကို လိုက်နေခဲ့တာပါ။
” ဟေ့ ဟေ့ ဘယ်က သူခိုးလဲကွ ဟမ် နေ့ခင်းကြောင်တောင် သူများဘဲကို လိုက်ခိုးနေတာ မင်းတော့ သေပြီသာမှတ် ”
ဘဲတွေကြားထဲကလူလဲ အသံလာရာဆီတစ်ချက်လှည့်ကြည့်ပြီး ဂရုမစိုက်တဲ့ဟန်နဲ့ ဘဲတွေနောက်ဆက်လိုက်နေခဲ့တယ်။ ကိုစိုးလဲ ဒေါသထွက်လာတာမလို့ လှေကိုထိုလူ့နားအမြန်လှော်ပြီး ခေါင်းပြန်ပေါ်လာမဲ့အချိန်ကို စောင့်နေလိုက်တယ်။
” ဗွက် ”
” ကဲ့ကွာ သေချင်းဆိုးသူခိုး ”
” ဖြောင်း !!! ဒုတ် !! ”
လှော်တက်စာမိသွားတဲ့ခေါင်းမဲကြီးက ခပ်လှမ်းလှမ်းကိုရေကူးပြေးသွားမှ သူ့နောက်ဖက်မှာ ဆူးတွေပါတဲ့အမြှီးတစ်ချောင်းပါနေတာ ကိုစိုးသတိထားမိသွားတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါက်ပင်လှ၊ ရွှေကိုင်း၊ ဝဲမှူး ၊ လက်ပံစုရွာတွေကိုဖြတ်စီးသွားတဲ့ စစ်တောင်းမြစ်ကြီးရဲ့ရေတွေက တစ်ဖြည်းဖြည်းလျော့ကျသွားခဲ့ပြီ။ မြစ်ဦးကနေ တိုက်ခတ်လာတဲ့မြောက်ပြန်အေးလေးတွေက မကြာခင်ဆောင်းဝင်တော့မယ်လို့ ကြေညာနေတာသယောင်ယောင်…..
” အိုး ဟိုး…. လေလေးက အေးမြနေတာပဲ အဖိုးရယ် လူကိုလန်းဆန်းသွားသလိုပဲ ”
မြင်းကြီးသာမောင်ရဲ့ဇက်ကြိုးကိုဆက်ကနဲလှုပ်ရင်းပြောလိုက်တဲ့သိန်းခေါင်ရဲ့စကားကိုကြားတော့ ဦးအောင်မောင်းက နှစ်နှစ်ခြိုက်ခြိုက်နဲ့ရယ်ပြီး…
” သြော် ဟား ဟား ဟား မြေးကလဲ မသိရင် ဟိုမှာကျ လေမတိုက်တာကြနေတာပဲ ”
” မတူဘူးလေ အဖိုးရဲ့ အဲ့ဒီလေမွှေးတွေက အတိတ်ကုသိုလ်ကံတွေနဲ့အလိုအလျောက်ပေါ်လာတဲ့ အရာတွေ ဒါက သဘာဝကပေးတဲ့ရတနာ… ”
” ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ”
မြေးအဖိုးနှစ်ယောက်သား တစ်ရွာဝင်တစ်ရွာထွက်နဲ့ လျှောက်သွားနေတာ အခုဆို ခုနှစ်ရက်ခန့်ရှိနေပြီ။ ဒီကာလဟာ တောသူတောင်သားတွေရဲ့သက်တမ်းနုမိုးစပါးတစ်ချို့ရိပ်သိမ်းနေချိန်မလို့ ဘာတွေစီမံပေးရမလဲ လိုက်ကြည့်နေကြတာပါ။
” ရှေ့ကရွာနာမည်က ဘာတဲ့လဲ အဖိုး ”
” လက်ပံစုရွာတဲ့ မြေးရဲ့ ဘာလို့လဲ တစ်ခုခုများမြင်လို့လား ”
” အဲ့ရွာမှာ ချောင်းအသေးလေးတစ်ခုရှိတယ်မလား ”
သိန်းခေါင်ပြောလိုက်တဲ့စကားက တစ်ခြားလူသာကြားရင် အံ့သြသွားနိုင်ပေမဲ့ ဦးအောင်မောင်းကတော့ အကြောင်းသိနေပြီမို့
” ရှိတယ်လေ မြေးရဲ့ ကျောက်ကြီးချောင်းလို့ခေါ်တယ် ပေါက်ပင်ရွာက ချောင်းနဲ့တစ်ဆက်ထဲပဲ ”
” ဗျို့ သူကြီး ရွာကိုအလည်လာတာလားဗျ ”
” အေး ဆိုပါတော့ကွာ ဘယ်လိုလဲ စပါးအခြေနေ ”
” ရေမြုပ်သွားတဲ့လက်ကျန်လေးဆိုတော့ ရသလောက်လေးတော့ ယူရမှာပဲ သူကြီးရေ ”
လက်ပံစုရွာအဝင်လမ်းကလေးတိုင်း ဟိုငေးဒီငေးနဲ့ဝင်လာနေတုန်း လယ်ကွက်တွေထဲ စပါးရိပ်နေတဲ့ရွာခံတစ်ချို့က ဦးအောင်မောင်းကို လှမ်းနှုတ်ဆက်ကြတယ်။
” ဟာ ကြည့်စမ်း သူကြီးတို့ပါလား ”
” ဟော မောင်ကျော်ထွန်း ဘယ်လိုဖြစ်ပြီး လယ်ထဲရောက်နေတာလဲ မင်းဆရာ မောင်ငြိမ်းမောင်လွှတ်ထားတာလား ”
” ဟုတ်တယ် သူကြီး တစ်လောကမိုးကြီးတာ စပါးခင်းတော်တော်များများ ရေမြုပ်ကုန်တယ်လေ အဲ့တာ ကြောင့် အခြေနေသိရအောင် ကိုငြိမ်းက လာကြည့်ခိုင်းထားတာဗျ ”
” ငါနားလည်ပါတယ် မောင်ကျော်ရာ အခုလာတာလဲ အထွေအထူးကိစ္စမရှိပါဘူး ငါ့မြေးက မင်းတို့ရွာမီးမျောပွဲသွားကြည့်ချင်တယ်ဆိုလို့ ပွဲရက်မတိုင်ခင်ထဲက လာကြတာဟေ့ ”
” အံမယ် သား သိန်းခေါင်တောင် တော်တော်ကြီးနေပြီပဲ အမေတူသားမလို့ထင်တယ် လူချောလေး ဦးကိုမှတ်မိလား ”
” အဖိုး လုပ်ဦး မှတ်မိလားတဲ့ မှတ်မိတာတွေပြောလိုက်ရင် သူ့အတိတ်ခုနှစ်ဘဝအကြောင်းတွေပါ ပါလိမ့်မယ်… ”
ခါးကိုတံတောင်နဲ့တွတ်ပြီးခပ်တိုးတိုးပြောလိုက်တဲ့သိန်းခေါင်စကားကြောင့် ဦးအောင်မောင်းလဲချက်ချင်းသဘောပေါက်သွားပြီး…
” ဟ မောင်ကျော်ထွန်းရ ဘယ်နှယ့်ပြောလိုက်တာတုန်း မင်းတို့တွေ သိုင်းလာသင်တုန်းက ငါ့မြေးက အူဝဲလေးလေကွာ ”
” ဟာ ဟုတ်သားပဲ ဟီး ဟီး တောင်းပန်ပါတယ် သူကြီးရယ် ဒါနဲ့ ကိုငြိမ်းအိမ်သွားမို့မဟုတ်လား လာ ကျနော်လိုက်ပို့ပေးမယ် ”
လက်ပံစုရွာဆယ်အိမ်ခေါင်းကျော်ထွန်းလဲ စကားမှားပြောမိတာကိုရှက်သွားဟန်နဲ့ ခြေထောက်မှာပေနေတဲ့ရွှံ့ဗွက်တွေကို မြောင်းရေနဲ့အမြန်ဆေးပြီး မြင်းဇက်ကြိုးကိုလာဆွဲတာမို့
” ရပါတယ် မောင်ကျော်ရဲ့ မင်းလုပ်စရာရှိတာ လုပ်စမ်းပါ ငါသွားတတ်ပါတယ် ”
” အိမ်က အရင်နေရာမှာ မဟုတ်တော့ဘူး သူကြီးရဲ့ အသစ်ပြောင်းသွားပြီ လာပါ ကျနော်ပဲ လိုက်ပို့ပါမယ်ဗျာ ”
” အေး သဘောကွာ ”
မြင်းပေါ်ကနေလိုက်လာသူတွေက ဖိနပ်ကိုယ်စီစီးထားပြီး လိုက်ပို့သူကခြေဗလာနဲ့ဆိုတော့ ဦးအောင်မောင်းလဲ အားနာပြီး မြေးဖြစ်သူကိုသာ လိုက်ပါသွားစေခဲ့တယ်။
” အကိုငြိမ်းမောင်ရေ ဒီမှာ ဘယ်သူတွေပါလဲ ထွက်ကြည့်ပါဦးဗျ ”
” ဟာ သူကြီး သူကြီး ကျနော်တို့ရွာလာတယ်လား ဒါကြောင်အခုရက်တွေ နေသာနေတာကိုး ကြွပါ ကြွပါ မဌေးရေ တို့ဆယ်ခိုင်သူကြီး လာတယ်ဟေ့ လက်ဖက်ရည်ဗန်းလာချပေးဦး ”
” လာပါပြီရှင် ခြံထဲကို ကျော်ထွန်းအသံဝင်လာကတည်းက ဧည့်သည်ပါလာပြီဆိုတာ သိပါ့တော် ဟယ် ဒါလေးက ဘယ်သူလေးလဲ ချစ်စရာလေး ”
” အဲ့ဒါ တို့ဆယ်ခိုင်သူကြီးရဲ့မြေးလေးလေ မဌေးရ ”
” သြော် မကြည်ပြာသားလေးတောင် ဒီအရွယ်ရောက်နေမှကိုး သား ဘာစားမလဲ ဒီအချိန်မုံ့ဟင်းခါးရသေးတယ် စားမလား ကြီးကြီးသွားဝယ်ပေးမယ်လေ ”
” ရပါတယ် ကြီးကြီးရဲ့ ကျနော်က အိမ်ကနေ ဒေါ်လေးပန်းဝါကျွေးတဲ့ထမင်း စားလာပြီးပြီ ”
သူရိယအောင်မောင်းအဖွဲ့ဝင် ကိုငြိမ်းမောင်တစ်ယောက် သူအုပ်ချုပ်နေရတဲ့လက်ပံစုရွာကို ဆယ်ခိုင်သူကြီးရောက်လာတာမို့ ဘာလုပ်လုပ် ဘာကိုင်ကိုင် ပြာပြာသလဲဖြစ်နေခဲ့တယ်။ စည်းကမ်းကြီးလွန်းတဲ့ဆရာဖြစ်သူကို သူပညာသင်ချိန်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရတာပါ။
” ဒါက ဒီနှစ်ကရတဲ့ ရွာ့ရံပုံငွေစာရင်းပါ ဒါက သာရေးနာရေးတွေမှာ သုံးတဲ့ထွက်ငွေပါ သူကြီး မဌေး နေ့လည်စာ ဘာဟင်းချက်ထားလဲ ”
” ဟော့်တော် တော်ဘာဖြစ်နေတာလဲ ကျမအလုပ်ကျမသိပါတယ် တော်လုပ်စရာရှိတာလုပ် ”
” ငါ ငါ သူကြီးကိုကြောက် ကြောက်လို့ဟ လာမယ်လို့မှမထင်ထားတာ ”
” ကဲ့….အဲ့တာဆိုလဲ တော် မီးဖိုချောင်ဝင် ကျမ သူကြီးနဲ့ စကားသွားပြောနေမယ် ”
” မဌေးကလဲ ငါချက်ရင် အရသာတွေပျက်ကုန်မှာပေါ့ နင်မသိတာလဲမဟုတ်ဘူး ”
မဌေးလဲ မီးဖိုခန်းထဲ အကြောင်းမရှိအကြောင်းရှာလာထိုင်နေတဲ့ယောက်ျားလုပ်သူရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲပြီး နှစ်ယောက်သား အသံတိုးတိုးနဲ့စကားများနေချိန် အိမ်ရှေ့ခန်းကနေ….
” မောင်ငြိမ်းမောင်ရေ လာဦးဟေ့ ”
” ဟော ခေါ်နေပြီ တော်သွားလိုက်တော့ ”
” ဗျ ဗျာ သ သူကြီး ထ ထမင်းစားတော့မလို့လား ”
” ဒီစာရင်းက မကိုက်ဘူးပါလား ငြိမ်းမောင် လာကြည့်စမ်းပါဦး ”
” ဟုတ်ကဲ့ သြော်…ဒါက မနှစ်ကစာရင်းလေ သူကြီးရဲ့ မနှစ်က မိုးနည်းတယ် ဒီနှစ်ကျတော့ ရေမြုပ်တယ် ဘဝတွေကလည်း မလွယ်ပါဘူးဗျာ ”
” ငါ့ရွာတွေမှာ ကြီးကြီးမားမား ဘာတွေဖြစ်နေလဲ အကုန်သိပါတယ် ငြိမ်းမောင်ရယ် အခုလာတယ်ဆိုတာလဲ ဆူရအောင်လာတာမဟုတ်ပါဘူး ပြီးတော့ ငါ့မြေးကလဲ ဒေါသထွက်တာမကြိုက်ဘူး ”
တစ်နှစ်တစ်ခါပြောင်းလဲကိုငြိမ်းမောင်လဲ ဒီတော့မှ `ဟူး´ကနဲသက်ပြင်းချရင်း သိန်းခေါင်လေးကိုပြုံးပြလိုက်တဲ့အချိန်…
” ဦးလေးတို့ရွာက ဘယ်လိုဖြစ်တာလဲ မိုးနည်းလိုက် ရေကြီးလိုက်နဲ့
” မသိတော့ပါဘူးသားရယ် ဦးလေးသိသလောက်တော့ လယ်သမားတွေလဲ ဝီရိယထားထွန်တယ် စနစ်တကျလဲ စိုက်ကြတယ် ဝါဝင်ဝါထွက်လဲ ရိုးရာတင်ပေးတာပဲ ”
” ကိုငြိမ်းမောင်ရေ ဗျို့ ကိုငြိမ်းမောင် ”
သုံးယောက်သားစကားပြောနေတုန်း ခြံဝကနေခေါ်သံကြားလို့လှမ်းကြည့်လိုက်တော့ တစ်ကိုယ်လုံးသွေးတွေပေနေတဲ့လူတစ်ယောက်…
” ဟာ ကိုစိုး ကိုစိုးမဟုတ်လား ဘယ်လိုဖြစ်လာတာလဲ လာ လာ ဝင်လာခဲ့လေ မဌေးရေ ဆေးသေတ္တာယူခဲ့ပါဦး ”
ဒဏ်ရာတွေဗလပွနဲ့လူလဲ ခြံထဲဝင်ဖို့အလုပ် မမြင်ရတဲ့လှိုင်းတစ်ခုကတွန်းကန်ထားတာမို့ ဝင်မရပဲ ခြံဝမှာတင် လဲကျသွားခဲ့တယ်။ ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ဦးအောင်မောင်းလဲ ဘေးမှာထိုင်နေတဲ့မြေးဖြစ်သူကို လှမ်းကြည့်လိုက်တော့ သိန်းခေါင်က မသိမသာခေါင်းညိမ့်ပြခဲ့တယ်။
” ငြိမ်းမောင်နဲ့ကျော်ထွန်း ဘာငေးနေတာလဲ သွားခေါ်လေ ”
” ဗျာ ဟုတ် ဟုတ် ”
မျက်စိတစ်မှိတ်အတွင်း အမြင်တွေအမှောင်ကျသွားတဲ့ ကိုငြိမ်းမောင်လဲ ဦးအောင်မောင်းအသံကြားမှ သတိဝင်ပြီး ပြာပြာသလဲနဲ့ တပည့်ဖြစ်သူကိုလက်ကုပ်ကာ လဲကျနေတဲ့သူဆီပြေးသွားလိုက်တယ်။
” ရှားရှားပါးပါး သမန်းမိကျောင်းက ဒီမှာ ဘယ်လိုလုပ်ရှိနေရတာလဲ ”
” ဘာကြီး သမန်းမိကျောင်းဟုတ်လား မြေး ”
” ဟုတ်တယ် မြေပေါ်မှာဆို လူလိုနေနိုင်ပြီး ရေထဲမှာဆို သာမန်မိကျောင်းလို နေနိုင်တဲ့သတ္တဝါ ကြည့်ရတာ အခုအကိုက်ခံရတဲ့လူက တံငါသည်ဖြစ်မယ် ”
သတိမေ့တဲ့လူနာကို ဝိုင်းဝန်းပြုစုကြပေမဲ့ သွေးထွက်လွန်နေပြီမို့ တော်တော်နဲ့သတိလည်မလာတော့….အဲ့ဒါကြောင့် ဦးအောင်မောင်းလဲ ကိုယ်နဲ့မကွာအမြဲယူလာတဲ့ဂမုန်းမြစ်လေးကိုထုတ်ပြီး ရေစိမ်ကာ လူနာကိုတိုက်လိုက်တယ်။
” အမလေး မိကျောင်းကြီး မိကျောင်းကြီး ချောင်းရိုးထဲ ဘယ်သူမှမသွားနဲ့ မသွားကြနဲ့ ”
” ဟော သတိရလာပြီ စွမ်းလိုက်တဲ့ဆေးပါလား သူကြီး ”
” ကိုစိုး ကိုစိုး သတိထားစမ်း ခင်ဗျား ဘာဖြစ်လာတာလဲ ”
” ငြိမ်း ငြိမ်းမောင် ကယ်ပါဦး ငါ့ဘဲတွေ ငါ့ဘဲတွေ ကုန်ပြီ ”
လူနာက သတိရလာကာမှ ထိန်းမနိုင်သိမ်းမနိုင်ကြောက်လန့်နေတာမို့ ငြိမ်းမောင်နဲ့ကျော်ထွန်းလဲ အတင်းချုပ်ထားပြီး
” သတိထားစမ်းပါဦး ကိုစိုးရယ် ခင်ဗျားဘာဖြစ်လာတာလဲ ”
ကိုငြိမ်းမောင်တို့မေးကာမှ ကိုစိုးရဲ့မျက်လုံးတွေလဲ ချက်ချင်းနီရဲလာပြီး ဗလုံးဗထွေးအသံကြီးနဲ့ ..
” ငါ့ဟာငါ ဗိုက်ဆာလို့ အစာရှာစားနေတာလေ ငါ့ကိုရိုက်သလို မင်းအသက်ကိုလဲ ငါယူမယ် ဟင်း ဟင်း ဟင်း ”
” ဘာဖြစ်တာလဲ သရဲပူးတာလား ”
” ကျနော်လဲ ဘယ်သိမလဲ အကိုငြိမ်းရဲ့ သူကြီး ကယ်ပါဦး ”
ကျော်ထွန်းရဲ့အကူအညီတောင်းသံကိုကြားတော့ ဦးအောင်မောင်းလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြည့်နဲ့ မြေးဖြစ်သူကိုကြည့်လိုက်တယ်။
ဒီတစ်ခါတော့ သိန်းခေါင်က ဦးအောင်မောင်းရဲ့အသံကိုမငှားတော့ပဲ ကိုယ်တိုင်ရှေ့တိုးလာပြီး ဝင်ပူးနေတဲ့လူကို
” မင်း ကိုယ့်ဘာသာကိုယ်ပြန်မလား အဖမ်းခံမလား ”
လို့ပြောလိုက်တယ်။
” အား အမလေး ကြောက်ပါတယ် ကြောက်ပါတယ် ပြန် ပြန်ပါ့မယ် ”
ကိုစိုးကအသံနက်ကြီးနဲ့ပြောပြီး ပျော့ခွေသွားတဲ့အချိန် သိန်းခေါင်လဲ တိုက်ဖို့ကျန်နေတဲ့ ဆေးရည်တစ်ချို့ကို ပါးစပ်ထဲလောင်းထည့်ပေးလိုက်တယ်။ သိန်းခေါင်လုပ်သမျှ ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ ငြိမ်းမောင်တို့သုံးယောက်လဲ ကျောက်ရုပ်တွေလို ငြိမ်သက်နေကြတယ်။
” အံ့သြမနေကြနဲ့ ငါ့မြေးက ရွှေကိုင်းမှာဆို ဆရာတော်ဆီအမြဲသွားပြီး ဓမ္မစာပေတွေသွားသင်နေကျ ဒါမျိုးတွေနည်းနည်းပါးပါး လုပ်တတ်တယ် ”
” အံ့သြစရာကြီးပါလား သူကြီးရယ် မသိရင် အထက်လမ်းဆရာကြီးတစ်ယောက်လိုပဲ ”
” ဟုတ်ပ ကိုငြိမ်းရယ် သူကြီးမြေးက သူကြီးလိုပဲ ထက်မြတ်လိုက်တာ”
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့အဖြစ်မို့ သိန်းခေါင်လဲ ထွက်ပြေးသွားတဲ့ သမန်းမိကျောင်းနောက်ကိုမလိုက်တော့ပဲ ကျန်ခဲ့တဲ့လူနာကိုပဲ ဆေးဆက်ကုပေးလိုက်တယ်။
” ဦးလေးငြိမ်းမောင် ”
” ပြောလေ သား ”
” ဒီကိစ္စကို ရွာထဲကလူတွေမသိအောင်လုပ်ပေးပါလား တော်ကြာကြောက်လန့်ကုန်ပြီး မီးမျောပွဲပျက်သွားပါဦးမယ် ”
” ကြားလား ငကျော် ကလေးတောင်သိတယ် မင်းလိုက်ပြောပြီးပြီမဟုတ်လား ”
” ကျနော်အိမ်တောင်မပြန်ရသေးပါဘူး ကိုငြိမ်းရယ် စိတ်ချပါ အမေတောင်မသိစေရပါဘူး ”
” ဒါနဲ့ ယောကျ်ား ဘဲဥကိုစိုး ဒဏ်ရာတွေနဲ့ ဒီရောက်အောင်လာနိုင်တာ အံသြစရာပဲ ကျမဘယ်လိုမှစဉ်းစားလို့မရဘူး ”
မဌေးစကားကိုကြားတော့ သိန်းခေါင်ကမသိချင်ယောင်ဆောင်နေပြီး အဖိုးဖြစ်သူကိုလက်ကုပ်ကာ မေးငေါ့ပြလိုက်တယ်။
” အင်း ဒါကဒီလိုရှိတယ် သမီးမဌေးရဲ့ မောင်စိုးက တော်ရုံသတ္တိနည်းတဲ့လူမဟုတ်တာ အားလုံးအသိပဲလေ ဟိုသတ္တဝါနဲ့ သူအချိန်တော်တော်ကြာကြာ တိုက်ခိုက်သေးတယ်ထင်တယ် ”
” ဟုတ်လောက်တယ် အစ်မမဌေးရဲ့ ကိုစိုးကိုကြည့်လိုက်ပါလား သွားရာတွေနဲ့ ”
” အဟမ်း ”
ကိုငြိမ်းမောင်ရဲ့ မသိမသာချောင်းဟန့်သံကိုကြားတော့ စကားဖြတ်ပြောမိတဲ့ကျော်ထွန်းလဲ ဇက်ကလေးပုကာ ငြိမ်နေလိုက်ရတယ်။
” နောက်တော့ ဟိုသတ္တဝါက သူ့မှာရှိတဲ့မှော်အစွမ်းတစ်ခုခုနဲ့လုပ်လိုက်ပါလိမ့်မယ် အဲ့ဒါကြောင့် မောင်စိုးက နဂိုအသိစိတ်ကတစ်ဝက် မကောင်းဆိုးဝါးအငွေ့အသက်ကတစ်ဝက်နဲ့ အားတင်းပြီး ရောက်လာတာနေမှာပေါ့ ”
ဦးအောင်မောင်းရှင်းပြလိုက်မှ အားလုံးကလဲခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပြီး သဘောပေါက်သွားခဲ့တယ်။ တကယ်တော့ ဆယ်ခိုင်သူကြီးလဲ သိန်းခေါင်ပြောပြထားလို့သာ ဒီလိုပြန်ပြောနိုင်ခဲ့တာပါ။
” အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစင်္ကဝြဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ….ဒေါသခပ်သိမ်းငြိမ်းကြပါစေ…ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ….နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…..”
ကနေ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တာမို့ ဦးအောင်မောင်းလဲ တပည့်ဖြစ်သူအိမ်မှာပဲ ဘုရားဝတ်တက်သပုတီးစိပ်လိုက်တယ်။ မေတ္တာသုတ်တော်လာ မေတ္တာပွားနည်းတစ်ဆယ့်တစ်မျိုးအဆုံး သူအာရုံထဲမှာ မြေးဖြစ်သူက မူလပုံသဏ္ဍာန်နဲ့ပေါ်လာပြီး ချောင်းရိုးဘက်လိုက်ခဲ့ဖို့ လက်ညိုးထိုးပြခဲ့တယ်။
အမျှဝေဘုရားဦးချပြီးအပြင်သွားဖို့ပြင်နေတဲ့ ဦးအောင်မောင်းကို ကိုငြိမ်းမောင်ကမြင်တော့
” သူကြီး ဘယ်သွားမလို့လဲ ကျနော်လိုက်ပို့ပေးမယ်လေ ”
” သြော် ငြိမ်းမောင် ငါချောင်းရိုးဘက်သွားမလို့ မင်းလိုက်ဦးမလား ”
” ဗျာ ဟို ဟို အကောင် ”
” ဟုတ်တယ် ငါ့မြေးနဲ့ ကျော်ထွန်းတောင်သွားနှင့်ပြီ ထူးထူးဆန်းဆန်းတွေမြင်ချင်ရင် ဟိုကျသိမှာပေါ့ ”
” အာ ဒါမျိုးတော့လက်လွတ်ခံမလား လိုက်မယ် မဌေးရေ ငါတို့ ရွာထဲသွားဦးမယ်ဟေ့ ”
ကိုငြိမ်းမောင်က လှမ်းအော်လိုက်တော့ အိမ်နောက်မှာ ဝက်စာကျွေးနေတဲ့မဌေးက
” ကိုငြိမ်း တော်ပြန်လာရင် မလှတို့အိမ်က ပဲသီးလေးဝင်ယူခဲ့ဦး ကျမမှာထားတာ တော့်သားက စားချင်တယ်ဆိုလို့ ”
” အေး အေး ”
ချောင်းရိုးကိုဖြတ်တိုက်လာတဲ့လေက ကျော်ထွန်းကိုကျောချမ်းစေပေမဲ့ မိမိမွေးမှသားလောက်ရှိတဲ့ကလေးကရှေ့ကနေသွားနေတော့လဲ သူ့မှာဟန်မပြတ်လိုက်နေရတယ်။
” ရောက်ပြီသား ရှေ့က ဘဲတဲစုက ကိုစိုးအပိုင်ပဲ တကယ့်လူ ထနိုင်တာနဲ့အိမ်ပြန်သွားတာ ဦးလေးသာဆိုကြောက်နေတာနဲ့ ပြန်လာရဲမှာတောင်မဟုတ်ဘူး ”
” ဦးလေးထွန်း သူ့ကိုအားမကျဘူးလား တစ်နယ်တစ်ကျေးကလာတယ် ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားတယ် အဲ့လိုလူမျိုးဆို ကျနော်က သိပ်သဘောကျတာဗျ ”
” အေးပါ သားရယ် ဦးလေး သဘောပေါက်ပါတယ် အသိပညာတွေပေးလို့ ကျေးဇူးလဲ တင်ပါတယ်ကွာ ”
ဘဲတဲစုကိုရောက်တော့ ကိုစိုးကထွက်ကြိုပြီး အခင်းဖြစ်ခဲ့တဲ့နေရာကို ထော့နင်းထော့နင်းနဲ့လိုက်ပို့ခဲ့တယ်။
” အဲ့နေရာပဲ ငကျော်ရေ ဒီကောင်အစပေါ်လာတော့ လူခေါင်းဟ ငါနဲ့လဲတိုက်ရော သူ့မှာမိကျောင်းအမြှီးကြီးနဲ့ဟ ”
” ခင်ဗျား တော်တော်သတ္တိကောင်းတာပဲ ကိုစိုးရာ ”
” ဟကောင်ရ အဲ့လိုတော့လဲ ဘယ်ဟုတ်မလဲ ဒင်းကိုအစက သူခိုးမှတ်ပြီး ငါ့ပစ္စည်းထိလို့ တပ်နဲ့တွယ်ပစ်လိုက်မိတာလေ ”
” ဟေ့ မောင်စိုး ဘယ်လိုလဲကွ သက်သာရဲ့လား ”
” ဟာ သူကြီးနဲ့ ကိုငြိမ်းပါလာ လာဗျာ ဒီနေရာပဲ ရှေ့နားလေးမှာသူပေါ်လာတာ ”
သူတို့စကားပြောနေတုန်း သိန်းခေါင်က ချောင်းကမ်းပါးထိပ်မှာမတ်တပ်သွားရပ်ပြီး ရေထဲကိုစိုက်ကြည့်နေတာမလို့ ဦးအောင်မောင်းလဲ အားလုံးကိုတိတ်တိတ်နေဖို့အချက်ပြပြီး မြေးဖြစ်သူအနောက်မှာသွားရပ်နေလိုက်တယ်။
” ဗြော… ဗြော..!!!ဘွမ်း.. ဘွမ်း…ဝုန်း …!!”
သိပ်မကြာလိုက် သူတို့ရပ်နေတဲ့ကမ်းပါးထိပ်ရဲ့ ညာဘက်စူးစူးကနေ ရေပွက်တွေထလာပြီး ချောင်းရိုးတစ်ခုလုံး လှိုင်းတွေထလာခဲ့တယ်။ ထူးဆန်းတာက သမန်းမိကျောင်းကောင်ဟာ ရေပေါ်ကိုပေါ်မလာပဲ တစ်ကောင်ကောင်ကလိုက်လို့ ထွက်ပြေးနေတဲ့ဟန်ဖြစ်နေတာပါ။
” ဖြောင်း !!! ”
” ဟာ ပေါ်လာပြီ တစ်ကောင်တောင်မဟုတ်ဘူး နှစ်ကောင်ဟ ”
” ဗွမ်း ဗွမ်း ဗွမ်း ”
” ဘယ်ပြေးမလို့လဲ သင် သေဖို့သာပြင် ငသစ်တုံး ”
မိကျောင်းကြီးနှစ်ကောင်အသေအလဲတိုက်ခိုက်နေကြပုံက မြင်သူတိုင်းကို အသဲတစ်ယားယားဖြစ်နေခဲ့ပါတယ်။ သူတို့တိုက်ခိုက်နေချိန် အနက်ရောင်အကောင်ကြီးက လူပုံစံပြောင်းပြီး ရေတိမ်ဘက်ထွက်ပြေးသွားတာမို့ ရွှံ့ဝါရောင်အကောင်ကြီးကလဲ လူပုံစံလိုက်ပြောင်းကာ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့တယ်။
” ကြောက်ပါပြီ နတ်ဦးရှင်ရဲ့ ကျေးကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ နတ်ဦးရှင် နတ်ဦးရှင် ဘယ်မှာလဲ ”
သူတို့ချင်းတိုက်ခိုက်ရင်းပြောဆိုနေတာကိုကြားနေရတဲ့သိန်းခေါင်တစ်ယောက် နတ်ဦးရှင်ကို လိုက်ရှာကြည့်တော့ လူတွေရပ်နေတဲ့နေရာရဲ့မလှမ်းမကမ်းမှာ မိကျောင်းတစ်ကောင်ကိုစီးပြီးရပ်ကြည့်နေတာတွေ့လိုက်ရတယ်။
” အဖိုးတို့ ဟိုးမှာကြည့်ပါဦး ဘယ်သူလဲလို့ ”
သိန်းခေါင်က တစ်နေရာကိုလက်ညိုးထိုးပြတော့ ကိုငြိမ်းမောင်အပါအဝင်ရှိနေတဲ့လူတွေလည်း လှမ်းကြည့်လိုက်ကြတယ်။
” ဟင် ”
” ဟာ အဲ့ အဲ့ အဲ့တာ ဦးရှင်ကြီးနတ်ပဲ ”
” ဟုတ်တယ်လေ ဦးလေးစိုးရဲ့ ဦးလေးဘဲတွေကိုကိုက်တာ သူ့ရဲ့လက်အောက်ငယ်သား ငသစ်တုံးဆိုတဲ့သမန်းမိကျောင်း၊ အခုဆုံးမနေတာက ဖိုးဝါကြီးဆိုတဲ့နတ်မိကျောင်းပေါ့ ”
” တစ်ခါမှတောင်မကြားဖူးဘူးသားရယ် နေပါဦး အဲ့ဟိုဘာတဲ့ သြော် ငသစ်တုံးက ဘယ်ကနေရောက်လာတာလဲ ”
” စစ်တောင်းမြစ်ရေကြီးတုန်းက ချောင်းရေနဲ့ဆက်သွားတဲ့အချိန် ခြေစင်္ကြာဖြန့်နေတဲ့ငနဲသားက လမ်းမှားပြီးဝင်လာတာဖြစ်မှာပေါ့ ဦးလေးရဲ့ ရပြီ ချောင်းရေကို ချိုးလိုကချိုး သောက်လိုကသောက်ကြပေတော့ ”
ကိစ္စဝိစ္စတွေပြီးသွားတော့ ရေပြင်ကအရင်အတိုင်းညိမ့်ညိမ့်လေးစီးဆင်းနေသလို ကိုစိုးကလဲ သူ့ဘဲခြံကိုဖွင့်ပေးလိုက်တယ်။ ကိုငြိမ်းမောင်တို့အိမ်ပြန်ခါနီးတော့ အတင်းတားနေတဲ့ကြားက ဘဲဥတွေကို သူကိုယ်တိုင်တောင်းနဲ့ထမ်းပြီး လိုက်ပို့ပေးခဲ့တယ်။ သိန်းခေါင်စားဖို့တဲ့။
ညရောက်တော့ လက်ပံစုရွာရဲ့ကျောက်ကြီးချောင်းရိုးလေးထဲ မီးကြာခွက်လေးတွေစီရရီနဲ့ အလှကြီးလှနေခဲ့တယ်။ တစ်နှစ်တစ်ကြိမ်သာနွှဲရတဲ့ပွဲပေမို့ အားလုံးရဲ့မျက်နာမှာလည်း အပြုံးပန်းတွေဝေနေကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~>>>ဆက်ရန်
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယမှာ
ချမ်းမြေ့သာယာရှိကြပါစေ ….
မုံ့ဖိုးမျှော်နေတဲ့
မောင်လူလှ – ကညင်မြေ

Zawgyi Version

သမန္းမိေက်ာင္း(စ/ဆံုး)
——————————
” ဘဲအုပ္က တစ္ရာ ႏွစ္ရာ မေဗဒါက တစ္ပင္ထဲ… ”
” အယက္အကန္ခံလို႔ ေဗဒါပ်ံအံကိုခဲ ပန္း….ပန္လ်က္ပဲ…. ”
အသံရွင္နာမည္က ကိုစိုးလြင္၊ ` တစ္႐ြာမေျပာင္းသူေကာင္းမျဖစ္ ´ ဆိုတဲ့စကားအတိုင္း အသက္ႏွစ္ဆယ္ဝန္းက်င္ေလာက္ထဲက ဒီ႐ြာေရာက္လာၿပီး အေျခခ်သူျဖစ္ပါတယ္။
ႀကဳံရာက်ပမ္းအလုပ္ေတြလုပ္ရင္း ႐ြာမွာမရွိေသးတဲ့ဘဲေမြးျမဴေရးလုပ္ငန္းကို စတင္အေကာင္အထည္ေဖာ္ခဲ့တယ္။ အက်ိဳးေပးတယ္ေျပာရမလား ၊ လုပ္ငန္းက အဆင္ေျပလာေတာ့ ကိုယ္ပိုင္အိမ္နဲ႔ၿခံကိုပိုင္ဆိုင္လာခဲ့တယ္။
ဒီကေန႔မွာလဲ ေရႀကီးေနခ်ိန္က အခ်ိန္ၾကာၾကာၿခံထဲေလွာင္ထားရတဲ့ သူ႔ဘဲေတြကို အေညာင္းအညာေျပ လႊတ္ေပးထားၿပီး သူကေတာ့ ပိုက္တစ္လက္နဲ႔ ငါးဟင္းစားရွာေနခဲ့တယ္။
” ဂါး ဂါး ဂါး ”
” ေဝါ ဝေရာ ”
” ဖလပ္ ဖလပ္ ဖလပ္ ဂါး ဂါး ဂါး ”
ဘဲေအာ္သံေတြက တစ္စထက္တစ္စပိုက်ယ္လာမို႔ ကိုစိုးလဲ ပိုက္ကို ကမ္းေဘးကခ်ဳံတစ္ခုနဲ႔ခ်ည္ထားခဲ့ၿပီး ေလွကို ေအာက္ဘက္စုန္ဆင္းလာလိုက္တယ္။
” ငါ့ဘဲေတြက ေခ်ာင္းေရမကူးရတာၾကာလို႔မ်ား ေပ်ာ္ေနၾကတာလားမသိပါဘူး ”
သူ႔အေတြးနဲ႔သူေလွေလွာ္လာေနတုန္း ဘဲအုပ္ကိုၾကည့္လိုက္ေတာ့ …..
” ဟင္ ဘဲေတြက ဘာလို႔ အုပ္စုကြဲသြားတာလဲ ဟိုဘက္တစ္အုပ္ကလဲ အသားကုန္ေအာ္ေနၾကတယ္ ဘာျဖစ္လို႔ ဟ ဘာ ဘာႀကီးလဲ ”
လန္႔ေအာ္ေနတဲ့ဘဲေတြၾကားထဲ လိုက္ၾကည့္ေနရင္း မဲနက္ေနတဲ့လူဦးေခါင္းတစ္ခုကိုဖ်က္ကနဲျမင္လိုက္တာမို႔ ကိုစိုးခဲ အံ့ၾသမွင္သက္သြားခဲ့တယ္။ ေခါင္းမဲႀကီးက ေရထဲငုပ္လိုက္ေပၚလိုက္လုပ္ရင္း ဘဲေတြေနာက္ကို လိုက္ေနခဲ့တာပါ။
” ေဟ့ ေဟ့ ဘယ္က သူခိုးလဲကြ ဟမ္ ေန႔ခင္းေၾကာင္ေတာင္ သူမ်ားဘဲကို လိုက္ခိုးေနတာ မင္းေတာ့ ေသၿပီသာမွတ္ ”
ဘဲေတြၾကားထဲကလူလဲ အသံလာရာဆီတစ္ခ်က္လွည့္ၾကည့္ၿပီး ဂ႐ုမစိုက္တဲ့ဟန္နဲ႔ ဘဲေတြေနာက္ဆက္လိုက္ေနခဲ့တယ္။ ကိုစိုးလဲ ေဒါသထြက္လာတာမလို႔ ေလွကိုထိုလူ႔နားအျမန္ေလွာ္ၿပီး ေခါင္းျပန္ေပၚလာမဲ့အခ်ိန္ကို ေစာင့္ေနလိုက္တယ္။
” ဗြက္ ”
” ကဲ့ကြာ ေသခ်င္းဆိုးသူခိုး ”
” ေျဖာင္း !!! ဒုတ္ !! ”
ေလွာ္တက္စာမိသြားတဲ့ေခါင္းမဲႀကီးက ခပ္လွမ္းလွမ္းကိုေရကူးေျပးသြားမွ သူ႔ေနာက္ဖက္မွာ ဆူးေတြပါတဲ့အျမႇီးတစ္ေခ်ာင္းပါေနတာ ကိုစိုးသတိထားမိသြားတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေပါက္ပင္လွ၊ ေ႐ႊကိုင္း၊ ဝဲမႉး ၊ လက္ပံစု႐ြာေတြကိုျဖတ္စီးသြားတဲ့ စစ္ေတာင္းျမစ္ႀကီးရဲ႕ေရေတြက တစ္ျဖည္းျဖည္းေလ်ာ့က်သြားခဲ့ၿပီ။ ျမစ္ဦးကေန တိုက္ခတ္လာတဲ့ေျမာက္ျပန္ေအးေလးေတြက မၾကာခင္ေဆာင္းဝင္ေတာ့မယ္လို႔ ေၾကညာေနတာသေယာင္ေယာင္…..
” အိုး ဟိုး…. ေလေလးက ေအးျမေနတာပဲ အဖိုးရယ္ လူကိုလန္းဆန္းသြားသလိုပဲ ”
ျမင္းႀကီးသာေမာင္ရဲ႕ဇက္ႀကိဳးကိုဆက္ကနဲလႈပ္ရင္းေျပာလိုက္တဲ့သိန္းေခါင္ရဲ႕စကား​ကိုၾကားေတာ့ ဦးေအာင္ေမာင္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔ရယ္ၿပီး…
” ေၾသာ္ ဟား ဟား ဟား ေျမးကလဲ မသိရင္ ဟိုမွာက် ေလမတိုက္တာၾကေနတာပဲ ”
” မတူဘူးေလ အဖိုးရဲ႕ အဲ့ဒီေလေမႊးေတြက အတိတ္ကုသိုလ္ကံေတြနဲ႔အလိုအေလ်ာက္ေပၚလာတဲ့ အရာေတြ ဒါက သဘာဝကေပးတဲ့ရတနာ… ”
” ဟုတ္ပါၿပီဗ်ာ ဟုတ္ပါၿပီ ”
ေျမးအဖိုးႏွစ္ေယာက္သား တစ္႐ြာဝင္တစ္႐ြာထြက္နဲ႔ ေလွ်ာက္သြားေနတာ အခုဆို ခုႏွစ္ရက္ခန္႔ရွိေနၿပီ။ ဒီကာလဟာ ေတာသူေတာင္သားေတြရဲ႕သက္တမ္းႏုမိုးစပါးတစ္ခ်ိဳ႕ရိပ္သိမ္းေနခ်ိန္မလို႔ ဘာေတြစီမံေပးရမလဲ လိုက္ၾကည့္ေနၾကတာပါ။
” ေရွ႕က႐ြာနာမည္က ဘာတဲ့လဲ အဖိုး ”
” လက္ပံစု႐ြာတဲ့ ေျမးရဲ႕ ဘာလို႔လဲ တစ္ခုခုမ်ားျမင္လို႔လား ”
” အဲ့႐ြာမွာ ေခ်ာင္းအေသးေလးတစ္ခုရွိတယ္မလား ”
သိန္းေခါင္ေျပာလိုက္တဲ့စကားက တစ္ျခားလူသာၾကားရင္ အံ့ၾသသြားႏိုင္ေပမဲ့ ဦးေအာင္ေမာင္းကေတာ့ အေၾကာင္းသိေနၿပီမို႔
” ရွိတယ္ေလ ေျမးရဲ႕ ေက်ာက္ႀကီးေခ်ာင္းလို႔ေခၚတယ္ ေပါက္ပင္႐ြာက ေခ်ာင္းနဲ႔တစ္ဆက္ထဲပဲ ”
” ဗ်ိဳ႕ သူႀကီး ႐ြာကိုအလည္လာတာလားဗ် ”
” ေအး ဆိုပါေတာ့ကြာ ဘယ္လိုလဲ စပါးအေျခေန ”
” ေရျမဳပ္သြားတဲ့လက္က်န္ေလးဆိုေတာ့ ရသေလာက္ေလးေတာ့ ယူရမွာပဲ သူႀကီးေရ ”
လက္ပံစု႐ြာအဝင္လမ္းကေလးတိုင္း ဟိုေငးဒီေငးနဲ႔ဝင္လာေနတုန္း လယ္ကြက္ေတြထဲ စပါးရိပ္ေနတဲ့႐ြာခံတစ္ခ်ိဳ႕က ဦးေအာင္ေမာင္းကို လွမ္းႏႈတ္ဆက္ၾကတယ္။
” ဟာ ၾကည့္စမ္း သူႀကီးတို႔ပါလား ”
” ေဟာ ေမာင္ေက်ာ္ထြန္း ဘယ္လိုျဖစ္ၿပီး လယ္ထဲေရာက္ေနတာလဲ မင္းဆရာ ေမာင္ၿငိမ္းေမာင္လႊတ္ထားတာလား ”
” ဟုတ္တယ္ သူႀကီး တစ္ေလာကမိုးႀကီးတာ စပါးခင္းေတာ္ေတာ္မ်ားမ်ား ေရျမဳပ္ကုန္တယ္ေလ အဲ့တာ ေၾကာင့္ အေျခေနသိရေအာင္ ကိုၿငိမ္းက လာၾကည့္ခိုင္းထားတာဗ် ”
” ငါနားလည္ပါတယ္ ေမာင္ေက်ာ္ရာ အခုလာတာလဲ အေထြအထူးကိစၥမရွိပါဘူး ငါ့ေျမးက မင္းတို႔႐ြာမီးေမ်ာပြဲသြားၾကည့္ခ်င္တယ္ဆိုလို႔ ပြဲရက္မတိုင္ခင္ထဲက လာၾကတာေဟ့ ”
” အံမယ္ သား သိန္းေခါင္ေတာင္ ေတာ္ေတာ္ႀကီးေနၿပီပဲ အေမတူသားမလို႔ထင္တယ္ လူေခ်ာေလး ဦးကိုမွတ္မိလား ”
” အဖိုး လုပ္ဦး မွတ္မိလားတဲ့ မွတ္မိတာေတြေျပာလိုက္ရင္ သူ႔အတိတ္ခုႏွစ္ဘဝအေၾကာင္းေတြပါ ပါလိမ့္မယ္… ”
ခါးကိုတံေတာင္နဲ႔တြတ္ၿပီးခပ္တိုးတိုးေျပာလိုက္တဲ့သိန္းေခါင္စကား​ေၾကာင့္ ဦးေအာင္ေမာင္းလဲခ်က္ခ်င္းသေဘာေပါက္သြားၿပီး…
” ​ဟ ေမာင္ေက်ာ္ထြန္းရ ဘယ္ႏွယ့္ေျပာလိုက္တာတုန္း မင္းတို႔ေတြ သိုင္းလာသင္တုန္းက ငါ့ေျမးက အူဝဲေလးေလကြာ ”
” ​ဟာ ဟုတ္သားပဲ ဟီး ဟီး ေတာင္းပန္ပါတယ္ သူႀကီးရယ္ ဒါနဲ႔ ကိုၿငိမ္းအိမ္သြားမို႔မဟုတ္လား လာ က်ေနာ္လိုက္ပို႔ေပးမယ္ ”
လက္ပံစု႐ြာဆယ္အိမ္ေခါင္းေက်ာ္ထြန္းလဲ စကားမွားေျပာမိတာကိုရွက္သြားဟန္နဲ႔ ေျခေထာက္မွာေပေနတဲ့႐ႊံ႕ဗြက္ေတြကို ေျမာင္းေရနဲ႔အျမန္ေဆးၿပီး ျမင္းဇက္ႀကိဳးကိုလာဆြဲတာမို႔
” ရပါတယ္ ေမာင္ေက်ာ္ရဲ႕ မင္းလုပ္စရာရွိတာ လုပ္စမ္းပါ ငါသြားတတ္ပါတယ္ ”
” အိမ္က အရင္ေနရာမွာ မဟုတ္ေတာ့ဘူး သူႀကီးရဲ႕ အသစ္ေျပာင္းသြားၿပီ လာပါ က်ေနာ္ပဲ လိုက္ပို႔ပါမယ္ဗ်ာ ”
” ေအး သေဘာကြာ ”
ျမင္းေပၚကေနလိုက္လာသူေတြက ဖိနပ္ကိုယ္စီစီးထားၿပီး လိုက္ပို႔သူကေျခဗလာနဲ႔ဆိုေတာ့ ဦးေအာင္ေမာင္းလဲ အားနာၿပီး ေျမးျဖစ္သူကိုသာ လိုက္ပါသြားေစခဲ့တယ္။
” အကိုၿငိမ္းေမာင္ေရ ဒီမွာ ဘယ္သူေတြပါလဲ ထြက္ၾကည့္ပါဦးဗ် ”
” ဟာ သူႀကီး သူႀကီး က်ေနာ္တို႔႐ြာလာတယ္လား ဒါေၾကာင္အခုရက္ေတြ ေနသာေနတာကိုး ႂကြပါ ႂကြပါ မေဌးေရ တို႔ဆယ္ခိုင္သူႀကီး လာတယ္ေဟ့ လက္ဖက္ရည္ဗန္းလာခ်ေပးဦး ”
” လာပါၿပီရွင္ ၿခံထဲကို ေက်ာ္ထြန္းအသံဝင္လာကတည္းက ဧည့္သည္ပါလာၿပီဆိုတာ သိပါ့ေတာ္ ဟယ္ ဒါေလးက ဘယ္သူေလးလဲ ခ်စ္စရာေလး ”
” အဲ့ဒါ တို႔ဆယ္ခိုင္သူႀကီးရဲ႕ေျမးေလးေလ မေဌးရ ”
” ေၾသာ္ မၾကည္ျပာသားေလးေတာင္ ဒီအ႐ြယ္ေရာက္ေနမွကိုး သား ဘာစားမလဲ ဒီအခ်ိန္မုံ႔ဟင္းခါးရေသးတယ္ စားမလား ႀကီးႀကီးသြားဝယ္ေပးမယ္ေလ ”
” ရပါတယ္ ႀကီးႀကီးရဲ႕ က်ေနာ္က အိမ္ကေန ေဒၚေလးပန္းဝါေကြၽးတဲ့ထမင္း စားလာၿပီးၿပီ ”
သူရိယေအာင္ေမာင္းအဖြဲ႕ဝင္ ကိုၿငိမ္းေမာင္တစ္ေယာက္ သူအုပ္ခ်ဳပ္ေနရတဲ့လက္ပံစု႐ြာကို ဆယ္ခိုင္သူႀကီးေရာက္လာတာမို႔ ဘာလုပ္လုပ္ ဘာကိုင္ကိုင္ ျပာျပာသလဲျဖစ္ေနခဲ့တယ္။ စည္းကမ္းႀကီးလြန္းတဲ့ဆရာျဖစ္သူကို သူပညာသင္ခ်ိန္ကတည္းက ခ်စ္ေၾကာက္႐ိုေသခဲ့ရတာပါ။
” ဒါက ဒီႏွစ္ကရတဲ့ ႐ြာ့ရံပုံေငြစာရင္းပါ ဒါက သာေရးနာေရးေတြမွာ သုံးတဲ့ထြက္ေငြပါ သူႀကီး မေဌး ေန႔လည္စာ ဘာဟင္းခ်က္ထားလဲ ”
” ေဟာ့္ေတာ္ ေတာ္ဘာျဖစ္ေနတာလဲ က်မအလုပ္က်မသိပါတယ္ ေတာ္လုပ္စရာရွိတာလုပ္ ”
” ငါ ငါ သူႀကီးကိုေၾကာက္ ေၾကာက္လို႔ဟ လာမယ္လို႔မွမထင္ထားတာ ”
” ကဲ့….အဲ့တာဆိုလဲ ေတာ္ မီးဖိုေခ်ာင္ဝင္ က်မ သူႀကီးနဲ႔ စကားသြားေျပာေနမယ္ ”
” မေဌးကလဲ ငါခ်က္ရင္ အရသာေတြပ်က္ကုန္မွာေပါ့ နင္မသိတာလဲမဟုတ္ဘူး ”
မေဌးလဲ မီးဖိုခန္းထဲ အေၾကာင္းမရွိအေၾကာင္းရွာလာထိုင္ေနတဲ့ေယာက္်ားလုပ္သူရဲ႕ဗိုက္ေခါက္ကိုလိမ္ဆြဲၿပီး ႏွစ္ေယာက္သား အသံတိုးတိုးနဲ႔စကားမ်ားေနခ်ိန္ အိမ္ေရွ႕ခန္းကေန….
” ေမာင္ၿငိမ္းေမာင္ေရ လာဦးေဟ့ ”
” ေဟာ ေခၚေနၿပီ ေတာ္သြားလိုက္ေတာ့ ”
” ဗ် ဗ်ာ သ သူႀကီး ထ ထမင္းစားေတာ့မလို႔လား ”
” ဒီစာရင္းက မကိုက္ဘူးပါလား ၿငိမ္းေမာင္ လာၾကည့္စမ္းပါဦး ”
” ဟုတ္ကဲ့ ေၾသာ္…ဒါက မႏွစ္ကစာရင္းေလ သူႀကီးရဲ႕ မႏွစ္က မိုးနည္းတယ္ ဒီႏွစ္က်ေတာ့ ေရျမဳပ္တယ္ ဘဝေတြကလည္း မလြယ္ပါဘူးဗ်ာ ”
” ငါ့႐ြာေတြမွာ ႀကီးႀကီးမားမား ဘာေတြျဖစ္ေနလဲ အကုန္သိပါတယ္ ၿငိမ္းေမာင္ရယ္ အခုလာတယ္ဆိုတာလဲ ဆူရေအာင္လာတာမဟုတ္ပါဘူး ၿပီးေတာ့ ငါ့ေျမးကလဲ ေဒါသထြက္တာမႀကိဳက္ဘူး ”
တစ္ႏွစ္တစ္ခါေျပာင္းလဲကိုၿငိမ္းေမာင္လဲ ဒီေတာ့မွ `ဟူး´ကနဲသက္ျပင္းခ်ရင္း သိန္းေခါင္ေလးကိုၿပဳံးျပလိုက္တဲ့အခ်ိန္…
” ဦးေလးတို႔႐ြာက ဘယ္လိုျဖစ္တာလဲ မိုးနည္းလိုက္ ေရႀကီးလိုက္နဲ႔
” မသိေတာ့ပါဘူးသားရယ္ ဦးေလးသိသေလာက္ေတာ့ လယ္သမားေတြလဲ ဝီရိယထားထြန္တယ္ စနစ္တက်လဲ စိုက္ၾကတယ္ ဝါဝင္ဝါထြက္လဲ ႐ိုးရာတင္ေပးတာပဲ ”
” ကိုၿငိမ္းေမာင္ေရ ဗ်ိဳ႕ ကိုၿငိမ္းေမာင္ ”
သုံးေယာက္သားစကားေျပာေနတုန္း ၿခံဝကေနေခၚသံၾကားလို႔လွမ္းၾကည့္လိုက္ေတာ့ တစ္ကိုယ္လုံးေသြးေတြေပေနတဲ့လူတစ္ေယာက္…
” ဟာ ကိုစိုး ကိုစိုးမဟုတ္လား ဘယ္လိုျဖစ္လာတာလဲ ​လာ လာ ဝင္လာခဲ့ေလ မေဌးေရ ေဆးေသတၱာယူခဲ့ပါဦး ”
ဒဏ္ရာေတြဗလပြနဲ႔လူလဲ ၿခံထဲဝင္ဖို႔အလုပ္ မျမင္ရတဲ့လႈိင္းတစ္ခုကတြန္းကန္ထားတာမို႔ ဝင္မရပဲ ၿခံဝမွာတင္ လဲက်သြားခဲ့တယ္။ ဒီအျဖစ္အပ်က္ကိုျမင္လိုက္တဲ့ဦးေအာင္ေမာင္းလဲ ေဘးမွာထိုင္ေနတဲ့ေျမးျဖစ္သူကို လွမ္းၾကည့္လိုက္ေတာ့ သိန္းေခါင္က မသိမသာေခါင္းညိမ့္ျပခဲ့တယ္။
” ၿငိမ္းေမာင္နဲ႔ေက်ာ္ထြန္း ဘာေငးေနတာလဲ သြားေခၚေလ ”
” ဗ်ာ ဟုတ္ ဟုတ္ ”
မ်က္စိတစ္မွိတ္အတြင္း အျမင္ေတြအေမွာင္က်သြားတဲ့ ကိုၿငိမ္းေမာင္လဲ ဦးေအာင္ေမာင္းအသံၾကားမွ သတိဝင္ၿပီး ျပာျပာသလဲနဲ႔ တပည့္ျဖစ္သူကိုလက္ကုပ္ကာ လဲက်ေနတဲ့သူဆီေျပးသြားလိုက္တယ္။
” ရွားရွားပါးပါး သမန္းမိေက်ာင္းက ဒီမွာ ဘယ္လိုလုပ္ရွိေနရတာလဲ ”
” ဘာႀကီး သမန္းမိေက်ာင္းဟုတ္လား ေျမး ”
” ဟုတ္တယ္ ေျမေပၚမွာဆို လူလိုေနႏိုင္ၿပီး ေရထဲမွာဆို သာမန္မိေက်ာင္းလို ေနႏိုင္တဲ့သတၱဝါ ၾကည့္ရတာ အခုအကိုက္ခံရတဲ့လူက တံငါသည္ျဖစ္မယ္ ”
သတိေမ့တဲ့လူနာကို ဝိုင္းဝန္းျပဳစုၾကေပမဲ့ ေသြးထြက္လြန္ေနၿပီမို႔ ေတာ္ေတာ္နဲ႔သတိလည္မလာေတာ့….အဲ့ဒါေၾကာင့္ ဦးေအာင္ေမာင္းလဲ ကိုယ္နဲ႔မကြာအၿမဲယူလာတဲ့ဂမုန္းျမစ္ေလးကိုထုတ္ၿပီး ေရစိမ္ကာ လူနာကိုတိုက္လိုက္တယ္။
” အမေလး မိေက်ာင္းႀကီး မိေက်ာင္းႀကီး ေခ်ာင္း႐ိုးထဲ ဘယ္သူမွမသြားနဲ႔ မသြားၾကနဲ႔ ”
” ေဟာ သတိရလာၿပီ စြမ္းလိုက္တဲ့ေဆးပါလား သူႀကီး ”
” ကိုစိုး ကိုစိုး သတိထားစမ္း ခင္ဗ်ား ဘာျဖစ္လာတာလဲ ”
” ၿငိမ္း ၿငိမ္းေမာင္ ကယ္ပါဦး ငါ့ဘဲေတြ ငါ့ဘဲေတြ ကုန္ၿပီ ”
လူနာက သတိရလာကာမွ ထိန္းမႏိုင္သိမ္းမႏိုင္ေၾကာက္လန္႔ေနတာမို႔ ၿငိမ္းေမာင္နဲ႔ေက်ာ္ထြန္းလဲ အတင္းခ်ဳပ္ထားၿပီး
” သတိထားစမ္းပါဦး ကိုစိုးရယ္ ခင္ဗ်ားဘာျဖစ္လာတာလဲ ”
ကိုၿငိမ္းေမာင္တို႔ေမးကာမွ ကိုစိုးရဲ႕မ်က္လုံးေတြလဲ ခ်က္ခ်င္းနီရဲလာၿပီး ဗလုံးဗေထြးအသံႀကီးနဲ႔ ..
” ငါ့ဟာငါ ဗိုက္ဆာလို႔ အစာရွာစားေနတာေလ ငါ့ကို႐ိုက္သလို မင္းအသက္ကိုလဲ ငါယူမယ္ ဟင္း ဟင္း ဟင္း ”
” ဘာျဖစ္တာလဲ သရဲပူးတာလား ”
” က်ေနာ္လဲ ဘယ္သိမလဲ အကိုၿငိမ္းရဲ႕ သူႀကီး ကယ္ပါဦး ”
ေက်ာ္ထြန္းရဲ႕အကူအညီေတာင္းသံကိုၾကားေတာ့ ဦးေအာင္ေမာင္းလဲ ​ေျခမကိုင္မိလက္မကိုင္မိျဖစ္ၿပီး ဘယ္လိုလုပ္ရမလဲဆိုတဲ့အၾကည့္နဲ႔ ေျမးျဖစ္သူကိုၾကည့္လိုက္တယ္။
ဒီတစ္ခါေတာ့ သိန္းေခါင္က ဦးေအာင္ေမာင္းရဲ႕အသံကိုမငွားေတာ့ပဲ ကိုယ္တိုင္ေရွ႕တိုးလာၿပီး ဝင္ပူးေနတဲ့လူကို​
” မင္း ကိုယ့္ဘာသာကိုယ္ျပန္မလား အဖမ္းခံမလား ”
လို႔ေျပာလိုက္တယ္။
” အား အမေလး ေၾကာက္ပါတယ္ ေၾကာက္ပါတယ္ ျပန္ ျပန္ပါ့မယ္ ”
ကိုစိုးကအသံနက္ႀကီးနဲ႔ေျပာၿပီး ေပ်ာ့ေခြသြားတဲ့အခ်ိန္ သိန္းေခါင္လဲ တိုက္ဖို႔က်န္ေနတဲ့ ေဆးရည္တစ္ခ်ိဳ႕ကို ပါးစပ္ထဲေလာင္းထည့္ေပးလိုက္တယ္။ သိန္းေခါင္လုပ္သမွ် ပါးစပ္အေဟာင္းသားနဲ႔ၾကည့္ေနတဲ့ ၿငိမ္းေမာင္တို႔သုံးေယာက္လဲ ေက်ာက္႐ုပ္ေတြလို ၿငိမ္သက္ေနၾကတယ္။
” အံ့ၾသမေနၾကနဲ႔ ငါ့ေျမးက ေ႐ႊကိုင္းမွာဆို ဆရာေတာ္ဆီအၿမဲသြားၿပီး ဓမၼစာေပေတြသြားသင္ေနက် ဒါမ်ိဳးေတြနည္းနည္းပါးပါး လုပ္တတ္တယ္ ”
” အံ့ၾသစရာႀကီးပါလား သူႀကီးရယ္ မသိရင္ အထက္လမ္းဆရာႀကီးတစ္ေယာက္လိုပဲ ”
” ဟုတ္ပ ကိုၿငိမ္းရယ္ သူႀကီးေျမးက သူႀကီးလိုပဲ ထက္ျမတ္လိုက္တာ”
ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းတဲ့အျဖစ္မို႔ သိန္းေခါင္လဲ ထြက္ေျပးသြားတဲ့ သမန္းမိေက်ာင္းေနာက္ကိုမလိုက္ေတာ့ပဲ က်န္ခဲ့တဲ့လူနာကိုပဲ ေဆးဆက္ကုေပးလိုက္တယ္။
” ဦးေလးၿငိမ္းေမာင္ ”
” ေျပာေလ သား ”
” ဒီကိစၥကို ႐ြာထဲကလူေတြမသိေအာင္လုပ္ေပးပါလား ေတာ္ၾကာေၾကာက္လန္႔ကုန္ၿပီး မီးေမ်ာပြဲပ်က္သြားပါဦးမယ္ ”
” ၾကားလား ငေက်ာ္ ကေလးေတာင္သိတယ္ မင္းလိုက္ေျပာၿပီးၿပီမဟုတ္လား ”
” က်ေနာ္အိမ္ေတာင္မျပန္ရေသးပါဘူး ကိုၿငိမ္းရယ္ စိတ္ခ်ပါ အေမေတာင္မသိေစရပါဘူး ”
” ဒါနဲ႔ ေယာက်္ား ဘဲဥကိုစိုး ဒဏ္ရာေတြနဲ႔ ဒီေရာက္ေအာင္လာႏိုင္တာ အံၾသစရာပဲ က်မဘယ္လိုမွစဥ္းစားလို႔မရဘူး ”
မေဌးစကားကိုၾကားေတာ့ သိန္းေခါင္ကမသိခ်င္ေယာင္ေဆာင္ေနၿပီး အဖိုးျဖစ္သူကိုလက္ကုပ္ကာ ေမးေငါ့ျပလိုက္တယ္။
” အင္း ဒါကဒီလိုရွိတယ္ သမီးမေဌးရဲ႕ ေမာင္စိုးက ေတာ္႐ုံသတၱိနည္းတဲ့လူမဟုတ္တာ အားလုံးအသိပဲေလ ဟိုသတၱဝါနဲ႔ သူအခ်ိန္ေတာ္ေတာ္ၾကာၾကာ တိုက္ခိုက္ေသးတယ္ထင္တယ္ ”
” ဟုတ္ေလာက္တယ္ အစ္မမေဌးရဲ႕ ကိုစိုးကိုၾကည့္လိုက္ပါလား သြားရာေတြနဲ႔ ”
” အဟမ္း ”
ကိုၿငိမ္းေမာင္ရဲ႕ မသိမသာေခ်ာင္းဟန္႔သံကိုၾကားေတာ့ စကားျဖတ္ေျပာမိတဲ့ေက်ာ္ထြန္းလဲ ဇက္ကေလးပုကာ ၿငိမ္ေနလိုက္ရတယ္။
” ေနာက္ေတာ့ ဟိုသတၱဝါက သူ႔မွာရွိတဲ့ေမွာ္အစြမ္းတစ္ခုခုနဲ႔လုပ္လိုက္ပါလိမ့္မယ္ အဲ့ဒါေၾကာင့္ ေမာင္စိုးက နဂိုအသိစိတ္ကတစ္ဝက္ မေကာင္းဆိုးဝါးအေငြ႕အသက္ကတစ္ဝက္နဲ႔ အားတင္းၿပီး ေရာက္လာတာေနမွာေပါ့ ”
ဦးေအာင္ေမာင္းရွင္းျပလိုက္မွ အားလုံးကလဲေခါင္းတညိမ့္ညိမ့္နဲ႔နားေထာင္ၿပီး သေဘာေပါက္သြားခဲ့တယ္။ တကယ္ေတာ့ ဆယ္ခိုင္သူႀကီးလဲ သိန္းေခါင္ေျပာျပထားလို႔သာ ဒီလို​ျပန္ေျပာႏိုင္ခဲ့တာပါ။
” ေအာက္အရပ္၌ရွိေသာ ထက္ဝန္းက်င္ အနႏၲစၾကၤဝဠာ အပါယ္ဘုံသား အနႏၲသတၱဝါတို႔ ေဘးရန္ခပ္သိမ္းၿငိမ္းၾကပါေစ….ေဒါသခပ္သိမ္းၿငိမ္းၾကပါေစ…ဆင္းရဲခပ္သိမ္းၿငိမ္းၾကပါေစ….ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစ…..”
ကေန႔ သီတင္းကြၽတ္လျပည့္ေန႔ျဖစ္တာမို႔ ဦးေအာင္ေမာင္းလဲ တပည့္ျဖစ္သူအိမ္မွာပဲ ဘုရားဝတ္တက္သပုတီးစိပ္လိုက္တယ္။ ေမတၱာသုတ္ေတာ္လာ ေမတၱာပြားနည္းတစ္ဆယ့္တစ္မ်ိဳးအဆုံး သူအာ႐ုံထဲမွာ ေျမးျဖစ္သူက မူလပုံသ႑ာန္နဲ႔ေပၚလာၿပီး ေခ်ာင္း႐ိုးဘက္လိုက္ခဲ့ဖို႔ လက္ညိဳးထိုးျပခဲ့တယ္။
အမွ်ေဝဘုရားဦးခ်ၿပီးအျပင္သြားဖို႔ျပင္ေနတဲ့ ဦးေအာင္ေမာင္းကို ကိုၿငိမ္းေမာင္ကျမင္ေတာ့
” သူႀကီး ဘယ္သြားမလို႔လဲ က်ေနာ္လိုက္ပို႔ေပးမယ္ေလ ”
” ေၾသာ္ ၿငိမ္းေမာင္ ငါေခ်ာင္း႐ိုးဘက္သြားမလို႔ မင္းလိုက္ဦးမလား ”
” ဗ်ာ ဟို ဟို အေကာင္ ”
” ဟုတ္တယ္ ငါ့ေျမးနဲ႔ ေက်ာ္ထြန္းေတာင္သြားႏွင့္ၿပီ ထူးထူးဆန္းဆန္းေတြျမင္ခ်င္ရင္ ဟိုက်သိမွာေပါ့ ”
” အာ ဒါမ်ိဳးေတာ့လက္လြတ္ခံမလား လိုက္မယ္ မေဌးေရ ငါတို႔ ႐ြာထဲသြားဦးမယ္ေဟ့ ”
ကိုၿငိမ္းေမာင္​က လွမ္း​ေအာ္လိုက္ေတာ့ အိမ္ေနာက္မွာ ဝက္စာေကြၽးေနတဲ့မေဌးက
” ကိုၿငိမ္း ေတာ္ျပန္လာရင္ မလွတို႔အိမ္က ပဲသီးေလးဝင္ယူခဲ့ဦး က်မမွာထားတာ ေတာ့္သားက စားခ်င္တယ္ဆိုလို႔ ”
” ေအး ေအး ”
ေခ်ာင္း႐ိုးကိုျဖတ္တိုက္လာတဲ့ေလက ေက်ာ္ထြန္းကိုေက်ာခ်မ္းေစေပမဲ့ မိမိေမြးမွသားေလာက္ရွိတဲ့ကေလးကေရွ႕ကေနသြားေနေတာ့လဲ သူ႔မွာဟန္မျပတ္လိုက္ေနရတယ္။
” ေရာက္ၿပီသား ေရွ႕က ဘဲတဲစုက ကိုစိုးအပိုင္ပဲ တကယ့္လူ ထႏိုင္တာနဲ႔အိမ္ျပန္သြားတာ ဦးေလးသာဆိုေၾကာက္ေနတာနဲ႔ ျပန္လာရဲမွာေတာင္မဟုတ္ဘူး ”
” ဦးေလးထြန္း သူ႔ကိုအားမက်ဘူးလား တစ္နယ္တစ္ေက်းကလာတယ္ ႐ိုး႐ိုးသားသားနဲ႔ အလုပ္ႀကိဳးစားတယ္ အဲ့လိုလူမ်ိဳးဆို က်ေနာ္က သိပ္သေဘာက်တာဗ် ”
” ေအးပါ သားရယ္ ဦးေလး သေဘာေပါက္ပါတယ္ အသိပညာေတြေပးလို႔ ေက်းဇူးလဲ တင္ပါတယ္ကြာ ”
ဘဲတဲစုကိုေရာက္ေတာ့ ကိုစိုးကထြက္ႀကိဳၿပီး အခင္းျဖစ္ခဲ့တဲ့ေနရာကို ေထာ့နင္းေထာ့နင္းနဲ႔လိုက္ပို႔ခဲ့တယ္။
” အဲ့ေနရာပဲ ငေက်ာ္ေရ ဒီေကာင္အစေပၚလာေတာ့ လူေခါင္းဟ ငါနဲ႔လဲတိုက္ေရာ သူ႔မွာမိေက်ာင္းအျမႇီးႀကီးနဲ႔ဟ ”
” ခင္ဗ်ား ေတာ္ေတာ္သတၱိေကာင္းတာပဲ ကိုစိုးရာ ”
” ဟေကာင္ရ အဲ့လိုေတာ့လဲ ဘယ္ဟုတ္မလဲ ဒင္းကိုအစက သူခိုးမွတ္ၿပီး ငါ့ပစၥည္းထိလို႔ တပ္နဲ႔တြယ္ပစ္လိုက္မိတာေလ ”
” ေဟ့ ေမာင္စိုး ဘယ္လိုလဲကြ သက္သာရဲ႕လား ”
” ဟာ သူႀကီးနဲ႔ ကိုၿငိမ္းပါလာ လာဗ်ာ ဒီေနရာပဲ ေရွ႕နားေလးမွာသူေပၚလာတာ ”
သူတို႔စကားေျပာေနတုန္း သိန္းေခါင္က ေခ်ာင္းကမ္းပါးထိပ္မွာမတ္တပ္သြားရပ္ၿပီး ေရထဲကိုစိုက္ၾကည့္ေနတာမလို႔ ဦးေအာင္ေမာင္းလဲ အားလုံးကိုတိတ္တိတ္ေနဖို႔အခ်က္ျပၿပီး ေျမးျဖစ္သူအေနာက္မွာသြားရပ္ေနလိုက္တယ္။
” ေျဗာ… ေျဗာ..!!!ဘြမ္း.. ဘြမ္း…ဝုန္း …!!”
သိပ္မၾကာလိုက္ သူတို႔ရပ္ေနတဲ့ကမ္းပါးထိပ္ရဲ႕ ညာဘက္စူးစူးကေန ေရပြက္ေတြထလာၿပီး ေခ်ာင္း႐ိုးတစ္ခုလုံး လႈိင္းေတြထလာခဲ့တယ္။ ထူးဆန္းတာက သမန္းမိေက်ာင္းေကာင္ဟာ ေရေပၚကိုေပၚမလာပဲ တစ္ေကာင္ေကာင္ကလိုက္လို႔ ထြက္ေျပးေနတဲ့ဟန္ျဖစ္ေနတာပါ။
” ေျဖာင္း !!! ”
” ဟာ ေပၚလာၿပီ တစ္ေကာင္ေတာင္မဟုတ္ဘူး ႏွစ္ေကာင္ဟ ”
” ဗြမ္း ဗြမ္း ဗြမ္း ”
” ဘယ္ေျပးမလို႔လဲ သင္ ေသဖို႔သာျပင္ ငသစ္တုံး ”
မိေက်ာင္းႀကီးႏွစ္ေကာင္အေသအလဲတိုက္ခိုက္ေနၾကပုံက ျမင္သူတိုင္းကို အသဲတစ္ယားယားျဖစ္ေနခဲ့ပါတယ္။ သူတို႔တိုက္ခိုက္ေနခ်ိန္ အနက္ေရာင္အေကာင္ႀကီးက လူပုံစံေျပာင္းၿပီး ေရတိမ္ဘက္ထြက္ေျပးသြားတာမို႔ ႐ႊံ႕ဝါေရာင္အေကာင္ႀကီးကလဲ လူပုံစံလိုက္ေျပာင္းကာ ထပ္ၾကပ္မကြာလိုက္ပါသြားခဲ့တယ္။
” ေၾကာက္ပါၿပီ နတ္ဦးရွင္ရဲ႕ ေက်းကြၽန္ေတာ္မ်ိဳးကို ခြင့္လႊတ္ေပးပါ နတ္ဦးရွင္ နတ္ဦးရွင္ ဘယ္မွာလဲ ”
သူတို႔ခ်င္းတိုက္ခိုက္ရင္းေျပာဆိုေနတာကိုၾကားေနရတဲ့သိန္းေခါင္တစ္ေယာက္ နတ္ဦးရွင္ကို လိုက္ရွာၾကည့္ေတာ့ လူေတြရပ္ေနတဲ့ေနရာရဲ႕မလွမ္းမကမ္းမွာ မိေက်ာင္းတစ္ေကာင္ကိုစီးၿပီးရပ္ၾကည့္ေနတာေတြ႕လိုက္ရတယ္။
” အဖိုးတို႔ ဟိုးမွာၾကည့္ပါဦး ဘယ္သူလဲလို႔ ”
သိန္းေခါင္က တစ္ေနရာကိုလက္ညိဳးထိုးျပေတာ့ ကိုၿငိမ္းေမာင္အပါအဝင္ရွိေနတဲ့လူေတြလည္း လွမ္းၾကည့္လိုက္ၾကတယ္။
” ဟင္ ”
” ဟာ အဲ့ အဲ့ အဲ့တာ ဦးရွင္ႀကီးနတ္ပဲ ”
” ဟုတ္တယ္ေလ ဦးေလးစိုးရဲ႕ ဦးေလးဘဲေတြကိုကိုက္တာ သူ႔ရဲ႕လက္ေအာက္ငယ္သား ငသစ္တုံးဆိုတဲ့သမန္းမိေက်ာင္း၊ အခုဆုံးမေနတာက ဖိုးဝါႀကီးဆိုတဲ့နတ္မိ​ေက်ာင္းေပါ့ ”
” တစ္ခါမွေတာင္မၾကားဖူးဘူးသားရယ္ ေနပါဦး အဲ့ဟိုဘာတဲ့ ေၾသာ္ ငသစ္တုံးက ဘယ္ကေနေရာက္လာတာလဲ ”
” စစ္ေတာင္းျမစ္ေရႀကီးတုန္းက ေခ်ာင္းေရနဲ႔ဆက္သြားတဲ့အခ်ိန္ ေျခစၾကၤာျဖန္႔ေနတဲ့ငနဲသားက လမ္းမွားၿပီးဝင္လာတာျဖစ္မွာေပါ့ ဦးေလးရဲ႕ ရၿပီ ေခ်ာင္းေရကို ခ်ိဳးလိုကခ်ိဳး ေသာက္လိုကေသာက္ၾကေပေတာ့ ”
ကိစၥဝိစၥေတြၿပီးသြားေတာ့ ေရျပင္ကအရင္အတိုင္းညိမ့္ညိမ့္ေလးစီးဆင္းေနသလို ကိုစိုးကလဲ သူ႔ဘဲၿခံကိုဖြင့္ေပးလိုက္တယ္။ ကိုၿငိမ္းေမာင္တို႔အိမ္ျပန္ခါနီးေတာ့ အတင္းတားေနတဲ့ၾကားက ဘဲဥေတြကို သူကိုယ္တိုင္ေတာင္းနဲ႔ထမ္းၿပီး လိုက္ပို႔ေပးခဲ့တယ္။ သိန္းေခါင္စားဖို႔တဲ့။
ညေရာက္ေတာ့ လက္ပံစု႐ြာရဲ႕ေက်ာက္ႀကီးေခ်ာင္း႐ိုးေလးထဲ မီးၾကာခြက္ေလးေတြစီရရီနဲ႔ အလွႀကီးလွေနခဲ့တယ္။ တစ္ႏွစ္တစ္ႀကိမ္သာႏႊဲရတဲ့ပြဲေပမို႔ အားလုံးရဲ႕မ်က္နာမွာလည္း အၿပဳံးပန္းေတြေဝေနၾကပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~>>>ဆက္ရန္
ဝါလကင္းလြတ္သီတင္းကြၽတ္အခါသမယမွာ
ခ်မ္းေျမ့သာယာရွိၾကပါေစ ….
မုံ႔ဖိုးေမွ်ာ္ေနတဲ့
ေမာင္လူလွ – ကညင္ေျမ

Leave a Reply

Your email address will not be published. Required fields are marked *