သရဲကြီး မြဒင်

သရဲကြီး မြဒင်(စ/ဆုံး)

———————–

“မြဒင်ရေ.. နောက်ကျနေပီ သွားကျရအောင်လေကွာ.။
ဟိုမှာက ငါတို့ ပါမှ ပွဲစည်မှာ မဟုတ်လားဟ”

“လာပါပီ . မောင်သန်းရာ .နင့်ဟာက လောရန်ကော”

“ငါ ဒီလောက် လောမှ မင်းက အချိန်မှီမှာလေကွာ”

“အေး ..အေး လာ သွားကျမယ်.”

မြဒင် နဲ့ မောင်သန်း ဆိုတာ ငယ်ပေါင်းကြီးပေါ် .
မြဒင်က တစ်ကောင်ကြွက် မိဘနှစ်ပါးလုံး မရှိကြတော့. မြဒင် ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ အဖေက လှေမှောက်၍ ဆုံးသွားပြီး
အမေက မြဒင် ငါးလ အရွယ်မှာ မိန်းမရောဂါဖြင့် ဆုံးရှာသည် ။
မောင်သန်း၏ မိခင် နို့ကို အတူတူ စို့၍ ကြီးပြင်းခဲ့ကြသူများမို့ ညီအကို အရင်းထက် ပိုချစ်ကြသည် .
ဘယ်သွားသွား ဘာလုပ်လုပ် အတူတူပင် သွားတတ် လုပ်တတ်ကြသည်။

ယခုလဲ တစ်ဖက်ရွာ အလှူသွားဖို့ လောနေခြင်း ဖြစ်သည်…

“မြဒင်ရေ. ဟိုမှာ အေးမိ ရောက်နှင့်နေရင် ကောင်းမယ်နော်.ဟီးဟီး”

“လုပ်ပြီ .. မင်းကတော့လေ..”

နှစ်ယောက်သား စကားပြောရင်း လှော်လာပြီး
ရေလယ်ကောင် အရောက်
အပျော်လွန်၍ ပုတ်ခက် ရယ်မောနေရင်း
မောင်သန်းကို မြဒင်က တွန်းလိုက်သလို ဖြစ်သွားပြီး မောင်သန်း ရေထဲသို့ ပြုတ်ကျသွားသည်…

“​ဗြမ္​း ”

“ဟာ .မောင်သန်း လက်ပေး လက်ပေး မြန်မြန်

“မြဒင် ငါ့ .ငါ့ကို ကယ်ပါဦး ဖလူး..ဖလူး
ငါ..ငါ.ရေမကူးတတ်..ဘူး.အ့”

နှစ်ယောက်လုံးက ရေမကူးတတ်ကျ.

“မောင်သန်း မကြောက်နဲ့ ငါ့လက်ကို လှမ်းဆွဲလိုက် .မြန်မြန်”

မြဒင် လှေပေါ် အလျှားထိုးပြီး မောင်သန်းကို ဆွဲတင်ဖို့ လက်ကမ်းပေးလိုက်သည်…
မိပီ မောင်သန်း မြဒင် လက်ကိုအားနဲ့ ဆွဲပြီး
လှေပေါ် ပြန်တက်ရာ မြဒင်ကို တဖန် ဆွဲချလိုက်သလို ဖြစ်သွားပြီး မြဒင် ရေထဲသို့ ပြုတ်ကျသွားပြန်သည်.
မောင်သန်းက လှေပေါရောက်တော့ အကြောက်လွန်ပြီး မေ့မျောသွားရာ မြဒင် ဘာဖြစ်နေသည်ကို မသိတော့ပေ…

“မောင်သန်း…မောင် သန်း ငါ့ ငါ့ကို ကယ်ပါဦးကွာ..
ငါ .ငါ.. ဖလူး.ဖလူး ”

အော်ရင်း ဟစ်ရင်း မြဒင် ရေထဲသို့ မြုပ်သွားလေတော့သည်…….။

# # # # # # # # # # # # # # # # # # #

“ဟင်းး ဟင်းး ”

“ဟော့. မောင်သန်း သတိရလာပီလား သားလေး
အမေ့သားလေးရယ် မသေကောင်း မပျောက်ကောင်းကွယ် ”

မောင်သန်း သတိရလာတော့ အိမ်ပြန်ရောက်နေပြီ
ဘေးဘီး လူအုပ်ကြားထဲကို ဝဲ ကြည့်လိုက်တော့.
မြဒင်ကို မတွေ့ရ

“အမေ .အမေ.မြဒင်ကော .မြဒင်ကော ဟင်”

မောင်သန်း ပျာပျာသလဲ မေးလိုက်သည်.
ဘယ်သူမှ မဖြေ ခေါင်းများ အောက်သို့ စိုက်ကြလျက်

“အမေ့ မြဒင်ကောလို့ ကျွန်တော် မေးနေတယ်လေဗျာ.မြဒင်ကော.ဟင်”

“သား စိတ်ကို အေးအေးထားပါကွယ် သား သူငယ်ချင်း မောင်မြဒင်. ရေနစ်လို့ ဆုံးရှာပြီ ကွဲ့. .”

အမေက ပြောလဲပြော ငိုလဲ ငိုရင်း မောင်သန်းကို ဖက်၍ နှစ်သိမ့်ပေးရှာသည်.

“ဖြစ်မှ ဖြစ်ရလေ. မြဒင်ရာ..” ..
# # # # # # # # # # # #

“ဘာလိုလိုနဲ့ မြဒင်တောင် မနက်ဖြန်ဆို ရက်လည်သွားပီပဲ
ကောင်းရာဘုံ ရောက်ပါစေ သူငယ်ချင်းရယ်..”

” ဟင့် ..ဟင့်..ဟီးဟီးဟီး. မောင်သန်း မင်းလုပ်ရက်လိုက်တာကွာ…ဟီးဟီး .
မင့်ကျတော့ ငါ ကယ်ရတယ် ငါ့ အလှည့်ကျ မင်း မကယ်ခဲ့ဘူး ဒါလား သူငယ်ချင်းကောင်း ဟီးဟီးဟီး ”

အသံလာရာကို ကြည့်လိုက်တော့ ရေတွေ စိုရွဲနေသည့် လူရိပ် တခု

“ဟင်. မြဒင် .မင်းး မင်း ထင်သလို မဟုတ်ပါဘူးကွာ.
ငါ ..ငါ တကယ် မသိခဲ့တာပါ
လှေပေါ်ရောက်တော့ ငါ သတိလစ်သွားခဲ့တာပါ..
ငါ .ငါ.သိရင် မကယ်ပဲ နေပ့မလားကွာ. သူငယ်ချင်းရာ”

” ဟီးဟီးဟီး ဒါဆို.ဒါဆို.ငါ ငါ့ကို မင်းနဲ့ ဝေးရာကို မလွှတ်ပါနဲ့ကွာ. ငါ ..ငါ မင်းနဲ့ အတူနေပြီး
မင်းကို စောင့်ရှောက်ပါရစေ..နော်..”

“ဟာ..တကယ်လား သူငယ်ချင်း မင်း မင်း ငါနဲ့ တကယ် အတူတူနေမှာလား ဟင်”

မြဒင် မျက်ရည်ဝိုင်းပြီး ခေါင်းငြိမ့်ပြလိုက်သည်.။

“ဝမ်းသာလိုက်တာကွာ.. ဒါဆို မနက်ဖြန် ရက်လည်မှာ တရားနာလို့ အမျှပေးရင် မင်း သာဓုမခေါ်နဲ့ ငါတို့ အတူတူ အရင်လိုပဲ နေမယ်ကွာ.နော်.မြဒင်”

လုပ်သင့် မလုပ်သင့်သည်ကို မောင်သန်း မစဉ်းစားး.
မြဒင် သူ့အနားက ထွက်မသွားဖို့သာ အရေးကြီးသည်မဟုတ်လား ..။

နောက်တစ်နေ့…..

“သား ရေစက်ချရအောင် အိမ်ပေါ်တက်ခဲ့တော့လေ”

“လာပြီ အမေရေ. . . ”
မောင်သန်း အမေကို လှမ်းအော်ပြောရင်
မြဒင်ဘက် လှည့်၍ မျက်စိ မှိတ်ပြလိုက်သည်.
သာဓု မခေါ်နဲ့ဆိုသည့် သဘော….

သရဲမြဒင်ကလဲ သဘောပေါက်သလို ပုံစံလုပ်ပြလိုက်သည်.

ရက်လည်ပြီးသည်နှင့် မြဒင်ကို အိမ်နောက်ဖေးက သရက်ပင်ကြီးမှာ နေခိုင်းလိုက်ပြီး တနေ့ကို အသားစိမ်း ၅၀ သားကျွေး၏
မောင်သန်း သွားလေရာလဲ တကောက်ကောက်လိုက်ကာ ရန်ဖြစ်ရင်လဲ သူက ခြောက်လှန့်လွှတ်တတ်သည်
မောင်သန်းနဲ့ မြဒင် တူတူရှိနေတာကို ဘယ်သူ့ကိုမှ အသိမခံ.

အတိုင်အပေါက်ညီသော သူငယ်ချင်းနှစ်ယောက်ပါပေ…။

ဒီလိုနဲ့ လတွေ ကြာလာတော့ မောင်သန်းလဲ မိအေးဆိုသည့် မိန်းကလေးနှင့် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ပင် မွေးခဲ့ပြီ..

မောင်သန်းမှာ အလုပ်ကတဖက် သား.မယားက တဖက်ဖြင့် အရင်လို မြဒင်ကို ဂရုမစိုက်နိုင်တော့.

တညမှာ…

“ဒုန်း .ဝေါ..ရွှီးးး ဒုန်း .ဒုန်း .ဒုန်း ”

“ဟင် ကိုမောင်သန်း အိမ်နောက်ဖေးက
ဘာသံတွေလဲ ဘာဖြစ်တာလဲဟင် ”

“ဟီး ဟီးး ဟားးးးးး ဟားးအီးဟီးး”

မိအေး အလန့်တကြား မေးလိုက်သည်.

“ခဏလေး မိအေး ငါ သွားကြည့်လိုက်ဦးမယ်”

“သတိထားသွားနော် အကို”

မောင်သန်း ဓာတ်မီးဆွဲ၍ အိမ်အောက်ဆင်းပြီး
သစ်ပင်ဆီ သွားကြည့်လိုက်တော့
မျက်လုံးစိမ်းကြီးနဲ့ သူ့ကို စိုက်ကြည့်နေသော. မြဒင်.

“ဟင်. မြ .မြဒင် မင်းဘာဖစ်နေတာလဲ သူငယ်ချင်း
ဘာဖစ်နေတာလဲဟင်”

သရဲကောင်ကြီးက ဘာမှ မပြော .စိမ်းစိမ်းကြီးသာ စိုက်ကြည့်နေသည်..

မောင်သန်း ဇောချွေးတွေ ပြန်လာပြီ .
မကြောက်စဖူး မြဒင်ကို ကြောက်လာသည်.
သူ ပုံစံက စားတော့ ဝါးတော့မည့် ပုံ..

” ဒုန္​းး…ဟီးး ဟီးဟီးဟီးဟီးး ဟီးဟီးဟီး
ငါ ဗိုက်စာတယ်. ငါ စားမယ် .မင်းကို ငါ စားမယ်.ဟီးဟီးဟီး ”

ပြောရင်း လက်ကြီးဆန့်တန်း၍ မောင်သန်းဆီ လျှောက်လာပြီ..
မောင်သန်း ကြောက်ကြောက်နှင့် နောက်ဆုတ် နောက်ဆုတ်ရင်း ဖင်ထိုင်ရက် လဲ ကျသွားသည်.
သရဲ မြဒင်က မောင်သန်း အပေါ်မှ ခွလိုက်ပြီး လည်ပင်းညှစ်ကာ..

” ငါ့ကို အစားမကျွေးတာ ကြာပြီ ငါ ဗိုက်အရမ်းစာနေပြီ မင်းကို စားမယ်.ဟီးဟီးဟီး ”

“အ့ ..အ မြဒင် ငါ ငါ မင်းသူငယ်ချင်း မောင်သန်းလေကွာ. အ”

“သိတယ်. ဟီးဟီးဟီး ငါ သိတယ်
သိလို့လဲ စားမှာ ဟီးဟီးဟီး
ငါ့ကို ပစ်ထားတယ် .ငါနဲ့ပဲ နှစ်ယောက်ထဲ အတူတူ နေမယ်ဆိုတဲ့ ကတိကို ဖျတ်တယ် ဟီးဟီးဟီး.
မိန်းမ ယူတယ်.ကလေးယူတယ် .ငါ့ကိုတော့ မေ့ထားတယ် .ဟီးဟီးဟီး. ။

“မ မဟုတ်ပါဘူးကွာ.. မဟုတ်ပါဘူး .ငါ .ငါ မင်းကိုလဲ ဂရုစိုက်ပါတယ် ငါ အလုပ်တွေ များလာတော့ ပစ်ထားသလို ဖြစ်မိတာပါ .ငါတောင်းပန်ပါတယ်ကွာ”

“မရတော့ဘူး အခု မင်း ငါနဲ့ အတူလာနေတော့
မင်းကိုသတ်ပြီး ငါတို့အတူတူ နေရာတခုမှာ သွားနေကြမယ်.ဟီးဟီးဟီး ”
ပြောလဲပြော လည်ပင်းလဲ အတင်းညှစ်နေတော့
မောင်သန်း မျက်ဖြူစိုက်လေပြီ.

ထိုစဉ်..

” ဟိတ် ရပ်လိုက်စမ်း ”

အသံကြားရာ ကြည့်လိုက်တော့

တည်ကြည်ခန့်ညားပြီး သြဇာသံအပြည့်နဲ့
ရွာဦးကျောင်းက ဆရာတော်ကြီးပင်.

သရဲကောင်ကြီးလဲ မောင်သန်းကို လွှတ်ပေးလိုက်သည်
မောင်သန်းလဲ သရဲလက်က လွတ်လွတ်ခြင်း
ဆရာတော်ဆီ အပြေးသွားပြီး အကူညီတောင်းခံလိုက်သည်…

“ဆရာတော် .ကယ်ပါဦးဘုရား သူ သူတပည့်တော်ကို သတ်တော့မယ်ဘုရား ”

“စိတ်အေးအေးထားပါ ဒကာ
ဒါတွေဟာ ဒကာကြီး မောင်သန်း မလုပ်သင့်တဲ့အလုပ်ကို လုပ်မိလို့ ပြန်ရလာတဲ့ အကျိုးတွေပဲကွဲ့
သံယော်ဇဉ်ဆိုတာ သုံးဆယ့်တစ်ဘုံမှာ အပူလောင်ဆုံး မီးကွဲ့. .”

” တပည့်တော် သိပါပြီဘုရား .တပည့်တော် မှားခဲ့ပါတယ် ”

“အိမ်း သိပြီဆိုတော့ အခု ပြန်ပြင်ရမဲ့ အချိန်ပဲ ဒကာ.”

ဆရာတော်က မြဒင် သရဲဘက်လှည့်ပြီး

“ဒကာကြီး ဒီဘဝကြီးမှာ နေရတာ ပျော်ရဲ့လားကွဲ့”

“မပျော်ပါဘူး ဘုရား. ”

“အေး မပျော်ဘူးဆိုရင်လဲ မနက်ကျရင် ဆရာတော်
ဒကာကြီးကို မေတ္တာအမျှပေးပြီး ရေစက်ချပေးရင် ဒကာကြီး သာဓု ခေါ်နိုင်ပ့မလား ”

မြဒင်သရဲ မောင်သန်းကို ကြည့်ပြီး မျက်ရည်လည်လာသည်
သူ မောင်သန်းကို မခွဲနိုင်ပေ .

“ဒကာကြီးး.. သံယောဇဉ်ဆိုတာ ပူလောင်ပါတယ်
ဒကာကြီးနဲ့ မောင်သန်းဟာ လူ့ဘဝမှာ သူငယ်ချင်း ညီအကိုတွေ ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာ ဘဝခြားနေပြီလေ.
ပြီးတော့ ဒကာမောင်သန်းမှာကလဲ သားနဲ့မယားနဲ့ ဖြစ်နေပြီ ဒကာကြီး ”

“ဟုတ်ပါတယ် မြဒင်ရာ
မင်းကို ငါ အရမ်းချစ်ပေမဲ့ ဒီလိုဘဝကြီးကို မမြင်ရက်တော့ပါဘူးကွာ.. မင်း သာဓုခေါ်ပြီး ကျွတ်လွတ်ပါတော့ကွာ. ”

သရဲကြီး ခေါင်းငိုက်စိုက်ချလျှက် ဆရာတော်ကို ဦးတိုက်ကာ သဘောတူလိုက်တော့သည်။

မနက္​.
.
“ဒကာကြီး မောင်မြဒင် နှင့် မကျွတ်လွတ်သေးသော
မြင်အပ်မမြင်အပ် ပုဂ္ဂိုလ် များအား အမျှကုသိုလ်ပေးဝေပါကုန်၏ အမျှကုသိုလ်ရကြပြီး ကျွတ်တမ်း လွတ်တမ်း ဝင်ကြပါကုန်သတည်…..”

“သာဓု… သာဓု သာဓု ပါ ဘုရား…….”
.
.
.
#မနှင်းဖြူ