သာဓုခေါ်ခွင့်မရသူ

အကြွေး ( or ) သာဓုခေါ်ခွင့်မရသူ 💀 💀 💀
☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️
***************************************
wizard = ရေးသားသည်
☠️ ☠️ ☠️ ☠️ ☠️ ☠️
***************************************
” ကောင်းကင်မှာပဲနေနေ၊ သမုဒ္ဒအလယ်မှာပဲနေနေ၊ တောင်
ခေါင်းမှာပဲဝင်နေနေ ကြွေးရှိရင်ပေးဆပ်ရမှာပဲ၊ ဝဋ်ကြွေးရှိရင်
ဘယ်နေရာပဲရောက်ရောက် ပေးကိုပေးဆပ်ရလိမ့်မယ်
ဝဋ်ကြွေးအတွက်ရှောင်ရှားစရာနေရာ ကမ္ဘာလောကကြီးမှာမရှိဘူး”
(တယောဇနဝတ္ထု – တရားတော်)
**********************************
” ကိုအေးမောင် နှင့်တကွ အားလုံးသော သတ္တဝါ အပေါင်းတို့ ကြား
ကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့
သာဓု သာဓု သာဓု ”
အမျှသုံးကြိမ် ဝေပြီး အဆုံးမှာ စန်းစန်းတင် တစ်ယောက် ဘယ်လိုမှ
မထိန်းနိုင်တော့ပဲ ငိုချလိုက်ပါတော့၏။။
သူမငိုတာကို မြင်တော့ ဘေးမှာထိုင်နေတဲ့ (၈) နှစ်အရွယ်သားလေး
ကလည်း လိုက်ငိုပါတော့တယ်။
ဆွေမျိုးများနှင့်မောင်နှမ များက ချော့တော့မှ အငိုတိတ်သွား၏။
သို့သော် သောကမီးကမငြိမ်းနိုင်သေး။
တရုှတ်ရုှတ်ဖြစ်နေ၏။။
” စန်းစန်း ရယ် သံဃာတော်တွေလည်း ရှိနေသေးတယ် စိတ်ထိန်းအုန်းမှပေါ့ဟေ နင့်ရဲ့ ဆုံးရုှံးမုှ့ကို အစ်မ ကိုချင်းစာနိုင်ပါတယ်အေ
စိတ်ထိန်းနော် အင်း သင်္ခာရပေါ့အေ ဘယ်တတ်နိုင်ပါ့မလဲ”
စန်းစန်းတင် ရဲ့ အစ်မဖြစ်သူက နှစ်သိမ့်ပေးနေရှာ၏။
ဘေးနားက အဒေါ်ကြီးကလည်း
” အင်း ကြာလည်းမမေ့ ရှာလည်းမတွေ့ ငါတို့လဲ တစ်နေ့သေကြရမှာပဲ တရားနဲ့ဖြေပါတူမရယ် ” ဟုတရားပြနေ၏။
သို့ပါသော်လည်း
စန်းစန်းတင် ရဲ့နားထဲသို့ ဘယ်တရားမှမဝင်နိုင်ပါ။
သူမခင်ပွန်းအတွက် သူမရဲ့သောကမီးက ပိုလို့ပင်တောက်လောင်လာ
၏။။
************************************
ကိုအေးမောင် နှင့် စန်းစန်းတင် တို့မှာ အိမ်ထောင်သက်တမ်းကြာပြီ
ဖြစ်၍ သားတစ်ယောက်ပင် (၈) နှစ်အရွယ်သို့ရောက်နေပြီဖြစ်၏။။
ကိုအေးမောင် ကား နာမည်နှင့်လိုက်အောင် အေးလွန်းသူပင်ဖြစ်သလို
မိသားစုအပေါ်လည်း လင်တစ်ယောက်၏ဝတ္တရား၊ ဖခင်တစ်ယောက်
၏ ဝတ္တရား အထူးကျေပွန်သူပင်။
ယခုတော့ ယခုတော့ ကိုအေးမောင် ဖခင်ဖြစ်သူနှင့်အတူတောတတ်ပြီး ထင်းအတွက်သစ်ခုတ်နေရင်း ပိုးထိကာဆုံးသွားသည်မှာ
ရက်ပင်လည်ခဲ့ပြီ။
တစ်ရွာလုံးစုတ်သတ်သတ်ဖြစ်ကြရ၏။
အေးမောင် လို လူကောင်းတစ်ယောက် လူ့လောကမှ လျင်မြန်စွာထွက်ခါွသွားတော့ ယူကြုံးမရဖြစ်ကြရ၏။။
” ငါဘယ်နေ့သေပါရစေ ငါဘယ်လောက်အသက်ရှည်ပြီးမှ သေပါရစေ ” ဟု သေမင်းနဲ့ အချိန်းအချက်လုပ်လို့ရတာမှမဟုတ်တာကိုးဗျ။
ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ကံအတိုင်းပဲလေ။
” သဗ္ဗေ သတ္တာ ကမ္မသကာ ” ပေါ့။
********************************
ကိုအေးမောင် ရက်လည်လို့ သုံးလေးလ ကြာသည်အထိဘာမှမထူး
ခြား။
သို့သော်
သုံးလေးလ ကြာလို့ တစ်ခုသော ည မှာ
” အု ဝူး ဝူး အု ဝူး ဝူးး ”
တစ်ရွာလုံးရှိခွေးများ တိုင်ပင်ထားသည့်အလား အကုန်လုံးတစ်ညီ
တစ်ညွှတ်တည်း ရုတ်တရက် ထအူလိုက်သည်က ကြားရသူအဖို့
ကြောချင်းချင်စရာကောင်းလှ၏။
ထိုခွေးများနှင့်အတူ စန်းစန်းတင် ၏ အိမ်မှ ခွေးမကလေး လည်းရော
ပြီးအူတော့
“” ဟဲ့ ခွေး ” ဟု
စန်းစန်းတင် ငေါက်လိုက်သေး၏။
ကိုအေးမောင် သေပြီး တစ်ပတ် ၁၀ ရက် ထိတော့ စန်းစန်းတင် ရဲ့
အစ်မ စန်းစန်းမြင့် လာအိပ်ပေး၏။
သို့သော် သူမမှာလည်း မိသားစုနဲ့ဆိုတော့ အမြဲတမ်းအတူမနေပေးနိုင်
ဘူးလေ။
ထွက်သွားသူက ထွက်သွားခဲ့ပြီ။ ကျန်နေခဲ့တဲ့သူက အသက်ရှင်ဖို့
ဆက်လက်ရုန်းကန်ရအုန်းမှာပဲလေ။
( ဒါ့ကြောင့်ပြောတာ ထွက်သွားသူထက် ကျန်နေခဲ့ရတဲ့သူက ပိုပြီး
နာကျင်ရတယ်လို့)😢 😢 😢
ဘာပဲဖြစ်ဖြစ် ” ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူကြာလျှင်မေ့” တဲ့။
***********************************
ခွေးများစုပြုံအူလာပြီး စန်းစန်းတင် ရဲ့ အိမ်ရှေ့အရောက်မှာ တစ်ယောက်ယောက်က ခဲနဲ့ ထုလိုက်သလို
“အီ အီ ကိန်ကိန် ဂိန့် ” မြည်ကာ ပြေးလွှားသံများထွက်ပေါ်လာတော့၏။။
စန်းစန်းတင် ကတော့ “တစ်ယောက်ယောက်က မနေနိုင်တော့လို့ ခဲ
နဲ့ ကောက်ထုလိုက်တာ နေမှာပါ” ဟုတွေးလိုက်မိ၏။။
သို့သော် ” ဒေါက် ဒေါက် ဒေါက် ” သူမရဲ့ ဝါးထရံနဲ့ကာထားတဲ့
အိမ်တံခါးကို ခေါက်လိုက်တဲ့အသံက သူမရဲ့ အတွေးတွေကို လွင့်
ပြယ်သွားစေ၏။။
သားလေးကတော့ အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေပြီ။
” ဘယ်သူလဲ မကြီးလား ”
စန်းစန်းတင် တံခါးကိုချက်ချင်း မဖွင့်သေးပဲ မေးလိုက်၏။
တစ်ဖက်ကပြန်မဖြေပဲ
“ဒေါက် ဒေါက် ဒေါက် ” ဟုသာဆက်ခေါက်နေ၏။
ထိုစဉ် စန်းစန်းတင် ရဲ့ ခွေးမလေး ” အီ အီ အီ” ဟုမြည်ကာ
ထွက်ပြေးသွားပါတော့၏။
စန်းစန်းတင် လည်း ခွေးပြေးသံကြားတော့ ” မိဖြူ မိဖြူ ” ဟု
လိုက်ခေါ်ပေမယ့် ခွေးမလေးရဲ့ အသံက အိမ်နှင့်တဖြည်းဖြည်းဝေး
သွားတော့၏။
” အပြင်က ဘယ်သူလဲ မေးနေတယ် မကြားဘူးလား မကြီးလား”
” ဒေါက် ဒေါက် ဒေါက် အုန်း အုန်း ဘုန်း ”
တံခါးခေါက်ရုံတင်မက အိမ်ထရံကိုပါ ရိုက်လာ၏။
အိမ်က ဝါးအိမ် ဓနိအမိုး ဖြစ်၍ ” အုန်း ဘုန်း ” တစ်ချက်မြည်တိုင်း
အိမ်မှာတစ်ခါတုန်ခါသွားသလိုလို။
စန်းစန်းတင် လည်းစိတ်တိုလာကာ ” သူခိုးလား ဘာလားမသိဘူး”
ဟု တွေးပြီး အောက်ခန်းသို့ ခြေဖွဖွနင်းကာ ဆင်းပြီး ငရုတ်ကျေပွေ့ကို
လက်တစ်ဖက်နဲ့ မြဲမြဲကိုင်၊ နောက်တစ်ဖက်ဖြင့် တံခါးကို ” ဝုန်း ”
ကနဲ လျင်မြန်စွာ ဖွင့်လိုက်ပြီး ရိုက်မလို ဟန်ပြင်သော်လည်း
ဘယ်သူ့ကိုမှ မတွေ့ရချေ။
စန်းစန်းတင် လည်း ဇဝေဇဝါ ဖြစ်ကာ ဝဲယာကြည့်ပြီး တံခါးကိုပြန်ပိတ်
လိုက်၏။
မကြာပါ။
” ဒေါက် ဒေါက် ဒေါက် ဘုန်း အုန်း ” အသံကထပ်မံ
ထွက်ပေါ်လာပြန်၏။
” ဟဲ့ ဘယ်သူလဲလို့မေးနေတယ် ဘယ်ကကလေကဝကများ ငါ့အိမ်
တံခါးကိုလောက်ခေါက်နေတာတုန်း ”
စန်းစန်းတင် တင်းလာပြီး တစ်ခါ တံခါးကို ဖွင့်ကြည့်ပြန်တော့ ဘယ်သူ့ကိုမှ မတွေ့ပြန်။
ဒီတစ်ခါ တံခါးပိတ်လိုက်ပြီး တံခါးကြားက အပေါက်ကလေးကို မြင်
သာယုံဖြဲကာ ချောငါးကြည့်နေမိ၏။။
” ဒေါက် ဒေါက် ဒေါက် ဘုန်း အုန်း ” စန်းစန်းတင် ကြက်သီးမွေး
ညင်းများထသွားသလို ရင်ထဲဆို့နစ်သွား၏။
သူမမြင်လိုက်ရသည်က သူမရဲ့ ယောကျာ်း ကိုအေးမောင်ပင်။
သူမ ကြည့်နေစဉ်မှာပင် အိမ်နောက်ဖေးဝင်သွားတာတွေ့၍ သူမလည်း
တံခါး ဖွင့်ကာ အိမ်နောက်ဖေး လိုက်ဝင်သွား၏။။
အိမ်နောက်ဖေး မှ ပဲခြုံကို ကျောပေးရပ်နေသော သူမရဲ့ယောကျာ်း
ကိုအေးမောင် ကို အံ့သြတုန်လုှပ်စွာတွေ့လိုက်ရ၏။
သဂြုႋလ်စဉ်က ဝတ်ထားသော အဝတ်များကိုပင် ဝတ်ထား၏။။
” ကို ကို ကို အေး အေးမောင် ရှင် ရှင် တကယ်ပဲ ရှင်လား”
စန်းစန်းတင် ကြောက်လည်းကြောက်သလို ဝမ်းလည်းနည်းလာ၍
စကားပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။
“ဟုတ်တယ် စန်းစန်းတင် ငါ ငါ အေးမောင် ”
အသံသြသြနဲ့ ပြန်ဖြေပေမဲ့ ကျောခိုင်းထားမြဲပင်။
” ရှင် ရှင် ဘယ် ဘယ် လိုဖြစ်လို့ ”
” စန်းစန်းတင် ငါပြောတာနားထောင်ပါ ငါဒုက္ခရောက်နေတယ်
နင်ကယ်မှ ဖြစ်မယ် ငါ့ကိုကယ်ပါ စန်းစန်းတင် ငါ့ကိုကယ်ပါ ဟီး
ဟီးး ဟီးးးးး ”
ပြောပြောဆိုဆို နှင့် ကြောက်မက်ဖွယ် အသံကြီး နှင့်ငိုပါတော့၏။
စန်းစန်းတင် လည်း ချက်ချင်းဝမ်းနည်းသွား၏။
” ကိုအေးမောင် ရှင် ရှင် ဘာဖြစ်တာလဲ ဘာလို့ငိုနေတာလဲ ”
” စန်းစန်းတင် ငါနင်ပေးတဲ့ ကုသိုလ်တွေကိုမရဘူး ငါ နင်ပေးတဲ့
ကုသိုလ် အဖို့ကို သာဓုမခေါ်နိုင်ဘူး ကူးတို့သည် က ငါ့ကို ဟိုဘက်သို့ပေးမကူးဘူး ငါ့မှာ ပေးဆပ်ရမဲ့ ဝဋ်ကြွေးတွေကျန်သေးတယ်”
ဒီတစ်ခါ စန်းစန်းတင် ငိုပါတော့၏။
” ဟီး ဟီးးး ဟီး ဖြစ်မှဖြစ်ရလေ ကိုအေးမောင်ရယ် ဘာလို့
ဟိုးကတည်းက မပြောတာလဲ အချိန်တွေဖြင့်ကြာပြီ ခုမှ ပြောရသလား ဟီး ဟီး ဖြစ်မှ ဖြစ်ရလေ ကိုအေးမောင် ရဲ့ ”
” ငါ လမ်းပျေက်နေတယ် စန်းစန်းတင် ခုမှ ငါ့အိမ်ကို ရှာတွေ့တာ
ကျန်တဲ့ အချိန်တွေက ငါလမ်းပျောက်နေတယ်…
စန်းစန်းတင် ငါ နင့် အကိုကြီးဆီ က ငွေခြောက်ထောင် နဲ့ နင့်အစ်မ
ကြီးဆီက ဆံတစ်တင်း ချေးယူလို့ရှိတယ် အဲဒါတွေကို ဆပ်ရအုန်း
မယ် နင် ငါ့အစား ဆပ်ပေးပြီး ငါ့ကို အမျှဝေပေးပါ စန်းစန်းတင်”
စန်းစန်းတင် အရုှိက်ကြီးရုှိက်ကာ ငို ချပါတော့၏။
” စန်းစန်းတင် စန်းစန်းတင် ” ဟုခေါ်နေသော အသံကိုပင်မကြား။
ခဏအကြာ သူမကိုယ်ပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာကာ
” ဟေ့ စန်းစန်းတင် ဘာဖြစ်နေတာလဲ ” ဟု
အော်လိုက်မှ စန်းစန်းတင် အသိပြန်ဝင်လာတော့ သူမရဲ့ရှေ့မှာရပ်နေ
သူက သူမရဲ့အစ်မကြီး စန်းစန်းမြင့် ပင်။
” ဟေ့ စန်းစန်းတင် နင် ဒီမှာရပ်ပြီး ဘာတွေပြောနေတာလဲ ငါအော်
ခေါ်နေတာကိုလဲ မကြားပါလား ”
” ဟင် ရှင် ရှင် ကိုအေးမောင် ကိုအေးမောင် ”
” ဟေ့ စန်းစန်းတင် သတိကပ်စမ်း ငါဟေ့ငါ ငါ ငါ နင့်အစ်မ
စန်းစန်းမြင့် ”
စန်းစန်းတင် အံသြသွား၏။။
” မကြီး မကြီး မကြီး လား ”
” အေး ဟေ့ အေး ငါ ငါ နင့်အစ်မ စန်းစန်းမြင့် ငါတံခါးခေါက်ပေမဲ့
နင်မှတံခါးဖွင့်မပေးတာ ငါအော်ခေါ်လဲဘာမှ ပြန်မဖြေဘူး ငါလဲ
နောက်ဖေးသွားချင်လာတာနဲ့ ဒီရောက်လာတာပဲ နင် ငါ့နောက်က
ရပ်ပြီး ဘာတွေ ပြောနေတာလဲ ”
” မကြီး မကြီး ခုနက ခုနက ကိုအေးမောင် ကိုအေးမောင်
ရောက်လာတယ် သူ သူ မကျွတ်လွတ်သေးဘူး ”
” ဟင် ”
စန်းစန်းမြင့် အံ့သြသွား၏။။
” ကဲ လာ လာ အိမ်ပေါ်မှာပြော”
*******************************
စန်းစန်းတင် ပြောပြအပြီးမှာ စန်းစန်းမြင့် ပို၍ပင် အံ့သြတုန်လုှပ်သွား
၏။။
” ဟုတ်တယ် ဟ၊ အေးမောင် အကိုကြီးဆီက ငွေခြောက်ထောင်
နဲ့ ငါ့ဆီက ဆံတစ်တင်းယူလို့ရှိတယ် နင့်ကိုမသိစေနဲ့ဆိုလို့ ငါတို့မပြော
တာပါဟာ ငါလည်းစိတ်မကောင်းပါဘူး”
ထိုစကားကို ကြားတော့ စန်းစန်းတင် ထပ်ငိုပါတော့၏။။
” အမလေး ကိုအေးမောင် ရဲ့ ကျွန်မမေးတုန်းက မဖြေခဲ့ဘူး
ခုတော့ ခုတော့ ကိုယ်ကျိုးနည်းရချေရဲ့ ကိုအေးမောင် ရဲ့ ဟီး ဟီးး”
” စန်းစန်းတင် စိတ်ထိန်းအုန်း ကလေး အိပ်နေတယ်လေ
မနက်ဖြန် ငါတို့ စီစဉ်စရာရှိတာစီစဉ်ပြီး အေးမောင် ကောင်းရာမွန်ရာ
ရောက်ဖို့ ကူညီကြရမယ်လေ မငိုပါနဲ့တော့ဟယ် ”
ထိုနေ့ည စန်းစန်းတင် တစ်မှေးကလေးမှ အိပ်မပျော်ပါ။
ကိုအေးမောင် အကြောင်းကိုတွေးကာ ငိုပြီးရင်း ငိုနေပြန်တော့၏။။
*****************************
မနက်ရောက်တော့ တစ်ခါ ဘုန်းကြီးပင့်ပြီး။
ကိုအေးမောင် ကို တရားနာ သာဓုခေါ်ဖို့ ခေါ်ရပြန်တယ်။
” ကိုအေးမောင် ရှင် ကျွန်မ အကိုကို ပေးရမဲ့ အကြွေး ၆ထောင် ကို
ခု ကျုပ်ဆပ်ပြီ ရော့ ရော့ ဒီမှာမြင်အောင်ကြည့်ပါ ”
စန်းစန်းတင် ဝမ်းနည်းသံ နှင့် အော်ပြောပြီး သူမရဲ့ အစ်ကိုကို ငွေ
၆ထောင်ပေး၏။
သူမရဲ့ အကိုကလည်း “အေးမောင် မင်း ရဲ့ အကြွေး၆ထောင်ကို
ငါ့ညီမ၊ မင်း ရဲ့မိန်းမ စန်းစန်းတင် ဆပ်ပြီးပြီကွ အမျှဝေတဲ့ အခါ သာဓု
ခေါ်ဖြစ်အောင် ခေါ်ပါကွာ”
ဟုပင် ပြန်ပြောလိုက်၏။။
” ကိုအေးမောင် ရှင် ကျွန်မ အစ်မကိုပေးရမဲ့ ဆံတစ်တင်းကို ခု ကျုပ် ဆပ်ပြီနော် ရှင် မြင်အောင် ကြည့်ပါ ဟီးးး ဟီးးး ဟီးး ”
စန်းစန်းတင် ပြောပြော နှင့်ငိုပြန်၏။
” အေးမောင် နင် ငါ့ကို ပေးရမဲ့ ဆံတစ်တင်းကို ခု နင့်မိန်းမ စန်းစန်း
တင် ဆပ်နေပြီ ဒီတစ်ခါ နင် သာဓု ခေါ်ဖြစ်အောင်ခေါ်နော် အေးမောင် ”
စန်းစန်းမြင့် မငိုသော်လည်း သူမရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တို့ တွဲ
လောင်းခို နေသည်ကို တွေ့မြင်နေကြရ၏။။
ထိုစဉ် ရုတ်တရက် အိမ်ရှေ့မှ သရက်ပင်မှာ လေမတိုက်ပါပဲ တစ်ပင်
လုံးယိမ်းခါသွား၏။။
ထိုအခါ ဆရာတော်ဘုရားက
” ကဲ ကဲ ကဲ ဒကာ အေးမောင် ဒကာရဲ့ အကြွေးတွေကို ဒီက
ဒကာမ က ဆပ်ပေးပြီးပြီ ဆိုတော့ ဆရာတော့ တရားကို အသေအချာ
နာပြီး သာဓု ခေါ်ပါ”
ဟုမန့်ကာ တရားဟောတော်မူပြီးနောက် ရေစက်ချ အမျှဝေကြ၏။
” ကိုအေးမောင် ရေ အမျှ အမျှ အမျှ ယူတော်မူကုန်လော့ သာဓု
သာဓု သာဓု”
” ကိုအေးမောင် နှင့်တစ်ကွ အားလုံးသော အနန္တ သတ္တဝါ အပေါင်းတို့
ကြားကြား သမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု”
” ကိုအေးမောင် နှင့်တစ်ကွ အားလုံးသော အနန္တ သတ္တဝါ အပေါင်းတို့
ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော့ သာဓု
သာဓု သာဓု ”
*************************
ထိုနေ့ ထို အချိန်ခါ မှ စ၍ ကိုအေးမောင် နှင့်ပက်သက်၍ စန်းစန်းတင် တစ်ယောက် ဘယ်လို ခြောက်လှန့်မုှ့ ဘယ်လို အိမ်မက်ပေးမုှ့
မှ မကြုံရတော့ ပါချေ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပြီးပါပြီ။
******************************
* ဒါနအဖော်၊ အပါခေါ်၊ သေသော် မကြောက်ရွံ့။
* သီလအဖော်၊ အပါခေါ်၊ သေသော် မကြောက်ရွံ့။
* ဝိပဿနာအဖော်၊ အပါခေါ်၊ သေသော် မကြောရွံ့။
* အဖော်သုံးမျိုး၊ သင်အားကိုး၊ ဘေးဆိုးမကပ်ဝံ့။
ဓမ္မဂုဏ်ရည် ဆရာတော် ( ရွှေပြည်သာ )
**********************************
နောင်တ မရမီ ပြုပြင်ပါ။
အကြွေး မသေမီဆပ်ပါ။
နောင်တ ရပြီးရင်ပြုပြင်လို့မရတော့ဘူး။
အကြွေး သေပြီးရင် ခန္ဓာနဲ့ရင်းပြီး ဆက်ရတတ်တယ်။
သာဓု မခေါ်နိုင်တဲ့ ဘဝကို ရောက်တတ်တယ်။
( ပုရတ္ထိမ တာရာ )
*************************************
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
**********************
အစဉ်လေးစားလျှက် ။
@@@@@@@@@@@@@@@@@@@@@
wizard