သာဓုခေါ်ပါအဖေ

သာဓုခေါ်ပါအဖေ(စ/ဆုံး)
————————–
” ဦးကျော်တင့်” သည် အလုပ်အင်မတန်ကြိုးစားပြီး၊ သားမယားအပေါ်လည်း အလွန်တာဝန်ကျေပွန်သော အိမ်ထောင်ဦးစီးဖြစ်ရုံမက လူရိုးလူအေး တစ်ယောက်လည်းဖြစ်သည်။
သာရေးနာရေး ဆိုလည်းသူထိပ်ဆုံးကပင်။ ကုသိုလ်ပြုဖို့တွန့်ဆုတ်နေသူမဟုတ်။ သူ့မိန်းမက သိန်းယဉ်။ ချစ်၍လက်ထပ်ထားကြသူများဖြစ်
ပြီး၊ အောင်မြတ် ဟုခေါ်သောသားတစ်ယောက်နှင့်၊ မြယဉ် ဟုခေါ်သော သမီးတစ်ယောက်လည်းရှိ၏။ သားက ၇ တန်း၊ သမီးက ၅ တန်း။ လူလတ်တန်းစားဖြစ်သည်။ သို့သော် ဦးကျော်တင့်အိပ်ရာထဲလဲနေ
သည်မှာ တစ်လပင်ကျော်ပြီ။ ဟိုတုန်းက သူ့မိန်းမနှင့်ပတ်သတ်ပြီး
ဘာလိုလိုညာလိုလို သတင်းတွေ တစ်ပိုင်းတစ်စကြားခဲ့ပေမယ့် သူ့မိန်းမအပေါ် ဘယ်တုန်းကမှ သံသယမဝင်ခဲ့။ ယခု မှသူကြားခဲ့သော
သတင်းများမှာ အမှန်ဖြစ်ကြောင်းသိလာရသည်။
အကြောင်းကား အိမ်နီးချင်းတို့က သိန်းယဉ် အိမ်မှာမရှိတိုင်း ” သိန်းယဉ် ယောက်ျားတစ်ယောက်နှင့် အမြဲတစ်တွဲတွဲ သွားလာနေကြောင်း အရင်လိုတိုးတိုးတိတ်တိတ် မဟုတ်ဘဲ လူသူရှေ့တွေတွင်လည်း တမင်တကာမြင်အောင် လက်ချင်းချက်ပြီးလမ်းလျှောက်နေကြောင်း”တစ်နေ့ တစ်မျိုးမရိုးနိုင်အောင် လာပြောကြသည်။
ထိုသို့လာပြောကြခြင်းမှာလည်း ဦးကျော်တင့် အပေါ်ကိုလူများကရိုသေလေးစားကြသောကြောင်းဖြစ်သည်။
ဦးကျော်တင့်လည်း သိန်းယဉ်အပေါ် မယုံကြည်တော့ပါ။
ဦးကျော်တင့် အိပ်ရာမှာလဲ ကတည်းက သိန်းယဉ်သည် တစ်ခါမှ အနားမကကပ် ခပ်ခွါခွါနေသည်။ တကယ်တော့ ဦးကျော်တင့် သည်
ငှက်ဖျားဖြစ်ရာကနေ အပေါ်တစ်ပိုင်း လေဖြတ်သွားကာ စကားလည်းမပြောနိုင် လှုပ်ရှားလို့လဲမရဖြစ်နေခြင်းဖြစ်သည်။
ဆေခန်းမပြရခြင်း ဆေးအချိန်မှန်မသောက်ရခြင်း အစာပုံမှန်မစားရခြင်းတို့ကြောင့် အခြေအနေကပိုဆိုးလာသည်။
သိန်းယဉ် တော့ အလှဆင်မပျက် အပြင်ထွက်မပျက်။
နံနက်စာစားပြီးကတည်းကထွက်သွားပြီး ညနေစောင်းမှပြန်လာလေ့ရှိသည်။ သားနှင့်သမီးအတွက်လည်း ချက်ပြုတ်ထားခဲ့ခြင်းမရှိ။
အောင်မြတ် ကားအရွယ်နှင့်မလိုက်အောင် ရင့်ကျက်နေသူဖြစ်၏။
ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ ထမင်းဟင်းချက်ရပြန်သည်။ ဖခင်အားထမင်းခွန့်ပြီးမှ မောင်နှမနှစ်ယောက် ထမင်းစားလေ့ရှိ၏။ ထို အဖြစ်ပျက်တို့ကိုမြင်ရကြားရလေ ဦးကျော်တင့်မျက်ရည်ဝဲရလေဖြစ်သည်။ အဆိုးဆုံးကတော့ သူပိုင်ဆိုင်ခဲ့သော ဆန်စက်ကို သိန်းယဉ် က မောင်မောင်အေး ဟူသောနာမည်ဖြင့် လွှဲထားကြောင်းကြားသိလိုက်ရခြင်းဖြစ်သည်။ ဦးကျော်တင့် ဒေါသအမျက်ဘယ်လောက်ပင်ထွက်ပါစေ ယခုအချိန်မှာ အဘယ်ကိုတတ်နိုင်အံ့နည်း။
တစ်နေ့ ဦးကျော်တင့် အိပ်မောကျနေတုန်း လူတစ်စုအိမ်ပေါ်တတ်လာ၍ ဦးကျော်တင့်လန့်နိုးကာ မျက်လွှာကို အောက်သို့ချပြီး ကြည့်လိုက်တော့ သူမိန်းမနှင့်အပေါင်းအပါများဖြစ်နေသည်။
ဖဲကစားရန်ရောက်လာကြခြင်းဖြစ်သည်။
သိန်းယဉ် ၏ ဘေးတွင်လည်း တစ်ခါမှမမြင်ဖူးသော သူစိမ်းတစ်ယောက်ကိုမြင်လိုက်ရသည်။ ဦးကျော်တင့်မျက်ရည်ကျမိသည်။
သူတောင်မသေသေးဘူး သူ့မိန်းမက တခြားယောကျာ်းတစ်ယောက်နှင့်ပျော်နေပြီ၊ ဖဲရိုက်နေပြီ၊ တော်ကြာ သူမရှိတော့ရင် ကလေးနှစ်ယောက်အတွက်မတွေးရဲစရာ ဟူသောအတွေးက သူ့ကို ပိုမိုစိတ်သောကရောက်စေသည်။ ယောက်ျားဖြစာသူကိုဂရုစိုက်ရမည့်အစား သူ့လင်ငယ်နှင့်အပေါင်းအပါတွေကိုခေါ်ကာဖဲရိုက်နေသော သိန်းယဉ်အပေါ် အမုန်းကြီးမုန်းမိနေသည်။ သို့သော် အိပ်ရာထဲလဲနေရသောဘဝ၊ သေမည့်နေ့ကို စောင့်ဆိုင်းနေနရတဲ့ဘဝ၊ ကိုယ့်ခန္ဓာတောင် ကိုယ့်စကားနားမထောငါတဲ့ဘဝ၊ မြင်ခွင့်ကြားခွင့်သာရှိပြီးဘာမှမလုပ်နိုင်တဲ့ဘဝမို့ မိက်ရည်ကျရုံ စိတ်မကောင်းဖြစ်ရုံ စိတ်ဆိုးရုံ ကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ။ ထိုချိန် မိန်းမတစ်ယောက်က ” သိန်းယဉ်… သိန်းယဉ်ျကျာ်တင့်အခြေအနေ ဘယ်လိုလဲ၊” မေးလိုက်သည်။ သိန်းယဉ် က ” မြနွယ်ရယ် အဲဒီစိတ်ညစ်စရာလူကြီးအကြောင်းမပြောပါနဲ့ ပျော်စရာတွေ ပျက်နေပါအုန်းမယ်၊ သူက မကြာမီသေတော့မယ်သူပဲ ဒီအတိုင်းလလွှတ်ထားလိုက်ပါ”တဲ့။ ထိုစကား ဦးကျော်တင့်ကြားသောအခါ မခံမရပ်နိုင်အောင်ဖြစ်ရပြန်သည်။ စိတ်ထဲမှ ” လင်ကြီးတစ်ယောက်လုံးငုတ်တုတ်ရှိနေတာတောင် ဒင်းကဒီစကားပြေရက်တယ်။ သိန်းယဉ် သိန်းယဉ် ငါသေသွားရင်တောင် နင်နဲ့နှင့်အကောင်ကိုဒီအတိုင်းလွှတ်မထားဘူး။
နင်တို့ပျော်ရွှရမယ်မထင်” ဟု စိတ်ထဲကကြုံးဝါးလိုက်သည်။
သိန်းယဉ်ကာ အပြုံးပင်မပျက်။ ကျောင်းပြန်လာသောသားက အိမ်ပေါ်လူတွေရောက်နေသည်ကိုမြင်သောအခါ။ ” အမေဒီလူတွေက ဘယ်သူလဲ သားတို့အိမ်ကိုဘာ့ကြောင်းရောက်နေကြတာလဲ” ဟုမေးတော့
သားဖြစ်သူကို ” နင်နဲ့ဘာဆိုင်လဲ နင့်အပူမပါဘူး” ဟာဆဲဆိုတိုင်းထွပါတော့သည်။ ထိုသို့ပြောနေစဉ်မှပင် မိန်းမတစ်ယောက်က ” တူလေး ငါတို့က နင့်အတွက် အဖေအသစ်လာရှာပေးကြတာ” ဟုဆို၍
အောင်မြတ် စိတ်ဆိုးကာ ” ဒီမှာ အန်တီကျွန်တော့်မှာအဖေရှိပြီးသား လိုချင်ရင်ခင်ဗျားပဲယူလိုက်” ဟုပြောလိုက်၍ ထိုမိန်းမကြီးစွေ့စွေ့ခုန်အောင်စိတ်ဆိုးတော့သည်။ သိန်းယဉ် က သားဘက်ကမပြောဘဲ ထိုမိန်းမဘက်ကနေပြီးသားကို ဆဲဆိုပြောဆိုပြန်သည်။ အောင်မြတ်လည်းစိတ်မကောင်းဖြစ်ရပြန်ကာ ညီမဖြစ်သူအားလက်ဖျားဆွဲပြီး ဖခင်၏ဘေးတွင်ထိုင်ကာရှုံ့ပွဲချငိုပါတော့သည်။ နောက်တစ်နေ့ နံနက်ရောက်တော့ အောင်မြတ် ဖခင်အားမျက်နှာသွားသစ်ပေးစဉ် ဖခင်မှာအသက်မရှိတော့ကြောင်းသိလိုက်ရသည်။ သားနှင့်သမီးမှာ မျက်ရည်ခမ်းသည်ထိငိုကြွေးနေကြသော်လည်း မိခင်ဖြစ်သူကား အပြုံးမပျက်၊ အလှပြင်ပင်မပျက်၊ နောက်တစ်နေ့ ဦးကျော်တင့်၏ မိသားစုများရောက်မှ ” အမလေး ကျေးဇူရှင်ကြီးရယ် ကျွန်မတို့ကိုထားခဲ့ပြီလား ကျွန်မတို့ဘယ်လိုရှေ့ဆက်ရမလဲ” စသဖြင့် မယာပိုပြနေသည်။ အိမ်နီးချင်းနားများကတော့ သိန်းယဉ်ကို အမြင်ကတ်လွန်း၍ ပြန်သူပြန်သွားကြသည်။
****************
ဦးကျော်တင့် သေ၍ ၁၁ ရက်မြောက်နေ့မှာပင် သိန်းယဉ်နှင့် မောင်မောင်အေး တို့ယူလိုက်ကြသည်။ သိန်းယဉ် အကြောင်းသိသောလူများက ” တော်တော်အရှက်မရှိတဲ့မိန်းမ လင်သေတာတောင် ရက်မလည်ဘူး နောက်တယောက်ယူလိုက်ပြီ ကလေးနှစ်ယောက်တော့သနားပါတယ်” ဟု ရွဲ့လို့တစ်ဖုံ၊ စောင်းလို့တမျိုး ဖြင့်ပြောနေကြသော်လည်း သိန်းယဉ် အဖို့စိတ်ကူးထဲမှာပင်မထည့်။
မောင်မောင်အေး လည်းတစ်လလောက်ကလေးများအပေါ်မှာကောင်း
ပြပေမယ့် အချိန်တန်တော့ ဇာတိပြလာသည်။
အလုပ်ကိုလည်းမယ်မယ်ရရမလုပ် အချိန်တိုင်းမူးရူးရမ်းကားလာသည်။
နေ့တိုင်းဆိုသလို သိန်းယဉ် ကိုရိုက်လားနှက်လားလုပ်လာသည်။
ဖောက်ပြန်နေကြောင်းလည်း သိန်းယဉ်ကြားလာရသည်။
အဆိုးဆုံးကတော့ ဦးကျော်တင့်ထားခဲ့သော ဆန်စက်ကိုပေါင်ကာဖဲရှုံးလိုက်ခြင်းဖြစ်သည်။ သည်အချိန်တိုင်အောင် မောင်မောင်အေး မူးရူးချင်တိုင်း မူးရူးရမ်းကားနိုင်သည်။ တစ်နေ့ ကလေးနှစ်ယောက် ကျောင်းသွားချိန် မောင်မောင်အေး မူးရူးပြီးရောက်လာကာ သိန်းယဉ် ဆီက ငွေ တောင်းပြန် သည်။ သိန်းယဉ် လည်းသူ့ဆီမှာ ငွေတပြားတချပ်မှ မရှိတော့ ကြောင်းပြောသော် သိန်းယဉ် အားရိုက်ပြန်တော့သည်။
အောင်မြတ် ဝင်၍တားတော့ အောင်မြတ်ကိုတစ်ချက်ရိုက်လိုက်သည်။
အောင်မြတ် အရိုက်ခံရတော့ မြယဉ် ငိုတော့သည်။
မောင်မောင်အေး ကမြယဉ်ကိုမငိုရန်အော်ပြောသော်လည်း မြယဉ်
ကားအငိုမတိတ်။ ထိုအခါ မောင်မောင်အေး မြယဉ်ကိုရိုက်ရန် ပြင်လိုက်သည်နှင့် မမြင်ရတဲ့အရာတစ်ခုက မောင်မောင်အေးအားရိုက်တော့သည်။ ဟိုကတစ်ချက်ရိုက်လိုက်သည်နှင့် မောင်မောင်အေးမှောက်လျှက် ဖြစ်သွားသည်။ သို့သော် သူကကုန်းထပြန်သေးသည်။ မမြင်ရတဲ့အရာက ထပ်ရိုက်သည်။ လေးငါးကြိမ်အရိုက်ခံထိသောအခါ မောင်မောင်အေး မထနိုင်တော့ပြီ။ သိန်းယဉ်က မောင်မောင်အေး အားဆွဲထူမည်အပြု သိန်းယဉ် ၏ပါးကို မမြင်ရတဲ့အရာက တစ်ချက်ရိုက်လိုက်သည်။ သိန်းယဉ် ထိုင်ကျသွားသည်။
ထိုအခါ အောင်မြတ် က ” အဖေလား ” ဟုတစ်ခွန်းမေးလိုက်တော့
ငြိမ်သွားသည်။ မြယဉ်က ” အဖေဘယ်မှာလဲ အဖေ သမီးတို့ဆီကိုလာတာလား” ဟုမေးလိုက်သည်။ သို့သော်တုန့်ပြန်မှု့မရှိ။
အတန်အြာသည့်တိုင်အောင်တုန့်ပြန်မှု့ မရှိ၍ အောင်မြတ် မြယဉ်ကို လက်ဆွဲကာ ကျောင်းသို့သွားတော့သည်။
ကလေးနှစ်ယောက်သွား၍ ခဏ အကြာ မောင်မောင်အေး သတိရလာ
သည်။ အရက်ရှိန်လည်းပြယ်သွားသည်။
သူလည်း ပုဆိုးကို မြိုင်အောင်ဝတ်ပြီး ” ဘယ်ကောင်လဲငါ့ကိုရိုက်တာ
သတ္တိရှိရင်ထွက်ခဲ့စမ်းပါ ခိုးကြောင်ခိုးဝှက်ချောင်းရိုက်မနေနဲ့ ယောကျာ်း
ဆိုထွက်ခဲ့စမ်းပါ” ဟုမိန်းမရှေ့တွင်သူရဲကောင်းလုပ်ပြတော့သည်။
ထိုချိန်မှာပဲ ရုတ်တရက် မောင်မောင်အေး ၏ အရှေ့တွင် မဲမဲ အရာတစ်ခုပေါ်လာပြီး ရိုက်ပြန်တော့သည်။ တစ်ကြိမ်နှစ်ကြိမ်ရိုက်ပြီးသွားသောအခါ မောင်မောင်အေး ဒုတ်ယအကြိမ် သတိလစ်သွားပြန်သည်။
ထိုအခါမှ သိန်းယဉ် ဒူးထောက်ပြီး ” ကိုကျော်တင့်ရယ် ရှင်မှန်းကျွန်မသိပါတယ် တောင်းပန်ပါတယ် ကျွန်မရဲ့အမှားတွေ ပါ ဒီတစ်ကြိမ် ဖြစ်ပြီးသွားပေမယ့် နောက်ဆို ကလေးတွေကို လက်နဲ့တောင် မရွယ်စေရပါဘူး ကတိပေးပါတယ်” ဟုငိုယိုတောင်းပန်သည်။
************
ထိုနေ့ညနေ ထမင်းစားချိန်တွင် မောင်မောင်အေး ဇာတိပြပြန်သည်။
အသားဟင်းမပါ ၍ ထမင်းမစားဟုဆိုကာစားပွဲကို မှောက်လိုက်သည်။
ထိုအခိုက် ပန်းကန်နှင့် ဟင်းစားဇလုံများမှာ လေတွင်ပျံဝဲလာကာ မောင်မောင်အေး၏ ခေါင်းကို ရိုက်ပါတော့သည်။ မောင်မောင်အေးလည်း ခေသူမဟုတ် ဧည့်ခန်းသို့ပြေးထွက်လာပြီး အသင့်ချိတ်ဆွဲထားသော
ဓားရှည်ကို ယူ ဓားအိမ်မှ ဆွဲနှုတ်လိုက်ပြီး နောက်တစ်ခါ စိန်ခေါ်ပြန်သည်။ ဓားကို လည်း ဟိုရမ်းသည်ရမ်းနှင့် လုပ်ပြန်သည်။
သူအော်ဟစ်ဆဲဆိုနေစဉ်မှာပဲ မမြင်ရတဲ့အရာက သူ့အားလည်ပင်းမှကိုင်ကာ ခေါင်လျှောက်ထိ ဆွဲခေါ်သွားတော့သည်။ မောင်မောင်အေး အား ကနဲ တချက်အော် လိုက်မှ သိန်းယဉ် အပြေးထွက်လာပြီး
ဦးကျော်တင့် သရဲအား လွှတ်ပေးပါရန် တောင်ပန်သော်လည်း
ဟိုကမလွှတ်ပေးပေ။ မောင်မောင်အေး လည်းထိုအခါမှ ကြောက်ပါပြီ ကြောက်ပါပြီ ဟုအော်တော့သည်။ ထိုအခါ မှ ဦးကျော်တင့်သရဲက လွှချလိုက်သည်။ မောင်မောင်အေး လည်းတတိယအကြိမ် သတိမေ့သွားပြန်သည်။
ထိုနေ့ ည ၌ သိန်းယဉ်၏ အိမ်မက်ထဲသို့ ဦးကျော်တင့် ရောက်လာပြီး
သူ့သားနှင့် သမီးကို လာထိတဲ့ မည်သူ့ကို မဆိုသတ်ပစ်မည် ဟုခြိမ်းခြောက်ပြောဆိုလိုက်၍ သိန်းယဉ် လန့်နိုးကာ အိပ်ရာဘေးကြည့်တော့
မောင်မောင်အေး ရှိမနေပြန်။ သိန်းယဉ် က သူအိမ်သာသွားတာနေမှာပါ ဟုတွေးသော်လည်း အော်သံ ကြားရပြန်၍ ကပျာကယာ အိပ်ရာမှ ထကာ လိုက်ရှာကြည့်တော့ အိမ်ရှေ့ ဝရံတာတွင် ဇောက်ထိုးဖြစ်နေသော မောင်မောင်အေး ကိုမြင်လိုက်ရသည်။
မောင်မောင်အေး ၏ ခြေကိုကြည့်လိုက်သောအခါတွင်ကား ခန္ဓာကိုယ်ကပုံမှန် လူထက်သေးငယ်ကာ မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲ ခန္ဓာတစ်ခုလုံး ရှည်စွာသောအမွှေးဖြင့် ဖုံးလွှမ်းထားသော သတ္တဝါ တစကောင်ကိုမြင်လိုက်ရသည်။ သူ၏ ရှည်လျားလှစွာသော လျှာဖြင့် မောင်မောင်အေး ၏ ခြေကိုရစ်ပတ်ထားခြင်းဖြစ်သည်။ သိန်းယဉ် လည်းရုတ်တရက် နှလုံးခုန်နှုန်းမြန်လာကာ နေရာတွင် သတိမေ့သွားတော့သည်။
***************
နောက်တစ်နေ့ရောက်သောအခါကား မောင်မောင်အေး လည်း ဆက်မနေရဲတော့ပဲ သိန်းယဉ်နှင့်ကွာချင်းလိုက်ရသည်။
***********
သိန်းယဉ် လည်း ရိုးသားစွာရှာဖွေစားသောက်ပြီး အိမ်ရှေ့တွင်ဆိုင်ခန်းလေးတစ်ခုဖွင့်လှစ်လိုက်သည်။
ဦးကျော်တင့် အတွက်ရည်စူးပြီး အပတ်စဉ် ကုသိုလ်လုပ်သည်။
စီးပွါးရေးကလည်း မြန်မြန်ဆန်ဆန်ပင်ပြန်အဆင်ပြေလာသောကြောင်း
ဆန်စက်ကို ပြန်ရွေးနိုင်ခဲ့သည်။
ထိုအချိန်ကစ၍ သူမလည်းမိခင်ကောင်းတစ်ယောက်ဖြစ်လာတော့သည်။
****************
အချိန်တွေကြာညောင်း လာတော့ အောင်မြတ်လည်း ကိုယ့်အိမ်ထောင်နှင့် ကိုယ်ဖြစ်လာကာ သားလေးတစ်ယောက်၏ အဖေဖြစ်လာသည်။
ပြီးတော့ အလေးစားခံ ဒေါက်တာတစ်ယောက်။
မြယဉ် လည်း အရိုးအထူးကု ပါရဂူတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ ဒေါ်သိန်းယဉ် ကား သားဖြစ်သူနှင့် အတူနေပြီး အောင်မြတ် ၏ သားဦးရတနာရ၍မကြာသေးမီ လူကြီးရောဂါဖြင့် ဆုံးသွားပြီဖြစ်သည်။
တစ်နေ့ အောင်မြတ်တစ်ယောက်ထူးဆန်းသော အိမ်မက်တစ်ခုမက်သည်။ အဲဒါက ဖခင်ဖြစ်သူ သည် ခုထိမကျွတ်လွတ်သေးပဲ ယခင်နေခဲ့သောအိမ်ကလေးတွင်ရှိသေးကြောင်း သားနှင့်သမီးကိုစိတ်မချ၍ သူတို့ ကုသိုလ်လုပ်အမျှပေးဝေတိုင်း သာဓုမခေါ်ခဲ့ကြောင်း ယခုတော့ စိတ်ချသွားပြီဖြစ်ကြောင့် ပြီးတော့ ဒီဘဝမှ လွတ်ချင်ပြီဖြစ်ကြောင်း သူတို့ယခင်နေခဲ့သော အိမ်၏ အရှေ့က ဥသျှစ်ပင်အောက်တွင် သားကိုရှင်ပြုဖို့ရည်ရွယ်၍ မြုပ်နှံထားခဲ့သော ရွှေနှင့် ငွေစအချို့ရှိကြောင်း ယင်းကိုတူးယူကာ သားနှင့်သမီး တဝက်ယူပြီး ကျန်တဝက်ကို သူ့အတွက် ကုသိုလ်လုပ်ပေးပါရန် မှာကြားပြောဆိုခြင်းဖြစ်သည်။
******** ​
နောက်တစ်နေ့ မောင်နှမ နှစ်ယောက် ယခင်နေခဲ့သောနေရာသို့သွားကာ ဖခင်မှာကြားသည့်အတိုင်း ဥသျှစ်ပင်အောက်တွင်တူးကြည့်သောအခါ သေတ္တာကလေးတွေ့ရှပြီး ဖွင့်ကြည့်တော့ ရွှေ ၂၀ သားခန့်လောက်နှင့် ငွေစအချို့ကိုပါတွေ့ရ၍ မောင်နှမ နှစ်ယောက်ငိုကြရပြန်သည်။
ပြီးတော့ သံဃာတော် ၂၀ ကျော်ခန့်ပင့်ကာ လူတစ်ရာကျော်ကိုလည်းဖိတ်ပြီး အလှူကြီးအတန်းကြီးလုပ်ကြသည်။ ပြီးတော့ အောင်မြတ်လည်း ပဉ္ဇင်းတတ် လိုက်ပြီး အမျှမဝေမီ အိမ်ကို တပတ်ပတ်ကာ ဦးကျော်တင့် အား သူ့သားရဟန်းဖြစ်တာကို မြင်အောင်ကြည့်ခိုင်းသည်။
အမျှဝေခါနီး မြယ်က ဖခင်ကြားအောင် ” အဖေ ဒီတစ်ခါ သာဓုခေါ်ဖြစ်အောင်ခေါ်ပါနော် သာဓုခေါ်ပါ အဖေ ” ဟုသုံးကြိမ်သုံးခါ ပြေဆိုပြီး ရေစက်ချ အမျှပေး ဝေသည်။ သာဓုသုံးကြိမ် အဆုံးတွင်ကား
မွှေးကြိုင် လတ်ဆန်သော ရနံ့တစ်ခုကို အားလုံးရလိုက်ကြပြီး တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။
မြယဉ်ကား ” အော် အဖေရယ် ” ဟုဖခင်ကိုအောက်မေ့တသကာ ငိုရှာတော့ပါသတည်း။

*********************
ပြီးပါပြီ
**************************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
***************
လေးစားစွာဖြင့် = wizard