သားဘီလူး

သားဘီလူး(စ/ဆုံး)

————–
“မိန်းမ… ညနေတုန်းကအိမ်ကိုဘယ်သူလာသေးလဲ”
သောင်းလှကဇနီးဖြစ်သူခင်ညိုအားမေးလိုက်ခြင်းဖြစ်၏။နွားစာစဉ်းနေသောခင်ညိုက” ဘယ်သူမှမလာပါဘူးတော်….ဘာဖြစ်လို့လဲ”
“ငါမြောက်ရွာကအပြန်ဝယ်လာတဲ့အသားတွဲတိုင်မှာချိတ်ထားတာမရှိတော့လို့ကွ…ခွေးတွေကြောင်တွေများဆွဲသွားတယ်ဆိုလဲ
တစ်ပိဿာတွဲကြီးကွ…အဲဒါအိမ်ကိုလာတဲ့လူတွေစစနောက်နောက်နဲ့ ဝှက်ထားခဲ့သလားလို့…”
“အိုတော်…စောနငါသားကိုသိပ်တုန်းကတောင်အသားတွဲကြီးရှိနေပါသေးတယ်…အိမ်လည်းဘယ်သူမှမလာသေးဘူး…ခွေးတွေကြောင်တွေလည်းအဲလောက်အမြင့်ကြီး
တပ်မဆွဲပါဘူးဟယ်…”
“အေးလေ…ငါလည်းအဲဒါပြောတာ
နင်နေရာရွေ့ပြီးမေ့သွားတာများလား…ပြန်စဉ်းစားကြည့်ပါဦးကွ….”
“ကျွန်မ လည်းနေရာမရွေ့ရဘူးတော့…
ထမင်းချက်ပြီးနွားစာလာစဉ်းတာဘဲ…”
“ဒီညတော့ချည်ပေါင်ကြော်နဲ့ဘဲမျိုချရတော့မယ်ထင်ရဲ့….အသားလေးစားချင်လို့ဝယ်လာပါတယ်…ဘ်ာကလေကဝခွေးကဆွဲသွားတာလဲမသိဘူးကွာ…မိမှတစ်ခါထဲ
မှတ်လောက်အောက်ဆုံးမလိုက်မယ်
သောင်းလှတဲ့ကွ…”
အလုပ်မှအပြန်ရသည့်လုပ်အားခလေးဖြင့်ဆွဲယူလာသည့်အသားတွဲ နတ်ဝှက်သလို
ပျောက်ချင်းမလှပျောက်သွားသောကြောင့်သောင်းလှအလွန်ဒေါပွသွား၏။သူတို့တွင်လင်မယားနှစ်ယောက်နှင့်အတူလသားအရွယ်သားငယ်တစ်ယောက်သာရှိ၏။
ရက်ကြာလာသော် ထိုကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြ၏။သားငယ်လေးမှာငိုလည်းမငိုတတ်ပေ။အစဉ်အတိုင်းပြူးကျယ်စူးရဲသောမျက်လုံးတို့ဖြင့်ကြည့်နေတတ်၏။နို့စို့လျှင်လည်း နို့ကိုတအားကိုက်ဆွဲပစ်၏။သားငယ်လေးသူတို့ဘဝထဲရောက်လာချိန်မှစပြီး သူတို့လင်မယားနှစ်ယောက်လုံးဘုရားတရားကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာ၏။အိမ်ဘုရားအိုးစင်ရှိပန်းတို့သည်ကား မီးမြိုက်လျှင်လောင်မည့်သဘော ခြောက်သွေ့လျက်ရှိ၏။သို့သော်လင်မယားနှစ်ယောက်လုံး ဘုရားပန်းလဲဖို့စိတ်ထဲမရှိကြပေ။သားငယ်ကားသုံးလသားအရွယ်ပင်ရှိသေးသော်လည်း အစားအလွန်ကြီး၏။ခဏခဏနို့တောင်း၏။အင်းအဲလုပ်ကာ အသံအိုကြီးဖြင့်ငိုလျှင် ခင်ညိုခမျာနို့လှန်ကာတိုက်ရမြဲ။ကိုက်ကိုက်ဆွဲတတ်သောသားအား နို့တိုက်ရန်လန့်နေမိ၏။
တစ်နေ့သော်ကိုလှသောင်းအလုပ်မှပြန်လာစဉ်ကြက်သားသည်နဲ့တွေ့သဖြင့်
ရင်အုံတချမ်းဝယ်ခဲ့လိုက်၏။အရင်ကမစားလိုက်ရသောအသားအစား ယခုညတဝစားမည်ဟုကြံရင်းအိမ်အပြန်ခြေလှမ်းတိူ့သွက်နေ၏။အိမ်ရောက်သော် ဇနီးဖြစ်သူအား
“မိန်းမ ရေ…ဒီညဘာဟင်းချက်ဖို့ပြက်နေလည်းဟေ့…ဒီမှာယောကျာ်းကြက်သားဝယ်လာတယ်…မိန်းမရဲ့စပါယ်ရှယ်လက်ရာလေးနဲ့ချက်ဟေ့”
ဆိုကာ အိုးထဲသို့ထဲ့ပေးလိုက်၏။စီဘီကြက်ရင်အုံကြီးသည်တပိဿာခန့်ရှိ၏။ရေခဲသေတ္တာမရှိသောကြောင့် အနံ့နံမည်စိုးသဖြင့်
အကုန်လုံးချက်ထားလိုက်၏။ပြီးမှ မနကိအတွက်ဖယ်ထားလိုက်မည်။ချက်ပြုတ်ပြီးစီးသော် လင်မယားနှစ်ယောက်မြိန်ရေရှက်ရေစားသောက်ကြ၏။ဟင်းကောင်းမစားရသည်မှာကြာပြီဖြစ်သောကြောင့် တပန်းကန်ပြီးတပန်းကန်ထဲ့စားကြသဖြင့်ဗိုက်တင်းသွားကြပြီး စောစောပက်အိပ်ယာဝင်ခဲ့ကြသည်။မနက်စာအတွက်ပိုနေသောကြက်သားဟင်းကိုကား ကြောင်အိမ်ထဲတွက်သေချာထဲ့သိမ်းထားလိုက်၏။အမဲသားတုန်းကလိုထပ်ပျောက်သွားမည်စိုးသော်ကြောင့်ပင်။
ခင်ညိုတစ်ယောက်ထမင်းချက်ပြီး
ညကချက်ထားသောဟင်းအားနွေးရန်ကြောင်အိမ်ထဲသို့ကြည့်လိုက်ရာ ဟင်းမှာတတုံးမှမရှိတော့ပေ။သေချာရန်မီးထိုးကြည့်သော်လည်းပေနေသောခွက်မှအပဘာဆိုဘာမျှမရှိတော့ပေ။ထိုအခါအိပ်နေသောခင်ပွန်းသည်အား
“ကိုသောင်းလှ…တော့…ကိုသောင်းလှ ရေ…ညကရှင်ထမင်းတွေဘာတွေထစားသေးလား…”
အိပ်ယာထက်မှပိုသောင်းလှကလည်း
အိပ်ချင်မူးတူးအသံဖြင့်
“ဟာမိန်းမရယ်…ပေါက်ပေါက်ရှာရှာကွာ…ငါနင်နဲ့ညကအတူစားကြတာလေ
ည ည့်နက်စာငါမစားဖူးတာလဲနက်အသိသားနဲ့ကို…”
“ရှင်မညာနဲ့နော်…ဒါဆိုညကကြောင်အိမထဲကျွန်မသေချာထဲ့ခဲ့တဲ့ကြက်သားဟင်းဘာလို့နဲနဲမှမကျန်တော့တာလဲ..”
ထိုအသံကြားသော်ကိုသောင်းလှသည်ချက်ချင်းထလာပြီး
“ဘာကွမိန်းမ…အသားဟင်းပျောက်ပြန်ပြီလား…နှစ်ခါရှိပြီဘယ်သူတောင်းစားကလာစားပြန်ပြီလဲမှန်းပြစမ်းမိန်းမ”
ဆိုကာမိန်းမကိုင်ထားသောကြက်သားပန်းကန်အားကြည့်လိုက်၏။
“ဘာကောင်လည်းကွအရိုးရင်းပါမကျန်မြိုလိုက်တာများငတ်ကြီးကျလိုက်တာ…”
“ကိုသောင်းလှ..ဒီကိစ္စ….မိန်းမ အထင်သိပ်မရိုးတော့ဘူးနော်…”
“မိန်းမ ကဘယ်လိုထင်လို့လဲယောကျာ်းခိုးစားတယ်ထင်လို့လား…”
“မဟုတ်ပါဘူး…မိန်းမ ထင်တာမိန်းမတို့အိမ်မှာသူခိုးကပ်နေသလားလို့ပါ”
“ဟာ..မိန်းမ ရာသူခိုးဆိုတခြားဟာဘဲခိုးမှာပေါ့…ဟင်းကြီးခိုးစားပါ့မလားကွ”
“အိုတော်… ရှင်ကလည်းငတ်ကြီးကျနေတဲ့သူခိုးနေမှာပေါ့တော့်”
“မသိတော့ဘူးကွာ..မနက်စာအဖို့ဟင်းတစ်ခုခုစီစဉ်လိုက်ကွာ…အလုပ်ကသွားရဦးမယ်…”
ထိုနေ့အဖို့ခရမ်းသီးနပ်ဖြင့်စားလိုက်ရ၏။
နောက်ထပ်အနည်းငယ်ကြာ်သော်
အိမ်၌အသားဟင်းချက်စားကြပြန်၏။ထုံးစံအတိုင်း ကျန်ထားသောဟင်းတို့ပျောက်သွားပြန်၏။တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်သောကြောင့် လင်မယားနှစိယောက်လုံး တိတ်တဆိတ်သူခိုးထောင်ဖမ်းရန်တိုင်ပင်လိုက်ကြ၏။ဦးစွာအသားတစ်ပိဿာကိုချက်ကာကြောင်အိမ်ထဲသို့သေချာသော့ခတ်သိမ်းထားလိုက်၏။ညတွင်အိပ်ချငိယောင်ဆောင်ကာ နိုးကြားသောသတိဖြင့်သူခိုးထောင်ဖမ်းကြ၏။အစောပိုင်းတွင်အခြေအနေမထူးသော်လည်း သန်းခေါင်အချိန်တွင်မူ ထူးခြားမှုတစ်ခုစတင်လာ၏။
အကြောင်းမှာ မိမိတို့နှစ်ယောက်ကြား၌
အိပ်နေသောလသားအရွယ်သားလေးသည် လှုပ်လှုပ် လှုပ်လှုပ်ဖြင့်ထလာပြီး အရိပ်အခြေကြည့်ကာ ကုတင်အောက်သို့ဆင်းသွား၏။လင်မယားနှစ်ယောက်သည် လမ်းထလျှောက်နေသောသားငယ်အားကြည့်ကာအံအားသင့်သွား၏။မအော်မိအောင်
လက်ကိုကိုက်ထားလိုက်ရ၏။ကြည့်နေရင်းပင်သားငယ်သည် အသားဟင်းသိမ်းထားရာကြောင်အိမ်ဆီသို့တလှမ်းချင်းလှမ်းသွား၏။ကြောင်အိမ်ဆီသို့ရောက်လျှင်
အပေါ်ကိုမော်ကြည့်ပြီးကြောင်အိမ်အားကုတ်တက်၏။ခတ်ထားသောသော့ခလောက်အားလက်လေးဖြင့်ချောက်ချောက်ဟုခေါက်လေ လျှင်သော့ခလောက်သည်အားချင်းပွင့်သွား၏။သော့ပွင့်လျှင်သော့ခလောက်အားဖယ်ပြီး အထဲမှအသားပန်ကန်ကြီးကိုဆွဲယူကာလက်သေးသေးဖြင့်အားပါးတရကြုံး၍ကြုံး၍စားလေ၏။သွားပင်မပေါက်သေးသောကလေးသည်အသားဟင်းကြုံးစားသည်ကိုမြင်လျှင် ခင်ညိုမှာအသားများတဆတ်ဆတ်တုန်နေအောင်ကြောက်လန့်မိ၏။
သူခိုးအားရှင်းရှင်းလင်းလင်းမြင်ရအောင်မီးထွန်းခဲ့မိသောမိမိကိုယ်ကိုပင်အပြစ်တက်နေမိ၏။ကလေးငယ်သည်အသားဟင်းအားပြောင်စင်အောင်စားပြီးသော် မူလနေရာအတိုင်းပင်ပန်းကန်အားပြန်ထားလိုက်ပြီး ကြောင်အိမ်တံခါးအားပိတ်ကာသော့ခတ်၏။
ပြီးသော်အိပ်ယာရှိရာသို့ပြန်လာ၏။သောင်းလှနဲ့ခင်ညိုမှာ ဟန်မပျက်အိပ်နေပြီးမျက်လုံးကိုအတင်းပိတ်ထားလိုက်၏။အိပ်ယာသို့ရောက်သော်ကလေးငယ်သည် သူတို့နှစ်ယောက်မျက်နှာအားတချက်စီငုံ့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကြားတွင်ပြန်အိပ်နေလေ၏။ထိုညအဖို့သောင်းလှတို့လက်မယားနှစ်ယောက်စလုံးမိုးမြန်မြန်လင်းရန်ဆုတောင်းနေမိတော့၏။
မနက်ရောက်သော်လင်မယားနှစ်ယောက်အစောကြီးထပြီး ဖိုးရေခဲ၏အိမ်သို့တန်းတန်းမတ်မတ်လာခဲ့လိုက်၏။
မနက်စောစောဖြစ်သဖြင့် ဖိုးရေခဲကားအိပ်ယာမှမထသေးပေ။ဖိုးရေခဲ၏မိခင်မအေးမေနဲ့သာတွေ့ရ၏။အလောတကြီးရှိလှသော သူတို့လင်မယားကိုတွေ့လျှငိမအေးမေကဆီး၍
“ဟဲ့…သောင်းလှနဲ့ခင်ညိုအစောကြီးဘာတွေပျာယီးပျာယာဖြစ်နေကြတာလဲကွဲ့”
“အရေးကြီးလို့ပါအရီးမေရယ်…မောင်ရေခဲ လေးမထသေးဘူးလားနိုးပေးပါဦးသူ့ကိုအကူအညီတောင်းစရာရှိလို့ပါ”
“အေးပါကွယ်နင်တို့ကိုကြည့်ရတာလည်းမသက်သာလိုက်တာ..ခဏစောင့်ငါသားကိုသွားနိုးလိုက်ဦးမယ်”
ဆိုကာအိမ်ပေါ်သို့တက်သွား၏။ပြန်ဆင်းလာသော်မောင်ရေခဲလေးလည်းပါလာ၏။
“ဘာဖြစ်လာကြတာလည်းဦးလှ”
“ပြောရမှာရှည်တယ်ငါ့တူကြီးရယ်..
ဦးတို့ရဲ့သားလေးမူမမှန်ဖြစ်နေလို့…
ကူညီပေးပါဦး…”
“ဘယ်လို… ဦးလှတို့သားကလသားအရွယ်ဘဲရှိသေးတယ်လေ…ဘယ်လိုမူမမှန်တာလဲ”
“ဒီလိုကွ…ဦးတို့သားက ည ညဆိုအသားဟင်းတွေ ခိုးခိုးစားလို့ကွ..ပြီးတော့သူ့ကိုကြည့်ရတာလူနဲ့မတူဘူး မကောင်းဆိုးဝါးတစ်ကောင်လိုဘဲ…ပြောရင်းနဲ့တောင်ကြက်သီးထံလိုက်တာ…”
ပြောရင်းဖြင့်လင်မယားနှစ်ယောက်လုံးနောက်ကျောမလုံသလိုဖြစ်သွားကြ၏။
“ဟာဒါဆို…ဦးတို့သားမှာဘီလူးလေးဝင်ပူးနေတာဘဲ…ဒီလိုလုပ်သူမနိုးခင်ဦးတို့မရင်ပြန်သွားနှင့်ရော့ဒီဆေးပါယူသွားး
ဒီဆေးကိုကျောက်ပျဉ်မှာသွေးပြီးမခင်ညိုရဲ့ရင်သားမှာလူးထားလိုက်…ဘီလူးလေးအချိန်အတော်ကြာအိပ်ပျော်သွားလိမ့်မယ်..
ဘုရားရှိခိုးပြီးကျွန်တော်လိုက်လာခဲ့မယ်ဗျ”
“ဪအေးအေး…အဲဆိုအဒေါ်တို့အရင်ပြန်မယ်…သေချာပေါက်လာခဲ့နော်တူလေး..”
ဆိုကာ အိမ်သိူ့အမြန်ပြန်သွားပြီးမောင်ရေခဲမှာသည့်အတိုင်း ပြုလုပ်လိုက်၏။ကံကောင်းထောက်မစွာဖြင်ဘီလူးလေးမနိုးသေး၍တော်တော့၏။လိမ်းထားပြီးညကကိစ္စကိလြင်မယားနှစိယောက် မသိချင်ယောင်ဆောငိကာနေလိုက်၏။ဘီလူးလေးသည်နိုးလာလျှင်အသံအိုကြီးဖြင့်ငိုနေ၏။ခင်ညိုလည်း
အံကျိတ်ပြီး ရအောင်နို့တိုက်ထားလိုက်၏။
ဘီလူးလေးသည်နို့အားကိုက်ဆွဲပြီးစို၏။
ခဏကြာသော် အိပ်ပျော်သွားလေ၏။
မောင်ရေခဲလည်းမကြောက်တတ်သူ
ယောကျာ်းသားလေးငါးယောက်အားခေါ်လာခဲ့၏။ထိုအိမ်သိုရောက်သော် လွယ်အိတ်ထဲမှဆရာဖြစ်သူဖိုးသူတော်ရုပ်အားထုတ်ပြီး အရပ်ရှစ်မျက်နှာတခွင်ဝေ့ရမ်းပြလိုက်ပြီး
“ဒီအိမ်ဝန်းကျင်မှာရှိနေတဲ့နကောင်းဆိုးဝါးနာနာဘာဝဟူသမျှငါ့အမိန့်မရမချင်းမလှုပ်ရှားနိုင်စေရ…..ဦးသူတော်ကြီး၏လက်အောက်ခံနတ်ဘီလူးညီနောင်လည်း ဤအိမ်အတွင်းမှရှိနေသောဘီလူးလေးအား
နိုင်နင်းရာတွင် မကူညီရ…ငါ့ဆရာဦးသူတော်၏အမိန့်…ငါရေခဲ၏အမိန့်….”
ထိုသို့အမိန့်ပြန်လိုက်လျှင်လေမတိုက်ဘဲပတ်ဝန်းကျင်ရှိသစ်ပင်များယိမ်းထိုးသွား၏။
“ကဲ..ဘီလူးလေးနိုးမလာခင်အရင်လက်ဦးမှုယူရအောင်ကလေးကို သင်္ချိုင်းကုန်းကိုသယ်ခဲ့…မြန်မြန်အချိန်မရှိဘူး…”
ဆိုကာဦးသောင်းလှကိုယ်တိုင်ကလေးကိုချီသွားခိုင်းလိုက်၏။သင်္ချိုင်းသို့ရောက်သော
တွင်းနှစ်တွင်းအားခပ်ဝေးဝေးတူးစေလိုက်၏။ပြီးလျှင် အစီအရက်လုပ်ထားသော
သံသေဓားကိုထုတ်လိုက်ပြီး
“ရော့ဒီဓားကိုယူပြီးကလေးကိုနှစ်ပိုင်းပိုင်းလိုက်ပါ…မြန်မြန်…”
ဟုဆိုကာပါလာသောယောကျာ်းသားတိုအားဓားပေးလိုက်သော်လည်းတစ်ယောက်မှမယူဘဲရှိလေ၏။ဘီလူးလေးသည်အပြစ်ကင်းစင်သော ကလေးတစ်ယောက်ပမာနှစ်ခြိုက်စွာအိပ်မောကျလေ၏။
“ရော့..ဓားယူပြီးခုတ်လိုက်ပါဆို….ဘီလူးလေးနိုးလာရင်ဘယ်သူမှနိုင်တော့မှာမဟုတ်ဘူးနော်…”
ဟုဆိုလိုက်မှဆေးမင်ကြောင်အပြည့်ထိုးထားသောလူတစ်ယောက်ကမောင်ရေခဲထံမှဓားအားယူလိုက်ပြီး အခင်းဖြူဖြူပေါ်မှအိပ်စက်နေသောကလေးငယ်အား မျက်လုံးအစုံမှိတ်ပြီးခုတ်ချလိုက်လေသည်။ကလေးငယ်သည်အသံအိုကြီးဖြင့်တချက်မျှငိုလိုက်ပြီး အသက်ထွက်သွားတော့၏။ဦးသောင်းလှမှာမိမိရင်သွေးလေးအားသနားသော်လည်း ညမှမဖြစ်ကြောင့်စိတ်ပြန်တင်းထားလိုက်သည်။ကလေးငယ်အား တွင်းနက်နက်တူးထားသောတွင်းနှစိတွင်းထဲသို့ခဲီမြုပ်ခိုင်းလိုက်၏။အကြောင်းမှာဘီလူးငယ်သည်
ခန္ဓာကိုယ်ပြန်ဆက်ပြီး ပြန်ထလာမည်စိုးသောကြောင့်ဖြစ်၏။အားလုံးပြီးစီးသွားသော်ဦးသောင်းလှတို့အိမ်သို့ပြန်လာပြီး ဘုရားပန်းလဲခိုင်းလိုက်၏။အိမ်တွင်ပရိတ်တရားရွတ်ဖတ်ရန်လည်းမှာထားလိုက်၏။ထိန်းချုပ်အမိန့ပြန်ထားသောသူများလည်းပြန်လည်လွှတ်ပေးလိုက်၏။
ညရောက်သော်ခက်ညိုသည်အိပိမက်ဆိုးမက်နေလေ၏။
” ဟင်း..ဟင်း…ခင်ဗျားတို့လက်ဦးသွားလို့သာကျုပ်ခံလိုက်ရတာ…ခင်ဗျားတိုကလေးကိုကျုပ်စားပြီး…သူ့နေရာမှာကျုပ်အစားထိုးဝင်လိုက်တယ်…..ကျုပ်အစွမ်းမရသေးခင်မို့ငြိမ်နေတုန်းခင်ဗျားတို့လက်ဦးသွားတယ်…မဟုတ်ရင်ချင်ဗျားတို့နှစ်ယောက်အပါ…တစ်ရွာလုံးကျုပ်ကစားမှာ…ခင်ဗျားတို့လက်ဦးသွားတယ်…တောက်!”
ဟုမက်လေ၏။နိုးလာသောအခါချွေးစောများပျံနေလေ၏။သို့ကြောင့်အချိန်မဆိုင်းတော့ဘဲအိမ်သို့ဘုန်းကြီး(ဟုမက်လေ၏။နိုးလာသောအခါချွေးစောများပျံနေလေ၏။သို့ကြောင့်အချိန်မဆိုင်းတော့ဘဲအိမ်သို့ဘုန်းကြီး(၇)ပါးပင့်ပြီးပရိတ်၊ပဌာန်းရွတ်ဖတ်ပူဇော်လိုက်၏။ထိုအချိန်မှစ၍ အိပ်မက်ဆိုးများလည်းမမက်တော့ဘဲရှိလေတော့သည်။…….။