သားလုပွဲ(စ/ဆုံး)
————-
“သန်းလှ ဘာမှ မဖြစ်ဘူးအားတင်းးထား အားတင်းထား မွေးတော့မယ် သိလားငါနင့်အနားမှာ ရှိတယ်နော် ” ဆိုပြီးးအနားးလာထိုင်သည်။
သန်းလှ အားတင်းထားညီမ မွေးတော့မယ် မွေးတော့မယ် ခေါင်းလေးထွက်လာပြိ”
“အားတင်းထား အားစိုက်ပြီးးညစ် လိုက်နော် ညီမ အမရှိတယ် စိတ်မလျှော့လိုက်နဲ့ညီမ”
သန်းလှ လည်းတစ်ကိုယ်လုံးမှ အမျိုးအမည်မသိတဲ့ ဝေတနာတေ ခံစားရပြီးးအသက်ကို၀၀ ရှုကာ အားကုန်ညစ်လိုက်တော့သည်။
“အူဝဲ အူဝဲ” မွေးမွေးပြီ မွေးးပြီ။
ဆိုပြီးးသန်းလှ မြရင် ရဲ့အသံကို နောက်ဆုံးကြားလိုက်ရပြီးး ဘာမှမသိတော့ပေ။
~~~~~~~~~~~~~~~~~~
ရန်ကုန်မြို့မှ နုတ်ခွန်းဆက်ပါ၏ ဆိုတဲ့ ရန်ကုန်မြို့အထွက် အချိန်က မနက်ကိုးနာရီ ၊
ရန်ကုန်ပြည် ဟိုင်းဝေးကားပေါ်မှာတော့ ခရီးသည်တေကအပြည့်ပေါ့ ၊ ကားကလည်းတရိပ်ရိပ်နဲ့ ခပ်မှပ်မှန် မောင်းနေတော့သည်။ ထိုခရီးသည်တေ ထဲတွင် စနေ တစ်ယောက် ကားစီးရင်းး ပျင်းလာတာနှင့် ဘေးမှာ ထိုင်နေတဲ့ ရုံး၀န်ထမ်း အောင်သိုက် ထံသို့လှည့်ပြီး
” အောင်သိုက်ရေ ပျင်းလာပြီကွာ ခန အိပ်လိုက်အုံးမယ် ညီအိပ်ချင်လာတော့ အကို့ကို နိုးနော် ”
” ဟုတ် ကိုကြီးစနေ ညီ မအိပ်ချင်ပါဘူးအိပ်အိပ်”
အောင်သိုက်က အညာသား ဗျ ဆယ်တန်းနဲ့ ရုံး၀န်ထမ်းလုပ်နေတာ ။ ရိုးသားတယ် ။ အားကိုးရတယ်။
ကားမှာ ဖွင့်ပေးတဲ့ မြန်မာ ဇာတ်လမ်းကြည့်နေတော့ သူက ဘယ်အိပ်ချင်မလည်း။ ကျွန်တော်လည်း မှေးးခနဲ အိပ်ပျော်သွာတယ်၊
”ဘောင်းး”
ကားကတုံခနဲ ရပ်သွားတယ် ၊ စနေလည်းလန့်နိုးလာတာပေါ့။
” အောင်သိုက် ကားဘီးပေါက်တာလား”
” ဟုတ်တယ် ကိုကြီးရ ”
“အေးကွာ မြန်မြန်ရောက်ချင်ပါတယ် ဆို မနက်က ဘဲဥနဲ့ ငါးချဉ်သုတ် ရောပြီးထမင်းေကြာ်စားထားတော့ လူကအိပ်ချင်နေတာကွ”
ထိုအချိန်မှာဘဲကားစပါယ်ယာလေးးက••
” ခရီးသည်များခင်ဗျာ ကားဘီး ပေါက်သွားလို့ အပေါ့အပါးသွားချင်ရင် ဆင်းလို့ရပါတယ် တန်ဖိုးရှိ ပစ်စည်းများမိမိနဲ့ အတူ တစ်ပါထဲ ယူဆောင်သွားပေးပါခင်ဗျာ”
” ကဲ အောင်သိုက်ရေ အိပ်ချင်တာ ပြေအောင် အောက်ဆင်းပြီး ဆေးလိပ်သောက်ကျရအောင် ကွာ ”
” ဟုတ်ကိုကြီး ” ဆိုပြီးနှစ်ယောက်သား ဆင်းလိုက်ကျတာပေါ့၊ အောင်သိုက်က မသောက်ပါဘူး ကျုပ်တစ်ယောက်ထဲ သောက်တာ ။ လယ်ကွင်းထဲ ဘေးးဘယ်ညာ လျှောက်ကြည့်တော့ လယ်ကွင်းထဲ အုပ်ဂူတစ်လုံး ထီးထီးးကြီးတွေ့တာနဲ့ •
“အောင်သိုက် မင်းသရဲ ကြောက်တတ်လား ”
” အဖော်ပါရင်တော့ မကြောက်ပါဘူး ကိုကြီးရာ”
ကျွန်တော်လည်း ခပ်ပြုံးပြုံးနဲ့ ” အေးးငါတို့အခုသွားမဲ့ နေရာက ထူးဆန်းတာ တေ ကြားရ မြင်ရမယ်ထင်တယ် ”
ဟုတ်တော့ဟုတ်သည် ကျွန်တော်က အယူတော မဂ်လာ အတိတ်နိမိတ် စာအုပ် ဖက်ဖူးတော့စိတ်ထဲ ဒါ အကြောင်းမဲ့တော့မဟုတ်ဘူးကြိုတင်နိမိတ်ပြတာဘဲ ဖြစ်မယ် လို့တွေးမိတာကိုး။ ကားဘီးးပေါက်တဲ့နားမှာ အုတ်ဂူတစ်လုံးက ရှိနေတော့ကြိုတင်နမိတ် ပေးတာဘဲ လို့ ယုံကြည်လိုက်တယ်။
“ခရီးသည်များ ပြန်တတ်လို့ရပါပြီ”
စပါယ်ယာလေးရဲ့အသံ ၊
ကဲအောင်သိုက် ရေ ” “ကားပေါပြန်တတ်ကျရအောင်”
ကားက လမ်းမှာမနားတော့ဘဲ မောင်းလာလိုက်တာ နေ့လည်နှစ်နာရီခွဲမှာ လက်ပံတန်း ကိုရောက်လာခဲ့တာပေါ့။ “ခရီးသည်သည်များ အစာပြေစာ စားမှာ ဖြစ်ပါတယ် တန်ဖိုးရှိ ပစ်စည်းများးတစ်ပါထဲ ယူဆောင်ပေးပါ ကားတံခါးပိတ်မှာဖြစ်ပါတယ်”
“ကဲ အောင်သိုက်ရေ ရောက်ပြီဟ အထုတ်တေ မေ့ကျန်တာမဖြစ်အောင်သေချာစစ် ”
“ဟုတ်”ကိုကြီးဆိုပြီး နှစ်ယောက်သားယူစရာရှိတဲ့အိပ်တေယူပြီးဆင်းလာလိုက်တယ် ။ ဆိုင်ကယ် ကယ်ရီ ငှားပြီး ( —)ရွာသို့ထွက်ခဲ့တော့သည်။ ( ရွာနာမည်နဲ့ လူနာမည်တစ်ချို့ကို လွဲထားပါမည် ထို့ကြောင့်နားလည်ခွင့်လွတ်ပေးစေချင်ပါသည်)
” အမေထွေးတို့ အိမ် ဘယ်အိမ်လည်း ခင်ဗျာ”
ဈေးသည်အမေကြီးကို စနေက မေးလိုက်သည် ။ ” ဧည့်သည်တေလား ဟိုစာသင်ကျောင်းဘေးက အိမ်ဘဲ ကွဲ ”
“ဟုတ်ကဲ့ ကျေးဇူးပါနော် အမေကြီး”ဆိုပြီးး အမေထွေးတို့အိမ် ၀င်လာခဲ့လိုက်တယ်၊
” ဟဲ သားလူလေး စနေတို့လား လာကျလာကျ အမေက နေ့လည်လောက်ကတည်းက မျော်နေတာ” ကျွန်တော်လည်း
“ဟုတ်တယ်အမေရေ မနက်ကားစီးဘို့အဆင်မပြေလို့ ကိုးနာရီကားစီးရတယ် ရုံးမှာ လိုအပ်တာတေ သွားယူရသေးလို့ပါ”
” အေးအေး ဒီညတော့ နားကျအုံးမနက်စောစောမှ တောင်ပေါ်တတ်ရမယ်”
“ဟုတ်ကဲ့အမေ သားတို့ခန နားလိုက်အုံးမယ် ပြိးမှ ရွာထဲ လျှောက်လေ့လာအုံးမယ် ”
” အေးအေး နားကျ နားကျ ”
ညနေကျ ရွာထဲ ခနသွားပြီး ညစာထမင်းစောစောစားကား အိပ်ယာ၀င်လိုက်ကျတယ်။
~~~ ~~~~ ~~~~
မနက် လေးနာရီထိုးသံ
ဒေါင် ဒေါင် ဒေါင် ဒေါင်
ဘုန်းကြီးကျောင်းက နာရီသံကြီးက
ဟိန်းထွက်လာဆယ် ။
” အောင်သိုက် နိုးလား”
“ဟုတ်နိုးတယ်ကိုကြီး”
“မျက်နာသစ် အစာပြေစားပြီးခရီးဆက်ကျမယ်”
ဆိုပြီးနှစ်ယောက်သား ခရီးဆက်ဘို့ပြင်ဆင်ကျတာပေါ့,
အမေထွေး ပြင်ပေးတဲ့ ထမင်းကျော်စားပြီးး ခရီးးထွက်ခဲ့ကျတာပေါ့။
ရွာကနေ ဆည် ဆိပ်ကမ်းကို ဆိုင်ကယ်နဲ့သွား လှေစီး ရတယ် ။ တစ်နာရီလောက် ကြာတော့တောလမ်းခရီးကို ခြေလျှင်တတ်ရတယ်။ ကိုတေ အဖွဲက လေးယောက်နဲ့ ထမ်းလုံးလေးလုံး။
(ထမ်းလုံးဆိုတာ တောင်ပေါကို ပစ်စည်းထမ်းတင်ပေးတဲ့ လူကိုပြောတာ ဖြစ်ပြီး အထန်းသမားတစ်ယောက်ကို တမ်းလုံး တစ်လုံးခေါ်တာကိုး)
တစ်ခြားလူတေကလည်း လူတေကော် ထမ်းလုံးတေကော် စက်လှေ နှစ်စီး အပြည့်ဘဲ ဗျို့၊
စကားတစ်ပြောပြောနဲ့ တတ်လာလိုက်တာ ၁၂ ထိုးတော့ နေ့လည်စာ ထမင်းစုစားကျတာပေါ့။
ထမင်းထုတ်ကိုယ်စီနဲ့ လူ အယောက် နှစ်ဆယ်လောက်ဆိုတော့ ပျော်စရာကြီးးပေါ့၊
ထမင်းစားပြီးခရီးးဆက်ထွက်လာတာပေါ့။ လမ်းခရီးးက တောနက်လေ ပိုပြီးသာယာ လှပတဲ့ ရှု့ခင်းတေ တွေ့ရလေ ဘဲ ဗျ ရှု့ခင်းတေ ကြည့်ပြီးစကားတစ်ပြောပြောနဲ့ တတ်လာတော့ ပင်ပန်းတာ မေ့ပြောက်နေတယ် ။ ထူးဆန်းတာတစ်ခုက ဒိတောလမ်းခရီးကို အမေထွေး အသက် ခြောက်ဆယ်တစ်နှစ်က တတ်နိုင်တာ အံ့ဩေယူရတယ်ဗျ အလေ့အကျင့်ကြောင့်ဆိုပေမဲ့ တောတော ကြမ်းတဲ့ ခရီးးမလားး၊
ည ငါးနာရီ
တဲလေးတေ ဟိုတစ်စု ဒီတစ်စု စတွေ့လာသည်။ သူတို့ကတော့ ဟိုလူ လှန်းနုတ်ဆက်လိုက် ဒီလူစကားပြောလိုက်ပေါ့။ ကိုယ်တေက အထူးအဆန်း ဖြစ်နေတာပေါ့ ဒီလောက်ခေါင်တဲ့ တောထဲ ဘယ်လိုတေ နေကျလည်းပေါ့ အိမ်ခြေကလည်း အားလုံးပေါင်းရင် ခြောက်ဆယ်လောက်ရှိမယ် ။
ကျွန်တော်ရယ်ချင်တာတစ်ခုတော့ရှိတယ်ဗျ တော်ထဲမှာ သီချင်းဖွင့်ရင် လောစပီကာကြီးးနဲ့ ဖွင့်တာ ဖွင့်တာက တွံ့တေးသိန်းတန် ထူးဆန်းတာရော ရယ်ချင်တာရော ပင်ပန်းတာ ပါ အစုံပေါ့ဗျာ။
ပိုထူးဆန်းတာက အိမ်တော်တော်များများက ဝါးအိမ် တေ ဗျ ။
ဝါးအိမ်ဆိုလို့ ဘာထူးဆန်းလည်းမမေးးနဲ့ ထူးဆန်းတယ်ဗျ။
တိုင်ကလည်းဝါး ~ ခင်းတာလည်းဝါး~ကာတာလည်းဝါး~
မိုးတာလည်းဝါးး~ သံမသုံးဘူးဗျ ဝါးနဲ့ ဆို့ထိုးတာ တော်တောလေးသဘောကျမိတယ်။တောထဲမှာလည်း ငါးရှာတဲ့လူ မီးသွေးဖုတ်တဲ့လူ နဲ့ သစ် ဆွဲတဲ့လူတေ အစုံဘဲဗျို့့။
ပိုပြီးထူးဆန်းတာ တစ်ခုက ဗျားနာလို့ ဆေးထိုးမယ်ဆို ဆရာ၀န်မရှိဘူး ကိုယ့်ပါကို ထိုးကျတာတဲ့ ထူးဆန်းတယ်နော်။
ညခြောက်နာရီလောက်ကျ အမေထွေးတို့အိမ်တဲစု ရောက်ပါလေရော်။ တဲရောက်တော့ အမေထွေး အမျိုးသား အဘညို ဆိုတာ တွေ့တယ်။ ” လာလာ လူလေးတို့ တတ်ကျ ခန နားပြီးရေမိုးချိုးကျပေါ့ ပြီးရင် ထမင်းစားကျမယ် တော်၀က်သားချတ်တာတာနဲ့အတော်ဘဲ ” “ဟုတ်ကဲ့ အဘညိုရပါတယ်”ခနနားပြီးရေမိုးချိုးပြိးတော့ ထမင်းစား ပြီးအိပ်ယာ၀င်လိုက်ကျတော့သည် ။ ပင်ပန်းလို့လားမသိဘူး မိုးလင်းမှ တစ်ရေးနိုးးတယ်။
~~~~~~~~~~~~~~~~~~~~~~~
တနေကုန် လုပ်ငန်းအတွက် လျောက်ကြည့်ရ တွေ့စရာရှိတဲ့သူတေ သွားတွေ့ရနဲ့ ညနေ လေးနာရီလောက်မှ ပြန်ရောက်တယ်။
ရေမိုးချိုးပြီး ခန နားပြီးး ထမင်းစားကျတာပေါ့။ ထမင်းစားပြီး
အဘညိုနဲ့ ရေးနွေးးသောက်ရင်းစကားပြောကျတာပေါ့ ။
“ဟူးးဝူးး” ဟာ ဘာဖြစ်တာလည်းဟ ။
လူလည်း အကောင်အထည်မမြင်ရဘဲ အဘညိုနဲ့ ကျွန်တော့ကြား လေ မှုတ်သံကြီးးကြားလိုက်ရတာကို။
အဘ ညိုက “ဘာမှ မကြောက်နဲ့လူလေး ဒီနေရာက တောကြမ်းတယ်ဖြစ်လေ့ဖြစ်ထ ရှိတယ် ” “ဟင်ဟုတ်လား အဘညို ”
ဟုတ်တယ် လူးလေးး အဘညိုစီလည်း ခနခဏလာကျတယ် ”
“အဘက တွေ့ရတာလား ”
“ပါတော့လူလေးရေ ဒီထက် ဆိုးတဲ့ အဖြစ်အပြတ်တေတောင် ဒီမှာ ဖြစ်ကျတယ် ကွဲ့ ”
” ဟုတ်လား အဘညို အပန်းမကြီးးရင် ပြောပြပါလား”
အဘညိုက အပြင်ကို တစ်ချက်တွေတွေလေးးငေးကြည့်ပြီးး
” လူလေးတို့စိတ်၀င်စားမယ်ဆိုလည်း ပြောပြရတာပေါ့ကွယ် အဖြစ်က ဒီလိုကွဲ”
ဆိုပြီ စကားအစချီလိုက်တော့သည်။
~~~~~~~~~~~~~~~~~
နာမည်က သန်းလှ တဲ့ အရွယ်က ၂၆နှစ် ဆိုတော့ မသန်းလှပေါ့လေ။
ခင်ပွန်းက ထွန်းနိုင် အိမ်တောင်ကျတာ ခြောက်နှစ်လောက်ကြာမှာ မသန်းလှ ခင်မျာ ကိုယ်၀န်ရခဲ့တာပေါ့့။
ရိုးမ ပေါ်မှာ အများနည်းတူ မီးသွေး ဖုတ် တဲ့ အလုပ် နဲ့အသက်မွေးတာပေါ့။
“မသန်းလှရေ မိုးနည်နည်းစည်းတုန်း ငါ ဖို မီးသွားသွင်းလိုက်အုံးမယ်”
“ဟုတ်ကဲ့ ကိုထွန်းနိုင်ရေ ပြန်လာမှ ညစာ စားကျတာပေါ့”
“အေးအေးသွားပြီ တစ်ကယ်လို့ငါနောက်ကျရင် စားထားနှင့် ဗိုက်ကိုလည်းဂရုစိုက်နော် မဗိုက်ရေ”
“စိတ်ချပါတော် တစ်ကယ်တည်းဖြစ်နေလိုက်တာ”
” မသန်းလှ လည်း ခင်ပွန်းကို ခလဲ့တဲ့တဲ့လေး ပြောလိုက်တယ် ”
အိမ်ထောင်သက် ခြောက်နှစ်ကြာမှ ကံပေါတာဆိုတော့ ပျော်တာပေါ့လေ ၊
ညအချိန် ကိုးနာရီခန့် ၊ ” သန်းလှရေ သန်းလှ”
အိမ်ရှေ့က ခေါ်သံကြောင့် “ရှင်ဘယ်သူလည်းကိုမြင်စိုးလား ဘာဖြစ်တာတုန်း အလောတကြီး ”
“အေးးပြောစရာရှိလို့ဟ ”
အနောက်ကနေ လူ လေးငါးယောက်ခန့် လည်းအပြေးလိုက်လာကျတယ် ။ သန်းလှ လည်း ရင်တုန်ပန်းတုန်နဲ့ ။
“ကိုမြင့်စိုးဘာဖြစ်လို့လည်း”
” မပြောမဖြစ်တော့ ပြောရမှာဘဲ ဟာ နင်စိတ်တော့ ခိုင်ခိုင်ထား နင့်ယောက်ျား ဘထူ တို့ မီးသွေးးဖိုထဲ ပြတ်ကျလို့ဆုံးပြီ”
“ရှင် ”
သန်းလှလည်း ရင်စို့ပြီး မေ့လဲသွားတော့သည်။
“ဟ ဟ လုပ်ကျပါအုံး သန်းလှ သန်းလှ”
“ချေမချိုးချေမချိုး ”
အားလုံးဆူညံ့ကုန်တော့သည်။
” မင်းငါပြောသားဘဲ မပြောပါနဲ့လို့ ”
” ဟ မောင်ဆင့်ရ မပြေလို့ရမလား ”
ဘေးမှ အမေအိုတစ်ယောက်က ” ကဲပါ စကားများမနေနဲ့ လုပ်ကျ ပါဟဲ သန်းလှကိုသတိရအောင်”
ခနနေတော့ အသက် ရှိုက်သံကြီးးထွက်လာပြီးသန်းလှ သတိရလာတော့သည်။
“သန်းလှ သန်းလှ သတိထားလေ သမီးးကို့မှာလည်းမပေါ့မပါးကြီးးနဲ့ ”
” အောင်မလေးကိုထွန်းနိုင်ရဲ့ အဖြစ်ဆိုးလှချည်ရဲ့တော့ ”
“ငါညီမရယ် စိတ်ထိန်းပါ နင့်မှာလည်းမပေါ့မပါးကြီးးနဲ့ ”
ကိုမြင်စိုးမှ နှစ်သိပ်သည်။
သန်းလှကိုကြည့်ပြီး လူးတိုင်းရင်ထဲ စို့နှစ်ကုန်တော့သည်။ သန်းလှ ကတော့ အငိုဘယ်တိတ်နိုင်မလည်းး၊
ရွာသားတေလည်း ကုလည်ဖျင်းထိုးကျတာပေါ့ အားလုံးအလုပ် ကိုယ်စီ ဝိုင်းလုပ်ကျတတာပေါ့။ စိတ်ထဲမှာတော့ ထွန်းနိုင်အတွက်စိတ်မကောင်းတာ အပြင် သန်းလှ ကိုပါ သနားပြီး ဘယ်သူမှ မျက်နာမသာမယာနဲ့ ၊
အော် လောကရယ် ရက်စက်လိုက်တာ။
~~~~~~~~~~~~~~~~~~~
ရက်လည်ပြီလို့ ကုလည်ဖျင်းဖျက်သူက ဖျက်
အိုတေ ခွပ်တေဆေးသူဆေး ပေါ့။ သန်းလှ အိမ်ပေါ်မှာတော့
တဲစုဝိုင်းက လူတေ သက်ကြီးးရွယ်အိုတေနဲ့ မသန်းလှ လေးနဲ့ ။
“သန်းလှ သမီးရေ နင့်မလည်းမပေါ့မပါးကြီးးနဲ့ တောင်အောင်ဆင်းဘို့လည်းမလွယ်ဘူး
မီးဖွားပြီးတဲ့အထိ ဒီမှာဘဲနေလိုက်နော် ”
အမေထွေးးကနှစ်သိပ်သည်။ဘေးနားကလူတေကလည်း ခေါင်းငြိမ့်သူငြိမ့် တီးတိုးသံတေနဲ့ပေါ့ ။
ကိုယ်၀န်အရင့်အမာကြီးနဲ့ သန်းလှ ကိုလူတိုင်း သနားမဆုံးဖြစ်နေတော့သည်။
“ဟုတ်တယ် သန်းလှရေ ခရီးးကြမ်းနဲ့ နင်တောင်အောင်ဆင်းဘို့မလွယ်ဘူး ရွာမှာလည်းနင့်အမျိုးကမရှိ နဲ့ ဒီမှာဘဲ နေပါ ခလေးမီးဖွားတဲ့အထိ ငါတို့ ဝိုင်းကူညီပါ့မယ်”
မသောင်းကြည်မှ ဘေးက ၀င်ပြောလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတော့ မသန်းလှ လည်း အားလုံးနားချမှုကြောင့် တောင်တောပါမှဘဲ နေဖြစ်တော့သည်။ အဖော်အဖြစ် ညဘက် အိပ်ဘို့ မသောင်းကြည်နဲ့ သူ့သမီးးလေး ကလာအိပ်ပေးတာပေါ့။
နေ့လည်ပိုင်းတော့ ကိုယ်အလုပ်ကိုယ်လုပ်ကျတာ ပေါ့၊ မသန်းလှကိုတော့ အားလုံးက စားဘို့သောက်ဘို့ ဝိုင်ကူညီကျတာပေါ့။
~~~~~~~~~~~~~~~~~~~
တစ်ည မသန်းလှလည်း မသောင်းကြည်တို့သားအမိ ရောက်မလာခင် ဘုရားရှစ်ခိုးပြီးး အိပ်ယာခင်းနေတုန်း အိမ်ရှေ့ မျက်စောင်းထိုးချေရင်းက အပင်ကိုအမဲ့တမှတ်ကြည့်လိုက်တာ ဟင် သန်းလှ လန့်သွားသည် လူလည်း ကြက်သိမ်းမွေးညင်းတေ ထပြီး
ကြောင်ကြည့်နေမိတယ်။ အိမ်ရှေ့ချေရင်းမျက်စောင်းထိုးတွင်ပေါက်နေသော မြောက်ချောပင်ကြီးပေါ်မှ
ဆံပင် ပြောင်းပြန် ဖားလားချပြီးးစောက်ထိုးကြီးးဆင်းလာတဲ့ မိန်းမ တစ်ယောက် အသားက ဝါကျင့်ကျင့်နဲ့ မျက်လုံးကြီးးနီပြီး အိမ်ပေါ်တတ်လာတော့ သည်။
” ရှင်ဘယ်သူလည်း ဘယ်သူလည်း ကျွန်မအိမ်ပေါ်ဘာလို့တတ်တာလည်း”
အထစ်ထစ်အငေါ့ငေါ့နဲ့မေးးလိုက်သည်။ ကြောက်လွန်းလို့ ခေါင်းရင်းနားကပ်ပြီးး အသားတေလည်းတစ်စက်စက်တုန်နေတော့သည်။
” ငါ နင်အဖော်ရအောင် လာနေပေးတာ ပါ ငါ့ကိုမကြောက်ပါနဲ့”
“မလိုဘူးသွားသွား ရှင့်လည်းကျွန်မသိဘူး မလာနဲ့ ”
သန်းလှ လည်း အော်တာပေါ့။
” ငါနင့်ချေရင်းအပင်မှာ နေတာ “ငါ့နာမည်က မြရင် ငါကိုမကြောက်နဲ့နော်”
” မသိဘူးမသိဘူးသွားသွား”
သန်းလှ လည်းမျက်လုံးမိတ်ပြီးးအော် ထုတ်တော့သည်။။ မသောင်းကြည် တို့သားအမိလည်း အပြေးလေ ရောက်လာပြီးး
“ဟဲ့ သန်းလှ သန်းလှ ဘာဖြစ်တာလည်း”
သန်းလှလည်းမျက်လုံးဖွင့်ကြည့်တော့ မသောင်းကြည်တို့သားအမိ ဖြစ်နေတော့အားတတ်သွားသည်။ အပေါက်၀ကြည့်တော့ မြရင်ဆိုတဲ့ မိန်းမ မရှိတော့ဘူး။
” ဘာမှ မဖြစ်ပါဘူးအမသောင်းကြည် ကျွန်မ အိမ်မတ်မက်တာ ထင်တယ် ”
“အော်အေးအေး ကိုယ်၀န်လွယ်စဥ်အချိန် လူက ကံနှိမ့်တယ် ဘုရားလေးဘာလေးရှစ်ခိုး သိလား”
“ဟုတ်အမ”
“အေးးနင့်လည်းသတိပေးမလို့ နာရေးပြီးကတည်းက နင့် အိမ် အိမ်တွင်းအုန်းပြန်မဆွဲရသေးဘူး ”
ဟုတ်အမသောငး်ကြည် လူကြုံနဲ့ တောင်အောက်ကိုမှာလိုက်ပါ့မယ်။
“အေးအေး အိပ်တော့ ငါလည်း နင့်တူမ အထွေး သူ့အဖွားနေမကောင်းလို့ မနက်ဖြန်တောင်အောက်လွတ်မှာမို့ ပြင်ဆင်နေတာနဲ့နောက်ကျသွားတယ် ”
“ကဲကဲ အိပ်တော့ အားရှိမှ ဖြစ်မယ် ဟဲ့ မွေးခါနီးဖွားခါနီးး”
~~~~~~~~~~~~~
ညနေစာ ချက်ပြုပြီး အိုးခွတ် များဆေးပြီးလို့ နားမယ်ဆိုပြီး မသန်းလှလည်း မီးဖိုချောင်ထဲမှ အထွက် ၊
“ဟင် ရှင်ရှင် ”
ဆံပင်စုပ်ဖွားနဲ့ မျက်နာဝါထိန်ထိန်နဲ့ မျက်လုံးနီကြောင်ကြောင်နဲ့ မြရင်ဆိုတဲ့ မိန်းမ ကိုတွေ့လိုက်ရသည်။
“မကြောက်ပါနဲ့သန်းလှ ရယ် ငါက နင့်ကိုစောင့်ရှောင့်မလို့ပါ နင်တစ်ယောက်ထဲ ငါသနားလို့ပါ”
” မလာနဲ မလိုဘူးမလိုဘူး”
“နင်မလာခိုင်းလည်း ငါလာမှာဘဲ ဒါငါ့တာ၀န်”
မြရင်ရဲ့ လေသံ မာမာကြောင့် သန်းလှ ကြောက်သွားပြီးး ခေါင်းရင်းခန်းလေးမှာ ကျုံကျုံလေးထိုင်နေလိုက်သည်။ ြမရင်ဆိုတဲ့ မိန်းမ က ခြေရင်းမှာ ထိုင်ပြီးး
“နင်ခလေးချောချောခြူခြူ မွေးးမှဖြစ်မယ် နင်လည်းဂရုစိုက် ငါလည်းနင့်ကိုဂရုစိုက်မယ် ကြားလား”
သန်းလှ လည်းကြောက်ကြောက်နဲ့ ” “ဟုတ် ဟုတ် ”
ကြောက်လွန်းလို့ အသားတေ တုန်နေမိတယ် ။ စိတ်ထဲကလည်း မသောင်းကြည်လာပါတော့လို့ ဆုတောင်းတေမိတယ်။
“သန်းလှရေ သန်းလှ ” ဆိုပြီးး ကိုမြင်စိုးကြီးအသံကြားရတော့
လူလည်းအားတတ်သွားတာပေါ့ မြရင်ကိုတစ်ချက်ကြည့်လိုက်တော့ မြရင်လည်း ကျွန်မကို ကြည့်ပြီးး အိမ်ရှေ့ကို လှည့်ကြည့်တယ် ။
“အောင်းမလေးးသရဲ သရဲ”
ကိုမင့်စိုးကြီးးအော်ပြီးးထွက်ပြေးတော့သည်။
သန်းလှ လည်းစိတ်မထိန်းနိုင်ဘဲ ချုံးပွဲချ ငိုလေတော့သည်။
မကြာဘူး အိမ်ရှေ့ လူတေ ရုံစုရုံးစု နဲ့ ရောက်လာတော့သည် ။ သန်းလှ သန်းလှ ဆိုပြီးအိမ်ပေါတတ်လာတော့သည်။
“ဟဲ့သန်းလှ ဘာလို့ငိုတာလည်း ဘာလို့လည်း ”
ဝိုင်းမေးကျတာပေါ့။ “ကိုမြင်စိုးကြီး မြင်တဲ့သရဲ မ ကျွန်မစီ နေ့တိုင်း ရောက်ရောက်လာတယ် ကျွန်မ ကြောက်လို့သေတော့မယ် အဟီးး “ဆိုပြီးငိုပါလေတော့သည်။
“မသောင်းကြည်လည်း မငိုပါနဲ့သန်းလှ ရယ် မျက်စိမှားတာနေမှာပါ ငါတို့ရောက်နေပြီဘဲ တိတ်တိတ် ”
မသန်းလှ လေးကို ချော့မော့ ထမင်းကျွေးပြီး အားလုံး တဖွဲဖွဲပြန်ကုန်တော့သည်။
~~~~~~~~
သန်းလှ လည်းစိတ်ညစ်လှပြီး နေ့တိုင်း မြရင်ဆိုတဲ့ သရဲ မှ ရောက်ရောက်လာပြီးစကားတေ ပြောသည်။ အစပိုင်းတော့ ကြောက်ပေမဲ့ နောက်ပိုင် အရမ်းမကြောက်တော့ဘဲ သူလည်းသူပါသူနေ ကိုယ်လည်းကိုယ့်ပါကိုနေ ရင်း တစ်ခါတလေ စကားေတာင်မှပြောဖြစ်သေးသည်။
“ရှင် ရှင်က ဘယ်ကလည်း ဘယ်သူလည်း ဘာလို့ ဒီလိုဖြစ်နေတာလည်း” သန်းလှ လည်းအထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တော့၊
ငါ့နာမည်က မြရင် ငါ့ယောက်ျားက ကွန်မြူနစ်သပုန် ငါလည်းသူနဲ့လိုက်လာရင် ဒီတောထဲမှာနေတာ နောက်တော့ငါမီးးမဖွားနိုင်လို့ မီးွင်းထဲ ဆုံးတာ ငါတို့သားအမိ ခြေရင်းက သစ်ပင်မှာနေတာ ”
မြရင်လည်းပြောလည်းပြော ငိုလည်းငိုနဲ့ ဆိုတော့ သန်းလှ လည်း သနားသွားတာပေါ့။
“မမြရင် ရယ် စိတ်မကောင်းလိုက်တာ ရှင်လည်း ကျွန်မကို ရန်မပြုဘူးဆို ကျွန်မနဲ့လာနေပါ ကျွန်မ ခွင့်ပြုပါတယ် ” သန်းလှ လည်း သနားစိတ်လေးကြောင့် ခွင့်ပြုမိတာကို အံ့ဩေနေမိတယ်။
~~~~~ ~~~~~
မိုးတေ သဲကြီးးမဲကြီးရွာနေတဲ့ ည တစ်ည ။
“အမသောင်းကြည် အမသောင်းကြည် ထပါအုံး ကျွန်မ ဗိုက်နာ လို့”
“အမလေးးနားလိုက်တာ အမေရဲ့းးအမေရဲ့”
မသောင်းကြည်လည်း အိပ်မှုံစုံဖွားနဲ့
“ဟင် ဟုတ်လား ဟယ် ဟုတ်ပါရဲ့ ရေမွှာတောင်ပေါက်နေပြီ နေအုံး ငါ အမေထွေးတို့ အရီးစိန်တို့သွားခေါ်လိုက်အုံးမယ် နင်ခဏ သည်းခံနော် ” ဆိုပြီးး မသောင်းကြည်တစ်ယောက် မိုးရေထဲ သဘက်လေးခေါင်ပေါင်းပြီးးပြေးတော့သည်။ တဲစုက တစ်အိမ်နဲ့တစ်အိမ်အလှမ်းဝေးးတော့ သွားခေါ်မှ ဖြစ်တာကိုး။
သန်းလှ လည်း အားငယ်စိတ် ကြောက်လန့်စိတ်နဲ့ သိမ်ငယ်စိတ်တေ ကြီးးစိုးနေတာပေါ့ ။ ဗိုက်ထဲမှာလည်း ပြောမပြတတ်အောင်နာပြီးး မိမိ ကိုယ်ကိုယ် သေပြီလားလို့တောင် ထင်နေမိသည်။
ထိုအချိန် အိမ်အပေါက်အ၀ အရိပ်တစ်ခု
” မမြရင် မမြရင် ကျွန်မကိုကယ်ပါအုံး အမလေးးနာလှ ချည်ရဲ့တော့” တစ်ယောက်ထဲမို့ အားငယ်စိတ်နဲ့ မီးဖွားရတဲ့ စိတ် ကြောင် ကြောက်လန့်မနေတော့ဘဲ သရဲကိုပင် အကူ အညီတောင်းနေမိတော့သည်။
မြရင်လည်း
“သန်းလှ ဘာမှ မဖြစ်ဘူးအားတင်းးထား အားတင်းထား မွေးတော့မယ် သိလားငါ့နင့်အနားမှာ ရှိတယ်နော် ” ဆိုပြီးးအနားးလာထိုင်သည်။
သန်းလှ အားတင်းထားညီမ မွေးတော့မယ် မွေးတော့မယ် ခေါင်းလေးထွက်လာပြိ”
“အားတင်းထား အားစိုက်ပြီးးညစ် လိုက်နော် ညီမ အမရှိတယ် စိတ်မလျှော့လိုက်နဲ့ညီမ”
သန်းလှ လည်းတစ်ကိုယ်လုံးမှ အမျိုးအမည်မသိတဲ့ ဝေတနာတေ ခံစားရပြီးးအသက်ကို၀၀ ရှုကာ အားကုန်ညစ်လိုက်တော့သည်။
“အူဝဲ အူဝဲ” မွေးမွေးပြီ မွေးးပြီ။
ဆိုပြီးးသန်းလှ မြရင် ရဲ့အသံကို နောက်ဆုံးကြားလိုက်ရပြီးး ဘာမှမသိတော့ပေ။
~~~~~~~~~~~~~~
မိုးရေထဲတွင် အမေအိုကြီးးနှစ်ယောက်နဲ့ မသောင်းကြည့် ခပ်သွက်သွက် လမ်းလျောက်လာသည်။
“အူဝဲအူဝဲ”
“ဟော့ ခလေးးငိုသံ သန်းလှ မွေးးပြီးးထင်တယ် မြန်မြန်လာမြန်မြန်လာ”
ဆိုပြီးး အပြေးလေးအိမ်ပေါတတ်လာခဲ့သည်။
မီးနေ့ခန်းတွင် သန်းလှ က သတိမရ ခလေးက မအေ့ပေါင်ကြားမှာ အရီးစိန်လည်း ခလေးကိုကောက်ကိုင်ပြီးး ချက်ကြိုချည် လုပ်စရာရှိတာလုပ် တော့သည်။
အမေထွေးးနဲ့ မသောင်းကြည်လည်း သန်းလှ ကိုသတိရအောင် လုပ်ပေးတာပေါ့ ။ “မသောင်းကြည် မန်းကျပ်ထုပ် အဆင်သင့်လုပ်ထားတယ်မလား ရေေနွးပါပေးး ” “ဟုတ် အမေ ထွေးးရှိတယ် အရင်ကတည်းက ကျွန်မကြိုလုပ်ထားတာ ” ခနနေတော့ မသန်းလှ သတိရလာတော့သိ ဟင် အမေထွေးး ကျွန်မခလေးကော် ”
သမီးရေ ရှိတယ် ရှိတယ် ဒီမှ ယောက်ျားလေးးမွေးးတယ်” သန်းလှ လည်သားလေးဆိုတဲ့ အသံ ကြောင့် မျက်ရည် စီးးကျလာတော့ သည်။
“သမီးးရယ် မငိုပါနဲ့ တိတ်တိတ်
ငိုရင်ခေါင်းကိုက်မယ် ”
“ဟုတ်ကဲ့ပါ အမေထွေးးရယ် ”
သန်းလှလည်း နာကျင်မှုတေ ပြောက်ပြီး အမောပင်ပြေသွားတော့သည်။ သားလေးကိုကြည့်ရတာ ချစ်လိုက်တာ အသည်းပင်တုန်တော့သည်။သွားလေသူ ကိုထွန်းနိုင်ကို သတိရမိတယ် အခုချိန်များကိုထွန်းနိုင် ရှိရင် ဘယ်လောက်ပျော် လိုက်မလည်း။
~~~~~~~~~~~~~~~
သန်းလှ တစ်ယောက် ပြုံးပြုံးရွင်ရွင်နဲ့ မီးဖိုချောင်ထဲ အိုးခွပ်တေ ဆေးနေသည် ။ သားလေးက ပုခပ်ထဲတွင် တခစ်ခစ်နဲ့ ရယ်နေတော့သည်။ မြရင်လည်း ခလေးကို ကူထိန်းပေးသည် သားလေးနိုးနေရင် ခလေးကိုမြူပေးသည်။ အခုလည်းသားလေးက ပုခပ်ထဲမှာ တခစ်ခစ် နဲ့ မြရင်က ဘေးကနေ နှာခေါင်ကြီးးကြီးပြလိုက် နာရွက်ကြီးကားကားကြီးးလုပ်လိုက်နှင့် ခလေး နဲ့စော့နေသည်။
မသောင်းကြည်တစ်ယောက် သန်းလှတို့ အိမ်၀င်းထဲ ၀င်လာခဲသည် ။ လေးလသားအရွယ် ခလေးလေးက တစ်ခစ်ခစ်ရယ်နေတော့ အိမ်ထဲ လှမ်းကြည့်လိုက်တော့။
“အမလေး သရဲသရဲ ” ဆိုပြီးပြေးတော့သည်။
မြရင်ကိုမြင်သွားတာကိုး မြရင်လည်း အမှုမထားဘဲ ခလေးနဲ့ ဆက်စော့နေတော့သည်။
ဒီလိုမြင်တာ မသောင်ကြည်တစ်ယောက်ထဲ မဟုတ်ပေ ကုလားလေးမျိုးခိုင်
အညာသားအရှည်ကြီးတို့လည်းမြင်ရဘူးသည်။
~~~~~~~~~~~~
တဲစုသားတေ ခေါင်းကိုက်ကုန်တော့သည်။
“ဒီကိစ်စ မြရင်ကိုပြောမှ ဖြစ်မယ် ”
အရီးစိန် ကလည်းပြောတာဘဲ သန်းလှ က မဟုတ်ဘူးကြီးပြောနေတာ ။
အဘညိုတစ်ယောက် စကားပြောရာ မသောင်ကြည်တို့အိမ်သို့ရောက်လာသည်။ ” ဟာ အဘညို လာလာ မျော်ေနတာ လာအဘ”
အေးးငါလည်းကြားတယ် မောင်မြင်စိုးရေ မနေနိုင်လို့ အားချင်းထွက်လာတာ ကဲကဲ သန်းလှကို သွားခေါ်ချေ ကွာ”
ဟုတ်အဘ ” ဆိုပြီး ကိုစိန်မြင် တစ်ယောက် မောင့်ဆင့်ကိုခေါ်ပြီးးထွက်သွားတော့သည်။ ခနကြာတော့ ကိုစိန်မြင်တို့ပြန်ရောက်လာသည် ။အနောက်မှ ခလေးချီလျှက်သန်းလှ ကို တွေ့ရသည်။
“ကဲလာလာ သမီးသန်းလှရေ နင့်အကြောင်းပြောနေတာကွဲ ”
“ဟုတ်ကဲ့အဘညို ” သမီးးအိမ်မှာ မနေသင့်မနေအတ်တဲ့သူရှိတာ သမီးးသိတယ်မလား” သန်းလှ လည်းအဘညိုကိုမလွန်ဆန်၀င့်တာနဲ့
” ဟုတ်အဘညို” ” အေးးသမီးက အားကိုးရလို့ဘဲ ဖြစ်ဖြစ် အဖော်ရလို့ဘဲဖြစ်ဖြစ် ခေါ်ထားပေမဲ့ မသင့်တော်ဘူး”
ပြီးတော့ ခလေးလည်း အန်တရယ်ရှိတယ် ကွဲ့” ခလေးအတွက်ဆိုတဲ့စကားကြောင့် သန်းလှ တုန်လှုပ်သွားတော့သည်။အားလုံးက တိတ်ဆိတ်စွာနားထောင်နေကျတယ်။
အဘညိုက ဆက်ပြီးးကဲ သမီးး ခလေးးဘေးမဖြစ်ခင်သံယောဇာဉ် ဖြတ်ပေးးလိုက်ပါ ဘယ်လိုကဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြ ကွဲ့ အဘညို လုပ်သင့်တာ လုပ်ရအောင်”
“ဟုတ်အဘ” ဆိုပြိးသန်းလှ လည်းး ဖြစ်ကောင်းကုန်စင် ပြောပြလိုက်လေတော့သည်။ မသန်းလှ ပြောလို့အဆုံးမှာတော့ မြရင်ဆိုတဲ့သရဲမအပေါ် အားလုံးဂရုဏာသပ်ကျတော့သည်။
“အင်းးသနားစရာ ပါလားကွယ် ဘာဘဲဖြစ်ဖြစ်လုပ်သင့်တာတော့လုပ်ရမယ် “ကုန်ကျစရိတ်ကို တဲစု သားတေ ဝိုင်းမျှခံကျတာပေါ့”
အားလုံးကလည်းကြည်ကြည်ဖြူဖြူ လက်ခ့ကျသည်။
ကဲ မောင်စိန်မြင် မင်းက ဦးဆောင်ပြီး မနက်ဖြန်တောင်အောက်ဆင်း ပိတ်ဖြူ တစ်ကိုက်လောက်နဲ့ အုန်းပွဲငှက်ပျော်ပွဲတစ်ပွဲစာရယ် သက်န်းတစ်ထည်ရယ် ဆင်း၀ယ် ကွာ ”
ဟုတ်ကဲ့အဘ “ကျွန်တော်စိစဉ်လိုက်ပါ့မယ်”
~~~~~~~~~~~~~။
@ လိပ်ပြခွဲတဲ့ ည@
မသန်းလှတို့အိမ်တွင် တဲစုက လူ အားလုံးနီးပါစုရုံးရောက်နေကျသည်။
အဘညိုက ဘုရားပွဲပြင်ဆင်ပြီး ခေါင်ရင်းခန်းမှာထိုင်နေသည်။
မသန်းလှက အဘညိုဘေးမှာ ခလေးးချီပြီးး ထိုင်နေသည်။ မျက်လုံးအိမ်မှာတော့ မျက်ရည်ဝဲနေသည်။ လေးလကျော် သားလေးက မအေ့ရင်ခွင်မှာ အိပ်ပျော်နေသည်။
ဂရုဏာသံ နှင့်အဘညိုက မမြရင်ကိုခေါ်လိုက်သည်။
“ဒီအိမ်ခြံ၀င်းတွင်းမှာနေတဲ့ မမြရင် သမီးရေ လာပါအုံး အဘ မေးစရာရှိလို့ပါကွယ်”
အားလုံးက တိတ်စိတ်ပြီး စိတ်၀င်တစားကြည့်နေတော့သည်။အိမ်ပေါ်တွင်မက အိမ်အောက်ကနေပါ ခေါင်းပြုကြည့်ကျ တိုးေ၀့ံကျနှင့်ပေါ့။
လူအုပ်ထဲ မှ မခင်နှင်းဆိုတဲ့ အမျိုးသမီးးတစ်ယောက် တဟင်းဟင်းနှင့် အော်ပြီး “ငါ့ကိုဘယ်သူခေါ်တာလည်း ဘာလုပ်မလို့လည်း”
“အဘခေါ်တာပါကွယ် လာလာသမီးးထိုင်”
“သမီးက မသန်းလှ ခလေးကို တော်တော်ချစ်တာဘဲ ”
“ချစ်တာပေါ့့ ငါသားဲ ”
အေးးအဲ့ဒါကြောင့်ကွဲ့ သမီးးက လူးသားကိုချစ်တော့ လောက သဘာ၀ အရ မသင့်တောဘူးသမီးး ဒါကြောင့် သမီးကို ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးအမျှဝေပေးမယ်နော်”
“မခေါနိုင်ဘူး ငါ့သားနဲ့မခွဲနိုင်ဘူး”
ဟု ၀မ်းခေါင်းသံကြီးနဲ့အော်လေတော့သည်။ အားလုံးလည်း ကြောက်လန့်ကုန်ကျပြီးတစ်ချို့ဆို ဇါတ်ခလေးပုလို့ပင်း ။
“သမီး မသင့်တောပါဘူး ပြီးတော့ မသန်းလှ သားလေးကို မိမွေးတိုင်းဖမွေးတိုင်းထားခဲ့ပြီး သာဓုခေါ်ပါနော်”
“မခေါ်နိုင်ဘူးဟဲ ငါ့သားအဲ့ဒါ သန်းလှ သားမဟုတ်ဘူး ငါစီကနေ လူ၀င်စား၀င်တာ ဒါကြောင့်သန်းလှကို ငါလိုက်ကူညီဂရုစိုက်နေတာ”
လာကြည့်သူအားလုံးလည်း ဟာ ဟင်ဖြစ်ကုန်တော့သည်။
“ကဲ မောင်စိန်မြင့်ရေ အဘ လုပ်ထားတဲ့ ပစ်စည်းလေးတေပေးပါကွယ်” ကိုစိန်မြင့်လည်း ဟုတ်ကြ့အဘဆိုပြီး
သစ်သားချိန်ခွင်လေးရယ် ပိတ်ဖြူနဲ့ လုပ်ထားတဲ့ အရုပ်လေးရယ် ခလေးအ၀တ်အစာရယ် ပန်းတစ်ချို့ရယ် ပေးတော့
“ကဲသမီး မြရင် ဒါသမီး ဒါ မသန်းလုရဲ့သားလေး ပိုပိုချစ် ကဲ ပိုပိုချစ်လေးကို သူ့အမေနဲ့ ထားခဲ့မယ် သဘောတူတယ်ဆို သားလေးပိုပိုချစ်ဘက်ကို အလေးသာပါ ”
“၀မ်းခေါင်းသံကြီးနဲ့ မထားခဲ့ဘူး ငါ့သားငါပြန်ခေါ်မယ် ငါမခွဲနိုင်ဘူး”
မျက်ထောက်နီကြီးးနဲ့ ကြည့်ပြီးပြောလေသည်။
“နင်တို့မရက်စက်နဲ့ ငါသားကိုမခွဲနိုင်ဘူး အီးးဟီးး”ဆိုပြီငိုပါလေရော်။
ချိန်ခွင့်ကိုတော့ ကိုစိန်မြင်က ငြိမ်နေအောင်ကိုင်ထားတာပေါ့။
လာကြည့်တြ့လူတေလည်း မမြရင်ကိုသနားပြီးမျက်ရည်ဝဲသူကဝဲပေါ့။
နားလည်တဲ့သက်ကြီးရွယ်အိုတေကလည်းဝိုင်း၀န်းနားချလေသည်။ “ဟုတ်ပါတယ် မမြရင်ရယ် ပိုပိုချစ်လေးကို အဖွားတို့နဲ့ထားခဲ့ပါ မြေးလေး လူတစ်လုံးသူတစ်လုံးဖြစ်အောင် အဖွားတို့မွေးပါ့မယ်”
“မပေးဘူးငါစိတ်မချဘူး အဟီးး” ငိုလည်းငိုပြောလည်းပြောပေါ့။
သန်းလှ နင်းလည်းတောင်းလေ”ဆိုပြီး မသောင်းကြည်က ပြောတော့။
“မသန်းလှလည်းငိုပြီး မမြရင်ရယ် သားလေကိုကျွန်မနဲ့စိတ်ချပါခလေးကိုထားခဲ့ပါနော်”
လို့အပြော ခလေးလည်းလန့်ပြီးငိုပါတော့တယ်။
“နင်တို့ရက်စက်တယ် ငါ့သားလေးနဲ့အတင်းခွဲနေတယ် ရက်စက်လိုက်တာ အဟီးးးးကျွန်မရင်တေကွဲပါပြီးးသနားကျပါ မတောင်းပါနဲ့ ” ဆိုပြီးးမခင်နှင်းတစ်ဖြစ်လည်းမမြရင်တစ်ယောက် ရင်ဘက်ဖိပြီးငိုပါတော့သည်။ လာကြည့်သူမိန်းမသားတေလည်းနှပ်တစ်ချုံချုံ နှင့်ငိုကုန်တော့သည်။
မသန်းလှကဘဲ မမြရင်ရယ်သားလေးကိုစိတ်ချပါ ကျွန်မကတိပေးပါတယ် လူတစ်လုံးသူတစ်လုံးဖြစ်အောင် မွေးပါ့မယ် အမမြရင်ကော သားလေးအဲ့လိုဘ၀ဖြစ်တာမကျေနပ်နိုင်ဘူးလား၀မ်းမသာဘူးလား”ဆိုပြီးငိုသံပါကြီးနဲပြောလေသည်။ခလေးကလည်း စူးစူးဝါးဝါးငိုလေတော့သည်။
“နင်တို့ရက်စက်တယ် ငါသားကိုငါထပ်အဆုံးအရှုံးခံရတော့မယ် ရက်စက်လိုက်တာ အောင်းမလေးသားလေးရယ် တိတ်ပါ အမေအလျော့ပေးလိုက်ပါ့မယ်သားရယ် အဟီးးး”
ပြောပြောဆိုဆိုနဲ့ မလှုပ်မလျှက် ကိုစိန်မြင့် လက်ထဲက ချိန်ခွင်က ခလေးအ၀တ်အစားဘက်ကို အိခနဲ ကျလာလေတော့သည်။ လာကြည့်သူတေလည်း အောင်မလေးတသူတ ဟေးး လို့ အံဩသူနဲ့ ကြောက်လန့်ပြိးထွက်ပြေးသူကပြေးပေါ့။ထိုအချိန် အဘညိုက “ခလေးအ၀တ်အစားနုတ် အ၀တ်အစားနုတ် ချိန်ခွင့်ဖြတ်လိုက်”
သတိပေးတာနဲ့ အနားရှိတဲ့ လက်မြန်တဲ့မသောင်းကြည်က ခလေး အ၀တ်ကိုဆွဲနုတ်လိုက်သည်။ကိုမြင့်စိန်ကလည်းချိန်ခွင်ကို ဖြုတ်လိုက်တော့သည်။
မခင်နှင်းတစ်ဖြစ်လည်း မမြရင်က ငိုနေပါတော့သည်။
အဘညိုက “သမီး မမြရင်သမီးးအတွက် အဘတို့ မနက်ဖြန်ကောင်းမှုပြုပေးမယ် သာဓုခေါ်နော်သမီိး”
“ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ “ဆိုပြီးငိုနေတော့သည် အားလုံးလည်း ရင်ထဲဆို့နစ်နေတော့သည်။ “ကဲသမိးးပြန်တော့ လိမ်ပြာရှင်မနှင်းနုလေးကိုလည်းမိမွေးတိုင်းဖမွေးတိုင်းထားခဲ့ ဘုရားဦးတိုက်ပြီးပြန်တော့”
မမြရင်လည်းဘုရားရှစ်ခိုးပြီးထွက်သွားလေတော့သည်။အပူးခံရတဲ့ မနှင်းနုကရောင်တောင်ပေါင်တောင်နဲ့” ဟင်ကျွန်မ ဒီလူပုံအလယ် ဘယ်လိုရောက်နေတာလည်း။ဘေးလူများက ရှင်းပြရတော့သည်။
~~~~~~~~~
ရေစက်ချပြီးလို့အမျှဝေတော့သည်။
” မမြရင်ရေ အမျှ အမျှ အမျှ
ယူပါသာဓုသာဓုသာဓု”
” မမြရင်ရေ အမျှ အမျှ အမျှ
ယူပါသာဓုသာဓုသာဓု”
“မမြရင်ရေ အမျှ အမျှ အမျှ
ယူပါသာဓုသာဓုသာဓု”
သာဓုခေါ်သံအဆုံး ပိုပိုချစ်လေးက စူစူဝါးဝါးငိုပါလေတော့သည်။
တရားနာလာကျသူတေလည် ပိုပိုချစ်လေးကိုကြည့်ပြီး မျက်ရည်စို့ကုန်တော့သည်။
~~~~~~~~~~~~
“သနားဘို့ကောင်းလိုက်တာ အဘရယ် မျက်ရည်တောင်ဝဲမိတယ် ”
“လူတိုင်းပါဘဲ မောင်စနေရယ်”
“ကဲကဲအိပ်ကျတော့ အချိန်လင့်ပြီ ”
ဟုတ်ကဲ့ပါအဘ ဘုရားရှစ်ခိုးပြီးအိပ်တော့မယ် အဘ ခွင့်ပြုပါအုံး”
အဘညိုကိုနုတ်ဆက်ပြီး ကျွန်တော်နဲ့မောင်သိုက်လည်း အိပ်ယာကိုယ်စီ၀င်လိုက်တော့သည်။
🙏🙏🙏အားလုံးကိုကျေးဇူးတင်ပါတယ် ရင်ထဲတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ကွန်မန့်မှာရေးသားပေးပါနော်။
ဆက်လက်ကြိုးစားပါအုံးမည်။🙏🙏🙏
( ကိုယ်တွေ့ မဟုတ်ပေမဲ့ ပဲခူးရိုးမပေါ်က ထူးဆန်းတဲ့ ဖြစ်ရပ်မှန် ဇါတ်လမ်းလေး ဖြစ်ပါတယ်။ အဘညို နှင့် ရွားသားများ ကိုယ်တွေ့ အဖြစ်အပြတ် လေးကို ဇါတ်အိမ်တည်ပြီးရေးဖွဲ့ထားခြင်းဖြစ်ပါသည် ။ )
Credit