သိမ်ဝင်ပုတီး(စ/ဆုံး)

Unicode Version

သိမ်ဝင်ပုတီး(စ/ဆုံး)
————————–
“ကျုပ် လာရတဲ့အကြောင်းရင်းက ဒုတိယကမ္ဘာစစ်ကြီး တုန်းက ကျဆုံးခဲ့တဲ့ ဂျပန်ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ ရုပ် အလောင်းမြှုပ်နှံထားတဲ့နေရာရှာဖွေဖို့ပါပဲ။ အတိအကျရေးဆွဲ ထားတဲ့မြေပုံလည်းပါလာတာဆိုတော့ သိပ်ပြီးခဲယဉ်းလိမ့်မယ် မထင်ပါဘူး။ ဂျပန်ပြည်မှာရှိတဲ့ သူ့ဆွေမျိုးသားချင်းတွေထဲက ကျုပ် မိတ်ဆွေကုမ္ပဏီပိုင်ရှင်သူဌေး အကူအညီတောင်းတာ ကြာပြီးဖြစ်ပေမယ့် ခုချိန်မှာမှ ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ အရေးကြီးတာက ကတိုက်ခွင်ထဲ အင်မတန် ကျွမ်းကျင်တဲ့ လမ်းပြကောင်းကောင်းတစ်ယောက် ရဖို့ပဲ ဆိုပါတော့ဗျာ။ ဟုတ်ကဲ့ – လမ်းပြအတွက် တစ်နေ့ ငါးထောင်ကျပ်ပေးဖို့လည်း ကျုပ်မိတ်ဆွေဂျပန်သူဌေးကခွင့်ပြုပြီးသားလေဗျာ။ ဖြစ်နိုင်မယ် ဆိုရင် ဒီရက်ထဲမှာပဲ လုပ်ငန်းစချင်ပါတယ်”

ယခုလို ကမ်းလှမ်းလာသော ဦးဘ သိုင်းကျော်ဆိုသည့် ပုဂ္ဂိုလ်ကိုယခင်က
ကျွန်တော်မြင်ဖူးသိကျွမ်းခဲ့ဖူးခြင်းမရှိပါ။
ရန်ကုန်မြို့၌ ထမင်းဆိုင်ဖွင့်ထားသော
ကျွန်တော့်သား၏အဆက်အသွယ်ဖြင့်
အုတ်တံတားအတွင်း ရွာမှ ကျွန်တော့်
အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်သူရောက်
ရှိလာခြင်း ဖြစ်ပါသည်။ အသက် (၅၀)
ခန့် ရှိလိမ့်မည် ဖြစ်သော်လည်း အရပ်
အမောင်းကောင်းပြီး ကိုယ်ကာယ
တောင့်တင်းသူ၊အေးဆေးတည်ငြိမ်ဟန်
နှင့်လူကြီးလူကောင်းအမူအရာကိုလည်း
တွေ့ရပါသည်။
ရှင်းလင်းစွာပြောရလျှင်သူလိုအပ်
လျက်ရှိသော လမ်းပြတစ်ယောက် အတွက် မည်သို့မျှ အခက်အခဲရှိလိမ့် မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆို
သော်သူပြောသောကတိုက်ခွင်ဆိုသည်
မှာတစ်ချိန်တစ်ခါက ကျွန်တော် ကိုယ်
တိုင်အမဲလိုက်ခဲ့ဖူးသောခွင်ဖြစ်နေခြင်း
ကြောင့်ပင်။ ပေပေါင်း (၃ဝဝဝ)ကျော်
မြင့်သော ဂစ္ဆဂိရိတောင် အရှေ့ခြမ်း၊ သဲအိမ်တောင်၊ အနန်းပင်တောင်၊

မင်းတစ်ရာ့တစ်ပါးတောင်တို့ပတ်လည်
ဝိုင်းလျက်ရှိသော ဒယ်အိုးသဏ္ဌာန် မြေ
ပြန့်ခွင်ကျယ်ကြီး ဖြစ်သည်။ ၎င်းခွင်
သည်မိုးထိုးလုမတတ် သစ်ပင်ကြီးများ၊
ဝါးပင်ချုံနွယ်နှင့် အောက်ခြေရှုပ်ထွေးရုံ
သာမက တောတိရစ္ဆာန်များ ပေါများစွာ
ကျက်စားရာ ခွင်ဖြစ်နေခြင်းကြောင့်
အသက်မွေးဝမ်းကျောင်းအဖြစ် ကျွန် တော်မုဆိုးအလုပ်လုပ်ကိုင်ခဲ့ခြင်းလည်း
ဖြစ်ပါသည်။
ဤမျှ အမဲလိုက်ကောင်းသော ခွင်
ဖြစ်လျက်နှင့်မုဆိုးအလုပ်ကိုကျွန်တော် အဘယ်ကြောင့် စွန့်လွှတ်ခဲ့သည်မှာ
အကြောင်းရှိပါသည်။ နဂိုက လူသူ
အပေါက်အရောက် မရှိသလောက်
ဖြစ်သော ကတိုက်ခွင်သည် တောရိပ်
တောင်ရိပ်ကောင်းခြင်းကြောင့်သောင်း
ကျန်းသူများ ခိုအောင်းရာနေရာ ဖြစ် လာရာမှ သတင်းရရှိသော တပ်မတော် စစ်ကြောင်းကြီးများကလည်း စစ်ဆင် ရေး တရစပ်ပြုလုပ်လာခြင်းဖြစ်၍ ပြင်းထန်သော တိုက်ပွဲများက မကြာ ခဏ။ ထို့ကြောင့်လည်း ၁၉၅၉ – ခုနှစ်

လောက်ကပင်မုဆိုးအလုပ်ကိုစွန့်လွှတ်
ကာ အုတ်တံတား အတွင်းရွာ၌ ဥယျာဉ်
ခြံလုပ်ငန်းဖြင့်သာ အခြေချ နေထိုင်ခဲ့
သည်မှာ နှစ် (၂ဝ) ပင် ကျော်ခဲ့ပေပြီဟု
ဆိုရပေမည်။
ဦးဘသိုင်းကျော် ကျွန်တော့်ထံသို့ ရောက်လာသောယခုပစ္စက္ခကာလတွင် ကတိုက်ခွင်ဆိုသည်မှာလည်း အဖြူ ရောင်နယ်မြေဖြစ်ကာ အေးဆေးနေ
GE
ပေပြီ။ ကျွန်တော်ကိုယ်တိုင်ကလည်း
တောပစ်ဝါသနာမကုန်သေးခြင်းဖြစ်ရာ
သူလိုချင်သော လမ်းပြတာဝန်ကို ကျွန်
တော်လွယ်ကူစွာလက်ခံလိုက်ခြင်းပင်။
အမှန်ကန်ဆုံး ပြောရလျှင် လက်ရှိ ရွှေ
ပေါက်ဈေးအရငါးမူးသားနှင့်ညီမျှသော
တစ်နေ့လုပ်အားခ ငါးထောင်ကျပ်ဆို
သော မက်လုံး၏ဆွဲဆောင်မှုသည်သာ
အဓိကဖြစ်မည်ဟု ဆိုပါက မှားမည်
မဟုတ်ပေ။ ကျွန်တော်နှင့် ဦးဘသိုင်း
ကျော်တို့ နှစ်ဦးသား အပေးအယူတည့် ကြသည်ဆိုလျှင်ပင်လိုအပ်သည့်ရိက္ခာ၊ ဆေးဝါး များ ဝယ်ယူစုဆောင်းထုပ်ပိုး ပြီး ရွာသား နှစ်ဦးကိုပါ အထမ်းသမား အဖြစ် ငှားရမ်းလျက် နောက်တစ်နေ့

မနက် အရုဏ်တက်ချိန်အရောက်တွင် စတင်ခရီးထွက်ဖြစ်ခဲ့ပါတော့သည်။
“ကတိုက်ခွင်” သည် ကျွန်တော်
နေထိုင်သည့် မြို့နယ်တစ်ခုတည်း၌
အတူရှိသည်ဆိုနိုင်သော်လည်း ခရီး
ပန်းကာဝေးလံပြီးအလွန်ကြမ်းတမ်းလှ
ပါသည်။ အုတ်တံတားအတွင်းရွာ ဝင်း
ကမော့စမ်းဘေးလမ်းအတိုင်းပေပေါင်း
တစ်ထောင်ကျော်တောင်တန်းပေါ်ကန့်
လန့်ဖြတ်တက်ပြီးမှ ကုလားမတောင်
အရှေ့ဘက်ကြော ရွှံ့ဗွက်ထူပြောသော
အတက်အဆင်း လူတစ်ကိုယ်သွားသာ ရုံလမ်းပေါ်ကွေ့ကာဝိုက်ကာနှင့် ခက်ခဲ
စွာ သွားနေရပါသည်။ ထိုမှတစ်ဆင့်
ရေတံခွန်ကြီးတစ်ခု၏ဘေးမှကြိမ်တော၊
နတ်မြားပင် တောတိုး၍ နက်ရှိုင်းလှ
သောလျှိုထဲသို့ လျှောဆင်းကြရသည်
မှာလည်း အန္တရာယ်အသွယ်သွယ်နှင့်
ပင်ပန်းလှသည်။ ထိုနှစ်ရက်နှင့် တစ်ည
ခရီးတွင် စိတ်အားထက်သန်နေလား မသိပေ။ ဦးဘသိုင်းကျော်အား ကြည့်

ရသည်မှာ ဖျတ်လတ်တက်ကြွလျက်
မြေပုံချပ်ဖြန့်ပြီး သံလိုက်အိမ်မြှောင်
ထောက်နေ ခြင်းဖြင့်ပင် အချိန်ကုန်ခဲ့ သည်ကို သတိထားမိပါသည်။ “မြေပုံအတိုင်းဆိုရင် ဒီလမ်း ကြောင်းကမှန်နေပြီဗျ သိလား။ ကတိုက် ခွင်ထဲရောက်ရင်ကျုပ်တို့ရှာရမယ့်နေရာ
သိပ်ပြီး ခက်ခဲလိမ့်မယ် မဟုတ်ဘူးထင်
တယ်နော်။ကိုင်း..မမှောင်ခင် ခရီးဆက်
ကြမယ်ဗျာ”
ဦးဘသိုင်းကျော်၏ လောဆော်မှု
ကြောင့်မည်သို့ပင်ခြေကုန်လက်ပန်းကျ နေသည်ဆိုသော်လည်း နားချိန်သိပ်
မယူဘဲ ခရီးဆက်ခဲ့ကြရာ ညမှောင်ရီ
သန်းချိန်လောက်တွင် တောင်ခြေစမ်း
ချောင်းဘေးကျောက်ဖျာကြီးပေါ်၌ကျွန်
တော်တို့ စခန်းချလိုက်ကြရသည်။
ဆောင်းကုန်ခါနီးရာသီဟုသာဆိုသည်။
အအေးဓာတ်က ခိုက်ခိုက်တုန်ဆဲပင်။
မီးပုံကြီးဘေးတွင် ဖြစ်သလို ညစာ စား
သောက်ကြပြီးနော် နေရာယူ အိပ်ချ
လိုက်သည်နှင့် ငိုက်မြည်းရုံသာ ရှိသေး
စဉ်မှာ မနီးမဝေးဆီမှ ကျားဟိန်းသံ ဝေါင်းခနဲ – ဝေါင်းခနဲ ကြားလိုက်သည်

ဆိုလျှင် ကျွန်တော်တို့အားလုံး ထထိုင် ပြီးသား ဖြစ်သွားကြသည်။
“မီးပုံကြီးထဲ သစ်ကိုင်းခြောက်တွေ
မပြတ်ထည့်ကြဟေ့။ မီးရောင် တွေ့ရင် ဒီကောင်တွေမလာရဲပါဘူးကွာ။
ဓားတွေ
အနားထားပြီး အဆင်သင့်တော့ နေ
ကြပေါ့”
အထမ်းသမားနှစ်ယောက်ဆီ သတိလှမ်းပေးရာမှယမ်းအသင့်ထောင်း
ထားသော ကျွန်တော် ကိုင်နေကျတူမီး
ပြောင်းရှည်သေနတ်ကိုပါပေါင်ပေါ်တင်
ထားလိုက်မိသည်။ဦးဘသိုင်းကျော်ကမူ
မှန်အိမ်မီးရောင်မှိန်မှိန်အောက်ဖြန့်ထား
သောမြေပုံချပ်ပေါ်လက်ညှိုးတထောက်
ထောက်နှင့် အလုပ်ရှုပ်နေဆဲပင်။
“သံလိုက်အိမ်မြှောင် ညွှန်ပြချက်
ကိုကြည့်ရင် ဒီနေရာကနေ အနောက်
တောင်ဘက်တစ်မိုင်ခွဲလောက်မှာဂျပန်
ဗိုလ်မှူးကြီးကိုမြှုပ်ထားတဲ့တောင်ကုန်း
အမှတ်အသားနေရာ ရောက်နိုင်မယ်
ထင်တာပဲဗျ။ အဲဒီတောင်ကုန်းထိပ်မှာ
အထင်ကရသစ်ချပင်ကြီးတစ်ပင်အမြင့်
ဆုံးရှိနေတာလည်း မြေပုံပေါ်ပြထား
သေးတယ်လေဗျာ။ မနက်စောစောထ

ပြီး ခရီးဆက်ကြတာပေါ့။ မဟုတ်
ဘူးလား”
အမှန်ပြောရလျှင် ကျားဟိန်းသံ ကြားခဲ့ရပြီးဖြစ်၍ မည်သူမျှ စိတ်ချ
လက်ချ အိပ်ပစ်ရန် မဝံ့ရဲကြတော့ပေ။ မှေးလိုက် ထလိုက် မီးပုံထဲ သစ်ကိုင်း
ခြောက်ပစ်ထည့်လိုက်နှင့် နိုးကြားလျက်
ရှိကြပါသည်။လေတိုးသံ၊စမ်းရေစီးသံမှ
အပ တောတောင်တစ်ခွင်လုံးတိတ်
ဆိတ်နေစဉ် သစ်ပင်မြင့်ကြီးများပေါ်မှ
နှင်းရည်စက်များအဆက်မပြတ်မီးပုံပေါ်
ခုန်ဆင်းသော အသံများသာ ရှဲခနဲ ရှဲ
ခန်..။
“ဒိန်း – တပ်တပ်ချွင်၊ ဒိန်းတပ်တပ်
ချွင်၊ ဒိန်းတပ်တပ် – ချွင် – ချွင်- ချွင်”
ရွာစဉ်ဝေးပြီး အလွန်နက်ရှိုင်းလှ
သော တောတောင်ထဲမှ ရုတ်တရက်
လွင့်ပျံလာသော တူရိယာသံ။ တူရိယာ
အသံနှင့်အတူ လွမ်းဆွတ်ဖွယ်ရာ
ဘာသာတစ်မျိုးမျိုး၏ အုပ်စုလိုက်
သီကျူးသံကပါတိုးရာကတဖြည်းဖြည်း
ကျယ်လောင်လျက် ရှိလာသည်။ ကျွန်
တော် ကြည့်ဖူးသော ရုပ်ရှင်ထဲမှ အာဖ ရိက တောတွင်းလူရိုင်းတို့၏ ဂီတသံမျိုး

လည်း မဟုတ်။ သားရေဖြင့် ကျက်ထား
သောဗုံကိုတုတ်တိုနှင့်ခေါက်ကာခြူသံ
တချွင်ချွင်ပါ တွဲဖက်ထားခြင်း ဖြစ်မည်
ထင်ပါသည်။ အနီးစပ်ဆုံး ပြောရလျှင်
ကုလားမီးနင်းပွဲတို့၌တီးမှုတ်လေ့ရှိသော
တူရိယာသံမျိုးနှင့် တူသလိုလိုပင်။ မည်
သည့်အရပ် မျက်နှာဘက်မှ လာသော
အသံဖြစ်ကြောင်း။ကျွန်တော်တို့နားစွင့်
ငြိမ်သက် နေကြစဉ် ဦးဘသိုင်းကျော်
ကမူခေါင်းတညိတ်ညိတ်နှင့်အားရပါးရ
ပြုံးနေသည်ကိုပင် အံ့ဩဖွယ်ရာ တွေ့ရ သဖြင့် သူ့ကို မသင်္ကာစိတ်ဖြင့် လှမ်း
အကဲခတ်လိုက်ပါသေးသည်။
“ဟုတ်တာပေါ့ – ဒီတူရိယာသံနဲ့
သီချင်းသံမျိုးက ဒီကတိုက်ခွင်ဧရိယာ
တစ်ခုထဲမှာပဲ ရှိတာနော်။ သေချာနား
ထောင်ကြည့်စမ်း။ ဘယ်လောက်
ကြေကွဲဝမ်းနည်းစရာ ကောင်းသလဲဆို
တာ။ ပထန်လူမျိုးတွေရဲ့ရိုးရာ တေးသံ
အစစ်ပဲဗျာ။ အသံကတော့ကျုပ်တို့အခု
ရောက်နေတဲ့နေရာရဲ့အနောက်တောင်
ဘက်ကပဲဖြစ်မယ်လို့ခန့်မှန်းရတယ်ဗျာ။
မဟုတ်ဘူးလား”

“ဟာ – အဲဒီဘက်မှာ ပထန်လူမျိုး မပြောနဲ့ရွာတောင်ရှိမှာမဟုတ်ဘူးဦးဘ
သိုင်းကျော်ရ။ တောအနက်ဆုံး တောင်
ကြားထဲဘယ်သူကလာပြီးဆိုတီးကြမှာ
လဲလို့”
ကျွန်တော်၏ ယုတ္တိဆန်သော စကားအပေါ်ဦးဘသိုင်းကျော် အနည်း
ငယ်မျှ သဘောတူဟန် မပြပေ။ ခေါင်း တခါခါလုပ်နေရာမှ သွက်လက်စွာ ထ ရပ်လိုက်သည်မှာ မြန်မှမြန်။
“မိုးလင်းတဲ့အထိမစောင့်ချင်တော့
ဘူးဗျာ။ အဲသည်ဘက် ခုချက်ချင်း ခရီး ဆက်မှ ဖြစ်မယ်။ တကယ်လို့ ပထန်
ကုလားဂီတသံမှန်ရင်တော့ ကျုပ်ရှာတဲ့
နေရာ သေချာတယ်လို့ ပြောနိုင်ပြီဗျ
သိလား။ကိုင်း- ကိုင်း – ဆက်ထွက်ကြစို့
လမ်းပြကြီးရေ”
ကျွန်တော်သည်လမ်းပြတာဝန်ဖြင့် အခကြေးငွေယူ၍ လိုက်ခဲ့သူ ဖြစ်ပါ သည်။ သို့သော်-ကျွန်တော်၏လမ်းပြ
ခြင်းအလုပ်က အုတ်တံတားအတွင်း ရွာမှနေ၍ကတိုင်ခွင်ဤစမ်းချောင်းဘေး
နေရာသာ ဖြစ်သည်ဟုဆိုပါက မှန်ကန် လိမ့်မည် ဖြစ်ပါသည်။ ယခု ဦးဘသိုင်း

ကျော် အပြောကို ထောက်ရှုကြည့်လျှင် ရှေ့ခရီးစဉ်များကို မြေပုံချပ်နှင့် သံလိုက်
အိမ်မြှောင်တို့၏ ညွှန်ပြရာအတိုင်း
ဦးဘသိုင်းကျော်နောက်က
ကျွန်တော်
တို့ လိုက်ကြရန်သာ ရှိတော့သလို တွေ့
နေရသည်။ပွင့်လင်းစွာဝန်ခံရလျှင်ကျွန်
တော်ကိုယ်တိုင်တောလိုက်မုဆိုးလုပ်ခဲ့
စဉ်ကကတိုက်ခွင်ဤအနောက်တောင်
ဘက် အခြမ်းသို့ လုံးဝမရောက်ဘူးခဲ့
သည်မှာအမှန်။တောကောင်များအများ
ဆုံး ကျက်စားရာ ကိုးကွေ့ချောင်းများ
ပတ်လည်လောက်နှင့် ဖူလုံနေခြင်းဖြစ်
ရာ ဤကုန်းတွင်းတောနက်ပိုင်းသို့
မရောက်ရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ၊ အလုပ်ရှင်က အခ
ကြေးငွေပေး၍ခေါ်လာသည်ဖြစ်သဖြင့်
ကျွန်တော်တို့ဆင်ခြေဆင်လက်ပေးနေ
လျှင်လည်း ထူးလိမ့်မည်မထင်။ ညကြီး
မင်းကြီးထဲမှာပင် လက်နှိပ်ဓာတ်မီး
ကိုယ်စီနှင့် အမှောင်တောထဲတိုးဝင်ကြ
ရန်သာရှိတော့သည်မဟုတ်ပါလား။

ညဉ့်နက်သန်းခေါင်ယံပင် နီးလေ
ပြီ။ သစ်ရိပ်ဝါးရိပ် ထူပြောခြင်းကြောင့်
အမှောင်ထုကလည်း မဟူရာကမ္ပလာ
ခြုံလွှမ်းထားသကဲ့သို့ နေရာတိုင်း ပိန်း
ပိတ်အောင် မှောင်မည်းလျက်။ ရှေ့
နောက်တစ်ယောက်ချင်းသွားရန်ပင်
မလွယ်ကူလှသော ကြိမ်တောနှင့် ချုံ
နွယ်ပိတ်ပေါင်းတို့ကို အထမ်းသမားနှစ်
ယောက်ကရှေ့မှနေ၍ဓားဖြင့် ခုတ်ထွင်
ရှင်းလင်းပေးနေရသေးရာ ခရီးက ထင်
သလိုမတွင်လှပေ။ သည်ကြားထဲကျား
ဟိန်းသံကပါ မကြာမကြာ ကြားရသည်
မှာ အနီးကလေး။ ကျွန်တော့် လက်ထဲမှ
တူမီးသေနတ်ကို သာ အားကိုးလျက်
တစ်လှမ်းချင်း ရှေ့တိုးနေရသည်ကိုပင်
စိတ်မရှည်ချင်သလို ဖြစ်နေရပါသည်။
“ကျောက် – ကျောက်နံရံကြီးဗျ။
ရှေ့မှာ ကာထားသလို တန်းနေရောပဲ
ဦးလေးတို့ရ”
ရှေ့ဆုံးမှ အထမ်းသမား၏ အော် ပြောသံ။သူမီးထိုးပြထားသောနေရာကို အနီးကပ်ကြည့်လိုက်မှ လက်ခုပ်တစ် ဖောင်ခန့် မြင့်သည့် ကျောက်နံရံကြီး အား ကန့်လန့်ဖြတ် တားဆီးထားသကဲ့

သို့ မြင် လိုက်ကြရသည်။ တော်ရုံကြည့်
ပါကသစ်ပင်အမြစ်ကြီးများငုံထားသည့်
အပြင်တောချုံနွယ်ပင်တို့ပါဖုံးထားသလို
ဖြစ်နေသော ဤနေရာကို ကျောက်နံရံ
ဖြစ်ကြောင်း မည်သူမျှ ထင်လိမ့်မည်
မဟုတ်ပေ။ အင်္ဂတေများ ဆွေးမြည့်စွာ
ကွာနေသော နေရာများလောက်သာ
လိပ်သည်းကျောက်သား အပြားလိုက်
ခုတ်၍စီထားသောနံရံဖြစ်သည်ကိုသိရ
ခြင်းပင်။
“ဟုတ်ပြီ-မြေပုံပေါ်မှာသည်နေရာ ပါတယ်ဗျာ။ ဒါဟာ အင်္ဂလိပ်ခေတ် သံ
သတ္တုမိုင်းလုပ်တုန်းက တရုတ်သူဌေး
ကြီး မစ္စတာချင်းချောင်းနေထိုင်ဖို့
ဆောက်ထားတဲ့ ရဲတိုက်အပျက်ဆိုတာ
သေချာနေပြီပဲကိုး။ သည်နေရာကနေ
အနောက်တောင်ဘက်သိပ်မဝေးတဲ့နေ
ရာမှာ ဂျပန်ဗိုလ်မှူးကြီး သင်္ချိုင်းရှိလိမ့်
မယ်ဗျာ”
မှန်ပါသည်။ ဦးဘသိုင်းကျော်၏
မြေပုံချပ်ပေါ်မီးရောင်ဖြင့်ကြည့်လိုက်ရာ
အချွန်အတက်နှင့် လေးထောင့်ကွက် သဏ္ဌာန် ရဲတိုက်ပုံက ထင်းခနဲ။ ၎င်း ရဲတိုက်နေရာမှ အနောက်တောင်ဘက်

သို့ညွှန်းထားသောမြားတစ်ချောင်းပုံပါ
ဆွဲထားသည်ကို ရှင်းလင်းစွာ တွေ့မြင်
နေရပါသည်။ ထိုအချိန်တွင် လမ်း
ကြောင်းရှာမည်ဆိုကာ အထမ်းသမား
နှစ်ယောက်ကရှေ့တိုးသွားနေစဉ်မှာပင်
ဦးဘသိုင်းကျော်သည် မြေပုံချပ်ပေါ်စူး
စိုက်ကြည့်လျက်မှ ကျေနပ်ဝမ်းမြောက်
ဟန် ကြိတ်၍ ရယ်သံကိုပါ ကြားမိလိုက်
ပါသေးသည်။
“ဝေါ-ဝေါ-ဖလပ်-ဖလပ်-ဝေါ-
ဝေါ
“အောင်မယ်လေးဗျ – သ – သရဲ
တွေ – သ – သရဲတွေ အများကြီး လိုက်
လာပြီဗျ -ဟီး-ဟီး”
ငယ်သံပါသည်အထိ အော်ဟစ် လိုက်သောအထမ်းသမားနှစ်ယောက်၏
အသံမဆုံးမီမှာပင် ကျောက်နံရံတစ် ဖက်ဆီမှ ဝုန်းခနဲ ဝေါခနဲ အသံများက ကျွန်တော်တို့ရှိရာဘက်သို့ ပြိုလဲလာ
သလို ဆူညံလျက်ရှိသည်ကို ကြားရ သည်။ ဘာသံတွေပါလိမ့်။ တောတောင် သဘာဝနှင့် ပတ်သက်၍ ထူးခြားမှု မှန် သမျှကို စူးစမ်းလေ့ရှိတတ်သော ကျွန် တော့်ဉာဉ်အတိုင်းကျောက်နံရံကိုငုံထား

သော သစ်ပင်မြစ်တွယ်ပြီး နံရံတစ်ဖက် သို့ ကြည့်လိုက်ရာ မှောင်မည်းနေသော
သစ်ရိပ်၊ ဝါးရိပ်များကြား တွေ့ရသည်မှာ
မီးကျီးခဲရောင် ဝင်းလက်လက် မျက်လုံး
ပေါင်း ရာထောင်မက၊ အစုအဝေး
အလိုက်တောင်ပံခတ်သံတဝေါဝေါနှင့်
ကျွန်တော့်ထံ ဦးတည်၍ ပြိုဆင်းလာ
သည်ဆိုလျှင်ပင် ကြောက်လန့်တကြား
ခုန်ဆင်းလိုက်ရာ ကျွန်တော် မြေပေါ်သို့
ရောက်သည် နှင့် တစ်ပြိုင်တည်းမှာပင်
ကျောက်နံရံထိပ် လွတ်ရုံအမြင့်မှ လေ
ဟုန်ဖြင့်ဖြတ်သန်းသွားသောမည်းမည်း
သဏ္ဌာန်များ၏အသံသည်မိုးပြိုသလား
အောက်မေ့ရသည်။ ဝေါခနဲ-ဝေါခနဲ။
“ဟိုအထမ်းသမားနှစ်ယောက်ကို
တွေ့လို့ လင်းဆွဲတွေ လန့်ပျံကြတာ ဖြစ်
မယ်ဗျ”ဟုဆိုကာဦးဘသိုင်းကျော်ထံမှ
မှတ်ချက်ချသံကြားရသော်လည်းအမှန်
တကယ်ဖြစ်ရပ်နှင့်တခြားစီပင်။ အူယား
ဖားယားနှင့် သွေးရူးသွေးတန်းပြေးလာ
ကြသော အထမ်းသမားတစ်ဦးက ပြော
ပြသည်မှာ…။
“နံရံဘေးကနေ လမ်းရှာဖို့ ကပ်
သွားရင်းက ရှေ့နားရောက်တော့ နံရံမှာ

ကျောက်တုံး ပြိုကျနေတဲ့ အပေါက်တစ်
ပေါက် တွေ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့
နှစ်ယောက်အပေါက်နေရာကတောဆီး
ချုံကိုခုတ်ထွင်ရှင်းပြီးအထဲတိုးဝင်လိုက်
ကြတာ။ ဟာ- လူကြီးအရပ်အမောင်း
နှစ်ပြန်လောက်ရှိမယ့် မည်းမည်း
သဏ္ဌာန်အရိပ်ကြီး ခုနစ်ခုနဲ့ တည့်
တည့်ကြီး တိုးမိတော့တာပါပဲ။ ဟာ-
မျက်လုံးနှစ်လုံးစီကလည်း ရှောက်သီး
လုံးလောက်ရှိပြီး မီးတောက်နေသလို
နီရဲနေရောဗျ။ အဲဒီမှာမှ ကျွန်တော်တို့
အော်ပြီးပြန်လှည့်ပြေးဖို့ပြင်လိုက်တာနဲ့
အရိုးစုလိုလက်တံအရှည်ကြီးတွေထွက်
လာပြီး ဘာအရည်တွေနဲ့ လှမ်းပေါက်
ကြသလဲ မသိတော့ပါဘူး။ ပုပ်ဟောင်နံ
စော်လိုက်တာမှ ကျွန်တော်တို့ကိုယ်
ပေါ်သာ ကြည့်ကြပါတော့ ဦးလေးတို့
ရေ”
သူတို့ပြောစကားအပေါ်ကျွန်တော်
လုံးဝသံသယ မဖြစ်မိပေ။ သူတို့ ကိုယ် ပေါ်ပေရေလျက် ရှိနေသေးသော သွေး ကဲ့သို့ အရိအရွဲ ချွဲပျစ်ပျစ်တို့ကိုပင် တွေ့ နေရသည်မှာ မျက်မြင်ဒိဋ္ဌ၊ ပုပ်စော်နံ လိုက်သည်မှာလည်း ပြောစရာမရှိ။

သူတို့နှစ်ယောက်သည် အနား၌ရှိသော
စမ်းချောင်းကလေးထဲ တစ်ကိုယ်လုံး
ဆေးကြောသန့်စင်ပြီးသည် တိုင်
ကြောက်စိတ်ပြေသေးပုံမရပဲ တုန်တုန်
ယင်ယင်ဖြင့် တောင်းဆိုလာသည်မှာ
ဤနေရာကပင် လှည့်ပြန်တော့မည် ဆို
ခြင်းပင်။ မည်သို့ပင်ဆိုစေ-အဖော်များ
ရှိနေခြင်းကြောင့်သာ ကျွန်တော်ကိုယ်
တိုင် သတ္တိရှိယောင်ဆောင်ထားသော် လည်း ယနေ့ညဖြစ်ရပ်များက ကျွန် တော့်စိတ်အားနောက်ကြောင်းပြန်လှည့်
ရန် တိုက်တွန်းနေသကဲ့သို့ ရှိပါသည်။ သို့သော်- အခွင့်အရေးအကောင်း ဆုံးဟု ဆိုရမည့် အခကြေးငွေကလည်း
မက်မောစရာ။ ရည်မှန်းချက်ရောက်ရန်
ကလည်းအနီးကလေးသာရှိတော့သည်
မဟုတ်ပါလား။ ဦးဘသိုင်းကျော်ကို
ကြည့်ပြန်တော့ မည်သည့်စိတ်လှုပ်ရှား
မှုအရိပ်အရောင်မျှမတွေ့ရပဲဣန္ဒြေရစွာ
ကျောက်တုံးတစ်တုံးပေါ်အေးအေး
ဆေးဆေးထိုင်နေဆဲ။ပြန်တော့မည်ဆို
သောအထမ်းသမားနှစ်ယောက်ပြောဆို
သံကြားရမှ သူ လွယ်ထားသော စစ်သုံး
ဘေးလွယ်အိတ်ထဲမှ အရာဝတ္ထုတစ်ခု

အား ဆွဲထုတ်လိုက်သည်ကို တွေ့ရပါ
တော့သည်။
“ကျုပ်တို့အားလုံးဟာ ဗုဒ္ဓဘာသာ
ဝင်တွေပဲမဟုတ်လားဗျာ။ရတနာသုံးပါး
ဂုဏ်ကို အမှတ်ရနေသရွေ့ ဘယ်လို
မကောင်းဆိုးဝါးမှ အန္တရာယ် မပေး
နိုင်တာ ယုံကြပါ။ ပြီးတော့ – မကောင်း
ဆိုးဝါး နာနာဘာဝတွေဆိုတာ နာမ်သာ
ရှိပြီး ရုပ်မရှိတဲ့ဟာတွေလေ။ ခြောက်
လှန့်ရုံ ခြောက်လှန့်တတ်ပြီး ကိုယ်ထိ
လက်ရောက်လူတွေအပေါ်ဒုက္ခပေးနိုင်
တာမှ မဟုတ်ဘဲ။ ရည်မှန်းချက်နေရာ
ကိုလည်း မကြာခင် ရောက်တော့မှာပဲ
ဟာ။ကြောက်စရာမလိုပါဘူးဗျာ။ရော့-
ရော့ – ဟောဒါတွေက သိမ်ဝင်ပုတီးကုံး
တွေလေဗျာ၊ တစ်ယောက်တစ်ကုံးစီ
လက်ကောက်ဝတ်မှာ စွပ်ထားကြ –
ကြားလား။ စိတ်ချကြပါဗျာ – ဘယ်လို
အန္တရာယ်မျိုးနဲ့တိုးရပါစေကျပ်အားလုံး
တာဝန်ယူပါ့မယ်ဗျာ”
ကျွန်တော်တို့ ဘာတတ်နိုင်ကြဦး မည်နည်း။ လှည့်ပြန်ရန် စိတ်ကူးသည် ဆိုလျှင် လူစုခွဲပြီး တစ်ကွဲတစ်ပြားစီနှင့် မည်သူမျှ ပြန်ဝံ့မည်မဟုတ်ပေ။ နှစ်ရက်

နှင့် နှစ်ညတိုင်တိုင် သက်စွန့်ဆံဖျား ပင်ပန်းကြီးစွာ သွားလာထားရသော
မက်မောဖွယ်ရာ လုပ်ခငွေကြေး
ကလည်း များပြားလှပေရာ စားရမှာ
လည်းသဲတရှပ်ရှပ်၊ ပစ်ရမှာလည်းအဆီ
တဝင်းဝင်းဆိုသော ဒွိဟစိတ်ကို သာ
ဆင်ခြင်လျက် မီးစင်ကြည့်၍ ကကြရန်
သာရှိပါတော့သည်။
“ခရီးစဉ် ဒီလောက်ပေါက်နေမှ တော့ ကျုပ်ရဲ့ ရည်ရွယ်ချက်အမှန်ကို ခင်ဗျားတို့ သိရလေအောင် ပွင့်ပွင့်လင်း
လင်း ပြောပြဖို့ အချိန်တန်ပြီလို့ ထင်
တာပဲဗျာ။ တကယ်တော့ ဂျပန်ဗိုလ်မှူး
ကြီးရဲ့သင်္ချိုင်းနေရာရှာဖွေမယ် ဆိုတာ
ရှင်းရှင်းပြောရရင် ခင်ဗျားတို့ကို ကျုပ်
တမင်တကာ လိမ်ညာခဲ့ တာပါ။ ဒီ
အတွက်လည်း တောင်းပန်ပါတယ်ဗျာ။
အမှန်မှာကျုပ်ရဲ့အန္တိမရည်ရွယ်ချက်က
မြေပုံချပ်ပေါ်အမှတ်အသားလုပ်ထားတဲ့
ပထန်တောင်ဆိုတာကိုရှာဖို့ပါပဲ။ ပထန် တောင်လို့ ပြောတဲ့နေရာဟာ ဒုတိယ

ကမ္ဘာစစ်ကြီးတုန်းကတော့အလွန်ကျယ်
ဝန်းတဲ့ သဘာဝဂူကြီးတစ်လုံးအဆင့်ပဲ
ရှိသေးတာတဲ့။ ဒီကတိုက်ခွင်ဆိုတာ
အင်္ဂလိပ် ကိုလိုနီတစ်ခေတ်လုံးမှာ
တရုတ်သူဌေး ကြီး မစ္စတာ ချင်းချောင်း
သံသတ္တုတူးဖော်ထုတ်လုပ်ခဲ့တာ
တကယ့် နာမည် ကြီးပေါ့ဗျာ။ ဒီသံ
သတ္တုမိုင်းနဲ့ပဲ ကြီးပွားလာပြီး ရန်ကုန်
မြို့မှာတောင် ကြားဖူး ကြမှာပါ။ ကျုပ်ရဲ့
အဖိုး ဦးရဲမောင်ဆိုရင် အဲဒီမိုင်းမှာ
ယမ်းကိုင် ဒိုင်းနမိုက် ခွဲလုပ်နေတာ ကြာ
ပြီဆိုပါတော့။ အဲ-တစ်နေ့မှာတော့ ငွေ
ဒင်္ဂါးအတုတွေလုပ်တယ်ဆိုပြီး အင်္ဂလိပ်
အစိုးရကမစ္စတာချင်းချောင်ကိုခေါ်သွား
တဲ့အချိန်မှာ သူ့မန်နေဂျာဖြစ်တဲ့ ဘရိုက်
တီးဆိုတဲ့ဘိုကပြားကမိုင်းကိုဆက်အုပ်
ချုပ်လုပ်ကိုင်တာပေါ့လေ၊ ဘရိုက်တီး
ဟာ ဘိုကပြားပီပီဉာဏ်နီဉာဏ်နက်က
များတဲ့အပြင် လုပ်သားတွေကို ခေါင်းပုံ ဖြတ်၊ သံကျင်တဲ့ အလုပ်သမတချို့ကို
ဗလက္ကာယလုပ်အနိုင်ကျင့်နဲ့၊ ဒါတွေကို
ကျုပ်အဘိုးက သိလို့ ခံပြင်းပေမယ့် မိုင်း
လုံခြုံရေးအတွက်ငှားရမ်းထားတဲ့လက် နက်ကိုင် ပထန်ပုလိပ်ခြောက်ယောက်

က ဘရိုက်တီးဩဇာခံ ဖြစ်နေတာဆို
တော့ ဘယ်ပြောရဲပါ့မလဲ။ တောထဲ
တောင်ထဲအချိန်မရွေးလက်စဖျောက်ခံ
ရမယ်လေဗျာ။ မကြာပါဘူး၊ ဒုတိယ
ကမ္ဘာစစ်မီးကြီး ဟုန်းဟုန်းတောက်
လောင်နေတဲ့အချိန်။ ဗမာ့လွတ်လပ်
ရေးတပ်မတော် ဘီအိုင်အေနဲ့ ဂျပန်
တပ်မတွေ ကလည်း စစ်ကြောင်းခွဲပြီး
ယိုးဒယားကနေ ဝင်လာကြချိန်မှာ
၁၉၄၂ – ခု၊ ဇန်နဝါရီ (၃၁) ရက်မှာပဲ
မော်လမြိုင်မြို့သို့ သိမ်းပိုက်လိုက်
ပြီဆိုတဲ့သတင်းဟာ ကတိုက်ခွင် သံ
သတ္တုမိုင်းထဲ ရောက်လာတော့တာပါပဲ
ဗျာ။
ချင်းချောင်းရဲတိုက်ဆိုတာမြေပုံပေါ် အမှတ်အသားပြုထားသောကျောက်နံရံ
ပျက်ကြီးဘေး၌ပင်။ ဤပုံပြင်မဟုတ် သော ဖြစ်ရပ်အား ဦးဘသိုင်းကျော်မှ ကျွန်တော်တို့ကို ပြောပြနေခြင်း ဖြစ်ပါ သည်။ သူတစ်ဆက်တည်းပြောပြသည့် အထဲတွင် စစ်မီးကြီးသည် မော်လမြိုင် မြို့မှတစ်ဆင့် ကတိုက်ခွင်ရှိရာ ဒေသ
ကိုပါကူးစက်လာပြီးဆိုသည်ကိုသိသည်
နှင့် ဘရိုက်တီးသည် မိုင်းပိတ်သိမ်းလိုက်

ပြီးဖြစ်ကြောင်း ကြေညာကာ မိုင်းလုပ်
သားတစ်ထောင်ကျော်လောက်ကိုလမ်း
စရိတ်ပင်မပေးဘဲ ပထန်ပုလိပ်တို့ ဖြင့်
ခြိမ်းခြောက်၍ ပြန်လွှတ်လိုက်သည်ဟု
ဆိုပါသည်။သို့သော်-အကြံအစည်တစ်
ခုရှိဟန်တူသောဘရိုက်တီးသည်ယမ်း
ကိုင်ဒိုင်းနမိုက်ခွဲတာဝန်ခံ ဦးဘသိုင်း
ကျော်၏ အဘိုးဖြစ်သူ ဦးရဲမောင်နှင့်
ပထန်ပုလိပ်တို့ကို ပြန်မလွှတ်သေးဘဲ
သူ့အနား၌ပင် ခေါ်ထားသည်ဟု သိရ
သည်။ သူ၏ အကြောင်းပြချက်မှာ
ဒုတိယကမ္ဘာစစ်အတွင်းထုတ်လုပ်ထား
သောသံသတ္တုရိုင်းအိတ်များတန်ပေါင်း
မြောက် မြားစွာတို့သည် လမ်းကြောင်း
များပိတ်ကုန်၍မသယ်ထုတ်နိုင်တော့ပဲ
ရှိရာ လောလောဆယ် သဘာဝဂူကြီး
ထဲ၌ထည့်ထားရကြောင်း၊ ၎င်းဂူအဝကို
ဒိုင်းနမိုက်ခွဲ၍ ပိတ်ပစ်ခဲ့ပြီး တိုင်းပြည်
အေးချမ်းသွားချိန်ရောက်လျှင် ပြန်လာ
ဖော်ယူပါက ချက်ချင်း သူဌေးဖြစ်နိုင်
ကြောင်းစသည်တို့ဖြစ်သည်။ သူ့စကား
ကိုပထန်ပုလိပ်ခြောက်ယောက်ကမည်
သို့ပင်ယုံကြည်သည်ဆိုပါစေဦးရဲမောင်
ကမူ လုံးဝပင် မယုံကြည်ပေ။ သို့သော်

ဘရိုက်တီးက ပစ္စတိုလ် တပြပြနှင့် ခြိမ်း
ခြောက်ထားရုံမက ပထန်ပုလိပ်ခြောက်
ယောက်တို့၏သေနတ်ကိုပါကြောက်ရ
သေးခြင်းဖြစ်ရာလွတ်မြောက်မည့်လမ်း
ကြောင်း ကြံစည်ရင်း နေခဲ့ခြင်းလည်း
ဖြစ်သည်ဟု ဦးဘသိုင်းကျော် ပြောပြခဲ့
ပါသေးသည်။
“ဒီလောက် ဉာဏ်နီဉာဏ်နက်
များတဲ့ ဘရိုက်တီးရဲ့ပက်စက်တဲ့ အကြံ
အစည်ကို ကျုပ်အဘိုးကလည်း ရိပ်မိ
တာပေါ့ဗျာ။ သံသတ္တုရိုင်းထည့်ထားတဲ့
ဂူထဲကို အကြောင်းတစ်မျိုးမျိုးပြပြီး
ပထန်ပုလိပ်တွေကို ဝင်ခိုင်းထားမယ်။
ကြိုတင်ပြီး ဂူအဝထိပ်က ကျောက်တုံး
ကြီးငယ်တွေမှာ ယမ်းပျော့တွေ ကပ်
ထားတာကို ဝါယာကြိုးနဲ့ ဆက်သွယ်ပြီး
ခပ်ဝေးဝေးမှာရှိတဲ့ သစ်ပင်ကြီးတွေရဲ့
နောက်မှာ ဘက်ထရီအိုးနဲ့ ဆက်သွယ်
ထားဖို့ကျုပ်အဘိုးကို ခိုင်းမယ်ဗျာ။ အဲ-
ပထန်ပုလိပ်အားလုံး ဂူထဲရောက်နေ
ချိန်မှာ အဘိုးက သစ်ပင်ကြီးနောက်
ကနေ ခလုတ်ဖိချ ဖောက်ခွဲလိုက်ရုံပဲ ဆို ပါတော့။ ဂူအဝပိတ်သွားပြီဆိုတာနဲ့ ဘယ်နေမှာလဲဘရိုက်တီးဟာ သူ့လက်

ထဲက ပစ္စတိုလ်နဲ့ အဘိုးကို ပစ်သတ် လိုက်မှာ အသေအချာပဲလေ။ ဒါမှ တစ်
နေ့တစ်ချိန်မှာ တိုင်းပြည်အေးချမ်းသွား
တဲ့အခါ သူ့တစ်ယောက်တည်း သံသတ္တု
ရိုင်းတွေ ဖော်ပြီး ရောင်းစားမယ်ဆိုတဲ့
အကြံရိုင်း၊ ကိုင်း- ဘယ်လောက်
ကြောက်ဖို့ကောင်းသလဲဟုတ်လား”
မည်သို့ပင် ဘရိုက်တီး၏ အကြံ
အစည်သည် ရေပက်မဝင်အောင် အကွက်စေ့လှသည်ဆိုသော်လည်း
သူ့အကြံအစည်ကို ကြိုတင်ရိပ်မိထား
သော ဦးရဲမောင်၏ တန်ပြန်လုပ်ရပ်က
ပီပြင်လှသည်ဟုပင်ဆိုရမည်လားမသိ။
ဦးရဲမောင်၏လုပ်ရပ်က ဘရိုက်တီး၏
ဗျူဟာကိုသာအသုံးချလျက်မျှောလိုက်
သွားရင်းမှ နောက်ဆုံးတွင် လှည့်ကွက်
တစ်ချက်ဖြင့် ပွဲသိမ်းသွား ပုံမှာ လှမှလှ။
မှန်ပါသည်။ ဦးရဲမောင်သည် ဘရိုက်တီး
ခိုင်းသည့်အတိုင်း တစ်ရက်ကြိုတင်၍
ဂူအဝထိပ်နှင့် ဘေးနှစ်ဖက်တို့မှ
ကျောက်တုံးကြီးငယ်နှင့် သစ်ပင်ကြီး
များ၌ ယမ်းပျော့များကပ်၍ ဝါယာကြိုး
နှင့်သွယ်တန်းကာခပ်လှမ်းလှမ်းသစ်ပင် ကြီးနောက်တွင် ရှိသော ဘက်ထရီအိုး

နှင့် ဆက်သွယ်ထားသည်မှာ သေသပ် လှပါသည်။ နောက်တစ်နေ့ ညနေခင်း
တွင် ဦးရဲမောင်သည် ဘရိုက်တီးနှင့်
ဇာတ်တိုက်ထားသည့်အတိုင်း သစ်ပင် ကြီးနောက်နေရာယူထားစဉ်ဘရိုက်တီး
ကလည်း စာရင်းစာအုပ်တစ်အုပ်ကို
ပထန်ပုလိပ်များကို ပေးပြီး ဂူထဲမှ သံ
သတ္တုရိုင်းအိတ်အရေအတွက်ကိုစာရင်း
လုပ်ခိုင်းသည့်အနေဖြင့် ဂူအတွင်းပိုင်း
ကျကျနေရာသို့ တွန်းပို့လျက်ရှိရာ
အမှန်တွင် ဘရိုက်တီးဂူအဝနေရာမှ
သူ့ဆီပြန်ရောက်ချိန်တွင်ဒိုင်းနမိုက်အား
ဖောက်ခွဲရန် အစီအစဉ်အရ ဖြစ်သော်
လည်းဂူအဝထဲသို့ ခြေတစ်လှမ်းကျွံနေ
သော ဘရိုက်တီး ပြန်လှည့်ရန် လှုပ်ရှား
စဉ်မှာပင်ဦးရဲမောင်သည်ဘက်ထရီအိုး ဘေးမှ မိုင်းခွဲ ခလုတ်မောင်းတံ ကို အားရှိပါးရှိ ဖိချလိုက်ရာ မိုးကြိုး မုန်တိုင်းကျသည့်အလား ပေါက်ကွဲသံ ကြီးများ ဆက်တိုက်မြည်ဟိန်းလာခြင်း နှင့်အတူ ကျောက်တုံးကြီးငယ်များ၊ မြေကြီးအစိုင်အခဲထုကလည်း ရေ တံခွန် အလား ဝေါခနဲ ဝုန်းခနဲ ပြိုဆင်း လာကာ ဂူအဝ ပိတ်သွားရုံမကဘဲ

တောင်ငယ်တစ်လုံးကဲ့သို့ မို့မောက်ဖုံး လွှမ်းသွားသည်မှာ စက္ကန့်ပိုင်းအတွင်း
မှာပင် ဖြစ်ကြောင်း ဦးဘသိုင်းကျော်
ပြောပြချက်အရဆိုလျှင် ဘရိုက်တီးပါ
ပထန် ပုလိပ်တို့နှင့်အတူ အရှင်လတ်

လတ် ဂူပိတ်ခံခဲ့ရသည်မှာ သေချာနေ
ပေပြီ။
“အဖြစ်မှန်ကတော့ ဒါပါပဲဗျာ။
အဲဒီညမှာပဲ ကျုပ်အဘိုးလည်း ဘရိုက်
တီးဂျစ်ကားနဲ့ မောင်းပြေးလာတာ

ဇီးကုန်းမြို့ရောက်တဲ့ထိပေါ့။ အိမ်ပြန်
ရောက် မှ သူ့မှတ်ဉာဏ်ထဲ စွဲနေတဲ့
ပထန်ဂူနေရာကို နွားသားရေပေါ်မှာ
ဆေးမင်ကြောင်ထိုးပြီး ပုံဆွဲမှတ်တမ်း
တင်ခဲ့တာဒီမြေပုံချပ်ပဲဆိုပါတော့။မြေပုံ
ဆွဲထားတာကလည်း တစ်ချိန်မှာ သံ
သတ္တုရိုင်းတွေပြန်တူးဖော်ဖို့မဟုတ်ဘူး
တဲ့။ ဒိုင်းနမိုက် ခွဲလိုက်လို့ ဂူပုံသဏ္ဌာန်
ပျောက်သွားတဲ့ပထန်တောင်ကိုပြန်ရှာ
နိုင်ဖို့လို့ ပြောပါတယ်။ သူ့အသက်ဘေး ကို ကာကွယ်တဲ့အနေနဲ့ အပြစ်မဲ့တဲ့
ပထန်ပုလိပ်ခြောက်ယောက်နဲ့ ဘရိုက် တီးတို့ကို ဂူပိတ်သတ်ပစ်ခဲ့တဲ့လုပ်ရပ်
ဟာ သူ့အတွက် အတိတ်တစ္ဆေခြောက်
လှန့်ခံနေရသလိုတစ်နေ့မှမေ့မရအောင်
ဥပါဒါန်စွဲနေတာကြောင့် ခေတ်ကာလ
ကောင်းတဲ့အခါပထန်တောင်ပြန်ရှာပြီး
သေဆုံးခဲ့သူတွေအတွက် အလှူဒါနပြု
အမျှအတန်းဝေချင်တယ်ဆိုတာကိုးဗျ။
ဒါပေမဲ့ – အဘိုး သက်ရှိထင်ရှားရှိနေတဲ့
တစ်လျှောက်လုံးမှာကတိုက်ခွင်ကလည်း
တိုက်ပွဲသံတွေ တခြိမ်းခြိမ်းဆိုတော့
ဘယ်အကောင်အထည်ဖော်ပြစ်မှာလဲ
မဟုတ်ဘူးလား။ဒါကြောင့်အဘိုးမကွယ်

လွန်ခင်ကမှာခဲ့တဲ့သူ့ဆန္ဒကိုဖြည့်ဆည်း ပေးဖို့ကျုပ်လာခဲ့တာပါ”
“အေးဗျာ – ခုလို အဖြစ်မှန်တွေ သိ ရတော့ ခင်ဗျားအဘိုးရဲ့မေတ္တာတရား ထားရှိပုံတွေကို ကျွန်တော် တအား လေးစားသွားပြီ ဦးဘသိုင်းကျော်ရာ။
သာဓုဗျာ – သာဓု”
“ဟုတ်တယ် – အဓိကပြောရရင်
ပထန်ပုလိပ်တွေကိုပိုပြီးကရုဏာဖြစ်ပုံ
ရတယ် ထင်ပါတယ်ဗျာ။ ဒီပထန်ပုလိပ်
ခြောက်ယောက်ဟာ ကတိုက်ခွင် သံ
သတ္တုမိုင်း ရောက်နေတာ ကြာပြီတဲ့။
သဘာဝတောတောင်ထဲ ဝမ်းရေးအရ
တာဝန်ထမ်းဆောင်နေရတယ်ဆိုပေ
မယ့် အိန္ဒိယမှာရှိတဲ့ သူတို့ရဲ့ မိဘ၊
ဇနီးသားသမီးတွေလွမ်းတာဖြစ်မှာပေါ့။
ညနေစောင်းလို့ နေဝင်ခါနီးအချိန်
ရောက်တိုင်းရဲတိုက်ရှေ့က သစ်ပင်အုပ်
ကြီးအောက်မှာ ဆေးခြောက် မူးအောင် ရှူပြီး ကုလားဗုံကို တုတ်နဲ့ခေါက်၊ ခြူသံ တချွင်ချွင်ပါ တွဲဖက်လို့ သူတို့ ဘာသာနဲ့ သီချင်းဝိုင်းဆိုကြတာ ဆွဲဆွဲငင်ငင်ဖြစ် လို့ တအားလွမ်းစရာ ကောင်းတယ်ဆို တာကိုး။ အဘိုးက သူ့ပယောဂကြောင့်

အိမ်မပြန်နိုင်တော့တဲ့ ပထန်ပုလိပ်တွေ ကို သနားနေတာလည်း ဖြစ်မယ်ထင်
တယ်နော်”
ဦးဘသိုင်းကျော်၏ ရှင်းပြချက်
အပေါ် ကျွန်တော့်အနေနှင့် မည်သို့မျှ
စောဒကတက်ချင်စိတ် မရှိတော့ပေ။
ညဉ့်ဦးယံက ကျွန်တော်တို့အားလုံး
ကြားခဲ့ရပြီးသော တူရိယာသံနှင့် လွမ်း
ဆွေးဖွယ်ရာတေးသံနှင့်ပတ်ပြီး၍လည်း
အဖြေတစ်မျိုးမျိုး သိထားရသလို ရှင်း
နေပြီးဖြစ်သဖြင့် သူ့ဆန္ဒအားဖြည့်ဆည်း
ပေးရန်သာ ဆုံးဖြတ်လိုက်ရပါတော့
သည်။
အရုဏ်တက်ချိန် နီးလာပေပြီ။ အမှောင်ထုကြီးနက်ရှိုင်းလှသည့်အပြင်
မြူနှင်းတို့ပါတောင်ပတ်လည်တို့မှလိမ့်
ဆင်းလာကြရာ ကတိုင်ခွင်တစ်ခုလုံး
အဖြူ၊ အမည်းတို့သာ ဖုံးထားသောပန်း
ချီကားတစ်ချပ်ကဲ့သို့ မြင်ကွင်းမှန်သမျှ
မှုန်ဝါးဝါး။
ကျွန်တော်တို့အဖွဲ့သည်ဦးဘသိုင်း ကျော်အဘိုး ဦးရဲမောင်ဆိုသူ၏ တစ်

ဖက်သားအပေါ်ထားရှိသော မေတ္တာ
အဟုန် ကူးစက်ခံထားရဟန် တူပါ
သည်။ အမှောင်တောထဲ ခရီးဆက်နေ
ကြရသည့်တိုင်း၊ ငိုက်မြည်းခြင်း၊ ပင်ပန်း
ခြင်း အလျဉ်းမဖြစ်တော့ပေ။ အေးစက်
လျက်ရှိသော စမ်းချောင်းကလေး
ကူးပြီးသည်နှင့် သစ်တောထူထပ်လှ
သောတောင်ကုန်းအခြေသို့ရောက်သွား
ကြပါသည်။
“ကျုပ်တို့ရဲ့တိုက်ပျက်ကထွက်လာ
တဲ့အချိန်ကစပြီးနာရီဝက်လောက်ကြာ ခဲ့တာဆိုတော့ မြေပုံအရကြည့်ရင် ဒီ
တောင်ကုန်းဟာ ပထန်တောင် ဖြစ်နေ
မလားမသိဘူးနော်”
ပထန်တောင်ဆို သည်ကို ဤ
ကတိုက်ခွင်ထဲ၌ ကျွန်တော် စိုးစဉ်းမျှ
မကြားခဲ့ဖူးပေ။ ပထန်ပုလိပ်တို့ ဂူပိတ်၍
သေဆုံးခြင်းကို အကြောင်းပြု၍ ဦးဘ
သိုင်းကျော်၏အဘိုးကနာမည်ပေးခဲ့ခြင်း
လည်း ဖြစ်နိုင်ပါသည်။ တောင်ကုန်းခြေ
နေရာအရောက်တွင် လက်နှိပ်ဓာတ်မီး
တစ်လက်နှင့်ဦးဘသိုင်းကျော်ယောက်
ယက်ခတ်လာပုံမှာ အံ့ဩစရာပင်။ ချုံ နွယ် ပိတ်ပေါင်းအောက်မှာ မြေကြီးကို

မီးထိုးကာ ငုံ့ကြည့်လိုက်၊ တောင်ခြေ တစ်ဝိုက်ရှိ သစ်ပင်များကိုလည်း အပွေး
အခေါက်ကြည့်၍
သက်တမ်းခန့်မှန်း
လိုက်နှင့် အလုပ်ရှုပ်လျက် ရှိသည်ကို
တွေ့နေရပါသည်။
ဝေါ”
“ဝေါ-ဝေါ-ဒုန်း-ဝေါ-ဒုန်း-
“ဟာ- ရှောင်ကြဟေ့၊ တောင် စောင်းပေါ်က ကျောက်တုံးတွေ ပြိုဆင်း
လာတယ်ဟ”
ကျွန်တော်၏ အော်ဟစ်သတိပေး
သံက အချိန်မီကလေးဟု ဆိုရပေမည်။
ငလျင်လှုပ်ခြင်းမရှိဘဲအလိုအလျောက် ပြိုကျလာသော ကျောက်တုံးများကို
ရှောင်လိုက်နိုင်သော်လည်း မြေမှုန့်
များက လူတိုင်းအပေါ်ပေကျံသွားပါ
သေးသည်။ အံ့ဩဖွယ်ရာကောင်းသည်
မှာ သစ်ပင်ကြီးများကို တိုးတိုက်ကာ
ကျောက်တုံးများ ပြိုဆင်းလာသည်ကို
တွေ့ရပါလျက်နှင့် မီးထိုးကြည့်လိုက်
ချိန်တွင်မည်သည့်သစ်ပင်တွင်မှထိခိုက်
ရာ မတွေ့ရ။ ကျိုးကြေကျန်ရစ်သော ချုံ
နွယ်ပိတ်ပေါင်းနှင့် တောင်စောင်းစွတ်
ကြောင်းတို့ကိုပင် တစ်စွန်းတစ်စမျှ

လာသည့်ကြားတွင် မည်းမည်းသဏ္ဌာန်
မမြင်ရ။ မြေမှုန့်နှင့် မြူတို့ ရောထွေးကုန် ပြီးဖြစ်၍အမှောင်ထုကပိုပြီးသိပ်သည်း
အရိပ်များသည်ဟိုမျောလိုက်၊
သည်ရွေ့
လိုက်နှင့် ဂနာမငြိမ်ဟန်တို့ကို တောင်
ကုန်းထိပ်သစ်ပင်များကြား၌ ရိပ်ခနဲ
ရိပ်ခနဲ တွေ့လိုက်ရပါတောသည်။
ဦးဘသိုင်းကျော် ပေးထားသော သိမ်
ဝင်ပုတီးတို့သည်ပင် တန်ခိုးမရှိတော့
သလို ခံစားလာရသည်။
ကျော်”
“ဟို က် – ဦး – ဦးဘ – ဘသိုင်း
ကျွန်တော်၏ အံ့အားသင့် သွား
သော အသံပင်မဆုံးသေး။ မျက်လုံး
အရောင်ဝင်းဝင်းတောက်လျက်ရှိသော
မည်းမည်းအရိပ်သဏ္ဌာန်များဆီမှ
အရိုးစုလက်တံရှည်များ ဆန့်ထုတ်လာ
ရမှ ဦးဘသိုင်းကျော်အား ဆွဲယူသွား
သည်မှာ ကြက်သားပေါက်လေး စွန်
သုတ်သကဲ့သို့လှစ်ခနဲမြန်လှသဖြင့်မှုန် ဝါးဝါးသာ တွေ့လိုက်ရပါတော့သည်။ ဤမျှ သွေးပျက်လုမတတ် မြင်ကွင်းကို ကျွန်တော်တို့ သုံးယောက်လုံးတိကျစွာ မြင်ကြရသော်လည်းကြောက်စိတ်လုံးဝ

မပေါ်ဘဲ မြေကြီးပေါ်ပြိုင်တူထိုင်ချ
လိုက်ကြသည်မှာရော်ဘာရုပ်ပမာပျော့
ခွေလျက်တစ်ပြိုင်တည်းမှာပင် လေပြေ
ကလေးတစ်ချက်အသုတ်တွင် စိမ်းရွှေ
ရွှေအနံ့အသက်တစ်မျိုးကိုပါကျွန်တော်
တို့ရှူရှိုက်မိရင်းတဖြည်းဖြည်းငိုက်မြည်း
လာရာမှအပေါ်သို့အလိုအလျောက်လှဲ
အိပ်ချပြီးသားဖြစ်သွားကြသည်။နောက်
ဆုံးကြားလိုက်ရသောအသံက…
“ဒိန်းတပ်တပ်- ချွင်၊ ဒိန်းတပ်တပ်-
ချွင်၊ ချွင် – ချွင်”
ကျွန်တော်တို့ သုံးယောက်သား အချိန်မည်မျှကြာသည်အထိ နှစ်ခြိုက် စွာအိပ်ပျော်သွားကြောင်းအတပ်မပြော
နိုင်ကြပေ။ ကြမ်းတမ်းစွာ လှုပ်ခါလာ
သောအထိအတွေ့နှင့်အတူကြားလိုက်
ရသော အသံသည် ဦးဘသိုင်းကျော်၏ အသံ အစစ်အမှန် ဖြစ်နေသည်မှာ သေချာလျက်ရှိသည်။ “ဟေ့-လူတွေ၊ဟာ-စိတ်ချလက်ချ
ကို အိပ်မောကျနေကြတာကိုး။ ထကြ လေဗျာ – မိုးလင်းလို့ နေတောင်ထွက်
နေပြီးဟာမျက်စိဖွင့်ကြည့်ကြပါဦးဗျာ”

မှန်ပါသည်။ ဦးဘသိုင်းကျော်မှ
ဦးဘသိုင်းကျော် အစစ်ပင်။ အိပ်မက်
နေသည်လား ဆိုရအောင်ကလည်း
အထမ်းသမားနှစ်ယောက်ကို ကြည့်
လိုက်ပြန်တော့တဝါးဝါးသမ်းဝေလျက်မှ
ဖုတ်ဖက်ခါကာ ထထိုင်နေကြပေပြီ။
၎င်းပြင် ဇဝေဇဝါမျက်လုံးများက ဟို
ကြည့် သည်ကြည့်နှင့် အံ့ဩနေကြဟန်
တွေ့နေရသည်။
“မျက်နှာလေး သစ်လိုက်ကြပါဦး။
ဒါမှ လန်းဆန်းသွားမှာပေါ့။ ရှိတာလေး
ချက်ပြုတ်စားသောက်ပြီးတာနဲ့ ဒီနေရာ
ကပဲ လှည့်ပြန်ကြမယ်ဗျာ။ ဒီခရီးစဉ်မှာ
ကျုပ် ရည်ရွယ်ချက် ပြည့်စုံ သွားတဲ့
အတွက် ခင်ဗျားတို့ကို ကျေးဇူး တင်
တယ်ဗျာ။အဲ – တစ်ခုတော့မေတ္တာရပ်ခံ
ချင်တာ ရှိပါတယ်။ ဒီခရီးစဉ် အစကနေ
အဆုံးထိ မြင်တွေ့ကြုံရခဲ့သမျှ အလုံးစုံ ကို ခင်ဗျားတို့ ခေါင်းထဲက ထုတ်ပစ်ပေး ကြပါ။ ဒီလိုမျိုး မရှိခဲ့ဖူးလို့သာ သဘော ထားပေးကြပါနော်။ သုံးယောက်လုံးကို ကျေးဇူးတင်တယ် တကယ်ပါ”
ဘယ်လိုပုံစံတွေ ပြောင်းသွားရ သည်နည်း။ ဦးဘသိုင်းကျော်စကားက

ရေပိတ်စပါးကဲ့ သို့ ကျွန်တော်တို့ စောဒကတက်ခွင့်ပင် မရှိတော့ပါလား။
ယနေ့ အရုဏ်မတက်မီအချိန်ကစ၍
ယခု မိုးလင်း၍ နေရောင်တွေ့ရသည့်
အချိန်ထိ။ ကျွန်တော်တို့ကိုယ်တိုင်တွေ့
ကြုံခံစားခဲ့ရသော ဖြစ်စဉ်အားလုံးတို့
သည် အိပ်မက်မဟုတ်သလို သည်း
ထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ် ဖတ်နေရခြင်း
လည်းမဟုတ်ပေ။ သို့သော်- သက်သေ
ပြစရာဆို၍ သဲလွန်စ အကြွင်းအကျန်
အနည်းအပါးပင် မတွေ့ရသဖြင့် သူ့
စကားအားလိုက်နာရတော့မလိုဖြစ်နေ
သည်မှာ အမှန်။ ဤတောင်ကုန်းအခြေ
သို့ရောက်မှ ကျောက်တုံးကြီးများ လိမ့်
ကျလာရာတွင် ရောပါခဲ့သော မြေကြီး
မြေမှုန်တို့ ကျွန်တော်တို့ တစ်ကိုယ်လုံး
ပေကျံခဲ့သည်မှာ မှန်ကန်လျက် ယခု
မျက်မြင်တွင်မူ အဝတ်အစား အားလုံး
နဂို ပကတိအတိုင်း အကောင်း
မည်းမည်းသဏ္ဌာန်အရိပ်များက
လည်းအရိုးစုသဏ္ဌာန်လက်တံရှည်ကြီး
များနှင့် ဦးဘသိုင်းကျော်အား တောင် ကုန်းထိပ်သို့ ဆွဲတင်သွားသည်ကိုကျွန် တော်တို့သုံးယောက်လုံးမြင်ကြပါလျက်

နှင့် ယခုတော့ ဦးဘသိုင်းကျော်ကိုယ် တိုင် အကောင်းပကတိအတိုင်း ကျွန် တော်တို့ကိုပင် လာနှိုးခဲ့သေးသည်
မဟုတ်ပါလား။
ကျွန်တော့် စိတ်ထဲ မတင်မကျနှင့်
အဖြေရှာ၍မရသော ပုစ္ဆာများ ကျန်
ပါသေးသည်။ ဦးဘသိုင်းကျော်အား
မည်းမည်းအရိပ်များ ဆွဲတင်သွားချိန်၌
ကျွန်တော်တို့ သုံးယောက်သားစိတ်ညှို့
ခံထားရသလို အသိစိတ်နှင့် ခန္ဓာကို
ကင်းကွာသွားခြင်းအပြင် စိမ်းရွှေရွှေရနံ့
ရှူရှိုက်မိရုံမျှနှင့်အဘယ်ကြောင့်အိပ်မွေ့
ချခံရသလို ဖြစ်သွားရပါသနည်း။ ရှိပါ
သေးသည်၊ ချင်းချောင်းရဲတိုက်ပျက်
နေရာနှင့် ဤတောင်ကုန်း၌ ကျွန်
တော်တို့ကို ခြောက်လှန့်ခဲ့သော မည်း
မည်းသဏ္ဌာန်အရိပ်များသည်မန်နေဂျာ
ဘရိုက်တီးနှင့် ပထန်ပုလိပ်တို့၏ ဝိ
ညာဉ်တစ္ဆေဆိုသည်ကို အတပ်ပြော
နိုင်မည်လား။ ဤတောင်ကုန်းသည်
လည်း သူတို့ ဂူအပိတ်ခံရပြီး သေဆုံး
ခဲ့ရသော ပထန်တောင် အစစ်အမှန်ဟု

ဦးဘသိုင်းကျော် မည်သည့်အထောက်
အထားနှင့် ယုံကြည်လိုက်သည်ကို
လည်း ကျွန်တော် အလွန်သိချင်နေပါ
သေးသည်။
မည်သို့ပင်ဆိုစေ၊ ပထန်ဂူရှာပုံ
တော်အလုပ်ကိုပင် ဂျပန်ဗိုလ်မှူးကြီး
သင်္ချိုင်းရှာရန်ဆိုကာ လျှို့ဝှက်စွာ
ပရိယာယ်ဆင်တတ်သော ဦးဘသိုင်း
ကျော် အနေနှင့် ယခုဖြစ်ရပ်အားလုံး
ကိုလည်း လျှို့ဝှက်အဆင်သင့်အဖြစ်
လိုအပ် ၍သာ ကျွန်တော်တို့ နှုတ်ကို
ရေပိတ်စပါးပမာ ပိတ်ခဲ့ခြင်းဟုသာ
ယူဆရပေတော့မည်။ သို့သော် ကျွန်
တော်တို့ကို လုပ်အားခများ ရှင်းပေး
ပြီးနောက် ရန်ကုန်သို့ ပြန်ရန် ခရီးသည်
တင်ကားပေါ်သို့မတက်ခင်ကလေးတွင်
သူ့လက်ကောက်ဝတ်တွင်စွပ်ထားသော
သိမ်ဝင်ပုတီးအား ထောင်ပြရင်း နှုတ်
ဆက်သွားသည်မှာ …။
“ယုံယုံကြည်ကြည် ဆောင်ထား
ကြနော်။ သိမ်ဝင်ပုတီး၊ သိမ်ဝင်ပုတီးဗျ”

ဤဖြစ်ရပ်သည် တွက်စစ်ကြည့်
ပါက နှစ်ပေါင်း (၃၀)ပင် ပြည့်တော့
မည်ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်
ပင်လျှင် အသက်အရွယ် (၈ဝ)နီး၍
သားသမီးများနှင့်အတူ ရန်ကုန်မြို့တွင်
ပြောင်းနေသည်မှာကြာလှပေပြီ။ လွန်ခဲ့
သည့် သုံးလခန့်က ဂျာနယ်တစ်စောင်
ထဲ၌ကတိုက်ခွင်တွင် သံသတ္တုတူးဖော်
ရေးလုပ်ငန်းအားကုမ္ပဏီတစ်ခုမှတင်ဒါ
ရပြီးလုပ်ကိုင်နေကြောင်းသတင်းဖတ်ရှု
ခဲ့ရပါသေးသည်။ အဆိုပါ ကုမ္ပဏီသည်
ဦးဘသိုင်းကျော်၏ အဆက်အနွယ်
များဖြစ်ပါကနောက်ဆုံးဖြစ်စဉ်အရုဏ်
တက်ချိန်၌ ဦးဘသိုင်းကျော်နှင့် ပထန်
သရဲများ ဧကန်မုချ အပေးအယူတည့်
ခဲ့မည့် ကတိကဝတ်များကို အကောင်
အထည်ဖော်လိမ့်မည်မှာ သေချာပါ
သည်။ သို့ဆိုလျှင်ပထန်သရဲများလည်း
ကျွတ်လွတ်ကြရုံမကဘဲ ဂူထဲပိတ်ထား
သော သံသတ္တု ရိုင်းတန်ပေါင်း မြောက်
မြားစွာကိုပါ။
မင်းရွှေသိန်း (ဂင်းကျိုက်)

Zawgyi Version

သိမ္ဝင္ပုတီး(စ/ဆုံး)
————————–
“က်ဳပ္ လာရတဲ့အေၾကာင္းရင္းက ဒုတိယကမာၻစစ္ႀကီး တုန္းက က်ဆုံးခဲ့တဲ့ ဂ်ပန္ဗိုလ္မႉးႀကီးတစ္ေယာက္ရဲ႕ ႐ုပ္ အေလာင္းျမႇဳပ္ႏွံထားတဲ့ေနရာရွာေဖြဖို႔ပါပဲ။ အတိအက်ေရးဆြဲ ထားတဲ့ေျမပုံလည္းပါလာတာဆိုေတာ့ သိပ္ၿပီးခဲယဥ္းလိမ့္မယ္ မထင္ပါဘူး။ ဂ်ပန္ျပည္မွာရွိတဲ့ သူ႔ေဆြမ်ိဳးသားခ်င္းေတြထဲက က်ဳပ္ မိတ္ေဆြကုမၸဏီပိုင္ရွင္သူေဌး အကူအညီေတာင္းတာ ၾကာၿပီးျဖစ္ေပမယ့္ ခုခ်ိန္မွာမွ ျဖစ္တယ္လို႔ပဲ ေျပာရမွာပါ။ အေရးႀကီးတာက ကတိုက္ခြင္ထဲ အင္မတန္ ကြၽမ္းက်င္တဲ့ လမ္းျပေကာင္းေကာင္းတစ္ေယာက္ ရဖို႔ပဲ ဆိုပါေတာ့ဗ်ာ။ ဟုတ္ကဲ့ – လမ္းျပအတြက္ တစ္ေန႔ ငါးေထာင္က်ပ္ေပးဖို႔လည္း က်ဳပ္မိတ္ေဆြဂ်ပန္သူေဌးကခြင့္ျပဳၿပီးသားေလဗ်ာ။ ျဖစ္ႏိုင္မယ္ ဆိုရင္ ဒီရက္ထဲမွာပဲ လုပ္ငန္းစခ်င္ပါတယ္”

ယခုလို ကမ္းလွမ္းလာေသာ ဦးဘ သိုင္းေက်ာ္ဆိုသည့္ ပုဂၢိဳလ္ကိုယခင္က
ကြၽန္ေတာ္ျမင္ဖူးသိကြၽမ္းခဲ့ဖူးျခင္းမရွိပါ။
ရန္ကုန္ၿမိဳ႕၌ ထမင္းဆိုင္ဖြင့္ထားေသာ
ကြၽန္ေတာ့္သား၏အဆက္အသြယ္ျဖင့္
အုတ္တံတားအတြင္း ႐ြာမွ ကြၽန္ေတာ့္
အိမ္သို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္သူေရာက္
ရွိလာျခင္း ျဖစ္ပါသည္။ အသက္ (၅၀)
ခန႔္ ရွိလိမ့္မည္ ျဖစ္ေသာ္လည္း အရပ္
အေမာင္းေကာင္းၿပီး ကိုယ္ကာယ
ေတာင့္တင္းသူ၊ေအးေဆးတည္ၿငိမ္ဟန္
ႏွင့္လူႀကီးလူေကာင္းအမူအရာကိုလည္း
ေတြ႕ရပါသည္။
ရွင္းလင္းစြာေျပာရလွ်င္သူလိုအပ္
လ်က္ရွိေသာ လမ္းျပတစ္ေယာက္ အတြက္ မည္သို႔မွ် အခက္အခဲရွိလိမ့္ မည္ မဟုတ္ေပ။ အဘယ္ေၾကာင့္ဆို
ေသာ္သူေျပာေသာကတိုက္ခြင္ဆိုသည္
မွာတစ္ခ်ိန္တစ္ခါက ကြၽန္ေတာ္ ကိုယ္
တိုင္အမဲလိုက္ခဲ့ဖူးေသာခြင္ျဖစ္ေနျခင္း
ေၾကာင့္ပင္။ ေပေပါင္း (၃ဝဝဝ)ေက်ာ္
ျမင့္ေသာ ဂစၦဂိရိေတာင္ အေရွ႕ျခမ္း၊ သဲအိမ္ေတာင္၊ အနန္းပင္ေတာင္၊

မင္းတစ္ရာ့တစ္ပါးေတာင္တို႔ပတ္လည္
ဝိုင္းလ်က္ရွိေသာ ဒယ္အိုးသဏၭာန္ ေျမ
ျပန႔္ခြင္က်ယ္ႀကီး ျဖစ္သည္။ ၎ခြင္
သည္မိုးထိုးလုမတတ္ သစ္ပင္ႀကီးမ်ား၊
ဝါးပင္ခ်ဳံႏြယ္ႏွင့္ ေအာက္ေျခရႈပ္ေထြး႐ုံ
သာမက ေတာတိရစာၦန္မ်ား ေပါမ်ားစြာ
က်က္စားရာ ခြင္ျဖစ္ေနျခင္းေၾကာင့္
အသက္ေမြးဝမ္းေက်ာင္းအျဖစ္ ကြၽန္ ေတာ္မုဆိုးအလုပ္လုပ္ကိုင္ခဲ့ျခင္းလည္း
ျဖစ္ပါသည္။
ဤမွ် အမဲလိုက္ေကာင္းေသာ ခြင္
ျဖစ္လ်က္ႏွင့္မုဆိုးအလုပ္ကိုကြၽန္ေတာ္ အဘယ္ေၾကာင့္ စြန႔္လႊတ္ခဲ့သည္မွာ
အေၾကာင္းရွိပါသည္။ နဂိုက လူသူ
အေပါက္အေရာက္ မရွိသေလာက္
ျဖစ္ေသာ ကတိုက္ခြင္သည္ ေတာရိပ္
ေတာင္ရိပ္ေကာင္းျခင္းေၾကာင့္ေသာင္း
က်န္းသူမ်ား ခိုေအာင္းရာေနရာ ျဖစ္ လာရာမွ သတင္းရရွိေသာ တပ္မေတာ္ စစ္ေၾကာင္းႀကီးမ်ားကလည္း စစ္ဆင္ ေရး တရစပ္ျပဳလုပ္လာျခင္းျဖစ္၍ ျပင္းထန္ေသာ တိုက္ပြဲမ်ားက မၾကာ ခဏ။ ထို႔ေၾကာင့္လည္း ၁၉၅၉ – ခုႏွစ္

ေလာက္ကပင္မုဆိုးအလုပ္ကိုစြန႔္လႊတ္
ကာ အုတ္တံတား အတြင္း႐ြာ၌ ဥယ်ာဥ္
ၿခံလုပ္ငန္းျဖင့္သာ အေျခခ် ေနထိုင္ခဲ့
သည္မွာ ႏွစ္ (၂ဝ) ပင္ ေက်ာ္ခဲ့ေပၿပီဟု
ဆိုရေပမည္။
ဦးဘသိုင္းေက်ာ္ ကြၽန္ေတာ့္ထံသို႔ ေရာက္လာေသာယခုပစၥကၡကာလတြင္ ကတိုက္ခြင္ဆိုသည္မွာလည္း အျဖဴ ေရာင္နယ္ေျမျဖစ္ကာ ေအးေဆးေန
GE
ေပၿပီ။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း
ေတာပစ္ဝါသနာမကုန္ေသးျခင္းျဖစ္ရာ
သူလိုခ်င္ေသာ လမ္းျပတာဝန္ကို ကြၽန္
ေတာ္လြယ္ကူစြာလက္ခံလိုက္ျခင္းပင္။
အမွန္ကန္ဆုံး ေျပာရလွ်င္ လက္ရွိ ေ႐ႊ
ေပါက္ေဈးအရငါးမူးသားႏွင့္ညီမွ်ေသာ
တစ္ေန႔လုပ္အားခ ငါးေထာင္က်ပ္ဆို
ေသာ မက္လုံး၏ဆြဲေဆာင္မႈသည္သာ
အဓိကျဖစ္မည္ဟု ဆိုပါက မွားမည္
မဟုတ္ေပ။ ကြၽန္ေတာ္ႏွင့္ ဦးဘသိုင္း
ေက်ာ္တို႔ ႏွစ္ဦးသား အေပးအယူတည့္ ၾကသည္ဆိုလွ်င္ပင္လိုအပ္သည့္ရိကၡာ၊ ေဆးဝါး မ်ား ဝယ္ယူစုေဆာင္းထုပ္ပိုး ၿပီး ႐ြာသား ႏွစ္ဦးကိုပါ အထမ္းသမား အျဖစ္ ငွားရမ္းလ်က္ ေနာက္တစ္ေန႔

မနက္ အ႐ုဏ္တက္ခ်ိန္အေရာက္တြင္ စတင္ခရီးထြက္ျဖစ္ခဲ့ပါေတာ့သည္။
“ကတိုက္ခြင္” သည္ ကြၽန္ေတာ္
ေနထိုင္သည့္ ၿမိဳ႕နယ္တစ္ခုတည္း၌
အတူရွိသည္ဆိုႏိုင္ေသာ္လည္း ခရီး
ပန္းကာေဝးလံၿပီးအလြန္ၾကမ္းတမ္းလွ
ပါသည္။ အုတ္တံတားအတြင္း႐ြာ ဝင္း
ကေမာ့စမ္းေဘးလမ္းအတိုင္းေပေပါင္း
တစ္ေထာင္ေက်ာ္ေတာင္တန္းေပၚကန႔္
လန႔္ျဖတ္တက္ၿပီးမွ ကုလားမေတာင္
အေရွ႕ဘက္ေၾကာ ႐ႊံ႕ဗြက္ထူေျပာေသာ
အတက္အဆင္း လူတစ္ကိုယ္သြားသာ ႐ုံလမ္းေပၚေကြ႕ကာဝိုက္ကာႏွင့္ ခက္ခဲ
စြာ သြားေနရပါသည္။ ထိုမွတစ္ဆင့္
ေရတံခြန္ႀကီးတစ္ခု၏ေဘးမွႀကိမ္ေတာ၊
နတ္ျမားပင္ ေတာတိုး၍ နက္ရႈိင္းလွ
ေသာလွ်ိဳထဲသို႔ ေလွ်ာဆင္းၾကရသည္
မွာလည္း အႏၲရာယ္အသြယ္သြယ္ႏွင့္
ပင္ပန္းလွသည္။ ထိုႏွစ္ရက္ႏွင့္ တစ္ည
ခရီးတြင္ စိတ္အားထက္သန္ေနလား မသိေပ။ ဦးဘသိုင္းေက်ာ္အား ၾကည့္

ရသည္မွာ ဖ်တ္လတ္တက္ႂကြလ်က္
ေျမပုံခ်ပ္ျဖန႔္ၿပီး သံလိုက္အိမ္ေျမႇာင္
ေထာက္ေန ျခင္းျဖင့္ပင္ အခ်ိန္ကုန္ခဲ့ သည္ကို သတိထားမိပါသည္။ “ေျမပုံအတိုင္းဆိုရင္ ဒီလမ္း ေၾကာင္းကမွန္ေနၿပီဗ် သိလား။ ကတိုက္ ခြင္ထဲေရာက္ရင္က်ဳပ္တို႔ရွာရမယ့္ေနရာ
သိပ္ၿပီး ခက္ခဲလိမ့္မယ္ မဟုတ္ဘူးထင္
တယ္ေနာ္။ကိုင္း..မေမွာင္ခင္ ခရီးဆက္
ၾကမယ္ဗ်ာ”
ဦးဘသိုင္းေက်ာ္၏ ေလာေဆာ္မႈ
ေၾကာင့္မည္သို႔ပင္ေျခကုန္လက္ပန္းက် ေနသည္ဆိုေသာ္လည္း နားခ်ိန္သိပ္
မယူဘဲ ခရီးဆက္ခဲ့ၾကရာ ညေမွာင္ရီ
သန္းခ်ိန္ေလာက္တြင္ ေတာင္ေျခစမ္း
ေခ်ာင္းေဘးေက်ာက္ဖ်ာႀကီးေပၚ၌ကြၽန္
ေတာ္တို႔ စခန္းခ်လိုက္ၾကရသည္။
ေဆာင္းကုန္ခါနီးရာသီဟုသာဆိုသည္။
အေအးဓာတ္က ခိုက္ခိုက္တုန္ဆဲပင္။
မီးပုံႀကီးေဘးတြင္ ျဖစ္သလို ညစာ စား
ေသာက္ၾကၿပီးေနာ္ ေနရာယူ အိပ္ခ်
လိုက္သည္ႏွင့္ ငိုက္ျမည္း႐ုံသာ ရွိေသး
စဥ္မွာ မနီးမေဝးဆီမွ က်ားဟိန္းသံ ေဝါင္းခနဲ – ေဝါင္းခနဲ ၾကားလိုက္သည္

ဆိုလွ်င္ ကြၽန္ေတာ္တို႔အားလုံး ထထိုင္ ၿပီးသား ျဖစ္သြားၾကသည္။
“မီးပုံႀကီးထဲ သစ္ကိုင္းေျခာက္ေတြ
မျပတ္ထည့္ၾကေဟ့။ မီးေရာင္ ေတြ႕ရင္ ဒီေကာင္ေတြမလာရဲပါဘူးကြာ။
ဓားေတြ
အနားထားၿပီး အဆင္သင့္ေတာ့ ေန
ၾကေပါ့”
အထမ္းသမားႏွစ္ေယာက္ဆီ သတိလွမ္းေပးရာမွယမ္းအသင့္ေထာင္း
ထားေသာ ကြၽန္ေတာ္ ကိုင္ေနက်တူမီး
ေျပာင္းရွည္ေသနတ္ကိုပါေပါင္ေပၚတင္
ထားလိုက္မိသည္။ဦးဘသိုင္းေက်ာ္ကမူ
မွန္အိမ္မီးေရာင္မွိန္မွိန္ေအာက္ျဖန႔္ထား
ေသာေျမပုံခ်ပ္ေပၚလက္ညႇိဳးတေထာက္
ေထာက္ႏွင့္ အလုပ္ရႈပ္ေနဆဲပင္။
“သံလိုက္အိမ္ေျမႇာင္ ၫႊန္ျပခ်က္
ကိုၾကည့္ရင္ ဒီေနရာကေန အေနာက္
ေတာင္ဘက္တစ္မိုင္ခြဲေလာက္မွာဂ်ပန္
ဗိုလ္မႉးႀကီးကိုျမႇဳပ္ထားတဲ့ေတာင္ကုန္း
အမွတ္အသားေနရာ ေရာက္ႏိုင္မယ္
ထင္တာပဲဗ်။ အဲဒီေတာင္ကုန္းထိပ္မွာ
အထင္ကရသစ္ခ်ပင္ႀကီးတစ္ပင္အျမင့္
ဆုံးရွိေနတာလည္း ေျမပုံေပၚျပထား
ေသးတယ္ေလဗ်ာ။ မနက္ေစာေစာထ

ၿပီး ခရီးဆက္ၾကတာေပါ့။ မဟုတ္
ဘူးလား”
အမွန္ေျပာရလွ်င္ က်ားဟိန္းသံ ၾကားခဲ့ရၿပီးျဖစ္၍ မည္သူမွ် စိတ္ခ်
လက္ခ် အိပ္ပစ္ရန္ မဝံ့ရဲၾကေတာ့ေပ။ ေမွးလိုက္ ထလိုက္ မီးပုံထဲ သစ္ကိုင္း
ေျခာက္ပစ္ထည့္လိုက္ႏွင့္ ႏိုးၾကားလ်က္
ရွိၾကပါသည္။ေလတိုးသံ၊စမ္းေရစီးသံမွ
အပ ေတာေတာင္တစ္ခြင္လုံးတိတ္
ဆိတ္ေနစဥ္ သစ္ပင္ျမင့္ႀကီးမ်ားေပၚမွ
ႏွင္းရည္စက္မ်ားအဆက္မျပတ္မီးပုံေပၚ
ခုန္ဆင္းေသာ အသံမ်ားသာ ရွဲခနဲ ရွဲ
ခန္..။
“ဒိန္း – တပ္တပ္ခြၽင္၊ ဒိန္းတပ္တပ္
ခြၽင္၊ ဒိန္းတပ္တပ္ – ခြၽင္ – ခြၽင္- ခြၽင္”
႐ြာစဥ္ေဝးၿပီး အလြန္နက္ရႈိင္းလွ
ေသာ ေတာေတာင္ထဲမွ ႐ုတ္တရက္
လြင့္ပ်ံလာေသာ တူရိယာသံ။ တူရိယာ
အသံႏွင့္အတူ လြမ္းဆြတ္ဖြယ္ရာ
ဘာသာတစ္မ်ိဳးမ်ိဳး၏ အုပ္စုလိုက္
သီက်ဴးသံကပါတိုးရာကတျဖည္းျဖည္း
က်ယ္ေလာင္လ်က္ ရွိလာသည္။ ကြၽန္
ေတာ္ ၾကည့္ဖူးေသာ ႐ုပ္ရွင္ထဲမွ အာဖ ရိက ေတာတြင္းလူ႐ိုင္းတို႔၏ ဂီတသံမ်ိဳး

လည္း မဟုတ္။ သားေရျဖင့္ က်က္ထား
ေသာဗုံကိုတုတ္တိုႏွင့္ေခါက္ကာျခဴသံ
တခြၽင္ခြၽင္ပါ တြဲဖက္ထားျခင္း ျဖစ္မည္
ထင္ပါသည္။ အနီးစပ္ဆုံး ေျပာရလွ်င္
ကုလားမီးနင္းပြဲတို႔၌တီးမႈတ္ေလ့ရွိေသာ
တူရိယာသံမ်ိဳးႏွင့္ တူသလိုလိုပင္။ မည္
သည့္အရပ္ မ်က္ႏွာဘက္မွ လာေသာ
အသံျဖစ္ေၾကာင္း။ကြၽန္ေတာ္တို႔နားစြင့္
ၿငိမ္သက္ ေနၾကစဥ္ ဦးဘသိုင္းေက်ာ္
ကမူေခါင္းတညိတ္ညိတ္ႏွင့္အားရပါးရ
ၿပဳံးေနသည္ကိုပင္ အံ့ဩဖြယ္ရာ ေတြ႕ရ သျဖင့္ သူ႔ကို မသကၤာစိတ္ျဖင့္ လွမ္း
အကဲခတ္လိုက္ပါေသးသည္။
“ဟုတ္တာေပါ့ – ဒီတူရိယာသံနဲ႔
သီခ်င္းသံမ်ိဳးက ဒီကတိုက္ခြင္ဧရိယာ
တစ္ခုထဲမွာပဲ ရွိတာေနာ္။ ေသခ်ာနား
ေထာင္ၾကည့္စမ္း။ ဘယ္ေလာက္
ေၾကကြဲဝမ္းနည္းစရာ ေကာင္းသလဲဆို
တာ။ ပထန္လူမ်ိဳးေတြရဲ႕႐ိုးရာ ေတးသံ
အစစ္ပဲဗ်ာ။ အသံကေတာ့က်ဳပ္တို႔အခု
ေရာက္ေနတဲ့ေနရာရဲ႕အေနာက္ေတာင္
ဘက္ကပဲျဖစ္မယ္လို႔ခန႔္မွန္းရတယ္ဗ်ာ။
မဟုတ္ဘူးလား”

“ဟာ – အဲဒီဘက္မွာ ပထန္လူမ်ိဳး မေျပာနဲ႔႐ြာေတာင္ရွိမွာမဟုတ္ဘူးဦးဘ
သိုင္းေက်ာ္ရ။ ေတာအနက္ဆုံး ေတာင္
ၾကားထဲဘယ္သူကလာၿပီးဆိုတီးၾကမွာ
လဲလို႔”
ကြၽန္ေတာ္၏ ယုတၱိဆန္ေသာ စကားအေပၚဦးဘသိုင္းေက်ာ္ အနည္း
ငယ္မွ် သေဘာတူဟန္ မျပေပ။ ေခါင္း တခါခါလုပ္ေနရာမွ သြက္လက္စြာ ထ ရပ္လိုက္သည္မွာ ျမန္မွျမန္။
“မိုးလင္းတဲ့အထိမေစာင့္ခ်င္ေတာ့
ဘူးဗ်ာ။ အဲသည္ဘက္ ခုခ်က္ခ်င္း ခရီး ဆက္မွ ျဖစ္မယ္။ တကယ္လို႔ ပထန္
ကုလားဂီတသံမွန္ရင္ေတာ့ က်ဳပ္ရွာတဲ့
ေနရာ ေသခ်ာတယ္လို႔ ေျပာႏိုင္ၿပီဗ်
သိလား။ကိုင္း- ကိုင္း – ဆက္ထြက္ၾကစို႔
လမ္းျပႀကီးေရ”
ကြၽန္ေတာ္သည္လမ္းျပတာဝန္ျဖင့္ အခေၾကးေငြယူ၍ လိုက္ခဲ့သူ ျဖစ္ပါ သည္။ သို႔ေသာ္-ကြၽန္ေတာ္၏လမ္းျပ
ျခင္းအလုပ္က အုတ္တံတားအတြင္း ႐ြာမွေန၍ကတိုင္ခြင္ဤစမ္းေခ်ာင္းေဘး
ေနရာသာ ျဖစ္သည္ဟုဆိုပါက မွန္ကန္ လိမ့္မည္ ျဖစ္ပါသည္။ ယခု ဦးဘသိုင္း

ေက်ာ္ အေျပာကို ေထာက္ရႈၾကည့္လွ်င္ ေရွ႕ခရီးစဥ္မ်ားကို ေျမပုံခ်ပ္ႏွင့္ သံလိုက္
အိမ္ေျမႇာင္တို႔၏ ၫႊန္ျပရာအတိုင္း
ဦးဘသိုင္းေက်ာ္ေနာက္က
ကြၽန္ေတာ္
တို႔ လိုက္ၾကရန္သာ ရွိေတာ့သလို ေတြ႕
ေနရသည္။ပြင့္လင္းစြာဝန္ခံရလွ်င္ကြၽန္
ေတာ္ကိုယ္တိုင္ေတာလိုက္မုဆိုးလုပ္ခဲ့
စဥ္ကကတိုက္ခြင္ဤအေနာက္ေတာင္
ဘက္ အျခမ္းသို႔ လုံးဝမေရာက္ဘူးခဲ့
သည္မွာအမွန္။ေတာေကာင္မ်ားအမ်ား
ဆုံး က်က္စားရာ ကိုးေကြ႕ေခ်ာင္းမ်ား
ပတ္လည္ေလာက္ႏွင့္ ဖူလုံေနျခင္းျဖစ္
ရာ ဤကုန္းတြင္းေတာနက္ပိုင္းသို႔
မေရာက္ရွိခဲ့ျခင္းလည္း ျဖစ္ပါသည္။
မည္သို႔ပင္ဆိုေစ၊ အလုပ္ရွင္က အခ
ေၾကးေငြေပး၍ေခၚလာသည္ျဖစ္သျဖင့္
ကြၽန္ေတာ္တို႔ဆင္ေျခဆင္လက္ေပးေန
လွ်င္လည္း ထူးလိမ့္မည္မထင္။ ညႀကီး
မင္းႀကီးထဲမွာပင္ လက္ႏွိပ္ဓာတ္မီး
ကိုယ္စီႏွင့္ အေမွာင္ေတာထဲတိုးဝင္ၾက
ရန္သာရွိေတာ့သည္မဟုတ္ပါလား။

ညဥ့္နက္သန္းေခါင္ယံပင္ နီးေလ
ၿပီ။ သစ္ရိပ္ဝါးရိပ္ ထူေျပာျခင္းေၾကာင့္
အေမွာင္ထုကလည္း မဟူရာကမၸလာ
ၿခဳံလႊမ္းထားသကဲ့သို႔ ေနရာတိုင္း ပိန္း
ပိတ္ေအာင္ ေမွာင္မည္းလ်က္။ ေရွ႕
ေနာက္တစ္ေယာက္ခ်င္းသြားရန္ပင္
မလြယ္ကူလွေသာ ႀကိမ္ေတာႏွင့္ ခ်ဳံ
ႏြယ္ပိတ္ေပါင္းတို႔ကို အထမ္းသမားႏွစ္
ေယာက္ကေရွ႕မွေန၍ဓားျဖင့္ ခုတ္ထြင္
ရွင္းလင္းေပးေနရေသးရာ ခရီးက ထင္
သလိုမတြင္လွေပ။ သည္ၾကားထဲက်ား
ဟိန္းသံကပါ မၾကာမၾကာ ၾကားရသည္
မွာ အနီးကေလး။ ကြၽန္ေတာ့္ လက္ထဲမွ
တူမီးေသနတ္ကို သာ အားကိုးလ်က္
တစ္လွမ္းခ်င္း ေရွ႕တိုးေနရသည္ကိုပင္
စိတ္မရွည္ခ်င္သလို ျဖစ္ေနရပါသည္။
“ေက်ာက္ – ေက်ာက္နံရံႀကီးဗ်။
ေရွ႕မွာ ကာထားသလို တန္းေနေရာပဲ
ဦးေလးတို႔ရ”
ေရွ႕ဆုံးမွ အထမ္းသမား၏ ေအာ္ ေျပာသံ။သူမီးထိုးျပထားေသာေနရာကို အနီးကပ္ၾကည့္လိုက္မွ လက္ခုပ္တစ္ ေဖာင္ခန႔္ ျမင့္သည့္ ေက်ာက္နံရံႀကီး အား ကန႔္လန႔္ျဖတ္ တားဆီးထားသကဲ့

သို႔ ျမင္ လိုက္ၾကရသည္။ ေတာ္႐ုံၾကည့္
ပါကသစ္ပင္အျမစ္ႀကီးမ်ားငုံထားသည့္
အျပင္ေတာခ်ဳံႏြယ္ပင္တို႔ပါဖုံးထားသလို
ျဖစ္ေနေသာ ဤေနရာကို ေက်ာက္နံရံ
ျဖစ္ေၾကာင္း မည္သူမွ် ထင္လိမ့္မည္
မဟုတ္ေပ။ အဂၤေတမ်ား ေဆြးျမည့္စြာ
ကြာေနေသာ ေနရာမ်ားေလာက္သာ
လိပ္သည္းေက်ာက္သား အျပားလိုက္
ခုတ္၍စီထားေသာနံရံျဖစ္သည္ကိုသိရ
ျခင္းပင္။
“ဟုတ္ၿပီ-ေျမပုံေပၚမွာသည္ေနရာ ပါတယ္ဗ်ာ။ ဒါဟာ အဂၤလိပ္ေခတ္ သံ
သတၱဳမိုင္းလုပ္တုန္းက တ႐ုတ္သူေဌး
ႀကီး မစၥတာခ်င္းေခ်ာင္းေနထိုင္ဖို႔
ေဆာက္ထားတဲ့ ရဲတိုက္အပ်က္ဆိုတာ
ေသခ်ာေနၿပီပဲကိုး။ သည္ေနရာကေန
အေနာက္ေတာင္ဘက္သိပ္မေဝးတဲ့ေန
ရာမွာ ဂ်ပန္ဗိုလ္မႉးႀကီး သခ်ႋဳင္းရွိလိမ့္
မယ္ဗ်ာ”
မွန္ပါသည္။ ဦးဘသိုင္းေက်ာ္၏
ေျမပုံခ်ပ္ေပၚမီးေရာင္ျဖင့္ၾကည့္လိုက္ရာ
အခြၽန္အတက္ႏွင့္ ေလးေထာင့္ကြက္ သဏၭာန္ ရဲတိုက္ပုံက ထင္းခနဲ။ ၎ ရဲတိုက္ေနရာမွ အေနာက္ေတာင္ဘက္

သို႔ၫႊန္းထားေသာျမားတစ္ေခ်ာင္းပုံပါ
ဆြဲထားသည္ကို ရွင္းလင္းစြာ ေတြ႕ျမင္
ေနရပါသည္။ ထိုအခ်ိန္တြင္ လမ္း
ေၾကာင္းရွာမည္ဆိုကာ အထမ္းသမား
ႏွစ္ေယာက္ကေရွ႕တိုးသြားေနစဥ္မွာပင္
ဦးဘသိုင္းေက်ာ္သည္ ေျမပုံခ်ပ္ေပၚစူး
စိုက္ၾကည့္လ်က္မွ ေက်နပ္ဝမ္းေျမာက္
ဟန္ ႀကိတ္၍ ရယ္သံကိုပါ ၾကားမိလိုက္
ပါေသးသည္။
“ေဝါ-ေဝါ-ဖလပ္-ဖလပ္-ေဝါ-
ေဝါ
“ေအာင္မယ္ေလးဗ် – သ – သရဲ
ေတြ – သ – သရဲေတြ အမ်ားႀကီး လိုက္
လာၿပီဗ် -ဟီး-ဟီး”
ငယ္သံပါသည္အထိ ေအာ္ဟစ္ လိုက္ေသာအထမ္းသမားႏွစ္ေယာက္၏
အသံမဆုံးမီမွာပင္ ေက်ာက္နံရံတစ္ ဖက္ဆီမွ ဝုန္းခနဲ ေဝါခနဲ အသံမ်ားက ကြၽန္ေတာ္တို႔ရွိရာဘက္သို႔ ၿပိဳလဲလာ
သလို ဆူညံလ်က္ရွိသည္ကို ၾကားရ သည္။ ဘာသံေတြပါလိမ့္။ ေတာေတာင္ သဘာဝႏွင့္ ပတ္သက္၍ ထူးျခားမႈ မွန္ သမွ်ကို စူးစမ္းေလ့ရွိတတ္ေသာ ကြၽန္ ေတာ့္ဉာဥ္အတိုင္းေက်ာက္နံရံကိုငုံထား

ေသာ သစ္ပင္ျမစ္တြယ္ၿပီး နံရံတစ္ဖက္ သို႔ ၾကည့္လိုက္ရာ ေမွာင္မည္းေနေသာ
သစ္ရိပ္၊ ဝါးရိပ္မ်ားၾကား ေတြ႕ရသည္မွာ
မီးက်ီးခဲေရာင္ ဝင္းလက္လက္ မ်က္လုံး
ေပါင္း ရာေထာင္မက၊ အစုအေဝး
အလိုက္ေတာင္ပံခတ္သံတေဝါေဝါႏွင့္
ကြၽန္ေတာ့္ထံ ဦးတည္၍ ၿပိဳဆင္းလာ
သည္ဆိုလွ်င္ပင္ ေၾကာက္လန႔္တၾကား
ခုန္ဆင္းလိုက္ရာ ကြၽန္ေတာ္ ေျမေပၚသို႔
ေရာက္သည္ ႏွင့္ တစ္ၿပိဳင္တည္းမွာပင္
ေက်ာက္နံရံထိပ္ လြတ္႐ုံအျမင့္မွ ေလ
ဟုန္ျဖင့္ျဖတ္သန္းသြားေသာမည္းမည္း
သဏၭာန္မ်ား၏အသံသည္မိုးၿပိဳသလား
ေအာက္ေမ့ရသည္။ ေဝါခနဲ-ေဝါခနဲ။
“ဟိုအထမ္းသမားႏွစ္ေယာက္ကို
ေတြ႕လို႔ လင္းဆြဲေတြ လန႔္ပ်ံၾကတာ ျဖစ္
မယ္ဗ်”ဟုဆိုကာဦးဘသိုင္းေက်ာ္ထံမွ
မွတ္ခ်က္ခ်သံၾကားရေသာ္လည္းအမွန္
တကယ္ျဖစ္ရပ္ႏွင့္တျခားစီပင္။ အူယား
ဖားယားႏွင့္ ေသြး႐ူးေသြးတန္းေျပးလာ
ၾကေသာ အထမ္းသမားတစ္ဦးက ေျပာ
ျပသည္မွာ…။
“နံရံေဘးကေန လမ္းရွာဖို႔ ကပ္
သြားရင္းက ေရွ႕နားေရာက္ေတာ့ နံရံမွာ

ေက်ာက္တုံး ၿပိဳက်ေနတဲ့ အေပါက္တစ္
ေပါက္ ေတြ႕ပါတယ္။ ဒါနဲ႔ ကြၽန္ေတာ္တို႔
ႏွစ္ေယာက္အေပါက္ေနရာကေတာဆီး
ခ်ဳံကိုခုတ္ထြင္ရွင္းၿပီးအထဲတိုးဝင္လိုက္
ၾကတာ။ ဟာ- လူႀကီးအရပ္အေမာင္း
ႏွစ္ျပန္ေလာက္ရွိမယ့္ မည္းမည္း
သဏၭာန္အရိပ္ႀကီး ခုနစ္ခုနဲ႔ တည့္
တည့္ႀကီး တိုးမိေတာ့တာပါပဲ။ ဟာ-
မ်က္လုံးႏွစ္လုံးစီကလည္း ေရွာက္သီး
လုံးေလာက္ရွိၿပီး မီးေတာက္ေနသလို
နီရဲေနေရာဗ်။ အဲဒီမွာမွ ကြၽန္ေတာ္တို႔
ေအာ္ၿပီးျပန္လွည့္ေျပးဖို႔ျပင္လိုက္တာနဲ႔
အ႐ိုးစုလိုလက္တံအရွည္ႀကီးေတြထြက္
လာၿပီး ဘာအရည္ေတြနဲ႔ လွမ္းေပါက္
ၾကသလဲ မသိေတာ့ပါဘူး။ ပုပ္ေဟာင္နံ
ေစာ္လိုက္တာမွ ကြၽန္ေတာ္တို႔ကိုယ္
ေပၚသာ ၾကည့္ၾကပါေတာ့ ဦးေလးတို႔
ေရ”
သူတို႔ေျပာစကားအေပၚကြၽန္ေတာ္
လုံးဝသံသယ မျဖစ္မိေပ။ သူတို႔ ကိုယ္ ေပၚေပေရလ်က္ ရွိေနေသးေသာ ေသြး ကဲ့သို႔ အရိအ႐ြဲ ခြၽဲပ်စ္ပ်စ္တို႔ကိုပင္ ေတြ႕ ေနရသည္မွာ မ်က္ျမင္ဒိ႒၊ ပုပ္ေစာ္နံ လိုက္သည္မွာလည္း ေျပာစရာမရွိ။

သူတို႔ႏွစ္ေယာက္သည္ အနား၌ရွိေသာ
စမ္းေခ်ာင္းကေလးထဲ တစ္ကိုယ္လုံး
ေဆးေၾကာသန႔္စင္ၿပီးသည္ တိုင္
ေၾကာက္စိတ္ေျပေသးပုံမရပဲ တုန္တုန္
ယင္ယင္ျဖင့္ ေတာင္းဆိုလာသည္မွာ
ဤေနရာကပင္ လွည့္ျပန္ေတာ့မည္ ဆို
ျခင္းပင္။ မည္သို႔ပင္ဆိုေစ-အေဖာ္မ်ား
ရွိေနျခင္းေၾကာင့္သာ ကြၽန္ေတာ္ကိုယ္
တိုင္ သတၱိရွိေယာင္ေဆာင္ထားေသာ္ လည္း ယေန႔ညျဖစ္ရပ္မ်ားက ကြၽန္ ေတာ့္စိတ္အားေနာက္ေၾကာင္းျပန္လွည့္
ရန္ တိုက္တြန္းေနသကဲ့သို႔ ရွိပါသည္။ သို႔ေသာ္- အခြင့္အေရးအေကာင္း ဆုံးဟု ဆိုရမည့္ အခေၾကးေငြကလည္း
မက္ေမာစရာ။ ရည္မွန္းခ်က္ေရာက္ရန္
ကလည္းအနီးကေလးသာရွိေတာ့သည္
မဟုတ္ပါလား။ ဦးဘသိုင္းေက်ာ္ကို
ၾကည့္ျပန္ေတာ့ မည္သည့္စိတ္လႈပ္ရွား
မႈအရိပ္အေရာင္မွ်မေတြ႕ရပဲဣေျႏၵရစြာ
ေက်ာက္တုံးတစ္တုံးေပၚေအးေအး
ေဆးေဆးထိုင္ေနဆဲ။ျပန္ေတာ့မည္ဆို
ေသာအထမ္းသမားႏွစ္ေယာက္ေျပာဆို
သံၾကားရမွ သူ လြယ္ထားေသာ စစ္သုံး
ေဘးလြယ္အိတ္ထဲမွ အရာဝတၳဳတစ္ခု

အား ဆြဲထုတ္လိုက္သည္ကို ေတြ႕ရပါ
ေတာ့သည္။
“က်ဳပ္တို႔အားလုံးဟာ ဗုဒၶဘာသာ
ဝင္ေတြပဲမဟုတ္လားဗ်ာ။ရတနာသုံးပါး
ဂုဏ္ကို အမွတ္ရေနသေ႐ြ႕ ဘယ္လို
မေကာင္းဆိုးဝါးမွ အႏၲရာယ္ မေပး
ႏိုင္တာ ယုံၾကပါ။ ၿပီးေတာ့ – မေကာင္း
ဆိုးဝါး နာနာဘာဝေတြဆိုတာ နာမ္သာ
ရွိၿပီး ႐ုပ္မရွိတဲ့ဟာေတြေလ။ ေျခာက္
လွန႔္႐ုံ ေျခာက္လွန႔္တတ္ၿပီး ကိုယ္ထိ
လက္ေရာက္လူေတြအေပၚဒုကၡေပးႏိုင္
တာမွ မဟုတ္ဘဲ။ ရည္မွန္းခ်က္ေနရာ
ကိုလည္း မၾကာခင္ ေရာက္ေတာ့မွာပဲ
ဟာ။ေၾကာက္စရာမလိုပါဘူးဗ်ာ။ေရာ့-
ေရာ့ – ေဟာဒါေတြက သိမ္ဝင္ပုတီးကုံး
ေတြေလဗ်ာ၊ တစ္ေယာက္တစ္ကုံးစီ
လက္ေကာက္ဝတ္မွာ စြပ္ထားၾက –
ၾကားလား။ စိတ္ခ်ၾကပါဗ်ာ – ဘယ္လို
အႏၲရာယ္မ်ိဳးနဲ႔တိုးရပါေစက်ပ္အားလုံး
တာဝန္ယူပါ့မယ္ဗ်ာ”
ကြၽန္ေတာ္တို႔ ဘာတတ္ႏိုင္ၾကဦး မည္နည္း။ လွည့္ျပန္ရန္ စိတ္ကူးသည္ ဆိုလွ်င္ လူစုခြဲၿပီး တစ္ကြဲတစ္ျပားစီႏွင့္ မည္သူမွ် ျပန္ဝံ့မည္မဟုတ္ေပ။ ႏွစ္ရက္

ႏွင့္ ႏွစ္ညတိုင္တိုင္ သက္စြန႔္ဆံဖ်ား ပင္ပန္းႀကီးစြာ သြားလာထားရေသာ
မက္ေမာဖြယ္ရာ လုပ္ခေငြေၾကး
ကလည္း မ်ားျပားလွေပရာ စားရမွာ
လည္းသဲတရွပ္ရွပ္၊ ပစ္ရမွာလည္းအဆီ
တဝင္းဝင္းဆိုေသာ ဒြိဟစိတ္ကို သာ
ဆင္ျခင္လ်က္ မီးစင္ၾကည့္၍ ကၾကရန္
သာရွိပါေတာ့သည္။
“ခရီးစဥ္ ဒီေလာက္ေပါက္ေနမွ ေတာ့ က်ဳပ္ရဲ႕ ရည္႐ြယ္ခ်က္အမွန္ကို ခင္ဗ်ားတို႔ သိရေလေအာင္ ပြင့္ပြင့္လင္း
လင္း ေျပာျပဖို႔ အခ်ိန္တန္ၿပီလို႔ ထင္
တာပဲဗ်ာ။ တကယ္ေတာ့ ဂ်ပန္ဗိုလ္မႉး
ႀကီးရဲ႕သခ်ႋဳင္းေနရာရွာေဖြမယ္ ဆိုတာ
ရွင္းရွင္းေျပာရရင္ ခင္ဗ်ားတို႔ကို က်ဳပ္
တမင္တကာ လိမ္ညာခဲ့ တာပါ။ ဒီ
အတြက္လည္း ေတာင္းပန္ပါတယ္ဗ်ာ။
အမွန္မွာက်ဳပ္ရဲ႕အႏၲိမရည္႐ြယ္ခ်က္က
ေျမပုံခ်ပ္ေပၚအမွတ္အသားလုပ္ထားတဲ့
ပထန္ေတာင္ဆိုတာကိုရွာဖို႔ပါပဲ။ ပထန္ ေတာင္လို႔ ေျပာတဲ့ေနရာဟာ ဒုတိယ

ကမာၻစစ္ႀကီးတုန္းကေတာ့အလြန္က်ယ္
ဝန္းတဲ့ သဘာဝဂူႀကီးတစ္လုံးအဆင့္ပဲ
ရွိေသးတာတဲ့။ ဒီကတိုက္ခြင္ဆိုတာ
အဂၤလိပ္ ကိုလိုနီတစ္ေခတ္လုံးမွာ
တ႐ုတ္သူေဌး ႀကီး မစၥတာ ခ်င္းေခ်ာင္း
သံသတၱဳတူးေဖာ္ထုတ္လုပ္ခဲ့တာ
တကယ့္ နာမည္ ႀကီးေပါ့ဗ်ာ။ ဒီသံ
သတၱဳမိုင္းနဲ႔ပဲ ႀကီးပြားလာၿပီး ရန္ကုန္
ၿမိဳ႕မွာေတာင္ ၾကားဖူး ၾကမွာပါ။ က်ဳပ္ရဲ႕
အဖိုး ဦးရဲေမာင္ဆိုရင္ အဲဒီမိုင္းမွာ
ယမ္းကိုင္ ဒိုင္းနမိုက္ ခြဲလုပ္ေနတာ ၾကာ
ၿပီဆိုပါေတာ့။ အဲ-တစ္ေန႔မွာေတာ့ ေငြ
ဒဂၤါးအတုေတြလုပ္တယ္ဆိုၿပီး အဂၤလိပ္
အစိုးရကမစၥတာခ်င္းေခ်ာင္ကိုေခၚသြား
တဲ့အခ်ိန္မွာ သူ႔မန္ေနဂ်ာျဖစ္တဲ့ ဘ႐ိုက္
တီးဆိုတဲ့ဘိုကျပားကမိုင္းကိုဆက္အုပ္
ခ်ဳပ္လုပ္ကိုင္တာေပါ့ေလ၊ ဘ႐ိုက္တီး
ဟာ ဘိုကျပားပီပီဉာဏ္နီဉာဏ္နက္က
မ်ားတဲ့အျပင္ လုပ္သားေတြကို ေခါင္းပုံ ျဖတ္၊ သံက်င္တဲ့ အလုပ္သမတခ်ိဳ႕ကို
ဗလကၠာယလုပ္အႏိုင္က်င့္နဲ႔၊ ဒါေတြကို
က်ဳပ္အဘိုးက သိလို႔ ခံျပင္းေပမယ့္ မိုင္း
လုံၿခဳံေရးအတြက္ငွားရမ္းထားတဲ့လက္ နက္ကိုင္ ပထန္ပုလိပ္ေျခာက္ေယာက္

က ဘ႐ိုက္တီးဩဇာခံ ျဖစ္ေနတာဆို
ေတာ့ ဘယ္ေျပာရဲပါ့မလဲ။ ေတာထဲ
ေတာင္ထဲအခ်ိန္မေ႐ြးလက္စေဖ်ာက္ခံ
ရမယ္ေလဗ်ာ။ မၾကာပါဘူး၊ ဒုတိယ
ကမာၻစစ္မီးႀကီး ဟုန္းဟုန္းေတာက္
ေလာင္ေနတဲ့အခ်ိန္။ ဗမာ့လြတ္လပ္
ေရးတပ္မေတာ္ ဘီအိုင္ေအနဲ႔ ဂ်ပန္
တပ္မေတြ ကလည္း စစ္ေၾကာင္းခြဲၿပီး
ယိုးဒယားကေန ဝင္လာၾကခ်ိန္မွာ
၁၉၄၂ – ခု၊ ဇန္နဝါရီ (၃၁) ရက္မွာပဲ
ေမာ္လၿမိဳင္ၿမိဳ႕သို႔ သိမ္းပိုက္လိုက္
ၿပီဆိုတဲ့သတင္းဟာ ကတိုက္ခြင္ သံ
သတၱဳမိုင္းထဲ ေရာက္လာေတာ့တာပါပဲ
ဗ်ာ။
ခ်င္းေခ်ာင္းရဲတိုက္ဆိုတာေျမပုံေပၚ အမွတ္အသားျပဳထားေသာေက်ာက္နံရံ
ပ်က္ႀကီးေဘး၌ပင္။ ဤပုံျပင္မဟုတ္ ေသာ ျဖစ္ရပ္အား ဦးဘသိုင္းေက်ာ္မွ ကြၽန္ေတာ္တို႔ကို ေျပာျပေနျခင္း ျဖစ္ပါ သည္။ သူတစ္ဆက္တည္းေျပာျပသည့္ အထဲတြင္ စစ္မီးႀကီးသည္ ေမာ္လၿမိဳင္ ၿမိဳ႕မွတစ္ဆင့္ ကတိုက္ခြင္ရွိရာ ေဒသ
ကိုပါကူးစက္လာၿပီးဆိုသည္ကိုသိသည္
ႏွင့္ ဘ႐ိုက္တီးသည္ မိုင္းပိတ္သိမ္းလိုက္

ၿပီးျဖစ္ေၾကာင္း ေၾကညာကာ မိုင္းလုပ္
သားတစ္ေထာင္ေက်ာ္ေလာက္ကိုလမ္း
စရိတ္ပင္မေပးဘဲ ပထန္ပုလိပ္တို႔ ျဖင့္
ၿခိမ္းေျခာက္၍ ျပန္လႊတ္လိုက္သည္ဟု
ဆိုပါသည္။သို႔ေသာ္-အႀကံအစည္တစ္
ခုရွိဟန္တူေသာဘ႐ိုက္တီးသည္ယမ္း
ကိုင္ဒိုင္းနမိုက္ခြဲတာဝန္ခံ ဦးဘသိုင္း
ေက်ာ္၏ အဘိုးျဖစ္သူ ဦးရဲေမာင္ႏွင့္
ပထန္ပုလိပ္တို႔ကို ျပန္မလႊတ္ေသးဘဲ
သူ႔အနား၌ပင္ ေခၚထားသည္ဟု သိရ
သည္။ သူ၏ အေၾကာင္းျပခ်က္မွာ
ဒုတိယကမာၻစစ္အတြင္းထုတ္လုပ္ထား
ေသာသံသတၱဳ႐ိုင္းအိတ္မ်ားတန္ေပါင္း
ေျမာက္ ျမားစြာတို႔သည္ လမ္းေၾကာင္း
မ်ားပိတ္ကုန္၍မသယ္ထုတ္ႏိုင္ေတာ့ပဲ
ရွိရာ ေလာေလာဆယ္ သဘာဝဂူႀကီး
ထဲ၌ထည့္ထားရေၾကာင္း၊ ၎ဂူအဝကို
ဒိုင္းနမိုက္ခြဲ၍ ပိတ္ပစ္ခဲ့ၿပီး တိုင္းျပည္
ေအးခ်မ္းသြားခ်ိန္ေရာက္လွ်င္ ျပန္လာ
ေဖာ္ယူပါက ခ်က္ခ်င္း သူေဌးျဖစ္ႏိုင္
ေၾကာင္းစသည္တို႔ျဖစ္သည္။ သူ႔စကား
ကိုပထန္ပုလိပ္ေျခာက္ေယာက္ကမည္
သို႔ပင္ယုံၾကည္သည္ဆိုပါေစဦးရဲေမာင္
ကမူ လုံးဝပင္ မယုံၾကည္ေပ။ သို႔ေသာ္

ဘ႐ိုက္တီးက ပစၥတိုလ္ တျပျပႏွင့္ ၿခိမ္း
ေျခာက္ထား႐ုံမက ပထန္ပုလိပ္ေျခာက္
ေယာက္တို႔၏ေသနတ္ကိုပါေၾကာက္ရ
ေသးျခင္းျဖစ္ရာလြတ္ေျမာက္မည့္လမ္း
ေၾကာင္း ႀကံစည္ရင္း ေနခဲ့ျခင္းလည္း
ျဖစ္သည္ဟု ဦးဘသိုင္းေက်ာ္ ေျပာျပခဲ့
ပါေသးသည္။
“ဒီေလာက္ ဉာဏ္နီဉာဏ္နက္
မ်ားတဲ့ ဘ႐ိုက္တီးရဲ႕ပက္စက္တဲ့ အႀကံ
အစည္ကို က်ဳပ္အဘိုးကလည္း ရိပ္မိ
တာေပါ့ဗ်ာ။ သံသတၱဳ႐ိုင္းထည့္ထားတဲ့
ဂူထဲကို အေၾကာင္းတစ္မ်ိဳးမ်ိဳးျပၿပီး
ပထန္ပုလိပ္ေတြကို ဝင္ခိုင္းထားမယ္။
ႀကိဳတင္ၿပီး ဂူအဝထိပ္က ေက်ာက္တုံး
ႀကီးငယ္ေတြမွာ ယမ္းေပ်ာ့ေတြ ကပ္
ထားတာကို ဝါယာႀကိဳးနဲ႔ ဆက္သြယ္ၿပီး
ခပ္ေဝးေဝးမွာရွိတဲ့ သစ္ပင္ႀကီးေတြရဲ႕
ေနာက္မွာ ဘက္ထရီအိုးနဲ႔ ဆက္သြယ္
ထားဖို႔က်ဳပ္အဘိုးကို ခိုင္းမယ္ဗ်ာ။ အဲ-
ပထန္ပုလိပ္အားလုံး ဂူထဲေရာက္ေန
ခ်ိန္မွာ အဘိုးက သစ္ပင္ႀကီးေနာက္
ကေန ခလုတ္ဖိခ် ေဖာက္ခြဲလိုက္႐ုံပဲ ဆို ပါေတာ့။ ဂူအဝပိတ္သြားၿပီဆိုတာနဲ႔ ဘယ္ေနမွာလဲဘ႐ိုက္တီးဟာ သူ႔လက္

ထဲက ပစၥတိုလ္နဲ႔ အဘိုးကို ပစ္သတ္ လိုက္မွာ အေသအခ်ာပဲေလ။ ဒါမွ တစ္
ေန႔တစ္ခ်ိန္မွာ တိုင္းျပည္ေအးခ်မ္းသြား
တဲ့အခါ သူ႔တစ္ေယာက္တည္း သံသတၱဳ
႐ိုင္းေတြ ေဖာ္ၿပီး ေရာင္းစားမယ္ဆိုတဲ့
အႀကံ႐ိုင္း၊ ကိုင္း- ဘယ္ေလာက္
ေၾကာက္ဖို႔ေကာင္းသလဲဟုတ္လား”
မည္သို႔ပင္ ဘ႐ိုက္တီး၏ အႀကံ
အစည္သည္ ေရပက္မဝင္ေအာင္ အကြက္ေစ့လွသည္ဆိုေသာ္လည္း
သူ႔အႀကံအစည္ကို ႀကိဳတင္ရိပ္မိထား
ေသာ ဦးရဲေမာင္၏ တန္ျပန္လုပ္ရပ္က
ပီျပင္လွသည္ဟုပင္ဆိုရမည္လားမသိ။
ဦးရဲေမာင္၏လုပ္ရပ္က ဘ႐ိုက္တီး၏
ဗ်ဴဟာကိုသာအသုံးခ်လ်က္ေမွ်ာလိုက္
သြားရင္းမွ ေနာက္ဆုံးတြင္ လွည့္ကြက္
တစ္ခ်က္ျဖင့္ ပြဲသိမ္းသြား ပုံမွာ လွမွလွ။
မွန္ပါသည္။ ဦးရဲေမာင္သည္ ဘ႐ိုက္တီး
ခိုင္းသည့္အတိုင္း တစ္ရက္ႀကိဳတင္၍
ဂူအဝထိပ္ႏွင့္ ေဘးႏွစ္ဖက္တို႔မွ
ေက်ာက္တုံးႀကီးငယ္ႏွင့္ သစ္ပင္ႀကီး
မ်ား၌ ယမ္းေပ်ာ့မ်ားကပ္၍ ဝါယာႀကိဳး
ႏွင့္သြယ္တန္းကာခပ္လွမ္းလွမ္းသစ္ပင္ ႀကီးေနာက္တြင္ ရွိေသာ ဘက္ထရီအိုး

ႏွင့္ ဆက္သြယ္ထားသည္မွာ ေသသပ္ လွပါသည္။ ေနာက္တစ္ေန႔ ညေနခင္း
တြင္ ဦးရဲေမာင္သည္ ဘ႐ိုက္တီးႏွင့္
ဇာတ္တိုက္ထားသည့္အတိုင္း သစ္ပင္ ႀကီးေနာက္ေနရာယူထားစဥ္ဘ႐ိုက္တီး
ကလည္း စာရင္းစာအုပ္တစ္အုပ္ကို
ပထန္ပုလိပ္မ်ားကို ေပးၿပီး ဂူထဲမွ သံ
သတၱဳ႐ိုင္းအိတ္အေရအတြက္ကိုစာရင္း
လုပ္ခိုင္းသည့္အေနျဖင့္ ဂူအတြင္းပိုင္း
က်က်ေနရာသို႔ တြန္းပို႔လ်က္ရွိရာ
အမွန္တြင္ ဘ႐ိုက္တီးဂူအဝေနရာမွ
သူ႔ဆီျပန္ေရာက္ခ်ိန္တြင္ဒိုင္းနမိုက္အား
ေဖာက္ခြဲရန္ အစီအစဥ္အရ ျဖစ္ေသာ္
လည္းဂူအဝထဲသို႔ ေျခတစ္လွမ္းကြၽံေန
ေသာ ဘ႐ိုက္တီး ျပန္လွည့္ရန္ လႈပ္ရွား
စဥ္မွာပင္ဦးရဲေမာင္သည္ဘက္ထရီအိုး ေဘးမွ မိုင္းခြဲ ခလုတ္ေမာင္းတံ ကို အားရွိပါးရွိ ဖိခ်လိုက္ရာ မိုးႀကိဳး မုန္တိုင္းက်သည့္အလား ေပါက္ကြဲသံ ႀကီးမ်ား ဆက္တိုက္ျမည္ဟိန္းလာျခင္း ႏွင့္အတူ ေက်ာက္တုံးႀကီးငယ္မ်ား၊ ေျမႀကီးအစိုင္အခဲထုကလည္း ေရ တံခြန္ အလား ေဝါခနဲ ဝုန္းခနဲ ၿပိဳဆင္း လာကာ ဂူအဝ ပိတ္သြား႐ုံမကဘဲ

ေတာင္ငယ္တစ္လုံးကဲ့သို႔ မို႔ေမာက္ဖုံး လႊမ္းသြားသည္မွာ စကၠန႔္ပိုင္းအတြင္း
မွာပင္ ျဖစ္ေၾကာင္း ဦးဘသိုင္းေက်ာ္
ေျပာျပခ်က္အရဆိုလွ်င္ ဘ႐ိုက္တီးပါ
ပထန္ ပုလိပ္တို႔ႏွင့္အတူ အရွင္လတ္

လတ္ ဂူပိတ္ခံခဲ့ရသည္မွာ ေသခ်ာေန
ေပၿပီ။
“အျဖစ္မွန္ကေတာ့ ဒါပါပဲဗ်ာ။
အဲဒီညမွာပဲ က်ဳပ္အဘိုးလည္း ဘ႐ိုက္
တီးဂ်စ္ကားနဲ႔ ေမာင္းေျပးလာတာ

ဇီးကုန္းၿမိဳ႕ေရာက္တဲ့ထိေပါ့။ အိမ္ျပန္
ေရာက္ မွ သူ႔မွတ္ဉာဏ္ထဲ စြဲေနတဲ့
ပထန္ဂူေနရာကို ႏြားသားေရေပၚမွာ
ေဆးမင္ေၾကာင္ထိုးၿပီး ပုံဆြဲမွတ္တမ္း
တင္ခဲ့တာဒီေျမပုံခ်ပ္ပဲဆိုပါေတာ့။ေျမပုံ
ဆြဲထားတာကလည္း တစ္ခ်ိန္မွာ သံ
သတၱဳ႐ိုင္းေတြျပန္တူးေဖာ္ဖို႔မဟုတ္ဘူး
တဲ့။ ဒိုင္းနမိုက္ ခြဲလိုက္လို႔ ဂူပုံသဏၭာန္
ေပ်ာက္သြားတဲ့ပထန္ေတာင္ကိုျပန္ရွာ
ႏိုင္ဖို႔လို႔ ေျပာပါတယ္။ သူ႔အသက္ေဘး ကို ကာကြယ္တဲ့အေနနဲ႔ အျပစ္မဲ့တဲ့
ပထန္ပုလိပ္ေျခာက္ေယာက္နဲ႔ ဘ႐ိုက္ တီးတို႔ကို ဂူပိတ္သတ္ပစ္ခဲ့တဲ့လုပ္ရပ္
ဟာ သူ႔အတြက္ အတိတ္တေစၦေျခာက္
လွန႔္ခံေနရသလိုတစ္ေန႔မွေမ့မရေအာင္
ဥပါဒါန္စြဲေနတာေၾကာင့္ ေခတ္ကာလ
ေကာင္းတဲ့အခါပထန္ေတာင္ျပန္ရွာၿပီး
ေသဆုံးခဲ့သူေတြအတြက္ အလႉဒါနျပဳ
အမွ်အတန္းေဝခ်င္တယ္ဆိုတာကိုးဗ်။
ဒါေပမဲ့ – အဘိုး သက္ရွိထင္ရွားရွိေနတဲ့
တစ္ေလွ်ာက္လုံးမွာကတိုက္ခြင္ကလည္း
တိုက္ပြဲသံေတြ တၿခိမ္းၿခိမ္းဆိုေတာ့
ဘယ္အေကာင္အထည္ေဖာ္ျပစ္မွာလဲ
မဟုတ္ဘူးလား။ဒါေၾကာင့္အဘိုးမကြယ္

လြန္ခင္ကမွာခဲ့တဲ့သူ႔ဆႏၵကိုျဖည့္ဆည္း ေပးဖို႔က်ဳပ္လာခဲ့တာပါ”
“ေအးဗ်ာ – ခုလို အျဖစ္မွန္ေတြ သိ ရေတာ့ ခင္ဗ်ားအဘိုးရဲ႕ေမတၱာတရား ထားရွိပုံေတြကို ကြၽန္ေတာ္ တအား ေလးစားသြားၿပီ ဦးဘသိုင္းေက်ာ္ရာ။
သာဓုဗ်ာ – သာဓု”
“ဟုတ္တယ္ – အဓိကေျပာရရင္
ပထန္ပုလိပ္ေတြကိုပိုၿပီးက႐ုဏာျဖစ္ပုံ
ရတယ္ ထင္ပါတယ္ဗ်ာ။ ဒီပထန္ပုလိပ္
ေျခာက္ေယာက္ဟာ ကတိုက္ခြင္ သံ
သတၱဳမိုင္း ေရာက္ေနတာ ၾကာၿပီတဲ့။
သဘာဝေတာေတာင္ထဲ ဝမ္းေရးအရ
တာဝန္ထမ္းေဆာင္ေနရတယ္ဆိုေပ
မယ့္ အိႏၵိယမွာရွိတဲ့ သူတို႔ရဲ႕ မိဘ၊
ဇနီးသားသမီးေတြလြမ္းတာျဖစ္မွာေပါ့။
ညေနေစာင္းလို႔ ေနဝင္ခါနီးအခ်ိန္
ေရာက္တိုင္းရဲတိုက္ေရွ႕က သစ္ပင္အုပ္
ႀကီးေအာက္မွာ ေဆးေျခာက္ မူးေအာင္ ရႉၿပီး ကုလားဗုံကို တုတ္နဲ႔ေခါက္၊ ျခဴသံ တခြၽင္ခြၽင္ပါ တြဲဖက္လို႔ သူတို႔ ဘာသာနဲ႔ သီခ်င္းဝိုင္းဆိုၾကတာ ဆြဲဆြဲငင္ငင္ျဖစ္ လို႔ တအားလြမ္းစရာ ေကာင္းတယ္ဆို တာကိုး။ အဘိုးက သူ႔ပေယာဂေၾကာင့္

အိမ္မျပန္ႏိုင္ေတာ့တဲ့ ပထန္ပုလိပ္ေတြ ကို သနားေနတာလည္း ျဖစ္မယ္ထင္
တယ္ေနာ္”
ဦးဘသိုင္းေက်ာ္၏ ရွင္းျပခ်က္
အေပၚ ကြၽန္ေတာ့္အေနႏွင့္ မည္သို႔မွ်
ေစာဒကတက္ခ်င္စိတ္ မရွိေတာ့ေပ။
ညဥ့္ဦးယံက ကြၽန္ေတာ္တို႔အားလုံး
ၾကားခဲ့ရၿပီးေသာ တူရိယာသံႏွင့္ လြမ္း
ေဆြးဖြယ္ရာေတးသံႏွင့္ပတ္ၿပီး၍လည္း
အေျဖတစ္မ်ိဳးမ်ိဳး သိထားရသလို ရွင္း
ေနၿပီးျဖစ္သျဖင့္ သူ႔ဆႏၵအားျဖည့္ဆည္း
ေပးရန္သာ ဆုံးျဖတ္လိုက္ရပါေတာ့
သည္။
အ႐ုဏ္တက္ခ်ိန္ နီးလာေပၿပီ။ အေမွာင္ထုႀကီးနက္ရႈိင္းလွသည့္အျပင္
ျမဴႏွင္းတို႔ပါေတာင္ပတ္လည္တို႔မွလိမ့္
ဆင္းလာၾကရာ ကတိုင္ခြင္တစ္ခုလုံး
အျဖဴ၊ အမည္းတို႔သာ ဖုံးထားေသာပန္း
ခ်ီကားတစ္ခ်ပ္ကဲ့သို႔ ျမင္ကြင္းမွန္သမွ်
မႈန္ဝါးဝါး။
ကြၽန္ေတာ္တို႔အဖြဲ႕သည္ဦးဘသိုင္း ေက်ာ္အဘိုး ဦးရဲေမာင္ဆိုသူ၏ တစ္

ဖက္သားအေပၚထားရွိေသာ ေမတၱာ
အဟုန္ ကူးစက္ခံထားရဟန္ တူပါ
သည္။ အေမွာင္ေတာထဲ ခရီးဆက္ေန
ၾကရသည့္တိုင္း၊ ငိုက္ျမည္းျခင္း၊ ပင္ပန္း
ျခင္း အလ်ဥ္းမျဖစ္ေတာ့ေပ။ ေအးစက္
လ်က္ရွိေသာ စမ္းေခ်ာင္းကေလး
ကူးၿပီးသည္ႏွင့္ သစ္ေတာထူထပ္လွ
ေသာေတာင္ကုန္းအေျခသို႔ေရာက္သြား
ၾကပါသည္။
“က်ဳပ္တို႔ရဲ႕တိုက္ပ်က္ကထြက္လာ
တဲ့အခ်ိန္ကစၿပီးနာရီဝက္ေလာက္ၾကာ ခဲ့တာဆိုေတာ့ ေျမပုံအရၾကည့္ရင္ ဒီ
ေတာင္ကုန္းဟာ ပထန္ေတာင္ ျဖစ္ေန
မလားမသိဘူးေနာ္”
ပထန္ေတာင္ဆို သည္ကို ဤ
ကတိုက္ခြင္ထဲ၌ ကြၽန္ေတာ္ စိုးစဥ္းမွ်
မၾကားခဲ့ဖူးေပ။ ပထန္ပုလိပ္တို႔ ဂူပိတ္၍
ေသဆုံးျခင္းကို အေၾကာင္းျပဳ၍ ဦးဘ
သိုင္းေက်ာ္၏အဘိုးကနာမည္ေပးခဲ့ျခင္း
လည္း ျဖစ္ႏိုင္ပါသည္။ ေတာင္ကုန္းေျခ
ေနရာအေရာက္တြင္ လက္ႏွိပ္ဓာတ္မီး
တစ္လက္ႏွင့္ဦးဘသိုင္းေက်ာ္ေယာက္
ယက္ခတ္လာပုံမွာ အံ့ဩစရာပင္။ ခ်ဳံ ႏြယ္ ပိတ္ေပါင္းေအာက္မွာ ေျမႀကီးကို

မီးထိုးကာ ငုံ႔ၾကည့္လိုက္၊ ေတာင္ေျခ တစ္ဝိုက္ရွိ သစ္ပင္မ်ားကိုလည္း အေပြး
အေခါက္ၾကည့္၍
သက္တမ္းခန႔္မွန္း
လိုက္ႏွင့္ အလုပ္ရႈပ္လ်က္ ရွိသည္ကို
ေတြ႕ေနရပါသည္။
ေဝါ”
“ေဝါ-ေဝါ-ဒုန္း-ေဝါ-ဒုန္း-
“ဟာ- ေရွာင္ၾကေဟ့၊ ေတာင္ ေစာင္းေပၚက ေက်ာက္တုံးေတြ ၿပိဳဆင္း
လာတယ္ဟ”
ကြၽန္ေတာ္၏ ေအာ္ဟစ္သတိေပး
သံက အခ်ိန္မီကေလးဟု ဆိုရေပမည္။
ငလ်င္လႈပ္ျခင္းမရွိဘဲအလိုအေလ်ာက္ ၿပိဳက်လာေသာ ေက်ာက္တုံးမ်ားကို
ေရွာင္လိုက္ႏိုင္ေသာ္လည္း ေျမမႈန႔္
မ်ားက လူတိုင္းအေပၚေပက်ံသြားပါ
ေသးသည္။ အံ့ဩဖြယ္ရာေကာင္းသည္
မွာ သစ္ပင္ႀကီးမ်ားကို တိုးတိုက္ကာ
ေက်ာက္တုံးမ်ား ၿပိဳဆင္းလာသည္ကို
ေတြ႕ရပါလ်က္ႏွင့္ မီးထိုးၾကည့္လိုက္
ခ်ိန္တြင္မည္သည့္သစ္ပင္တြင္မွထိခိုက္
ရာ မေတြ႕ရ။ က်ိဳးေၾကက်န္ရစ္ေသာ ခ်ဳံ
ႏြယ္ပိတ္ေပါင္းႏွင့္ ေတာင္ေစာင္းစြတ္
ေၾကာင္းတို႔ကိုပင္ တစ္စြန္းတစ္စမွ်

လာသည့္ၾကားတြင္ မည္းမည္းသဏၭာန္
မျမင္ရ။ ေျမမႈန႔္ႏွင့္ ျမဴတို႔ ေရာေထြးကုန္ ၿပီးျဖစ္၍အေမွာင္ထုကပိုၿပီးသိပ္သည္း
အရိပ္မ်ားသည္ဟိုေမ်ာလိုက္၊
သည္ေ႐ြ႕
လိုက္ႏွင့္ ဂနာမၿငိမ္ဟန္တို႔ကို ေတာင္
ကုန္းထိပ္သစ္ပင္မ်ားၾကား၌ ရိပ္ခနဲ
ရိပ္ခနဲ ေတြ႕လိုက္ရပါေတာသည္။
ဦးဘသိုင္းေက်ာ္ ေပးထားေသာ သိမ္
ဝင္ပုတီးတို႔သည္ပင္ တန္ခိုးမရွိေတာ့
သလို ခံစားလာရသည္။
ေက်ာ္”
“ဟို က္ – ဦး – ဦးဘ – ဘသိုင္း
ကြၽန္ေတာ္၏ အံ့အားသင့္ သြား
ေသာ အသံပင္မဆုံးေသး။ မ်က္လုံး
အေရာင္ဝင္းဝင္းေတာက္လ်က္ရွိေသာ
မည္းမည္းအရိပ္သဏၭာန္မ်ားဆီမွ
အ႐ိုးစုလက္တံရွည္မ်ား ဆန႔္ထုတ္လာ
ရမွ ဦးဘသိုင္းေက်ာ္အား ဆြဲယူသြား
သည္မွာ ၾကက္သားေပါက္ေလး စြန္
သုတ္သကဲ့သို႔လွစ္ခနဲျမန္လွသျဖင့္မႈန္ ဝါးဝါးသာ ေတြ႕လိုက္ရပါေတာ့သည္။ ဤမွ် ေသြးပ်က္လုမတတ္ ျမင္ကြင္းကို ကြၽန္ေတာ္တို႔ သုံးေယာက္လုံးတိက်စြာ ျမင္ၾကရေသာ္လည္းေၾကာက္စိတ္လုံးဝ

မေပၚဘဲ ေျမႀကီးေပၚၿပိဳင္တူထိုင္ခ်
လိုက္ၾကသည္မွာေရာ္ဘာ႐ုပ္ပမာေပ်ာ့
ေခြလ်က္တစ္ၿပိဳင္တည္းမွာပင္ ေလေျပ
ကေလးတစ္ခ်က္အသုတ္တြင္ စိမ္းေ႐ႊ
ေ႐ႊအနံ႔အသက္တစ္မ်ိဳးကိုပါကြၽန္ေတာ္
တို႔ရႉရႈိက္မိရင္းတျဖည္းျဖည္းငိုက္ျမည္း
လာရာမွအေပၚသို႔အလိုအေလ်ာက္လွဲ
အိပ္ခ်ၿပီးသားျဖစ္သြားၾကသည္။ေနာက္
ဆုံးၾကားလိုက္ရေသာအသံက…
“ဒိန္းတပ္တပ္- ခြၽင္၊ ဒိန္းတပ္တပ္-
ခြၽင္၊ ခြၽင္ – ခြၽင္”
ကြၽန္ေတာ္တို႔ သုံးေယာက္သား အခ်ိန္မည္မွ်ၾကာသည္အထိ ႏွစ္ၿခိဳက္ စြာအိပ္ေပ်ာ္သြားေၾကာင္းအတပ္မေျပာ
ႏိုင္ၾကေပ။ ၾကမ္းတမ္းစြာ လႈပ္ခါလာ
ေသာအထိအေတြ႕ႏွင့္အတူၾကားလိုက္
ရေသာ အသံသည္ ဦးဘသိုင္းေက်ာ္၏ အသံ အစစ္အမွန္ ျဖစ္ေနသည္မွာ ေသခ်ာလ်က္ရွိသည္။ “ေဟ့-လူေတြ၊ဟာ-စိတ္ခ်လက္ခ်
ကို အိပ္ေမာက်ေနၾကတာကိုး။ ထၾက ေလဗ်ာ – မိုးလင္းလို႔ ေနေတာင္ထြက္
ေနၿပီးဟာမ်က္စိဖြင့္ၾကည့္ၾကပါဦးဗ်ာ”

မွန္ပါသည္။ ဦးဘသိုင္းေက်ာ္မွ
ဦးဘသိုင္းေက်ာ္ အစစ္ပင္။ အိပ္မက္
ေနသည္လား ဆိုရေအာင္ကလည္း
အထမ္းသမားႏွစ္ေယာက္ကို ၾကည့္
လိုက္ျပန္ေတာ့တဝါးဝါးသမ္းေဝလ်က္မွ
ဖုတ္ဖက္ခါကာ ထထိုင္ေနၾကေပၿပီ။
၎ျပင္ ဇေဝဇဝါမ်က္လုံးမ်ားက ဟို
ၾကည့္ သည္ၾကည့္ႏွင့္ အံ့ဩေနၾကဟန္
ေတြ႕ေနရသည္။
“မ်က္ႏွာေလး သစ္လိုက္ၾကပါဦး။
ဒါမွ လန္းဆန္းသြားမွာေပါ့။ ရွိတာေလး
ခ်က္ျပဳတ္စားေသာက္ၿပီးတာနဲ႔ ဒီေနရာ
ကပဲ လွည့္ျပန္ၾကမယ္ဗ်ာ။ ဒီခရီးစဥ္မွာ
က်ဳပ္ ရည္႐ြယ္ခ်က္ ျပည့္စုံ သြားတဲ့
အတြက္ ခင္ဗ်ားတို႔ကို ေက်းဇူး တင္
တယ္ဗ်ာ။အဲ – တစ္ခုေတာ့ေမတၱာရပ္ခံ
ခ်င္တာ ရွိပါတယ္။ ဒီခရီးစဥ္ အစကေန
အဆုံးထိ ျမင္ေတြ႕ႀကဳံရခဲ့သမွ် အလုံးစုံ ကို ခင္ဗ်ားတို႔ ေခါင္းထဲက ထုတ္ပစ္ေပး ၾကပါ။ ဒီလိုမ်ိဳး မရွိခဲ့ဖူးလို႔သာ သေဘာ ထားေပးၾကပါေနာ္။ သုံးေယာက္လုံးကို ေက်းဇူးတင္တယ္ တကယ္ပါ”
ဘယ္လိုပုံစံေတြ ေျပာင္းသြားရ သည္နည္း။ ဦးဘသိုင္းေက်ာ္စကားက

ေရပိတ္စပါးကဲ့ သို႔ ကြၽန္ေတာ္တို႔ ေစာဒကတက္ခြင့္ပင္ မရွိေတာ့ပါလား။
ယေန႔ အ႐ုဏ္မတက္မီအခ်ိန္ကစ၍
ယခု မိုးလင္း၍ ေနေရာင္ေတြ႕ရသည့္
အခ်ိန္ထိ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ေတြ႕
ႀကဳံခံစားခဲ့ရေသာ ျဖစ္စဥ္အားလုံးတို႔
သည္ အိပ္မက္မဟုတ္သလို သည္း
ထိတ္ရင္ဖို ဝတၳဳတစ္ပုဒ္ ဖတ္ေနရျခင္း
လည္းမဟုတ္ေပ။ သို႔ေသာ္- သက္ေသ
ျပစရာဆို၍ သဲလြန္စ အႂကြင္းအက်န္
အနည္းအပါးပင္ မေတြ႕ရသျဖင့္ သူ႔
စကားအားလိုက္နာရေတာ့မလိုျဖစ္ေန
သည္မွာ အမွန္။ ဤေတာင္ကုန္းအေျခ
သို႔ေရာက္မွ ေက်ာက္တုံးႀကီးမ်ား လိမ့္
က်လာရာတြင္ ေရာပါခဲ့ေသာ ေျမႀကီး
ေျမမႈန္တို႔ ကြၽန္ေတာ္တို႔ တစ္ကိုယ္လုံး
ေပက်ံခဲ့သည္မွာ မွန္ကန္လ်က္ ယခု
မ်က္ျမင္တြင္မူ အဝတ္အစား အားလုံး
နဂို ပကတိအတိုင္း အေကာင္း
မည္းမည္းသဏၭာန္အရိပ္မ်ားက
လည္းအ႐ိုးစုသဏၭာန္လက္တံရွည္ႀကီး
မ်ားႏွင့္ ဦးဘသိုင္းေက်ာ္အား ေတာင္ ကုန္းထိပ္သို႔ ဆြဲတင္သြားသည္ကိုကြၽန္ ေတာ္တို႔သုံးေယာက္လုံးျမင္ၾကပါလ်က္

ႏွင့္ ယခုေတာ့ ဦးဘသိုင္းေက်ာ္ကိုယ္ တိုင္ အေကာင္းပကတိအတိုင္း ကြၽန္ ေတာ္တို႔ကိုပင္ လာႏႈိးခဲ့ေသးသည္
မဟုတ္ပါလား။
ကြၽန္ေတာ့္ စိတ္ထဲ မတင္မက်ႏွင့္
အေျဖရွာ၍မရေသာ ပုစာၦမ်ား က်န္
ပါေသးသည္။ ဦးဘသိုင္းေက်ာ္အား
မည္းမည္းအရိပ္မ်ား ဆြဲတင္သြားခ်ိန္၌
ကြၽန္ေတာ္တို႔ သုံးေယာက္သားစိတ္ညႇိဳ႕
ခံထားရသလို အသိစိတ္ႏွင့္ ခႏၶာကို
ကင္းကြာသြားျခင္းအျပင္ စိမ္းေ႐ႊေ႐ႊရနံ႔
ရႉရႈိက္မိ႐ုံမွ်ႏွင့္အဘယ္ေၾကာင့္အိပ္ေမြ႕
ခ်ခံရသလို ျဖစ္သြားရပါသနည္း။ ရွိပါ
ေသးသည္၊ ခ်င္းေခ်ာင္းရဲတိုက္ပ်က္
ေနရာႏွင့္ ဤေတာင္ကုန္း၌ ကြၽန္
ေတာ္တို႔ကို ေျခာက္လွန႔္ခဲ့ေသာ မည္း
မည္းသဏၭာန္အရိပ္မ်ားသည္မန္ေနဂ်ာ
ဘ႐ိုက္တီးႏွင့္ ပထန္ပုလိပ္တို႔၏ ဝိ
ညာဥ္တေစၦဆိုသည္ကို အတပ္ေျပာ
ႏိုင္မည္လား။ ဤေတာင္ကုန္းသည္
လည္း သူတို႔ ဂူအပိတ္ခံရၿပီး ေသဆုံး
ခဲ့ရေသာ ပထန္ေတာင္ အစစ္အမွန္ဟု

ဦးဘသိုင္းေက်ာ္ မည္သည့္အေထာက္
အထားႏွင့္ ယုံၾကည္လိုက္သည္ကို
လည္း ကြၽန္ေတာ္ အလြန္သိခ်င္ေနပါ
ေသးသည္။
မည္သို႔ပင္ဆိုေစ၊ ပထန္ဂူရွာပုံ
ေတာ္အလုပ္ကိုပင္ ဂ်ပန္ဗိုလ္မႉးႀကီး
သခ်ႋဳင္းရွာရန္ဆိုကာ လွ်ိဳ႕ဝွက္စြာ
ပရိယာယ္ဆင္တတ္ေသာ ဦးဘသိုင္း
ေက်ာ္ အေနႏွင့္ ယခုျဖစ္ရပ္အားလုံး
ကိုလည္း လွ်ိဳ႕ဝွက္အဆင္သင့္အျဖစ္
လိုအပ္ ၍သာ ကြၽန္ေတာ္တို႔ ႏႈတ္ကို
ေရပိတ္စပါးပမာ ပိတ္ခဲ့ျခင္းဟုသာ
ယူဆရေပေတာ့မည္။ သို႔ေသာ္ ကြၽန္
ေတာ္တို႔ကို လုပ္အားခမ်ား ရွင္းေပး
ၿပီးေနာက္ ရန္ကုန္သို႔ ျပန္ရန္ ခရီးသည္
တင္ကားေပၚသို႔မတက္ခင္ကေလးတြင္
သူ႔လက္ေကာက္ဝတ္တြင္စြပ္ထားေသာ
သိမ္ဝင္ပုတီးအား ေထာင္ျပရင္း ႏႈတ္
ဆက္သြားသည္မွာ …။
“ယုံယုံၾကည္ၾကည္ ေဆာင္ထား
ၾကေနာ္။ သိမ္ဝင္ပုတီး၊ သိမ္ဝင္ပုတီးဗ်”

ဤျဖစ္ရပ္သည္ တြက္စစ္ၾကည့္
ပါက ႏွစ္ေပါင္း (၃၀)ပင္ ျပည့္ေတာ့
မည္ျဖစ္သည္။ ကြၽန္ေတာ္ကိုယ္တိုင္
ပင္လွ်င္ အသက္အ႐ြယ္ (၈ဝ)နီး၍
သားသမီးမ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕တြင္
ေျပာင္းေနသည္မွာၾကာလွေပၿပီ။ လြန္ခဲ့
သည့္ သုံးလခန႔္က ဂ်ာနယ္တစ္ေစာင္
ထဲ၌ကတိုက္ခြင္တြင္ သံသတၱဳတူးေဖာ္
ေရးလုပ္ငန္းအားကုမၸဏီတစ္ခုမွတင္ဒါ
ရၿပီးလုပ္ကိုင္ေနေၾကာင္းသတင္းဖတ္ရႈ
ခဲ့ရပါေသးသည္။ အဆိုပါ ကုမၸဏီသည္
ဦးဘသိုင္းေက်ာ္၏ အဆက္အႏြယ္
မ်ားျဖစ္ပါကေနာက္ဆုံးျဖစ္စဥ္အ႐ုဏ္
တက္ခ်ိန္၌ ဦးဘသိုင္းေက်ာ္ႏွင့္ ပထန္
သရဲမ်ား ဧကန္မုခ် အေပးအယူတည့္
ခဲ့မည့္ ကတိကဝတ္မ်ားကို အေကာင္
အထည္ေဖာ္လိမ့္မည္မွာ ေသခ်ာပါ
သည္။ သို႔ဆိုလွ်င္ပထန္သရဲမ်ားလည္း
ကြၽတ္လြတ္ၾက႐ုံမကဘဲ ဂူထဲပိတ္ထား
ေသာ သံသတၱဳ ႐ိုင္းတန္ေပါင္း ေျမာက္
ျမားစြာကိုပါ။
မင္းေ႐ႊသိန္း (ဂင္းက်ိဳက္)