သိုက်ကလာသူမရှင်ဖြူ(စ/ဆုံး)
——————————-
ခမ်းနားထည်ဝါလှတဲ့ နန်းတော်လို အဆောက်ဦး
ကြီးထဲသို့ မမြရင်တစ်ယောက် လျှောက်လှမ်းခဲ့မိ
သည် မည်သူကမှ မဖိတ်ခေါ်ပါပဲ ဝင်လာခဲ့ပေမယ့်
ရင်ထဲဝယ် ကြောက်တဲ့စိတ် စိုးစဥ်မျှ မရှိပေ အတွင်း
ထဲ၌ ရွှေငွေ ကျောက်သံ ပတ္တမြားတို့ဖြင့် စီချယ်
ထားသော ပုလ္လင်ဟု ယူဆရသော ထိုင်ခုံတစ်ခုအနား
သို့ မမြရင် တိုးကပ်သွားမိသည် ဒီလိုပုံစံမျိုးတွေကို
သူမတစ်သက် တစ်ခါမျှ မမြင်ဘူး မကြုံဘူးတော့
အံ့သြစိတ်တို့ဖြစ် လှည့်ပတ်ကြည့်နေခြင်းပင် ဖြစ်၏
ရုတ်တရက် မမြရင်နှာခေါင်းထဲ နံ့သာဖြူအနံ့တို့မွှေး
ကြိုင်လာသည်
…..ရှပ်…..ရှပ်……ရှပ်…
အနောက်မှ ခြေသံကြားရ၍ မမြရင် လှည့်ကြည့်လိုက်
တော့
……ဟင်…..
တစ်ကိုယ်လုံး ရွှေရောင်တွေ တောက်ပနေသော
အဖိုးကြီးတစ်ယောက် လက်ကလဲ ကလေးလေး
တစ်ယောက်ကို ဆွဲထားလေသည်
……သမီး….မမြရင်….
မမြရင်က သူမ၏နာမည်ကိုသိနေသော အဖိုးကြီးကို
ပြန်ထူးလိုက်မိသည်
…..ရှင်….အဘ….
အဖိုးကြီး လက်မှဆွဲထားသော ကလေးငယ်အား
တစ်ချက်ကြည့်လိုက်ပြီးနောက်
….ငါ့သမီးနဲ့…ဟော့ဒီကလေးက….အထုံရေစက်ပါ
တယ်ကွဲ့…..အခု….ဟော့ဒီကအဘရဲ့…မြေမလေးက…
….သာသနာပြုချင်တဲ့အတွက်….ငါ့သမီးတို့ဆီကို….
…အဘ….ထည့်ပေးလိုက်ချင်တယ်ကွယ်…..
မမြရင်နှင့် ခင်ပွန်းဖြစ်သူ ကိုမြင့်သိန်းတို့ လင်မယား
ဟာ အိမ်ထောင်သက်တမ်း ခြောက်နှစ်နီးပါးကြာခဲ့ပေ
မယ့် သားသမီး အခုချိန်ထိ မထွန်းကားနိုင်သေး
၍ မမြရင်လဲ ချက်ခြင်းပဲ ခေါင်းညိတ်လိုက်လေတော့
သည်
…ဟုတ်ကဲ့…အဘ…ကျွန်မကိုပေးပါ….ဒါပေမယ့်….
မမြရင် ခဏတွေဝေသွားပြီးနောက်
….ကျွန်မတို့တွေက…ဆင်းရဲပါတယ်…အဘရယ်…..
…ကလေးဒုက္ခရောက်မှာလဲ….စိုးမိတယ်……
မမြရင်စကားကိုကြားတော့ ထိုအဖိုးကြီးက ပြုံးလျှက်
ဖြင့်
….ဒီအတွက်တော့….မပူပါနဲ့….သမီးရယ်…..
….ကလေးကိုသာခေါ်သွား….တစ်ခုတော့ရှိတယ်….
…သမီးအဘကို…ကတိတစ်ခုပေးရမယ်….ဖြစ်မလား.
….ဘယ်လိုကတိများလဲ….အဘ….
…အဘရဲ့မြေးလေး…အရွယ်ရောက်တဲ့အခါ….
….အိမ်ထောင်သားမွေး….မပြုခိုင်းပါဘူးလို့ပေါ့….
….အဘရဲ့မြေးလေးကို…သမီးတို့နဲ့ထည့်ပေးရတဲ့….
အကြောင်းအရင်းက…..သာသနာပြုဖို့…ဖြစ်နေလို့ပါ..
….ငါ့သမီးတို့ရဲ့…စီးပွားရေးကိုတော့…မပူပါနဲ့….
….အချိန်တန်ရင်….အဘမြေးက…စောင့်ရှောက်ပါ
လိမ့်မယ်….
မမြရင် အသေအခြာစဥ်းစားရင်း ကလေးလေးကို
ကြည့်လိုက်တော့ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်း
လေးနဲ့ အလွန်ပဲ ချစ်ဖို့ကောင်းနေသောအခါ
….ဟုတ်ကဲ့ပါ…အဘ….ကျွန်မ…ကတိပေးပါတယ်…
အဖိုးကြီးမှာ ကျေနပ်စွာပြုံးရင်း လက်ထဲမှ ၅နှစ်
အရွယ်ခန့် ကောင်မလေးကို မှာကြားလေသည်
…..မြေးလေး…..ဒီကအမေနဲ့…လိုက်သွားနော်…..
…ငါ့မြေးဖြစ်ချင်တဲ့….သာသနာပြုဖို့ဆန္ဒတွေ…ပြည့်
ပါစေ…..လိမ်မာအောင်လဲနေ….အဖိုးမကြာခဏလာ
တွေ့မယ်နော်….အိမ်ထောင်သားမွေး….မပြုနဲ့…..
…ပြုခဲ့ရင်….ပြုတဲ့နေ့….အဖိုးလာပြန်ခေါ်မှာ….ကြား
လား….
ကလေးမလေးမှာ အဖိုးကြီးပြောသမျှကို ခေါင်းလေး
တစ်ညိတ်ညိတ်ဖြင့် နားထောင်ပြီးနောက်
…ကဲ….ငါ့သမီး…ရော့….ကလေးကိုခေါ်သွားပေတော့..
မမြရင်လက်ထဲသို့ ကလေးမလေးအားထည့်ပြီး
အဖိုးကြီးလဲ အမြင်အာရုံဏ်ထဲမှ ဝေဝါးပျောက်ကွယ်
သွားလေတော့သည်
…..ကိုမြင့်သိန်း….ကိုမြင့်သိန်းလို့…
အိပ်နေရာမှ ကိုမြင့်သိန်းလူးလဲထလိုက်ပြီး
….ဘာဖြစ်တာတုန်း…..မြရင်ရာ…..အလုပ်ပင်ပန်းလို့
အိပ်နေတာ….ကောင်းကောင်းကိုမအိပ်ရဘူး……
…တော်ကလဲလေ…..ကျုပ်အိမ်မက်မက်တယ်တော့..
…..ဟာ….နင်အိမ်မက်မက်တာ….ငါ့ကိုနှိုးစရာလားဟ.
…..သြော်…..တော်ကလဲ….ကျုပ်မက်တဲ့အိမ်မက်က….
….ဒီလိုတော့…××××××××××××××××
ဖြစ်ကြောင်းကုန်စင်အား ကိုမြင့်သိန်းကို ပြောပြလိုက်
လေသည်
….အင်း….နင်ပြောတဲ့အတိုင်းဆို….ငါတို့တွေ…
….သားသမီးထွန်းကားမယ့်….နမိတ်ပဲဟ….
…ဟုတ်တယ်တော်ရေ….ကျုပ်လဲ….ဝမ်းသာနေတာ….
လင်မယားနှစ်ယောက် ကြည်နူးမဆုံး ဖြစ်နေကြချိန်
မှာပဲ
….ဟင်….ကို….ကိုမြင့်သိန်း….
ရုတ်တရက်မို့ ကိုမြင့်သိန်း လန့်သွားပြီး
…..ဟ….ဘာလဲဟ….မမြရင်ရယ်..နင်ကလဲ…လန့်
လိုက်တာ..
…ကိုမြင့်သိန်း…ကျုပ်နာခေါင်းထဲ…နံသာဖြူအနံ့ရနေ
တယ်တော့်…
ကိုမြင့်သိန်း အသေအခြာ အာရုံဏ်စိုက်ကြည့်လိုက်
သောအခါ
…..အေးဟ….ငါလဲ…နံ့သာဖြူအနံ့ရနေတယ်…မွှေးနေ
တာပဲဟေ့…..
နှစ်ဦးသား တစ်ယောက်ကို တစ်ယောက်ကြည့်ခါ
ကြည်နူးမဆုံးဖြစ်နေကြပါတော့သည်
==================
နေ့ရက်တို့ ကုန်လွန်လာသည်နှင့်အမျှ မမြရင်ရဲ့
ကိုယ်ဝန်ဟာလဲ ရင့်မာလာပြီး ကိုယ်ဝန်ဆောင်စဥ်
ကြာဝတ်ဆံတို့ကို ချဥ်ခြင်းတတ်၍ ကိုမြင့်သိန်းလဲ
မကြာခဏ ကြာကန်ရှာပြီး ကြာဝတ်ဆံတို့ကို ခူးကျွေး
ရလေသည် မကြာမီ သမီးလေးတစ်ဦးဖွားမြင်လေ၏
သမီးလေးဟာ ဖြူဖွေးပြီး လှပလွန်းသည် နောက်ပြီး
အလွန်ထူးပြီး မကြုံစဖူးသော အရာမှာ ကလေးဆီက
မွေးရာပါ နံ့သာဖြူရနံ့ ထွက်နေသောကြောင့်
ရွာထဲမှ လူကြီးများက မရှင်ဖြူဟု အမည်ပေးလိုက်
လေသည်
မရှင်ဖြူလေး လေးဘက်သွားတဲ့ အရွယ်မှာ တစ်နေ့
ကိုမြင့်သိန်း ထန်းတတ်က ပြန်လာတော့
မမြရင်က အိမ်ရှေ့ ရေတွင်းအနား အဝတ်များလျှော်
ဖွတ်နေလေသည်
….မြရင်….ဘာချက်တုန်းမိန်းမ….
…တော်မနေ့ကယူလာတဲ့…..ဘူးသီးနဲ့ကြက်သားရော
ပြီး…ကာလသားဟင်းလေး…ကျုပ်ချက်ထားတယ်…
ကိုမြင့်သိန်း အကြိုက် ကြက်ကာလသားဟင်းမို့ ဗိုက်
ထဲက တဂွီဂွီအော်မြည်နေလေသည်
….ကောင်းတယ်ကွာ….စားရချေရဲ့….ဒါနဲ့….
…ငါ့သမီးလေးရော….
….ရှိပါ့တော်…ပုခက်ထဲမှာ….ကျုပ်အစောတုန်းကပဲ.
….နို့တိုက်ပြီး…သိပ်ထားတယ်…
….သြော်….အေးပါ….
ကိုမြင့်သိန်း အိမ်ထဲသို့ ဗိုက်ဆာဆာနှင့် ဝင်လိုက်စဥ်
…ခစ်….ခစ်…ခစ်….
….ဟင်…ဒါသမီးလေး…ရှင်ဖြူရဲ့….ရယ်သံပဲ….
….မမြရင်ပြောတော့….အိပ်နေပြီဆို….သွားကြည့်ဦးမှ
ဖိုးချောင်ထဲ ဝင်မည်ပြုမှ ပုခက်ထဲက မရှင်ဖြူလေးရဲ့
ရယ်သံကြားတော့ ကိုမြသိန်း ပုခက်ထဲသို့ သွားကြည့်
လိုက်မိသည်
…..ဟာ….မြတ်စွာဘုရား…..လုပ်ကြပါဦး….မြရင်ရေ
….ဟဲ့….မြရင်……
မမြရင် အဝတ်လျှော်နေရာမှ သုတ်သုတ်ပြာပြာဖြင့်
အပြေးလာလေသည်
….ကိုမြင့်သိန်း…ဘာဖြစ်တာတုန်းတော့်….အလန့်တ
ကြားနဲ့ရှင်…..
ကိုမြင့်သိန်း မမြရင်ကို ပုခက်ဆီသို့ လက်ညှိုးထိုးပြ
လိုက်ရာ
……ဟင်….အမလေး…မြွေ….မြွေ….ကိုမြင့်သိန်းရေ….
လုပ်ပါဦး…..ကျုပ်သမီးလေးတော့….ဒုက္ခရောက်
တော့မှာပဲ…..အီး…..ဟီး…..ဟီး….
မမြရင်ပြောသလိုပါပဲ မရှင်ဖြူလေးရဲ့ စောင်ပုခက်
အတွင်းသို့ မြွေဟောက်ကြီးနှစ်ကောင် တစ်ဖက်စီ
ပုခက်ကြိုးများမှ ရစ်ပတ်လျှက် ဆော့ကစားနေကြ
ပြီး မရှင်ဖြူလေးကတော့ ကြောက်လန့်ခြင်းမရှိပဲ
တစ်ခစ်ခစ်ရယ်ခါ ပျော်နေပုံရသည်
မမြရင်၏ အော်ငိုသံကိုကြားတော့ ပတ်ဝန်းကျင်မှလူ
များ လာရောက်လာကြပြီး တစ်ယောက်တစ်ပေါက်
နှင့် ကူညီဖို့ ကြိုးစားကြတော့သည် ရစ်ပတ်နေသော
မြွေဟောက်ကြီး နှစ်ကောင်မှာ ကလေးပုခက်အနားသို့
မည်သူကိုမျှ အကပ်မခံပဲ မာန်မဲနေ၍ ကိုမြသိန်းလဲ
ဘာလုပ်ရမှန်းမသိပေ ထိုစဥ် မမြရင်တစ်ယောက်
တစ်ခုခုကို သတိရသွားဟန်ဖြင့်
….အဘရေ….ကျွန်မသမီးလေးကို….ကယ်ပါဦး….
…အဘရယ်….အီး…ဟီး…ဟီး….
လက်အုပ်လေးချီခါ ငိုကြီးချက်မနဲ့ ပြောလိုက်
ပြီးနောက်
….ရွှီး……
လူအုပ်ကြားထဲမှ လေချွန်သံတစ်ချက် ကျယ်ကျယ်
လောင်လောင် ထွက်လာပြီး ရစ်ပတ်နေသော ထိုမြွေ
ကြီးများမှာလဲ ကြမ်းပြင်သို့ လျောချလျှက် မြန်မြန်
ဆန်ဆန်ပဲ ထွက်သွားကြလေတော့သည်
ကြည့်နေကြသော လူအုပ်ကြီးမှာလဲ မည်သူတစ်ဦး
တစ်ယောက်မှ လေမချွန်ပါပဲ ထွက်လာသော လေချွန်
သံအား ရှာသော်လဲမရသောကြောင့် အံသြခြင်းများနဲ့
ရှိနေတော့သည်
===============
မရှင်ဖြူလေး၏ သတင်းသည် ရွာထဲ၌ ပြန့်နှံ့လာ
ခဲ့ပြီး ရွာမှလူအများက တစ်ယောက်တစ်ပေါက်နှင့်
မှတ်ချက်ပေးကြ ဝေဖန်ကြလေသည်
တစ်ဖြေးဖြေး အချိန်ရာသီတွေ ကုန်လွန်လာသည်နှင့်
အမျှ မရှင်ဖြူလည်း ဆယ်နှစ် ဆယ့်တစ်နှစ်အရွယ်
ရောက်လာခဲ့ပြီဖြစ်သည် ထန်းတတ်သော အလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်း ပြုနေသော ကိုမြင့်သိန်းတို့
လင်မယားမှာလဲ စပါး ပဲ နှမ်း နှင့် ဒေသထွက် အသီး
အနှံ့များ ကုန်ကူးခြင်းဖြင့် စီးပွားရေးဟာ လုပ်တိုင်း
ဖြစ် ကြံတိုင်းအောင်လာခဲ့သည် သူများနဲ့ မတူအောင်
ကြီးပွားတိုးတတ်လာသော ကိုမြင့်သိန်းတို့၏သတင်း
ရွာနီးချုပ်စပ် ပြန့်နှံလာခဲ့သည် မြို့နှင့်အလှမ်းဝေး
သောကြောင့် အုပ်ချုပ်မှု့လက်လှမ်း သိပ်မမှီချင်သော
ဤဒေသမှာ တောမီးလောင်၍ လက်ခမောင်းခတ်
သော တောကြောင်များလဲ ရှိကြလေ၏ တစ်ညမှာ
တော့ ကိုမြင့်သိန်းတို့ အိမ်အနား လက်နှက်ကိုယ်ဆီ
ကိုင်ထားသော လူတစ်စု ချဥ်းကပ်လာကြလေသည်
…..ဟေ့ကောင်…ညိုကြီး….တိုးတိုးကွ….ငါအချက်မပြ
မခြင်း….ဘာမှမလုပ်ကြနဲ့ဦးနော်….ခေါင်းဆောင်ဟု
ယူဆရသောလူမှ အနောက်ကလူများကို ပြောလိုက်
ခြင်းကြောင့် အားလုံးခေါင်းညိတ်လိုက်ပြီး ခြံထဲသို့
တစ်ဖြေးဖြေးနဲ့ ချဥ်းကပ်ဝင်ရောက်လာသည်
အိမ်ထဲမှာ မီးရောင်မှိန်မှိန်ကို တွေ့နေရသောကြောင့်
အခြေအနေကို အကဲခတ်နေကြစဥ်
….ဘုန်း…..
….အား…..သေပါပြီဗျ…..
….ဟာ….
အိမ်ထဲသို့ အကဲခတ်ကြည့်နေစဥ် အနောက်ဆုံးမှ
လူအား တစ်စုံတစ်ယောက်က အားနှင့်လွှဲရိုတ်လိုက်
သကဲ့သို့ ဘုန်းခနဲဟု အသံမြည်ခါ ထိုလူလည်းကျော
များပင် ကော့တတ်သွားရင်း မြေပေါ်၌ လူးလိမ့်နေ
တော့သည်
….ဟိတ်ကောင်….သံခဲ….ဘာဖြစ်တာတုန်းကွ…..
သံခဲဆိုသူကို ဝိုင်းထူကြရင်း မေးသော်လဲ မရပေ
….ဘုန်း…..
…..အား….သေပါပြီ….အမေရေ….ကြောက်ပါပြီဗျ…
….ဟင်…..
ခုဏ ညိုကြီးဆိုသောလူ ထပ်အရိုတ်ခံရလေပြီ
တစ်ဘုန်းဘုန်းနှင့် တစ်ယောက်ပြီးတစ်ယောက်
အရိုတ်ခံနေရ၍ ခေါင်းဆောင်ဖြစ်သူမှာ ဒေါသထွက်
ပြီး လိုက်ရှာပေမယ့် လူနှင့်တူသည် မည်သည့်အရိပ်
အယောင်မျှမတွေ့ရပေ
…ဘယ်ကောင်လဲကွ…ဗိုလ်မိုးကြိုးတဲ့ဟေ့….သတ္တိရှိ
…တဲ့ကောင်…. ထွက်ခဲ့ကြ….ဇီဝိန်ခြွေပေးလိုက်မယ်…
ဓားတစ်ရမ်းရမ်းနှင့် ခေါင်းဆောင်ဖြစ်သူ မိုးကြိုးဆို
သောလူမှာ ဟော်ဟစ်ကြိမ်းမောင်းနေလေသည်
ကိုမြင့်သိန်းတို့ မိသားစုနှင့် ပတ်ဝန်းကျင်မှ အိမ်များ
နိုးလာကြပေမယ့် ထွက်မကြည့်ရဲကြပေ မိုးကြိုးဆို
သောလူ နာမည်ကို အားလုံးကြားဘူးကြပြီး ဓားပြ
လောကမှာ အင်မတန် ရက်စက်ကြမ်းကြုတ်သော
အဖွဲ့ပင်ဖြစ်သည် အခြေအနေကို အိမ်ထဲကနေခြောင်း
ကြည့်ပြီး အကဲခတ်နေကြရင်း သိပ်မကြာပါ
…ဟာ….ဟာ….ဟိတ်ကောင်တွေ…လုပ်…လုပ်ကြပါဦး
မိုးကြိုးဆိုတဲ့လူ ရုတ်တစ်ရက် လေပေါ်သို့ မြောက်
တတ်သွားပြီး နှစ်ပတ်သုံးပတ်လောက် လည်ထွက်ခါ
ကိုမြင့်သိန်းတို့ အိမ်ရှေ့ တမာပင်နှင့် ပြေးပြေးရိုတ်
နေတော့သည်
….အား…..အား…..အား….
ညဥ့်နက်နေပြီဖြစ်၍ မိုးကြိုး၏ ငယ်သံပါအောင် မချိ
မဆန့် အော်နေသော အသံသည် ပတ်ဝန်းကျင်တစ်ခု
လုံး ကျယ်လောင်စွာ ဖုံးလွှမ်းသွားလေတော့သည်
မည်မျှပင် ရိုတ်နေသည်မသိ မိုးကြိုးအသံငြိမ်ကြသွား
ပြီး မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကြလာသည်
အရိုတ်ခံထားရသော သူ့တပည့်များမှာလည်း
အခြေအနေမဟန်မှန်း ရိပ်စားမိပြီးနောက် ပြုတ်ကြ
လာသော မိုးကြိုးကို ဝိုင်းထမ်းပြီး ပြေးကြပါတော့
သည် မိုးကြိုးလို ရက်စက်ကြမ်းကြုတ်သောလူ
အဘယ့်ကြောင့် ပြန်ပြေးရသည်ည်ကိုတော့ မည်သူမျှ
မသိနိုင်ပါချေ
====================
ကိုယ်ဝန်လွယ်ချိန်မှစ၍ အရွယ်ရောက်လာသည်အထိ
ထူးခြားဆန်းကြယ်မှု့တွေနဲ့ ကြုံဆုံခဲ့ရတဲ့ ကိုမြင့်သိန်း
တို့မိသားစုဟာ ရွာနီးချုပ်စပ် ပြောစမှတ်ပင် ဖြစ်နေ
တော့သည် မရှင်ဖြူလေးဟာ သိတတ်တဲ့အရွယ်
ရောက်ထဲကစလို့ ယခုပျိုဖော်ဝင်ချိန်အထိ ဘာသာ
တရားအလွန်ကိုင်းရှိုင်းပြီး သဒ္ဒါတရားလဲ ကောင်းလှ
၏ ပို၍ ထူးခြားသည်က မရှင်ဖြူ၏ အလှသည် ဤ
ဒေသဘက်မှာ ပြိုင်စံရှားလောက်ပေသည် မိန်းမခြင်း
တောင် လည်ပြန်ငေးရလောက်အောင်ပင် သူမ၏
အလှတရားမှာ နတ်မိမယ်လေးအလား ပြီးပြည့်စုံလှ
၍ အနယ်နယ်အရပ်ရပ်မှ ကြွယ်ဝချမ်းသာသူများက
မျက်စိကြပြီး ပိုးပန်း တောင်းရမ်းကြနဲ့ နာမည်ကြီးလှ
သည် မရှင်ဖြူကတော့ မည်သူကိုမှလက်မခံပဲ
သူမရဲ့ အလုပ်ဖြစ်တဲ့ ဘာသာရေးကိုသာ အာရုံဏ်
စိုက်နေခဲ့လေသည် ဘုရားတည်ကျောင်းဆောက်နဲ့
ပီတိဖြစ်နေရတာကိုပဲ သူမနှစ်သက်နေခဲ့ရလေသည်
===================
…..ဟိတ်ကောင်….ကျော်မြ….
မန်းကျည်းပင်အောက် အရက်ထိုင်သောက်နေကြ
သောအရက်ဝိုင်းထဲမှ ကျော်မြ၏ညီဝမ်းကွဲ ဖိုးသီး က
ကျော်မြအား လှမ်းခေါ်လိုက်ခြင်းပင် ဖြစ်သည်
……..ဘာလဲ…..ဖိုးသီးရ……
……မင်း…မရှင်ဖြူကို….ကြိတ်ပိုးနေတာ…မဟုတ်လား
ကျော်မြ ကြွက်ကြော်တစ်တုံးကို ပါးစပ်ထဲ ပစ်ထည့်
လိုက်ခါ ဝါးနေရင်းက
….ကျိတ်ပိုးရုံတင်ဘယ်ကမလဲ…..ဖိုးသီးရာ…..
ငါ့အဖေရဲ့ …..အရှိန်အဝါနဲ့ ….သွားတောင်းပြီးပြီကွ….
ဖိုးပိန် သောက်လက်စ ဖန်ခွက်ကို အောက်ချလိုက်ပြီး
….ဟ…ကျော်မြ….ငါ့အကိုက….သွတ်လှချေလား….
….ဘယ်လိုလဲ….မရှင်ဖြူက….လက်ခံသလား…
ကျော်မြ ခေါင်းကို အတွင်တွင်ခါလိုက်ပြီး
…..လက်မခံပါဘူးကွာ….ငြင်းလွှတ်တာပါပဲ…..
…ဟင်….ဒါကိုမင်းက….ဒီအတိုင်းပဲပြန်လာတယ်ပေါ့
ဖိုးသီး၏ စကားကို ကျော်မြ နားမလည်သောဟန်ဖြင့်
…ဟိတ်ကောင်ဖိုးသီး….ငါ့ကိုလက်မခံပါဘူးဆိုတာကို
….ငါက…ဘာထပ်လုပ်ရဦးမှာလဲကွ….
ယမကာတန်ခိုးကြောင့် မျက်လုံးများရီဝေရင်း ဖိုးသီး
တစ်ယောက် အကြံများသည်လည်း ယုတ်မာကောက်
ကျစ်လာခဲ့တော့သည်
….ကျော်မြ…ကျော်မြ….မင်းတစ်ကယ်ညံ့တဲ့ကောင်ပဲ
…မင်းအဖေ…သူကြီးတစ်ယောက်လုံးရှိနေတာ…
….ရိုးရိုးတောင်းမရရင်….ဆန်းဆန်းပေါ့ကွာ….
…..ကဲ…ကဲ…ကျော်မြ…လာဒီအနားကို….ငါမင်းကို….
…အကြံညဏ်…ကောင်းကောင်းပေးမယ်….
ကျော်မြတစ်ယောက် ဖိုးသီးအနားသို့တိုးကပ်ခါ
….ဘာများလဲကွ…..ပြောစမ်းကွာ…
ဖိုးသီး ပတ်ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်
ပြီးမှ
…ဒီလိုကွ…..××××××××××××××××××
ဖိုးသီးပြောသမျှကို ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် နားထောင်
ရင်း နောက်ဆုံးမှာတော့
….ဟ….ဖြစ်ပါ့မလား…ဖိုးသီးရ….မရှင်ဖြူက…သိုက်
ကလာတာလိုလို….ဘာလိုလိုနဲ့နော်…..ငါတို့တွေ…..
….ဒုက္ခရောက်နေဦးမယ်နော်…..
ဖိုးသီး တံတွေးကို ထွီခနဲ တစ်ချက်ထွေးလိုက်ခါ
….ထွီး….သွားစမ်းပါကွာ….ဟိတ်ကောင်…ဒီခေတ်မှာ
….အဲ့ဒါတွေမရှိတော့ပါဘူးကွာ…..အယုံအကြည်လဲ….
….မရှိဘူး…..ငါပြောတဲ့အတိုင်းလုပ်မှ….မရှင်ဖြူကို
…..မင်းပိုင်ဆိုင်ရမှာနော်…..ကျော်မြ….
ဖိုးစကားကြောင့် ကျော်မြ အတန်ကြာ တွေဝေသွားပြီး
နောက်
….ကြာပါတယ်ကွာ…လုပ်မယ်….ဖိုးသီး….မင်းစီစဥ်
လိုက်တော့….
….အေး….ဒီလိုမှပေါ့ကွ…..ကဲ….ငါတို့ရဲ့….အကြို
အောင်မြင်မှု့အတွက်….သောက်ကြကွာ….
အတူပါလာသော လူနှစ်ယောက်နှင့် ကျော်မြတို့ ထိုနေ့
က ကောင်းကောင်းကြီး သောက်စားမူးယစ်ခဲ့ကြပြီး
သူတို့ဘဝရဲ့ သွေးပျက်ခြောက်ခြားဖွယ်ရာ အချိန်ကို
ဖန်းးတီးမိလိုက်မှန်းတော့ မည်သူမျှ မရိပ်မိခဲ့ကြပေ
= = = = = = = = = = =
ဒီနေ့ မရှင်ဖြူ ရွာဦးဘုန်းကြီးကျောင်းမှာ သူမလှူ
တန်းဆောက်လုပ်နေသော တန်ဆောင်းကြီးကို
သွားကြည့်ရင်း ပြီးစီးခါနီးပြီမို့ ပီတိဖြစ်နေခဲ့လေသည်
တန်ဆောင်အခြေအနေကြည့်ပြီး ပြန်ချိန် နည်းနည်း
စောနေသေးတာနဲ့ ရွာဦးစေတီပေါ်သို့ တတ်ခါ တရား
ထိုင်နေမိ၏ စိတ်၏ အေးချမ်းခြင်းကြောင့် မည်မျှပင်
ထိုင်နေခဲ့သည်မသိ ပတ်ဝန်းကျင်ကို
ကြည့်တော့ နေတောင်ဝင်စပြုနေလေပြီ ဒီအတိုင်းဆို
အိမ်က မိဘများစိုးရိမ်နေကြတော့မည် မရှင်ဖြူ
သဘက်ကလေး ပခုံးအပေါ်တင်လျှက် ခပ်သွတ်သွတ်
လျှောက်ရင်း တစ်နေရာအရောက်
…..ဟိတ်….မရှင်ဖြူ….
ခေါ်သံကြား၍ နောက်လှည့်ကြည့်လိုက်တော့ သူမ
ငြင်းခဲ့သော သူကြီး ထွန်းလှ၏သား ကျော်မြ ဖြစ်နေ
သည် မရှင်ဖြူ မျက်နှာထားကို တည်တည်ထားပြီး
….ဘာကိစ္စရှိလို့လဲ…..ကိုကျော်မြ….
မရှင်ဖြူမေးတော့ ကျော်မြ ခေါင်းကုတ်ဖင်ကုတ်နဲ့
….ဟိုလေ….ဟို….
…..ဒုတ်….
…..အား……
အရှေ့မှာ ကျော်မြ ယောင်တောင်တောင် လုပ်နေစဥ်
မရှင်ဖြူရဲ့ ဇက်ကို အနောက်မှ တစ်စုံတစ်ယောက်က
အားနှင့်ရိုတ်လိုက်ခြင်းကို ခံလိုက်ရတော့သည်
နာကျင်ခြင်းကြောင် မရှင်ဖြူ အမြင်များ မူးဝေလျှက်
နားထဲ၌လူသံတစ်ချို့ ကြားနေရသည်
…..ဟေ့ကောင်….ကျော်မြ…ဘာလုပ်နေတာလဲ….
….မြန်မြန်…မလေကွာ…တော်ကြာ…တစ်ယောက်
ယောက်…..မြင်သွားရင်….အကုန်လုံး…ဒုက္ခရောက်
ကုန်မှာဟ……
….အေး….အေးပါကွာ….
မရှင်ဖြူကို ထမ်းပြီး ကျော်မြတို့အဖွဲ့ ရွာအပြင်က
ကိုချစ်ငွေတို့ရဲ့ ယာခင်းဘက်သို့ ပြေးလေတော့သည်
မှောင်နေပြီမို့ လူယုတ်မာတသိုက်အတွက် အခါအခွင့်
သင့်လှသည် ကျော်မြတို့အဖွဲ့ ထမ်းပြေးရင်းနဲ့
ယာခင်းစောင့်တဲ့နားသို့ မရောက်မီ ခပ်လှမ်းလှမ်း
ညောင်ပင်ကြီးနားအရောက် ကျော်မြတစ်ယောက်
ရှေ့သို့မသွားပဲ တစ်နေရာထဲ၌ထမ်းလျှက် အနေအ
ထားဖြင့် ရုန်းကန်နေတော့သည်
…..ဟာ…..ဟိတ်ကောင်…..ကျော်မြ….သွားလေကွာ….
….ဘာလုပ်နေတာလဲ…..သွားလေကွာ…..
ကျော်မြ အသည်းအသန် ရုန်းကန်နေရင်းက အပုပ်နံ့
တို့ မသတီစရာ လှိုင်ထလျှက် မခံမရပ်နိုင်အောင်ပင်
….မ….မရတော့ဘူးကွ…..ဖိုးသီးရ….ငါ့ခြေထောက်
တွေ….လှုပ်လို့မရတော့ဘူးကွ….နောက်ပြီး….အပုပ်နံ့
တွေရနေတယ်ကွ…..
ဖိုးသီး စိတ်မရှည်ဟန်ဖြင့် ကျော်မြအနားကပ်ခါ
…..ဟာအဓိပ္ပါယ်မရှိတာကွာ…..လာ…မင်းမထမ်းနိုင်
ရင်…..ငါကူထမ်းပေးမယ်….ငါ့ကိုပေး…..
ကျော်မြပခုံးပေါ်မှာ သတိလစ်မေ့မြောနေသော
မရှင်ဖြူကို ဖိုးသီး ထမ်းဖို့ ကြည့်လိုက်စဥ်
….ဟာ…..
ဖိုးသီး မျက်လုံးများ ပြူကျယ်လျှက် နောက်သို့
ရုတ်တရက် ဖင်ထိုင်လဲကျသွားလေတော့သည်
…..ကျော်…..ကျော်မြ…..မင်း….မင်းထမ်းလာတာ….
….မ…..မရှင်ဖြူ….မ….ဟုတ်ဘူးကွ…..
ကျော်မြစကားကြောင့် အတူပြေးလာကြသော အဖော်
နှစ်ယောက်က ကျော်မြပခုံးပေါ်သို့ ကြည့်လိုက်ရင်း
သွေးပျက်ခြောက်ခြား သွားကြပြီး နောက်ကြောင်းသို့
ပြန်ပြေးပေမယ့် နောက်ကြသွားခဲ့လေပြီ သူတို့၏
ခြေထောက်များ လှုပ်မရတော့ပေ
ကျော်မြ ပခုံးပေါ်က ထမ်းလာတဲ့အရာကို အောက်သို့
အလျှင်အမြန်ပစ်ချလိုက်သော အခါ ပုပ်ပွ၍ မဲနက်
နေသော အလောင်းကောင်ကြီးတစ်ခုပင် ဖြစ်နေလေ
သည်
…..ဘာ…..ဘာတွေ….ဖြစ်ကုန်တာလဲ…..
ကျော်မြတစ်ယောက် ကြောက်စိတ်တို့ဖြင့် ရေရွတ်
ရင်း ပြေးဖို့ကြံရွယ်ပေမယ့် သူတို့အားလုံးခြေထောက်
များက လှုပ်မရကြတော့ပါ ထိုစဥ် ပစ်ချထားသော
အလောင်းကောင်ကြီး ထလာလေတော့သည်
….ဟား…..ဟား…..ဟား….တဏှာရမက်သွေးကြွပြီး…
….မပစ်မှားသင့်တာကို….ပစ်မှားချင်တဲ့ကောင်တွေ….
…ဒီနေ့ဟာ….မင်းတို့ရဲ့….သေနေ့ပဲဟေ့…..
ကျော်မြတို့ မျက်ရည်များ ယိုစီးကျလျှက် လက်အုပ်
လေးချီခါ တောင်းပန်ကြလေတော့သည်
…..ကြောက်…..ကြောက်ပါပြီဗျာ….နောက်မ….မလုပ်
တော့ပါဘူး…..အီး…..ဟီး….ဟီး….
မည်မျှပင် တောင်းပန်လင့်ကစား ထိုအလောင်း
ကောင်ကြီးကတော့ နည်းနည်းမှ ခွင့်လွှတ်မည့်ပုံ
မပေါ်ပေ အလောင်းကောင်ကြီးတစ်ခုခုကို ရေရွတ်နေ
ပြီးနံဘေးမှ ညောင်ပင်ကြီးဆီက တစ်ရွေ့ရွေ့ဆင်းလာ
ကြသည်က ပုံစုံအမျိုးမျိုးသော အရိပ်လိုလိုအရာများ
ကျော်မြတို့အုပ်စုထံသို့ တည့်တည့်မတ်မတ်လာနေ
ကြပြီး အော်ဟစ်အူအညီတောင်းသော်လဲ အသံတွေ
က ထူးဆန်းစွားနဲ့ ထွက်မလာနိုင်ပေ အမှောင်ထဲ၌
သွေးပျက်လုမတတ် အဖြစ်အပျက်များကို လူပြတ်
သည့်နေရာမို့ မည်သူမျှ မသိရှိနိုင်တော့ပါပေ
==============
ကိုမြင့်သိန်းတို့လင်မယား ဆေးဆရာများကို
ပင့်ထားပြီး မရှင်ဖြူကို ကုသနေကြလေသည်
သမီးလေးသာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့
မမြရင်မှာလည်း တစ်ညလုံး မျက်ရည်များဖြင့် မအိပ်
နိုင်ပါပေအာရုံဏ်တတ်ခါနီးတော့ မရှင်ဖြူ သတိပြန်ရ
လာခဲ့၏
….အင်း…
ကိုမြသိန်းတို့လင်မယား သမီးလေးရှင်ဖြူအနား
အပြေးအလွှား နေရာယူလိုက်ကြပြီး
…..သမီး….သမီးလေး…..သက်သာရဲ့လား…..
မရှင်ဖြူ စိုးရိမ်ခြင်းတွေနဲ့ ပြည့်နက်နေသော မိဘ
နှစ်ပါးရဲ့ မျက်နှာကို ကြည့်ရင်းပြုံးခါ
….သက်သာပါတယ်….အဖေနဲ့အမေ…..
……ဒါနဲ့….သမီးအိမ်ကို….ဘယ်လိုပြန်ရောက်လာတာ
လဲ……
ကိုမြင့်သိန်းလဲ အခုမှ ရင်ထဲက အပူလုံးကျသွားပြီး
အကြမ်းရေတစ်ခွက် ငှဲ့သောက်ခါ
….ညက…..သမီးလေးနောက်ကြနေတော့….အဖေတို့
……လိုက်ရှာကြပါတယ်…..ဒါပေမယ့့်…မတွေ့ဘူး…..
….သမီးရဲ့…..သမီးအမေကလဲ….ငိုနေပြီ….အဖေ
လဲ…..ကြံရာမရတာနဲ့….ရွာလူကြီးအိမ်သွားဖို့…
…..အိမ်ထဲကအထွက်…..ခါးတောင်းကို….မြှောင်နေ
အောင်ကျိုက်ထားတဲ့….လူကြီးတစ်ယောက်….
…ငါ့သမီးကိုထမ်းလာပြီး….ခြံထဲဝင်လာတယ်…..
….အဖေလဲ…အဲ့ဒီလူကြီးကို….အထင်လွဲပြီး….ပြသနာ
ရှာဖို့လုပ်တယ်…..ဒါနဲ့….အဲ့ဒီလူကြီးက…ရှင်းပြတယ်..
….သမီးကို….လမ်းမှာလဲနေတာတွေ့လို့….သူလာပို့….
ပေးတာပါတဲ့….အဲ့ဒီလူကြီးက….ပေါင်မှာထိုးကွင်း
တွေနဲ့….နောက်ပြီး….သျှောင်တစောာင်းက….ချထား..
…သေးတယ်သမီးရေ….အဖေဘာမှတောင်သိပ်ပြီး….
….မမေးလိုက်ရပါဘူး…..မြန်မြန်ပဲပြန်ထွက်သွားတယ်
မရှင်ဖြူ အဖေဖြစ်သူ ကိုမြင့်သိန်း၏ ပြောစကားများ
နားထောင်ပြီး တစ်ခုခုကို သိနေသောဟန်ဖြင့်
ပြုံးလျှက်
….သမီးခဏနားဦးမယ်….အမေ…
ဟုပြောပြီး မျက်လုံးများမှိတ်ခါ တရားမှတ်ရင်း အိပ်
စက်နေလေတော့သည်
ရွာထဲ၌လူများ ငိုချစ်ငွေတို့ ယာခင်းဘက်သို့
အပြေးအလွှားဖြင့် သွားနေကြသည် မမြရင်လည်း
အိမ်ရှေ့က ထွက်ကြည့်ပြီး ဘာများထူးခြားသလဲ သိ
ချင်သောကြောင့် ဖြတ်သွားသော လူတစ်ယောက်
အား မေးမြန်ကြည့်သည်
…..ဟဲ့…..ဘယ်သွားပြီး ဘာတွေဖြစ်လို့တုန်း….
….ရွာအပြင်….ကိုချစ်ငွေတို့….ယာခင်းအစပ်နား….
…ညောင်ပင်အောက်မှာ….ကျော်မြတို့…ဖိုးသီးတို့..
အုပ်စု….မျက်လုံးပြူး….လျှာထွက်ပြီး…ဇာတ်တွေ
ကျိုးသေနေကြတယ်တဲ့…..
မမြရင် ကြားရသော သတင်းကြောင့် ရင်များပင်တုန်
လျှက်
…..စိတ်မကောင်းလိုက်တာဟယ်….ဒုက္ခပါပဲ……
ခြံအရှေ့၌ အပြန်အလှန် ပြောနေကြသည်ကို အိပ်ယာ
ထဲက ကြားနေရသော မရှင်ဖြူကတော့ တရားမှတ်
ရင်း ကျော်မြတို့အတွက် မေတ္တာပို့ပေးနေမိတော့သည်
==================
မရှင်ဖြူဖြူ သက်သာလာပြီး သိပ်မကြာခင်မှာပဲ
ကံတရားက မရှင်ဖြူအတွက် ထိုးနှက်ဖို့ ဖန်လာပါ
တော့တယ်
…..ကိုမြင့်သိန်း…
မမြရင်ရဲ့ ဒေါသတကြီးနဲ့ ခေါ်လိုက်တဲ့အသံကြောင့်
ကိုမြင့်သိန်းတစ်ယောက် လန့်သွားမိသည်
…ဟ….ဘာတုန်း….မြရင်ရ….နင်ကလဲ…အလန့်တ
ကြားနဲ့…..
မမြရင်မျက်နှာခက်ထန်နေပြီး ဒေါသအိုးပေါက်ကွဲနေ
သည်ပုံပင်
…..တော်…ဟိုဘက်ရွာက…စက်သူဌေးဦးချမ်းသာရဲ့…
…သားနဲ့….ကျုပ်သမီးကို…အိမ်ထောင်ရက်သား….
…ချထားပေးဖို့…..သဘောတူခဲ့တယ်ဆို….
ကိုမြင့်သိန်း မမြရင်အား တိုးတိုးပြောရန် ဟန်ပြလိုက်
ပြီးနောက်
….အေး….ဟုတ်တယ်ဟ….ငါတို့မှာက….ဒီသမီးလေး.
….တစ်ယောက်ပဲရှိတာမဟုတ်လား…..ငါတို့မရှိတော့
တဲ့အခါ….တစ်ကောင်ကြွက်တစ်မျက်နှာနဲ့….ဒုက္ခ
ရောက်မှာကို….မကြည့်ရက်လို့ပါဟာ…..
မမြရင် ကြားရတဲ့စကားကြောင့် ရင်ထဲဝယ် ဆို့နင့့်
လျှက် မျက်ရည်များပင် ကျလာခဲ့သည်
…..ကိုမြသိန်းရယ်….တော်…မသိတာလဲမဟုတ်ဘူး….
….ကျုပ်တို့သမီးလေး…..တော်ကြောင့်တစ်ခုခုဖြစ်
ရင်…..ကျုပ်တော့်ကို….ခွင့်မလွှတ်ဘူးနော်…..
ကိုမြင့်သိန်းလဲ စိတ်မကောင်းပါ သို့သော်လူကြီးခြင်း
က စကားပြောပြီးပြီမို့ ဘာမျှ မတတ်နိုင်တော့ နောက်
ပြီး သိုက်ဆိုတာတွေကိုလဲ အယုံကြည်နည်းသူ ပီပီ
မဖြစ်နိုင်ဘူးလို့ပဲ သူတွေးထားခဲ့တယ်လေ မိဘနှစ်ပါး
အပြန်အလှန်ပြောနေကြသည်ကို အိမ်ခန်းထဲမှ ကြား
နေရသူ မရှင်ဖြူမှာ တရားမှတ်ရင်း ဖခင်ဖြစ်သူဆန္ဒ
ကို လွန်ဆန်ခြင်းမရှိ မိဘစိတ်ဆင်းရဲမှာကို သူမ မလို
လားခြင်းကြောင့်လည်းဖြစ်လေသည်
နေ့ရက်တို့ တစ်ဖြေးဖြေး ကုန်လွန်လာသည်နှင့်
မရှင်ဖြူဆောက်လုပ် လှူတန်းထားသော ဘုရား
တန်ဆောင်းကြီးမှာလည်း အပြီးသတ်နေပြီဖြစ်၏
တစ်ဖက်မှာလဲ မဂ်လာကိစ္စကို တစ်ဖက်က အလျှင်
အမြန် ဖြစ်မြောက်အောင် စီစဥ်နေကြလေတော့သည်
ဖြစ်ချင်လာတော့ တန်ဆောင်းရေစက်ချပွဲနဲ့ မဂ်လာပွဲ
ဟာ တစ်ရက်သာ ကွာလေသည် မရှင်ဖြူတစ်ယောက်
တန်ဆောင်းကြီးကို အမြန်ပြီးအောင် လိုအပ်သည်များ
ဖြည့်ဆည်းပြီး သကာလ ရေစက်ချလှူတန်းပွဲနေ့သို့
ရောက်လာခဲ့လေပြီ ဆရာတော်များ၏ ဆုံးမသြဝါဒ
များခံယူပြီး တရားနာ ရေစက်ချရင်း ထူးဆန်းစွာနဲ့
မရှင်ဖြူ မျက်ရည်များ အသွင်သွင်စီးကျလာခဲ့သည်
အားလုံးပြီးစီးသွားတဲ့နောက် မနက်ဖြန်ဆို စက်သူဌေး
ဦးချမ်းသာရဲ့သားနဲ့ သူမလက်ဆက်ရမည့်နေ့ပင်ဖြစ်
လေသည် ထိုနေ့ည မရှင်ဖြူ မိဘနှစ်ပါးကို ကန်တော့
ခြေဆုပ်လက်နယ်ပြုစုပြီး ဘုရားခန်းသို့ဝင်ခါ ဘုရား
ကန်တော့ပြီး အတော်ကြာကြာ တရားထိုင်နေခဲ့လေ၏
===============
မနက်ခင်းသည် မိုးများ အုံ့မှိုင်းညိုမည်းလျှက်
သဲသဲမဲမဲ ရွာတော့မည်ဟန် ဒီနေ့ မဂ်လာပွဲကြမှ
မိုးခေါင်တဲ့ အရပ်ဒေသမှာ မိုးတွေ အုံ့မှိုင်းနေခြင်း
ကြောင့် မမြရင် ရင်ထဲ တစ်ခုခုကို စိုးထိတ်နေမိတော့
သည် သမီးလေးလဲ အခုအချိန်ထိ အခန်းထဲက ထွက်
မလာသေးသောကြောင့် မမြရင် သမီးအခန်းထဲသို့
ဝင်နှိုးလိုက်တဲ့အခါ
….သမီး….သမီးလေး….သမီးရှင်ဖြူ…..ဟင်….
…ကိုမြင့်သိန်းရေ…..လုပ်ကြပါဦးတော်….ကျုပ်သမီး
လေး….ခေါ်မရတော့ဘူးတော့်…လာကြပါဦး….
…..အီး…..ဟီး….ဟီး…..
မဖြူရှင်လေးရဲ့ လှပသော ခန္ဓာကိုယ်အား ထွေးပွေ့
ရင်း မမြရင်တစ်ယောက် အသည်းကြွေလုမတတ်
ငိုကြွေးရပါတော့သည် ကိုမြင့်သိန်းနဲ့ ပတ်ဝန်းကျင်က
လူတစ်ချို့ ရောက်လာကြပြီး စမ်းသပ်ကြည့်ကြသော
အခါ မရှင်ဖြူလေးတစ်ယောက် အသက်မရှိတော့ပေ
ပြုံးရောင်သန်းနေသော မရှင်ဖြူလေးရဲ့မျက်နှာ
ကြည့်ရင်း ကိုမြင့်သိန်းတစ်ယောက် သူရဲ့မိုက်ပြစ်
တွေအတွက် ယူကြုံးမရ ငိုကြွေးရလေသည်
…..ငါ့အမှားတွေပါဟာ….ငါသမီးအပေါ်…စိတ်မချ
နိုင်ခဲ့လို့….မလုပ်ချင်ပေမယ့့် ….အယုံအကြည်နည်း
ပြီး….မလုပ်သင့့်တာတွေကို…..လုပ်ခဲ့မိတာပါ……
ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာလဲ အိပ်ယာ
ပေါ်မှ အသက်မဲ့နေသော မရှင်ဖြူလေးကို ကြည့်ရင်း
မျက်ရည်များမထိန်းနိုင်ကြတော့ ငိုကြွေးပူဆွေးရပါ
တော့သည်
မရှင်ဖြူလေးနဲ့ နာရေးကိစ္စအဝဝ ပြီးမြောက်တဲ့
အခါ မမြရင်လဲ ကိုမြင့်သိန်းနှင့်အတူမနေ သမီးလေး
ရေစက်ချ နောက်ဆုံးလှူတန်းခဲ့သော ဘုရား
တန်ဆောင်းကြီးထဲမှာ ရောဂီဝတ်ဘဝနဲ့ တရားထိုင်
တရားမှတ်နဲ့ စိတ်ကို တည်ငြိမ်အောင် ကြိုးစားယူနေခဲ့
လေသည် တစ်ယောက်ထဲရှိသော သမီးလေးအတွက်
အပူသောက ကလဲ အတော်နှင့်တော့ ဖြေမဆည်းနိုင်
ပါပေ တစ်ည ထိုနေညက မမြရင် တရားမှတ်ရင်း
ရုတ်တရက် ငိုက်မြည်းလာတာနဲ့ တရားဖြုခါ အိပ်စက်
ခဲ့သည်
……အမေ…..အမေ့…..
နားထဲ၌ အမေဟူသော အသံကို မမြရင် ကောင်းစွာ
ကြားနေရသည်ည် ဤအသံကို သူမ ကောင်းကောင်းမှတ်
မိနေသောအခါ
……သမီး….သမီးလေး…..ရှင်ဖြူလား….
ဟုတ်ပါသည် အမြင်အာရုံဏ်ထဲသို့ သမီးလေး
မရှင်ဖြူ တစ်ဖြေးဖြေးပေါ်လာ၏ မမြရင်တို့ထံမှာ
နေခဲ့ရသလို ပုံစံမျိုးမဟုတ်ပဲ နတ်ဝတ်တန်ဆာနဲ့
ရွှေရောင်တွေ တစ်ဖိတ်ဖိတ်တောက်ပလို့ပါပဲ
…..အမေ….
မမြရင် သမီးလေးရှင်ဖြူ အနားသို့ ဝမ်းသာခြင်းများ
နဲ့ ပြေးသွားခဲ့ပြီး
….သမီးလေး….အမေသတိရနေတာ…..သမီးရဲ့…..
မရှင်ဖြူကတော့ ထုံးစံအတိုင်း အပြုံးလေးဖြင့်
…..သမီးအတွက်….စိတ်မပူပါနဲ့….အမေ…သမီးအခု
…..ကောင်းမွန်ရာဘုံဘဝမှာ…..ခံစားစံစားနေပါပြီ…..
….အမေတို့ရဲ့….ဂုဏ်ကျေးဇူးတွေကိုလဲ….အမြဲတမ်း
အမှတ်ရနေပါတယ်….အဖေ့ကိုလဲ…စိတ်မဆိုးပါနဲ့….
…စိတ်မနာပါနဲ့…..အမေ…..အဖေဆီကို…အမေပြန်ပါ
မမြရင် သမီးကိုလွမ်းတဲ့စိတ် သံယောစဥ်ကြီးတဲ့စိတ်
ကြောင့် မျက်ရည်တို့ကျခါ
….သမီးလေးရယ်…အမေတို့ဆီကို….ပြန်လာပါကွယ်..
မရှင်ဖြူ ငြိုးငယ်သော မျက်နှာလေးဖြင့်
…..ကံမကုန်ုရင်တော့….. သံသယာာတစ်ကွေ့ ….
….ပြန်ကာတွေ့ဦးမယ် ….ထင်ပါတယ်…. အမေ….
ပြောရင်းနဲ့ မရှင်ဖြူအမြင်အာရုံဏ်ထဲမှ ဝေဝါး
ပျောက်ကွယ်သွားလေးတော့သည်
တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုပေမယ့့် မမြရင်ရဲ့ ရင်
ထဲမယ်တော ဆို့နင့်ကြေကွဲနေစဲပါပဲလေ
မရှင်ဖြူ၏ ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းလေး
သည်လဲ ပုံပြင်လိုလို ပါးစပ်ရာဇဝင်လိုလိုဖြင့် ဤရွာ
လေးဝယ် ယနေ့ထက်တိုင် ကျန်ရစ်ခဲ့ပါတော့သည်
….ပြီးပါပြီ….
.
ဆက်လက်ကြိုးစားပါဦးမည်
….လေလွင့်လူ;(တွံတေး)