သိုက်နန်းရှင်မ လှထားရီ

သိုက်နန်းရှင်မ လှထားရီ(စ/ဆုံး)

—————————–

၁၃၇၂ – ခုနှစ်။

ညီညီ တစ်ယောက် ရွာငယ်ချောင်မှာ နွား သွားကျောင်းပြီးပြန်ရောက်
ကတည်းက မူသိပ်မမှန်။
တစ်ခုခုကို ထိတ်လန့်နေသလိုလို၊ လူကြားထဲပဲတိုးဝင်နေ၏။
စကားပြောနေရင်းလည်း အလိုလို လန့်နေ၏။
သူ့မျက်ဝန်းမှာ အကြောက်တစ်ရားတစ်ခု ကြီးစိုးနေ၏။
****************************

အောင်မြင်ကုန်း ရွာ၌ လူပျိုကာလသားအပေါင်း ည ဆိုရင်တစ်စုတဝေးတည်းအိပ်သောအိမ်တစ်အိမ်ရှိ၏။( ရွာဓလေ့ တစ်ခုပါ)။
နေ့ခင်း ဘက်ဆို ကိုယ့်အလုပ်ကို လုပ်ကြပေမဲ့ ည ဆို အကုန်လုံးထို
အိမ်၌ လာရောက်စုဝေးကြလေ့ရှိ၏။
( လူတိုင်းနီးပါး ဖုန်း ကိုင်နိုင်လာကတည်းက ထိုဓလေ့ မရှိတော့ပြီ)
ထိုအိမ်၌ အိပ်သူထဲ ညီညီ လည်းတစ်ယောက်အပါအဝင်ဖြစ်၏။

ထိုအိမ်၏ ပိုင်ရှင်ကား သားတစ်ယောက်မိခင် အသက် ၄၀ပြည့်ခါနီး
အရွယ် ဒေါ်မိုးမိုး။

ထိုည အားလုံး အိပ်မောကျနေကြတုန်း
” အောင်မလေး ကြောက်ပါပြီဗျ၊ ကြောက်ပါပြီ မလာနဲ့ မလာနဲ့ ” ဟု
ညီညီ ထအော်၍ အကုန်လုံးနိုးကုန်ကြ၏။
သို့ပါသော်လည်း
အိပ်မက်ဆိုးမက်၍ ယောင်ယမ်းနေတာဟု ထင်ကြ၍ ဘယ်သူမှသိပ်
ဟန်ရေးမလုပ်။ ပွစိပွစိမြည်ပြီး အကုန်လုံးပြန်အိပ်ကြကုန်၏။
ညီညီ ကား တစ်နာရီပြန် နှစ်ချက်လောက်လွန်မှ ပြန်အိပ်ပျော်သွားတော့၏။
*****************************

နံနက် ရောက်တော့ ညီညီ မနေ့ကလို မကြောက်တော့ပဲ ထူးခြားစွာ
အူမြူးနေ၏။
” ဟေ့ ကောင်တွေ မြန်မြန်လုပ်ကြ၊ ရွာငယ်ချောင်သရက်
ခင်းမှာ နွားသွားကျောင်းကြမယ်” ဟုပင်
သူငယ်ချင်းတွေကို အော်ခေါ်နေသေး၏။

ရွာငယ်ချောင် ဟူသည်ကား အောင်မြင်ကုန်း နဲ့ ခပ်လှမ်းလှမ်းမှာရှိသော (လူကြီးတွေပြောစကားအရ ရွာပျက် နေရာ) သရက်ခင်းပင်။
ထိုနေရာကား ဟိုတုန်းက သုံးလောင်းပြိုင်လူသတ်မှု့ဖြစ်ခဲ့သော နေရာ
ဟု ကျော်ကြား၍ နွားကျောင်းသားတွေကလွဲလို့ သွားရဲသူသိပ်မရှိလှ။

သူတို့သူငယ်ချင်းတစ်စု ရွာငယ်ချောင်သရက်ခင်းသို့ ရောက်သောအခါ
ညီညီ က ” ကျော်ဆန်း ငါ့နွားတွေကို ကြည့်ထားပေးကွာ ငါ ကိစ္စရှိ
သေးလို့” ဟု ကျော်ဆန်းဆိုသူအား မှာကြားကာ သရက်ခင်းထဲသို့ပြေး
ဝင်သွားပါတော့၏။ ။
**********************************

” ကျော်ဆန်း မင်း သီချင်းသံတွေကြားလား”

” အေး ကြားတယ်ကွ မင်းလှ ရ ဒါပေမဲ့ ဘာသီချင်းလဲကွ ငါတော့
တစ်ခွန်းမှ နားမလည်ဘူး ”

” အေးကွ မင်းပြောတာ ဟုတ်တယ် အော် အဲဒါ ထားအုန်း ညီညီ
ကော ညီညီ ကိုကြည့်ခိုင်းလိုက်တဲ့ ကိုခိုင်စိုး ရော ကြာနေပါလား”

မင်းလှ ဆိုသူ၏ စကားမဆုံးမီမှာပင် ကိုခိုင်စိုး မောမောနှင့်ရောက်လာ၏။
ကျော်ဆန်း က ” ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ” မေးနေသော်လည်း
ကိုခိုင်စိုး ဘာမှ မပြောပဲ မင်းလှ နှင့် ကျော်ဆန်း တို့ကို အတင်းဆွဲခေါ်
လာပြီး
” ဟိုး သရက်ပင်ပေါ်ကိုကြည့် ” ဟုပြောလိုက်၏။
ကျော်ဆန်း တို့လည်း ကိုခိုင်စိုး ပြောသည့်အတိုင်းကြည့်လိုက်သောအခါ သရက်ပင်တစ်ပင်၏ ဟိုးးး အပေါ်ဆုံးအကိုင်းကလေးမှာထိုင်ကာ
ဘယ်သူမှ နားမလည်သော သီချင်းကို ညဉ်းနေသော ညီညီ ကို ထူး
ဆန်းစွာတွေ့လိုက်ရ၏။
တစ်ခါတစ်ခါ အားပါးတရ ရယ်လိုက်သေး၏။ ။

သူ့သူငယ်ချင်းသုံးယောက်ကတော့ ” ဘာလဲဟ” ဟူသော အဓိပ္ပာယ်
ဖြင်း တစ်ယောက်ကို တစ်ယောက်ကြည့်မိတော့၏။
&&&&&&&&&&&&&&&&&&&

ထိုည ညီညီ တစ်ယောက်တည်း လှေကားမှာထိုင်ပြီးစကားပြောနေ၏။
ထိုအချိန်၌ အိပ်မပျော်၍ အောက်ဆင်းလာသော ကာလသားခေါင်း
အောင်ဆွေ က ညီညီ ကိုတွေ့တော့

” ဟေ့ ညီညီ တစ်ယောက်တည်းစကားပြောနေပါလား ဘာလဲ အိပ်
မပျော် လုိ့လား” ဟု မေးလိုက်သောအခါ ညီညီ က
” မဟုတ်ပါဘူး ကျွန်တော် လှထားရီ နဲ့စကားပြောနေတာပါ” ဟု
ပြန်ဖြေလေ၏။

” လှထားရီ လှထားရီ ဟုတ်လား ဘယ်က လှထားရီ လဲ တို့ရွာမှာ
ဒီနာမည်ကို မကြားဖူးပါဘူး ”

” ဘယ်ကြားဖူးပါ့မလဲ လှထားရီ က ရွာငယ်ချောင် သရက်ခင်း ကလေ၊ ဒီရွာကမှ မဟုတ်တာ ” ဟု
ပြောပြီး မျက်နှာစိမ်းကြီးနဲ့ ကြည့်ကာ ” သွား သွား သွားအိပ်တော့”
ဟု မိန်းကလေးတစ်ယောက်၏ အသံဖြင့်ပြောလိုက်တော့
အောင်ဆွေ ခမျာ စိတ်ညို့ခံထားရသူလိုဖြစ်ပြီး ” အင်း” ဟု တစ်ခွန်း
ပြောပြီး အိပ်ခန်းထဲ တန်း ဝင်သွားတော့၏။ ။
******************************

ဒီလိုနဲ့ တစ်ည မဟုတ်၊ နှစ်ည မဟုတ်၊
ညစဉ်ညတိုင်းဆိုသလိုပင် တစ်ယောက်တည်းစကားပြောနေလေ့ရှိ၏။
အထူးသဖြင့် စနေနေ့၊ ည ဆိုလျှင်ပို၍အူမြူးနေ၏။
တစ်ခြားနေ့တွေဆိုလျှင်တစ်ယောက်တည်း ငူငူကြီးထိုင်နေလေ့ရှိ၏။

သူငယ်ချင်းတွေနဲ့လည်း အနေစိမ်းလာ၏။
မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အပြောအဆို မလုပ်တော့ပေ။
ဘာမှလည်း မသောက် မစားတော့ တစ်ကိုယ်လုံးလည်းပိန်လိန်ချုံး
ကပ်လာ၏။
အဆိုးဆုံးက လူတွေ ကိုမေ့လာခြင်းပင်။
အတူတူ နွားကျောင်းနေကျ သူငယ်ချင်းများကိုပင်
” မင်းဘယ်သူလဲ ” ဟုမေးသည်အထိ ဖြစ်လာ၏။ ။
********************************

တစ်ခု သောလပြည့် ည ။ စနေနေ့။

တစ်ရွာလုံးအိပ်မောကျနေကြပေမဲ့ အိပ်မပျော်သူတစ်ယောက်က ညီညီ
ပင်။ ညီညီ တစ်ယောက်တည်းစကားပြောကာ ခေါက်တုန့်ခေါက်ပြန်
လမ်းလျှောက်နေ၏။
သူ့ကြည့်ရတာ တစ်ခုခု ကို ဆုံးဖြတ်ချက်ချနေသလိုလို။

ထိုအချိန် တစ်ရေးနိုးကာ ရေထသောက်သူက ဒေါ်မိုးမိုး။

ညီညီ တစ်ယောက်တည်း စကားပြောကာ ခေါက်တုန့်ခေါက်ပြန်လမ်း
လျှောက်နေတာကို မြင်၍ သင်္ကာမကင်းဖြစ်ကာ တိတ်တိတ်ကလေး
ချောင်းကြည့်နေမိ၏။ ညီညီ ကား မြင်ဟန်မတူ။

ခဏကြာတော့ ညီညီ ဒေါ်မိုးမိုး ၏ ခြံဝင်းမှ ထွက်သွား၍ ဒေါ်မိုးမိုး
လည်း နောက်မှ လိုက်သွား၏။ ။
မလှမ်းမကမ်းမှာ ရှိသော စာသင်ကျောင်းနားရောက်သွားသောအခါ
ညီညီ ရဲ့ အင်္ကျီစကိုဆွဲပြီး

” ဟေ့ ညီညီ ဒီအချိန်ကြီး နင် ဘယ်သွားမလို့တုန်း ” မေးတော့

ညီညီ က ” ခင်ဗျားဘယ်သူလဲ ကျုပ်ကိုလွှတ်ဗျာ ကျုပ်ကို လှထားရီ
စောင့်နေတယ် ” ဟုပြန်ဖြေ၏။

” လှထားရီ ဘယ်က လှထားရီ လဲ ဒီနာမည်ကို မကြားဖူးပါဘူး အော်
ဟေ ဘယ်သူပဲစောင့်စောင့် လာ လိုက်ခဲ့ ညကြီးအချိန်မတော် လာ
လာ ”
ဒေါ်မိုးမိုး ထိုသို့ပြောပြီး ညီညီ အား မရမက ဆွဲခေါ်နေတုန်း
” ဟင်းးးး ဒီတစ်ကြိမ်တော့ ရှိပါစေတော့ နောက်တစ်ပါတ် စနေနေ့
ငါလာခေါ်မယ် ညီညီ ငါတို့ချစ်ခြင်းကို ဘယ်သူမှ မခွဲစေရဘူး နင်
ဘယ်မှ မသွားပဲ ဒီအိမ်ကပဲ ငါးကို စောင့်နေပါ င်မရ ရအောင် အော်
မယ် ”
ဟု အကောင်အထည်မမြင်ရပဲ ပြောတဲ့ အသံကို ညီညီ ရော ဒေါ်မိုးမိုး
ပါ ကြားလိုက်ရတော့၏။ ။
********************************

မနက်ရောက်တော့ ဒေါ်မိုးမိုး ရဲ့ အသိပေးမှု့ကြောင်း ညီညီ ရဲ့ အမေ၊
အစ်ကိုကြီး နဲ့ သူ့မရီး ( ညီညီ့ အစ်ကိုကြီးရဲ့ မိန်းမ) တို့ ထိတ်ထိတ်
ပျာပျာ နဲ့ ရောက်လာကြ၏။။

” ညီညီ သား သားလေး အမေ ရှိတယ် ဘာမှမဖြစ်ဘူးနော် ”
မိခင်ဖြစ်သူကစိုးရိမ်တကြီး မေးပေမဲ့ ညီညီ ကား ဘယ်သူ့ကိုမှမမှတ်မိ
ချေ။
အစ်ကိုဖြစ်သူရော မရီးဖြစ်သူ တို့ကပါ ချော့မော့ပြောဆိုကြသော်လည်း

” ခင်ဗျားတို့ဘယ်သူတွေလဲ ကျုပ်ကို ဘာတွေလာပြောနေကြတာလဲ
ကျုပ်က လှထားရီ လာခေါ်မှာကိုစောင့်နေတာ သွားကြ သွားကြ
တော်ကြာ လှထားရီ စတ်ဆိုးလိမ့်မယ် လှထားရီ က မှာထားတယ်
သူမ ကလွဲရင် ဘယ်သူ့ကိုမှ စကားမပြောနဲ့တဲ့ သွားကြစမ်းပါဗျာ””
ဟု သာပြောနေ၏။။

ညီညီ ရဲ့မိခင်မှာ မျက်ရည်စက်လက်နဲ့။
ညီညီ လည်း လှထားရီ ဟူသောနာမည်ကလွဲပြီး ဘာမှမမှတ်မိချေ။။

ခဏလေးကြာတော့ ညီညီ ရဲ့ မရီးဖြစ်သူ က
” ညီညီ မောင်လေး မင်းကို လှထားရီ စောင့်နေတယ် သူက ငါတို့ကိုပြောလိုက်တယ် မင်း ကို ရအောင်အော်ခဲ့ပါ တဲ့” ဟု
ပြောလိုက်တော့ ယောက်ခမ နဲ့ယောကျာ်း တို့က
” ဟေ နင်ကော ရူးသွားပြီလား ဘာတွေပြောနေတာလဲ” ဟု

ပြောကြပေမဲ့ ညီညီ ကတော့

” ဟာ လှထားရီ လား ကျုပ်ကို လှထားရီ က ခေါ်ခိုင်းတာတဲ့လား
လာ လာ လာ သွားကြမယ် ခုပဲသွားကြမယ် ” ဟု
အူမြူးစွာပြောဆိုပါလေတော့၏။။
**********************************

ထိုကာလ ထိုအချိန်အခါ ၌
အောင်မြေကုန်းရွာမှ နတ်ဆရာမများ အနက် ဒေါ်သန္တာ ဟူသော
နတ်ဆရာမ အတော်ပင် နာမည်ကြီးနေ၏။
ရေခြားမြေခြားမှ ညအိပ်ညနေ လာကြပြီး နတ်မေးသူများပင်ရှိခဲ့၏။

မှန်လွန်းလို့တဲ့ တစ်ချို့ဆို ရွှေဆွဲကြိုးရွှေလက်ကောက် တွေကို ချွတ်
ပေူခဲ့ကြသူများပင် အများအပြားရှိခဲ့ကြ၏။။

ညီညီ ကို ညာခေါ်လာပြီးနတ်ဆရာမဒေါ်သန္တာ အား အကြောင်းစုံပြော
ပြကာ သူမရဲ့ အိမ်မှာ ညီညီ ကိုထားပေးထားတော့ ညီညီ အတော်
လေး တည်တည်ငြိမ်ငြိမ်ရှိလာ၏။

သို့သော်

တစ်ခြား နတ်ဆရာမ တစ်ယောက် ထမီကိုရင်လျားဝတ် ဆံပင်ကို ဖြေ
ချပြီး ဒေါ်သန္တာ ရဲ့ ခြံဝင်းရှေ့လာကာ
” ဟေ့ သန္တာ ဆိုတဲ့ ကောင်မ ခု ထွက်ခဲ့စမ်း ကောင်မ ငါသိုက်နန်း
ရှင်မ ခေါ်နေတယ် ခုထွက်ဆိုထွက်ခဲ့စမ်း ” ဟု

အော်ခေါ်နေ၍ ဒေါ်သန္တာ လည်း အခြေအနေကို ရိပ်မိတော့ သတိကြီး
ကြီး ထားကာ ထွက်လာခဲ့၏။

တခြား နတ်ဆရာမကား ခြံဝင်းထဲ မဝင်ပါ။
ဒေါ်သန္တာ ကို မြင်သောအခါ ဒေါသမီး ဟုန်းဟုန်း တောက်လောက်နေ
သော မျက်လုံးတို့ဖြင့် စားတော့မလို ဝါးတော့မလို ကြည့်ကာ

” ဟေ့ကောင်မ နင်က ရွာစောင့်အရှင်မ ရဲ့ ညီမ သေလို့ဝင်စားတယ်
ဆိုတာနဲ့ပဲ ငါ့ကို နိုင်မယ် ထင်လား ငါက နင်ရော နင်တို့ ရွာစောင့်
အရှင်မရော မမွေးကတည်းက ရှိနေတာဟဲ့ ဒီလောက်ဆို နင် ငါ့
အစွမ်းကို သိပြီထင်ပါတယ် အေ ညီညီ က ငါ့ယောကျာ်းသေလို့
ဝင်စားတာအေ့ လူ့စည်း ဘီလူစည်း ရှိနေလို့ ငါခုမှ တွေ့ခွင့်ရတာ
ငါ မရရအောင်ပြန်ခေါ်မှာ အေး ငါ့လမ်းမှာ နှောက်ယှက်နေရင်တော့
ငါ့ကို အဆိုးမဆိုကြနဲ့ ငါက သိုက်နန်းရှင်မ လှထားရီ တဲ့ ဟေ့
တောက် ”
ဟုပြောကာ မြေကို ခြေဖနှောင့်ဖြင့် ဆောင့်ကာ ထွက်သွားတော့၏။။

လှထားရီ ဟူသော အသံကို ကြားသည်နှင့် ညီညီ ထဖောက်ပြန်၏။

အားကောင်းမောင်းသန်ယောကျာ်ကြီး ခြောက်ယောက် တို့က မနည်း
ချုပ်ထားရ၏။
ညီညီ ရဲ့ မိခင် က ” ဒီအတိုင်းဆို မဖြစ်ချေဘူး” ဟုကြံကာ
ရွာဦးကျောင်း ဆရာတော်ဆီ သွားပြီး အကျိုးအကြောင်းလျောက်ထား
လိုက်ကြ၏။
ဆရာတော်ဘုရားက သနားကရုဏာသက်မိပေမဲ့ ရဟန်းဝိနည်းကရှိသေးတာမို့ ဦးသူတော် ကို ညွှန်ပြတော်မူ၏။

(ဟိုးယခင် က အောင်မြင်ကုန်း ရွာမှာ ဦးသူတော် မရှိခဲ့ပါ။
ဤ ဦးသူတော် အောင်မြင်ကုန်း သို့ ရောက်နေသည်မှာ နှစ်အနည်း
ငယ်သာရှိပါသေး၏။)

ဦးသူတော် မှ ” ညီညီ ကို ကျောင်းကိုယခေါ်ခဲ့ ” ဟုမိန့်၍ခေါ်ခဲ့ရပြန်
၏။ ။
ညီညီ ကျောင်းသို့ရောက်သည်နှင့် ဦးသူတော်က
” ကျန်တဲ့သူတွေ သွားကြ သွားကြ အိမ်ပြန်ကြ သူ့ကိုထားခဲ့ နောက်
(၇ ) ရက်နေရင် ညီညီ ဘာမှမဖြစ်ပဲပြန်ရောက်လာလိမ့်မယ်
ဟိုကောင် ညီညီ သွား ဟိုး တံမြက်စည်း ကိုယူပြီး ဘုရားပရိဝုဏ်
မှာရှိတဲ့ အမှိုက်တွေကို သွာလှည်းချေ” ဟုမိန့်လိုက်၏။

အံ့သြစွာပင် အိမ်မှာတုန်းက လူကြီး ၆ ယောက်လောက် ချုပ်ထားမှ
ငြိမ်သော ညီညီ ခု ဦးသူတော် ရဲ့ စကားကိုလည်း ကြားရော လုံးဝ
မဖီဆန် ပဲ တံမြက်စည်းကို ယူကာ ဘုရားပရိဝုဏ်အတွင်းမှ အမှိုက်
တွေကို သွားလှည်းတော့၏။
&&&&&&&&&&&&&&&&&&

( ၇ ) ရက်မြောက်နေ့ ညီညီ အကောင်းပကတိပြန်ရောက်လာ၏။
ယာဘက်လက်မောင်းမှာတော့ အဆောင်လက်ဖွဲ့တစ်ခု ဝတ်ထား၏။
မိခင်ဖြစ်သူက အနားမှာ ရက်အနည်းငယ်ထားပြီး အဝေးမှာ ရှိသော
သမီးကို သတင်းစကားပါးကာ ညီညီ ကို လာခေါ်စေ၏။
အဆောင်လက်ဖွဲ့မပျောက်စေရန် အထူးတလည်မှာကြားလိုက်၏။
************************
တစ်နှစ်ကျော်ကျော် လောက်ကြာသောအခါ ညီညီ အလုပ်ထဲ ခြေ
ထောက်ထိခိုက်ဒဏ်ရာရ၍ ( ၆ ) လနီးပါး ဆေးကုသမှု့ ခံယူလိုက်
ရ၏။
ဆေးကုသမှု့ ခံယူနေစဉ်အတွင်း အဆောင်လက်ဖွဲ့ကို ချွတ်ပြီး
ဘယ်နားထားမိသည်မသိ။

ညီညီ တစ်ယောက်တည်းစကားပြောလာပြန်၏။
ည ည ဆို မအိပ္​။
ည ရောက်ပြီဆို ခြေထောက်က ဘာမှမဖြစ်သလို လမ်းထလျှောက်ပြီး
တစ်ယောက်တည်းစကားတွေပြောလာပြန်၏။
မနက်ရောက်ရင် အိပ်ရာမှာလဲကာ “ရွာပြန်မယ် ရွာပြန်မယ် လှထားရီ
စောင့်နေတယ်” ပဲပြောပြန်၏။

မိခင် ဖြစ်သူနှင့် အစ်ကို ဖြစ်သူတို့က သတင်းရ ရချင်းလိုက်သွားပေမဲ့
သူတို့ထက်ဦးစွာ ဦးသူတော်က ရောက်နှင့်နေပြီ။

ညီညီ ရဲ့မိခင်ကိုမြင်တော့ ဦးသူတော် က

” နင်တို့မပေါ့လျော့ကြနဲ့ ဟို ကောင်မ က ခုထိသူ့အနားမှာတွယ်ကပ်
နေတုန်း ရော့ရော့ ဒီအဆောင်လက်ဖွဲ့ကို ဝတ်ထားချေ ဘယ်တော့
မှ မချွတ်နဲ့ ငါသိတာမြန်ပေလို့ပေါ့ နို့မဟုတ်ရင် နင့်သားကို ဟိုကောင်မ ခေါ်သွားလိမ့်မယ် နောက်တစ်ခါ ဆို ငါလည်း ကယ်နိုင်မှာ မဟုတ်
ဘူး ဟိုကောင်မ က အစွမ်းထက်သလို သံယောဇဉ်လည်းကြီးတယ်
ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုမမေ့ကြနဲ့
ညီညီ ကြားလား ” ဟု

မှာကြားခဲ့၏။

ညီညီ လည်းထိုအခါမှစ၍ အဆောင်လက်ဖွဲ့ကို လုံးဝ မချွတ်သလို
မိခင် ဖြစ်သူကလည်း လုးဝ မချွတ်စေပါ။

ထိုအဖြစ်အပျက်အပြီးမှာ ဦးသူတော်ကိုလည်း လုံးဝ မတွေ့ရတော့ပါ။
ရွာဦးကျောင်းဆရာတော် အပါအဝင် ဘယ်သူကမှ ဦးသူတော်
ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာကို ဘယ်သူမှမသိကြပါ။
သိုက်နန်းရှင်မ လှထားရီ လည်း နောက်ထပ်မပေါ်လာတော့ပါ။ ။
************************

ယခု အခါကား
ညီညီ သည် တစ်ရွာတည်းနေ ဥမ္မာ ဆိုသောမိန်းကလေးနှင့်
အိမ်ထောင်ကျကာ အလွန်ချစ်စရာကောင်းသော သားဦးရတနာ
ကိုပင် ပိုင်ဆိုင်ထားရပြီး၊
ဘဝကို အေးချမ်းစွာဖြတ်သန်းကာ
သာယာသောမိသားစု ဘဝ လေးကို တည်ဆောက်နိုင်ခဲ့ပါပြီ။ ။

ထို့အတူ ဦးသူတော်ပေးခဲ့သော အဆောင်လက်ဖွဲ့ကိုလည်း ယနေ့
တိုင် ဝတ်ထားမြဲ ပင်ဖြစ်၏။ ။
*************************
***************************************
ပြီးပါပြီ။။
***********
ရွှင်လန်းချမ်းမြေ့ကြပါစေ။
**************************************
လေးစားစွာဖြင့် = wizard
*******************