သုဘရာဇာ မောင်မြမောင်

မှော်စက်ရှင် နှင့် သုဘရာဇာ မောင်မြမောင်
=================================
အမှောင်ထု ကြီးစိုးနေသော ညချမ်း
အချိန်တွင် အင်တိုင်းရွာ သချိုင်းသို့
လူငယ်တစ်ဦး လျှောက်လှမ်းလာသည်။
ထိတ်လန့် စရာကောင်းလာသော အင်တိုင်းရွာ သချိုင်းကြီးကား ညအမှောင်ထဲတွင် သာမန်လူများအဖို့
ခြောက်ခြားစရာ ကောင်းလှသည်မှာ
ဧကန် မလွဲပင် ဖြစ်သည်။လူငယ်သည်
အင်းတိုင်းရွာ သချိုင်း၏ အစပ်သို့
ရောက်သောအခါ လျှောက်လှမ်း
လာသော ခြေလှမ်းများအား ရပ်တန့် လိုက်သည်။လူငယ်သည် ဤသို့ ခြေလှမ်းများအား ရပ်တန့်၍ သချိုင်းအတွင်းသို့ မျက်လုံး
ဖြင့် လှမ်းကြည့်လိုက်သောအခါ
နီရဲသော မျက်လုံးပေါင်း များစွာအား
တွေ့ရလေ၏။လူငယ်လည်း အခြေအနေအား ရိပ်မိ၍ သချိုင်းအစပ်မှ မြေမှုန့်များအား လက်ဖြင့်ယူ၍ ဂါထာတစ်ပုဒ်အား နှုတ်မှမာန်ပါပါနှင့် ရွတ်ဆိုလိုက်သည်။
ဂါထာရွတ်ဆို၍ ပြီးသောအခါ လူငယ်သည် လက်အတွင်းမှ မြေမှုန့်များအား သချိုင်းအတွင်းသို့
လှမ်းပစ်လိုက်သည်။ လူငယ်ပစ်လိုက်
သော မြေမှုန့်များသည် သချိုင်းမြေနှင့်
ထိသောအခါ လေပြင်းများ အရှိန်အဟုန် ပြင်းစွာတိုက်ခက် လာလေသည်။လေပြင်းများ၏ တိုက်ခက်သည့် အရှိန်ကြောင့် လူငယ်၏ ရှည်လျားသော ဆံနွယ်များ
သည် လေထဲတွင် လွင့်မြောလျှက်ရှိ၏။
ဤအချိန် သချိုင်းအတွင်းမှ အသံနက်
ကြီးဖြင့် အော်လိုက်သော လူတစ်ဦး၏
အသံအား ကြားလိုက်ရသည်။ဤသို့
ရုတ်တရက် အော်လိုက်သော အသံနက်ကြီးကြောင့် သချိုင်းအတွင်းရှိ သစ်ပင်များပေါ်တွင် အိပ်တန်းတက်
နေသော ကျီးများပင်လန့်၍ ပျံကုန်ကြသည်။
လူငယ်လည်း အခြေအနေအား
ရိပ်စားမိ၍ အချိန်မဆိုင်းတော့ဘဲ သချိုင်း အတွင်းသို့ လျှောက်လှမ်း လာခဲ့သည်။သချိုင်းအတွင်းသို့ အတော်
လျှောက်လှမ်းလာပြီး သောအခါ လူငယ်သည် တစ်စုံတစ်ခုအား
မြင်သွားဟန်ဖြင့် ခြေလှမ်းများအား
ရပ်တန့်လိုက်၏။
“ဟေး….မှော်စက်ရှင် ငါသချိုင်းထဲ
ကို လာရဲတယ်ပေါ့ မင်းမြင်လား ဒီသချိုင်း အတွင်းမှာ မဖဲဝါပြီးရင် ငါက
ဘုရင်ကွ ဟား….ဟား….”
အသက် ငါးဆယ်ခန့်ရှိ၍
ပုဆိုး အပြာကွက်ကြီးနှင့် လူကြီးသည် လူငယ်အား လှမ်းပြောလိုက်၏။
လူငယ်သည် ဤသို့ ပြောဆိုနေသော
လူကြီး၏ စကားအား ပြန်လည် ပြောကြားခြင်း မရှိဘဲ ငြိမ်သက်စွာ
ရပ်နေလေ၏။
ဤလူကြီးသည် မှော်စက်ရှင်အား
ဤသို့ပြော၍ အုတ်ဂူပေါ်တွင် လူရိုးခေါင်း ငါးလုံးအားတင်၍ ဘေးပတ်
ပတ်လည်တွင် အနီရောင် ဖယောင်းတိုင်များအား ထွန်းလေသည်။
“ဒီမယ် သုဘရာဇာကြီး ကျုပ်စကားတွေ
ရှည်ရှည်ဝေးဝေး မပြောချင်ဘူး ခဗျား ဒီအောက်လမ်း ကျင့်စဉ်တွေကို
ဆက်ကျင့်ပြီး ခုနှစ်ရက် သားသမီးတွေကို
ဆက်ဒုက္ခပေးဦးမှာလား”
မှော်စက်ရှင်သည် ဤသို့ ပြော၍ သချိုင်းမြေအား လက်ဖြင့်ထောက်ပြီး
ပါးစပ်မှ အမိန့်သံပါပါနှင့် စကားတစ်ခွန်း
အား ပြောလိုက်သည်။
“သချိုင်းရှင်မ မဖဲဝါ အထက်ပုဂ္ဂိုလ်ကြီး
တွေရဲ့ တာဝန်ပေးချက်အရ သုဘရာဇာ
ဦးမြမောင်ကို အမြင်မှန် ရစေပြီး သူပညာ
တွေ နုတ်ယူရန် ကျုပ်ကို တာဝန်ပေးလိုက်ပါတယ်
ဒါကြောင့် ကျုပ်ခုရောက်နေတဲ့ မဖဲဝါရဲ့ ပိုင်နက်နေရာကို သချိုင်းမြေ အဖြစ်မှ
အချိန်ခဏကြာမျှ စွန့်လွတ်ပေးပါ “
မှော်စက်ရှင်၏ အမိန့်သံ ပါလှသော
လေသံသည် မှောင်မဲနေသော သချိုင်း
အတွင်း ပျံနှံသွားလေ၏။မှော်စက်ရှင်၏
အမိန့်သံ ဆုံးသောအခါ ဘေးပတ်ပတ်လည်မှ မဲမဲအရိပ်များစွာ
သည် သချိုင်း အတွင်းနက်ထဲသို့ ဝင်ပြေးကြ
လေသည်။
“ဟား….ဟား…မှော်စက်ရှင်…မှော်စက်
်ရှင် မင်းကလူငယ်သလောက် ပညာတော့
ထက်သားပဲကွ “
“ဒီမယ် သုဘရာဇာကြီး ပညာတွေထက်တာ မထက်တာ ကျုပ်မသိဘူး ကျုပ်သိတာက ခဗျားကို
အမြင်မှန် ရစေဖို့ပဲ”
“အမြင်မှန် ရစေချင်လို့ ဟုတ်လားကွ
ခုငါအသက် ငါးဆယ်ရှိပြီ ငါငယ်ငယ်
လေးထဲက အောက်လမ်း ပညာကို
လိုက်စားခဲ့တာ ခုမှအမြင်မှန် ရဖို့ လာမပြောနေနဲ့ အချိန်နှောင်းသွားပြီ
မှော်စက်ရှင် “
“ဒီမှာ သုဘရာဇာကြီး အချိန်ကြာတယ်
ခဗျား ပညာတွေ စထုတ်တော့ ခုကျုပ်တို့
ပညာပြိုင်မယ့် နေရာက သချိုင်းမြေ မဟုတ်တော့ဘူး မြေသန့်သွားပြီ “
“ငရဲကို စောစော ရောက်ချင်တော့လဲ
ငါက ပို့ပေးရတာပေါ့ကွာ “
သုဘရာဇာ ဦးမြမောင်သည် မှော်စက်
ရှင်အား ဤသို့ပြော၍ လွယ်အိပ်ကြီး
အတွင်းမှ အနက်ရောင် ကြောက်နက်ရုပ်
လေးတစ်ခုအား နှိုက်ယူလိုက်၏။သုဘရာ
ဇာကြီးသည် ကြောင်နက် ရုပ်လေးအား
လက်ဖြင့်ကိုင်၍ ကြောင်နက်ငစိုး မင်းရှေ့မှာတွေ့တဲ့ ကောင်ကို ကိုက်သတ်
လိုက်စမ်း “
သုဘရာဇာကြီးသည် ကြောင်နက် ရုပ်လေးအား ဤသို့ အမိန့်ပေး၍ မြေပြင်
ပေါ်သို့ ပစ်ချလိုက်သည်။ကြောင်နက်ရုပ်
လေးသည် မြေပြင်ပေါ်သို့ ရောက်သည့်
နှင့် တုန်ခါလျှက် နွားမဒန်းမ အရွယ်ခန့်ရှိ
သော ကြောင်နက်ကြီး
အသွင်သို့ ပြောင်းသွားလေသည်။
မှော်စက်ရှင်လည်း အခြေအနေအား
သဘောပေါက်၍ နှုတ်မှဤသို့ ရေရွက်လိုက်၏။
ကျွန်ုပ်သည် ငယ်စဉ်ကပင် ခုနှစ်ရက် သားသမီးများ၏ ကောင်းကျိုး ချမ်းသာ
အတွက် အမြဲလုပ်ဆောင်ခဲ့ပါတယ်
ဤမှန်သော သစ္စာ စကားကြောင့်
သက္ကလ တောင်ကို စောင့်ရှောက်ရ
သော နတ်ကျားအရှင် ငါ၏ရှေ့သို့
ယခု ချက်ခြင်းအမြန်ရောက်စေ “
မှော်စက်ရှင်၏ စကားသံ
ဆုံးသောအခါ မြေကြီးထဲမှ အခိုးအငွေ့
များ ထွက်လာ၍ အမဲရောင် ကျားကြီး
အသွင်သို့ ပြောင်းသွားလေသည်။
ကျားနက်ကြီးသည် မှော်စက်ရှင်၏
ဖက်သို့ တစ်ချက်လှည့််ကြည့်ပြီးနောက်
ကြောင်နက်ကြီး၏ ဖက်သို့ပြန်လှည့်
ကြည့်ကာ မာန်ဖီလိုက်သည်။
“ဝေါင်း…..ဝေါင်း….”
ကျားနက်ကြီး၏ မာန်ဖီသံသည်
သချိုင်းအတွင်းသို့ ဟိန်း၍ ပျံနှံသွား
လေသည်။ဤအခါ သုဘရာဇာကြီးသည်
မျက်နှာထား အနည်းငယ် ပျက်သွား၍
“တောက် “တစ်ချက် ခေါက်လိုက်သည့်
အခါ ကြောင်နက်ကြီးသည် ကျားနက်
ကြီး၏ဆီသို့ အရှိန်ဖြင့် ခုန်အုပ်လေ
သည်။ကြောင်နက်ကြီး၏ ခုန်အုပ်ချက်
အား ကျားနက်ကြီးသည် ခုန်ရှောင်လိုက်ပြီး ကြောင်နက်ကြီး၏
လည်မျိုအား လှမ်း၍ ကိုက်ခဲလိုက်သည်။ ဤသို့ဖြင့် ကြောင်
နက်ကြီးနှင့် ကျားနက်ကြီးသည် မြေပြင်
ပေါ်တွင် လုံးထွေးသတ်ပုတ်နေကြ၏။
မာန်ဖီသံများသည်လည်း အင်တိုင်းရွာ
သချိုင်းအတွင်း ဆူညံလျှက်ရှိ၏။
ဤသို့ လုံးထွေးသတ်ပုတ် နေရင်းမှ
ကြောင်နက်ကြီး၏ အော်လိုက်သော
အသံနက်ကြီး၏ သချိုင်းအတွင်း ပဲ့တင်ထပ်သွား၏။
“ဟာကွာ….အသုံးမကျတဲ့ ကြောင်နက် တောက် “
သုဘရာဇာ သည် ဤသို့ ပါးစပ်မှ
ရေရွတ်ရင်း လက်နှစ်ဖက်အား
ပူးလိုက်ပြီး ဂါထာတစ်ပုဒ်အား
နှုတ်မှ ရွတ်လေသည်။
“ကဲ….ကျားနှစ်အရှင် လာရောက်
ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သင်သက္ကလ
တောင်ကို ပြန်နိုင်ပါပြီ”
မှော်စက်ရှင်သည် ဤသို့ပြောလိုက်
သောအခါ ကျားနက်ကြီးမှာ ပျောက်ကွယ်သွားလေ၏။
ဦးမြမောင်သည် လက်နှစ်အား ပူး၍
ဂါထာဆုံးသောအခါ လက်အတွင်းမှ
မဲမဲအရောက်များ ထွက်လာလေသည်။
သုဘရာဇာကြီး၏ လက်အတွင်းမှ
ထွက်နေသော မဲမဲအရောင်များသည်
မှော်စက်ရှင်ဆီသို့ အရှိန်အဟုန်ပြင်းစွာ
တိုးဝင် လာလေသည်။မှော်စက်ရှင်
လည်း မိမိထံသို့ ဝင်လာသည့် မဲမဲ
အရောင်များအား ကာကွယ်ရန်
အဖြုရောင် တံတိုင်းကြီး တစ်ခုအား
ဖန်းဆင်းလိုက်သည်။
သုဘရာဇာကြီး၏ မဲမဲအရောင်များ
သည် မှော်စက်ရှင်၏ အဖြုရောင်
တံတိုင်းကြီးနှင့် ထိသောအခါ ကျယ်
လောင်သော ပေါက်ကွဲ
သံများ ဆက်တိုက် ဖြစ်ပေါ်လာလေ၏။
မှော်စက်ရှင်လည်း လက်နှစ်ဖက်အား
ရှေ့သို့ စောင့်တွန်းလိုက်သောအခါ
သုဘရာဇာကြီး၏ မဲမဲအရောင်များ
နောက်သို့ ပြန်၍ လွင့်စင်သွားလေသည်။
နောက်သို့ ပြန်၍လွင့်စင်သွားသော
မဲမဲအရောင်များနှင့် သုဘရာဇာကြီး
ထိသောအခါ ပါးစပ်မှ သွေးများအန်ကျ
လာလေ၏။
“ကဲသုဘရာဇာ ခဗျားရှုံးပြီ ဒီလိုမကောင်းတဲ့ ဘဝကြီးမှာ မနေပါနဲ့ ဘဝရဲ့ကျန်ရှိနေတဲ့ အချိန်တွေကို
အကောင်းဆုံး အသုံးချပါ”
မှော်စက်ရှင်သည် သုဘရာဇာ
ကြီးအား ဤသို့ပြော၍ သုဘရာဇာ
ကြီး၏ ဦးခေါင်းအား လက်ဖြင့်ထောက်
လိုက်လေ၏။
.
“သုဘရာဇာကြီး ခဗျား ပညာတွေ
ကျုပ်သိမ်းလိုက်ပါပြီ “
မှော်စက်ရှင်သည် သုဘရာဇာကြီး
အား ဤသို့ ပြောနေသော်လည်း
သုဘရာဇာကြီးသည် ဘာမျှပြန်မပြောဘဲ မျက်နှာညိုးငယ်
စွာနှင့် ရပ်နေလေ၏။
“သချိုင်းရှင်မ မဖဲဝါ ယခုအချိန်မှ
စ၍ ဤနေရာသည် မူလသချိုင်းမြေ
ပြန်ဖြစ်သွားပါပြီ”
မှော်စက်ရှင်၏ စကားဆုံးသောအခါ
သချိုင်းအတွင်းရှိ နာနာဘာဝများသည်
မှော်စက်ရှင်နဲ့ သုဘရာဇာကြီးတို့၏
အနားသို့ ပြန်လည် ရောက်ရှိလာသည်။
မှော်စက်ရှင်လည်း အထက်ပုဂ္ဂိုလ်များ၏
တာဝန်ပေးချက်အရ ဆိုးသွမ်းနေသည့်
ဇော်ဂျီအား ဆုံးမရန် အင်တိုင်းရွာ
သချိုင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
မှတ်ချက်။သက္ကလတောင်ဆိုသည်မှာ
စာရေးသူ၏ အာဘော်သက်သက်သာ
ဖြစ်ပေသည်။
နောက်မှော်စက်ရှင် ဝတ္တုအား ဆက်လက် ၍်အားပေး ကြပါဦး။
စာရေးသူ…ဖြိုးဧရာ (မြန်အောင်)