သုဿာန်မြေ မကျူးကျော်ရ( စ/ဆုံး )
———————————–
” ဒုတ် ဒုတ် ဒုတ် ” ” ဒုတ် ဒုတ် ဒုတ်” ဟူသော အသံက
တိတ်ဆိတ်နေသော ည အမှောင်ထုကို မသိမသာ ဖြိုခွင်းလျက်
ထွက်ပေါ်လာလေ၏။
ဆန်းသစ်စ လရောင်လေးရဲ့အောက်မှာ ခပ်မှိန်မှိန် ဓာတ်မီးကိုယ်စီနဲ့
လူသုံးယောက်ကား အလုပ်ရှုပ်နေလေရဲ့။
” ဟေ့ကောင် လှကြီး မင်းရထားတဲ့သတင်းက သေချာလို့လားကွာ
ကြည့်ရတာ ဒီအုတ်ဂူက တော်တော့်ကို ဆွေးမြေ့နေပြီကွ”
” ခတ်တာပဲ အေးကျော်ရာ ဘယ်ဆင်းရဲသားက ဒီလောက်ကြီးတဲ့
အုတ်ဂူ လုပ်ဖူးလို့လဲကွ ဆွေးမြေ့နေတော့ ငါတို့အတွက်ပိုလွယ်ကူတာ
ပေါ့ကွ ”
” ဒါတော့ ဒါပေါ့ကွာ ”
လှကြီး နဲ့ အေးကျော် စကားပြောနေသည်ကို တားရန်အတွက် တတိယ မြောက်လူက အေးကျော်ရဲ့ မျက်နှာကို ဓာတ်မီးနဲ့ထိုးလိုက်၏။
” ဟေ့ကောင် ရင်မောင် ဘာလုပ်တာလဲ မျက်စိကျိန်းတယ်ဟ”
ရင်မောင် ဆိုသူက ဓာတ်မီးကို လှကြီးဖက်ထိုးပြန်ကာ
“လှကြီး ဒီနေ့ သုဘရာဇာ မရှိတာ သေချာတယ်နော် ဟေ့ကောင်”
ဟု ပြောလိုက်တော့
လှကြီးက
” ဟာ သေချာပါတယ်ကွ လှကြီးကွ မပိုင်ပဲ လုပ်ပါ့မလား သုဘရာဇာ
က အရှေ့စံပြရပ်ကွက် ဓမ္မာရုံမှာတရားသွားနာနေတာကွ
ငါတို့အချိန်မှီပါတယ် အေး အနှောက်အယှက်ကင်းရင်ပေါ့”
သုံးယောက်သား စကားတပြောပြော နှင့် အုတ်ဂူကို သာ ဆက်လက်
ဖြိုခွင်းနေကြ၏။
ထိုအခိုက်
ရင်မောင် ရဲ့ နောက်ကျော အေးစိမ့်လာသလိုခံစားလာရပြီး တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလိုလဲ ခံစားလာရ၏။
” ဟေ့ ကောင် အေးကျော် မင်း သက်ဆိုင်ရာတွေကို ပွဲ အသေအချာ
ပေးခဲ့ရဲ့လားကွ”
ရင်မောင် မလုံမလဲ ခံစားလာရ၍ မေးလိုက်ခြင်းပင်။
” ဟာ ငါတို့ မစမီကတည်းက ဆိုင်ရာပိုင်ရာတွေကို ပွဲပေးခဲ့တာကို
မင်းတို့နှစ်ယောက်လည်းအမြင်ပဲလေကွာ
သင်္ချိုင်းရှင်မ မဖဲဝါအတွက်တစ်ပွဲ ဒီအုတ်ဂူပိုင်ရှင်အတွက် တစ်ပွဲ
တစ်ခြားဆိုင်ရာပိုင်ရာတွေအတွက်တစ်ပွဲ
သုံးပွဲတောင်လေကွာ ဘာလဲ မင်း ကြောက်လို့လား”
အေးကျော် က စသလိုလိုမေးလိုက်၏။
” ဟာ မကြောက်ရပါဘူးကွာ ငါက ပိုစိတ်ချရအောင်လို့ပါကွာ”
သုံးယောက်သား အကြားစကားလုံးတွေတိတ်ဆိတ်သွား၏။
××× ××× ×××
” လှကြီး ”
” ဘာလဲကြာ ”
ရုတ်တရက် ခေါ်လိုက်သောအသံကြောင်း လှကြီး စိတ်တိုတိုနှင့်ထူး
လိုက်၏။
” လှကြီး ဘာဖြစ်တာလဲ ”
အေးကျော် ရဲ့ မေးခွန်းကြောင်း လှကြီးက
” ဟေ့ကောင် အေးကျော် မနောက်နဲ့ကွာ မင်းပဲ ငါ့ကိုခေါ်တာလေ”
ပြောတော့
အေးကျော်က
“ဟာ မဟုတ်တာ ငါ မခေါ်ရပါဘူး ” ဟု ပြော၍ ရင်မောင်ကို
” ရင်မောင် မင်း ခေါ်တာလား ” ဟု မေးတော့လဲ
” ငါမခေါ်ဘူးနော် ” ဟု ငြင်းပြန်၏။
” ပြီးရောကွာ ဘယ်သူမှမခေါ်ရင်လဲ သရဲပဲနေမှာပေါ့” ဟု
လှကြီးပါးစပ်မှ လွှတ်ကနဲ ပြောလိုက်၏။
ထိုအချိန် အုတ်ဂူ က ပြိုနေပြီမို့ အခေါင်းအနည်း ငယ် ပေါ်လာနေပြီ။
” ဟာ အခေါင်း ပေါ်လာနေပြီဟ မြန်မြန်လက်စသတ်ရအောင်”
အေးကျော် ၏ အားတတ်သရော ပြောသံ နှင့်အတူ
” လှကြီး” ဟု
ခေါ်သံက ထွက်ပေါ်လာပြန်၏။
” ဟေ့ ကောင်တွေ မနောက်ကြနဲ့နော် ငါ့ကိုဘယ်သူခေါ်တာလဲ”
လှကြီး၏ ဒေါသတကြီး မေးသံကြောင်း အေးကျော်ရော ရင်မောင်ပါ
လှကြီး မျက်နှာကို ဓာတ်မီးနဲ့ ပြိုင်တူ ထိုးကြည့်မိတော့
လှကြီး ၏ နောက်မှာ ရပ်နေသောကြောက်စရာ ပုံရိပ်တစ်ခုကို
မြင်တွေ့ လိုက်ရ၍
” အောင်မလေး လှကြီး လှကြီး မင်းနောက်မှာ မင်း နောက်မှာ” ဟု
ရင်မောင် အလန့်တကြားပြောလိုက်တော့
လှကြီးလည်း နည်းနည်းစိုးထိတ်သွားကာ နောက် လှည့်ကြည့်ပေမဲ့
ဘာမှမရှိချေ။
” ဘာလဲကွာ ရင်မောင် ငါ့နောက်မှာရော မင်း တို့နောက်မှာရော
အုတ်ဂူတွေပဲ ရှိတာလေ မနောက်စမ်းနဲ့ကွာ
ခုက နောက်ရမဲ့ အချိန် မဟုတ်ဘူးကွ”
လှကြီးကား စိတ်ဆိုးနေဆဲ။
” ငါနောက်ပါ့မလားကွာ မင်းနောက်မှာ ရပ်နေတဲ့ အရိပ်မည်းကို
မြင်လိုက်လို့ကွ
အေးကျော် မင်းကော မြင်လိုက်တယ်မလား”
ရင်မောင် က အေး ကျော်ဘက်လှည့်ကာပြောတော့
” ဟုတ်တယ်ကွ ငါလည်းမြင်လိုက်တယ်” ဟု ပြောပြန်၍
လှကြီးနောက်တစ်ခါ လှည့်ကြည့်တော့လဲဘာမှမရှိချေ။
ထို အချိန်၌ ကား ခေါင်းတစ်ခုလုံး ပေါ်နေပြီဖြစ်၍
သက်တမ်းကြာနေပြီမို့ လွယ်ကူစွာ ဖွင့်နိုင်လိုက်ကြ၏။
အခေါင်းထဲ တွေ့လိုက်ရသည်က တစ်ချို့တဝက်ဆွေးမြေ့နေပြီ
ဖြစ်တဲ့ အရိုးစု နှင့် အဝတ်အထည်တို့ကိုတွေ့လိုက်ရတော့၏။
××××× ×××××
“အု ဝူး ဝူး ဝူး ”
ဘယ်ကမှန်းမသိတဲ့ ခွေးလေခွေးလွင့်တစ်စုရဲ့ အူသံက ကြောချမ်းဖွယ်
ထွက်ပေါ်လာလေ၏။
” အေးကျော် ငါ့ကို မတွန်း နဲ့လေကွာ တော်ကြာ ငါပါ အခေါင်းထဲ
ဝင်နေအုန်းမယ်”
“ဟာ နောက်တစ်ယောက်လာပြန်ပြီ ငါမတွန်းဘူးဟ ရင်မောင်ရ
ဒီမှာ ဘာမှမတွေ့တဲ့ကြားထဲ မင်းကတစ်မျိုး”
ရင်မောင်လည်း ဘာမှ မပြောတော့ပဲ အရိုးစု ရဲ့ ရွှေသွားတွေကို
နှုတ်ယူနေ၏။
” အေးကျော် မင်း အသားကလည်း အေးလိုက်တာကွာ သွေးမရှိတဲ့
အတိုင်းပဲ”
ရင်မောင် ပြောပြောဆိုဆိုနှင့် ဘေးတစ်စောင်းလှည့်ကာဓာတ်မီးနဲ့
ထိုးကြည့်တော့
” အောင်မလေး သရဲ ” ဟု အော်ကာ ဓာတ်မီးလဲ အခေါင်းထဲသို့
ပြုတ်ကျသွားပါတော့၏။
အေးကျော် နဲ့ လှကြီးလည်း ” လာပြန်ပြီလား ဟေ့ကောင်” ဟုပြောကာ
ဓာတ်မီးနဲ့ ထိုးကြည့်တော့
အရပ်က ၁၀ ပေကျော်လောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးလဲ ရှည်စွာ
သောအမွှေးအမျင်တို့ဖြင့်ဖုံးလွှမ်းထားပြီး
ဟင်းစားပန်းကန်လောက်ရှိတဲ့ မျက်လုံးနဲ့ စားတော့မလိုဝါးတော့မလို
စိုက်ကြည့်နေသော သဘက်ကြီးတစ်ကောင်ကို တွေ့လိုက်ရတော့၏။
ထိုသဘက်ကြီး ရဲ့ လက်နှစ်ဖက်က ခန္ဓာ ထက်ပိုရှည်နေပြီး
မြေမှာ ခွေလျက်ကျနေ၏။
ထိုအချိန်၌ကား အေးကျော်တို့ လက်ထဲမှာ သူတို့မျှော်မှန်းထားသည်
ထက်နည်းသောရွှေငွေစ တစ်ချို့ရရှိထားပြီးဖြစ်၏။
” ဟေ့ ကောင်တွေ ဘယ်လိုလုပ်ကြမလဲ အဲဒီဟာကြီးက ငါတို့ကို
စိုက်ကြည့်နေတာဟ”
ရင်မောင် ပြောရင်းဆိုရင်း ဒူးတွေပါတုန်လာ၏။
” ဟေ့ ကောင်တွေ မင်းတို့ ဘယ်သူတွေလဲ ညကြီးအချိန်မတော်
သုဿာန်ထဲ ဘာလုပ်နေကြတာလဲ” ဟု အုတ်ဂူတွေအကြားမှ
နောက်ထပ်ထွက်ပေါ်လာသောအသံကြောင်း အလန့်တကြားဖြစ်ကြ
ရပြန်ကာ
အသံ လာရာသို့ လှကြီး မီးထွန်းကြည့်လိုက်တော့
သူတို့နဲ့ မလှမ်းမကမ်းမှ လာနေသော သုဘရာဇာကြီးကိုတွေ့လိုက်
ရတော့၏။
“လှကြီး ငါတို့တော့ ဒုက္ခကြီးပြီ ဘယ်လိုလုပ်ကြမလဲကွ”
အေးကျော်လည်းကြောက်လန့်နေလေပြီ။
” ဟေ့ကောင် တွေ မီးပိတ် မီးပိတ်”
လှကြီးက ပြောပြောဆိုဆိုမီးပိတ်လိုက်တော့ အေးကျော်လည်းပိတ်
လိုက်၏။
ရင်မောင် က ခောင်းထဲသို့ ပြုတ်ကျသွားသော သူ့ဓာတ်မီးကိုကောက်
တော့ ခေါင်းထဲ မှ တစ်ချို့တဝက်ဆွေးမြေ့နေသော
အရိုးစုများ မရှိတော့ပြီကို တွေ့လိုက်ရတော့၏။
” ဟေ့ကောင်တွေ မင်းတို့ အေးဆေးထွက်လာခဲ့ကြတာကောင်းမယ်
နော် နောက်မှ ငါ့ကို အဆိုးမဆိုနဲ့ ငါက ဒီသုဿာန်ရဲ့သုဘရာဇာကွ”
အေးကျော်တို့ သုံးယောက်လည်း ဘေးနားက အုတ်ဂူ နှစ်ခုကြားကို
ဝင်ထိုင်နေလိုက်ကြ၏။
ထိုအချိန်၌ သုဘရာဇာလည်း သူတို့ နှင့် အတော်လည်း နီးလာနေပြီ။
” ငါတို့ ဒီအတိုင်းနေလို့ မဖြစ်ဘူးကွ ရှေ့ဆက်သွားရမယ် မဟုတ်ရင်
သုဘရာဇာကြီး ငါတို့ကို မိသွားလိမ့်မယ်ကွ” ဟု
အေးကျော် က ပြောကာ ခါးကုန်းလျက်ထတော့ ရင်မောင် လည်း
လိုက်ထ၏။
သို့သော် လှကြီးကားထမရချေ။
” ဟေ့ကောင်တွေ ငါ ငါ ထမရဘူးဟ တစ်ခုခု နဲ့ငြိနေသလိုပဲ”
” အရေးထဲကွာ” အေးကျော်က ပြောပြောဆိုဆို ဓာတ်မီး ကို လက်ဝါးနှင့်အုပ်ကာ ထွန်းကြည့်လိုက်တော့ လှကြီးနှစ်ယောက်ဖြစ်နေတာကို
တွေ့လိုက်ရတော့၏။
အေးကျော်ရော ရင်မောင်ပါ လန့်ပြီး ဖင်ထိုင်လျက်လဲသွားပါတော့တယ်။
” အေးကျော် ဘယ်လိုလုပ်ကြမလဲ ငါ ငါ ငါ သည်းမခံနိုင်တော့ဘူးကွာ
” ရင်မောင် ပြောပြောဆိုဆိုနှင့် ထပြေးသွားတော့
အေးကျော်က တားပေမဲ့ နောက်ကျသွားလေပြီ။
အေးကျော်လည်း မထူးတော့ပြီမို့ ပြေးမယ်ဟန်ပြင်တော့ လှကြီးနှစ်
ယောက်က သူ့ခြေထောက်ကို တစ်ယောက်တစ်ဖက်ဆွဲထားပြီး
” အေးကျော် ငါ့ကို ကယ်ပါအုန်းကွာ ” ဟု နှစ်ယောက်လုံးကပြောတော့
အေးကျော်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေ၍
အနီးမှာကျနေသော ဆောက်ပုတ်ကိုကောက်ကာ
မျက်လုံးမှိတ်ပြီး လှကြီးတစ်ယောက်ကို စွတ်ကနဲ ထိုးထည့်လိုက်ပါတော့၏။
ထိုအချိန် ” ဘုန်း ” ဟူသော အသံ နှင့်အတူ ရင်မောင် ၏ “အား”
ဟု အော်သံလည်း သုဿာန်တစ်ခုလုံး လွှမ်းခြုံလျက်ထွက်ပေါ်လာတော့၏။
××××××××
အေးကျော် လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူထိုးလိုက်သည်မှာ
လှကြီး အစစ်ဖြစ်နေပြီး တခြားလှကြီးလည်း မရှိတော့ပြီ။
သို့သော် သူတို့တူးဖြိုခဲ့သော အုတ်ဂူရဲ့ ခေါင်းထဲမှ ” ဟီး ဟီး ဟီး ”
ဟူသော ရယ်သံကို ကြားလိုက်ရတော့၏။
” အေးကျော် မင်းမင်း မင်း ” လှကြီးကား ရင်ဘက်မှာ ဆောက်ပုတ်တန်းလန်းနှင့် လဲကျသွားတော့၏။
” လှကြီး ငါငါ ငါ တောင်းပန်ပါတယ်ကွာ ငါ တမင်ရည်ရွယ်လို့လုပ်တာ မဟုတ်ပါဘူး လာ လာ မင်းကို ငါ ကူတွဲပေးမယ်”
လှကြီး က လက်ကမ်းပေးသလို အေးကျော်လည်း လှကြီး ရဲ့ လက်ကို ဆွဲမယ် လုပ်တော့ လှကြီး ရဲ့လက်ထဲမှာ ရှိသော ရွှေစ တွေက သူ့
လက်ထဲမှာ ရှိသော ရွှေစ တွေထက်များနေသည်ကို မြင်တွေ့လိုက်ရတော့
ကမ်းထားတဲ့ လက်ကို ပြန်ရုတ်ကာ
” လှကြီး ငါ့ ကို ခွင့်လွှတ်ပါကွာ ” ဟု ပြောကာ လှကြီးရင်မှာစိုက်နေသော ဆောက်ပုတ်ကို ဆွဲနှုတ်ပြီး
တစ်ခါ ထပ်ပြီးထိုးထည့်လိုက်ပါတော့တယ်။
တစ်ချက်။ နှစ်ချက်။
လှကြီးကား အေးကျော် ရဲ့ အင်္ကျီကိုသာ ဆွဲ နိုင်လိုက်ပြီး
” မင်း မင်း ” ဟု ပြောကာ ပါးစပ်မှ သွေးများ အန်ထွက်လျက်
ငြိမ်ကျသွားပါတော့၏။
အေးကျော်လည်း လှကြီး ရဲ့ လက်ထဲမှ ရွှေများကိုယူကာ ပြေးမယ်လုပ်တော့
” ဟေ့ကောင်” ဟု အော်သံကို ကြားလိုကရ၍ ကြည့်လိုက်တော့
သုဘရာဇာကြီးဖြစ်နေပြီး အေးကျော် ဘာမှ မလုပ်လိုက်ရမီ
သုဘရာဇာကြီးက မိမိလက်ထဲတွင်ရှိသော မှတ်တိုင်ဖြင့် အားပါးတရ
ရိုက်ထည့်လိုက်ပါတော့၏။
” အား ” အေးကျော်လည်း ” အား ” တခွန်းသာ အော်နိုင်ပြီး လဲကျ
သွားတော့ သူနောက်ဆုံးမြင်လိုက်ရသည်က ရင်မောင် ကိုထမ်းပြီး
သူ့ဆီတည့်တည့် လာနေသော ၁၀ ပေကျော်ကျော်သဘက်ကြီးကိုပင်။
××× ××× ×××
မနက်ရောက်တော့ သုဘရာဇာကြီးက အကြောင်းကြားလိုက်၍
သက်ဆိုင်ရာဟတာဝန်ရှိသူများရောက်ရှိလာပြီး အေးကျော်နှင့်
ရင်မောင် ကို ဖမ်းခေါ်သွားသလို လှကြီးရဲ့ အလောင်းကိုလည်း
ရင်ခွဲရုံ ပို့လိုက်ကြတော့၏။
သုဘရာဇာကြီးလည်း အစစ်ဆေးခံရန် လိုက်ပါသွားရပြီး။
အေးကျော် က ဘာမှမဖြစ်ပေမဲ့ ရင်မောင်ကတော့ ရူးကြောင်ကြောင်
ဖြစ်သွားကာ မြင်သမျှလူတိုင်းကို ” သရဲ သရဲ ” ဟု အော်ကာ
ကြောက်နေတော့၏။
××× ××× ×××
စစ်ဆေးမေးမြန် တာတွေ ပြီးတဲ့အခါ သုဘရာဇာကြီးတစ်ယောက်
သုဿာန် သို့ ပြန်ရောက်တော့ မှတ်တိုင် အကြီးကြီး တစ်ခု လုပ်ကာ
ကွမ်းစားထုံးဖြင့် စာရေးပြီး သုဿာန် အဝတွင် စိုက်ထောင်ထား
လိုက်တော့၏။
သူရေးထားသည်က
” သုဿာန်မြေ မကျူးကျော်ရ ” ဟူ၍ ပင် ဖြစ်ပါတော့သတည်း။ ။
××××× ×××××× ×××××× ××××
****** ****** ******* ****************
” ကမ္ဘာမှာ တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေ ရှိနေသရွေ့တော့
နောက်ကျော ဓားနဲ့ ထိုးခံရတဲ့သူတွေ များနေအုန်းမှာပဲ “”
{ ပြီးပါပြီ။}
အစဉ် ထာဝရ ရိုသေလေးစား စွာဖြင့် = wizard