သေပြေးရှင်ပြေး

သေပြေးရှင်ပြေး { စ /ဆုံး }
————————-
ဒုန်း——–ဒုန်း——-
တံခါးကို တဒုန်းဒုန်းထုနေ၍ ဒေါက်တာ မင်းအောင်
အိပ်ယာထဲမှ မထချင် ထချင်ဖြင့် ထလိုက်ရသည်။
အပြင်၌ ရာသီဥတုက အလွန်အေး၍နေသည်။
ထိုနောက် တံခါးမကြီးကို ဖွင့်လိုက်သောအခါ အပြင်မှ
လူသည် အတွင်းသို့ ကမန်းကတန်း အတင်းကာရော
၀င်လာ၏။
“ဒေါက်တာ က ခင်ဗျားလား”
အလောတကြီး ထိုသို့ မေးလိုက်၏။
“ဟုတ်ပါတယ် ကျွန်တော် ဆရာ၀န်ပါ”
“ဒါဆိုယင်တော့ ဟန်တာဘဲဗျာ”
ထိုလူကို အကဲခတ်ကြည့်တော့ အလွန်ကြောက်လန့်နေပုံ
ရသည်ဟု ဒေါက်တာမင်းအောင်တွေးမိ၏ မျက်နှာတစ်ခုလုံး
ဖြူဖက်ဖြူရော်ဖြစ်နေ၏ နောက် တကိုယ်လုံးလည်း
တဆက်ဆက် တုန်နေ၏။
“ကဲ လာဗျာ ကျွန်တော် စာကြည့်ခန်းထဲ လိုက်ခဲ့”
ထိုသို့ ပြော၍ စာကြည့်ခန်းထဲ၌ ထားသော ဘရန်နီ တစ်ခွက်
ကို ထိုလူအား ကမ်းပေးလိုက်၏။
ထိုလူကဘရန်နီ ခွက်ကို ဆတ်ကနဲ့ ဆွဲယူကာ တကြိုက်ထဲ
မော့လိုက်၏။
“အား ကျေးဇူးပါ ဒေါက်တာ”
ခုမှ ထိုလူ၏ မျက်နှာမှာ သွေးရောင်ပြန်လွှမ်းလာ၏။
“ပြောပါအုံး ခင်ဗျား ဘာဖြစ်လာသလဲဆိုတာ”
“ကျွန်တော်ပြောရင် ဒေါက်တာ ယုံချင်မှယုံမယ် ဒါပေမဲ့
ကျွန်တော်ကတော့ တကယ်ကိုကြုံတွေ့ခဲ့ရတာဗျ”
“ခင်ဗျား ပြောပြမှ ကျွန်တော်က သိရမှာလေ ကဲ ဆိုစမ်း
ပါအုံးဗ် ”
ဒေါက်တာမင်းအောင်က ပြောတော့ ထိုလူ၏ မျက်နှာ၌
ကြောက်ရွံ့နေသည့် အနေအထားသို့ ပြောင်းလဲသွား
လေ၏။
~~~~~~~~~~~~ :)~~~~~~~~~~~~
ပထမ စမှားတာက ကျွန်တော်ဗျ မပြန်ပါနဲ့လို့ အတန်၂
ဦးထော်လန်က တားပေမဲ့ ကျွန်တော်က အတင်းပြန်ဖို့
လုပ်မိတယ် ဆရာလေးကို စိတ်မချလို့ မပြန်ပါနဲ့ပေါ့
နောက် တားမရတော့ သတိနဲပြန်ဖို့ ပြောတာပါဘဲ
ကျွန်တော့်အလုပ်က သစ်တောတွေကိုမပြုန်းတီးရအောင်
ထိန်းသိမ်းစောင့်ရှောက်ရတဲ့ သစ်တောအရာရှိပါ
အင်ဝုိင်း ဘက်ကို ရွာခံလူကြီး ဦးထော်လန် နဲ့ သစ်တော
တွေကိုကြည့်ယင်း အချိန်လင့်သွားတာနဲ့ မပြန်ဖို့ တားတာမှာ
ဇွတ်ပြန်လာမိတယ်ဗျ ကျွန်တော့်တို့ သစ်တောရုံးနဲ့ အင်ဝုိင်း
က ၁ နာရီပိုပို ကားမောင်းရတယ်ဗျ ကျွန်တော်လည်း
အားလုံးကိုနုတ်ဆက်ပြီး ကားကို အမြန်နှုံးမြှင့်ပြီး မောင်း
လာတာပေါ့ဗျာ ဒီမှာတင် ကားက တချက်တချက် အောင့်
လာတာ ဂရုစိုက်မိတယ်ဗျ ကျွန်တော်လည်း ကားမပျက်ပါ
စေနဲ့လို့ ဆုတောင်းရတာပေါ့ဗျာ ပတ်၀န်းကျင်ကလည်း
တောရိပ်တောင်ရိပ်နဲ့ မှောင်တာကမြန်တယ်လေဗျာ
ဒါပေမဲ့ ကျွန်တော် ကံမကောင်းဘူးဗျ ကားက နောက်ဆုံး
ထိုးရပ်သွားတော့တာဘဲဗျာ ခုတိခုလတ်ကြီးမှာဆိုတော့
စိတ်ကို အရမ်းပိန်သွားတာပေါ့ ဒါနဲ့ကားပေါ်က ဆင်းပြီး
ပတ်၀န်းကျင်မှာ တည်းခိုလို့ရမဲ့ နေရာ ကိုကြည့်တော့
ဘာမှကို လူနေအိမ်ချေမရှိဘူးဗျ တဖြည်းဖြည်းလည်း
မှောင်လာပြီဆိုတော့ ကျွန်တော်လည်း ကားကိုထားခဲ့ပြီး
ရှေ့ကို ခပ်သုတ်သုတ် လျှေက်လာရတာပေါ့လေ
ဒီလိုနဲ့ တစ်မိုင်လောက် လျှောက်ပြီးတော့ ရှေ့ခပ်လှမ်း၂
က မီးရောင်လေးကို စပြီး မြင်ရတော့တာဘဲဗျာ
ကျွန်တော်လည်း အားတက်သွားတာပေါ့
အနီးနားရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီးဗျ
ခြံတံခါးကြီးက လည်း ပိတ်လို့ ဒါနဲ့ကျွန်တော်လည်း
လူခေါ် ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့
တကိုယ်လုံး အနက်ရောင်တွေ၀တ်ထားတဲ့ လူတစ်ယောက်
တံခါးလာဖွှင့်ပေးတယ်ဗျ အဲဒီလူ မျက်နှာကိုမြင်တော့
ကျွန်တော်လန့်ပြီး မအော်မိအောင် မနည်းထိန်းလိုက်ရတယ်
ဗျ ဆိုးလိုက်တဲ့ရုပ်ဗျာ မျက်နှာမှာ ကန့်လန့်ဖျက် အမာရွတ်
အစင်းကြောင်းကြီးနဲ့ အပေါ်နုတ်ခမ်းကလည်း အသားတွေ
မပါဘဲ သွားတွေကို အတိုင်းသားမြင်နေရတယ်ဗျ
“ကျွန်တော် ခရီးသွားယင်း ဒုက္ခရောက်လာလို့ ဒီည ဒီမှာ
တည်းခိုခွင့်ရမလားဗျာ”
“အိမ်ကြီးထဲ သွားလိုက်”
ကိုရုပ်ဆိုးက ဒါဘဲပြောတယ်ဗျ ကျွန်တော်လည်းအိမ်ကြီး
ဆီခြေလှမ်းလှမ်းယုံရှိသေးတယ် ဂျိုင်း ကနဲ့ ခြံတခါးကြီးကို
ပိတ်လိုက်ရောဗျ ကျွန်တော် အိမ်ကြီးထဲရောက်တော့
ဧည့်ခန်းထဲမှာ မီးတွေက ထိန်နေတာဘဲဗျ ကျွန်တော်လည်း
ယောင်နနနဲ့ ၀င်သွားတာပေါ့ အိမ်ကြီးရဲ့နံရံမှာ အလွန်ကြီး
မားတဲ့ ဓာတ်ပုံကြီးတစ်ပုံ ချိတ်ဆွဲထားတယ်ဗျ ပုံထဲမှာ
လူရွယ်တစ်ယောက်က မိန်းမပျိုကလေးကို ပခုံးကနေသိုင်း
ဖတ်ထားပုံဗျ လူရွယ်က လူချော တစ်ယောက်ဗျ နုတ်ခမ်းမွှေး
ရေးရေးလည်းပါတယ် ကျွန်တော်မကြိုက်တာက သူ့မျက်လုံး
တွေဗျ အလွန်ကောက်ကျစ်စဉ်းလဲတက်တဲ့ မျက်လုံးမျိုးတွေ
ပေါ့ဗျာ မိန်းမပျိုကျတော့ ကျွန်တော့်တစ်သက်တခါမှမမြင်ဖူး
တဲ့အလှမျိုးဗျ အင်မတန်လညိးလှတယ် သူ့နုတ်ခမ်းတွေက
လည်း ပုံထဲမှာ လူရွယ်လိုဘဲ ပြုံးနေတာဗျ ခတ်တာက
မျက်လုံးဗျ မိန်းမပျိုရဲ့ မျက်လုံးဟာ ဆွေးရိပ်သန်းနေတယ်
လို့ ကျွန်တော်တော့ ထင်တယ်ဗျ လူတွေဟာ ကိုယ်အမူယာ
နုတ်အမူယာတွေနဲ့ ဘယ်လောက်ဘဲ ဖုံးကွယ်ဟန်ဆောင်ကြ
ပါစေ မျက်လုံးမှာတော့ အမှန်တရားအမြဲရှိတယ်ဆိုတဲ့စကား
ကျွန်တော်ကတော့ အကြွင်းမဲ့ လက်ခံတယ်ဗျ ဒေါတ်တာရော
ဘယ်လိုသဘောရလဲ”
ထိုလူက စကားကိုမနားတမ်းပြောယင်း လက်ထဲမှ ခွက်ကို
ဒေါက်တာမင်းအောင်ထံသို ကမ်းလိုက်၏။
ဒေါက်တာမင်းက အလိုက်သင့် ခွက်ထဲသို့ ဘရန်နီ များထပ်
ဖြည့်ပေးလိုက်၏။
“အင်း လက်ခံပါတယ်လေ ဆက်စမ်းပါအုံးဗျ ခင်ဗျား
အဖြစ်ပျက် အိမ်ကြီးထဲရောက်သွားတော့ ဘာတွေဆက်ဖြစ်သေးလည်း ကျွန်တော်စိတ်၀င်စားပါတယ်”
လက်ထဲမှ ခွက်ကို ဂွတ်ကနဲ့ တကျိုက်ထဲ ထိုလူက
မော့လိုက်ပြန်၏။
“သြော် မေ့လို့ဗျ ကျွန်တော့်နာမည်က ပီယ ပါ
ကျွန်တော်ယောင်ချာ၂ဖြစ်နေတုန်း အိမ်ကြီးအပေါ်ထပ်က
လူတစ်ယောက်ဆင်းလာရောဗျ သေချာကြည့်လိုက်တော့
စော၂ကကျွန်တော်ပြောတဲ့ဓာတ်ပုံထဲက လူရွယ်ဗျ
ကျွန်တော်ကိုမြင်တော့ အဲဒီလူက ကွက်ဆို မျက်နှာတချက်
ပျက်သွားတာ ကျွန်တော် သတိပြုမိတယ်ဗျ အဲ ဒါပေမဲ့
ချက်ချင်းအိဒြေ္နဆည်ပြီး ပြုံးပြတယ် နောက် ကျွန်တော်ကို
ခုလို စပြီး ပြောတယ်ဗျ
“ဒီက ညီငယ် အစ်ကို့အိမ်မှာ တည်းခိုချင်လို့ဆို”
စကားပြောတော့ အင်မတန်ရည်မွန်တဲ့ လူဗျ
“ဟုတ်ပါတယ်ဗျာ ကျွန်တော့်ကား ဟိုဘက်နားမှာ ပျက်သွား
လို့ပါ”
“ဟုတ်လား ဒါဆို ညီငယ် တစ်ခုခု စားပါအုံးလား ဗိုက်ဆာနေ
မှာပေါ့”
“ရပါတယ် အကို ကျွန်တော်မဆာပါဘူး တည်းခိုခွင့်ရရင်ဘဲ
ကျေးဇူးတင်လှပါပြီ”
အမှန်တော့ တကယ်လည်း ကျွန်တော် မဆာဘူးဗျ
လမ်းလျှောက်ရလို့ ညောင်းညာနေတဲ့ အတွက် ကျောခင်းပြီး
နားနေချင်တာဗျ
“ဒါဆို အခန်း အကိုလိုက်ပြမယ် ညီငယ် နားပေါ့”
“ကျေးဇူးပါ အကို ”
အဲဒီလိုနဲ့ သူက ကျွန်တော်နားရမဲ့အခန်း လိုက်ပြတယ်ဗျ
ဧည့်ခန်းနဲ့ ကပ်လျှက်က အခန်းပါဘဲ
“ကဲ ညီငယ် အေးအေးသက်သာ နားပေရော့ကွာ”
ပြောပြီး လှည့်ထွက်ကာနီး
“ပြောဖို့ မေ့နေတယ်ကွာ အကို နာမည် စောခွန်စိုင်း ပါ”
ကျွန်တော်လည်း ပြုံးပြပြီး ခေါင်းငြိမ့် လိုက်တာပေါ့
အခန်းက အတော်ကျယ်တယ်ဗျ ကုတင်ပေါ်မှာလည်း
မွေ့ယာ စောင် ခေါင်းအုံး အစုံဘဲဗျ တောထဲက စခန်းမှာ
ဖြစ်သလို အိပ်ရတာ ကြာပြီဆိုတော့ ဒီညတော့ကောင်း၂
အနားယူရမယ်လို့ တောင် ကျွန်တော်တွေးလိုက်မိသေးတယ်
ဒါနဲ့ ကုတင်ပေါ် ကျောချယင်း စောစောက ခြံစောင့်ကြီး
နောက် စောခွန်စိုင်းဆိုတဲ့လူ အကြောင်းတွေကို လျှောက်ပြီး
တွေးနေမိတယ်ဗျ ဓာတ်ပုံထဲက မိန်းမလှလေးက သူ့ဇနီးများ
လား စုံနေအောင်ကို ကျွန်တော်တွေးနေမိတယ် နောက်တော့
ပျက်လို့လမ်းမှာထားခဲ့ရတဲ့ ကားဆီ အတွေးကရောက်သွား
ပြန်ရောဗျ မတက်နိူင်ဘူးလေ မနက်မှ ကိုစောခွန်စိုင်း ကို
အကူညီတောင်းပြီး ကားကိစ္စ ရှင်းရတော့မှာဘဲ ကြာတော
ပင်ပန်းတဲ့ ဒဏ်ကြောင့်ထင်တယ်ဗျ မျက်ခွန်တွေ လေးလာပြီး
နှစ်၂ခြိုက်၂ကြီး ကျွန်တော် အိပ်ပျော်သွားတာပေါ့ဗျာ
~~~~~~~~😞😞😞~~~~~~~~~~~~~
ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတယ်တော့ မသိဘူးဗျ
မွှေးပျံ့တဲ့ ရနံ့ရယ် ကျွန်တော်မျက်နှာကို နုညံ့တဲ့ အတွေ့ထိ
တစ်ခုကြောင့် အိပ်ရာကနေ ကျွန်တော် လန့်ပြီးနိုးလာရောဗျ
ဒီတင် ဘာကိုတွေ့ရတယ်လို့ ဒေါက်တာထင်လည်း
ပြောရစေတော့ ည၀တ်အင်္ကျီ အဖြူ ပါးပါးလေး ၀တ်ဆင်ထားတဲ့
မိန်းကလေးတစ်ယောက်ဗျ ကျွန်တော့်ကို သူက ညင်၂သာလေး
နမ်းနေတာလေဗျာ ကျွန်တော်လည်း အရမ်းအံ့သြ သွားတာ
ပေါ့ သူမမျက်နှာကြည့်လိုက်တော့ ပြုံးပြီး ကျွန်တော့်ကို ကြည့်
နေတာများ မျက်လုံးတွေ အရောင်တွေကိုလက်နေတာဗျ
မြင်ဖူးပါတယ်လို့ ကျွန်တော်ထင်နေတဲ့ မိန်းကလေးက
တကယ်တော့ အိမ်ကြီးရဲ့ နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံထဲက
မိန်းကလေးဖြစ်တာပေါ့ဗျာ ကျွန်တော်လည်းအ့ံ့အားသင့်ပြီး
စကားမပြောနိုင်ဘဲ ကြောင်ကြည့်နေမိတာပေါ့
နောက်ပြီးတော့ဗျာ အလွန်ပါးလွှာတဲ့ ည၀တ်အင်္ကျီ ဖြူဖြူရဲ့
အောက်မှာ မရိုသေစကား ဒေါက်တာရယ် အတွင်းခံ၀တ်မ
ထားလေတော့ မိန်းကလေးရဲ့ ရင်နှစ်မွှာကို အထင်းသားမြင်
နေရပြန်တယ်ဗျာ နောက်တော့ ကြောင်ကြည့်နေတဲ့ကျွန်တေိာ့
ကို မိန်းကလေးက သူရဲ့လက်နှစ်ဘက်နဲ့ ကုတင်ပေါ်က
ထဖို့ ဆွဲခေါ်တယ် ကျွန်တော်လည်း အလိုက်သင့်
မတ်တပ်ထရပ်လိုက်တာပေါ့ ၂ယောက်သား အနီးကပ် ထရပ်ကြ
ရင်း မိန်းကလေးရဲ့ အလှကို မြင်နေရတော့ ကျွန်တော် မလိမ်
ချင်ပါဘူး ဒေါက်တာ တတွေး တွေကိုပဲ တဂု၂နဲ့ မျိုချနေရတာ
ပေါ့ဗျာ ငယ်ရွယ်ပြီးကျန်းမာသန်စွမ်းတဲ့ ယောက်ျားဖြစ်ဖြစ်၊
မိန်းမဖြစ်ဖြစ် ဒီစိတ်မျိုးက အလွန် ထကြွသောင်းကျန်းတယ်
ဆိုတယ်တာ ဒေါက်တာက ကျွန်တော့်ထက် ပိုနားလည်မှာပါလေ
“အနှစ် ၂၀ လုံးလုံး အစ်ကိုကို နန်းမျှော်နေတာ ဒီနေ့ညတော့
မျော်ရကြိုးနပ်ပါပြီ မှိုင်း ရယ် တနေ့ပြန်လာမယ်ဆိုတာ
အတပ်ကျသိလို့ နန်းလေ ဒီနေရာက မခွာဘဲ မှိုင်းကို စောင့်
နေတာ နန်းပျော်လိုက်တာ”
ရော ခတ်တော့တာဘဲ သူပြောတဲ့ မှိုင်းမှ ကျွန်တော်က
မဟုတ်ဘဲဗျာ ဒါနဲ့ ကျွန်တော်က
“ညီမ မှားနေပြီ အကို နာမည်က ပီယပါ ညီမပြောတဲ့
မှိုင်း မဟုတ်ပါဘူး”
“အင်းပေါ့လေ နှစ်တွေကကြာ ဘဝတွေကခြားဆိုတော့
မှိုင်း နန်းကို မမှတ်မိတော့ဘူးပေါ့ ဒါပေမဲ့ နန်းနဲ့ အကိုဟာ
တချိန်က အရမ်းချစ်ခဲ့ကြသလို အချစ်ရဲ့နောက်ကိုလည်း
အဆုံး အစွန်အထိ လိုက်ခဲ့ကြတယ် အစ်ကို”
“အချစ်ရဲ့နောက်ကို အဆုံးစွန်ထိ လိုက်ခဲ့ကြတယ်”
မိန်းကလေးရဲ့ စကားကို သံယောင်လိုက်ပြီး ကျွန်တော်က
ပြောမိတော့
“ခစ် ခစ် ခစ်”
မိန်းကလေးက တခစ် ၂ ရယ်တာပေါ့
“အကို သိချင်လားဟင်”
ကျွန်တော်က ခေါင်းငြိမ့်ပြတော့ မိန်းကလေးက
“ဒါဆို မျက်စိမှိတ် ဖွင့်မကြည့်ရဖူးနော် အစ်ကိုိ
ညီမက ဖွင့် ဆိုမှ ဖွင့်ရမယ်”
ဒါနဲ့ ကျွန်တော်လည်း မျက်စိကိုမှိတ်ထားလိုက်တာပေါ့
ခဏနေတော့ ကျွန်တော်၀တ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို
တစ်လုံးချင်းဖြုတ်နေတယ် ပြောရယင်ကျွန်တော့် အင်္ကျီကို
ချွတ်လိုက်တယ်ပေါ့ဗျာ ဒီမှာတင် အလွန်နုညံ့တဲ့ လက်ချောင်း
လေးတွေနဲ့ ကျနော့် ရင်ဘတ်တွေကို ဖွဖွလေး ပွတ်ယင်း
“အရင်ကထက်တောင်မှ အကို့ရဲ့ ရင်ဘတ်က ကြည့်လို့
ကောင်းတယ်”
လေ့ကျင့်ခန်းမှန်၂လုပ်ပြီး အမြှောင်းလိုက်ထနေတဲ့
ကျွန်တော့် ရင်ဆုံနဲ့ နံဘေး ကြွက်သွားတွေကို ကိုင်ပြီး
ပြောတာဗျ တကိုယ်လုံးလည်း ရှိန်းဖိန်းနေတာပါဘဲ
ဒေါက်တာ နောက်တော့ အင်္ကျီမပါတဲ့ ကျွန်တော့်ရင်ဘတ်ကို
ပူနွေးနုညံ့တဲ့ အစိုင်ခဲတခုက လာပြီးဖိကပ်တော့မှ အလန့်
တကြား မျက်လုံးကို ဖွင့်ကြည့်မိတော့ မိနိးကလေးမှာ
အ၀တ်စားတွေ မပါတော့ဘူးဗျာ သူ့ခန္ဓာကိုယ်က မိမွေးတိုင်း
ဖမွေးတိုင်းဖြစ်နေတာလေ အံ့သြလွန်းလို့ ဘာမှမပြောနိူင်
အောင်ကျွန်တော်ဖြစ်နေမိတယ် နောက်တော့မိန်းကလေးက
ကျွန်တော်လည်ပင်းကိုသိုင်းဖတ်ပြီး ခပ်ကြမ်းလေး နှစ်ယောက်
သား အနမ်းတွေ ခြွေနေမိတယ်ဗျ ဗလုံးဗထွေးနဲ့
“မှိုင်းကို အရမ်း ချစ်တယ် ”
ဆိုပြီး ပြောနေသေးတယ်ဗျ
ဒီမှာတင်ဘဲ ဝုန်း ဆို ပိတ်ထားတဲ့ အခန်း တခါးကြီးက
ပွင့်လာရော ကျွန်တော်နဲ့ မိန်းကလေး နှစ်ယောက်လုံး
လန့်သွားတာပေါ့ဗျာ အခန်းထဲ၀င်လာတာက
စောခွန်စိုင်း ဆိုတဲ့ လူဗျ
ဒေါသဖြစ်လွန်းလို့ သူ့အသားတွေ တဆက်ဆက်ကို တုန်နေတာ
ဗျ မျက်လုံးတွေကလည်း မီး၀င်း၀င်းတောက်နေသလိုပါပဲ
ကျွန်တော်လည်း အင်္ကျီကို အမြန်ကောက်၀တ်လိုက်ရတာပေါ့
နန်း ကတော့ ဒီတိုင်းဘဲဗျ
စောခွန်စိုင်း ကို ခပ်တင်း၂ပြန်ကြည့်နေတယ်
“မင်းတို့ ဖောက်ပြန်ကျပြန်ပြီပေါ့ ဟုတ်လား”
“ဒီမှာ ကျွန်မတို့ဖောက်ပြန်တာမဟုတ်ဖူး ရှင်သာ ကျွန်မတို့ကို
ရက်၂စက်၂ ခွဲခဲ့တာ”
“တော်စမ်း မင်းက ငါ့မမိန်းမကွ ”
“ဘာမိန်းမလည်း ရှင့်အတွက် ကျွန်မက ရှင့်သွေးသားတွေ
သောင်းကျန်းယင် ဖြေဖို့ ပြည့်တန်ဆာ အဆင့်ဘဲ ထားတဲ့
မိန်းမလား ”
တကယ်တော့ သူတို့ပြောနေတာတွေ ဘာမှ ကျွန်တော်နားမ
လည်ဘူးဗျ
“အေး အရင် ဘ၀ကလည်း မင်းရော ဒီကောင်ကိုရော
ငါသတ်ခဲ့ပြီးပြီ အခုလည်း ဆက်သေဖို့သာ ပြင်ထား”
ပြောပြောဆိုနဲ့ လက်ထဲက ပါလာတဲ့ ဓားနဲ့ မိန်းကလေးကို
ပိုင်းချလိုက်တာဗျ
“အစ်ကို ပြေး”
တခွန်းပဲပြောပြီး မိန်းကလေးက ပုံကျသွားတာဗျ
နောက်တော့ ကျွန်တော့်ကို
“အခုထိ ရှုပ်နေတဲ့ကောင် သေပေတော့”
ပြောလည်းပြော ခုတ်လည်းခုတ်တော့တာဗျ
ကျွန်တော်လည်း အခန်းထောင့်မှာ ထောင်ထားတဲ့ ဘာလုပ်
ဖို့ထားတဲ့ သံချောင်းလည်းတော့မသိဘူးဗျ
အဲဒါနဲ့ ခံလိုက်တာဗျ
ထန်း ထန်း ထန်း
နောက်တော့ အခြေနေမဟန်တာနဲ့ ကျွန်တော်လည်း
အိမ်ကြီးထဲက ပြေးထွက်လာရတာပေါ့
စောခွန်စိုင်းကလည်း နောက်ကနေပြေးလိုက်လာတာဗျ
ကျွန်တော်ခြံထဲရောက်တော့ နောက်ကနေ
“ဟေ့ ငရဲ အဲဒီကောင်ကို အသေသတ်”
ခြံစောင့် ကိုရုပ်ဆိုးက တခါး၀မှာ ရဲဒင်းကြီး ကိုင်ပြီးရပ်နေတာဗျ
ကျွန်တော်လည်း မထူးဘူးဆိုပြီး လက်ထဲက သံတုတ်ကို
လွှဲပစ်လိုက်တာ ကိုရုပ်ဆိုး မျက်နှာကို ကွက်တိ ဖျက်မှန်
တော့တာဗျ ကိုရုပ်ဆိုးလည်း အား ဆိုအော်ပြီး ဖင်ထိုင်ကျ
သွားတုန်း ခြံတခါးကထွက်ပြီး ပြေးလိုက်တာ ကျွန်တော်ကား
ရပ်ထားတဲ့ နေရာကို ပြန်ပြေးနေမိတာဗျ
ကိုရုပ်ဆိုးကလည်း ကျွန်တော်နဲ့ ထပ်ကြပ်မကွာ လက်တကမ်း
အကွာက ရဲဒင်းကြီးကိုဝှေ့ယမ်းပြီးလိုက်နေတာဗျ
ဒါနဲ့ကျွန်တော်လည်း ကားနားရောက်တော့ ကားထဲ၀င်မိလိုက်
တော့ ကမန်းကတန်း ကားတခါးကိုပိတ်တဲ့ ကျွန်တော့်လက်ကို
ကိုရုပ်ဆိုးက သူ့လက်ထဲက ရဲဒင်းကြီးနဲ့ ခုတ်လိုက်တာဗျ
ကြောက်လွန်းလို့ ကျွန်တော်လည်း ယောင်ရမ်းပြီး ကားသော့
ကို လှည့်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ ဝူး ဆို
ကားက နိုးပါလေရောဗျာ အပြင်မှာ ကိုရုပ်ဆိုးကတဒုန်း၂နဲ့
ကားကို သူ့ ရဲဒင်း(ပုဆိန်)နဲ့ ဒေါသတကြီး ခုတ်နေတာဗျ
ကျွန်တော်လည်း လီဗာကို အကုန်နင်းပြီး ကားကို တရှိန်ထိုး
မောင်းပြေးလာတာပေါ့ ရှေ့နားရောက်တော့ လက်ထဲက ဓားကို
ကိုင်ယင်း ကျွန်တော့်ကားရှေ့ကို ပြေးလာတဲ့ စောခွန်စိုင်း
ဆိုတဲ့လူကို ကားနဲ့ ဆောင့်လိုက်တာ ဝုန်း ဆို ပေ ၂၀ လောက်ကို လွှင့်စင်သွားတာဗျ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့မှ ကားတိုက်ခံရာက ကုန်းထလာတဲ့
စောခွန်စိုင်းကို မြင်ရတော့မှ ကျွန်တော်ပိုပြ်ီးကြောက်လာမိ
တယ်ဗျာ”ဘုရား ဘုရား လူတွေတော့မဖြစ်နိူင်ဘူး”
ကားကို အရှိန်နဲ့မောင်းလာယင်း စောစောက ခြံကြီးရှေ့
ပြန်ဖျက်မောင်းတော့ ခြံ၀မှာ နန်းဆိုတဲ့ မိန်းကလေးက
အလွန်၀မ်းနည်းနေပုံနဲ့ ကျွန်နော်ကို လက်ပြယင်းကျန်ခဲ့
တယ်ဗျာ ဒီလိုမောင်းလာယင်း ဒေါက်တာမင်းအောင်လို့
ရေးထားတဲ့ ဆိုင်းဘုတ်လေးမြင်လို့ ကျွန်တော် ကားကိုရပ်
ပြီး၀င်ခဲ့တာဘဲဒေါက်တာ”
ပီယ ဆိုသောလူ၏ စကားဆုံးတော့ ဒေါက်တာမင်းအောင်
ပြုံးလိုက်သည်။
“ဘာလည်း ဒေါက်တာ ကျွန်တော်ပြောတာ မယုံလို့လား”
“ခင်ဗျား အင်မတန် အပြောကောင်းတဲ့ လူဘဲဗျ
အခုပြောနေတာတွေကို သာ ၀တ္ထုရေးရယင် သိပ်ကိုဖတ်လို့
ကောင်းမှာဗျ ဟဲ ဟဲ”
“ဒေါက်တာ မယုံဖူးပေါ့ ဒါဆိုယင် ဒီဟာကိုရော ဒေါက်တာ
ဘာပြောချင်လည်းဗျာ”
ထိုသို့ပြော့ရင်း သူ၀တ်ထားသော ကုတ်အင်္ကျီထဲ၌ ထိုးထည့်
ထားပြီး သွေးစေး
များပင်ခြောက်ကပ်နေသော လက်ပြက်ကြီးကို ပြယင်း ထိုလူမှာ
ခွေခေါက်၍ ကြမ်းပြင်ပေါ်သို့ မေ့လဲ၍ သွားလေတော့သည်။

The End…