သံဒင်းမြေက လှပျိုဖြူ(စ/ဆုံး)
—————————–
ကျနော်တို့စက်ရုံမှ အဆိုင်းသုံးဆိုင်း ခွဲထားသည်။
မနက် ၆နာရီမှ နေ့လည်၂နာရီထိတဆိုင်း။
နေ့လည်၂နာရီမှ ညဆယ်နာရီထိတဆိုင်း။
ညဆယ်နာရီမှ နောက်တနေ့ ခြောက်နာရီထိတဆိုင်း
အလှည့်ကျ အလုပ်ဆင်းရတာပေါ့လေ။
စက်ရုံမှ ဖယ်ရီ ကားစီစဉ်ထားသော်လည်း
ကားက ရွှေပြည်သာ ထန်းခြောက်ပင်သာရောက်သည်။
ကျနော်အိမ်က သံဒင်း ၄၈ အပိုင်းဆိုတော့
ညဆယ်နာရီ အိမ်ပြန်အဆိုင်းကျရင် သံဒင်းဖက်ကိုလိုင်းကားကမရှိ။
သံဒင်းဖက်သွားမယ်ဆိုရင် ဆိုက်ကားစီးရင်စီး မစီးချင်ရင်ဆိုက်ကယ် ကယ်ရီငှားရင်ငှား မငှားရင်
ခြေလျှင်လျှောက်ပေါ့။ဒါပဲရှိတာလေ။
ဒီနေ့တော့ ညဆယ်နာရီအဆိုင်း
အိမ်ပြန်ချိန် ကျလာခဲ့သည်။
ဖယ်ရီကားကထန်းခြောက်ပင်မှတ်တိုင်မှ
ဝန်ထမ်းတွေကို
ချပေးပြီတာနဲ့ မောင်းထွက်သွားတယ်။
တချို့ ထန်းခြောက်ပင်စျေးဖက် သွားကြတယ်
တချို့လည်း ကားလေးဂိတ်ဖက်ပြန်ကြတယ်
ကျနော်တစ်ယောက်ထဲ သံဒင်းသားဆိုတော့
သံဒင်းဘက်ကို လျှောက်လာတာပေါ့။
ဆိုက်ကား/ဆိုက်ကယ် စီးဖို့ဆိုတာကလဲ ကျနော်ဒို့ဝန်ထမ်းတွေမှအပိုဝင်ငွေမရှိ။
တစ်လပြည့်ရင် ရလာမယ်လစာလေးကို
ခြွေတာပြီ သုံးနေရတဲ့ဘဝ။
ဒါကြောင့် ကိုးခြောက်ကိုးသုံးနဲ့
ခရီးဆက်နေလိုက်တယ်
လရောင်က ဗိုလ်ချုပ်လမ်းမပေါ် ဖြာထွက်နေတယ်
ကျနော်တစ်ယောက်ထဲ လျှောက်လာနေတုံး
“ထဆင်ထူးရေ နေပါဦးဟ”
ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့
အမောတကောနဲ့ ကိုအေးချမ်း ပြေးလာတာကိုတွေ့ရတယ်။
ဒါကြောင့်ကျနော် ရပ်ပြီစောင့်လိုက်တာပေါ့။
အနားလည်းရောက်ရော
“အတော်ပဲကွ အဖော်ရပြီ
ငါလည်းအခုမှအလုပ်ပြန်လာတာ
မင်းကစ်ဦးမလား”
အကြောင်းသိတွေဆိုတော့ ကိုအေးချမ်းက အစဖော်နေ၏။
အလုပ်အကိုင်ချင်မတူသော်လည်း
အိမ်နီးနားချင်းတွေဆိုတော့
ညီအကိုလို ခင်နေတာပေါ့လေ။
“ကျနော်မှာတော့ မပါဘူးဗျ”
“ဒီနေ့ ငါ့အောက်ဆိုဒ်ဆွဲတာ အတော်ရတဲ့ဟ
ဒရိုင်ဘာမသိအောင် ဘတ်ထားတာနဲ့ဒင်
ဝီတောင်မော့လိုရတဲ့ ဒီနေ့တော့
နနတ်သီးမခွဲတော့ဘူးကွ”
စပယ်ရာတို့၏ ထုံးစံအတိုင်း အကျင့်ကမဖျောက်
လက်ရင်းဒိုးတွေမို့ လက်ကြိတ်ထိုး ပြောရှာတာ
ကိုအေးချမ်းပျက်ဆံတွေကိုရေပြီ
အရက်အေဂျင်ဆိုင်သို့ ဝင်သွားတယ်
သိပ်မကြာပါ ဆိုင်ကနေ ပြန်ထွက်လာတယ်
လက်ထဲမှာလည်း
ကြွပ်ကြွပ်အိတ်အမဲနဲ့ ဘာတွေထည့်လာလဲမသိ
အိတ်ကဖောင်းနေပြန်ရော။
“ဝယ်တာတော့ ဟုတ်ပါပြီ
ဘယ်မှာသောက်မလဲ”
ရက်ဆိုင်ထဲလည်း ဒီအိတ်ကြီးယူသွားပြန်လဲ
မသင့်တော်ဘူးလေ
ဒါကြောင့်ကျနော်မေးလိုက်တယ်
“ဟာ …ဝယ်ပြီမှတော့ အိမ်မှသောက်မှာပေါ့ကွ
အိမ်မှတော့ မလုပ်ပါနဲ့ဗျ အမေရှိတယ်”
“ဒါဆိုလဲ သံဒင်းတံတားသွားသောက်ကြမယ်
အဲဒါ အကောင်းဆုံးကြံပဲ”
နှစ်ယောက်သားအလ္လာပသလ္လာပပြောလာရင်း
လျှောက်လာလိုက်တာ
သံဒင်းတံတားသို့ ရောက်လာခဲ့တယ်
အခင်းကော်ဇောမလို
တမံတလင်းပေါ် ပိပိပြာပြား ဖင်ကျောက်ချလိုက်ကြတယ်
အိတ်ထဲက စက်ကျဒေါက်နီလေးက လက်ယက်ခေါ်နေသလားမသိ။
ကိုအေးချမ်း ပုလင်းထုတ်ပြီ ကပျာကယာအဖုံးဖွင့်လိုက်တော့
အားပါးပါး အနံ့လေးကိုမွှေးနေတာပဲ
ကိုအေးချမ်းက ကိုယ်သန်ရာကိုယ့် ပြောရှာသည်။
ကျနော်လည်း အိတ်ထဲ ဘာများကျန်သေးလဲပေါ့
ရှာလိုက်တော့ ရေသန့်ဘူးတဗူး
ဖော့ခွက်နှစ်ခွက် အာလူးချောင်းကြော်ငါးထုပ်
ကိုအေးချမ်းက ဝယ်တတ်သားပဲ
ဟုစိတ်ထဲချီးကျူးလိုက်ပြန်တယ်
ရက်ကို တစ်ခွက်မော့လိုက် ရေသောက်လိုက်
စကားတွေရွှီးလိုက် အားလူးချောင်းလေးဝါးလိုက်နဲ့
နှစ်ယောက်သား ဟုတ်နေပြန်ရော
သောက်စရာ စားစရာတွေကုန်ရော
နှစ်ယောက်သားပြန်မယ်ပေါ့
ကိုအေးချမ်းကမူးမူးနဲ့
“ဟိုထောင်ထောင်ကြီးက ဘာတုံးဟ”
အားလေးလျှာလေးပြောလိုက်တော့
ကျနော်လှမ်းကြည့်လိုက်တယ်
ငေါထွက်ဟာကြီးကိုပေါ့
သေချာပြူးပြဲကြည့်မှ မီးခိုတိုင် စက်ခေါင်ကြီးမှန်း သိလိုက်ရတယ်
“အဲဒါကျူးချောင် သင်္ချိုင်းလေး
မီးခိုတိုင် စက်ခေါင်ကြီးပါဗျာ”
“မဆိုးဘူးနော်
ဒို့သံဒင်းနဲ့ နီနီနားနားပဲ
ရေဝေးသွားစရာ မလိုတော့ဘူး
သေရင်တန်းချရုံဘဲ”
ကိုအေးချမ်းက နှုတ်စည်းကမ်းမရှိ လျှောက်ပြောတော့
ကျနော်ကျောထဲ သိမ့်ခနဲ့ခံစားရလိုက်တယ်
မွှေးညင်းပေါက်ခလေးတွေလဲ အလိုလိုထောင်တတ်လာပြန်တယ်
“လာ…ပါ..ဗျ..ပြန်…ကြ…ရ..အောင်”
ထစ်ထစ်ငေါ့ငေါ့ကျနော်
ပြောရှာပင့်မယ် ကိုအေးချမ်းတမံတလင်းပေါ်လှဲအိပ်ချကာ
“ဒီမှာပဲအိပ်တော့မယ်ကွာ”
သူပြောမှကျနော်ပိုကြောက်လာ၏
တံတားအဆင်းဆိုလဲ
ဘုန်းကြီးကျောင်းတွေပဲရှိတာ
လူနေအိမ်က ခပ်ဝေးဝေးမှ။
ကိုအေးချမ်းကိုတွဲထူပြီ
သံဒင်းသို့ မနိူင်တနိူင် ခေါ်လာရုံပဲရှိတော့တာ။
ကိုယ်က သူနဲ့သောက်မိတာကို့။
သူ့ကသူ့အကြောင်းသိလို့ အိမ်မှသောက်မယ်ပြောရှာသား။ကျနော်နဲ့သူက အခန်းချင်းကပ်ရပ်ဆိုတော့ အရက်သောက်ပြန်လဲ မဖြစ်ချေဘူးလေ။အမေကြားသွားရင် ကျနော်ကိုပွားမှ
ကြိမ်းသေး၏။
ဒါကြောင့် မသောက်ဘူးလို ငြင်းလိုက်တာ။
အိမ်မှာသာ ကျနော်မသောက်တာပါ အပြင်မှဆိုရင်
အိမ်ထဲဝင်တာနဲ့ မာကာလာရွက်ခူးဝါးပြီ။
အမေရှေ့မှာ ဟန်မပျက်နေတတ်တဲ့ကောင်။
ခုတော့ကိုယ်ထိုက်နဲ့ကိုယ်ကံ ရှိပါစေဆိုပြီ
ကိုချမ်းတွဲထူရုံရှိသေး
“အကို”
ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့
စက်ရုံယူနီဖောင်းဝတ်ဆင်ထားတဲ့
ကောင်မလေး။အသားကဖြူဖြူ
လက်ထဲမှလဲ ထမင်းချိုင့်လေးကိုင်လို
“အဲဒါဘာဖြစ်နေတာလဲဟင်”
အရေးထဲ စုံစမ်းရေးနဲ့လာတိုးနေပြန်သည်။
မိန်းမတွေများ စပ်စုစရာမရှိ အမူးသမားတောင်
အလွတ်မပေးဘူး။မိန်းမဆိုတဲ့အမျိုးကလည်း
စပ်စုတဲ့နေရာဆိုပါရဂူပဲ။
ဘယ်နေရာဘာဖြစ်တာဟယ်ဆို
လှည့်မကြည့်နဲ့ရောက်နှင်နေပြီသား
လူသေများတွေ့လိုကတော့ ကြောက်တဲ့မကြည့်ရဲဘူး
ပြီတော့လည်းရှေ့ဆုံးကပဲ။ပေါက်ပေါက်ဖောက်တော့ဒါ။
ဘယ်လိုဗီဇလဲတော့ မသိဘူး။ကျနော်လည်း သိပ်တော့
နားမလည်ပေ။အခုပဲကြည့် ကိုယ်လမ်းကိုယ့်မလျှောက်ပဲ အင်တာလာဗျူးနေသေး၏
ထိုကောင်မလေးခေါ်သံကို မကြားချင်အောင်ဆောင်ပြီ
ကိုအေးချမ်းကို အရေးစိုက်လိုက်တယ်။
ကိုအေးချမ်းကတော့ မျက်ခွံလေးပြီ ။အိပ်ပျော်သွားတယ်
တုတ်တုတ်မျှ မလှုပ်တော့ပေ။ကိုအေးချမ်းကို
မ,ကြည့်လိုက်တဲ့ ။စားထားသမျှ ပြန်မထုပ်ဘူးနဲ့ထင်တဲ့
လေးလိုက်တာ ကျနော်လက်မောင်းတွေကိုအောင့်လို။
မနိူင်တော့ ကိုအေးချမ်းကို ဒရွတ်တိုက်ဆွဲသလိုဖြစ်နေပြန်ရော။ကျနော်အဖြစ်ကို
အစအဆုံးမြင်တဲ့ကောင်မလေးက ကျနော်ဖက်
လက်ညိူးထိုးပြီ
“ရှင့်လူသတ်ပြီ တံတားပေါ်က ပြစ်ချမို့လား”
လူများစွတ်စွတ်စွဲစွဲတရားခံလာရှာနေသည်။
ဒီမှာ မနိူင်ရတဲ့အထဲ သူကတမှောင့်။
ရွဲ့ပြန်ပြောလိုက်တယ်။
“ဟုတ်တယ် ဟေ့ အလောင်းဖျောက်မလို လုပ်နေတာ
ကဲ…ရှင်းပြီလား…”
ထိုအခါကြမှ ကောက်မလေးကအထိပ်အလန့်နဲ့ အော်ပါလေရော
“လာကြပါဦးရှင် ဒီမှာ လူသတ်ပြီ အလောင်းဖျောက်နေပါတဲ့ လာကြပါဦးရှင့်”
အထူအပါးလည်း နားမလည်းသော် ထိုကောင်မလေး၏
အာမေဋိသံကြောင့် မ,ထားသော်ကိုအေးချမ်းကို
ပြစ်ချရင်း သူပါးစပ်ကို အရင်ပိတ်လိုက်ရတယ်။
အမူးထက် အရူးက ပိုအရေးကြီးနေလိုပေါ့ဗျာ
ပါးစပ်ပိတ်တော့ သူမ တုန့်ပြန်တဲ့။ ပိတ်ထားတဲ့
လက်ကို ကိုက်ပါလေရော။နာကျင်မှုကို မခံစားနိူင်တော့
ကိုက်တဲ့ဟ ဆိုပြီ ပိတ်ထားတဲ့ကျနော်လက်ကို
ကျနော် ခါထုတ်လိုက်တဲ့။
အလိုစလျင်ပဲ ကျနော် သူမလက်ကို ပြန်ချုတ်ပြန်တယ်
ချုတ်ချက်က တဖက်ပဲ မိတယ်
ကျန်တဖက်က ကျွန်တော်အား ဒုက္ခပေးပါလေရော။
ထမင်းချိုင့်နဲ့ ရမ်းသမ်းပြီ ကျနော်ခန္ဓာကိုယ့်ကိုထုတာ
ရင်ဘတ်တွေကို အောင့်လို။
နာကျင်ဒဏ်ကို ကျနော်မခံစားနိူင်လို
အဖြစ်အမှန်ကို စီကာပတ်ကုံးပြောပြလိုက်တယ်
်ထိုအခါကြမှ ကောင်မလေးလဲ သဘောပေါက်နားလည်းသွားပြီ
ကျွန်တော်နဲ့အတူတူ ကိုအေးချမ်းကို တွဲထူးရင်း
သံဒင်းဖက်သို့ စကားတပြောပြောလျှောက်လာတာပေါ့။
ကောင်မလေးက
“ဒီနေ့က အိုဒီရှိလို အိမ်ပြန် နောက်ကျရတာပါအကို
ဖယ်ရီကားက အရင်ရက်တွေတုံးက သံဒင်းဝင်သေးတဲ့
အခုတော့ လမ်းပြင်နေတာကို့ အကြောင်းပြပြီ
မဝင်တော့ဘူး ထန်းခြောက်မှပဲ ချပေးခဲ့တာ
သံဒင်းဖက်သွားတာဆိုလို ညီမတစ်ယောက်ရှိတာ
ကားသမားတွေက တစ်ဦးတစ်ယောက်အတွက် မပို့ချင်တာလဲ ပါမှပေါ့”
“အဲဒါများ ညီမရယ် ထန်းခြောက်ပင်မှ ဆိုက်ကား/ဆိုက်ကယ် ပေါသော်နေတာ ဘာလဲ ပျက်ဆံမပါလိုလား
အိမ်ရောက်မှ အိမ်က ပျက်ဆံပေးလဲရနေတာပဲ
ကယ်ရီငှားစီးလိုက်ပြီရော အခုလို ညကြီးအချိန်မတော် ကုန်းကြောင်းလျှောက်တာ ညီမအတွက် အန္တရာယ်
များတယ်”
“ညီမကားပေါ်က ဆင်းတဲ့က ဆိုက်ကားသမားတွေရော ဆိုက်ကယ်ကယ်ရီသမားတွေပါ ဝိုင်းအုံပြီ
သူတင်မယ်ငါ့တင်မယ်နဲ့ အငြင်းပွားနေကြတာ
သူတို့ကို ကြည့်ပြီ စိတ်ပျက်တာနဲ့ ကုန်းကြောင်းလျှောက်လာတာ
တချို့က သူတို့ဆိုက်ကယ် /ဆိုက်ကားမစီးလို
မကြားတကြားရိသဲ့သဲ့ ပြောကြားသေးတယ်”
ဟုတ်တော့လဲ ဟုတ်ပါတဲ့လေ ညဖက်များ
မိန်းမသားတစ်ယောက်ထဲ သွားလိုကတော့
ဘယ်ယောင်္ကျားလေးမဆို ခေါတောကြည့်နဲ့သွားစုံဗြဲပြီ
ပြောင်ချင်နောက်ချင်ကြတာ။ဒီကောင်မလေးရုပ်ကလဲဆင်းလုံးချောဆိုတော့
“အော်မေ့လို ညီမနာမည်က မဝေဖြိုးပါ
ရာပိုင်းလေးဆယ့်ခွန်မှ နေပါတယ်
အကိုနာမည်ကရော ဘယ်လိုခေါ်လဲ
ဘယ်မှာနေလဲ ဘာအလုပ်လုပ်လဲ”
ချက်ချက်ချာချာ သွက်သွက်လက်လက် ထောက်စေ့အောင် ကျနော်အကြောင်းမေးနေ၏။
“ထဆင်ထူးပါ ရာပိုင်းလေးဆယ့်ရှစ်မှနေပါတယ်
အလုပ်က စက်ရုံဆင်းတယ် ”
ဒီလ်ိုနဲ့ ပြောရင်းဆိုရင် လျှောက်လာလိုက်တာ
သံဒင်းမောင်မှတ်တိုင်ကျော်လို ပေါ်တော်မူမှတ်တိုင်
ရောက်ခံနီး ဆိုက်ကားတစ်စီး လာနေသည့်ကိုတွေ့ရတယ်။
ကျွနော်အရှေ့ရောက်တော့ ဘယ်သူလဲပေါ့။
အကဲခတ်ကြည့်လိုက်တယ်
ကျနော်တို့နှစ်အိမ်ကျော်က အီကော်
ရပ်ကျော်ရွာစော် ဒိတ်ဒိတ်ကျဲဖဲကျိုးဆိုက်ကားသမားကြီး
ညကြီးအချိန်မတော် ဆိုက်ကားနင်းတာတော့ မဖြစ်နိူင်။
ညပိုင်းဒီလောက်ဆိုက်ကယ်ပေါတာ ဆိုက်ကား
ဘယ်စီးတော့မလဲ။ နောက်ပီပါစင်ဂျာလည်းမပါ။
ဖဲဝိုင်းရှိလို ဝီရီယကောင်းနေတာပဲနေမှာ။
“အီကော် ဘယ်တုံးဗျ”
ဖဲဝိုင်းမှ စိုပြေလာလို ကုန်းပေါ်တတ်မလို(ထန်းခြောက်ပင်ကိုပြောချင်ဖြစ်သည်)
ဂွင်တည့်လာသူတွေအတွက် ထန်းခြောက်ပင် ညလုံးပေါက်ဆိုင်တွေမှ အသာပြေဖြေနေကြပဲလေ။
skyနက်က ဇာတ်ကားလေးတွေကြည့်လိုက်
ဘောပွဲလေးတွေကြည့်လိုက်နဲ့ပေါ့
တခါတလေ မျက်စီအစာကြည်အောင်
ဝိတ်တာမလေးတွေရှိုးလိုက်နဲ့
အဆင်ကိုပြေလို့
“ကျနော်တို့ကိုအိမ်လိုက်ပို့ပေးပါလား အီကော်”
အီကော်က အကင်းပါး၏။ ကိုအေးချမ်း သာခွေယိုင်ဖြစ်နေတာကိုကြည့်ပြီ
“ပြောနေစရာ လိုသေးလို့လား ထူးထူးရယ် လာတတ်”
သဘောကောင်းမနောကောင်းအီကော်ကိုကျနော်စိတ်ထဲကျေးဇူးတင်ပြီ။
မဝေဖြိုးအားကိုအေးချမ်းဆိုက်ကားပေါ်တင်ဖို့ဆော်သြလိုက်တယ်
“လာညီမ ကိုအေးချမ်းကိုဆိုက်ကားပေါ်တင်ရအောင်”
“ဘယျကညီမလဲ”
အီကော်အမေးကြောင့် ကျနော် ကြောင်စီစီဖြစ်သွားသည်။
“ကိုအေးချမ်းကို တွဲထားတယ်လေ”
“မင်းကလာစားနေသေးတယ် မြန်မြန်တတ်”
အီကော်လည်း မဆိုင်းမတွားပဲ ဆိုက်ကားပေါ်ကဆင်းပြီ
ကိုအေးချမ်းကို လာတွဲ၏။
မဝေဖြိုးကို အီကော် မမြင်ဘူးလားမသိဘူး
ဒါမှမဟုတ် တကယ်ပဲ မမြင်ချင်အောင်ဆောင်တာလား။
အီကော်ကလည်း တခါတလေနောက်တတ်တဲ့
အကျင့်ရှိတော့ ကျနော်တွေးတာပေါ့လေ။
အီကော် ကိုအေးချမ်းကို လာတွဲတော့ မဝေဖြိုးက
တွဲထားတဲ့ကိုအေးချမ်းလက်ကို လွတ်လိုက်တယ်။
ကျွန်တော်နဲ့ အီကော် ကိုအေးချမ်းကို ဆိုက်ကားပေါ်
တင်နေတုံး။ မဝေဖြိုးမှ ရပ်နေသေးတယ်
ထိုအချိန် ကိုအေးချမ်း ပါးစပ်ကထွက်အန်ကာကျလာတဲ့။
မျို့ဆို့ထားတဲ့ အရာတွေ တလောဟောပဲ။
အနံ့ပေါင်းစုံက ကျနော် နှာခေါင်းဝမှ ဝင်ရောက်လာတော့
“သေချင်ဆိုး မသေခင်ထဲက ပုပ်နေတာ အေ့”
ပြောလဲပြော ကိုအေးချမ်း ပါးစပ်မှ ပေကျံနေတဲ့
အံဖတ်တွေကို ကိုအေးချမ်းပုဆိုးနဲ့ကောက်သုတ်လိုက်တယ်
ကောက်သုတ်ပြီတာနဲ့အီကော်နဲ့အတူတူ ကိုအေးချမ်းကိုဆိုက်ကားပေါ်တင်ပြီ။ကျနော် မဝေဖြိုးဖက်လှည့်ကြည့်လိုက်တယ်
မဖြိုးဝေ ဘယ်ရောက်သွားလဲမသိ။
ဆိုက်ကားစီးရမှာ အားနာလိုလား။ပျောက်ချင်မလှပျောက်
သွားသောကြောင့် နည်းနည်းတော့ ကျနော်သံသရာဝင်မိတယ်
ရှည်ရှည်ဝေးဝေး မတွေးတော့ပဲ။
ဆိုက်ကားပေါ်မှ အလိုက်သင့်လေ။
စီးလာလိုက်၏။ဒီလိုနဲ့ အိမ်လဲရောက်ရော
အီကော်ကျနော်တို့ကို အိမ်ပေါက်နားထိ
တွဲပို့ပြီတာနဲ့ ထန်းခြောက်ဘက်သို့ မနောသီချင်းလေး
တကြော်ကြော် အော်ဆိုရင်း ဆိုက်ကားနင်းသွားပါတော့တယ်။
အီကော် ပိုက်ဆံလည်း တပြားမှမယူ။
ရက်သမားကို ကူညီတတ်သူက ခပ်ရှားရှား။
ဘာပဲဖြစ်ဖြစ်သံဒင်းသူ/သားတွေက လူသာတေလေဂျပိုးဖြစ်ချင် ဖြစ်နေမယ့် စိတ်ရင်းကတော့
လောကပါလ နတ်မင်းကြီးတောင် ထိုင်ရှိခိုးရမယ့်
လူစားမျိုးတွေချည်းပဲ။ခါးတောင့်ဖို့ထက် ဝမ်းတောင့်အောင် လုပ်နေရတဲ့အညတရ လူတန်းစားများပင့်မယ်
ဘာသာရေးလည်း လိုက်စားကြတယ်
တဦးကိုတဦးကူညီကြ၏။မီးဘေး ရေဘေးအလှူခံလာရင်တောင် ကိုယ်ဝတ်တဲ့
အဝတ်အစားချွတ်လှူတဲ့ သဒ္ဓါတရားပေါကြွယ်ဝသော
မြန်မာနိူင်ငံရယ် အရက်ရောဆုံးနဲ့ပေးကမ်းမှုအများဆုံးနယ်မြေတ
ခုဖြစ်သည်။
ကျနော်လည်း သံဒင်းသားဖြစ်ရတာ ကြံဖန်ဂုဏ်ယူပြီ
ကိုအေးချမ်းအိပ်ဖို့သူအိမ်ထဲသို့ ဝင်လိုက်တယ်
လူပျိုလူလွတ် အခန်းက အပျိုအခန်းလောက် မသပ်ရပ်။
ထောင့်ကျကျပြားကျကျ နေတတ်သောကိုအေးချမ်းအခန်းက
စည်ပင်အမှိုက်ပုံးထဲ ပိုဆိုးနေ၏။
ရှုပ်ပွနေသော် အမှိုက်ထုထည်ကို ဖယ်ရှားရင်း
ကိုအေးချမ်းကို သူ့အိပ်ရာထဲသို့ပို့လိုက်တယ်။
ကျနော်လည်း အမေနိူးမှ ကြောက်၍
နောက်ဖေးဘက်က တက်ပြီ။ခြေသံကို ခပ်ဖွဖွနင်းကာ
ထမင်းတောင် မစားနိူင် အိပ်ရာပေါ်သို့
ခြေပစ်လက်ပစ် အိပ်လိုက်တော့တယ်။
့
နောက်တနေ့ မနက်မိုးလင်းတော့ သတင်းတခုကြားရတယ်
မနေ့ညက စက်ရုံဖယ်ရီကားတစ်စီး အိုဒီအပြန်မှ ကားမှောက်လိုတဲ့
အဲဒါသတင်းကြားကြားချင် ကျနော်ညကတွေ့ခဲ့ရတဲ့ မဝေဖြိုးကို မျက်စီထဲပြေးမြင်မိတယ်။
ကားမှောက်တဲ့ထဲပါသွားတယ် မိန်းခလေးမဖြစ်ပါစေနဲ့
ဆုတောင်းရင်း ကျနော်စက်ရုံတောင် မဆင်းအားပေ။
မဝေဖြိုးပြောတဲ့လေးဆယ့်ခွန်ရာပိုင်းထဲ လိုက်ပတ်ရှာတာ။အချိန်နာရီဝက်လောက်ကြာတော့
အိမ်တအိမ်တွင် တာလပတ်အမိုးတွေ
မိုးနေသည့်ကိုတွေ့ရတယ် ။
မယောင်မလည်နဲ့
အိမ်ရှေ့သို့ ခေါက်တုန့်ခေါက်ပြန် အကဲခတ်ကြည့်ပြန်တယ်
အိမ်ထဲမှ ငိုသံရှိုက်သံတွေ ဒုနဲ့ဒေ။ကြားနေရတယ်။
ဦးလေးကြီးတဦးက အိမ်ထဲကနေ အိမ်တွင်းနတ်စင်ကြီး
ကိုင်ပြီ အိမ်ပြင်သို့ထွက်လာတာလည်း ကျနော်မြင်ရော။
ကျနော်အနီးရောက်တော့ ထိုဦးလေးကြီးကို
ကျနော်စကားတောက်ကြည့်တယ်။
ဦးလေးကြီးက မျက်နှာမသာမယာနဲ့
ငယ်ငယ်ရွယ်ရွယ်နဲ့မိဘလုပ်ကျွေးနေတယ့်
မဝေဖြိုးအကြောင်း ခရေစေ့တွင်းချ
ကျနော်အားမျက်ရည်အဖော်လုပ်ရင်း
စီကာပတ်ကုန်းပြောပြီ။
တရှုံရှုံငိုလည်းငိုကာ အိမ်တွင်းနတ်စင်ကို အသုဘအိမ်ရဲ့ ခပ်ဝေးဝေးမှ ချထားလိုက်တော့တယ်။
ကျနော်စိတ်ထဲမကောင်းပေ။အသုဘအိမ်ထဲသို့
မဝင်တော့ပဲ လာလမ်းအတိုင်း ပြန်လျှောက်ကာ
မဝေဖြိုးအကြောင်းစဉ်းစားရင်း သေမင်းကို လာဘ်ထိုးလိုရရင် မဝေဖြိုးကို လူပြည်သို့ခေါ်
ထားလိုက်ချင်တယ်။
ဘာဖြစ်လိုလဲဆိုရင် သရဲဖြစ်တာတောင်
ကူညီချင်စိတ်ရှိတယ် သူ့စိတ်ဓါတ်ကိုိ
လေးစားလိုပါပဲ။
သံဒင်းမြေကိုလမ်းခင်းပေးဖို့နဲ့
မည်သည့်ဒေသမဆို ညလုံးပေါက်
အိုဒီကို အတော်အသင့်ပဲ ခွဲခြားပေးဖို့နဲ့
ဘယ်သူမဆို အခက်အခဲကြုံနေရင်း
အရက်သမားမကလို သူတောင်းစားပဲဖြစ်နေပါစေ ကူညီရိုင်းပင်ကြပါနော်
နိူးဆော်ရင်း
အခုတော့ သံဒင်းသွားတဲ့
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ကျောက်လမ်း
ခင်းလိုက်ပါပြီ မခင်း ခင်က ဇာတ်လမ်းပါ
အမှားပါရင် ခွင့်လွှတ်ပါနော်
ပြီးပါပြီ