သံသပိတ်ကြိီး

သံသပိတ်ကြီး

®®®®®®®

 

သံသပိတ်ဆိုတာ အသားကသပိတ်ရောင်၊အရပ်ရှည်ရှည်၊အသက်၇၀နီးပါးရှိနေပြီဖြစ်တဲ့ အဘိုးအိုတစ်ဦးရဲ့ အမည်ဖြစ်ပါတယ်။ သူနေတဲ့ ကြတ်ကုန်းရွာနဲ့ အနီးအပါးမှာရှိတဲ့ ဖောင်ဆိပ်၊ငှက်ပျောတော၊သဲရိုး၊ချောင်းကူ၊အင်းမအစရှိတဲ့ ရွာကလူတွေဟာ သံသပိတ်ကြီးကို အလွန်ပဲကြောက်ရွံ့ကြပါတယ်။

 

တစ်ခါတုန်းက သဲရိုးရွာသားအချို့ဟာ ဟင်္သာတမြို့ပေါ်ကို အိမ်မိုးဖို့ဓနိတွေ လှည်းနဲ့ သွားပို့ကြပါတယ်။ ရွာအပြန်ညနေနေဝင်ရီတရေ.အချိန်မှာ သံသပိတ်ကြီးရဲ့ ခြံရှေ့ရောက်လို့နွားတွေ အနားရအောင် ခေတ္တခဏ လှည်းဖြုတ်ပြီး နားကြပါတယ်။

 

နားနေတဲ့အချိန်မှာ ရေနွေးကြမ်းလေး သောက်ရအောင် ဆိုပြီး တစ်ယောက်က သံသပိတ်ကြီးရဲ့

ခြံထဲကိုဝင်၊တွေ့သမျှ ထင်းခြောက်တွေကောက်လာပြီး ရေနွေးကျိုဖို့ မီးမွှေးကြပါတယ်။

 

မီးမွှေးလို့ မီးတောက်ခါစ မီးကုန်းမှုတ်သူမှုတ်၊ယပ်ခတ်သူခတ်နဲ့ အလုပ်ရှုတ်နေကြတဲ့ လူတစ်စုနားကိုအဘိုးအိုတစ်ဦးရောက်လာပါတယ်။

 

လူတစ်ယောက်စီကို သေသေချာချာ အကဲခတ်လိုက်ပြီးမှ အဘိုးအိုက “မောင်တို့ ဘယ်ရွာကလဲကွယ့်”

 

“သဲရိုးရွာကပါအဘ၊ဒါနဲ့ ဒါအဘခြံလား”

 

“အေး…ဟုတ်သကွယ့်”ကျွန်တော်တို့ နွားတွေလည်းပန်း၊လူတွေလည်း ဆာလောတာနဲ့ အဆာပြေစားရင်း ရေနွေးသောက်ချင်လို့ အဘခြံထဲ ထင်းခြောက် နည်းနည်းယူသုံးမိပါတယ်”

 

“အေး..အေး ၊သုံးပါကွယ် ၊သုံးပါ ။သုံးပြီးကြပြီပဲ။ ဒီတစ်ခါ တော့ရှိစေတော့။နောက်နောင်များမှာဆိုရင် ကြိုတင်ခွင့်မတောင်းဘဲ မသုံးမိကြစေနဲ့ကွယ်”

 

သူတို့ထဲက စိတ်ဆက်တဲ့ လူတစ်ယောက်က_

“အဘိုးကြီးက ကပ်စေးနဲကြီး။ဒီထင်းခြောက်ကလေးလောက်နဲ့များဖြစ်နေလိုက်တာ”

 

အဘိုးအိုက အဲဒီလူစုကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး_

“ဒီမှာဟေ့၊မောင်ရင် ဒီနယ်တစ်ခွင်မှာ သံသပိတ်ဆိုတာ ကြားမကြားဖူးဘူးထင်တယ်၊ဟုတ်စ”

 

အဲဒီလိုပြောလိုက်သံကိုလည်း ကြားလိုက်ရော အားလုံး မျက်လုံးပြူး မျက်ဆန်ပြူ း ဖြစ်ကုန်ကြပါလေရော။

 

အဘိုးအိုက သူ့ခြံထဲမှာရှိတဲ့ ကုက္ကိုပင်ငုတ်တိုကြီးကို လက်ညှိုးထိုးလိုက်ပြီး ဖနောင့်တစ်ချက် ဆောင့်လိုက်တယ်ဆိုရင်ပဲ_

 

“ကိုင်း…..ကြည့်လိုက်စမ်းကွယ့်”

ကုက္ကိုလ်ပင် ငုတ်တိုကြီးမှာ လောက်တွေ တဖွားဖွားတက်တက်လာနေလိုက်ကြတာ သဲရိုးသားတွေ နွားနဲ့လှည်းတောင် မယူနိုင်ဘဲ တစ်ချိုးတည်း သုတ်လိုက်ကြတာ။သူတို့ရွာပြန်ရောက်မှပဲ အသက်ကိုဝဝရှူနိုင်ကြတော့သတဲ့။

 

နောက်တစ်နေ့မှာတော့ ရွာထဲက လူကြီးတချို့ ကိုခေါ်၊ပွဲတစ်ပွဲနဲ့ သွားတောင်းပန်ပြီး လှည်းနဲ့နွားတေံကိုပြန်ခေါ်ယူကြတယ်။သံသပိတ်ကြီးဆိုတာကအောက်လမ်းကိုးတွင်းကျွတ် ဆရာကြီးတစ်ဦးပါပဲ။

သားငါးရောင်းသူတွေဟာ သူ့ခြံရှေ့က ဖြတ်ပြီးတော့ စျေးမရောင်းရဲကြပါဘူး။မဖြစ်လို့ ဖြတ်သွားခဲ့ကြရင်လည်း သံသပိတ်ကြီးသူတို့ကို မခေါ်ပါစေနဲ့လို့ဆုတောင်းကြပါတယ်။ဒါပေမဲ့ဆုတောင်းမုပည့်ကြပါဘူး။သားစိမ်းငါးစိမ်းရောင်းနေတဲ့ အသည်လာတာနဲ့ သံသပိတ်ကြီးက အလိုလိုသိနေတော့တာပဲ။စျေးသည်ကိုလှမ်းခေါ်ပြီး စျေးဝယ်ပါတော့တယ်။

 

သူပေးတဲ့စျေးက နည်းနေလို့ စျေးသည်က_

“အဘရယ်… ဒီစျေးနဲ့တော့ မရောင်းနိုင်ပါဘူးရှင်”

 

“အေး…အေး… ဒါဆိုလည်း သွားလိုက်ပါဦး သမီးရယ်”

 

သူက အသာတကြည်ပြောပြီး လွှတ်လိုက်ပေမယ့် အဲဒီစျေးသည်ခမျာမှာတော့ စပါးကြီးမြွေရဲ့ ညှို့ချက်မိနေတဲ့ ယုန်သူငယ်လို ဘယ်လိုပဲ သွားသွား သူ့ခြံထဲက မထွက်နိုင်ဘဲ တဝဲလည်လည် ဖြစ်နေရရှာပါတော့သည်။နောက်ဆုံးမှာတော့ သူပြောတဲ့စျေးနဲ့ ရောင်းတော့မှပဲ သူ့ခြံကထွက်လို့ရပါတော့တယ်။

 

သံသပိတ်ကြီးက အရက်ကိုလည်း အင်မတန်ကြိုက်ပါတယ်။အရက်သောက်တာမှ သူေ့ခြမပြန်မြင်ရတဲ့အထိကို သောက်ပါတယ်။ဇက်ကျိုးပြီးခေါင်းငိုက်စိုက်ကျအောင်ကိုသောက်တာပါ။အရက်သောက်ဖို့ သူ့မှာပိုက်ဆံမရှိတော့ဘူးဆိုရင် အိပ်ပျက်အင်း ၊ချောင်းကူအင်းဆိုတဲ့ အင်းတွေဘက်သွားပါတယ်။

 

အင်းရေပြင်ဟာ ကြည်လင်နေတဲ့အတွက် လမ်းပေါ်က ကြည့်ရင်တောင်မှရေပြင်ထဲက ငါးတွေကို လှမ်းပြီးတော့ မြင်နိုင်ပါတယ်။ဘယ်လောက်ငါးပေါတဲ့အင်းဖြစ်ဖြစ် အဲဒီအင်းကန်ပေါင်ရိုးပေါ်မှ သံသပိတ်ကြီးဖြတ်လျှောက်ပြီးသွားရင် ငါးလုံးဝ ရှာလို့မရတော့ပါဘူး။အဲဒီအခါ အင်းသူကြီးနဲ့ အင်းသားအချို့

သူ့ဆီကိုသွားပြီး အကူအညီတောင်းရပါတော့တယ်။

 

“အဘ….ကျွန်တော်တို့ အင်းထဲမှာ ငါးရှာလို့မရတော့ဘူး ကူညီပါဦးအဘရယ်”

 

“ဒါလေးများကွယ်၊ကိုင်း..ကိုင်း….ကူညီရမှာပေါ့”

သံသပိတ်ကြီးက ပြုံးပြုံး,ပြုံးပြုံးနဲ့ ပွဲတစ်ပွဲထိုးထိုင်းပါတယ်။ပွဲထိုးပြီးတဲ့အခါ-

 

“အဘကိုယ်တိုင် ကြည့်ပေးပါဦး။အားကိုးပါရစေအဘ”

 

“အိမ်း…လိုက်ဆိုလည်း လိုက်ရတာပေါ့ကွယ်”

အင်းထဲရောက်လို့ သံသပိတ်ကြီးက ဖနောင့်တစ်ချက်ဆောင့်၊အင်းရေပြင်ကိုထွီခနဲ တံတွေးတစ်ချက် ထွေးလိုက်တာနဲ့ ငါးတွေဟာ ကန်ရေပြင်တစ်ခွင် တစ်ပြင်လုံး ဖွေးဖွေးလှုပ်အောင် ပေါ်လာပါတော့တာပါပဲ။

 

ပြီးတာနဲ့ ပွဲထိုးထားတဲ့ ပွဲထဲက ငွေတွေကို သူသိမ်းယူလိုက်ပြီး အင်းထဲက ငါးကြော်နဲ့ တောအရက် မီးတောက် တစ်လုံးပြီးတစ်လုံးမှာမှာသောက်လိုက်တာ ခေါင်းငိုက်ဇာတ်ကျိုးတော့မှပဲ သူ့အိမ်ကိုပြန်ပါတော့တယ်။

 

ကျွန်တော်ဟာ မူလတန်းပြ ကျောင်းဆရာအဖြစ်နဲ့ ကြတ်ကုန်းရွာမှာတာဝန်ကျခဲ့ပါတယ်။

 

အဘသံသပိတ်အကြောင်းကြားဖူးနားဝရှိခဲ့တာကြောင့် ဒီရွာကို ရောက်တာနဲ့ အဘထံသွားပြီး_

“အဘခင်ဗျား… ကျွန်တော်ဟာ ဒီကျေးရွာ မူလတန်းကျောင်းမှာတာဝန်ကျေတဲ့ ကျောင်းဆရာအသစ်ပါ။ အနေအထိုင်၊အပြောအဆို၊မတတ်လို့ပြောမှားဆိုမှားများရှိခဲ့ရင် သားသမီးလိုသဘောထားပြီး ဆိုဆုံးမပါခင်ဗျာ”

 

အဲဒီလို ပြောဆိုအပ်ထားတော့ သူကလည်း သဘောကျပါတယ်။နောက်အနေကြာလိုဘ ရင်းနှီးသွားတဲ့အခါ သူဟာလူတွေပြောသလောက်ဆိုးသွမ်းသူမဟုတ်ဘူးဆိုတာကိုသိလာခဲ့ရပါတယ်။အဘရဲ့လက်ချက်နဲ့တစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးခြင်း မရှိခဲ့ပါဘူး။ကြောက်လန့်ရုံမျှသာခြောက်လှန့်ခြင်းဖြစ်ပါတယ်။

 

အဘနဲ့ ရင်းနှီးကျွမ်းဝင်သွားတဲ့အခါမှာ ပညာယူခဲ့ပုံကို ပြောပြပါတယ်ယဟုတ်မဟုတ်တော့ ကျွန်တော်မသိပါယစာဖတ်သူများဗဟုသုတရရန်သာ တင်ပြခြင်းဖြစ်ပါတယ်။

 

ပထမဆုံး ကိုယ့်ဒေသရပ်ရွာမှာဖြစ်စေ၊အနီးအနားဒေသမှာဖြစ်စေအခြောက်အလှန့်အလွန်ကြမ်းတဲ့သင်္ချိင်းကိုရှာရပါတယ်။တွေပြီဆိုရင်နေဝင်ရီတရောအချိန်မှာ အဲဒီကိုသွားပြီး လိုအပ်တဲ့ ပရိကံနဲ့ ပွဲများပြုလုပ်ရပါတယ်။

 

“လိုအပ်တဲ့ ပရိကံဆိုတာ ဘယ်လိုဟာနဲ့ အဘရဲ့။ပြောပါဦး”

အဲဒီသင်္ချိုင်းမှာ လူတစ်ရပ်သာသာရှိတဲ့ ကျင်းတစ်ကျင်းကိုတူးပြီးပညာယူမယ့် တပည့်ကို ခြေတွေ လက်တွေ ကြိုးနဲ့တုပ်၊ကျင်းထဲကိုထည်

့မြေမြှပ်ရပါတယ်။မျက်နှာကိုတော့မြေပေါ်ဖော်ထားရပါတယ်။ပါးစပ်နဲ့ တည့်တည့်နေရာမှာ ငှက်ပျောရွက်ခင်းထားပြီး ငှက်ပျောရွက်ပေါ်မှာ အမဲသားအစိမ်းကို အသားနဲ့ အူစုံအသည်းစုံ ကလီစာအစုံ စုပုံထားရပါတယ်။ကြားရတာကတော့ ကြက်သီးထစရာ၊ရွံစရာ၊ကြောက်စရာကြီးပါပဲ။

 

ညဉ့်သန်းခေါင်ယံအချိန်ကို ရောက်တဲ့အခါမှာ ဆရာလုပ်တဲ့သူက ပညာယူမယ့် တပည့်ရဲ့ ခေါင်းနောက်မှာ ရပ်ပြီး မန္တာန်စုပ်ပါတယ်။မန္တန်စုတ်လိုက်တယ် ဆိုရင်ပဲ သင်္ချိုင်းထဲမှာ ရှိတဲ့ မည်းမည်းလုံးလုံး၊ပုပုကွကွ တွေဟာ လိမ့်လိမ့်၊လိမ့်လိမ့်နဲ့ ထွက်လာကြတော့တာပါပဲ။

အဲဒီသတ္တဝါတွေဟာ ငှက်ပျောရွက်ပေါ်မှာရှိနေတဲ့ အမဲ အူစုံ၊အသည်းစုံတွေကို သူ့ထက်ငါ အလုအယက် စားသောက်နေကြပါတော့တယ်။

 

ထွက်လာတဲ့ အထဲမှာ အကြီးဆုံးတစ်ကောင်က ကျန်တဲ့အကောင်တွေကို တွန်းတိုက်ပြီး အကုန်စားသောက်ပါတယ်။စားသောက်ပြီးသွားတဲ့အခါ ပါးစပ်ဟထားသူရဲ့ ပါးစပ်ထဲကို အဲဒီအကောင်ကြီးက လှိမ့်ပြီးတော့ ဝင်သွားပါလေရော။

 

ဝင်သွားတဲ့အကောင်ရဲ့ အစွမ်းနဲ့ မြေမြှပ်ထားတဲ့သူဟာ သူ့ကိုချည်နှောင်ထားတဲ့ ကြိုးတွေကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ပြီး ကျင်းထဲက ခုန်ထွက်လာပါတယ်။ဒါဆိုရင် သင်္ချိ ုင်းတစ်ခု အောင်ပြီဆိုရင်တော့ တချို ု့ လူတွေကတော့ မြွေလိုတွန့်လိမ် ရုန်းကန်ပြိး မြေပေါ်ကို တက်လာပါတယ်။ကျင်းထဲက မထွက်နိုင်ရင်တော့ ကြောက်လန်ု့ပြီး အသက်သေဆုံးရပါတယ်။ကျွန်တော်က-

“လက်စသတ်တော့ အဘက ဒီလိုပညာ ယူထားတာကိုး”

 

“ငါလား”

အဘသံသပိတ်ရဲ့ မျက်လုံးတွေကစူးရှတောက်ပြောင်လာပါတယ်။ပြီးတော့ နှုတ်ခမ်းကို တင်းတင်းစေ့လို့ ဦးခေါင်းကိုမော့ပြီး မခိုးမခန့်ပြုံလိုက်ပါတယ်။

 

“ငါက အဲဒီလိုသင်္ချိ ုင်းကိုးခု အောင်လာတဲ့သူပဲ။ ဟား…ဟား”အဘဟာ အောက်လမ်းကိုးတွင်းကျွတ် ဆရာကြိးတစ်ဦးပါပဲလား။ကျွန်တော် ငိုင်သွားလို့ အဘက_

“ဒီမှာ ဆရာလေးရဲ့၊ကျုပ်ပညာ အစွမ်းကို ကြည့်ချင်သလား”

 

“ဟာ… ကြည့်လို့ရရင် ကြည့်ချင်ပါတယ် အဘ”

“ဒါဆို လာကွယ့်”

အဘက ပြောပြောဆိုဆိုနဲ့ ထသွားတော့ ကျွန်တော်လည်း သူ့နောက်ကိုလိုက်သွားပါတယ်။ သူက တစ်လှမ်း နှစ်လှမ်း လှမ်းပြီးတာနဲ့ သူ့လက်ထဲက တောင်ဝှေးကို ခြံအပြင်ဘက်ရောက်အောင် ပစ်ထည့်လိုက်ပါတယ်။နောက် သူ့လက်နှစ်ဖက်ကို လေထဲမြှောက်လိုက်ပြီး လက်ချောင်းလေးတွေ ဆန့်ထုတ်လိုက်ဆွဲထုတ်လိုက်နဲ့ ပါးစပ်က

လည်း_

“ဟဲ့ကောင် လာခဲ့စမ်း”

ခြံအပြင်ဘက်ကို လွှင့်ပစ်ထားတဲ့ တောင်ဝှေးအနက်ကြီးဟာ သက်ရှိသတ္တဝါတစ်ကောင်ကို ခုန်ဆွ,ခုန်ဆွနဲ့ သူ့ထံကို လာနေပါတယ်။အနား ရောက်လာတော့ သူက လက်ကိုဆန့်ပြီး တောင်ဝှေးနက်ကြီိး

ကိုအသာဆွဲ ဆုတ်ယူလိုက်ပါတယ်။

 

“ဟောဒီမှာ ကြည့်ဦးကွယ်”

ပြောပြောဆိုဆိုနဲ့ သူ့လက်ကိုဆန့်ပြီိး လက်ညှိုးနဲ့ဆယ်ပေအကွာ လောက်မှာ အစာစားနေတဲ့ ကြက်ဖတစ်ကောင်ကိုလှမ်းထိုးလိုက်ပါတယ်။ကြက်ဖဟာ ကွပ်ခနဲ တစ်ချက်သာအော်နိုင်ပြီး မြေပေါ်ကနေ တစ်တောင်လောက်မြောက်တက်သွားပါတယ်ယမြေကြီးပေါ ပြန်ကျလါတဲ့အခါအသက်မရှိတော့ပါဘူး။

“ကိုင်း….ဘယ့်နှယ်ရှိစ”

 

ကျွန်တော့်အဖို့တော့ မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့နေရပေမယ့်

မယုံကြည်နိုင်စရာ ဖြစ်နေပါတယ်။

အဘက အံ့သြနေတဲ့ဘကျွန်တော့်ကိုကြည့်ပြီး-

“ကျုပ်မှာ ဒီလိုအစွမ်းထက်မြက်တဲ့ ပညာတွေ ရှိနေပေမယ့် ဒီနေ့အထိ ကျုပ်လက်ချက်နဲ့ အသက်သေဆုံးရသူ တစ်ယောက်မှ မရှိခဲ့ပါဘူး”

 

အဘက မချိပြုံး ပြုံးလိုက်ပြီး-

“အဘက ဝဋ်ကြွေးရှိလို့သာ ဒီပညာကို ယူခဲ့မိတာကွယ့်။ ဒီပညာကိုယူခဲ့ပြီးကတည်းပ ဒီကနေ့အထိ တစ်ရက်မှ အဘ စိတ်မချမ်းသာခဲ့ပါဘူး”

 

“ဒါဆိုရင် ဒီပညာကို စွန့်လိုက်ပါလား”

ကျွန်တော်မရဲတရဲ ပြောလိုက်ပါတယ်။အဘက သက်ပြင်းတစ်ချက် ချလိုက်ပြီး”

 

“အဘပြောလည်း မင်းကယုံမယ်မထင်ဘူး။အဘမှာ ပညာသက်ရင့်လာတာနဲ့အမျှ ဆုပ်လည်းစူး၊စားလည်းရူး ဆိုသလို ကျားမြီးဆွဲမိသူဖြစ်နေပြီကွယ့်”

အဘနဲ့ဆက်ပြောတဲ့စကားတွေက သံဝေဂရစရာပါပဲ။

 

“ငယ်ငယ်တုန်းကတော့ ဒီပညာတတ်ထားတဲ့အတွက် နယ်မရှောင်ခဲ့ဘူး။ငါနဲ့ငါသာ နှိုင်းစရာဆိုပြီး မာနတံခွန်ထူခဲ့မိတာပေါ့ကွယ်”

 

“အခုတော့ရော့အဘ”

 

“အဘလည်း လူထဲကလူပါပဲကွယ်။ဒါကြောင့်ပျော်ပျော်ပါးပါးရယ်ရယ်မောမောနဲ့ လူတွေကြားထဲမှာ နေချင်ပါတယ်။ဒါပေမယ့် လူတွေက အဘကို ကြောက်နေကြလေတော့”

ဟုတ်ပါတယ်။အော်ဟစ်ပျော်ရွှင်စွာနဲ့ ခုန်ပေါက်ပြေးလွှားကစားနေတဲ့ ကလေးသူငယ်တွေတောင်မှ အဘကိုမြင်တာနဲ့ မျက်နာသေလေးတွေနဲ့ တိတ်တဆိတ်ငြိမ်သက်သွားကြပါတယ်။

 

“ဒါဟာ အဘတတ်ထားတဲ့ပညာကြောင့် ပြန်ပြီးပေးဆပ်ရတာထင်ပါရဲ့ကွယ်”

အဘက လေးတွဲ့စွာ ပြောလိုက်သည်။

 

“ကဲ..ကဲ..ဆရာလေးရေ၊အဘလည်း လုပ်စရာရှိသေးတယ်။ဆရာလေးလည်း သွားစရာရှိရင် သွားလိုက်ဦး”

 

“ဟုတ်ကဲ့ပါ အဘ၊ကျွန်တော့ကို သွားခွင့်ပြုပါဦး”

 

နောက်တစ်လလောက်ကြာတဲ့အချိန်မှာတော့ အဘသံသပိတ်ကြီးကိုရွာနီးက စေတီတစ်ဆူမှာ အုတီးစိပ်နေတာကို မကြာခဏ တွေ့မြင်ရပါတော့တယ်။

 

[ ပြီိးပါပြီ ]

Kyikyaw

 

Credit :Sai Min Thant