သွေးပျက်စေသောည(စ/ဆုံး)
————————————–
ကျမ အသက် ဆယ်နှစ်အရွယ်လောက်ကအဖြစ်အပျက်တစ်ခုပါ။
နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ယခုအချိန်ထိ ပြန်တွေးတိုင်း ထိတ်လန့်ကြောက်ရွံနေတုံးပါပဲ။
ကျမ တို့ခြံနဲ့ ကပ်လျှက်ခြေရင်းဘက်ခြံဟာ
ပေခြောက်ဆယ် ပေတစ်ရာနှစ်ဆယ် အကျယ်ရှိတဲ့
ခြံဝန်းကျယ်ကြီးပါ။
အရှေ့ဘက်မှာ ပေနှစ်ဆယ်ခန့်လွှတ်ထားပြီး.မှ
ခြံဝန်းရဲ့ အလယ်မှာ ပင်ထောင်သွပ်မိုးအိမ်လေးတစ်လုံးဆောက်ထားပါတယ်။
ခြံရဲ့အနောက်ဘက်မှာ ပေငါးဆယ်လောက်အထိကို
ခြံကွက်လပ်ကျန်နေပါသေးတယ်။
အဲ့ဒီခြံဝန်းကြီးထဲမှာမုဆိုးမအမေနဲ့ သမီးလေးနှစ်ယောက်နေထိုင်ပါတယ်။
အမေသိန်း လို့ ကျမတို့ရပ်ကွက်ကခေါ်ကြပါတယ်။
ခြံကြီးဝန်းကြီးပိုင်ပေမယ့် အမေသိန်းတို့သားအမိဟာစီးပွားရေးမပြေလည်ပါဘူး။
အမေသိန်းက ကောက်ညုင်းထုပ် တုပ်ရောင်းတယ်။
သရော်ကင်ပွန်းခေါင်းလျှော်ရည်ရောင်းတယ်။
တခါတလေ မုန့်အမျိုးမျိုးကိုအပြောင်းအလဲလုပ်ပြီးရောင်းချလို့ သမီးနှစ်ယေညက်ကိုရှာကျွေးပါတယ်။
သမီးနှစ်ယောက် လုံးက ကျောင်းသူလေးတွေပါ။
အကြီးမ စန်းစန်းက ဆယ့်လေးနှစ်သမီး၊
အငယ်မ လှလှက ဆယ်တစ်နှစ်သမီးပါ။
ကျောင်းမသွားခင်နဲ့ကျောင်းကအပြန်မှာ
မအေကို စျေးကူရောင်းပေးကြပါတယ်။
သမီးအငယ်မဟာ ကျမထက်တစ်နှစ်ကြီးပေမယ့်
ကျမနဲ့ဆော့ဖော်ဆော့ဖက်ပါ။
ကျမတို့အိမ်က နှစ်ထပ်အိမ်ကြီးဖြစ်ပြီး
ခြံဝန်းကတော့ အမေသိန်းတို့ခြံလောက်မကျယ်ပါဘူး။
လှလှတို့ခြံထဲမှာပဲ ခြံစည်းရိုးအပေါက်ကနေ တိုးပြီးအတူတူဆော့ခဲ့ကြပါတယ်။
လှလှတို့ အိမ်ရှေ့ကွက်လပ်က သဲမြေလေးတွေဟာ
သဲဖြုမြေလေးတွေပါ။
အရမ်းကိုဖွေးနေတဲ့အတွက်ကြောင့်
ကျမအပါအဝင် လမ်းထဲက ရွယ်တူခလေးတွေ
အိုးပုတ်လေးတွေနဲ့ ထမင်းရောင်းတိုင်းကစားတဲ့အခါ ဆန်အဖြစ်သတ်မှတ်ပြီးဆော့ကြပါတယ်။
ထိုခေတ်ထိုအခါက အခုလို ဖုန်းတွေခောတ်မဟုတ်တဲ့အတွက် ညဘက်တွေဆို TV ရှိတဲ့ အိမ်တစ်အိမ် အိမ်မှာ ရင်းနှီးသူတွေက TV ကြည့်ကြပါတယ်။
ကျမတို့အိမ်မှာ Toshiba 24″ Tv ရော
အောက်စက်ပါ ရှိတဲ့အတွက် ည ညဆို
Tv တောင်ရှားပါးနေဆဲ ကာလမို့
Tv လာကြည့်သူ တွေ အများကြီးရှိနေတတ်ပါတယ်။
ကျမတို့ခလေးတွေကတော့ ကြိုက်တဲ့ဇာတ်လမ်း
မဟုတ်ရင် လှလှတို့ အိမ်ရှေ့ကွက်လပ်မှာ
ညကြီးအချိန်မတော်လည်း မျိုးစုံအောင်ဆော့နေတတ်ပါတယ်။
လှလှတို့အိမ်ရှေ့က သဲဖြုလေးတွေကို
ကိုင်လို့ကောင်းတယ်ဆိုပြီး ညကြီးအချိန်မတော်လည်း ကိုင်ပြီးဆော့မိသည့်အထိပါပဲ။
သဲဆော့သည့်အမူ့နဲ့ ခဏခဏ အရိုက်ခံရတတ်သော်လည်း ကျမတို့ကတော့အရိုက်ခံပြီးဆော့မြဲ
ဆော့နေတတ်ပါတယ်။
နောက်ပိုင်းမှာ စျေးအရောင်းအဝယ်မကောင်းတော့
အမေသိန်းဟာ ခေါင်းရင်းလွတ်နေတဲ့ နေရာလေးမှာ
အိမ်ငှားထားဖို့ အိမ်လေးတလုံးဆောက်လိုက်ပါတယ်။
တကယ်တမ်းအိမ်ငှားတဲ့အခါမှာ ငှားသူက
အိမ်မကြီးကိုသာသဘောကျ၍ အမေသိန်းတို့သားအမိ အိမ်လေးဆီသို့ ပြောင်းရွှေ့ပြီးနေထိုင်ကြပါတယ်။
အိမ်လေးဟာ အဝင်အပေါက်တံခါးတချပ်နှင့် ကျန်သည့်မျက်နှာစာကို အကုန်ကျသက်သာအောင်
သံဇကာကွက်လေးတွေ ကို တပ်ဆင်ထားပါတယ်။
ကျမတို့ဟာကျောင်းပိတ်ရက်များမှာ အမေသိန်းတို့အိမ်ကိုတခြံလုံးလှည့်ပတ်ပြီး စိန်ပြေးတမ်းကစား
တတ်ကြသူတွေပါ။
အိမ်လေးတလုံးတိုးလာတဲ့အပြင် ရေစည်ရေအိုးတွေပါချထားပြီမို့ခေါင်းရင်းဘက်ဟာ
အလွယ်တကူ ပြေးဆော့လို့မရတော့ပါဘူး။
##############
အိမ်လေးဆောက်ပြီးဆယ့်ရက်ခန့်အကြာ
အဲ့နေ့က စနေနေ့လို့ထင်ပါတယ်။
ကျမတို့အိမ်မှာ နိူင်ငံခြားဇာတ်ကား မြင်းပျံကြီးအခွေငှားထားလို့ လာကြည့်ကြတဲ့သူတွေမှ အများကြီးပါပဲ။
မြင်းပျံကြီးကားမို့ ကျမတို့ခလေးတသိုက်လည်း
အိမ်ပေါ်ထပ်မှာ နေရာယူပြီး ကြည့်နေကြပါတယ်။
ဇာတ်ကား တဝက်ကျိုးခန့်မှာပဲ
လမ်းထိပ်က ဆူဆူညံညံအသံတစ်ခုနဲ့ ပြေးလွှားသံကို ကြားလိုက်ရပါတယ်။
“”သူခိုး…. သူခိုး””
“”ကျနော် ဖိုးရီပါ သူခိုးမဟုတ်ပါဘူး
ညိုကြီး ကျနော်ကို အနိူင်ကျင့်ပြီး လိုက်ထိုးနေတာပါ သက်သက်မဲ့ အနိူင်ကျင့်နေတာပါ””……ဆိုတဲ့
အသံတချို့ ကြားလိုက်ပါတယ်။
အသံတွေအရ အနောက်လမ်းမှ ဖိုးရီ နှင့် တောင်ပိုင်းမှ ညိုကြီး ရန်ဖြစ်ကြ ထိုးကြကြိတ်ကြရင်း
လမ်းထဲဝင်ပြေးလာပုံရကြောင်း
အိမ်ပေါ်မှ လူကြီးအချို့က ပြောနေပါတယ်။
ကျမနဲ့ လှလှလည်း ခလေးပီပီ Tv မကြည့်တော့ပဲ
လှလှတို့ခြံဘက်ကို မျက်နှာလှည့်ထားတဲ့ ပြတင်းပေါက်မှာခေါင်းပြုပြီး ရန်ပွဲကိုစပ်စုနေလိုက်ပါတယ်။
အိမ်အပေါ်ထပ်က လူကြီးတွေကလည်း
ရပ်ကွက်ထဲက လူငယ်တွေ အချင်းချင်း
ရန်ဖြစ်ကြတာပဲလေ။
ဆိုးဆိုးရွားရွားကြီး တော့မဖြစ်တန်ကောင်းရယ်လို့
တွေးပြီး Tv ဆက်ကြည့်နေကြပါတယ်။
ရန်ဖြစ်တဲ့နှစ်ယောက်ဟာ တွန်းတွန်းထိုးထိုးနှင့်
အမေသိန်းတို့ခြံဝိုင်းထဲရောက်သွားပါတယ်။
အဲ့အချိန်မှာ အိမ်မကြီးကအိမ်ငှားတွေကလည်း အိပ်နေကြပြီဖြစ်ပြီး လှလှက ကျမဘေးမှာရှိနေပါတယ်။
အမသိန်းနှင့် အမစန်းစန်းက မနက်ကောက်ညုင်းထုပ်ဖို့ အိမ်ခြံရဲ့ အနောက်ဘက်မှာ ရောက်ပြီး
အလုပ်တွေရှုပ်နေပါတယ်။
ညိုကြီး ဆိုသူမှာ ဗလတောင့်ပြီး ဖိုးရီမှာလူဖလံလေးဖြစ်ပါတယ်။
ခြံဝန်းထဲရောက်တဲ့အခါ ညိုကြီး က ဖိုးရီကို
ပိတ်ကန်လိုက်ပါတယ်။
ဖိုးရီက အလုပ်ကပြန်လာပုံရပြီး လွယ်အိတ်လေးတလုံး လွယ်ထားပါတယ်။
ဖိုးရီတစ်ယောက်နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း
အိမ်လေးရဲ မျက်နှာစာဆီ ကပ်မိသွားပါတယ်။
ညိုကြီးက လိုက်ကန်နေပါတယ်။
ကျမနဲ့ လှလှက အပေါ်ကနေအသေအချာကြည့်နေပါတယ်။
“”ဟယ်…ကိုညိုကြီးက သောက်မြင်ကပ်စရာကြီး
အနိူင်ကျင့်နေတာဟယ်
မူးနေတာလားမသိဘူး””………….လို့
ကျမက လှလှကို တိုးတိုးလေးပြောလိုက်ပါတယ်။
လှလှက “”””ရှုး””” ဆိုပြီး ကျမကို အသံတိတ်ခိုင်းပါတယ်။
ထျုစဥျမှာပငျ ဖိုးရီက လွယ်အိတ်ထဲ လက်နိူက်လိုက်ပါတယ်။
လက်ကိုပြန်ဆွဲထူတ်လိုက်တဲ့အခါမှာ
ဓားမဟုတ်သော ခြောက်လက်မခန့်အချွန်တစ်ခု
ပါလာပါတယ်။
လျှင်မြန်စွာ လေထဲကို မြှောက်လိုက်ပြီး
ရှေ့တိုးလာတဲ့ ညိုကြီးရဲ့လည်မြိုကို အားပါးတရ
ထိုးချလိုက်ပါတယ်။
တစ်ချက်…
နှစ်ချက်…
သုံးချက်….
နောက်ပိုင်းမှာ ဘယ်နှစ်ချက်မှန်းပင်မသိတော့ပါဘူး။
ကျမနဲ့ လှလှ အသံကုန်ကြောက်လန့်တကြားအော်လိုက်မိတဲ့အထိပါပဲ။
“”အ မ လေး ဟိုမှာ လူ သ…..တ် နေပါပြီ
ကြောက်တယ်…ကြောက်တယ်””
ကျမနဲ့လှလှအော်သံကြောင့် Tv ကြည့်နေတဲ့
မိဘတွေရော ဧည့်သည်တွေပါ ပြတင်းပေါက်ကို တိုးဝှေ့ရောက်လာပါတော့တယ်။
“”ေ…သ စမ်း ညိုကြီး
မင်းငါ့ကိုအနိူင်ကျင့်တာတွေများနေပြီး
ေ… သ လိုကစြမြး… ေ…သ စမြး””
ညိုကြီးဟာ အိမ်ရှေ့ကွက်လပ်က သဲဖြုဖြုကွက်လပ်မှာ ပက်လက်ကြီးဖြစ်နေပါပြီ
လူအချို့လည်း အမေသိန်းတို့ခြံဝန်းကြီးထဲ ရောက်ကုန်ကြပါပြီ။
ဒါပေမယ့် ဖိုးရီကို မဆွဲရဲကြပါဘူး။
ဖိုးရီက သွေးစက်လက်နဲ့ အချွန်ကြီးကိုကိုင်ပြီး
တဟားဟား ရယ်မောနေပါတယ်။
အချိန်က ညကိုးနာရီတိတိပါ။
ညိုကြီးကတော့ အိမ်ငယ်လေးရဲ့အဝင်ဝမရှိတရှိမှာ
အ သက်ပျောက်လို့နေပါပြီ။
ဘယ်သူကမှ ဖိုးရီကို ဆွဲလည်းမဆွဲရဲသလို
ဘာမှလည်း မပြောရဲကြပဲ ကြည့်ရုံကြည့်နေရပါတယ်။
ကြည့်နေတဲ့ ကျမနဲ့လှလှကို ကျမအမေက
ပြတင်းပေါက်ကဆွဲခေါ်လာပြီး ဘုရားစင်ရှေ့မှာ
ထိုင်ခိုင်းပါတယ်။
ကျမရောလှလှပါ အသားတွေ တဆက်ဆက်တုန်ရင်နေပါတယ်။
“”ခလေးနှစ်ယောက်အရမ်းလန့်သွားပြီအကိုရေ
ရေစင်ရေမန်းလေးတိုက်ပါဦး
သမီး သမီးလေးခိုင်ခိုင် တအားကြောက်နေလား””
“”ကြောက်တယ်….ကြောက်တယ် မေကြီး “”
ကျမရော လှလှပါ အားငိုချလိုက်ပါတယ်။
မျက်စိရှေ့မှာ လူတယောက်ကို လူတယောက်က
အ ေ သ သ. တ် နေတာကို မြင်လိုက်ရတဲ့အတွက်
ထိတ်လန့်သွားတာပါ။
“”ကျုပ် ညိုကြီးကို သ…တ် လိုက်တယ် ဗျို့””….ဆိုတဲ့
ဖိုးရီရဲ့ အသံနက်ကြီးက ညယံမှာဟိန်းထွက်လို့သွားပါတော့တယ်။
တစ်ဘက်ခြံမှ အဖြစ်အပျက်တို့သည်
မြန်ဆန်လွန်းလှပါသည်။
တစ်ရပ်ကွက်သားချင်းမထင်မှတ်ပဲ လူ သ တ် ပွဲ ဖြစ်သွားခဲ့ပြီဖြစ်သည်။
ညိုကြီးမှာ သွေးအိုင်ကြီးထဲ ရုပ်ပျက်ဆင်းပျက်
လဲနေပြီး ဖိုးရီက ညိုကြီးအပေါ်သို့ ကားရားခွ၍
ညိုကြီး လည်မြိုဆီသို့ အချက်ပေါင်းများစွာ ထိုးခဲ့ခြင်းဖြစ်သည်။
ကျမတို့အိမ်ပေါ်ရှိ လူများရော ရပ်ကွက်အတွင်းမှ လူများပါ အမေသိန်းတို့ ခြံဝိုင်းအတွင်းရှိ
လူသ တ် မူ့ဖြစ်နေသောနေရာသို့ အပြေးအလွှားရောက်ရှိကုန်ပြီဖြစ်ပါသည်။
ဖိုးရီမှာ သွေးစက်လက်နှင့်အချွန်ကြီးကို ကိုင်လျှက်
(ထိုအချွန်မှာ စကေဘာ ဟု ဖခင်ပြန်ပြောပြ၍သိခဲ့ရပါသည်)
တဟား ဟား ဖြင့်ရယ်မော၍နေပါတော့သည်။
မည်သူကမှ ဝင်လည်းမဆွဲရဲကြပေ။
အခင်းဖြစ်ပြီးငါးမိနစ်ခန့်ကြာသောအခါ လူအုပ်ကြီးကြားမှ တိုးဝှေ့၍ ဖိုးရီမှာ ထွက်ပြေးသွားပါတော့သည်။
ဖိုးရီထွက်သွားတော့မှ လူအုပ်ကြီးလည်း တယောက်တပေါက်စကားသံများထွက်လာကြပြီး
ခပ်လှမ်းလှမ်းရှိ ကြိုးဖုန်းရှိသောအိမ်မှ ရဲစခန်းသို့ လှမ်း၍အကြောင်းကြားလိုက်သည်ကို ပြောနေကြပါသည်။
ကိုညိုကြီးမှာ သွေးအိုင်ထဲတွင် မြင်၍မကောင်းအောင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေခဲ့ပြီဖြစ်ပါသည်။အလောင်း၏ ဝန်းကျင်တခုလုံး သေဆုံးသူ၏လည်ချောင်းမှ ပန်းထွက်ထားသောသွေးများမှာ အနှံဖြစ်နေပါသည်။
ကျမတို့ အိမ်သည် ခြံအပြည့် ဆောက်ထားသော
နှစ်ထပ်တိုက်ခံ အိမ်အမျိုးအစားဖြစ်သည်။
ကျမတို့အိမ်နံရံတွင် သေသူ၏ကိုယ့်ခန္ဒာမှ ပန်းထွက်ထားသောသွေးများမှာ မြင်မကောင်းအောင် နံရံအထိ စင်ထားပါသည်။
လူအုပ်ကြီးမှာလည်း တယောက်တပေါက်စကားသံများဖြင့် သေသူအားဝိုင်းအုံ့ကြည့်နေကြစဥ်
သေဆုံးသူ ကိုညိုကြီး၏ မိခင်နှင့်အကို ရောက်ရှိလာပါတော့သည်။
“”သားရေ…အဖြစ်ဆိုးလှချည့်လား
မနက်ကတော့ ညကျရင်သားစောစောပြန်လာမှာ
ပါဆို အခုတော့ သူများသတ်လို့သေရတဲ့ဘဝလား
သားရယ်””
“”ညိုကြီး….ဖြစ်ရလေကွာ
ငါညီ ကို သတ်တဲ့ ဖိုးရီဆိုတဲ့ကောင် ဘယ်မှာလဲ
အေး…ဖိုးရေရေ မင်းကို ညတွင်းချင်းမြေလှန်ရှာမယ်ကွ””
ငိုသံ ၊ကျိန်းမောင်းသံများက ဆူညံ၍နေပါတော့သည်။
မိခင်တစ်ယောက်၏ ရင်ကွဲသံသည် သက်ငယ်သေးသည့် ကျမတို့ပင်လျှင် မခံစားနိူင်တော့ပေ။
ကိုညိုကြီးသေဆုံးသွားသည့်အတွက်စိတ်မကောင်း
ဖြစ်ခြင်းထက်အဆပေါင်းများစွာ သာလွန်ခံစားရပါသည်။
“”ဒေါ်တင်မြင်နဲ့ စိုးဝေ ညိုကြီးအလောင်းကို မကိုင်ကြပါနဲ့ ရဲတွေအခုပဲရောက်လာတော့မှာမို့ပါ။
ဒါက မူခင်းဖြစ်နေပြီမို့ ခင်ဗျားတို့ ကိစ္စအားလုံးစစ်ဆေးလို့ပြီးပြီဆိုမှ အနားကပ်လို့ရမယ်ဗျ””
ရပ်ကွက်လူကြီးအချို့၏စကားသံကိုကြားနေရပြီး
ကိုညိုကြီးအကို ကိုစိုးဝေမှာ တောက် တခေါက် ခေါက်ဖြင့် ပေါက်ကွဲနေပါတော့သည်။
“”သားရေ…အဖြစ်ဆိုးလှချည့်လား
သေတာတောင် မင်းအလောင်းနား အမေကပ်လို့မရပါလား အဟီး…ဟီး အဖြစ်ဆိုးလိုက်တာ””
မကြာခင်ရဲများရောက်ရှိလာကြပြီး
အုံခဲနေသော လူအုပ်ကြီးလူစုခွဲစေပါတော့သည်။
“”ကဲ..ကဲ မလိုအပ်ပဲ လူတွေစုမနေပါနဲ့
လူစုခွဲပေးကြပါ။
အခုဟာက သေမူ့သေခင်းအမှု့မို့ သက်သေတွေပျောက်ပျက်ကုန်မှာစိုးလို့ ဖြစ်နိူင်ရင်ခြံထဲကထွက်ပေးကြပါ””
ရဲဝန်ထမ်းက ပြောနေခြင်းဖြစ်ပါသည်။
မူ့ခင်းဖြစ်ရာ တဝိုက်ကို ချက်ချင်းဆိုသလို
ရပ်ကွက်လူကြီး၏အကူအညီဖြင့်
မီးများလင်းထိန်အောင်ထွန်း၍ အမှု့နှင့်သက်ဆိုင်သော သက်သေများကိုရှာဖွေမှတ်တမ်းတင်နေပါသည်။
ထိုနောက်ကင်မရာမန်းတစ်ဦးမှ အလောင်းအား
ရှုထောင့်မျိုးစုံမှ ပုံအမျိုးမျိုးကို မီးရောင်တဖျပ်ဖျပ်ဖြင့်ရိုက်နေပါတော့သည်။
ထိုသို ဓာတ်ပုံရိုက်ခြင်းအမူ့ပြီးစီးသွားသောအခါမှ
လက်အိတ်ကိုယ်စီစွပ်ထားသော တာဝန်ရှိရဲများက
အလောင်းကိုင်တွယ်၍ သေဆုံးရသည့် ဒဏ်ရာဒဏ်ချက်များကို မှတ်တမ်းယူနေပါတော့သည်။
မှတ်တမ်းယူ၍ပြီးစီးသောအခါ အလောင်းပတ်ပတ်လည်သို့ ထုံးဖြုမူန့်များဖြူး၍ ထပ်မံပြီး
မှတ်တမ်းဓာတ်ပုံယူနေပါသည်။
ရဲမူ့ရေးရာများပြီးစီးသောအခါ မကြာခင်
အလောင်းသယ်ရန် လူနာတင်ယဥ်တစ်စီးရောက်ရှိလာပါသည်။
ရဲများက အမေသိန်းအား မေးမြန်းနေကြပါသည်။
ကျမ၏ဖခင်ကိုလည်း အနည်းငယ် စစ်မေးနေပါသည်။
အခင်းဖြစ်စဥ် ရပ်ကြည့်ရာ၌ပါဝင်သည့် လူအချို့ကိုလည်း မှတ်ချက်ယူနေပါသည်။
အလောင်းအား ကားပေါ်သို့ မူခင်းကျင့်ထုံးအတိုင်း
တင်ဆောင်၍နေပါသည်။
ကိုညိုကြီး၏အမေနှင့် အကိုမှာလည်း ရင်ထုမနာသံများဖြင့်ငိုကြွေးနေသည်မှာ ကျမတို့၏ လမ်းလေးအတွင်း ရင့်နင့်စွာ ကြားနေရပါတော့သည်။
ကိုညိုကြီး၏ အလောင်းနေရာ၌ ထုံးဖြုမုန့်များသည်
လူပုံသဏ္ဍာန်ကြီးအဖြစ်ကျန်ရစ်ခဲ့ပါတော့သည်။
ကျမတို့ အမြဲဆော့နေသော သဲဖြုဖြုမြေသားများမှာ
သွေးများဖြင့်စွန်းထင်း ပြီး ညိုညစ်သော သွေးစသွေးကွက်များဖြင့် ကျန်ရစ်ခဲ့ပါတော့သည်။
ရဲဝန်ထမ်းများလည်း အလောင်းကိုတင်၍ ပြန်သွားကြပြီဖြစ်ပါသည်။
“”ကဲ ဒေါ်သိန်းရေ ဒီမီးတွေကိုမပိတ်နဲ့
တညလုံးဖွင့်ထားလိုက်နော် ။ ခင်ဗျားတို့သားအမိတွေလည်း မအိပ်ရဲရင် မစန်းတို့အိမ်မှာသာ သွားအိပ်ချေတော့””
ရပ်ကွက်လူကြီး ဦးစိုးမင်းက အမေသိန်းကို လှမ်းပြောနေခြင်းဖြစ်ပါသည်။
ရပ်ကွက်လူကြီးက ပြောပြီး ပြန်သွားပါတော့သည်
ရပ်ကြည့်နေသော သူများလည်း အသီးသီးပြန်သွားကြရာ ခြံဝန်းကြီးတွင် မီးဆိုင်းများအောက်၌
ထုံးရာ အလောင်းပုံသဏ္ဍာန်ကြီးတစ်ခုသာထီးထီးကြီးကျန်ရစ်ခဲ့ပါတော့သည်။
ကျမတို့အိမ်တွင် ထိုညက အမေသိန်းတို့သားအမိသုံးယောက်လုံး အိပ်လိုက်ကြပါတော့သည်။
##################
နောက့်နေ့မနက်တွင် ကျမရော လှလှပါ
ကိုယ်တွေပူပြီးဖျားနေကြ၍ မိခင်က
နှစ်ဦးလုံးကိုခေါ်၍ဆေးခန်းလိုက်ပို့ပေးရပါသည်။
တစ်ဘက်ခြံကိုလည်း ရပ်ကွက်အတွင်းမှ
လူအချို့လာရောက်စပ်စု၍ ကြည့်နေကြပါသည်။
အမေသိန်းမှာ မနက်လင်းသောအခါ သူမ၏
အိမ်လေးဆီသို့ တက်သွားပါသည်။
သံဇကာကွက်နားရှိရေအိုးစင်မှာ
အုပ်ဆိုင်းထားသော ကော်ဇကာ အဖုံးမှတဆင့်ရေအိုးအဖုံး ၊ မှောက်ထားသောရေခွက်နှင့် ရေအိုးကိုယ်ထည်များပေါ်တွင် သေဆုံးသူကိုညိုကြီး၏
ကိုယ့်ခန္ဒာမှ ပန်းထွက်ခဲ့ပုံရသောသွေးများ
ပေကျံနေပါသည်။
ကျမတို့အိမ်သည် အုတ်ပတ်ကားနှစ်ထပ်အိမ်ဖြစ်သည်။
ကျမတို့အိမ် အုတ်နံရံပေါ်၌ လူသွေးများမှာ
မြင်မကောင်းအောင်ပန်းစင်၍ထားပါတော့သည်။
ကျမတို့အိမ်မှအဖေနှင့်အကိုများက
အမေသိန်းတို့ခြံရှိ ကိုညိုကြီးသေဆုံးခဲ့သည့်နေရာအား ရဲများ၏ခွင့်ပြုချက်ဖြင့် သွေးများကိုဆေးကြောခြင်း၊ မြေကြီးများအားပေါက်တူးဖြင့်လွှာ၍စွန့်ပစ်ခြင်းများ ပြုလုပ်ကြပါသည်။
အလုံးစုံပြုလုပ်ပြီးသောအခါ ကျမတို့အမြဲဆော့နေကြ မြေသားဖြုဖြုလွလွလေးများမရှိတော့ပဲ
မည့်သို့မှ ဖြုမလာတော့သော ညိုညစ်ညစ်မြေကွက်ကြီးအဖြစ် ကျန်ရစ်ခဲ့ပါတော့သည်။
ဖခင်နှင့်အိမ်မှ အကိုများက သွားရောက်၍
ရေအိုးနှင့်အဖုံး ရေခွက်များကို မယူကာခြံနောက်ဘက်တွင်လွှင့်ပစ်လိုက်ရပါတော့သည်။
ရဲများထပ်ရောက်လာကြပြီး သက်သေခံအချိုကိုထပ်ရှာနေကြပြီးနောက် အမေသိန်းကို ဒုတိယအကြိမ်ထပ်မေးပြန်ပါသည်။
အတူပါလာသောရပ်ကွက်လူကြီးပြောပြမူ့အရ
ဖိုးရီကို ညတွင်းချင်း ဖမ်းဆီးရမိကြောင်းသိရှိရပါတော့သည်။
“”အကိုတို့ဟိုဘက်ခြံက အိမ်အုတ်နံရံမှာ သွေးတွေစင်ထားတာ မနည်းမနောပဲ ဆေးချလိုက်ကြဦးနော်။
ဒီက အဒေါ်လည်း ကိုယ့်ခြံထဲမှာ မဆီမဆိုင်
လူ သ တ်မူ့လာဖြစ်လို့ အရမ်းလန့်မနေပါနဲ့။
တော်ရုံ အမူ့ရုံးချိန်းလေး တစ်ခါနှစ်ခါပဲ သက်သေထွက်ဆိုပြီး မလာရအောင် ကူညီပေးပါ့မယ်””
“”ကျေးဇူးပါ ငါ့တူရယ်””
ထိုအဖြစ်အပျက်များ ဖြစ်ပြီးဆေးခန်းပြထား
ပေမယ့် လှလှရော ကျမပါ ကိုယ်ပူမကျပဲ
တောက်လျှောက်ကယောင်ကတန်းတွေဖြစ်ပြီး
အတော်လေးဖျားခဲ့ကြပါသည်။
ဒုတိယမြောက်ညမှစ၍ အခင်းဖြစ်ပွားခဲ့သည့်အချိန်အတိအကျရောက်တိုင်း လမ်းအတွင်းရှိခွေးများမှာ
တစုံတရာကိုမြင်နေသည့်အလား ဝိုင်းအုံ၍
ထိုးဟောင်ခြင်း၊ အူခြင်းများပြုကြသည်မှာအလွန်ခြောက်ချားဖွယ်ရာကောင်းလှပြီး
ညဆယ့်နှစ်နာရီကျော်တိုင်း လူသံလား၊ လေသံလား
မကွဲပြားသည့် အသံဆိုးများမှာမည်သည့်အရပ်မှ
လာမှန်းမသိရပါပဲ လူအတော်များများကြားနေရပါသည်။
အချိန်မတော်အကြောင်းကိစ္စရှိ၍ထိုခြံရှေ့မှ
ဖြတ်သွားသူများသည် ခြံဝန်းအတွင်း
ပြေးပြေးလွားလွားအရိပ်သဏ္ဍာန်များနှင့်
ရံဖန်ရံခါသွေးစွန်းစက်လက်နှင့်လူတစ်ယောက်ကို ပေါ်ပေါ်ထင်ထင်ပင်တွေ့တတ်ကြသည်အထိဖြစ်လာကြပါသည်။
သေဆုံးသူအားရည်စူး၍လမ်းသူလမ်းသားများစုပေါင်းကာ အန္တရာယ်ကင်းပရိတ်များရွက်ဖက်ခြင်း၊
အလှူအတန်းပြုလုပ်ခြင်း၊အမျှအတန်းဝေခြင်းများပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့်ခြောက်လှန့်မူ့များ
လျော့ပါးသွားခဲ့သော်လည်းအလုံးစုံငြိမ်းအေးသွားခြင်းတော့မဟုတ်ခဲ့ပေ။
နှစ်အတော်ကြာသည့်အထိ ခြောက်လန့်မူ့များရှိနေပြီး လူတိုင်း၏ ပြောစမှတ်ဖြစ်လာခဲ့ပါသည်။
ထိုစဥ်က ကျမမှာ တပတ်တိတိအပြင်းဖျားခဲ့ရပါသည်။
နောင်အချိန်များတွင်လည်း လှလှတို့အိမ်သို့
ကူးလူးသွားတတ်သော်လည်း လူသတ်မူ့
ဖြစ်ခဲ့သည့်နေရာကို ယောင်လို့ပင် လှည့်မကြည့်ခဲ့ပေ။
ထို့သို့လှည့်မကြည့်သည့်တိုင် အလောင်းကောင်ကြီးကိုယနေ့တိုင်မြင်ယောင်နေမိပြီး
ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း
နှစ်ပေါင်းများစွာက အဖျားငွေ့တို့မှာ ပြန်နွေးလာသလိုထိ ကြောက်နေမိပါသည်။
မကြာခဏကြားခဲ့ရ မြင်ခဲ့ရသော
ပရလောကသားတို့၏အသံနှင့်အရိပ်ယောင်တို့ကြောင့်ပင် ဘာသာတရားကို အားကိုးအားထားစိတ်ဖြင့်ပိုပြီးအားစိုက် လုပ်ခဲ့ပါသည်။
ထိုညသည် မည်သည့်အချိန်ပြန်တွေးတွေး
ကြောက်ရွံတုန်လှုပ်မူ့မပြယ်သော
သွေးပျက်စေသောည တစ်ညသာဖြစ်ခဲ့ပါတော့သည်။
ယွန်း နှင်းဆီ ခိုင်