အခန်းနံပတ်-7

အခန်းနံပတ်-7(စ/ဆုံး)

——————–

“မြိုင်စံအိမ်”အိမ်ရှေ့ ခြံတံခါးဝ၌ ချိတ်ထားသော

အိမ်ကြီး၏ အမည်အား စိတ်ထဲမှဖတ်ရင်း အနည်း

ငယ်တော့ ကြက်သီးထသွား၏ စောဟိန်း ဤနေရသို့

တစ်ခါမှ မရောက်ဖူးသေးပါ အဖိုး၏ နောက်ဆုံး

ခေါင်းချရာ ဤစံအိမ်ကြီးကို အဖိုးအရမ်းနှစ်သက်ပြီး

ထူးခြားတာက အရင်ပိုင်ရှင်ထံမှ အဖိုးတစ်ယောက်

စျေးပေါပေါနှင့် ဝယ်ယူပြီး ၁နှစ်မပြည့်ခင် ဆုံးပါး

သွားခဲ့ခြင်းဖြစ်လေသည် ရန်ကုန်မှာ ကြီးပြင်းခဲ့ရသူ

ကျွန်တော်အဖို့ ရှမ်းပြည်နယ်၏ ထင်းရှူးတောနှင့်

တောင်တန်းများကြား တည်ရှိနေတဲ့ ဤနေရာဟာ

အစိမ်းသက်သက်ပင် ဖြစ်နေလေသည် လက်ထဲမှဖုန်း

ဝင်လာသည်နှင့် အတွေးစတို့ကို ရုတ်သိမ်းခါ

….ဟဲလို….စောဟိန်းလား….

“အေး….ဟုတ်တယ်သူငယ်ချင်း…..

…..ဟိတ်ကောင်….ငါရောက်တော့မယ်ကွ….

…အေး…ငါကရောက်နေပြီကွ….မင်းဝင်လာခဲ့လေ…

….ငါစောင့်နေမယ်….

….အေး….အေး….သူငယ်ချင်း…..

ဖားအံဘက်မှာ ကျောက်ပွဲစားလုပ်နေတဲ့ ကျွန်တော်ရဲ့

သူငယ်ချင်း ကျော်စွာ၏ ဖုန်းပင်ဖြစ်သည် ကျွန်တော်

ဒီကိုလာတယ်ဆိုတော့ သူလဲ ကျွန်တော်နဲ့လာနေဖို့

ပြောလာလို့ သူငယ်ချင်းတွေ မတွေ့ရတာလဲ ကြာပြီ

ဖြစ်တာကြောင့် ခေါ်ထားခြင်းပင် ဖြစ်၏

အိုဟောင်းနေသော ခြံတံခါးသော့အား မနည်းဖွင့်ပြီး

ခြံထဲသို့ ဝင်ခဲ့လေသည် အမှိုက်သရိုက်တို့ဖြင့်

ခြံကြီးတစ်ခုလုံး ရှုပ်ပွလျှက် အေးစိမ့်စိမ့် ရှိလှ၏

အိမ်တံခါးသော့ကို တစ်ခါထပ်ဖွင့်လိုက်တော့ အတွင်း

မှာ ပြင်ဆင်ထားသည်က တန်ဖိုးကြီးပရိဘောဂများနဲ့

သေသပ်လှပလွန်းလှသည် အောက်ထပ်ရှိ ပြတင်း

ပေါက်များ လိုက်ဖွင့်လိုက်တဲ့အခါ အတော်လေး လင်း

သွားလေသည် ဖုန်တတ်နေသော စတီခုံများ ဧည့်ခန်း

မှန်တင်ခုံများကို အသင့်ချိတ်ထားသော ကြက်မွှေး

ဖြင့် လိုက်လံ သန့်ရှင်းရလေသည် မီးကတော့ လူမနေ

တာကြာပြီဖြစ်တာကြောင့် မလာခင်ကြိုတင်ပြီး ပြန်

လျှောက်ထားလို့ တပ်ဆင်ပေးထားပြီး ဖြစ်၏ ပြတင်း

ပေါက်မှ လှမ်းကြည့်ရင် လူနေအိမ်များ တွေ့ရပေမယ့်

အတော်လှမ်းလှသည် ဒီလိုနေရာမျိုး ကျွန်တော်အဖိုး

ဘယ်လိုစိတ်ကူးနဲ့ ဝယ်ခဲ့မှန်း မတွေးတတ်တော့ပါဘူး

ခဏကြာသော်

…..တီ….တီ…တီ….

…အင်း….ကျော်စွာရောက်လာပြီ…ထင်တယ်…..

ခြံတံခါးဝမှာ ရပ်ထားသော ကားပေါ်မှ ကျော်စွာ ဆင်း

လာ၏ ကျွန်တော် ခြံတံခါးကို ဖွင့်ပေးလိုက်ပြီးတော့

….ကဲ…လာ….သူငယ်ချင်း….

….အေးကွာ….စောဟိန်းရယ်…မင်းရဲ့အိမ်ကလဲ..

….ဒီနယ်ဘက်ကို….ကျွမ်းကျင်နေတဲ့….ငါတောင်မျက်

စိလည်နေတာ….အတော်ရှာလိုက်ရတယ်ဟေ့….

….အေးဟုတ်တယ်ကွ….ငါ့အဖိုးရဲ့….စိတ်ကူးတွေပေါ့

ကွာ…..

သူငယ်ချင်းနှစ်ယောက် စကားပြောရင်း အိမ်ထဲသို့ဝင်

လာကြသည်

….ကဲ…ကျော်စွာရေ….မင်းရဲ့အထုပ်အပိုးတွေကို….

….ဟိုအရှေ့က….အခန်းနံပတ်….( 4 )ထဲမှာ….ထား

လိုက်….ငါကအခန်းနံပတ်( 3 )မှာဆိုတော့…အခန်း

ခြင်းကပ်နေတာပေါ့ကွာ…..

…အေး…သူငယ်ချင်း….

ကျော်စွာ အထုပ်အပိုးများကို အခန်း(4)ထဲသို့ ထည့်

ပြီး နေရာချနေလေသည်

ဤအိမ်ကြီးမှာ အခန်းအားလုံး ( ၈ )ခန်းရှိပြီး အောက်

ထပ်မှာ လေးခန်း အပေါ်ထပ်မှာ လေးခန်းရှိသည်ကို

အဖိုးမဆုံးခင် ပြောပြခဲ့၍ သိနေခဲ့ရခြင်းပင်ဖြစ်သည်

ထူးခြားသည့်အချက်မှာ အဖိုးမဆုံးခင်မှာ ဒီအိမ်ကြီး

ရဲ့ အခန်းတွေအားလုံးထဲ အခန်းနံပတ်( 7 )ကို မဖွင့်ဖို့

မဝင်ဖို့နဲ့ တံခါးသွားမခေါက်ဖို့ အကြိမ်ကြိမ်မှာကြားခဲ့

ခြင်းပင်ဖြစ်လေသည်

===================

ညနေက ကျော်စွာနဲ့ သွားဝယ်လာကြသော

ဘီယာများအား ရေခဲသေတ္တာထဲမှ ထုတ်ပြီး သူငယ်

ချင်းနှစ်ယောက် ရှေးဟောင်းနောက်ဖြစ်များပြောကြ

ရင်း တစ်ဖြေးဖြေး ညဥ့်နက်လာခဲ့ပြီဖြစ်၍ ကိုယ်ဆီ

အိပ်ယာ ဝင်ခဲ့ကြသည်

ညသည် တိတ်ဆိတ်ငြိမ်သက်လျှက် ထင်းရှူးတော

တွေ ပေါတာကြောင့် ပုစဥ်းရင်ကွဲများ၏ အော်မြည်

သံဟာ လူတစ်ယောက်ကို အိပ်မွေ့ချနေသည့်အလား

သိပ်မကြာပါ ကိုယ်ဆီ အိပ်မောကြသွားလေတော့

သည်

…..အား……

စူးရှကျယ်လောင်သော အသံကို ကြားလိုက်ရသော

ကြောင့် စောဟိန်း အိပ်ယာမှ လန့်နိုးခါ အလူးအလဲ

ထသွားကြည့်မိသည် မည်သူမျှမတွေ့ပါ အ​သေအချာ

နားစွင့်လိုက်သောအခါ

….ဒုန်း…ဒုန်း…..ခွမ်း….

….ဟင်…..

ထိုအသံသည် ကျော်စွာအခန်းထဲမှ လာသောအသံပင်

ဖြစ်နေလေသည် အခန်းတံခါးကို ဖွင့်လိုက်ပြီးအထဲသို့

ကြည့်လိုက်သောအခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်

ကျွန်တော် ကြောက်လန့်သွားလေ၏

ကုတင်ပေါ်၌ ကျော်စွာတစ်ယောက်ထဲ သူလည်ပင်းကို

လက်နှစ်ဖက်ဖြင့်ကိုင်လျှက် မျက်လုံးများပြူးနေပြီး

သွားရေများပင် ထွက်ကျနေလေသည် ကျွန်တော်လဲ

သတိပြန်ဝင်ခါ အနားသို့ပြေးသွားပြီး လက်မောင်းကို

ခပ်ဆတ်ဆတ်လေး ရိုတ်လိုက်တော့သည်

…..အင်း…….

ကျော်စွာ ငြိမ်ကြသွားသည်

….ဟေ့ကောင်….ကျော်စွာ….ကျော်စွာ…..

ကျွန်တော်လှုပ်နိုးပြီး သတိပေးလိုက်တော့ သူ

ကျွန်တော်လက်ကို ဆုပ်ကိုင်လျှက်

…ကျေးဇူးပါ…သူငယ်ချင်းရယ်….မင်းမလာရင်…ငါ…

ငါသေတော့မှာကွ….

တစ်ကိုယ်လုံး ချွေးစေးများ ရွှဲရွှဲစိုလျှက် တုန်ယင်နေ

သည်ကို ကျွန်တော် သတိထားမိတာကြောင့် ကျော်စွာ့

အား မေးမြန်းကြည့်ရသည်

…မင်း…ဘာဖြစ်တာလဲ…ကျော်စွာ….

ကျော်စွာ ကျွန်တော်ခပ်ပေးသော ရေကို အငမ်းမရ

သောက်လိုက်ပြီးတော့မှ

…ငါ….ငါအိပ်ပျော်နေတာကွ….ရုတ်တရက် ….အရမ်း

အေးလာလို့….ငါဘေးကစောင်ကို…လှမ်းပြီးစမ်းတော့

…အေးစက်နေတဲ့လက်ကြီးကွ…ငါ့လက်ကို…ဆွဲထား

တယ်….ငါလန့့်ပြီးတော့…..မျက်လုံးဖွင့်ကြည့်လိုက်

တော့…..မဲနက်နေတဲ့အကောင်ကြီးကွ….ငါတွန်းချ

လိုက်ပေမယ့်….မရဘူး….ငါကိုအပေါ်စီးကနေ….

လည်ပင်းညှစ်နေတော့တာပဲ…..သူငယ်ချင်း…..

….စောဟိန်း….သူငယ်ချင်း….

…အေးပြောလေ….ကျော်စွာ….

…..ဒီအိမ်ကြီးက….ရိုးမှရိုးရဲ့လားကွာ….တစ်ခုခုတော့

…လွဲနေပြီးထင်တယ်နော်….

ကျော်စွာပုံစံကြည့်ရတာ အတော်ကြောက်လန့်နေဟန်

ရှိသည်မို့ ကျွန်တော်လဲ စိတ်သက်သာရာရအောင်

ပြောရလေ၏

…..မဟုတ်လောက်ပါဘူးကွာ….မင်းစိတ်ထင်လို့…

…ဖြစ်မှာပါ….စောင်ခြုံမအိပ်တော့….သွေးလေ​​

ခြောက်ခြားပြီး……ဖြစ်တာနေမှာပါကွာ….ပြန်အိပ်

လိုက်ပါ…..

စိုးရိမ်စိတ်တွေ များစွာနဲ့ ကျော်စွာ ပြန်အိပ်သွားပါ

တော့သည်

===============

မနက်ခင်း၏ နေရောင်သည် အတော်နှင့်မမြင်ရပေ

အဘယ်ကြောင့်ဆိုတော့ မြူနှင်းများ ထူထပ်စွာ ကျ

ရောက်နေသောကြောင့်ပင် ဖြစ်၏

အေးစိမ့်နေသော ဆောင်း၏ မနက်ခင်းမှာ

ကျွန်တော် ကော်ဖီတစ်ခွက်နှင့် ခြံထဲသို့ဆင်းလာခဲ့

သည် ပတ်ဝန်းကျင်တစ်ခုလုံး ထင်းရှူးပင်များနဲ့

တောင်တန်းများ ဝိုင်းဖွဲ့ခြံရံလျှက် သာယာကြည်နူး

ဖွယ်ပင်ဖြစ်နေတော့သည်

…..စောဟိန်း…..

အနောက်မှခေါ်သံကြောင့် ကျွန်တော်လှည့်ကြည့်

လိုက်တော့ ကျော်စွာ အထုပ်အပိုးများနဲ့ ကျွန်တော့်

ဆီသို့ လျှောက်လာသည်

….ဟင်….ကျော်စွာ….မင်းဘယ်သွားမလို့လဲ…..

….ငါ….ငါ…ပြန်တော့မယ်….စောဟိန်းရေ….

….ဟာ….ဘာဖြစ်လို့တုန်းကွ….

…..ငါမနေရဲတော့ဘူး….သူငယ်ချင်း….ဒီအိမ်ကြီးက…

တစ်ခုခုမှားနေတာဖြစ်မယ်….ညကငါကြုံခဲ့ရတာဟာ.

….သွေးလေခြောက်ခြားတာမဟုတ်ဘူး….သူငယ်ချင်း

…..ငါကားခေါ်ထားတယ်….ခဏနေရင်….လာလိမ့်

မယ်…..မင်းလဲ….ရန်ကုန်ကို….အမြန်ဆုံးပြန်ပါ….

…..စောဟိန်း….သူငယ်ချင်း….ဒီမှာဆက်မနေနဲ့တော့…

စိုးရိမ်တကြီးနဲ့ မှာနေတဲ့ ကျော်စွာရဲ့စေတနာကို

ကျွန်တော်နားလည်ပါတယ်လေ

….အေးပါသူငယ်ချင်းရာ….ငါလဲအဖိုးအမွေပေးတဲ့…

….ဒီအိမ်ကြီးကို…ငါလဲတစ်ခါမှ….မရောက်ဘူးသေး

တာနဲ့….လာကြည့်တာပါ…နှစ်ရက်သုံးရက်…

နေပြီးရင်….ပြန်မှာပါ….

…တီ…တီ…တီ…

ခြံအရှေ့မှ ကားတစ်စီး ဟွန်းတီးသံကြားတော့

ကျော်စွာ အထုပ်အပိုးများဆွဲခါ ထွက်သွားလေတော့

သည် သူအတော် ကြောက်လန့်သွားပုံရ၏ တစ်ညတာ

ထဲနေရုံမျှနှင့် ပြန်ရသည်က သိပ်တော့ လျှော့မတွက်

သင့်ပေ ကျွန်တော်လဲ တစ်ရက်နှစ်ရက်လောက်နေပြီး

ရန်ကုန်ပြန်ရန် စိတ်ကူးထားသည်

=================

ဒီညတော့ ကျော်စွာမရှိ၍ အနည်းငယ် ပြင်းနေရ

သည် အေးစက်လာပြီမို့ မီးလင်းဖိုကြီးအနား ကပ်ခါ

ကော်ဖီတစ်ခွက် သောက်နေလေ၏ ဒီဒေသဘက်မှာ

ယခုလိုပဲ အေးလာပြီဆိုရင် အိမ်အများစုမှာ မီးလင်း

ဖိုများရှိကြပြီ မီးလှုံရင်း အနွေးဓာတ် ရယူရသည်က

ဓလေ့တစ်ခုအဖြစ်နဲ့ အတော်ပဲ ပျော်ဖို့ကောင်းပါသည်

ညသည် တစ်ဖြေးဖြေးနဲ့ ညဥ့်နက်လာခဲ့ပြီမို့ အခန်းထဲ

သို့ဝင်ခါ အိပ်စက်အနားယူလေတော့သည်

အခန်းတံခါး၌ထွင်းထားသော (၇)ဆိုသည့် အခန်း

တံခါးအရှေ့သို့ ကျွန်တော် မည်သို့ရောက်နေမှန်း မသိ

ပါ တံခါးလေး ခပ်ဟဟဖွင့်ထားသောကြောင့် အခန်း

ထဲသို့ မြင်နေရလေသည်

…..ရှင်….ရှင်…..ရှေ့တိုးမလာနဲ့နော်….

….ဟား….ဟား….ဟား….မင်းအော်ချင်သလောက်သာ

အော်…..ဘယ်သူမှမရှိဘူး…..ဟား….ဟား…….ဟား…

အခန်းထဲ၌ အသက် နှစ်ဆယ်ကျော်ခန့်လောက်

အမျိုးသမီးတစ်ယောက် အနားသို့ အရပ်မြင့်

မြင့် အသားဖြူဖြူ ဂိုင်းတောင့်တောင့်နဲ့လူက

ဇောခြွေးများ ပျံလျှက် ထိုအမျိုးသမီးအနားသို့

တိုးကပ်လာပြီး အမျိုးသမီးမှာ မျက်ရည်တစ်ချို့

နဲ့ အော်ဟစ် မောင်းထုတ်နေလေ၏

….ရှင်….ရှေ့မတိုးနဲ့လို့….ပြောနေတယ်နော်…..

…..ကယ်ကြပါဦးရှင်…..ကျွန်မကို…မတရားကြံနေလို့..

…ကယ်ကြပါဦး….

အမျိုးသမီး အော်ဟစ်အကူညီတောင်းတော့ ထိုလူ

အမျိုးသမီးထံပြေးဝင်သွားပြီး ကုတင်ပေါ်သို့တွန်း

လှဲလိုက်လေတော့သည် အဆက်မပြတ်အော်နေသော

အမျိုးသမီးမှာ ငရဲခန်းသို့ ရောက်ရှိနေသည့်နှယ်

အပေါ်စီးမှ ထိုလူဟာ အမျိုးသမီးရဲ့ အဝတ်အစား

တစ်ချို့ကို အားနဲ့ ဆွဲဖြဲနေရင်းက အမျိုးသမီးရဲ့

အော်သံဟာ ပိုကျယ်လောင်လာတဲ့အတွက် မျက်နှာ

ကို ထိုလူမှ ခေါင်းအုံးဖြင့် တတ်ဖိထားလေသည်

အမျိုးသမီးက ရုန်းကန်ရင်းနဲ့ အနီးရှိ စားပွဲပေါ်က

သစ်သီးလှီးသော ဓားကိုစမ်းမိသွားပြီး လှမ်းအထိုး

ထိုလူမှ လက်နဲ့ အကာ လက်သန်းမှ လက်တစ်ဆစ်ခန့်

တိတိရိရိ ပြတ်ခါ ပြတ်သွားသော လက်သန်းစလေး

လွင့်ထွက်သွားလေတော့သည် သွေးများကိုခေါင်းအုံး

နှင့် ရောဖိထားလျှက် ခေါင်းအုံးထဲသို့ သွေးများကစီး

ဝင်နေလေတော့သည် နာကျင်တဲ့စိတ် ဒေါသစိတ်

ရမက်ဇောဖြင့် ဖိထားသောကြောင့် အမျိုးသမီးမှာ

ရှန်းကန်နေလေ၏ သိပ်မကြာလိုက် သူမ ငြိမ်ကြသွား

လေတော့သည် ထိုလူခေါင်းအုံးကို ဖယ်ပြီးကြည့်

လိုက်သောအခါ မျက်လုံးများ အမျိုးသမီးမျက်လုံး

များပင် ပြူးလျှက် အခါခါ လှုပ်နှိုးပေမယ့် အသက်မ

ရှိတော့

….ဟာ….သွားပြီ….သွားပြီကွာ….

ထိတ်လန့်တုန်လှုပ်စွာနဲ့ အနောက်သို့ ထိုင်ချလိုက်ပြီး

ထိုလူ စီကရက်တစ်လိပ်ကို ဖွာရှိုက်လျှက် ခေတ္တမျှ

စဥ်းစားနေဟန်ဖြင့် အောက်ထပ်သို့ ပြေးဆင်းသွား

သည် ခဏကြာတော့ လက်ထဲမှာ ကြိုးတစ်ခြောင်း

ဖြင့် ပြန်တတ်လာပြီး မျက်နှာကျက်ပန်ကာမှာ ကြိုး

တစ်စကိုချည်ပြီး ကျန်တစ်စကို အမျိုးသမီးရဲ့

လည်ပင်းကို ကွင်းလုပ်ခါ စွပ်ပေးလိုက်၏ သူမရဲ့

ခန္ဓာကိုယ် လေပေါ်သို့ တစ်ဖြေးဖြေးမြောက်တတ်

သွားလေသည် ထိုလူမှာလဲ သွေးစွန်းနေသော

ခေါင်းအုံးကို ပိုက်လျှက် ဆင်းပြေးလေတော့သည်

….ဟေ့လူ…..လူယုတ်မာ….ဟေ့လူ…ခင်များသတ်တာ

….ခင်များ….ယောကျ်ားမဟုတ်ဘူးလား …

ကျွန်တော် အကြိမ်ကြိမ်အော်နေပေမယ့့် ထိုလူကြား

ဟန်မရှိပေ အဖြစ်အပျက်အားလုံးကို အစအဆုံးတွေ့

မြင်နေပါလျှက်နဲ့ ကျွန်တော် ဘာမှလုပ်မရသည်ည်က

အတော်ပင်ထူးဆန်းနေလေသည်

….ဟိတ်လူ…..ခင်များ….မပြေးနဲ့….ဟေ့လူ….

ကျွန်တော် လန့်နိုးလာသည် ဇောခြွေးများရွှဲစိုလျှက်

ရေတစ်ခွက်ထသောက်လိုက်ရင်း အိမ်မက်က မျက်စိ

ထဲ မထွက်တော့ပေ

=============

ဒီနေ့တော့ ကျွန်တော်မြို့ထဲသို့ လျှောက်သွားရင်း

အပြန်ညနေစောင်းခဲ့ပြီးဖြစ်၏ အိမ်ထဲသို့ ပြန်ဝင်လာ

သည်နှင့် သိပ်မကြာပါ မီးကပျက်လေသည် သစ်ရိပ်

များကြောင့် အိမ်ထဲ အနည်းငယ်မှောင်နေ၏

ကျွန်တော်လဲ ပြင်းပြင်းရှိတာနဲ့ အပေါ်ထပ် ဝရန်တာ

သို့ တတ်ကြည့်ဖို့စိတ်ကူးရသည် နေဝင်ချိန်လေးမို့

အမြင့်ကကြည့်ရရင် အတော်လှပေလိမ့်မည် လှေခါး

အတိုင်းပြေးတတ်လာရင်း တစ်နေရာရောက်သော

အခါ

….အဟင့်….ဟင့်….ဟင့်…..

မိန်းကလေး တစ်ယောက်၏ ငိုညည်းသံရှိုက်သံ သဲ့သဲ့

ကို အပြီးအပြင်ကြားလိုက်ရသည် အသံလာရာဘက်

သို့ ကျွန်တော် တစ်ဖြေးဖြေး ချည်းကပ်သွားသော

အခါ ( ၇ ) ဆိုသည့် အခန်းအရှေ့သို့ရောက်သော

အခါ ထိုအခန်းထဲမှာ လာသော အသံဖြစ်နေလေသည်

အခန်းတံခါး လက်ကိုင်သို့ လက်ကရောက်သွားသော

အခါ အဖိုး​မှာခဲ့သော စကားများကို ပြန်လည်သတိမိ

သည် အဖိုးက ဒီအခန်းတံခါးကို မဖွင့်ဖို့ အကြိမ်ကြိမ်

မှာခဲ့သည် မဟုတ်ပါလား သို့သော် ဖွင့်ချင်တ​ဲ့စိတ်ကို

မထိန်းနိုင်တော့ပါ ကျွန်တော် ဖွင့်လိုက်တော့သည်

တံခါးဖွင့်သည်နှင့် အခန်းထဲက ငိုသံ တိတ်သွား

လေ၏ တံခါးကလာတဲ့ အလင်းရောင်သဲ့သဲ့ဖြင့်

အခန်းထဲသို့ မြင်နေရလေသည် နံရံမှာ ချိတ်ဆွဲထား

သော အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံတစ်ပုံမှုန်ဝါးဝါး

နှင့် ဖုန်များတတ်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်

ကျွန်တော်လက်နှင့် အသာပွတ်ကြည့်လိုက်သောအခါ

…..ဟင်…..သူ….သူ……

အမှန်ပဲ ကျွန်တော် ညကအိမ်မက်ထဲမှာ မြင်လိုက်ရ

သော အမျိုးသမီးပင် ဖြစ်နေတော့သည် အံသြခြင်း

တွေနဲ့ ကြည့်နေတုန်းမှာပဲ ကျွန်တော် ဖွင့်ခဲ့သော

အခန်းတံခါးက ဝုန်း ခနဲပိတ်သွားလေတော့သည်

အခန်းထဲ အလင်းရောင် မရှိတော့သောကြောင့် မှောင်

မိုက်လျှက် ထိုအခိုက် တစ်စုံတစ်ယောက်က

ကျွန်တော် အနောက်ကနေ အားနှင့် ဆောင့်တွန်းခြင်း

ကို ခံလိုက်ရသည်ည်

…..ဝုန်း….

…..အား….

ကုတင်ခြေရင်း တိုင်နဲ့ခေါင်းနဲ့ဆောင့်ခါ ကျွန်တော်

အသိတွေအားလုံး မှုန်ဝါးပျောက်ကွယ် သွားလေတော့

သည်

…..အကို…..အကို….ထတော့…မြန်မြန်ထပါ….

နားထဲ၌ ကြားနေရသောအသံကြောင့် ကျွန်တော် အား

ယူခါ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်

…..ဟင်…..မင်း…..မင်း…..

ဟုတ်ပါတယ်…..အကို ..ကျွန်မပါ… ကျွန်မနာမည်…

စောနန်းမူလို့… ခေါ်ပါတယ် ….ကျွန်မမိဘတွေက…

မြို့ထဲမှာ ….စိန်မေတ္တာဆိုတဲ့ ……ရတနာဆိုင်ဖွင့်ထား

ပါတယ်…. နာမည်တွေက… ဦးစိုင်းနွမ်ဖနဲ့ ဒေါ်နန်းမိုးစီ

ပါ …အကိုအိမ်မက်ထဲမှာ…. မြင်ခဲ့ရတဲ့အတိုင်း…

ကျွန်မကို ….အဲ့ဒီလူယုတ်မာပြီး….ကျွန်မက…

…. ချစ်သူနဲ့…အဆင်မပြေလို့ ….သက်သေတဲ့ပုံစံ….

မျိုးဖန်တီးခဲ့တာပါ…..ကျွန်မမိဘတွေကလဲ…အဲ့ဒီလိုပဲ

ထင်ခဲ့ကြတယ်….အဖြစ်မှန်ကို….. အခုထိမသိသေးပါ

ဘူး ….အဲ့ဒီလူရဲ့….နာမည်က…..

….စိုင်းလမုန်းပါ ….ကျွန်မရဲ့… ကုတင်အောက်မှာ…

သူ့ရဲ့ပြတ်သွားတဲ့…လက်သန်းရှိပါတယ်…နောက်ပြီး

တော့….သွေးစွန်းနေတဲ့ခေါင်းအုံးကို….သူနေတဲ့ခြံရဲ့

…ထောပတ်ပင်အောက်နားမှာ…မြေမြှုပ်ထားပါတယ်

ဒီကိစ္စတွေကို…. အားလုံးသိအောင်….အကိုကူညီပါ…

…အကို….မြန်မြန်သွားတော့….သူတို့လာနေပြီ….

ဒီအိမ်ကြီးမှာ…အခြားမကောင်းဆိုးဝါးတွေ…ရှိနေ

တယ်အကိုပြေးတော့….ကျွန်တားထားမယ်….ပြေး…

ကျွန်တော် လန့့်နိုးလာခဲ့သည် ရုတ်တရက် သူမပြော

သောစကားများကို ပြန်ကြားလျှက် ကုတင်အောက်သို့

လက်နှိုက်ကြည့်သော အခါ အရိုးကျနေပြီဖြစ်သော

လက်သန်းကို တွေ့ရ၍အိပ်ထဲသို့ထည့့်ခါ ထပြေး

တော့ တံခါးက ခပ်ဟဟပွင့်သွားလေသည် အခန်းထဲ

မှ အမြန်ထွက်ပြီး ဒီအိမ်ကြီးနှင့်ဝေးရာသို့ ပြေးရပါ

တော့သည်

==================

….အဖြစ်အပျက်ကတော့….ဒါပါပဲဲဗျာ…..

…အဖြစ်ဆိုးလိုက်တာ…. သမီးလေးရယ်….

မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ခါ ရိုက်ကြီးတငင်

ငိုကြွေးရင်း ဒေါ်နန်မိုးစီဟုခေါ်သော အမျိုးသမီးကြီး

မှာ ဖြေမဆည်နိုင်ပေ

…အဲ့ဒီကောင်က….အိမ်မှာ….ကားမောင်းတဲ့ကောင်….

…လွန်ခဲ့တဲ့…၇နှစ်လောက်က…အဲ့ဒီအိမ်မှာ….သူ့ကို….

ကားဒရိုတ်ဘာအဖြစ်….ထားခဲ့တာ….ဒီကောင်နေတဲ့

နေရာကို…..သိတယ်….အန်တီတို့လဲ….သမီးလေးမရှိ

တော့….အဲ့ဒီမှာမနေချင်တော့လို့…..ရတဲ့စျေးနဲ့ရောင်း

ပြီး….ပြောင်းခဲ့တာ….ကဲ…ကောင်လေး…

…..ဗျာ…..

မင်းဒီညဒီမှာပဲအိပ်…..မနက်ကြရင်…အဲ့ဒီလူယုတ်မာ

ဆီကို…..သွားကြမယ်…..

….ဟုတ်ကဲ့….အန်တီ…..

ကျွန်တော် ပစ္စည်းများကို မနက်ကြမှ သွားယူရန်

ဆုံးဖြတ်ထားပြီး ဒီညအဖို့တော့ ဒီက ရတနာဆိုင်မှာပဲ

အိပ်စက်ခဲ့ရလေသည်

မနက်လင်းတော့ ထိုလူဆီကို ရဲများခေါ်ပြီးသွား

တော့ ထိုလူကို သူခြံထဲမှာပဲ ဖမ်းမိခဲ့သည် သက်သေ

အဖြစ်နဲ့ ထောပတ်ပင်အောက်သို့ တူးကြသောအခါ

ခေါင်းအုံးဟု ယူဆရသော အရာကို တွေ့ကြရသည်

အချိန် ကြာခဲ့ပြီမို့ ဆွေးမြေ့နေပြီဖြစ်၏ ကျွန်တော်လဲ

ညက သိမ်းထားသော ထိုလူရဲ့ လက်သန်း အဆစ်

ကို သက်ဆိုင်ရာ လက်ထဲသို့ ထည့်ပေးလိုက်တော့

ထိုလူမငြင်းနိုင်တော့၍ သူခေါင်းအုံးဖြင့် ဖိသတ်ပြီး

သူမချစ်သူနှင့် အဆင်မပြေ၍ ကိုယ့်ကိုကိုယ် ကြိုးဆွဲ

ချ သက်သေသည့်ပုံစံ ဖန်တီးခဲ့ကြောင်း အားလုံးကို

ဝန်ခံရလေတော့သည် ကျွန်တော်လဲ အထုပ်အပိုးများ

ကို အလုပ်သမားဖြင့် သွားယူခိုင်းပြီး ရန်ကုန်ကိုတန်း

ပြန်လာခဲ့လေ၏ ထိုနေမှစပြီး ကျွန်တော်လဲ အဲ့ဒီအိမ်

ကြီးကို ရတဲ့စျေးနဲ့သာ အမြန်ရောင်းရတော့သည်

ဝယ်လတ်က အကြိုက်စျေးရ၍ဝယ်လိုက်ထဲက ဒီအိမ်

ကြီးဆီကို ထပ်သွားစရာ မလိုတော့ပေ ထိုနောက်ပိုင်း

ကြားရသည်က နောက်ဝယ်တဲ့သူလဲ သိပ်မကြာခင်မှာ

ပဲ ဆုံးပါးသွားတယ်လို့တော့ သဲ့သဲ့ကြားမိတာပဲ

ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးရဲ့ အခန်း၇မှာတော့ မကောင်း

ဆိုးဝါးတစ်ချို့ ရှိနေမှာအသေအခြာပင် ဖြစ်လေ

တော့သည်
.
ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
မှတ်ချက် tag တွဲသူများ အဆင်မပြေပါက ဖြုတ်ချ
နိုင်ပါတယ် ရေးတင်သမျှ ဝတ္ထုကဗျာများကို စိတ်ဝင်
စားပါကလဲ ကျွန်တော် Accလေအား အပ်ပေးကြပါဦး
လို့ တိုက်တွန်းရင်း စာဖတ်သူ ညီအကိုမောင်နှမအပေါင်းကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုက်
လိုက်ပါရစေ…

.
.
လေလွင့်လူ(တွံတေး)9.3.2022✍️✍️✍️✍️