အင်းသရဲကြီး

အင်းသရဲကြီး(စ/ဆုံး)

——————-

လူ့လောက နယ်ပါယ်မှာ သရဲ တစ္ဆေ မှင်စာ ဘုတ်ဘီလူး စသည့် အပ္ပါယ်ဘုံသားများနှင့် တွေ့ဖူး ဆုံဘူး ကျသည် ….။

မကြုံဘူး မဆုံ ဘူးသူများအဖို့ မယုံ နိုင်သလို ကြုံဘူးဆုံဘူးသူများကလည်း လက်ခံကျသည် ဆွေးနွေး ကျသည်…..။
ယခု အဖြစ် အပြတ်လေးက စနေ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တွင် အလုပ် သွား လုပ်စဉ် စနေ နှင့် ခင်ခဲ့သော ဦးသိန်းမောင် (အမည်လွဲ) ပြောပြသော အဖြစ်အပြတ်လေး ဖြစ်ပါသည်။

######

ကိုသိန်းမောင်ဆိုတာ မြိုင်သာ ရွာ(အမည်အားလုံးကို လွဲ ထားပါသည်)
ရဲ့ မသိသူ မရှိသလောက် လူချစ်လူခင်ပေါသည်…..။
အသားဖြူဖြူ အရပ်အမောင်းကောင်းကောင်းနှင့် ချောမော ခန့်ညားသလို ယူထားသော အမျိုးသမီး မှာ လိုက်ဖက်ညီစွာ ချော မော လှ သည်…..။
သို့သော်လည်း. သိန်းမောင်သည် ဆင်းရဲ သည်…..။
ယောက္ခမ များဘက်က သဘောမတူသဖြင့် ပြစ်ထားသည်….။
သိန်းမောင် တွင် ပေသုံးရာခန့် ကျယ်သော (ရန်ကုန်လိုမြေတန်ဖိုးမရှိ)ြခံ ဝိုင်းလေးသာရှိသည်။
အခါလည် သားလေးနှင့် ရှစ်နှစ်အရွယ် သမီး အကြီးမ လေး ရှိသည်….။
ထို့ကြောင့် သိန်းအောင် အလုပ်ကြိုးစားသည်….သူများလယ် သီးစားနှင့် စိုက်သည် ကြုံရာလုပ်သည် သို့သော မငါတ်ရုံသာ ….။
“ကိုသိန်း သမီးလေးကျောင်းအပ်ဘို့ နည်းနည်းကြိုးစားအုံးနော် ”
“အေးပါမိန်းမရယ် ငါလည်း နင့်ကို သနားလှတယ် ငါ့လို ဆင်းရဲ သားယူးထားတော့ ငါတ်တစ်လှည် ပြတ်တစ်လှည့်”
“ချစ်လို့ယူတာဘဲ တော် ကျုပ်အတွက် မတွေးပါနဲ့ သမီးလေး ကျောင်းစရိတ် အတွက် စဉ်းစားပါအုံး”
(ထိုခေတ်အခါက အခု လို အခမဲ့ ညာရေး စနစ် မဟုတ်သေးပါ)
“အေးပါ မိန်းမ ရယ် သမီးကျောင်းစရိတ်နဲ့ သမီးလေးကိုနားထောင်းလေး ဝယ်ပေးနိုင်အောင် ငါကိုးစားပါ့မယ်”
“ကောင်းတာပေါ့တော် ”
“အနားတွင် စော့နေသော သမီးလေးက ဖေကြီး သမီးကို နားကပ်ဝယ်ပေးမှာလား”
ပေးမှာပေါ့ သမီးရဲ့ ဖေကြီး ဝယ်ပေးမယ် ဟုတ်ပလား”
“ဝေး ဒါကြောင့်ဖေကြီးကို ချစ်တာ”
ဆင်းရဲသည်မှ လွဲ ၍စိတ်ချမ်းသာစရာကောင်းလှသည်။
####
ညနေ ကိုးနာရီ ခန့်
ကိုသိနိးမောင်တစ်ယောက် ပလိုင်းနှင့် ငါးထိုးမှိန်း ကိုင်ကာ အပြင်ထွက်ဘို့ ပြင်လေသည်။
“ကိုသိန်းမောင် သူများ အင်းထဲ ငါးခိုးဖမ်းပြီးမကျွေးပါနဲ့နော် ”
“မခိုးပါဘူးဟ ကျွဲလူးအင်းဘက် သွားပြီးငါးထိုးမလို့ ကျွှဲလူးအင်းက အင်းလေ လံ မရှိဘူးလေဟာ”
“အောင်မလေး ကြည့်လည်း လုပ်ပါအုံး ကျွဲလူးအင်းက အစောင့်အရှောက်တေ ကြမ်းတယ် ပိုဆိုးနေပါ့မယ်”
“မိန်းမကလည်း ဘာမှ မဖြစ်ပါဘူးဟ အခြေ အနေ မဟန်တော့လည်း ပြန်လာပါမယ် စိတ်မပူနဲ့”
မြသွယ်တစ်ယောက် ပြောမရလို့သာ လွတ်လိုက်ရသည် စိတ်က မချ ကျွဲ လူးအင်းဆိုတာ သရဲ အလွန်ခြောက်ပြီး အခြောက်ခံရသူတိုင်းပင် စိတ်ဂယောင် ခြောက်ခြားကာ
ဖျားနာ ရသည်အထိ ဆိုးလှ သည် ။
ပြောမရသော ခင်ပွန်းကို ဆုတောင်းမေတ္တာ ပို့ပေးရုံမှ တစ်ပါး…..။
သိန်းမောင်က တော့ ဓာတ်မီးတစ်လက် နှင် ပလိုင်းများမှိန်းများ ယူကာ ထွက်သွားလေတော့သည်။

(မှတ်ချက်။ ။ ဧရာဝတီတိုင်း တွင်း မြစ်ချောင်း ပေါများသောလည်း တွေ့ကရာ ချောင်း မြောင်းများ တွင် ငါးဖမ်းခွင့် မရှိ အင်းလေ လံ အောင်သူ မှ အကုန်ပိုင်သည် ဟု ဆိုသည် ။ ယုတ်စွ အဆုံး မိမိ လယ်ကွတ်ထဲ က ငါးပင် အင်းလေ လံ အောင်သူ က ပိုင်သည် ဟု ဆိုသည်။ ထို့ကြောင့် ချောင်းမြောင်းပေါသောလည်း လွတ်လပ်စွာ ဖမ်းခွင့်မရှိပေ အင်းပိုင်က တစ်ရားစွဲ အမှုဖွင့်နိုင်သလို လေ လံ ကျေး အရော ပေးရခြင်းမျိုး ရှိသဖြင့် ဖားရှာ ငါးရှာ စားဘို့ရာ ရန်ကုန်ထက် ဆင်းရဲ လှသည်။)
####
သိန်မောင်တစ်ယောက် သမီးလေး ကျောင်းစရိတ်နှင့် နားကပ်လေး ဝယ်ပေးချင်လို့သာ ထွက်လာရသည်…..
ကျွဲလူးအင်းဆိုတာ သရဲ အလွန်ခြောက်ပြီး လူကိုပင် အန္တရယ် ပေးသည် မို့ နာမည်ကြီးသည်။
ကျွဲလူးအင်းသို့ ရောက်လာလေပြီး ဆိုင်မဆင့် ဗုံမဆင့် ထအူလိုက်သော ခွေး များကြောင့် သိန်းမောင် ကြောက်လန့်သွားသော်လည်း အရဲ စွန့်ကာ အင်းထဲ ဆင်းလာခဲ့သည်….။
ဓာတ်မီးရောင်မှ တစ်ပါး အမှောင် မင်းမူနေသည်….။
!ဖလပ် ဖလပ် !
သိန်းမောင် လန့်ပြီး ဓာတ်မီးနှင့်ထိုးကြည့်သည်။
ညငှက်များ လန့်ပြီး ထပြန် ကုန်တာကို တွေ့ ရသဖြင့် စိတ်သက်သာရာ ရတော့သည်။
တစ်ယောက်ထဲ လာ ဘို့ဝေးစွ အဖော် ပါလျှင်ပင် မလာ ရဲကျသော လည်းသိန်းမောင် အဖို့ ရဲ ဆေးတင်ကာ ……
အင်းထဲ မှာ လည်း ငါးတေကလည်း ဖွေးဖွေးလုပ်နေသည် ။
သိန်းမောင်းလည်း ဖြစ်ချင်ရာဖြစ်ပစေတော့ ပါလာသည့်မှိန်းဖြင့် ထိုးကာ ငါး များကိုပလိုင်းထဲ ထည့်နေလေ သည် ။
လူသူ အရောက်နည်းပြီး ဖမ်းသူ မရှိသဖြင့် ငါး များမှာ အလွန် ကြီးပြီး အမျိုးအစားစုံလှသည်။
ငါးများ အလွန် အမင်းမိနေသဖြင့် ပျော် နေရှာသော သိန်းမောင် တစ်ယောက် သူ့အနောက် တွင် ခွန်နှစ်ပေခန့် ရှိ အကောင်ကြီးတစ်ကောင် လိုက်ပါနေတာကို လှည့်မကြည့်ဖြစ်ပေ။
အတော တန်ကြာမှ ငါးပလိုင်းက ငါးသာထည့်သည် ပိုလေးလာခြင်းမရှိသဖြင့် ပလိုင်းအား ယူကြည့်လေသည်။
“ဟာ ငါးတွေ ဘယ်ရောက်ကုန်တာလည်း ”
ဟုတွေးရင်း အနောက်သို့လှည့်ကြည့်ရာ မဲမဲ အကောင်ကြီး ပါးစပ်မှ လည်း သားစိမ်းငါးစိမ်းများကို စားနေ သဖြင့် သွေးတို့ ချင်းချင်းရဲ နေသည်။
သတိကောင်းသော သိန်းမောင်းတစ်ယောက် လန့်ပြီး ဖင်ထိုင် ရက် လဲလေတော့သည်။
ထို့နောက် သုတ်ချေတင်ပြေးလေ တော့သည်။
ဟုတ်တော့လည်း ဟုတ်သည် ဒီ နေရာ ကို နေ့လည်ဖက် ပင် တစ်ယောက်ထဲ မလာ ရဲ သော နေရာကို သိန်းမောင် တစ်ယောက် ထွက်ပြေးရ သည်က မဆန်းပေ….။

###

တနေ ကုန် အလုပ် လုပ်နေ ရသောလည်း စိတ်ထဲ တွင် နည်းနည်းမှ အလိုမကျညက ကိစ္စ ကို တွေးရင်းတနုံ့ နုံ့ဖြစ်နေသည်။

ထို့ကြောင့် ညနေ လယ်ထဲ မှ ပြန်သည်နှင့် သာအေး အရက် ဆိုင် သို့သွားကာ အရက် တစ်လုံး မှာ ယူကာ လွယ်အိပ်ထဲ ဖွတ်ထားလေ သည်။
ည ဆယ် ကိုးနာ ရီ ပင် ထိုးပြီး သိန်းမောင် တစ်ယောက် ကျွဲလူးအင်းသွားဘို့ပြင်လေသည်။
“ကိုသိန်းမောင်ရယ် အန္တရယ် များပါတယ် မသွားပါနဲ့ လား ခလေးအတွပ် ပိုက်ဆံကိုလည်း ကျွန်မ အမေ့ စီ သွား တောင်းကြည့်ပါ့မယ်”
“မိန်းမ ရယ် ကို့ကို ယုံ ပါ ဒီ နေ့ ငါးမရ ရင် နောက်နေ့ မသွားတော့ဘူး ကတိပေးတယ် ဟုတ်ပလား အဲ့ကျ မှ မြသွယ် စိတ်ကြိုက် စီစဉ်နော်”
ပြောမရသော ခင်ပွန်း ငေးကြည့်နေယုံမှ တပါး……။
သိန်းမောင်တစ်ယောက် ထွက်လာပြီး ကျွဲလူးအင်းမလှမ်း မကမ်းသို့ အရောက် တွင် ပါလာသော အရက် နှင်ရေ ဗူးထုတ်ကာ ထိုင်သောက်လေသည်။
ပါလာသည့် အရက် တစ်ပိုင်း ကျော်ကုန်သွား တော့ ပုလင်းအား ပိတ်ကာ အိပ်ထဲ ပြန်ထည့်ပြီး အနီးရှိ ပေါက်ပင် မှ သစ်ကိုင်းတွင် ချိတ်ခါ အင်းထဲ ဆင်းပြီးငါးထိုးလေသည်။
ပထမ ညလို ပင် ငါး အတော် ရသည်။
မကြာပါ ဘူး ခွေးဟောင်သံတေ အဝေး မှ ကြားရသည်။ ပါလာသောဓာတ်မီး အားဖြင့် ပါတ်ဝန်းကျင် အားသတိထားနေသည်။
ထိုအချိနမှာပင် မဲမဲ အရိပ်ကြီး တစ်ခု အနောက်မှ ခုန်ချ လာသည်။
သိန်းမောင်လည်း နဂိုကမှ အလွန်အမင်း မကြောက်တက်သလို ရဲ ဆေး တင်ထားသဖြင့် မသိသလို ဟန်ဆောင်နေသည်။
အရိပ်မဲကြီးသည် ပလိုင်းထဲ မှ ငါးကို ယူကာစားလေ သည် ….။
သိန်းမောင်လည်း မစဉ်းစားနေတော့ လက်ထဲ မှ မှိန်းနှင့် အားကုန်လွဲ ရိုက်လေသည်….။
!ဝှီး း း !
အရိပ်မဲ အကောင်ကြီးလညိး သိန်းမောင် မှိန်း ရိုက်ချက် ထိ မထိတော့မသိ သိန်းမောင် အား လက်မဲကြီးနှင့် လွဲ ရိုက်လေသည်။
သိန်းမောင်လည်း ခေသူ မဟုတ် နဂိုမှ ပင် ကိုယ်လုံးကိုယ်ထည်ကောင်းကာ ရဲ ဆေး တင်ထားသဖြင့် မစဉ်းစားနေတော့ဘဲ မဲမဲ အကောင်ကြီးကို ဖက်ပြီးနဘန်း လုံးလေတော့သည်…။
ဘတစ်ပြန် ကျားတစ်ပြန် ဟု ပင် ပြောရမည်….။ အပေါ ရောက်လိုက် အောက်ရောက်လိုက်နှင့် ….။
ဆယ်မိနစ် ခန့် ကြာ သွား သောအခါ မဲမဲ အကောင်ကြီးလည်း သိန်းမောင်အားတွန်းထုတ်ကာ အဝေး ကိုပြေးထွက်သွားလေတော့သည်။
သိန်းမောင်တစ်ယောက် အားရ ပါရ ရယ်ကာ
“ဟား ဟား ဟား သိန်းမောင်ကို ဒါမျို လာစိမ်းလို့ ဘယ်ရမလည်း”
တစ်ယောက်ထဲ သဘောကျပြီး အင်းထဲ ငါးဆက်ထိုးနေသည်။
သို့သော ငါးတေ က ပြောက်ချင်းမလှ ပြောက်ပြီး တစ်ကောင်တစ်မှီးတောင် မတွေ့တော့ပေ။
သိန်းမောင်လည်း စိတ်ညစ်သွားသည် တွေးလို့လည်းအဖြေ မတွေ့ ထို့ကြောင့် ရသလောက်သာ ကျေနပ်ခါ ပြန်လာလေတော့သည်။ မနက်ကျ မြသွယ် ကို ရွာထဲ ရောင်း ခိုင်သည် မဆိုးလှ ဟု ပြောရမည် ကိုးထောင်ကျော်လောက် ရသည်။
(ထိုခေတ်က ကောက်စိုက်သမ တစ်ယောက် တစ်နေ့ ရမှ တစ်ထောင် ထောင့်ငါး ရာသာရသည်)

####

သိန်းမောင်တစ်ယောက် လယ်ရေသွင်းရင်း မနေ့ညက အကြောင်းစဉ်းစားနေသည်။
မဲမဲ အကောင်ကြီးနှင့် နဘန်းမလုံး ခင်က ငါးတေ မြင်မကောင်း သောလည်း မဲမဲ အကောင်ကြီးထွက်ပြေးသွားတော့ ငါးတေ ပြောက်ချင် မလှ ပြောက်တာ စဉ်းစားမရ သည့်အဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့သည်။
ဒီလိုနှင့် ည အချိန် သို့ ရောက်ပြန်လေပြီး
ညက ကျန်သော အရက် တစ်ပိုင်းခန့်နှင့်
သာအေးဆိုင်မှ အရက် တစ်လုံး ပါထပ်ယူလာသည်။
သိန်းမောင် အကြံ မှာ သူ့နယ်ကိုသွားပြီး သူ့ကိုစောကားနေလျှင် ကံ မြင့်လျှင် ဘာမှ မဖြစ်နိုင်သောလည်း ကံ နိပ်ချိန်နှင့် တိုးလျှင် ခံရမည်ကိုသိသည်။ လည်းကောင်းအပြင် တစ်ပါးသူ အပေါ မတရား ဟု ပင် တွေးသည် ထို့ကြောင့် ဒီ ဆုံးဖြတ် ချက်ကို ချ လိုက်ခြင်းဖြစ်သည်။
ကျွှဲလူးအင်း သို့ရောက်သည်နှင့် အသင့် ယူလာ‌သော အရက် ခွပ် နှစ်ခွပ်အား ထုပ်ကာ အရက်ထည်ပြီး နောက် ကွင်းပိုင် အားဆက်သလေ သည်။
ထို့နောက် ပါတ်ဝန်းကျင်သို့ တစ်ချက် ကြည့်ကာ
“ဒီ ကျွဲလူးအင်းမှာ ရှိတဲ့ မိတ်ဆွေကြီးခင်ဗျာ ကျွန်တော်ဟာ မိတ်ဆွေ ကြီးကို စောကားလိုခြင်း စိတ် မရှိပါ ကျွန်တော့မိသားစု စားဝတ် နေရေးကြောင် သာ ဒီ အလုပ် ကို လုပ် ရခြင်းဖြစ်ပါတယ် ခွင့်လွတ် နားလည်ပေးဘို့တောင်းပန်ပါတယ် သင့်ကိုလည်း အရက် များဆက်သ ပါတယ် ”
လို့ပြောပြီး ဖန်ခွပ်ထဲ အရက်ထည့်ကာ အရက် ခွက် ကို ချထားပေးလိုက်ပြီး တစ်ခြားတစ်ခွတ်ဖြင့် သောက်နေတော့သည်။
တစ်ပိုင်းလောက်သောက်ပြီးတော့ အရက် ခွက်ချကာ ငါးမှိန်းထိုးလေသည်။
ထူထူးခြားခြား ငါးတေ အများကြီး ပြန် တွေ့ရလေသည်။
မကြာပါဘူး ခွေးအူသံ များကြား ပြီး ကြောထဲ စိမ်အောင် လေတစ်ချက် ပင့်တိုက်လိုက်သည်။ သိန်းမောင်လည်း အမှတ်မထင် အရက်ခွက်အနား ကြည့်လိုက်သည် မဲမဲ အကောင်ကြီးက အရက်ခွက်နားထိုင်နေသည် သိန်းမောင်လည်း ငါ အကောင် ကြီးကြီးတစ်ကောင်ကို အရက်ခွက်တေနား သွားချပေးလိုက်သည်။
မဲမဲ အကောင်ကြီးလည်း သိန်းမောင် အားစူးစိုက်ကြည့်နေသည်။
အင်ရေပြင် တစ်ခုလုံးတွင် ထိုအကောင်ကြီးနှင့် သိန်းမောင် နှစ်ယောက်ထဲ ရှိလေသည်။
တစ်နာရီလောက်ကြာသွားသည် လေ အေးအေး တစ်ချက် စောင့်တိုက်လိုက်ပြီး မဲ မဲ အကောင်ကြီးပြောက်သွားလေသည် ။
သိန်းမောင်တစ်ယောက် ပါလာသည့် ပလိုင်းအပြည့်သာမက ပုဆိုး ကို ချွတ်ကာ အိတ် လုပ်ပြီး ထမ်းကာ ပြန်ရလေသည်။
သိန်းမောင်တစ်ယောက်ပျော်လို့ပင် နေတော့သည်။

####

နောက် ည တွင်လည်း ပါလာသည့် အရက် နှင့် မြသွယ်ကို ကြော်ခိုင်းထားသော ငါကြော နှင့် အရက် ဆက်သပြီး ငါးဖမ်းသည် ။ အဆင်ပြေသည် ဟု ပင်ပြောရမည် ညတိုင်းငါးတေ အလွန်အမင်းရနေတော့သည်။
ငါးရောင်းရငွေ နှင့်ပင်သမီးလေး အား နားဒေါင်းလေးဆင်ပေးနိုင်သည့်အပြင် ချစ်ဇနီးလေးကိုပင် နာကပ် နှင့် ဆွဲကြိုး ပင် လုပ်ပေး နိုင်လာသည်။
သိန်းမောင်တို့မိသားစုလေးပျော်စရာ ပင်။

####

“သိန်းမောင် ရေ သိန်းမောင် ”
ခေါ်သံကြောင့် သိန်းမောင် တစ်ယောက် အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည်။
“ဘယ်သူလည်း ဗျ ဘာကိစ္စ ရှိလို့လည်း”
ခြံ အဝ တွင် ရပ်နေသော အသားညိုညိုနှင့် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းသော လူတစ်ယောက်ကို မေးလိုက်သည်။
“ကျွန်တော နာမည်က အေးကို ပါ ခင်ဗျားကျုပ်ကိုသိပါတယ် မေ့နေတာ ပါ ခင်ဗျားကိုပြောစရာ ရှိလို့ ”
“ကိုအေးကို ခင်ဗျားကို မသိပါဘူးဗျာ ကျွန်တော”
” အင်း အခု မသိလည်း နောက်သိမှာပေါ့ ကျုပ် ခင်ဗျားကိုမှာစရာ ရှိလို့ ကျွဲ လူးအင်းနဲ့ ဗြောက်ကြီး ကွင်းကို လေလံ ရအောင် ဆွဲ ပါလို့လာပြောတာဗျ ”
“ဟာ ဗြောက်ကြီး က ငါးမရှိ လို့ ဆွဲ မဲ့လူ မရှိတာ ကျုပ်က ဘာကြောင့်ဆွဲရမလည်း”
“ဆွဲသာ ဆွဲ ပါဗျာ ကဲ ကျုပ်သွားမယ်”
“ဟေ့လူ ဟော့လူ”
ပြောဆိုဆို နှင့် ထွက်သွားသော လူအားအတင်းလိုက်ခေါ်ရာ မှ သိန်းမောင်တစ်ယောက် အိပ်ယာမှ လန့်နိုးသွားသည်။
ထူဆန်းသော အိမ်မက်ကြောင့် သိန်းမောင်လည်းမိန်းမကို တိုင်ပင်ကာ မရှိ ရှိတာလေး ထုခွဲ ရောင်ချပြီး အင်းလေလံ စွဲလေသည်။ငါးမရသော ကွင်းများ ဖြစ်သဖြင့် ပြိုင်ဘက်မရှိ လေလံအောင်လေသည်။
သိန်းမောင် စီးပွားရေး ပြေလည်လာလို့ ရူးသွားတယ် ဟုပင် အရပ်ထဲက ပြောကျသည်။
ငွေ ရှိလို့ မဟုတ်ဘဲ အိမ်မတ် အရသာ လေလံဆွဲရသဖြင့် အလုပ်သမား မခေါ်နိုင် တူလေးတစ်ယောက်ကို ခေါထားပြီး မိမိ ကိုယ်တိုင် အပင်ပန်းခံသည် ယင်းလိပ်များ ကိုယ်တိုင် စိပ် ကိုယ်တိုင်ရက် ကိုယ်တိုင် စိုက်ကာ လုပ်ရသည်။
ယုံကြည်ချက်ကြောင့် သာ လုပ်ရသည် မိသားစု အကြွေးဝိုင်းလာသည် သို့သော အင်း တစ်ပြင်လုံး ငါးအစ အန ပင်မတွေ့ ရ သိန်းမောင်တစ်ယောက် စိတ်ညစ် နေသည်။
ကျွှဲလူးအင်း အစပ် မှာပင် ငါး ရှာ မရ…..အင်းတဲ တွင် တစ်ယောက်ထဲ အိပ်ကာ ညဘက် အရက်သောက်သည် လုပ်နေကျ အလေ့ အကျင့် တိုင်း မဲမဲ အကောင်ကြီးအား အရက်တော့ ပုံမှန်ခေါ်တိုက်ဖြစ်သည်။
အင်းဖော်ဘို့ တစ်ဖြည်းဖြည်းနီးလာသည် လှေ လေးဖြင့် အင်းထဲ ပါတ် ကြည့်သည် ။
ယခင် ဖမ်းနေကျ ကျွဲလူးအင်းဘက်မှာပင် ငါး က ပြောက်ချင်းမလှ ပြောက်နေသည်။
တစ်ည
သိန်းမောင် မနက်ကျ အင်းထဲက ပေါက် ပင်မှာ အရက် တစ်လုံး နဲ့ လက်ဖက် တစ်ဖွဲ ငါ့ ကို စပ်သပါ ”
ဟု ပြော ကာ ပြောက်သွားလေသည် သိန်းမောင်းလည်း ကိုအေးကို ကိုအေးကိုနှင့် ပါစပ် က ရွတ်ကာ နိုးလာသည် တစ်ကယ်လား အိမ်မှတ်လား ဝေခွဲ မရ ဖြစ်နေသည်။
မနက်ကျ လက်ဖက်နှင့် အရက် တစ်လုံးစီ စဉ်ကာ ကိုအေးကိုအား ဆက်သလိုက်လေသည်။
ထို့နောက် စိတ်ညစ်ညစ်နှင့် ရွာ ထဲ ပြန်ခဲ့လေသည် ။
“ဦးလေးသိန်းဦးလေးသိန်း”
တူဖြစ်သူ အမောတစ်ကော နှင့် ပြေးလာသဖြင့်
” ဟ ငစီ ဘာဖြစ်တာ တုန်း ”
“ဘာဖြးစ်ရမလညိး ဦးလေးရ အင်းထဲမယ် ငါးရစ်တေ ထနေတာ မြင်မကောင်းဘူး ”
သိန်းမောင်လည်း ရင် ထိတ်သွားသည် ငစီပြောတာ ဟုတ်ကော ဟုတ်ပမလား မနက်က မှ ဘာငါးအရိပ်အရောင်မှ မတွေ့ သဖြင့်စိတ်ညစ်နေတာ ။
ရင်တစ်ထိတ်ထိတ်နှင့် အင်းတဲ့သို့ ငစီ နှင့်အတူ ပြေး လေသည်။
ဟုတ်ပါသည် အင်းပြင်တစ်ခုလုံး ငါးမွေးကန် တစ်ခု အလား ငါးတေ မြင်တေ ရတာ မြင်မကောင်းပေ……။
ကိုသိန်းမောင်တစ်ယောက် ဝမ်းသာ ၍ပင် မျက်ရည်ကျတော့သည်။
သိန်းမောင်တစ်ယောက် ရွာထဲ တွင် တစ်ပွဲ စားဟု ပင် ခေါရလောက်လောက် ငါး ရလွန်းသည် အထူးသဖြင့် လူတစ်ကာ အံ့ဩ စရာ ငါးရံ ငါးမှာ မြင်မကောင်းအောင် ရသည်။

#####

ထိုမှ စပြီး အင်းတဲ တွင် သိန်းမောင်တစ်ယောက် ညတိုင်း ကိုအေးကို ခေါ် မဲ မဲ အကောင်ကြီးအား ညတိုင်း အရက် ပူဇော် ပသလေတော့သည်။
ရွာထဲ တွက် သိန်းမောင်သည်လည်း ရွာ မျက်နာဖုံး သဌေး စာရင်း ဝင်ရုံ မက တစ်ရွာလုံးတွင် အချမ်းသာဆုံးဖြစ်လာသည်။
ထို့ကြောင့် မလိုသူများက ကြိတ်ကြံသည်…..။
သိန်းမောင်စွဲ သော အင်းကို နောက်လေ လံပွဲ တွင် မတန် တဆ ဈေးနှင့် လေ လံ ဝင်ဆွဲ လေသော သံချောင်းတို့သားအဖ ပင်…..။
သိန်းမောင်လည်းအငိုက်မိသွားသဖြင့် အင်းကိုလက်လွတ်ဆုံးရှုံး ရသည်။
ထို့ကြောင့် အင်းတဲ သို့ မသွားဖြစ် ဘဲ အင်းဖော်လို့ရတဲ့ ငွေ နှင့် ဝယ်ထားသော လယ် ခြောက်ဧက ကို အားစိုက်လုပ်လေသည်။

တစ်ည သိန်းမောင်တစ်ယောက် အိမ်မတ် မက်လေသည်။
အိမ်မတ်ထဲ တွင် ကိုအေးကို ကိုတွေ့ရပြီး သိန်းမောင်အားသတိ ရကြောင်းနှင့် အင်းတဲ့သို့ လာရန်ပင် ပြောလေသည်။
ထို့နောက် လန့်နိုးသွား ကာ ကိုအေးကိုအားသတိရသွားတော့သည်။
မနက်ကျ မိမိ အင်းတဲ သို့သွားကာ တစ်နေကုန် အရက်သောက်နေလေသည်။
ထို သို့သောက်နေစဉ် သံချောင်းတို့သားအဖ နှင့် စုံတွေ ရာ
“ဗျို့ ကိုသိန်းမောင်ကြီး အင်းကိုသတိရလို့ လားဗျ ”
ဟု ပင် ခနဲ့ တဲ့တဲ့ ပြောသွားသေးသည်။
ဒီလိုနှင့် အင်းဖော်ချိန် ရောက်ပြီ
သံချောင်းတို့ သားအဖ အရူးတစ်ပိုင်း ဖ်ြစ်လေ သည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ပင် အဘဲ့ကြောင့်ဆိုသော အင်းဖော်ရာ ငါး အချိန် တစ်ဆယ်ကျော်သာ ရသည် ရင်းလိပ် ဖိုးပင် မကျေ ။

တစ်ရွာလုံးပြောစမတ်ဖြစ်လေတော့သည်။
ထိုည ပင် ကိုအေးကိုအား သိန်းမောင် တစ်ယောက် အိမ်မက် မတ်သည်။
သံချောင်းတို့ အင်းကို တစ်ဝက်ဈေး ဖြင့် ဝယ်ရန် ပြောလေ သည်။
မနက်ကျ သံကျောင်းတို့ သားအဖ ထံ သွားရောက်ဝယ်ရာ မျက်ရည်ပင်ကျပြီး ထိုင်ရှစ်ခိုးမတတ် ဝမ်းသာနေသည်။
ကိုသိန်းမောင် လက်ထဲ အင်းပြန်ရောက်သည်နှင် ဘယ်က ရောက်လို့ ရောက်မှန်းမသိ ‌ေသာ ငါးတေ မြင်မကောင် ပေ ။
လူတိုင်းပါးစပ်ဖျားတွင် သိန်းမောင် တစ်ပွဲစားဟုပင် ခေါလေတော့သည်။
####
ရက်လ မှ နှစ်သို့ ပြောင်းလေပြီ ကိုသိန်းမောင်မှ သည် ဦးသိန်းမောင်ဖြစ်လာသည် ။
ဇနီးဒေါ်မြသွယ်မှာ ရင်သားကင်ဆာ ဖြင့် အသက် ၄၅ မှာ ဆုံးလေသည် ။မိမိ အကုသိုလ် လုပ်သဖြင့် ဇနီးမယား ငယ်ငယ် ရွယ်ရွယ်သေဆုံးရသည်ဟု ကွေးကာ
ဦးသိန်းမောင် လည်းအင်းကို မည်သူမဆို ဝင်ယောက် ဖမ်းယူ စားသောက် နိုင်သည် ဟု ဆိုကာ အင်းကိုပြစ်ထားလိုက်သည် ။
တစ်ရက် အင်းတဲသို့တစ်ယောက်ထဲ သွားကာ ကိုအေးကို အား ကောင်းမှု ကုသိုလ် လုပ်ပေးချင်ကြောင်းနှင့် အင်းအလုပ်ကို စွန့်လွတ်တော့မည် ဖြစ်ကြောင်း ပြောကာပြန်လာလေသည်။
ထို့ည
ကိုအေးကို အိမ်မတ်လာပေးသည် ….။
ကိုအေးကိုမျက်နာ ပျော် ရွင်နေသောလည်း
မျက်ရည်တေ ကျနေ သည်။
ရွာ ထဲက ကိထ္တိမ သာမနေ အဖြစ်ဆင်းရဲ သား များရဲ ့ခလေးများကို ရှင် ပြုပေးလေသည် ထို့နောက် ကိုအေးကိုအား အမျှ အတမ်းပေး ဝေလေသည်။
ထို့နေ ည မှ စပြီး ကိုအေးကိုအား လုံးဝ အိမ်မက် မတ်ခြင်းမရှိတော့ပေ။
ကိုအေးကိုတစ်ယောက် ဘယ်ဘုံ ဘယ် ဘဝ ရောက်နေပြီ မသိတော့ပြီ။

ကျမ်းမာ ချမ်းသာပါစေ
စနေ တတ်တိုး