အစိမ်းပါလာတယ်

အစိမ်းပါလာတယ်(စ/ဆုံး)

————————–

ရွာရှည်ဆိုတဲ့ ရွာလေးတစ်ရွာကို ကျုပ်တို့
လင်မယားနှစ်ယောက် အလည်သွားဖို့တိုင်ပင်နေ
ကြတယ်..။ထိုရွာလေးက ကျုပ်သူငယ်ချင်း ရဲရင့်ရဲ့
မွေးရပ်ဇာတိလေးပေါ့။ ကျုပ်ကို သူရွာလေးမှာ အလွန်သာယာကြောင်း… တစ်ဖွဖွပြောတယ်ဗျ…။ ကျုပ်
လဲ အတော်လေးသွားချင်စိတ်တွေဖြစ်တယ်။ဒါပေမဲ့
အလုပ်နားရက်ကမရတာနဲ့ မသွားဖြစ်ဘူး…။အခု
သီတင်းကျွတ်မှာ သားလေးကလဲကျောင်းပိတ်…
ကျုပ်လဲအလုပ်ပိတ်တာနဲ့ ရဲရင့်ပြန်ရင် တစ်ခါတည်း
လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ ကျုပ်မိန်းမကတော့…
ပျော်နေတာပေါ့ဗျာ…သူကတောရွာလေးမှာနေရတာအတော်သဘောကျသကိုးဗျ။ အခြေအနေအရသာ ရန်ကုန်မှာနေနေရတာ….။ ပြောရအုံးမယ်
ကျုပ်သားလေးက သူငယ်တန်းတက်နေပြီ။ ကလေးနာမည်ကအိမ်မှာဆိုဖိုးသား…ကျောင်းနာမည်ကတော့ဇွဲပြည့်ဗျ။

ဒီနေ့ ရဲရင့်နဲ့အတူရွာပြန်မှာဗျ… အင်္ကျီကတော့ထွေထွေထူးထူးသိပ်ယူစရာမရှိပါဘူး… နေမှာက
၅ရက်ပဲဆိုတော့လေ…။ ဒီလိုနဲ့ရွာကိုရောက်လာခဲ့ပြီ။
ရွာအဝင်လမ်းမှာတည်းက ထန်းပင်ကြီးတွေနဲ့ လှပ
နေလိုက်တာများ နေချင်စိတ်တောင်ဖြစ်မိတယ်။
ရဲရင့်ရဲ့အကိုက ဆိုင်ကယ်ကယ်ရီနဲ့လာကြိုတာဗျ…
လမ်းလေးကချောတော့ အဆင်ပြေပါတယ်။

” မင်းတို့လာတာကံကောင်းတယ်ပြောရမယ်ကွ”
ရဲရင့်အကိုကပြောတာဗျ။

” ဘာဖြစ်လို့လဲကိုကြီးရဲ့” (ရဲရင့်ကပြန်ပြောလိုက်တယ်)

” မင်းတို့မလာခင်တစ်ပတ်တုန်းက မိုးအရမ်းရွာတာကွ ဒီလမ်းတွေဆိုတာ ဆိုးချက်ပဲ အတော်လေးမောင်းယူရတာကွ”

” ဟုတ်တယ် ဝိုင်စီရ ငါတို့ဆီမှာက မိုးရာသီဆိုရင်
အတော်လေးဒုက္ခရောက်တယ် မြို့မှာလို ကွန်ကရစ်
မဟုတ်တော့”

“အေးပေါ့ကွာ ”

ရဲရင့်တို့အိမ်လေးကိုရောက်ခဲ့တယ်။ ခြံဝိုင်းက
ကျယ်သားဗျ။ အိမ်နှစ်အိမ်ဆောက်ထားတယ်။ နှစ်ထပ်အိမ်တွေပေါ့ဗျာ။ ပိုက်ကျော်ခြင်းဝိုင်းကလဲ
ရှိသေးဗျို့။ ဟဲဟဲ ကျုပ်အတွက်တော့ကွက်တိပေါ့ဗျာ။ ညနေ နေအေးတာနဲ့ ဝင်ခတ်ဖို့တွေးထားလိုက်
တယ်။ ခရီးကပန်းလာတော့ ကျုပ်တို့မိသားစုလဲ
ကုတင်ပေါ်ကျောချလိုက်ရုံနဲ့တင်အိပ်ပျော်သွားရော
ဗျို့။ ညနေ ၃နာရီလောက်မှနိုးတယ်။ ကျုပ်ကတော့
ရေမိုးချိုးပြီးထမင်းလေးစားလိုက်တယ်။ ဟင်းတွေကတော့ကြက်ကာလသားချက်ရယ်၊ ကန်စွန်းရွက်
ကြော်ရယ်၊ သရက်သီးအမှည့်လေးရယ်ဗျ။ ဟင်းခွက်ကမများပေမဲ့ ကျုပ်ဖြင့်ဝါးတီးဆွဲလိုက်တာ သုံးပန်ကန်ကတော့အသာလေးပဲ။

ကျုပ်မိန်းမကတော့ ကလေးကိုရေမိုးချိုးပြီးမှပဲ
ထမင်းစားတယ်…။ဒီလိုနဲ့ညနေ၅နာရီရောက်တော့
ခြံဝိုင်းထဲမှာရွာသားတွေအတော်စုံနေပြီ…ဝါသနာတူ
တွေခြင်းဖတ်ဖို့ပေါ့ဗျာ….။ကျုပ်မိန်းမကိုတော့…
ရဲရင့်အစ်မက ရွာအပြင်ကတောင်ကန်ကိုခေါ်သွားတယ် မိန်းမကလဲသားလေးကိုပါတစ်ပါတည်းခေါ်သွားတော့ ကျုပ်လဲလွပ်လွပ်လပ်လပ်ခြင်းခတ်ရတာပေါ့ဗျာ။ ကွမ်းယာဝယ်ကျွေးကြေးခတ်တာဆိုပဲဗျ။ ချစ်စရာကောင်းတဲ့ဓလေ့လေးပေါ့။ ခြင်းခတ်ပြီး
တော့အချိန်က ၆နာရီထိုးပြီဗျ…။မှောင်နေပြီလေဗျာ။ ကျုပ်မိန်းမကတော့မလာသေးပါဘူး…စိတ်လဲပူ
တယ်။ ကျုပ်ထမင်းစားပြီးတာတောင်ရောက်မှမရောက်သေးပဲကိုးဗျ။

” ဝိုင်စီ မင်းအိမ်စောင့်နှင့်အုံး”

“မင်းကဘယ်သွားမလို့လဲရဲရင့်ရ”

” ငါတို့ရုံသွားကြည့်မို့ကွ”

” ဘယ်လိုရုံလဲ ငါနားလည်အောင်ပြောပါအုံး”

” ပရောဂျက်တာနဲ့ထိုးပြတာလေ ငါတို့ဆီမှာက
ကိုယ်ပိုင်tvမပြောနဲ့ လျှပ်စစ်မီးတောင်မရဘူးလေ
အဲ့ရုံက မီးစက်မောင်းပြီး ပြတာကွ ကဲ ထားပါ
အဲ့ဒါငါတို့တစ်အိမ်လုံးသွားကြည့်မလို့ကွ”

” ဟုတ်ပါပြီငါနေခဲ့ပါမယ် သွားစိတ်ချသာသွား”

ဒီလိုနဲ့ ည၈နာရီလောက်မှမိန်းမကပြန်လာတယ်…။ကလေးငိုသံကတော့ အိမ်ထဲတောင်
မရောက်သေးဘူးကြားနေရပြီ။

” မိန်းမ ကလေးကဘာဖြစ်လို့အဲ့လောက်ငိုနေတာလဲ”

” မသိဘူးမိုးချုပ်တည်းက ငိုနေတာဘယ်လိုချော့ချော့မရဘူး ”

” မင်းကခုမှဘာလို့ပြန်လာတာလဲမိုးကချုပ်နေပြီ”

” ရဲရင့်အစ်မနဲ့အဲ့ကန်မှာလျှောက်ကြည့်ရင်းနဲ့ အပြန်မှာကလေးငိုနေလို့ ရဲရင့်အစ်မရဲ့ဦးလေးအိမ်မှာ
ခဏဝင်နေနေတာပါ”

” သြော် သူအစ်မကရော ”

“ရုပ်ရှင်သွားကြည့်မယ်ဆိုလား သွားပြီ”

” အတော်ငိုနေပါလားပေးအုံးငါ့ဆီ”

ငိုနေတာကတော့မရပ်တော့ဘူးဗျ…ကျုပ်တော်တော်လေးစိတ်ပူသွားတယ်…အဲ့ဒါနဲ့ မိန်းမကို
အနီးနားပတ်ဝန်းကျင်ကိုကူညီတောင်းဖို့လှမ်းအော်
ခိုင်းလိုက်တယ်။ ဟိုဘက်အိမ်က အသက်၃၀အရွယ်
အကိုတစ်ယောက်ရောက်လာတယ်။

” ကလေးကိုဘယ်ခေါ်သွားသေးလဲ”

” တောင်ကန်ကိုခေါ်သွားသေးတယ်”

” ဟင် အဲ့မှာဘယ်ချိန်ထိနေလိုက်သေးလဲ”

” မိုးချုပ်ထိတဲ့”

” ဟာ သေချာပြီဒါအစိမ်းပါလာတာပဲနေမှာ ခင်ဗျားတို့ကြည့်ရတာဒီရွာကမဟုတ်ဘူးနဲ့တူတယ်”

” ဟုတ်တယ်ဗျ ရန်ကုန်ကပါဒီကိုအလည်လာတာပါ”

” ကလေးတွေကိုညနေမိုးချုပ်တာနဲ့အဲ့တောင်ကန်ဘက်ကိုမခေါ်သွားရဘူး အစိမ်းပါလာတတ်တယ်…
ဒါကြောင့်မို့ဒီကလေးငိုနေတာ”

“အစိမ်းပါလာတယ်ဆိုတာဘာလဲဗျ”

“သရဲကပ်ပါလာတာပြောတာဗျ”

“အမယ်လေးဗျာ…အဲ့ဒါဘယ်လိုလုပ်မလဲ”

” ဘာမှမပူပါနဲ့ဒါကဖြစ်နေကြပါ ငှက်ပျောဖက်
အပေါ်မှာထမင်းထည့်ပြီး အဲ့ကန်နားမှာသွားပစ်လိုက်ရင်ရပါပြီ…ကလေးကိုရေမန်းတွေတိုက်လိုက်ပါ”

အဲ့အကိုက ချက်ချင်းသူအိမ်ပြန်ပြီး ငှက်ပျောဖက်ထဲ ထမင်းတွေဟင်းတွေထည့်ပြီး သွားပစ်ပေးရှာတယ်။ ကျုပ်လဲတော်တော်လေးလန့်သွားမိတာတော့အမှန်ပဲဗျာ…။ ခဏနေတော့ကလေးလဲအငိုတိတ်ပြီး သူကြည့်ရတာမောလို့ထင်ပါရဲ့အိပ်ပျော်သွားတယ်။ မိန်းမကိုလဲအပြစ်မတင်ချင်ပါဘူးသူလဲသိမှမသိပဲ…။

ခင်ဗျားလည်း…ကိုယ်မရောက်ဖူးတဲ့နယ်တွေကိုသွားလည်ရင် အခုလိုမဖြစ်အောင် ရွာသားတွေကို မေးပြီးအသွားအလာဆင်ခြင်ပါဗျို့….။

ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်…
စာဖတ်သူတွေကိုအစဉ်လေးစားလျက်
#ဝိုင်စီရဲ
#Yc_Yèl…

Credit