အစိမ်းသေရဲ့နှလုံး(စ/ဆုံး)
————————
နွေရာသီမို့ နေရထိုင်ရတာ ပူစပ်ပူလောင်ကြီး ဖြစ်နေတာဗျ။ ဒီလိုပူပြင်း
တဲ့ ရာသီကိုရောက်လာပီဆိုရင် ကျုပ်တို့ဆတ်သေကုန်းရွာက တောင်
ယာလုပ်သူ အများစုက မနက်စောစော လင်းကြက်မတွန်ခင် ယာထဲ
ဆင်းပီး လုပ်စရာရှိတာ အပီးလုပ်ကြတယ်။ ပီးရင်တော့ မွန်းမတည့်
ခင် အိမ်ပြန်အနားယူကြတော့တာပေါ့ဗျာ။ မနက်ခင်း နေမပြင်းခင်ချိန်
လေးကိုပဲ အားစိုက်လုပ်ကြရတာဗျ။
ကျုပ်လည်း စောနကမှ ယာထဲက ပြန်ရောက်လာတာဗျို့။ ကျုပ်ပြန်
ရောက်လာတာနဲ့ အမေက အမြဲတန်း ထမင်းဝိုင်းပြင်ထားပီးပီပေါ့ဗျာ။
” လူလေး !! ရေ အရင်သွားချိုးချေဦး…အမေ ထမင်းဝိုင်းပြင်ထားပီးပီ ”
” ဟုတ်ကဲ့ အမေ !! ဒါနဲ့ အဘလည်း မတွေ့ပါလား ”
” နင့်အဘ !! တောင်ပိုင်းကို နာရေးသတင်းမေး သွားတယ် ”
အမေ့ စကားကြောင့် ကျုပ်လည်း အားချင်းပြန်မေးလိုက်ရတာပေါ့။
” အမေ !! တောင်ပိုင်းက ဘယ်သူဆုံးလို့လဲ ”
” ဘယ်သူရမလဲ !! နင့်အဘ ငယ်သူငယ်ချင်း ဘိုးဖေ လေ… မနက်
က မူးတယ် မူးတယ်လို့ ပြောရင်း လဲကျသွားပီးထဲက အသက်ပါ
တစ်ခါထဲ ပါသွားတာတဲ့… ငါဖြင့် စိတ်ကို မကောင်းပါဘူးဟယ် ”
” ဟာ !! ဘိုးဖေက ဒီလောက် ကျန်းမာရေးကောင်းတာ ဘယ်လိုများ
ဖြစ်ရတာလဲ မသိဘူးနော် အမေ ”
ကျုပ်အဲဒီလိုပြောတော့ အမေက ငေါက်တယ်။
” ဟဲ့ !! လူဆိုတာ ပြောရမလား… အခုကောင်းနေပေမဲ့ တော်ကြာသေ
ချင်သေသွားနိုင်တာပဲလေ …အပုတ်ကောင်ရုပ်ဆောင်နေတဲ့ ဒီခန္ဓာ
ကိုယ်ကြီးတွေကို ဘယ်သူကများ အစိုးရလို့လဲ ”
အမေ ပြောတာလဲ ဟုတ် တုတ်တုတ်ဆိုတော့ ကျုပ်လည်း စောဒက
မတက်တော့ပဲ…ရေချိူးဖို့ပြင်လိုက်ရတယ်။ စိတ်ထဲမှာတော့ ဘိုးဖေ
ရဲ့ နာရေးကို သွားပီး ကူညီလုပ်ကိုင်ပေးဖို့ တွေးပီးသားပါဗျာ။ ဘိုးဖေ
က အဘနဲ့ ငယ်သူငယ်ချင်းဖြစ်သလို… ဘိုးဖေရဲ့သား ချစ်တင်က
လည်း ကျုပ်နဲ့ သူငယ်ချင်းအရင်းကြီးတွေဗျ။ ဒီတော့ ကျုပ်လည်းသွား
ဝိုင်းကူမှ ကောင်းမှာဗျို့။
ကျုပ်ရေချိုးပီးတော့ သားအမိနှစ်ယောက်ထမင်းလက်ဆုံစားလိုက်ကြ
တယ်။ အမေက ကျုပ်အကြိုက် ငါးရှဉ့် ဆီပြန်လေးကို မဆလာနိုင်နိုင်
အုပ်ပီး ချက်ထားတာဗျ။ ပီးတော့ ချဉ်ပေါင်ရည် ကျဲလေး တစ်ခွက်နဲ့ ငါးပိ တို့စရာလေးကလည်း ပါတော့… ဘာပြောကောင်းမလဲ။
ကျုပ်ဖြင့် စားကောင်းကောင်းနဲ့စားချလိုက်တာ ထမင်းဇလုံကြီးနှစ်ဇလုံ
လောက်ကို ကျသွားတာဗျို့။ စားပီးတော့ မျက်တောင်လေးက စဉ်းကျ
လာတာနဲ့ တစ်ရေးတစ်မော အိပ်လိုက်တာပေါ့။ သိပ်မကြာပါဘူး
ကျောနဲ့ ကြမ်းပြင်ထိတယ် ဆိုရင်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်
သွားတော့တာဗျို့။
⏰⏰⏰⏰
” ဟီးးးဟီးးးးဟီးး !! ”
ကျုပ် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတယ် မသိဘူး။ နားထဲ
မှာ အသံတစ်ခုကြားလိုက်လို့ ဆတ်ဆို လန့်နိုးလာတာဗျ။ နိုးနိုးချင်း
မျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်တော့…
ဟာ !! ပါတိတ် အမဲရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားတဲ့မိန်းမကြီး
တစ်ယောက်ဗျို့။ ဆံပင်ဖားလျားနဲ့ ကျူပ်ကိုကျောခိုင်းပီး ရပ်နေတာ။
ဘယ်သူပါလိမ့်ဆိုပီး သိချင်စိတ်နဲ့ ကျုပ် သူ့အနားကိုလှမ်းသွားလိုက်
မိတယ်။
အောင်မလေးဗျာ !! ကိုယ်ကျိူးတော့ နည်းပါပေါ့လား… အနားရောက်
တော့မှ အဲဒီမိန်းမကြီးကို သေချာမြင်လိုက်ရတာဗျ။ ကျုပ်ကို ကျောခိုင်းပီး ရပ်နေတဲ့ မိန်းမကြီးရဲ့ဘယ်ဘက်ကျောကုန်းကနေ ရင်ဘတ်ထိ
ဟိုဖက်ဒီဖက်ထုတ်ချင်းပေါက်နေတဲ့ အပေါက်ကြီးတစ်ပေါက်ဗျို့။ အဲဒီအပေါက်ကြီးကနေ နီရဲနေတဲ့ သွေးတွေ တစိမ့်စိမ့်စီးကျနေတယ်။
” ဟားးးးဟားးးဟားးး !! ဟီးးးးဟီးးးဟီးးးး !! ”
ဟာ !! မိန်းမကြီးက ရုတ်တရက် အသံနက်ကြီးနဲ့ ထရီပီး ကျုပ်ဘက်
ကို လှည့်လိုက်တာဗျို့။
” အောင်မလေးဗျ !! ”
မိန်းမကြီးရဲ့ မျက်နှာကိုမြင်ပီး ကျုပ် အလန့်တကြားထအော်မိတာဗျို့။ သူ့ရဲ့ မျက်နှာတစ်ခြမ်းက မီးလောင်ထားသလိုအဖုအပိန့် တွေနဲ့ပက်
ကြားအက်နေပီး…ကျန်တဲ့ တခြမ်းက ပုပ်ပွလို့ လောက်တွေ တဖွားဖွား ထွက်ကျနေတာဗျ။ မျက်လုံးကြီးတွေဆိုတာ မီးကျည်မီးခဲတွေလို ရဲရဲ
တောက်နေတာ…အမလေးဗျာ !! ကြောက်ဖို့ကောင်းလိုက်တာ။
ဒီတော့မှ လူမဟုတ်ပဲ သရဲမကြီးမှန်း ကျုပ်သိလိုက်ရတာ။
” ဟီးးးးဟီးးးး !! ”
ဟာ !! သရဲမကြီးက ကျုပ်ဆီကို တရွေ့ရွေ့နဲ့လာနေပီ။ ကျုပ်ချက်ချင်း
ပဲ လှည့်ပြေးဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ တစ်ကိုယ်လုံး ကျောက်ရုပ်ကြီး တစ်ရုပ်လိုတောင့်တင်းပီး လှုပ်မရတော့ဘူးဗျို့။ အောင်မလေးဗျာ !!
သရဲမကြီးကလည်းကျုပ် နဲ့လက်တစ်ကမ်း အကွာကို ရောက်နေပီ။
နောက်ဆုံး ဘယ်လိုမှ ကြံရာမရတော့တဲ့အဆုံး အသံကုန်ခြစ်ပီးအော်
လိုက်ရတယ်။
” အားးး !! မ…မလာနဲ့ … သွားးး…သွားးး ”
” ဟဲ့ ကောင်လေး !! ထစမ်း… ထစမ်း ဘာဖြစ်တာလဲ… အလန့်တ
ကြားနဲ့ဟယ် ”
်မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အမေက ကျုပ်ကို စိုးရိမ်တကြီးနဲ့
လှုပ်နိုးနေတာဗျ။ ဒီတော့မှ ကျုပ် အိမ်မက် မက်နေမှန်း သိလိုက်
ရတယ်။ ဒါနဲ့ပဲ စိတ်ပူနေတဲ့ အမေ့ကို ပြန်ပြောလိုက်ရတာဗျို့။
” ဘာမှ မဖြစ်ပါဘူးအမေ …ကျုပ် အိမ်မက်ဆိုးတွေ မက်နေတာ ”
” အေးး !! မက်မှာပေါ့… နင်အိပ်နေတဲ့ အချိန်က နွားရိုင်းသွင်းချိန်
ရောက်နေပီ…တော်တော်လေးကိုပဲ ငါ မပြောလိုက်ချင်ဘူး… နေ့
လည်ထဲက အိပ်နေလိုက်တာ အသေကောင်အတိုင်းပဲ…ထတော့
မျက်နှာလေး ဘာလေးထသစ်ပီး နွားစာ သွားထည့်ချေဦး ”
” ဟုတ်… ဟုတ်ကဲ့ပါ အမေ ”
ကျုပ်မျက်နှာသစ် ကိုယ်လက်သန့်စင်ပီး…နွားစာကျွေးပီးတော့ အဘ
လည်း နာရေးသတင်းသွားမေးရာက ပြန်ရောက်နေပီ။ ကျုပ်လည်း
အဘနဲ့ အမေကို ခွင့်တောင်းပီး နာရေးကို ထွက်လာခဲ့တယ်။ မနက်
မှ ပြန်လာမယ်လို့လည်း မှာခဲ့ရတာပေါ့ဗျာ။
ကျုပ် နာရေးအိမ်ရောက်တော့ ဘိုးဖေရဲ့ အလောင်းကို အိမ်ရှေ့မှာ
အခေါင်းနဲ့ ထုတ်ထားတာတွေ့ရတယ်။ အခေါင်းပေါ်မှာ ထမင်းထုပ်
တစ်ထုတ်လည်းတင်ထားသေးတယ်ဗျ။ အိမ်ပေါ်မှာတော့ထုံးစံအတိုင်း
ဖဲဂျိုး ကိုတာတီးတို့ ကာလသားတစ်သိုက် ဖဲရိုက်နေကြတာပေါ့ဗျာ။
” အော်တို ရှစ်ဟေ့ !! ”
” ဟေ့ကောင်နေဦး !! ဒီမှာ ဒိုင်က ကိုးကွ ဟားးးဟားးဟားးး !! ”
ကိုကြီးတာတီးတို့ ဖဲဝိုင်းက ဆူညံပွက်လောရိုက်နေတာဗျို့။ တစ်ခြား
တစ်စိမ်းရွာသားတွေတော့ မပါဘူး…ကိုယ့်ရွာကလူတွေချည်းပဲပေါ့ဗျာ။
” လာဟေ့ သာအောင် !! မင့် အဘဘိုးသာမောင် တောင် စောနကမှ
ပြန်သွားတာ…ကိုလူပျော်နဲ့ကျားမနိုင်ဘအေးကြီးတို့လည်းပြန်သွား
ကြပီကွ ”
ဘိုးဖေရဲ့သား ချစ်တင်က ကျုပ်ကို လှမ်းခေါ်တာဗျ။ ကျုပ်လည်း သူ့
နားကို လှမ်းသွားပီး ထိုင်လိုက်ရင်းက ပြောလိုက်ရတယ်။
” အေးကွာ !! အိမ်မှာ အမေတစ်ယောက်ထဲဆိုတော့ အဘပြန်လာမှ
လာရတာ ချစ်တင်ရ ”
ချစ်တင်က ကျုပ်ကိုရေနွေးကြမ်းနဲ့ပဲကြီးလှော်တွေ ချပေးတယ်။
ဒီကောင်ကြီး ကိုကြည့်ရတာ အတော်လေး ပူဆွေးသောက ရောက်နေ
ပုံပါပဲဗျာ။ အေးပေါ့လေ … အဖေတစ်ခု သားတစ်ခုဘဝမှာ ဘိုးဖေကဆုံးပါးသွားပီဆိုတော့ သူ့ခမျာအားငယ်ရှာမှာပဲ။ ကျုပ်လည်း တတ်နိုင်
သလောက် အားပေးနှစ်သိမ့်စကားပြောရတာပေါ့ဗျာ။
” ဝုန်းးးး !! ”
ဟာ !! ကျုပ်နဲ့ ချစ်တင် စကားကောင်းနေတုန်း ဝုန်းဆိုတဲ့ အသံကြီး
ကိုကြားလိုက်လို့ ကြည့်လိုက်တော့…နံရံမှာထောင်ထားတဲ့ စားပွဲခုံကြီး
လဲကျနေတာကို မြင်လိုက်ရတာဗျို့။ ဖဲကစားနေတဲ့ ကိုတာတီးတို့အုပ်
စုလည်းလန့်ဖြန့်ပီး အသံကြားရာကို လှည့်ကြည့်ကြတယ်။ လေတိုးလို့
လဲတာမဖြစ်နိုင်သလို ကြွက်တွေ… ကြောင်တွေတိုးလို့လဲတာလည်း
မဖြစ်နိုင်ဘူး။ စားပွဲခုံက ကျွန်းနဲ့လုပ်ထားတာ အလေးကြီးဗျ။
” ဘုန်းးးး !! ”
ဟာ !! ဒီတစ်ခါ အိမ်နံရံကို အပြင်ဘက်ကနေ တစ်စုံတစ်ယောက်က
လက်နဲ့ လာပုတ်တဲ့အသံကြီးကို ကြားလိုက်ရတာဗျို့။
” ဟ !! အဲဒါဘာလဲဟ သာအောင်ရ ”
ချစ်တင်က အံအားသင့်သလို အမူအယာနဲ့ ကျုပ်ကို လှမ်းမေးတယ်။
ကျုပ်လည်း ချစ်တင်ကို ပြန်ပြောလိုက်ရတာပေါ့။
” ဘိုးဖေ ရောက်လာတာနေမှာပေါ့… သူရှိနေမှန်း သိစေချင်လို့ အသိ
ပေးတာဖြစ်မှာပေါ့ကွာ ”
” ဟာ !! ဟုတ်လို့လားကွာ ”
” ဟုတ်မှာပေါ့ ချစ်တင်ရ… ဘိုးဖေ က ဒီအိမ်မှာ ခုနှစ်ရက်ပြည့်တဲ့ထိ
နေလို့ရတယ်…ခုနှစ်ရက်ပြည့်လို့ တရားနာပီး သာဓုခေါ်မှကောင်းရာဘုံဘဝကို ရောက်သွားမှာလေကွာ ”
” အော် !! အဲဒီလိုလား သာအောင်ရ…အေးပေါ့ မင်းက ဒါမျိုးတွေမှာ
နှံ့စပ်တော့ သိတာပေါ့…ငါကတော့ ဘယ်နားလည် မလဲကွာ ”
အဲဒီနောက်တော့ ဘာမှ ထူးထူးခြားခြားထပ်မဖြစ်တော့ဘူး။ ကိုကြီး
တာတီးတို့လည်း ဖဲပြန်ကစားနေကြပီဗျို့။ ကျုပ်နဲ့ ချစ်တင်ကတော့
တစ်ညလုံး စကားတွေ ထိုင်ပြောနေကြတာဗျ။ လင်းကြက်တွန်တော့မှ
ပဲ ကျုပ် အိမ်ကို ပြန်လာတာ။ ဒီနေ့တော့ ယာထဲ မဆင်းနိုင်တော့ဘူး
… ပြန်ရောက်တာနဲ့ တန်းပီး အိပ်ပစ်လိုက်တာဗျို့။
⏰⏰⏰⏰
ဘာလိုလိုနဲ့ ဘိုးဖေရဲ့ နာရေးက ရှောရှောရူရူနဲ့ပဲ ပီးသွားတယ်။ ကျုပ်
လည်း အဲဒီရက်တွေ အတွင်းတော်တော်လေး ပန်းသွားတာဗျ။ ယာထဲ
လည်း မဆင်းဖြစ်ဘူး။ ရက်လည်မပီးမချင်း နေ့တိုင်းသွားပီး လိုအပ်
တာလေးတွေ ကူညီလုပ်ကိုင်ပေးရတာကိုး။
ဘိုးဖေရဲ့ရက်လည် ပီးသွားပီဆိုတော့ ကျုပ်လည်းပုံမှန်အတိုင်း ယာထဲ
ပြန်ဆင်းရတာပေါ့။ အခုက ထွန်တစ်ရေးတက်ပီးလို့ နွားတွေကိုထွန်
ဖြုတ်ပီးခဏအနားပေးထားတာဗျ။ ကျုပ်လည်းအရိပ်ကောင်းတဲ့ တမာ
ပင်ကြီးအောက်မှာခဏဝင်ပီး အမောဖြေနေတာ။
” သာအောင်ရေ !! သာအောင် !! ”
အသံကြားလို့ ကြည့်လိုက်တော့ ချစ်တင်ဖြစ်နေတာဗျို့။
” ဟာ !! ချစ်တင် ဘယ်သွားမလို့လဲ ကွ ”
” မင်းဆီပဲ လာတာ ဟေ့ကောင်ရေ ”
” ဘာကိစ္စ ရှိလို့လဲ ချစ်တင် ”
ကျုပ် အဲဒီလိုမေးတော့ ချစ်တင်မျက်နှာက ညိုးကျသွားတယ်။ ပီးတော့
မှ ပြောတာဗျ။
” သာအောင် !! ငါ့အိမ်မှာ ထူးဆန်းတာတွေ ဖြစ်နေတယ်… ညကျရင် မင်း တစ်ချက်လောက် လာကြည့်ပါလားကွာ ”
” ဟာ !! ဘာတွေဖြစ်လို့… ငါက ဘာကို လာကြည့်ရမှာလဲ… ရှင်းရှင်း
ပြောစမ်းပါ ချစ်တင်ရ ”
” အေး !! အိမ်မှာ ညနေ မှောင်စပျိုးပီဆိုတာနဲ့ အပုပ်နံ့ကြီးတွေရလို့
ကွ…ပီးတော့ညဘက်အိပ်ပီဆိုရင်လည်း လူတစ်ယောက်လမ်းလျှောက်
နေတဲ့ ခြေသံမျိုးကြီးတွေကြားရပီး…အိမ်ကိုပါ တစ်ယောက်ယောက်က
သွပ်သွပ်ခါအောင် ကိုင်လှုပ်သလိုကိုဖြစ်တာ…ငါဆို အိမ်ပေါ်မှာ မအိပ်
ရဲလို့ဝိုင်းထဲက ကွပ်ပျစ်ပေါ်ဆင်းအိပ်ရတဲ့အထိပဲ သာအောင် ”
” ဟေ !! ဟုတ်လား ချစ်တင် ”
” ဟုတ်တယ် သာအောင် !! ပီးတော့ရှိသေးတယ်… ငါကမိုးလင်းတာ
နဲ့ ထမင်းကြမ်းစားတက်တဲ့လူလေ… ဒီတော့ ညနေဘက်ဆို ထမင်း
နဲ့ဟင်းကို မနက်စာတွက်ပိုအောင် အမြဲချက်တာကွ…အဲဒီလိုပိုချက်
ထားတဲ့ ထမင်းတွေ…ဟင်းတွေဆိုရင်လည်း မိုးလင်းလို့အဆာပြေစား
ဖို့ ကြည့်လိုက်ရင် မရှိတော့ဘူး… တစ်ယောက်ယောက်က ယူစားထားသလို ပြောင်တလင်းခါနေတာကွ ”
” ဟင် !! ထူးဆန်းလှချည်လား ချစ်တင်ရ ”
” အေးဟုတ်တယ် !! ငါ့စိတ်ထဲ အဘများ မကျွတ်သေးပဲ အိမ်မှာဆက်
ပီး နေ နေလားလို့ ထင်မိတယ်ကွာ… မင်းကော ဘယ်လိုထင်လဲ ”
ချစ်တင်က အဲဒီလိုမေးတော့ ကျုပ်လည်း ခဏလောက်စဉ်းစားလိုက်
တယ်။ ပီးမှ ပြန်မေးလိုက်တာဗျ။
” အခုဆို ဘိုးဖေ ဆုံးသွားတာ တစ်လပြည့်တော့မယ်နော် ချစ်တင် ”
” ဟုတ်တယ်လေ သာအောင် ”
” အေး !! ခုလိုတွေဖြစ်တာ ဘိုးဖေ ရက်လည်ပီးမှလား ”
” မဟုတ်ဘူးကွ !! အဘ ရက်လည်ပီးလို့ လေး ငါးရက်လောက်ကြာ
တော့မှဖြစ်တာ… တကယ်လို့ ငါ့အဘမကျွတ်သေးတာဆိုလည်း…
ကုသိုလ်လေး ဘာလေးလုပ်ပီး အမျှတန်းပေးဝေချင်လို့ကွ…ဒါကြောင့်
မင်းကို အားကိုးတကြီးနဲ့လာတိုင်ပင်တာ… ငါတို့ ရွာမှာ ဒီလိုကိစ္စတွေ
ကို နားလည်တဲ့သူဆိုလို့ မင်းပဲရှိတာလေကွာ ”
” ဟာကွာ !! မင်းကတော့ လုပ်ပီ…တတ်ကျွမ်းလို့ရယ်တော့ မဟုတ်ပါဘူး…ဟိုစပ်စပ်သည် စပ်စပ်ပါကွ… အေးပါဘာပဲဖြစ်ဖြစ် ညကျ ငါ မင့် ဆီလာခဲ့ ပါ့မယ် ချစ်တင်ရာ ”
” ဟေ !! တကယ်လား သာအောင် ”
” တကယ်ပေါ့ ချစ်တင်ရ ”
” ဒါဆို ငါ သွားတော့မယ် သာအောင်…ဟိုဖက်ရွာကို သွားရဦးမှာကွ…
အဘ ရှိတုန်းက သူများကို ချေးထားတဲ့ ပိုက်ဆံတွေ လိုက်တောင်းနေတာ အခုထိ မကုန်နိုင်သေးဘူး… သွားပီဟေ့ ”
ချစ်တင်က လက်ထဲမှာကိုင်ထားတဲ့ စာအုပ်လေးတစ်အုပ်ကို ထောင်ပြ
ရင်း ထွက်သွားပီ။ ဘိုးဖေက ကျုပ်တို့ရွာမှာ ဘာအလုပ်မှ မလုပ်ဘူး…
ငွေတိုးချေးစားတဲ့သူဗျ… ဒါပေမဲ့ သူတစ်ပါးပေါ် ဘယ်တော့မှ မဟုတ်
တာမလုပ်ဘူး… အမြတ်ကြီးမစားဘူး။ သင့်တင့်တဲ့ နူန်းထားနဲ့ပဲ ငွေ
တိုးပေးစားတဲ့ သူဗျ။ ဒါကြောင့်လည်း သူသေသွားတော့ ကျန်နေခဲ့တဲ့
အကြွေးတွေကို ချစ်တင်က လိုက်တောင်းနေရတာပေါ့ဗျာ။
ကျုပ်လည်း အမောပြေသွားပီဆိုတော့ နွားတွေကိုထွန်မှာပြန်တပ်ပီး
ယာကို ညက်နေအောင်ဆက်ထွန်လိုက်တယ်။ နေမွန်းတည့်တော့မှ
ထွန်သိမ်းပီး ဝိုင်းထဲကိုပြန်လာခဲ့တာပေါ့။
⏰⏰⏰⏰
ကျုပ် ညစာ စားပီးတာနဲ့ ချစ်တင်တို့ အိမ်ကို ထွက်လာတာဗျ။ ကဝေ
ဘုရင်ကြီးရဲ့ အသည်းနဲ့စီရင်ထားတဲ့ အထက်ဆေးတော်ကြီးကိုလည်း ယူခဲ့သေးတာဗျို့။ ဒီဆေးတော်ကြီးရဖို့တွက် ကျုပ်နဲ့ဇော်ဂျီပျံ ဆရာခါး ရွာသချိူင်္င်းထဲက ကဝေဘုရင်ရဲ့အလောင်းက သွားယူခဲ့တာလေ။
ဒီဆေးတော်ကြီးကို ကိုယ်နဲ့မကွာဆောင်ထားရင် နာနာဘာဝနဲ့ သရဲ
တစ္ဆေ မကောင်းဆိုးဝါးမှန်သမျှကိုမြင်ရတယ်။သူတို့ပြောသမျှကိုလည်း
ကြားနိုင်သိနိုင်တယ်ဗျ။ ပီးတော့ အမှောင့်ပယောဂမှန်သမျှရန်ကလည်း
ကာကွယ်ပေးတယ်။ဒီဆေးတော်ကြီးအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်
ရင် ကျုပ်ရေးသားထားတဲ့”ကဝေအသည်း” ဆိုတဲ့ စာမူလေးကိုရှာပီး
ဖတ်ကြည့်ဗျို့။
ကွမ်းတစ်ရာညက်လောက်ကြာတော့ တောင်ပိုင်းက ချစ်တင်တို့ဝိုင်းကို
ရောက်လာပီဗျ။ ဝိုင်းထဲကိုလှမ်းကြည့်တော့ အိမ်ရှေ့ ကွပ်ပျစ်လေးပေါ်မှာထိုင်နေတဲ့ ချစ်တင်ကိုတွေ့လိုက်ရတယ်။ ကျုပ်လည်းအထဲကိုလှမ်း
ဝင်လိုက်တာပေါ့ဗျာ။
” သာအောင် !! ငါမင်းကိုမျှော်နေတာကွ ”
ကျုပ်ကို မြင်တာနဲ့ ချစ်တင်က လှမ်းပြောတာဗျ။
” အေး !! အဘက ထမင်းစားပီးမှသွားဆိုလို့ စားသောက်ပီးမှ ထွက်
လာရတာ ”
” ဟာ !! အိမ်မှာလဲ ဝက်သားချက်ထားပါတယ်ကွာ…ငါမစားသေးပဲ
မင်းလာမှ နှစ်ယောက်တူတူ စားမယ်ဆိုပီး ထိုင်စောင့်နေတာ ”
” အေးပါကွာ…ငါဆာတဲ့ ချိန်ကျတော့လည်း ထပ်စားလို့ရတာပေါ့
ချစ်တင်ရ ”
” ဝုန်းးး !! ဂလွမ် !! ”
ဟာ !! ကျုပ်နဲ့ ချစ်တင်စကားပြောနေတုန်း အိမ်ပေါ်ကနေ အိုးခွက်ပန်း
ကန်တွေကို လှန်လှောနေတဲ့ အသံတွေကြားလိုက်ရတာဗျ။ ပီးတော့
အော်ဂလီဆန်ချင်စရာ အပုပ်နံ့ကြီးတစ်ခုကလည်း နှာခေါင်းထဲ တိုးဝင်
လာတာဗျို့။ ချစ်တင်က ကျုပ်ကိုလေသံလေးနဲ့ကြိတ်ပီးပြောတယ်။
” သာအောင်ရေ !! ဇာတ်လမ်းကတော့ စပီ… လုပ်ပါဦးကွာ ”
” အေး !! ငါ အိမ်ပေါ် အခြေနေတက်ကြည့်မယ်…မင်းဒီမှာပဲနေခဲ့
ချစ်တင် ”
ကျုပ် ချစ်တင်ကို မှာပီးတာနဲ့ ကတ္တီပါ အိတ်ရှုံ့လေးနဲ့ထည့်ထားတဲ့
ကဝေအသည်းဆေးတော်ကြီးကို လည်မှာဆွဲလိုက်တယ်။ ပီးတာနဲ့
အိမ်ပေါ်ကို သတိထားပီး တက်လိုက်ပီပေါ့ဗျာ။
ကျုပ် အိမ်ပေါ်ကိုရောက်တော့ နေရာအနံ့ကို မျက်လုံးကစားကြည့်
လိုက်တယ်…ဘာမှမတွေ့ရဘူးဗျ။ ဘုရားခန်းနဲ့ အိမ်ရှေ့ခန်းမှာလည်း
ဘာမှ မရှိဘူးဗျို့။
” ဂွမ် !! ဂလွမ် !! ”
ဟော !! အဲဒီအသံက နောက်ဖေးမီးဖိုချောင်ကထွက်လာတဲ့အသံဗျ။
ဒါနဲ့ကျုပ်လည်းခြေသံကိုအတတ်နိုင်ဆုံး လုံအောင်ထိန်းပီး လှမ်းသွား
လိုက်တယ်။
ဟာ !! ဆံပင်ဖားလျားနဲ့ မဲမဲအကောင်ကြီးဗျို့။ နောက်ဖေးမီးဖိုချောင်ထဲမှာ ချစ်တင်ချက်ထားတဲ့ ဝက်သားဟင်းတွေကိုနိုက်စားနေတာဗျ။ နဲတဲ့အကောင်ကြီးမဟုတ်ဘူး။ ဒယ်အိုးထဲကဟင်းတွေကိုဆောင့်ကြောင့်ကြီး ထိုင်ပီး ပယ်ပယ် နယ်နယ်နိုက်စားနေတာဗျို့။ ခေါင်းကြီးက အောက်ကို
ငုံ့နေတော့ ဘယ်သူဘယ်ဝါဆိုတာ ကျုပ်မသိနိုင်သေးဘူး။
ဟော !! ကျုပ် ကြည့်နေတုန်းမှာပဲ ဒယ်အိုးထဲက ဟင်းတွေ ကုန်သွား
လို့ ထင်တယ်…မဲမဲ အကောင်ကြီးက ဆတ်ခနဲမတ်တပ်ထရပ်လိုက်
ပီဗျို့။
” ဟာ ”
ကျုပ် အံ့သြလွန်းလို့ ဟာခနဲ ဖြစ်သွားတာဗျို့။ လက်နဲ့အချိန်မှီ ကိုယ့်
ပါးစပ်ကို ပြန်ပိတ်လိုက်လို့သာ အသံက အပြင်ကို မထွက်သွားတာ။
လတ်စသတ်တော့ ကျုပ် မြင်နေရတဲ့အကောင်ကြီးက ဘိုးဖေမှ မဟုတ်
တာ။ အမဲရောင်ပါတိတ် ဝမ်းဆက်ဝတ်ထားတဲ့ သရဲမကြီးဗျ… သရဲမ
ကြီး။ အောင်မလေးဗျာ !!သရဲမကြီးကို ကြည့်ရင်းတစ်ကိုယ်လုံး ကြက်
သီးတွေတဖြန်းဖြန်း ထလာပီး ဇောချွေးတောင်ပြန်တယ်။
မျက်နှာ တစ်ခြမ်းကမီးလောင်ထားသလို ပုံပျက်ပန်းပျက်ဖြစ်နေပီး…
တစ်ခြမ်းကပုပ်ပွလို့ လောက်တွေတောင်တဖွားဖွားတက်နေတာဗျို့။
မျက်လုံးကြီးတွေက အပြင်ကို အဆမတန်ပြူးထွက်နေပီး ရဲတောက်
နေတာပါပဲဗျာ။ ရင်ဘတ်မှာလည်း ကျောထိ ထုတ်ချင်းပေါက်နေတဲ့
အပေါက်ကြီး တစ်ပေါက်က ရှိနေသေးတယ်။ ကျုပ်စိတ်ထဲ ဒီသရဲမကြီးကို မြင်ဖူးသလိုလိုရှိတယ်လို့လည်း ခံစားလိုက်ရတာဗျ။
အတွေးထဲမှာလဲ ဟိုတလောက မက်ခဲ့တဲ့ အိမ်မက်ကိုသွားပီး သတိရလိုက်မိတယ်…ဒီတော့မှ ကျုပ် သိလိုက်ရတာ။ အားလားလား လတ်စသတ်တော့ ဒီသရဲမကြီးက ကျုပ်အိမ်မက်ထဲမှာမြင်ဖူးတဲ့သရဲမကြီးပဲဗျ။
ဟော !! ကျုပ် စဉ်းစားနေတုန်းမှာပဲ သရဲမကြီးက ကျုပ်ကိုတွေ့သွားပီ။
အောင်မလေးဗျာ !! လက်သည်းရှည်ကြီးတွေ ပါတဲ့ လက်ကြီးနှစ်ဖက်
ကို ဆန့်ထုတ်ပီး ကျုပ်ဆီကို ပြေးဝင်လာပီဗျ။
ကျူပ်ချက်ချင်းပဲ လည်ပင်းမှာဆွဲထားတဲ့ ကဝေအသည်းဆေးတော်ကြီး
ကို ဖြုတ်ပီး သရဲမကြီးကိုပြလိုက်တယ်။
ဟော !! ပြေးလာတဲ့ သရဲမကြီး တုံ့ခနဲရပ်သွားပီဗျို့။ ပီးတော့ နောက်
ကိုတစ်လှမ်းချင်းဆုတ်သွားပီဗျ။ သရဲမက ဆေးတော်ကြီးကိုကြောက်
ပုံရတယ်။ ဒီတော့မှ ကျုပ်လည်း အားတက်ပီးလက်ထဲမှာ ကိုင်ထားတဲ့ ဆေးတော်ကြီးကို သရဲမကြီးဆီ ပစ်ပေါက်မလို ရွယ်လိုက်တာဗျ။
” အီးးဟီးးးဟီးးး !! ”
” ဝုန်းးးးး !! ”
ဟော !! သရဲမကြီး နောက်ဖေးပေါက်ကနေ ကြောက်လန့်တကြားခုန်
ချပီး ထွက်ပြေးသွားပီဗျို့။ ဆူဆူညံညံအသံတွေကြောင့် ချစ်တင်လည်း
အိမ်ပေါ်ကိုပြေးတက်လာရင်း ကျုပ်ကို လှမ်းမေးတယ်။
” သာအောင် !! ဘာတွေ ဖြစ်ကုန်တာလဲ…ငါ မင်းကို စိတ်ပူပီးပြေး
လာတာ ”
ကျုပ် လည်း ကဝေအသည်းဆေးတော်ကြီးကို လည်ပင်းမှာပြန်ဆွဲရင်း ချစ်တင် ကိုပြန်ပြောလိုက်ရတယ်။
” ချစ်တင် !! မင်းအိမ်မှာ သောင်းကျန်းနေတဲ့ တရားခံကို ငါသိပီကွ ”
” ဟေ !! ဟုတ်လား… အဲဒါ ဘယ်သူလဲ… ငါ့အဘပဲလား ”
” မဟုတ်ဘူး ချစ်တင်ရ … အဲဒါ ဘိုးဖေ မဟုတ်ဘူး… သရဲမကြီးတစ်
ကောင်ကွ ”
” ဟေ !! သရဲမကြီး ဟုတ်လား သာအောင် ”
” ဟုတ်တယ် !! ချစ်တင် ”
” ဟာ !! ဒါဆို ဒုက္ခပါပဲကွာ… ငါက အဘလို့ပဲ ထင်နေတာ… လုပ်…
လုပ်ပါဦး သာအောင်ရာ… မဟုတ်မှလွဲယော အဘနာရေးဖြစ်တုန်းက
စားပွဲခုံကိုတွန်းလှဲပီး အိမ်ထရံကိုလက်နဲ့လာပုတ်တာလည်း…ဒီသရဲမ
ကြီးပဲဖြစ်မယ်ထင်တယ်…ဒီသရဲမကဘယ်လိုဖြစ်ပီးငါ့ အိမ်မှာလာ
သောင်းကျန်းနေရတာလဲ…ဒီတိုင်းဆို အိမ်မှာတောင်မနေရဲတော့ဘူး ”
ချစ်တင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပီး ပြာယာခပ်သွားတာဗျ။ ကျုပ်
လည်း ချစ်တင်ကို အားပေးလိုက်ရတာပေါ့ဗျာ။
” ဒါတော့ ငါလည်းမသိဘူး ချစ်တင်…တစ်ခြားဝိုင်းတွေကျ မဝင်ပဲ…
မင်းတို့အိမ်မှာပဲ ဖြစ်နေတာနည်းနည်းတော့ ထူးဆန်းတယ်…သိပ်
လည်းစိတ်မပူပါနဲ့ ဒီကိစ္စကိုဖြေရှင်းဖို့…ငါ့မိတ်ဆွေ ကွင်းပိုင်ကြီးကို
ပင့်ပီး မေးပေးပါ့မယ်ကွာ ”
” ဒါဖြင့်လည်း ခုပဲ မေးပေးပါကွာ…ဘယ်ကရောက်လာမှန်းမသိတဲ့
သရဲမကြီးရှိတဲ့အိမ်မှာ ငါတစ်ယောက်ထဲမနေရဲဘူးကွ…မင်းရဲ့ ကွင်း
ပိုင်ကြီးကိုပင့်ဖို့ဘာတွေလိုလဲ သာအောင် ”
” ထုံးစံအတိုင်းဆိုရင်တော့ မြေပြင်မှာခင်းဖို့ အနက်ရောင် ပိတ်စတစ်
ထည်…ကြက်ကင်တစ်ကောင်နဲ့ချက်အရက်သုံးပုလင်းလိုတယ်ကွ…ဒါပေမဲ့အခုက အချိန်မရတော့ဘူး… အရက်ပဲသွားဝယ်ပီး ပင့်ကြတာ
တာပေါ့ ”
ကျုပ်လည်း ချစ်တင်ကိုခေါ်ပီး ရွာနောက်ပိုင်းက ကိုဝကြီးရဲ့အရက်ဆိုင်
ကိုသွားလိုက်တယ်။ ဆိုင်ရောက်လို့ ချက်အရက်ပြင်း သုံးလုံးဝယ်
တော့ ချစ်တင်က အရက်ဖိုးထုတ်ပေးတယ်ဗျ။ အရက်ဝယ်ပီးတာနဲ့
ရွာမျက်နှာဖုံး ဘိုးသာဆောင်ရဲ့ လယ်ဘက်ကိုထွက်လာခဲ့တယ်။
ကျုပ် ကွင်းပိုင်ကြီးကိုပင့်မဲ့ နေရာက ဘိုးသာဆောင်ပိုင်တဲ့လယ်ကွက်
တွေထဲကတစ်ခုပေါ့ဗျာ။ အဲဒီလယ်ကွက်ကရွာရဲ့ အစွန်အဖျားပိုင်းမှာရှိတာဗျ။ဘိုးသာဆောင်က အဲဒီလယ်ကွက်ကိုဘာမှမလုပ်ဘူး…သချိူင်္င်း
မြေနဲ့ ဆက်နေတာလည်းပါတယ်…ဒါကြောင့်ဒီတိုင်းပဲ ထားတော့အမြဲ
တလင်းပြင်လို ဖြစ်နေတာပေါ့ဗျာ။
ရွာနဲ့ အလှမ်းဝေးသလို…လူရိပ်လူခြေလည်း ပြတ်တယ်။ ဒါကြောင့်
ကျုပ် ကွင်းပိုင်ကြီးကို ပင့်တော့မယ်ဆိုရင်ဒီနေရာမှာပဲ ပင့်နေကြပေါ့။
ဘိုးသာဆောင်ရဲ့ လယ်ကွင်းကိုရောက်တော့ ပြန့်ပြန့်ပြူးပြူးရှိတဲ့ နေရာ
တစ်ခုမှာဝယ်လာတဲ့ ချက်အရက်သုံးပုလင်းကိုစီပီး ချထားလိုက်တယ်။
ပီးတာနဲ့ ချစ်တင်ကို ကျုပ်ရဲ့ အနောက်မှာ နေခိုင်းပီး ကွင်းပိုင်ကြီးကို
ပင့်လိုက်ပီဗျို့။
” အလွန်တစ်ရာအရေးကြီးသော အကြောင်းအရာပေါ်လာပီဖြစ်၍
ဆတ်သေကုန်းရွာမှ ကျုပ် သာအောင်က ကွင်ပိုင်ကြီးစံနက်ကျော်အား အကြောင်းပြုပီး ပင့်ဖိတ်လိုက်ရပါသည်… မြန်မကြာလှမ်းကြွလို့လာခဲ့ပါ… ကွင်းပိုင်ကြီး စံနက်ကျော် ခင်များ… ”
” ဝေါ !! ဝရော !! ဝေါလ် !! ”
” အာ့ !! အာ့ !! အ့ !! ”
” ဘုန်းးးးး !! ဘုန်းးးး !! ”
ဟာ !! ဘိုးသာဆောင်ရဲ့ လယ်ကွင်းထဲမှာ ချက်ချင်းဆိုသလို လေတွေ
တိုက်ပီး ကျီးတွေပြိုနေတာဗျို့။ ပီးတော့ အဝေးကနေ လာနေတဲ့ ခြေသံ
ပြင်းပြင်းကြီးကိုလည်းကြားလိုက်ရတယ်။
” ဟီးးးးးဟီးးးးဟီးးး !! ”
ဟော !! လယ်ကွင်းတစ်ဖက်က ကြိမ်တောကြီးထဲကနေ မဲမဲအကောင်
ကြီးတစ်ကောင် ထွက်လာပီး ကျုပ်တို့ဘက်ကိုလာနေပီဗျ။ ကျုပ်တို့
နဲ့ ဝါးတစ်ရိုက်အကွာရောက်တော့ လှမ်းနေတဲ့ ခြေလှမ်းတွေကိုရပ်
ပီး ခါးကြီးထောက်လိုက်ပီဗျို့။ ကျုပ်လည်းလရောင်ကို အားပြုပီး သေချာကြည့်လိုက်ရတယ်။
ဟာ !! အဲဒါ ကွင်းပိုင်ကြီး စံနက်ကျော်ဗျ။ အရပ်ကြီးက ဆယ့်နှစ်ပေ
လောက်ရှိတယ်။ အပေါ်ပိုင်းမှာ ဘာမှ ဝတ်မထားဘူး…ခန္ဓာကိုယ်
အောက်ပိုင်းမှာတော့ ပုဆိုးကွက်တုန်းကြီးတစ်ထည်ကိုဝတ်လို့ဗျ။
တစ်ကိုယ်လုံးမှာလည်း အမွှေးမဲမဲတွေဖုံးနေတာဗျို့။
ဆံပင်ရှည်ကြီးတွေကလည်း ဂုတ်ကိုထောက်နေသေးတယ်။ ဒါ့ကြောင့်
မျက်နှာကိုသေချာမမြင်ရတာဗျ။ ဒါပေမဲ့ အဲဒီဆံပင်တွေကြားထဲကပဲ မီးကျီမီးခဲတွေလို ရဲတောက်နေတဲ့ မျက်လုံးကြီးတွေကိုမြင်နေရတာကိုက တကယ့်ကို ကျောချမ်းစရာကြီးပါဗျာ။
ကဝေအသည်းဆေးတော်ကြီးကို လည်မှာဆွဲထားလို့ ကျူပ်မြင်နေရ
တာဗျ။ ကျုပ်အနောက်မှာ ရပ်နေတဲ့ ချစ်တင်ကတော့ ကွင်းပိုင်ကြီးကို
ဘယ်မြင်ရမှာလဲ… ဒါပေမဲ့ ထူးထူးခြားခြားဖြစ်သွားတဲ့ ပတ်ဝန်းကျင်ကို
တော့ သတိပြုမိသွားတယ်ထင်ပါရဲ့…ကျုပ်အနားကို ပိုကပ်လာတာဗျ။
ကျုပ်လည်း ဒီကောင့်ကိုဂရုမစိုက်နိုင်သေးဘူး… ခါးကြီးထောက်ပီးရပ်
နေတဲ့ ကွင်းပိုင်ကြီးကိုပဲ လှမ်းပြောလိုက်ရတယ်။
” ကွင်းပိုင်ကြီး စံနက်ကျော် ခင်များ !!အရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်
ရုတ်တရတ်ပင့်ဖိတ်လိုက်ရတာပါ…ဒါကြောင့် တစ်ခြားဟာတွေ မစီစဉ်
နိုင်ပဲ အရက်ပဲ ပါတာကို နားလည်ခွင့်လွှတ်ပေးပါ ”
ဟော !! ကျုပ်အဲဒီလိုပြောလိုက်တော့ ကွင်းပိုင်ကြီးက ခေါင်းကိုဆတ်
ခနဲညိမ့်ပြတယ်။ ပီးတော့ မြေပြင်မှာချထားတဲ့ ချက်အရက်တစ်ပုလင်းကို လှမ်းဆွဲပီး မော့သောက်လိုက်ပီဗျို့။ အရက်သောက်ချက်က အား
ကြီးပက်စက်တဲ့ကွင်းပိုင်ကြီးဗျာ။ မီးတောက်စစ်စစ် ချက်အရက်အပြင်း
စားတစ်လုံးကို ခဏလေးနဲ့ကုန်သွားပီဗျ။
” ဘုတ် ”
ကုန်သွားတဲ့ပုလင်းခွံကြီးကိုမြေပြင်ပေါ်ပစ်ချပီး နောက်တစ်လုံးဆက်
သောက်နေပီ။ အဲဒီတစ်ပုလင်းလဲ ခဏလေးနဲ့ကုန်သွားပီဗျ။ ဟော !!
နောက်ဆုံးကျန်တဲ့ တစ်လုံးကိုပါဆက်မော့နေပြန်ပီဗျို့။ ဒီတစ်ခါတော့
အရက်ပုလင်းကိုမော့နေရင်း ကျူပ်ကို မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့်
နေပီ။ ကျူပ်လည်းတုံ့ဆိုင်းမနေပဲသိချင်တာကိုမေးလိုက်ရပီဗျို့။
” ကွင်းပိုင်ကြီး ခင်များ !! ကျုပ်တို့ရွာက ချစ်တင်ရဲ့ အိမ်မှာ သရဲမကြီး
တစ်ကောင်ရောက်နေပါတယ်…အဲဒီသရဲမကြီးက ချစ်တင်စားမဲ့ထမင်း
နဲ့ ဟင်းတွေကို ယူစားနေတယ်ဗျ… ပီးတော့ ကျုပ်ကို လည်း ရန်ပြု
ဖို့ လုပ်သေးတယ်…အဲဒါ ဘာကြောင့်လဲ ဆိုတာ ကွင်းပိုင်ကြီးသိရင်
ပြောပြပေးပါ ဗျာ ”
ကျုပ်ရဲ့ စကားဆုံးတော့ ကွင်းပိုင်ကြီးသောက်နေတဲ့ အရက်လည်းကုန်
သွားပီဗျ။ ကုန်သွားတဲ့ ပုလင်းခွံကို လွှင့်ပစ်ရင်း ကွင်းပိုင်ကြီးကပြန်
ပြောတယ်။
” အဲဒါ တစ်ခြားမဟုတ်ဘူး သေသွားတဲ့ ငဖေ ကိုယ်တိုင်မွေးထားတဲ့
သရဲမပဲ သာအောင်… နံမည်က မိနက်တဲ့ ”
ကွင်းပိုင်ကြီး ပြောလိုက်တဲ့ စကားကြောင့် ကျုပ်လည်း အံ့သြလွန်းလို့
ချက်ချင်းပဲ ပြန်မေးလိုက်တာဗျ။
” ဗျာ !! ဘိုးဖေ မွေးထားတဲ့ သရဲမ မိနက်ဟုတ်လား ကွင်းပိုင်ကြီး ”
” ဟုတ်တယ် သာအောင် !! ငဖေက ငွေတိုးပေးစားတဲ့သူလေ…တစ်ချို့
ကသူ့ဆီက ပိုက်ဆံချေးပီးပြန်မပေးကြဘူး…ဒါကြောင့်ငဖေက အောက်
လမ်းဆရာတစ်ယောက်ရဲ့အကူညီနဲ့ အဲဒီသရဲမကို အစာကျွေးပီး ခိုင်း
စားနေတာ…ပိုက်ဆံချေးပီး ပြန်မပေးတဲ့ သူတွေဆို ငဖေက သရဲမ
မိနက် ကို လွှတ်ပီးခြောက်လှန့်တောင်းခိုင်းတာ ဟေ့ ”
” ဟာ !! လတ်စသတ်တော့ ဒီလိုလား ”
” အေး !! အဲဒီသရဲမဟာ လူ့ဘဝက သူပုန်တွေအရှင်လတ်လတ်မီးရှို့
သတ်တာကို ခံခဲ့ရတဲ့ အစိမ်း သရဲမကွ…အားကြီးကြမ်းတမ်းတယ်…
အခု ငဖေ ဖြုန်းစားကြီးသေသွားတော့ သူ့ကို အစာကျွေးမဲ့သူလည်း
မရှိတော့ဘူးလေ…ဒါကြောင့် ငဖေရဲ့ သား ချစ်တင် ချက်ပြုတ်ထား
သမျှကို လှန်လှော စားသောက်နေတာ…ချစ်တင်ကံကောင်းနေတာ အဲဒီထမင်းဟင်းတွေကြောင့်ဟေ့…မဟုတ်ရင် သရဲမက သူ့ကိုသတ်
စားပီးတာကြာပီ ”
” ဘုရားး … ဘုရားး !! ကြောက်စရာကြီးပါလား… ဒါဖြင့် အဲဒီသရဲမကို
ဘယ်လို နှင်ထုတ်ရမလဲ… ကွင်းပိုင်ကြီး နှိမ်နင်းနိုင်တယ်ဆိုလည်း
တစ်ခါထဲသာ နှိမ်နင်းပေးခဲ့ပါဗျာ ”
” အဲဒါ ငါလုပ်ပိုင်ခွင့်မရှိဘူး သာအောင်… သူက ကျူးကျော်တာမဟုတ်
ပဲ ဖိတ်ခေါ်သူရှိလို့ လာနေတာကွ… ဒါကြောင့် ငါနှင်ထုတ်လို့မရဘူး…
မင်း လုပ်မယ်ဆိုရင်တော့ ရတယ် ”
” ဟာ !! ဒါဖြင့် ကျုပ် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ပြောပြပေးပါ
ကွင်းပိုင်ကြီး ”
“အေး !!အောက်လမ်းဆရာက အဲဒီသရဲမရဲ့နှလုံးကိုထုတ်ယူပီး သူရဲ့ ပညာတွေနဲ့ အစီအရင်လုပ်လို့ ငဖေရဲ့ ခြံထဲမှာ မြုပ်ထားတာ…ဒီတော့
မင်းလုပ်ရမဲ့ဟာတွေကို ငါပြောပြမယ်…သေချာလိုက်မှတ်ထားပေတော့ သာအောင်…တစ်ခုခုလွဲချော်ခဲ့ရင်တော့ မင်းတို့အပြင် တစ်ရွာလုံးကို
သရဲမက သတ်စားသွားလိမ့်မယ် ”
” စိတ်… စိတ်ချပါ ကွင်းပိုင်ကြီး ”
ကွင်းပိုင်ကြီးက ကျုပ်လုပ်ရမဲ့ ကိစ္စတွေကို တစ်ခုချင်းရှင်းပြတယ်။ ကျုပ်
လည်း သေချာလိုက်မှတ်ထားရတာပေါ့။
” ကဲ !! ငါသွားမယ် သာအောင် ”
ဟော !! ကွင်းပိုင်ကြီးက ကျုပ်လုပ်ရမဲ့ ဟာတွေကို ပြောပြပီးတာနဲ့
အလာတုန်းကလိုပဲ ခြေသံပြင်းပြင်းနင်းပီးလှည့်ထွက်သွားတာဗျ။ ကျုပ်
လည်း ကွင်းပိုင်ကြီးကို ကမန်းကတန်းကျေးဇူးတင်စကားပြောလိုက်ရ
တာဗျို့။
” ကျေးဇူးတင်ပါတယ် ကွင်းပိုင်ကြီး !! ဒီကိစ္စတွေ ပီးသွားမှ ကွင်းပိုင်
ကြီးကို စားပွဲသောက်ပွဲများနဲ့ ထပ်မံပင့်ဖိတ်လို့ ကျွေးမွေးပါဦးမယ် ”
ကျုပ်ရဲ့စကားဆုံးသွားတဲ့ချိန်မှာ ကွင်ပိုင်ကြီးလည်းကြိမ်တောထဲကိုဝင်
ရောက်ပျောက်ကွယ်သွားပီဗျ။ ကျုပ်လည်း အချိန်ဆိုင်းမနေတော့ပါဘူး
ဗျာ။ ချစ်တင်ကိုလက်ကုပ်ပီးရွာထဲ ပြန်ဝင်လာလိုက်တယ်။ သွားရင်းနဲ့
ကွင်းပိုင်ကြီး ပြောသွားသမျှကိုလည်း ချစ်တင်သိအောင် ပြန်ပြောပြရ
သေးတာပေါ့။ ကျုပ် စကားဆုံးသွားတော့မှ ဒီကောင်က အလန့်တ
ကြားနဲ့ထမေးတာ။
” ဘာ !! ဒါ…ဒါဆိုအဲဒီသရဲမကြီးက ငါ့အဘမွေးထားတဲ့သရဲမကြီးပေါ့ ”
” ဟုတ်တယ် ချစ်တင်… ဘိုးဖေကိုယ်တိုင် အောက်လမ်းဆရာကြီးတစ်
ယောက်ရဲ့အကူညီနဲ့မွေးထားတာလို့ကွင်းပိုင်ကြီးကပြောသွားတာပဲ ”
” ဟာ !! ဒီကိစ္စငါ လုံးဝ မသိရပါလား… မင်းပြောမှ ပဲ ငါသိရတော့တာ သာအောင်ရာ… အဘကတော်တော်လျှို့ဝှက်တာပဲ ”
” မင်းကို မသိစေချင်လို့နေမှာပေါ့ ချစ်တင်ရာ…ဘာမှမပူပါနဲ့ကွာ… အဲဒီအစိမ်းသေ သရဲမကြီးကိုနှင်ထုတ်နိုင်မဲ့နည်းလမ်းကို ကွင်းပိုင်ကြီး
က ငါ့ကို ပြောပြပီး ပါပီကွ ”
” ဟာ !! ဒါဆို တော်သေးတာပေါ့ သာအောင်ရာ ”
” အေးး !! အဲဒီထက် တော်သေးတာက မင်းပဲ ချစ်တင်… တကယ်
တော့ သရဲမွေးတယ်ဆိုတာ အင်မတန်မှကြောက်ဖို့ကောင်းတယ်ကွ…
အစာကျွေးဖို့ တစ်ရက်လေး ပျက်ကွက်သွားတာနဲ့သရဲက မွေးတဲ့သူ
ကိုပြန်သတ်ပီးစားလိုက်တာတွေ ငါအများကြီးကြုံဖူး…တွေ့ဖူးတယ် ”
” အောင်မလေးလေးး !!မင်းပြောမှပဲ ငါဖြင့်လိပ်ပြာတောင်လွင့်ချင်သွား
ပီ သာအောင် ”
” ငါ တကယ်ပြောတာ ချစ်တင်ရ…အခုလည်း သရဲမက မင်းချက်ပြုတ်
ထားတဲ့ ထမင်းဟင်းတွေကိုစားသောက်နေရလို့…မင်းကိုရန်မပြုသေး
တာ ”
” အေးကွာ !! မနက်စောစော ထမင်းကြမ်းမစားရရင်မနေနိုင်လို့ ည
နေစာ ချက်ရင် ပိုချက်တတ်တဲ့အကျင့်လေးက ကယ်သွားတာကွ ”
ကျုပ်နဲ့ချစ်တင် စကားလေးတပြောပြောနဲ့ပြန်လာလိုက်တာ ဒီကောင့်
အိမ်ကိုတောင် ပြန်ရောက်လာပီ။ ရောက်တာနဲ့အိမ်ရဲ့အနောက်ဘက်
ကို တန်းပီးသွားလိုက်တယ်။
အိမ်ရဲ့အနောက်ဘက်မှာ လူတစ်ဖက်စာလောက်ရှိတဲ့ သရက်ပင်ကြီးတစ်ပင်ကိုလည်းတွေ့လိုက်ရပီဗျ။ ကွင်းပိုင်ကြီး ကျုပ်ကိုပြောလိုက်တာ
အောက်လမ်းဆရာက သရဲမကြီးကို ဘိုးဖေခိုင်းစားလို့ရအောင် အဲဒီသရဲမရဲ့ နှလုံးကိုထုတ်ယူပီး အစီရင်တွေနဲ့လုပ်ထားတာဆိုပဲ။
ပီးတော့ အဲဒီအစီရင်တွေနဲ့လုပ်ထားတဲ့ နှလုံးကိုလည်း ဒီသရက်ပင်
ကြီးရဲ့အောက်မှာမြေအိုးတစ်လုံးထဲထည့်ပီး မြုပ်ထားတာတဲ့ဗျာ။ အခု ဘိုးဖေလည်းမရှိတော့ဘူးဆိုတော့ ဒီအစိမ်းသေ သရဲမကို နှင်ထုတ်ဖို့ အတွက် ကျုပ်က အရင်ဆုံး မြုပ်ထားတဲ့ နှလုံးကို ပြန်တူးဖော်ပီး မီးရှို့
ဖျက်ဆီးပစ်ရမှာဗျ။ ပီးတော့မှ ကွင်းပိုင်ကြီး ကျုပ်ကိုသင်ပေးလိုက်တဲ့
စကားတိုင်း သရဲမမိနက်ကို ပြန်ပြောရမှာဗျို့။
ကျုပ်လည်း တုံ့ဆိုင်းမနေတော့ဘူး… ချစ်တင်ကို တူရွှင်းနှစ်ချောင်း
ရယ်…ဓာတ်ဆီနဲ့ မီးခြစ်ကိုပါယူခိုင်းလိုက်တယ်။ ဒီကောင်ပြန်ရောက်
လာတော့ ကျုပ်မှာလိုက်တာတွေ ပါလာတယ်ဗျ။ ဒါနဲ့ နှစ်ယောက်သား သရက်ပင်ကြီးရဲ့ပတ်ပတ်လည်ကို စတူးလိုက်တယ်။
အဲဒီချိန်ထိ သရဲမကြီးရဲ့အရိပ်အယောင်ကို မမြင်ရသေးဘူးဗျ။ တူးသာတူးရတာ တစ်နေရာကများ ကျုပ်တို့ကိုအန္တာရာယ်ပြုဖို့စောင့်ကြည့်
နေမလားဆိုပီးတွေးရင်း နောက်ကျောမလုံဘူးဗျို့။
” ဒုတ် !! ဒုတ် !! ”
ဟော !! ကျုပ် လက်ထဲက သံတူရွှင်းနဲ့ မြေကြီးထဲကတစ်စုံတစ်ခုကို
ထိုးမိသလိုမျိုး အသံထွက်လာတယ်။ ကြည့်လိုက်တော့ မြေကျင်းထဲမှာ တစ်ပိုင်းတစ်စနဲ့ပေါ်နေတဲ့ မြေအိုးလေးတစ်လုံးဗျ။ ကျုပ်ဝမ်းသာအား
ရနဲ့ မြေကြီးတွေကိုလက်နဲ့အသာယက်ထုတ်ပီး မြေအိုးလေးကို နိူက်
ထုတ်လိုက်တယ်။ ပီးတော့ ချစ်တင်ကိုလည်းလှမ်းခေါ်လိုက်တာပေါ့ဗျာ။
” ချစ်တင် !! မင်း တူးနေတာကို ရပ်ထားလိုက်တော့ … သရဲမ ရဲ့
နှလုံးကို ငါတွေ့ပီကွ ”
ကျုပ်အဲဒီလိုအော်ပြောလိုက်တော့ ဒီကောင်က လက်ထဲကိုင်ထားတဲ့
တူရွှင်းကိုလွှတ်ချပီး ကျုပ်ဆီကိုပြေးလာတယ်။ ပီးတော့ ကျုပ်လက်ထဲ
မှာကိုင်ထားတဲ့ မြေအိုးလေးကို စိတ်ဝင်တစားနဲ့ကြည့်နေတာဗျ။ ကျုပ်
လည်း ဒီတော့မှ သေချာကြည့်မိတာဗျို့။
အရွယ်အစားက ခြောက်လက်မ ပတ်လည်လောက်ရှိပီး…အိုးရဲ့
ဘေးပတ်ပတ်လည်မှာလည်း ကျုပ်နားမလည်တဲ့ အင်းကွက်တွေကို
ဆေးမှင်အနက်တွေနဲ့ရေးဆွဲထားတာဗျ။ အဝကိုတော့ ဖယောင်းချပ်
တွေနဲ့ပိတ်ထားတယ်။ အဲဒီ ဖယောင်းချပ်ပေါ်မှာလည်း အင်းလိုလို
စမလိုလို အက္ခရာတွေပါသေးတာဗျို့။
” သာအောင် !! ဒီအိုးထဲမှာ သရဲမကြီးရဲ့ နှလုံးသားက ရှိနေတာလား ”
ချစ်တင်က ကျုပ်ကို မေးလိုက်တာဗျ။ ကျုပ်လည်း ဒီကောင့်အမေးကို
ချက်ချင်းပဲပြန်ဖြေလိုက်တယ်။
” ဒါကလွယ်ပါတယ်ကွာ…ရှိမရှိ သိချင်ရင် အခုပဲဖွင့်ကြည့်ကြတာပေါ့ ”
ကျုပ်က ပြောလည်းပြော အိုးအဝမှာ ပိတ်ထားတဲ့ ဖယောင်းချပ်တွေ
ကိုဆွဲခွာပစ်လိုက်တာဗျ။ ဖယောင်းချပ် ကိုဆွဲခွာလိုက်တာနဲ့ အိုးထဲမှာ
လက်မအရွယ်စားလောက်ရှိတဲ့ အင်းပြားလေးတစ်ပြားနဲ့ အတူ သရဲမ
ကြီးရဲ့ နှလုံးကို တွေ့လိုက်ရတော့တာပဲဗျို့။
အလိုလေးဗျာ !! ကြည့်စမ်းပါဦး နှလုံးကြီးက ခုန်တောင်ခုန်နေသေး
ပါလား… အံ့သြဖို့ကောင်းလိုက်တာ။ ဒီအစီရင်ကို လုပ်ပေးသွားတဲ့
အောက်လမ်းဆရာက တော်တော့်ကိုစွမ်းမဲ့ပုံဗျို့။ ဘာလို့လဲဆိုတော့
ကျုပ်တို့ခုမြင်နေရတဲ့ အစိမ်းသေ သရဲမ မိနက်ရဲ့နှလုံးဟာ သေခါနီး လူတစ်ယောက်ဆီက လတ်လတ်ဆတ်ဆတ် ခွဲထုတ်လိုက်တဲ့ နှလုံးသားလို တဒုတ် ဒုတ်နဲ့ ခုန်နေတာကိုးဗျ။
” အင်းးးဟင်းးးဟင်းးး !! ”
နှစ်ယောက်သား တဆတ်ဆတ် ခုန်နေတဲ့ နှလုံးကြီးကို တအံ့တသြနဲ့
ကြည့်နေတုန်းမှာပဲ နောက်ကျောဘက်ကနေ ကြက်သီးထဖွယ် ညည်းသံကြီးကိုကြားလိုက်ရတော့ ချာခနဲလှည့်လိုက်တာဗျို့။
အောင်မလေးဗျာ !! ရင်ဘတ်ဟောင်းလောင်းနဲ့သရဲမ မိနက်ကဘယ်
ချိန်ထဲက ကျုပ်တို့အနောက်ကိုရောက်နေတယ်မသိဘူး…အစွယ်တွေ ငေါထွက်နေတဲ့ ပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲပီး လက်သည်းချွန်တွေနဲ့
ကုပ်ဆွဲမလို့ လုပ်နေတာဗျို့။
” သာ…သာအောင် !! လုပ်…လုပ်ပါဦးကွ…ငါတို့ကို သတ်တော့မယ်”
ဒီတစ်ခါတော့သရဲမ မိနက်ကို ချစ်တင်လည်း မြင်ပုံရတယ်။ ဒါကြောင့်
လည်း ကြောက်ဒူးတုန်ပီး ကျုပ်ကိုလှမ်းပြောတာဗျ။ ရုတ်တရက် ဆို
တော့ ကျုပ်လည်းလန့်ဖျန့်ပီးဘာလုပ်ရမှန်းမသိ ဖြစ်သွားတာပေါ့ဗျာ။
နောက်တော့မှ ကွင်းပိုင်ကြီး မှာလိုက်တာကိုသတိရပီး လက်ထဲမှာ
ကိုင်ထားတဲ့ မြေအိုးလေးကို မြေပြင်ပေါ်ပစ်ပေါက်ခွဲလိုက်တာဗျ။
” ခွမ်းးးး !! ”
အိုးကအစိပ်စိပ်အမွှာမွှာ ကွဲသွားပီး သရဲမကြီး ရဲ့နှလုံးကလည်း မြေပြင်
ပေါ်ကိုကျသွားတာပေါ့။ ဟာ !! အဲဒီချိန်မှာသရဲမ မိနက်ကလည်း ကျုပ်
တို့နဲ့ လက်တစ်ကမ်း အကွာကို ရောက်နေပီဗျ။
ကျုပ်လည်း အချိန်မဆွဲတော့ပဲ…မြေပြင်ပေါ်ကျနေတဲ့ သရဲမရဲ့ နှလုံးကြီးကို ဓာတ်ဆီနဲ့ လောင်းချပစ်လိုက်တယ်။ ပီးတော့ ချစ်တင်ရဲ့လက်မှာ
ကိုင်ထားတဲ့ နတ်သမီး မီးခြစ်ဆံဘူးလေးကိုလှမ်းယူပီး မီးခတ်လို့
ဓာတ်ဆီ လောင်းထားတဲ့ သရဲမရဲ့ နှလုံးပေါ်ကို ပစ်ချလိုက်ပီဗျို့။
” ဝုန်းးးး !! ဝေါလ် !! ဖျောက်…ဖျောက် !! ”
ဝုန်းခနဲ တက်လာတဲ့မီးတောက်ကြီးက သရဲမရဲ့နှလုံးကြီးကိုခဏလေး
အတွင်းမှာပဲ ဝါးမျို သွားပီဗျ။ ဒီတော့မှ လက်သည်းနဲ့ကုပ်ဆွဲဖို့လာနေတဲ့ သရဲမကြီးက နေရာမှာတင် တုံ့ခနဲရပ်သွားပီး မျက်လုံးပြူးကြီးနဲ့ ကျုပ်တို့ကိုကြည့်လိုက်…မီးလောင်ပီး ပြာဖြစ်သွားတဲ့ သူရဲ့နှလုံးကြီး
ကိုကြည့်လိုက်နဲ့ လုပ်နေတာဗျို့။ ကျုပ်လည်း သရဲမ မိနက်ကိုစေ့စေ့
ကြည့်ပီး ပြောလိုက်တယ်။
” မိနက် !! ကျုပ်တို့က သင့်ကိုရန်ပြုမဲ့ သူတွေမဟုတ်ဘူး…သင့်ကိုချုပ်
နှောင်ထားတဲ့ အနှောင်ဖွဲ့တွေကနေ လွတ်မြောက်အောင်လုပ်ပေးတဲ့ သူတွေပဲ ”
ကျုပ်ပြောလက်စ စကားကို ရပ်ပီး သရဲမ မိနက်ရဲ့ အခြေနေကို အကဲ
ခတ်လိုက်တယ်။ မိနက်က ကျုပ် ပြောနေတာကိုငြိမ်ပီး နားထောင်နေတာဗျ။ ရန်မူမဲ့ပုံမျိုးလည်း မရှိတော့ဘူး… ဒီတော့မှ ကျုပ်လည်း အား
တက်ပီး ဆက်ပြောလိုက်ရတာဗျို့။
” သင့်ကို ပြုလုပ်ထားတဲ့ အောက်လမ်းဆရာရဲ့ အစီရင်တွေကိုလည်း ကျုပ်တို့အခုပဲ ဖျက်ပေးလိုက်ပီ…ပီးတော့ သင့်ကို မွေးထားတဲ့ ဘိုးဖေကလည်း သေသွားပီ…ဒါကြောင့် အခုချိန်ကစပီး သင်ဟာ ဘိုးဖေရဲ့
အခိုင်းအစေမဟုတ်တော့သလို…ဘာမှလည်း လုပ်ပေးစရာမလိုတော့
ဘူး… သင်ဟာ လွတ်လပ်သွားပီ ”
” ဟီးးးးးဟီးးးးးဟီးးးး !! ”
ဟော !! ကျုပ်အဲဒီလိုပြောလိုက်တော့ သရဲမမိနက်က အက်ကွဲခြောက်
ကပ်တဲ့ အသံကြီးနဲ့သဘောကျသလို ထပီးရီလိုက်တာဗျ။ ကြည့်ရတာ
စိတ်ကျေနပ် ပျော်ရွှင်သွားတဲ့ပုံဗျို့။ ဒါနဲ့ကျုပ်လည်း ပြောလက်စ စကားကိုဆုံးအောင်ဆက်ပြောလိုက်တာပေါ့။
” ဤနေရာ…ဤခြံဝင်းမှာလည်း သင် နေလို့ မရတော့သလို…သင်နဲ့
လည်း မသက်ဆိုင်ပေတော့ဘူး… အခုချိန်ကစပီး သင်သွားလိုရာကို
လွတ်လွတ်လပ်လပ် သွားလာနိုင်ပီ…ဒါကိုမလိုက်နာပဲ ဒီမှာ ဆက်နေ
ပီး ဒုက္ခပေးနေဦးမယ်ဆိုရင်တော့ ကွင်းပိုင်ကြီးစံနက်ကျော် ကိုယ်တိုင်
သင့်ကို လာရောက် ရိုက်နှက် ဆုံးမလိ့မ်မယ် ”
” အူးးးးး !! ”
ဟာ !! သရဲမ မိနက်က ကွင်းပိုင်ကြီးဆိုတဲ့ အသံလည်းကြားကော
အသံနက်ကြီး နဲ့တစ်ချက်ကုန်းအော်ပီး နောက်ကို ခြေတစ်လှမ်းဆုတ်
သွားတယ်။ ကြည့်ရတာ မိနက်ဆိုတဲ့သရဲမက ကွင်းပိုင်ကြီးစံနက်ကျော်
ကို တုန်နေအောင် ကြောက်ရတယ်နဲ့တူတယ်ဗျ။
ကျုပ် အဲဒီလိုတွေးနေတုန်းမှာပဲ သရဲမ မိနက်က အနောက်ကို တဖြေး
ဖြေး ဆုတ်သွားပီဗျို့။ ဟော !! ပြေးပီ… ပြေးပီ။ ကျုပ်တို့နဲ့ ခပ်လှမ်း
လှမ်းကိုရောက်တော့ ချာခနဲလှည့်ပီး ပြေးပီဗျ။ ခဏလေးတွင်းမှာပဲ
မြင်ကွင်းကနေ ပျောက်သွားပီဗျို့။
” အူ !! ဝူးးးးးးးး !! ”
ဟော !! သရဲမကြီး ထွက်သွားတဲ့ဘက်က ရွာခွေးတွေ ဆွဲဆွဲငင်ငင်
ထအူနေကြတာဗျ။ ဒီတော့မှ ကျုပ်လည်း အသက်ကိုရဲရဲရူရဲတာဗျို့။
တစ်ချိန်လုံး ကြောက်ဒူးတုန်နေတဲ့ ချစ်တင်လည်း အခုမှပဲ ကျုပ်ကို
စကားပြောနိုင်တော့တယ်။
” ဟာ !! သာအောင် … သရဲမကြီး သွား…သွားပီကွ ”
” အေးး !! ဟုတ်တယ် ချစ်တင်… မင်းဘာမှ စိတ်ပူစရာမလိုတော့ပါ
ဘူးကွာ… ဘေးကင်းသွားပါပီ ”
” ဟုတ်ပါ့မလား သာအောင် !! သရဲမက မင်းကိုကြောက်ပီးပြေးတာ
နဲ့တူတယ်…မင်း မရှိတဲ့ အချိန်ကျမှပြန်လာပီး ငါ့ကိုဂုတ်ချိူးသတ်
မလား မသိဘူး ”
ချစ်တင်ရဲ့ စကားကြောင့် ကျုပ်လည်းသဘောကျပီး ရီရင်းကပြန်ပြော
လိုက်ရတယ်။
” ဟားးးဟားးဟားးး !! ငါ့ကိုကြောက်တာမဟုတ်ပါဘူး…သရဲမမိနက်
က ကွင်းပိုင်ကြီးကိုကြောက်ပီးပြေးတာပါကွ…ငါ့ကို ကြောက်ရအောင်
ငါက ဆရာမှ မဟုတ်တာ ချစ်တင်ရာ… စိတ်ချ ဒီသရဲမ မင်းဆီလာဖို့
မပြောနဲ့ ရွာဘက်ကိုတောင် ခြေဦးလှည့်ရဲတော့မှာ မဟုတ်ဘူး ”
” ဟာ !! တကယ်လား…ဒါဆိုရင်တော့ မင်းကို ကျေးဇူးအားကြီးတင်
တယ် သာအောင်ရာ ”
” ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ… မင်း ကျေးဇူးတင်ချင်ရင် ကွင်း
ပိုင်ကြီးကိုပဲ တင်ရမှာ…သူလုပ်ခိုင်းတဲ့ အတိုင်းလုပ်လို့ အဆင်ပြေ
သွားတာကွ …မနက်ဖြန်ကြတော့ စားပွဲလေး ဘာလေး ပေးလိုက်ပေါ့ကွာ… အဲဒီတွက်လည်း မပူနဲ့ ငါ အားလုံးပြင်ဆင်ပေးပါ့မယ် ”
” ဒါတော့ စိတ်ချ သာအောင် …မင်းမပြောလည်း ငါက စိတ်ကူးရှိပီး
သားပါ ”
” အေးအေး !! ဒါဆိုလည်း မနက်ကျ စီစဉ်ကြတော့ပေါ့… ခုတော့
နားကြရအောင်ကွာ ”
အချိန်က သန်းခေါင်ကျော်သွားပီဗျ။ ကျူပ်နဲ့ ချစ်တင်လည်း စကားစ
ကိုဖြတ်ပီး အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။ ဒီညတော့ ချစ်တင်
ဆီမှာ အိပ်ရတော့မှာပဲ။ မနက်ကျမှပဲ ရောင်နီမလာခင် အိမ်ကို ခပ်
စောစော ထပြန်ပီး ယာထဲ ဆင်းဖို့ ပြင်ရဆင်ရမှာပေါ့ဗျာ။
ဒါပေမဲ့ အဲဒီညက တော်တော်နဲ့အိပ်မပျော်ဘူး။ ရင်ဘတ်ကြီးဟောင်း
လောင်းနဲ့ အစိမ်းသရဲမ မိနက်ကိုပဲ မျက်လုံးထဲ မြင်ယောင်နေတာဗျ။
သူ့ခမျာ သူပုန်က မီးရှို့သတ်လို့သေပီးတာတောင်မှ အောက်လမ်းဆရာရဲ့ လက်ချက်နဲ့ နှလုံးကိုထုတ်ယူခံရပီး ဘိုးဖေခိုင်းသမျှ လုပ်
ပေးနေရတာကိုး။ အခု ဘိုးဖေ မရှိတော့ဘူးဆိုတော့ ဝဋ်တစ်ခုကျွတ်
သွားတယ်ပဲ ဆိုရတော့မှာပေါ့။
အေးပေါ့လေ …သူလည်း အတိတ်ဘဝက ဝဋ်ကြွေးကြီးလို့နေမှာဗျ။
ခုလို ဘဝဆိုးကြီးနဲ့ ဘယ်ချိန်ထိ ပေးဆပ်နေရဦးမယ် ဆိုတာ တော့
ကျုပ်လည်းမသိနိုင်သလို… ခင်များတို့လည်း မသိနိုင်ဘူးပေါ့ဗျာ။
×××××××××××××××××××××××××××××××××××××××
ပြီးပါပီ။
✍️✍️ ~ M T