အစိမ်းသေသားအဖ

*အစိမ်းသေသားအဖ* 📖📖📖

*********************
(ကိုယ်တွေ့ဖြစ်ရပ်မှန် )

လှိုဝှက်ဆန်းကြယ်မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့စာမူလေးပါ

  စာရေးသူတို့ငယ်ငယ်ကနေသောရပ်ကွက်သည်ချောင်းတစ်ခုနှင့်နီးကာဒီရေအတက်အကျရှိသည့်အတွက်ရပ်ကွက်ထဲရေဝင်လေ့ရှိ၏

ထိုချောင်းသည်တစ်နှစ်တစ်ခါလူစားလေ့ရှိသည်နှစ်စဉ်နှစ်တိုင်းတော့အကြောင်းအမျိုးမျိုးကြောင့်ချောင်းထဲတွင်လူသေလေ့ရှိသည့်အတွက်လူကြီးတွေကချောင်းနားသို့မသွားခိုင်းပေ

ဒါပေမဲ့ကလေးတို့သဘာဝချောင်းစပ်သွား၍ချောင်းထဲမှစက်လှေများသဗ္ဗာန်များသွားတာထိုင်ကြည့်ရင်းသဘောကျနေတတ်ကြသည် ။
ချောင်းကဒီရေတက်လာပါကစာရေးသူတို့ရပ်ကွက်အတွင်းရှိအိမ်များသို့ရေများဝင်လာလေ့ရှိကာလမ်းများပါရေများဖုံးလွှမ်းသွားလေသည်။

ဒီရေမတက်ခင်ချောင်းမှဆူညံစွာချောင်းအော်သံတဝေါဝေါပေးကာမကြာခင်ဒီရေသည်ကြည့်နေရင်လျှင်မြန်စွာရပ်ကွက်အတွင်းသို့ဝင်ရောက်စီးဆင်းလာလေသည် ။

ထိုအခါမျိူ းတွင်ရပ်ကွက်အတွင်းမှကလေးများအလွန်ပျော်ကြလေသည်ရေထဲတွင်ပြေးလွှားဆော့လိုက်ရေထဲကပါလာသောငါးကလေးများလိုက်ဖမ်းလိုက်ကားဘီးအဟောင်းများဖြင့်လှေစီးတမ်းကစားလိုက်ဖြင့်မနားတမ်းအမျိုးစုံအောင်ဆော့ကြလေသည်  ။

ရေပြန်ကျသွားပါကရပ်ကွက်အလည်ရှိကစားကွင်းကြီးသည်ရပ်ကွက်ထက်နိမ့်သောကြောင့်ကွင်းထဲတွင်ရေများကျန်သေးတာမို့ချောင်းသာရောက်နေသလိုရေဆင်းကူးကြစက္ကူလှေများလွှတ်ကြနှင့်အပျော်ကြီးပျော်နေကြပေသည်  ။

  တစ်ခါတလေချောင်းကညဘက်ကြီးတဝေါဝေါဖြင့်ဆူညံစွာအော်နေတာကိုတစ်ရပ်ကွက်လုံးကြားနေရသည့်အခါအိမ်ကရှေ့မှီနောက်မှီအလွန်ဗဟုသုတရှိသောအဖွားကစာရေးသူတို့ကလေးများကိုခေါ်၍ပြော၏။

”’ဟဲ့ကလေးတွေချောင်းအော်သံတွေကြားတယ်မဟုတ်လားချောင်းဘက်ကိုမသွားနဲ့နော်ချောင်းကလူမစားရလို့အော်နေတာဒီအသံတွေကြားရင်မကြာဘူးလူသေတတ်တယ်” ‘

                                                                        အဖွားပြောတော့စာရေးသူတို့ကလေးတွေနည်းနည်းကြောက်သွားကာချောင်းဘက်မသွားပဲညိမ်နေလိုက်သည်နောက်နှစ်ရက်လောက်နေတော့ချောင်းထဲတွင်လူသေအလောင်းပေါ်လာ၍

တစ်ရပ်ကွက်လုံးသွားကြည့်ကြတာပွဲတော်ကြီးလိုဖြစ်နေသည်စာရေးသူတို့ကလေးတွေကရှေ့ဆုံးကဖြစ်ကာအပြေးအလွှားသွားကြည့်ကြကာကြောက်ရကောင်းမှန်းမသိကြပေ

  တစ်နေ့မှာတော့ချောင်းအော်သံများဆူဆူညံညံကြားရပြန်သည်ရပ်ကွက်ထဲကလူကြီးများကစိုးရိမ်စိတ်ဖြင့်အလုပ်ရှုတ်ကာရပ်ကွက်အတွင်းကခွေးလေခွေးလွင့်များအားဖမ်းကာချောင်းအတွင်းသွားပြစ်လိုက်ကြသည်။

အဖွားပြောတာကတော့လူအစားခွေးသွားပြစ်ကြွေးတာလို့ပြောတာပဲစာရေးသူတို့ကတော့အဖွားပြောတာသိပ်နားမလည်ပေမဲ့ချောင်းအော်သံကတော့ရပ်သွားလေသည်။

ဒီလိုနဲ့ရာသီတွေပြောင်းပြီးတစ်နှစ်ပြီးဆုံးလို့ကျောင်းတွေပြန်ဖွင့်တဲ့အခါစာရေးသူတို့ရပ်ကွက်အတွင်းမူလတန်းကျောင်းကလေးတွင်စာရေးသူကလေးတန်းတက်ရသည်။

စာရေးသူ၏ဘေးမှာထိုင်သောအခန်းဖော်သူငယ်ချင်းဖြူဖြူဆိုသောကောင်မလေးတစ်ယောက်နှင့်ခင်သွားကြ၏သူမကအလွန်ချစ်စရာကောင်းပေသည် ။
တစ်ညမှာအိပ်နေရင်းချောင်းအော်သံကိုကျယ်လောင်စွာကြားရကာလန့်နိုးသွားလေသည်ချောင်းထဲမှာဘာတွေများဖြစ်အုံးမလည်းလို့တွေးကာမနက်မှအဖွားကိုပြောမယ်လို့စိတ်ကူးရင်းပြန်အိပ်လိုက်သည် ။

                                                                         မနက်မိုးလင်းအဖွားကိုမပြောဖြစ်ပဲကျောင်းတက်လို့မှမကြာသေးကလေးတစ်ယောက်နဲ့လူကြီးတစ်ယောက်ချောင်းထဲခုန်ချလို့ဆိုတဲ့သတင်းကြားတော့ကျောင်းကဆရာမတွေကောကလေးတွေပါသိချင်နေကြသည်အရေးထဲအခန်းဖော်ဖြူဖြူကလည်းကျောင်းမလာပေ

နေ့လည်ကျောင်းဆင်းတော့ဖြူဖြူတိ့ုအိမ်ရှေ့တွင်လူများတရုန်းရုန်းဖြစ်နေရာစာရေးသူလည်းလူအုပ်ထဲဝင်၍စပ်စုကြည့်ရာချောင်းထဲခုန်ချသွားသူမှာဖြူဖြူနှင့်သူ့အဖေဆိုတာသိလိုက်ရတော့ဝမ်းနဲစွာအိမ်ပြန်လာ၏။

အိမ်ရောက်မှအမေပြော၍အကြောင်စုံသိရတာကဖြူဖြူအမေသည်လင်ငယ်နေသောကြောင့်ဖြူဖြူအဖေကသမီးကလေးမျက်နှာထောက်ရန်တောင်းပန်ပေမဲ့မရရပ်ကွက်ထဲကလူတွေကလည်းလင်ငယ်နှင့်မကြာခဏတွေ့နေလို့ဝိုင်းပြောရာရှက်တာရောစိတ်ညစ်တာရောပေါင်း၍ရေထဲခုန်ချကာသတ်သေခြင်းဖြစ်သည် ။

သူသေရင်သူ့့သမီးကလေးပထွေးနှင့်နေရမည်စိုးတဲ့အတွက်သမီးကိုအတင်းဆွဲခေါ်သွားတာဖြစ်၏ချာင်းဘေးမှာနေသောအဖိုးကြီးတစ်ယောက်ကပြောသည်မှာဖြူဖြူကအတင်းရုန်းကန်နေ၍ဖိနပ်ပင်ဘယ်တစ်ဖက်ညာတစ်ဖက်တစ်ဖက်စီဖြစ်ကာခပ်ဝေးဝေးရောက်နေပေသည်။

အတင်းဆွဲခေါ်၍ပါသွားခဲ့တာဖြစ်ပေမည်ကလေးမလေးငိုသံကြားတော့အဖိုးကြီးကသူတို့သားအဖရန်ဖြစ်နေတယ်ထင်ပြီးအမှတ်တမဲ့နေရာမှရေထဲခုန်ချသွားမှသိလေသည်  ။
ထမင်းဘူးကလေးလည်းမှောက်ကာကျောင်းလွယ်အိပ်ကလေးကချောင်းစပ်တွင်တွေ့ရကာစာအုပ်များပြန့်ကျဲနေသည်။

စာရေးသူကအဖွားနှင့်ချောင်းစပ်သွားကြည့်ကာမျက်ရည်မခိုင်ပဲငိုမိပေသည်   ။
တစ်ရပ်ကွက်လုံးစိတ်မကောင်းဖြစ်ကာဖြူဖြူအမေအားဝိုင်းဆဲလိုက်ဖြူဖြူအဖေအားကလေးပါခေါ်သွားရမလားလို့အပြစ်တင်လိုက်နဲ့တစ်ရပ်ကွက်လုံးဒီအကြောင်းသာဖုံးလွှမ်းနေလေသည် ။

                                                                                                                                           နောက်တစ်ရက်တွင်ရဲများနှင့်ရပ်ကွက်လူကြီးများစုကာသေသူများ၏ခေါင်းအုံးမျှောကာအလောင်းရှာပွဲကျင်းပတော့စိတ်ဝင်စားသူများကမ်းလုံးညွတ်များလူများပြည့်နေသည်။

စာရေးသူတို့ကကျောင်းကဆရာမများနှင့်လိုက်ကာသွားကြည့်ကြသည်  ။

  ဖြူဖြူတို့သားအဖရေထဲဆင်းသွားသောနေရာတွင်ဌက်ပျောပွဲအုန်းပွဲနှင့်တတ်သိနားလည်သူများမှတင်မြှောက်၍ဖြူဖြူတို့သားအဖအလောင်းအားနေရာပြရန်ပြောနေသည်ကိုကဝမ်းနဲစရာအလွန်ကောင်းလေသည် ။

ပြောဆိုပြီးမှဖြူဖြူတို့သားအဖအိပ်သောခေါင်းအုံးနှစ်လုံးအားရေထဲသို့မျောလိုက်လေသည်  ။

ထိုအခါဖြူဖြူ့အဖေခေါင်းအုံးသည်ရေလယ်တွင်တဝဲဝဲတလည်လည်နှင့်လည်နေကာဖြူဖြူရဲ့ခေါင်းအုံးလေးကတော့ရေစီးနှင့်မျောပါသွားရာဆရာမများနှင့်ကျောင်းသူကျောင်းသားများငိုကြသည်။

စာရေးသူတို့ကလေးတွေလည်းခေါင်းအုံးမျောပွဲကြည့်ကာဖြူဖြူအတွက်စိတ်မကောင်းပေလာကြည့်သောလူအုပ်ကြီးလည်းမျက်ရည်မဆည်နိုင်ကြပေ ။
ထူးဆန်းသည်ကမျက်ရည်လုံးဝမကျသောဖြူဖြူ့အမေဖြစ်သည်ဖြူဖြူအဖေရေးပေးခဲ့သောသေတန်းစာနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပေးခဲ့သောဖြူဖြူ့အဖေရဲ့မေတ္တတရားနှင့်ကိုယ်ရင်နှင့်လွယ်မွေးခဲ့သောသမီးကလေးကိုပင်သံယောစဉ်ပြတ်နိုင်သောကြောင့်ဒေါသထွက်ကာတစ်ယောက်တပေါက်ပြောနေသောလူအုပ်ကြီးကိုရဲနှင့်ရပ်ကွက်လူကြီးများကဝိုင်းတားနေရပေသည်  ။

နောက်တစ်နေ့မနက်မှာတော့ဖြူဖြူအဖေအလောင်းသည်ကမ်းစပ်တွင်ပုတ်ပွ၍ပေါ်လာကာဖြူဖြူ့အလောင်းကိုတော့မတွေ့ရပေနောက်၃ရက်၄ရက်လောက်မှာတော့ချောင်းဟိုဘက်ကမ်းတွင်ကလေးအလောင်းတစ်လောင်းတွေ့သည်ဟုသတင်းကြားလေသည်  ။
သူတို့သားအဖခုနှစ်ရက်ရက်လည်တဲ့နေ့မှာတော့ဖြူဖြူတို့နာရေးအိမ်သို့ရပ်ကွက်ကလူများကဖြူဖြူ့အမေကိုမုန်းသောကြောင့်ဘယ်သူမှမသွားဖြူဖြူ့အဖေရုံးကမိတ်ဆွေအနည်းငယ်နှင့်ဖြူဖြူကျောင်းမှဆရာဆရာမများနှင့်ကျောင်သူကျောင်းသားများသာသွားကြလေသည်   ။
ဖြူဖြူဆုံးပြီးစာရေးသူတို့ကလေးတသိုက်ညဘက်ဖြူဖြူတို့အိမ်နားကမုန့်ဆိုင်တွင်မုန့်သွားဝယ်စားကြရာဖြူ့ဖြူ့အိမ်ပေါက်ဝတွင်ရပ်နေသောဖြူဖြူ့အားတွေ့ကြရာငယ်သံပါအောင်အော်၍ပြေးကြလေသည်  ။

ရပ်ကွက်ထဲကလူများလည်းဖြူဖြူတို့သားအဖကိုဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်ဖြင့်မကြာခဏတွေ့ကြရာစိတ်မကောင်းဖြစ်နေကြ၏

ဖြူဖြူတို့သားအဖတစ်လပြည့်ပြီးတော့ရပ်ကွက်ကလူတွေအမုန်းဒဏ်ကိုမခံနိုင်သောဖြူဖြူအမေသည်အိမ်တံခါးပိတ်ကာပြောင်းသွားလေသည် ။
သူပြောင်းသွားပေမဲ့ဖြူဖြူတို့သားအဖကတော့ပါမသွားသူတို့အိမ်မှာပဲရှိနေကြကာရပ်ကွက်ထဲကလူတွေကလည်းမြင်ရဖန်များတော့ရိုးလာလေသည်    ။
တစ်ညမှာတော့ရပ်ကွက်ထဲဖြူဖြူအဖေနှင်ခင်သောဘုန်းကြီးကျောင်းရှေ့တွင်ခွေးများမတရားအူနေရာဘုန်းကြီးကကျောင်းပေါက်ဝထွက်ကြည့်တော့ဖြူဖြူနှင့်သူအဖေကိုအဝတ်အစားများရေစိုနေကာရေစက်လက်ဖြင့်တွေ့လိုက်ရသည်ဖြူဖြူ့အဖေကဘုန်းကြီးအား

”’    အရှင်ဘုရားတပည့်တော်တို့သားအဖကိုကယ်ပါဒီ           ဘဝကနေကျွတ်အောင်လုပ်ပေးပါ”’

ဖြူဖြူတိုသားအဖကငိုနေတာတွေ့တော့ဘုန်းကြီးလည်းကတိပေးလိုက်သည်အမျှလဲဝေလိုက်သည် ။
သူတို့သားအဖပျောက်သွားတော့ဘုန်းကြီးကအတော်စိတ်မကောင်းဖြစ်သွားသောကြောင့်မိုးလင်းတော့ရပ်ကွက်ကလူကြီးများဖြင့်တိုင်ပင်ကာဖြူဖြူတို့သားအဖအားဖိတ်၍တစ်ရပ်ကွက်လုံးစုပေါင်းကာဘုန်းကြီးကျောင်းတွင်အလှုူလုပ်၍အမျှပေးလိုက်လေသည် ။

အဲဒီနောက်မှာတော့ဖြူဖြူတို့သားအဖအားမတွေ့ရတော့ပါ  ။
စာေရးသူ D Moe Moeအားလေးစားလျက်