“” အစွဲကြီးတဲ့ အဖွားသရဲ “” ( စ/ဆုံး )
××××××××××××××××××××××××××××××
( “သူတို့ပြောတဲ့ ပရလောကသားများအကြောင်း” မှာ
” ဘုန်းကြီးကျောင်းကသရဲ” နာမည်နှင့်ရေးခဲ့ဖူး)
*****************–**************–*************
ကျုပ်နာမည် မောင်ဘသျှံ။
အကုန်လုံးကတော့ သျှံလို့ခေါ်ကြတယ်။
ကျုပ်က ဖိုးသူတော် အဲ ဦးသူတော်ပေါ့။
အဲဒီတုန်းကတော့ ဘုန်းကြီးကျောင်းပညာရေးခေတ်ပေါ့။
ကျုပ်တို့ရွာရဲ့ ဘုန်းကြီးကျောင်းမှာ ယောဂီတွေအတွက် သင်္ခန်း
ဆောက်လုပ်နေတုန်း၊ အလှူရှင် အဖွားကြီး သက်ကြီးရောဂါနဲ့
ကျောင်းဝင်းထဲမှာပဲ ဆုံးသွားပါလေရော။
အဲ အဖွားက သင်္ခန်းအတွက် သူသိပ်အားခဲထားခဲ့တော့
အဲဒီစိတ်က သူ့ကိုချုပ်နှောင်ထားတယ်ထင်တယ်၊
အဖွားသေတဲ့
နေ့ကစပြီး ခြောက်လိုက်တဲ့သရဲ
ဘုန်းကြီးကျောင်းကိုတောင် လူသိပ်မလာရဲတော့တဲ့အထိဖြစ်သွားတာ။
တစ်ချို့ ကျောင်းသားတွေရဲ့မိဘတွေက သူတို့ရဲ့သားကို ကျောင်းသို့
မလွှတ်ရဲတော့ကြဘူး။
နေ့တိုင်း ဘုရားရှိခိုးသံ၊ မေတ္တာပို့သံ၊ အမျှဝေသံ၊ တွေနဲ့
ထုံမွှန်းနေတဲ့ နေရာမှာတောင် မကျွတ်လွတ်နိုင်ဘူးဆိုရင်……..
×××× ×××× ××××
တစ်ညတော့
ကျုပ် ကုဋီသွားချင်လာတော့ တစ်ခြားကျောင်းသားတွေကို နှိုးပေမယ့်
မရတော့။
တစ်ယောက်တည်း အရဲစွန့် သွားရတော့တယ်။
ကုဋီက သင်္ခန်းရဲ့ တစ်ဖက်မှာရှိတာကိုးဗျ။
အဲဒါနဲ့ပဲ အရေးစွန့်သွားပြီး ကုဋီတတ်နေတုန်း ကုဋီရှေ့အုန်းပင်က
ကြွေလိုက်တဲ့အုန်းသီး၊ ဟောတစ်လုံး၊ ဟောတစ်လုံး။
ကျုပ်လည်းကြောက်တဲ့အထဲ လောဘကကြောက်စိတ်ကိုအနိုင်ယူ
သွားတာပေါ့။
ကုဋီက မြန်မြန်ဆန်ဆန်ထွက်ပြီး အားတတ်သရောကြည့်လိုက်ပေမဲ့
ဘာအုန်းသီးမှ မရှိတာဗျို့။
ကျုပ်လည်းကြောင်သွားပြီး ခေါင်းကုတ်ကာ ကြည့်နေတုန်း
” အုန်း” ဆိုတဲ့ အသံနဲ့အတူ အုန်းပင်ပေါ်က
တစ်ခုခုပြုတ်ကျလာပြန်တယ်။
ကျုပ်လည်း ဝမ်းသာအားရကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ
နင့်မေကလွှား ခေါင်းပြတ်ကြီး ဖြစ်နေတာဗျို့။
ခေါင်းပြတ်ကြီးဖြစ်နေတာ။
မရှက်စတမ်း ပြောရရင် ကျုပ်ဆို နေရာမှာတင် သေးတွေထွက်လို့။
ဒီကြားထဲ ခြေကကြွတ်တတ်နေလို့ ပြေးမရဖြစ်နေတာဗျို့။
ခေါင်းပြတ်ကြီးကို ကြည့်လိုက်တော့ ကျုပ်ကိုရယ်ပြနေတာဗျို့။
ကျုပ်မှာကြောက်လိုက်တာ နှလုံးခုန်ရပ်မတတ်ပါပဲ။
အဲမှာ ကျုပ်ရဲ့ အကြောက်လွန်တဲ့စိတ်ကြောင်း အော်လိုက်တဲ့
အသံကြောင်းထင်တယ်။
ဆရာတော်ဘုရား နဲ့ ကျောင်းသားနှစ်ယောက် ဆင်းလာတယ်။
အဲဒီအချိန်မှာကြည့်လိုက်တော့။
ခေါင်းပြတ်ကြီးမဟုတ်ပဲ ပုံမှန် အုန်းသီးပဲဗျ။
ဒါပေမဲ့ ကျုပ်မြင်ခဲ့တာကိုတော့ ကျုပ်ပဲသိတယ်။
******************
ဆရာတော်ဘုရားကတော့
အိပ်ခါနီး နေ့တိုင်း ဘုရားရှိခိုးမပျက်ဖို့၊ မေတ္တာပို့မပျက်ဖို့၊
မှာကြာူတော်မူတယ်။
တစ်နေ့ နေဝင်ခါစ ညနေအချိန်၊
ကျောင်းသားတွေ၊ ကိုရင် ဦးပဉ္ဇင်းတွေ၊ ဦးသူတော်တွေ ကို
၅၅၀ နိပါတ်တော်လာ
မဟာသုတသောမ ဇာတ်တော်ကို ပြောဟော ဆုံးမနေတုန်း
ကျောင်းရှေ့လှေကားရင်းက ခြေဆေးကန်မှာ ခြေဆေးတာ၊
ရေသွန်တာ ဝေါကနဲ ဝေါကနဲပဲ။
ဒါပေမဲ့ အကောင်အထည်ကိုတော့မမြင်ရဘူး။
ရေခွက်နဲ့ ရေကိုပဲမြင်ရတယ်။
အဲမှာ ကလေးတွေက ကြောက်လာတာကြောင်း၊
ဆရာတော်ဘုရားက အော်ငေါက်လိုက်တယ်၊
ဒီတော့မှ ချက်ချင်းတိတ်သွားတာဗျို့။
တစ်ခါဆိုရင်
ကျုပ်တို့ ဆရာတော်ဘုရားကြီးကို ဝတ်ကြီးဝတ်ငယ်ပြုစုပြီးလို့
အိပ်ရာဝင်မယ်လုပ်နေတုန်း
ကျောင်းပေါ်ကိုခြေဖနှောင့်ဆောင့်ကာ
ဒုန်းစိုင်းပြီးတတ်လာသေးတာ ဒင်းက။
**************
အလှူရှင်မရှိတော့ ဆောက်လက်စသင်္ခန်းကလည်း တစ်ဝက်တပျက်။
ဒီလိုနဲ့ အဖွားကြီးသရဲကလည်း ခြောက်၊
အလှူရှင်မရှိတဲ့သင်္ခန်းကလည်း တစ်ဝက်တပျက်နဲ့။
ဝါတွင်းကာလသို့ရောက်လခဲ့တယ်။
ဝါတွင်းကာလရဲ့ တစ်ခုသော ဥပုသ်နေ့
ညနေ တရားနာ သီလခံယူ ဆောက်တည်လို့ အပြီးမှာ၊
လေမတိုက်၊ ငလျင်မလှုပ်ပါပဲ သီလခံယူတဲ့ ကျောင်းဆောင်
တစ်ခုလုံး ဒယိမ်းဒယိုင်လှုပ်တော့တာပဲဗျို့။
သွပ်မိုးတွေတောင် ကွာကျတော့မလိုလို။
ဥပုသ်သည်တွေဆင်းပြေးတာမှ ရုပ်ပျက်ဆင်းပျက်။
ဆရာတော်ဘုရားက မပြေးနဲ့ပြောလဲ မရတော့ဘူး။
အဲဒီညမှာပဲ
ဆရာတော်ဘုရားကို အိမ်မက်လာပေးတယ်တဲ့။
” အဲ အဖွားကြီးက သင်္ခန်းကို အမြန်ဆုံးပြီးစီးစေချင်ကြောင်းနဲ့
သူမလည်း ဒီဘဝကနေ ကျွတ်လွတ်ချင်ကြောင်း” ကိုပေါ့။
မနက်ရောက်တော့ ဆရာတော်ဘုရားက ဥပုသ်သည်တွေနဲ့
ရွာသူရွာသားတွေကိုခေါ်ကာ
အကျိုးအကြောင်းပြောပြလိုက်တော့မှ၊
ရွာသားတွေလည်း တတ်စွမ်းသမျှ လှူဒါန်းကြတော့၊
သင်္ခန်းလည်းဝါတွင်းကာလမှာပဲ မြန်မြန်ဆန်ဆန်ပြီးစီးသွားတယ်။
ပုဂ္ဂလိက အလှူက အများအလှူဖြစ်သွားတော့ အကုန်လုံး
ဝမ်းသာပီတိကိုဖြစ်လို့။
နောက်တစ်ခုက
သင်္ခန်းကို တဖန်စလုပ်တဲ့နေ့ကတည်းက သရဲလုံးဝ မခြောက်တော့
တာဗျို့။
ဒါမေ့
ညညဆိုရင် ဆောက်လက်စ သင်္ခန်းထဲ တံမြက်လှည်းသံကိုတော့
နေတိုင်းကြားရတယ်။
ဒီလိုနဲ့ သင်္ခန်းရေစက်ချပွဲမှာ အဖွားအတွက်ရည်စူးပြီး
ကုသိုလ်ပြု အမျှဝေ ရေစက်ချကြတာပေါ့။
အမျှမဝေမီကတည်းက တင်ကြိုပြီး
အဖွားကို တရားနာဖို့၊ သာဓုခေါ်ဖို့၊ အထူးဖိတ်ကြားထားပြီး
သူမ အတွက် သီးသန့်နေရာတစ်ခုလည်းခင်းပေးထားလိုက်တယ်။
သင်္ခန်းရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြီးတော့ အဲအဖွားအတွက်
ခင်းထားတဲ့နေရာကနေ လိပ်ပြာဖြူလေး တစ်ကောင်ရုတ်တရက်
ထွက်လာပြီး၊
အကုန်လုံးကြည့်နေကြစဉ်မှာပဲ ပျံတတ်သွားတာဗျ။
ကျုပ်ကတော့ အဖွား လို့ထင်တယ်။
အဲနေ့ကစပြီး ” အစွဲကြီးတဲ့ အဖွားသရဲ” ကို နောက်ထပ်
မတွေ့ရတော့တာ၊
” ကျုပ် မောင်ဘသျှံ တစ်သက်ပါပဲ”
××××××× ××× ××× ××× ××× ××××× ××××××
×× ×× ×× ×× ×× ×× ××× ××××× ×××××× ××××
{ ပြီးပါပြီ }
ဆန္ဒ နဲ့ ဘဝ ထပ်တူကျနိုင်ကြပါစေ။
📝📝📝 လေးစားစွာဖြင့် = wizard📝