အစွဲကြီးသူ(စ/ဆုံး)
——————-
မြိုင်တန်းရွာက ရွာငယ်သလောက်
အမူးသမားအရမ်းသမားတွေပါသည်
ရွာထဲအရက်ဆိုင်ရှိတော့ နေ့ညမပျက်လူတွေက မူးရူးနေတာပေါ့
အဲ့သလိုမူးရူးတဲ့အထဲ အေးသာထူးတစ်ယောက်လည်းအပါအ၀င်ပါ
အေးသာထူးက ရွာ၌လူကြီးဖြစ်သလို တစ်ခုခုရပ်ရေးရွာရေးကိစ္စဆိုလျှင် ရှေ့မှဦးဆောင်ပြီးလုပ်တတ်ပေမယ့် မူးလာပြီဆိုပါက တစ်ရွာလုံးကိုဆူပူသောင်းကျန်တော့သည်
ရွာနီးချောင်းစပ်တွင် သားသတ်မည်ဆိုလျှင်လည်း
သူပဲဦးဆောင်၏ ဒါကြောင့်ရွာကလူတွေတော်တော်များများက အေးသာထူးအား မျက်မုန်းကျိုးကြသည်
တစ်နေ့အေးသာထူးတစ်ယောက် ရွာအနောက်ဖက် ဆည်ထဲမှပြန်လာခဲ့လာတယ် အရက်ကလည်းမူးမူးနဲ့ပေါ့ တစ်ရွာလုံးနဲ့မတည့်သလို မုန်းနေတဲ့သူတွေလည်းရှိ၏
ထိုသို့ဆည်ထဲကပြန်လာတုန်း ရွာစပ်က ရွှေတင်တို့လက်ဖက်ရည်ဆိုင်တွင် တိုးမောင်တစ်ယောက်အေးသာထူးအကြောင်းအားလှောင်ပြောင်ဆိုနေတယ် နဂိုကတည်းကရန်စရှိတော့ ၀င်လာတဲ့အေးသာထူးက တိုးမောင်စကားတွေကိုကြားသွားခဲ့၏
” ဘုန်း….”
အိမ်ထရံကို ပေါက်တူးနဲ့ဘုန်းခနဲမြည်အောင်ထုလိုက်တော့ တိုးမောင်လန့်ပြီးနောက်ကိုကြည့်လိုက်ရာ
” ခွေးမသား မျိုးမစစ်ကောင်
ကိုယ့်ထမင်းကိုစားပြီး အရှက်မရှိ
ငါ့ကိုအတင်းလိုက်ပြောနေတယ်ပေါ့
အေးဟုတ်တယ် ငါကမင်းပြောသလို
ရွာကငွေတွေကို ယူထားတယ်ကွာ
အဲ့တော့မင်းဘာလုပ်ချင်လဲ”
အေးသာထူးက အဲ့လိုပြောတော့ တိုးမောင်လည်းဘယ်နေမလဲ လက်ဖက်ရည်ဖန်ခွက်ကို ခွန်းခနဲမြည်အောင်ခွဲချလိုက်ပြီး
” အဲ့တာကြောင့်ပြောတာပေါ့
ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားလူမျိုးဆိုတာ အခုပဲကြည့် အသက်ကြီးပြီးအချိန်မစီးတဲ့ စကားတွေပြောပြီး ဖွက်ထားတဲ့အကြောင်းတွေပေါ်တော့တာ”
အေးသာထူးဘာမှဆက်မပြောဘဲ ပါလာတဲ့ပေါက်တူးနဲ့ခုတ်ပါလေရော
” အမယ်လေး လာကြပါအုံး အရပ်ကတို့ရေ….
ဒီမှာ အေးသာထူးနဲ့
တိုးမောင်ရန်ဖြစ်နေကြတယ်တော့ ကျုပ်ဆိုင်ခန်းကုန်ပါပြီ လာကြပါအုံး”
အနီးနားက လူတွေ၀ိုင်းဆွဲမရ ဖျန်ဖြေလို့မရ ရန်ပွဲကအတော်ပြင်းထန်၏ မူးနေတဲ့အေးသာထူးက အလွဲလွဲအချော်ချော်ခုတ်ပေမယ့် တိုးမောင်က ဒေါသမထိန်းနိုင်ဘဲ ခါးကြားတွင်ကြပ်ထားတဲ့
ဓားမြှောင်နဲ့ သုံးချက်တိတိထိုးချလိုက်တော့တယ်
အေးသာထူးပစ်လဲကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတော့ တိုးမောင်ဓားကိုချကာ ထိုနေရာမှာတစ်ချိုးတည်းပြေးထွက်သွားခဲ့သည်
ခနကြာတော့ အေးသာထူးတို့မိသားစုရောက်လာကြတယ် သူတို့လဲရောက်ရောအေးသာထူးတစ်ယောက်ထိုနေရာတွင်ပဲအသက်ပျောက်သွားတော့၏
အဲ့မှာ သမီးဖြစ်သူ မိန်းမဖြစ်သူတို့မှာ၀ိုင်းငိုကြပါလေရော မိန်းမဖြစ်သူက ငိုရုံတင်မကဘူး တိုးမောင်ကို မကျေနပ်ဘူးဆိုပြီး အမျိုးမျိုးစိန်ခေါ်သေးတာ
နောက်တော့ အလောင်းကိုသယ်ပြီး နေကျသည်နှင့်အသုဘအခမ်းအနားပြင်ရတော့သည် ရွာကိုတာ၀န်ရှိသူတွေရောက်လာပြီး တိုးမောင်အားထိုနေ့ပင်ဖမ်းဆီးသွားခဲ့၏
အေးသာထူးအိမ်မှာကား ဆွေမျိုးသားချင်းများနှင့်
သူ့ရဲ့မိသားစု၀င်တွေ ပြီးတော့အသုဘကိုစီစဥ်ကျတဲ့ လူကြီးပိုင်းအမျိုးသား ဆယ်ကိုးယောက်ခန့်
” အေးသာထူးက အစိမ်းသေတာနော်
သေရင်ကျွတ်မယ်မထင်ဘူး ”
” အေးဟုတ်တယ် နဂိုတည်းက
သူပိုင်တဲ့ဆည်ကြီးကိုတမ်းတမ်းစွဲဖြစ်နေတာ
ကျုပ်တော့ ဆည်ထဲကိုကမာကောင်တွေသွားမခပ်ရဲ့တော့ဘူး တော်ကြာ….”
” ဟဲ့ ဟိုမှာသူ့အစ်ကိုလာနေတယ် မပြောနဲ့တော့”
လုံးစိန်တို့ သိန်းသိန်းခင်တို့မိန်းမတစ်စု အိမ်ရှေ့ကိုလာပြီး စပ်လားစုလားလုပ်ကာ အေးသာထူးကိုဝေဖန်ပြောဆိုနေကြသည်
ဒီလိုနဲ့ ညရောက်လာခဲ့တော့ အိမ်၀ိုင်းထဲ၌ အရက်သမားအုပ်စုရယ် ဖဲသမားအုပ်စုရယ်ပဲကျန်တော့တယ် တခြားသူတွေက ညနေကတည်းပင် အသီးသီးအိမ်ပြန်ကြသဖြင့်ဖြစ်၏
၀ိုင်းထဲတွင် အရက်သမားတို့ရဲ့ ဆူပူသံ ဖဲသမားတို့နဲ့ တစ်ပေါက် ရှစ်ပေါက် ကိုးပေါက် ဘူကြီးပဲကွာ ဆိုတဲ့အသံက ပွက်လောရိုက်နေတယ်
တဖြည်းဖြည်းညနက်လာမှ အရက်သမားတွေကအရင်အိပ်ပျော်သွားခဲ့ရာ ဖဲသမားအုပ်စုသာရှိတော့၏
” ဒီပွဲပြီးရင်ပြန်တော့မယ်ကွာ
အိပ်ချင်နေပြီ ဂျစ်တူးမင်းရော မပြန်သေးဘူးလား”
” အေး ပြန်တော့မယ်”
သန်းခေါင်လောက်ရောက်တော့ ဂျစ်တူးနဲ့ဖိုးချစ်မင်းတို့နှစ်ယောက်သား ဖဲ၀ိုင်းမှထလာခဲ့ကြသည်
သူတို့နှစ်ယောက်ခြံ၀ိုင်းကထွက်လိုက်သည်နှင့်
အခေါင်းစင်ဆီက တဒုန်းဒုန်းထုရိုက်သံတစ်ချို့ကြားလိုက်ရတယ်
” ဟေ့ရောင် မင်းကြားလိုက်လား”
နှစ်ယောက်သားပြိုင်တူလှည့်ကြည့်လိုက်တော့ ဘာမှမတွေ့ရ အဲ့တော့ဂျစ်တူးတို့မှာ ကိုယ့်အိမ်ကိုပြန်ရန်
လမ်းခွဲလိုက်ကြ၏
ဖိုးချစ်မင်း တစ်ယောက်ထဲ အမှောင်ထဲတွင် တစ်ယောက်ထဲလမ်းလျှောက်လာရာ ခနကြာတော့
” ရှဲ ရှဲ ရှဲ……”
လေတိုက်သံတစ်ချို့နဲ့ ခြေသံခပ်တိုးတိုးလေးကို အတိုင်းသားကြားလိုက်ရသည် ခြေသံက သူ၏နောက်မှ ကပ်လိုက်လာခြင်းပင်
ဖိုးချစ်မင်း ဆံပင်းမွှေးတွေထောင်တတ်လာသလိုခံစားလိုက်ရပြီးကျောထဲစိမ့်ခနဲ့နေအောင်ကြောက်မိသွားတယ်
မလုံမလဲနဲ့နောက်ကိုလှည့်ကြည့်တော့ အမှောင်ထုမှလွဲပြီးဘာမှမတွေ့ရ သက်ပြင်းတစ်ချက်ချပြီး ရှေ့ဆက်သွားရန်ပြန်လိုက်ရာ သူရှေ့မလှမ်းမကမ်းတွင် လူတစ်ယောက်နောက်ပြန်ရပ်နေသည်ကိုတွေ့လိုက်ရ၏
ဖိုးချစ်မင်းတစ်ယောက် ရွာကလူတစ်ယောက်လားဟု အော်မေးလိုက်သည်
” ဘယ်သူလဲ အဲ့မှာဘာရပ်လုပ်နေတာလဲ”
အဲ့သလိုမေးလိုက်တော့ နောက်ပြန်ရပ်နေတဲ့ လူက
လက်ထဲကဓာတ်မီးကို ဖျပ်ခနဲထွန်းလိုက်တယ် ပြီးတော့ ရှေ့ကိုလှည့်ကာ မျက်နှာကိုထိုးပြလိုက်ရာ သွားကြီးဖြဲပြီး
မျက်လုံးကြီးပြုးနေတဲ့ အေးသာထူးကိုမြင်တော့
” အောင်မလေး သရဲ……..”
**************
ဒီလိုနဲ့ အသုဘကိစ္စတွေပြီး ရက်တွေကြာပြီးနောက် အေးသာထူးရက်လည်တဲ့နေ့ပေါ့
ကျုပ်တို့သားဖနှစ်ယောက် မနက်မိုးလင်းကတည်းက လှေလေးတစ်စီးနဲ့ ငါးဖမ်းလာရာ
မိုးချုပ်ခါနီးတော့ အိမ်ပြန်လာခဲ့ကြတယ် မိုးရာသီမို့
ခြောက်နာရီမထိုးခင်ကပင် မိုးရိပ်မိုးတိမ်တွေအုပ်ဆိုင်းနေသဖြင့် မှောင်နေပါပြီ ရွာကိုဆည်ကနေဖြတ်သွားရမှာဆိုတော့ မိုးချုပ်မှအိမ်ပြန်ရောက်မှာ
ဒါကြောင့် ခပ်သုတ်သုတ်ပဲ ပိုက်ကွန်ကိုထုပ် စက်လှေကိုချည်ရသည် အဖေကတော့ စက်လှေကပ်ကတည်းက ဗိုက်ဆာနေပြီဆိုပြီး သွားခဲ့လေရဲ့
ကျန်ခဲ့တဲ့ကျုပ်မှာတော့ ကိစ္စတွေပြီးမှ ပြန်လာရတော့တယ် မိုးခပ်သဲ့သဲ့ရွာနေသဖြင့် ရှေ့ကို သိပ်ပြီးမသဲကွဲ လေးလွန်းလှတဲ့ ပိုက်ကွန်ထုပ်ကို တစ်ချက်မတင်ပြီး ခပ်မြန်မြန်လျှောက်လာခဲ့တယ်
” ဌေးမြင့်…………..”
” ဟင်”
လမ်းတစ်၀က်ရောတော့ ဆည်အောက်မှာရှိတဲ့ ပြာတောဆီမှ ကျုပ်နာမည်ကိုခေါ်သံကြားလိုက်ရတယ်
” အဖေလား”
ကျုပ်မေးလိုက်ပေမယ့် ပြာတောဆီမှ နောက်တစ်ခေါက်အသံထွက်မလာတော့ ကျုပ်လည်းရှာမနေတော့ဘဲ ရှေ့ဆက်သွားရန်ပြင်လိုက်တော့
ပြာတောမှ ရွံ့တွေကို တပြောင်းပြောင်း နင်းကာ
ထွက်လာတဲ့လူတစ်ယောက်
” ဟမ် အဖေ
ပြောတော့ ဗိုက်ဆာတယ်ဆို
အခုဒီမှာဘာလုပ်နေတာလဲ”
ကျုပ်မေးလိုက်တော့ အဖေက ဘာမှမပြောဘဲ ဆည်ဘောင်ကိုပြေးတတ်လိုက်ကာ ချောင်းထဲဖက်ကိုပြန်သွားခဲ့တယ် ကျုပ်နားမလည်နိုင်ဘဲ အဖေ့ကိုထပ်မေးလိုက်တယ်
” ဘာကျန်ခဲ့လို့လဲ အဖေရဲ့ ဒီမှာသားအကုန်ယူခဲ့ပြီလေ”
ကျုပ်ဒီတစ်ခေါက်ထပ်ပြောတော့ အဖေကဆက်မသွားဘဲ နောက်ကိုရုတ်တရက်လှည့်ကာကျုပ်ဆီကိုတဟုန်ထိုးပြေးလာတော့တယ် ဒါပေမယ့်ပြေးလာတော့ သူ့ရဲ့မျက်နှာက အဖေ့မျက်နှာမဟုတ်တော့ဘူး
အစိမ်းသေသွားတဲ့ အေးသာထူးကြီး
ကျုပ်လည်းသူ့ကိုမြင်မှပိုက်ကွန်ထုပ်ကိုနောက်ပြန်ပစ်ကာ ရွာဆီကိုစွတ်ပြေးပါလေရော
ပြေးရင်းနောက်လှည့်ကြည့်ရာ သွားကြီးကိုဖြဲကာ လက်တွေဆန့်တန်းပြီး စားတော့၀ါးတော့မတတ်လိုက်ပါလာတုန်း
မြန်သထက်မြန်အောင်ပြေးရာ ရွာအ၀င်ကုက္ကိုပင်နားရောက်မှ အေးသာထူးကြီးမပါလာတော့ပေ ကျုပ်မှာတော့ကြောက်လွန်းလို့ မျက်နှာမှာဇီးရွက်လောက်ပဲရှိတော့၏
ဒီလိုနဲ့ ရွာထဲ၌ အေးသာထူးရဲ့သတင်းတွေပြန့်သွားခဲ့တယ် အဲ့ဒါကြောင့်မိုးချုပ်ရင် ဆည်ဖက်ကိုအသွားသိပ်မရှိတော့ မိုးချုပ်ရင်မပြောနှင့် နေ့လည်ဘက် မိုးတွေသဲသဲမဲမဲရွာနေတဲ့အချိန်ဆို ဆည်ဘောင်ပေါ်တွင် လမ်းလျှောက်သွားနေတဲ့ အေးသာထူးကို လူတိုင်းနီးပါးတွေ့မြင်ကြရသည်
ဒါကြောင့် မိသားစု၀င်တွေစီစဥ်ပြီး ဘုန်းကြီးပင့်ကာ
ပရိတ်တရားနာရန်လုပ်ကြရတော့တယ်
အိမ်မှာတစ်ခေါက် ဆည်မှာတစ်ခေါက် နှစ်ခေါက်ဆက်တိုက်ပရိတ်နာတော့ ထိုနေ့ကစပြီး အေးသာထူးခြောက်လန့်တဲ့သတင်းမကြားရတော့ပေ
ရွာသားတွေလည်း ဒီတော့မှသွားနိုင်လာနိုင်ကြရသည်
ဒီလိုနဲ့ အေးအေးချမ်းချမ်း ဖြစ်ခဲ့ပြီး သုံးလခန့်ကြာခဲ့ပါပြီ အေးသာထူးမိန်းမ ခင်လှဆွေတစ်ယောက်မုဆိုးမအဖြစ်နဲ့ နေနေတုန်း သူတို့အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာခဲ့တယ်
ရောက်လာတဲ့ဧည့်သည်မှာ ခင်လှဆွေရဲ့ မောင်တစ်၀မ်းကွဲဖြစ်သည် သားသမီးတပွေနဲ့အဆင်မပြေဖြစ်နေတဲ့ခင်လှဆွေကိုလာခေါ်ခြင်းပင်
” မြို့မှာတော့ အဆင်ပြေတယ် အဲ့မှာ နင့်သမီးတွေကို ကျောင်းထားပြီး နင်ကငါ့မိန်းမနဲ့ စျေးလိုက်ရောင်းပေါ့”
” ငါလည်း ဒီမှာဆက်မနေချင်တော့ဘူး
သမီးသုံးယောက်လုံးက အရွယ်ရောက်လာကြပြီ
အနေဆင်းရဲအစားဆင်းရဲနဲ့ ငါ့သမီးတွေလူရုပ်တောင်မပေါက်တော့ဘူး ”
” အေးလေ အဲ့ဒါကြောင့် ငါနင့်ကိုလာခေါ်တာ
မနက်ဖြန်တစ်ရက်နေပြီးရင် ကားအလှည့်ကျတဲ့နေ့
သွားကြမယ်”
” အေးအေး”
******************
ဆောင်းအ၀င်မို့ အေးစိမ့်စိမ့်အငွေ့သက်တွေက
နေရာတစ်ခွင်စိုးမိုးနေသည် ရွာအလယ်၌တစ်အိမ်တည်း ထီးထီးကြီးရှိသည့် ခင်လှဆွေတို့အိမ်၀ိုင်းထဲတွင် တိတ်ဆိတ်မှုက အပ်ကျသံပင်ကြားရ၏
ဒီလိုနဲ့ညက နက်သထက်နက်လာခဲ့ပါပြီ အိမ်ပေါ်တွင် ခင်လှဆွေတို့သားအမိရယ် မောင်၀င်းကွဲ မြဆွေ ရယ်ပေါ့
တစ်ခူးခူးအိပ်မောကျနေစဥ် တစ်ဘုန်းဘုန်းနဲ့ ခြေသံကရွာအပြင်မှ၀င်လာပြီးနောက် ခင်လှဆွေတို့ အိမ်ရှေ့ရောက်တော့ ရပ်တန့်သွားခဲ့တယ်
ပြီးတော့ ပိတ်ထားတဲ့ခြံတံခါးမှာ သူ့အလိုလိုပွင့်သွားပြီး ခနကြာတော့ အိမ်နောက်ဖေးကရေအုတ်ကန်ဆီမှ ခြေဆေးတဲ့အသံတွေကြားလိုက်ရ၏
မြဆွေမှာ နဂိုကတည်းက အအိပ်ဆတ်သူတစ်ယောက်ဖြစ်ရာ ခြေသံကြားကတည်းက နိုးနေပြီဖြစ်သည် အသံကိုနားထောင်ပြီး အုတ်ကန်နားကအသံပျောက်သွားကာ တဘုတ်ဘုတ်ခြေအသံက အိမ်လှေကားဆီက တဖြည်းတဖြည်းတတ်လာခဲ့တယ်
၀ရံတာခန်းတွင်အိပ်နေတဲ့ မြဆွေတစ်ယောက် ခြေသံပိုင်ရှိကို စိုက်ကြည့်နေ၏ ထိုခြေသံပိုင်ရှင်မှာ ၀ရံတာခန်းကို ဘုတ်ခနဲမြည်အောင် လှမ်းလိုက်တယ်
ပြီးတော့ ကျွီခနဲ တံခါးကိုဖွင့်ကာ မြဆွေရှေ့ကိုရောက်လာခဲ့ပြီပေါ့
ထိုအရာက ၀ရံတာခန်းကိုလည်းရောက်ရော့ ဆိုး၀ါးလှတဲ့အပုပ်နံက မခံနိုင်အောင်ထောင်းခနဲနံစော်လွန်းလှသည် မြဆွေမှာ အနားကဖုန်းကိုစမ်းပြီး ရပ်ကြည့်နေတဲ့အရိပ်မည်းကြီးကို မီးထွန်းကာကြည့်လိုက်၏
” အောင်မလေး ဘာကြီးလဲ”
တစ်ကိုယ်လုံးဆီမှ ရေတွေစီးကျကာ မျက်နှာပေါ်တွင်ရေညှိအလိမ်းလိမ်းကပ်နေသည် သွေးပျက်ဖွယ်မျက်နှာကြီးက မြဆွေအားမျက်စောင်းထိုးပြီးကြည့်နေတဲ့ အေးသာထူးကြီး
အေးသာထူးပါစပ်ဟလိုက်တိုင်း ပါးစပ်ထဲမှာ ငါးတွေပုဇွန်တွေအကောင်လိုက်ထွက်ကြလာ၏
ပြီးတော့ မပီ၀ိုးတ၀ါးအသံနဲ့
” ငါ့ အိမ် က အခု ချက်ချင်း ထွက်သွား……”
မြဆွေမှာကြောက်လန့်တကြီးနဲ့ နောက်တစ်ခေါက်ထပ်အော်ချလိုက်တော့တယ်
အားးးးးးးးးးး
**************
” မြဆွေ မြဆွေ”
ခင်လှဆွေလှုပ်နိုးတော့မှ မြဆွေတစ်ယောက် သတိရလာခဲ့တယ်
” သရဲ သရဲ ဒီအိမ်မှာသရဲရှိတယ်”
ခင်လှေဆွေမှာမျက်နှာပျက်သွားပြီး
” မနေ့ညက တတ်လာတာလည်းမြင်တယ်
နင့်ဆီကိုသွားတာလည်းမြင်တယ် ဒါပေမယ့်ငါတို့ကြောက်လွန်းလို့ မအော်မိရုံတမယ် နေခဲ့တာ”
” မဖြစ်တော့ဘူး ဒီနေ့ပဲ သွားရအောင် ညကလို ဒီနေ့ညလည်းထပ်ဖြစ်တာမခံနိုင်တော့ဘူး”
” အေးအေး သမီးတို့ပြောတာကြားတယ်နော်”
” ဟုတ်ကဲ့ ”
” အ၀တ်စားတွေသွားသိမ်းတော့”
ခင်လှေဆွေတို့မှာ ထိုနေ့ကစပြီး မြို့ကိုပြောင်းပြေးသွားခဲ့ကြသည် သူတို့ထွက်သွားတဲ့နေ့ကစပြီး
နေ၀င်တာနဲ့ အိမ်ပြင်မထွက်ရဲကြတော့ ဘာလို့ဆိုမှောင်တာနဲ့ ဆည်ထဲကနေတတ်လာပြီး ရွာလမ်းတစ်လျှောက် အပုပ်နံ့ပေးကာသူ့ရဲ့အိမ်ကိုသွားသွားသောင်းကျန်းတဲ့ အေးသာထူးကြောင့်ပင်
ထပ်ပြီး ပရိတ်နာပေမယ့် မထူးလာခဲ့ပါဘူး ခြောက်မြဲခြောက်ဆဲသာ
ဒီလိုနဲ့ တစ်နှစ်ခန့်ကြာတော့မှ အေးသာထူးရဲ့ခြောက်လှန့်မှုမှကင်းဝေးသွားတော့သည်
ဘယ်ဆီကိုထွက်သွားမှန်းမသိတဲ့ အေးသာထူးမရှိတော့မှ ရွာလူကြီးအသစ်မြှောက်ကာ ဆည်ကြီးအား
ဒီအတိုင်းပဲပစ်ထားလိုက်တော့၏
ရွာမှာခြောက်လှန့်မှုမရှိပေမယ့် လူတွေပြောသံကြားတာကတော့ အိမ်ရှေ့တွင် ညညဆိုမတ်တတ်ကြီးရပ်လျက်သားတွေ့ရတဲ့ အေးသာထူးကြောင့် မိသားစုလိုက် သီလရှင်၀တ်သွားတဲ့ ခင်လှေဆွေတို့သားအမိအကြောင်းပင်
ပြီးပါပြီ
နွေးကိုယ်တိုင်ရေးသားသည်