“အပမိနေသည့် ကလေး”(စ/ဆုံး)
~~~~~~~~~~~
” မတင်ညွန့်ညစ်ထားမွေးတော့မယ် ”
” ညစ်ထားဟေ့ ညစ်ထား ”
” အား အာ့ ”
တိတ်ဆိတ်နေသောညဉ့်နက်သန်ခေါင်ယံအချိန်၊ မွေးခန်းထဲ၌မတင်ညွန့်အော်သံနှင့်အတူလက်သည်မနှစ်ယောက်၏အသံက ဆူညံနေလေသည်။ မတင်ညွန့်ယောကျာင်္းဖြစ်သူစိန်သောင်းမှာတော့အခန်းပြင်၌ပင် စိတ်လှုပ်ရှားစွာဖြင့်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။ အိမ်အောက်ဘက်၌ကားမတင်ညွန့်မိဘဆွေမျိုးများနှင့်စိန်သောင်းမိဘအပြင် ဆွေမျိုးများပင်ရှိလေသည်။
” အား ”
” မွေးပြီတော် မွေးပြီ ”
မတင်ညွန့်နာကျင်စွာအော်ဟစ်သံနှင့် အတူလက်သည်မ၏စကားကို
ကွားလိုကျရ၏။
” ယောကျာင်္းလေးတော် ချစ်စရာလေး ”
” အူးငင့် အူးငင့် ”
မတင်ညွန့်ကကလေးမွေးပြီးတော့ကလေးကိုပင်မကြည့်နိုင်တော့ဘဲ သတိမေ့သွားလေပြီ။ စိန်သောင်းတစ်ယောက်ကြားလိုက်ရသည့်စကားေ
ကြာင့် ဝမ်းသာသွားပြီးအခန်းထဲပြေးဝင်လာသည်။
” စိန်သောင်းနေဦးလေ နင်ကလဲအလောတကြီးနဲ့ မွေးခန်းထဲကိုယော
ကျာင်္းတွေမဝင်ရဘူး ”
” ကလေးကိုကြည့်ချင်လို့ပါ၊ ဒါနဲ့မိန်းမရောဘယ်လိုနေလဲ ”
” နင့်မိန်းမသတိမေ့နေတယ်၊ နင်အပြင်ထွက်လိုက်ဦး ကလေးကိုငါယူ
လာပေးမယ် ”
” အင်း ”
စိန်သောင်းလဲ လက်သည်မ၏စကားကိုနားထောင်ပြီးအခန်းပြင်ဘက်ဆီထွက်လာခဲ့လေသည်။ လက်သည်မနှစ်ယောက်မှာတစ်ယောက်ကမွေးခန်းထဲ၌ပြင်ဆင်စရာရှိတာကိုပြင်ဆင်နေပြီး နောက်တစ်ယောက်က ကလေးကိုအဖြူရောင်ပိတ်စလေးရိုက်ပတ်ကာအခန်းပြင်ဘက်ထွက်လာခဲ့လေသည်။ အခန်းပြင်ဘက်၌ကားစိန်သောင်းအမျိုးတွေနှင့်မတင်ညွန့်အမျိုးတွေအပါအဝင်စိန်သောင်းပါ ကလေးကိုကြည့်ရန်စောင့်နေလေ၏။ လက်သည်မထွက်လာတော့ စိန်သောင်းမိဘများနှင့်မတင်ညွန့်မိဘများက ကလေးကိုကြည့်ရန်လာကြသည်။
” ရော စိန်သောင်း ”
” အူးငင့် အူးငင့် ”
စိန်သောင်းတစ်ယောက်ကလေးကိုကြည့်ရင်း ပီတိဖြစ်နေမိသည်။ လောကမှာဖခင်တစ်ယောက်ရဲ့ပျော်ရွင်းခြင်း၊ပီတိဖြစ်ခြင်းဆိုတာ ဒါမျိုးလားဆို
ပြီး စိန်သောင်းစိတ်ထဲကနေတွေးမိလိုက်သည်။ ကလေးကလဲမျက်လုံးမပွင့်သေးဘဲ အော်ငိုနေလေ၏။
” ကလေးကိုပေးတော့ ”
” ဟေ့ဟေ့ နေဦးလေ၊ ငါတို့လဲချီပါရစေဦး ”
” မရဘူး၊ ကလေးကခုမှမွေးကင်းစဘဲရှိသေးတာ လူတွေအများကြီးချီ
လို့မရဘူး ”
လက်သည်မကကလေးကိုချီပြီးအခန်းထဲပြန်ဝင်သွားလေသည်။ စိန်သောင်းမိဘများနှင့်မတင်ညွန့်မိဘများကကလေးကိုမချီလိုက်ရတာကြောင့် စိတ်ထဲ၌မကျေနပ်ချင်ပေ။ သို့သော်ကလေးကိုမကြာခင်တွေ့ရမှာဘဲဆိုတဲ့ စိတ်နဲ့သာဖြေလိုက်ကြ၏။ စိန်သောင်းအိမ်အောက်ဘက်ဆီဆင်းလာတော့
” ကဲ စိန်သောင်း ကလေးမွေးတဲ့အထိမ်းအမှတ်နဲ့ဘာကျွေးမှာလဲ ”
” ရွာမှာတော့မုန့်တီဘဲရှိတယ် မုန့်တီဘဲစားကြတော့ ဟီးဟီးဟီး ”
” အေးပါတော် အေးပါ ”
စိန်သောင်းလဲအမျိုးတွေနှင့်စကားပြောပြီး ရွာထဲမှမုန့်တီဆိုင်ဆီမုန့်တီဝယ်ရန်လက်နှိပ်ဓာတ်မီးလေးတစ်လုံးယူပြီး အေးအေးလူလူထွက်လာခဲ့သည်။ မုန့်တီဆိုင်ဆီရောက်တော့မုန့်တီရောင်းသည့်အပျိုကြီးကအိပ်နေ၍ အိမ်အောက်ကနေအော်နိုးပြီးမုန့်တီဝယ်လာခဲ့ရ၏။ စိန်သောင်းမုန့်တီဝယ်၍ရွာထဲလမ်းအတိုင်းအိမ်ဆီသွားနေစဉ် နောက်ကနေ
” ညီလေးရယ် ညီလေးနေပါဦး ”
ဆိုပြီး အော်ခေါ်သံကြားလိုက်ရသည်။ စိန်သောင်းလဲနောက်ကိုလှည့်ပြီးဓာတ်မီးထွန်းကြည့်လိုက်တော့ အသက်အရွယ်အားဖြင့် ၃၀ ကျော်လောက်ခန့်ရှိမည့်လူကြီးတစ်ယောက်ကိုမြင်လိုက်သည်။ စိန်သောင်းလဲထိုလူကိုရွာထဲ၌တစ်ခါမှမမြင်ဖူးပေ။
” ဒီကညီလေးလက်ထဲမှာလဲမုန့်တီထုတ်တွေနဲ့ မုန့်တီကျွေးမှာထင်
တယ် ”
” ကျွန်တော့်မိန်းမကလေးမွေးလို့ မုန့်တီကျွေးမှာလေ ဟီးဟီးဟီး ”
စိန်သောင်းကထိုလူအမေးကိုရယ်ရင်း ဖြေလိုက်၏။
” ဪ၊ အစ်ကိုလဲဗိုက်ဆာနေတာနဲ့အတော်ဘဲ ညီလေးအိမ်မှာမုန့်တီ
ကျွေးမှာဆိုတော့ အစ်ကိုလဲလိုက်ခဲ့မယ်လေ ”
” ရပါတယ် လိုက်ခဲ့ပါ ”
စိန်သောင်းလဲမိန်းမဖြစ်သူကလေးမွေးထားတာကြောင့် ပျော်ရွင်နေ၍ထိုလူကိုခေါ်ပြီးအိမ်ကိုလာခဲ့လေသည်။ လမ်းတစ်လျောက်ထိုလူကစိန်သောင်းမိန်းမနှင့်ကလေးအကြောင်းမေးလာ၍ စိန်သောင်းလဲရိုးရိုးသားသားပင်ဖြေလိုက်၏။ စိန်သောင်းအိမ်ကိုရောက်တော့နောက်ကလိုက်ပါလာသည့်လူ၏စကားကိုမကြားတာကြောင့် နောက်ကိုလှည့်ကြည့်
လိုက်တော့ ထိုလူမှမရှိတော့ပေ။ စိန်သောင်းလဲထိုလူပျောက်သွားတာေ
ကြာင့် စိတ်ထဲ၌ဇဝေဇဝါဖြစ်သွားလေ၏။ ခဏကြာတော့စိန်သောင်းလဲထိုလူကိုမေ့ထားလိုက်ပြီး အမျိုးတွေကိုမုန့်တီကျွေးရင်းစကားပြောကာနေလိုက်တော့သည်။
စိန်သောင်းတစ်ယောက် ထိုလူကိုခေါ်လာပြီးနောက်ပိုင်း ညအချိန်ရေသောက်ဆင်းရင် အရိပ်မဲတစ်ခုကိုမကြာခဏမြင်ရလေသည်။ မတင်ညွန့်လဲထိုနည်းတူ အရိပ်မကြီးကိုညအချိန်မကြာခဏ မြင်ရလေ့ရှိ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၅ နှစ်ခန့်ကြာပြီးနောက်…….
” မိန်းမရယ် ကိုအလုပ်သွားလုပ်တော့မယ်၊ ကလေးကိုဂရုစိုက်နော် ”
” စိန်ချပါယောကျာင်္းရယ် ”
” အေးအေး သွားပြီ ”
စိန်သောင်းတစ်ယောက်မိန်းမဖြစ်သူကိုကလေးအားဂရုစိုက်ရန် ပြောပြီး မနက်စောစောစီးစီး အိမ်ကနေစက်ဘီလေးစီးပြီးထွက်လာခဲ့သည်။ စိန်သောင်းလုပ်သည့်အလုပ်ကအခြားတစ်ရွာမှ သစ်စက်ရုံ၌သစ်တွေကိုထမ်းပိုးပြီးပို့ပေးရသောအလုပ်ဖြစ်သည်။ ပင်လဲပင်ပန်းသလိုဝင်ငွေလဲကောင်း၍စိန်သောင်းလုပ်နေခြင်းဖြစ်၏။ စိန်သောင်း၏သားမှာယခုဆိုရင်အသက် ၅ နှစ်ရှိပြီဖြစ်တာကြောင့် စကားကောင်းကောင်းပြောတတ်ပြီးလမ်းလဲကောင်းကောင်းလျှောက်တတ်နေလေပြီ။ စိန်သောင်းမှာသူ့၏သားဖြစ်သူကို အောင်စိန်ဆိုပြီး နာမည်ပေးထားလေ၏။
” သားရယ် ခါးခါးလေးလိမ်းပေးမယ် မေမေဆီလာခဲ့ပါဦး ”
မတင်ညွန့်တစ်ယောက်သားဖြစ်သူအိမ်အောက်၌အရုပ်တွေနှင့်ဆော့ကစားနေ၍ သနပ်ခါးလိမ်းရန်ခေါ်လိုက်လေ၏။ သားဖြစ်သူအောင်စိန်မှာလဲ
မိဘစကားတွေကိုနားလည်စအရွယ်ကတည်းက မငြင်းမပယ်၊အမြဲတမ်းလိုလိုနားထောင်လေ့ရှိသောသားလိမ္မာတစ်ယောက်ဖြစ်၍ စိန်သောင်းနှင့်မတင်ညွန့်မှာသားဖြစ်သူကိုအချစ်ပိုရလေ၏။
” လာပြီမေမေရယ် ”
အောင်စိန်တစ်ယောက်မိခင်ဖြစ်သူခေါ်သံကြားလိုက်၍ ဆော့လက်စအရုပ်တွေကိုပစ်ထားပြီး မိခင်ဖြစ်သူဆီလှေကားထစ်ကနေပြေးတက်တက်လာခဲ့လေသည်။ ခဏအကြာ အောင်စိန်မှာသနပ်ခါးလိမ်းပြီးသွားလေ၏။
” မေမေ သားလှသွားပြီလား ”
” အင်း၊ လှသွားပြီ ”
” ဟီးဟီးဟီး ”
အောင်စိန်တစ်ယောက်ပျော်သွားပြီး မိခင်ဖြစ်သူနားမှအပြေးကလေးပြေးလာရင်း လှေကားကိုပြေးဆင်းလာလေသည်။ ထိုစဉ် အောင်စိန်တစ်ယောက်လှေကားထစ်ကနေပြေးဆင်းနေရင်း ရှေ့ကိုအားလွန်ပြီးပြုတ်ဆင်းသွားလေသည်။
” အား ”
အောင်စိန်တစ်ယောက်လှေကားထစ်ကနေပြုတ်ဆင်းပြီး ‘အား ‘ လို့အော်ကာ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေတော့၏။ မတင်ညွန့်တစ်ယောက်သားဖြစ်သူ၏အော်သံကြားတာကြောင့် အိမ်ထက်ကနေပြေးလာတော့ မြင်လိုရတဲ့မြင်ကွင်းကြောင့်ခဏကြောင်ပြီးရပ်ကြည့်နေမိသည်။ မတင်ညွန့်မြင်လိုက်ရသည်က သားဖြစ်သူအောင်စိန်လှေကားရင်း၌ ခေါင်းမှသွေးများစီးကျလျက်ငိုလဲမငို၊စကားလဲမပြောဘဲ ငူငူ
ကြီးထိုင်နေလေ၏။ ခဏအကြာ မတင်ညွန့်လဲသတိဝင်လာပြီးသားဖြစ်သူဆီသွားလိုက်တော့၏။ အနားကိုရောက်တော့
” ဘယ်လိုဖြစ်တာလဲ သားရယ်၊ ခေါင်းမှာလဲသွေးတွေနဲ့ ”
” ဘာမှမဖြစ်ဘူး ”
သားဖြစ်သူခပ်ပြတ်ပြတ်ပြောလိုက်သည့်စကားကြောင့် မတင်ညွန့်အံ့ဩသွားလေသည်။ အရင်က ခုလိုမဟုတ်ပေ။ နားလည်စအရွယ်ကတည်းကမိဘစကားတွေကို အမြဲတမ်းမငြင်း၊မပယ်နားထောင်တတ်သည့်သား
လိမ္မာလေးပင်။
” ကဲပါသားရယ် ၊ မေမေဆေးထည့်ပေးမယ် လာ ”
” မလိုက်ဘူး ”
” ခေါင်းမမာနဲ့ သားရယ် ၊ လာပါ ”
” ငါမလိုက်ဘူးလို့ပြောနေတယ်နော် ”
” ဟာ ”
ဒီတစ်ခါသားဖြစ်သူဆီကကြားလိုက်ရသည့်စကားကြောင့် မတင်ညွန့်အံ့ဩထိန့်လန့်သွားတော့သည်။ မတင်ညွန့်လဲသားဖြစ်သူပြောသည့်စကားများကို ယောကျာင်္းဖြစ်သူပြန်လာရင်ပြောမယ်ဟုစိတ်ကူးထားလိုက်၏။
” လာပါသားရယ် ၊ ဆေးထည့်ပြီးရင်မေမေမုန့်ကျွေးမယ် ”
” မစားဘူး၊ ငါ့ကိုကျွေးချင်ရင်အမဲသားကျွေး ”
” အေးပါသားရယ် မနက်ဖြန်စျေးသွားပြီးမေမေဝယ်ပေးမယ် ”
မတင်ညွန့်အမဲသားကျွေးမည်ဟုပြောမှ အောင်စိန်အနားကိုသွားလေသည်။ ညနေဘက်ရောက်တော့ စိန်သောင်းအလုပ်ကနေပြန်လာလေ၏။ မတင်ညွန့်လဲစိန်သောင်းကို သားဖြစ်သူအောင်စိန်အကြောင်းဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေ၏။ စိန်သောင်းကတော့ထိုအကြောင်းကို ‘ ကလေးဘဲတစ်ခါတစ်လေ စိတ်တိုပြီးပြောတာနေမှာပေါ့ ‘ ဆိုတဲ့စကာပြော
ပြီး ပေါ့ဆစွာထားလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့ရောက်တော့ မတင်ညွန့်တစ်ယောက်စျေးကိုသွားတော့ သားဖြစ်သူ မှာထားသည့်အမဲသားဝယ်ရန် မေ့ခဲလေသည်။ အိမ်ကိုရောက်တော့
” မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး ”
သားဖြစ်သူအောင်စိန်၏စကားသံကြောင့်သားဖြစ်သူကိုကြည့်လိုက်တော့
မျက်ထောင့်နီနီကြီးဖြင့်ကြည့်နေတာကို မြင်လိုက်ရသည်။
” မေမေမေ့သွားလို့ပါသားလေးရယ် စိတ်မဆိုးနဲ့နော် ၊ မနက်ဖြန်စျေး
သွား ရင်ဝယ်လာခဲ့မယ် ”
” နင့်အပေါက်ပိတ်ထားပြီး ခုချက်ချင်းအမဲသားငါ့အတွက်သွားဝယ်ပေး
စမ်း ”
သားဖြစ်သူအောင်စိန်၏ရိုင်းစိုင်းသောစကားများကြောင့် မတင်ညွန့်အံ့ဩစိတ်နှင့်အတူဒေါသထွက်သွားလေသည်။
” မအေကိုတောင်ပြန်ပြောတဲ့ကလေး လာစမ်း ”
မတင်ညွန့်လဲဒေါသထွက်သွားပြီးသားဖြစ်သူအောင်စိန်ဆီသွားပြီး ပါးကိုခပ်ပြင်းပြင်းလေးရိုက်ချလိုက်တော့သည်။
” ဖြန်း ”
” နင်ကများငါ့ကိုရိုက်တယ်ပေါ့ ကဲကွာ ”
” ဖြန်း…ဖြန်း ”
အောင်စိန်ပါးစပ်မှယောကျာင်္းကြီးတစ်ယောက်၏ အသံထွက်လာပြီးမိခင်
ဖြစ်သူပါးကိုနှစ်ချက်ဆက်တိုက်ရိုက်ချလိုက်လေသည်။ မတင်ညွန့်တစ်ယောက်မထင်မှတ်ထားသည့်ရိုက်ချက်ကြောင့် ရှောင်ချိန်မရလိုက်ပေ။ မတင်ညွန့်လဲသားဖြစ်သူပါးစပ်မှယောကျာင်္းကြီးတစ်ယောက်၏ အသံကြား
လိုက်ရတာကြောင့်ကြည့်လိုက်တော့ သားဖြစ်သူမီးဖိုချောင်ထဲပြေးဝင်သွားတာကိုမြင်လိုက်သည်။ ခဏကြာတော့
” ငါ့ကိုအမဲသားဝယ်ကျွေး မကျွေးရင်သေဖို့သာပြင်ထား ”
မီးဖိုချောင်ထဲကနေအော်ပြောပြီး ပြေးထွက်လာလေသည်။
” ဟာ ”
မီးချောင်ထဲကနေထွက်လာသည့်လူမှာသားဖြစ်သူအောင်စိန်မဟုတ်ဘဲ တစ်ခန္ဓာလုံးမီးလောင်သလိုမဲနက်နေသည့်လူတစ်ယောက်ပင်။ လက်ထဲမှာလဲ ကြက်သွန်လှီးဓားတစ်လက်ပါလေ၏။
” ငါ့ကိုအမဲသားခုချက်ချင်းဝယ်ပေးစမ်း ”
မတင်ညွန့်တစ်ယောက် မီးလောင်ထားသလိုတစ်ခန္ဓာလုံးမဲနက်နေသည့်လူကိုမြင်ပြီး
‘ အား၊ ကယ်ကြပါဦး ‘
လို့အော်ကာအိမ်ပြင်ကိုထွက်ပြေးတော့သည်။
” မပြေးနဲ့ ”
ထိုလူလဲနောက်ကနေပြေးလိုက်လာလေသည်။ မတင်ညွန့်အော်သံကို
ကြားသည့်အိမ်နားပတ်ဝန်းကျင်မှလူများက မတင်ညွန့်အိမ်ဆီပြေးလာ
ကြလေ၏။ အိမ်နားကိုရောက်တော့ မတင်ညွန့်အိမ်ထဲကနေပြေးထွက်
လာပြီးနောက်ကနေသားဖြစ်သူအောင်စိန် ဓားတစ်လက်ကိုင်ကာလိုက်လာနေသည်ကိုမြင်လိုက်လေသည်။
” ကယ်ကြပါဦးရှင့် ကယ်ကြပါဦး ”
” ဟေ့ မတင်ညွန့်ဘာဖြစ်တာလဲ ”
” တစ်ခန္ဓာလုံးမီးလောင်ထားသလိုမဲနေတဲ့ လူတစ်ယောက်ကျွန်မကိုလိုက်သတ်နေလို့ ကယ်ပါဦး ”
” နင့်ကိုလိုက်သတ်နေတဲ့လူကဘယ်မှာလဲ ”
” နောက်….နောက်မှာပါလာတယ် ”
မတင်ညွန့်တစ်ယောက်စကားအထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောပြီး နောက်ဘက်ကိုလက်ညိုးထိုးပြလိုက်တော့ ဓားတစ်လက်ကိုင်ထားပြီးမျက်ထောင့်နီနီကြီးဖြင့်ကြည့်နေသော သားဖြစ်သူကိုသာမြင်လိုက်သည်။
” ဪ၊ ဒီကလေးကလဲဓားတွေကိုင်ပြီးဘာလုပ်နေလဲမသိဘူး ”
မတင်ညွန့်နားမှာရပ်နေသည့် အသက် ၂၅ နှစ်အရွယ်ကျောက်ခဲက ကလေးဆီသွားလိုက်၏။ အနားကိုရောက်တော့
” ငါ့နားကိုတစ်ကောင်မှမလာနဲ့နော် လာတဲ့ကောင်အသေဘဲ ”
” ဟာ ”
ကျောက်ခဲကြားလိုက်သည့်စကားကြောင့်အံ့ဩသွားပြီး နောက်ကိုဆုတ်ပြေးလိုက်လေသည်။
” ဟေ့ မသာမငါ့ကိုအမဲသားကျွေးစမ်း ”
အောင်စိန်တစ်ယောက်မိခင်ဖြစ်သူကိုအော်ပြောလိုက်လေ၏။ အောင်စိန်ဘေးနားမှာရှိသည့်ကျောက်ခဲက အောင်စိန်ပြောသည့်စကားများကိုနား
ထောင်ပြီး အခြေအနေကိုရိတ်မိသွားကာမတင်ညွန့်နားဆီသွားပြီး
” မတင်ညွန့်ငါပြောတာသေချာနားထောင်နော် ၊ နင့်သားကိုအပမှီနေ
တာ ”
” ရှင့် ”
” ဟုတ်တယ်၊ ငါသိသလောက်ပြောရမယ်ဆိုရင် နင့်သားကိုအပမှီနေ
တာ ”
” ဟင်၊ ဒါဆိုကျွန်မသားလေးသေသွားပြီလား ”
” အဲဒါတော့ငါလဲမသိဘူး၊ ငါ့အဘနှင့်တွေ့မှဘဲသိရမယ် ”
” ကူညီပါဦး ကျောက်ခဲရယ် ”
” ခုလော လောဆယ်သူတောင်းထားတဲ့အမဲသားကိုဝယ်ကျွေးပြီး သူစိတ်ချမ်းသာအောင်ပြောပြီးထား ၊ ပြီးတော့အိမ်ထဲမှာသူ့ကိုတစ်ယော က်ထဲထားပြီး နင်ဘေးအိမ်တစ် အိမ်ကနေအခြေအနေစောင့်ကြည့်ထား ငါအဘကို သွားခေါ်ဦ မယ် ”
” နင့်အဘကဘယ်အချိန်ရောက်မှာလဲ ”
” အဘကဟိုဘက်ရွာမှာရှိတာ ရွာကို ညနေပိုင်းလောက်မှရော
က်မယ်ထင်တယ် ”
” မြန်မြန်လာခဲ့နော် ”
” အေးအေး ငါသွားပြီ ”
ကျောက်ခဲတစ်ယောက်မတင်ညွန့်နားကထလာပြီး သူ၏အဘဖြစ်သူရွာဆီသွားလေတော့သည်။ မတင်ညွန့်လဲသားဖြစ်သူကို
” သားရယ်အမေအမဲသားသွားဝယ်လိုက်မယ်၊ အိမ်ကစောင့်နေနော် ”
ဆိုပြီး အော်ပြောလိုက်၏။
” မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့၊ အမဲသားမဝယ်လာလို့ကတော့နင့်
သားသေပြီသာမှတ် ”
” တောင်းပန်ပါတယ်၊ ကျွန်မသားလေးကိုမသတ်ပါနဲ့ ”
အောင်စိန်ကမိခင်ဖြစ်သူစကားကိုနားမထောင်တော့ဘဲ အိမ်ထဲကိုပြန်ဝင်သွားလေသည်။ မတင်ညွန့်လဲဘေးအိမ်ကလူများကိုသားဖြစ်သူအားစောင့်ကြည့်ရန်မှာကြားပြီး အမဲသားဝယ်ရန်စျေးကိုထွက်လာခဲ့လေသည်။
၁၅ မိနစ်လောက်သွားတော့ စျေးကိုရောက်သွားလေသည်။ မတင်ညွန့်စျေးကိုရောက်သည်နှင့်အမဲသား လေးဆယ် သားဝယ်လိုက်ပြီး အိမ်ကိုပြန်လာခဲ့လေသည်။ အိမ်ကိုရောက်တော့
” အမဲသားတွေကိုမီးဖိုချောင်ထဲထားပြီး ထွက်သွားတော့ ”
” ဟုတ်..ဟုတ်ကဲ့ပါရှင့် ”
မတင်ညွန့်တစ်ယောက်ကျောက်ခဲမှာထားသည့်အတိုင်း သားဖြစ်သူကိုစိတ်ချမ်းသာအောင်ပြောလိုက်ပြီး အိမ်ပြင်ကိုထွက်လာခဲ့သည်။ မတငမညွန့်လဲဘေးအိမ်တစ်အိမ်၌ဝင်ပြီး သားဖြစ်သူအခြေအနေကိုစောင့်ကြ
ည့်နေလေ၏။ သို့သော် ဘာတစ်ခုမှထူးခြားမူမရှိပေ။
ညနေဘက်ရောက်တော့ ကျောက်ခဲနှင့်အတူ မုဆိတ်မွေးအဖြူဆံပင်ဖြူ
နေသည့်အသက်အရွယ်အားဖြင့် ၆၀ ကျော်လောက်ရှိမည့်လူတစ်ယောက်အိတ်တစ်လုံးလွယ်ပြီးပါလာလေသည်။ မတင်ညွန့်လဲ ကျောက်ခဲနှင့်အတူပါလာသည့်လူကိုမြင်တော့အိမ်ထဲကနေထွက်ပြီး အကူအညီတောင်းလေတော့၏။
” ဆရာကြီးရယ် ကျွန်မသားလေးကိုကယ်ပါဦး ”
” အိမ်း၊ အဘကိုလာပြီးအကူအညီတောင်းတော့လဲ ကူညီရတာပေါ့၊
ခုအဘရောက်နေပြီဆိုတော့ဘာမှစိတ်မပူနဲ့တော့ ၊ ဒါနဲ့ကလေးနာမည်ကဘာလဲ ”
” အောင်စိန်ပါ ဆရာကြီး ”
” သမီးလေး အဘကိုဆရာကြီးလို့ခေါ်စရာမလိုဘူး အဘလို့ဘဲခေါ်ပါ
အဘနာမည်မသိရင်လဲမှတ်ထားဦး အဘနာမည်က စံထွန်း ”
” ဟုတ်ကဲ့ပါ အဘ ”
” ကဲ ဒါဆိုသမီးလေးအိမ်ကိုသွားရအောင်၊ ကျောက်ခဲမင်းကတော့
ငါ့နောက်ကနေလိုက်ခဲ့ ”
” ဟုတ်ကဲ့ပါ အဘ ”
မတင်ညွန့်၊ ကျောက်ခဲနှင့်စံထွန်းတို့က အောင်စိန်ရှိသည့်အိမ်ကိုဖြေးဖြေး
ချင်းဝင်လာလေသည်။ အိမ်ထဲကိုရောက်တော့
” ဟေ့ကောင်မ နင်ကများငါ့ကိုနှိမ်နှင်းဖို့အတွက် ဆရာတွေခေါ်လာတ
ယ်ပေါ့ သေချင်နေပြီထင်တယ်၊ ဆံပင်အဖြူကြီးနဲ့အဖိုးကြီးလဲ မသေချင်
ရင် အိမ်ပြန်တော့ ”
စံထွန်းဆိုသည့်လူက အိမ်ထက်ကနေပြောနေသည့်စကားများကိုကြားပြီး မဲ့ပြုံးပြုံးကာ ဂါထာတစ်ခုကိုဖြည်းဖြည်းချင်းရွတ်ဆိုလိုက်ပြီး အိမ်ထက်ကိုဖြည်းဖြည်းချင်းတက်လာခဲ့လေသည်။ ကျောက်ခဲနှင့်မတင်ညွန့်လဲ
နောက်ကနေ ထပ်ကြပ်မကွာလိုက်လာလေ၏။ အိမ်ထက်ကိုရောက်တော့
” ဒီအဖိုးကြီးငါလုပ်ရင်သေတော့မယ် အဟင်းဟင်း ”
အောင်စိန်ကအခန်းထောင့်တစ်နေရာက အံ့ကိုကြိတ်ရင်းစံထွန်းကို မကျေနပ်သောမျက်နှာမျိုးနှင့်ကြည့်နေလေသည်။ မတင်ညွန့်ကသားဖြစ်သူကိုကြည့်ရင်း ကြက်သီးများပင်ထနေလေ၏။ ကျောက်ခဲကတော့အတွေ့အကြုံရှိသူပီပီအေးဆေးပင်။ စံထွန်းဆိုသည့်လူကလဲအောင်စိန်ကိုဂရုမစိုက်ဘဲ ဘုရားစင်ရှိရာဘက်ဆီသွားနေလေသည်။ ဘုရားစင်ရှေ့ရောက်တော့ စံထွန်းကအိတ်ထဲမှဖယောင်းတိုင် ၇ ချောင်းထုတ်ကာဘုရားစင်၌ထွန်းလိုက်ပြီး ဘုရားစင်ရှေ့ဒူးထောက်လက်အုပ်ရှီကာ
” အရှင်ဘုရား တပည့်တော်သည် ၇ ရက်သား၊သမီးများကို အန္တာရာယ်
ကင်းအောင်ကယ်တင်ပေးနေသည့်အထက်လမ်းဆရာကြီးတစ်ဦးဖြစ်
ပါတယ် သို့ကြောင့် ဤအိမ်၌ရှိသည့်အောင်စိန်ဆိုသည့်ကလေးကိုပူး
ကပ်ပြီးအနှောက်အရှက်ပေးနေသည့် မကောင်းဆိုးဝါးရိုဖယ်ရှားရာ
၌ကလေးကိုအန္တာရာယ်ကင်းအောင်ကူညီပေးပါ ”
ဆိုပြီးပြောကာ ဘုရားကိုရှီခိုးလိုက်လေသည်။
” ကဲ၊ အောင်စိန်ဆိုတဲ့ကလေးခန္ဓာကိုယ်ထဲမှာဘာလို့ပူးကပ်ပြီး ဒီမိသား
စုကိုနှောက်ရှက်တာလဲဆိုတာ အဘရှေ့လာပြီးရှင်းပြပါဦး ”
” မလာဘူး မလာဘူး ”
” ကျောက်ခဲ ”
” ပြောပါ အဘ ”
” အဘအတွက်သောက်တော်ရေတစ်ခွက်မြန်မြန်ခပ်ပေးစမ်း ”
” ဟုတ်ကဲ့ပါ အဘ ”
ကျောက်ခဲကသူ၏အဘဖြစ်သူစံထွန်းပြောသည့်အတိုင်း အိမ်အောက်ကိုဆင်းသွားလေသည်။ ခဏအကြာမှာ လက်ထဲ၌သောက်ရေခွက်တစ်ခွက်ကိုင်ကာတက်လာပြီး အထက်လမ်းဆရာကြိ်းစံထွန်းကိုပေးလိုက်၏။ အထက်လမ်းဆရာကြီးစံထွန်းလဲသောက်ရေခွက်ကိုကိုင်ပြီး ဂါထာတစ်ခုကိုတိုးတိုးလေးရွတ်ကာ အောင်စိန်နားဆီထသွားလေသည်။
အောင်စိန်နာကိုရောက်တော့
” ကဲ အဘနောက်တစ်ခါထပ်မေးမယ်၊ အောင်စိန်ကိုပူးကပ်နေတာဘာ
ကြောင့်လဲ မင်းဘယ်သူလဲ ဒီကလေးနှင့်မင်းကဘာပတ်သက်မူရှိလို့
လဲပြော ”
” မပြောဘူးကွာ ”
” အိမ်း၊ ဒီလောက်တောင်ခေါင်းမာနေတာ အနုနည်းနဲ့မရရင်အကြမ်းန
ည်းသုံးရတော့မှာပေါ့ ”
အထက်လမ်းဆရာကြီးစံထွန်းကသောက်ရေခွက်ထဲလက်တစ်ဘက်နှိုက်ပြီး
” ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများ၏အာဏာ နတ်မင်းကြီးလေးပါး၏အာဏာနှင့် ကလေးကိုပူးကပ်နေတဲ့မကောင်းဆိုးဝါးသရုပ်မှန်ခုချက်ချင်းပေါ်စမ်း ”
အထက်လမ်းဆရာကြီးစံထွန်းကရေခွက်ထဲကရေကိုလက်ထဲ၌အနည်းငယ်ယူပြီး အောင်စိန်ကိုပက်ဖြန်းလိုက်လေသည်။
” အား ”
ရေစက်များကျလာသည်နှင့်အောင်စိန် ‘ အား ‘ လို့အော်ကာတဖြည်းဖြည်းမီးလောင်ထားသလိုမဲနက်နေသည့်လူတစ်ယောက်အဖြစ်ပြောင်းသွားလေ၏။
” ဟာ ”
ကျောက်ခဲနှင့်မတင်ညွန့်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့ဩသွားလေသည်။ ထိုအချိန်အိမ်ပေါ်ကိုပြေးတက်လာသည့်ခြေသံတစ်သံကြားလိုက်ရလေသည်။
” ဒုန်း ဒုန်း ဒုန်း ”
အသံကြားရာဘက်လှည့်ကြည့်လိုက်တော့ စိန်သောင်းဖြစ်နေလေသည်။
စိန်သောင်းခန္ဓာကိုယ်ပေါ်၌ချွေးများထွက်လျက်
” ဟာ ”
စိန်သောင်းသူ၏မိန်းမဖြစ်သူနှင့် ၇ ပေလောက်အကွာမှာရှိနေသည့်တစ်ကိုယ်လုံးမဲနက်နေသည်ူ့လူတစ်ယောက်ကိုမြင်ပြီးအံ့ဩသွားလေသည်။
” မိန်းမ သူကဘယ်သူလဲ ”
” အဲဒါ အောင်စိန်ကိုပူးကပ်နေတဲ့မကောင်းဆိုးဝါး ဝိညာဉ်ဘဲကွယ် ”
စံထွန်းကစိန်သောင်းကိုဝင်ပြောလိုက်၏။
” ဗျာ ”
” လူလေးကိုအဘနောက်မှရှင်းပြမယ်၊ ခုလောလောဆယ်လူလေးတိတ်
တိတ်လေးနေပေးပါ ”
စိန်သောင်းလဲဆက်မပြောတော့ဘဲ မိန်းမဖြစ်သူအနားဆီသွားပြီးထိုင်ကာအခြေအနေကိုစောင့်ကြည့်နေလိုက်တော့သည်။ တစ်ကိုယ်လုံးမဲနက်နေသောမကောင်းဆိုးဝါးကောင်က အထက်လမ်းဆရာစံထွန်းကိုမကျေနပ်သောမျက်နှာနှင့်ကြည့်နေလေသည်။
” မကောင်းဆိုးဝါးကောင်ကများ ငါ့ကိုမခန့်လေးစားနဲ့ငါမေးတာကိုမဖြေ
ဘူးပေါ့ မင်းကမဖြေရင်ငါကလဲဖြေအောင်လုပ်ရမှာပေါ့ ရောကွာ ”
အထက်လမ်းဆရာကြီးစံထွန်းက မဲနက်နေသည့်မကောင်းဆိုးဝါးကောင်ကိုသောက်ရေခွက်မှရေကိုယူပြီးဆက်တိုက် ပက်ဖြန်းလိုက်လေသည်။
” အား….. ပူတယ် ပူတယ် ရေစင်နှင့်ပစ်တာရပ်ပေးပါ ”
အထက်လမ်းဆရာကြီးစံထွန်းက ရေခွက်ထဲမှရေများဖြင့်ပစ်နေသည်ကိုမရပ်သေးဘဲ
” ကလေးကိုဘာကြောင့်နှောက်ရှက်တာလဲဆိုတာပြောပြရင် ရပ်ပေး
မယ် ”
” ပြောပြပါမယ် ပူတယ်မခံနိုင်တော့ဘူး ”
” သေချာတယ်နော် ”
” သေချာပါတယ် ရေစင်နှင့်ပစ်တာရပ်ပါတော့ ”
ထိုသို့ပြောမှ အထက်လမ်းဆရာကြီးစံထွန်းရေဖြင့်ပစ်နေတာကိုရပ်လိုက်လေသည်။ စိန်သောင်း၊ မတင်ညွန့်နှင့်ကျောက်ခဲတို့ကား စကားတစ်ခွန်းမှမပြောဘဲ ကြည့်နေလေ၏။
” ကဲ မကောင်းဆိုးဝါးကောင်ပြောတော့ ”
” ငါကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကမီးလောင်ပြီးသေသွားတဲ့လူတစ်ယောက်ဘဲ ငါသေသွားပြီးနောက်ပိုင်း ငါ့မိသားစုကငါ့ကိုအမျှအတန်းဝေမပေးလို့သရဲတစ်ကောင်ဖြစ်နေတာ သရဲဘဝမှာအစာရှာစားရတာလဲမလွယ်ဘူး ဒါနဲ့ငါလဲတစ်ရွာဝင်တစ်ရွာထွက်လာရင်း တစ်နေ့ဒီကလေးအဖေမုန့်တီဝယ်ပြီးပြန်လာတာမြင်တော့ မုန့်တီစားမယ်လို့ခွင့်တောင်းပြီး
နောက်ကနေလိုက်လာခဲ့တာအိမ်ကိုရောက်တော့ငါ့ကိုမုန့်တီလဲမကျွေး
ကြဘူး သူတို့စွန့်ပစ်တဲ့မုန့်တီတွေကိုဘဲကောက်စားရတယ် ဒါနဲ့ငါလဲမုန့်တီမစားရတာနဲ့ဒေါသထွက်ပြီဒီအိမ်ရှေ့ကသရက်ပင်မှာနေပြီးအခွင့်အရေးရင် ဘယ်သူ့ကိုမဆိုပူးကပ်ပြီးစားသောက်မယ်လို့စိတ်ကူးထားတာ ဟိုတစ်နေ့ကဒီကလေးလှေကားပေါ်ကပြုတ်ဆင်းပြီးသတိမေ့နေတုန်း ငါလဲအခွင့်အရေးရတာနဲ့ပူးကပ်ပြီးတောင်းစားတာ မရရင်ဒီကလေးကိုစားမယ်လို့စိတ်ကူးထားတာ ခုတော့အစီအစဉ်အားလုံးပျက်ကုန်
ပြီ ”
” ဟင် ”
” ဟာ ”
စိန်သောင်းနှင့်မတင်ညွန့်အံ့ဩထိန့်လန့်သွားတော့သည်။
” ကယ်ပါဦး အဘရယ် ”
” တိတ်တိတ်လေးနေပေးပါ သမီးလေး ”
အထက်လမ်းဆရာကြီးစံထွန်းပြောမှမတင်ညွန့်တိတ်သွားလေသည်။
” ရာရာစစ မလောက်လေးမလောက်စားသရဲကများကလေးကိုစားမယ်
တဲ့ ခုချက်ချင်းထွက်သွားစမ်း ”
” အဟင်းဟင်း ”
တစ်ကိုယ်လုံးမဲနက်နေသည့်သရဲက ‘ တဟင်းဟင်း ‘ ဖြင့်စကားမပြောဘဲမျက်ထောက်နီနီကြီးဖြင့် အနီးအနားရှိသည့်လူများကိုကြည့်နေလေသည်။
” ငါနောက်တစ်ခါထပ်ပြောမယ် ခုချက်ချင်းကလေးခန္ဓာကိုယ်ကထွက်
သွားစမ်း မထွက်ရင်တော့သရဲဘဝကနေပြာပုံဘဝဖြစ်သွားအောင်
လုပ်ပစ်မယ် ”
” အဟင်းဟင်း ”
အထက်လမ်းဆရာကြီးစံထွန်းပြောနေသည့်စကားများကိုမကြားသလိုလုပ်နေလေသည်။
” တော်တော်ခေါင်းမာတဲ့သရဲ ရောကွာ ”
” အား……… ”
ဒီတစ်ခါတော့ အထက်လမ်းဆရာကြီးစံထွန်းကလက်ထဲ၌ရှိသည့်သောက်ရည်ခွက်မှရေအားလုံးဖြင့်ပစ်လိုက်တာကြောင့် ‘ အား ‘ လို့အော်ကာအနက်ရောင်အခိုးအငွေ့အဖြစ်ပြောင်းသွားပြီးတစ်ကိုယ်လုံးမဲနက်နေသည့်သရဲပျောက်ကွယ်သွားကာ အောင်စိန်ခွေခွေလေးလဲကျသွားလေသည်။
” သားလေး ”
” သား ”
စိန်သောင်းနှင့်မတင်ညွန့်သားဖြစ်သူအောင်စိန်နားသွားပြီး ပွေ့ချီကာအော်ခေါ်နေလေသည်။
” ဘာမှစိတ်ပူစရာမလိုတော့ဘူးကလေးအန္တာရာယ်ကင်းသွားပြီ ”
အထက်လးမ်ဆရာကြီးစံထွန်းကစိန်သောင်းနှင့်မတင်ညွန့့်ကိုသားဖြစ်သူအားစိတ်မပူရန်ပြောပြီးအရင်တစ်ခါလို ကျောက်ခဲကိုရေခပ်ခိုင်းလိုက်လေသည်။ ကျောက်ခဲလဲသောက်ရေခွက်ကိုင်ပြီး ရေတစ်ခွက်သွားခပ်လိုက်ကာ သူ၏အဘဖြစ်သူစံထွန်းကိုပေးလိုက်လေသည်။
” သမီးလေး ကလေးကိုဘုရားစင်ရှေ့ယူလာခဲ့ ”
” ဟုတ်ကဲ့ပါ အဘ ”
မတင်ညွန့်ကသားဖြစ်သူအောင်စိန်ကိုထမ်းယူပြီး ဘုရားစင်ရှေ့ချလိုက်လေသည်။ အထက်လမ်းဆရာကြီးစံထွန်းလဲသောက်ရေခွက်ကိုအရင်တစ်ခါလိုလက်တစ်ဘက်နှိုက်ပြီး ဂါထာတစ်ခုရွတ်ဖတ်ကာကလေးမျက်နှာကိုပစ်လိုက်လေသည်။ခဏအကြာမှာ
” ရေ…ရေဆာတယ် ”
သားဖြစ်သူဆီမှအသံကြားလိုက်ရ၍ စိန်သောင်းတို့လင်မယားနှစ်ယောက်ဝမ်းသာသွားလေသည်။
” သမီးလေး ကလေးကိုရေတိုက်လိုက် ”
” ဟုတ် အဘ ”
အထက်လမ်းဆရာကြီးစံထွန်းပေးလိုက်သည့်ရေကို မတင်ညွန့်ကယူပြီးကလေးကိုတိုက်လိုက်လေသည်။ ရေသောက်ပြီးတော့ကလေးက ဘာမှမဖြစ်သလိုပုံစံမျိုးဖြင့်ထလာပြီး မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူကိုကြည့်နေလေ၏။ အထက်လမ်းဆရာကြီးစံထွန်းက ကလေးကိုကြည့်ကာပြုံးရင်းထိုင်ရာကနေထရပ်လိုက်လေသည်။
” မကောင်းဆိုးဝါးကောင်ကိုဖယ်ရှားပြီးပြီဆိုတော့အဘလဲသွားတော့
မယ် ”
” နေပါဦးအဘရယ် ”
သာစိန်ကအိတ်ထဲမှပိုက်ဆံတစ်သောင်းတန် ငါးရွက်ထုတ်ကာ
” ကျွန်တော်ဉာဏ်ပူဇော်ခပေးတဲ့ပိုက်ဆံကိုလက်ခံပေးပါ အဘ ”
” အဘက ၇ ရက်သား၊သမီးတွေကိုဒီလိုဘဲကူညီလာတာ လူလေးပေး
တဲ့ပိုက်ဆံကိုမယူပါရစေနဲ့၊ ကျောက်ခဲသွားရအောင် ”
” အဘနပေါဦး ”
စိန်သောင်းတားသော်လဲ အထက်လမ်းဆရာကြီးစံထွန်းနှင့်ကျောက်ခဲက
မကြားသလိုပင် အိမ်ကနေထွက်သွားလေတော့သည်။
” မေမေ သားဗိုက်ဆာတယ် ”
” ခဏနော်သားလေး မေမေထမင်းချက်လိုက်ဦးမယ် ”
” ဟုတ် ”
မတင်ညွန့်လဲပျော်ရွင်စွာဖြင့်သားဖြစ်သူကိုထမင်းချက်ကျွေးလိုက်တော့သည်။ မတင်ညွန့်နှင့်စိန်သောင်းလဲထိုနေ့မှစ၍ သားဖြစ်သူအောင်စိန်ကိုအရင်ကထက်ပိုဂရုစိုက်ပြီး ပျော်ရွင်သောမိသားစုအဖြစ်နေထိုင်သွား
ကြတော့သည်။
ပြီး
စာဖတ်သူများအား ချစ်ခင်လေးစားလျက် 😍