အပမှီသောနွား

*မြင့်ဆောင် နှင့် အပမှီသောနွား*📖📖📖

**********************************
(၁)
ကိုမြင့်ဆောင်တစ်ယောက် ကိုပြူးနဲ့မောင်စိုး ရေဆင်းချိုးနေတုန်း သူလည်းတဲပေါ်မှာ ထမင်းချက်‌ေနရင်း စောစောက တဲကိုကိုင်လှုပ်သွားသော တစ္ဆေသည် သူတို့နှင့် မနေ့ညကစကားပြောခဲ့သည့် တစ္ဆေမကြီးဖြစ်မည်ဟု
တွက်ဆမိလိုက်သည်။
ထို့ကြောင့် ယနေ့ညနေ ထိုတစ္ဆေမကြီးကို ကျွေးဖို့အတွက် ဘာချက်ရမည်ကိုလည်း စဉ်းစားနေမိပြီး ဤနေရာသည် ရွာနှင့်အလှမ်းဝေး၍ အသားငါးလည်း
အလွယ်တကူ ဝယ်၍မရ ဒါကြောင့် ကိုမြင့်ဆောင် ထိုတစ္ဆေမကြီးကို သူတို့ပါလာသည့် ငါးခြောက်ဟင်းသာချက်ကြွေးမည်ဟုဆုံးဖြတ်လိုက်သည်။
နောက်ပြီး ငပြူးလုပ်လိုက်၍လည်း ထိုတစ္ဆေမကြီး စိတ်ဆိုးနေပြီဖြစ်မှန်လည်း သိလိုက်ပြီး တစ်ခုခုထပ်လုပ်မှာကို စိုးရိမ်နေသည်။ဒါကြောင့် ဒီညနေသူ့ကို သွားကျွေရင်တော့ သေခြာရှင်းပြမှဖြစ်မည်ဟု တွေးထားလိုက်ပြီး ထိုသို့မဟုတ်ပါက နှမ်းကြဲလို့ မပြီးမချင်း ဒီမှာနေရဦးမည့် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံလာနိုင်မှာဖြစ်သည်။
ကိုမြင့်ဆောင်း ထိုသို့စဉ်းစားနေရင်း ထမင်းတစ်အိုးကျက်တော့ ကိုပြူးနဲ့မောင်းစိုးတို့ ပြန်ရောက်လာပြီး
သူလည်းရေချိုးရန် ချောက်ထဲသို့ ဆင်းလာခဲ့တော့သည်။ထိုအခါ ကိုပြူးနဲ့‌မောင်စိုးက ဟင်းဆက်ချက်ထားမည်ဖြစ်ပြီး သူပြန်ရောက်လာလျှင် နေလည်စာ စားဖို့ အရန်သင့်ဖြစ်နေတော့မည်ဖြစ်သည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင် ရေသွားချိုးရာမှာ ပြန်ရောက်လာတော့ သုံးယောက်သား နေု့လည်စာစားလိုက်ကြပြီး တအောင့်တဖြုတ်နားကာ တောဆက်မခုတ်သေးပဲ ခုတ်ပြီးသားတောများကို တနေရာထဲသို့ စုပုံထားလိုက်ပြီး ညရောက်လျှင် မီးရှို့ရမည်ဖြစ်သည်။သို့မှသာ နောက်နေ့မနက် ကိုမြင့်ဆောင် ထယ်စထိုး၍ရမည်ဖြစ်ပြီး
နှမ်းလည်းကြဲနိုင်တော့မည်ဖြစ်သည်။
သူတို့သုံးယောက် ထိုသို့လုပ်ကိုင်နေရင်း ညနေစောင်းတော့ ကိုမြင့်ဆောင်တစ်‌ေယာက် တဲကိုပြန်လာခဲ့ပြီး တစ္ဆေမကြီးကိုကျွေးဖို့အတွက် သူကိုယ်တိုင် ထမင်းနှစ်လုံးချက်တစ်အိုးနှင့်ငါးခြောက်ဟင်းတစ်အိုးကို ချက်လိုက်သည်။
ထို့နောက် နေဝင်ရီတရောအချိန်သို့ရောက်တော့ သူချက်ထားသည့် ထမင်းနဲ့ဟင်းများကို တောင်းတစ်လုံးနှင့်ထည့်ပြီး တစ္ဆေမကြီးပြောသည့် ယာကွက်အစပ်မှ သိုက်ဝါးရုံပင်ကြီးအောက်သို့ ယူလာခဲ့လိုက်သည်။ထိုဝါးရုံပင်ကြီးအောက်ရောက်တော့ အနီးအနားမှ အင်ဖက်များကိုခူးကာ မြေကြီးပေါ်၌ဖြန်ခင်းလိုက်ပြီး သူယူလာသော ထမင်းနှင့်ဟင်းများကို ပုံထားလိုက်သည်။ထို့နောက်
“ကဲ ကျုပ်ကတော့ ကျုပ်ဂတိအတိုင်း ခင်ဗျားစားဖို့ ဒီမှာ လာကျွေးထားပြီ ကျုပ်ဂတိတည်သလို ခင်ဗျားလည်း ဒီကလူတွေကို ဆက်ပြီးမနှောက်ယှက်တော့နဲ့”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ယာကွက်အလယ်ရှိသစ်ပင်ကြီးဆီမှ တဖျောဖျောနှင့် သစ်ရွက်‌ေကြွသံများကိုကြားလိုက်ရပြီး လှည့်ကြည့်မိလိုက်သည်။ထိုအခါ သူ့ထံသို့ လာနေသော တစ္ဆေမကြီးကို မြင်လိုက်ရပြီး သူလည်း စကားပြောရန် ရပ်စောင့်နေလိုက်သည်။
ထိုသို့ဖြစ် တစ္ဆေမကြီး သူနှင့်ခပ်လှမ်းလှမ်းသို့ရောက်လာတော့ ကိုမြင့်ဆောင်က
“ကဲ ကျုပ်ဂတိအတိုင်း ခင်ဗျားကို လာကျွေးထားပြီး
ခင်းဗျားလည်း ဒီကလူတွေကို မနှောက်ယှက်တော့နဲ့”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ တစ္ဆေမကြီးက သူကိုကျွေးထားသော ဝါးရုံပင်အောက်မှ ထမင်းနဲ့ဟင်းများကိုကြည့်ပြီး
“အေး ငါလည်း လူတွေကို မနှောက်ယှက်ချင်ဘူး ဒါပေမဲ့ ဟိုအကောင်ကိုတော့ ငါမကျေနပ်ဘူး”
တစ္ဆေမကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်လည်း ကိုပြူးကိုပြောမှန်းသိလိုက်ပြီး
“သူ့ကိုလည်း ခွင့်လွတ်လိုက်ပါဗျာ သူက လူပျော်လူနောက် တစ်ယောက်မို့ပါ နောက်ပြီး အဲ့ဒီလို ထပ်မလုပ်ဖို့လည်း ကျုပ်ပြောထားလိုက်ပါမယ်”
“အေး အဲ့ဒီကောင်က သူ့ကို တော်ရုံ တစ္ဆေသရဲတွေ မကပ်နိုင်ဘူးဆိုပြီး ထင်ရာလုပ်ချင်နေတာ ဒါပေမဲ့ နင်တို့မှတ်ထားဖို့က တစ္ဆေသရဲတွေမှာလည်း သူ့နေရာနဲ့သူ စွမ်းအားရှိတယ်ဆိုတာပဲ”
“ကျုပ်သိပါတယ်ဗျာ ဒါကြောင့်လည်း ခင်းဗျားတို့ကို အထင်မသေးပဲ လာပြီးကျွေးမွေးတာပေါ့ ကျုပ် မျက်နှာကိုထောက်ပြီး ကျုပ်သူငယ်ချင်းကိုလည်း ခွင့်လွှတ်ပေးလိုက်ပါ”
“အေး အခုတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် နောက်တခါဆိုရင် ငါမလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့သူကိုခေါ်ပြီး သေအောင်လုပ်ခိုင်းမယ် ကဲ နင်သွားလိုရပြီ”
တစ္ဆေမကြီးလည်း ထိုသို့‌ပြောပြီး ကိုမြင့်ဆောင်နှင့်ခပ်လှမ်းလှမ်းနေ၍ သူကိုကျွေးထားသော ထမင်းပုံဆီသို့သွားလိုက်တော့သည်။
(၂)
ကိုမြင့်ဆောင်လည်း တဲသို့ပြန်လာခဲ့လိုက်ပြီး သူတဲသို့ရောက်တော့ ကိုပြူးက
“မြင့်ဆောင် ဘယ်လိုတုန်းကွ တစ္ဆေမကြီးငါ့ကို တော်တော်ဒေါသထွက်နေလား”
“ထွက်တာပေါ့ကွ နောက်တခါမင်းအဲ့လိုလုပ်ရင် အသေလုပ်သတ်ခိုင်းမယ်အထိတောင်ပြောနေတာ”
“ဟုတ်လာကွ ငါလည်း ဒီကလူတွေ အကုန်သရဲအခြောက်ခံနေရလို့ စိတ်တိုတိုနဲ့ လုပ်လိုက်တာကွ”
“အေးပေါ့ကွာ ဘာပဲဖြစ်ဖြစ် ကိုကအသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်ပဲ အရာရာကို ချင့်ချိန်ပြီးလုပ်ရမှာပေါ့ တို့လည်း ဒီ‌ေနရာမှာတော်တော်ကြာနေရဦးမှာဆိုတော့ မင်းနဲ့ငါနဲ့က ပြဿနာမရှိပေမဲ့ ကျန်တဲ့လူတွေအတွက်စိုးရိမ်ရတယ်ကွ”
ကိုမြင့်ဆောင် ထိုသို့ရှင်းပြလိုက်တော့ ကိုပြူး နားလည်သွားပြီး
“ဟုတ်ပါတယ်ကွာ မင်းလုပ်သလိုပဲကောင်းပါတယ် အားလုံးနဲ့အစဉ်ပြေနေတော့ လုပ်ရကိုင်ရတာပိုအစဉ်ပြေတာပေါ့”
“အေး ဒါဆို ငါလည်း ရေသွားချိုးလိုက်ဦးမယ်ကွာ”
ကိုမြင့်ဆောင် ထိုသို့ပြောပြီး လက်နှိပ်ဓါတ်မီးကိုယူကာ ချောက်ထဲသို့ ဆင်းလာခဲ့သည်။ထို့နောက် ချောက်ထဲရှိ ရေတွင်းမှာ ရေချိုးနေတုန်း စမ်းချောင်း အထက်ဖျားမှနေ၍ သူ့ဘက်ကို ပြေးလာနေသော အသံများကိုကြားလိုက်ရပြီး ထိုဘက်ကို ကြည့်နေမိလိုက်သည်။
ထိုအခါ သူ့တဲသို့ရောက်လာသည့် မှင်စာနှစ်ကောင် ဖြစ်နေပြီး သူနှင့်မလှမ်းမကမ်းသို့အရောက်၌ တဖက်တောင်ကုန်းပေါ်သို့ ပြေးတက်သွားတာကို မြင်လိုက်ရပြန်သည် သိပ်မကြာခင်မှာပဲ စောစောက သူကျွေးမွေးခဲ့သည့် တစ္ဆေမကြီး နောက်ကလိုက်လာတာကို မြင်လိုက်ရပြီး မှင်စာနှစ်ကောင်တက်သွားသည့် တဖက်တောင်ကုန်းပေါ်သို့ ပြေးတက်သွားပြန်သည်။
ကိုမြင့်ဆောင်လည်း ထိုအချင်းအရာကိုကြည့်ပြီး တစ္ဆေမကြီး စားသောက်နေသည့်အချိန် မှင်စာနှစ်ကောင်နှောက်ယှက်ခဲ့မှန်းသိလိုက်ပြီး ထို့ကြောင့် သူတို့နှစ်ကောင်နောက်ကို လိုက်လာချင်းဖြစ်မှန်း သိလိုက်သည်။
ထိုသိုဖြစ် သူလည်း ရေမိုးချိုးကာ တဲပေါ်သို့ပြန်တက် လာခဲ့ပြီး ကိုပြုး မောင်စိုးတို့နဲ့အတူ ညစာ စားလိုက်သည်။သူတို့သုံးယောက် ညစာ စားပြီးချိန်၌ ကိုလှသောင်းနဲ့ငတူးတို့ တဲလည် ရောက်လာကြသည်။
သူ့တို့နှစ်ယောက်လည်း ညညက်အခါ အလုပ်နား၍ လည်ပတ်စရာဆို့လို့ ကိုမြင့်ဆောင်တို့ တဲတတဲသာနီးနီးနားနားရှိပြီး ကျန်သည့်တဲများကတော့ အလှမ်းဝေးပြီး လမ်းပန်းလည့်မသင့် ချောက်ကြိုချောင်ကြားများမှ သွားရမည့်ဖြစ်၍ ရုတ်တရက်မသွားဖြစ်ပဲ လိုအပ်မှသာ သွားလာဖြစ်သည်။ယခုလည်း သူတို့နှစ်ယောက် တဲသို့ရောင်လာကြပြီး ငတူးက
“ကိုပြူး ရော့ဗျာ့ ဒီမှာ ကျုပ်မြေပဲ‌ေတာင့်တွေ ယူလာတယ် စကားပြောရင်း စားရအောင်လို့ ပြုတ်လိုက်ပါဦးဗျာ့”
ငတူးထိုသို့ပြောလိုက်‌ေတာ့ ကိုပြူးလည်း မြေပဲတောင့်အိပ်ကိုယူရင်း
“ဟုတ်လှချည်လားကွ မင်းဒီမြေပဲ‌ေတာင့်တွေ ဘယ်သူ့အကွက်ထဲကများ သွားခိုးနှုတ်လာတာတုန်း”
ကိုပြူး ရယ်ကျဲကျဲဖြင့် ‌‌ေမးလိုက်တော့ ငတူးက
“ဟုတ်တယ်ဗျာ့ ကျုပ်ညနေက တောထဲလျှောက်သွားရင်း ထိမ်ပင်ရွာက ကိုသန်းမောင်းကြီး အကွက်ထဲရောက်သွားလို့ အဲ့ဒါ မြေပဲခင်းကြီးတွေ့တာနဲ့ တစ်ခါပြုတ်လောက်နှုတ်လာတာ”
“အေး မင်းကတော့ လုပ်တော့မယ် ကိုသန်းမောင်ကြီးအကြောင်းလည်း သိသားနဲ့”
ကိုပြူး ထိုသို့ပြောလိုက်တော့ ငတူးက
“မြေပဲတောင့် တစ်ခါပြုတ်လောက်နဲ့တော့ ဘာမှ မလုပ်လောက်ပါဘူးဗျာ့ လုပ်တော့လည်း ခင်ဗျာ့တို့ရှိနေတာပဲ”
“ငါတို့ရှိလည်း ငါတို့က ဆရာတွေမဟုတ်ဘူးဟ ကိုယ့်အကွက်ထဲကဟာတွေတောင် မနိုင်လို့ ထမင်းကျွေးပြီး တောင်းပန်းနေရတာ”
“ဒါဆို ခင်ဗျား မပြုတ်ဘူးလားဗျာ”
ငတူး ထိုသို့မေးလိုက်တော့ ကိုပြူးက
“အခုမှတော့ မထူးတော့ပါဘူးကွာ ယူလာမိလက်စနဲ့တော့ ပြုတ်လိုက်တာပဲကောင်းပါတယ် တို့လည်း စားရတာပေါ့”
ကိုပြူးလည်း ထိုသို့ပြောပြီး မြေပဲတောင့်များကို ဆေးကြော၍ အိုးတစ်လုံးနှင့်ထည့်ပြုတ်ထားလိုက်သည်။
ထို့နောက် သူတို့လည်း မြေပဲတောင့် ကြက်မည့်အချိန်ကို စောင့်ရင့်း နှမ်းကြဲမည့် ကိစ္စများကို ပြောဆိုနေကြသည်။ထိုသို့‌ေပြာဆို‌ေနကြရင်း ငတူးက
“ကိုသန်းမောင်းကြီး မြေပဲခင်းက တော်တော်ကောင်းတာပဲဗျာ့”
“ဟုတ်လားကွ မင်းဒါကြောင့် တော်တော် နှုတ်လာတာပေါ့”
ကိုပြူး ထိုသို့‌ပြောလိုက်တော့ ငတူးက
“အေးဗျာ ကျုပ်လည်း မြေပဲပင်တွေကြည့်ပြီး နှုတ်ချင်စိတ်ပေါက်လာတာနဲ့ နှုတ်လာတာ နောက်ပြီးမှ ကိုသန်းမောင်ကြီး သူ့အကွက်ထဲကို အစောင့်‌ေတွချထားတတ်မှန်း သိတာ”
“ဟုတ်လား ဒါဆို မင်းမြေပဲတောင့်တွေ ဘာလို့ပြန်မထားခဲ့တာတုန်း”
“ဟိုဗျာ နှုတ်ပြီးမှတော့ ပြန်ထားနေလည်း အလကားဖြစ်ကုန်မှာပဲကို ဒါကြောင့် ကျုပ်လည်းယူလာတာ”
“အေးကွာ ယူလာတော့လည်း စားရတာပေါ့ နောက် ကိုသန်းမောင်ကြီးနဲ့ တွေ့မှပဲ မြေပဲဖိုးပိုက်ဆံပေးလိုက်တာပေါ့”
ကိုပြူးလည်းထိုသို့ပြောပြီး ကျက်နေပြီဖြစ်သော မြေပဲပြုတ်များကို ဘန်းထဲထည့်ကာ သူတို့အလယ်မှချလိုက်ပြီး မြေပဲပြုတ်စားလိုက် စကားပြောလိုက်ဖြင့် အလုပ်ကို ဖြစ်နေကြတော့သည်။
ထိုသို့ ငတူးနှုတ်ယူလာသည့် မြေပဲခင်းပိုင်ရှင် ကိုသန်းမောင်ဆိုသိုသည်မှာ ထိမ်ပင်ရွာသား တစ်ယောက်ဖြစ်ပြီး ဤကျောပေါ်မှာပင် အမြဲတမ်းနေထိုင်ကာ သူ၏ ယာကွက်ထဲတွင် နှစ်ရှည် သီးနှံပင်များစိုက်ပျိုးထားသည့် ဥယျဉ်တစ်ခုလည်းရှိသည်။
နောက်ပြီး ရာသီအလိုက် သီးနှံများကိုလည်း စိုက်တတ်ပြီး တောထဲမှာပင် အမြဲနေထိုင်ပြီး လုပ်ကိုင်သည်ဖြစ်၍ သူ၏သီးနှံများမှာ စောစောပေါ်တတ်သည် ယခုလည်း သူတို့တတွေ နှမ်းပင် မကြဲရသေး ကိုသန်းမောင်၏မြေပဲများကတော့ ပြုတ်စား၍ပင် ရနေပြီဖြစ်သည်။
ထို့ကြောင့် ငတူးလည်းသွားရင်းလာရင်း ‌တွေ့ လိုက်ရသော မြေပဲခင်းထဲမှ မြေပဲတောင့် တစ်ခါပြုတ်လောက် နှုတ်ယူလာခဲ့ချင်းဖြစ်ပြီး ထိုမြေပဲခင်းသည် တစ်ခြားလူများ၏ မြေပဲခင်းဆိုလျှင် ပြဿနာမရှိ ဒါပေမဲ့ ကိုသန်းမောင်၏ မြေပဲခင်းဖြစ်နေ၍ အနည်းငယ်တော့ ဆိုးရိမ်စရာဖြစ်နေသည်။
အကြောင်းမှာ ကိုသန်းမောင်သည် သူ၏ယာကွက်ထဲတွင်အစောင့်အရှောက့်များမွေးထားတတ်ပြီး ထိုအစောင့်အရှောက်များက သူ့ယာကွက်ထဲသို့ ဘယ်သူလာပြီး ဘာတွေလုပ်သွာတယ်ဆိုတာ ပြန်ပြောကြသည်ဟု ပြော‌ေနသောစကားများကို ကြားဖူးပြီး ထိုအခါ ကိုသန်းမောင်ကြီးကိုတိုင် သို့မဟုတ် သူမွေးထားသော အကောင်များကိုလွှတ်၍ နောက်ထိုသို့ မလုပ်ရန် သတိပေးတတ်သည်ဟုလည်း ဆိုကြပြန်သည်။
နောက်ပြီး ထိုသို့ သတိပေးတာကို နားမထောင်ပဲဆက်လုပ်ပါက သေလုမျောပါးဖြစ်အောင် ဒုက္ခပေးတတ်သည်ဟူ‌၍လည်း ပြေဆိုနေကြတာကိုလည်း ကြားဖူးကြသည်။
ဒါပေမဲ့ သူတို့ ကိုယ်တိုင်တော့ဖြင့် မကြုံဖူးသေး ယခုလည်း ငတူးမြေပဲများကို နှုတ်လာ၍သာ ထိုအကြောင်းများကို စဉ်းစားမိကြချင်းဖြစ်ပြီး ဟုတ်မဟုတ်ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ထိုသို့ဖြစ် အချိန်အတော်ကြာ‌ေတာ့ ကိုလှသောင်းနဲ့ငတူးလည်း ညည့်နက်လာပြီဖြစ်၍ သူတို့ကို နှုတ်ဆက်ကာ ပြန်သွားကြတော့သည်။
(၃)
ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်လည်း နဗျာကြီးနှစ်‌ကောင်ကို ထယ်ထမ်းပိုးတွင်တတ်ပြီး
ထယ်ထိုးရန်ပြင်ဆင်လိုက်သည်။ထိုသို့ ထယ်ထိုးရာ၌လည်း ဤကျောပေါ်ကအကွက်များသည် သစ်ငုတ်များပေါလွန်းလှသဖြင့် အလွန်ဂရုစိုက်ရပြီး မထိုးတတ်ထိုးတတ်ဖြင့်ဆိုပါက ထယ်သွားခဏခဏကျိုတတ်သည်။ ထို့ကြောင့် ကိုမြင့်ဆောင်လည်း ထယ်ကိုဂရုတစိုက်ထိုးနေပြီး ကိုပြူးနဲ့မောင်စိုးကတော့ လက်ကျန်တောများကို ဆက်ခုတ်နေလိုက်သည်။
ထိုအချိန် ငတူးတစ်ယောက်လည်း ယနေ့နှမ်းစကြဲမည်ဖြစ်၍ သူ၏ နွားနှစ်ကောင်ကို ထမ်းပိုတွင်တပ်လိုက်သည်။ထိုအခါ သူ၏နွားတစ်ကောင်သည် ရုတ်တရက် သူ့ကို လှည့်ဝေ့လိုက်၍ ငတူး အံ့ဩနေမိသည် ဤနွားနှစ်‌ကောင်ကို သူခိုင်းလာသည်မှာ နှစ်ပေါင်းမနည်းတော့ တစ်ခါမှ အခုလိုမဝှေ့ဘူး ဝှေ့တတ်သောနွားများလည်းမဟုတ် ဒါကြောင့် ငတူးသူ့ကိုဝှေ့လိုက်သောနွားကို လက်ထဲမှ ကြိမ်လုံးဖြင့် တစ်ချက်ရိုက်လိုက်ပြီး ငေါက်ငမ်းလိုက်သည်။
သို့သော် ထိုနွားက ကြောက်လန့်မသွားပဲ သူ့ကိုဆက်ပြီး ဝှေ့ပြန်သည်။ထိုအခါ ငတူးက နွားနဖားကြိုးကိုကိုင်ပြီး နောက်သို့လှန်ထားလိုက်သည် ဒါပေမဲ့ သူထိုသို့လုပ်၍လုပ်၍လည်းမရ ထိုနွားက ခေါင်းကြီးတရမ်းရမ်း
လုပ်ရင်း ရုန်းကန်ပြီး ငတူးကိုသာ လိုက်ဝှ့နေသည် ငတူးလည်း ထိုနွားဝှေ့တာကို ရှောင်တိမ်းပြီး သူနှမ်းကြဲရမည့်အကွက်ထဲကို ပတ်ပြေးနေရင်း
“ဘာတုန်းဟ ဒီနွားကျတ်များဖမ်းနေရော့လား တွေ့မယ် နင်ငါနဲ့တွေမယ်”
ငတူး ပါးစပ်ကသာ ထိုသို့ ကြိမ်းမောင်းနေပြီး လူကတော့ အကွက်ထဲပတ်ပြေးနေရသည်မှာ မောနေပြီဖြစ်သည်။ထို့ကြောင့် သူ့တဲဆီကို ပြေးသွားပြီး တဲအိပ်စင်ပေါ်သို့ တက်နေလိုက်သည် သို့သော် ထိုနွားက အလွတ်မပေး သူ့နောက်သို့ လိုက်လာပြီး တဲအိပ်စင်ပေါ်သို့ပင် ရှေ့လက်နှစ်ချောင်းဖြင့်ထောက်ကာ ငတူးကို ဝှေ့ဖို့ ကြိုးစားနေသည်။ငတူးလည်း ထိုသို့ သူ့ကို သဲကြီးမဲကြီး ဖြစ်နေသောနွားကိုကြည့်ကာ ကြည့်ကာ ကြောက်လန့်စိတ်ဝင်လာပြီး တဲထုတ်တန်းပေါ်သို့ တက်‌ေနလိုက်သည်။ထို့နောက်
“ဗျို့ ကိုလှသောင်း ကျုပ်ဆီ ခဏလာပါဦးဗျာ့”
ငတူး ထိုသို့လှမ်းအော်လိုက်တော့ တစ်ဖက်အကွက်ထဲမှာ ထယ်ထိုးနေသော ကိုလှသောင်းက
“ဝေ့ ဘာဖြစ်လို့တုန်းကွ ငါဒီမှာ ထယ်ထိုးနေတယ် အလုပ်မအားဘူး”
ကိုလှသောင်းသည် ငတူးထိုသို့ ဖြစ်နေတာကိုသူမသိ အကွက်ချင်းကပ်လျှက်ဖြစ်သော်လည်း သူတို့နှစ်ယောက်လုပ်ကိုင်နေကြသည့် နေရာများ သူတို့ယာကွက်များ၏ တောင်ဘက်စနှင့် မြောက်ဘက်စဖြစ်နေ၍ ငတူးဘာဖြစ်နေသည်ကို သူမသိနိုင် ဒါကြောင့် သူ ထိုသို့ ပြန်အော်လိုက်ချင်းဖြစ်ပြီး ထိုအသံကိုကြားတော့ ငတူးက
“မဟုတ်ဘူးဗျာ့ ဒီမှာကျုပ်နွားတစ်ကောင် ဘာဖြစ်နေမှန်း မသိဘူး လူလိုက်ဝှေ့နေလို့”
“ဟုတ်လားကွ ဒါဆိုလည်း ကြိမ်နဲ့ နဲနဲ့ ဆော်လိုက်ကွာ”
ကိုလှသောင်းလည်း ထိုသို့အော်ပြောရင်း ထယ်ငြင်းကွင်းကိုဖြုတ်ကာ နွားနှစ်ကောင်ကို ထမ်းပိုတန်းလန်းထားခဲ့ပြီး ငတူးဆီကို လာခဲ့လိုက်သည်။သူ့လက်ထဲမှာတော့ ထယ်ထိုးရင်းတန်းလန်းနှင့်မို့ နွားမောင်းသည့်ကြိမ်လုံးကို ကိုင်လာခဲ့ပြီး ငတူး အကွက်ထဲကိုရောက်တော့
“ဘယ်နွားတုန်းကွ လူ‌ပြန်ဝှေ့တာ”
ကိုလှသောင်း ထိုသို့ မေးလိုက်ပေမဲ့ ငတူးကိုတော့ မတွေ့သေး ဒါကြောင့် အကွက်ထဲကို လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်ချင်းဖြစ်ပြီး ငတူးက
“ဒီ တဲထဲက နွားလေဗျာ”
ထိုသို့ ငတူး၏ ပြန်ဖြေသံကြားမှ ကိုလှသောင်းလည်း ငတူးတဲထဲမှာရှိမှန်း သိသွားပြီး
“ဟုတ်လားကွ ဒီနွားက ဘာကြောင့်လူပြန်ဝှေ့နေတာတုန်း”
ကိုလှသောင်းလည်း ထိုသို့ပြောပြီး တဲအတွင်းမှာရှိနေသည့်နွားကိုကြည့်ပြီး ငတူးကိုလိုက်ရှာလိုက်သည် ထိုအခါ တဲထုပ်တန်းပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး တဲတိုင်ကိုကိုင်ထားသော ငတူးကိုတွေ့လိုက်ရပြီး
“ငတူး မင်း အဲ့ဒီအပေါ် ဘာတက်လုပ်နေတာတုန်း”
“ဘာလုပ်ရမှာတုန်းဗျာ့ ကျုက်ကို နွားလိုက်ဝှေ့နေလို့ ဒီအပေါ်တက်နေရ‌တာပေါ့”
“မင်းကလည်းကွာ ကိုယ့်နွားကို ဒီလောက်ကြောက်ရလား”
ကိုလှသောင်းလည်း ငတူးကို ပြစ်တင်ပြောပြီး တဲထဲတွင် ခါးကြီးကော့လျှက် တရှုးရှုးဖြင့်ဆောင်နေသော နွားကို ကြည့်ပြီး
“ဘာာဖြစ်တာတုန်းနင်က”
ပြောပြောဆိုဆို ကိုလှသောင်း သူလက်ထဲမှ ကိုင်လာသော ကြိမ်လုံးဖြင့် နွား၏ကျောကို ဖြန်းကနဲမြည်အောင် တစ်ချက်ရိုက်လိုက်သည် ကိုလှသောင်း ထိုသို့ နွားကို ကြိမ်လုံးဖြင့်ရိုက်ဖို့ ရွယ်လိုက်ကတည်းက ငတူးက
“ဟေ့လူ သွားမရိုက်နဲ့”
ငတူးထိုသို့ အော်ပြောလိုက်ပေမဲ့ နောက်ကြသွားပြီး ကိုလှသောင်း၏ ကြိမ်လုံးက နွားကျောပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။ထိုအခါ ထိုနွားကလည်း သူကိုရိုက်လိုက်သော ကိုလှသောင်းကို အတင်းဝှေ့တောသည် ထိုအခါမှ ကိုလှသောင်းလည်း
“ဟဟ ဘာတုန်းဟ”
ကိုလှသောင်း ပြောပြောဆိုဆို အလန့်တကြားဖြစ်သွားပြီး တဲတိုင်ကို လက်ဖြင့်ကိုင်၍ ပတ်နေရသည်။သူထိုသို့ ပတ်နေလေလေ နွားကလိုက်ဝှေ့လေလေဖြင့် တဲတိုင်ကို တဒိန်းဒိန်းဖြင့် ဝှေ့မိနေသည်။ကိုလှသောင်းလည်း ရုတ်တရက် တဲပေါ်သို ခုန်တက်လိုက်ပြီး
“ငတူး မင်းနွားက ဘာဖြစ်တာတုန်းဟ အရင်လူမဝှေ့ပါဘူး”
“အဲ့ဒါကြောင့် ကျုပ်ပြောတာပေါ့ဗျာ့ ဘာဖြစ်နေမှန်းမသိပါဘူးဆို ထမ်းပိုး‌ကောက်လိုက်ကတည်းက လိုက်ဝှေ့နေတာ”
“ဟုတ်လားကွ ဒါဆိုမင်း အကွက်ထဲမှာများ မဟုတ်မဟတ်တွေ ပြောမိသေးလား”
ကိုလှသောင်း ငတူးတစ်ယောက် မဟုတ်မဟတ် ပြောမိ၍ နွားကို တစ်ခုခု ပူးကပ်ပြီး လူကိုလိုက်ဝှေ့နေချင်းဖြစ်မည်ဟု တွက်ဆပြီး ‌ေပြာလိုက်ချင်းဖြစ်ပြီး ငတူးက
“ကျုပ် ဘာမှမပြောမိပါဘူးဗျာ အရက်သောက်တာကလွဲပြီး ကျန်တာအားလုံးလူကောင်းပါ”
“အေး ဒါဆို မင့် နွားလူလိုက်ဝှေ့နေတာတော့ ထူးဆန်းတယ်ကွ”
ကိုလှသောင်းနဲ့ ငတူးလည်း ထိုသို့ တဲစင်ပေါ်မှာတစ်‌ယောက် တဲထုပ်တန်းပေါ်မှာတစ်ယောက် တက်နေရင်း သူတို့အောက်မှ တရှုးရှုးဖြင့်‌ေစာင်နေသော နွာကိုကြည့်ပြီးပြောနေကြသည်။ထိုသို့ဖြစ် အတန်ကြာတော့ ကိုလှသောင်းက
“ကဲ ဒီအတိုင်းနေလိုတော့ မဖြစ်ဘူးကွ မြင့်ဆောင်တို့ကို သွားခေါ်မှဖြစ်မယ်”
ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ငတူးက
“ဘယ်လိုလုပ် သွားခေါ်မှာတုန်းဗျာ့ ဒီနွားက ‌‌ေအာက်ဆင်းတာနဲ့ ဝှေ့မဲ့ပုံ”
“အေး ဒါလည်း ဟုတ်တယ်ကွ နေပါဦး ငါတဲနောက်ကဆင်းကြည့်ဦးမယ်”
ကိုလှသောင်းလည်း ထိုသို့ပြောပြီး ငတူးတဲအိပ်စင်လေးကို ကာထားသော သက်ကယ်ပျစ်များကြားမှ ခြေထောက်တစ်ဖက်ကို အရင်ချကြည့်လိုက်သည် မျက်လုံးနှစ်လုံးကတော့ နွားကိုသာ ကြည့်နေရပြီး ရုတ်တရက် နွားတဲနောက်သို့ ပြေးလာပါက ပြန်တက်ရန်ဖြစ်သည်။
ထိုသို့ဖြစ် တဖြည်းဖြည်း ကိုယ်လုံးပါဆင်းပြီး တဲနှင်ကွယ်၍ နွားမမြင်အောင် သူ့အကွက်ထဲသို့ ပြန်လာခဲ့လိုက်ပြီး ထိုမှတဆင့် ကိုမြင့်ဆောင်တို့တဲကို ခပ်သုပ်သုပ် ထွက်လာခဲ့လိုက်သည်။
(၄)
သူ ကိုမြင့်ဆောင်တို့တဲကို ရောက်တော့ ကြိမ်လုံးကြီးကိုင်၍ ရောက်လာသောသူ့ကိုကြည့်ပြီး အလုပ်တခါနား၍ ရောက်လာသည် အထင်ဖြင့်
“လာကွာ လှသောင်း ငါလည်းအခုပဲနားတော့မလို့”
ပြောပြောဆိုဆို နွားနှစ်ကောင်ကို ထယ်ညှင်းကွင်း ဖြုတ်၍ ထားခဲ့လိုက်ပြီး တဲဆီသို လာခဲ့လိုက်သည် ထိုအခါ ကိုလှသောင်းက
“လာလို့ မရသေးဘူးဟေ့ကောင် ငတူးနွား ဘာအရူးထတုန်းမသိဘူး လူလိုက်ဝှေ့နေလို့ အဲ့ဒါမင်းတို့ကို လာခေါ်တာ”
“ဟုတ်လားကွ ဒီ‌ကောင့်နွားတွေ လူမဝှေ့ပါဘူး”
“အေးလေကွာ အခုမှ ထူးထူးဆန်းဆန်း လူလိုက်ဝှေ့နေတာ ‌ေဝှ့မယ့်ဝှေ့တော့လည်း တဲပေါ်တက်ပြေးရတဲ့ အထိပဲ‌ ဒါတောင်မလွတ်ချင်ဘူး ငတူးဆို တဲထုပ်တန်းပေါ် တက်နေရတယ်”
“ဟုတ်လားကွ ဒါဆို သာမန်မဟုတ်လောက်ဘူးထင်တယ်”
ကိုမြင့်ဆောင် ထိုသို့ ခန်မှန်းပြောဆိုလိုက်တော့ ကိုလှသောင်းက
“အေးကွ ငါလည်း အဲ့ဒီလိုထင်တာပဲ လာကွာမြန်မြန်သွားကြည့်ရအောင်”
သူတို့နှစ်ယောက်လည်း ထိုသို့ပြောဆိုပြီး ငတူး၏ တဲရှိရာသို့ ခပ်သွက်သွက်ထွက်ခဲ့လိုက်သည်။ထိုအခါ သူတို့‌ေပြာဆိုနေတာတွေကိုကြားပြီး ကိုပြူးနဲ့မောင်စိုးလည်း နောက်မှလိုက်ခဲ့ကြသည်။
ထိုသို့ဖြစ် သူတို့လေးယောက် ငတူး၏တဲကိုရောက်တော့ လူလိုက်ဝှေ့နေသောနွားသည် တဲထဲမှာပင်ရှိသေးပြီး သူတို့ကို မြင်သည်နှင့် တရှုးရှုးတရှဲရှဲဖြင့် ခါးကြီးကော့လျှက် ရပ်ပြီး စောင်နေသည်။ ထိုအခါ သူတို့လည်း တဲနားကို သတိထားကပ်သွားပြီး နွားကို ချော့မော့ကြည့်သည်
သို့သော် ထိုသို့လုပ်၍မရ သူ့အနားသို့ကပ်လာသည်နှင့်
နှာတဖူးဖူးမှုတ်ပြီး ဝှေ့ဖို့သာပြင်နေသည်။ထိုအခါ သူ့တိုလည်း တဲအပြင်မှာ ရပ်နေကြပြီး မည်သို့လုပ်ရမည်ကို စဉ်းစားရင်း ထုပ်တန်းပေါ်တက်နေသည့် ငတူးကို
“ငတူး ဆင်းခဲ့တော့လေကွာ မင်းနွားကိုမင်းပြန်ထိန်းဦး”
ကိုလှသောင်း ထိုသို့‌ပြောလိုက်တော့ ငတူးက
“မရဘူးဗျာ့ ကျုပ်စောစောက အောက်ဆင်းကြည့်ပြီးပြီ တဲစင်ပေါ်ရောက်တာနဲ့ ပတတ်ရပ်တက်လာလို့ ဒီပေါ်ပြန်တက်နေရတာ”
“ဟုတ်လားကွ နေပါဦး ဒီနွားကြိုးကိုင်မိရင်တော့ ထိန်းလို့ရမှာပါ”
ကိုပြူး ထိုသို့ပြောပြီး နွားနောက်မှနေ၍ မြေပေါ်ကြနေသော နွားကြိုးကို သွားကိုင်လိုက်သည်။ထိုသို့ ကြိုးကိုကိုင်လိုက်သည်နှင့် ထိုနွားက နောက်ကိုလှည့်ပြီး ကိုပြူးကို အတင်းဝှေ့တော့သည်။ထိုအခါ ကိုပြူးလည်း နောက်သို့ပြန်ဆုတ်လိုက်ရပြီး
“မရဘူးကွ ကြိုးကိုအကိုင်မခံဘူး”
ကိုပြူး ထိုသို့ပြောလိုက်တော့ ထုပ်တန်းပေါ်တက်နေသည့် ငတူးက
“သွားမလုပ်နဲ့ ကိုပြူး ကျုပ်နဖားကြိုးက ထိန်းတာတောင်မရဘူး”
“ဟုတ်လားကွ ဒါဆိုဘယ်လိုလုပ်ကြမတုန်း”
ကိုပြူး ထိုသို့မေးလိုက်တော့ ငတူးက
“ဘယ်လိုလုပ်ရမှန်းမသိလို့ ခင်ဗျာ့တို့ကို ခေါ်လိုက်တာပေါ့ဗျာ့”
ကိုပြူးလည်း ငတူး၏ပြောပုံကိုကြည့်ပြီး
“အေး မင်းကတော့ တော်တော် ကူညီချင်စရာကောင်းတဲ့ကောင် ပြောပုံကိုက ငါ တစ်နေ့လုံး ထုပ်တန်းပေါ်က ပြန်ဆင်းလို့မရအောင် ထားလိုက်ဦးမယ်”
ကိုပြူး ထိုသို့ပြောလိုက်တော့ ငတူးက
“ကျွန်တော်က စေတနာနဲ့ပြောတာပါ ကိုကိုပြူးရယ် ဒီအတိုင်းကြီးတော့ မထားခဲ့ပါနဲ့ အခုတင်ပဲ တော်တော်ညောင်းနေပြီ”
ငတူးလည်း ကိုပြူးကို ခပ်နောက်နောက်ပင်ပြန်ပြောလိုက်သည်။ထိုသို့ပင် ကိုပြူးနှင့်ငတူးသည် စနောက်နေကြဖြစ်၍ ယခုလို အချိန်မျိုးမှာပင် သူတို့၏ဝသီကို မစွန့်လွှတ်နိုင်ကြပဲ ခပ်နောက်နောက် ပြေနေကြချင်းဖြစ်ပြီး ကိုပြူးကလည်း
“မင်း အဲ့ဒီလို ဘယ်အရာမှ အရေးမစိုက်ပဲ ကိုသန်းမောင်မြေပဲတွေ ခိုးနှုတ်လာလို့ အခုလိုဖြစ်တာပဲနေမယ် အဲ့ဒါ ကိုသန်းမောင်ကြီး မင်းကိုနွားနဲ့တိုက်တာကွ”
ကိုပြူးထိုသို့ အမှတ်မထင်ပြောလိုက်ပေမဲ့ ထိုစကားသည် အမှန်ဖြစ်နိုင်နေပြီး ထို့ကြောင့်သာ တစ်ခါမှ သခင်ကိုမဝှေ့ဘူးသောနွားသည် အခုပြန်ဝှေ့နေပြီး ကျန်သည့်လူများကို ဒီလောက်မဟုတ် မြေပဲနှုတ်လာသော ငတူးကိုသာမဲနေပြီး အောက်ကိုဆင်းလာမည့် အချိန်ကိုပင် ရပ်စောင့်နေသည်အထိဖြစ်သည်။ထိုအခါ ငတူးလည်း ကိုပြူးပြောတာ ဖြစ်နိုင်နေ၍
“အဲ့ဒီလိုဆို ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး ခင်ဗျာတို့လည်း ပါတယ် မတရားမလုပ်နဲ့ ဟဲ့နွား သူတို့ကိုရော သွားဝှေ့စမ်း ပဲပြုတ်စားတာ သူတို့လည်းပါတယ်”
ငတူး ထိုသို့ပြောပြီး နွားကိုလက်ဖြင့် ခြောက်လှန့်၍ ကိုပြူးတို့ကို သွားဝှေ့ခိုင်းနေသည်။ထိုအချိန် ကိုမြင့်ဆောင်က
“ငပြူး မင်းနဲ့မောင်စိုး တို့နွားနှစ်ကောင် သွားဆွဲကွာ မင်းပြောသလို ဟုတ်မဟုတ် စမ်းကြည့်ရအောင်”
“ဘယ်လိုစမ်းမှာတုန်းကွ”
“ဒီလိုကွာ ဒီနွားက တို့နွားနှစ်ကောင်ကိုကြောက်တယ်မို့လား အဲ့ဒါမင်းပြောသလို ကိုသန်းမောင်ကြီး ဒီနွားကို မကောင်းဆိုးဝါးဝင်ပူးခိုင်းထားရင် မကြောက်ပဲပြန်ဝှေ့လိမ်မယ် အဲဒီလိုပြန်မဝှေ့ရင် သက်သက် လူလိုက်ဝှေ့နေတာပဲကွ”
ကိုမြင့်ဆောင် ထိုသို့ရှင်းပြလိုက်တော့ ကိုပြူး သဘောပေါက်သွားပြီး
“အေး ဟုတ်တယ်ကွ မင်းအကြံမဆိုဘူး တို့နွားနှစ်ကောင်ကလည်း ပေါ့ဆဆနွားတွေမှ မဟုတ်တာ သရဲတောင် ယှဉ်ဝှေ့လာတဲ့ကောင်တွေပဲ”
ကိုပြူလည်း ထိုသို့ပြောပြီး မောင်စိုးကို ခေါ်ကာ သူတို့နွားကြီးနှစ်ကောင်ကို သွားဆွဲတော့သည်။
(၅)
ထိုသို့ဖြစ် ခဏကြာတော့ ကိုပြူးနဲ့မောင်စိုး ဆွဲလာသည့် နွားကြီးနှစ်ကောင်၏ တွန်သံကိုကြားလိုက်ရပြီး လူလိုက်ဝှေ့နေသော ငတူး၏နွားသည်လည်း ထိုနွားတွန်သံကြားသည့် ဘက်ကို ခေါင်းကြီးမော့၍ကြည့်နေသည်။
ထို့နောက် မကြာခင်မှာပဲ ကိုပြူးနဲ့မောင်စိုး နွားကြီးနှစ်ကောင်ကိုမောင်း၍ ရောက်လာကြပြီး ထိုနွားကြီးနှစ်ကောင်ကိုမြင်တော့ ငတူး၏နွားက ကြောက်ရွံ့ဟန်မပြပဲ တထိန်းထိန်းဖြင့်တွန်ရင်း ခွါတွေတဖျောင်းဖျောင်းယက်နေသည် ထိုနွား၏ပုံကိုကြည့်ပြီး ကိုမြင့်ဆောင်က
“ဟုတ်တယ်ကွ လှသောင်း ဒီနွားအပမှီနေတာပဲ ပုံမှန်ဆို ငါ့နွားတွေကိုမြင်တာနဲ့ ဒီလိုတွန်ဖို့နေနေသာသာ မြက်တောင် နေရာရွှေ့စားတာကွ”
ကိုမြင့်ဆောင် ပြောသလိုပင် ငတူး၏နွားသည် ကြောက်နွားဖြစ်ပြီး သူ၏နွားကြီးနှစ်ကောင်ကို ယှဉ်မဝှေ့ရဲ အကောင်ချင်းလည်း ကွာလှပြီး အားချင်လည်းမမျှ ဒါပေမဲ့ အခုတော့ ထိုအရာတွေကို ဂရုစိုက်ပုံမပေါ် နှာတွေတရှုးရှုးမှုတ်ပြီး တထိန်းထိန်းဖြင့်တွန်ရင်း ဝှေ့ဖို့သာ စောင်နေသည်။ထိုအခါ ကိုမြင့်ဆောင်လည်း
“ငပြူး တစ်ကောင်ချင်း အရင်တိုက်မယ်ကွာ ဘို့လဲကြီးကို အရင်လွှတ်လိုက်လိုက်”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူးလည်း သူမောင်းလာသည့် ဘို့လဲကြီးကို ကြိုးအရင်းမှ ဖြည်လွတ်လိုက်သည် ထိုအခါ ဘိုလဲကြီးသည်လည်း နိုင်နွားဖြစ်နေ၍ မကြောက်မရွံ့ပင် ငတူး၏ လူလိုက်ဝှေ့နေသော နွားဆီကိုပြေးသွားပြီး ခေါင်းချင်းဆိုင်၍ ဝှေ့ကြတော့သည်။
ထိုသို့ နွားနှစ်ကောင် ဝှေ့ရာ၌ ငတူး၏ကြောက်နွားသည် မကြောက်မရွံ့ဖြင်ဝှေ့ယုံသာမက ပို၍ပင်အားကောင်းနေပြီး ဘို့လဲကြီးမှာ နောက်သို့ပင်ဆုတ်ပေးနေရသည်။ထိုသို့ဖြင့် အတန်ကြာတော့ ကိုမြင့်ဆောင်က
“ငပြူး ဒီအတိုင်းထားလို့တော့မရဘူးကွ ဂျိုထောင်ကြီးပါလွတ်ပေးမှဖြစ်မယ် ဒါမှဒီအပမှီနေတဲ့နွားကိုနိုင်မှာ”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ တဲထုပ်တန်းပေါ်မှ ပြန်ဆင်းလာပြီဖြစ်သော ငတူးက
“လွှတ်ပေးလိုက်ဗျာ ဒီနွားကျုပ်ကို လိုက်ဝှေ့ထားတာ မကျေနပ်ဘူး”
“အေး ဒါဆိုလွှတ်ပြီကွာ”
ကိုပြူးလည်း ထိုသို့ပြောပြီး မောင်စိုးဆွဲလာသော ဂျိုထောင်ကြီးကို လွှတ်ပေးလိုက်ပြန်သည်။ထိုအခါ ဂျိုထောင်ကြီးသည်လည်း အပမှီပြီး ဘို့လဲကြီးကိုပင် နောက်ပြန်ဆုတ်အောင် ဝှေ့နေနိုင်သော ငတူး၏နွားဆီသို့‌ပြေးသွားကာ ဘေးတိုက်ဝင်ဝှေ့တော့သည်။
ထိုသို့ဖြစ် အပမှီနေသောနွားနှင့် ရိုးရိုးသန်မာသော နွားနှစ်ကောင် ဝှေ့နေသည်မှာ အချိန်အတော်ကြာလာတဲ့အထိ အရှုံးအနိုင်မပေါ်ပဲဖြစ်နေပြီး ကြည့်နေရသူများပင်လျှင် ရင်တထိတ်ထိတ်ဖြင့်ရှိနေကြပြီး ငတူးက
“ကိုမြင့်ဆောင် ခင်ဗျားနွားတွေ ဒီနွားကိုနိုင်အောင် မဝှေ့နိုင်ရင်တော့ ကျုပ် ကိုသန်းမောင်ကြီးကို ငှက်ပျောပွဲ အုန်းပွဲနဲ့ သွားတောင်းပန်ရမယ်ထင်တယ်ဗျာ့”
ငတူး ထို့သို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“နိုင်နိုင် မနိုင်နိုင် တောင်းပန်တာတော့ တောင်းပန်းရမှာပဲကွ မင်းက သူ့မြေပဲတွေ သွားခိုးတာကို”
“ကျုပ်ကခိုးတယ်လို့လဲ မဟုတ်ဘူးဗျာ့ မသိအောင်သာ နှုတ်လာတာ ကျုပ်စိတ်ထဲမှာတော့ ခိုးလာတယ်လို့ကိုမထင်သေးဘူး”
ငတူး ထိုသို့ပြောလိုက်တော့ ကိုလှသောင်းက
“ဟေ မင်းဟား ထူးထူးဆန်းဆန်းပါလားကွ မသိအောင်လည်း နှုတ်လာသေးတယ် ခိုးလာတယ်လို့လည်း မထင်သေးဘူးဆိုတော့ ဘယ်လိုများတုန်း”
“မဟုတ်ဘူးဗျာ့ ကျုပ်က ကျုပ်တို့ရွာက လူတွေရဲ့ယာကွက်ထဲကလိုပဲ တစ်ခါစားနှစ်ခါစားကတော့ ဘယ်သူ့အကွက်ထဲကနှုတ်နှုတ် ရတယ်ဆိုတဲ့သဘောနဲ့ နှုတ်ယူခဲ့တာဗျာ့”
“အေးပေါ့ကွ တို့ရွာထဲက လူတွေကတော့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့ ဒါပေမဲ့ မင်းအခုသွားနှုတ်တာက တိုရွာထဲက မဟုတ်သလို တခြားရွားကဖြစ်နေတဲ့အပြင် အစောင့်အရှောက်တွေပါ မွေးထားတဲ့ လူရဲ့ဟာဖြစ်နေတာကိုးကွ”
“အေးဗျာ ကျုပ်လည်း နောက်သွားမနှုတ်တော့ပါဘူး”
“အေး နောက်တစ်ခါ သွားနှုတ်ရင်လည်း မင်းဒီထက်ဆိုးဖို့ပဲရှိတယ်”
ထိုသို့ဖြစ် သူတို့လည်း စကားပြောရင်း နွားသုံးကောင်ဝှေ့တာကို လိုက်ကြည့်နေတုန်း ယာကွက်၏ ‌ေနာက်ဘက် ခရိုးစပ်သို့ရောက်တော့ အပမှီနေသော ငတူး၏နွားသည် ရုတ်တရက် နောက်သို့လှည့်၍ပြေးလေသည်။ထိုအခါ ငတူးက
“ပြေးဟ ပြေးဟ ငါ့ကိုဝှေ့တဲ့နွား ဟင် မှတ်ပလား ဘယ်နှယ်ရှိဆ”
ငတူး ထိုသို့ သူ့နွားထွက်ပြေးတာကို ဝမ်းသားအားရအော်ပြီး နောက်မှ ပြေးလိုက်သွားသည်။ကျန်လူများလည်း သူကဲ့သို့ပင်ပြေးသွားကာ အပမှီထားသော ငတူး၏နွားကို လိုက်ဝှေ့နေသော နဗျာကြီးနှစ်ကောင်ဆွဲထားကြပြီး ကိုမြင့်ဆောင်က
“မောင်စိုး မင်း နွားကြီးနှစ်ကောင် တဲပြန်ဆွဲသွားကွာ
ငါငတူး နွားနောက်ကို လိုက်ကြည့်လိုက်ဦးမယ်”
ကိုမြင့်ဆောင် ထိုသို့ပြောပြီး သူ့နွားနောက်ကို ပြေးလိုက်သွားသော ငတူး၏နောက်သို့ လိုက်ခဲ့လိုက်တော့သည်။ထိုသို့ဖြစ် ငတူး၏နွားသည် ကိုသန်းမောင်၏ အကွက်ရှိရာဘက်သို့ ဦးတည်ပြေးသွားပြီး သူ့နောက်မှ ငတူးကလိုက်နေပြီး ငတူးနောက်မှ ကိုမြင့်ဆောင်က လိုက်ခဲ့ပြန်သည်။
ထိုသို့ဖြစ် အတန်ကြာတော့ ငတူး၏နွားသည် ကိုသန်းမောင်ကြီး၏ အကွက်စ၌ ရပ်နေပြီး ငတူးလည်း သူ့နွားကို ပြန်ဆွဲဖို့ အခြေအနေကြည့်နေသည် ထိုအချိန် ကိုမြင့်ဆောင် ရောက်လာပြီး
“ငတူး ဘာရပ်လုပ်နေတာတုန်း မင်း နွားကိုပြန်ဆွဲလေကွာ”
“နေဦးဗျာ့ ကျုပ်အခြေအနေကြည့်နေတာ တော်ကြာ ကျုပ်ကိုပြန်ဝှေ့နေရင်ပြီးရော”
“မဝှေ့တော့ပါဘူးကွာ ဆွဲမှာသာဆွဲစမ်းပါ”
ကိုမြင့်ဆောင် ထိုသို့ ပြောလိုက်မှ ငတူးလည်း သူ့နွားကြိုးကိုသွားကိုင်လိုက်သည် ထိုအခါ နွားကဘာမ မလုပ်တော့ပဲ အရင်အတိုင်း ခပ်အေးအေးပင်ဖြစ်နေပြီ ငတူးက
“ဟုတ်တယ်ဗျာ့ အခုတော့ သူမဟုတ်တဲ့အတိုင်း စော‌‌ေစာက ဖြစ်တာကို ဘာမှမသိလိုနဲ့”
ငတူးလည်း ထိုသို့ပြောပြီး သူ့နွား၏ကျောကို ပွတ်သပ်ပေးလိုက်ပြီး ထိုမှတဆင့် ခေါင်းများ ဂျိုများပါမကျန် ပွတ်သပ်ကိုင်တွယ် ကြည့်လိုက်သည် ထိုအခါ သူ့နွားက
သူ့ကို ဘာမှပြန်မလုပ်တော့ပဲ အေးအေးဆေးဆေးပင် ညိမ်ခံနေသည် ထိုအခါမှငတူးလည်း
“ဟုတ်တယ်ဗျာ့ ဒီနွား အပမှီနေလို့သာ ကျုပ်ကိုပြန်ဝှေ့တာ အခုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ”
“အေးပါကွာ ဒါဆိုလဲ တဲပြန်ဆွဲခဲ့တော့”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောပြီးမှ
“နေဦးကွ ကိုသန်းမောင်ကြီးကို တစ်ခါတည်းဝင်တောင်းပန်ခဲ့လိုက်ဦး”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ငတူးလည်း
“အေးဗျာ တစ်ခါတည်းဝင်တောင်းပန်ခဲ့တာ ကောင်းပါတယ်”
ငတူးလည်း ထိုသို့ပြောပြီး သူ့နွားကိုဆွဲကာ ကိုသန်းမောင် တဲရှိရာသိုလာခဲ့လိုက်သည် ထိုသို့ဖြစ် သူတို့နှစ်ယောက် ကိုသန်းမောင်တဲရှိရာသို့ရောက်တော့ ကိုသန်းမောင်ကြီးက
“မင်းတို့လည်း မခေပါ့လားကွ ငါ့ကောင်ကိုတောင် ပြန်ပြေးလာအောင် လုပ်နိုင်တာပဲ”
ကိုသန်းမောင်ကလည်း သွယ်ဝိုက်မနေပဲ တဲ့တဲ့ပင်ပြောသည် ထိုအခါ ငတူးက
“ကျုပ်လည်း တောင်းပန်ပါတယ်ဗျာ ဦးသန်းမောင်အကွက်ထဲက မြေပဲတွေ မသိ‌ေအာင်နှုတ်ခဲ့မိတာကို ဒါပေမဲ့ ကျုပ်အဲ့ဒီအတွက် မနက်ဖန် မြေပဲဖိုး ပိုက်ဆံလာပေးပါမယ်”
ထိုအခါ ကိုသန်းမောင်က
“မလိုပါဘူးကွာ နောက်တစ်ခါ ငါအကွက်ထဲဟာတွေကို ငါမသိအောင်ယူရင် ဒီလိုဖြစ်တတ်တယ်ဆိုတာသိဖို့ သတိပေးလိုက်တာပဲ”
“ဟုတ်ကဲ့ပါဗျာ ကျုပ်နားလည်သွားပါပြီ နောက်လည်း အဲ့ဒီလို မလုပ်ရဲတော့ပါဘူး”
ငတူး ထိုသို့ပြောလိုက်တော့ ကိုသန်းမောင်က
“အေး အဲ့ဒီလိုမှပေါ့ကွ ငါကလည်း မသိ‌အောင်ယူရင်သာမုန်းတာ စားချင်လို့ ငါဆီလာ‌ပြောရင်တော့ ငါလည်းတတ်နိုင်သလောက်တော့ ပေးပါတယ်ကွ”
ထိုအသံကြားသည်နှင့် လူနောက်ငတူးက
“ဒါဆိုလည်း ညပြုတ်စားရအောင်လို့ မြေပဲနည်းနည်းလောက်ပေးလိုက်ဦးဗျာ”
ထိုအခါ ကိုသန်းမောင်ကြီးက
“အေး မင်းကတော့ ကိုသံချောင်းသားလို့မပြောရဘူး
ပျောင်ချော်ချော် နောက်တောက်တောက်နဲ့ ယူသွားပါကွာယူသွားပါ ငါလည်း ငါ့စကားနဲ့ငါဆိုတော့ ပေးရတော့မှပေါ့”
ကိုသန်းမောင်ကြီးလည်း ထိုသို့ ပြုံးစိစိဖြင့်‌ပြောရင်း သူနှုတ်ပြီးသား ‌မြေပဲတောင့်နှစ်ပြည်လောက်ကို အိပ်နဲ့ထည့်ပေးလိုက်သည်။ထို့နောက် ကိုမြင့်ဆောင်ကို ကြည့်၍
“မြင့်ဆောင် မင်းရောယူဦးမလားကွာ”
“တော်ပါပြီဗျာ ဒီကောင့်ဆီပါလာရင် ကျုပ်လည်း စားရပါတယ်”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုသန်းမောင်ကြီးက
“ကဲ ဒါဆိုလည်း ဒီအိပ်ထဲပဲ ပိုထည့်‌ေပးလိုက်မယ်ကွာ”
ကိုသန်းမောင်ကြီးလည်း ထိုသို့ပြောပြီး နောက်ထပ်မြေပဲ တစ်ပြည်လောက်ကို ထပ်ထည့်ပေးလိုက်ပြန်သည်
ထိုအခါမှ သူတို့လည်းကိုသန်းမောင်ကြီးသည် ခိုးယူတာကိုသာမကြိုက်ပဲ ပွင့်ပွင့်လင်းလင်း‌ပြောရင်တော့ တတ်နိုင်သလောက် ပေးကမ်းတတ်ကြောင်းကိုသိလိုက်ရသည်။
ထိုသို့ဖြစ် သူတို့လည်း ကိုသန်းမောင်ကြီးကို နှုတ်ဆက်ကာ တဲသို့ ပြန်လာခဲ့ကြပြီး ညရောက်သောအခါ ကိုသန်းမောင်ကြီး စေတနာဖြင့်ပေးလိုက်သော ပဲတောင့်များကိုပြုတ်စားရင်း ကိုသန်းမောင်ကြီးအကြောင်းကိုသာ ပြောဆိုနေလိုက်ကြတော့သည်။
စာစဉ်(၂၈)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။