အပယ်ခံမယား

” အပယ်ခံမယား “(စ/ဆုံး)

—————————-

“ဒီကလေးက ကံဆိုးခြင်းတွေနဲ့မွေးလာတာ စွန့်ပစ်ရမယ်”
“ဘာ…စွန့်ပစ်မယ်ဟုတ်လား…အကိုအခုဘယ်လိုစကားပြောလိုက်တာလဲ…ဒီစကားကအဓိပ္ပာယ်ရှိတယ်ထင်လို့လား ဘယ်မိဘက ကိုယ့်သားသမီးကို အသက်ရှင်လျှက်စွန့်ပစ်မှာလဲ အကိုဘယ်လိုစိတ်နဲ့များပြောရက်ရတာလဲ”
“ရှေ့ဖြစ်ဟောဆရာမကြီးပြောသွားတာ မင်းလဲကြားတာပဲမြပန်းရယ် ဒီကလေးကိုငါတို့ဆက်မွေးရင် မိသားစုဝင်နှစ်ယောက်သေမယ့်အပြင် စီးပွားရေးတွေလဲကျဆင်း”
“တော်တော့အကို..ဒီစကားကိုဒီမှာတင်ရပ် အကိုဘာပြောပြော မြပန်းကတော့ ကိုယ့်သားသမီးကိုဘယ်တော့မှမစွန့်ပစ်ဘူး”
မြပန်းအသံကအနည်းငယ်ကျယ်သွားတော့ ဦးမင်းသော်အသံတိတ်သွားပြီး ဘာမှဆက်မပြောတော့ချေ။
အနားမှာထိုင်ကာဆော့နေသည့်၃နှစ်အရွယ်ကလေးလေးကိုကြည့်ရင်း မြပန်းသက်ပြင်းရှိုက်လိုက်သည်။ ဘာမှမသိသေးတဲ့သမီးလေးကတော့ အပူပင်ကင်းစွာဆော့လို့။ ဒီလောက်ထိအပြစ်ကင်းတဲ့ကလေးလေးကို စွန့်ပစ်ရမယ်တဲ့လား အဓိပ္ပာယ်မရှိတဲ့စကား။ရှေ့ဖြစ်ဟောတာတွေဘာတွေကို မြပန်းကအယုံကြည်ရှိသူမဟုတ်။ အကယ်၍ ရှေ့ဖြစ်ဟောကြောင့် မိသားစုဝင်သေရမည့်သူမှာ သူမဖြစ်နေလျှင် ပျော်ပျော်ကြီးသာသေပစ်လိုက်မယ် ကလေးကိုတော့ စွန့်ပစ်ဖို့မတွေးရဲပါ။
အူဝဲ…အူဝဲ…အူဝဲ…
ရုတ်တရက်အခန်းထဲမှာသားငယ်လေးငိုသံကြောင့် မြပန်းအတွေးများလွင့်စင်သွားကာ သားငယ်လေးဆီပြေးလာခဲ့လိုက်သည်။
“သူဌေးကတော်…မေမေကြီးဆီကဖုန်းလာပါတယ်…”
သားငယ်လေးကိုပြန်ချော့နေဆဲမှာပင် အစေခံကောင်မလေးက ဖုန်းငိုယူကာလာပေးသည်မို့ လှမ်းယူလိုက်သည်။
“ဟုတ်ကဲ့မေမေ….
“သမီး ဒေါ်လေးမာဦးပါ”
“ရှင်…ဟုတ်ကဲ့ပါ ဒေါ်လေးမာဦး…”
“မမကြီး မနက်ကလှေကားအဆင်းချော်ကျလို့ အဲ့တာ ခြေထောက်ကျိုးသွားတယ် အခုဆေးရုံမှာ သမီးလာခဲ့ပါအုံး”
“ရှင် ဟုတ်…ဟုတ်ကဲ့ မြပန်းအခုပဲထွက်လာခဲ့ပါ့မယ်”
မြပန်းဖုန်းခွက်ကိုအမြန်ချရင်း သားငယ်လေးကိုပိုးချီကာအင်္ကျီလေးငါးစုံထည့်၍ မေမေ့ဆီသွားရန်ထွက်လာခဲ့သည်။
“ဒါကဘယ်လဲမြပန်း!!…”
“မေမေဆေးရုံတက်နေရလို့ မြပန်းသွားရမယ် အကိုကောလိုက်မလား”
ဦးမင်းသော်ကမြပန်းကိုလှမ်းမေးလိုက်သည်မို့ မြပန်း ကားသော့ကိုယူနေရင်းဖြင့်ပြန်ဖြေလိုက်သည်။
“အကိုမအားဘူးမြပန်း…ခဏနေ အကိုအစည်းဝေးရှိတယ်”
“သားငယ်လေးကို မြပန်းခေါ်သွားမှာမို့ အကိုက သမီးကြီးနဲ့ သမီူငယ်ကိုကြည့်ထားပေးပါအုံး…”
“မရဘူးလေမြပန်း အကိုကအစည်းဝေးသွားရမှာ ခေါ်သွားရင်နှစ်ယောက်လုံးကိုသာခေါ်သွား သမီးကြီးက သူ့ဘာသာနေတက်ပြီး ဝါးရုံပန်းကို အကိုကအစည်းဝေးဆီခေါ်သွားလို့လဲမရဘူး”
ရှေ့ဖြစ်ဆရာမဟောထားပြီးကတည်းက ခင်ပွန်းဖြစ်သူ ဦးမင်းသော်ရဲ့အပြုမှုအခေါ်ဝေါ်တွေအားလုံးပြောင်းလဲနေတာ မြပန်းသတိထားမိသည်။ သမီးငယ်ကိုလဲ သူ့သမီးဟုပင်မခေါ်တော့ပဲ နာမည်အပြည့်စုံခေါ်နေပုံက မြပန်းကိုဒေါသထွက်စေပေမယ့် အရေးကြီးနေတာမို့စကားမများချင်တော့တာမို့ မြပန်းဘာမှဆက်မပြောတော့ပဲ သမီးငယ်လေးလက်ကိုဆွဲလိုက်သည်။
“အကိအလုပ်အားရင်လိုက်လာခဲ့မယ်”
မြပန်းပြန်မဖြေပဲ ခင်ပွန်းဖြစ်သူကိုကျောခိုင်း၍အိမ်ထဲမှထွက်လာလိုက်သည်။သားငယ်လေးနဲ့သမီးငယ်လေးကိုအနောက်ခန်းမှာအတူတူထားလိုက်၍ ကားလေးကိုခြံထဲမှမောင်းထွက်လိုက်သည်။
တစ်ရိပ်ရိပ်မောင်းနှင်လာသည့်ကားလေးဟာ တစ်ဖြည်းဖြည်းနှင့်မြို့အစွန်ဘက်သို့ရောက်လာသည်။ထွက်လာကာစက မိုးလေးများကတစ်ဖွဲဖွဲသာရွာပေမယ့် မြို့စွန်ရောက်တော့မိုးဟာအတော်သည်းလာသည်။ မိုးသည်းလာသည်မို့ရှေ့မှမြင်ကွင်းများကိုသေချာမမြင်ရပေ။အနောက်ခန်းမှသားနဲ့သမီးကတော့ အိပ်ပျော်နေသည်။
တီ….တီ..ဝူး…
“အမလေး!!…”
လမ်းပြောင်းပြန်မောင်းလာသည့်ကားကြီးကြောင့် မြပန်းကားစီယာတိုင်ကိုလှည့်၍အမြန်ရှောင်လိုက်ရသည်။ကံကောင်းလို့မတိုက်မိခဲ့ပေမယ့် မြပန်းရဲ့ကားလေးကလမ်းတစ်ဖက်သို့ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။
လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး….
“ကျွီ…….”
အမလေး!…
ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။
ဒုန်း….ဝုန်း…
အား….
ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။
“မေမေ…အီးဟီးဟီး…”
“အူဝဲ…အူဝဲ…အူဝဲ”
သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်…
>>>>>
“ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ထွက်သွားစမ်း”
ဆေးရုံပေါ်၌မသိနားမလည်သေးသည့်ကလေးငယ်လေးကိုအော်ဟစ်နှင်ထုတ်နေသည့်အမျိုးသားတစ်ဦးကိုအားလုံးဟာဝိုင်းကြည့်နေသည်။
“နင့်ကြောင့် သေရတာ…နင့်ကြောင့် အားလုံးဟာနင့်ကြောင့်”
ထိုစွပ်စွဲချက်များကို ထိုအချိန်ကနားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာသည်နှင့်အမျှ သေဆုံးခြင်းဆိုသည့်အကြောင်းရာနှင့်အတူ လူသတ်သမားဆိုသည့်စကားလုံးကြမ်းများကိုနားလည်စပြုလာခဲ့လေသည်။
မေမေဆုံးပြီးနောက်ပိုင်းတွင်လဲအိမ်ရဲ့စီးပွားရေးအခြေနေကအတော်ပင်ကျဆင်းခဲ့လေသည်။ ထို့ကြောင့် ဖေဖေက သူမကိုပို၍ ပို၍မုန်းတီးခဲ့လေသည်။
“အမေနဲ့မောင်လေးသေရတာနင့်ကြောင့်…နင်ကအိမ်ရဲ့ဂြိုလ်ဆိုးပဲ ငါ့အနားကိုမလာနဲ့သွား…နင် အိမ်ဘေးကတန်းလျားမှာပဲနေ”
“ဖေဖေ..မမက ရုံပန်းကိုနှင်ထုတ်တယ်”
“နင့်အမပြောတာအမှန်တရားပဲ သွား အိမ်ထဲမှာကိုမနေနဲ့ ငါတို့ပါ သေကုန်မယ် ဝေးဝေးသာနေ..”
“ဖေဖေ…”
အသက်ရွယ်နှင့်မလိုက်အပြောခံလိုက်ရသည်က ပြင်းထန်လွန်းလှလေသည်။ မေမေနဲ့မောင်လေးသေရတာ ရုံပန်းကြောင့်တဲ့။ မဟုတ်ဘူးလို့ငြင်းလိုက်ချင်ပေမယ့် ရုံပန်းငြင်းဆန်၍မရပါ။ မဟုတ်ရင် ရုံပန်းအသေရိုက်ခံရမှာမဟုတ်လား။ ဖေဖေနဲ့မမကို ရုံပန်းသိပ်ကြောက်တယ်။
အမြံတမ်းလိုလိုအရိုက်ခံနေတဲ့ကျောပြင်လေးနဲ့ အမြဲတမ်းလိုလို အခန်းတံခါးပိတ်ခံရသည်ကလဲ အခါခါပါ။ ကြောက်လန့်မိပေမယ့် နေသားကျနေပြီမို့ မမှု့တော့ပေ။ဝါးရုံပန်းဆိုတဲ့ သူမဟာ အမြဲအပယ်ခံပဲမို့။ဆုတောင်းမိပါတယ် ဒီထက့်ပိုပြီးအပယ်ခံမဖြစ်ဖို့။
ဖေဖေကမချစ်ပေမယ့် မမကမုန်းနေပေမယ့် အမြဲတမ်းအရိုက်ခံနေရပေမယ့် အမြဲတမ်းလိုလို အထီးကျန်ခဲ့ရပေမယ့်အရာအားလုံးဟာ နေသားတကျဖြစ်လာခဲ့ပြီမို့။
*
*
*
“ဖေဖေ သဲပန်းကုမ္ပဏီသွားတော့မယ် ဒီနေ့ည ကိုဂုဏ်ရောင်ရဲ့ကုမ္ပဏီနှစ်ပတ်လည်ရှိတာမို့ နောက်ကျမယ်”
“ကားကိုဖြည်းဖြည်းမောင်းနော် ငါ့သမီးလေး”
“ဟုတ်ကဲ့ပါဖေဖေ..သြော် ညနေကျရင် ကိုဂုဏ်ရောင်ရဲ့အိမ်ကို ဝါးရုံပန်းကိုလွှတ်လိုက်ပါအုံး သဲပန်းအတွက်ပါတီမှာဝတ်ဖို့ အဝတ်စားပါယူခဲ့ဖို့နဲ့မိတ်ကပ်ဆရာပါခေါ်ခဲ့ဖို့ပါ ပြောပေးပါအုံး”
“အင်း ဖေဖေလွှတ်လိုက်ပါ့မယ် သမီးသာဂရုစိုက်သွား”
“ဟုတ်ကဲ့ဖေဖေ…”
သဲပန်းဖေဖေ့ကိုနှုတ်ဆက်ပြီး ကားကိုမောင်းနှင်ကာ ကုမ္ပဏီသို့ထွက်လာခဲ့လိုက်သည်။ ဒီနှစ်တွေအတွင်းတော့ သဲပန်းရဲ့ကြိုးစားမှု့ရလဒ်ကြောင့် ကုမ္ပဏီဟာအတော်လေးပြန်ထူထောင်လာခဲ့သည်။သဲပန်းကအရာရာမှာထက်မြတ်ပြီးတော်တာမို့ ဖေဖေကသဲပန်းကိုဆို သိပ်ချစ်သည်။ သိပ်လဲယုံကြည်အားကိုးသည်။ထို့ကြောင့် သဲပန်းသည်လဲဖေဖေ့ကိုသိပ်ချစ်သည်။
>>>>>
“မီးး…မီးတွေလောင်နေပြီ မေမေ…မေမေရေ သားကိုကယ်ပါအုံး မေမေ…”
လောင်ကျွမ်းနေသည့်မီးများကြားမှာ ပြေးလွှားအော်ဟစ်ရင်း သူ့အမေကိုရှာနေသည့်ကလေးတစ်ယောက်။
“မေမေ…သားဒီမှာ မေမေ!!…”
ကလေးငယ်လေးဟာ ဝမ်းသာအားရသူ့အမေကိုအော်ဟစ်ခေါ်လိုက်ပေမယ့် သူ့ကိုကျောခိုင်းသွားသည့်အမေဖြစ်သူကြောင့် ဝမ်းနည်းစွာရှိုက်ငိုလိုက်ပါသည်။
“မေမေ…သားဒီမှာလေ..မေမေ သားကိုမထားခဲ့ပါနဲ့ မေမေ..အီးဟီး သားကိုကယ်ပါအုံး”
မည်သို့ပင်အော်ငိုနေပါစေ ထိုကလေးငယ်လေးရဲ့မြင်ကွင်းမှ သူ့အမေဟာလဲ လုံးဝပျောက်ကွယ်သွားလေတော့သည်။
“မေမေ….”
ဟင်!!..
ဆက်ခနဲမျက်ဝန်းများကိုဖွင့်ကြည့်ရင်း ရွှဲနစ်နေသည့်ချွေးများကိုသုတ်လိုက်သည်။
“ဟူး….”
သက်ပြင်းကိုချလိုက်ရင်း အိပ်ယာမှထထိုင်လိုက်ကာ ရေချိုးခန်းဆီသို့ဦးတည်ရင်း ရေပန်းကိုဖွင့်ကာ လန်းဆန်းသွားအောင်ရေချိုးလိုက်သည်။
ဒီအိမ်မက်…အနှစ်၂၀လုံးမက်ခဲ့တဲ့ဒီအိမ်မက်ဆိုးကြောင့် ကောင်းမွန်စွာအိပ်စက်၍မရ…တစ်ရက်လေးတောင်မှ အိပ်ရေးဝသည်မရှိပါပဲ ဒီအိမ်မက်ကိုအမြဲမက်နေသည်။ အတိတ်ဆိုးတစ်ခုလိုအနောက်ကလိုက်နေသည့် ဒီထိပ်လန့်စရာအိမ်မက်ဆိုးကနိုးလာတိုင်း သူ့ရင်ဘက်ထဲသိပ်နာကျင်ရသည်။ ဖြစ်နိုင်ရင် ဒီအိမ်မက်မမက်တော့ရင် သူ့အတွက်ကောင်းမယ်။ဒီအိမ်မက်ဆိုးကြီးကနိုးထခွင့်ရချင်မိတယ်။
>>>>>
“ဝါးရုံပန်း ဒီကိုလာအုံး..”
ဖေဖေ့ရဲ့ခေါ်သံကြောင့် ရုံပန်း လုပ်လက်စအလုပ်ကနုထားခဲ့၍ အိမ်ထဲအပြေးဝင်လာလိုက်သည်။
“အဲ့နားတင်ရပ်..”
ဖေဖေ့ရဲ့အမိန့်သံအဆုံး ရုံပန်းခြေလှမ်းလေးများဟာ အိမ်အပေါက်ဝမှာတင်အလိုလိုရပ်တန့်သွားရသည်။
“မျိုးရိုးဂုဏ်ရောင်ရဲ့အိမ်ကိုသွားပြီး အဲ့ဒီပစ္စည်းပေးခဲ့”
ရုံပန်းအရှေ့နားလေးငအိတ်တစ်အိတ်ကိုမျက်စပစ်ပြ၍ ဖေဖေကပြောလာသည်။
“ဟို ဖေဖေ ရုံပန်းကဘယ်သူ့ကိုပေးရမှာလဲဟင်!!…”
“ငါ့သမီးချစ်သဲပန်းကိုပေါ့…”
ဖေဖေ့ရဲ့စကားကြောင့် ရုံပန်းမျက်ရည်လေးများဝဲတက်သွားရသည်။ ရုံပန်းကရော ဖေဖေ့သမီးမဟုတ်ဘူးလားဖေဖေရယ်။
“နင့်မျက်နှာကိုချက်ချင်းပြင်ပြီး သွားတော့…”
မျက်နှာညိုးငယ်နေသည့်ရုံပန်းကိုကြည့်၍ဖေဖေကဒေါသတကြီးဆိုလာသည်။ ရုံပန်း ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြ၍ ရှေ့နားလေးမှအိတ်ကိူယူ၍ Taxiတစ်စီးတားကာ ထွက်လာခဲ့လိုကါသည်။
ဖေဖေပြောတဲ့အိမ်ကိုခဏခဏရောက်ဖူးသည်မို့ အချို့အလုပ်သမားများနှင့်ရင်းနှီးနေလေပြီ။ထိုအိမ်ရှေ့ကိုTaxiရပ်လိုက်တော့ ရုံပန်းTaxiပေါ်မှဆင်းလိုက်သည်။
လူအများရှုပ်ယှက်ခက်နေသည်မို့ ရုံပန်းအထဲသို့မည်သို့ဝင်ရမည်ဆိုတာမသိဖြစ်နေကာ ထိုအိမ်ရှေ့မှာ အူကြောင်ကြောင်ဖြင့်ရပ်နေမိလေသည်။
“သြော် ညီမလေး လာလေ…”
ခြံထဲမှအရင်ကတွေ့ဖူးသည့်အမကြီးက ရုံပန်းကိုမြင်၍လှမ်းခေါ်လိုက်သဖြင့် မျက်လုံးလေးများဝင်းလက်ကာ ပျော်သွားရသည်။
“ပါတီပွဲကိုလာတာလား ညီမလေး”
“ဟင့်အင်းအမ ရုံပန်း ဒါလေးလာပို့တာပါ မမရှိလားဟင်”
“သြော် ညီမလေးအမလား ရှိတယ် အိမ်ထဲမှာ..လာလေဘီမလေး ဝင်ခဲ့”
“ဟုတ်ကဲ့အမ…”
တစ်ကယ်တော့ ရုံပန်းဒီအိမ်ကိုခဏတိုင်းလာဖူးသည်ဆိုပေမယ့် အိမ်ထဲအထိတစ်ကြိမ်တစ်ခါမှမဝင်ခဲ့ဖူးပါ။ အိမ်ကြီးဟာနန်းတော်ကြီးကဲ့သို့ သိပ်ခမ်းနားကြီးကျယ်လွန်းလှသည်။ ရုံပန်းတို့အိမ်ထက် အဆပေါင်းများစွာကြီးမားသလို အလုပ်သမားများစွာလဲရှိသည်။အိမ်ထဲသို့လှမ်းဝင်လိုက်သည်နှင့် အေးစိမ့်သွားသည့်အိမ်ကြီးနှင့်အတူ မြောက်များစွာသောအခန်းများကြောင့် သိပ်ကိုကျယ်ဝန်းလှသည်။
“ညီမလေး ဒီတည့်တည့်ကနေလျှောက်သွားလိုက်နော် အဆုံးရောက်ရင် ညာဘက်ကိုချိုးပြီးဒုတိယမြောက်အခန်းထဲမှာ ညီမလေးအမရှိတယ်”
“ဟုတ်ကဲ့အမ…”
ရုံပန်း လမ်းညွှန်လိုက်သည့်အတိုင်းအဆုံးထိလျှောက်လာခဲ့လိုက်ပြီး ညာဘက်သို့ချိုးကွေ့ကာ ဒုတိယမြောက်အခန်းရှေ့ခြေစုံရပ်ကာ တံခါးကိုခေါက်လိုက်သည်။
ဒေါက်…ဒေါက်
“မမသဲပန်း…ရုံပန်းပါ”
ရုံပန်း ခပ်တိုးတိုးပြောရင်း တံခါးကိုတွန်းဖွင့်ကာဝင်လိုက်ပေမယ့် ရုံပန်းကို ဒေါသမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် မမကြောင့် ကြောက်ရွံ့စွာခေါင်းငုံ့လိုက်မိသည်။
“ရာရာစစဒီအခန်းထဲထိ နင်ကဝင်လာရဲတယ်ပေါ့”
မမသဲပန်းက ရုံပန်းရှေ့တိုးကပ်လာရင်း ဗိုက်ကြောကိုပြက်ထွက်မတက်လိမ်ဆွဲလိုက်သည်။နာကျင်လွန်းသည်မို့ မျက်ရည်လေးများဝဲတက်လာရသည်
“နင့်လိုဂြိုလ်ဆိုးဝင်နေတဲ့သူက ဒီအခန်းထဲထိများလာရဲတယ်ဟုတ်လား နင့်ကြောင့်ဒီပွဲတစ်ခုခုဖြစ်သွားရင် နင်တာဝန်ယူမှာလား”
မမသဲပန်းက ဗိုက်ကြောကိုမလွှတ်တမ်းလိမ်ဆွဲထားရင်းပြောနေသည်။
“ရုံပန်းအခုချက်ချင်း သွားပါ့မယ် မမသဲပန်း”
မျက်ရည်မကျအောင်ထိန်းပြောလိုက်တော့ ရုံပန်းကိုမျက်လုံးရဲကြီးဖြင့် တစ်ချက်စူးစိုက်ကြည့်ရင်း လက်ကိုဖယ်လိုက်သည်။
“မမအတွက် ဖေဖေကပို့ခိုင်းလိုက်တာပါ…”
ရုံပန်းလက်ထဲက အထုတ်ကိုလှမ်းယူရင်း ကျောခိုင်းသွားတဲ့မမကြောင့် ရုံပန်းအလိုက်တသိဖြင့် ထွက်လာခဲ့လိုက်သည်။
ဘုတ်….အင့်
အခန်းထဲမှထွက်ပြီးအပေါက်ဘက်သို့ပြန်အကွေ့ တိုက်မိသွားသဖြင့် ရုံပန်းခန္ဓာကိုယ်လေးဟာ လဲကျသွားရသည်။
“ဘယ်သူလဲ…”
လဲကျနေသည့်ရုံပန်းကိုအပေါ်စီးမှငုံ့မိုးကြည့်လာသည့် ထိုလူကြောင့် ရုံပန်းအမြန်ထကာ ခေါင်းကိုငုံ့ရင်း
“မမသဲပန်းအတွက်အဝတ်စားလာပို့တာပါ…ရုံပန်းက မမသဲပန်းရဲ့ညီမပါ”
ထိုလူဟာ ဒီအိမ်ရဲ့အရှင်သခင် မျိုးရိုးဂုဏ်ရောင်ဆိုသည့်သူဖြစ်တာကြောင့် ရုံပန်းအလျှင်မြန်ပင်ဖြေလိုက်သည်။ အရင်ကမမသဲပန်းနဲ့အတူရုံပန်းခဏခဏတွေ့ဖူးပေမယ့် ထိုလူကတော့ရုံပန်းကိုအခုမှပထမဆုံးမြင်ဖူးခြင်းပင်။
“ချစ်သဲပန်းမှာညီမရှိတာလား”
ထိုလူက ရုံပန်းကိုတစ်ချက်ကြည့်ရင်းမေးလာသဖြင့် ရုံပန်းခေါင်းငြိမ့်ပြလိုက်သည်။
“ကိုဂုဏ်ရောင်..ပွဲစတော့မှာလားဟင်”
အနောက်ဖက်မှ မမသဲပန်းရဲ့အသံကြားလိုက်ရပြီး ရုံပန်းတိူ့နားရောက်လာသည်။ထိုအခါ ထိုလူက ရုံပန်းပုခုံးကိုဆုပ်ကိုင်လိုက်ရင်း မမသဲပန်းဘက်သို့ ဆွဲလှည့်လိုက်သည်။
“ဒါက မင်းရဲ့ညီမဆို ဟုတ်လား ချစ်သဲပန်း”
“ဟင်!!..သြော်..အဲတာကလေ ဟို..ဟို မွေးစားထားတာပါ”
မမသဲပန်းအဖြေကြောင့် ရုံပန်းမျက်ရည်ဝဲရပြန်ပါသည်။
“နင် ပြန်တော့လေဘာလုပ်နေတာလဲ!!..”
မမသဲပန်းကမျက်လုံးပြူး၍ ရုံပန်းကိုနှုတ်ခမ်းကိုက်ပြကာပြောတော့ ရုံပန်းခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ် ရုံပန်းအခုပဲပြန်…”
“မင်းညီမဆိုရင် ပါတီမှာနေခိုင်းလိုက်လေ အတူတုပြန်ပေါ့”
“ဟင့်အင်း မဖြစ်ပါဘူး!!…”
“ဟင့်အင်း မနေပါဘူး”
ရုံပန်းနဲ့မမကပြိုင်တူပြောလိုက်တော့ ထိုလူက မျက်မှောင်ကုတ်ကာ ရုံပန်းတို့နှစ်ယောက်ကိုကြည့်လာ၏
“ဟို ဟို အဲ့တာကလေ ကိုဂုဏ်ရောင်….”
“မင်းထင် သူ့ကိုနည်းနည်းပြင်ဆင်ပေးဖို့ ခေါ်သွားလိုက်”
ရုံပန်းငြင်းချိန်တောင်မရလိုက်ပါပဲ ဘေးနားမှလူက ရုံပန်းကို ဆွဲခေါ်လာလေသည်။မမသဲပန်းကိုလှည့်ကြည့်မိတော့ မျက်နှာတစ်ခုလုံးမှုန်ကုတ်ကာ အလိုမကျဖြစ်နေတော့သည်
*
*
*
“ဒီဆေးကတစ်ကယ်ပဲ အစွမ်းပြပါတယ်နော်!!…”
“…….”
“အင်း ခုနက သူသောက်မယ့်ဝိုင်ထဲမှာထည့်လိုက်တယ် သူအဲ့ဝိုင်ကို အကုန်သောက်လိုက်တယ်”
“………”
“ဆေးကအချိန်ဘယ်လောက်ဆိုရင် အစွမ်းပြမှာလဲ….”
“……..”
“Ok Ok အဲ့တာဆိုရင် အခုပဲသွားလိုက်တော့မယ်”
သဲပန်းနှုတ်ခမ်းတို့ကိူညွှတ်နေအောင်ပြုံးလိုက်ရင်း ပါတီပွဲရှိရာသို့ လှပစွာလျှောက်လှမ်းလာလိုက်တော့သည်။
ပါတီပွဲရဲ့အလည် နထင်ကိုထောက်၍ မူးဝေနေသည့်ပုံပေါ်သည့် မျိုးရိုးဂုဏ်ရောင်ကိုမြင်လိုက်၍ သဲပန်းမျက်နှာသည် အလိုကျခြင်းဘက်သို့ ပြောင်းသွားလေသည်။
“ရရဲ့လား အကိုလေး!!…”
သဲပန်းသူ့ဆီမရောက်ခင်လေးမှာပင် သူ့အတွင်းရေးမှုးက သူ့ကိုပါတီပွဲမှဆွဲခေါ်သွားသဖြင့် သဲပန်းထိုနောက်မှလိုက်လာခဲ့လိုက်သည်။
“ဥက္ကဌ သဲပန်း!…တစ်ခွက်လောက်သောက်ကျမလား”
သဲပန်းရှေ့ရောက်လာသည့်သူကြောင့် သဲပန်းရှေ့ဆက်သွား၍မရဖြစ်သွားရလေသည်။
“သြော်..P.T (Group)ရဲ့ဥက္ကဌ ကိုသူရိန်ပါလား…အဟင်း နောက်မှအတူသောက်တာပေါ့ အခုတော့ သဲပန်းအလျှင်လိုနေလို့…”
သဲပန်း မျိုးရိုးဂုဏ်ရောင်ကိုလှမ်းကြည့်လိုက်ရင်းဖြေလိုက် ဆက်သွားရန်ပြင်လိုက်ပေမယ့် ထိုလူကရှေ့မှပိတ်ရပ်ထားလေသည်။
“မာနကြီးတာလား ဥက္ကဌချစ်သဲပန်းက…ဒါဆို ကျွန်တော်တို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုမယ့်ကိစ္စကို မရှိခဲ့ဘူးလို့ပဲသဘောထားရမလား”
“ဟင်!!…”
ထိုစကားကြောင့်သဲပန်းအနည်းငယ်လန့်သွားရသည်။စာချုပ်ပျက်၍မဖြစ်ပါ မဟုတ်ရင် သဲပန်းတို့ကုမ္ပဏီနာမည်ကျသွားနိုင်သည်။
“ဒါဆိုလဲ တစ်ခွက်လောက်တော့သောက်ကျတာပေါ့…”
“ကြွပါဗျာ…”
သဲပန်း သက်ပြင်းသာချနိုင်၍ ဥက္ကဌသူရိန်နောက်လိုက်လာခဲ့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ခဏနေမှသွားလဲအဆင်ပြေမှာပါ။
*
*
*
“ရပြီ မင်းထင် သွားတော့ ငါကိုယ့်အခန်းကိုသွားလိုက်တော့မယ်”
“ဟုတ်ကဲ့အကိုလေး…”
ဂုဏ်ရောင် ကိုယ့်ကိုယ်ကိုထိန်းရင်း နံရံကိုလက်ဖြင့်ကိုင်ကာ အခန်းဘက်လျှောက်လာခဲ့လိုက်သည်။
“ကိုကြီး အဆင်ပြေရဲ့လား”
အသံနဲ့အတူသူ့ရှေ့ရောက်လာသည့်မိန်းကလေးကြောင့် ဂုဏ်ရောင်တစ်ချက်ကြည့်လိုက်သည်။
“မင်း….”
“ဟုတ် မမသဲပန်းညီမလေးပါ…”
သူမက သူ့အမေးကိုအနည်းငယ်ပြုံး၍ပြန်ဖြေသည် ဂုဏ်ရောင် သူမကိုကြည့်နေပေမယ့် အမြင်များဟာသိပ်မကြည်လင်ပေ။ပြီးတော့လဲ သူမရဲ့ပန်းရောင်နှုတ်ခမ်းလေးဆီသာ အကြည့်များကရောက်ရောက်သွားသည်။
“ငါအဆင်ပြေတယ် မင်းသွားတော့…”
ဂုဏ်ရောင်စိတ်ကိုထိန်းရင်းပြောလိုက်တော့ သူမကပြုံး၍ ခေါင်းငြိမ့်ပြလာသည်။
“နေအုံး…”
သူ့အနားကသွားရန်ပြင်နေသည့်သူမရဲ့လက်ကို ဆက်ခနဲလှမ်းဆွဲကာတားလိုက်သည်။
“မင်း….မင်း ငါနဲ့…”
“အို!!…”
သူမကိုငေးကြည့်ရင်း မထိန်းနိုင်သည့်စိတ်များကြောင့် ခါးလေးကိုဆွဲဖက်လိုက်ရင်း နံရံဘက်သို့သူမကိုကပ်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားသည့်အခြေနေမှာ ဂုဏ်ရောင်မထိန်းနိုင်သည့်စိတ်များကြောင့် သူမနှုတ်ခမ်းများကိုဆွဲယူနမ်းရှိုက်လိုက်တော့သည်။
အွမ့်..အင့်
သူမကရုန်းကန်နေသဖြင့် ဂုဏ်ရောင်သူမလက်ကိုနံရံဖြင့်ဖိကပ်ကာထိန်းချုပ်ထားလိုက်ရင်း အဆက်မပြက်နမ်းရှိုက်လိုက်တော့သည်။
ထိန်းချုပ်မရသည့်အခြေနေကြောင့် သူမကိုမလွှတ်ပေးပဲအနမ်းများကိုအဆက်မပြက်နမ်းရှိုက်ရင်း အနီးဆုံးအခန်းတစ်ခုဆီသို့ သူမကိုအတင်းဆွဲကာဝင်လာလိုက်သည်။ ရုန်းရင်းဆန်ခက်ဖြင့်ပါလာသည့်သူမက သူ့လက်ကိုအတင်းဆွဲဖြုတ်နေသည်။အခန်းထဲသို့ရောက်ချိန်တွင် ဂုဏ်ရောင်တံခါးကိုလော့ချလိုက်ရင်း သူမကို မွေ့ယာထက်တွန်းလှဲလိုက်သည်။ ပြန်ထရန်ပြင်နေသည့် သူမကိုယ်ပေါ်မှ သူ့ရင်ပြင်ကျယ်ကြီးကိုအုပ်မိုးကာ အနမ်းများကိုဆက်လိုက်သည်။
“ဟင့်အင်း မလုပ်ပါနဲ့…ရုံပန်းကိုဒီလိုမလုပ်ပါနဲ့”
ခေါင်းလေးခါယမ်းရင်းငြင်းဆန်နေသည့်သုမကို အတင်းချုပ်နှောင်၍ ထိန်းမရသည့်စိတ်များဖြင့် သူမဘဝလေးကိုရယူရန်ကြိုးစားနေမိတော့သည်။
သူမကတော့ လွတ်လိုလွတ်ငြားရုန်းကန်နေပေမယ့် မည်သို့မျှမလွှတ်နိုင်တော့ပြီမို့ မျက်ရည်များသာစီးကျနေတော့သည်။