အပယ်ခံမယား(စ/ဆုံး)

Unicode Version

အပယ်ခံမယား(စ/ဆုံး)
—————————-
“ဒီကလေးက ကံဆိုးခြင်းတွေနဲ့မွေးလာတာ စွန့်ပစ်ရမယ်”
“ဘာ…စွန့်ပစ်မယ်ဟုတ်လား…အကိုအခုဘယ်လိုစကားပြောလိုက်တာလဲ…ဒီစကားကအဓိပ္ပာယ်ရှိတယ်ထင်လို့လား ဘယ်မိဘက ကိုယ့်သားသမီးကို အသက်ရှင်လျှက်စွန့်ပစ်မှာလဲ အကိုဘယ်လိုစိတ်နဲ့များပြောရက်ရတာလဲ”
“ရှေ့ဖြစ်ဟောဆရာမကြီးပြောသွားတာ မင်းလဲကြားတာပဲမြပန်းရယ် ဒီကလေးကိုငါတို့ဆက်မွေးရင် မိသားစုဝင်နှစ်ယောက်သေမယ့်အပြင် စီးပွားရေးတွေလဲကျဆင်း”
“တော်တော့အကို..ဒီစကားကိုဒီမှာတင်ရပ် အကိုဘာပြောပြော မြပန်းကတော့ ကိုယ့်သားသမီးကိုဘယ်တော့မှမစွန့်ပစ်ဘူး”
မြပန်းအသံကအနည်းငယ်ကျယ်သွားတော့ ဦးမင်းသော်အသံတိတ်သွားပြီး ဘာမှဆက်မပြောတော့ချေ။
အနားမှာထိုင်ကာဆော့နေသည့်၃နှစ်အရွယ်ကလေးလေးကိုကြည့်ရင်း မြပန်းသက်ပြင်းရှိုက်လိုက်သည်။ ဘာမှမသိသေးတဲ့သမီးလေးကတော့ အပူပင်ကင်းစွာဆော့လို့။ ဒီလောက်ထိအပြစ်ကင်းတဲ့ကလေးလေးကို စွန့်ပစ်ရမယ်တဲ့လား အဓိပ္ပာယ်မရှိတဲ့စကား။ရှေ့ဖြစ်ဟောတာတွေဘာတွေကို မြပန်းကအယုံကြည်ရှိသူမဟုတ်။ အကယ်၍ ရှေ့ဖြစ်ဟောကြောင့် မိသားစုဝင်သေရမည့်သူမှာ သူမဖြစ်နေလျှင် ပျော်ပျော်ကြီးသာသေပစ်လိုက်မယ် ကလေးကိုတော့ စွန့်ပစ်ဖို့မတွေးရဲပါ။
အူဝဲ…အူဝဲ…အူဝဲ…
ရုတ်တရက်အခန်းထဲမှာသားငယ်လေးငိုသံကြောင့် မြပန်းအတွေးများလွင့်စင်သွားကာ သားငယ်လေးဆီပြေးလာခဲ့လိုက်သည်။
“သူဌေးကတော်…မေမေကြီးဆီကဖုန်းလာပါတယ်…”
သားငယ်လေးကိုပြန်ချော့နေဆဲမှာပင် အစေခံကောင်မလေးက ဖုန်းငိုယူကာလာပေးသည်မို့ လှမ်းယူလိုက်သည်။
“ဟုတ်ကဲ့မေမေ….
“သမီး ဒေါ်လေးမာဦးပါ”
“ရှင်…ဟုတ်ကဲ့ပါ ဒေါ်လေးမာဦး…”
“မမကြီး မနက်ကလှေကားအဆင်းချော်ကျလို့ အဲ့တာ ခြေထောက်ကျိုးသွားတယ် အခုဆေးရုံမှာ သမီးလာခဲ့ပါအုံး”
“ရှင် ဟုတ်…ဟုတ်ကဲ့ မြပန်းအခုပဲထွက်လာခဲ့ပါ့မယ်”
မြပန်းဖုန်းခွက်ကိုအမြန်ချရင်း သားငယ်လေးကိုပိုးချီကာအင်္ကျီလေးငါးစုံထည့်၍ မေမေ့ဆီသွားရန်ထွက်လာခဲ့သည်။
“ဒါကဘယ်လဲမြပန်း!!…”
“မေမေဆေးရုံတက်နေရလို့ မြပန်းသွားရမယ် အကိုကောလိုက်မလား”
ဦးမင်းသော်ကမြပန်းကိုလှမ်းမေးလိုက်သည်မို့ မြပန်း ကားသော့ကိုယူနေရင်းဖြင့်ပြန်ဖြေလိုက်သည်။
“အကိုမအားဘူးမြပန်း…ခဏနေ အကိုအစည်းဝေးရှိတယ်”
“သားငယ်လေးကို မြပန်းခေါ်သွားမှာမို့ အကိုက သမီးကြီးနဲ့ သမီူငယ်ကိုကြည့်ထားပေးပါအုံး…”
“မရဘူးလေမြပန်း အကိုကအစည်းဝေးသွားရမှာ ခေါ်သွားရင်နှစ်ယောက်လုံးကိုသာခေါ်သွား သမီးကြီးက သူ့ဘာသာနေတက်ပြီး ဝါးရုံပန်းကို အကိုကအစည်းဝေးဆီခေါ်သွားလို့လဲမရဘူး”
ရှေ့ဖြစ်ဆရာမဟောထားပြီးကတည်းက ခင်ပွန်းဖြစ်သူ ဦးမင်းသော်ရဲ့အပြုမှုအခေါ်ဝေါ်တွေအားလုံးပြောင်းလဲနေတာ မြပန်းသတိထားမိသည်။ သမီးငယ်ကိုလဲ သူ့သမီးဟုပင်မခေါ်တော့ပဲ နာမည်အပြည့်စုံခေါ်နေပုံက မြပန်းကိုဒေါသထွက်စေပေမယ့် အရေးကြီးနေတာမို့စကားမများချင်တော့တာမို့ မြပန်းဘာမှဆက်မပြောတော့ပဲ သမီးငယ်လေးလက်ကိုဆွဲလိုက်သည်။
“အကိအလုပ်အားရင်လိုက်လာခဲ့မယ်”
မြပန်းပြန်မဖြေပဲ ခင်ပွန်းဖြစ်သူကိုကျောခိုင်း၍အိမ်ထဲမှထွက်လာလိုက်သည်။သားငယ်လေးနဲ့သမီးငယ်လေးကိုအနောက်ခန်းမှာအတူတူထားလိုက်၍ ကားလေးကိုခြံထဲမှမောင်းထွက်လိုက်သည်။
တစ်ရိပ်ရိပ်မောင်းနှင်လာသည့်ကားလေးဟာ တစ်ဖြည်းဖြည်းနှင့်မြို့အစွန်ဘက်သို့ရောက်လာသည်။ထွက်လာကာစက မိုးလေးများကတစ်ဖွဲဖွဲသာရွာပေမယ့် မြို့စွန်ရောက်တော့မိုးဟာအတော်သည်းလာသည်။ မိုးသည်းလာသည်မို့ရှေ့မှမြင်ကွင်းများကိုသေချာမမြင်ရပေ။အနောက်ခန်းမှသားနဲ့သမီးကတော့ အိပ်ပျော်နေသည်။
တီ….တီ..ဝူး…
“အမလေး!!…”
လမ်းပြောင်းပြန်မောင်းလာသည့်ကားကြီးကြောင့် မြပန်းကားစီယာတိုင်ကိုလှည့်၍အမြန်ရှောင်လိုက်ရသည်။ကံကောင်းလို့မတိုက်မိခဲ့ပေမယ့် မြပန်းရဲ့ကားလေးကလမ်းတစ်ဖက်သို့ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။
လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး….
“ကျွီ…….”
အမလေး!…
ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။
ဒုန်း….ဝုန်း…
အား….
ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။
“မေမေ…အီးဟီးဟီး…”
“အူဝဲ…အူဝဲ…အူဝဲ”
သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်…
>>>>>
“ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ထွက်သွားစမ်း”
ဆေးရုံပေါ်၌မသိနားမလည်သေးသည့်ကလေးငယ်လေးကိုအော်ဟစ်နှင်ထုတ်နေသည့်အမျိုးသားတစ်ဦးကိုအားလုံးဟာဝိုင်းကြည့်နေသည်။
“နင့်ကြောင့် သေရတာ…နင့်ကြောင့် အားလုံးဟာနင့်ကြောင့်”
ထိုစွပ်စွဲချက်များကို ထိုအချိန်ကနားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာသည်နှင့်အမျှ သေဆုံးခြင်းဆိုသည့်အကြောင်းရာနှင့်အတူ လူသတ်သမားဆိုသည့်စကားလုံးကြမ်းများကိုနားလည်စပြုလာခဲ့လေသည်။
မေမေဆုံးပြီးနောက်ပိုင်းတွင်လဲအိမ်ရဲ့စီးပွားရေးအခြေနေကအတော်ပင်ကျဆင်းခဲ့လေသည်။ ထို့ကြောင့် ဖေဖေက သူမကိုပို၍ ပို၍မုန်းတီးခဲ့လေသည်။
“အမေနဲ့မောင်လေးသေရတာနင့်ကြောင့်…နင်ကအိမ်ရဲ့ဂြိုလ်ဆိုးပဲ ငါ့အနားကိုမလာနဲ့သွား…နင် အိမ်ဘေးကတန်းလျားမှာပဲနေ”
“ဖေဖေ..မမက ရုံပန်းကိုနှင်ထုတ်တယ်”
“နင့်အမပြောတာအမှန်တရားပဲ သွား အိမ်ထဲမှာကိုမနေနဲ့ ငါတို့ပါ သေကုန်မယ် ဝေးဝေးသာနေ..”
“ဖေဖေ…”
အသက်ရွယ်နှင့်မလိုက်အပြောခံလိုက်ရသည်က ပြင်းထန်လွန်းလှလေသည်။ မေမေနဲ့မောင်လေးသေရတာ ရုံပန်းကြောင့်တဲ့။ မဟုတ်ဘူးလို့ငြင်းလိုက်ချင်ပေမယ့် ရုံပန်းငြင်းဆန်၍မရပါ။ မဟုတ်ရင် ရုံပန်းအသေရိုက်ခံရမှာမဟုတ်လား။ ဖေဖေနဲ့မမကို ရုံပန်းသိပ်ကြောက်တယ်။
အမြံတမ်းလိုလိုအရိုက်ခံနေတဲ့ကျောပြင်လေးနဲ့ အမြဲတမ်းလိုလို အခန်းတံခါးပိတ်ခံရသည်ကလဲ အခါခါပါ။ ကြောက်လန့်မိပေမယ့် နေသားကျနေပြီမို့ မမှု့တော့ပေ။ဝါးရုံပန်းဆိုတဲ့ သူမဟာ အမြဲအပယ်ခံပဲမို့။ဆုတောင်းမိပါတယ် ဒီထက့်ပိုပြီးအပယ်ခံမဖြစ်ဖို့။
ဖေဖေကမချစ်ပေမယ့် မမကမုန်းနေပေမယ့် အမြဲတမ်းအရိုက်ခံနေရပေမယ့် အမြဲတမ်းလိုလို အထီးကျန်ခဲ့ရပေမယ့်အရာအားလုံးဟာ နေသားတကျဖြစ်လာခဲ့ပြီမို့။
*
*
*
“ဖေဖေ သဲပန်းကုမ္ပဏီသွားတော့မယ် ဒီနေ့ည ကိုဂုဏ်ရောင်ရဲ့ကုမ္ပဏီနှစ်ပတ်လည်ရှိတာမို့ နောက်ကျမယ်”
“ကားကိုဖြည်းဖြည်းမောင်းနော် ငါ့သမီးလေး”
“ဟုတ်ကဲ့ပါဖေဖေ..သြော် ညနေကျရင် ကိုဂုဏ်ရောင်ရဲ့အိမ်ကို ဝါးရုံပန်းကိုလွှတ်လိုက်ပါအုံး သဲပန်းအတွက်ပါတီမှာဝတ်ဖို့ အဝတ်စားပါယူခဲ့ဖို့နဲ့မိတ်ကပ်ဆရာပါခေါ်ခဲ့ဖို့ပါ ပြောပေးပါအုံး”
“အင်း ဖေဖေလွှတ်လိုက်ပါ့မယ် သမီးသာဂရုစိုက်သွား”
“ဟုတ်ကဲ့ဖေဖေ…”
သဲပန်းဖေဖေ့ကိုနှုတ်ဆက်ပြီး ကားကိုမောင်းနှင်ကာ ကုမ္ပဏီသို့ထွက်လာခဲ့လိုက်သည်။ ဒီနှစ်တွေအတွင်းတော့ သဲပန်းရဲ့ကြိုးစားမှု့ရလဒ်ကြောင့် ကုမ္ပဏီဟာအတော်လေးပြန်ထူထောင်လာခဲ့သည်။သဲပန်းကအရာရာမှာထက်မြတ်ပြီးတော်တာမို့ ဖေဖေကသဲပန်းကိုဆို သိပ်ချစ်သည်။ သိပ်လဲယုံကြည်အားကိုးသည်။ထို့ကြောင့် သဲပန်းသည်လဲဖေဖေ့ကိုသိပ်ချစ်သည်။
>>>>>
“မီးး…မီးတွေလောင်နေပြီ မေမေ…မေမေရေ သားကိုကယ်ပါအုံး မေမေ…”
လောင်ကျွမ်းနေသည့်မီးများကြားမှာ ပြေးလွှားအော်ဟစ်ရင်း သူ့အမေကိုရှာနေသည့်ကလေးတစ်ယောက်။
“မေမေ…သားဒီမှာ မေမေ!!…”
ကလေးငယ်လေးဟာ ဝမ်းသာအားရသူ့အမေကိုအော်ဟစ်ခေါ်လိုက်ပေမယ့် သူ့ကိုကျောခိုင်းသွားသည့်အမေဖြစ်သူကြောင့် ဝမ်းနည်းစွာရှိုက်ငိုလိုက်ပါသည်။
“မေမေ…သားဒီမှာလေ..မေမေ သားကိုမထားခဲ့ပါနဲ့ မေမေ..အီးဟီး သားကိုကယ်ပါအုံး”
မည်သို့ပင်အော်ငိုနေပါစေ ထိုကလေးငယ်လေးရဲ့မြင်ကွင်းမှ သူ့အမေဟာလဲ လုံးဝပျောက်ကွယ်သွားလေတော့သည်။
“မေမေ….”
ဟင်!!..
ဆက်ခနဲမျက်ဝန်းများကိုဖွင့်ကြည့်ရင်း ရွှဲနစ်နေသည့်ချွေးများကိုသုတ်လိုက်သည်။
“ဟူး….”
သက်ပြင်းကိုချလိုက်ရင်း အိပ်ယာမှထထိုင်လိုက်ကာ ရေချိုးခန်းဆီသို့ဦးတည်ရင်း ရေပန်းကိုဖွင့်ကာ လန်းဆန်းသွားအောင်ရေချိုးလိုက်သည်။
ဒီအိမ်မက်…အနှစ်၂၀လုံးမက်ခဲ့တဲ့ဒီအိမ်မက်ဆိုးကြောင့် ကောင်းမွန်စွာအိပ်စက်၍မရ…တစ်ရက်လေးတောင်မှ အိပ်ရေးဝသည်မရှိပါပဲ ဒီအိမ်မက်ကိုအမြဲမက်နေသည်။ အတိတ်ဆိုးတစ်ခုလိုအနောက်ကလိုက်နေသည့် ဒီထိပ်လန့်စရာအိမ်မက်ဆိုးကနိုးလာတိုင်း သူ့ရင်ဘက်ထဲသိပ်နာကျင်ရသည်။ ဖြစ်နိုင်ရင် ဒီအိမ်မက်မမက်တော့ရင် သူ့အတွက်ကောင်းမယ်။ဒီအိမ်မက်ဆိုးကြီးကနိုးထခွင့်ရချင်မိတယ်။
>>>>>
“ဝါးရုံပန်း ဒီကိုလာအုံး..”
ဖေဖေ့ရဲ့ခေါ်သံကြောင့် ရုံပန်း လုပ်လက်စအလုပ်ကနုထားခဲ့၍ အိမ်ထဲအပြေးဝင်လာလိုက်သည်။
“အဲ့နားတင်ရပ်..”
ဖေဖေ့ရဲ့အမိန့်သံအဆုံး ရုံပန်းခြေလှမ်းလေးများဟာ အိမ်အပေါက်ဝမှာတင်အလိုလိုရပ်တန့်သွားရသည်။
“မျိုးရိုးဂုဏ်ရောင်ရဲ့အိမ်ကိုသွားပြီး အဲ့ဒီပစ္စည်းပေးခဲ့”
ရုံပန်းအရှေ့နားလေးငအိတ်တစ်အိတ်ကိုမျက်စပစ်ပြ၍ ဖေဖေကပြောလာသည်။
“ဟို ဖေဖေ ရုံပန်းကဘယ်သူ့ကိုပေးရမှာလဲဟင်!!…”
“ငါ့သမီးချစ်သဲပန်းကိုပေါ့…”
ဖေဖေ့ရဲ့စကားကြောင့် ရုံပန်းမျက်ရည်လေးများဝဲတက်သွားရသည်။ ရုံပန်းကရော ဖေဖေ့သမီးမဟုတ်ဘူးလားဖေဖေရယ်။
“နင့်မျက်နှာကိုချက်ချင်းပြင်ပြီး သွားတော့…”
မျက်နှာညိုးငယ်နေသည့်ရုံပန်းကိုကြည့်၍ဖေဖေကဒေါသတကြီးဆိုလာသည်။ ရုံပန်း ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြ၍ ရှေ့နားလေးမှအိတ်ကိူယူ၍ Taxiတစ်စီးတားကာ ထွက်လာခဲ့လိုကါသည်။
ဖေဖေပြောတဲ့အိမ်ကိုခဏခဏရောက်ဖူးသည်မို့ အချို့အလုပ်သမားများနှင့်ရင်းနှီးနေလေပြီ။ထိုအိမ်ရှေ့ကိုTaxiရပ်လိုက်တော့ ရုံပန်းTaxiပေါ်မှဆင်းလိုက်သည်။
လူအများရှုပ်ယှက်ခက်နေသည်မို့ ရုံပန်းအထဲသို့မည်သို့ဝင်ရမည်ဆိုတာမသိဖြစ်နေကာ ထိုအိမ်ရှေ့မှာ အူကြောင်ကြောင်ဖြင့်ရပ်နေမိလေသည်။
“သြော် ညီမလေး လာလေ…”
ခြံထဲမှအရင်ကတွေ့ဖူးသည့်အမကြီးက ရုံပန်းကိုမြင်၍လှမ်းခေါ်လိုက်သဖြင့် မျက်လုံးလေးများဝင်းလက်ကာ ပျော်သွားရသည်။
“ပါတီပွဲကိုလာတာလား ညီမလေး”
“ဟင့်အင်းအမ ရုံပန်း ဒါလေးလာပို့တာပါ မမရှိလားဟင်”
“သြော် ညီမလေးအမလား ရှိတယ် အိမ်ထဲမှာ..လာလေဘီမလေး ဝင်ခဲ့”
“ဟုတ်ကဲ့အမ…”
တစ်ကယ်တော့ ရုံပန်းဒီအိမ်ကိုခဏတိုင်းလာဖူးသည်ဆိုပေမယ့် အိမ်ထဲအထိတစ်ကြိမ်တစ်ခါမှမဝင်ခဲ့ဖူးပါ။ အိမ်ကြီးဟာနန်းတော်ကြီးကဲ့သို့ သိပ်ခမ်းနားကြီးကျယ်လွန်းလှသည်။ ရုံပန်းတို့အိမ်ထက် အဆပေါင်းများစွာကြီးမားသလို အလုပ်သမားများစွာလဲရှိသည်။အိမ်ထဲသို့လှမ်းဝင်လိုက်သည်နှင့် အေးစိမ့်သွားသည့်အိမ်ကြီးနှင့်အတူ မြောက်များစွာသောအခန်းများကြောင့် သိပ်ကိုကျယ်ဝန်းလှသည်။
“ညီမလေး ဒီတည့်တည့်ကနေလျှောက်သွားလိုက်နော် အဆုံးရောက်ရင် ညာဘက်ကိုချိုးပြီးဒုတိယမြောက်အခန်းထဲမှာ ညီမလေးအမရှိတယ်”
“ဟုတ်ကဲ့အမ…”
ရုံပန်း လမ်းညွှန်လိုက်သည့်အတိုင်းအဆုံးထိလျှောက်လာခဲ့လိုက်ပြီး ညာဘက်သို့ချိုးကွေ့ကာ ဒုတိယမြောက်အခန်းရှေ့ခြေစုံရပ်ကာ တံခါးကိုခေါက်လိုက်သည်။
ဒေါက်…ဒေါက်
“မမသဲပန်း…ရုံပန်းပါ”
ရုံပန်း ခပ်တိုးတိုးပြောရင်း တံခါးကိုတွန်းဖွင့်ကာဝင်လိုက်ပေမယ့် ရုံပန်းကို ဒေါသမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် မမကြောင့် ကြောက်ရွံ့စွာခေါင်းငုံ့လိုက်မိသည်။
“ရာရာစစဒီအခန်းထဲထိ နင်ကဝင်လာရဲတယ်ပေါ့”
မမသဲပန်းက ရုံပန်းရှေ့တိုးကပ်လာရင်း ဗိုက်ကြောကိုပြက်ထွက်မတက်လိမ်ဆွဲလိုက်သည်။နာကျင်လွန်းသည်မို့ မျက်ရည်လေးများဝဲတက်လာရသည်
“နင့်လိုဂြိုလ်ဆိုးဝင်နေတဲ့သူက ဒီအခန်းထဲထိများလာရဲတယ်ဟုတ်လား နင့်ကြောင့်ဒီပွဲတစ်ခုခုဖြစ်သွားရင် နင်တာဝန်ယူမှာလား”
မမသဲပန်းက ဗိုက်ကြောကိုမလွှတ်တမ်းလိမ်ဆွဲထားရင်းပြောနေသည်။
“ရုံပန်းအခုချက်ချင်း သွားပါ့မယ် မမသဲပန်း”
မျက်ရည်မကျအောင်ထိန်းပြောလိုက်တော့ ရုံပန်းကိုမျက်လုံးရဲကြီးဖြင့် တစ်ချက်စူးစိုက်ကြည့်ရင်း လက်ကိုဖယ်လိုက်သည်။
“မမအတွက် ဖေဖေကပို့ခိုင်းလိုက်တာပါ…”
ရုံပန်းလက်ထဲက အထုတ်ကိုလှမ်းယူရင်း ကျောခိုင်းသွားတဲ့မမကြောင့် ရုံပန်းအလိုက်တသိဖြင့် ထွက်လာခဲ့လိုက်သည်။
ဘုတ်….အင့်
အခန်းထဲမှထွက်ပြီးအပေါက်ဘက်သို့ပြန်အကွေ့ တိုက်မိသွားသဖြင့် ရုံပန်းခန္ဓာကိုယ်လေးဟာ လဲကျသွားရသည်။
“ဘယ်သူလဲ…”
လဲကျနေသည့်ရုံပန်းကိုအပေါ်စီးမှငုံ့မိုးကြည့်လာသည့် ထိုလူကြောင့် ရုံပန်းအမြန်ထကာ ခေါင်းကိုငုံ့ရင်း
“မမသဲပန်းအတွက်အဝတ်စားလာပို့တာပါ…ရုံပန်းက မမသဲပန်းရဲ့ညီမပါ”
ထိုလူဟာ ဒီအိမ်ရဲ့အရှင်သခင် မျိုးရိုးဂုဏ်ရောင်ဆိုသည့်သူဖြစ်တာကြောင့် ရုံပန်းအလျှင်မြန်ပင်ဖြေလိုက်သည်။ အရင်ကမမသဲပန်းနဲ့အတူရုံပန်းခဏခဏတွေ့ဖူးပေမယ့် ထိုလူကတော့ရုံပန်းကိုအခုမှပထမဆုံးမြင်ဖူးခြင်းပင်။
“ချစ်သဲပန်းမှာညီမရှိတာလား”
ထိုလူက ရုံပန်းကိုတစ်ချက်ကြည့်ရင်းမေးလာသဖြင့် ရုံပန်းခေါင်းငြိမ့်ပြလိုက်သည်။
“ကိုဂုဏ်ရောင်..ပွဲစတော့မှာလားဟင်”
အနောက်ဖက်မှ မမသဲပန်းရဲ့အသံကြားလိုက်ရပြီး ရုံပန်းတိူ့နားရောက်လာသည်။ထိုအခါ ထိုလူက ရုံပန်းပုခုံးကိုဆုပ်ကိုင်လိုက်ရင်း မမသဲပန်းဘက်သို့ ဆွဲလှည့်လိုက်သည်။
“ဒါက မင်းရဲ့ညီမဆို ဟုတ်လား ချစ်သဲပန်း”
“ဟင်!!..သြော်..အဲတာကလေ ဟို..ဟို မွေးစားထားတာပါ”
မမသဲပန်းအဖြေကြောင့် ရုံပန်းမျက်ရည်ဝဲရပြန်ပါသည်။
“နင် ပြန်တော့လေဘာလုပ်နေတာလဲ!!..”
မမသဲပန်းကမျက်လုံးပြူး၍ ရုံပန်းကိုနှုတ်ခမ်းကိုက်ပြကာပြောတော့ ရုံပန်းခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ် ရုံပန်းအခုပဲပြန်…”
“မင်းညီမဆိုရင် ပါတီမှာနေခိုင်းလိုက်လေ အတူတုပြန်ပေါ့”
“ဟင့်အင်း မဖြစ်ပါဘူး!!…”
“ဟင့်အင်း မနေပါဘူး”
ရုံပန်းနဲ့မမကပြိုင်တူပြောလိုက်တော့ ထိုလူက မျက်မှောင်ကုတ်ကာ ရုံပန်းတို့နှစ်ယောက်ကိုကြည့်လာ၏
“ဟို ဟို အဲ့တာကလေ ကိုဂုဏ်ရောင်….”
“မင်းထင် သူ့ကိုနည်းနည်းပြင်ဆင်ပေးဖို့ ခေါ်သွားလိုက်”
ရုံပန်းငြင်းချိန်တောင်မရလိုက်ပါပဲ ဘေးနားမှလူက ရုံပန်းကို ဆွဲခေါ်လာလေသည်။မမသဲပန်းကိုလှည့်ကြည့်မိတော့ မျက်နှာတစ်ခုလုံးမှုန်ကုတ်ကာ အလိုမကျဖြစ်နေတော့သည်
*
*
*
“ဒီဆေးကတစ်ကယ်ပဲ အစွမ်းပြပါတယ်နော်!!…”
“…….”
“အင်း ခုနက သူသောက်မယ့်ဝိုင်ထဲမှာထည့်လိုက်တယ် သူအဲ့ဝိုင်ကို အကုန်သောက်လိုက်တယ်”
“………”
“ဆေးကအချိန်ဘယ်လောက်ဆိုရင် အစွမ်းပြမှာလဲ….”
“……..”
“Ok Ok အဲ့တာဆိုရင် အခုပဲသွားလိုက်တော့မယ်”
သဲပန်းနှုတ်ခမ်းတို့ကိူညွှတ်နေအောင်ပြုံးလိုက်ရင်း ပါတီပွဲရှိရာသို့ လှပစွာလျှောက်လှမ်းလာလိုက်တော့သည်။
ပါတီပွဲရဲ့အလည် နထင်ကိုထောက်၍ မူးဝေနေသည့်ပုံပေါ်သည့် မျိုးရိုးဂုဏ်ရောင်ကိုမြင်လိုက်၍ သဲပန်းမျက်နှာသည် အလိုကျခြင်းဘက်သို့ ပြောင်းသွားလေသည်။
“ရရဲ့လား အကိုလေး!!…”
သဲပန်းသူ့ဆီမရောက်ခင်လေးမှာပင် သူ့အတွင်းရေးမှုးက သူ့ကိုပါတီပွဲမှဆွဲခေါ်သွားသဖြင့် သဲပန်းထိုနောက်မှလိုက်လာခဲ့လိုက်သည်။
“ဥက္ကဌ သဲပန်း!…တစ်ခွက်လောက်သောက်ကျမလား”
သဲပန်းရှေ့ရောက်လာသည့်သူကြောင့် သဲပန်းရှေ့ဆက်သွား၍မရဖြစ်သွားရလေသည်။
“သြော်..P.T (Group)ရဲ့ဥက္ကဌ ကိုသူရိန်ပါလား…အဟင်း နောက်မှအတူသောက်တာပေါ့ အခုတော့ သဲပန်းအလျှင်လိုနေလို့…”
သဲပန်း မျိုးရိုးဂုဏ်ရောင်ကိုလှမ်းကြည့်လိုက်ရင်းဖြေလိုက် ဆက်သွားရန်ပြင်လိုက်ပေမယ့် ထိုလူကရှေ့မှပိတ်ရပ်ထားလေသည်။
“မာနကြီးတာလား ဥက္ကဌချစ်သဲပန်းက…ဒါဆို ကျွန်တော်တို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုမယ့်ကိစ္စကို မရှိခဲ့ဘူးလို့ပဲသဘောထားရမလား”
“ဟင်!!…”
ထိုစကားကြောင့်သဲပန်းအနည်းငယ်လန့်သွားရသည်။စာချုပ်ပျက်၍မဖြစ်ပါ မဟုတ်ရင် သဲပန်းတို့ကုမ္ပဏီနာမည်ကျသွားနိုင်သည်။
“ဒါဆိုလဲ တစ်ခွက်လောက်တော့သောက်ကျတာပေါ့…”
“ကြွပါဗျာ…”
သဲပန်း သက်ပြင်းသာချနိုင်၍ ဥက္ကဌသူရိန်နောက်လိုက်လာခဲ့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ခဏနေမှသွားလဲအဆင်ပြေမှာပါ။
*
*
*
“ရပြီ မင်းထင် သွားတော့ ငါကိုယ့်အခန်းကိုသွားလိုက်တော့မယ်”
“ဟုတ်ကဲ့အကိုလေး…”
ဂုဏ်ရောင် ကိုယ့်ကိုယ်ကိုထိန်းရင်း နံရံကိုလက်ဖြင့်ကိုင်ကာ အခန်းဘက်လျှောက်လာခဲ့လိုက်သည်။
“ကိုကြီး အဆင်ပြေရဲ့လား”
အသံနဲ့အတူသူ့ရှေ့ရောက်လာသည့်မိန်းကလေးကြောင့် ဂုဏ်ရောင်တစ်ချက်ကြည့်လိုက်သည်။
“မင်း….”
“ဟုတ် မမသဲပန်းညီမလေးပါ…”
သူမက သူ့အမေးကိုအနည်းငယ်ပြုံး၍ပြန်ဖြေသည် ဂုဏ်ရောင် သူမကိုကြည့်နေပေမယ့် အမြင်များဟာသိပ်မကြည်လင်ပေ။ပြီးတော့လဲ သူမရဲ့ပန်းရောင်နှုတ်ခမ်းလေးဆီသာ အကြည့်များကရောက်ရောက်သွားသည်။
“ငါအဆင်ပြေတယ် မင်းသွားတော့…”
ဂုဏ်ရောင်စိတ်ကိုထိန်းရင်းပြောလိုက်တော့ သူမကပြုံး၍ ခေါင်းငြိမ့်ပြလာသည်။
“နေအုံး…”
သူ့အနားကသွားရန်ပြင်နေသည့်သူမရဲ့လက်ကို ဆက်ခနဲလှမ်းဆွဲကာတားလိုက်သည်။
“မင်း….မင်း ငါနဲ့…”
“အို!!…”
သူမကိုငေးကြည့်ရင်း မထိန်းနိုင်သည့်စိတ်များကြောင့် ခါးလေးကိုဆွဲဖက်လိုက်ရင်း နံရံဘက်သို့သူမကိုကပ်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားသည့်အခြေနေမှာ ဂုဏ်ရောင်မထိန်းနိုင်သည့်စိတ်များကြောင့် သူမနှုတ်ခမ်းများကိုဆွဲယူနမ်းရှိုက်လိုက်တော့သည်။
အွမ့်..အင့်
သူမကရုန်းကန်နေသဖြင့် ဂုဏ်ရောင်သူမလက်ကိုနံရံဖြင့်ဖိကပ်ကာထိန်းချုပ်ထားလိုက်ရင်း အဆက်မပြက်နမ်းရှိုက်လိုက်တော့သည်။
ထိန်းချုပ်မရသည့်အခြေနေကြောင့် သူမကိုမလွှတ်ပေးပဲအနမ်းများကိုအဆက်မပြက်နမ်းရှိုက်ရင်း အနီးဆုံးအခန်းတစ်ခုဆီသို့ သူမကိုအတင်းဆွဲကာဝင်လာလိုက်သည်။ ရုန်းရင်းဆန်ခက်ဖြင့်ပါလာသည့်သူမက သူ့လက်ကိုအတင်းဆွဲဖြုတ်နေသည်။အခန်းထဲသို့ရောက်ချိန်တွင် ဂုဏ်ရောင်တံခါးကိုလော့ချလိုက်ရင်း သူမကို မွေ့ယာထက်တွန်းလှဲလိုက်သည်။ ပြန်ထရန်ပြင်နေသည့် သူမကိုယ်ပေါ်မှ သူ့ရင်ပြင်ကျယ်ကြီးကိုအုပ်မိုးကာ အနမ်းများကိုဆက်လိုက်သည်။
“ဟင့်အင်း မလုပ်ပါနဲ့…ရုံပန်းကိုဒီလိုမလုပ်ပါနဲ့”
ခေါင်းလေးခါယမ်းရင်းငြင်းဆန်နေသည့်သုမကို အတင်းချုပ်နှောင်၍ ထိန်းမရသည့်စိတ်များဖြင့် သူမဘဝလေးကိုရယူရန်ကြိုးစားနေမိတော့သည်။
သူမကတော့ လွတ်လိုလွတ်ငြားရုန်းကန်နေပေမယ့် မည်သို့မျှမလွှတ်နိုင်တော့ပြီမို့ မျက်ရည်များသာစီးကျနေတော့သည်။

Zawgyi Version

အပယ္ခံမယား(စ/ဆံုး)
—————————-
“ဒီကေလးက ကံဆိုးျခင္းေတြနဲ႔ေမြးလာတာ စြန္႔ပစ္ရမယ္”
“ဘာ…စြန္႔ပစ္မယ္ဟုတ္လား…အကိုအခုဘယ္လိုစကားေျပာလိုက္တာလဲ…ဒီစကားကအဓိပၸာယ္ရွိတယ္ထင္လို႔လား ဘယ္မိဘက ကိုယ့္သားသမီးကို အသက္ရွင္လွ်က္စြန္႔ပစ္မွာလဲ အကိုဘယ္လိုစိတ္နဲ႔မ်ားေျပာရက္ရတာလဲ”
“ေရွ႕ျဖစ္ေဟာဆရာမႀကီးေျပာသြားတာ မင္းလဲၾကားတာပဲျမပန္းရယ္ ဒီကေလးကိုငါတို႔ဆက္ေမြးရင္ မိသားစုဝင္ႏွစ္ေယာက္ေသမယ့္အျပင္ စီးပြားေရးေတြလဲက်ဆင္း”
“ေတာ္ေတာ့အကို..ဒီစကားကိုဒီမွာတင္ရပ္ အကိုဘာေျပာေျပာ ျမပန္းကေတာ့ ကိုယ့္သားသမီးကိုဘယ္ေတာ့မွမစြန္႔ပစ္ဘူး”
ျမပန္းအသံကအနည္းငယ္က်ယ္သြားေတာ့ ဦးမင္းေသာ္အသံတိတ္သြားၿပီး ဘာမွဆက္မေျပာေတာ့ေခ်။
အနားမွာထိုင္ကာေဆာ့ေနသည့္၃ႏွစ္အ႐ြယ္ကေလးေလးကိုၾကည့္ရင္း ျမပန္း​သက္ျပင္းရႈိက္လိုက္သည္။ ဘာမွမသိေသးတဲ့သမီးေလးကေတာ့ အပူပင္ကင္းစြာေဆာ့လို႔။ ဒီေလာက္ထိအျပစ္ကင္းတဲ့ကေလးေလးကို စြန္႔ပစ္ရမယ္တဲ့လား အဓိပၸာယ္မရွိတဲ့စကား။ေရွ႕ျဖစ္ေဟာတာေတြဘာေတြကို ျမပန္းကအယုံၾကည္ရွိသူမဟုတ္။ အကယ္၍ ေရွ႕ျဖစ္ေဟာေၾကာင့္ မိသားစုဝင္ေသရမည့္သူမွာ သူမျဖစ္ေနလွ်င္ ေပ်ာ္ေပ်ာ္ႀကီးသာေသပစ္လိုက္မယ္ ကေလးကိုေတာ့ စြန္႔ပစ္ဖို႔မေတြးရဲပါ။
အူဝဲ…အူဝဲ…အူဝဲ…
႐ုတ္တရက္အခန္းထဲမွာသားငယ္ေလးငိုသံေၾကာင့္ ျမပန္းအေတြးမ်ားလြင့္စင္သြားကာ သားငယ္ေလးဆီေျပးလာခဲ့လိုက္သည္။
“သူေဌးကေတာ္…ေမေမႀကီးဆီကဖုန္းလာပါတယ္…”
သားငယ္ေလးကိုျပန္ေခ်ာ့ေနဆဲမွာပင္ အေစခံေကာင္မေလးက ဖုန္းငိုယူကာလာေပးသည္မို႔ လွမ္းယူလိုက္သည္။
“ဟုတ္ကဲ့ေမေမ….
“သမီး ေဒၚေလးမာဦးပါ”
“ရွင္…ဟုတ္ကဲ့ပါ ေဒၚေလးမာဦး…”
“မမႀကီး မနက္ကေလွကားအဆင္းေခ်ာ္က်လို႔ အဲ့တာ ေျခေထာက္က်ိဳးသြားတယ္ အခုေဆး႐ုံမွာ သမီးလာခဲ့ပါအုံး”
“ရွင္ ဟုတ္…ဟုတ္ကဲ့ ျမပန္းအခုပဲထြက္လာခဲ့ပါ့မယ္”
ျမပန္းဖုန္းခြက္ကိုအျမန္ခ်ရင္း သားငယ္ေလးကိုပိုးခ်ီကာအက်ႌေလးငါးစုံထည့္၍ ေမေမ့ဆီသြားရန္ထြက္္လာခဲ့သည္။
“ဒါကဘယ္လဲျမပန္း!!…”
“ေမေမေဆး႐ုံတက္ေနရလို႔ ျမပန္းသြားရမယ္ အကိုေကာလိုက္မလား”
ဦးမင္းေသာ္ကျမပန္းကိုလွမ္းေမးလိုက္သည္မို႔ ျမပန္း ကားေသာ့ကိုယူေနရင္းျဖင့္ျပန္ေျဖလိုက္သည္။
“အကိုမအားဘူးျမပန္း…ခဏေန အကိုအစည္းေဝးရွိတယ္”
“သားငယ္ေလးကို ျမပန္းေခၚသြားမွာမို႔ အကိုက သမီးႀကီးနဲ႔ သမီူငယ္ကိုၾကည့္ထားေပးပါအုံး…”
“မရဘူးေလျမပန္း အကိုကအစည္းေဝးသြားရမွာ ေခၚသြားရင္ႏွစ္ေယာက္လုံးကိုသာေခၚသြား သမီးႀကီးက သူ႔ဘာသာေနတက္ၿပီး ဝါး႐ုံပန္းကို အကိုကအစည္းေဝးဆီေခၚသြားလို႔လဲမရဘူး”
ေရွ႕ျဖစ္ဆရာမေဟာထားၿပီးကတည္းက ခင္ပြန္းျဖစ္သူ ဦးမင္းေသာ္ရဲ႕အျပဳမႈအေခၚေဝၚေတြအားလုံး​ေျပာင္းလဲေနတာ ျမပန္းသတိထားမိသည္။ သမီးငယ္ကိုလဲ သူ႔သမီးဟုပင္မေခၚေတာ့ပဲ နာမည္အျပည့္စုံေခၚေနပုံက ျမပန္းကိုေဒါသထြက္ေစေပမယ့္ အေရးႀကီးေနတာမို႔စကားမမ်ားခ်င္ေတာ့တာမို႔ ျမပန္းဘာမွဆက္မေျပာေတာ့ပဲ သမီးငယ္ေလးလက္ကိုဆြဲလိုက္သည္။
“အကိအလုပ္အားရင္လိုက္လာခဲ့မယ္”
ျမပန္းျပန္မေျဖပဲ ခင္ပြန္းျဖစ္သူကိုေက်ာခိုင္း၍အိမ္ထဲမွထြက္လာလိုက္သည္။သားငယ္ေလးနဲ႔သမီးငယ္ေလးကိုအေနာက္ခန္းမွာအတူတူထားလိုက္၍ ကားေလးကိုၿခံထဲမွေမာင္းထြက္လိုက္သည္။
တစ္ရိပ္ရိပ္ေမာင္းႏွင္လာသည့္ကားေလးဟာ တစ္ျဖည္းျဖည္းႏွင့္ၿမိဳ႕အစြန္ဘက္သို႔ေရာက္လာသည္။ထြက္လာကာစက မိုးေလးမ်ားကတစ္ဖြဲဖြဲသာ႐ြာေပမယ့္ ၿမိဳ႕စြန္ေရာက္ေတာ့မိုးဟာအေတာ္သည္းလာသည္။ မိုးသည္းလာသည္မို႔ေရွ႕မွျမင္ကြင္းမ်ားကိုေသခ်ာမျမင္ရေပ။အေနာက္ခန္းမွသားနဲ႔သမီးကေတာ့ အိပ္ေပ်ာ္ေနသည္။
တီ….တီ..ဝူး…
“အမေလး!!…”
လမ္းေျပာင္းျပန္ေမာင္းလာသည့္ကားႀကီးေၾကာင့္ ျမပန္းကားစီယာတိုင္ကိုလွည့္၍အျမန္ေရွာင္လိုက္ရသည္။ကံေကာင္းလို႔မတိုက္မိခဲ့ေပမယ့္ ျမပန္းရဲ႕ကားေလးကလမ္းတစ္ဖက္သို႔ေရာက္သြားကာလမ္းေျပာင္းျပန္ျဖစ္သြားရသည္။
လမ္းေျပာင္းျပန္အေျခေနမွ ကိုယ့္လမ္းကိုယ္ျပန္ေမာင္းရန္ ေကြ႕လိုက္ေပမယ့္လို႔ေရွ႕တည့္တည့္ဆီမွ ဘြားခနဲေပၚလာသည့္ ကားတစ္စီး….
“ကြၽီ…….”
အမေလး!…
ကားဘရိတ္ဆြဲသံအရွည္ႀကီးၾကားၿပီးေနာက္ုျမပန္းရဲ႕ကားေလးကိုအရွိန္ျပင္းျပင္းႏွင့္အတိုက္ခံလိုက္ရသည္။
ဒုန္း….ဝုန္း…
အား….
ကားလမ္းမထက္သို႔ႏွစ္ပတ္ေလာက္လည္သြားၿပီး ျမပန္းမ်က္ႏွာဟာ လမ္းမႏွင့္ပြတ္တိုက္မိကာ အေတာ္ပင္နာက်င္သြားရသည္။
“ေမေမ…အီးဟီးဟီး…”
“အူဝဲ…အူဝဲ…အူဝဲ”
သားနဲ႔သမီးရဲ႕ငိုသံဟာနားထဲၾကားလိုက္ေပမယ့္ကားလမ္းမနဲ႔႐ိုက္ခက္မိတဲ့အရွိန္ဟာျပင္းထန္လြန္းလွတာမို႔ အရာအားလုံးဟာအေမွာင္ဖုံးလႊမ္းသြားရသည္။အသက္မဲ့ေနသည့္အမ်ိဳးသမီးတစ္ဦးရယ္ ေအာ္ဟစ္ငိုေနသည့္၃ႏွစ္အ႐ြယ္ေကာင္မေလးတစ္ေယာက္ရယ္ ဘာမွမသိရွာပဲအငိုရပ္သြားသည့္၇လအ႐ြယ္ကေလးငယ္တစ္ဦးရယ္ဟာ သည္းထန္စြာ႐ြာသြန္းေနသည့္ မိုးေရထဲမွာေမွာက္လွ်က္ျဖစ္ေနသည့္ကားေပၚတြင္တည္ရွိလွ်က္…
>>>>>
“ၿဂိဳလ္ဆိုးမ ကံဆိုးမ ဒါေတြအားလုံးဟာနင့္ေၾကာင့္ျဖစ္ရတာ နင္ကငါ့သားနဲ႔ငါ့မိန္းမကိုသတ္လိုက္တဲ့ လူသတ္သမား သြားစမ္း ထြက္သြားစမ္း”
ေဆး႐ုံေပၚ၌မသိနားမလည္ေသးသည့္ကေလးငယ္ေလးကိုေအာ္ဟစ္ႏွင္ထုတ္ေနသည့္အမ်ိဳးသားတစ္ဦးကိုအားလုံးဟာဝိုင္းၾကည့္ေနသည္။
“နင့္ေၾကာင့္ ေသရတာ…နင့္ေၾကာင့္ အားလုံးဟာနင့္ေၾကာင့္”
ထိုစြပ္စြဲခ်က္မ်ားကို ထိုအခ်ိန္ကနားမလည္ခဲ့ေပမယ့္ အ႐ြယ္ေရာက္လာသည္ႏွင့္အမွ် ေသဆုံးျခင္းဆိုသည့္အေၾကာင္းရာႏွင့္အတူ လူသတ္သမားဆိုသည့္စကားလုံးၾကမ္းမ်ားကိုနားလည္စျပဳလာခဲ့ေလသည္။
ေမေမဆုံးၿပီးေနာက္ပိုင္းတြင္လဲအိမ္ရဲ႕စီးပြားေရးအေျခေနကအေတာ္ပင္က်ဆင္းခဲ့ေလသည္။ ထို႔ေၾကာင့္ ေဖေဖက သူမကိုပို၍ ပို၍မုန္းတီးခဲ့ေလသည္။
“အေမနဲ႔ေမာင္ေလးေသရတာနင့္ေၾကာင့္…နင္ကအိမ္ရဲ႕ၿဂိဳလ္ဆိုးပဲ ငါ့အနားကိုမလာနဲ႔သြား…နင္ အိမ္ေဘးကတန္းလ်ားမွာပဲေန”
“ေဖေဖ..မမက ႐ုံပန္းကိုႏွင္ထုတ္တယ္”
“နင့္အမေျပာတာအမွန္တရားပဲ သြား အိမ္ထဲမွာကိုမေနနဲ႔ ငါတို႔ပါ ေသကုန္မယ္ ေဝးေဝးသာေန..”
“ေဖေဖ…”
အသက္႐ြယ္ႏွင့္မလိုက္အေျပာခံလိုက္ရသည္က ျပင္းထန္လြန္းလွေလသည္။ ေမေမနဲ႔ေမာင္ေလးေသရတာ ႐ုံပန္းေၾကာင့္တဲ့။ မဟုတ္ဘူးလို႔ျငင္းလိုက္ခ်င္ေပမယ့္ ႐ုံပန္းျငင္းဆန္၍မရပါ။ မဟုတ္ရင္ ႐ုံပန္းအေသ႐ိုက္ခံရမွာမဟုတ္လား။ ေဖေဖနဲ႔မမကို ႐ုံပန္းသိပ္ေၾကာက္တယ္။
အၿမံတမ္းလိုလိုအ႐ိုက္ခံေနတဲ့ေက်ာျပင္ေလးနဲ႔ အၿမဲတမ္းလိုလို အခန္းတံခါးပိတ္ခံရသည္ကလဲ အခါခါပါ။ ေၾကာက္လန္႔မိေပမယ့္ ေနသားက်ေနၿပီမို႔ မမႈ႕ေတာ့ေပ။ဝါး႐ုံပန္းဆိုတဲ့ သူမဟာ အၿမဲအပယ္ခံပဲမို႔။ဆုေတာင္းမိပါတယ္ ဒီထက့္ပိုၿပီးအပယ္ခံမျဖစ္ဖို႔။
ေဖေဖကမခ်စ္ေပမယ့္ မမကမုန္းေနေပမယ့္ အၿမဲတမ္းအ႐ိုက္ခံေနရေပမယ့္ အၿမဲတမ္းလိုလို အထီးက်န္ခဲ့ရေပမယ့္အရာအားလုံးဟာ ေနသားတက်ျဖစ္လာခဲ့ၿပီမို႔။
*
*
*
“ေဖေဖ သဲပန္းကုမၸဏီသြားေတာ့မယ္ ဒီေန႔ည ကိုဂုဏ္ေရာင္ရဲ႕ကုမၸဏီႏွစ္ပတ္လည္ရွိတာမို႔ ေနာက္က်မယ္”
“ကားကိုျဖည္းျဖည္းေမာင္းေနာ္ ငါ့သမီးေလး”
“ဟုတ္ကဲ့ပါေဖေဖ..ေၾသာ္ ညေနက်ရင္ ကိုဂုဏ္ေရာင္ရဲ႕အိမ္ကို ဝါး႐ုံပန္းကိုလႊတ္လိုက္ပါအုံး သဲပန္းအတြက္ပါတီမွာဝတ္ဖို႔ အဝတ္စားပါယူခဲ့ဖို႔နဲ႔မိတ္ကပ္ဆရာပါေခၚခဲ့ဖို႔ပါ ေျပာေပးပါအုံး”
“အင္း ေဖေဖလႊတ္လိုက္ပါ့မယ္ သမီးသာဂ႐ုစိုက္သြား”
“ဟုတ္ကဲ့ေဖေဖ…”
သဲပန္းေဖေဖ့ကိုႏႈတ္ဆက္ၿပီး ကားကိုေမာင္းႏွင္ကာ ကုမၸဏီသို႔ထြက္လာခဲ့လိုက္သည္။ ဒီႏွစ္ေတြအတြင္းေတာ့ သဲပန္းရဲ႕ႀကိဳးစားမႈ႕ရလဒ္ေၾကာင့္ ကုမၸဏီဟာအေတာ္ေလးျပန္ထူေထာင္လာခဲ့သည္။သဲပန္းကအရာရာမွာထက္ျမတ္ၿပီးေတာ္တာမို႔ ေဖေဖကသဲပန္းကိုဆို သိပ္ခ်စ္သည္။ သိပ္လဲယုံၾကည္အားကိုးသည္။ထို႔ေၾကာင့္ သဲပန္းသည္လဲေဖေဖ့ကိုသိပ္ခ်စ္သည္။
>>>>>
“မီးး…မီးေတြေလာင္ေနၿပီ ေမေမ…ေမေမေရ သားကိုကယ္ပါအုံး ေမေမ…”
ေလာင္ကြၽမ္းေနသည့္မီးမ်ားၾကားမွာ ေျပးလႊားေအာ္ဟစ္ရင္း သူ႔အေမကိုရွာေနသည့္ကေလးတစ္ေယာက္။
“ေမေမ…သားဒီမွာ ေမေမ!!…”
ကေလးငယ္ေလးဟာ ဝမ္းသာအားရသူ႔အေမကိုေအာ္ဟစ္ေခၚလိုက္ေပမယ့္ သူ႔ကိုေက်ာခိုင္းသြားသည့္အေမျဖစ္သူေၾကာင့္ ဝမ္းနည္းစြာရႈိက္ငိုလိုက္ပါသည္။
“ေမေမ…သားဒီမွာေလ..ေမေမ သားကိုမထားခဲ့ပါနဲ႔ ေမေမ..အီးဟီး သားကိုကယ္ပါအုံး”
မည္သို႔ပင္ေအာ္ငိုေနပါေစ ထိုကေလးငယ္ေလးရဲ႕ျမင္ကြင္းမွ သူ႔အေမဟာလဲ လုံးဝေပ်ာက္ကြယ္သြားေလေတာ့သည္။
“ေမေမ….”
ဟင္!!..
ဆက္ခနဲမ်က္ဝန္းမ်ားကိုဖြင့္ၾကည့္ရင္း ႐ႊဲနစ္ေနသည့္ေခြၽးမ်ားကိုသုတ္လိုက္သည္။
“ဟူး….”
သက္ျပင္းကိုခ်လိုက္ရင္း အိပ္ယာမွထထိုင္လိုက္ကာ ေရခ်ိဳးခန္းဆီသို႔ဦးတည္ရင္း ေရပန္းကိုဖြင့္ကာ လန္းဆန္းသြားေအာင္ေရခ်ိဳးလိုက္သည္။
ဒီအိမ္မက္…အႏွစ္၂၀လုံးမက္ခဲ့တဲ့ဒီအိမ္မက္ဆိုးေၾကာင့္ ေကာင္းမြန္စြာအိပ္စက္၍မရ…တစ္ရက္ေလးေတာင္မွ အိပ္ေရးဝသည္မရွိပါပဲ ဒီအိမ္မက္ကိုအၿမဲမက္ေနသည္။ အတိတ္ဆိုးတစ္ခုလိုအေနာက္ကလိုက္ေနသည့္ ဒီထိပ္လန္႔စရာအိမ္မက္ဆိုးကႏိုးလာတိုင္း သူ႔ရင္ဘက္ထဲသိပ္နာက်င္ရသည္။ ျဖစ္ႏိုင္ရင္ ဒီအိမ္မက္မမက္ေတာ့ရင္ သူ႔အတြက္ေကာင္းမယ္။ဒီအိမ္မက္ဆိုးႀကီးကႏိုးထခြင့္ရခ်င္မိတယ္။
>>>>>
“ဝါး႐ုံပန္း ဒီကိုလာအုံး..”
ေဖေဖ့ရဲ႕ေခၚသံေၾကာင့္ ႐ုံပန္း လုပ္လက္စအလုပ္ကႏုထားခဲ့၍ အိမ္ထဲအေျပးဝင္လာလိုက္သည္။
“အဲ့နားတင္ရပ္..”
ေဖေဖ့ရဲ႕အမိန္႔သံအဆုံး ႐ုံပန္းေျခလွမ္းေလးမ်ားဟာ အိမ္အေပါက္ဝမွာတင္အလိုလိုရပ္တန္႔သြားရသည္။
“မ်ိဳး႐ိုးဂုဏ္ေရာင္ရဲ႕အိမ္ကိုသြားၿပီး အဲ့ဒီပစၥည္းေပးခဲ့”
႐ုံပန္းအေရွ႕နားေလးငအိတ္တစ္အိတ္ကိုမ်က္စပစ္ျပ၍ ေဖေဖကေျပာလာသည္။
“ဟို ေဖေဖ ႐ုံပန္းကဘယ္သူ႔ကိုေပးရမွာလဲဟင္!!…”
“ငါ့သမီးခ်စ္သဲပန္းကိုေပါ့…”
ေဖေဖ့ရဲ႕စကားေၾကာင့္ ႐ုံပန္းမ်က္ရည္ေလးမ်ားဝဲတက္သြားရသည္။ ႐ုံပန္းကေရာ ေဖေဖ့သမီးမဟုတ္ဘူးလားေဖေဖရယ္။
“နင့္မ်က္ႏွာကိုခ်က္ခ်င္းျပင္ၿပီး သြားေတာ့…”
မ်က္ႏွာညိဳးငယ္ေနသည့္႐ုံပန္းကိုၾကည့္၍ေဖေဖကေဒါသတႀကီးဆိုလာသည္။ ႐ုံပန္း ေခါင္းကိုခပ္ျဖည္းျဖည္းၿငိမ့္ျပ၍ ေရွ႕နားေလးမွအိတ္ကိူယူ၍ Taxiတစ္စီးတားကာ ထြက္လာခဲ့လိုကါသည္။
ေဖေဖေျပာတဲ့အိမ္ကိုခဏခဏေရာက္ဖူးသည္မို႔ အခ်ိဳ႕အလုပ္သမားမ်ားႏွင့္ရင္းႏွီးေနေလၿပီ။ထိုအိမ္ေရွ႕ကိုTaxiရပ္လိုက္ေတာ့ ႐ုံပန္းTaxiေပၚမွဆင္းလိုက္သည္။
လူအမ်ားရႈပ္ယွက္ခက္ေနသည္မို႔ ႐ုံပန္းအထဲသို႔မည္သို႔ဝင္ရမည္ဆိုတာမသိျဖစ္ေနကာ ထိုအိမ္ေရွ႕မွာ အူေၾကာင္ေၾကာင္ျဖင့္ရပ္ေနမိေလသည္။
“ေၾသာ္ ညီမေလး လာေလ…”
ၿခံထဲမွအရင္ကေတြ႕ဖူးသည့္အမႀကီးက ႐ုံပန္းကိုျမင္၍လွမ္းေခၚလိုက္သျဖင့္ မ်က္လုံးေလးမ်ားဝင္းလက္ကာ ေပ်ာ္သြားရသည္။
“ပါတီပြဲကိုလာတာလား ညီမေလး”
“ဟင့္အင္းအမ ႐ုံပန္း ဒါေလးလာပို႔တာပါ မမရွိလားဟင္”
“ေၾသာ္ ညီမေလးအမလား ရွိတယ္ အိမ္ထဲမွာ..လာေလဘီမေလး ဝင္ခဲ့”
“ဟုတ္ကဲ့အမ…”
တစ္ကယ္ေတာ့ ႐ုံပန္းဒီအိမ္ကိုခဏတိုင္းလာဖူးသည္ဆိုေပမယ့္ အိမ္ထဲအထိတစ္ႀကိမ္တစ္ခါမွမဝင္ခဲ့ဖူးပါ။ အိမ္ႀကီးဟာနန္းေတာ္ႀကီးကဲ့သို႔ သိပ္ခမ္းနားႀကီးက်ယ္လြန္းလွသည္။ ႐ုံပန္းတို႔အိမ္ထက္ အဆေပါင္းမ်ားစြာႀကီးမားသလို အလုပ္သမားမ်ားစြာလဲရွိသည္။အိမ္ထဲသို႔လွမ္းဝင္လိုက္သည္ႏွင့္ ေအးစိမ့္သြားသည့္အိမ္ႀကီးႏွင့္အတူ ေျမာက္မ်ားစြာေသာအခန္းမ်ားေၾကာင့္ သိပ္ကိုက်ယ္ဝန္းလွသည္။
“ညီမေလး ဒီတည့္တည့္ကေနေလွ်ာက္သြားလိုက္ေနာ္ အဆုံးေရာက္ရင္ ညာဘက္ကိုခ်ိဳးၿပီးဒုတိယေျမာက္အခန္းထဲမွာ ညီမေလးအမရွိတယ္”
“ဟုတ္ကဲ့အမ…”
႐ုံပန္း လမ္းၫႊန္လိုက္သည့္အတိုင္းအဆုံးထိေလွ်ာက္လာခဲ့လိုက္ၿပီး ညာဘက္သို႔ခ်ိဳးေကြ႕ကာ ဒုတိယေျမာက္အခန္းေရွ႕ေျခစုံရပ္ကာ တံခါးကိုေခါက္လိုက္သည္။
ေဒါက္…​ေဒါက္
“မမသဲပန္း…႐ုံပန္းပါ”
႐ုံပန္း ခပ္တိုးတိုးေျပာရင္း တံခါးကိုတြန္းဖြင့္ကာဝင္လိုက္ေပမယ့္ ႐ုံပန္းကို ေဒါသမ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနသည့္ မမေၾကာင့္ ေၾကာက္႐ြံ႕စြာေခါင္းငုံ႔လိုက္မိသည္။
“ရာရာစစဒီအခန္းထဲထိ နင္ကဝင္လာရဲတယ္ေပါ့”
မမသဲပန္းက ႐ုံပန္းေရွ႕တိုးကပ္လာရင္း ဗိုက္ေၾကာကိုျပက္ထြက္မတက္လိမ္ဆြဲလိုက္သည္။နာက်င္လြန္းသည္မို႔ မ်က္ရည္ေလးမ်ားဝဲတက္လာရသည္
“နင့္လိုၿဂိဳလ္ဆိုးဝင္ေနတဲ့သူက ဒီအခန္းထဲထိမ်ားလာရဲတယ္ဟုတ္လား နင့္ေၾကာင့္ဒီပြဲတစ္ခုခုျဖစ္သြားရင္ နင္တာဝန္ယူမွာလား”
မမသဲပန္းက ဗိုက္ေၾကာကိုမလႊတ္တမ္းလိမ္ဆြဲထားရင္းေျပာေနသည္။
“႐ုံပန္းအခုခ်က္ခ်င္း သြားပါ့မယ္ မမသဲပန္း”
မ်က္ရည္မက်ေအာင္ထိန္းေျပာလိုက္ေတာ့ ႐ုံပန္းကိုမ်က္လုံးရဲ​ႀကီးျဖင့္ တစ္ခ်က္စူးစိုက္ၾကည့္ရင္း လက္ကိုဖယ္လိုက္သည္။
“မမအတြက္ ေဖေဖကပို႔ခိုင္းလိုက္တာပါ…”
႐ုံပန္းလက္ထဲက အထုတ္ကိုလွမ္းယူရင္း ေက်ာခိုင္းသြားတဲ့မမေၾကာင့္ ႐ုံပန္းအလိုက္တသိျဖင့္ ထြက္လာခဲ့လိုက္သည္။
ဘုတ္….အင့္
အခန္းထဲမွထြက္ၿပီးအေပါက္ဘက္သို႔ျပန္အေကြ႕ တိုက္မိသြားသျဖင့္ ႐ုံပန္းခႏၶာကိုယ္ေလးဟာ လဲက်သြားရသည္။
“ဘယ္သူလဲ…”
လဲက်ေနသည့္႐ုံပန္းကိုအေပၚစီးမွငုံ႔မိုးၾကည့္လာသည့္ ထိုလူေၾကာင့္ ႐ုံပန္းအျမန္ထကာ ေခါင္းကိုငုံ႔ရင္း
“မမသဲပန္းအတြက္အဝတ္စားလာပို႔တာပါ…႐ုံပန္းက မမသဲပန္းရဲ႕ညီမပါ”
ထိုလူဟာ ဒီအိမ္ရဲ႕အရွင္သခင္ မ်ိဳး႐ိုးဂုဏ္ေရာင္ဆိုသည့္သူျဖစ္တာေၾကာင့္ ႐ုံပန္းအလွ်င္ျမန္ပင္ေျဖလိုက္သည္။ အရင္ကမမသဲပန္းနဲ႔အတူ႐ုံပန္းခဏခဏေတြ႕ဖူးေပမယ့္ ထိုလူကေတာ့႐ုံပန္းကိုအခုမွပထမဆုံးျမင္ဖူးျခင္းပင္။
“ခ်စ္သဲပန္းမွာညီမရွိတာလား”
ထိုလူက ႐ုံပန္းကိုတစ္ခ်က္ၾကည့္ရင္းေမးလာသျဖင့္ ႐ုံပန္းေခါင္းၿငိမ့္ျပလိုက္သည္။
“ကိုဂုဏ္ေရာင္..ပြဲစေတာ့မွာလားဟင္”
အေနာက္ဖက္မွ မမသဲပန္းရဲ႕အသံၾကားလိုက္ရၿပီး ႐ုံပန္းတိူ႔နားေရာက္လာသည္။ထိုအခါ ထိုလူက ႐ုံပန္းပုခုံးကိုဆုပ္ကိုင္လိုက္ရင္း မမသဲပန္းဘက္သို႔ ဆြဲလွည့္လိုက္သည္။
“ဒါက မင္းရဲ႕ညီမဆို ဟုတ္လား ခ်စ္သဲပန္း”
“ဟင္!!..ေၾသာ္..အဲတာကေလ ဟို..ဟို ေမြးစားထားတာပါ”
မမသဲပန္းအေျဖေၾကာင့္ ႐ုံပန္းမ်က္ရည္ဝဲရျပန္ပါသည္။
“နင္ ျပန္ေတာ့ေလဘာလုပ္ေနတာလဲ!!..”
မမသဲပန္းကမ်က္လုံးျပဴး၍ ႐ုံပန္းကိုႏႈတ္ခမ္းကိုက္ျပကာေျပာေတာ့ ႐ုံပန္းေခါင္းၿငိမ့္ျပလိုက္သည္။
“ဟုတ္ ႐ုံပန္းအခုပဲျပန္…”
“မင္းညီမဆိုရင္ ပါတီမွာေနခိုင္းလိုက္ေလ အတူတုျပန္ေပါ့”
“ဟင့္အင္း မျဖစ္ပါဘူး!!…”
“ဟင့္အင္း မေနပါဘူး”
႐ုံပန္းနဲ႔မမကၿပိဳင္တူေျပာလိုက္ေတာ့ ထိုလူက မ်က္ေမွာင္ကုတ္ကာ ႐ုံပန္းတို႔ႏွစ္ေယာက္ကိုၾကည့္လာ၏
“ဟို ဟို အဲ့တာကေလ ကိုဂုဏ္ေရာင္….”
“မင္းထင္ သူ႔ကိုနည္းနည္းျပင္ဆင္ေပးဖို႔ ေခၚသြားလိုက္”
႐ုံပန္းျငင္းခ်ိန္ေတာင္မရလိုက္ပါပဲ ေဘးနားမွလူက ႐ုံပန္းကို ဆြဲေခၚလာေလသည္။မမသဲပန္းကိုလွည့္ၾကည့္မိေတာ့ မ်က္ႏွာတစ္ခုလုံးမႈန္ကုတ္ကာ အလိုမက်ျဖစ္ေနေတာ့သည္
*
*
*
“ဒီေဆးကတစ္ကယ္ပဲ အစြမ္းျပပါတယ္ေနာ္!!…”
“…….”
“အင္း ခုနက သူေသာက္မယ့္ဝိုင္ထဲမွာထည့္လိုက္တယ္ သူအဲ့ဝိုင္ကို အကုန္ေသာက္လိုက္တယ္”
“………”
“ေဆးကအခ်ိန္ဘယ္ေလာက္ဆိုရင္ အစြမ္းျပမွာလဲ….”
“……..”
“Ok Ok အဲ့တာဆိုရင္ အခုပဲသြားလိုက္ေတာ့မယ္”
သဲပန္းႏႈတ္ခမ္းတို႔ကိူၫႊတ္ေနေအာင္ၿပဳံးလိုက္ရင္း ပါတီပြဲရွိရာသို႔ လွပစြာေလွ်ာက္လွမ္းလာလိုက္ေတာ့သည္။
ပါတီပြဲရဲ႕အလည္ နထင္ကိုေထာက္၍ မူးေဝေနသည့္ပုံေပၚသည့္ မ်ိဳး႐ိုးဂုဏ္ေရာင္ကိုျမင္လိုက္၍ သဲပန္းမ်က္ႏွာသည္ အလိုက်ျခင္းဘက္သို႔ ေျပာင္းသြားေလသည္။
“ရရဲ႕လား အကိုေလး!!…”
သဲပန္းသူ႔ဆီမေရာက္ခင္ေလးမွာပင္ သူ႔အတြင္းေရးမႈးက သူ႔ကိုပါတီပြဲမွဆြဲေခၚသြားသျဖင့္ သဲပန္းထိုေနာက္မွလိုက္လာခဲ့လိုက္သည္။
“ဥကၠဌ သဲပန္း!…တစ္ခြက္ေလာက္ေသာက္က်မလား”
သဲပန္းေရွ႕ေရာက္လာသည့္သူေၾကာင့္ သဲပန္းေရွ႕ဆက္သြား၍မရျဖစ္သြားရေလသည္။
“ေၾသာ္..P.T (Group)ရဲ႕ဥကၠဌ ကိုသူရိန္ပါလား…အဟင္း ေနာက္မွအတူေသာက္တာေပါ့ အခုေတာ့ သဲပန္းအလွ်င္လိုေနလို႔…”
သဲပန္း မ်ိဳး႐ိုးဂုဏ္ေရာင္ကိုလွမ္းၾကည့္လိုက္ရင္းေျဖလိုက္ ဆက္သြားရန္ျပင္လိုက္ေပမယ့္ ထိုလူကေရွ႕မွပိတ္ရပ္ထားေလသည္။
“မာနႀကီးတာလား ဥကၠဌခ်စ္သဲပန္းက…ဒါဆို ကြၽန္ေတာ္တို႔ကုမၸဏီနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုမယ့္ကိစၥကို မရွိခဲ့ဘူးလို႔ပဲသေဘာထားရမလား”
“ဟင္!!…”
ထိုစကားေၾကာင့္သဲပန္းအနည္းငယ္လန္႔သြားရသည္။စာခ်ဳပ္ပ်က္၍မျဖစ္ပါ မဟုတ္ရင္ သဲပန္းတို႔ကုမၸဏီနာမည္က်သြားႏိုင္သည္။
“ဒါဆိုလဲ တစ္ခြက္ေလာက္ေတာ့ေသာက္က်တာေပါ့…”
“ႂကြပါဗ်ာ…”
သဲပန္း သက္ျပင္းသာခ်ႏိုင္၍ ဥကၠဌသူရိန္ေနာက္လိုက္လာခဲ့လိုက္သည္။ ဘာပဲျဖစ္ျဖစ္ ခဏေနမွသြားလဲအဆင္ေျပမွာပါ။
*
*
*
“ရၿပီ မင္းထင္ သြားေတာ့ ငါကိုယ့္အခန္းကိုသြားလိုက္ေတာ့မယ္”
“ဟုတ္ကဲ့အကိုေလး…”
ဂုဏ္ေရာင္ ကိုယ့္ကိုယ္ကိုထိန္းရင္း နံရံကိုလက္ျဖင့္ကိုင္ကာ အခန္းဘက္ေလွ်ာက္လာခဲ့လိုက္သည္။
“ကိုႀကီး အဆင္ေျပရဲ႕လား”
အသံနဲ႔အတူသူ႔ေရွ႕ေရာက္လာသည့္မိန္းကေလးေၾကာင့္ ဂုဏ္ေရာင္တစ္ခ်က္ၾကည့္လိုက္သည္။
“မင္း….”
“ဟုတ္ မမသဲပန္းညီမေလးပါ…”
သူမက သူ႔အေမးကိုအနည္းငယ္ၿပဳံး၍ျပန္ေျဖသည္ ဂုဏ္ေရာင္ သူမကိုၾကည့္ေနေပမယ့္ အျမင္မ်ားဟာသိပ္မၾကည္လင္ေပ။ၿပီးေတာ့လဲ သူမရဲ႕ပန္းေရာင္ႏႈတ္ခမ္းေလးဆီသာ အၾကည့္မ်ားကေရာက္ေရာက္သြားသည္။
“ငါအဆင္ေျပတယ္ မင္းသြားေတာ့…”
ဂုဏ္ေရာင္စိတ္ကိုထိန္းရင္းေျပာလိုက္ေတာ့ သူမကၿပဳံး၍ ေခါင္းၿငိမ့္ျပလာသည္။
“ေနအုံး…”
သူ႔အနားကသြားရန္ျပင္ေနသည့္သူမရဲ႕လက္ကို ဆက္ခနဲလွမ္းဆြဲကာတားလိုက္သည္။
“မင္း….မင္း ငါနဲ႔…”
“အို!!…”
သူမကိုေငးၾကည့္ရင္း မထိန္းႏိုင္သည့္စိတ္မ်ားေၾကာင့္ ခါးေလးကိုဆြဲဖက္လိုက္ရင္း နံရံဘက္သို႔သူမကိုကပ္လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည့္အေျခေနမွာ ဂုဏ္ေရာင္မထိန္းႏိုင္သည့္စိတ္မ်ားေၾကာင့္ သူမႏႈတ္ခမ္းမ်ားကိုဆြဲယူနမ္းရႈိက္လိုက္ေတာ့သည္။
အြမ့္..အင့္
သူမက႐ုန္းကန္ေနသျဖင့္ ဂုဏ္ေရာင္သူမလက္ကိုနံရံျဖင့္ဖိကပ္ကာထိန္းခ်ဳပ္ထားလိုက္ရင္း အဆက္မျပက္နမ္းရႈိက္လိုက္ေတာ့သည္။
ထိန္းခ်ဳပ္မရသည့္အေျခေနေၾကာင့္ သူမကိုမလႊတ္ေပးပဲအနမ္းမ်ားကိုအဆက္မျပက္နမ္းရႈိက္ရင္း အနီးဆုံးအခန္းတစ္ခုဆီသို႔ သူမကိုအတင္းဆြဲကာဝင္လာလိုက္သည္။ ႐ုန္းရင္းဆန္ခက္ျဖင့္ပါလာသည့္သူမက သူ႔လက္ကိုအတင္းဆြဲျဖဳတ္ေနသည္။အခန္းထဲသို႔ေရာက္ခ်ိန္တြင္ ဂုဏ္ေရာင္တံခါးကိုေလာ့ခ်လိုက္ရင္း သူမကို ေမြ႕ယာထက္တြန္းလွဲလိုက္သည္။ ျပန္ထရန္ျပင္ေနသည့္ သူမကိုယ္ေပၚမွ သူ႔ရင္ျပင္က်ယ္ႀကီးကိုအုပ္မိုးကာ အနမ္းမ်ားကိုဆက္လိုက္သည္။
“ဟင့္အင္း မလုပ္ပါနဲ႔…႐ုံပန္းကိုဒီလိုမလုပ္ပါနဲ႔”
ေခါင္းေလးခါယမ္းရင္းျငင္းဆန္ေနသည့္သုမကို အတင္းခ်ဳပ္ေႏွာင္၍ ထိန္းမရသည့္စိတ္မ်ားျဖင့္ သူမဘဝေလးကိုရယူရန္ႀကိဳးစားေနမိေတာ့သည္။
သူမကေတာ့ လြတ္လိုလြတ္ျငား႐ုန္းကန္ေနေပမယ့္ မည္သို႔မွ်မလႊတ္ႏိုင္ေတာ့ၿပီမို႔ မ်က္ရည္မ်ားသာစီးက်ေနေတာ့သည္။