အပူစာ

အပူစာ(စ/ဆုံး)

————–

ဒေါ်သောင်းက စျေးထဲ့ကစျေးသည်
ရောင်းရတဲ့ရက်ရှိသလို မရောင်းရတဲ့ရက်ကရှိ
ရောင်းမကောင်းတော့ နေ့ပြန်တိုးယူ

နေ့ပြန်တိုးကလည်း မရှိလို့သာယူရတာ
အတိုးပေါ်အတိုးဆင့်
နေ့တိုင်းပြန်ရတာ အတိုးက

ရောင်းမကောင်းတော့ မသွင်းနိူင်
မသွင်းနိူင်တော့ ပြန်ခေါက်ရ
အဆငျမပွလေှို့ နြေ့ပန်ယူပါမှ
ပိုဆိုးနေ ဒေါ်သောင်း အဖြစ်က

“ကဲ့ ဘယ်နဲ့လည်း ဒီနေ့လည်း

“အော် မတင်ရေ နောက်နေ့မှပေါင်းပေးလို့မရဘူးလား ဒီနေ့လည်းရောင်းမကောင်းလို့ပါ

“ရှင်တို့ကပြောရင် အပေါက်ဆိုးတယ်ဖြစ်အုန်းမယ် မပေးနိူင်ရင် မယူကြနဲ့လေအစကတဲ့က
ယူတုံးကမျက်နှာကတမျိုး ပြန်ပေးရမဲ့အချိန်ကြတော့တမျိုး

“မတင်ရယ် ကျွန်မကအဲ့လို လူစားမဟုတ်ပါဘူး ဘယ်တုံးကရက်ပျက်ဘူးလို့လည်း ခုကရောင်းမကောင်းလို့ပါ

ဒေါ်တင်ဘာမှပြန်မပြောပဲ ပါးစပ်ကိုအသာရွဲ့
လိုက်ရင်း .“ကဲ ပြောနေရင်မောတယ် သုံးရက်စာရှိပြီနော်

ဒေါ်တင်ထွက်သွားမှပဲ ဒေါ်သောင်း စိတ်အေးသွားတော့တယ် မပေးနိူင်လို့သာ ပြောပြနေရပင်မဲ့ အလန့်သား စိတ်မထင်ရင်ထအော်မှ အရှက်သား

“ရအောင်လုပ်ပေးစမ်းပါအေ ငါမတင်ကိုပေးရမှာ မပေးနိူင်ရင် မတင်အကြောင်းညည်းလည်းအသိ

“ခက်တယ် ဒေါ်သောင်းရေ မပေးချင်တာမဟုတ်ဘူး အတိုးကများတယ်

“ဘယ်လောက်မို့လဲ

“နှစ်ဆယ်တိုး

“ဟင် မများဘူးလားအေ မိချို ညည်းဟာက

“အော် ဒေါ်သောင်းရယ် များတယ်ဆိုတခြားသွားယူလေ

“ဟင်းမတင်ကိုပေးဘို့ရာမရှိ မပေးလို့လည်းမဖြစ်

“အေးပါ ယူရမှာပေါ့

“ရက်တော့မပျက်စေနဲ့ ဒေါ်သောင်းရေ

“အေးပါ

ငွေယူပြီးထွက်သွားတဲ့ဒေါ်သောင်းကိုကြည့့်ရင်းကျေနပ်နေမိတယ်မိချိုတယောက်
မိချိုအမဆီကနေတဆယ်တိုးနဲ့ယူ
ပြန်ပေးတော့နှစ်ဆယ်တိုး
တဆယ်ကမိချိုအတွက်ပေါ့

“ကဲ့ ဘယ်လိုလည်းဒေါ်သောင်း

“အော် ရပြီမတင်ရေ ရပြီရော့

မတင်တယောက်ဒေါ်သောင်းပေးငွေကိုသေချာစစ် စာရင်းစာအုပ်နဲ့သေချာရေးပြီးထွက်သွားမှဒေါ်သောင်းစိတ်အေးရတော့တယ်

“ဒေါ်သောင်းရေ ဒေါ်သောင်း ဘာလို့လာမပေးတာလည်း ရက်မပျက်ပါနဲ့လို့သေချာပြောထားတယ်လေ လိုတော့တမျိုး ဆပ်မဲ့အချိန်တမျိုးမလုပ်နဲ့နော်

“မလုပ်ရပါဘူး မိချိုရယ် အဒေါ်နေမကောင်းလို့ပါ

“ခက်တာပဲ လူတွေက ယူရင်တော့ပြုံးနေ
ဆပ်တော့မှာရှောင်နေကြတာ ပြောရင်ပြောတဲ့သူအဆိုးဖြစ်အုန်းမယ်

မိချိုစိတ်တိုနဲ့ပြောနေတာ နားထောင်ရင်း
မရှိဆင်းရဲတဲ့ဘဝကို စိတ်နာမိတယ်
အဆင်မပြေတော့ ပြေသလိုလုပ်နေရတော့
ပို ပိုဆိုးလာတော့တယ်

“ရော့ မိချိုရေ ညည်းပိုက်ဆံ

ဒေါ်သောင်းပေးတဲ့ပိုက်ဆံကိုသေချာရည်တွက်ပြီးတော့

“အမယ်ဒေါ်သောင်းက အဆင်ပြေနေတယ်ပေါ့လေ

“ပြေတယ်မဟုတ်ပါဘူး ဒီလိုပဲကြံရဖန်ရတာပေါ့

“စျေးမရောင်းတော့ဘူးဆို

“ဟုတ်တယ် အရောင်းကပါး အကြွေးကကျမို့ နားထားပြီး ခုဘုန်းကြီးကျောင်းမှာအသိတယောက်က ကူခိုင်းလို့ကူပေးနေတာ

“ဟုတ်လာ

“ဒေါ်သောင်းရေ တဘက်ခါအလှူရှိတယ် မနက်ကိုစျေုးဝယ်သွားရမယ် စောစောလာခဲ့

“ဟုတ် ဟုတ်ဒေါ်မျိုးထွေးရေ စိတ်ချစောစောလာခဲ့မယ်

မနက်ဖြန်အလှူအတွက် အသားတွေဝယ် အသီးအရွက် အသီးအနှံ ဘုန်းကြီးဆွမ်းကပ်ဘို့အတွက်အချိုပွဲ လူတွေအတွက်လည်းဝယ်ရ
အများကြီးမှအများကြီးဝယ်ရတာ မောပ

ဒေါ်သောင်း ဒေါ်မျိုးထွေးအပြင် အကူနှစ်ယောက်ပါသေး ဝယ်လာတဲ့ဟင်းချက်စရာတွေကို အကုန်သုံးဘီးပေါ်တင်နေတုံး

ဒေါ်သောင်းအဖွဲ့ကိုထမင်းဆိုင်ခေါ်သွားကြတယ် ထမင်းစားနေတုံး“ပါလာတဲ့မိန်းမက မျိုးရေ အရမ်းပူတာပဲ အအေးလေးဝယ်တိုက်

“သောက်လေသောက်

သူများတွေအအေးသောက်လိုက်ထမင်းစားလိုက်နဲ့အဆင်ပြေပ

ထမင်းနဲ့အအေးဘိုးစိတ်တွက် တွက်ကြည့်နေမိတယ် ဒေါ်သောင်း လူလေးယောက်စာထမင်းနဲ့အအေးဘိုး ဒေါ်မျိုးထွေးဘယ်ကငွေနဲ့ရှင်းသလဲ

ကျောင်းရောက်တော့လည်းမနားရ အသားတွေကိုလှီးဆား အချိုမှုန့်နဲ့နယ်နှပ်ထားနေတုံး
ဒေါ်မျိုးထွေးက “ခနနေအုန်းဒေါ်သောင်း

ပြောပြောဆိုဆို နယ်နေတဲ့အသားတွေထဲ့မှလှပေ့ ကောင်းပေ့ဆိုတဲ့အသားကိုရွေးယူနေတော့တယ်

ဘုန်းကြီးဝိုင်းအတွက်စပျစ်သီးအလုံးလှလှကြီးတွေကို ရေသေချာဆေး ရေခဲသေတ္တာထဲ့သေချာထည့် မအားရဘူးဒေါ်သောင်းတယောက်

“မနက်ဖြန်အလှူနေ့နော် စောစောလာခဲ့ဒေါ်သောင်းရေ

“စိတ်ချပါ နောက်မကြစေရဘူး

မနက်စောစော ကျောင်းကိုလာတော့
ဒေါ်မျိုးထွေးတို့အဖွဲ့တောင်ရောက်မလာကြသေး
မီးအရင်မွှေး မနေ့ညကတဲ့စိမ်ထားတဲ့ ဆန်ကိုထမင်းပေါင်းအိုးကြီးထဲ့ပေါင်းထားလိုက်တယ်

သီးစုံချည်ဟင်းကမနေ့ညကတဲ့လုံးထားပြီးသားမို့
ရေထပ်ထည့်ပြီး တည်ထားလိုက်တယ် ရေကျလေ သီးစုံချဉ်ဟင်းကပိုသောက်လို့ကောင်းလေပဲ

ငပိချက်နဲ့မြှပ်စရာ အတို့အမြှပ်တွေဆေးနေတုံး
ဒေါ်မျိုးထွေးတို့ရောက်လာပါတော့တယ်
“စောလှချီလား ဒေါ်သောင်းက

“ဟုတ်တယ် အိပ်လို့လည်းမပျော်လို့ စောစောထလာလိုက်တာ

“ဟယ် ထမင်းတောင်ပေါင်းထားပါလားဒေါ်မျိုးထွေးရဲ့ကျေနပ်နေတဲ့လေသံနားထောင်ရင်း ပြုံးလိုက်မိတယ်ဒေါ်သောင်းတယောက်
သူအလိုသိလေ သူအတွက်ပိုရလေပဲလေ
မဟုတ်ဘူးလား

ရှစ်နာရီမထိုးခင် အကုန်အဆင့်သင့်ဖြစ်သွားတယ် ဘုန်းကြီးကပ်ဘို့်ကသပ်သပ်
လူတွေကျွေးဘို့ကသပ်သပ်ပြင်နေကြတာနဲ့
အလုပ်များနေကြသလို အလှူရှင်မိသားစုလည်းရောက်လာပါတော့တယ်

“မျိုးရေ ဘာတွေလိုသေးလည်း အကုန်အဆင်ပြေတယ်မလား

“ပြေတယ် မမြင့်ရေ

“ရော့ဒါကချုပ်ပြုတ်တဲ့သူတွေအတွက်ထမိန်တယောက်တထည်

“ကျေးဇူးပါ နောက်လည်းဒီထက်မကလှူနိူင်ပါစေနော်မမြင့်

“ပေးတဲ့ဆုနဲ့ပြည့်ပါရစေ

ဒေါ်မျိုးထွေးနဲ့အလှူအမပြောနေတာအလုပ်လုပ်ရင်း ကြားနေမိတယ်“အလှူအမလေးကစိတ်ရင်းကောင်းသား လို့ဒေါ်သောင်းတွေးနေမိတယ်

တရားနာကြပြီး ဖိတ်ထားတဲ့လူတွေကိုကျွေးမွေးဧည့်ခံ ဒေါ်သောင်းတို့လည်းဟင်းခူးရ ထမင်းခူရနဲ့အလုပ်တွေရှုပ်နေပါတော့တယ်

“မျိုးရေ ထမင်းနောက်တဝိုင်းပြင်မယ်နော် မြို့ထဲ့
ကဧည်သည်တွေခုမှရောက်တာ

“ဟုတ် ရတယ် ပြင်ပေးမယ်

မမြင့်လည်းဟင်းခူးတဲ့နေရာသွားကြည့်မိတယ်“ဟင် ဆယ်နာရီတောင်မထိုးသေးဘူး ဟင်းကဘာမှမရှိတော့ပါလား

ကိုဖိတ်ထားတဲ့သူတွေကကျန်သေးတယ်
မမြင့်စိတ်တွေပူရပါလေရော
“မျိုးရေ ဟင်းကဘာမှမကျန်တော့ဘူး

“ရတယ် စားပွဲတွေဆီကပြန်မလာသေးလို့ပါ

မျိုးပြောလို့စားနေတဲ့ဝိုင်းကိုကြည့်လိုက်တော့လည်း ဝိုင်းကငါးဝိုင်းပဲရှိတာ
ဘယ်ကဟင်းက ဘယ်လိုပြန်လာမှာလည်း

“မမြင့်ရေ ဟင်းလိုက်ပွဲသွားယူတာ မရခဲ့ဘူး ဧည်သည့်တွေကို အားနာတာလာကူတဲ့ဇာဇာကပြောတော့မမြင့် စိတ်ကတိုရပြီ

.“ဇာဇာရေ အားတော့နာတယ် ရော့ ပိုက်ဆံ ဟင်းရသလောက့်ဝယ်ခဲ့ပေးပါကျွန်မကို

“ဟုတ် ရတယ် ဝယ်ပေးမယ်

ဇာဇာဟင်းပြေးဝယ်နေတုံး မမြင့် မျိူးအနားကို
သွားပြီ “ဘယ်လိုဖြစ်တာလည်း မမျိုး ကျွန်မဒီလို
ဖြစ်မှာစိုးလို့ လောက်ရဲ့လာ သေချာမေးတယ်နော် မမျိုးပဲလောက်တယ်ဆို မမျိုးတို့ပြောသလောက်ကျွန်မပေးထားတယ်လေ

“ကျွန်မလည်းလောက်မယ်ထင်နေတာပေါ့
ရှင်တို့လူကပိုများနေလို့ဟင်းမလောက်တာပေါ့

“စကားကိုစဉ်းစားပြောပါမမျိုး လူငါးဆယ်ကျွေးရင်ဘယ်လောက်ကုန်တယ်ဆိုတာချက်နေကြ ရှင့်တို့ကပိုသိပါတယ် တောင်းသလောက်ပေးထားတယ် ဖိတ်မဲ့လူဦးရည်လည်းပြောပြထားတယ်လေ

ဒေါ်သောင်းအလှူရှင်နဲ့ဒေါ်မျိုးထွေးတို့အချေအတင်ပြောနေတာ ဟင်းခတ်ပေးနေရင်းကြားနေရတယ်

“အင်း အလှူရှင်ပြောတာလည်းဟုတ်တာပဲလေ

“မမြင့်ရေ ဒီမှာဟင်းတွေဝယ်လာခဲ့ပြီ ဧည်သည်တွေအားနာစရာကြီး

“ရတယ် ဇာဇာလည်းထွက်သွားပြီးဟင်းသွားဝယ်တော့မှ ကြက်သားဟင်းတွေထွက်လာတယ်

“ဟင်

နေ့လည်တစ်နာရီ တရားနာ ရေစက်ချပြီး အလှူအမတွေပြန်သွားပင်မဲ့ ဒေါ်သောင်းတို့မှမနားရသေး
ပန်ကန်တွေဆေး ဆေးပြီးတဲ့ပန်းကန်ရေခြောက်အောင်ပြန်သုတ်နဲ့အလုပ်များနေတော့တယ်

“ကြက်သားအိုးဆေးတော့မယ် ဟင်းကျန်တာတွေဘယ်လိုလုပ်မှာလည်းဒေါ်မျိုးရေ

“ဒီမှာရှိတဲ့လူအရည်အတွက်နဲ့အညီ ထုတ်လိုက် ကျွန်မအတွက်မထည့်နဲ့ ရှင့်တို့ပိုစားကြ

“မျိုးကလည်းအတူတူ စားကြတာပေါ့

.“စားကြပါ ချက်နေရတော့အနံနဲ့တင်အီနေပြီ

အားလုံးမျိုးကိုလှမ်းကြည့်နေရင်း“ကောင်းလိုက်တဲ့စိတ်ထားလေးစိတ်ထဲ့ကချီးကျူးနေမိတော့တယ်

“မမျိုး မပြန်သေးဘူးလား

“အော် ပြန်တော့မယ် ပစ္စည်းလေးတွေစစ်နေတာ

ဘာပစ္စည်းစစ်စရာလိုလို့လည်း
အကုန်စစ်ပြီးသားကို
ဒေါ်သောင်းကြည့်နေမှန်းသိတော့ “ဒေါ်သောင်းရေ ကျွန်မအိမ်သာဘက်သွားလိုက်အုန်း
်ပြန်ရင် တံခါးတွေပိတ်ထားခဲ့မမျိုးပြောပြောဆိုဆိုထွက်သွားပါလေရော

“ဟုတ် ဟုတ် ပြန်တော့မှာကျွန်မလည်း
ကိုယ့်ဝေစုဟင်းထုပ်တွေကိုယူ
“ဘုတ်အတို့အမြှပ်အထုပ်ကကြမ်းပြင်ပေါ်အကျ ကုန်းကောက်ရင်း

“ဟင် ဘာကြီးဘာလိမ့် ဟိုအောက်ထဲ့က
ဒေါ်သောင်းအသာဆွဲထုတ်လိုက်တဲ့အခါ ပါလာတာက အိုးတလုံး

.ဘာကြီးပါလိမ့်ဆို့ပြီးဖွင့်အကြည်“အလိုလို ဟင်းတွေပါလား ကောင်းပေ့ဆိုတဲ့အသားတွေကိုအိုးအပြည့်ပါလား

အော်ဒါကြောင့် ခနကယောင်လည်လည်လုပ်နေတာကို ဒီနား
အော် ဟန်ဆောင်ကောင်းလိုက်တာနော်
လူရှေ့သူရှေ့ကြတော့ အသားပဲမစားချင်သလို
နောက်ကွယ်မှာ အိုးနဲ့ကိုယူထားပါလား
ဒေါ်မျိုး ဒေါ်မျိုး

အိုးကိုအသာပြန်သွင်းပြီး အိမ်တို့ပြန်လာခဲ့တော့တယ် စဉ်းစားမိတယ်ဒေါ်သောင်းတယောက်ခုသူကူခဲ့လို့အလှူရှင်ကပေးတဲ့လုံချည်တထည် ထမင်းကျန်ဟင်းကျန်ကတထုပ်
ဒေါ်မျိုးကမုန့်ဘိုးပေးလိုက်တဲ့ ပိုက်ဆံငါးထောင်

ပင်ပန်းပါတယ် လုပ်ရတာ မနက်စောစောထရတယ် သူများတွေစားနေချိန်မစားရသေး
သူများစားပြီးသားကိုဆေးပေးရ
သူများကျန်တဲ့ဟင်းကိုထုတ်ပေးလို့ယူလာခဲ့
တယ် ကိုယ့်ချွဲနည်းစာနဲ့ထိုက်တန်တဲ့လုပ်ခလေးပါရလာသေး စိတ်သန့်ပါတယ်လေ ဒေါ်သောင်းတယောက် တွေးလာရင်း

“ဒေါ်သောင်းရေ အားပေးပါအုန်းတော့

မုန့်ဟင်းခါးသည်ဒေါ်ဝင်းခေါ်သံနဲ့အတူ မုန့်ဟင်းခါးအနံလေးကနှာခေါင်းဝမှာလာဝဲနေလေတော့ ကိုရွှေဗိုက်ကအချက်ပေးနေပါတော့တယ်

“တပွဲလောက်ထည့်ပေး အကြော်နဲ့ဘဲဥပါထည့်ပေး ငရုတ်သီးလျော့ထည့် အချဉ်မညစ်ဘူးနော်ဒေါ်ဝင်း

“စားနေကြဖောက်သည်အကြိုက် မမေ့ပါဘူးအေ

ဒေါ်သောင်းပြုံးလိုက်မိတယ် ဒေါ်ဝင်းမုန့်ဟင်းခါးကဟင်းရည်ကိုပျစ်ပျစ်လေးချက်ထားပြီးငါးကနှိုင်းခြင်း လက်ရာကကောင်းမှကောင်း ဗိုက်ဆာဆာနဲ့ခေါင်းငုံပြီး အားရပါးရစားနေမိတော့တယ် ဒေါ်သောင်းတယောက်

“မုန့်ဟင်းခါးတပွဲ ငရုတ်သီးမထည့်နဲ့

ဒေါ်သောင်းစားနေရင်း အသံလာရာကြည့်မိတော့ မြေးအဖွားနှစ်ယောက်

“ရပါပြီ တပွဲထဲ့လာအဒေါ်

“ကုန်မှထပ်မှာမယ် တပွဲနှစ်ယောက်အတူတူစားမလို့အဖွားလုပ်သူက ဘေးအနားကလက်သုတ်ပုဝါထသွားအယူ

“အား ပူလိုက်တာမြေးမလေးကမုန့်ဟင်းခါးလှမ်းယူပြီးအစား

“ပူမှာပေါ့ ငါ့မြေးရယ် အပူစာကိုး
ဒေါ်သောင်းတယောက်မြေးအဖွားနှစ်ယောက်ပြောနေတာနားထောင်ရင်း မြင်ယောင်မိတာက အိုးထဲ့ကကြက်သားများ……….

စန္ဒာကြည်