အပေးအယူ

အပေးအယူ(စ/ဆုံး)

——————

ကိုဖိုးသာ… ကိုဖိုးသာရေ….ကျွန်မကိုကယ်ပါအုန်း
ကိုဖိုးသာရယ်….ကျွန်မဒီရုပ်ထုအထဲမှာ ပိတ်မိနေပြီး…အီး…ဟီး….ဟီး…..” နားထဲ ဆက်ဆက်ကြား
ရလိုက် ဖိုးထောင်တစ်ယောက် အိပ်ရာက လန့်
နိုးသွားလေသည်။ ” ဒါ…ဒါ ခင်လေး အသံပဲ ”
ပြာသလဲထထိုင်ကာ ဘေးဘီတစ်ချက် ကြည့်လိုက်
တော့ ဘေးအနားမှာ အိပ်ပျော်နေတဲ့ သားလေးမိုးသာကလွှဲ ၍ မည်သူမျှ မရှိိပေ။ ” ငါစိတ်စွဲပြီး ခင်လေးအသံကို ကြားလိုက်ရတာလား …..ဒါမှမဟုတ်
ခင်လေး မကျွတ်လွှတ်သေးတာလား ” ဖိုးသာလည်း
ဇဝေဇဝါ ဖြစ်နေလေသည်။ ပြီးခဲ့တဲ့ တစ်လလောက်က ဆုံးသွားရှာတဲ့ ခင်လေးကို သတိရ လွမ်းဆွေးပြီး စားပွဲဲတင်ခုံပေါ်မှာ တင်ထားတဲ့ မှန်ဘောင်လေးထဲက ခင်လေး ဓာတ်ပုံအား အသာကောက်ယူလိုက်ပြီး အတိတ်ကပုံရိပ်တို့ကလည်း မူန့်ဝါးဝါးဖြင့်သာ……
———————————————————
“ကိုဖိုးသာ …ကျွန်မ ကို အိမ်က လူကြီးချင်း သဘောတူထားတဲ့ သူနဲ့ လက်ထက်ရတော့မယ်တဲ့…ကျွန်မသူ့ကိုလက်မထက်ချင်ဘူး ရှင်ကိုပဲချစ်တယ် ” ပြောပြောဆိုဆိုနှင့် ဖိုးသာရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့ ဖိုးသာလည်း ခင်လေးဖြူရဲ့ ခေါင်းလေးကို တဖွဖွပွတ်သရင်း…မပြည့်စုံသေးတဲ့ ဘဝထဲကိုလည်း ခင်လေးဖြူကိုဆွဲမခေါ်ရက်သလို သူ့များလက်ထဲလည်း မထည့်ပေးနိုင်ပါ ။
” အကိုလည်း ခင်လေးဖြူကို မခွဲဲနိုင်ပါဘူး၊ ခင်လေး ကိုယ့် အနောက်လိုက်ရဲတယ်ဆိုရင် အကိုရွာမှာ အမွှေရထားတဲ့ အိမ်တစ်လုံးတော့ ရှိတယ် ၊
အဲ့ဒီဆိီလိုက်နေမလား ” ဖိုးသာ အမေးကြောင့်
ခင်လေးဖြူလည်း မငြင်းသာတော့ပဲ သဘောတူ
လက်ခံလိုက်လေသည်။ လူ့ဘဝဆိုတာ ကိုယ်ချစ်
တဲ့သူနဲ့ပဲပေါင်းသင်းနေထိုင်ချင်ကြတာလောက
ဓမ္မတာ ပဲ မဟုတ်လား။ ရွာရောက်တော့ အမေညီမ
အရီးလေးစိန်စိန်ဆီက သော့တောင်း၍ အိမ်ကို ရွာက အကူ၂ယောက်နဲ့ ရှင်းလင်းပြီးအဲ့ဒီမှပဲအခြေချ ဖို့ နှစ်ယောက်စလုံးသဘောတူလိုက်၏ ။ ရွာပြောင်းခါစဆိုတော့ လယ်အနှိီးချပြီးဘဝကို စတင် ရုန်းကန်နေလေသည်။ ခင်လေးဖြူကိုယ်ဝန်ရလာတော့ ဖိုးသာလည်း အလုပ်ကို ဒီထက်မက ကြိုးစားလုပ်ကိုင်ရင် ပိုတဲ့ငွေလေးတွေကိုလည်း ကလေးမွေးဖွားစရိတ် အတွက် စုရပြန်လေသည်။ အချိန်တွေတစ်နေ့ထက် တစ်နေ့ကုန်ဆုံးသွားတာနှင့်အတူ သားလေးမိုးသာ ၁နှစ်ထဲရောက်လာခဲ့တော့သည်။

” အကိုရယ်… အကိုတစ်ယောက်တည်း ရုန်းကန်ရတာ ကျွန်မ မကြည့်ရက်တော့ဘူး ….ကျွန်မစဥ်စားထားတာတစ်ခုတော့ရှိတယ် အိမ်ဆိုင်လေး ဖွင့်ရင်ကောင်းမလားလို့…”

“ခင်ရယ် …ဘာလို့ အပင်ပန်းခံချင်နေတာလဲ
ခင်နဲ့ သားလေးကို ကိုယ်ရှာကျွေးနိုင်ပါတယ်”

“ဒါတော့ ဒါပေါ့အကိုရယ် သားလေးရဲ့ နောင်ရေး
က ရှိသေးတယ်လေ သူ့ကို လူလည်ပုံမှာ မျက်နှာ
မငယ်ရအောင်ထားနိုင်ဖို့ က မိဘတွေမှာ တာဝန်
ရှိတာပဲမဟုတ်လား…” ခင်လေးဖြူစကားကြား
တော့ ဖိုးသား သက်ပြင်းတစ်ချက်ချလိုက်ပြီး
ခင်လေးစကားကို လက်ခံခဲ့လေသည်။

သားလေး၇နှစ် အရွယ်ရောက်လာတော့ ကံကောင်းထောက်မလို့ မိတ်ဆွေအရင်း ထူးမြတ်နဲ့ တွေ့ဆုံခဲ့ပြီး ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းပြောင်းရွေ့လိုက်ရလေသည်။ အရောင်းအဝယ်သမားဆိုတော့ ရလိုက်ရင်လည်း သိန်းချီပြီး မြတ်သလို စောင့်ရရင်လည်း
ကိုယ်ကံမကောင်းရင် မကောင်းသလို အရောင်း
မထွက်ပေ။
…………………………………………………………….
“ကို‌ဖိုးသာ ….ရှင်မျက်နှာလည်းမကောင်းပါလား
အရောင်းအဝယ် မဖြစ်လို့လား ”

အိမ်ပြန်ရောက်လာတဲ့ ခင်ပွန်းဖြစ်သူအား မျက်နှာ
ညိုးနွမ်းနေ၍ ခင်လေဖြူလည်း စိုးရိမ်ပူပမ်းမူတွေ
ဖြင့်မေးလိုက်၏ ” ဟုတ်တယ် ခင်ရေ…အခုရောင်း
မယ့် အိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်
ထွက်နေတော့ ဝယ်သူတရုတ်က အယူမရှိိပေမယ့်
အရမ်းကို စျေးနိမ်ဝယ်နေတာနဲ့ အရောင်းမတည့်
သေးဘူး ခင်ရေ…..မနက်ဖြန် ရက်ထပ်ချိန်းထားလို့
သွားရအုန်းမယ်…” ဖိုးသားလည်းစိတ်ပျကလက်ပျက် ထိုင်ငြီးမိလိုက်လေ၏။ ခင်လေးဖြူလည်း အလိုက်သိစွာ အရံသင့် ဖျော်စပ်ထားတဲ့သံပရာရည်တစ်ခွက်အား လှမ်းပေးလိုက်တော့ဖိုးသားလည်း ထိုသံပရာရည်ခွက်အား ယူလိုက်ပြီး အမောပြေ သောက်လိုက်လေသည်။
” ကျွန်မလည်း ဒီရက်ပိုင်း စျေးရောင်းမကောင်းဘူးအကိုရယ်…လူတွေကလည်းခက်တယ် ၊အကြွေးယူစားတော့ ပြုံးပြုံးပြန်တောင်းတော့မုန်းမုန်း…စိတ်ပျက်လိုက်တာတော်… ဒီရက်ပိုင်းဘာလုပ်
လုပ်အဆင်ကိုမပြေဘူး…”

နှစ်ယောက်သား သားလေးမိုးသာအား ရှင်ပြုပေးဖို့ အားခဲနေတာကြောင့် အဆင်မပြေတဲ့ ရက်တွေ
ကြားမှာ ရူန်းကန်နေရလေသည်။ နောက်တစ်နေ့မနက်ရောက်တော့ဖိုးသား လည်း ခင်လေးဖြူ အရံသင့်ပြင်ထားတဲ့မနက်အစားပြေ ထမင်းကြော်အား စားလိုက်ပြီး အစောကြီးထွက်သွားလေသည်။
ခင်လေးဖြူကလည်း ဆိုင်တစ်ဘက်၊ အိမ်မူကိစ္စတစ်ဖက်နဲ့ အလုပ်ရူပ်နေလေတော့ သားဖြစ်သူ မိုးသာကိုလည်း ဂရုမစိုက်အားပေ။ ဆိုင်ရှေ့စျေးဝယ်လာရင် ပြေးရောင်းလိုက်၊ နေ့လည်စာ စားဖို့ ပြေးချက်လိုက်နဲ့ တစ်နေကုန် နားချိန်တောင်မရပေ။ ခဏတစ်လေ အိမ်ထောင်ကျခဲ့တာ မှားသလားလို့ တောင် တွေးလိုက်မိသေးသည်။

“ခင်လေးရေ….ခင်လေး..ဒီလာစမ်းပါအုန်းဟ”

” ဘာတုန်း ကိုဖိုးသာရဲ့..အလန့်တကြားနဲ့” မီးဖိုချောင်ထဲက ဟင်းဝိုင်းပြင်ဆင်နေတဲ့ ခင်လေးဖြူ တစ်ယောက်မန်းကတန်း ထွက်လာလေသည်။

“ကလေးတွေလည်းကို ကြည့်အုန်း ဆော့စရာရှားလို့ကွာ…” ဖိုးသာကထိုသိို့ပြောဆိုပြီး စိတ်ပျက်လက်ပျက်
နှင့်အိမ်အောက်က ကွပ်ပျစ် ပေါ် ထိုင်နေလိုက်သည်။
ခင်လေးဖြူလည်း မြေကြီးပေါ့ ဆော့ကစားနေကြတဲ့ သူ့မ၏သားဖြစ်သူမိုးသာနှင့် အိမ်ဘေးက ကလေး နှစ်ယောက်ဆော့ ကစားနေကြတဲ့ အရာကိုမြင်တော့ “ဟင်”ခနဲဖြစ်သွားသည်။
” အဘ ဘိုးဘိုးအောင်ရုပ်ထုလေးပါလား…
သား ဒီရုပ်ထု ဘယ်ကကောက်လာတာလဲ ”

“သားတို့ သုံးယောက် ချောင်းထဲ ရေချိုးရင်
ကမ်းစပ်အနားက ကောက်လာတာပါ မေမေ ”

” မေမေကို ပေးစမ်း မိုးသာ ဒါကစားစရာမဟုတ်ဘူး “ခင်လေးဖြူ စကားကြောင့် ၇နှစ်အရွယ်သာသာရှိတဲ့ ကလေးသုံးယောက်လည်း ဘာမှနားမလည်ဟန်ဖြစ် သူမအား လှမ်းပေးလိုက်လေသည်။ကလေးတွေထံမှ ယူလာတဲ့ ဘိုးဘိုးအောင်ရုပ်ထုအား သန့်စင်ဆေးကြောနေတော့သည်။

” ခင်လေး..ဒါ ဘာလုပ်ဖို့တုန်း…” ဖိုးသာလည်း
ဘဝန်မကျစွာမေးလိုက်တော့
“အော် အကိုကလည်း…အဘရုပ်ထုဆိုတော့
ပူဇာ်ဆည်းကပ်မလို့လေ,,,,”

“မင်းတို့ မိန်းမတွေလည်းမပြောချင်ဘူးနော် သူ့များက မလိုအပ်လို့စွန့်ပစ် တဲ့ ရုပ်ထုကို အိမ်ပေါ်တင်ထားရတယ်လို့,,,,,, ”

” အကိုမသိရင် အသာနေစမ်းပါ ….ဒါကျွန်မတို့နဲ့
ထိုက်လို့ရတာတော်…ကြည့်နေလိုက်ပါ အကိုရောင်း
မထွက်သေးတဲ့ အိမ်ကြီး ညနေ ရောင်းထွက်
လိမ့်မယ်,,,,”ယုံကြည်ချက်အပြည့်နှင့် ပြောဆိုပြီး
ရုပ်ထုအား အိမ်အပေါ်ထပ်သို့ ယူဆောင်သွား
လေသည်။ ဖိုးသာ လည်း ခင်လေးဖြူရဲ့ လုပ်ရက်တွေကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ပဲကွပ်ပျစ်ပေါ်က ထသွားပြီး ဆာလောင် နေတဲ့ဗိုက်အားဖြည့်ဖို့ မီးဖိုချောင် ထဲဝင်သွားလိုက်၏။စားပွဲခုံပေါ်က အရံသင့်ပြင်ဆင်ထားတာကြောင့်လက်ဆေး၍ ဆာနေတဲ့ဗိုက်အား ပြည့်လိုက်လေသည်။ အချိန်မမှန်ရောက်လာတတ်တာမို့ ခင်လေးဖြူတို့သားအမိက စားသောက်ပြီးလေပေါ့။
ထမင်းစားသောက်ပြီးတော့လည်း နေ့လည်ချိန်းဆို
မူအတွက် သွားရောက်ဆွေးနွေးရပြန်လေသည်။
ထူးထူးခြားခြားပင် တရုတ်နှင့်အတူပါတဲ့ အမျိုးသမီးက ထိုအိမ်ကို မရမက အတင်းပူဆာ‌နေတာကြောင့် စျေးနိမ်ဝယ်တဲ့ တရုတ်ကြီးက စျေးမဆစ်‌မတော့ပဲ ချက်ချင်းငွေချေ၍ စာချုပ်ချုပ်ဆို
လိုက်တော့သည်။

” ခင်ဗျား သိတ်တော်တာပဲ ကိုဖိုးသာရေ ပွဲစားလောကမှာ ကျုပ်တို့ထက်သာတယ်ဗျို့…
ကျုပ်တို့ နှစ်အတန်ကြာ ရောင်းမထွက်တဲ့ ခြံနဲ့အိမ်ကို ခင်ဗျား စျေးတန်တန်နဲ့ရောင်းပေးနိုင်တာ ကျုပ်
ခင်ဗျာကို အရမ်းလေးစားတယ်ဗျာ,,,,,”

ပွဲတစ်ပွဲအောင်ရင် ဘီယာဆိုင်မှာ သူငယ်ချင်း
နှစ်ယောက်ဆုံဖြစ်ကြလေသည်။ ထူးမြတ်ရဲ့
ချီးကျူး သံတွေကြားမှာ ဖိုးသားလည်း မနေထိုင်
သာဖြစ်နေမိသည်။ လွယ်လွယ်ကူကူနဲ့ ရောင်း
ထွက်သွားတဲ့ ဖြစ်ရက်ကိုတွေးရင်း ခင်လေးဖြူ
ပြောသွားတဲ့ စကားကိုပြန်ကြားယောင်မိလိုက်
၏။ ” အကိုရောင်းမထွက်သေးနဲ့ အိမ်ကြီး
ညနေရောင်းထွက်လိမ့်မယ်.,,,,,” ခင်လေးဖြူ
ပင့်ဆောင်ထားတဲ့ အဘက စွမ်းလှချည်းဟုလား
ဟု တွေးထင်မိလိုက်သေးသည်။
ဖိုးသားလည်း အိမ်ရောက်တော့ မိူရလာတဲ့
မျက်နှာဖြင့် ပြုံးပျော်နေလေသည်။ အိတ်အမဲထဲ
က ငွေများအားထုတ်ပြီး ခင်လေးဖြူအား အပ်နှင်လိုက်တော့ ” ဟယ်….များလာချည်းလားအကို
ရယ်….သားလေးကို ရှင်ပြုပေးလို့ရပြီးပေါ့
ပျော်လိုက်တာ,,,,အကိုရယ်,,,,,,.” ပျော်ရွှင်နေတဲ့
ခင်လေးဖြူအားကြည့်ပြီး ဖိုးသာ လည်း အလိုလို
ပိတီတွေဖြစ်နေလေသည်။ ခင်လေးဖြူကလည်း
ငွေများသိမ်းဆည်းလိုက်ပြီး အဘဘိုးဘိုးအောင်
ရုပ်ထုနားသွားပြီး ယုံယုံကြည်ကြည်ဖြင့် ပန်း၊
ဆီမီး များ ကပ်လှူတန်းနေတော့သည်။ အခုကိစ္စကို
လည်း အဘကူညီပေးတယ်ဟု ယုံကြည်နေခြင်းပင်
ဖြစ်သည်။ ” အကိုရေ…ဘုရားရှိခိုးပြီးရင်
အဘကို လာကန်တော့လိုက်အုန်း…”

” အကိုကြားဖူးတာက ယောက်ကျားလေးတွေက
နတ်တို့ ဝိဇ္ဇာ တို့ မကန်တော့ကောင်းဘူး ဘုန်းနိမ့်
တယ်ဆိုလား.,,,,,,.”

” ခက်တော့တာပဲအကိုရယ်….ကန်တော့တယ်ဆိုတာ
အရိုသေပြုတဲ့သဘောပါ၊ ပြောနေတာကြာပါတယ်
သွားကန်တော့လိုက်နော်,,,,” အတင်းတိုက်တွန်း
နေတာနဲ့ ဖိုးသာလည်း ဘုရားစင်ဘေးက အဘ
ဘိုးမင်းခေါင်ဘိုးဘိုးအောင် ရုပ်ထုအား ဦးချကန်တော့လိုက်သည်။

“ဟေ့ကောင် ဖိုးသာ ထထ ပြောစရာရှိလို့,…”
တောင်ဝှေ့ကြီးနဲ့ လူပ်နိုးလိုက်တာကြောင့် ဖိုးသာ
လန့်နိုးလာလေသည်။
” ဟင် ” ခင်ဗျားကဘယ်သူလဲ ကျုပ်အိမ်ထဲ
ဘယ်လိုဝင်လာတာလဲ….” ဖိုးသားလည်း အံ့သြ စွာမေးလိုက်တော့ တောင်ဝှေ့ကြီးနဲ့ တစ်ကိုယ်လုံးနီးပါး
ဖြူဖွေးနေတဲ့အဖိုးကြီးကသဘောကျရယ်မောလိုက်ပြီး
” ငါက မင်းတို့အိမ်မှာ ပူဇော်နေတဲ့ ဘိုးဘိုးပါ မင်းတို့ ရောင်းမထွက်တဲ့ အိမ်ကြီးကိုလည်း ရောင်းထွက်သွားအောင် ငါ မ စ ပြီပြီး…ဒီတစ်ခါ မင်းကို ထပ်ပေးစရာရှိလို့….မင်း..မိန်းမကို ယူမှာလား.ချဲးဂဏာန်းယူမှာလား”
အဖိုးကြီးအမေးကို ဖိုးသာ ဇဝေဇဝါ ဖြစ်မိလိုက်သေးသည် ပြီးတော့မှ သေချာစဥ်းစားပြီးပြောလိုက်တယ် ” ကျုပ် မိန်းမကိုပဲ ယူမှာပေါ့ .ဗျာ.” ဖိုးသာ စကားဆုံးတော့ အဘိုးကြီးလည်း သူ့မျက်စိရှေ့မှာတင် ချက်ချင်းပျောက်ကွယ်သွားတော့ဖိုးသာလည်း အိပ်မက်က လန့်နိုးသွားသည်။ ခါတိုင်းအိပ်မက်တွေနှင့်မတူပဲ ထင်ထင်ရှားရှား မြင်တွေ့ခဲ့တဲ့ ဖြစ်ရပ်အကြောင်းတွေ‌ကို‌ အံ့အားသင့် မဆုံးဖြစ်နေတော့၏။ မနက်ရောက်တော့ ထိုအိပ်မက်အကြောင်းကို ခင်လေးဖြူအား ပြန်ပြောပြလိုက်တော့..
.” အကိုရယ် အဲ့လောက် ရိုးအ, လှချည်းလားအကိုမှာ မိန်းမက ရှိပြီးသားလေ …ချဲးဂဏန်းပဲယူမှာလို့ပြောရမှာပေါ့,,,,.”

“အကို လည်း အစက အဲ့လိုပြောမလို့ပါပဲကွာ…အကိုစိတ်ထဲထင်မိတာ က သွေးရိုးသားရိုး ဟုတ်မှဟုတ်ရဲ့လားဆိုပြီးတွေးမိသွားလို့ပါ ၊ ဒီတစ်ခေါက်
လာမေးရင် ခင်လေး ပြောသလို အကိုပြောလိုက်မယ်နော်..ဟာတ်ပြီးလား….”

လောကမှာ ငွေကဒုတိယ ဘုရားသခင်ဖြစ်တာကြောင့်
လူတိုင်းက ငွေကို မက်မောတတ်ကြပြန်သည်။ငွေသာရှိရင် သြဇာ အာဏာရှိိကြသလို၊ ငွေရှိရင်ဆွေမျိုးတော်ချင်သူတွေပေါများကြလေပြီး ငွေက ကိုယ်ဝယ်ချင်တဲ့အရာအားလုံးဖန်တီးပေးနိုင်စွမ်းရှိမို့ လူတိုင်းဟာ ငွေကိုခင်
တွယ်ကြသည့်မှာအဆန်းမဟုတ်ချေ။ နောက်တစ်နေ့ည ရောက်ပြန်တော့လည်း မနေ့ညက အဘိုးကြီးတစ်ဦးပြန်လည်ရောက်လာပြီး ဖိုးသာအားထပ်မေးပြန်လေသည်
“မင်း မိန်းမယူမလား ….ချဲးဂဏာန်းယူမှာလား ”
ဆိုတော့ ဖိုးသာ က ချဲးဂဏာန်းပဲ ယူမယ်ဟု
ပြောလိုက်တော့ အဖိုးကြီးက ဂဏာန်းသုံးလုံးကို သူ့လက်ဖဝါး ပေါ်မှာထင်ရှားစွာရေးလိုက်ပြီး
” မင်းဒီဂဏာန်းကို အော သာထိုးပလိုက် မင်းဘဝကြီး ပြောင်းလဲသွားလိမ့်မယ်…ဒါကို မင်းမိန်းမကိုလည်း
မပြောနဲ့ ဘယ်သူမှလဲ လျှောက်မပြောနဲ့….လျှို့ဝှက်ထား” ဟု ထိုသို့ပြောဆိုပြီး အဘိုးကြီးလည်း ထပ်မံပျောက်ကွယ်သွားချေသည်။ ဖိုးသာလည်း ထိုအိပ်မက်အကြောင်းကို မိန်းမဖြစ်သူအား ပြန်မပြောဖြစ်တော့
ပဲ ချဲးပေါက်တော့မှ ပြောပြမယ်ဟုလျှို့ဝှက် ထားခဲ့လေ
သည်။ ချဲးဖွင့်ချိန် ရောက်ဖို့တစ်ရက်အလိုမှာ ဖိုးသာလည်း ထိုဂဏာန်းကို များများစားစားမထိုးရဲတာကြောင့် ၅သိန်းဖိုးတိတိ ဒဲ့ထိုးလိုက်လေသည်။ ကံကောင်းထောက်မလို့ ဖိုးသာထိုးလိုးတဲ့ ချဲးဂဏာန်းက ထပေါက်တော့ ဖိုးသာပျော်လွန်းလို့ ကခုန်မတတ်ပဲ အတွေးထဲမှာတော့အိမ်ကောင်းကောင်းတစ်လုံးဆောက်မယ်၊ ကားတစ်စီးဝယ်မယ်၊ မိန်းမဖြစ်သူကိုလည်း စိန်နားကပ်
တစ်ရံဝယ်မယ် စိတ်ကူးထဲ ပျော်ရွှင်နေမိလေသည်
အလျှော်စောင့်ဆိုင်းရသည့်မို့ ၂သိန်းဖိုးအလျှော်
အရင်ယူလိုက်ပြီး ငွေထုတ်နှင့်အတူ အိမ်သို့ ခပ်သွက်သွက်လေးပြန်လေသည်။

” ဟဲ့..ဖိုးသာ နင်မိန်မ ရုတ်တရက်သတိလစ်သွား
လို့…အိမ်မြန်မြန်ပြန်လိုက်အုန်း ငါဆရာသွားပင့်လိုက်
အုန်းမယ်…” အရီးစိိန်စိန် စကားကြောင့် ဖိုးသာ အိမ်
သို့ ပြေးသွားခဲ့လေသည်။အိမ်ပြန်ရောက် တော့ သားဖြစ်သူ မိုးသာလည်းငိုယိုနေလေသည်။ရွာထဲက လူတွေကြည့်မိလိုက်တော့လည်း မျက်နှာမကောင်းလှပေ။ ထိုအထဲ
က အသက်ကြီးကြီး အဘိုးတစ်ဦးထွက်လာပြီး

” ဖိုးသာ…မင်းမိန်းမ ခု‌လေးတင်ဆုံးပြီးကွ .. ..”

ကြားလိုက်ရတဲ့ စကားကြောင့် ဖိုးသာ ရင်ထဲ
နင့်ခနဲသွားလေပြီး မျက်ရည်တွေလဲ ပါးပြင်ပေါ်
တလိမ့်ချင်း စီးဆင်းလာလေသည်။ အိပ်ယာပေါ်မှာ
ဆုံးသွားတဲ့ခင်လေးဖြူ လက်တစ်စုံအား ဆုတ်ထားလိုက်ပြီး”ဘယ်လိုဖြစ်သွားတာလည်း ခင်လေးရယ်…အကိုနဲ့ သားလေးကို ထားသွားပြီးပေါ့ အ…ဟီးဟီး…”
” မေမေရေ ထပါအုန်း အဟီးဟီး…”
သားဖနှစ်ယောက် ငိုကြွေးသံတွေလည်း ဆူညံသွား
လေတော့သည် ။ ထိုမြင်ကွင်းကို ကြည့်ရူ့နေကြတဲ့
ရွာသူရွာသားတွေကတွေ စိတ်မကောင်း ဖြစ်ယုံ
ကလွှဲလို့ ဘာမှမတတ်နိုင်ကြပေပါ။

ထိုအဖြစ်ပျက်တွေ ပြန်လည် သုံးသပ်ပြီး ထိုရုပ်ထုလေးအား ဖိုးသာ သံသရာ စိတ်ဝင်လာမိလေ၏၊

“ခင်လေး သေတာ ဒီရုပ်ထုနဲ့များ ဆက်ဆက်နေ
မလား”

ချက်ချင်းဆိုသလို လက်ထဲ ကိုင်ထားတဲ့ ခင်လေး
ဓာတ်ပုံ အား နေရာတကျ ထားလိုက်ပြီး ဘုရားစင်
ထောင့်တစ်နေရာက ပူဇော်ထားတဲ့ရုပ်ထုအား ကောက်ကိုင်ကြည့်မိလိုက်တော့ဖိုးသာ လည်း ဟင်ခနဲဖြစ်သွားကာ မယုံကြည်နိုင်လောက်ဖြစ်သွားရလေ၏။ ထိုရုပ်ထုရဲ့ စူးရှတဲ့ မျက်လုံးနှစ်ဖက်က သူအားစိုက်ကြည့်နေခြင်းပင်ဖြစ်သည်။ ဒီအဖြစ်အပျက်တွေကို အရီးလေးစိန်စိန်အား ဖြစ်ကြောင်းကုန်စင်ပြောပြတော့ အရီးစိန်က ” ဒီကိစ္စကို သိကျွမ်းနားလည်တဲ့ ဆရာတစ်ယောက်တော့ ရှိတယ် မောင်ဖိုးသာ…သူ့နာမည်က ဘကြီးဖြိုးတဲ့…အဒေါ်တို့ အဲ့ကိုသွားမေးရင်တော့အဖြေတစ်ခုတော့ထွက်လာ
မှာပါ…”

“အရီးစိန် အဆင်ပြေသလိုသာလုပ်ပါ ”
တူရီးနှစ်ယောက် ရွာထိပ်က ဘကြီးဖြိုးအိမ်သို့ ရုပ်ထုအား အိတ်ထဲထည့်လိုက်ပြီးခြေလျင်ခရီးနှင်လာခဲ့သည်။ အိမ်ရောက်တော့ ဘကြီးဖြိုးအား အကြာင်းဆုံးပြောပြလိုက်လေသည်။ အသက်၈၀ကျော်ပြီးဖြစ်တဲ့ဘကြီးဖြိုး
ဆိုတဲ့ လူကြီးက တစ်ချိန်တုန်းက ပရလောကကုတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ခဲ့ဖူးလေသည်။အသက်အရွယ်ရလာတော့ ဆေးမကုတော့ပဲရပ်ဆိုင်းထားတာ၁၀နီးပါးရှိခဲ့လေသည်။မျက်လုံးက ကောင်း၊နားကောင်း ကျန်းမာ သန်စွမ်းနေသေးသည်။ ဖိုးသာပြောပြတဲ့ အကြောင်းတွေကြားရ
တော့ ဘကြီးဖြိုးလည်း စိတ်မကောင်းဖြစ်သွားလသည်။
“အ ခု ဒီရုပ်ထုက မကောင်းတဲ့ နတ်မိစ္ဆာ၊တွေ ဝင်စီးထားတာပဲ။ အဲ့တာကိုလမိုင်းလို့လည်းခေါ်တယ်ကွ…”

“လမိုင်း ဟုတ်လား ဘကြီးဖြိုး ..”
လမိုင်းဆိုတာ တစ်သက်နဲ့ တစ်ကိုယ် မကြားဖူးချေ။
ဘယ်လိုအကြောင်းကြောင့် ခင်လေးသေဆုံးရသလဲဆိုတာ ဖိုးသာ အရမ်းသိချင်နေမိတော့သည်။

“ဟုတ်တယ် ဖိုးသာရ၊ လမိုင်းဆိုတာ သရဲ၊တစ္ဆေ
တွေဆိုလိုတာတော့ မဟုတ်ဘူး၊ သူတို့မှာ အစွမ်း
ရှိကြတယ်၊ ကောင်းတဲ့လမိုင်တွေရှိသလို ဆိုးတဲ့လမိုင်းတွေလည်းရှိတယ် ….တချို့လမိုင်းတွေက လူအစားလှဲတတ်ကြတယ်ပေါ့ အထူးသဖြင့် မင်းမိန်းမကို အလှဲထပ်လုပ်သွားတဲ့ သဘောပေါ့…..မင်းနားလည်အောင် ပြောရရင် သူ့လိုချင်အရာယူချင်တော့ မင်းတို့ကို မက်လုံးပေး‌ပြီး နေရာချင်းချိန်းလိုက်တာ,,,,..”

“ဗျာ…လူအစားလှဲသွားတာဟုတ်လား ဘကြီးဖြိုး..
ဒါဆို ကျုပ် မိန်းမ ဝိညာဥ်က ဒီထဲပိတ်မိနေတာပေါ့
ဟုတ်လား”

ဖိုးတေ စကားကြားရ‌တာ့ ဘကြီးဖြိုးက ခေါင်း
ငြိမ့်ပြလေသည်။ ” ကျုပ်မိန်းမကို ကယ်ပါအုန်း
ဘကြီးဖြိုးရယ် ကျုပ်နောက်ဆုံးအနေနဲ့ သူ့ဝိညာဥ်လေးကို ကယ်တင်ချင်လို့ပါ ” အလိုလို ဝမ်းနည်း
လာပြီး မျက်ရည်တွေလည်း ကျလာမိတော့သည်။ ဘကြီးဖြိုးလည်း ဖိုးသာကိုကြည့်ပြီး စိတ်မကောင်းစွာ
ဖြင့် ခေါင်းညိမ်းပြလေသည်။

” ကယ်တင်လို့ မရဘူးဖိုးသာ လမိုင်းအလှဲခံရတဲ့ လူသားတိုင်းဟာ မကျွတ်မလွတ်တဲ့ ဘဝကို ပြန်ရောက်သွားကြပြီး ဒီရုပ်ထဲမှာပဲ ပိတ်လှောင်မိတတ်ကြတယ် ၊ အိမ်မှာကြာကြာထားရင် ကျန်ရစ်နေတဲ့မိသားစုအတွက် အရမ်းအန္တာရယ်များတယ်….အကောင်းဆုံးနည်းကတော့ ဒီရုပ်ထုကိုရေထဲပြန်မျောလိုက်ပါ ….”

စကားဆုံးတော့ တူရီးနှစ်ယောက် ဘကြီးဖြိုးအား ကျေးဇူးတင်စကားပြောပြီးနူတ်ဆက်ထွက်လာကြသည်။
လမ်းဆုံရောက်တော့ တူရီးနှစ်ယောက် လမ်းခွဲလိုက်ကြသည်။ ဖိုးသာလည်း လက်ထဲကရုပ်ထုလေးအား တယု
တယ ပွေ့ချီလာခဲ့ပြီး ရွာအနောက်ဘက်က ချောင်းဆီသို့လျှောက်လာခဲ့သည် ။ ကမ်းစပ်အနားရောက်တော့ ယူဆောင်လာတဲ့ ရုပ်ထုအား ရေထဲမျောလိုက်တယ်
“ခင်လေးရယ်…ကိုယ် ခင်လေး ဝိညာဥ်ကိုတောင် မကယ်တင်နိုင်ဘူး တဲ့ လား… အကိုကို ခွင့်မလွှတ်ပါနဲ့ကွာ…ခင်လည်းဝိညာဥ်လည်း အမြန်ဆုံး ကျွတ်လွှတ်ပါစေ အီး ဟီး..ဟီး” လွှတ်လပ်စွာ အော်ဟစ်၊ငိုကြွေးသံကိုတော့ ခင်လေးတစ်ယောက် ကြားမိမယ်လို့ ထင်မိလိုက်တော့သည်။

ဖိုးသာမျောလိုက်တဲ့ ရုပ်ထုလေးသည့်လည်း ရေစီးထဲသို့ တလွင့်လွင့်မျောနေလေသည်၊ ထိုအထဲမှာ ပိတ်မိနေတဲ့
ခင်လေးဖြူ ဝိညာဥ်လည်း လမိုင်းအဖြစ်သို့ရောက်ရှိသွားပြီး သူမလည်း လူအစားထိုးဖို့ စောင့်ဆိုင်းနေမိတော့သည်။

ဒီဇာတ်လမ်းသည် အပြင်လောကမှာ ရှိကောင်းရှိနိုင်
လေ့မည်။ လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်အကြံ
ပြုပေးနိုင်ပါတယ် …….

နောက်ထပ် ဇာတ်လမ်းအသစ်လေးတွေ
ဖတ်ရှု နိုင်ဖို့ Followed လုပ်ပေးခဲ့နော်👻👻👻
စာချစ်သူအားလုံးလေးစားလျက် ……🙏🙏🙏

စာရေးသူ – အလင်းရောင်
လေးစားစွာဖြင့်

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။