အဘခန့်နှင့်ကဝေပျံဘမှန်(စ/ဆုံး)
==================
အဘခန့်နှင့်ကျွန်ုပ်ဆက်ဆံလာခဲ့သည့်ကာလတစ်လျောက်၊ကိစ္စရှိတိုင့်းကျွန်ုပ်၏အိမ်သို့သာရောက်လာခဲ့ပါ၏။
ယ္ခုတော့်လူတစ်ယောက်ကိုလွတ်၍ကျွန်ုပ်ကိုလူရှင်းသောလ္ဘက်ရည်ဆိုင်သို့လာခဲ့ရန်အခေါ်လွတ်လိုက်ခြင်းကကျွန်ုပ်အတွက်ဆန်းနေပါသည်။အကြောင်းထူးတစ်ခုခုတော့ရှိလိမ့်မည်ဟုကျွန်ုပ်တွေးမိလိုက်ပါသည်။
အဘခန့်ခေါ်သောဆိုင်သို့ရောက်သော်ကျွန်ုပ်တွေးမိသည်မှာမှန်နေကြောင်းသိလိုက်ရပါသည်။
အဘကပြောလိုက်ပါ၏။
“လူလေးဒီနှစ်နွေရာသီကျောင်းပိတ်ရက်
များများရနေတုန်းအဘတို့သွားစရာရှိနေတယ်ကွ။အဲဒါကြောင့်မင်းကိုခေါ်လိုက်
ထာပါ ”
“ဘယ်ကိုသွားမှာလည်းအဘ ”
“နည်းနည်းဝေးတယ်ကွ။အသွားအပြန်ဆယ့်လေးငါးရက်လောက်ကြာနိုင်တယ်။သည့်ထက်လည်းပိုသွားနိုင်တယ် ။
မင်းကိုအစောကြီးလာပြောထားတာက
မင်းလည်းလုပ်စရာကိစ္စလေးတွေအပြီးသတ်နိုင်အောင်ရယ်
နောက်တစ်ခုကအခုသွားမဲ့ကိစ္စကမင်းရောငါရောအတွက်အထူးအရေးကြီးနေတယ်ကွ။နောက်(၁၅)ရက်လောက်ေရာက်ေအာင်သွားရမဲ့ခရီးကိုအခုကတည်းကပြင်ဆင်စရာရှိတာပြင်ဆင်ဘို့မင်းကိုလာပြောတာပါ ”
“ကျွန်တော်ကဘယ်လိုပြင်ဆင်ရမှာလည်းအဘ ”
“မင်းသည်ရက်ထဲမှာအဓိဌာန်ကိုးရက်ဝင်ရမယ်။သည်အဓိဌာန်ကိုးရက်အတွင်း၊မင်းကအသွေးလွတ်၊အသားလွတ်စားရမယ်။
ပြီးတော့အဓိဌာန်ပုတီးစိတ်ပြီးတာနဲ့ကျန်တဲ့အချိန်တွေမှာ (ဝိဇ္ဇာမဟိဒ္ဓိမန္တာန်ကိုတစ်နေ့ကိုခေါက်ရေ
{၁၀၈၀}တိတိကိုးရက်လုံးမပြတ်ရွတ်ရ
မယ်)မင်းရွတ်နိုင်ပါ့မလား ”
“ဘာလုပ်မရွတ်နိုင်ရမှာလည်းအဘရယ်
တော်တော်အရေးကြီးနေသလားအဘ ”
“ကြီးတာပေါ့ကွာတာကြောင့်မင်းကိုအဓိဌာန်ဝင်ခိုင်းတာ၊ချင်းပြည်နယ်ကနေအိန္ဒိယနယ်စပ်ရောက်အောင်သွားရမှာ ”
“မနက်ဖန်ကျွန်တော်ကအိမ်မှာတစ်ရောက်ထည်းလုပ်ရမှာလားအဘ ”
“မဟုတ်ဘူးလူလေးရတို့ကမနက်ဖန်ကြရင်မုံရွာကိုသွားရမယ်။ဟိုရောက်ရင်အဲသည်မှာရှိနေတဲ့အဘတပည့်အချို့ကအကုန်စီစဉ်ထားလိမ့်မယ်ဒါကြောင့်မင်းကိုအရင်ခေါ်မေးတာ။
မင်းမိဘတွေကမင်းကိုဘာလုပ်ရမယ်ဆိုတာအစီအစဉ်ဆွဲထားခဲ့ရင်အဘကအားနာနေရမှာ ”
“အဘကလည်းကျွန်တော်အဘနဲ့လိုက်ခဲ့တဲ့ခရီးစဉ်တလျောက်ကျွန်ေတာ့်အိမ်ကတစ်ခါမှမကြေနပ်တဲ့အကြောင်းမပြောခဲ့ပါဘူးအဘသူတို့ကိုယ်တိုင်ကြေကြေနပ်နပ်ထည့်လိုက်ထာချည်ပဲလေ ”
“ဟုတ်ပါတယ်လူလေးရယ်။အရင်သွားတာကကြာရင်(၂)ရက်(၃)ရက်ပဲလေ။အခုကအနည်းဆုံးနှစ်ပါတ်ေလာက်ကြာမှာ။ဒါ့ကြောင့်ပြောတာပါ ”
“ရပါတယ်အဘရယ်။တာဆိုရင်မနက်ကိုမုံရွာသွားရမှပေါ့ ”
“ဟုတ်တယ်လူလေး။မင်းကလိုက်ဖြစ်မလိုက်ဖြစ်မသေခြာသေးလို့အဘကကားလက်မှတ်တောင်မဝယ်ရသေးဘူး။မင်းလိုက်ဘို့သေချာရင်အခုကားလက်မှတ်သွားဝယ်ပြီးမှမင်းအိမ်ကိုသွားကြတာပေါ့်
အခုညအဘမင်းတို့အိမ်မှာအိပ်မယ် ”
ဤသို့ဖြင့်ကျွန်ုပ်တို့မုံရွာသွားမည့်ကားလက်မှတ်ဝယ်ခဲ့ကာကျွန်ုပ်၏အိမ်တွင်ညအိပ်၍မနက်စောစောထကာမုံရွာသို့သွားခဲ့ပါ၏။
မုံရွာသို့ရောက်သော်အဘ၏တပည့်များလာခေါ်၍သူတို့ခေါ်ရာနောက်သို့လိုက်သွားခဲ့ပါ၏။
တစ်ခုထူးဆန်းနေသည်မှာမြန်မာပြည်နယ်အနှံ့အဘတပည့်များရှိနေခြင်းဖြစ်ပါ၏။
ကျွန်ုပ်တို့တည်းခိုရမည့်အိမ်သို့ရောက်သော်ကျွန်ုပ်ကအဘကိုမေးလိုက်ပါသည်။
“အဘကျွန်တော်တို့သွားမှာကချင်းပြည်နယ်စပ်ကနေပြီးအိန္ဒိယနယ်စပ်ရောက်အောင်သွားမယ်လို့အဘပြောတယ်လေ။
အခုဘာလုပ်မုံရွာလာရတာလည်းအဘ ”
“မင်းကိုအဘပြောထားတယ်ေလ။အဘတို့အဓိဌာန်ဝင်ရမယ်ဆိုတာကမုံရွာမှာဝင်ရမှာဒါ့ကြောင့်မုံရွာကိုအရင်လာရတာပေါ့ ”
တဆက်တည်းအဘကမုံရွာရှိသူ့တပည့်တစ်ယောက်ကိုမေးလိုက်ပါသည်။
“မောင်အောင်ဆွေ အဘတို့အဓိဌာန်ဝင်ရမည့်ကိစ္စကိုအစီအစဉ်လုပ်ပြီးပြီလားကွ ”
“အားလုံးအဆင်သင့်ပါပဲဆရရာကြီး။ဆရာကြီးတို့သည်နေ့နားပြီးမနက်ဖန်ဝင်နိုင်အောင်အားလုံးလုပ်ပြီးပါပြီ။ဆရာကြီးတို့စားဘို့သောက်ဖို့ရောအကုန်အဆင်သင့်ပါပဲဆရာကြီး ”
“အေး အေးသာဓု သာဓု သာဓု ပါဗျာ။ငါ့အဓိဌာန်လုပ်မဲ့အထဲမှာမင်းလည်းပါတယ်နော် ”
“ဟုတ်ကဲ့ ကျွန်တော်သိထားပါတယ်ဆရာကြီး ”
အဘခန့်၏တပည့်မောင်အောင်ဆွေဆိုသူမှာအသက်(၄၅)နှစ်ခန့်ရှိပြီးတိုင်းရင်းမြန်မာဆေးကုဆရာဟုပြောပါသည်။
ယ္ခုသူနှင့်အတူရှိနေသောအဘခန့်၏တပည့်ဆိုသူများသည်အဘခန့်နှင့်မည်သည့်အချိန်ကတည်းကဆက်ဆံလာခဲ့သူများဟုကျွန်ုပ်ကမသိသော်လည်းအဘခန့်ကိုတော်ေ
တာ်လေးစားကြည်ညိုပုံရသည်ကိုတော့မြင်နေရပါသည်။အားလုံး(၁၅)ယောက်ရှိပါသည်။ယောက်ကျား(၁၀)ယောက်မိန်းမ(၅)ယောက်ဖြစ်ပါသည်။
နောက်နေ့ကစပြီးအဘခန့်၊ကိုအောင်ဆွေနှင့်ကျွန်ုပ်တို့(၃)ဦးအောင်မင်းခေါင်ဓါတ်ခန်းတစ်ခုတွင်အဓိဌာန်လုပ်ငန်းစကြပါသည်။ကျွန်ုပ်ပုတီးစိတ်သည်မှာတနာရီထဲသာကြာသော်လည်းဝိဇ္ဇာမဟိဒ္ဓိမန္တာန်ရွတ်ရသည်မှာအနည်းငယ်ကြာမည်ဖြစ်သဖြင့်မနက်ပိုင်း(၄၅၀)ခေါက်။နေ့လည်ထမင်းစားပြီးချိန်မှစ၍ညထမင်းစားချိန်မရောက်ခင်ထိ(၆၃၀)ကြိမ်ရွတ်မည်ဟုအဓိဌာန်တင်ခဲ့ပါသည်။
ပထမစ၍အဓိဌာန်ဝင်သည့်နေ့တွင်မီးလွတ်တရက်စားခဲ့ရပါသည်။
ကျန်သည့်နေ့များတွင်တော့(၈)ရက်မြောက်နေ့ထိအသက်လွတ်အသွေးလွတ်စားခဲ့ကာ(၉)ရက်မြောက်နေ့တွင်တော့မီးလွတ်ပြန်စားရပါသည်။
ဤကိစ္စအားလုံးကိုမုံရွာမို့ရှိအဘတပည့်များကအားလုံးစီစဉ်ပေးခဲ့ပါသည်။
ညပိုင်းပုတီးစိတ်ပြီးချိန်တိုင်းအဘနှင့်တပည့်များထွေရာလေးပါးစကားပြောဆိုကြပါသည်။
ထွေရာလေးပါးဟုဆိုသော်လည်းများသောအားဖြင့်ပုတီးစိတ်ခြင်းနှင့်ပါတ်သက်သောကြောင်းအရာကများပါသည်။
နောက်ဆုံးညအလုပ်ပြီးသောအခါကိုအောင်ဆွေဆိုသူကဤသို့မေးပါသည်။
“ဆရာကြီးခင်ဗျား၊ကျွန်တော်မေးချင်နေတာကကြာပါပြီ။အခုအလုပ်ပြီးမှမေးရတာပါဆရာကြီး။အခုကျွန်တော်တို့သွားမဲ့ကိစ္စကိုကြိုသိခွင့်ရရင်သိပါရစေဆရာကြီး”
“ပြောမှာပါ၊သည့်နေ့အလုပ်ပြီးပြီလေကွာ
အလုပ်ပြီးမှပြောတာပိုကောင်းတာပေါ့ကွာ
သည်လိုကွ ”
စကားကိုဆုံးအောင်မပြောသေးပဲရေနွေးသောက်နေပါသေးသည်။ပြီးမှပြောပါ၏။
“အခုသွားမဲ့ကိစ္စကအဘအောင်မင်းခေါင်ခိုင်းတာပါ။အမှန်ပြောရရင်တော့အခုသွားပြီးလုပ်ရမဲ့ကိစ္စမျိုးကိုအဘကတစ်ခါမှမလုပ်ဖူးပါဘူး။ဒါ့ကြောင့်အဘနဲ့လိုက်မဲ့မင်းတို့နှစ်ယောက်ကိုလည်းအဘကအဓိဌာန်ဝင်ခိုင်းတာပေါ့ ”
“ဘယ်လိုကိစ္စမျိုးလည်းဆရာကြီး ”
“လူတစ်ယောက်ကိုသွားဖမ်းရမှာ။သူကတော့လွယ်လွယ်နဲ့အဖမ်းခံမဲ့သူမဟုတ်ဘူးကွ။သူကအောက်လမ်းဆရာ။သာမန်တော့မဟုတ်ဘူး။အသက်(၂၀၀)ကျော်လောက်ရှိနေပြီ။သူ့မှာတပည့်တပန်းတွေကအများကြီး။သူ့တပည့်တွေဆိုတာကလည်းသာ
မန်အဆင့်တွေမဟုတ်ဘူး။
အနိမ့်ဆုံးအဆင့်ကကဝေတွေချည်ပဲ။အဲဒီကဝေတွေထဲကအဆင့်အမြင့်ဆုံးကဝေကိုအနှစ်(၂၀)မှာတကြိမ်သူ့နှစ်လုံးကိုသူတို့ဆရာကြီးကစားတယ် ”
“အဘဒါဆိုအဲသည်ကဝေကသေသွားမှာပေါ့ ”
“နှစ်လုံးစားမှတော့သေတာပေါ့ကွာ။ဒါပေမဲ့အဲသည်သေသွားတဲ့ကဝေကကျေကျေနပ်နပ်ကြီးကိုအစားခံတာ။အဲသည်လိုအနှစ်(၂၀)တစ်ယောက်နဲ့စားလာတာ(၈)ယောက်ရှိနေပြီ။နောက်တစ်ယောက်ပဲကျန်တော့တယ်။သည်တစ်ယောက်စားပြီးလို့(၉)ယောက်ပြည့်တာနဲ့သူကတဆင့်တက်ပြီးအသက်(၅၀၀)ပိုရှည်တော့မယ်။
ငါတို့ကအဲသည်ပွဲကိုမဖြစ်အောင်သွားတားရမှာ။အလွန့်ကိုအရေးကြီးပါတယ်။ဒါကြောင့်မင်းတို့ကိုအဓိဌာန်ဝင်ခိုင်းရတာ ”
“ကျွန်တော်တို့ကဘယ်နေရာကပါရမှာလည်းအဘ ”
“သည်ကိစ္စကမင်းတို့ဟိုရောက်ရင်သိရမှာပေါ့ကွာ”
မနက်ပိုင်းတွင်ကျွန်ုပ်တို့(၃)ဦးချင်းပြည်နယ့်နှင့်စစ်ကိုင်းတိုင်းနယ်စပ်မြို့ဖြစ်သောကလေးမြို့သို့ရောက်ရှိခဲ့ပါသည်။ထိုမြို့မှတဆင့်ကုန်းကြောင်းလျောက်ခါတောထဲသွားခဲ့ပါသည်။လမ်းရှိရွာနှစ်ရွာတွင်နှစ်ညအိပ်ခဲ့ရပါသေးသည်။
ထူးခြားမှုတစ်ခုမှာမည်သည့်ရွာရောက်ရောက်အဘ၏တပည့်များရှိနေခြင်းကအလွန်ထူးခြားနေသည်ဟုဆိုချင်ပါသည်။
နှစ်ညအိပ်ပြီးနောက်ထပ်ဆက်သွားသော်ေနာက်ထပ်ရွာတစ်ရွာတွေ့ပြန်သည်။
ဤရွာတွင်လည်းအဘ၏တပည့်များကိုတွေ့ရပြန်သည်။
ဤရွာတွင်တစ်ညထပ်အိပ်ရပြန်သည်။သို့သော်ရွာခံပုဂ္ဂိလ်၏ပြောစကားအရမနက်ဖန်တွင်ကျွန်ုပ်တို့သွားသောခရီးကိုရောက်မည်ဟုဆိုပါသည်။
သည်နေ့ကတော့့မြန်မာလိုအားဖြင့်တန်ခူးလကွယ်နေ့ဖြစ်နေပါသည်။
ယ္ခုရောက်သည့်နေရာအထိကျွန်ုပ်တို့အတွက်မည်သည့်အနှောက်အယှက်အဖျက်အဆီးမှမတွေ့ရသေးပါ။
နောက်တနေ့မနက်စတင်ထွက်ခွာလာကတည်းကကိစ္စမျိုးစုံစတင်၍ကြုံလာရပါတော့သည်။
ကျွန်ုပ်တို့သွားနေသောတောကြီးထဲရှိလမ်းတစ်နေရာအရောက်တွင်အဘခန့်ထံမှစကားတစ်ခုထွက်လာပါသည်။
“ရှေ့ကိုဆက်မသွားနဲ့ဦးခဏရပ်လိုက်ပါ”
ကျွန်ုပ်တို့ကလမ်းပြအဖြစ်ခေါ်လာသူကရှေ့မှသွားနေကာအဘအသံကြား၍ခဏရပ်လိုက်ပါသည်။
“ဘာဖြစ်လို့လည်းဆရာကြီး”
“မေးမနေနဲ့ဦးမင်းသည်ကိုပြန်လာခဲ့”
သူပြန်ေရာက်သော်အဘခန့်ကသူ့လွယ်အိပ်ထဲမှအင်းတစ်ချပ်ကိုထုပ်ကာအချိန်အနည်းငယ်ရွတ်ဖတ်ပြီးရှေ့သို့ပစ်ပေါက်လိုက်ရာဝုန်းကနဲမည်သံနှင့်အတူလမ်းတလျောက်သူတို့့ပြုလုပ်ထားသောစက်များအပိုင်းပိုင်းပြုတ်ကြကုန်သည်ကိုကျွန်ုပ်တို့၏သာမာန်မျက်လုံးဖြင့်ပင်မြင်လိုက်ရပါသည်။လမ်းလိုက်ပြသောပုဂ္ဂိုလ်ကအံ့ဩကာကြောက်လန့်နေသောအမူအရာဖြင့်အဘအနားကိုပြေးလာကာဤသို့ပြောလိုက်ပါသည်။
“ဘာတွေလည်းဆရာကြီးသည်လမ်းကိုကျုပ်အမြဲသွားနေကြပါဒါမျိုးတစ်ခါမှမတွေ့ဘူးပါဘူး”
“တို့သွားမဲ့နေရာရောက်တော့မယ်။မင်းကရှေ့ကနေအဝေးကြီးခွာမသွားနဲ့တော့။နောက်ထပ်တွေ့ရလိမ့်ဦးမယ်”
လမ်းပြလည်းကြောက်လန့်ကာအဘပြောသလိုအဝေးကြီးခွာမသွားတော့ပဲရှေ့မှနေ၍ဖြည်းဖြည်းသာသွားပါတော့သည်။
ထိုအချိန်တွင်ရှေ့မှလူငါးယောက်လျောက်လာပါသည်။အသက်(၃၀)အရွယ်။မိန်းမနှစ်ယောက်နှင့်ယောက်ျားသုံးယောက်တို့ဖြစ်ပါသည်။
“ခင်ဗျားတို့ကတော်တော်စွမ်းကြတယ်နဲ့တူပါတယ်။ကျုပ်တို့စက်ကိုတောင်ဖျက်နိုင်တာပဲ။ကျုပ်ပြောမယ်။ကျုပ်တို့စက်ကိုဖျက်နိုင်ပေမဲ့ခင်ဗျားတို့ကျုပ်တို့ကိုမနိုင်ပါဘူး
မသေချင်ရင်လှည့်ပြန်ကြပါ ”
“မပြန်ပါရစေနဲ့ကွာ၊တို့မှာသွားရမှာကလည်းသည်တလမ်းထဲရှိတာပါ။ကျေးဇူးပြုပြီးသွားခွင့်တော့ပေးပါကွာ”
“မရဘူးအဘိုးကြီးသည်နေ့(၁၂)နာရီမထိုးမချင်းသည်လမ်းကိုဘယ်သူ့မှသွားခွင့်မပြုနိုင်ဘူး၊ပြန်လှည့်ကြပါ ”
“မလှည့်ပါရစေနဲ့ကွာ၊ငါတို့သွားပါရစေ ”
“သည်အဘိုးကြီးတော်တော်အပြောရခက်တာပဲ။သည်လောက်တောင်သေချင်နေမှတော့သေခိုင်းပေးရမှာပေါ့ကွာ”
ဤသို့ပြောပြီးကျွန်ုပ်တို့ဆီသို့စက်နှင့်လှမ်း၍ပစ်လိုက်ပါသည်။အဘကသူလွယ်ထားသောလွယ်အိပ်နှင့်ရမ်းလိုက်ရာစက်တွေဘေးသို့လွင့်သွားကုန်တော့သည်။
သူတို့ကအဘကိုအံ့အားသင့်စွာကြည့်ရင်းနှင့်(၅)ယောက်ပေါင်းကာစက်များတပြိုင်တည်းလွတ်ကြပါသည်။
အဘကတော့ဘာမှမပါပဲညာလက်တစ်ဖက်တည်းဖြင့်လက်ပြန်တောက်ချလိုက်ရာစက်များလွင့်စင်သွားလျက်စက်ထုပ်သူများဖင်ထိုင်ကြကုန်ပါတော့သည်။
သူတို့အားလုံးအဘခန့်ကိုကြောက်လန့်တကြားကြည့်ကာနောက်သို့ပြေးရန်ဟန်ပြင်နေစဉ်အဘကဆေးလုံးဟုယူဆရသောအလုံးတစ်လုံးနှင့်ပစ်ပေါက်လိုက်ရာသူတို့လက်ရှိရှိနေသောပုံစံအတိုင်းကြောက်ရုပ်ကြီးတွေဖြစ်ကုန်ပါတော့သည်။
“သည်ကောင်တွေသည်ကောင်မတွေသည်အတိုင်း(၂)နာရီလောက်နေသွားရမယ်။ငါကမသတ်ချင်လို့ပါ။သူတို့စက်တွေအကုန်ထုပ်ပစ်လိုက်ပြီ။သူတို့သတိရလာချိန်ကြလဒလိုပြန်လို့မရတော့ဘူးကွကဝေတွေကဝေမတွေသည်အတိုင်း(၂)နာရီလောက်တော့နေခဲ့ကြဦး”
ကျွန်ုပ်နှင့်ကိုအောင်ဆွေတို့ကတော့မမြင်ဘူးမတွေ့ဘူးသောကိစ္စများကိုမြင်တွေ့နေရသဖြင့်ပျော်ရွင်နေသော်လည်းလမ်းပြလုပ်သူမှာနေစရာမရှိလောက်အောင်ကြောက်လန့်နေပါတော့သည်။
တစ်နေရာသို့အရောက်တွင်လမ်းနှစ်ခွတွေ့ရပါသည်။အဘနှင့်လမ်းပြတို့အချီအချစကားပြောကာနာရီကြည့်တော့နေ့လယ်(၁၂)နာရီထိုးတော့မည်ဖြစ်သဖြင့်ဤနေရာတွင်ပဲခေတ္တနားကြပါသည်။
ကျွန်ုပ်တို့လမ်းတွင်စားဘို့ယူလာသေားစားစရာများကိုစားကြပြီးခေတ္တနားနေစဉ်လမ်းတစ်ဖက်မှလူ(၇)ယောက်တက်လာသည်ကိုမြင်လိုက်ရပါသည်။
ကျွန်ုပ်တို့ကအပေါ်စီးမှဖြစ်နေ၍သူတို့ကကျွန်ုပ်တို့ကိုမမြင်ပါ။
လူ(၇)ယောက်ဟုဆိုသောလည့်းယင်း(၇)ယောက်နောက်တွင်လူ(၄)ဦးကထမ်းစင်မျိုးထမ်းကာအဝတ်သစ်ဝတ်ဆင်ထားသောလူတစ်ဦးကထမ်းစင်ပေါ်မှလိုက်လာခဲ့သည်ကိုမြင်ရပါသည်။အားလုံး(၁၂)ယောက်ဖြစ်၏။
ကျွန်ုပ်တို့နေရာသို့ရောက်ရန်အချိန်အနည်းငယ်တော့လိုနေပါသေးသည်။
“ငါနဲ့လမ်းပြနဲ့အောက်ဆင်းပြီးလုံခြုံတဲ့နေရာမှာပုံးနေမယ်။မောင်အောင်ဆွေနဲ့လူလေးကသစ်ပင်ပေါ်တက်ပြီးသူတို့ကိုမြင်ရတဲ့နေရာကနေကြည့်နေ။သူတို့သွားတဲ့လမ်းကိုမှတ်ထား။စိတ်ချလက်ချတက်သွားမင်းတို့ဘာမှမဖြစ်ဘူး။သူတို့ချထားတဲ့စက်တွေလည်းမရှိတော့ဘူးစိတ်ချလက်ချတက်သွားပေတော့။အခုတက်ကြ”
ကျွန်ုပ်တို့နှစ်ဦးတက်သွားစဉ်အဘနှင့်လမ်းပြလည်းအောက်ဘက်သို့ဆင်းကာလုံခြုံသည့်နေရာတွင်ပုံးနေကြပါသည်။
ခဏအကြာ၌သူတို့(၁၂)ဦ
းတက်လာကြကာလမ်းနှစ်ခွ၏ဘယ်ဘက်ချမ်းသို့သွားကြပါသည်။
(၅)မိနစ်ခန်ကြာသော်အဘခန့်နှင့်လမ်းပြတို့တက်လာကြပြီးကျွန်ုပ်တို့လည်းဆင်းလာကြပါသည်။
“သူတို့သွားမဲ့လမ်းကိုတို့သိပြီအဲသည်လမ်းအတိုင်းလိုက်ကြစို့”
ကျွန်ုပ်တို့(၄)ဦးသည်လည်းသူတို့သွားသောလမ်းအတိုင်းခတ်မြန်မြန်လေးလိုက်သွားကြပါသည်။
သူတို့ကိုလှမ်း၍မြင်ရသောအခါကြမှဖြေးဖြေးလိုက်သွားကြပါသည်။တစ်နေရာအရောက်တွင်သူတို့ရပ်လိုက်ကြပြီးသူတို့ရှေ့တွင်လှိုင်ဂူကြီးတစ်ခုရှိနေပါသည်။
ထမ်းစင်ပေါ်ကလူဆင်းလာပြီးဂူပေါက်ရှေ့သို့သွားကာနီးတွင်အဘခန့်ကအင်းတချပ်ယူကာဂူပေါက်သို့သွားနေသူထံသို့သွားပစ်ရန်ကျွန်ုပ်ကိုလွတ်လိုက်ပါသည်။
ကျွန်ုပ်ကလည်းအဘထံမှအင်းကိုရလျင်ရခြင်းဂူပေါက်သို့သွားနေသူထံပြေးသွားပြီးပစ်လိုက်ပါသည်။
ဝုန်းကနဲအသံမည်သွားကာဂူပေါက်သို့သွားနေသူသည်ရုတ်တရက်ခွေကြသွားပါတော့သည်။အားလုံးအံ့အားသင့်၍ဟိုသည်ကြည့်နေစဉ်ကိုအောင်ဆွေကနောက်ထပ်အင်းတချပ်ကိုယူကာလူအုပ်ထဲပစ်ထည့်လိုက်ရာနောက်တကြိမ်ဝုန်းကနဲအသံကြီးဖြင့်ကျန်နေသောသူများအားလုံးခွေကြသွားပါသည်။
ထိုအသံများကြောင်းဂူအတွင်းမှအသက်ကြီးကြီးလူတစ်ဦးပြေးထွက်လာကာဤသိုပြောလိုက်ပါသည်။
“ဟေ့ငါ့လုပ်ငန်းကိုလာနှောက်ယှက်ကြတာဘယ်သူတွေလည်းကွ”
ကျွန်ုပ်တို့နှစ်ယောက်ကကိုယ့်အလုပ်ပြီးသည်နှင့်အဘခန့်အနားသို့ပြန်သွားနေကြပါသည်။ဂူထဲမှအသံထွက်လာသည်နှင့်အဘခန့်ကရှေ့သို့ပြန်ထွက်ခါကျွန်ုပ်တို့ကိုတော့ယ္ခုနေသည့်နေရာမှဘယ်နေရာကိုမှမရွှေ့ကြရန်ပြောပြီးထွက်သွားပါသည်။
“ခင်ဗျားလုပ်ငန်းကိုနှောက်ယှက်ထာမဟုတ်ပါဘူးဗျာ။သည်လိုအလုပ်ကိုဆက်မလုပ်ဘို့လာတားတာပါ”
“အော်အော်မင်းကသည်အထိတောင်ရောက်လာတော့တော်တော်စွမ်းတဲ့ကောင်ပေါ့ကွာ။ကဝေပျံဘမှန်ဆိုတာမကြားဘူးလေရော့သလားကွာ။မင်းကသည်အထိရောက်လာမှတော့ငါ့ဘက်ကအလျော့ပေးလို့မရတော့ဘူးပေါ့ကွာမင်းသေပေတော့”
ကဝေပျံဘမှန်ဆိုသူကသူ့စကားလည်းဆုံးရောအဘခန့်ထံသို့လက်ဆန့်တန်းလိုက်ရာစက်တွေအဆက်မပြတ်ထွက်လာပြီးအဘခန့်ထံ့သို့ဦးတည်သွားပါသည်။
အဘခန့်ကပုတီးဖြင့်ရိုက်ချလိုက်ရာစက်တွေပြတ်ထွက်သွားပြီးကဝေပျံဘမှန်နောက်သို့ယိုင်ထွက်သွားပါသည်။
ထိုအချိန်တွင်အဘခန့်ကကဝေပျံဘမှန်ကိုစကားပြောလိုက်ပါသည်။
“ကဝေပျံဦးဘမှန်ခင်ဗျားကျွန်တော်ပြောတာကိုခဏနားထောင်ပေးပါ။ဦးဘမှန်ကကျွန်တော့ထက်အများကြီးအသက်ကြီးပါတယ်။ဦးဘမှန်ရဲ့အသက်ကိုလေးစားလို့ကျွန်တော်ပြောတာလေးကိုနားထောင်ပေးပါ
ဦးဘမှန်ကလူတော်တစ်ယောက်ပါ။
ဒါပေမဲ့ဦးဘမှန်ကကျွန်တော့်ကိုယှဉ်လို့မနိုင်နိုင်ပါဘူး။
ပြီးတော့ဦးဘမှန်ရဲ့ပြုမူလုပ်ကိုင်ပုံတွေကိုအထက်ဆရာတွေကသဘောမကြပါဘူး။
ဒါ့ကြောင့်ဦးဘမှန်ကကျွန်တော့်ဆီမှာအညံ့ခံလိုက်ပါလို့ပြောပါရစေ ”
“ဟား ဟား ဟား ဟား မင်းလိုနောက်မှမွေးတဲ့အကောင်သေးသေးလေးဆီမှာငါကဘာလုပ်အညံ့ခံရမှာလည်း။ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးမနေနဲ့ဟေ့ကောင်မင်းသေဘို့သာပြင်ပေတော့”
ကဝေပျံဘမှန်ကသူပြောပြီးသည်နှင့်လူတစ်ကိုယ်လုံးကိုဝှီနည်းမြည်အောင်လှည့်လိုက်ပြီးသူကပြောက်သွားကာအလုံးလေးတစ်လုံးဖြစ်သွားပြီးအဘခန်ထံသို့ဦးတည်ကာဝင်လာပါသည်။
အဘခန့်ကနေရာကမရွှေ့ပဲလက်နှစ်ဖက်ရှေ့သို့ဆန့်ထုပ်လျက်လက်ကိုပြန်ဆုပ်၍လက်ချင်းပူးကာညှစ်ထုပ်လိုက်ရာအဘထံသို့ဝင်လာသောအလုံးလေးကအောက်ပြုတ်ကြသွားပြီးအဘရှေ့တွင်ဖင်ဘူးတောင်းထောင်လျက်ကြလာပါတော့သည်။
“ဦးဘမှန်ခင်ဗျားသိဘို့ကောင်းပါပြီ။ခင်ဗျားကျွန်တော့်ကိုဘယ်လိုနည်းနဲ့မှမနိုင်ပါဘူးခင်ဗျားရဲ့ပညာာတွေကိုအကုန်ဖျက်ပစ်လိုက်တောမယ်။ကျုပ်လူမသတ်ချင်ပါဘူး”
“သတ်ပစ်လိုက်ဟေ့ကောင်မင်းဆီမှာတော့ငါ့ပညာကိုစွန့်ပြီးအညံ့မခံနိုင်ဘူး”
“ခက်ပါလားဦးဘမှန်ရယ်ပညာစွန့်လိုက်ရင်ကျန်နေသေးတဲ့သက်တန်းအလျောက်ခင်ဗျားနေသွားလို့ရသေးတယ်။အခုခင်ဗျားသေသွားရင်အဝီစိကိုတန်းရောက်မှာ ”
“ငါ့ကိုနားချမနေနဲ့တော့ဟိတ်ကောင်မင်းမသတ်ရင်င့ါဟာငါသတ်သေမယ်”.
ဦးဘမှန်ကပြောပြောမဆိုဆိုသူ့လျာသူကိုက်ဖြတ်ပစ်ရာဝုန်းကနဲမီးထတောက်၍အဘခန့်လည်းနေရာရွှေ့လိုက်ရပါသည်။
ဤသို့သောမိစ္ဆာကောင်များသေသောအခါငရဲမီးထတောက်သည်ဟုကျွန်ုပ်ကြားဘူးပါ.သည်။
မည်မျှပြင်းသည်ဟုမမေးပါနှင့်စောစောကအင်းနှင့်ပစ်၍လည်းနေသောသူများအားလုံးလည်းမီးထဲပါသွားကာခဏအတွင်းပြောင်တလင်းခါသွားပါတော့သည်။
ကျွန်ုပ်တို့နှစ်ယောက်နှင့်လမ်းပြလိုက်လာသူတို့မှာလည်းမြင်ကွင်းဆန်းကိုအံ့ဩောတကြီးကြည့်မိပါတော့သတည်း။ ။
အောင်ပြည့်စုံ
၂၆•၂•၂၀၂၃