Unicode Version
“အမေဟုခေါ်သည်”(စ/ဆုံး)
———————————–
“အမေ-ကျုပ်- ကျော်တင့်တို့နဲ့ ရေနံတွင်း လိုက်သွားမလို့”
အောင်စိုးက ပြောရင်း အမေ့ထံ ကြည့်သည်။ ပြီးတော့ – ဇနီးဖြစ်သူ ဝိုင်းစိန်ထံကြည့်သည်။ အမေနှင့်ဝိုင်းစိန်သည်အတူယှဉ်တွဲထိုင်နေပြီးအိမ် ရှေ့တမာပင်ရိပ်ကွပ်ပျစ်မှာ အတွေးနယ်ချဲ့နေကြသည်။ အောင်စိုးစကား ကြောင့်အမေကခေါင်းမခါ၊ခေါင်းမညိတ်ဘဲကြည့်နေသလိုဝိုင်းစိန်ကလည်း
အင်းမလုပ်၊အဲမလုပ်နှင့်ကြည့်နေသည်။ သူတို့နှစ်ဦးအကြည့်ကဝေခွဲရခက် နေသည့်အကြည့်မျိုး။ မွန်းကျပ်စွာ တနင့်တပိုး ခံစားနေရသည့်သဘောမျိုး။ “ဖြစ်ပါ့မလားကွယ်။ ရေနံတွင်းဆိုတာ အဝေးကြီး..” အမေက အတော်ကြာမှ စဉ်းစားရင်းပြောလာသည်။ “ဖြစ်ပါတယ် – အမေရဲ့”
“မင်းလုပ်နိုင်မှာလား”
“ဟုတ်ကဲ့- သူများတွေတောင်လုပ်နိုင်သေးတာပဲ။ စီးပွားရေးအတွက် ပဲ – အမေရာ။ အရာရာ အဆင်ပြေရမှာပေါ့။ ကျုပ်ကယောက်ျားပဲဥစ္စာ” “အင်း-ကျော်တင့်တို့အဖွဲ့က မနှစ်က သွားပြီးအလုပ်လုပ်ကြတာ။ အဆင်တော့ ပြေပါရဲ့။ အပြန်မှာ ငှက်ဖျားပါလာလို့ ကုသရတာနဲ့ …”
အမေက စကားကို ဆုံးအောင်မပြောဘဲ ချွေးမတော်စပ်သူ ဝိုင်းစိန်ထံ
ကြည့်သည်။ ဝိုင်းစိန်မှာ ကိုယ်ဝန်လေးလကျော်လို့ ငါးလထဲ ရောက်နေပြီ။ သားလေး မွေးမည်လား၊ သမီးလေး မွေးမည်လား မသိနိုင်သေး။ အောင်စိုး သည် ဝိုင်းစိန်၏ သားသမီးလွယ်ထားသော ဗိုက်ပူပူလေးကိုကြည့်ရင်း သက်ပြင်းမောတစ်ချက် ချသည်။ ပြီးတော့ – အားရကျေနပ်အောင် ပြော သည်။
“ဖြစ်မှာပါ … အမေရာ။ ဟိုကောင်တွေ – ငှက်ဖျားပါလာတယ်ဆိုတာလဲ အစားအသောက်၊အနေအထိုင်မဆင်ခြင်လို့ဖြစ်ရတာပါ – အမေရာ။ ဟုတ် တယ်နော်- ဝိုင်းစိန်။ ငါ- ဘာမှမဖြစ်စေရဘူး။ အပြန်မှာ ငွေတွေပိုက်ပြီး ပြန် ခဲ့မယ်လေ”
အောင်စိုးက အမေ ကျေနပ်အောင်ဖြေရင်း ဝိုင်းစိန်ကို ထပ်ကူတောင်း သည့်အနေနှင့်ပြောသည်။ဝိုင်းစိန်သည်ပြုံးရုံသာပြုံးရင်းရှိသည်။ ဝိုင်းစိန်ထံ မှ သက်ပြင်းချသံ ကြားရသည်။ အမေသည် ဝိုင်းစိန်ကို ကြည့်နေသည်။
“ကိုအောင် – အဆင်ပြေမှာပါ – အမေရယ်-နော်။ထည့်လိုက်ရအောင်။ ဝိုင်းစိန် မီးဖွားစရိတ်က ရှိသေးတယ်။ ပြီးတော့ – အခြားလူမှုရေးစရိတ်တွေ ရော၊ လတ်တလော စားဖို့အရေးက ရှိသေးတာ။ ဝိုင်းစိန်ကလည်း ဘာမှ မလုပ်နိုင်ဘူး။ ဒီတော့ – ဝင်ငွေကမရှိဘူးလေ။ ဒါကြောင့် ….”
ဝိုင်းစိန်က မမြခင်၏လက်များကို ဆုပ်ကိုင်ရင်းပြောသည်။
“အင်း – သမီးသဘောပဲလေ။ အဆင်ပြေရင် ပြီးတာပဲ။ အမေကတော့” မမြခင် စကားမဆက်နိုင်တော့။ တကယ်ဆိုရင် ဝိုင်းစိန်ပြောတာ မှန်ပါ သည်။မိသားစုသုံးဦးသာရှိသည့်မမြခင်တို့အိမ်ထောင်စု။ ကြည့်စမ်း – မမြခင် ရယ်၊ သားဖြစ်သူရယ်၊ ချွေးမဖြစ်သူရယ်- သုံးယောက်။ အနှီသုံးယောက် တည်းမှာစောစောကတော့မဆိုးပါ။မဆိုးဘူးဆိုတာစားဖြစ်၊နေဖြစ်သဘော ရှိသည်။ ရရစားစား ဝါးဝါးမျိုမျိုသဘော။ တစ်နေ့လုပ် တစ်နေ့စားရသည့် အဖြစ်။ မနက်လုပ်ညနေစား။ ညနေလုပ်နောက်တစ်ရက်မနက်စားရသည့်
သူတို့ဘဝ။မမြမေကဟင်းခွက်ခူးထွက်သည်။မနက်ပိုင်းမှာဟင်းရွက်ခူးထွက် ပြီး ညနေပိုင်းမှာ ဟင်းရွက်များကို ရွာထဲလိုက်ပြီး လှည့်ကာရောင်းရသည်။ ဟင်းရွက်ဖိုးက တစ်ခါတစ်ရံ ဆန်ရသည်။ တစ်ခါတလေ ပဲရသည်။ ရသည့် ဆန်နှင့်ပဲကိုဝမ်းစာအဖြစ်အသုံးပြုရသည်။ဟင်းရွက်ရောင်းတာကမမြမေ၏
တာဝန်။ နေ့စား အထွန်လိုက်သည်က အောင်စိုး၏တာဝန်။ ဒီတုန်းကတော့ နှစ်ယောက်လုပ်အားခနှင့် သုံးယောက်စားကြရတာ အဆင်ပြေသည်။
ဟော- မိုးခေါင်ခဲ့တာ သုံးနှစ်ရှိပြီ။လုံးလုံးကြီးခေါင်သည်တော့မဟုတ်။ မိုးက ရွာတော့ ရွာသည်။ ရွာပေမယ့် သီးနှံအကြိုက်၊ သီးနှံဖြစ်ထွန်းအောင် ရွာခဲ့ခြင်းမရှိ။ မိုးလိုချိန်ကျတော့ မရွာ။ မလိုသည့်အချိန်ကျတော့ ရွာသည်။ သို့ကြောင့် သီးနှံတွေ ပျက်ခဲ့သည်။ လယ်တွေ မရိတ်သိမ်းခဲ့ရ။ သို့ကြောင့်
လက်လုပ်လက်စားတွေ မပြောနှင့် တောင်သူတွေပင် အကြွေးတင်ကြပြီ။ အချို့ဆိုရင် ကျွဲ၊ နွား ရောင်းရသည်။ လယ်ယာမြေ ရောင်းရသည်။ ပေါင်နှံရ သည်။ လက်ဝတ်လက်စားတွေပင် ထုတ်ရောင်းရသည့်အဖြစ်။
စီးပွားရေးအခြေခံရှိသည့်တောင်သူများပင်စီးပွားရေးယိုင်နဲ့လာခဲ့သေး
တာပဲ။ အဲ – မမြမေတို့လို လက်လုပ်လက်စားဆိုရင် ပိုဆိုးသေးသည်။ မိုးရွာမှပျိုးသာမည်။ မိုးကျမှပျိုးရမည်။ ပျိုးသာမှပျိုးရမှတောင်သူတွေ သီးနှံရကြမည်။တောင်သူတွေသီးနှံရမှလည်းမမြမေတို့လိုဆင်းရဲသားတွေ၊ လုပ်အားရင်းရသူတွေ ဝင်ငွေရှိမည်။ ခုတော့ – ပျိုးမကျဲ၊ မျိုးမကျဲရသည့် အတွက် အလုပ်က မဖြစ်။ မိုးမရွာတော့ ဟင်းရွက်တွေကလည်း မနုကြ ဒီတော့ – ငွေရှာဖို့က ငွေတွင်းနက်သွားပြီ။
“အင်းလေ – လူလေးသဘော – သမီးသဘော”
03)
အမေက တီးတိုးပြောရင်း အိမ်ထဲကို ဝင်သွားသည်။ ဝိုင်းစိန်က အေ – ာင်စိုး ကို ပြုံးကြည့်ရင်း ရှိသည်။ ဝိုင်းစိန်အပြုံးများက သွေးအေးနေသည့် သက်မဲ့ အပြုံးမျိုး။
“ကြိုးစားခဲ့ပေါ့ – အောင်စိုးရယ်-နော်။မမြင်ရသေးတဲ့ရင်သွေးအတွက် နင်တို့၊ ငါတို့ မေတ္တာအပြည့်နဲ့ ကြိုတင်ပြင်ဆင်ထားရမှာမဟုတ်လား”
“နားလည်ပါတယ် – ဝိုင်းစိန်ရယ်။ကြိုတင်ပြီးတွေးပူရတယ်ဆိုကတည်း က မိဘမေတ္တာရဲ့လမ်းအစပဲ ရှိသေးတာ။ ကလေးရလာရင် မျိုထားမတတ် ချစ်ကြရမှာလေ”
အောင်စိုးစကားကြောင့် ဝိုင်းစိန် ပြုံးရင် သူ့ဗိုက်သူ လက်နှင့်စမ်းရင်း ရှိသည်။ ဒီတစ်ခါ ဝိုင်းစိန်အပြုံးကလေးလေးနက်နက်။
“သာဓု – သာဓု – သာဓုပါကွယ်။ ဤသို့ ကန်တော့ရတဲ့အကျိုးကျေးဇူး ကြောင့် အမေ့သားလေး သွားလေရာ၊ လာလေရာ ခလုတ်မထိ ဆူးမငြိဘဲ
စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒတွေနဲ့ တစ်လုံးတစ်ဝထဲ ပြည့်စုံပါစေ
ကွယ်”
အမေ၏ဆုပေးသံသည်တဖြည်းဖြည်းချင်းတိမ်ဝင်သွားသည်။ အောင်စိုးသည် ဦးသုံးကြိမ်ချအပြီး ခေါင်းမော့ကာ အမေ့ကို ကြည့်မိ သည်။ အလို – အမေ့မျက်နှာပြင် အပြုံးတွေနှင့်။ အဲ – မျက်ဝန်းတွေကတော့ မျက်ရည်တွေနှင့်။ အငိုမျက်လုံး၊ အပြုံးမျက်နှာနှင့် အမေ။ အောင်စိုးသည် အမေ့ကို ရဲရဲမကြည့်လိုပြီ။ ဝိုင်းစိန်ထံ ကြည့်သည်။ စကားလမ်းကြောင်းလွှဲ သည်။ “ဝိုင်းစိန်” “တော်”
“ဟို-ပြေးကြည့်မှ ဒီသားအမိနှစ်ယောက်ထဲရှိတာ။ အမေ့ကိုဂရုစိုက်။ စကားတွေ မများကြနဲ့နော်”
အောင်စိုးစကားကြောင့် ဝိုင်းစိန်ခမျာမှာလည်းမျက်ရည်ကျချင်ချင်နှင့် ခေါင်းညိတ်အဖြေပေးရှာသည်။ စကားဆက်ပြောသူက အောင်စိုး။ “ငါ-ငွေတွေရပြီးရင်ပြန်လာမှာပါဟာ။မကြာပါဘူး။ နင် – မျက်နှာမမြင်
ခင် ပြန်ခဲ့မယ် – သိလား”
“ကဲ- သွားမယ် – အမေ။ ေဩာ် – ဝိုင်းစိန် – သွားမယ်နော်” “upos…”
“အင်း- အင်း”
အဝတ်အစားထည့်သည့်အိတ်ကို လွယ်သည်။ လမ်းပေါ်က စောင့်နေ သည့် ကျော်တင့်တို့ဆီ ထွက်ခဲ့သည်။ အိမ်ထဲမှာ အမေနှင့်ဝိုင်းစိန်ကို ငေး ကြည့်ရင်း ကျန်ရစ်မည်ဆိုတာ အောင်စိုး အသိ။ နောက်ဆံငင်စိတ် မထား တော့။ မတွေးတော့။ တွေးနေရင်အောင်စိုးစိတ်ကောင်းမည်မဟုတ်။ အပြင် ထွက်ခဲ့သည်။ ထိုမှတစ်ဆင့် အောင်စိုးတို့အဖွဲ့က ကားလမ်းရှိရာ ရွာသို့ ခြေ
ကျင်လာခဲ့ကြသည်။ အောင်စိုးတို့အဖွဲ့မှာ ကျော်တင့်က ခေါင်းဆောင်။ စုစု ပေါင်းခြောက်ဦး။ ရေနံတွင်းမှာတွင်းသားလိုအပ်သည်ဟုကျော်တင့်ကပြော
သည်။ပေးမည့်လစာကလည်းမက်မောလောက်ပါသည်။ သို့ကြောင့်ဝမ်းပါး ခဲ့ကြသည်။ ရမည့်ငွေကို မက်မောခဲ့ကြသည်။ အောင်စိုးအနေဖြင့် ဝမ်းစာ အတွက်ရောဝိုင်းစိန်မီးဖွားစရိတ်အတွက်ပါတွေးရင်းနှင့်ရေနံတွင်းကိုလိုက်
ဖို့ ဆုံးဖြတ်မိခြင်းပင်။
အဲ-ရေနံတွင်းကဘယ်ဆီ၊ ဘယ်အရပ်မှာမှန်းအောင်စိုးမသိ။ဝေးတာ ကတော့ အတော်ဝေးသည်ဟု ဆိုသည်။ ခြေကျင်တစ်မျိုး၊ ကားနှင့်တစ်ဖုံ၊ ရထားနှင့်တစ်မည်၊ သင်္ဘောနှင့်တစ်သွယ် သွားရမည်တဲ့လေ။ ထင်ထား သည့်အတိုင်းပင်။ ကားနှင့် ထွက်ခဲ့ရသည်။ မုံရွာကို ရောက်သည်။ နောက် ရွှေဘိုကို ခရီးဆက်ပြီး သင်္ဘောနှင့်လိုက်ခဲ့သည်။ ကားနှင့် သွားရပြန်သည်။ စက်လှေနှင့် ခရီးဆက်ရပြန်သည်။ ခရီးဝေးလေလေ တောင်တန်းတွေ၊ တောတွေက ပေါလေ၊ နက်လေ။ သုံးညအိပ်၊ လေးရက်ခရီး ရောက်အပြီး ရေနံတွင်းဆီရောက်ခဲ့သည်။ ဘယ်ဆီကြည့်ကြည့်တောင်တန်းတွေ၊တော တွေ။ မြစ်ချောင်းစိမ့်စမ်းတွေ။ လမ်းကလည်း မကောင်းတော့ ကုန်းဆင်း ကုန်းတက်တွေ။ လူသူ သိပ်မတွေ့ရ။ ရွာဆက်လည်းကျဲသွားပြီ။
သို့ဖြင့် အောင်စိုးတို့ ငွေထုပ်ပိုက်ပြီး ပြန်မည်ဆိုသည့် ရေနံတွင်းကို ရောက်ခဲ့ပါပြီ။တစ်ရက်နား၊ တောင်စောင်းမှာလူနေတဲထိုး၊ မီးဖိုတဲဆောက်၊ ထမင်းဟင်း ချက်စားပြီး နောက်ရက် အလုပ်ဆင်းကြရသည်။ ပထမတော့ ပင်ပန်းသည်မထင်။ လေးငါးရက်အထိ အလုပ်သင်သဘော။ ရေနံတွင်းတူး မည့် အခြေခံအလုပ်များကို နားလည်အောင်ကြည့်ရင်းနှင့်ရှိသည်။ တောင် စောင်းတစ်လျှောက်မှာတော့ လူနေတဲအချို့ကို ကွက်ကျားကွက်ကျား တွေ့ ရသည်။ ရေနံတွင်းတူးစင်များကိုလည်းဟိုတစ်စု၊ သည်တစ်စု တွေ့ရသည်။ တစ်လပြည့်တော့မည်။ ထိုအချိန် ဖျားသူက အောင်စိုး။
“ငါ-ငါ- ဖျားချင်ပြီကွာ။ ဒီကနေ့ – တွင်းဆင်းနိုင်မှာ မဟုတ်ဘူး”
ထိုသို့သာ ပြောနိုင်သည်။ တဲမှာ ကျန်ရစ်ခဲ့သည့် အောင်စိုးမှာတော့ အလူးလူး အလိမ့်လိမ့်နှင့် ခံခဲ့ရသည်။ ရွာမှာတုန်းကတော့ ရိုးရိုးဖျားရုံသာ ခံစားဖူးသည့်အောင်စိုး။ ယခုတော့ – ငှက်ဖျားဟူသည့်အဖျားကြမ်းကြမ်းက အောင်စိုးကို နှိပ်စက်နေခဲ့ပြီ။ သို့ဖြင့် အဖျားက မပြတ်ပြီ။ ဆယ်ရက်အကြာ ကျော်တင့်အကူအညီနှင့်ရွာကိုပြန်ခဲ့သည်။ အပြန်စရိတ်တောင်မှကျော်တင့် က ကူညီခဲ့သည်။ ရေနံတွင်းနှင့် ရွာမရောက်ခင်ခရီးလမ်းမှာတော့ သေလု မျောပါး ခံခဲ့ရသည်။ ဟိုတုန်းက အသားလတ်ပြီး တုတ်တုတ်ခဲခဲနှင့်အောင်စိုး။
အဖေတူသည့်သား။ ရေနံတွင်းကအပြန် ငှက်ဖျားပါလာသည်ဆိုတော့ ပိန် သွားသည်။အသားအရေတွေမည်းပြာသွားသည်။မျက်နှာကရောင်ဖောဖော
နေသည်ဟု ထင်ရသည်။ အရိုးပေါ်အရေတင်နေခဲ့သည့် အောင်စိုး။ “အောင်စိုး – ပြန်လာပြီတဲ့” “ငှက်ဖျားပါလာသတဲ့”
အောင်စိုးကိုကြည့်ပြီး ပြောကြသည်။ ဝန်းကျင်က သို့ကလို ဆိုကြပေ မယ့် မိခင်ဖြစ်သူကတော့ သားဖြစ်သူကိုမြင်တော့ ကျိတ်မနိုင် ခဲမရနှင့် ဖြစ် နေရပြီ။ေဩာ်-တစ်ဦးတည်းသောသားလေး။မိဘအတွက်နှင့်ဇနီးအတွက် သွားရှာသည့်သားလေး။ ခုတော့ – မှန်းချက်နှင့် နှမ်းထွက် မကိုက်ပြီ။ ငွေတော့ ပါမလာ။ ပါလာသည်ကငှက်ဖျား။ “သားရယ် … အမေ့သားရယ်”
အိမ်ထဲဝင်လာသည့်သား။လူတွဲပြီးမှ သွားနိုင်သည့်သား။ အောင်စိုးကို ကြည့်ရင်းအမေကကျိတ်ပြီးငိုသည်။ ဝိုင်းစိန်လည်းငိုသည်။ အောင်စိုးခမျာ ဘာစကားကိုမှ မပြောနိုင်ရှာ။ မိခင်ဖြစ်သူနှင့် ဝိုင်းစိန်ကိုသာကြည့်ရင်း သိမ် ငယ်သည့်မျက်လုံးများဖြင့်ကြည့်ရင်းအသံတိတ်ကြေကွဲနေသည်။ နောင်တ ရသလိုလိုဖြစ်နေသည်။ ရောက်ရောက်ချင်း ခုတင်ထက်မှ အိပ်နေရှာသည့် သားအတွက် အကောင်းဆုံးဗမာဆေးတွေ၊ ထိုးဆေးတွေ ရှာပြီးကုသည်။ ဆေးကောင်းရှာသည်။ ဆရာကောင်း ရှာသည်။ တစ်ပတ်အကြာမှာတော့ နည်းနည်းပါးပါး ထူထူထောင်ထောင် ဖြစ်လာသည်။ စကားပြောနိုင်သည်။ ဪ-သေလူဟု ထင်ထားသည့် အောင်စိုး။
နည်းနည်းပါးပါး စားသောက်နိုင်ပြီ။ စကားပြောနိုင်ပြီဆိုတော့ မမြမေ ခမျာသေတွင်းထွက်သားဖြစ်သူကိုကြည့်ရင်းရွှေတောင်ကြီးပေါက်သလိုပင်
ကျေနပ်ခဲ့သည်။
“သား – ဆာနေမယ် – စားနော်”
“ဒါကငှက်ဖျားအတွက်အကောင်းဆုံးဆေး” “ဒါက သားနဲ့တည့်တဲ့အစာ”
အမေက သို့ကလို ပြုစုသည်။ ဝိုင်းစိန်ကလည်း လက်မလည်အောင် ဂရုစိုက်သည်။ မိခင်ဖြစ်သူနှင့် ဝိုင်းစိန်တို့၏အပြုအစုနှင့် အမေဖြစ်သူ၏ အချစ်တွေ၊မေတ္တာတွေ။ ပြီးတော့ – ရွာထဲကကြားဖူးနားဝဆေးတွေ၊ အခြား ရွာက ဆေးဆရာတွေထံသွားပြီး ဆရာကိုပင့်၊ ဆေးတွေတောင်းပြီး ကုခဲ့ သည့်အကြောင်းအရာတွေကြောင့် သားဖြစ်သူ၏ဝေဒနာသည် ထက်ဝက် ခန့် သက်သာသွားပြီဟု ဆိုရချိမ့်မည်။ “သက်သာတယ်နော်-လူလေး”
“ဟုတ်….”
နေ့ရောညပါ အောင်စိုးအနားက မခွာသည့် မမြမေ။ သားဖြစ်သူအနား ကခွာပြီးဆေးတွေရှာ၊ ဆေးဆရာပင့်။ ပြီးတော့ – သားနှင့်တည့်သည့်အစား အစာကို ရှာပေးသည့်အချိန်၌သာ အောင်စိုးအနားက ခွာသည်။ ကျန်သည့် အချိန်ဆိုရင် သားဖြစ်သူအနားကမခွာ။ သားဖြစ်သူကိုအရိပ်တကြည့်ကြည့်။ ဝိုင်းစိန်ကတော့ အနီးကပ်ပြုစုရင်းရှိနေရဆဲ။
မမြမေသည် ငှက်ဖျားရောဂါနှင့်ပြန်လာသည့် သားဖြစ်သူ အောင်စိုး၏ မျက်နှာကိုကြည့်ရင်း တွေတွေဝေးကာ တွေဝေနေသည်။ နှလုံးသားထဲမှာ၊ သွေးသားထဲမှာ တုန်ခါသွားသည်အထိ ခံစားချက်က ပြင်းထန်သွားသည်။ “ဪ- ကိုဘမောင်ရယ်”
မထင်မှတ်ပဲလင်သားဖြစ်သူကိုဘမောင်၏အမည်ကိုတမ်းတမိသည်။ တကယ်တော့ – ကိုဘမောင်သည်လူ့လောကမှထွက်ခွာသွားခဲ့တာကြာပြီ။ နှစ်ဆယ်ထဲ ဝင်ခဲ့ပြီ။ ကြာညောင်းသည့်ကာလကို ကျော်လွန်ခဲ့သော်လည်း ချစ်ခင်လေးစားရသည့်လင်ဖြစ်သူကိုမမြမေမမေ့ပါ။ မေ့မရပါ။ ကိုဘမောင် ကိုယ်စား သားဖြစ်သူ ရရှိခဲ့ပြီး ဖြေသိမ့်နေခဲ့ရသည်က ကြာပြီ။ ကိုဘမောင် ဆုံးပါးပြီးတဲ့အချိန်ကတည်းကမဟုတ်လား။
ကြည့်စမ်း – သားဖြစ်သူ အောင်စိုးမှာ ကိုဘမောင်နှင့် တစ်ပုံစံတည်း။ ပြောတာ၊ ဆိုတာ၊ ရယ်တာ၊ ပြုံးတာက အစ။ ပြီးတော့ – သွားပုံ၊ လာပုံ၊ ဆက် ဆံပုံ။ နောက်- အသားအရေ၊ အရပ်အမောင်းကအစ ကိုဘမောင်နှင့် တစ်
ထေရာတည်း။ အင်းလေ – ဖခင်ရဲ့သားဆိုတော့ ဖခင်ဖြစ်သူနှင့်တူတာ မဆန်းပါ။
တွေးမိသေးသည်။ တစ်ချိန်က အဲဒီအချိန်တုန်းက ကိုဘမောင်နှင့် မမြမေတို့ လူငယ်တို့သဘာဝ ချစ်ကြိုက်ခဲ့သည်။ ချစ်မိတော့လည်း မမြင်ရ မနေနိုင်ဆိုသလိုသစ္စာရှိသည့်ချစ်ခြင်းများစွာနှင့်ချစ်ခဲ့ကြသည်။ကိုဘမောင် မိဘတွေက ဆင်းရဲကြသလို၊ မမြမေ၏မိဘတွေကလည်း မချမ်းသာကြ။ မချမ်းသောသူနှင့်ဆင်းရဲသူတို့၏ချစ်ခြင်းကိုမည်သူမှဂရုမပြုကြ။ ဘယ်မိဘ
ကမျှ မတားဆီးကြ။ ကိုဘမောင်မိဘများက မိဘဝတ္တရားရှိသည့်အတိုင်း မမြမေ၏မိဘများထံသမီးတောင်းပွဲကျင်းပပေးခဲ့ပါသည်။ မမြမေတို့မင်္ဂလာ ဆောင်အပြီးမှာတော့ သီးခြားဘဝလေး ထူထောင်ခဲ့သည်။ ဒီနောက်တွင် တော့ ကိုဘမောင်က တောင်သူလူငှား တစ်ဖက်လုပ်ရင်းနှင့် တောလိုက် အလုပ်ပါလုပ်ကိုင်ခဲ့သည်။တောလည်ထွက်သည့်အခါတောကြွက်ရသည်။ တောငှက်တွေ ရသည်။ မြွေရသည်။ မြွေဆိုရင် ဈေးကောင်းသည့် မြွေပွေး၊ လင်းမြွေ။ ဒီမြွေနှစ်မျိုးကဈေးကောင်းသည်။ ဝယ်လက်များသည်။ သည်လို နှင့် အထွန်ငှားလိုက်ရင်း တောလည်ထွက်ပြီး ငွေရှာပေးရင်းရှိစဉ် မမြမေ တစ်ယောက်ကိုယ်ဝန်ရှိလာသည်။
“ဟုတ်တယ်- ကိုဘမောင်ရဲ့- တကယ်ပြောတာ။ကျုပ်-ကိုယ်ဝန်ရှိနေ
ပြီတော့်”
သို့ကလိုပြောတုန်းကကိုဘမောင်တကယ်ပျော်မြူးသွားသည်။နောက် တွင်တော့ အရင်ကထက်အလုပ်ပိုပြီးကြိုးစားလုပ်သည်။ဝင်ငွေပိုရှာသည်။ မမြမေ မီးဖွားစရိတ်အတွက် စိတ်ပူခဲ့ရသည်ပဲလေ။ ကိုယ်ဝန် ငါးလကျော် အရမှာတော့ –
ထင်မှတ်မထားသော၊ သတိမပြုမိသော ဒုက္ခမုန်တိုင်းက အဖော်မာန် နတ်များစွာနှင့်လာရောက်ပြီးနင်းချေခဲ့သည်။ ထွန်ငှားအားသည့်ရက်တော လည်ထွက်ခဲ့သည့်ကိုဘမောင်။မထင်မှတ်ဘဲတောထဲမှာပင် ဆုံးပါးခဲ့သည်။ “ဖြစ်ရလေ – ကိုဘမောင်ရယ် – ဖြစ်ရလေတော်”
ကိုဘမောင်အလောင်းကိုကြည့်ရင်း မမြမေ ရှိုက်မဆုံး၊ ငိုမဆုံး ဖြစ်ခဲ့ သည်။ ကြည့်စမ်း-ကိုဘမောင်အဖြစ်က။ တံငါသည် ရေနစ်သည့်အဖြစ်။ သို့ကြောင့် ဖြေဆည်လို့မဆုံးတော့။ ကိုဘမောင်အလောင်းကို မြေချသည်။ ရက်လည်ဆွမ်းသွတ်သည်။ အမျှဝေသည်ကိုပင်ပီသအောင်မဝေနိုင်သည့် မမြမေ။ နောက်တွင်တော့ ကိုးလလွယ်၊ ဆယ်လဖွားဆိုသည့်အတိုင်း သား ဖြစ်သည့် အောင်စိုးကို ဖွားခဲ့သည်။ သားသည် မိမိရဲ့ဘဝ၊ မိမိရဲ့အရိပ်။ သွား လေသူကိုယ်စားစုပြုံပြီးပုံအောချစ်ပေးခဲ့ရသည့်သား။ အချစ်ဆုံးသား။ ဘယ် ဆီပဲကြည့်ကြည့် သားရဲ့ဘဝ၊ သားရဲ့မျက်နှာ။ အရွယ်ရောက်ကျောင်းထားခဲ့ သည်။ရှစ်တန်းအောင်အပြီးမှာတော့သားဖြစ်သူသည်ဝိုင်းစိန်နှင့်အိမ်ထောင် ပြုခဲ့လို့ ချွေးမဖြစ်သူကို အိမ်မှာ အပြီးခေါ်ခဲ့သည်။
ခုတော့ –
ဝိုင်းစိန်မှာ ကိုယ်ဝန်နှင့်။
ငွေ -ငွေလိုသည်။ သို့ကြောင့် သားဖြစ်သူသည် မြန်မာပြည်အထက် ပိုင်းရှိတောတောင်တွေထူထပ်သည့်ဒေသမှာရှိသည့် ရေနံတွင်းအလုပ်ကို လိုက်ပြီးလုပ်ခဲ့သည်။ငွေတော့ပါမလာ။ငှက်ဖျားသာပါလာသည့်သား။ သား
ဖြစ်သူ နာလန်ထူဖို့က အရေးကြီးသည်။ ပျောက်ဖို့က အရေးကြီးသည်။
တကယ်တော့-ကချင်ပြည်ထဲကဒေသတစ်ခု။ အောင်စိုးတို့ရေနံတွင်း သွားပြီးလုပ်သည့်ရွာက (ဝေသော်ရွာ၊ နောင်ကောက်) ရွာဟု ခေါ်သည်။ စာဆိုရှိသည်ပဲလေ။ (ဝေသော်နောင်ကောက် လူမရောက်၊ ရောက်တဲ့လူ မျောက်နဲ့တူ) ဆိုတဲ့စကား။ ဒီစကားက ဒီအရပ်မှာလူရောက်ခဲသည်။ ရောက် ပါက ငှက်ဖျားရပြီး ပြန်ရသည့်အတွက် ငှက်ဖျားရုပ်ပေါက်လို့ မျောက်နှင့်တူ သည်ဟုစာဆိုခဲ့သည်မဟုတ်လား။ အခု- စာဆိုအတိုင်းသားဖြစ်သူ၏ရုပ်က တကယ့်ဂီလာနရုပ်။ “သားရယ်”
အကြွေးရှင်လေးဦးပြန်သွားသည်။ ပြီးတော့ – ဆေးဆရာ၏ဇနီးဖြစ်သူ
လာပြီး ဆေးဖိုးတောင်းသံကို ခုတင်ထက်မှ အောင်စိုး ကြားသည်။ ဝိုင်းစိန် လည်းကြားသည်။အောင်စိုးမှာအိပ်ချင်ဟန်ပြု၍နားထောင်နေသော်လည်း ဝိုင်းစိန်မှာ အရူးမီးဝိုင်းသည့်မျက်လုံးများနှင့် အကြွေးရှင်များကိုကြည့်ရင်း အာစေးထည့်ထားသည့်အလား။ ပါးစပ်ကလေးပိတ်နေဆဲ။အမေ့မှာလည်း ကျီးကန်းတောင်းမှောက်မျက်လုံးများဖြင့် သိမ်ငယ်စွာ တောင်းပန်ရင်း
ရှိသည်။
“ရ-ရမှာပါ။ ပေး-ပေးပါ့မယ်တော်။ စောစောကပဲ ဆန်ကြွေးရော၊ ဆီ ကြွေးရော၊ ဟင်းဖိုးတွေပါ လာတောင်းလို့ တောင်းပန်လွှတ်လိုက်ရတယ်။ သိလား။တကယ်လို့-ဆေးကြွေးတွေမဆပ်နိုင်ရင်ကျုပ်အိမ်ဝိုင်းကိုရောင်း
ပြီး ဆပ်မယ် – နော်”
ဆေးဆရာကတော်ကို တောင်းပန်သံကြားသည်။ အောင်စိုးသည် အံကြိတ်ရင်း ခံပြင်းစွာဖြင့်နောင်တရနေသည်။ အကြွေးတောင်းသူတွေပြန် သွားပြီးချိန်၌အမေသည်ရွာထဲထွက်သွားသည်။ နှစ်နာရီခန့်အကြာအိမ်သို့
သုတ်ခြေတင်ပြီးပြန်လာသည်။အမေ့မျက်နှာသည်ပြုံးနေသယောင်ယောင်။ ချွေးတွေကစို့နေသည်။အောင်စိုးသည်လှဲနေရာမှထိုင်လိုက်သည်။ ဝိုင်းစိန်
သည် အမေ့ဆီ သွားသည်။ “အမေ – ဘယ်သွားတာလဲဟင်”
မေးသံကစိုးရိမ်မှု အပြည့်။
“ရွာထဲငွေရှာသွားတာ- သမီးရဲ့။ အဲဒါ – အောင်မြင့်နဲ့တွေ့လို့” အမေကပြောရင်းနှင့်ဝိုင်းစိန်နားကပ်ကာတီးတိုးပြောနေသည်။ အမေ့ ပါးစပ်များကအထက်အောက်လှုပ်နေဆဲ။ဝိုင်းစိန်မှာမျက်တောင်တဖျပ်ဖျပ်
ခတ်ရင်း နားစိုက်ထောင်ရင်း ရှိနေဆဲ။ အောင်စိုးသည် အမေနှင့်ဝိုင်းစိန်ကို ကြည့်ရင်း မျက်တောင်ပင် မခတ်မိ။ ဘာတွေပြောသည်ကိုတော့ အောင်စိုး မသိ။
“ဖြစ် – ဖြစ်ပါ့မလား – အမေရယ် – ဟင်”
“ဖြစ်ပါတယ်-
သမီးရယ်။အမေ့အတွက်ဘာမှပူမနေနဲ့။အမေလုပ်ရမယ့်
လုပ်ရပ်သာ အဆင်ပြေရင် အားလုံးအဆင်ပြေမှာ – သိလား”
“ဟို-ဟို”
ဝိုင်းစိန်က အမေ့လက်များကို ဆုပ်ကိုင်ထားသည်။ မျက်ဝန်းများက အမေ့မျက်နှာဆီ စူးစိုက်ကြည့်နေသည်။ ဝိုင်းစိန်မျက်နှာပေါ်မှာ သောက အရိပ်၊ စိုးရိမ်မှုအရိပ်တွေက ထူထူထဲထဲ။ အမေ့မျက်နှာကတော့ ကျေနပ်မှု တွေနှင့် အပြုံးတွေက လေးလေးနက်နက်။ အောင်စိုးသည် ကြည့်ရင်းနှင့် အဖြေရှာဆဲ ရှာလို့မတွေ့။
“စိတ်ချ – သိလား။ သမီးနော်-လူလေးမသိစေနဲ့-ကြားလား”
မမြမေသည် ဝိုင်းစိန်ကိုတီးတိုးပြောအပြီး အောင်စိုးထံ တစ်ချက်လှမ်း ကြည့်သည်။ ကြည့်ရင်းနှင့် ခပ်သဲ့သဲ့ပြုံးပြလိုက်သေးသည်။ ခေါင်းခါသည်။ ခေါင်းညိတ်သည်မဟုတ်သောအမေသည်ရုတ်ခြည်းဆိုသလိုမီးဖိုချောင်ထဲ ဝင်သွားသည်။ အောင်စိုးသည်ထိုင်ရင်းကြည့်နေဆဲအချိန်၌ပင်အမေသည်
တောဆောင်းခမောက်ကိုဆောင်း၊ အဖေရှိစဉ်ကအသုံးပြုခဲ့သောမြွေထည့် သည့်ပလိုင်းကိုလွယ်၊ အဖေအသုံးပြုခဲ့သည့်မြွေဖမ်းရာတွင်အသုံးပြုသော
ဝါးမာအရိုးတပ်ခက်ရင်းကိုယူပြီးထွက်လာသည်။
“အမေ”
အောင်စိုးသည် အမေ့ကိုကြည့်ရင်း ခေါ်မိသည်။ အားအင်မရှိသေး၍ အသံကခပ်တိုးတိုး။ အမေသည်အောင်စိုးကိုလှည့်ပြီးမကြည့်။အိမ်အပေါက်
ဝတွင်ရပ်နေသည့်ဝိုင်းစိန်ကိုသာတစ်ချက်ကြည့်ပြီးခေါင်းတစ်ချက်ညိတ်ပြ ကာ အိမ်ထဲမှ အပြေးတစ်ပိုင်း ထွက်သွားသည်။ ဝိုင်းစိန်မှာ ဘာမှမပြောနိုင် ဘဲငေးငိုင်ကျန်ရစ်ခဲ့သည်။ ဝိုင်းစိန်နည်းတူအောင်စိုးမှာလည်းငေးမောရင်း ခုတင်ထက်မှာ ကျန်ရစ်ဆဲ။
“အမေရယ် – ဘာတွေလုပ်နေတာလဲ။အဖေကိုင်ခဲ့တဲ့တောကိုင်ပလိုင်း တောကိုင်ခက်ရင်းကို ဘာလို့ယူသွားရတာလဲ။ မိသားစုစားဝတ်နေရေး
အတွက်၊ပြီးတော့- ကျုပ်ရောဂါအတွက်တင်ကျန်နေတဲ့အကြွေးတွေအတွက် အမေ – ဘာတွေများလုပ်မလို့လဲ-အမေရာ”
အောင်စိုးရင်ထဲမှာလှိုက်မောစွာတွေးရင်းဝိုင်းစိန်ဆီကြည့်ရင်းရှိသည်။ ဝိုင်းစိန်သည်မျက်ရည်အဝိုင်းသားနှင့်အောင်စိုးအနားလာသည်။ အနားမှာ ထိုင်ရင်းအောင်စိုး၏လက်များကိုဆုပ်ကိုင်ထားရှာဆဲ။ေဩာ် – မုဆိုးမအမေ့ မေတ္တာစွမ်းအားကို နားလည်ပေးရင်း စိတ်မကောင်းနိုင်ကြ။ အောင်စိုးက ရောဂါသည်၊ ဝိုင်းစိန်ကကိုယ်ဝန်ကြီးနှင့်။ ပြီးတော့ – အကြွေးတွေနှင့်။
ဆဲ။
လင်မယားနှစ်ယောက် တစ်ဦးကိုတစ်ဦး ငေးကြည့်ရင်း နှုတ်ဆိတ်နေ
“အမေ – ဘယ်ထွက်သွားတာလဲ – ဝိုင်းစိန်” အောင်စိုးအမေးက အေးစက်စက်။ ခပ်သဲ့သဲ့။
ရွာတောင်ဘက်တစ်မိုင်ခန့်ဝေးသည့်မြက်ရိုင်းတောစပ်ဆီရောက်ခဲ့ပြီ။ မြက်ရိုင်းတောသည် ချိုးကူသံဖြင့်လွှမ်းခြုံနေပြီးအခြားငှက်များ၏အသံများ ဖြင့်လည်းတန်ဆာဆင်ထားနေဆဲဖြစ်သည်။ ငှက်သံ၊ ချိုးသံလွှမ်းနေသည့် မြက်ရိုင်းတောထဲမှာ ထနောင်းပင်တွေ၊ တမာပင်ပုလေးများနှင့် ထိန်ပင်။ ခရေပင်နှင့် ဖျောက်ဆိပ်ပင်၊ ညောင်ပင်များကို တွေ့ရသည်။ မြေပြင်မှ – ာတော့ ချုံတွေက အပြည့်။ မြက်ရိုင်းပင်တွေ၊ ဆူးဖြူပင်တွေက အပြည့်။ ပြီးတော့တောင်ပို့တွေကလည်းဟိုတစ်ခု၊သည်တစ်ခု။တောကြွက်တွင်းတွေ၊
တောခွေးတွေဝပ်ကျင်းပြုရာတွေကလည်းအပြည့်။
တောသည် နက်သထက်နက်လာသည်။
“ဟုတ်တယ် – မမြမေရေ။ ကျုပ် – မြက်ရိုင်းတောထဲရောက်တော့ အဲဒီ မှာလင်းမြွေကြီးနှစ်ကောင်တွေ့ခဲ့တယ်။အစကကျုပ်ဖမ်းဖို့ပဲ။ အချိန်မရတာနဲ့ မဖမ်းခဲ့ဘူး။မမမြမေ-ငွေလိုလို့ဖမ်းချင်ရင်အဲဒီမြက်ရိုင်းတောကိုသွားလိုက်။ တောစပ်ကနေဝင်လိုက်ရင်ညောင်ပင်ကြီးနဲ့ဖျောက်ဆိပ်ပင်ကြီးယှဉ်နေတာ
တွေ့ရလိမ့်မယ်။ အဲဒီနှစ်ပင်ကြားမှာ တောင်ပို့ကြီးတစ်ခုနဲ့ ဆူးချုံတစ်ခု ရှိတယ်။ လင်းမြွေလင်မယားက တောင်ပို့ထဲမှာ ရှိတယ်ဗျာ့။ မမမြမေ – အဲဒီ နှစ်ကောင်သာရရင်အကြွေးကျေမှာ။အောင်စိုးအတွက်ကုန်ထားတဲ့အကြွေး
ကျေမှာ …”
“အကြွေးကျေမှာ…”
“အဲဒီနှစ်ကောင်သာရရင်..”
“အောင်စိုးအတွက်ကုန်ထားတဲ့အကြွေးတွေ ကျေမှာ …”
မမြမေသည်မြက်ရိုင်းတောသို့ဝင်ရင်းအောင်မြင့်ပြောသည့်ညောင်ပင်
နှင့် ဖျောက်ဆိပ်ပင်ကြီးတွေဆီလာရင်း အောင်မြင့် လက်ထောက်ချသည့်
စကားများကို ပြန်ကြားရင်းရှိသည်။ ပြီးတော့ – ပေးဆပ်ရမည့်အကြွေးတွေ၊ သားဖြစ်သူ နောက်ထပ်သောက်ဖို့ ဝယ်ရမည့်ငွေကြေးကိစ္စကိုတွေးရင်းနှင့် မမြမေခြေလှမ်းတွေကသွက်နေသည်။စိတ်တွေကပေါ့နေသည်။ ပခုံးထက် မှာတော့ပလိုင်း၊ လက်ထဲမှာမြွေဖမ်းဖို့ခက်ရင်း ခေါင်းထက်မှာ နှီးခမောက် တစ်လုံး။ ဖိနပ်ကပြတ်လုပြတ်ချင်။ ထဘီကခပ်တိုတို။ချွေးတို့ကရွဲရွဲနစ်နစ်၊ မျက်လုံးထဲမှာတော့ ဈေးကောင်းပေးဝယ်မည့် လင်းမြွေနှစ်ကောင် …။ “ဟင်း…”
မမြမေသည် တွေးရင်းနှင့် သားဖြစ်သူ၏မျက်နှာကို မြင်ယောင်မိပြန် သည်။ ပြီးတော့ – မမြင်ရသေးသည့်မြေးဖြစ်သူ၏မျက်နှာကိုပင်ကြိုတင်မြင် ယောင်ရင်း ရှိနေသည်။ သို့ကြောင့် ပြုံးမိသည်။ ေဩာ်- မိဘတို့၏မေတ္တာ၊ အထူးသဖြင့် – ဘဝနှင့်ရင်း၊ အသက်နှင့်ရင်းပြီးကိုးလလွယ်၊ ဆယ်လဖွားခဲ့ရ သည့် အမေ့မေတ္တာဆိုတာ အတိုင်းအတာမသိ နှိုင်းစရာပင်မရှိသည့်အချစ် တွေနှင့်ရှိနေသည်။ အမြဲတမ်းပေးဆပ်နေသည်ဆိုတာမမြမေကမိခင်ပီသ အောင် ပြလိုက်ချင်ပြီ။ သို့ကြောင့် ယောက်ျားရင့်မကြီးတွေ ပြုလုပ်ရမည့် တောလည်၊မြွေဖမ်းအလုပ်ကိုစွန့်စားပြီးလုပ်တော့မယ်ဆိုရာလုပ်ရပ်ပြယုဂ်
က သက်သေမဟုတ်လား။
တွေးရင်း၊ ပြုံးရင်းနှင့်လာခဲ့ရာ မြက်ရိုင်းတောထဲ ဝင်နေဆဲ။ အပင်ကြီး တွေ ဆူးချုံတွေ၊ မြက်ရိုင်းပင်တွေ၊ တောင်ပို့ကြီးတွေကို ကျော်လွှားရင်း မြွေပွေးဝပ်နေတာပဲတွေ့လိုတွေ့ငြား၊ သွားနေတာပဲတွေ့လိုတွေ့ငြား၊ လင်း မြွေကိုပဲ တွေ့လိုတွေ့ငြား၊ ဝန်းကျင်ကိုကြည့်ရင်း လာဆဲအချိန် အောင်မြင့် ညွှန်ပြရာ အပင်နှစ်ပင်အနား ရောက်ခဲ့သည်။ တောအလယ်ရောက်လေ တိတ်ဆိတ်လေ။ ချောက်ချားစရာကောင်းလေ။မမြမေသည်ညောင်ပင်ကြီး နှင့် ဖျောက်ဆိပ်ပင်ကြီးနှစ်ပင်အကြား ရောက်သည်နှင့် ရပ်လိုက်သည်။ အောင်မြင့်ပြောခဲ့သလို ချုံနှင့်တောင်ပို့ကို တွေ့ရသည်။
“ဟုတ်ပြီ – အောင်မြင့်ပြောတာဒီတောင်ပို့ပဲ”
မမြမေသည် နှီးခမောက်ကို ချွတ်လိုက်သည်။ မြေပြင်မှာ ချလိုက်ပြီး ပလိုင်းကိုပါ ချလိုက်သည်။ မြွေဖမ်းရာ အသုံးပြုသည့်ခက်ရင်းကို မြဲမြံစွာကိုင် ပြီး တောင်ပို့အပေါက်များကို ကြည့်သည်။ ကြည့်ရင်းနှင့် ချုံနှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် တောင်ပို့အပေါက်ဆီကို စူးစိုက်ကြည့်နေမိသည်။ မြွေဝင် ထားသည့်ပြောင်ချောချောအရာများနှင့်မြွေအရေခွံလဲထားသည့်မြွေအရေ
ခွံနှစ်ခုကိုတွေ့ရသည်။ မမြမေသည်တွင်းပေါက်ရှေ့မှာရပ်ရင်းနားစွင့်သည်။
ထိုင်လိုက်ပြီးတောင်ပို့အပေါက်နားသို့နားကပ်ရင်းရှိသည်။
တောင်ပို့ထဲမှာ
တဝုန်းဝုန်းအသံတွေ ကြားရသည်။ လေသံတွေ ကြားရသည်။ သေချာပြီ။ ဒီအပေါက်အဆုံးကလိုဏ်ထဲမှာမြွေရှိသည်။ အသံလည်းကြားရသည်။ အနံ့ လည်းရနေပြီ။ မမြမေသည်စတင်ပြီးအလုပ်လုပ်သည်။ ခက်ရင်းနှင့် တေ – ာင်ပို့အပေါက်ကိုဖြိုချသည်။ ပြီးသည်နှင့်ကျောက်စရစ်ခဲလေးငါးလုံးကေ- ာက်ယူသည်။ ပြီးတော့- အသင့်ပါလာသည့်မီးခြစ်ကိုအသုံးပြုရတော့မည်။ အမှိုက်များကို ရှာသည်။ မီးရှို့သည်။ မီးတောက်ထဲသို့ ကျောက်စရစ်ခဲများ ထည့်လိုက်သည်။ အတော်ကြာသည်နှင့် ကျောက်စရစ်ခဲတစ်လုံးချင်းကို ညှပ်ယူပြီးတွင်းပေါက်ထဲချလိုက်သည်။ ချပြီးသည်နှင့်အပေါက်ဘေးမှာရပ် နေသည်။ လက်ထဲမှာ ခက်ရင်းက အရံသင့်။ မြွေထည့်ဖို့ပလိုင်းက အရံသင့်။ မကြာပါ။
ရှူး- ရှူး – ရှူး “ဖြီးဖြီး”
တောင်ပို့ထဲမှ နှာမှုတ်သံ၊ တောသံ ပေးနေသည့် လင်းမြွေအသံများကို ကြားရပြီ။ ကျောက်စရစ်ခဲအပူရှိန်ကြောင့် တွင်းထဲ မနေနိုင်ပြီ။ သို့ကြောင့် ဒေါသဖြစ်နေကြပြီ။ အပြင်ထွက်ဖို့ကြိုးစားနေပြီ။ထွက်လာသည့်လင်းမြွေကို မလွတ်တမ်းဖမ်းဖို့က မမြမေရဲ့တာဝန်။ အကြွေးကျေဖို့က မမြမေတာဝန်။ သားဖြစ်သူ ရောဂါပျောက်ဖို့က မမြမေတာဝန်။ ဒီတော့ – သတ်ကွင်းထဲ ရောက်လာမည့် လင်းမြွေနှစ်ကောင် လွတ်မသွားဖို့ကအဓိက။ လင်းမြွေရမှ ငွေရမှ၊ သားဖြစ်သူ ရောဂါပျောက်မှ။
မမြမေတွေးရင်းလင်းမြွေထွက်အလာကိုသတ္တိခဲရင်းအားအင်မွေးရင်း
စောင့်နေဆဲ။ “ရှူး….”
ထိုအချိန် နှာမှုတ်သံတစ်ချက်ပေးအပြီး လင်းဝါကြီးတစ်ကောင်သည် တောင်ပို့အပေါက်မှ ထွက်လာသည်။ လင်းဝါကြီးသည် တောင်ပို့အပေါက်
ကိုခေါင်းပြူနေပြီ။
ပါးစပ်ကြီးကဖြဲထားသလိုလျှာကတစ်လစ်တစ်လစ်နှင့်။
“ဟင် – လင်းဝါကြီး – ပွတာပဲ။ ဒီလင်းဝါကပိုပြီးဈေးကြီးတယ်”
တောင်ပို့အပေါက်ဝမှ ခေါင်းပြူသေနည့် လင်းဝါကြီးက အတော်ကြီး သည်။ လူကြီးလက်မောင်းခန့်ရှိမည်။ မမြမေသည် လင်းဝါကြီး ခေါင်းပြူပြီး အဝေးကိုပြေးထွက်မည်အပြု-
“…”
“ဖျပ်”
“ပြီး…”
မမြမေသည်တောင်ပို့ထဲကနေ၍အပြင်ပြေးထွက်မည့်လင်းဝါ၏ခေါင်း
နောက်ဘက်ဆီသို့ လက်နှစ်ဖက်နှင့် ပြေး၍ဆုပ်လိုက်သည်။ မြွေကြီးက မမြမေကို အမြီးနှင့်ပတ်သည်။ ရစ်ဖို့ကြိုးစားသည်။ ရုန်းသည်။ မမြမေသည် ရှိသည့်အားအင်ကို အသုံးပြုပြီး မြွေကို အပိုင်ချုပ်သည်။ ရစ်စမ်း။ ပတ်စမ်း။ ကိုက်စမ်း။မမြမေမကြောက်၊မလန့်။စိတ်ထဲမှာငွေ၊သား၏မျက်နှာ၊ပြီးတော့
အကြွေး၊ မမြင်ရသေးသည့်မြေး။
“လာခဲ့”
မမြမေသည် အနီးရှိ ပလိုင်းထဲသို့ မြွေကြီးကို ချလိုက်ပြီး အဖုံးကို အုပ် လိုက်၏။ ကျန်သည့်တစ်ကောင် ထွက်အလာကို စောင့်သည်။ မကြာပါ။ တရှူးရှူး၊ တဖြီးဖြီးနှင့် ဒေါသံ၊ တောသံပေးအပြီး လင်းဝါတစ်ကောင် ထွက် လာပြန်သည်။ စောစောကအတိုင်းပင် ခေါင်းပိုင်းနောက်ကို အမိအရ ဆုပ် ကိုင်လိုက်သည်။ ဒီတစ်ခါ ဖမ်းချက်က မှားသွားသည်။ ခေါင်းအောက်နား ရောက်သွားသည်မို့ လင်းဝါကခေါင်းငဲ့ပြီးကိုက်သည်။
“အား…”
မမြမေ လွှတ်ခနဲ အော်လိုက်သည်။ သို့သော် နာကျင်မှုကို အရေးမပြု
အား၊ ဂရုမထား။
ကျန်တစ်ဖက်ဖြင့်ခေါင်းအောက်ပိုင်းကိုဆုပ်ကိုင်ပြီးပလိုင်း
ထဲထည့်လိုက်သည်။ပြီးသည်နှင့်ပလိုင်းကိုလွယ်လိုက်သည်။ ခမောက်ကို
ဆောင်းအပြီး ခက်ရင်းကိုဆွဲကာ တောထဲထပ်တိုးသည်။
တယ်”
“အင်း – ဒီနှစ်ကောင်က စားစရိတ်အကြွေးပဲ ကျေမှာ။ ဆေးဖိုးလိုသေး
ရုတ်တရက်အတွေးဝင်လာသည့်အတွက်နောက်ထပ်မြွေရှာရဦးမည်။
ဒီအချိန်မှာ စားစရိတ်အကြွေးထက် သားဖြစ်သူအတွက် ပေးရမည့် ဆေး အကြွေးကပိုပြီးအရေးကြီးသည်။ ခုအချိန် – လင်းမြွေရလည်းငွေ၊ မြွေပွေးရ လည်းငွေ။ မှန်သည်၊ နှစ်မျိုးစလုံးငွေရနိုင်သည်မဟုတ်လား။
သိပ်မကြာပါ။ ဆူးဖြူပင်အခြေရှိအမှိုက်တွေ၊ မြက်တွေထဲမှာတောယင် ရိုင်းများ ရှိနေသည်ကို သတိပြုမိသည်။ သို့ကြောင့် ခက်ရင်းကို အသုံးပြုပြီး မြက်ရိုင်းများကိုဖယ်ကြည့်သည်။
“ဟင်-မြွေပွေးကြီး”
မှန်သည်။ မြွေပွေးတို့ထုံးစံအတိုင်း အထက်ရှုပ် အောက်ရှင်းသည့်နေ ရာမှာတော့ လက်မောင်းခန့် မြွေပွေးကြီးတစ်ကောင်သည်ဝပ်ကျင်းဖွဲ့၍ခွေ နေပြီ။ သည်တော့ – သတိနှင့်ကပ်လာသည်။ ခွေနေသည့်မြွေကြီးနှင့် လက် တစ်ကမ်းအကွာမှာရပ်ပြီး ခက်ရင်းနှင့် မြွေကြီး၏ခေါင်းနောက်ခက်ရင်းခွနှင့် မြေပြင်မှာ ကပ်ထိုးခံရသည့်အတွက် မြွေကြီးသည် ဖြီးခနဲ တစ်ချက်အသံပြု ရင်းအမြီးနှင့်ကိုယ်လုံးကြီးကဝှီးခနဲမြည်သံပြုသွားသည်အထိမြက်ပင်တွေ
ချုံတွေကို ခါယမ်းသွားအောင်ပတ်ပြီး ရိုက်ချလိုက်သည်။ မမြမေသည် သား အတွက်၊ အကြွေးတွေအတွက်သေမင်းနှင့်ကစားနေဆဲ။မြွေပွေးကြီးသည် ဒေါသနှင့် ခါယမ်းတိုင်း တွန့်လိမ်နေသည်။ အတော်ကြာသည်နှင့် ငြိမ်သွား
သည်။ လင်းမြွေကို မကြောက်ပေမယ့် မြွေပွေးကိုတော့ ကြောက်သည်။ မမြမေမှာအကွက်ကြီးတွေနှင့်မြွေပွေးကိုကြည့်ရင်းချွေးပြန်နေသည်။
“ဟုတ်ပြီ – အဲသလိုလုပ်မှ”
မမြမေတွေးသည်။ တွေးရင်းနှင့်ရှေ့ကိုတိုးသည်။ တိုးရင်းနှင့် တစ်ဖက် က ခက်ရင်းနှင့်မြွေကို ထောက်ထား၊ ကျန်လက်တစ်ဖက်က မြွေ၏ခေါင်း နောက်သို့ ဖိလိုက်သည်။ ဒီကနေ့ – အဆိပ်ပြင်းမြွေတွေနှင့် (သို့မဟုတ်) သေမင်းနှင့် ကစားနေခြင်းသည် ပထမဆုံးအကြိမ်သာ ဖြစ်သည်။ မမြမေ သည် သေမင်းနှင့် စစ်ခင်းရင်းရှိသည်ဟု ထင်မနေနိုင်။ ပန်းတစ်ပွင့်နှင့် ပွေ့ ဖက်နေရသည်ဟုထင်နေမိဆဲ။မမြမေသည်မြွေခေါင်းကိုတစ်ဖက်ကအမိ
အရဆုပ်ကိုင်ပြီးသည်နှင့်ခက်ရင်းကိုလွှတ်သည်။ ထိုလက်နှင့်မြွေ၏ခေါင်း ကိုနှစ်ဖက်နှင့်ညှပ်ဖိပြီးပလိုင်းထဲ ထည့်လိုက်သည်။ အောင်မြင်သွားပြီ။ “ဟူး – တော်ပါသေးရဲ့။ စောစောကလိုခေါင်းငဲ့ပြီးပြန်ကိုက်ရင်အကိုက် ခံလိုက်ရရင်-အို-ငါ-ငါ-သေလို့မဖြစ်ဘူး”
တွေးရင်းနှင့်ရှိသည်။ မကြာပါ။ အခြားတစ်နေရာကိုကြည့်သည်။ ပထမ တွေ့ရသည့်မြွေနှင့် ခြေလှမ်း လေးငါးလှမ်းအကွာမှာ မြွေပွေးတစ်ကောင် ထပ်တွေ့သည်။ ဒါက မြွေပွေးတွေ၏ထုံးစံ။ ဝပ်ကျင်းမှာ ဝပ်ပြီဆိုရင် တစ် ကောင်နှင့်တစ်ကောင်သိပ်ပြီးဝေးဝေးမနေကြ။ ထိုမြွေကိုလည်းစောစောက အတိုင်း ဖမ်းအပြီး ပလိုင်းထဲထည့်သည်။ ပြီးသည်နှင့် ပလိုင်းကိုလွယ်ပြီး နောက်ထပ်ရှာခဲ့ရာလင်းမြွေတစ်ကောင်ထပ်ရသည်။နောက်ထပ်လင်းမြွေ တစ်ကောင် ရပြန်သည်။ ပလိုင်းထဲမှာ လင်းမြွေလေးကောင်၊ မြွေပွေးက နှစ်
ကောင်။
“အင်း- နေမြင့်ပြီ- ပြန်မှပဲ။ ဒီဟာတွေရောင်း၊ အကြွေးဆပ်။ အို – စား စရိတ်ထက် ငါ့သားဆေးဖိုးကို အရင်ဆပ်ရမယ်။ အရင်ဆေးကြွေးကျေမှ နောက်ဆေးဖိုးကယုံကြည်မှာ။ ဆေးဆရာကလည်းလိုက်ပြီးကုပေးမှာ”
တွေးရင်းနှင့် မြက်ရိုင်းတောက ထွက်ခဲ့သည်။ မမြမေခြေလှမ်းတွေက
သွက်လက်နေသည်။ ပလိုင်းထဲက လင်းမြွေတွေနှင့် မြွေပွေးတွေကတော့ လှုပ်ရှားလူးလွန့်နေဆဲ။ သေမင်းတွေ၊ ငွေတွေ၊ အကြွေးကျေမယ့်ရတနာ
တွေ။
တွေးရင်းနှင့် မြက်ရိုင်းတောက အထွက် –
မြက်ရိုင်းတောစပ်မှာ လူတစ်ယောက်။ “ဘယ်သူပါလိမ့်”
“မမြမေသည် ထိုလူဆီကြည့်ရင်းနှင့် စိတ်ထဲမှာ ဇဝေဇဝါ။
ထိုလူသည် အပင်ခြေတွေ၊ ချုံတွေနှင့် တောင်ပို့တွေ၊ မြက်ရိုင်းပင်တွေ အကြားကုန်းကုန်းကွကွနှင့်လှုပ်ရှားရင်းရှိသည်။ အသေအချာကြည့်တော့ ထိုလူသည် မမြမေနည်းတူ မြွေရှာနေသည့်သဘော။ မမြမေသည် ထိုလူ နှင့် နီးနိုင်သမျှနီးအောင် လာခဲ့သည်။ ကြားထဲမှာ အပင်ကြီးတွေ၊ ချုံတွေနှင့် တောင်ပို့အချို့ခြားထားသည်မို့ မြင်လိုက်၊ မမြင်လိုက်နှင့်ရှိသည်။ ထိုလူက တော့မြွေရှာဆဲ။ မမြမေလည်းထိုလူ့ထံလာနေဆဲ။
မကြာပါ။ ထိုလူနှင့် ခဲတစ်ပစ်အရောက်။ မမြမေသည် ဖျောက်ဆိပ်ပင် အခြေကိုကွယ်၍ရပ်သည်။ရပ်ရင်းထိုလူထံကြည့်နေသည်။ ကြည့်ဆဲမှာပင် ထိုလူသည် မြွေတစ်ကောင် ရသွားပြီ။ ရသည့်မြွေကိုခေါင်းအောက်မှာ ဆုပ် ကိုင်ထားသည်။ “ဟင်…”
မြွေနှင့် ထိုလူကို အသေအချာကြည့်မိသည်နှင့် မမြမေ နှလုံးသားတွေ ပြုတ်ကျသွားသည်အထိ ခံစားလိုက်ရသည်။ သွေးသားတွေ လွင့်စဉ်သွား သည်အထိ နှလုံးသားတွေ နင်းချေခံစားခဲ့ရပြီ။
“လူလေး အောင်စိုးပါလား”
မှန်ပါသည်။ မမြမေ ကြည့်နေသည့် ထိုလူသည် အောင်စိုးမှ အောင်စိုး ဖြစ်နေသည်။အောင်စိုးရထားသည့်မြွေသည်မမြမေဖမ်းလာသည့် လင်းဝါ
အမျိုးအစား။
“ကိုဘမောင် – ကိုဘမောင်”
သားဖြစ်သူနှင့် ဖမ်းထားသည့်လင်းမြွေ၏ လှုပ်ရှားမှုများကိုကြည့်ရင်း မမြမေခမျာ သေသွားပြီဖြစ်သည့် ကိုဘမောင်၏ အတိတ်ဘဝ ပုံရိပ်ဆိုးများ ကို ပြန်မြင်ယောင်နေမိသည်။ ကိုဘမောင်တစ်ယောက် အထွန်မထွက်ရ သည့်နေ့။ တစ်နည်း- ကိုဘမောင်သေမည့်နေ့ကတောလည်ထွက်ခဲ့သည်။
မြွေရှာထွက်ခဲ့သည်။ထိုသို့ထွက်ခဲ့ရာတွင်လင်းဝါကြီးတစ်ကောင်ဖမ်းမိအပြီး
လင်းဝါကြီးကို ကျီစယ်သည့်သဘောနှင့် လည်ပင်းကိုပတ်ထားသည်။ အစ ကတော့ လင်းဝါသည် ငြိမ်နေသည်။ ငြိမ်ရင်းနှင့် လင်းဝါရဲ့အမြီးက ကိုဘမောင်ရဲ့ပါးစပ်ထဲမှာထိုးလိုက်၊ ထုတ်လိုက်၊ ပြန်သွင်းလိုက်နှင့်လုပ်နေ သည်။ လင်းဝါ ၏ပြုမူပုံကို ကိုဘမောင်က သဘောကျစွာ ရယ်သည်။ ထိုအချိန် လင်းဝါသည်ဆတ်ခနဲလှုပ်ရှားလိုက်ပြီးအမြီးဖျားကိုလည်ချောင်းဝမှတစ်ဆင့် ဝမ်းထဲ ရောက်သည်အထိ ထိုးချလိုက်သည်။ ကိုဘမောင်က လင်းဝါ၏ ခါးပိုင်းကိုကိုင် ပြီးဆွဲထုတ်သည်။ မရတော့။ ဆွဲမရပြီ။ ကိုဘမောင်မှာ ကြောက်လန့်သွားပြီး အော်ဟစ်အကူအညီ တောင်းလို့မရပြီ။ မြွေကိုယ်လုံး ကြီးကြောင့်ပါးစပ်ကြီးပြဲကာမျက်လုံးပြူးနေသည်။ ဘိုင်းခနဲမြေပြင်မှာလဲကျ သွားပြီ။ တစ်နာရီအကြာ သေဆုံးခဲ့သည်။ ကိုဘမောင်သေမှ လင်းဝါသည် ကိုယ်လုံးကို ပြန်နုတ်ပြီးတောထဲပြေးဝင်ခဲ့သည်။
“ပရိယာယ်များတဲ့လင်းဝါ – လင်းဝါက ငါ့လင်ကို သတ်ခဲ့တယ်” ပုံရိပ်အဖြစ်ဆိုးကိုတွေးရင်း အသံထွက် ပြောနေသည့်အချိန် သားဖြစ် သူသည် လင်းဝါကို လည်ပင်းမှာ ပတ်လိုက်သည်။ ပရိယာယ်များသည့် လင်းဝါက ငြိမ်နေရင်းရှိသည်။ ပြီး – အမြီးဖျားက အောင်စိုးကို ကျီစယ်သည့် သဘောနှင့် တို့လိုက်၊ ခွာလိုက်၊ ပါးစပ်ထဲ သွင်းလိုက်၊ ခေါင်းပေါ်တင်လိုက် လုပ်နေပြီ။
“သား-လူလေး”
မမြမေကြာကြာမတွေး။ သားဖြစ်သူထံပြေးခဲ့သည်။
“ဟင်-အမေ”
အောင်စိုးလှည့်ကြည့်သည့်အချိန်အောင်စိုးလည်ပင်းမှပရိယာယ်များ
သည့် လင်းဝါက အောင်စိုးပါးစပ်အတွင်း အမြီးနှင့်ထိုး၊ လည်ပင်းမှတစ်ဆင့် အူအသည်းအထိ ထိုးဖို့ကြိုးစားချိန် –
“မြွေကို ချ- ချလိုက်။ လူလေးကို သတ်လိမ့်မယ်”
ပြေးရင်းပြော၊ ပြောရင်းပြေးနေသည့် မမြမေ။ သားဖြစ်သူအနီးရောက် သည်နှင့် သားလည်ပင်းကမြွေကိုယူပြီးပလိုင်းထဲထည့်သည်။
“သား-လူလေး”
“အမေ” “သားလေး”
“အမေ-အမေ”
မမြမေသည် သားကိုပြေးပြီးဖက်လိုက်သည်။ အောင်စိုးက ပြန်ပြီးဖက် ထားလိုက်သည်။ မြက်ရိုင်းတောသည် အေးချမ်းနေသည်။ သို့သော်မမြမေ ငိုနေသည်။
“သား – ဘာ – ဘာပြုလို့ မြက်ရိုင်းတောထဲ လာခဲ့ရတာလဲ။ သားမှာ ငှက်ဖျားရောဂါနဲ့လေ – ဖြစ်ရလေကွယ်”
မမြမေရဲ့အသံက တုန်ခါနေသည်။ နှလုံးသည်းပွတ်ဗဟိုမှလာသည့် အသံမျိုး။
“အမေ – အမေ-ထွက်သွားအပြီး ကျုပ်က ဝိုင်းစိန်ကို ချော့မေးတော့ အောင်မြင့်ကလင်းမြွေရှိတဲ့နေရာပြောပြတယ်။ အကြွေးကျေအောင်အမေ မြွေဖမ်းထွက်သွားတယ်ဆိုတာ သိသိချင်းကျုပ်အပြေး-ပြေးလိုက်လာတာ” “သားရယ်”
“အဲသလိုလိုက်လာရင်း ဒီနေရာအရောက် လင်းဝါကြီးကိုတွေ့လို့ ဖမ်း
နေတာ”
“ဖြစ်ရလေကွယ်။ အမေ – ဘာမှမဖြစ်ပါဘူး။ သား- တစ်ခုခုဖြစ်မှာပဲ စိုးရိမ်တာ။ သားကိုသိအောင်ပြောရရင် သားမမွေးခင်ကဒီမြက်ရိုင်းတောမှာ ဒီလင်းဝါတစ်ကောင်က မင်းအဖေကို အချိုသပ်ပြီး သတ်လို့သေခဲ့ရတယ်
Gr…”
“ဗျာ..”
အောင်စိုး နားမလည်။ သို့ကြောင့် မမြမေက ဖြစ်ကြောင်းကုန်စင် ပြော ပြလိုက်တော့မှ အောင်စိုးနားလည်သွားသည်။ ဇာတ်ရည်လည်သွားသည်။ “ဪ- ဒါကြောင့်ကိုး”
“ဟုတ်တယ်- သား။ အခုလည်း မင်းဖမ်းထားတဲ့လင်းဝါကြီးက မင်း အကြိုက်လိုက်ပြီး ပရိယာယ်သုံးနေတာ။ အဲ-မင်း သတိလက်လွတ်ဖြစ်တဲ့ အချိန် သူ့အမြီးက မင်းပါးစပ်ထဲကနေတစ်ဆင့် လည်ပင်း၊ လည်ပင်းကနေ အသက်ရှူလမ်းကြောင့်ပိတ်တဲ့အထိလှုပ်ပြီးသတ်မှာ”
“အဲ-အဲသလိုမျိုးနဲ့ အဖေသေခဲ့ရတာပေါ့”
“ကဲ-ကဲ-တော်တော့ – ပြန်ကြစို့။ လာ-လာ- အမေ့ကိုတွဲခဲ့။ အိမ်က နေပြီးမြက်ရိုင်းတောအထိခြေလျင်လာရတာဆိုတော့လူလေးညောင်းနေ မှာ။ တော်ပါသေးရဲ့- လူလေး ဘာမှမဖြစ်လို့။ ေဩာ် – အမေ့မှာ လင်းဝါက လေးကောင်၊မြွေပွေးကနှစ်ကောင်ရလာတယ်။ အခု- မင်းရတဲ့တစ်ကောင် နဲ့ဆိုရင်လင်းဝါငါးကောင်ပေါ့။ ဒါတွေရောင်းပြီးဆေးဖိုးဆပ်မယ်။ ဆေးထပ် ဝယ်မယ်။ လူလေးရောဂါပျောက်ကိုပျောက်ရစေ့မယ်။ကဲ – ပြန်ကြစို့။ သမီး လည်းမျှော်နေရောပေါ့”
မြွေများထည့်ထားသည့်ပလိုင်းကိုပြင်၍လွယ်ရင်းသားဖြစ်သူကိုတွဲရင်း ပြန်ခဲ့သည့်မမြမေ။မိဘမေတ္တာ၊မိခင်ရဲ့မေတ္တာတရားအတိမ်အနက်ကိုတွေး
ရင်းနားလည်နေမိသည့် အောင်စိုး။
“အ-အ-အမေရယ်”
တီးတိုးခေါ်ရင်းအမေ့ပါးပြင်ကိုနမ်းမည်ဟုကြံစည်ဆဲမှာပင်မမြမေက
သားဖြစ်သူ၏ပါးပြင်ကို ဦးစွာနမ်းရင်းပြုံးနေသည်။
“သား”
“အမေရယ်”
သားဖြစ်သူ၏လက်များကိုကိုင်ထားဆဲမှာပင်မမြမေ၏လက်တစ်ဖက် ကသွေးစက်အချို့ကျနေဆဲ။ လင်းဝါကိုက်ထားသည့်ဒဏ်ရာမှ သွေးစက်မှ သည် ကြက်သွေးရောင်ရင့်ရင့်
မိခင်တစ်ဦးရဲ့ချစ်ခြင်းသွေးစက်တွေ …။
တွင်းကြီးသားတင်ဝင်းဦး
Zawgyi Version
“အေမဟုေခၚသည္”(စ/ဆုံး)
———————————–
“အေမ-က်ဳပ္- ေက်ာ္တင့္တို႔နဲ႔ ေရနံတြင္း လိုက္သြားမလို႔”
ေအာင္စိုးက ေျပာရင္း အေမ့ထံ ၾကည့္သည္။ ၿပီးေတာ့ – ဇနီးျဖစ္သူ ဝိုင္းစိန္ထံၾကည့္သည္။ အေမႏွင့္ဝိုင္းစိန္သည္အတူယွဥ္တြဲထိုင္ေနၿပီးအိမ္ ေရွ႕တမာပင္ရိပ္ကြပ္ပ်စ္မွာ အေတြးနယ္ခ်ဲ႕ေနၾကသည္။ ေအာင္စိုးစကား ေၾကာင့္အေမကေခါင္းမခါ၊ေခါင္းမညိတ္ဘဲၾကည့္ေနသလိုဝိုင္းစိန္ကလည္း
အင္းမလုပ္၊အဲမလုပ္ႏွင့္ၾကည့္ေနသည္။ သူတို႔ႏွစ္ဦးအၾကည့္ကေဝခြဲရခက္ ေနသည့္အၾကည့္မ်ိဳး။ မြန္းက်ပ္စြာ တနင့္တပိုး ခံစားေနရသည့္သေဘာမ်ိဳး။ “ျဖစ္ပါ့မလားကြယ္။ ေရနံတြင္းဆိုတာ အေဝးႀကီး..” အေမက အေတာ္ၾကာမွ စဥ္းစားရင္းေျပာလာသည္။ “ျဖစ္ပါတယ္ – အေမရဲ႕”
“မင္းလုပ္ႏိုင္မွာလား”
“ဟုတ္ကဲ့- သူမ်ားေတြေတာင္လုပ္ႏိုင္ေသးတာပဲ။ စီးပြားေရးအတြက္ ပဲ – အေမရာ။ အရာရာ အဆင္ေျပရမွာေပါ့။ က်ဳပ္ကေယာက္်ားပဲဥစၥာ” “အင္း-ေက်ာ္တင့္တို႔အဖြဲ႕က မႏွစ္က သြားၿပီးအလုပ္လုပ္ၾကတာ။ အဆင္ေတာ့ ေျပပါရဲ႕။ အျပန္မွာ ငွက္ဖ်ားပါလာလို႔ ကုသရတာနဲ႔ …”
အေမက စကားကို ဆုံးေအာင္မေျပာဘဲ ေခြၽးမေတာ္စပ္သူ ဝိုင္းစိန္ထံ
ၾကည့္သည္။ ဝိုင္းစိန္မွာ ကိုယ္ဝန္ေလးလေက်ာ္လို႔ ငါးလထဲ ေရာက္ေနၿပီ။ သားေလး ေမြးမည္လား၊ သမီးေလး ေမြးမည္လား မသိႏိုင္ေသး။ ေအာင္စိုး သည္ ဝိုင္းစိန္၏ သားသမီးလြယ္ထားေသာ ဗိုက္ပူပူေလးကိုၾကည့္ရင္း သက္ျပင္းေမာတစ္ခ်က္ ခ်သည္။ ၿပီးေတာ့ – အားရေက်နပ္ေအာင္ ေျပာ သည္။
“ျဖစ္မွာပါ … အေမရာ။ ဟိုေကာင္ေတြ – ငွက္ဖ်ားပါလာတယ္ဆိုတာလဲ အစားအေသာက္၊အေနအထိုင္မဆင္ျခင္လို႔ျဖစ္ရတာပါ – အေမရာ။ ဟုတ္ တယ္ေနာ္- ဝိုင္းစိန္။ ငါ- ဘာမွမျဖစ္ေစရဘူး။ အျပန္မွာ ေငြေတြပိုက္ၿပီး ျပန္ ခဲ့မယ္ေလ”
ေအာင္စိုးက အေမ ေက်နပ္ေအာင္ေျဖရင္း ဝိုင္းစိန္ကို ထပ္ကူေတာင္း သည့္အေနႏွင့္ေျပာသည္။ဝိုင္းစိန္သည္ၿပဳံး႐ုံသာၿပဳံးရင္းရွိသည္။ ဝိုင္းစိန္ထံ မွ သက္ျပင္းခ်သံ ၾကားရသည္။ အေမသည္ ဝိုင္းစိန္ကို ၾကည့္ေနသည္။
“ကိုေအာင္ – အဆင္ေျပမွာပါ – အေမရယ္-ေနာ္။ထည့္လိုက္ရေအာင္။ ဝိုင္းစိန္ မီးဖြားစရိတ္က ရွိေသးတယ္။ ၿပီးေတာ့ – အျခားလူမႈေရးစရိတ္ေတြ ေရာ၊ လတ္တေလာ စားဖို႔အေရးက ရွိေသးတာ။ ဝိုင္းစိန္ကလည္း ဘာမွ မလုပ္ႏိုင္ဘူး။ ဒီေတာ့ – ဝင္ေငြကမရွိဘူးေလ။ ဒါေၾကာင့္ ….”
ဝိုင္းစိန္က မျမခင္၏လက္မ်ားကို ဆုပ္ကိုင္ရင္းေျပာသည္။
“အင္း – သမီးသေဘာပဲေလ။ အဆင္ေျပရင္ ၿပီးတာပဲ။ အေမကေတာ့” မျမခင္ စကားမဆက္ႏိုင္ေတာ့။ တကယ္ဆိုရင္ ဝိုင္းစိန္ေျပာတာ မွန္ပါ သည္။မိသားစုသုံးဦးသာရွိသည့္မျမခင္တို႔အိမ္ေထာင္စု။ ၾကည့္စမ္း – မျမခင္ ရယ္၊ သားျဖစ္သူရယ္၊ ေခြၽးမျဖစ္သူရယ္- သုံးေယာက္။ အႏွီသုံးေယာက္ တည္းမွာေစာေစာကေတာ့မဆိုးပါ။မဆိုးဘူးဆိုတာစားျဖစ္၊ေနျဖစ္သေဘာ ရွိသည္။ ရရစားစား ဝါးဝါးမ်ိဳမ်ိဳသေဘာ။ တစ္ေန႔လုပ္ တစ္ေန႔စားရသည့္ အျဖစ္။ မနက္လုပ္ညေနစား။ ညေနလုပ္ေနာက္တစ္ရက္မနက္စားရသည့္
သူတို႔ဘဝ။မျမေမကဟင္းခြက္ခူးထြက္သည္။မနက္ပိုင္းမွာဟင္း႐ြက္ခူးထြက္ ၿပီး ညေနပိုင္းမွာ ဟင္း႐ြက္မ်ားကို ႐ြာထဲလိုက္ၿပီး လွည့္ကာေရာင္းရသည္။ ဟင္း႐ြက္ဖိုးက တစ္ခါတစ္ရံ ဆန္ရသည္။ တစ္ခါတေလ ပဲရသည္။ ရသည့္ ဆန္ႏွင့္ပဲကိုဝမ္းစာအျဖစ္အသုံးျပဳရသည္။ဟင္း႐ြက္ေရာင္းတာကမျမေမ၏
တာဝန္။ ေန႔စား အထြန္လိုက္သည္က ေအာင္စိုး၏တာဝန္။ ဒီတုန္းကေတာ့ ႏွစ္ေယာက္လုပ္အားခႏွင့္ သုံးေယာက္စားၾကရတာ အဆင္ေျပသည္။
ေဟာ- မိုးေခါင္ခဲ့တာ သုံးႏွစ္ရွိၿပီ။လုံးလုံးႀကီးေခါင္သည္ေတာ့မဟုတ္။ မိုးက ႐ြာေတာ့ ႐ြာသည္။ ႐ြာေပမယ့္ သီးႏွံအႀကိဳက္၊ သီးႏွံျဖစ္ထြန္းေအာင္ ႐ြာခဲ့ျခင္းမရွိ။ မိုးလိုခ်ိန္က်ေတာ့ မ႐ြာ။ မလိုသည့္အခ်ိန္က်ေတာ့ ႐ြာသည္။ သို႔ေၾကာင့္ သီးႏွံေတြ ပ်က္ခဲ့သည္။ လယ္ေတြ မရိတ္သိမ္းခဲ့ရ။ သို႔ေၾကာင့္
လက္လုပ္လက္စားေတြ မေျပာႏွင့္ ေတာင္သူေတြပင္ အေႂကြးတင္ၾကၿပီ။ အခ်ိဳ႕ဆိုရင္ ကြၽဲ၊ ႏြား ေရာင္းရသည္။ လယ္ယာေျမ ေရာင္းရသည္။ ေပါင္ႏွံရ သည္။ လက္ဝတ္လက္စားေတြပင္ ထုတ္ေရာင္းရသည့္အျဖစ္။
စီးပြားေရးအေျခခံရွိသည့္ေတာင္သူမ်ားပင္စီးပြားေရးယိုင္နဲ႔လာခဲ့ေသး
တာပဲ။ အဲ – မျမေမတို႔လို လက္လုပ္လက္စားဆိုရင္ ပိုဆိုးေသးသည္။ မိုး႐ြာမွပ်ိဳးသာမည္။ မိုးက်မွပ်ိဳးရမည္။ ပ်ိဳးသာမွပ်ိဳးရမွေတာင္သူေတြ သီးႏွံရၾကမည္။ေတာင္သူေတြသီးႏွံရမွလည္းမျမေမတို႔လိုဆင္းရဲသားေတြ၊ လုပ္အားရင္းရသူေတြ ဝင္ေငြရွိမည္။ ခုေတာ့ – ပ်ိဳးမက်ဲ၊ မ်ိဳးမက်ဲရသည့္ အတြက္ အလုပ္က မျဖစ္။ မိုးမ႐ြာေတာ့ ဟင္း႐ြက္ေတြကလည္း မႏုၾက ဒီေတာ့ – ေငြရွာဖို႔က ေငြတြင္းနက္သြားၿပီ။
“အင္းေလ – လူေလးသေဘာ – သမီးသေဘာ”
03)
အေမက တီးတိုးေျပာရင္း အိမ္ထဲကို ဝင္သြားသည္။ ဝိုင္းစိန္က ေအ – ာင္စိုး ကို ၿပဳံးၾကည့္ရင္း ရွိသည္။ ဝိုင္းစိန္အၿပဳံးမ်ားက ေသြးေအးေနသည့္ သက္မဲ့ အၿပဳံးမ်ိဳး။
“ႀကိဳးစားခဲ့ေပါ့ – ေအာင္စိုးရယ္-ေနာ္။မျမင္ရေသးတဲ့ရင္ေသြးအတြက္ နင္တို႔၊ ငါတို႔ ေမတၱာအျပည့္နဲ႔ ႀကိဳတင္ျပင္ဆင္ထားရမွာမဟုတ္လား”
“နားလည္ပါတယ္ – ဝိုင္းစိန္ရယ္။ႀကိဳတင္ၿပီးေတြးပူရတယ္ဆိုကတည္း က မိဘေမတၱာရဲ႕လမ္းအစပဲ ရွိေသးတာ။ ကေလးရလာရင္ မ်ိဳထားမတတ္ ခ်စ္ၾကရမွာေလ”
ေအာင္စိုးစကားေၾကာင့္ ဝိုင္းစိန္ ၿပဳံးရင္ သူ႔ဗိုက္သူ လက္ႏွင့္စမ္းရင္း ရွိသည္။ ဒီတစ္ခါ ဝိုင္းစိန္အၿပဳံးကေလးေလးနက္နက္။
“သာဓု – သာဓု – သာဓုပါကြယ္။ ဤသို႔ ကန္ေတာ့ရတဲ့အက်ိဳးေက်းဇူး ေၾကာင့္ အေမ့သားေလး သြားေလရာ၊ လာေလရာ ခလုတ္မထိ ဆူးမၿငိဘဲ
စိတ္သြားတိုင္း ကိုယ္ပါလို႔ လိုရာဆႏၵေတြနဲ႔ တစ္လုံးတစ္ဝထဲ ျပည့္စုံပါေစ
ကြယ္”
အေမ၏ဆုေပးသံသည္တျဖည္းျဖည္းခ်င္းတိမ္ဝင္သြားသည္။ ေအာင္စိုးသည္ ဦးသုံးႀကိမ္ခ်အၿပီး ေခါင္းေမာ့ကာ အေမ့ကို ၾကည့္မိ သည္။ အလို – အေမ့မ်က္ႏွာျပင္ အၿပဳံးေတြႏွင့္။ အဲ – မ်က္ဝန္းေတြကေတာ့ မ်က္ရည္ေတြႏွင့္။ အငိုမ်က္လုံး၊ အၿပဳံးမ်က္ႏွာႏွင့္ အေမ။ ေအာင္စိုးသည္ အေမ့ကို ရဲရဲမၾကည့္လိုၿပီ။ ဝိုင္းစိန္ထံ ၾကည့္သည္။ စကားလမ္းေၾကာင္းလႊဲ သည္။ “ဝိုင္းစိန္” “ေတာ္”
“ဟို-ေျပးၾကည့္မွ ဒီသားအမိႏွစ္ေယာက္ထဲရွိတာ။ အေမ့ကိုဂ႐ုစိုက္။ စကားေတြ မမ်ားၾကနဲ႔ေနာ္”
ေအာင္စိုးစကားေၾကာင့္ ဝိုင္းစိန္ခမ်ာမွာလည္းမ်က္ရည္က်ခ်င္ခ်င္ႏွင့္ ေခါင္းညိတ္အေျဖေပးရွာသည္။ စကားဆက္ေျပာသူက ေအာင္စိုး။ “ငါ-ေငြေတြရၿပီးရင္ျပန္လာမွာပါဟာ။မၾကာပါဘူး။ နင္ – မ်က္ႏွာမျမင္
ခင္ ျပန္ခဲ့မယ္ – သိလား”
“ကဲ- သြားမယ္ – အေမ။ ေဩာ္ – ဝိုင္းစိန္ – သြားမယ္ေနာ္” “upos…”
“အင္း- အင္း”
အဝတ္အစားထည့္သည့္အိတ္ကို လြယ္သည္။ လမ္းေပၚက ေစာင့္ေန သည့္ ေက်ာ္တင့္တို႔ဆီ ထြက္ခဲ့သည္။ အိမ္ထဲမွာ အေမႏွင့္ဝိုင္းစိန္ကို ေငး ၾကည့္ရင္း က်န္ရစ္မည္ဆိုတာ ေအာင္စိုး အသိ။ ေနာက္ဆံငင္စိတ္ မထား ေတာ့။ မေတြးေတာ့။ ေတြးေနရင္ေအာင္စိုးစိတ္ေကာင္းမည္မဟုတ္။ အျပင္ ထြက္ခဲ့သည္။ ထိုမွတစ္ဆင့္ ေအာင္စိုးတို႔အဖြဲ႕က ကားလမ္းရွိရာ ႐ြာသို႔ ေျခ
က်င္လာခဲ့ၾကသည္။ ေအာင္စိုးတို႔အဖြဲ႕မွာ ေက်ာ္တင့္က ေခါင္းေဆာင္။ စုစု ေပါင္းေျခာက္ဦး။ ေရနံတြင္းမွာတြင္းသားလိုအပ္သည္ဟုေက်ာ္တင့္ကေျပာ
သည္။ေပးမည့္လစာကလည္းမက္ေမာေလာက္ပါသည္။ သို႔ေၾကာင့္ဝမ္းပါး ခဲ့ၾကသည္။ ရမည့္ေငြကို မက္ေမာခဲ့ၾကသည္။ ေအာင္စိုးအေနျဖင့္ ဝမ္းစာ အတြက္ေရာဝိုင္းစိန္မီးဖြားစရိတ္အတြက္ပါေတြးရင္းႏွင့္ေရနံတြင္းကိုလိုက္
ဖို႔ ဆုံးျဖတ္မိျခင္းပင္။
အဲ-ေရနံတြင္းကဘယ္ဆီ၊ ဘယ္အရပ္မွာမွန္းေအာင္စိုးမသိ။ေဝးတာ ကေတာ့ အေတာ္ေဝးသည္ဟု ဆိုသည္။ ေျခက်င္တစ္မ်ိဳး၊ ကားႏွင့္တစ္ဖုံ၊ ရထားႏွင့္တစ္မည္၊ သေဘၤာႏွင့္တစ္သြယ္ သြားရမည္တဲ့ေလ။ ထင္ထား သည့္အတိုင္းပင္။ ကားႏွင့္ ထြက္ခဲ့ရသည္။ မုံ႐ြာကို ေရာက္သည္။ ေနာက္ ေ႐ႊဘိုကို ခရီးဆက္ၿပီး သေဘၤာႏွင့္လိုက္ခဲ့သည္။ ကားႏွင့္ သြားရျပန္သည္။ စက္ေလွႏွင့္ ခရီးဆက္ရျပန္သည္။ ခရီးေဝးေလေလ ေတာင္တန္းေတြ၊ ေတာေတြက ေပါေလ၊ နက္ေလ။ သုံးညအိပ္၊ ေလးရက္ခရီး ေရာက္အၿပီး ေရနံတြင္းဆီေရာက္ခဲ့သည္။ ဘယ္ဆီၾကည့္ၾကည့္ေတာင္တန္းေတြ၊ေတာ ေတြ။ ျမစ္ေခ်ာင္းစိမ့္စမ္းေတြ။ လမ္းကလည္း မေကာင္းေတာ့ ကုန္းဆင္း ကုန္းတက္ေတြ။ လူသူ သိပ္မေတြ႕ရ။ ႐ြာဆက္လည္းက်ဲသြားၿပီ။
သို႔ျဖင့္ ေအာင္စိုးတို႔ ေငြထုပ္ပိုက္ၿပီး ျပန္မည္ဆိုသည့္ ေရနံတြင္းကို ေရာက္ခဲ့ပါၿပီ။တစ္ရက္နား၊ ေတာင္ေစာင္းမွာလူေနတဲထိုး၊ မီးဖိုတဲေဆာက္၊ ထမင္းဟင္း ခ်က္စားၿပီး ေနာက္ရက္ အလုပ္ဆင္းၾကရသည္။ ပထမေတာ့ ပင္ပန္းသည္မထင္။ ေလးငါးရက္အထိ အလုပ္သင္သေဘာ။ ေရနံတြင္းတူး မည့္ အေျခခံအလုပ္မ်ားကို နားလည္ေအာင္ၾကည့္ရင္းႏွင့္ရွိသည္။ ေတာင္ ေစာင္းတစ္ေလွ်ာက္မွာေတာ့ လူေနတဲအခ်ိဳ႕ကို ကြက္က်ားကြက္က်ား ေတြ႕ ရသည္။ ေရနံတြင္းတူးစင္မ်ားကိုလည္းဟိုတစ္စု၊ သည္တစ္စု ေတြ႕ရသည္။ တစ္လျပည့္ေတာ့မည္။ ထိုအခ်ိန္ ဖ်ားသူက ေအာင္စိုး။
“ငါ-ငါ- ဖ်ားခ်င္ၿပီကြာ။ ဒီကေန႔ – တြင္းဆင္းႏိုင္မွာ မဟုတ္ဘူး”
ထိုသို႔သာ ေျပာႏိုင္သည္။ တဲမွာ က်န္ရစ္ခဲ့သည့္ ေအာင္စိုးမွာေတာ့ အလူးလူး အလိမ့္လိမ့္ႏွင့္ ခံခဲ့ရသည္။ ႐ြာမွာတုန္းကေတာ့ ႐ိုး႐ိုးဖ်ား႐ုံသာ ခံစားဖူးသည့္ေအာင္စိုး။ ယခုေတာ့ – ငွက္ဖ်ားဟူသည့္အဖ်ားၾကမ္းၾကမ္းက ေအာင္စိုးကို ႏွိပ္စက္ေနခဲ့ၿပီ။ သို႔ျဖင့္ အဖ်ားက မျပတ္ၿပီ။ ဆယ္ရက္အၾကာ ေက်ာ္တင့္အကူအညီႏွင့္႐ြာကိုျပန္ခဲ့သည္။ အျပန္စရိတ္ေတာင္မွေက်ာ္တင့္ က ကူညီခဲ့သည္။ ေရနံတြင္းႏွင့္ ႐ြာမေရာက္ခင္ခရီးလမ္းမွာေတာ့ ေသလု ေမ်ာပါး ခံခဲ့ရသည္။ ဟိုတုန္းက အသားလတ္ၿပီး တုတ္တုတ္ခဲခဲႏွင့္ေအာင္စိုး။
အေဖတူသည့္သား။ ေရနံတြင္းကအျပန္ ငွက္ဖ်ားပါလာသည္ဆိုေတာ့ ပိန္ သြားသည္။အသားအေရေတြမည္းျပာသြားသည္။မ်က္ႏွာကေရာင္ေဖာေဖာ
ေနသည္ဟု ထင္ရသည္။ အ႐ိုးေပၚအေရတင္ေနခဲ့သည့္ ေအာင္စိုး။ “ေအာင္စိုး – ျပန္လာၿပီတဲ့” “ငွက္ဖ်ားပါလာသတဲ့”
ေအာင္စိုးကိုၾကည့္ၿပီး ေျပာၾကသည္။ ဝန္းက်င္က သို႔ကလို ဆိုၾကေပ မယ့္ မိခင္ျဖစ္သူကေတာ့ သားျဖစ္သူကိုျမင္ေတာ့ က်ိတ္မႏိုင္ ခဲမရႏွင့္ ျဖစ္ ေနရၿပီ။ေဩာ္-တစ္ဦးတည္းေသာသားေလး။မိဘအတြက္ႏွင့္ဇနီးအတြက္ သြားရွာသည့္သားေလး။ ခုေတာ့ – မွန္းခ်က္ႏွင့္ ႏွမ္းထြက္ မကိုက္ၿပီ။ ေငြေတာ့ ပါမလာ။ ပါလာသည္ကငွက္ဖ်ား။ “သားရယ္ … အေမ့သားရယ္”
အိမ္ထဲဝင္လာသည့္သား။လူတြဲၿပီးမွ သြားႏိုင္သည့္သား။ ေအာင္စိုးကို ၾကည့္ရင္းအေမကက်ိတ္ၿပီးငိုသည္။ ဝိုင္းစိန္လည္းငိုသည္။ ေအာင္စိုးခမ်ာ ဘာစကားကိုမွ မေျပာႏိုင္ရွာ။ မိခင္ျဖစ္သူႏွင့္ ဝိုင္းစိန္ကိုသာၾကည့္ရင္း သိမ္ ငယ္သည့္မ်က္လုံးမ်ားျဖင့္ၾကည့္ရင္းအသံတိတ္ေၾကကြဲေနသည္။ ေနာင္တ ရသလိုလိုျဖစ္ေနသည္။ ေရာက္ေရာက္ခ်င္း ခုတင္ထက္မွ အိပ္ေနရွာသည့္ သားအတြက္ အေကာင္းဆုံးဗမာေဆးေတြ၊ ထိုးေဆးေတြ ရွာၿပီးကုသည္။ ေဆးေကာင္းရွာသည္။ ဆရာေကာင္း ရွာသည္။ တစ္ပတ္အၾကာမွာေတာ့ နည္းနည္းပါးပါး ထူထူေထာင္ေထာင္ ျဖစ္လာသည္။ စကားေျပာႏိုင္သည္။ ဪ-ေသလူဟု ထင္ထားသည့္ ေအာင္စိုး။
နည္းနည္းပါးပါး စားေသာက္ႏိုင္ၿပီ။ စကားေျပာႏိုင္ၿပီဆိုေတာ့ မျမေမ ခမ်ာေသတြင္းထြက္သားျဖစ္သူကိုၾကည့္ရင္းေ႐ႊေတာင္ႀကီးေပါက္သလိုပင္
ေက်နပ္ခဲ့သည္။
“သား – ဆာေနမယ္ – စားေနာ္”
“ဒါကငွက္ဖ်ားအတြက္အေကာင္းဆုံးေဆး” “ဒါက သားနဲ႔တည့္တဲ့အစာ”
အေမက သို႔ကလို ျပဳစုသည္။ ဝိုင္းစိန္ကလည္း လက္မလည္ေအာင္ ဂ႐ုစိုက္သည္။ မိခင္ျဖစ္သူႏွင့္ ဝိုင္းစိန္တို႔၏အျပဳအစုႏွင့္ အေမျဖစ္သူ၏ အခ်စ္ေတြ၊ေမတၱာေတြ။ ၿပီးေတာ့ – ႐ြာထဲကၾကားဖူးနားဝေဆးေတြ၊ အျခား ႐ြာက ေဆးဆရာေတြထံသြားၿပီး ဆရာကိုပင့္၊ ေဆးေတြေတာင္းၿပီး ကုခဲ့ သည့္အေၾကာင္းအရာေတြေၾကာင့္ သားျဖစ္သူ၏ေဝဒနာသည္ ထက္ဝက္ ခန႔္ သက္သာသြားၿပီဟု ဆိုရခ်ိမ့္မည္။ “သက္သာတယ္ေနာ္-လူေလး”
“ဟုတ္….”
ေန႔ေရာညပါ ေအာင္စိုးအနားက မခြာသည့္ မျမေမ။ သားျဖစ္သူအနား ကခြာၿပီးေဆးေတြရွာ၊ ေဆးဆရာပင့္။ ၿပီးေတာ့ – သားႏွင့္တည့္သည့္အစား အစာကို ရွာေပးသည့္အခ်ိန္၌သာ ေအာင္စိုးအနားက ခြာသည္။ က်န္သည့္ အခ်ိန္ဆိုရင္ သားျဖစ္သူအနားကမခြာ။ သားျဖစ္သူကိုအရိပ္တၾကည့္ၾကည့္။ ဝိုင္းစိန္ကေတာ့ အနီးကပ္ျပဳစုရင္းရွိေနရဆဲ။
မျမေမသည္ ငွက္ဖ်ားေရာဂါႏွင့္ျပန္လာသည့္ သားျဖစ္သူ ေအာင္စိုး၏ မ်က္ႏွာကိုၾကည့္ရင္း ေတြေတြေဝးကာ ေတြေဝေနသည္။ ႏွလုံးသားထဲမွာ၊ ေသြးသားထဲမွာ တုန္ခါသြားသည္အထိ ခံစားခ်က္က ျပင္းထန္သြားသည္။ “ဪ- ကိုဘေမာင္ရယ္”
မထင္မွတ္ပဲလင္သားျဖစ္သူကိုဘေမာင္၏အမည္ကိုတမ္းတမိသည္။ တကယ္ေတာ့ – ကိုဘေမာင္သည္လူ႔ေလာကမွထြက္ခြာသြားခဲ့တာၾကာၿပီ။ ႏွစ္ဆယ္ထဲ ဝင္ခဲ့ၿပီ။ ၾကာေညာင္းသည့္ကာလကို ေက်ာ္လြန္ခဲ့ေသာ္လည္း ခ်စ္ခင္ေလးစားရသည့္လင္ျဖစ္သူကိုမျမေမမေမ့ပါ။ ေမ့မရပါ။ ကိုဘေမာင္ ကိုယ္စား သားျဖစ္သူ ရရွိခဲ့ၿပီး ေျဖသိမ့္ေနခဲ့ရသည္က ၾကာၿပီ။ ကိုဘေမာင္ ဆုံးပါးၿပီးတဲ့အခ်ိန္ကတည္းကမဟုတ္လား။
ၾကည့္စမ္း – သားျဖစ္သူ ေအာင္စိုးမွာ ကိုဘေမာင္ႏွင့္ တစ္ပုံစံတည္း။ ေျပာတာ၊ ဆိုတာ၊ ရယ္တာ၊ ၿပဳံးတာက အစ။ ၿပီးေတာ့ – သြားပုံ၊ လာပုံ၊ ဆက္ ဆံပုံ။ ေနာက္- အသားအေရ၊ အရပ္အေမာင္းကအစ ကိုဘေမာင္ႏွင့္ တစ္
ေထရာတည္း။ အင္းေလ – ဖခင္ရဲ႕သားဆိုေတာ့ ဖခင္ျဖစ္သူႏွင့္တူတာ မဆန္းပါ။
ေတြးမိေသးသည္။ တစ္ခ်ိန္က အဲဒီအခ်ိန္တုန္းက ကိုဘေမာင္ႏွင့္ မျမေမတို႔ လူငယ္တို႔သဘာဝ ခ်စ္ႀကိဳက္ခဲ့သည္။ ခ်စ္မိေတာ့လည္း မျမင္ရ မေနႏိုင္ဆိုသလိုသစၥာရွိသည့္ခ်စ္ျခင္းမ်ားစြာႏွင့္ခ်စ္ခဲ့ၾကသည္။ကိုဘေမာင္ မိဘေတြက ဆင္းရဲၾကသလို၊ မျမေမ၏မိဘေတြကလည္း မခ်မ္းသာၾက။ မခ်မ္းေသာသူႏွင့္ဆင္းရဲသူတို႔၏ခ်စ္ျခင္းကိုမည္သူမွဂ႐ုမျပဳၾက။ ဘယ္မိဘ
ကမွ် မတားဆီးၾက။ ကိုဘေမာင္မိဘမ်ားက မိဘဝတၱရားရွိသည့္အတိုင္း မျမေမ၏မိဘမ်ားထံသမီးေတာင္းပြဲက်င္းပေပးခဲ့ပါသည္။ မျမေမတို႔မဂၤလာ ေဆာင္အၿပီးမွာေတာ့ သီးျခားဘဝေလး ထူေထာင္ခဲ့သည္။ ဒီေနာက္တြင္ ေတာ့ ကိုဘေမာင္က ေတာင္သူလူငွား တစ္ဖက္လုပ္ရင္းႏွင့္ ေတာလိုက္ အလုပ္ပါလုပ္ကိုင္ခဲ့သည္။ေတာလည္ထြက္သည့္အခါေတာႂကြက္ရသည္။ ေတာငွက္ေတြ ရသည္။ ေႁမြရသည္။ ေႁမြဆိုရင္ ေဈးေကာင္းသည့္ ေႁမြေပြး၊ လင္းေႁမြ။ ဒီေႁမြႏွစ္မ်ိဳးကေဈးေကာင္းသည္။ ဝယ္လက္မ်ားသည္။ သည္လို ႏွင့္ အထြန္ငွားလိုက္ရင္း ေတာလည္ထြက္ၿပီး ေငြရွာေပးရင္းရွိစဥ္ မျမေမ တစ္ေယာက္ကိုယ္ဝန္ရွိလာသည္။
“ဟုတ္တယ္- ကိုဘေမာင္ရဲ႕- တကယ္ေျပာတာ။က်ဳပ္-ကိုယ္ဝန္ရွိေန
ၿပီေတာ့္”
သို႔ကလိုေျပာတုန္းကကိုဘေမာင္တကယ္ေပ်ာ္ျမဴးသြားသည္။ေနာက္ တြင္ေတာ့ အရင္ကထက္အလုပ္ပိုၿပီးႀကိဳးစားလုပ္သည္။ဝင္ေငြပိုရွာသည္။ မျမေမ မီးဖြားစရိတ္အတြက္ စိတ္ပူခဲ့ရသည္ပဲေလ။ ကိုယ္ဝန္ ငါးလေက်ာ္ အရမွာေတာ့ –
ထင္မွတ္မထားေသာ၊ သတိမျပဳမိေသာ ဒုကၡမုန္တိုင္းက အေဖာ္မာန္ နတ္မ်ားစြာႏွင့္လာေရာက္ၿပီးနင္းေခ်ခဲ့သည္။ ထြန္ငွားအားသည့္ရက္ေတာ လည္ထြက္ခဲ့သည့္ကိုဘေမာင္။မထင္မွတ္ဘဲေတာထဲမွာပင္ ဆုံးပါးခဲ့သည္။ “ျဖစ္ရေလ – ကိုဘေမာင္ရယ္ – ျဖစ္ရေလေတာ္”
ကိုဘေမာင္အေလာင္းကိုၾကည့္ရင္း မျမေမ ရႈိက္မဆုံး၊ ငိုမဆုံး ျဖစ္ခဲ့ သည္။ ၾကည့္စမ္း-ကိုဘေမာင္အျဖစ္က။ တံငါသည္ ေရနစ္သည့္အျဖစ္။ သို႔ေၾကာင့္ ေျဖဆည္လို႔မဆုံးေတာ့။ ကိုဘေမာင္အေလာင္းကို ေျမခ်သည္။ ရက္လည္ဆြမ္းသြတ္သည္။ အမွ်ေဝသည္ကိုပင္ပီသေအာင္မေဝႏိုင္သည့္ မျမေမ။ ေနာက္တြင္ေတာ့ ကိုးလလြယ္၊ ဆယ္လဖြားဆိုသည့္အတိုင္း သား ျဖစ္သည့္ ေအာင္စိုးကို ဖြားခဲ့သည္။ သားသည္ မိမိရဲ႕ဘဝ၊ မိမိရဲ႕အရိပ္။ သြား ေလသူကိုယ္စားစုၿပဳံၿပီးပုံေအာခ်စ္ေပးခဲ့ရသည့္သား။ အခ်စ္ဆုံးသား။ ဘယ္ ဆီပဲၾကည့္ၾကည့္ သားရဲ႕ဘဝ၊ သားရဲ႕မ်က္ႏွာ။ အ႐ြယ္ေရာက္ေက်ာင္းထားခဲ့ သည္။ရွစ္တန္းေအာင္အၿပီးမွာေတာ့သားျဖစ္သူသည္ဝိုင္းစိန္ႏွင့္အိမ္ေထာင္ ျပဳခဲ့လို႔ ေခြၽးမျဖစ္သူကို အိမ္မွာ အၿပီးေခၚခဲ့သည္။
ခုေတာ့ –
ဝိုင္းစိန္မွာ ကိုယ္ဝန္ႏွင့္။
ေငြ -ေငြလိုသည္။ သို႔ေၾကာင့္ သားျဖစ္သူသည္ ျမန္မာျပည္အထက္ ပိုင္းရွိေတာေတာင္ေတြထူထပ္သည့္ေဒသမွာရွိသည့္ ေရနံတြင္းအလုပ္ကို လိုက္ၿပီးလုပ္ခဲ့သည္။ေငြေတာ့ပါမလာ။ငွက္ဖ်ားသာပါလာသည့္သား။ သား
ျဖစ္သူ နာလန္ထူဖို႔က အေရးႀကီးသည္။ ေပ်ာက္ဖို႔က အေရးႀကီးသည္။
တကယ္ေတာ့-ကခ်င္ျပည္ထဲကေဒသတစ္ခု။ ေအာင္စိုးတို႔ေရနံတြင္း သြားၿပီးလုပ္သည့္႐ြာက (ေဝေသာ္႐ြာ၊ ေနာင္ေကာက္) ႐ြာဟု ေခၚသည္။ စာဆိုရွိသည္ပဲေလ။ (ေဝေသာ္ေနာင္ေကာက္ လူမေရာက္၊ ေရာက္တဲ့လူ ေမ်ာက္နဲ႔တူ) ဆိုတဲ့စကား။ ဒီစကားက ဒီအရပ္မွာလူေရာက္ခဲသည္။ ေရာက္ ပါက ငွက္ဖ်ားရၿပီး ျပန္ရသည့္အတြက္ ငွက္ဖ်ား႐ုပ္ေပါက္လို႔ ေမ်ာက္ႏွင့္တူ သည္ဟုစာဆိုခဲ့သည္မဟုတ္လား။ အခု- စာဆိုအတိုင္းသားျဖစ္သူ၏႐ုပ္က တကယ့္ဂီလာန႐ုပ္။ “သားရယ္”
အေႂကြးရွင္ေလးဦးျပန္သြားသည္။ ၿပီးေတာ့ – ေဆးဆရာ၏ဇနီးျဖစ္သူ
လာၿပီး ေဆးဖိုးေတာင္းသံကို ခုတင္ထက္မွ ေအာင္စိုး ၾကားသည္။ ဝိုင္းစိန္ လည္းၾကားသည္။ေအာင္စိုးမွာအိပ္ခ်င္ဟန္ျပဳ၍နားေထာင္ေနေသာ္လည္း ဝိုင္းစိန္မွာ အ႐ူးမီးဝိုင္းသည့္မ်က္လုံးမ်ားႏွင့္ အေႂကြးရွင္မ်ားကိုၾကည့္ရင္း အာေစးထည့္ထားသည့္အလား။ ပါးစပ္ကေလးပိတ္ေနဆဲ။အေမ့မွာလည္း က်ီးကန္းေတာင္းေမွာက္မ်က္လုံးမ်ားျဖင့္ သိမ္ငယ္စြာ ေတာင္းပန္ရင္း
ရွိသည္။
“ရ-ရမွာပါ။ ေပး-ေပးပါ့မယ္ေတာ္။ ေစာေစာကပဲ ဆန္ေႂကြးေရာ၊ ဆီ ေႂကြးေရာ၊ ဟင္းဖိုးေတြပါ လာေတာင္းလို႔ ေတာင္းပန္လႊတ္လိုက္ရတယ္။ သိလား။တကယ္လို႔-ေဆးေႂကြးေတြမဆပ္ႏိုင္ရင္က်ဳပ္အိမ္ဝိုင္းကိုေရာင္း
ၿပီး ဆပ္မယ္ – ေနာ္”
ေဆးဆရာကေတာ္ကို ေတာင္းပန္သံၾကားသည္။ ေအာင္စိုးသည္ အံႀကိတ္ရင္း ခံျပင္းစြာျဖင့္ေနာင္တရေနသည္။ အေႂကြးေတာင္းသူေတြျပန္ သြားၿပီးခ်ိန္၌အေမသည္႐ြာထဲထြက္သြားသည္။ ႏွစ္နာရီခန႔္အၾကာအိမ္သို႔
သုတ္ေျခတင္ၿပီးျပန္လာသည္။အေမ့မ်က္ႏွာသည္ၿပဳံးေနသေယာင္ေယာင္။ ေခြၽးေတြကစို႔ေနသည္။ေအာင္စိုးသည္လွဲေနရာမွထိုင္လိုက္သည္။ ဝိုင္းစိန္
သည္ အေမ့ဆီ သြားသည္။ “အေမ – ဘယ္သြားတာလဲဟင္”
ေမးသံကစိုးရိမ္မႈ အျပည့္။
“႐ြာထဲေငြရွာသြားတာ- သမီးရဲ႕။ အဲဒါ – ေအာင္ျမင့္နဲ႔ေတြ႕လို႔” အေမကေျပာရင္းႏွင့္ဝိုင္းစိန္နားကပ္ကာတီးတိုးေျပာေနသည္။ အေမ့ ပါးစပ္မ်ားကအထက္ေအာက္လႈပ္ေနဆဲ။ဝိုင္းစိန္မွာမ်က္ေတာင္တဖ်ပ္ဖ်ပ္
ခတ္ရင္း နားစိုက္ေထာင္ရင္း ရွိေနဆဲ။ ေအာင္စိုးသည္ အေမႏွင့္ဝိုင္းစိန္ကို ၾကည့္ရင္း မ်က္ေတာင္ပင္ မခတ္မိ။ ဘာေတြေျပာသည္ကိုေတာ့ ေအာင္စိုး မသိ။
“ျဖစ္ – ျဖစ္ပါ့မလား – အေမရယ္ – ဟင္”
“ျဖစ္ပါတယ္-
သမီးရယ္။အေမ့အတြက္ဘာမွပူမေနနဲ႔။အေမလုပ္ရမယ့္
လုပ္ရပ္သာ အဆင္ေျပရင္ အားလုံးအဆင္ေျပမွာ – သိလား”
“ဟို-ဟို”
ဝိုင္းစိန္က အေမ့လက္မ်ားကို ဆုပ္ကိုင္ထားသည္။ မ်က္ဝန္းမ်ားက အေမ့မ်က္ႏွာဆီ စူးစိုက္ၾကည့္ေနသည္။ ဝိုင္းစိန္မ်က္ႏွာေပၚမွာ ေသာက အရိပ္၊ စိုးရိမ္မႈအရိပ္ေတြက ထူထူထဲထဲ။ အေမ့မ်က္ႏွာကေတာ့ ေက်နပ္မႈ ေတြႏွင့္ အၿပဳံးေတြက ေလးေလးနက္နက္။ ေအာင္စိုးသည္ ၾကည့္ရင္းႏွင့္ အေျဖရွာဆဲ ရွာလို႔မေတြ႕။
“စိတ္ခ် – သိလား။ သမီးေနာ္-လူေလးမသိေစနဲ႔-ၾကားလား”
မျမေမသည္ ဝိုင္းစိန္ကိုတီးတိုးေျပာအၿပီး ေအာင္စိုးထံ တစ္ခ်က္လွမ္း ၾကည့္သည္။ ၾကည့္ရင္းႏွင့္ ခပ္သဲ့သဲ့ၿပဳံးျပလိုက္ေသးသည္။ ေခါင္းခါသည္။ ေခါင္းညိတ္သည္မဟုတ္ေသာအေမသည္႐ုတ္ျခည္းဆိုသလိုမီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ ေအာင္စိုးသည္ထိုင္ရင္းၾကည့္ေနဆဲအခ်ိန္၌ပင္အေမသည္
ေတာေဆာင္းခေမာက္ကိုေဆာင္း၊ အေဖရွိစဥ္ကအသုံးျပဳခဲ့ေသာေႁမြထည့္ သည့္ပလိုင္းကိုလြယ္၊ အေဖအသုံးျပဳခဲ့သည့္ေႁမြဖမ္းရာတြင္အသုံးျပဳေသာ
ဝါးမာအ႐ိုးတပ္ခက္ရင္းကိုယူၿပီးထြက္လာသည္။
“အေမ”
ေအာင္စိုးသည္ အေမ့ကိုၾကည့္ရင္း ေခၚမိသည္။ အားအင္မရွိေသး၍ အသံကခပ္တိုးတိုး။ အေမသည္ေအာင္စိုးကိုလွည့္ၿပီးမၾကည့္။အိမ္အေပါက္
ဝတြင္ရပ္ေနသည့္ဝိုင္းစိန္ကိုသာတစ္ခ်က္ၾကည့္ၿပီးေခါင္းတစ္ခ်က္ညိတ္ျပ ကာ အိမ္ထဲမွ အေျပးတစ္ပိုင္း ထြက္သြားသည္။ ဝိုင္းစိန္မွာ ဘာမွမေျပာႏိုင္ ဘဲေငးငိုင္က်န္ရစ္ခဲ့သည္။ ဝိုင္းစိန္နည္းတူေအာင္စိုးမွာလည္းေငးေမာရင္း ခုတင္ထက္မွာ က်န္ရစ္ဆဲ။
“အေမရယ္ – ဘာေတြလုပ္ေနတာလဲ။အေဖကိုင္ခဲ့တဲ့ေတာကိုင္ပလိုင္း ေတာကိုင္ခက္ရင္းကို ဘာလို႔ယူသြားရတာလဲ။ မိသားစုစားဝတ္ေနေရး
အတြက္၊ၿပီးေတာ့- က်ဳပ္ေရာဂါအတြက္တင္က်န္ေနတဲ့အေႂကြးေတြအတြက္ အေမ – ဘာေတြမ်ားလုပ္မလို႔လဲ-အေမရာ”
ေအာင္စိုးရင္ထဲမွာလႈိက္ေမာစြာေတြးရင္းဝိုင္းစိန္ဆီၾကည့္ရင္းရွိသည္။ ဝိုင္းစိန္သည္မ်က္ရည္အဝိုင္းသားႏွင့္ေအာင္စိုးအနားလာသည္။ အနားမွာ ထိုင္ရင္းေအာင္စိုး၏လက္မ်ားကိုဆုပ္ကိုင္ထားရွာဆဲ။ေဩာ္ – မုဆိုးမအေမ့ ေမတၱာစြမ္းအားကို နားလည္ေပးရင္း စိတ္မေကာင္းႏိုင္ၾက။ ေအာင္စိုးက ေရာဂါသည္၊ ဝိုင္းစိန္ကကိုယ္ဝန္ႀကီးႏွင့္။ ၿပီးေတာ့ – အေႂကြးေတြႏွင့္။
ဆဲ။
လင္မယားႏွစ္ေယာက္ တစ္ဦးကိုတစ္ဦး ေငးၾကည့္ရင္း ႏႈတ္ဆိတ္ေန
“အေမ – ဘယ္ထြက္သြားတာလဲ – ဝိုင္းစိန္” ေအာင္စိုးအေမးက ေအးစက္စက္။ ခပ္သဲ့သဲ့။
႐ြာေတာင္ဘက္တစ္မိုင္ခန႔္ေဝးသည့္ျမက္႐ိုင္းေတာစပ္ဆီေရာက္ခဲ့ၿပီ။ ျမက္႐ိုင္းေတာသည္ ခ်ိဳးကူသံျဖင့္လႊမ္းၿခဳံေနၿပီးအျခားငွက္မ်ား၏အသံမ်ား ျဖင့္လည္းတန္ဆာဆင္ထားေနဆဲျဖစ္သည္။ ငွက္သံ၊ ခ်ိဳးသံလႊမ္းေနသည့္ ျမက္႐ိုင္းေတာထဲမွာ ထေနာင္းပင္ေတြ၊ တမာပင္ပုေလးမ်ားႏွင့္ ထိန္ပင္။ ခေရပင္ႏွင့္ ေဖ်ာက္ဆိပ္ပင္၊ ေညာင္ပင္မ်ားကို ေတြ႕ရသည္။ ေျမျပင္မွ – ာေတာ့ ခ်ဳံေတြက အျပည့္။ ျမက္႐ိုင္းပင္ေတြ၊ ဆူးျဖဴပင္ေတြက အျပည့္။ ၿပီးေတာ့ေတာင္ပို႔ေတြကလည္းဟိုတစ္ခု၊သည္တစ္ခု။ေတာႂကြက္တြင္းေတြ၊
ေတာေခြးေတြဝပ္က်င္းျပဳရာေတြကလည္းအျပည့္။
ေတာသည္ နက္သထက္နက္လာသည္။
“ဟုတ္တယ္ – မျမေမေရ။ က်ဳပ္ – ျမက္႐ိုင္းေတာထဲေရာက္ေတာ့ အဲဒီ မွာလင္းေႁမြႀကီးႏွစ္ေကာင္ေတြ႕ခဲ့တယ္။အစကက်ဳပ္ဖမ္းဖို႔ပဲ။ အခ်ိန္မရတာနဲ႔ မဖမ္းခဲ့ဘူး။မမျမေမ-ေငြလိုလို႔ဖမ္းခ်င္ရင္အဲဒီျမက္႐ိုင္းေတာကိုသြားလိုက္။ ေတာစပ္ကေနဝင္လိုက္ရင္ေညာင္ပင္ႀကီးနဲ႔ေဖ်ာက္ဆိပ္ပင္ႀကီးယွဥ္ေနတာ
ေတြ႕ရလိမ့္မယ္။ အဲဒီႏွစ္ပင္ၾကားမွာ ေတာင္ပို႔ႀကီးတစ္ခုနဲ႔ ဆူးခ်ဳံတစ္ခု ရွိတယ္။ လင္းေႁမြလင္မယားက ေတာင္ပို႔ထဲမွာ ရွိတယ္ဗ်ာ့။ မမျမေမ – အဲဒီ ႏွစ္ေကာင္သာရရင္အေႂကြးေက်မွာ။ေအာင္စိုးအတြက္ကုန္ထားတဲ့အေႂကြး
ေက်မွာ …”
“အေႂကြးေက်မွာ…”
“အဲဒီႏွစ္ေကာင္သာရရင္..”
“ေအာင္စိုးအတြက္ကုန္ထားတဲ့အေႂကြးေတြ ေက်မွာ …”
မျမေမသည္ျမက္႐ိုင္းေတာသို႔ဝင္ရင္းေအာင္ျမင့္ေျပာသည့္ေညာင္ပင္
ႏွင့္ ေဖ်ာက္ဆိပ္ပင္ႀကီးေတြဆီလာရင္း ေအာင္ျမင့္ လက္ေထာက္ခ်သည့္
စကားမ်ားကို ျပန္ၾကားရင္းရွိသည္။ ၿပီးေတာ့ – ေပးဆပ္ရမည့္အေႂကြးေတြ၊ သားျဖစ္သူ ေနာက္ထပ္ေသာက္ဖို႔ ဝယ္ရမည့္ေငြေၾကးကိစၥကိုေတြးရင္းႏွင့္ မျမေမေျခလွမ္းေတြကသြက္ေနသည္။စိတ္ေတြကေပါ့ေနသည္။ ပခုံးထက္ မွာေတာ့ပလိုင္း၊ လက္ထဲမွာေႁမြဖမ္းဖို႔ခက္ရင္း ေခါင္းထက္မွာ ႏွီးခေမာက္ တစ္လုံး။ ဖိနပ္ကျပတ္လုျပတ္ခ်င္။ ထဘီကခပ္တိုတို။ေခြၽးတို႔က႐ြဲ႐ြဲနစ္နစ္၊ မ်က္လုံးထဲမွာေတာ့ ေဈးေကာင္းေပးဝယ္မည့္ လင္းေႁမြႏွစ္ေကာင္ …။ “ဟင္း…”
မျမေမသည္ ေတြးရင္းႏွင့္ သားျဖစ္သူ၏မ်က္ႏွာကို ျမင္ေယာင္မိျပန္ သည္။ ၿပီးေတာ့ – မျမင္ရေသးသည့္ေျမးျဖစ္သူ၏မ်က္ႏွာကိုပင္ႀကိဳတင္ျမင္ ေယာင္ရင္း ရွိေနသည္။ သို႔ေၾကာင့္ ၿပဳံးမိသည္။ ေဩာ္- မိဘတို႔၏ေမတၱာ၊ အထူးသျဖင့္ – ဘဝႏွင့္ရင္း၊ အသက္ႏွင့္ရင္းၿပီးကိုးလလြယ္၊ ဆယ္လဖြားခဲ့ရ သည့္ အေမ့ေမတၱာဆိုတာ အတိုင္းအတာမသိ ႏႈိင္းစရာပင္မရွိသည့္အခ်စ္ ေတြႏွင့္ရွိေနသည္။ အၿမဲတမ္းေပးဆပ္ေနသည္ဆိုတာမျမေမကမိခင္ပီသ ေအာင္ ျပလိုက္ခ်င္ၿပီ။ သို႔ေၾကာင့္ ေယာက္်ားရင့္မႀကီးေတြ ျပဳလုပ္ရမည့္ ေတာလည္၊ေႁမြဖမ္းအလုပ္ကိုစြန႔္စားၿပီးလုပ္ေတာ့မယ္ဆိုရာလုပ္ရပ္ျပယုဂ္
က သက္ေသမဟုတ္လား။
ေတြးရင္း၊ ၿပဳံးရင္းႏွင့္လာခဲ့ရာ ျမက္႐ိုင္းေတာထဲ ဝင္ေနဆဲ။ အပင္ႀကီး ေတြ ဆူးခ်ဳံေတြ၊ ျမက္႐ိုင္းပင္ေတြ၊ ေတာင္ပို႔ႀကီးေတြကို ေက်ာ္လႊားရင္း ေႁမြေပြးဝပ္ေနတာပဲေတြ႕လိုေတြ႕ျငား၊ သြားေနတာပဲေတြ႕လိုေတြ႕ျငား၊ လင္း ေႁမြကိုပဲ ေတြ႕လိုေတြ႕ျငား၊ ဝန္းက်င္ကိုၾကည့္ရင္း လာဆဲအခ်ိန္ ေအာင္ျမင့္ ၫႊန္ျပရာ အပင္ႏွစ္ပင္အနား ေရာက္ခဲ့သည္။ ေတာအလယ္ေရာက္ေလ တိတ္ဆိတ္ေလ။ ေခ်ာက္ခ်ားစရာေကာင္းေလ။မျမေမသည္ေညာင္ပင္ႀကီး ႏွင့္ ေဖ်ာက္ဆိပ္ပင္ႀကီးႏွစ္ပင္အၾကား ေရာက္သည္ႏွင့္ ရပ္လိုက္သည္။ ေအာင္ျမင့္ေျပာခဲ့သလို ခ်ဳံႏွင့္ေတာင္ပို႔ကို ေတြ႕ရသည္။
“ဟုတ္ၿပီ – ေအာင္ျမင့္ေျပာတာဒီေတာင္ပို႔ပဲ”
မျမေမသည္ ႏွီးခေမာက္ကို ခြၽတ္လိုက္သည္။ ေျမျပင္မွာ ခ်လိုက္ၿပီး ပလိုင္းကိုပါ ခ်လိုက္သည္။ ေႁမြဖမ္းရာ အသုံးျပဳသည့္ခက္ရင္းကို ၿမဲၿမံစြာကိုင္ ၿပီး ေတာင္ပို႔အေပါက္မ်ားကို ၾကည့္သည္။ ၾကည့္ရင္းႏွင့္ ခ်ဳံႏွင့္ မ်က္ႏွာခ်င္း ဆိုင္တြင္ရွိသည့္ ေတာင္ပို႔အေပါက္ဆီကို စူးစိုက္ၾကည့္ေနမိသည္။ ေႁမြဝင္ ထားသည့္ေျပာင္ေခ်ာေခ်ာအရာမ်ားႏွင့္ေႁမြအေရခြံလဲထားသည့္ေႁမြအေရ
ခြံႏွစ္ခုကိုေတြ႕ရသည္။ မျမေမသည္တြင္းေပါက္ေရွ႕မွာရပ္ရင္းနားစြင့္သည္။
ထိုင္လိုက္ၿပီးေတာင္ပို႔အေပါက္နားသို႔နားကပ္ရင္းရွိသည္။
ေတာင္ပို႔ထဲမွာ
တဝုန္းဝုန္းအသံေတြ ၾကားရသည္။ ေလသံေတြ ၾကားရသည္။ ေသခ်ာၿပီ။ ဒီအေပါက္အဆုံးကလိုဏ္ထဲမွာေႁမြရွိသည္။ အသံလည္းၾကားရသည္။ အနံ႔ လည္းရေနၿပီ။ မျမေမသည္စတင္ၿပီးအလုပ္လုပ္သည္။ ခက္ရင္းႏွင့္ ေတ – ာင္ပို႔အေပါက္ကိုၿဖိဳခ်သည္။ ၿပီးသည္ႏွင့္ေက်ာက္စရစ္ခဲေလးငါးလုံးေက- ာက္ယူသည္။ ၿပီးေတာ့- အသင့္ပါလာသည့္မီးျခစ္ကိုအသုံးျပဳရေတာ့မည္။ အမႈိက္မ်ားကို ရွာသည္။ မီးရႈိ႕သည္။ မီးေတာက္ထဲသို႔ ေက်ာက္စရစ္ခဲမ်ား ထည့္လိုက္သည္။ အေတာ္ၾကာသည္ႏွင့္ ေက်ာက္စရစ္ခဲတစ္လုံးခ်င္းကို ညႇပ္ယူၿပီးတြင္းေပါက္ထဲခ်လိုက္သည္။ ခ်ၿပီးသည္ႏွင့္အေပါက္ေဘးမွာရပ္ ေနသည္။ လက္ထဲမွာ ခက္ရင္းက အရံသင့္။ ေႁမြထည့္ဖို႔ပလိုင္းက အရံသင့္။ မၾကာပါ။
ရႉး- ရႉး – ရႉး “ၿဖီးၿဖီး”
ေတာင္ပို႔ထဲမွ ႏွာမႈတ္သံ၊ ေတာသံ ေပးေနသည့္ လင္းေႁမြအသံမ်ားကို ၾကားရၿပီ။ ေက်ာက္စရစ္ခဲအပူရွိန္ေၾကာင့္ တြင္းထဲ မေနႏိုင္ၿပီ။ သို႔ေၾကာင့္ ေဒါသျဖစ္ေနၾကၿပီ။ အျပင္ထြက္ဖို႔ႀကိဳးစားေနၿပီ။ထြက္လာသည့္လင္းေႁမြကို မလြတ္တမ္းဖမ္းဖို႔က မျမေမရဲ႕တာဝန္။ အေႂကြးေက်ဖို႔က မျမေမတာဝန္။ သားျဖစ္သူ ေရာဂါေပ်ာက္ဖို႔က မျမေမတာဝန္။ ဒီေတာ့ – သတ္ကြင္းထဲ ေရာက္လာမည့္ လင္းေႁမြႏွစ္ေကာင္ လြတ္မသြားဖို႔ကအဓိက။ လင္းေႁမြရမွ ေငြရမွ၊ သားျဖစ္သူ ေရာဂါေပ်ာက္မွ။
မျမေမေတြးရင္းလင္းေႁမြထြက္အလာကိုသတၱိခဲရင္းအားအင္ေမြးရင္း
ေစာင့္ေနဆဲ။ “ရႉး….”
ထိုအခ်ိန္ ႏွာမႈတ္သံတစ္ခ်က္ေပးအၿပီး လင္းဝါႀကီးတစ္ေကာင္သည္ ေတာင္ပို႔အေပါက္မွ ထြက္လာသည္။ လင္းဝါႀကီးသည္ ေတာင္ပို႔အေပါက္
ကိုေခါင္းျပဴေနၿပီ။
ပါးစပ္ႀကီးကၿဖဲထားသလိုလွ်ာကတစ္လစ္တစ္လစ္ႏွင့္။
“ဟင္ – လင္းဝါႀကီး – ပြတာပဲ။ ဒီလင္းဝါကပိုၿပီးေဈးႀကီးတယ္”
ေတာင္ပို႔အေပါက္ဝမွ ေခါင္းျပဴေသနည့္ လင္းဝါႀကီးက အေတာ္ႀကီး သည္။ လူႀကီးလက္ေမာင္းခန႔္ရွိမည္။ မျမေမသည္ လင္းဝါႀကီး ေခါင္းျပဴၿပီး အေဝးကိုေျပးထြက္မည္အျပဳ-
“…”
“ဖ်ပ္”
“ၿပီး…”
မျမေမသည္ေတာင္ပို႔ထဲကေန၍အျပင္ေျပးထြက္မည့္လင္းဝါ၏ေခါင္း
ေနာက္ဘက္ဆီသို႔ လက္ႏွစ္ဖက္ႏွင့္ ေျပး၍ဆုပ္လိုက္သည္။ ေႁမြႀကီးက မျမေမကို အၿမီးႏွင့္ပတ္သည္။ ရစ္ဖို႔ႀကိဳးစားသည္။ ႐ုန္းသည္။ မျမေမသည္ ရွိသည့္အားအင္ကို အသုံးျပဳၿပီး ေႁမြကို အပိုင္ခ်ဳပ္သည္။ ရစ္စမ္း။ ပတ္စမ္း။ ကိုက္စမ္း။မျမေမမေၾကာက္၊မလန႔္။စိတ္ထဲမွာေငြ၊သား၏မ်က္ႏွာ၊ၿပီးေတာ့
အေႂကြး၊ မျမင္ရေသးသည့္ေျမး။
“လာခဲ့”
မျမေမသည္ အနီးရွိ ပလိုင္းထဲသို႔ ေႁမြႀကီးကို ခ်လိုက္ၿပီး အဖုံးကို အုပ္ လိုက္၏။ က်န္သည့္တစ္ေကာင္ ထြက္အလာကို ေစာင့္သည္။ မၾကာပါ။ တရႉးရႉး၊ တၿဖီးၿဖီးႏွင့္ ေဒါသံ၊ ေတာသံေပးအၿပီး လင္းဝါတစ္ေကာင္ ထြက္ လာျပန္သည္။ ေစာေစာကအတိုင္းပင္ ေခါင္းပိုင္းေနာက္ကို အမိအရ ဆုပ္ ကိုင္လိုက္သည္။ ဒီတစ္ခါ ဖမ္းခ်က္က မွားသြားသည္။ ေခါင္းေအာက္နား ေရာက္သြားသည္မို႔ လင္းဝါကေခါင္းငဲ့ၿပီးကိုက္သည္။
“အား…”
မျမေမ လႊတ္ခနဲ ေအာ္လိုက္သည္။ သို႔ေသာ္ နာက်င္မႈကို အေရးမျပဳ
အား၊ ဂ႐ုမထား။
က်န္တစ္ဖက္ျဖင့္ေခါင္းေအာက္ပိုင္းကိုဆုပ္ကိုင္ၿပီးပလိုင္း
ထဲထည့္လိုက္သည္။ၿပီးသည္ႏွင့္ပလိုင္းကိုလြယ္လိုက္သည္။ ခေမာက္ကို
ေဆာင္းအၿပီး ခက္ရင္းကိုဆြဲကာ ေတာထဲထပ္တိုးသည္။
တယ္”
“အင္း – ဒီႏွစ္ေကာင္က စားစရိတ္အေႂကြးပဲ ေက်မွာ။ ေဆးဖိုးလိုေသး
႐ုတ္တရက္အေတြးဝင္လာသည့္အတြက္ေနာက္ထပ္ေႁမြရွာရဦးမည္။
ဒီအခ်ိန္မွာ စားစရိတ္အေႂကြးထက္ သားျဖစ္သူအတြက္ ေပးရမည့္ ေဆး အေႂကြးကပိုၿပီးအေရးႀကီးသည္။ ခုအခ်ိန္ – လင္းေႁမြရလည္းေငြ၊ ေႁမြေပြးရ လည္းေငြ။ မွန္သည္၊ ႏွစ္မ်ိဳးစလုံးေငြရႏိုင္သည္မဟုတ္လား။
သိပ္မၾကာပါ။ ဆူးျဖဴပင္အေျခရွိအမႈိက္ေတြ၊ ျမက္ေတြထဲမွာေတာယင္ ႐ိုင္းမ်ား ရွိေနသည္ကို သတိျပဳမိသည္။ သို႔ေၾကာင့္ ခက္ရင္းကို အသုံးျပဳၿပီး ျမက္႐ိုင္းမ်ားကိုဖယ္ၾကည့္သည္။
“ဟင္-ေႁမြေပြးႀကီး”
မွန္သည္။ ေႁမြေပြးတို႔ထုံးစံအတိုင္း အထက္ရႈပ္ ေအာက္ရွင္းသည့္ေန ရာမွာေတာ့ လက္ေမာင္းခန႔္ ေႁမြေပြးႀကီးတစ္ေကာင္သည္ဝပ္က်င္းဖြဲ႕၍ေခြ ေနၿပီ။ သည္ေတာ့ – သတိႏွင့္ကပ္လာသည္။ ေခြေနသည့္ေႁမြႀကီးႏွင့္ လက္ တစ္ကမ္းအကြာမွာရပ္ၿပီး ခက္ရင္းႏွင့္ ေႁမြႀကီး၏ေခါင္းေနာက္ခက္ရင္းခြႏွင့္ ေျမျပင္မွာ ကပ္ထိုးခံရသည့္အတြက္ ေႁမြႀကီးသည္ ၿဖီးခနဲ တစ္ခ်က္အသံျပဳ ရင္းအၿမီးႏွင့္ကိုယ္လုံးႀကီးကဝွီးခနဲျမည္သံျပဳသြားသည္အထိျမက္ပင္ေတြ
ခ်ဳံေတြကို ခါယမ္းသြားေအာင္ပတ္ၿပီး ႐ိုက္ခ်လိုက္သည္။ မျမေမသည္ သား အတြက္၊ အေႂကြးေတြအတြက္ေသမင္းႏွင့္ကစားေနဆဲ။ေႁမြေပြးႀကီးသည္ ေဒါသႏွင့္ ခါယမ္းတိုင္း တြန႔္လိမ္ေနသည္။ အေတာ္ၾကာသည္ႏွင့္ ၿငိမ္သြား
သည္။ လင္းေႁမြကို မေၾကာက္ေပမယ့္ ေႁမြေပြးကိုေတာ့ ေၾကာက္သည္။ မျမေမမွာအကြက္ႀကီးေတြႏွင့္ေႁမြေပြးကိုၾကည့္ရင္းေခြၽးျပန္ေနသည္။
“ဟုတ္ၿပီ – အဲသလိုလုပ္မွ”
မျမေမေတြးသည္။ ေတြးရင္းႏွင့္ေရွ႕ကိုတိုးသည္။ တိုးရင္းႏွင့္ တစ္ဖက္ က ခက္ရင္းႏွင့္ေႁမြကို ေထာက္ထား၊ က်န္လက္တစ္ဖက္က ေႁမြ၏ေခါင္း ေနာက္သို႔ ဖိလိုက္သည္။ ဒီကေန႔ – အဆိပ္ျပင္းေႁမြေတြႏွင့္ (သို႔မဟုတ္) ေသမင္းႏွင့္ ကစားေနျခင္းသည္ ပထမဆုံးအႀကိမ္သာ ျဖစ္သည္။ မျမေမ သည္ ေသမင္းႏွင့္ စစ္ခင္းရင္းရွိသည္ဟု ထင္မေနႏိုင္။ ပန္းတစ္ပြင့္ႏွင့္ ေပြ႕ ဖက္ေနရသည္ဟုထင္ေနမိဆဲ။မျမေမသည္ေႁမြေခါင္းကိုတစ္ဖက္ကအမိ
အရဆုပ္ကိုင္ၿပီးသည္ႏွင့္ခက္ရင္းကိုလႊတ္သည္။ ထိုလက္ႏွင့္ေႁမြ၏ေခါင္း ကိုႏွစ္ဖက္ႏွင့္ညႇပ္ဖိၿပီးပလိုင္းထဲ ထည့္လိုက္သည္။ ေအာင္ျမင္သြားၿပီ။ “ဟူး – ေတာ္ပါေသးရဲ႕။ ေစာေစာကလိုေခါင္းငဲ့ၿပီးျပန္ကိုက္ရင္အကိုက္ ခံလိုက္ရရင္-အို-ငါ-ငါ-ေသလို႔မျဖစ္ဘူး”
ေတြးရင္းႏွင့္ရွိသည္။ မၾကာပါ။ အျခားတစ္ေနရာကိုၾကည့္သည္။ ပထမ ေတြ႕ရသည့္ေႁမြႏွင့္ ေျခလွမ္း ေလးငါးလွမ္းအကြာမွာ ေႁမြေပြးတစ္ေကာင္ ထပ္ေတြ႕သည္။ ဒါက ေႁမြေပြးေတြ၏ထုံးစံ။ ဝပ္က်င္းမွာ ဝပ္ၿပီဆိုရင္ တစ္ ေကာင္ႏွင့္တစ္ေကာင္သိပ္ၿပီးေဝးေဝးမေနၾက။ ထိုေႁမြကိုလည္းေစာေစာက အတိုင္း ဖမ္းအၿပီး ပလိုင္းထဲထည့္သည္။ ၿပီးသည္ႏွင့္ ပလိုင္းကိုလြယ္ၿပီး ေနာက္ထပ္ရွာခဲ့ရာလင္းေႁမြတစ္ေကာင္ထပ္ရသည္။ေနာက္ထပ္လင္းေႁမြ တစ္ေကာင္ ရျပန္သည္။ ပလိုင္းထဲမွာ လင္းေႁမြေလးေကာင္၊ ေႁမြေပြးက ႏွစ္
ေကာင္။
“အင္း- ေနျမင့္ၿပီ- ျပန္မွပဲ။ ဒီဟာေတြေရာင္း၊ အေႂကြးဆပ္။ အို – စား စရိတ္ထက္ ငါ့သားေဆးဖိုးကို အရင္ဆပ္ရမယ္။ အရင္ေဆးေႂကြးေက်မွ ေနာက္ေဆးဖိုးကယုံၾကည္မွာ။ ေဆးဆရာကလည္းလိုက္ၿပီးကုေပးမွာ”
ေတြးရင္းႏွင့္ ျမက္႐ိုင္းေတာက ထြက္ခဲ့သည္။ မျမေမေျခလွမ္းေတြက
သြက္လက္ေနသည္။ ပလိုင္းထဲက လင္းေႁမြေတြႏွင့္ ေႁမြေပြးေတြကေတာ့ လႈပ္ရွားလူးလြန႔္ေနဆဲ။ ေသမင္းေတြ၊ ေငြေတြ၊ အေႂကြးေက်မယ့္ရတနာ
ေတြ။
ေတြးရင္းႏွင့္ ျမက္႐ိုင္းေတာက အထြက္ –
ျမက္႐ိုင္းေတာစပ္မွာ လူတစ္ေယာက္။ “ဘယ္သူပါလိမ့္”
“မျမေမသည္ ထိုလူဆီၾကည့္ရင္းႏွင့္ စိတ္ထဲမွာ ဇေဝဇဝါ။
ထိုလူသည္ အပင္ေျခေတြ၊ ခ်ဳံေတြႏွင့္ ေတာင္ပို႔ေတြ၊ ျမက္႐ိုင္းပင္ေတြ အၾကားကုန္းကုန္းကြကြႏွင့္လႈပ္ရွားရင္းရွိသည္။ အေသအခ်ာၾကည့္ေတာ့ ထိုလူသည္ မျမေမနည္းတူ ေႁမြရွာေနသည့္သေဘာ။ မျမေမသည္ ထိုလူ ႏွင့္ နီးႏိုင္သမွ်နီးေအာင္ လာခဲ့သည္။ ၾကားထဲမွာ အပင္ႀကီးေတြ၊ ခ်ဳံေတြႏွင့္ ေတာင္ပို႔အခ်ိဳ႕ျခားထားသည္မို႔ ျမင္လိုက္၊ မျမင္လိုက္ႏွင့္ရွိသည္။ ထိုလူက ေတာ့ေႁမြရွာဆဲ။ မျမေမလည္းထိုလူ႔ထံလာေနဆဲ။
မၾကာပါ။ ထိုလူႏွင့္ ခဲတစ္ပစ္အေရာက္။ မျမေမသည္ ေဖ်ာက္ဆိပ္ပင္ အေျခကိုကြယ္၍ရပ္သည္။ရပ္ရင္းထိုလူထံၾကည့္ေနသည္။ ၾကည့္ဆဲမွာပင္ ထိုလူသည္ ေႁမြတစ္ေကာင္ ရသြားၿပီ။ ရသည့္ေႁမြကိုေခါင္းေအာက္မွာ ဆုပ္ ကိုင္ထားသည္။ “ဟင္…”
ေႁမြႏွင့္ ထိုလူကို အေသအခ်ာၾကည့္မိသည္ႏွင့္ မျမေမ ႏွလုံးသားေတြ ျပဳတ္က်သြားသည္အထိ ခံစားလိုက္ရသည္။ ေသြးသားေတြ လြင့္စဥ္သြား သည္အထိ ႏွလုံးသားေတြ နင္းေခ်ခံစားခဲ့ရၿပီ။
“လူေလး ေအာင္စိုးပါလား”
မွန္ပါသည္။ မျမေမ ၾကည့္ေနသည့္ ထိုလူသည္ ေအာင္စိုးမွ ေအာင္စိုး ျဖစ္ေနသည္။ေအာင္စိုးရထားသည့္ေႁမြသည္မျမေမဖမ္းလာသည့္ လင္းဝါ
အမ်ိဳးအစား။
“ကိုဘေမာင္ – ကိုဘေမာင္”
သားျဖစ္သူႏွင့္ ဖမ္းထားသည့္လင္းေႁမြ၏ လႈပ္ရွားမႈမ်ားကိုၾကည့္ရင္း မျမေမခမ်ာ ေသသြားၿပီျဖစ္သည့္ ကိုဘေမာင္၏ အတိတ္ဘဝ ပုံရိပ္ဆိုးမ်ား ကို ျပန္ျမင္ေယာင္ေနမိသည္။ ကိုဘေမာင္တစ္ေယာက္ အထြန္မထြက္ရ သည့္ေန႔။ တစ္နည္း- ကိုဘေမာင္ေသမည့္ေန႔ကေတာလည္ထြက္ခဲ့သည္။
ေႁမြရွာထြက္ခဲ့သည္။ထိုသို႔ထြက္ခဲ့ရာတြင္လင္းဝါႀကီးတစ္ေကာင္ဖမ္းမိအၿပီး
လင္းဝါႀကီးကို က်ီစယ္သည့္သေဘာႏွင့္ လည္ပင္းကိုပတ္ထားသည္။ အစ ကေတာ့ လင္းဝါသည္ ၿငိမ္ေနသည္။ ၿငိမ္ရင္းႏွင့္ လင္းဝါရဲ႕အၿမီးက ကိုဘေမာင္ရဲ႕ပါးစပ္ထဲမွာထိုးလိုက္၊ ထုတ္လိုက္၊ ျပန္သြင္းလိုက္ႏွင့္လုပ္ေန သည္။ လင္းဝါ ၏ျပဳမူပုံကို ကိုဘေမာင္က သေဘာက်စြာ ရယ္သည္။ ထိုအခ်ိန္ လင္းဝါသည္ဆတ္ခနဲလႈပ္ရွားလိုက္ၿပီးအၿမီးဖ်ားကိုလည္ေခ်ာင္းဝမွတစ္ဆင့္ ဝမ္းထဲ ေရာက္သည္အထိ ထိုးခ်လိုက္သည္။ ကိုဘေမာင္က လင္းဝါ၏ ခါးပိုင္းကိုကိုင္ ၿပီးဆြဲထုတ္သည္။ မရေတာ့။ ဆြဲမရၿပီ။ ကိုဘေမာင္မွာ ေၾကာက္လန႔္သြားၿပီး ေအာ္ဟစ္အကူအညီ ေတာင္းလို႔မရၿပီ။ ေႁမြကိုယ္လုံး ႀကီးေၾကာင့္ပါးစပ္ႀကီးၿပဲကာမ်က္လုံးျပဴးေနသည္။ ဘိုင္းခနဲေျမျပင္မွာလဲက် သြားၿပီ။ တစ္နာရီအၾကာ ေသဆုံးခဲ့သည္။ ကိုဘေမာင္ေသမွ လင္းဝါသည္ ကိုယ္လုံးကို ျပန္ႏုတ္ၿပီးေတာထဲေျပးဝင္ခဲ့သည္။
“ပရိယာယ္မ်ားတဲ့လင္းဝါ – လင္းဝါက ငါ့လင္ကို သတ္ခဲ့တယ္” ပုံရိပ္အျဖစ္ဆိုးကိုေတြးရင္း အသံထြက္ ေျပာေနသည့္အခ်ိန္ သားျဖစ္ သူသည္ လင္းဝါကို လည္ပင္းမွာ ပတ္လိုက္သည္။ ပရိယာယ္မ်ားသည့္ လင္းဝါက ၿငိမ္ေနရင္းရွိသည္။ ၿပီး – အၿမီးဖ်ားက ေအာင္စိုးကို က်ီစယ္သည့္ သေဘာႏွင့္ တို႔လိုက္၊ ခြာလိုက္၊ ပါးစပ္ထဲ သြင္းလိုက္၊ ေခါင္းေပၚတင္လိုက္ လုပ္ေနၿပီ။
“သား-လူေလး”
မျမေမၾကာၾကာမေတြး။ သားျဖစ္သူထံေျပးခဲ့သည္။
“ဟင္-အေမ”
ေအာင္စိုးလွည့္ၾကည့္သည့္အခ်ိန္ေအာင္စိုးလည္ပင္းမွပရိယာယ္မ်ား
သည့္ လင္းဝါက ေအာင္စိုးပါးစပ္အတြင္း အၿမီးႏွင့္ထိုး၊ လည္ပင္းမွတစ္ဆင့္ အူအသည္းအထိ ထိုးဖို႔ႀကိဳးစားခ်ိန္ –
“ေႁမြကို ခ်- ခ်လိုက္။ လူေလးကို သတ္လိမ့္မယ္”
ေျပးရင္းေျပာ၊ ေျပာရင္းေျပးေနသည့္ မျမေမ။ သားျဖစ္သူအနီးေရာက္ သည္ႏွင့္ သားလည္ပင္းကေႁမြကိုယူၿပီးပလိုင္းထဲထည့္သည္။
“သား-လူေလး”
“အေမ” “သားေလး”
“အေမ-အေမ”
မျမေမသည္ သားကိုေျပးၿပီးဖက္လိုက္သည္။ ေအာင္စိုးက ျပန္ၿပီးဖက္ ထားလိုက္သည္။ ျမက္႐ိုင္းေတာသည္ ေအးခ်မ္းေနသည္။ သို႔ေသာ္မျမေမ ငိုေနသည္။
“သား – ဘာ – ဘာျပဳလို႔ ျမက္႐ိုင္းေတာထဲ လာခဲ့ရတာလဲ။ သားမွာ ငွက္ဖ်ားေရာဂါနဲ႔ေလ – ျဖစ္ရေလကြယ္”
မျမေမရဲ႕အသံက တုန္ခါေနသည္။ ႏွလုံးသည္းပြတ္ဗဟိုမွလာသည့္ အသံမ်ိဳး။
“အေမ – အေမ-ထြက္သြားအၿပီး က်ဳပ္က ဝိုင္းစိန္ကို ေခ်ာ့ေမးေတာ့ ေအာင္ျမင့္ကလင္းေႁမြရွိတဲ့ေနရာေျပာျပတယ္။ အေႂကြးေက်ေအာင္အေမ ေႁမြဖမ္းထြက္သြားတယ္ဆိုတာ သိသိခ်င္းက်ဳပ္အေျပး-ေျပးလိုက္လာတာ” “သားရယ္”
“အဲသလိုလိုက္လာရင္း ဒီေနရာအေရာက္ လင္းဝါႀကီးကိုေတြ႕လို႔ ဖမ္း
ေနတာ”
“ျဖစ္ရေလကြယ္။ အေမ – ဘာမွမျဖစ္ပါဘူး။ သား- တစ္ခုခုျဖစ္မွာပဲ စိုးရိမ္တာ။ သားကိုသိေအာင္ေျပာရရင္ သားမေမြးခင္ကဒီျမက္႐ိုင္းေတာမွာ ဒီလင္းဝါတစ္ေကာင္က မင္းအေဖကို အခ်ိဳသပ္ၿပီး သတ္လို႔ေသခဲ့ရတယ္
Gr…”
“ဗ်ာ..”
ေအာင္စိုး နားမလည္။ သို႔ေၾကာင့္ မျမေမက ျဖစ္ေၾကာင္းကုန္စင္ ေျပာ ျပလိုက္ေတာ့မွ ေအာင္စိုးနားလည္သြားသည္။ ဇာတ္ရည္လည္သြားသည္။ “ဪ- ဒါေၾကာင့္ကိုး”
“ဟုတ္တယ္- သား။ အခုလည္း မင္းဖမ္းထားတဲ့လင္းဝါႀကီးက မင္း အႀကိဳက္လိုက္ၿပီး ပရိယာယ္သုံးေနတာ။ အဲ-မင္း သတိလက္လြတ္ျဖစ္တဲ့ အခ်ိန္ သူ႔အၿမီးက မင္းပါးစပ္ထဲကေနတစ္ဆင့္ လည္ပင္း၊ လည္ပင္းကေန အသက္ရႉလမ္းေၾကာင့္ပိတ္တဲ့အထိလႈပ္ၿပီးသတ္မွာ”
“အဲ-အဲသလိုမ်ိဳးနဲ႔ အေဖေသခဲ့ရတာေပါ့”
“ကဲ-ကဲ-ေတာ္ေတာ့ – ျပန္ၾကစို႔။ လာ-လာ- အေမ့ကိုတြဲခဲ့။ အိမ္က ေနၿပီးျမက္႐ိုင္းေတာအထိေျခလ်င္လာရတာဆိုေတာ့လူေလးေညာင္းေန မွာ။ ေတာ္ပါေသးရဲ႕- လူေလး ဘာမွမျဖစ္လို႔။ ေဩာ္ – အေမ့မွာ လင္းဝါက ေလးေကာင္၊ေႁမြေပြးကႏွစ္ေကာင္ရလာတယ္။ အခု- မင္းရတဲ့တစ္ေကာင္ နဲ႔ဆိုရင္လင္းဝါငါးေကာင္ေပါ့။ ဒါေတြေရာင္းၿပီးေဆးဖိုးဆပ္မယ္။ ေဆးထပ္ ဝယ္မယ္။ လူေလးေရာဂါေပ်ာက္ကိုေပ်ာက္ရေစ့မယ္။ကဲ – ျပန္ၾကစို႔။ သမီး လည္းေမွ်ာ္ေနေရာေပါ့”
ေႁမြမ်ားထည့္ထားသည့္ပလိုင္းကိုျပင္၍လြယ္ရင္းသားျဖစ္သူကိုတြဲရင္း ျပန္ခဲ့သည့္မျမေမ။မိဘေမတၱာ၊မိခင္ရဲ႕ေမတၱာတရားအတိမ္အနက္ကိုေတြး
ရင္းနားလည္ေနမိသည့္ ေအာင္စိုး။
“အ-အ-အေမရယ္”
တီးတိုးေခၚရင္းအေမ့ပါးျပင္ကိုနမ္းမည္ဟုႀကံစည္ဆဲမွာပင္မျမေမက
သားျဖစ္သူ၏ပါးျပင္ကို ဦးစြာနမ္းရင္းၿပဳံးေနသည္။
“သား”
“အေမရယ္”
သားျဖစ္သူ၏လက္မ်ားကိုကိုင္ထားဆဲမွာပင္မျမေမ၏လက္တစ္ဖက္ ကေသြးစက္အခ်ိဳ႕က်ေနဆဲ။ လင္းဝါကိုက္ထားသည့္ဒဏ္ရာမွ ေသြးစက္မွ သည္ ၾကက္ေသြးေရာင္ရင့္ရင့္
မိခင္တစ္ဦးရဲ႕ခ်စ္ျခင္းေသြးစက္ေတြ …။
တြင္းႀကီးသားတင္ဝင္းဦး