အမျှဝေလို့ဆပ်ပါ့မယ်

“အမျှဝေလို့ဆပ်ပါ့မယ်”(စ/ဆုံး)

————————————–

ကျုပ်လည်း တစ်တီတူးတို့၊ တောက် တဲ့တို့၊ ဇီးကွက်တို့နဲ့ အမျိုးတော်ရတော့ မယ်ထင်ပါရဲ့ဗျာ၊

 

ဘာဖြစ်လို့လည်းဆိုတော့…

ကျုပ်ဘဝကျုပ်အကြောင်းကိုပြောတော့မှာမို့ပါ။ ဘာဖြစ်လို့ပြောချင်တာလည်း ဆိုတော့ ကျုပ်ဘဝမှာ မထင်မှတ်တဲ့အချိုးအကွေ့တစ်ခုကြောင့် ပြောင်းလဲခွင့်ကြုံ အောင်ဖန်တီးလုပ်ဆောင်ပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးမမေ့နိုင်လေတော့အမျှ လို့ ကျေးဇူးဆပ်ခဲ့တာ ဒီကနေ့အထိပါပဲဗျာ၊

 

ဘာဖြစ်လို့အမျှဝေပြီး ကျေးဇူးဆပ်နေရတာလဲဆိုတော့… ဒီလို…

 

ပခုက္ကူတစ်မြို့လုံးက ကျုပ်ကို ပွဲစားကြီး ဦးအောင်ရလို့ပဲ သိကြတာဗျ။ အလှူ အတန်းမှာ ရက်ရောတဲ့ ပွဲစားကြီးလို့ပေါ့။တစ်မြို့လုံးကလည်း ကျုပ်အကြောင်းကို သိကြတာဒီလောက်ပဲဗျ။ အော်- အတိတ်ကကျုပ်ဘဝကျုပ်မိသားစုအကြောင်းကို ဘယ်သူမှ မသိကြဘူ။ ဘယ်သူမှ မသိအောင်လည်းကျုပ်တို့က နေခဲ့တာကိုး။ ကျုပ်က ပခုက္ကူသားမှ မဟုတ်တာ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ပြောင်း လာတဲ့ကောင်ပေါ့။

 

ဒီမြို့ကို ပြောင်းလာတာကျုပ်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျုပ် ချစ်လို့မြတ်နိုးတဲ့ယူထားတဲ့ ကျုပ်ဇနီးမိထားရှိလည်း ပါသပေါ့။ ကျုပ်တို့လင် မယားမှာ သားသမီးရတနာရမယ့် ကံဇာတာ မပါလေရော့သလားပဲဗျာ၊ မောင် အောင်ရ ဘဝက ပွဲစားကြီး ဦးအောင်ရဖြစ်လာတဲ့အချိန်ထိ သားလည်းမချီရ၊ သမီး လည်း ပွေ့ဖက်ချော့မြူစရာမရှိ ဖြစ်ခဲ့တယ်၊

 

သတင်းစာ၊ ဂျာနယ်တွေထဲမှာပါတဲ့ ယောက်ျားအားဆေးတွေဝယ်သောက်တာလည်းမရ၊လင်မယားနှစ်ယောက်ဆေးရုံ ဆေးခန်းသွားပြတော့လည်းအကြောင်းမထူး၊သားသမီးရတနာကိုမရ၊ ရတဲ့နည်းနဲ့

ယူမယ်ဆိုပြီးမိထားရနဲ့တိုင်ပင်ပြီးလသားအရွယ် သမီးလေးတစ်ယောက်ကိုအမွေ စားအမွေခံဆိုပြီး မွေးစားလိုက်တယ်။

 

ဘယ်သူကလာပြီးသားသမီးမရှိဘူးလို့ပြောဦးမလဲ၊ကျုပ်တို့လင်မယားမွေးစား

ထားတဲ့ သမီးလေးဟာအခုဆိုရင် ဆယ်တန်းကျောင်းသူလေးဖြစ်နေပြီဗျ။ လသား ကတည်းက မွေးစားထားတာဆိုတော့သမီးရင်းနဲ့ မခြားပါဘူးဗျာ။ မိထားရိကဆိုရင် မွေးစားသမီးလို့ အပြောမခံဘူး၊ သမီးလေး- သမီးလေးနဲ့ နေတာပဲ။

 

သမီးလေးက လည်း အလိမ္မာတုံးလေးဗျ၊ ကျုပ်နာမည်ရယ်၊ မိထားရီနာမည်ရယ် ပါအောင် သမီး လေးနာမည်ကိုထားထားအောင်လို့ ပေးထားတာလည်း ကျုပ် မိန်းမပဲဗျ။ ကျုပ်တို့ လင်မယားပခုက္ကူမြို့ကိုပြောင်းလာခါစကအိုးတစ်လုံး၊ဖျာတစ်ချပ်နဲ့ပေါ့။ ရွှေကူအရှေ့ ရပ်ထဲကဦးမေယဘုန်းတော်ကြီးကျောင်းနားမှာအိမ်ငှားနေကြတာ။အိမ်ငှားနေတာ

ဆိုပြီး အထင်မကြီးလိုက်နဲ့ဦး။ တဲသာသာရှိတဲ့ ဝါးကပ်မို၊ထရံကာ အိမ်လေးပါ။

 

ကျုပ်ကမြို့ရေးထဲမှာကုန်ထမ်းတယ်။ဘောက်အလုပ်သမားပေါ့ဗျာ၊ကျုပ်မိန်းမက ရပ်ကွက်ထဲမှာအကြော်လှည့်ရောင်းတယ်။“ဟောဒိကအကြော်စုံ”လို့ပေါ့ဗျာ၊ ဈေး ထဲမှာပင်ပင်ပန်းပန်းကုန်ထမ်းနေတဲ့ ကျုပ်ကိုကြည့်ပြီး သနားလည်း သနားတယ်။ ဝမ်းလည်းသာတယ်လို့ ပြောရှာတယ်။

 

နဖူးကချွေး ခြေမကျတဲ့အထိအလုပ်လုပ်နေ ရတဲ့ ကျုပ်ကို ကြည့်ပြီး ဝမ်းသာတယ်လို့ ပြောတဲ့ ကျုပ်မိန်းမကို အကြင်နာတရား ကင်းတယ်လို့ မထင်လိုက်ကြပါနဲ့ဗျာ၊

 

သူ့မှာ ဝမ်းသာရမယ့်အကြောင်းရင်းက ရှိနေတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ တစ်ချိန်တစ်ခါကအင်း- ပရက္ကူမြို့ကိုပြောင်းမလာခင်ကာလအရင်နေခဲ့တဲ့မြို့၊ ဘယ် မြို့လဲဆိုတာတော့ မသိချင်ပါနဲ့နော်၊ အဲဒီမြို့မှာကျုပ်က သူခိုးတစ်ယောက်အဖြစ် ဘဝကိုရပ်တည်ခဲ့တာပါ။

 

နေ့မှာတော့ယောင်ခြောက်ဆယ်သမား၊ညမှာတော့သခိုး၊ ကျုပ်က သူခိုးဆိုတော့ မိထားရီက သူခိုးမယားပေါ့၊ ရင်တထိတ်ထိတ်နဲ့ ခိုးစားရတဲ့ ဘဝဆိုတော့ နေရထိုင်ရတာ စိတ်မဖြောင့်ဘူးပေါ့။ သူခိုးအလုပ်လုပ်ဖို့ထွက်သွားပြီ ဆိုရင်အိမ်ပြန်မလာမချင်းအိပ်လို့မရတော့ဘူးလို့မိထားရီကခဏခဏပြောပါတယ်။

 

ဘယ်အချိန် ရဲစခန်းကလာခေါ်မလဲလို့ စိုးရိမ်မိတဲ့အကြောင်း သူခိုးအလုပ်ကို မလုပ် ဖို့အကြောင်း ဘယ်လိုပဲတားတား ကျုပ်က ဒီသူခိုးအလုပ်ကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ်။ပြီးတော့ဒီသူခိုးအလုပ်ကိုဘာကြောင့်ဒီလောက်ခုံမင်နှစ်သက်နေရတာလဲ

ဆိုတာကျုပ်ကိုယ်တိုင်လည်းမသိဘူးဖြစ်နေတယ်။

 

စောရနက္ခတ်နဲ့ယှဉ်ပြီးမွေလာ တာထင်ပါရဲ့ဗျာ။ ခိုးစားရမှ နေလို့ထိုင်လို့ကောင်းသလိုပဲ၊

 

ခိုးလို့ရရင်တစ်လနှစ်လလောက်အေးအေးဆေးဆေးထိုင်စားနေလိုက်တယ်။

 

အဲ -ကျုပ်မှာ ခို၊စားတဲ့အကျင့်ကလွဲရင် ကျန်တာအကုန်ကောင်းတယ်၊ အရက် မသောက်ဘူ။ ဖဲမရိုက်ဘူး။ မိန်းမမလိုက်စားဘူး။ ချစ်လို့ယူထားတဲ့ မိထားရှိကလွဲရင် ဘယ်မိန်းမမှစိတ်မဝင်စားဘူး။အဲဒါတွေကြောင့်လည်း မိထားရီက ကျုပ်ကို ချစ်တာ ဗျ။

 

မိန်းမလိုက်စားဖို့ ဝါသနာပါရင်ကျုပ်ထောင်ကျတာ ကြာလှပေါ့ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊သူများတွေအိပ်ကောင်းတဲ့အချိန်မှာကျုပ်က ဝင်ခိုးရတာ။တစ်ခါ တလေကျုပ်ဝင်ခိုးရတဲ့အိမ်ကမိန်းမတွေများအိပ်နေလိုက်ကြတာဗျာ။ ဖင်ပေါ်ခေါင်း ပါနဲ့ ကိုယ့်အိမ်ကိုယ်ရာဆိုတော့လွတ်လွတ်လပ်လပ်အိပ်ကြတာနေမှာပေါ့။

 

ကျုပ် လိုချင်တာက ထမင်းစားဖို့ဖန်တီးနိုင်တဲ့ငွေလေးကျုပ်က သူခိုးအလုပ်သာလုပ်တာ၊ ဒုသနသောအဖြစ်မခံနိုင်ဘူး။ ပုဒ်မ ၃၇၆တော့ ကြောက်တယ်။ ဒီလိုကိစ္စမျိုးဆိုရင် ဝေါင်ဝေါင်ရှေးပဲဗျို့။

 

ဝါသနာပါလို့ကတော့ မုဒိမ်းမှုရော၊ ခိုးမှုရော၊ ပုဒ်မနှစ်ခုနဲ့ ထောင်နန်းစံရမှာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ အဲ-ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျပ်ခိုးစားလာတဲ့ ကာလအပိုင်းအခြားအတွင်းမှာတစ်ခါမှ အဖမ်းမခံရဖူးဘူးဗျ။ ဘာဖြစ်လို့လည်းဆို တော့ ခိုးလို့ရသမျှ သိုသိုသိပ်သိပ်ပဲ သုံးစွဲတာကိုး။

 

တချို့ခိုးစားတဲ့ကောင်တွေဆိုရင် အချီကြီးတိုးလိုက်တာနဲ့မော်တော်ဆိုင်ကယ်ဝယ်၊တယ်လီဖုန်းဝယ်၊အရက်သောက်၊ ကာရာအိုကေဆိုင်သွားနဲ့ ဖြစ်ချင်တိုင်းဖြစ်၊ မလုပ်ဖူးတာတွေ လျှောက်လုပ်တော့ ခဏလေးနဲ့ အဖမ်းခံကြရတော့တာပဲ။

 

ကျုပ်က ဒီလိုမှမဟုတ်တာ။ ဒီတော့ အဖမ်း မခံရဘူးပေါ့ဗျာ။

မကြာခဏ သူခိုး ခိုးခံနေရတော့ ရပ်ကွက်တိုင်းမှာ ကင်းစောင့်လာကြတယ်။ နိုးနိုးကြားကြား အိပ်လာကြတယ်၊ သူခိုးကင်း၊ မီးကင်းပေါင်းပြီး လူငယ်တွေစုပြီး ရပ်ကွက်လုံခြုံရေးတွေ့လုပ်လာကြပါလေရော။

 

ခိုးစားလို့မလွယ်တဲ့အဖြစ်ကိုရောက် လာတာပေါ့။တစ်လလည်းမဟုတ်၊ နှစ်လလည်းမကတော့ ခိုးထားတာလေးတွေ

ကုန်ပြီပေါ့ဗျာ။

 

ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုသလိုပေါ့။ စားကျက် ပြောင်းမှဖြစ်တော့မယ်ဆိုပြီး စားကျက်ပြောင်းလိုက်တော့မှကျုပ်ဘဝလည်းပြောင်း သွားတော့တာပဲဗျို့။

 

ကျုပ်မိန်းမ မိထားရီ ဝမ်းသာရတဲ့ အကြောင်းရင်းက အဲဒါပဲဗျ၊ ဘဝပြောင်းပြီးပွဲစားကြီးဦးအောင်ရဖြစ်လာနဲ့အောင်ကြုံခဲ့ဆုံခဲ့တာက ဒီလိုဗျ။

 

မြို့ပေါ် မှာခိုးစားရတာမလွယ်တော့၊တောရွာတွေဘက်လှည့်ခိုးဖို့ကြံမိတာပေါ့ဗျာ၊တောရွာ တွေမှာက တောသူဌေးတွေ ပစ္စည်းရှိမှန်း လူသိမခံဘဲ တိတ်တိတ်ပုန်း ချမ်းသာတဲ့ သူတွေရှိနေတယ်။ အဲဒီလို တောသူဌေးတစ်ယောက်ရဲ့အိမ်ကို ဝင်ခိုးလိုက်မိရင် အောင်ရတို့ မိထားရီနဲ့ တစ်လကိုးသီတင်းနပ်နေမှာအသေအချာပေါ့ဗျာ။

 

ဘယ်ရွာကို ဝင်ခိုးရင် ကောင်းမလဲဆိုတာ စဉ်းစားလိုက်တော့ ကျုပ်အတွေး ထဲမှာအောင်ချမ်းသာရွာက ဝင်လာတယ်၊ မြို့နဲ့ ဆယ်မိုင်ကျော်လောက်ဝေးတဲ့ရွာဗျ။ တောသူဌေးတွေ အင်မတန်ပေါတဲ့ရွာပေါ့ဗျာ။ ကိုယ်ပိုင်မီးစက်တွေ မော်တော်ဆိုင် ကယ်တွေနဲ့ အိမ်ခြေတစ်ရာကျော်လောက်ရှိတယ်လို့ ပြောကြတယ်။

 

ကျုပ်က ခိုးဖို့ စိတ်ကူးထားတဲ့ အောင်ချမ်းသာရွာကို တစ်ခေါက်မှ မရောက်ဖူးဘူးဗျ၊ မြို့ရဲ့တောင် ဘက်မှာရှိတဲ့ရွာ၊ကားလမ်းမရှိ၊လှည်းလမ်းပဲရှိတယ်လို့ရောက်ဖူးတဲ့သူတွေကပြော တာပဲ။ ခိုးရမယ့်ရွာကို ရွေးပြီးသွားပြီဆိုတော့ ကျုပ်ရဲ့စီးတော်မြင်း၊ ယောင်လို့ပါဗျာ။ စီးတော်စက်ဘီးလေးကိုအသင့်ပြင်ထားလိုက်တယ်။

 

ဆယ်မိုင်ကျော်ခရီးဆိုတော့ အသွားအပြန် ခြေကျင်ဆိုရင် မလွယ်ဘူးဗျ။ စက်ဘီ၊နဲ့ဆိုတော့အိုကေပေါ့ဗျာ။

လကွယ်ညတစ်ညမှာထားရီကို အာဘွားပေးပြီး အောင်ချမ်းသာရွာကို ထွက် လာတော့ည၁၂နာရီထိုးပြီးနေပြီ။အောင်ချမ်းသာရွာကိုတစ်ခေါက်မှမရောက်ဖူးတော့ ဘယ်လိုသွားရမယ်ဆိုတာကိုမေးမြန်းစုံစမ်းထားရတယ်။လကွယ်ညမို့ထင်ပါရဲ့ဗျာ။

 

မြို့ပြင်အထွက်ကတ္တရာလမ်းပေါ်ရောက်တာနဲ့ လျှပ်စစ်မီးရောင်မရှိတော့ဘူး။ မှောင် နဲ့မည်းမည်၊ အောင်ရတစ်ယောက်တည်းပေါ့။ ဆယ့်ငါးမိနစ်လောက် စက်ဘီ၊နင်းမိ

တော့ကတ္တရာလမ်းကနေတောင်ဘက်ကိုဖဲ့ဆင်းသွားတဲ့လှည်းလမ်းကြောင်းတစ်ခု

တွေ့တာနဲ့လှည်းလမ်းကြောင်းအတိုင်းဝင်သွားလိုက်တယ်။

 

အဲဒီလှည်းလမ်းကြောင်း က အောင်ချမ်းသာရွာကို ရောက်တယ်လို့ ပြောလိုက်ကြတာကိုးဗျ။ အဆိုတော်ကြီး တွံတေးသိန်းတန်ဆိုထားတဲ့ သီချင်းထဲကလိုပါပဲဗျာ။

 

“ညမှောင်မှောင် × × × ကြယ်ရောင်သော်မလင်းတဲ့”ဆိုတဲ့ သီချင်းစာသား အတိုင်းပါပဲ။

 

မှောင်လိုက်တာမှမည်းနေတာပဲ။လှည်းလမ်းကြောင်းဆိုတော့စက်ဘိ၊ စီးလို့မရတော့ဘူ။ တွန်းသွားရတယ်။ အောင်ချမ်းသာရွာကိုတော်တော်နဲ့ မရောက် နိုင်ဘူးဗျာ။ မှောင်မှောင်မည်းမည်းထဲ စက်ဘီးကို တွန်းသွားရတာဆိုတော့ ဒုက္ခ ရောက်လိုက်တာ။

 

လှည်းလမ်းဆိုတော့ ဖုန်တသောသောနဲ့ပေါ့။ ဆယ်မိနစ်လည်း သွားမိရော မီးရောင်တထိန်ထိန်နဲ့ အောင်ချမ်းသာရွာကို လှမ်းမြင်လိုက်ရတော့ ဝမ်း

သာလိုက်တာဗျာ။ အမြင်အာရုံထဲမှာ အလင်းရောင်ကို မြင်လိုက်ရသလို အကြား အာရုံထဲကိုလည်း ဆိုင်းသံ၊ ဗုံသံတွေဝင်လာတယ်။

 

ရွာနဲ့ မလှမ်းမကမ်းရောက်တဲ့ စက်ဘီးကို ချုံတစ်ခုထဲမှာ ဝှက်ထားခဲ့ပြီး ရွာနား ကပ်သွားတာပေါ့။ ခွေးဟောင်သံတောင်မကြားရဘူး။ အောင်ရတို့ကံကောင်းလိုက် ပုံများ၊ အောင်ချမ်းသာရွာဘုရားပွဲရှိတဲ့ညကျမှ သွားခိုးမိတယ်။ တစ်ရွာလုံးဘုရားပွဲ မှာကနေတဲ့ဇာတ်ပွဲထဲ ရောက်နေကြပြီ ထင်ပါရဲ့ဗျာ၊ ကလေးငိုသံတောင် မကြား ရဘူ၊အိမ်စောင့်ကျန်ခဲ့လည်းအဘိုးကြီး၊ အဘွားကြီးတွေပဲရှိမှာပေါ့။

 

လူကြီးဆိုတော့ သန်းခေါင်ကျော်၊ ကြက်တွန်သံ ထွက်လာတာနဲ့ အိပ်တော့မှာ အသေအချာပဲဗျ၊ မိုးလင်းပွဲပြီးလို့ကိုယ့်အိမ်ကိုယ်ပြန်ရောက်တာနဲ့တန်းအိပ်ကြမှာ။အိမ်မှာသူခိုးဝင်ခိုး၊ အဟဲ- အောင်ရဝင်ခိုးသွားတာ ဘယ်သူမှ သိကြမှာမဟုတ်ဘူး၊ နောက်ကျမှ သိကြ မှာ၊ သိတဲ့အချိန်ရောက်တော့ သူခိုးအောင်ရ- အောင်ရသူစိုးက သူ့မယားမိထားရီနဲ့ အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် ဖြစ်နေပြီပေါ့။ နော-လူချမ်းသာတွေနေတဲ့ အိမ်ကိုမှောင်ရိပ်ခိုပြီးလိုက်ရှာလိုက်တာရွာအစွန်မှာသွားတွေ့တာပါပဲ။

 

နှစ်ထပ်အိမ် မည်းမည်းကြီးအိမ်အောက်ထပ်ကတံခါးမကြီးကကျုပ်ကိုဝင်ခဲ့ပါလို့ခေါ်နေသလိုပဲ။

ပိတ်မထားဘူးဗျ။ ကျုပ်လည်းမှောင်ရိပ်ထဲကနေပြီးအိမ်ကြီးထဲမှာလူရှိ၊ မရှိအကဲ ခတ်ကြည့်လိုက်တယ်။

 

တစ်အိမ်လုံးတိတ်ဆိတ်နေတာပဲ။ ဒါနဲ့ကျုပ်လည်းပွင့်နေတဲ့အိမ်ရှေ့တံခါးမကြီး ကတစ်ဆင့် အိမ်အောက်ထပ်ကို ဝင်လိုက်တယ်။ တစ်ရွာလုံးကလည်း ဘုရားပွဲ ရောက်နေကြတာဆိုတော့ ဇာတ်ပွဲတွေထဲကလို ချွတ်နင်းပြီ၊ ဝင်ခဲ့တာပေါ့။ အိမ် အောက်ထပ်တစ်ခုလုံး ဘာပစ္စည်းမှမထားဘူးဗျ။ အိမ်အောက်ထပ်မှ ခိုးစရာပစ္စည်း မရှိတာနဲ့ အပေါ်ထပ်ကို တက်ကြည့်လိုက်တယ်။

 

အပေါ်ထပ်ရောက်တော့ ပြတင်း တံခါးတွေ အကုန်ပိတ်ထားတော့ ဘာမှမမြင်ရတော့ဘူး။ လက်ထဲမှာအသင့်ကိုင် ထားတဲ့လက်နှိပ်ဓာတ်မီးလေးနဲ့ထိုးပြီးကြည့်ရတယ်ဗျာ၊အပေါ်ထပ်မှာလည်းတံခါး ဖွင့်ထားတဲ့ အခန်းနှစ်ခန်းကလွဲပြီး ဘာပစ္စည်းမှ မတွေ့ရဘူး။ အဲ … နောက်တစ်ခု ထူးဆန်းတာက ဘုရားကျောင်းဆောင်မရှိဘူးဗျာ။

 

ကျုပ်လည်းကြာကြာမစဉ်းစား နိုင်ပါဘူး။ ခိုးဖို့လာတာဆိုတော့ အနီးဆုံအ၊ခန်းထဲကို ဝင်လိုက်တာပေါ့။ ကျုပ် ကံကောင်းသွားတယ်ဗျာ။ အခန်းထဲမှာစားပွဲတစ်လုံးပဲရှိတယ်။စားပွဲပေါ်သံသေတ္တာ

တစ်လုံးတင်ထားတယ်ဗျ။သော့ခတ်မထားတဲ့သံသေတ္တာကိုဖွင့်ပြီးလက်နှိပ်ဓာတ်မီး

နဲ့ထိုးကြည့်လိုက်တော့ရွှေဖလားနှစ်လုံးနဲ့ထည့်ထားတဲ့လက်ဝတ်ရတနာတွေပြိုးပြိုး ပြက်ပြက်တွေ့ရတော့တာပဲဗျို့။“ငါတော့ပြီကွ”လို့တိုးတိုးလေးတောင်အသံထွက်

သွားသေးတယ်၊

 

ကျုပ်လည်းဝမ်းသာတာ နောက်ထား ဝတ်ထားတဲ့ ပုဆိုးကိုချွတ်၊ (အဲ-အောက်ခံဘောင်းဘီတိုပါပါတယ်)လိုက်ပြီးစလွယ်သိုင်းလိုက်တယ်။ စလွယ်

သိုင်းထားတဲ့ ပုဆိုးထဲကို ရွှေဗလာ၊နစ်လုံးကို ကောက်ထည့်ပြီး ပုဆိုးကို လိမ်ပတ် ထားလိုက်တာပေါ့ဗျာ၊တခြားဘာပစ္စည်းမှန်းဖို့မစဉ်းစားတော့ဘဲပြေးဖို့ပြင်လိုက်မိ တယ်။

 

အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေပြီးလမ်းပေါ်မှာလူသွားလူလာရှိ မရှိ ချောင်းကြည့်လိုက်တော့မှကျပ်ဒုက္ခရောက်ပြီဆိုတာသိလိုက်ရတယ်။လမ်းပေါ်မှာ

လူမရှိပေမယ့်ခြံထဲမှာ ဧရာမခွေးကြီးတစ်ကောင်ကခြံတံခါးဝမှာငုတ်တုတ်ကြီးထိုင် နသမျှ ဒါနဲ့ အိမ်နောက်ကထွက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ အိမ်နောက်ကြည့်လိုက်ပြန် တော့ခွေးတစ်ကောင်က ငုတ်တုတ်၊အိမ်ရဲ့ဘေးနှစ်ဖက်ကိုပါထပ်ကြည့်လိုက်တော့

မှနှစ်ထပ်အိမ်ကြီးရဲ့လေ၊ဖက်လေးတန်မှာခွေးတွေစောင့်နေတာကိုတွေ့လိုက်ရတော့ ကျုပ်ပါးစပ်က မာစဖူး တ”မိသွားတာကတော့… “ဘုရားကယ်တော်မူပါ”

 

ဒီလိုသူခိုး သူများမျက်ရည်ကျမှထမင်းစားရတဲ့သူခိုးကိုဘယ်ဘုရားသခင်ကမှ ကောင်းချီးပေးမှာ မဟုတ်ပါဘူးဗျာ။ မိုက်မိုက်မဲမဲ ဆင်းပြေးပြန်ရင်လည်း ခွေးကိုက် သေတဲ့မသာဖြစ်တော့မှာ။ခွေးကြီးတွေကလည်းအိမ်အပေါ်ထပ်မျာလူစိမ်းရှိနေတာ ကို သိနေသလိုပဲဗျာ။

 

ပါးစပ်ကြီးတွေဖြဲပြီးမော့ကြည့်နေကြတယ်ဗျာ။ နှစ်ထပ်အိမ် ကြီးရဲ့အပေါ်ထပ်မှာ တောင်ပြေး မြောက်ပြေးနဲ့ အရူးမီးဝိုင်းသလို ဖြစ်နေတာကျုပ် ပေါ့ဗျာ၊ ပြေးရင်းလွှားရင်း စဉ်းစားမိလာတယ်ဗျ၊ ခွေးတွေ အစောင့်ရှိလို့လူစောင့် မထားခဲ့တာပဲ၊ ဒါဆိုရင် ဒီအိမ်ကြီးထဲခိုးဝှိုင်တော့ဒိခွေးလေးကောင်ကဘယ်အလေ နတောသွားနေကြတာလဲ၊

 

ကျုပ်ရွှေဖလားကြီးနှစ်လုံးနဲ့ ရတနာတွေရလို့အိမ်ထဲက ထွက်တော့မယ်ဆိုမှကိုရွှေခွေးကြီးတွေက ရောက်လာတာ ဆန်းသဗျ။ ပြီးတော့ နီနီ ရဲရဲလျှာကြီးတွေ ချွန်တက်နေတဲ့အစွယ်ကြီးတွေနဲ့ ပါးစပ်ကြီးကို ဗြဲထားလိုက်တာ မြင်ရုံနဲ့ ငုတ်တုတ်မေ့သွားနိုင်တယ်။

 

အိမ်အပေါ်ထပ်မှာ ကျုပ် တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိတော့ဘူး။

ကြောက်တာလည်းကြောက်လှပြီ။ လှေကားကခွေးကြီးတွေ့တက်လာမှာကိုလည်း စိုးရိမ်ရသေးတယ်။ အောက်လည်း မဆင်းရဲ။ တော်ကြာ မိုးလင်းရင် အိမ်ရှင်တွေ ပွဲကြည့်ရာကပြန်လာကြတော့မှာစဉ်းစားစမ်း- ရအောင်စဉ်းစားစမ်း၊ ရွေးကိုက်ခံပြီး သေမလား၊အမယ်လေး- စဉ်းတောင်မစဉ်းစားရဲဘူး။ဒါဆိုဘာလုပ်မလဲ၊ကျုပ်ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်တယ်။

 

အဖမ်းခံမယ်၊ ခွေးကိုက်လို့ သေသွားရင် ကျုပ် ချစ်တဲ့ မိထားရှိ နဲ့ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလေ။ အဲဒီလို အဖမ်းခံမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ကျုပ် ဝင်မကြည့်ရ သေးတဲ့အခန်းထဲကိုလက်နှိပ်ဓာတ်မီးလေးထိုးကြည့်လိုက်တော့စောင်းခြင်ထောင်၊ ခေါင်းအုံးတွေနဲ့ အသင့်ပြင်ထားတဲ့ ခုတင်တစ်လုံးကို တွေ့လိုက်ရတယ်။

 

ငုတ်တုတ် ထိုင်ပြီး အဖမ်းခံမယ့်အစားအိပ်ရေးဝအောင်အိပ်ပြီးမှအဖမ်းခံမယ်ဆိုပြီး ခုတင်ပေါ် တက်အိပ်လိုက်တယ်။

 

ပုဆိုးစလွယ်သိုင်းထဲမှာထည့်ထားတဲ့ရွှေဖလားကြီးနှစ်လုံးနဲ့

ရတနာပစ္စည်းတွေကိုပိုင်ဆိုင်ခွင့်မရနိုင်တော့ဘူးဆိုတာအသေအချာသိနေပေမယ့် လောဘစိတ်ကြောင့် မြင်သာမြင်၊ မကြင်ရာ မဖြစ်လေအောင် ရင်ခွင်ထဲ ပိုက်ထား လိုက်မိတယ်။

 

အခုတော့ ကျုပ်ဘဝက ခွေးလေးကောင်ကိုက်သတ်မှာ ကြောက်တာနဲ့ အဖမ်း ခံရမယ့်ဘဝရောက်သွားပြီမဟုတ်လားဗျာ၊ ဒါတောင် သဘောကောင်းတဲ့အိမ်ရှင်နဲ့ တွေ့မှအရိုက်အနှက်မခံရမှာ၊ခွေးကြီးတွေကလည်းနွားပေါက်လေးလောက်ရှိတယ်။

 

ကျုပ်ဖြင့် ခွေးတွေကိုကြည့်ရင်း ကြည့်ရင်းနဲ့ ကျောထဲမှာ စိမ့်ပြီးကြောက်လာတယ်။ ကျုပ်အဖြစ်၊ အောင်ရအဖြစ်ကို မိထားရှိသာမြင်ရလို့ကတော့ ငိုမှာ အသေအချာ ပါပဲဗျာ။ပြီးတော့ ဒီသူခိုးအလုပ်ကို မလုပ်တော့ဖို့အတင်းတားမှာဗျ။ကျုပ်ကိုယ်တိုင် လည်းအခုလို ဒုက္ခနဲ့တွေ့လာတော့ ငတက်ပြားအလုပ်ကို စိတ်ကုန်သွားတယ်။

 

မှောင်မှောင်မည်းမည်း အလင်းရောင်မရှိတဲ့ အခန်းထဲမှာ တောင်တွေးမြောက်တွေး နဲ့ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါဘူးဗျာ၊ ဆူဆူညံညံနဲ့ ငှက် အော်သံတွေကြောင့် ကျုပ် လန့်နိုးသွားတယ်။ မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက် တော့တော်တော့်ကိုအံ့ဩသွားမိတယ်။အဖမ်းလည်းမခံရဘူး။

 

ပြီးတော့ညကကျုပ် ဝင်ခိုးခဲ့တဲ့ အိမ်ကြီးထဲမှာ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိ တော့မှပိုကြောက်သွားပါတော့တယ်။ မြေပုံမို့မို့တွေပြိုကျပျက်စီးနေတဲ့အုတ်ဂူတွေ၊ ဟိုတစ်ချောင်းသည်တစ်ချောင်းလူ့အရိုးတွေနဲ့ဝိုင်းပတ်ထားတဲ့ဇရပ်ပျက်ကြီးတစ်ခု ထဲ ရောက်နေပါလေရောဗျို့

 

နှစ်ထပ်အိမ်ကြီးရော၊ ညက ကျုပ်အိမ်ခဲ့တဲ့ စောင်၊ ခြင် ထောင်၊ ခေါင်းအုံးအပြည့်အစုံနဲ့ ခုတင်ကြီးရောပျောက်နေပြီ။ ကျုပ်က ဖုန်တသော သောနဲ့ ဇရပ်ကြမ်းပြင်ပေါ်မှာ ပုဆိုးစလွယ်သိုင်းနဲ့ အိပ်ပျော်နေခဲ့တာပါလားဗျာ၊ အုတ်ဂူအပျက်တွေ ပတ်လည်ဝိုင်းနေတဲ့ ဇရပ်ပျက်ကြီးပေါ်မှာ ညက ကျုပ်တစ် ယောက်တည်း အိပ်နေခဲ့တာပေါ့၊

 

အစွယ်ဖွေးဖွေးနဲ့ ခွေးကြီးတွေကိုလည်း မတွေ့ရ တော့ဘူး။ ဘယ်လိုဖြစ်တာလဲ၊ တစ္ဆေခြောက်တာလာ။ ညက တွေ့ခဲ့တဲ့ မီးရောင် တထိန်ထိန်နဲ့ အိမ်ကြီ၊အိမ်ကောင်းတွေလည်း ပျောက်မလှ ပျောက်သွားနေတယ်။

 

ကျုပ်ဝင်ခိုးတဲ့ရွာဟာအောင်ချမ်းသာရွာမှဟုတ်ရဲ့လား။ သည်တော့မှ စဉ်းစားမိသွား တယ်၊ ညက မှောင်နဲ့မည်းမည်းမှာ မျက်စိလည်လမ်းမှာ၊ပြီး အောင်ချမ်းသာရွာကို မရောက်ဘဲကျတ်တွေနေတဲ့ကျတ်ရွာထဲရောက်သွားတာဖြစ်မယ်လို့ပေါ့ဗျာ။

 

သည် တော့မှကျုပ်ခိုးလာတဲ့ရွှေဖလားနှစ်လုံးရှိမှရှိသေးရဲ့လားဆိုပြီး စလွယ်သိုင်းထားတဲ့ ပုဆိုးပေါ်ကနေ စမ်းကြည့်လိုက်တော့ ရွှေဖလားနှစ်လုံးကို စမ်းမိတယ်ဗျ။

 

စိတ်ထဲမှာ သင်္ကာမကင်းဖြစ်လာတာနဲ့ စလွယ်သိုင်းထားတဲ့ပုဆိုးကိုဖြုတ်လိုက်ပြီးခိုးယူလာတဲ့ ရွှေဖလားနှစ်လုံးကို ထုတ်ကြည့်လိုက်တာပေါ့ဗျာ။

 

“အောင်မယ်လေးဗျာ”

 

လို့အော်ပြီးကျုပ်လက်ထဲမှာရှိနေတဲ့ ရွှေဖလားနှစ်လုံ၊ မဟုတ်တော့တဲ့မီးသွေး ခဲတွေနဲ့ ပြည့်နေတဲ့ လူ့အရိုးခေါင်းနှစ်လုံ ၊ ဖြစ်နေတယ်ဗျို့။

 

ဒီတော့ ကျုပ် အဲဒီအရိုး ခေါင်းနှစ်လုံးကို လွှင့်ပစ်ပြီးဇရပ်ပျက်ပေါ်က ဒရောသောပါး ဆင်းပြေးမိတော့တာပါပဲ။တစ်ညလုံးသင်္ချိုင်းအလယ်ကဇရပ်ပျက်ပေါ်မှာအရိုးခေါင်းနှစ်ခုကိုရင်ခွင်ထဲထည့် ပြီ၊ အိပ်ခဲ့တာပါလာ၊လို့ တွေးမိပြီး ကြောက်လိုက်တာဗျာ။

 

နောက်ကြောင်းကို ပြန် မကြည့်ဘဲပြေးလိုက်တာ သင်္ချိုင်းအပြင်ဘက်ရောက်တဲ့အထိပဲ၊ သင်္ချိုင်းအပြင်ဘက် ရောက်တော့ချုံတစ်မျိုထဲမှာညကကျုပ်ဝှက်ထားတဲ့စက်ဘီးကိုပြန်တွေ့လိုက်ရတယ်။

 

စက်ဘီးကိုပြန်ယူပြီးကတ္တရာလမ်းပေါ်ရောက်တဲ့တွန်းလာခဲ့ရတယ်။အိမ်ပြန်ရောက်

တော့ကျုပ်တွေ့ခဲ့ ကြုံခဲ့တာတွေကို မိထားရှိကိုပြန်ပြောပြလိုက်တယ်။

 

တော်သေးတာပေါ့တော်၊ ဂုတ်ချိုးစားတဲ့ သရဲတွေ၊ သဘက်တွေနဲ့ မတွေ့ဘဲ ကျတ် တွေနဲ့ပဲတွေ့လာလို့ပေါ့။အဲဒါကျတ်တွေကသူခိုးအလုပ်မလုပ်ဖို့သတိပေးလိုက်တာ

နေမှာလို့ ကျုပ်ကို ပြောပါတယ်၊ အောင်ချမ်းသာရွာကို ခိုးဖို့သွားတာ အောင်ချမ်းသာ ရွာကိုမရောက်ဘဲကျတ်တွေနေတဲ့ကျတ်ကုန်းကိုရောက်သွားပြီးအရိုးခေါင်းနှစ်လုံး

ကိုရွှေဖလားနှစ်လုံးထင်ပြီး

ခိုးခဲ့မိတဲ့ကျုပ်ဟာအဲဒီနေ့အဲဒီအချိန်ကစပြီးသူခိုးအလုပ်

ကို စွန့်လွှတ်လိုက်တယ်။

 

ပြီးတော့ ပခုက္ကူမြို့သို့ ပြောင်းပြီး၊ ဘောက်အလုပ်သမား ဘဝကနေ ပွဲစားကြီးဦးအောင်ရဖြစ်အောင် ကြိုးစားခဲ့ရတယ်ဗျာ၊

အဲ- ပွဲစားကြီးဖြစ်လာတော့လည်းကျုပ်ဘဝကိုပြောင်းလဲစေခဲ့တဲ့ကျတ်တွေကို ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေနေတာ ဒီကနေ့အထိပါပဲဗျာ။

 

ပြီးပါပြီ