အမျှအတန်းဝေပေးပါ(စ/ဆုံး)
—————————-
ပြာသို၊တပို့တွဲလတို့၏ ခိုက်ခိုက်တုန်းအောင် ချမ်းလှသည်ု့ ဆောင်းတွင်းကာလ၏ နံနက်ခင်း
အချိန်ကာလ၌ မြူနှင်းမျာက ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးအုပ်လျက်ရှိသည်။
နှင်းတို့ကျရောက်နေသည်မှာ အနီးအနားကလူကိုပင် အသေအချာ မမြင်ရလောက်သည့်အထိရှိ၏။ ထိုအချိန်ဆောင်းတွင်း၏ အေးစိမ့်မှု့ကို အန်တုရင်း နံနက်စောစော စာထကျက်နေသည့်
အထက်တန်းကျောင်းသား ချစ်ဦး မှာမူ
ချမ်းပုံပင်မပေါ်။
မျက်နှာသစ်ပြီးနောက် စာကြည့်စာပွဲဝိုင်း၌ ထိုင်ရင်း စာကျက်နေလေ၏။ သမိုင်းစာအုပ်အား ဖတ်ရန်
လှန်ကြည့်လိုက်ချိန် ရုတ်တရက်ထွက်ကြလာသည့် စာရွက်အပိုင်းအစအား ဖတ်ကြည့်မိ၏။
ခေါင်းစဉ်ရေးထားသည့် စာအားဖတ်ကြည့်ရင်
ပြုံးလိုက်မိသည်။
“ဆရာတော်ဘုရား သင်ပေးသည့် သရဲတစ္ဆေမြင်နိုင်သည့်ဂါထာ”
ထိုခေါင်းစဉ်အား ကြည့်ရင်းဘုန်းကြီးကျောင်းသား ဘဝကိုပြန်ပြီသတိရမိလေ၏။
“ဆရာတော်ဘုရား သရဲတစ္ဆေဆိုတာ တကယ်ရောရှိရဲ့လား ဘုရား”
ချစ်ဦးလည်း ဆရာတော်ဘုရားအား နင်းနှိပ်ပေး
ရင်း သရဲတစ္ဆေအကြောင်း မေးလေ၏။
“မင်း ဗုဒ္ဓဘာသာမဟုတ်ဘူးလား”
“အဲတာနဲ့ဆိုင်လို့လား ဘုရား တပည့်တော်က
အပြင်မှာတကယ်မြင်ရမှာ ယုံမှာဘုရား”
“တယ်ခက်ပါလား တို့များဘုရားအရှင်က ၃၁ ဘုံကိုဟောပြောခဲ့သလို့ အပယ်လေးဘုံကို
ဟောခဲ့တယ်မလား”
“တင်ပါဘုရား”
“အိမ်း. အပါယ်လေးဘုံမှာပါတဲ့ ငရဲ၊ ပြိတ္တာ ၊
တိရစ္ဆာန် ၊ အသူရာကယ် ရယ်လို့ရှိတယ်မလား
တကယ်တော့ ပြိတ္တာဆိုတာ မင်းပြောတဲ့ သရဲ၊
တစ္ဆေ၊မှင်စာ၊ကျတ်တို့ပဲ ”
“တင်ပါဘုရား”
“ကဲ့ဒါဆို သရဲတစ္ဆေ ရှိမရှိကို မေးနေစရာလိုသေးလို့လား”
“ဒါဆိုတပည့်တော်သူတို့ကို ဘာကြောင့်မမြင်ရတာလဲ”
“မင်းဘုန်းကံမြင့်နေလို့နေမှာပေါ့ တကယ်လို့
သူတို့က အမျှလိုချင်ရင် ကိုယ်ထင်ပြတတ်
ကြတယ် တကယ်တေါ့ သူတို့ရှိနေတယ်ဆိုပြီး
သတိပေးရုံလေပဲ သူတို့ဘဝက အရမ်းသနားဖို
့ကောင်းပါတယ် ဒါကိုလူတွေက သရဲခြောက်တယ်
ဆိုပြီပြီး ပြောနေကြတယ် မင်းတွေ့ရင်လည်း
သူတို့အတွက် အမျှဝေပေးလိုက်ပေါ့”
“သူတို့ကိုမြင်နိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလားဘုရား”
“စာအုပ်ပေါ့်ရေးမှတ်ထားကွဲ့ ဘုန်းဘုန်း သရဲတွေကိုမြင်နိုင်တဲ့ ဂါထာသင်ပေးမယ် ဂါထာကို
မနက်(၇)ခေါက် ည(၇)ခေါက် ရွတ်ပါ
သက်သတ်လွတ် စားပြီးရွတ်ရင် အကျိုးထူးပါလိမ့်မယ်”
ချစ်ဦးလည်း စာရွက်အပိုင်းအစပေါ်၌ ဂါထာတော်အားရေးမှတ်ထားမိလေ၏။ ဆရာတော်ဘုရားလည်း နှုတ်တိုက်ရွတ်ခိုင်းသဖြင့်
ဥာဏ်ကောင်းသူပီပီ အလွတ်ရနေလေ၏။စိတ်ထဲ၌ စွဲမှတ်နေ၏။
………………………………………………………….
“သားချစ်ဦး စာကျက်သံလည်း မကြားရပါလား
ဘာလုပ်နေတာလဲ စာမကျက်ဘူးလား”
“ဘာမှမလုပ်ဘူးအမေ ခုမှကျက်မှာ”
ချစ်ဦးလည်း မိခင်၏ အသံကြားသဖြင့် ဖတ်လက်စ ဂါထာစာရွက်အား သမိုင်းစာအုပ်၌ ပြန်ညှပ်ထားလေ၏။
ထိုနေ့မှစ၍ ချစ်ဦးလည်း သက်သတ်လွတ် စားပြီး ဂါထာတော်အား မနက် ၇ခေါက် ည၇ခေါက်
ရွတ်လာသည်မှာ ၆ ရက်လွန်ပြီး
၇ ရက်မြောက်သောနေ့သို့ ရောက်ရှိလာလေပြီ။
သို့သော် ဘာမှထူးခြားမလာပေ။ ချစ်ဦးလည်း
ဂါထာတော် ယုံယုံကြည်ကြည်ဖြင့် ဆက်ရွတ်မြဲ
ရွတ်နေလေ၏။ တစ်နေ့တော့ သူမြင်ချင်သည့်
သရဲတစ္ဆေတို့အား မြင်ဖို့ကံအကြောင်း ဖန်လာခဲ့
လေသည်။
“သားလေး မနက်ဖြန်ကျောင်းပိတ်တယ်မလား”
“ပိတ်တယ်လေအမေ မနက်ဖြန်က စနေနေ့လေ”
“အင်း ဒါဆိုရင်အဆင်ပြေတယ် မနက်ဖြန်
ညောင်ကန်ရွာက မင်းအစ်မကို ဆိုင်ကယ်နဲ့သွား
ကြိုလိုက်အုံး ဒီကိုအလည်လာချင်တာတဲ့
သူ့ယောကျာ်းက အလုပ်မအားဘူးဆိုလားပဲ”
“အခုသွားလိုက်မယ်လေ မိုးချုပ်တာနဲ့ညောင်ကန်
ရွ ာ ရာက်တာနဲ့အတော်ပါ့ နက်ဖြန်မှ ပြန်ခဲ့မယ်
လေ”
“အချိန်မတော်ကြီး ဖြစ်နေမှာပေါ့ လမ်းမှာ
ဆိုင်ကယ်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မှာ
တောင်တက်တောင်ဆင်းကလည်း များပါပိနဲ့
သွားရမဲ့ခရီးက နည်းတာမဟုတ်ဘူး မနက်မှ
အစောကြီးသွားပါလား”
“အခုပဲ သွားလိုက်ပါ့မယ်ဗျာ”
ချစ်ဦးတစ်ယောက်မိခင်အား မရမက ပြောပြီး
အိမ်အောက်မှ ထိုးရပ်ထားသည့် ဆိုင်ကယ်အား ထုတ်နေလေ၏။
ထို့နောက်အနွေးထည်အား ဆိုင်ကယ်တူးပေါက်(tool box)ထဲထည့်ရင်း ညောင်ကန်ရွာသို့ထွက်ခဲ့လေ၏။
ဆောင်းတွင်းကာလပေမို့ အနွေးထည်လည်း
မယူပဲမနေရ ၊ ညအချိန်ဆိုင်ကယ်မောင်းရင်
မြူနှင်းများနှင့် အလွန်ပင်အေးလွန်းလေ၏။
ချစ်ဦးလည်း ညောင်ကန်ရွာသို့ ဆိုင်ကယ်
မောင်းရင်းထွက်လာရာ “ဝဇီခင်တန်း ”လို့ခေါ်
နေကြသည့် ရှည်လျားလွန်းသော ခင်တန်းသည် သစ်ပင်များနှင့် ထူထပ်လွန်းပြီး ထိုခင်တန်းမှာမူ ခန့်မှန်းခြေအားဖြင့် ၃မိုင်ခန့်ရှည်လျားလွန်းသည်။
ထိုနေရာတွင် ဆိုင်ကယ်သာတစ်ခုခုဖြစ်ရင် မတွေးဝန်းစရာပင်။သို့သော် ချစ်ဦးမှာမူ ၎င်း၏ဆိုင်ကယ် ကောင်းမွန်မှုအား စိတ်ချသည်ထင်ပုံရ၏။
စိတ်မှလည်း ဂါထာတော်အား ရွတ်မြဲရွတ်နေ၏။
ဂါထာတော် ၇ခေါက်မြောက်အခါ၌ ချစ်ဦး၏
ဆိုင်ကယ်မှာ နောက်မှ ဆွဲထားသကဲ့သို့ပင် ရှေ့သို့မသွားဘဲ ထိုးရပ်သွားလေသည်။
အချိန်ကလည်း တဖြည်းဖြည်းနဲ့မှောင်ရီစ ပြုလာလေ၏။ ဆိုင်ကယ်ကလည်း ရှေ့ဆက်သွား၍မရဘဲ
ဖြစ်နေသဖြင့် ဆိုင်ကယ်အားပစ်ထား၍
ညောင်ကန်ရွာသို့ခြေကျင်သာ ခရီးဆက်ခဲ့လေ၏။
“အူး..အူး…အူး..”
တောအတွင်းမှ တောခွေးတို့၏ ဆွဲဆွဲငင်ငင်အူ
လိုက်သည့် အသံတို့ကြောင့် ချစ်ဦးလည်း
ကြက်သီးမွေးမျှင်းများ ထနေလေပြီ။
လှမ်းနေသောခြေလှမ်းများအားလည်း ယခင်က
ထက်မန်အောင် ခပ်သုတ်သုတ် လျှောက်မိ
နေသည်။
လမ်းဘေးရှိ ကညင်ပင်အောက်ရောက်မှသာ
ဆွဲဆွဲငင်ငင် အူနေသည့် တောခွေးများ၏ အသံသည် လုံးဝပျောက်ခြင်းမလှပျောက်သွားလေ၏။
ထို့နောက် ချစ်ဦးလည်း ဘေးဘီကို
ဝှေ့ကြည့်လိုက်သောအခါ အရောင်မှေးမိန်လက်
ရှိသော မီးရောင်ထွန်းလင်းသည့် မုဆိုးတို့၏
တဲအိမ်လေးအား တွေ့ရ၏။
ချစ်ဦးလည်း ဆောင်းရာသီ၏ အေးစိမ့်သော
ဒဏ်ကို မခံနိုင်သဖြင့် မုဆိုးတို့ တဲအိမ်ရှိရာသို့
ခပ်သုတ်သုတ်သွားလေသည်။ တဲပိုင်ရှင်တို့အား ညအိပ်ခွင့် ခွင့်တောင်းပြီး မနက်မှ ညောင်ကန်သို့ သွားရန်ဆုံးဖြတ်ရလေသည်။
“ဗျို့ ဦးလေး ”
တဲအိမ်အောက်ရှိ မီးဖိုဘေးမှ ထိုင်နေသည့်လူအား ချစ်ဦး လှမ်းခေါ်လိုက်သည်။
“ဒီညဒီမှာ နားခွင့်ပြုပါဗျ ကျွန်တော်နာမည်ချစိဦးပါ,
ညောင်ကန်ရွာသွားမလို့လမ်းမှာဆိုင်ကယ်ပျက်သွားလို့ပါ”
“လာလေ ”
“ဟုတ်”
“ဒီမှာနေတာ ဦးလေး တစ်ယောက်တည်းလားဗျ”
“မဟုတ်ပါဘူး ဦးလေးသူငယ်ချင်းပါသေးတယ်
တောထဲသွားနေလို့ ခဏနေလာလိမ့်မယ်”
“ဟုတ်ကဲ့ ”
“ကဲ့ ကလေးမင်းလည်း ပင်ပန်းလှပေါ့
တဲပေါ်တက်အိပ်လေ စောင်ပါးပါးလေး
တစ်ထည်ရှိတယ် အဲ့တာ ခြုံအိပ်လိုက်”
“ဦးလေးက ဘယ်သွားမှာမို့လို့လဲ”
“ဘယ်မှ မသွားပါဘူး ဒီမှာရှိနေမှာပါ
ဒါနဲ့ မင်းက ညောင်ကန်ရွာကို သွားမှာဆိုတော့
ဘယ်သူအိမ်များလဲကွဲ့”
“ကျွန်တော်က သပြေတန်းရွာကပါ ညောင်ကန်ရွာက အစ်မအေးမြင့်တို့အိမ်သွားမလို့ ဘာလို့လဲ
ဦးလေး”
“မေးကြည့်တာပါ ဦးလေးတို့လည်း ညောင်ကန်
ရွာသားတွေလေ ဟောဟိုမှာ
ဦးလေးသူငယ်ချင်းတောင် ပြန်လာပြီ”
“ဟုတ်ကဲ့ ”
“ဘယ်က ကလေးလည်း ထွန်းမောင်”
ချစ်ဦးတို့ မီးလှုံနေရာ မီးဖိုအနားရောက်သည့်နှင့် ၎င်းနှင့် စကားပြောနေသော ဦးလေးတစ်ယောက် ညွန့်ပြလိုက်သည့်လူမှ ချစ်ဦး၏ နေရပ်ကို
မေးမြန်းလေ၏။
“သပြေတန်းရွာကဆိုလားပဲ ညောင်ကန်ရွာ
သွားမလို့ လမ်းမှာ ဆိုင်ကယ်ပျက်သွားလို့တဲ့လေ”
“ဪ အေး အေး ငါ့တို့ကိုကူညီမဲ့လူရောက်လာတာပဲ”
“ကျွန်တော် ဘာကူညီပေးရမလဲ ”
လူကြီးနှစ်ယောက်၏ စကားပြောဆိုနေသည့်
ကြားမှ ချစ်ဦးလည်း ကြားဖြတ်၍ မေးလိုက်သည်။
“အခုတော့ မလိုသေးပါဘူး ငါ့တူရာ ဦးလေးတို့
လိုအပ်တဲ့ အချိန်ရောက်ရင်ပြောပြမယ် ထမင်းရော စားခဲ့ပြီလား”
“ဦးလေး ပြောမှပဲ ဗိုက်က ဆာလာသလိုပဲ ”
“ဆာရင်လည်း တဲပေါ်တက်စား
တောင်ဆိတ်သားခြောက် မီးဖုတ်ထားတာ ရှိသေးတယ် ”
“ဟုတ် ကျေးဇူးပဲ ဦးလေး အခုလို တဲမှာ နားခွင့်
ပေးတဲ့အတွက်ရော ထမင်းကျွေးတဲ့အတွက်ရော”
ထို့သို့ ပြောကြားပြီးနောက် ချစ်ဦးလည်း တဲပေါ်
တက်ပြီး ထမင်းခူးခပ်စားလေ၏။ ချစ်ဦး
ထမင်းစားနေချိန် မုဆိုးဦးလေးနှစ်ယောက်က တဲအောက်၌ စကားတတွတ်တွတ်ပြောနေကြ
လေ၏။
တစ်ချို့ စကားသံ
များ၌ ချစ်ဦး၏ နာမည်ပါလာတတ်၏။
ထို့့နောက် ချစ်ဦးလည်း ထမင်းစားပြီးသည်နှင့် တဲအောက်သို့ဆင်း၍ စကားပြောရန် ဆင်းလာ
လေ၏။
“ထမင်းရော စားကောင်းရဲ့လား ဦးလေးတို့က
မုဆိုးတွေဆိုတော့ ဟင်းရေသောက်က မပါတော့
ထမင်းတော့ နှင်နေမှာ သေချာတယ်”
“ရေသောက်ပြီး မြိုချလိုက်ပါတယ် ဒါနဲ့
တောင်ဆိတ်သားက စားကောင်းသားပဲဗျ”
“ကဲငါတူ တဲမှာနေချင်နေခဲ့ ဦးလေးတို့က ဒီည
လင့်စင်စောင့်ရမှာ အဲ့တာသွားလိုက်အုံးမယ်
မင်းတစ်ယောက်တည်း နေရဲတယ်မလား ”
“ဟုတ် ဦးလေးတို့ သွားစရာရှိတာကို စိတ်ချ
လက်ချသာ သွားကြပါ ကျွန်တော်အတွက်တော့
စိတ်မပူပါနဲ့”
“ကဲ ဒါဆိုလည်း ဦးလေးတို့ သွားပြီနော်”
စကားပြောဆိုပြီးနောက် တဲရှင်ဖြစ်သည့်
မုဆိုးနှစ်ဦးတို့လည်းချစ်ဦးအား တစ်ယောက်တည်း ထားခဲ့ပြီး တောထဲသို့ ဒူးမီးသေနတိနှင့်ဓာတ်မီး
ကိုင်ပြီး ဝင်သွားကြသည်။
ချစ်ဦးလည်း ခဏမျှမီးလှုံပြီးနောက် တဲပေါ်တက် အိပ်လေ၏။ သို့သော် ချစ်ဦး၏ မျက်လုံးအစံ ုတို့သည် အိပ်စက်၍ မရခဲ့ပေ။
နေရာဒေသစိမ်းသဖြင့် မည်သို့မျှ
အိပ်ပျော်အောင် အိပ်သော်ငြားလည်း မျက်လုံးတို့
မှာ အိပ်စက်ခြင်းမပြုခဲ့ပေ။
ထို့ကြောင့် တဲအောက်သို့ ဆင်း၍ မီးလှုံ၍
နေခဲ့သည်။
“ဝေါင့်! ဝေါင့်! ”
ရုတ်တရက် တိုက်ခတ်လာသော လေကြမ်းကြီ
များနှင့်အတူ နှင်းပွင့်ကလေးများသည့် ချစ်ဦး၏
ပါးပြင်သို့ ဖြတ်သန်းသွားလေ၏ ။
တဲ၏ ဘေးပတ်ဝန်းကျင်မှ
ကြောင်အော်သံတို့သည် တဖြည်းဖြည်းနှင့် ဆူညံ၍လာခဲ့သည်။ ချစ်ဦးလည်း
ကြောက်သည်နှင့် မီးတုတ်ကိုင်ပြီး မုဆိုးကြီးတို့ ဝင်သွားရာ တောလမ်းအတိုင်း လိုက်ဝင်သွား၏။
အချိန်ခဏမျှ လမ်းလျှောက်ပြီးသည်နှင့်
သစ်ပင်ပေါ်၌ ဆေးလိမ်းမီးရောင် တရဲရဲဖြစ်နေသည့် နေရာတစ်ခုအား တွေ့ရလေသည်။
ထိုမီးရောင်မှာ ချစ်ဦးတဲ၌ရှိစဉ် မုဆိုးနှစ်ဦးတို့၏ ဆေးလိပ် မီးရောင်ဖြစ်မှန်း အတတ်သိသဖြင့် လှမ်းခေါ်ဖို့ ကြိုးစားလေသည်။
သို့သော် ချစ်ဦး၏ နှုတ်မှ မည်သည့် အသံမျှထွက်၍ မလာချေ။ ထို့ကြောင့် ချစ်ဦးလည်း ၎င်းတို့ရှိရာ သစ်ပင်၏ ပင်စည်နားသို့ ချဉ်းကပ်၍လာခဲ့သည်။
“ရှပ်..ရှပ်…ရှပ်..”
သစ်ရွက်ပေါ်မှ လမ်းလျှောက်၍ လာသည့်အသံသည် ချစ်ဦးအနားသို့ ရောက်၍လာခဲ့သည်။ သို့သော် အသံသာ
ကြားရပြီး ရုပ်ဝတ္ထုတစ်စုံတစ်ရာအား မတွေ့မိချေ။
ချစ်ဦးသည်လည်း ဂုဏ်တော်ကိုးပါးနှင်သံဗုဒ္ဓေဂါထာတော်အား
စိတ်ထဲ၌ အဆက်မပြတ် ရွတ်နေမိ၏။
ထိုအတူ သရဲတစ္ဆေတို့အား မြင်နိုင်သည့်ဂါထာတော်ပါ တစ်ပါးတည်း ရွတ်ဆိုမိလေရာ ၎င်း၏ ရှေ့၌ ခေါက်တုံးခေါက်ပြန် လျှောက်နေသည့် လူပုံသဏ္ဍာန်
အရပ်မည်းမည်း တစ်ခုအား တွေ့ရလေသည်။
“ဒိုင်း..”
သစ်ပင်ပေါ်မှ မုဆိုးကြီးတို့သည် အောက်၌ရှိသော အရိပ်မည်းမည်းအား သေနတ်ဖြင့် ပစ်လေသည်။
တစ်ဆက်တည်းမှာပင် သစ်ပေါ်၌ လင့်စင်စောင့်
နေသည့် မုဆိုးတို့လည်း သစ်ပင်မှတွယ်ကပ်၍
ဒူမီးသေနတ်အား ကျော၌လွယ်၍ ဆင်းလာကြ
သည်။
သစ်ပင်၏ပင်စည်အရောက်၌ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံသြနေကြ၏။
၎င်းတို့ပစ်လိုက်သည့် အရိပ်မည်းမည်းကြီးသည်
ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခြင်းကြောင့်
ဖြစ်သည်။
ချစ်ဦးကိုမှာမူ မြင်တွေ့ပုံပင်မပေါ်ပေ။ ချစ်ဦးလည်း လှမ်းခေါ်ပေမဲ့လည်း ၎င်း၏နှုတ်က မည်သို့သော အသံမျှ ထွက်၍ မလာပေ။
“ထွန်းမောင် ငါတို့တော့ တောမှောက်တာ
(တစ်ချို့တောကန်ဇင်းကျိုးသည်လို့လည်း ခေါ်ကြသည်။) ခံရပြီထင်တယ် ခုနက ငါပစ်တာမှန်ပါတယ် ဒီနားတင်လဲသွားတာလေအခုဟာက
သွေးစက်တောင်မတွေ့ရပါလား”
“အေးကွ ဟုတ်တယ် တကယ်ဆို သွေးစက်တော့ကျန်ခဲ့ သင့်တယ်”
“လာပါကွာ အပေါ်ပြန်တက်ရအောင်”
“ဝေါင်း…. ဝေါင်း….ဝေါင်း…”
သစ်ပင်ပေါ်တက်မည်ပြုစဉ် ရုတ်တရက်ထွက်ပေါ်လာသည့် အသံကြောင့် မုဆိုးတို့လည်း
သစ်ပင်ပေါ်သို့ဆက်မတက်တော့ဘဲလက်နက် တို့အား အသင့်ပြင်ထားပြီ ကျရောက်လာမည့်
အန္တာရယ်အား သတိကြီးစွာ စောင့်နေကြ၏။
“ရှပ်..ရှပ်..ရှပ်”
သစ်ရွက်ပေါ်၌ လမ်းလျှောက်၍ လာသည့်
အသံသည် ချစ်ဦးအပါအဝင် မုဆိုးနှစ်ဦးတို့လည်း အတိုင်းသားကြားနေရ၏။ ထို့နောက်သစ်ပင်များအကြား၌ လူအရိပ်တစ်ခုသည့် ရုတ်တရက်
ထွက်ပေါ်လာသည်။
“ကိုထွန်းမောင် တောထွက်လာတာကြာလို့ စိတ်ပူလို့လိုက်လာတာ တဲမှာလူမရှိလို့ အခု ဒီအထိ
လိုက်လာတာ”
သစ်ပင်များအကြား ထွက်ပေါ်လာသည့် လူရိပ်
သည့် မုဆိုးတို့အနားရောက်သည်နှင့် မိန်းကလေးတစ်ဦး ဖြစ်မှန်း ချစ်ဦးသိလိုက်ရသည်။
ဆံပင်များ ဖျားလားချထားသည့် ထိုမိန်းကလေးမှာမူ ကိုထွန်းမောင်တို့အနား တဖြည်းဖြည်း
ချဉ်းကပ်၍လာခဲ့သည်။
“ဟေ့ကောင် ထွန်းမောင် ဟေ့ကောင် ဘာဖြစ်နေတာလဲ အဲ့တာမင်းမိန်းမ မဟုတ်ဘူး
ငါတို့တောမှောက်ခံနေရပြီ သူပြောတာ မယုံနဲ့”
“ငါ့မိန်းမပါဟ ငါ့မိန်းမမျက်နှာ ငါမှတ်မိပါတယ်
သူ့ဆီသွားလိုက်အုံးမယ်”
“ဟေ့ကောင် ထွန်းမောင် မင်း..မင်း
“ဒိုင်း!” ”
မုဆိုးကြီးအောင်မောင်းဆိုသူသည် ၎င်းသူငယ်ချင်း ထွန်းမောင်အား တားမရသည်နှင့် မိန်းကလေးအား သေနတ်ဖြင့် ပစ်လေ၏။ ထိုအခါမှ
မိန်းကလေးလည်း အရုပ်ကြိုးပြတ်လဲ သွားလေ
သည်။
“ဟေ့ကောင် အောင်မောင်း မင်းငါ့မိန်းမကို
ပစ်သတ်တယ်ပေါ့ ”
“မင်းမိန်းမ မဟုတ်ပါဘူးဗျာ ငါပြောတာနားထေါင်ပါ ငါတို့တောမှောက်တာ ခံနေရပြိ်ဆိုတာ
မင်းသိထားပါ ထွန်းမောင်ရာ ”
“ဘာမှမသိချင်ဘူး မင်းငါ့မိန်းမကို ပစ်သတ်တဲ့
အတွက် မင်းလည်းသေရမယ်”
ထွန်းမောင်မှ ၎င်း၏ ဆောင်ဓားအားကိုင်၍ ၎င်း၏သူငယ်ချင်း အောင်မောင်းအား ပြေးခုတ်
လေ၏။ အောင်မောင်းလည်း ရှောင်လေ၏ ။
ထွန်းမောင်လည်း အောင်မောင်းအား တရစပ်
လိုက်ခုတ်နေသည်။
အောင်မောင်းလည်း ရှောင်နေမြဲရှောင်နေ၏။
သို့သော် ရှေ့ဆက်ပြီး မရှောင်နိုင်တော့ဘဲ
ထွန်းမောင်၏ ဓားချက်တို့သည် အောင်မောင်း၏ လည်ပင်အား ခုတ်မိလေရာ နေရာမှာပင်
လဲကျသွားလေသည်။
ထိုအဖြစ်အပျက်များအား ကြည့်နေသော ချစ်ဦးမှာမူကြောက်စိတ်တို့သည် ငယ်ထိပ်အထိရောက်
လေရာ မည်သည့်အသံမျှ ထွက်၍မလာချေ။
ထို့နောက် ထွန်းမောင်လည်း ၎င်း၏မိန်းမဖြစ်
ဟန်တူသည့် မိန်းကလေးအနားသို့ သွားလေရာ ၎င်းမိန်းကလေးသည် လဲကျရာ နေရာ၌ မရှိတော့
ချေ။
ထိုအခါမှ ထွန်းမောင်လည်း အသိစိတ်ပြန်ဝင်လာ
ပြီး ၎င်း၏သူငယ်ချင်း ထံသို့ တစ်ဖန်ပြန်သွား
လေသည်။
သွေးများအိုင်နေပြီဖြစ်သော သူငယ်ချင်း၏
အလောင်းနားသို့ရောက်သောအခါ ထွန်းမောင်
လည်း ဝမ်းနည်းစွာဖြင့်ပါးပြင်ထက်မျက်ရည်များ စီးကျရုံမှအပ ဘာမှလုပ်၍ မရတော့ပေ။
“ငါ့တောင်းပန်ပါတယ် သူငယ်ချင်းရာ ငါ့အပြစ်တွေပါ
ငါ့ကိုခွင့်မလွှတ်ပါနဲ့နော် မင်းစကားနားမထောင်မိလို့
အခုလိုဖြစ်ရတာပါ နောက်ဆိုမင်းစကား
နားထောင်ပါ့မယ်ထပါတော့ သူငယ်ချင်းရာ
ငါ့တို့ရွာအတူတူပြန်ကြမယ်လေနော် ”
ထွန်းမောင်၏ စကားသံဆုံးသည်နှင့် စောနက
အရ်ိပ်တစ်ခုသည် ထွန်းမောင်၏ ခန္ဓာကိုယ်
အတွင်း ဝင်ရောက်သွားသည်ကို ချစ်ဦးတစ်ယောက် အတိုင်းသား မြင်နေရ၏။
“ငါတစ်ယောက်တည်းတော့ မနေဘူး ငါလည်း
မင်းနှင့်အတူ လိုက်သေမယ် ”
ထွန်းမောင်၏ မျက်လုံးတို့က နီးမြန်းလျက်ရှိပြီး
ဘေနားကျနေသည့် ဓားအားကောက်ကိုင်ပြီး
မိမိကိုယ်ကိုသတ်မည်ပြုစဉ်…….
“ဦးလေး မလုပ်နဲ့ ”
ချစ်ဦးနှုတ်မှ အသံထွက်ပေါ်လာခဲ့သည်။ သို့သော် ချစ်ဦး၏ အော်သံအား ဦးထွန်းမောင်ကြားပုံပင်
မပေါ် ဓားအား၎င်း၏ ဗိုက်အတွင်းသို့ ထိုးဝင်၍
အဆုံးစီရင် သွားလေသည်။
ဦးထွန်းမောင် လဲကျသွားသည့်အခါမှ အရိပ်မည်းမည်း တစ်ခုသည် ဦးထွန်းမောင်၏ ခန္ဓာကိုယ်မှ
ထွက်ခါခဲ့သည်။ ထို့နောက် ထိုအရိပ်မည်းမည်းမှ…..
“ဟား..ဟား..ဟား…ငါနေတဲ့နေရာကို လာပြီး
ငါ့အတွက် ဘာမှမကျွေးကြဘူး ဒီတောဒီတောင်ကို ရောက်ရင်ငါ့အတွက် စားစရာတစ်ခုခု ပူဇော် ရမယ်ဆိုတာ မင်းတို့မသိတာလား အခုတော့
ငါ့လက်ချက်နဲ့ နှစ်ယောက်စလုံး မရှုမလှသေကြ
ရပျွိလေ.. ဟား..ဟား…ဟား”
အရိပ်မည်းမည်းလည်း တဟားဟားရယ်ပြီး
ချစ်ဦးဘက်လှည့်၍
ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ ချစ်ဦးမှာမူ ကြောက်စိတ်ကြောင့် အသက်ပင်မရှုရဲ့ပေ။
ထိုအရိပ်မည်းမည်းက ချစ်ဦးဘက်လှည့်ကြည့်
လိုက်ချိန် ချစ်ဦးမြင်လိုက်သည်မှာ အစွယ်နှစ်
ချောင်းက ရှေ့သို့ထွက် နေသဖြင့် ချစ်ဦးလန့် သွားလေသည်။
“သရဲ…သရဲ…သရဲ.” ဟု ချစ်ဦးလည်း အော်ပြောပြီး အိပ်ယာမှ နိုးခဲ့သည်။မျက်လုံးဖွင့်လိုက်ချိန် ၎င်းရောက်ရှိနေ
သည့် နေရာအား အကဲခတ်ပြီး လိုက်ကြည့်သော် ညတုန်းက သူအိပ်ခဲ့သည့် တဲပေါ်သို့ ရောက်နေခြင်း
ဖြစ်သည်။
ထို့နောက် နာရီအားကြည့်လိုက်သောအခါ မနက်၃နာရီတင် ရှိသေးသည်။ပတ်ဝန်းကျင်လည်း
မြူများ အုံ့ဆိုင်းနေသဖြင့် မည်သည့်အရာကိုမျှ သည်းသည်းမည်းမည်း မမြင်ရချေ။ မက်ခဲ့သည့် အိပ်မက်ကလည်း စိတ်အား ခြောက်ခြားနေသည်။
ချစ်ဦးလည်း ဆက်အိပ်ရန်အတွက် ပြင်ဆင်နေစဉ်
အရိပ်ဖြူဖြူနှင့် အရာနှစ်ခုတို့က ၎င်း၏ရှေ့၌ ပေါ်လာလေသည်။
ချစ်ဦးသေချာကြည့်လိုက်သည့်အခါမှ
ထိုအရာနှစ်ခုသည် မုဆိုးကြီးတစ်ဖြစ်လည်း ဦးထွန်းမောင်နှင့် ဦးအောင်မောင်းတို့ နှစ်ဦးပင် ဖြစ်လေသည်။
“ငါတို့ကို ကြောက်နေတာလား ကလေး”
“ဟုတ်…ဟုတ်”
ချစ်ဦးမျက်ဝန်းအစုံတို့မှ ကြောက်နေသည့်သဏ္ဍာန်အား တွေ့ရလေသည်။
“ငါ့တို့ကိုမကြောက်ပါနဲ့ ငါတို့ကသေပြီးသားတွေပါ
မင်းမြင်ခဲ့တဲ့အတိုင်းပါပဲ ငါတို့ရဲ့ အမှားတစ်ခုကြောင့်
အခုလို့နှစ်ယောက်စလုံး သေရတာ ငါတို့ကိုကူညီပါအုံး
ငါ့တူရယ်”
“ကျွန်တော် ဘာကူညီပေးရမလဲ ကူညီနိုင်တာဆိုရင်
ကျွန်တော် အစွမ်းကုန်ကူညီပါ့မယ်”
“ငါတူ ညောင်ကန်ရွာကိုသွားရင် ဦးလေးတို့အိမ်ကို
စုံစမ်းပြီး ဦးလေးမိန်းမကို ဦးလေးတို့အတွက် ရည်စူးပြီး
အလှူတစ်ခုပြုလုပ်ပေးပြီး အမျှအတန်းဝေပေးပါလို့
ပြောပေးပါအုံး”
ဦးထွန်းမောင်၏စကားကြောင့် ချစ်ဦးလည်း ရင်ထဲမကောင်း ဖြစ်သွားလေသည်။
“ဟုတ်ကဲ့ဦးလေး ကျွန်တော့ပြောဖြစ်အောင် ပြောလိုက်ပါ့မယ်ဗျ ဒါနဲ့ ဟို
ဦးလေးတစ်ယောက်အတွက်ရော ဘာများကူညီပေးရမလဲ”
“ဦးလေးကတော့ တစ်ဦးတည်းသမားပါ ဦးလေးအိမ်ကို
သွားပြီး ဘုရားစင်တိုင်အောက်မှာ ဦးလေး မုဆိုးဘဝတုန်းက စုဆောင်းထားတဲ့ ရွှေတိုရွှေစတွေမြုပ်
ထားတာရှိတယ် မင်းကူညီမယ်ဆိုရင် အဲ့ဒီရွှေတိုရွှေစတွေကို တူပြီး သုံးပုံတစ်ပုံကို ထွန်းမောင်တို့
အလှူမှာ ထည့်ပြီး ဦးလေးအတွက် အမျှဝေပေးကြပါ
ကျန်တဲ့နှစ်ပုံထဲကစ်ပုံကို မင်းကျောင်းစရိတ်အတွက်
ယူထားလိုက်ပါ နောက်တစ်ပုံ ကျေးရွာအတွက် ပေးလိုက်ပါ”
“ဟုတ်ကဲ့ ဦးလေး ကျွန်တော်အတွက်ပေးတဲ့ တစ်ပုံကိုတော့ ကျွန်တော် လက်မခံပါရစေနဲ့ ”
“လက်ခံပေးပါငါ့တူရာ မင်းကျောင်းစရိတ်အတွက် အသုံးဝင်မှာပါ ဦးလေးကို စိတ်မကောင်းအောင်
မလုပ်ပါနဲ့ ဦးလေးအတွက် အမျှဝေတဲ့အခါ ငါ့တူ
ကိုယ်တိုင် ရေစက်ချ အမျှဝေပေးပါနော် ”
“ဟုတ်ကဲ့ ဦးလေးတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း
ကျွန်တော် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်”
“ဒါနဲ့ ငါ့တူဆိုင်ကယ် ဘာမှမဖြစ်တော့ပါဘူး
ဦးလေးတို့အကူအညီလိုလို့ အခုလိုလုပ်လိုက်ရတာပါ
ဦးလေးတို့ကို စိတ်မခုပါနဲ့နော် ”
“ဟုတ်ကဲ့ အမျှအတန်းဝေတဲ့အခါ ကျွန်တော်က ဦးလေးတို့ကို ဘယ်မှာလာခေါ်ရမလဲ”
“ဟောဟိုက ကညင်ပင်မှာစောင့်နေမယ် ငါ့တူရာ မိုးလည်းလင်းတော့မယ် ဦးလေးတို့လည်း သွားစရာရှိသေးလို့ သွားလိုက်အုံးမယ်
ငါ့တူတို့ လာခေါ်တဲ့အချိန်ဆို အဲကညင်ပင်မှာ ရှိနေပါ့မယ်”
မနက်၏ နေရောင်ခြည်သည် “ဝစ်ီခင်တန်း”အတွင်း
ကျရောက်နေသည့် မြူနှင်းတို့အား ထိုးဖောက်နေလျက် ရှိသည်။သို့သော် နေ၏ အလင်းရောင်သည် မြူနှင်းတို့အား တိုးဖောက်နိုင်စွမ်းမရှိချေ။
ချစ်ဦးလည်း အလင်းရောင်ရလာသည်နှင့် တဲအားကျောခိုင်း၍ ၎င်း၏ဆိုင်ကယ်ရှိရာသို့ ထွက်လာခဲ့သည်။
ထို့အခါမှ ညောင်ကန်ရွာသို့ ခရီးဆက်ခဲ့သည်။
ညောင်ကန်ရွာသို့ ရောက်သည်နှင့်လး ၎င်း၏အစ်မဖြစ်သူ
မအေးမြင့်အား ၎င်းကြုံတွေ့ခဲ့သည့်အဖြစ်အပျက်အား
ပြောကြားလေသည်။
၎င်းနောက် ဦးထွန်းမောင်၏ မိန်းမအားလည်း အကျိုးအကြောင်း ပြောလိုက်ရာ ဦးထွန်းမောင်၏ မိန်းမလည်း ဦးထွန်းမောင်အကြောင်း ကြားသိရသည်နှင့်
ငိုပွဲဆင်လေသည်။ ပြီးမှ ဦးထွန်းမောင်၏မိန်းမလည်း ဦးထွန်းမောင်အတွက် အလှူတစ်ခုပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ရွာလူကြီးအိမ်သို့ ဆက်သွားပြီး
ဦးအောင်မောင်းတို့အိမ်ရှိရာသို့သွား၍ ရွှေတိုရွှေစများအား
သွားရောက်တူးဖော်ခဲ့သည်။
ထို့နောက် ချစ်ဦးလည်း တနင်္ဂနွေနေ့ (ဥပုတ်)နေ့အထိ
ညောင်ကန်ရွာ၌ ဆက်နေခဲ့ပြီး (ဥပုတ်နေ့)၌ပင် သင်္ကန်းကပ်လှူပြီး အလှူတစ်ခုပြုလုပ်ရန် စီစဉ်လေသည်။
အလှူရေစက်မချခင် နံနက်စောစော၌
ချစ်ဦးလည်း “ဝဇီခင်တန်း” သို့သွားပြီး
ဦးထွန်းမောင်နှင့်ဥိးအောင်မောင်တို့အား သွားရောက်ခေါ်
လေသည်။
“ဦးလေးထွန်းမောင်နှင့်ဦးအောင်မောင်းတို့ ညောင်ကန်ရွာရှိ ရွာဦးကျောင်း၌ ဆရာတော်အား သင်္ကန်း
ကပ်လှူပြီး အလှူပြုလုပ်မည်ဖြစ်သည့်အတွက် ကျွန်တော်
တို့နှင့်အတူ အမျှအတန်းဝေဖို့ ညောင်ကန်ရွာကို လိုက်ခဲ့ပေးပါ”
ထို့နောက်ချစ်ဦးလည်း ကညင်ပင်ရှိ သစ်ကိုင်းနှစ်ကိုင်းအား
ချိုးယူပြီး ယူခဲ့လေသည်။ရွာအဝင်နားရောက်သည်နှင့်
ရွာတော်ရှင်အား ဝင်ခွင့်ပြုရန်ခွင့်တောင်းပြီး ရွာထဲဝင်ခဲ့လေသည်။
ရွာထဲဝင်ပြီးနောက် အလှူပြုလုပ်ရာ ရွာဦးကျောင်းရှိရာသို့
ဦးတည်သွားလေသည်။ ထို့နောက် ၎င်းယူခဲ့သော သစ်ကိုင်းနှစ်ကိုင်းအား ကျောင်းဝင်အပြင်ဘက်၌ ထားခဲ့ပြီး
ဦးထွန်းမောင်၏ မိန်းမနှင့်အတူ ဆရာတော်အား သင်္ကန်းကပ်ရေစက်ချ အမျှပေးဝေခဲ့သည်။
“ကွယ်လွန်လေပြီးသော ဦးထွန်းမောင်နှင့်ဦးအောင်မောင်း တို့နှင့်တကွ ၃၁ဘုံကျင်လည်ကြသော သတ္တဝါအပေါင်းတို့
ယနေ့ပြုသော ကုသိုလ်ကောင်းမှု့တိုအား သာဓုခေါ်နိုင်ကြပါစေကုန် သောဝ်
၃*အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူလောမူကြပါကုန်သောဝ် သာဓု သာဓု သာဓု*၃
အလှူကိစ္စအားလုံး ပြီးမြောက်မှ ချစ်ဦးလည်း ရွာသို့ပြန်ခဲ့သည်။ ချစ်ဦးနှင့်၎င်း၏အစ်မအေးမြင့်တို့ “ဝဇီခင်တန်း”သို့ရောက်သောအခါ
ဦးထွန်းမောင်နှင့်ဦးအောင်မောင်းတို့က ချစ်ဦးအား
ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြနှုတ်ဆက်နေသည်ကို
ချစ်ဦးတစ်ယောက် တွေ့မြင်ခဲ့လေသည်။
~~~~~~~~~~~
စာရေးဆရာ/မများနှင့် စာဖတ်ရှုသူတစ်ယောက်ချင်းအား
အစဉ်လေးစားချစ်ခင်လျက် ။
✍✍ကိုနိုင်(ကနန်းမြေ)