အရမ်းကြမ်းတဲ့မငယ်

အရမ်းကြမ်းတဲ့မငယ်(စ/ဆုံး)

——————————
ကျုပ်တို့ရွာမှာ အလွန်ကြမ်းတဲ့ သရဲမ မငယ်
ဆိုတာရှိတယ်ဗျ… ဘယ်လောက်ကြမ်းသလဲမမေးနဲ့ဗျို့…
အရက်သမား၊လူမိုက်၊လူငယ်၊လူကြီး၊ကလေး…အကုန်..
မငယ်ဆိုတဲ့နာမည်ကြားတာနဲ့တင်…ကျောထဲထိစိမ့်နေ..
အောင်ကြောက်ကြတာဗျ..အဲ…ကျုပ်အပါအဝင်ပေါ့လေ…

” ဗျို့ ဘကြီးစိန်လင်းရေ ”

” ဟာ… မင်းအောင်ပါလား…ကဲ လာငါ့တူထိုင်ကွာ..”

” ဘာကိစ္စများရှိလို့တုန်း မင်းအောင်”

” ကျုပ်အဒေါ် မနေ့ညက မြို့ကအပြန် လမ်းမှာ မငယ်က
ခြောက်လွှတ်လိုက်တာ အခုဆိုအဖျားတွေတက်နေပြီဗျ”

” အေးကွ ဒီမငယ်ဆိုတဲ့ကောင်မလေးကလည်း အင်မတန်
သောင်းကြမ်းနေပါလားကွာ ဒီတိုင်းဆို ငါတို့ရွာသားတွေ
ဒီကလေးမခြောက်လွှတ်တာနဲ့တင်ရူးကုန်ကြမှာ ”

ဝိုင်စီရဲ၊ ။ ဟာ… အသံကြားလို့ထွက်ကြည့်တာမင်းအောင်ပါ
လား ဘာတွေပြောနေကြတာတုန်းဗျ

မင်းအောင်။ ။ ငါ့အဒေါ်ကို မငယ် ခြောက်လွှတ်လို့ ဖျားနေ
တဲ့အကြောင်းပြောပြနေတာကွ

ဝိုင်စီရဲ။ ။ ဒီသရဲမ တော်တော်ကိုဆိုးနေပါလား ဗျာ

ဘကြီးစိန်လင်း ။ ။ ဒီကလေးမရဲ့လူဘဝတုန်းက သိပ်
သနားစရာကောင်းတာ…

မငယ်ဆိုတဲ့…မိန်းကလေးဟာ.. မိဘကိုအရမ်းသိ
တတ်တာဗျ… သူက သူများလယ်ယာမှာပေါက်တူး တူးဖို့..
အငှါးလိုက်တာ… တစ်ရက်ကို ၃ထောင် ၄ထောင်ပဲရတယ်..
သူအမေက…မျက်စိမမြင်ရှာဘူးဗျ… မငယ်ကအလုပ်သွား
ပြီဆိုရင်…အိမ်မှာသူ့အမေပဲကျန်ခဲ့တာ… စိတ်မချပေမဲ့..
ဝမ်းရေးကလည်းရှိသေးတယ်မဟုတ်လား…

” ဟဲ့ မငယ် နင်အမေအိမ်ပေါ်ကနေချော်ကျတာ…ကျောက်
တုံးကြီးနဲ့ ခေါင်းထိမိပြီးဆုံးပြီးတဲ့ဟ”

” ဟာ အမေ အမေ ”
ဆိုပြီး… အိမ်ကိုအမြန်ပြေးသွားရှာသည်..
မငယ် သူ့အမေအလောင်းကိုကြည့်ပြီး…ရှိုက်ကြီးတငင်နဲ့
ငိုနေရှာတယ်…

” အမေရေ သမီးကိုတစ်ယောက်တည်းထားခဲ့ပြီလား
သမီးဘယ်သူနဲ့နေရမှာလဲအမေရဲ့ ”

ဘေးကကြည့်နေတဲ့ကျုပ်တို့ရွာသူ၊ရွာသားတွေလည်း..
မငယ်ကိုကြည့်ပြီးအလွန်စိတ်မကောင်းဖြစ်ရတယ်ဗျာ..
တချို့ဆိုမျက်ရည်တွေဝဲနေကြတာ….

ဒီလိုနဲ့…. မငယ်ရဲ့အမေဆုံးပြီးတစ်နှစ်အကြာမှာတော့..
အလွန်ဆိုးဝါးတဲ့ကံကြမ္မာဆိုးကြီး… မငယ်ဆီသို့ကျရောက်
လာခဲ့တယ်… တစ်နေ့… နေ့စားအလုပ် ညနေ၆နာရီက
အပြန်… ရွာအပြင်သရက်ပင်ကြီးရဲ့အောက်မှာ…
လူသုံးယောက်…မငယ်ရဲ့အပျိုဘဝကိုဖျက်ဆီးပစ်လိုက်ကြ
တယ်… ဒီလူသုံးယောက်ဟာ… မငယ်ကိုမုဒိန်းကျင့်ပြီးတာနဲ့
ခေါင်းကိုဖြတ်… သစ်ပင်မှာတွဲလောင်းချိတ်ဆွဲထား၍…
ကျန်နေတဲ့ကိုယ်လုံးတီး ခန္ဓာကိုယ်ကိုလည်း… မီးရှိ့ခဲ့ကြ
တယ်…. နောက်တစ်နေ့မနက်ရောက်တော့…

ဘကြီးစိန်လင်း ။ ။ ဟိုးသရက်ပင်ပေါ်မှာဘာကြီးတုန်း
ဝိုင်စီရဲ ကြည့်ပါအုံးဟ

ဝိုင်စီရဲ ။ ။ အမယ်လေး ဘကြီး…ဒါ မငယ်ရဲ့ခေါင်းဗျ…

ကျုပ်မငယ်ခေါင်းကိုမြင်လိုက်တဲ့အချိန်မှာ…တော်တော်
ကိုလန့်သွားတာဗျ.. မျက်နှာမှာဆိုဓားခြစ်ရာတွေနဲ့ဗျ…
ကျုပ်တို့လည်း…ရွာထဲပြန်ပြီး..ရွာလူကြီးကိုခေါ်၍….
ထိုနေရာကိုပြန်လာခဲ့ကြတယ်… ခေါင်းကိုသစ်ပင်ပေါ်ကနေ
ရွာသားတစ်ယောက်ကဖြုတ်လိုက်တယ်…ပြီးတော့…
ခန္ဓာကိုယ်ကိုလိုက်ရှာတော့မတွေ့ဘူး… အဲ့ဒါနဲ့…
သရက်ပင်အနားက…ခြုံထဲကိုကြည့်လိုက်တော့… သစ်တုံး
တွေ…မီးရှိ့ထားတာတွေ့တော့… ခန္ဓာကိုယ်ကိုမီးရှိ့ပစ်
လိုက်တယ်လို့…ရွာလူကြီးက… ကောက်နုတ်ချက်ချလိုက်
တယ်ဗျ…

မငယ်သေပြီးမကြာဘူး…နောက်နေ့တွေမှာ…မငယ်က
ခြောက်လွှတ်တာတွေနာမည်ကြီးလာတာပေါ့ဗျာ…..
အရက်သမား ကိုနိုင်ထက်စအခြောက်ခံရတာဗျ.ကိုနိုင်ထက်
က… မြို့ကနေအပေါင်းအသင်းတွေနဲ့အရက်သောက်ပြီး..
အိမ်ပြန်လာတဲ့အချိန် ည၇နာရီလောက်ပေါ့ဗျာ…
ကျုပ်တို့ရွာမှာကလျှပ်စစ်မီးမရဘူးလေ.. အဲ့တော့..
ဓာတ်မီးလေထိုးသွားရတာပေါ့… လမ်းကမှောင်မဲတိတ်
ဆိတ်ပြီး…ကြောက်စရာကောင်းနေတာတော့အမှန်ပဲဗျ…
ကိုနိုင်ထက်က အရက်အလွန်အကြူးသောက်ထားတော့..
ကြောက်စိတ်ကသိပ်မရှိလောက်ဘူး…

” ဟိုကောင်တွေကလည်းကွာ ငါကိုရွာထိလိုက်ပို့ပေးပါဆို
တာကိုမလိုက်ပို့ပေးဘူး ပျင်းလိုက်တာကွာ ရွာလမ်းက
လည်း တိတ်ဆိတ်နေတာပဲ ”

” ငါလည်း ရွာထဲပြန်မှာနင်နဲ့အတူပြန်လို့ရတယ်မလား”

” ဟာ သိပ်ရတာပေါ့ ငါလဲတစ်ယောက်တည်းပျင်းနေတာ
စကားလေးပြောရင်းသွားတာပေါ့ ဒါနဲ့ နင်ကဘယ်သူတုန်း”

” နင်သိချင်ရင်ငါကိုဓာတ်မီးနဲ့ထိုးကြည့်ပေါ့”

” ဟာ မငယ် သ သရဲ ခေါင်းပြတ်ကြီးပါလား အမယ်လေး
ကယ်ကြပါအုံးဗျို့ ကျုပ်ကိုသရဲလိုက်ခြောက်နေတယ်”

ကိုနိုင်ထက်အော်အော်ပြီးရွာအိမ်ထဲတစ်ချိုးတည်း
းပြေးပါလေရောဗျာ…အဲ့အချိန် ကစပြီး… တော်ရုံတန်ရုံ..
ညနေ နေဝင်ပြီဆိုတာနဲ့…ရွာအပြင်ဘက်ဘယ်သူမှမထွက်
ရဲတော့ဘူး… ကျုပ်သူငယ်ချင်း ရဲရင့်အခြောက်ခံရတာလည်း
ခင်ဗျားကိုပြောပြအုံးမယ်ဗျ…တစ်ရက်… ရဲရင့်နွားကြောင်း
ပြန်လာတော့…နေကအတော်စောင်းနေပြီဗျ…တစ်ယောက်
နဲ့တစ်ယောက်… ဘယ်သူမှန်းတောင်သည်းသည်းကွဲကွဲ..
မမြင်ရတော့တဲ့အချိန်ပေါ့ဗျာ… ရဲရင့်လည်း…အပေါ့သွား
ချင်တာနဲ့.. မငယ်သေခဲ့တဲ့သရက်ပင်မျာအပေါ့စွန့်လိုက်
မိတယ်..

” ဟဲ့ ရဲရင့်မပြန်သေးဘူးလား”

“အေး ခုပဲပြန်တော့မှာ ဒါနဲ့နင်ကဘယ်သူတုန်းသိပ်မမြင်ရ
ဘူး ”

” ငါ မငယ်လေ”

” ဗျာ…မငယ် ဟာ ခင်ဗျား သွားဗျာ သွား”

ရဲရင့်တစ်ယောက်… နွားတွေကိုတောင်ရွာထဲထိမခေါ်
တော့ပဲ…တစ်ယောက်တည်းပြေးတော့တာပဲဗျို့…
ဒီလိုမငယ်ခြောက်လွှတ်တာခံရတဲ့အထဲမှာ…ကျုပ်အခြောက်
ခံရတာ.. အဆိုးဆုံးပဲဗျ.. ကျုပ်မြို့ပေါ်ကို.. ဆန်ဝယ်ဖို့
ဘကြီးစိန်လင်း..ခိုင်းလို့… ဆိုင်ကယ်နဲ့… သွားဝယ်တုန်းက
ပေါ့ဗျာ.. မြို့ရောက်တော့…ကျုပ်ဆန်ဝယ်ပြီးတော့…
လက်ဖက်ရည်ဆိုင်မှာခဏအမောပြေထိုင်သေးတယ်ဗျ..

” ဟာ ဝိုင်စီရဲ ပါလား ဘယ်လာတာတုန်းကွ”

” ငါဆန်လာဝယ်တာကွ အာကာ မင်းလည်းနော်မိန်းမရသွား
တည်းက…ရွာဘက်လှည့်ကိုမလာတော့ဘူး..”

” ငါလာချင်တာပေါ့ဝိုင်စီရာ…ဒါပေမဲ့…ငါမိန်းမနဲ့ဆိုင်ထိုင်
နေရတာမင်းအသိပဲလေ..အခုတောင်ခဏလက်ဖက်ရည်
ဆိုင်လာထိုင်တာ”

” ကဲ လာထိုင် စကားလေးပြောရတာပေါ့ ”

အာကာက… အအေးဆိုင်ဖွင့်ထားတာဗျ..သူနဲ့..
စကားလေးပြောလိုက်…လက်ဖက်ရည်လေးတစ်မော့
သောက်လိုက်နဲ့ပေါ့ဗျာ… စကားကောင်းနေတာနဲ့…
ညနေနေဝင်ချိန်ရောက်သွားတာတောင်သတိမထားမိလိုက်
ဘူး…

” မှောင်တောင်မှောင်နေပြီငါ့ကောင်ရေ မင်းရွာပြန်ရင်
အခက်တွေ့အုံးမယ်”

” အေးကွာ မငယ်ကိုကြောက်လို့အစောကြီးပြန်မယ်တွေး
ထားတာကိုကြာ ”

” အဲ့လောက်လဲမကြောက်ပါနဲ့စိတ်အေးအေးထား
ပြီးသာပြန် ဟုတ်ပြီလား ”

“အေးပါ”
ကျုပ်မြို့ကနေ…ဆိုင်ကယ်မောင်းလာလိုက်
တာ… ရွာအပြင် ဇရပ်နားတောင်ရောက်လာပြီဗျ..
ကြောက်စိတ်ကတော့…အတော်ရှိသား…ဘယ်ကနေ
ဘယ်လို..ပေါ်လာမလဲဆိုတာပဲတွေးနေမိတယ်…ဒီလိုနဲ့..
မငယ်ခြောက်တဲ့သရက်ပင်နေရာရောက်လာရောဗျ…
သစ်ပင်အောက်လဲရောက်ရော…

” ဟဲ့ဝိုင်စီရဲ ငါခေါင်းလေးဖြုတ်ပေးစမ်းပါ ”

အမယ်လေးဗျာ … ကျုပ်လည်းဘာမှတွေးမနေပဲ…
အမြန်ပြေးမောင်းတော့တာပေါ့ဗျာ…. သရက်ပင်နဲ့ခပ်
လှမ်းလှမ်းရောက်တော့.. အနောက်ကိုတစ်ချက်ပြန်လှည့်
ကြည့်လိုက်တော့…ဇရပ်ကိုတွေ့တယ်…ဟာ…အဲ့မှာတော်
တော်ကြောင်သွားတာဗျ…ဇရပ်ကိုကျော်လာလို့တောင်…
သရက်ပင်နားရောက်လာတာလေဗျာ…ဆိုင်ကယ်မီးပဲရှိတဲ့
လမ်း…တိတ်ဆိတ်ငြိမ်သက်နေပြီးခြောက်ခြားစရာကောင်းတဲ့အမှောင်ထုကြားမှာ… ကျုပ်မကြောက်ပဲနေမလားဗျာ..
ဒီလိုနဲ့ဆက်မောင်းရင်း… မငယ်လည်ပင်းအောက်ကနေ..
ခြေဖျားထိ မိုးကြိုးပစ်ခံထားရသလိုမဲတူးနေတာဗျ…
ကျုပ်ကိုလည်း…ရယ်ပြနေတယ်ပြီးတော့လက်နဲ့လှမ်းခေါ်
နေတယ်…ကျုပ်လည်းအနောက်ပြန်လှည့်ပြီးမောင်းတော့
တာပေါ့ဗျာ… ဘယ်လောက်ပဲမောင်းမောင်း… ဒီနေရာပဲ
ပြန်ပြန်ရောက်နေတော့တာပဲဗျာ.. ကျုပ်ခေါင်းနပန်း
ကြီးလာမိတယ်…

ကျုပ်ဆိုင်ကယ်…သရက်ပင်ရှေ့…ထပ်ရောက်လာတော့..
စက်ကထိုးရပ်သွားတယ်ဗျာ… အဲ့ကြမှပိုပြီးကြောက်စိတ်က
ပိုကြီးလာရောဗျို့… နောက်တစ်ကြိမ်ဆိုင်ကယ်ကိုစက်နိုး
ကြည့်တော့ရသွားတယ်…ရသွားတာနဲ့တစ်ပြိုက်နက်တည်း
အမြန်အရှိန်တင်ပြီးမောင်းမယ်ဆိုပြီးတွေးထားတုန်းရှိသေး
ဆိုင်ကယ်ကလုံးဝကိုမရွေ့တော့ဘူး…ကျုပ်အနောက်ကနေ
တစ်ယောက်ယောက်ကတက်ထိုင်နေသလိုခံစားရတာနဲ့..
လှည့်ကြည့်မိလိုက်ရာ… မျက်နှာမှာဓားခြစ်ရာတွေ၊နဖူးမှာ
လည်းအပေါက်ဟောင်းလောင်း…တစ်ကိုယ်လုံးလည်း
မဲတူးနေတာဗျ… အမယ်လေး…သရဲသရဲ..ဆိုပြီးအော်ကာ..
ဆင်းပြေးတဲ့အချိန်… အနောက်ကနေသရဲမက…
ခြေထောက်ကို လှမ်းဆွဲလိုက်ရာ..မြေကြီးက..သစ်တုံး
ပေါ်ချော်ကျသွားသဖြင့်သတိမေ့မျောသွားတယ်…

“ငါ့တူလေး သတိရလာပြီလား”

” ဘကြီး ကျွန်တော်ကိုမငယ်ခြောက်လွှတ်လိုက်တာ
ကြောက်လိုက်တာဗျာ… ”

” မင်းအဖျားတက်လာတာနဲ့တူတယ်ကိုယ်တွေတောင်ပူနေပြီ
ဘကြီးဆေးဆရာကိုသွားခေါ်လိုက်အုံးမယ်”

ကျုပ်လည်း..တစ်ပတ်လောက်ကိုဖျားတော့တာပဲ…
ခင်ဗျားလည်း…သရက်ပင်ကိုတွေ့ရင်အပေါ်ကိုသိပ်မမော့
ကြည့်နဲ့..မငယ်ခေါင်းကြီးသစ်ကိုင်းမှာရှိနေတုန်းပဲ….
ပြီးတော့…ညဘက်သရက်ပင်ရှေ့ကဖြတ်ရင်သတိလေး
ထားပေါ့ဗျာ… မငယ်ခြောက်လွှတ်တာခံနေရမယ်ဗျို့…

ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်…
#ဝိုင်စီရဲ
#Yc_Yèl