အသုဘ

*အောက်လမ်းဘိုးထင် နှင့် အသုဘ*📖📖📖

***********************************

▪️အခန်း-၁

    မောင်ဘိုးထင်တယောက် ရွာ၏ မြောက်ဘက်ရှိ ချောင်း‌ရိုးလေးဘေးတွင်ထိုင်နေသည်၊ သူ၏ဖခင်း ဆုံးတာ သိပေမဲ့ ချက်ချင်းလိုက်သွားဖို့ကအဆင်မပြေ ဦးအုန်းလည်းလိုက်မည်ဖြစ်ရာ မနက်အစောထသွားမည်ဟုသာ  ဆုံးဖြတ်လိုက်ပြီး ရိုးလေးဘေးတွင် တယောက် တည်း ထိုင်နေချင်းဖြစ်သည် ၊သူရွာကို နောက်ဆုံးတခေါက် သွားတုန်းက အပြောင်းလဲကြီး ပြောင်းလဲနေသော ဖခင်သည် ၊ ယခုသူရွာသို့ပြန်‌ေရာက်ချိန်တွင်တော့ မည်သည့်စကားမျှ ပြောနိုင်မည်မဟုတ် အိမ်၏ နောက်ခန်းတွင် ပန်းအိုတလုံး ထဲ ရွက်လှပန်းပင်များထည့်ပြီး သူ၏ဖခင်ခေါင်းရင်တွင်ထားထားကာ   ပက်လက်လန် အနေထားနှင့် သေဆုံးနေသော ဖခင်၏ အလောင်းကို သာ တွေ့ရမည်မဟုတ်ပါလား ၊ ဦးအုန်းပြောပြသော ကောင်လေးရေ လွမ်းလာရင် အနာနဲ့ မေ့ဆိုသည့်စကားကို လက်ကိုင်ထားမည်ဆို‌ပြန်သော  ဖခင်၏ နောက်ဆုံး ဂရုစိုက်ပေးခဲ့ သည် အမှတ်တရများသာ သူ၏ စိတ်ထဲ ကြီးဆိုးနေလေရာ သူ့အပေါ် မကောင်းခဲ့သောအရာများကို ကောင်းကွက်တခုတည်းနှင့် အရာအားလုံးကို သူသင်ပုန်းချေနိုင်ခဲ့သည် မဟုတ်ပါလား ၊ သူ၏ဖခင် သူ့အပေါ်မည်သို့ ဆိုးသွမ်းစွာ ပြုမူနေခဲ့ပေမည့် သူ မမုန်းခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော သူ၏အမေဖြစ်သူအား အစမတန်ချစ်တာဘဲဟုသော ‌အကြောင်းပြချက် တခုလေးကြောင့် သူမမုန်းရက်ခဲ့ ၊ မောင်ဘိုးထင် ရိုးထဲမှ စီးဆင်းနေသော ရေလေးများကို ကြည့်ကာ ငေးပြီးတွေနေစဉ် သူ၏ ပုခုံးကို ပုတ်ပြီး သူအနားဝင်ထိုင်လိုက်သော သူ နှစ်ယောက်မှ  ဖိုးထွေး နှင့် သာရဖြစ်သည် ဖိုးထွေးသည် မောင်ဘိုးထင်၏ ပုခုံးပေါ် လက်တင် လိုက်ပြီး

    “ဘိုးထင် ငါတို့လည်းစိတ်မကောင်းပါဘူးကွာ “

    “ရပါတယ်ဗျ ဘာမှ မဖြစ်ပါဘူး “

    “အေးပါကွာ ဒါနဲ့ မင်းဘယ်အချိန် ရွာပြန်မှာလဲ “

    “ကျုပ်က အခု‌ပြန်ချင်တာ ဒါပေမဲ့ အဘက အသက်ကြီးနေပြီလေ ညရေးညတာ “

    မောင်ဘိုးထင် စကားမဆုံးခင် ချောင်းရိုးလေးနှင့် မလှမ်းမကမ်း မှ ဦးအုန်း တယောက် ‌ခါးကို ထောက်ပြီး အော် ခေါ်သံထွက်ပေါ်လာသည်

    “ကောင်လေး မင်းကွာ ဘယ်တွေ လျှောက်သွားနေတာလဲ  အခု မင်းရွာသွားကြမယ် “

    “အဘ မနက်မှ သွား”

    “ဒီကောင်လျှာရှည်လိုက်တာ လာသွားမယ် “

    မောင်ဘိုးထင်သည် ထိုင်နေရမှ ထရပ်လိုက်ပြီး ဖိုးထွေး နှင့် သာရကို ကြည့်လိုက်၏ ၊ မောင်ဘိုးထင်ကြည့်သည့် အဓိပ္ပါယ်ကိုသိသော ဖိုးထွေးသည်

    “ငါတို့ လိုက်မှာ  တို့ရွာက လူတော်တော် များများ လိုက်ချင်‌ေနကြတယ်  မင်းသဘောဘယ်လို ရလဲ “

    “အဘကို မေးကြည့်ရမှာပဲ အဘလိုက်ခိုင်းမလား မလိုက်ခိုင်းမလား မသိဘူး “

    မောင်ဘိုးထင် နှင့် ဖိုးထွေးတို့ စကားတပြောပြော နှင့် လမ်းလျှောက်လာရာ ဦးအုန်း အနားသိူ့ ရောက်လာ သည် ၊ ဦးအုန်း အနားရောက်သော အခါ မောင်ဘိုးထင်သည် ဦးအုန်းကိုကြည့်ကာ

    “အဘ ရွာက လူတွေက ကျုပ်ရွာလိုက်ချင်လို့တဲ့ အဘသဘောကော “

    “ငါကြားပြီးပြီ ဒါပေမဲ့ ငါမလိုက်ခိုင်းခဲ့ဘူးကွာ မင်းကလည်း ငါအိမ်မှာနေတာ ကြာပြီဆိုတော့ ဟိုရောက်ရင် မင်းက ဧည့်သည် သဘောမျိုးဖြစ်နေပြီလေ ဧည့်သည်တွေ နေရေးစားရေးခက်မယ် ထင်လို့”

    “အဘ သဘောပါပဲ”

    ဦးအုန်းစကားကို၏ ပြောစကားကို  ကြားသော သာရ နှင့် ဖိုးထွေးသည် ဦးအုန်းအား  စကားဆိုလာသည်

    “ဦးအုန်း ကျုပ်တို့က လိုက်မှာနော် “

    “အေးပါကွာ မင်းတို့က မလိုက်ခိုင်းလည်းလိုက်မဲ့ သူတွေဆိုတာ ငါသိတယ် သွားမင်းတို့ မိဘ‌ေတွကို ခွင့်တောင်းကြတော့ ငါတို့ သွားတော့မှာ “

    ဦးအုန်း၏ စကားဆုံးသည်နှင့် ဖိုးထွေး နှင့် သာရသည် ဦးအုန်းနှင့် မောင်ဘိုးထင်ကို နုတ်ဆက်ကာ ချောင်းရိုးလေးဘေးမှနေ  သူတို့၏အိမ်များသို့ ထွက်သွားကြပါလေတော့သည်။

    ▪️အခန်း-၂

    ဆွမ်းစားသံချောင်းခေါက်သံကြားရသည့်အတွက် မနက်၁၁နာရီဆိုတာ လူတိုင်းသိမည်ဖြစ်သည်၊ ထိုအချိန်တွင် ဦးအုန်း ဦးဆောင်ကာ မောင်ဘိုးထင်တို့ အဖွဲ့ ‌ပေပင်ရွာမှ ထွက်လာကြသည် ၊ ဖိုးထွေး နှင့် သာရ အပြင် သာအေး ပါ ပါလာသည် ၊ တခြား လူကြီးများက လိုက်လိုကြသောလည်း ခရီးလမ်းပင်ပန်းမှာရယ်  သူတို့အား ဧည့်ဝတ်ကျေပွန်မည့်လူ ဘယ်သူမှ မရှိသော ကြောင့်  ဦးအုန်းမှ မလိုက်ရန် တားရချင်းဖြစ်သည် ၊ ခရီးလမ်း ကို မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ၊ အတန်ကြာသောအခါ ချောင်းဟမ်သံတချက်ပေးပြီး ဦးအုန်းမှ စကားဆိုလာသည်

    “အဟမ်း… ကောင်လေး လူဆိုတာ သေမျိုးကွ မင်းလည်း သေမယ် ငါလည်းသေမယ် နောက်‌ကကောင်တွေလည်း သေမဲ့ကောင်တွေ”

    ဦးအုန်း၏ စကားကြောင့် နောက်မှ လမ်းလျှောက်နေသော ဖိုထွေးသည် ၊ ဦးအုန်း၏ နောက်ကျောကို ကြည့်ပြီးမဲ့ပြူံတချက်ပြုံးလိုက်သည် ၊ ဦးအုန်းသည် သူအားမကျေမနပ်ဖြစ်နေသော ဖိုးထွေးအား သူမမြင်ပါ ထို့ကြောင့် ဆက်ပြီး စကားဆို လေသည်

    “ကောင်လေး မင်း ဘယ်လိုခံစားရတယ်ဆိုတာ ငါနားလည်တယ် ဒါပေမဲ့  …”

    ဦးအုန်းသည် မောင်ဘိုးထင်အား နှစ်သိမ့်စကား ပြောလက်စ နှင့် ရပ်နေသည် သူဘာဆက်ပြောရမည် မှန်း မသိတော့၍ စဉ်းစား‌ေနချင်းဖြစ်၏၊ ဦးအုန်း မည်သို့‌ေပြာရမယ်ဆိုတာ စဉ်းစားမရဖြစ်နေသည်ကို သိသော ဖိုးထွေးမှ

    “ဦးအုန်းပြော‌ေလဗျာ ပြောလက်စ စကားကြီးကို “

    “ဟိုဟာ ကွာ လူဆိုတာ သေမျိုး မင်းလည်းသေမယ် ငါလည်းသေမယ် “

    “နောက်‌က ကောင်တွေလည်းသေမယ် ဒါပဲပြောမှာ မဟုတ်လား “

    ဦးအုန်း ပြောမည့် စကားကို ဖိုးထွေးဖြတ်ပြီးပြောလိုက်‌ေသာကြောင့်  အနောက်မှ ဖိုးထွေးအား  ဦးအုန်း မကြည်သလိုကြည့်နေ၏၊ မကျေမနပ်ဖြစ်နေသော  ဦးအုန်းကို ကြည့်ပြီး  မောင်ဘိုးထင် စိတ်မကောင်းသည့်ကြားမှ ပြုံးလိုက်မိသည် ၊ မောင်ဘိုးထင်သည် နောက်မှ ဖိုးထွေးတို့အား လှည့်ကြည့်လိုက်ပြန်သည် သူအားပြုံးပြ နှစ်သိမ့်‌ေနသည့် မျက်နှာများကို မြင်ရ၍ စိတ်ချမ်းသာမိသည် ၊ ယခု သူအနားတွင် ရှိနေသော လူများကြောင့် သူ့ဘဝ စိုပြေနေသည် မဟုတ်ပါလား ၊  ပြုံယောင်သမ်းလာသော မောင်ဘိုးထင်၏ မျက်နှာကို မြင်ရ၍ ဦးအုန်းအပါအဝင် ကျန်သူများ စိတ်ချမ်းသာနေရသည် ၊ ဦးအုန်းသည် မောင်ဘိုးထင်၏ ‌ေခါင်းကို လက်နှင့် ပုတ်ကာ

    “ကောင်လေး မင်းအတွက် ငါဗုံဝယ်ပေးမယ် “

    “ဘာလဲ အဘက ကျုပ်ကို စိတ်မကောင်းဖြစ်နေတယ်ဆို ပြီး စိတ်ပြေအောင်ပြောနေတာလား “

    “ကောင်လေး မင်းကို ငါဘယ်တုန်းက  စကားအပိုပြောဘူးလဲ “

    “အေပါဗျာ ကျုပ်သိပါတယ် “

    ‌ဦးအုန်းမှ ဗုံဝယ်ပေးမယ်ပြောသောအခါ ဖိုးထွေးသည် အားကျမခံ မောင်ဘိုးထင်အား စကားဆိုလာသည်

    “ဘိုးထင်ရေ  ဦးအုန်း တကယ် ဗုံဝယ်ပေးရင်  ငါ ငါ့အဘကို ကြေး‌နောင်  ဝယ်ခိုင်းမယ်ကွာ ပြီးရင် ဘကြီးမြ ဆီသွားသင်ကြမယ် “

    “ခင်ဗျား ဘင်ဂျိုကြီးကကော “

    “နှစ်ခုလံုးသင်မှာပေါ့ကွာ ဖိုးထွေးပါကွာ သူများတွေလို နွားလှည်းမောင်းတာလောက်ပဲ သိတဲ့ ကောင်မဟုတ်ဘူး”

    ဖိုးထွေး သည် သာရအား ငဲ့စောင်းကြည့်ပြီးပြောလိုက်ရာ သာရသည် သူအားစောင်းပြောနေသည်ကို သတိထားမိသွားကာ

    “ဘိုးထင် ရေ တချို့ကောင်တွေက ဘင်ဂျိုကို တတောင်‌တောင် လောက်ပဲ တီးတက်တာကွ အဲ့လောက်ကတော့ ဟိုက သာအေးကို ရွာဦးကျောင်းက အုန်းးမောင်းကို တုတ်နှစ်ချောင်း နဲ့ ခေါက်ခိုင်းထားရင်တောင် အဲ့ဒီထက် နားထောင်ကောင်းမယ် “

    “ဟေ့ကောင်သာရ မင်းငါ့ကို ပြောတာမဟုတ်လား “

    “မင်းနာမည်ပါလို့လား ဖိုးထွေးရ”

    “ရွာမှာ ဘင်ဂျိုတီးတာ ငါတယောက်တည်းကွ”

    “ဘကြီးမြကော ဘယ်သွားထားမလဲ “

    “ဘကြီးမြက တီးတက်တယ်ကွ “

    “အဲ့တာဆိုမင်းက မတီးတက်ဘူးလို့ပြောတာမဟုတ်လား ကိုယ့်အကြောင်း ကိုယ်သိရင် ပြီးတာပါပဲ”

    “မင်း မင်းနော် မိကျော့တို့အိမ်တူတူ သီချင်းသွားဆို တုန်းက မင်းဘာလို့လိုက်လဲ “

    “ဟေ့ကောင် မင်းတီးတာ ကောင်းမလားလို့ပေါ့ ကွ    မင်းက တတောင် တောင် လုပ်နေ  အိမ်ဝိုင်းထဲ မိကျော့ အဖေ ကြီး လေးဂွကြီးကိုင်ပြီး လျှောက်သွားနေတာ မမြင်ဘူ မဟုတ်လား”

    ဖိုးထွေး နှင့် သာရ စကားများချေပြီ ၊ သူတို့က မတည့်အတူနေများဖြစ်သည် ယခု စကားများနေချင်းကို အချိန်မှီ တားစီး နိုင်က တော်ရာကျမည် ၊ ထိုစကားများနေမှုကို တားစီနိုင်သူက မောင်ဘိုးထင်သာ ရှိသည် မဟုတ်ပါလား ၊ ဦးအုန်းသည် မောင်ဘိုးထင်အား လက်တို့ပြီး နောက်မှ ဖိုးထွေးနှင့် သာရ တို့အား မျက်စာပြစ်ပြလိုက်ရာ

    “ကဲ ကဲ တော်ကြတော့ဗျာ ခင်ဗျာတို့ကလည်း ဘာမှ မဟုတ်တာလေး နဲ့ စကားများနေကြတယ် ကိုသာရ ခင်ဗျားက ကိုဖိုးထွေးပြောလည်း ပြောချင်စရာ “

    “ဘာလို့လဲ ဘိုးထင်ရ “

    “ခင်ဗျားက ဘာမှ  စိတ်မဝင်စားတာ အဲ့‌တော့ ခင်ဗျားက နှဲ မှုတ်သင် ကြားလား”

    “အေး အေးပါကွာ နှဲ မမှုတ်ပဲ လကွမ်းလေး”

    “လကွမ်းက ဟောဟိုက သာအေးတောင်တီးတက်တယ် “

    ဘိုးထင်ပြောစကား သာအေး မကျေနပ်ပါ အစောကလည်း သာရမှ အုန်းမောင်းခေါက်ခိုင်းသည်မဟုတ်ပါလား အခုလည်း လကွမ်းတီးခိုင်နေသည့် အတွက် မကျေမနပ်ဖြစ်ကာ

    “ဟေ့ကောင် ဘိုးထင် မင်းကတော့ မဟုတ်ဘူးကွာ မင်းနဲ့ ငါက သတ်တူရွယ်တူပါ မင်းက ဆိုင်းဆရာ လုပ်ပြီးငါ့ကို လကွမ်း တီးခိုင်းရတယ် လို့ မသကာ  နှဲ မှုတ် ခိုင်းတော်သေး”

    “သာအေးမင်းက လကွမ်းနဲ့ လိုက်လို့ကွ ဆိုင်းထဲ မင်းတီးရမဲ့ လကွမ်းအသံက အကျယ်ဆုံးဟ  မင်းလကွမ်းကြီးက  တခြားကထွက်တဲ့ အသံတွေကိုလွှမ်းကုန်တာ ဆိုတော့ မင်းက ဆရာကြီးဟ “

    မောင်ဘိုးထင်၏ စကားကြောင့် သာအေး  ခေါင်းလေးမော့ပြီး တွေးနေသည် ၊ ခဏ ကြာသော အခါ

    “ဟုတ်တယ်ဟ ရွာက ဆိုင်းအဖွဲ့ ဆိုင်းတီးရင်  အဲ့ လကွမ်းကြီးတီးရင် ကျန်တဲ့ အသံတွေ သိပ်မကြားရဘူး သူကဆရာကြီးဟ ငါတီးမယ် ကွာ “

    မောင်ဘိုးထင် သူ၏ အပေါင်းအသင်းများနှင့် ငြင်းခုံ စကားပြောနေလေရာ သူ၏ ဖခင်အတွက် စိတ်မကောင်း ဖြစ်သည်ကို မေ့နေပြီဖြစ်၏ ၊ ငယ်ငယ် ကတည်းမှ လက်ပွန်းတနှီး မနေရသော ဖခင်၏ နာရေးကို ဤမျှလောက် ပူဆွေးသောက ရောက်သည်မှ  အတော်ပင် နှလုံးသား ကြီးသည် ဟုပြောရမည်ဖြစ်သည် ၊ ပျော်ပျော်နေတက်ပြီးပွင့်ပွင့် လင်းလင်းရှိလှသော မောင်ဘိုးထင် သည် လောကဒဏ်ကို ရင်ဆိုင်ခဲ့ရသည်မှာ အရွယ်နှင့် မမျှ ရင်ဆိုင်ဘူးပြီမို့  နှလုံးသာမှာ အသားမာတက်နေပြီဖြစ်ရာ  သူ၏ နှလုံးသားက မာ‌ေကျာနေပြီ မဟုတ်ပါလား ၊ ယခု သူဝါသနာ ထုံမွှန်းလှသည် ဆိုင်းအကြောင်းပြောနေသောကြောင့်  အားကြိုးမာန်တက် စကားဆိုနေသည်၊   ဘေးတွင် မည်သည့်စကားမှ‌မပြောသော ဦးအုန်းသည် မောင်ဘိုးထင်ကို ကြည့်ပြီး သဘောကျနေလေသည် ၊ ယခုလည်း မောင်ဘိုးထင်တို့ အဖွဲ့ ငြင်းခုံနေကြပြန်သည် ၊ သူတို့ ငြင်းနေကြသည့်အကြောင်းမှ

    “ဘိုးထင် ငါက ဆိုင်းနာမည်ကို ပေပင် ဆိုင်းလို့ပေးချင်တယ် “

    “ဟ ဖိုးထွေး ပေပင် ဆိုင်းဆိုတဲ့ နာမည်က ရှိ‌ပြီးသားဟ ရွာက ဘိုတော်တွေတီးတဲ့ ဆိုင်းနာမည်က ပေပင်ဆိုင်းလေကွာ “

    “အဲ့တာဆိုလည်း ဘိုး ဖိုး သာ  သာ လို့ပေးကွာ “

    “ဘာလဲဟ ဘိုး ဖိုး သာ သာ “

    “မင်းကလည်း အတိုကောက်ပေးထားတာကွာ ဘိူးက ဘိုးထင် ဖိုးက ငါ သာက မင်း နောက် တသာက ဟိုကောင်သာအေး”

    သာအေးသည် ထပ်ပြီး မကျေမနပ် ဖြစ်နေပြန်ပြီဖြစ်သည်  ၊သာအေးသည် နာမည်ပေးနေသော ဖိုးထွေးကို ကြည့်ပြီး

    “ဟာ ခင်ဗျားက ကျုပ်နာမည်ကို   နောက်ဆုံးထားတယ် တကယ်ဆို ဘိုး သာ သာနှစ် ဖိုး  လို့ပေးရမှာ “

    “သာတစ်ကကျုပ် သာနှစ်က ကိုသာရ “

    မောင်ဘိုးထင် ခေါင်းကုတ်နေရပြီဖြစ်သည် ၊ သာအေးပြောသည်များကို နားထောင်ပြီး ခေါင်းရှပ်နေချင်းဖြစ်သည် ၊ ဘာလဲ ဆိုင်းနာမည်က ဘိုး သာ သာနှစ် ဖိုး လို့ပဲ ဟုလည်း တွေးနေရင်း

    “‌တော်ကြတော့ဗျာ ခင်ဗျား တို့က နေရာ တအားလိုချင်တာပဲ နာမည် မပါတော့ ဘာဖြစ်မှာလဲ ဆိုင်းကောင်းဖို့ အဓိကပဲ အဲ့တော့ ဘိုးထင် ဆိုင်းလို့ပဲ ပေးမယ် ဗျာ “

    သာအေး မကျေမနပ် ပြန်ပြောမယ် ကြံစဉ် သာအေး အနားမှာ ရှိသော သာရမှ  သာအေး၏ပါးစပ် ကို လက်နှင့်ပိတ်ထားလိုက်သည် ၊  သူတို့ လည်း မကျေနပ်ပါ သို့ပေမဲ့ ဖခင် ဆုံးရှုံး ထားသည်အတွက် သူစိတ်ကြိုက် လုပ်ခွင့်ပေးထားချင်း ကြောင့်ဖြစ်သည် ၊ နာမည်က အရေးမကြီး ဘူဆိုပြီး ဘိုးထင် ဆိုင်းဟု အမည်ပေးတာ သူတို့ မကျေနပ်ပေး ၊ သို့ပေမဲ့ နားလည်ပေးလိုက်ကြကာ  စကားတပြောပြော‌နှင့်  သစ်စိမ့်ရွာသို့ သွားနေကြပါလေတော့သည်။

    ▪️အခန်း-၃

မောင်ဘိုးထင် တို့  သစ်စိမ့်ရွာရောက်ချိန်တွင်တော့ အချိန် လင့်နေပြီဖြစ်သည် ၊မောင်ဘိုးထင် သည်  လရောင် နှင့် ကြယ်ရောင်များ၏ အောက်တွင်  သူ၏ အိမ်ရှိရာ ကို သွားနေပါသည် ၊ အိမ်နှင့် မလှမ်းမကမ်းရောက်သော အခါ သူ၏ အိမ်ဝိုင်းထဲတွင် မီးတုတ်များ ထွန်းညှိပြီး ရွာသားများ၏ လက်မှာ ကိုင်ထားကြဟန်ရှိသဖြစ် လင်းထိန်နေသည် ၊ အိမ်ဝိုင်းပေါက်ဝ ရောက်သော အခါ ‌မောင်ဘိုးထင်တို့ မြင်ရသည်မှာ ရွာသားများသည် မီးတုတ်များကိုင်ထားပြီး အိမ်ဝိုင်းထဲ ၌ စုရုံးနေကြသည် ၊ အိမ်ပေါ်တွင်တော့ အရက်ဆိုင်ပိုင်ရှင် ဦးစိုးကြီး နှင့် ရွာလူးကြီး  ထို့နောက် တခြားရွာသားများ၏ ဒေါ နှင့် မောနှင့် အသံများ ပေါ်လာတော့သည် ၊။

    “‌ဒီ အလောင်းကို အခု ချက်ချင်းမြှုပ် ဒီလို အရက်သမားကို ဖျာလိပ်ပြီး မြှုပ်လိုက်လည်းရတယ် ရွာလူကြီး “

    “ဟေ့ ကောင်တွေ မင်းတို့ဘာစကားပြောတာလည်း  ကိုကောင်းက ငါ့ရွာသား ပြီးတော့သူ့သား ဘိုးထင်ရှိသေးတယ် “

    “သူသားရှိသေးတော့ ဘာအ‌ေရးလည်း ကျုပ်တို့မပါပဲ ဒီအလောင်းကြီးကို အဲ့ ဒီက‌လေးက မြေချပေးနိုင်လို့လား”

    ရွာလူကြီး နှင့် ရွာသားများ အချေအတင်းစကားပြောနေ၏ ၊ ထိုအချိန် ဦးစိုးကြီး၏ ဒေါသ အသံ နှင့် ပြောသော စကားများက ပေါ်လာသည်

    “ဟေ့ကောင် ဝင်းမောင်  မင်းက ပိုဆိုးနေတာ မင်း‌က ဘိုးထင် ပိုင်တာတွေကို အပိုင်မစီးရလို့ မီးလောင်ရာ လေ‌ပင့် လုပ်နေတာ မဟုတ်လား “

    “စိုးကြီး မင်းနဲ့ ဘာဆိုင်လဲ မနက်ဖြန်ဆို ဇော်မိုးတို့ အလှူဝင်ပြီး အဲ့တော့ ဒီမသာကို အခုည မြေချရမှာပဲ “

    “ဟုတ်တယ် ဟေ့ ဝင်းမောင်ပြောတာ မှန်တယ်  “

    အိမ်ဝိုင်းဝ တွင် ရောက်နေကြသော မောင်ဘိုးထင်သည် သူတို့ပြောစကားများကို အတန်သင့် ကြားရပြီ ဖြစ်သောကြောင့် အခြေအနေ တချို့ကို ကောင်းစွာသဘောပေါက်မိသည် ၊ သူတို့ ညတွင်းချင် ရောက်လာ‌လို့ တော်သေး၏ ။ ရွာသား အများစုက  မောင်ဘိုးထင်၏ အဖေကို သင်္ဂြုလ် ချင်နေကြသည် ၊ရွာသားများသည်  ဦးစိုးကြီးကို အရေးမစိုက်ပေ  ရွာလူကြီးမှ လက်မခံလို့သာ မောင်ဘိုးထင် ၏ အဖေအလောင်းအား ဖျာ ပတ်ပြီး မြေမမြှုပ်ချင်းသာဖြစ်သည် ၊ မောင်ဘိုးထင်သည် အေးဆေး တည်ငြိမ်စွာ နှင့် အိမ်ဝိုင်းထဲသို့ဝင်လိုက်သည် ၊ ရွာသားများ၏ မီးတုတ်များမှ အလင်းရောင်ကြောင့် မောင်ဘိုးထင်တို့ ဝင်လာသည်ကို အထင်းသာမြင်နေရသည် ၊  ရွာသားများသည် မောင်ဘိုးထင်တို့ကိုကြည့်ကာ

    “ဟေ့ ဘိုးထင် ရောက်လာပြီဟေ့ “

    “အဲ့‌ေကာင်ကို အိမ်ပေါ်တက်ခိုင်း လိုက်”

  ‌ဆုံးပါးသွားပြီဖြစ်သော  အဒေါ်ဖြစ်သူ၏ ယောက်ျား ဝင်းမောင်၏  မာကျောသော အသံသည် အိမ်ပေါ်မှ ထွက်လာသည် ၊ ထိုအခါရွာသားများသည် မောင်ဘိုးထင်တို့ကို အိမ်ပေါ်တက် စေလိုက်သည် ၊  မောင်ဘိုးထင်နောက် တွင် ဦးအုန်းတို့သည်လည်း မျက်နှာထားကို တင်းပြီး လိုက်လာသည် ဦးအုန်းသည် မောင်ဘိုးထင်ကိုလည်း တိုးတိုးကပ်ပြီး

    “ကောင်လေး မင်းစိတ်ကြိုက်သာလုပ် မင်းနောက်မှ ငါရှိတယ် တရွာနဲ့ တယောက်ဆိုလည်း ငါမကြောက်ဘူး ကြားလား”

    ဦးအုန်းနည်းတူ ကျန်သော ဖိုးထွေးတို့မှလည်း အသံခပ်အုပ်အုပ်ဖြစ်

    “ဘိုးထင် နည်းနည်းကြောက်ပေမဲ့ မင်းနောက်မှာ ငါရှိတယ် “

    “ဟုတ်တယ်  ဘိုးထင် ငါလည်း ဒူးနည်းနည်းတုံနေပေမဲ့ မင်းနဲ့ တူတူ ရှိတယ် “

    သာရနှင့် ဖိုးထွေး ထိုသို့ပြောသော အခါ သာအေးသည် မောင်ဘိုးထင်နားကပ်လာပြီး

    “ဘိုးထင် ငါက ကိုဖိုးထွေးတို့ ကိုသာရတို့လို ကြောက်တဲ့ ကောင်စားမျိုးမဟုတ်ဘူး သိလား အမှန်တရား အတွက်ဆို အသက်ပါပေးရဲတယ်ကွ”

    “မင်းက ဘယ်ဟာ မှန် ဘယ်ဟာ မှား သိလို့လား”

    “ဟဘိုးထင်ရ မင်းမှန်ရင် မှန်တယ်ကွာ ကြားလား”

    ဘိုးထင်နားတွင် အသံခပ်စွာစွာ နှင့်ပြောနေသော သာအေးကြောင့် ဖိုးထွေး နှင့် သာရ ပင် မျက်နှာငယ်သွားရမတက်ဖြစ်နေသည် ၊ သူတို့အားလုံး အိမ်ပေါ်ရောက်သော အခါ ရေနံဆီ မီးခွက်များ၏ အရောင်များကြောင့်  အိမ်ထ‌ဲကို ရှင်းလင်းစွာတွေ့ရသည် ၊ ဦးကောင်း၏ ရုပ်အလောင်းသည် အိမ်နောက်ခန်းတွင် ဖျာကြမ်းပေါ်တွင် စောင်တထည်ကို ခင်းပေးထားပြီး  အလောင်းခေါင်းရင်းတွင် ပန်းအိုးတလုံး အားခုံလေးပေါ်တင်ထားပြီး ထိုခုံပေါ်တွင် အရက်တပုလင်း နှင့် အမြည်းအချို့ တင်ပေးထားကာ ဖယောင်းတိုင် တတိုင်ထွန်းပေးထားသည် ၊ မောင်ဘိုးထင်သည် သူ၏ အဖေ၏ ရုပ်အလောင်းကို တချက်ကြည့်လိုက်ပြီး ဦးစိုးကြီး  နှင့် ရွာလူကြီးအနား ထိုင်လိုက်သည် ဦးအုန်းသည်လည်း  မောင်ဘိုးထင် အနားထိုင်လိုက်သလို ကျန်သော ဖိုးထွေးတို့သည်  သင့်တင်သော နေရာ တွင် ထိုင်နေသည် ၊ သူတို့အားလံုးထိုင်ပြီးသည် နှင့် ရွာလူကြီးမှ စကားစဆိုလာသည်

    “ကဲ ဘိုးထင် မင်းကို စောင့်နေတာ ရွာသားတွေက မင်းမလာတော့ဘူး ထင်ပြီး ညတွင်းချင်း မင်း အဖေကို သင်္ဂြိုလ် မလို့ လုပ်နေကြတယ် “

    “ကျုပ်ရွာမှ နေတုန်းက လူသေရင် တရက် ဒါမှ မဟုတ်  နှစ်ရက် သုံးရက် ထားပါတယ် ဘာဖြစ်လို့ကျုပ်အဖေကြ မှ ညတွင်းချင်း သင်းဂြိုလ်ခိုင်းနေတာလဲ နားမလည်ဘူး “

    မောင်ဘိုးထင်၏ စကားကို ဝင်းမောင်မှ ပြန်ဖြေလာသည်

    “ရွာမှာ အလှူ ရှိတယ်က ွ မနက်ဖြန်ဆို အဝင်ဖြစ်ပြီ အဲ့တော့ ဒီည  မင်းအဖေ မသာကို ချမှ ရမယ် “

    “နေပါဦး ဗျ ခင်ဗျားက အလှူရှင်လား “

    ” အလှူရှင်တော့ မဟုတ်ဘူး ရွာဓလေ့ကို ပြောပြတာ မင်းမသိတာတွေ အများကြီး ဘိုးထင် “

    “ဘာမှ မသိစရာမလိုဘူး ကျုပ်အဖေ အလောင်းကို တရက်ထားမယ် “

    မောင်ဘိုးထင် ထိုသို့ပြောသော အခါ ဝင်းမောင် နှင့် တခြား ညတွင်းချင်းသင်္ငြိုလ် ချင်ကြသော ရွာသားများသည် တိုးတိုး နှင့် စကားဆိုလာသည်

    “မင်း ရက်ထားရင် ငါတို့ရွာသားတွေ ဘာမှ လုပ်ကူမှာ မဟုတ်ဘူး “

    “ဟုတ်တယ် မြေချတာ လွယ်တယ် များမှတ်နေလား “

   မောင်ဘိုးထင်သည် ရွာသားများ၏ ပြောစကားကို တချက်မဲ့ ပြုံး ပြုးလိုက်ပြီး

    “သစ်စိမ့်ရွာသားတွေ  သူတော်ကောင်းတွေပါလားဗျ ကျုပ်အဖေ သေတာတောင် အိမ်ရှေ့မှာ ကနားဖျင်း တောင်မထိုးထားပါလား ဘယ်မှာလဲ ဆန်‌တွေ လာပို့ထားတာလဲ မရှိပါလား”

    မောင်ဘိုးထင်၏ ပြောစကားကြောင့် ကျန်သူများငြိမ်နေကြပေမဲ့ ရွာလူကြီး နှင့် ဦးစိုးကြီးမှ

    “ငါတို့က ကနားဖျင်း ထိုးပြီး ဆန်လက်ခံဖို့ လုပ်‌မလို့ပါ ကွာ ဒါပေမဲ့ ဘယ်သူမှ အရေးမလုပ်ကြဘူး”

    “ဟုတ်တယ် ဘိုးထင်ရ ရွာသားတွေက မင်းအဖေက အသင်းဝင် မဟုတ်တော့ဘူး ဘယ်သာရေးနာရေးမှ မလိုက်ဘူး ဆိုပြီး ဒီတိုင်းနေနေတာ “

    “ကျုပ်သိပါတယ် အရက်သမားကြီး မသာက ဘယ်စည်ပါ့မလဲ ကျုပ်အပြစ်မပြောဘူး ဘယ်သူမှ မြေချဖို့ မကူညီ လည်း ကျုပ်တိုင်းကျုပ် သင်္ဂြိုလ်မယ် “

    မောင်ဘိုးထင်၏ စကားကြောင့် ရွာသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး

    “ဟေ့ အဲ့ ကလေးသာသာကောင်က ဘာလဲကွ “

    ။”ဟုတ်တယ် သူ့ကိုယ်သူဘာထင်နေတာလဲ ”

“ဟုတ်တယ်  ဒီကလေးသာသာ ကောင်စကားကို နားထောင်စရာ မလိုဘူး အလောင်းကို ဆွဲ ထုတ်ပြီး မြှုပ်လိုက်ကြရ‌ေအာင်ဟေ့”

    ရွာသားများ၏ စကားသံကြောင် မောင်ဘိုးထင် နားတွင် ထိုင်နေသော ဦးအုန်းသည် ကြမ်းပြင်ကို လက်နှင့် ပြင်းထန်စွာ ပုတ်လိုက်ကာ

    “ဘယ်အကောင် ဒီ အလောင်းကို ထိရဲလဲ ထိကြည့် စမ်း အလောင်းကို ထိတဲ့ ကောင်နောက်နေ့ မသာပေါ်ပြီမှတ် ပေပင်ရွာက ဦးအုန်းတဲ့ ကွ နာမည်တလုံးနဲ့နေတာ “

    ဦးအုန်း ၏ ဒေါသမာန် အပြည့် ပါသော စကားသံကြောင် ရွာသားများ ငြိမ်သွားကြသည် မငြိမ်လို့လည်းမရ ပေပင်ရွာမှ ဦးအုန်းဆိုတာ ဒီနယ်တခွင်တွင် နာမည်‌ကျော်သော ပုဂိ္ဂုလ် မဟုတ်ပါလား ၊  ဦးအုန်းသည် နောက်ထပ်ပိုကျယ်လောင်သောအသံဖြစ် ထပ်ပြောလာသည်

    “သစ်စိမ့်သားတွေ နားထောင်စမ်း ငါ့ကောင်လေးဘိုးထင် သူ့အဖေ အသုဘ သူစိတ်ကြိုက်လုပ်လိမ့်မယ် ထုံးတမ်းတွေ အစဉ်လာတွေ လာမပြောနဲ့ ပြောတဲ့ကောင် နောက်နေ့ မျက်နှာ သစ်စရာရှိမယ် မထင်နဲ့ မ‌‌ေကျနပ်တဲ့သူတွေ အခုပြန်ကြဟေ့”

    ဦးအုန်း၏ စကားဆုံးသည် နှင့် ရွာထဲမှ ခွေးများသည် ကြက်သီးထနိုင်လောက်အောင် ဆွဲဆွဲငင်ငင်  အူနေလေရာ ၊ ရွာသားများ ထိတ်လန့်ကုန်ကြသည် ၊ နမည်တလုံး နှင့် ဦးအုန်းအကြောင်းသိသော ရွာသားအချို့က မသိသူများကို တိုးတိုး နှင့် ပြောပြီး  မောင်ဘိူးထင်တို့ အိမ်ဝိုင်းအပြင်သို့ ထွက်သွားကြတော့သည် ၊ အိမ်ပေါ်တွင်တော့ သစ်စိမ့်သားဟူ၍  ဖဲသမား များ  ထိုအပြင် ရွာလူကြီး နှင့် ဦးစိုးတို့သာ ရှိပါလေတော့သည်။

    ▪️အခန်း-၄

    ‌အချိန်မတော် သန်းခေါင်ယံ အချိန် တွင်  မောင်ဘိုးထင်၏ အဖေနာရေးတွင် ဖဲသမားများ ဖဲရိုက်နေ ကြသည်။ ဖဲသမားများသည်က မည်သည် ပြဿနာရှိရှိ ပြဿနာ ဖြစ်နေတုန်း ခဏသာ ငြိမ်နေပြီး ပြဿနာ ပြီးသွားသည် နှင့် ဖဲဝိုင်းက ပြန်ဖြစ်နေကြမြဲ ဖြစ်သည်။  ဖဲ ဝိုင်းသည်   နှစ်ဝိုင်းရှိရာ တဝိုင်းကို သာအေးမှ အကောက် ကောက်နေပြီး ကျန်တဝိုင်းကို သာရ မှ  အကောက် ကောက်နေသည် ၊  ဖိုးထွေးသည်က မောင်ဘိုးထင်တို့ နှင့် အတူထိုင်ပြီး စကားပြောနေသည် ၊

    “ကဲ ဦးအုန်း သစ်စိမ့် သားဆိုလို့ ကျုပ်နဲ့ ဟောဟိုက စိုးကြီးပဲ ကျန်တော့တယ် မနက် ဘယ်လိုပြဿနာတွေ ဖြစ်မလဲ မပြောတက်ဘူဗျာ “

    “စိတ်မပူပါနဲ့ဗျာ ကျုပ်တို့တိုင်းလုပ်လိုက်ပါ့မယ် “

    “ကျုပ်ရွာသားတွေ အကြောင်း ကျုပ်သိတယ်  ခင်ဗျားကို ကြောက်လို့သာ ညိမ်နေတာ ဒီတိုင်းတော့ မပြီးလောက်ဘူးဗျ “

    “ဟုတ်တယ် ဆရာကြီးရ ဒီရွာသားတွေက ဝင်းမောင် စကားနားထောင်နေတာ ရွာလူကြီးစကားတောင် နားမထောင်ဘူး ဝင်းမောင်က ဘိုးထင် ပိုင်တဲ့ လယ်နဲ့  အိမ်ကို လိုချင်‌ေနတာ မရလို့ ဒီကောင် အညှိုးထားနေတာ ဗျ”

    “ထားလိုက်ပါ ရွာလူကြီး နဲ့  စိုးကြီးတို့လည်း နားချင်ရင်ရင် ပြန်နားကြတော့ဗျာ ကျုပ်တို့ ‌ဒီမှာနေပါမယ် “

    ဦးအုန်း နှင့် ရွာလူကြီး ပြီးနောက် ဦးစိုးကြီးတို့ စကားပြောနေကြသည် စကားများသော မောင်ဘိုးထင်က သူ၏ အဖေကို လှမ်းကြည့်ပြီးသာ ငြိမ်နေလေသည် ၊ ထို့နောက် ရွာလူကြီးသည် ငြိမ်နေသာ မောင်ဘိုးထင်အား

    “ဘိုးထင် မင်းအဖေ မသေခင် ငါ့ကို မှာသွားတာ ရှိတယ် “

    “ဟုတ် ဦးကြီးပြောပါဗျ”

    “မင်းတို့လယ်ကို ရောင်းလိုက်ပြီကွ  ရောင်းလို့ရတဲ့ ငွေ နဲ့ ခြောက်လုံးပတ် တစုံ ဝယ်ထားတယ် မင်းကို ပေးချင်လို့ ဆိုပြီး မင်းပြန်သွား ပြီးပြီးချင် ငါကိုပြောပြီး တန်း စီစဉ်ခိုင်းတာ  ဗုံက မနက်ဖြန် လောက်မှ ရောက်မယ်  ပိုတဲ့ ငွေ မင်းကို ပေးမယ် “

    “ဟုတ်ကဲ့ ဦးကြီး “,

    “ဒီအိမ်ကို ဘယ်လို လုပ်မှာလဲ ပြန်နေမှာလား ရောင်းမှာ လား “

    “ရောင်းတော့မယ် ဗျာ ဒီရွာမှာလည်း မနေချင်ဘူ”

    “မင်းသဘောပါ အဲ့တာဆို ငါပြန်တော့မယ် ကွာ ဒီည ဒီမှာ အိပ်မလို့ပဲ ဒါပေမဲ့ လူများတော့ ငါပြန်ပြီကွာ “

   ရွာလူကြီး သည် ပြောပြောဆိုဆို ထရပ်လိုက်ပြီး ကျန်ခဲ့မည့်သူများကို နုတ်ဆက်ပြီး ပြန်သွားတော့သည် ၊ ထို့နောက် ဦးအုန်းသည် ဦးစိုးကြီးဘက်လှည့်ကာ

    “စိုးကြီး ကျုပ်ကို ကူညီဦးဗျာ “

    “ပြောဆရာကြီး “

    “မနက်ဖြန် ခေါင်းပျဉ်တွေ ဝယ်ပေးဗျာ ပြီးတော့ သင်္ချိုင်းမှာ မြေတူး ဖို့ စီစဉ် ပေးဦး ဒီရွာသားတွေက လာတော့မဲ့ ပုံ မပေါ်ဘူး “

    “စိတ်ချပါ ကျုပ်စီစဉ် လိုက်ပါမယ် “

    “ပြီးတော့ ခင်ဗျာကို ကျုပ်တို့ငွေ ပေးမယ် ဗျာ ဘာသာရေးနဲ့ဆိုင်တာတွေ တော့ မင်းနဲ့ ရွာလူကြီး ပဲ လုပ်လိုက်တော့ “

    ဦးစိုးကြီး ခေါင်းညိတ်လလို့ အသိအမှတ်ပြုလိုက်သည် ဦးအုန်းသည် မောင်ဘိုင်းထင်ဘက်လှည့်ပြီး

“ဘိုးထင် “

    “ဗျ အဘ “

    “မငိး အဖေကို တရက်တော့ မထားတော့နဲ့ ကွာ မနက်ဖြန် မြေချ လိုက်ကြရအောင် “

    “အဘ သဘောပါပဲ “

    ဤသို့ ဦးအုန်း၏ လမ်းညွှန်မှူ့ဖြစ် မောင်ဘိုးထင်၏ ဖခင် အသုဘ ချမည့် အးီအစဉ်အား ဆွဲလို့ပြီးဖြစ်ပါလေတော့သည်၊

    ▪️အခန်း-၅

    မနက်အလင်းရောင်ချည် မရခင် ဦအုန်း နှင့် မောင်ဘိုးထင် အားရွာလူကြီးမှ သူ မလာနိုင်ကြောင်း လာပြောသည် သူအားနားလည်ပေးရန်လည်းတောင်ပန်နေရာ ဦးအုန်း နှင့် မောင်ဘိုးထင်မှ နားလည်ကြောင်း ပြောမှ ရွာလူကြီး ပြန်သွာသည် မောင်ဘိုးထင်သည် ဦးစိုးကြီးအား နိုးလိုက်ပြီး

    “ဦးစိုးကြီး ထ ဗျ “

    “အေး ထပါပြီကွာ “

    “ဦးစိုးကြီး မြေတူးမဲ့သူရှာပြီး တူးခိုင်းတော့ဗျာ ပြီးတော့ အခေါင်းစပ် မဲ့ ပျဉ် ဝယ်ပေးအုန်း”

    “ပျဉ်ကတော့ လုပ်မနေနဲ့ ငါ့အိမ်က ကျွန်းပျဉ်တွေလုပ်ကွာ ငါလည်း သုံးစရာမရှိဘူး သံတွေ တူတွေလည်း ရှိတယ် တယောက်လောက် ငါ့နောက်လိုက်ခဲ့ဦး “

    “ကျုပ်လိုက်ခဲ့မယ် ဒါပေမဲ့  ဦးစိုးကြီး ဟို ဘယ်လလိုခေါ်မလဲ အယူတွေသီးကြတယ်လေဗျာ   “

    “သိပါတယ်ကွာ ဟေ့ကောင် မင်းအဖေက ငါ့ဖောက်သည်ကွာ မင်းအဖေက သူ့အသက်ကိုရင်းပြီး ငါ့ဆိုင်ရဲ့ ဖောက်သည်ကောင်းကြီး ဖြစ်တယ်ဆိုတာကို သက်သေ ပြလိုက်တဲ့ သူရဲကောင် သူရဲ့ နာရေးမှ ငါဒီလောက်တော့ ဂုဏ်ပြုသင့်ပါတယ်ကွာ ဘာအယူမှ မရှိဘူး ငါက အရက်ရောင်းစားတဲ့ ကောင် “

    ဦးစိုးကြီး၏ စကားကို မောင်ဘိုးထင်သာမကာ ကျန်လူများပါ ငေးပြီး ကြည့်နေကြသည် ၊ ဦးစိုးကြီးကို အရွှန်းးဖောက်ပြောသည်ဟု ထင်နေကြပေမဲ့ သူမ၏ မျက်နှာက တာည်တန့်နေလေ၏ ၊ သူအားဝိုင်းပြီး ကြည့်နေတာ သိသောအခါ ဦးစိုးကြီးသည်

    “မင်းတို့ကလည်း မနေတက်တော့ဘူကွာ ငါက  ရုပ်ကြီးသာကြမ်းတာ ဟ လူငယ်လေးတွေ ကြည့်ရင် စိတ်ထဲတမျိုးကြီးဖြစ်တယ် လာလာ အိမ်သွားပြီး ပျဉ်သွားသယ်ကြရအောင် “

    “ကျုပ် လိုက်မယ် ဦးစိုးကြီး”

    မောင်ဘိုးထင် မှ သူလိုက်မည်ဟုပြောသောအခါ ဖိုးထွေး နှင့် သာရသည်

    “ဘိုးထင် နေနေ မင်းက အကောင်သေးတယ် ငါတို့ပဲ သွားလိုက်မယ် “

    “ဟုတ်တယ် ဘိုးထင် နေနေ ဒီကောင်လေးနှစ်ယောက်က အရွယ်ကောင်းလေးကွ မင်းကသေးတယ် “

    ဦးစိုးကြီး၏ စကားကြောင့် ဖိုးထွေးနှင့် သာရ တယောက်ကို တယောက် ကြည့်လိုက်ကြသည်  တယောက် နှင့် တယောက်ကြည့်နေသော ဖိုးထွေး နှင့် သာရအား ဦးစိုးကြီးမှ

    “ဟဲ့ကောင်တွေ လာလေ ဘာရပ်လုပ်နေတာလဲ “

    ဦးစိုးကြီး၏ ခေါ်သံကြောင့် ဖိုးထွေး နှင့် သာရ သည် ဦးစိုးကြီး၏ နောက် မလှမ်း မကမ်းမှ လိုက်သွားလိုက်ပါလေတော့သည်။

    ▪️အခန်း -၆

    သရဏဂုံတင်ရန် ဘုန်းကြီးမပါ ကျွန်းသား ပျဉ်ခေါင်းမှာ  အိုးမဲနှင့် ဦးကောင်း၏ နာမည် နှင့် အသက်ကို ရေးထားသည် ၊ ထိုအခေါင်းထဲသို့ မောင်ဘိုးထင် ၏ အဖေအ‌ေလာင်းအား ထည့်လိုက်ကြသည်

    “ဘိုးထင် ငါလည်း ဘာမှ မသိ‌ဘူးနော် ရမ်းလုပ်နေတာ “

    ” အဖေက သေပြီးပြီပဲ ဗျာ ဘယ်သူမှ မလုပ်ကူတော့ ကိုယ်တိုင်းကို ချရတာပေါ့ “

    “ရွာထဲမှာ အခေါင်းကို မထမ်းရဘူးတဲ့ ကွ  ဘိုးထင် ရ”

    “အဲ့တာ ဆို လက်ကဆွဲဗျာ ဖဲသမားတွေ ပါခေါ်  ရမလား အဘ”

    “ရှုံး တဲ့ကောင်တွေတော့ ခေါ်လို့ရမှာပေါ့ ဒင်းတို့ က ငွေလိုနေတာ “

    “ရတာ ခေါ်မယ်ဗျာ ကျုပ် နဲ့ သာအေးက မ မနိုင်ဘူနော် “

    “ဟေ့ကောင် ဘိုးထင် ငိုလေကွာ မင်းက မင်းအဖေ သေတာ ငိုရမှာ မဟုတ်လား “

    “,ငိုမရဘူး အဘရ  ငိုလည်း မငိုချင်ပါဘူး ကျုပ်နေသာ ကြသွားပြီဗျ “

    “ကောင်းတယ်ကွာ တို့က အောက်လမ်းတွေပဲ အသဲတော့ မာရမှာပေါ့ “

    “အသဲတော့ မမာဘူးအဘ ညက အဖေ က အမေနဲ့ တွေ့နေရပြီလို့ အိပ်မက်မက် လို့ မငိုချင်တော့တာ သူ လူ့ဘဝ မှာ ရှိတော့လည အထီးကျန်နေတာ ပဲ မဟုတ်လား ”

“အေးကွ ဝဋ်ကျွတ်သွားတယ် ပေါါ့ကွာ “

    ထို‌ေနာက် စိုးကြီး  မှ မြေကြီး တူးပြီးပြီဖြစ်ကြောင်း လာပြောသော ခါ ဦးအုန်းသည် ဖိုးထွေး၊  သာရ နှင့် ဖဲသမားများကို  မောင်ဘိုးထင်၏ အဖေအလောင်းထည့်ထားသောညအခ‌ေါင်းကို ဝါး လုံးကြီးများပေါတင်ခိုင်းလိုက်ပြီးနောက်

    “ဟေ့ကောင်တွေ ငါလည်း အသုဘ မချတက်ဘူး ငါသိ‌သလောက်ဆို ဓတ်စက်ကြီးက အလောင်းပိုဒ် ဖွင့်ရင် အသုဘ ချမည်ဆို တာ ရွာသားတွေကို သတိပေးတာဟ အဲ့တာမှ သူတို့က အဝတ်တွေ ရုတ် တံခါးတွေ ပိတ်လုပ်တာ ငါတို့က ဘယ်လို လုပ်မလဲ “

    “မထူးဘူး အဘရာ အော်သွားကြတာပေါ့ အသုဘ ချမယ်ဗျို့လို့ ပေါ့ “

    “အေးကွာ လုပ်ကြကွာ “

    သူတို့ အသုဘချရန် ပြင်ဆင်နေကြစဉ် သာအေးသည် မောင်ဘိုးထင်အနားကပ်ပြီး

    “ဘိုးထင် အသုဘ ချတာပိုပြီး ပီပြင်အောင် ငါလုပ်ပြမယ် “

    မောင်ဘိုးထင်အား ထိုသို့ပြောပြီး သာအေးသည်  အလောင်းထည့်ထားသော အခေါင်းနားသွားပြီး

    “အမလေး ဦးကောင်းရဲ့ ထကြည့်ပါဦး ကျုပ်ဘယ်သူနဲ့ နေရမှာ လဲ ဗျ”

    သာအေးအော်ဟစ် ငိုကျွေးနေသည် ၊ သာအေး၏ နှစ်အိမ်ကျော် သုံးအိမ်ကြား ငိုသံ ကြောင့် အသုဘ ချမည့်ပုံပိုပြီး အသက်ဝင်လာသည် ဟုတွေး ပြီး မောင်ဘိုးထင်သည် သာအေးကို ကျေးဇူးတင်နေသည် ၊ဦးအုန်းသည်  ရပ်ရွာထဲတွင် အသုဘလိုက်ပို့ဘူးသူမဟုတ် ညအချိန် မတော် တွင်သာ အောက်လမ်း အတိုက် လုပ်ရန်သာ အလောင်းကို ဖော်တာ ပြန်မြှုပ်တာသာ လုပ်ဖူးသူဖြစ်သည် ၊ ယခုလည်း  သူသိသလောသာ ပြောဆို လုပ်ကိုင်နေချင်း ဖြစ်သည်

      ဖဲရှုံးသည့် ဖဲသမားများ ၊ ဖိုးထွေး သာရ တို့ သည် ဦးကောင်းကို ထည့်ထားသော အခေါင်းအား မ လိုက်ရာ ဦးအုန်းမှ

    ။”ဟေ့ဟေ့ ဒူး မကျော် နဲ့ ဒူးမကျော် နဲ့”

    “ဒူးကျော်ရင် ဘာဖြစ်တုန်းဗျ ဦးအုန်း “

    ” မသိဘူး ဘူးဟေ့ မသိဘူး ဟ  အောက်လမ်းဆရာက အသုဘ ချနေရတယ်လို့ကွာ လခွီးမှပဲ “

    ဦးအုန်း ချွေးများ စို့နေသည်  ဖိုးထွေးတို့ လည်း  ကုန်းကုန်းနှင့် အခေါင်းကြီးကို ဖဲသမားများနှင့် အတူ မ နေလေသည် ၊ သာအေးသည်က နောက်က လိုက်၍ အော် ဟစ်ငို ကျွေးနေလေရာ အလောင်သယ်‌ေနရ၍ ပင်ပန်းနေသော ဖိုးထွေးမှ

    “သာအေး မင်းဟာက  အမလေး နဲ့ ပဲ ပြီးနေတာပဲ တခြားဟာလေး ပြောင်း‌ေပြာပြီးငိုကွာ နားညီးတယ်ကွ လေးရတဲ့ အထဲ “

    “ကို‌ဖိုးထွေးကလည်း ဗျာ ကျုပ်လည်း  မောနေပြီ ဟိုကောင်ဘိုးထင်က ငိုရမှာ ကျုပ်က အစား ငိုပေးနေတာ ကျုပ်လည်း ဒါပဲငိုတက်တာ နောက်တနည်းက တက် တဲ့ နည်းရှိတယ် တက် ပြရမလား “

    သာအေး၏ စကားကြောင့် ဖိုးထွေး မျက်လုံး ပြူးသွားကာ

    “တက် တော့  မတက်ပြပါနဲ့ကွာ “

    “ပြောရင် ဆိုရင် အလုံးကြီး စို့လာသလိုပဲ “

    “မစို့ နဲ့ ဟ ကြိုက်သလိုသာ ငို နား နား  ငိုပေါ့ကွာ “

    သာအေးသည် ဖိုးထွေးအား မည်သို့သော စကားမှ မပြော ဆက်၍သာ ငိုနေလေသည် ၊ ဤသို့ နှင့် သားသမီးပေါ် တသက်လုံး မကြင်နာ သေခါနီးမှ အသိတရားဝင် အချိန်လွန်မှ ရသော နောင်တများကို ရင်ဝယ် ပိုက်ပြီး သေသွားသော  အရက်သမား ကြီး ဦးကောင်း၏ အသုဘသည် က ဗရမ်းဗတာ ဖြစ်နေပါလေတော့သည်။

    ▪️အခန်း-၇

    ဦးအုန်း ဒေါသ ထွက်နေပြီ ဖြစ်သည် ၊ အင်မတန်ကိုဒေါသ ထွက်နေ၏ သူနည်းတူ မောင်ဘိုးထင်တို့လည်း ဒေါသ ထွက်နေသည် ၊ ရွာပြင် သင်္ချိုင်းသွားမည်လမ်းများကို ရွာသားများက ပိတ်ပင်ပြီး မသွားနိုင်ရန် နှောက်ယှက်နေသည့် အတွက် ဖြစ်သည် ၊ ဟိုဘက်က သွားလို့ ပြောလိုက် ဦးအုန်းတို့ သယ်သွားသောအခါ  ဒီဘက်က သွားလို့ပြောလိုက်နှင့် မကူညီကြပဲ နှောက်ယှက်နေချင်းကြောင့် ဖြစ်သည် ၊ နောက်ဆုံး ဦးအုန်းသည် ပိတ်ရပ်နေသော လမ်း တွင် အခေါင်းကြီးကို ချစေပြီးနောက်  မောင်ဘိုးထင် ဘက်လှည့်ကာ

    “ကောင်လေး ငါကတော့ စိတ်မရှည်တော့ဘူး ဒါတမင် လိုက်နှောက်ယှက်နေတာ ကွ”

    “ဟုတ်တယ် ရွာလူကြီးလည်း ပြောလို့ ရပုံမပေါ်ဘူး “

    “ငါ အကြမ်းနည်းသုံးမယ်ကွာ လူလို သိ‌ေနလို့မရတော့ဘူး “

    “အဘ သဘောဗျာ လုပ်ချင်တာ သာလုပ် “

    “ကဲ ခေါက်ရန်းပန်း ရှာ ကွာ “,

    မောင်ဘိုး ထင် နှင့် သာအေးသည် ပိတ်နေသော လူများကို ရှောင်ကွင်း ပြီး သင်္ချိုင်းအနားတွင် ရှိသော ခေါင်ရမ်းပန်းပင်မှ ခေါင်ရန်းပန်းတပွင့် ကို ခူးလာပြီး ဦးအုန်းအားပေးလိုက်တော့သည် ဦးအုန်းသည်  ခေါင်ရန်းပန်းကို ကိုင်ကာ

    “ကဲ ငါနောက်ဆုံးမေးမယ် မင်းတို့ ကောင်တွေ ဖယ်ပေးမှာလား “

    ရွာသားများသည် မသိယောင်ဆောင်ပြီး လမ်းအား ပိတ်ထားကြသည် ၊ ဦးအုန်းသည် တောက်တချက်ခေါက်လိုက်ပြီး

    “တောက် ပေးစမ်းကွာ  သံတရွင်း “

    ဖိုးထွေးသည် အသင့်ယူလာသော သံတရွင်းကို ပေးလိုက်သည် ဦးအုန်းသည် သံတရွင်း နှင့် အခေါင်းကြီးကို ဖွင်လိုက်ပြီး ဖောရောင်နေသော ဦးကောင်းအလောင်းကြီ၏  နားသို့ ခေါင်းရမ်းပန်းကို ပန်ပေးလိုက်ကာ  မန္တန်တပုဒ်ကို တိုးတိုးရွတ်လိုက်ပြီး

“ကဲ မင်းတိုင်း မင်းသွားကွာ သင်္ချိုင်းကို ငါတို့နောက်က လိုက်မယ် “

    ဦးအုန်း ထိုသို့ပြောလိုက်သည် နှင့် အလောင်းကောင်ကြီးသည် ငုတ်တုပ် ထထိုင်လာရာ

    “အမလေး အလောင်းကြီး အသက်ဝင်လာပြီ”,

    လူများ၏ အော်ဟစ်သံ နှင့် အတူ ရွာသားများထွက်ပြေးကြကုန်သည် သတ္တိရှိလှပါသည်ဆိုသော ရွာသားများပင် အဝေးမှ ပဲ လှမ်းကြည့်နေကြသည် ၊ အလောင်းကောင်ကြီးသည် အခေါင်းအပြင်မှ ထွက် ပြီး ဒယီးဒယိုင် နှင့် ရွာအပြင်သို့ တဖြည်းဖြည်း ထွက်ခွာသွားတော့သည် ၊ အလောင်းထမ်းပေး‌ေနသော ဖဲ သမားများ ပါ ထွက်ပြေး သွားကြပြီမို့ အလောင်းမရှိသော အခေါင်း အလွတ်ကြီးကို ငိုချင်းသည် သာအေး နှင့် အသုဘ ရှင် မောင်ဘိုးထင်မှ ရှေကနှစ်ယောက်  ဖိုးထွေး နှင့်  ‌သာရ နှစ်ယောက်သည်က နောက်မှ နေ‌၍ သင်္ချိုင်းဆီသို့ ထမ်း၍ သွားပါလေတော့သည်။

    ▪️အခန်း-၈

    မောင်ဘိုးထင် အဖေ ဦးကောင်း၏ အသုဘချချင်းသည်က ဟိုးလေးတကြော်နှင့် ပြီး ဆုံးသွားပြီဖြစ်သည် ၊ ကျန်သည်ကိစ္စများနှင့် ဘာသာရေး ကိစ္စများကို ရွာလူကြီးနှင့် ဦးစိုးကြီးအား ငွေပေးပြီး လုပ်ခိုင်းလိုက်သည် မောင်ဘိုးထင်တို့သည်က   ဦးကောင်း မသေခင် မောင်ဘိုးထင် အတွက် ဝယ် ပေးထားသော ဗုံး များကို ထမ်းသူထမ်း ရွက် သယ်သူ သယ် နှင့်  ပေပင်ရွာသို့ ပြန်နေကြသည်။ ပတ်မကြီးကို နှစ်ယောက် ဝါးလုံး နှင်ချိုထမ်းလာပြီး  ကျန်သော ဗုံလေးများအား တယောက် တလုံး ပွေ့လာကြသည် ၊ မောင်ဘိုးထင်သည် သူ၏ အဖေ သေးဆုံး သည်ကို ဝမ်းနည်းမနေတော့ပေ ၊  စိတ်မကောင်းတော့ ဖြစ်မိသည် ၊ ကောင်သေလင်းတ မကျသွားသည်ကို ပင် ကျေးဇူးတင်ရမည်ဖြစ်သည် ၊ မောင်ဘိုးထင် သည် သူ၏ မွေးရပ်မြေ သစ်စိမ့်ရွာအား အတော်ကို စိတ်နာ သွားသည်  ကျန်ခဲ့သော အိမ် နှင့် ဝိုင်းအားရောင်းပြီးရင် နောက်တခါ ဘယ်သောအခါမှ မလာတော့ဘူး လို့လည်း ဆုံးဖြတ်ထားသည် သူလမ်းလျှောက်‌ေနရင်း ထိုသို့တွေးနေစဉ် ဗုံကြီးကို  ချိုပြီးထမ်းလာသော နှစ်ယောက်အနက် နောက်မှနေသော သာရမှ ဗံုကြီးကို အားရပါးဘ တီးလိုက်ချင်းဖြစ်သည် ၊ ဗုံသံကြားမှ မောင်ဘိုးထင် အတွေးများ‌ေပျက်ကွယ်သွားပြီး

    “ဘယ်လိုလဲ ကိုသာရ တီးလို့ ကောင်းနေတာလား”

    “အေးဟ ရှေ့ကကောင် မျက်နှာ ကြီးမှတ်ပြီးတီလိုက်တာ အရသာရှိလို့”

    ပြုံးစိစိ နှင့် သာရ၏ စကားကြောင့် ရှေ့မှ ဗုံ ထမ်းနေသော ဖိုးထွေး မျက်နှာ မကြည်မသာဖြစ်နေ၏ ၊ သာအေးသည်ကာ ဗုံ အသေးလေးကို တီးရင် ဦးအုန်း၏ ဘေးတွင် လမ်းလျှောက်နေရင်း

    “လန့်လိုက်တာ ဘကြီးအုန်းရာ “

    “ဟကောင် ဘာတွေ လန့်နေတာလဲ ဟ “

    “ဘိုးထင်အဖေကြီး လမ်းထလျှောက်တာကိုလေ “

    “ဟ ဒီကောင်တော့ ပြန်တောင် ပြန်နေပြီ မင်းက အခုမှ လန့်‌ေနရလား “

    “အဲ့ အချိန်က ဘိုးထင်ကို သနားတဲ့ စိတ်က များနေတော့ မလန့်အားဘူးပေါ့ဗျာ”

    သာအေး၏ စကားကြောင့် ဦးအုန်း  မျက်လုံးပင် ပြူးသွားရ၏ ၊ မောင်ဘိုးထင်သည် ရှေ့မှ သွားနေရင် နောက်မှ ဦးအုန်းကို စောင့်လိုက်ကာ

    “အဘ ကျုပ် ဘကြီးမြ ဆီ ဗုံတီးသင်မှာနော် “

    “အေး သင် သင်  မင်းဗုံတီး မြန်မြန် တက်ချင်လား”

    “တက်ချင်တာပေါ့ ဗျ “

    “အဲ့တာဆို ဗုံ မှော် သွင်းပေးမယ် ကွာ “

    “တကယ် လုပ်လို့ရတာ လား အဘ “

    “ရတာပေါ့ ဟ မင်းတို့ ဗုံမှော်အောင်ရင် ရွာက ဆိုင်းတီး‌ေနတဲ့ ဘိုးတော်တွေကို အသာလေးယှဉ်လို့ရတယ် “

   မောင်ဘိုးထင်သည်  ဦးအုန်း ၏ ဗုံမှော်သွင်းလို့ရသည်ဆိုသောစကားကို တွေးရင် ‌ပေပင်ရွာသို့ ပြန်‌ေသာ လမ်းမှာ  ဗုံတလုံးကို ပွေ့၍ လမ်း‌ေလျှာက်နေပါလေတော့သည်။

    ▪️အောက်လမ်းဘိုးထင် နှင့် အသုဘ သည်ကဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်းအားလေးစားလျက်