အသုဘမင်္ဂလာ(စ/ဆုံး)

Unicode Version

အသုဘမင်္ဂလာ(စ/ဆုံး)
—————————-
ကျွန်ုပ် ၏အိမ်ထောင်သက်နှစ်ပေါင်း (၄၀)ပြည့်သည့်နေ့တွင်တစ်သက်
တာလက်တွဲလာခဲ့သာချစ်ဇနီးနှင့်အတူ မင်္ဂလာအထိမ်းအမှတ်
အခမ်းအနားတစ်ခု ကျင်းပဖြစ်ခဲ့သည်။ အခမ်းအနားဆိုသော်လည်း သိပ် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ တတိယအရွယ် ရောက်နေပြီဖြစ်သော ကျွန်ုပ်၏ငယ်ပေါင်းကြီးဖော်မိတ်သင်္ဂဟတစ်စုမျှသာ ဖြစ်၏။
ကျင်းပသည့်နေရာကလည်းမြို့နယ်ခန်းမလိုသီးသီးသန့်သန့်နေရာမျိုး
မဟုတ်ဘဲ တိရစ္ဆာန်ရနံ့များဖြင့် သင်းထုံနေသည့် မွေးမြူရေးခြံများ ဝန်းရံ လျက်ရှိသောကျွန်ုပ်တို့ဇနီးမောင်နှံ၏မင်္ဂလာအိမ်ဂေဟာခန်းမတွင်သာဖြစ်
လေသည်။
နယ်မြို့ဖြစ်သည့်အပြင်မွေးမြူရေးလုပ်ရန်မြို့အစွန်အဖျားကိုရွေးချယ်
ထား၍လည်း ခြံဝင်းကျယ်ကျယ်တွင် နှစ်ထပ်တိုက်ကြီးတစ်လုံးကို သပ်ရပ် ထည်ဝါစွာ ဆောက်ထားနိုင်ခဲ့၏။ အမှန်တကယ်ဆိုလျှင် သည်မွေးမြူရေး

လုပ်ငန်းကိုကျွန်ုပ်ဝါသနာလည်းမပါ။စိတ်လည်းဝင်စားသည်တော့မဟုတ်၊
ကျွန်ုပ်တို့၏ တစ်ဦးတည်းသောသား တိမွေးကုဆရာဝန် ဒေါက်တာကျော် ထွဋ်တင်၏ ဆန္ဒအရ သည်မြို့သည်ရွာ သည်နေရာ၌ သည်မွေးမြူရေးခြံကြီး ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းသာ ဖြစ်၏။
သားတော်မောင်အဓိကမွေးမြူသည်ကနွားကောင်းမျိုးသန့်များဖြစ်ပြီး ဝက်၊ ကြက်၊ ဘဲနှင့် ငါးကန်ကိုပါ တွဲဖက်ထားသည်။ လုပ်ငန်းထောက်အကူ အဖြစ်တပည့်နှစ်ယောက်ကိုတာဝန်ပေးထားကာအောက်ခြေသိမ်းအလုပ် ကြမ်းသမားတချို့ကိုတော့ ဒေသခံများထဲမှ ရံဖန်ရံခါဆိုသလို ငှားရမ်းသုံးစွဲ
ရ၏။
တစ်လတစ်ခါဆိုသလိုသူမြို့ပေါ်တက်ပြီးမွေးမြူရေးဆေးနှင့်အစာများ တက်ဝယ်ရသည့်အခါတိုင်း အချိန်သုံးလေးရက် ကြာတတ်သည်။ ထိုအခါ မျိုးတွင် တစ်ဖက်ရွာတွင် တိရစ္ဆာန်ဆေးကုခန်း ဖွင့်လှစ်ထားသော သူ့ ကျောင်းနေဖက်သူငယ်ချင်းဒေါက်တာမျိုးဝင်းကို အရေးပေါ်ကိစ္စရှိလျှင် လှမ်းအကူအညီ တောင်းရတတ်သည်။
မွေးမြူရေးလုပ်ငန်းစတင်၍တစ်နှစ်သာသာအကြာတွင်သူမြို့ပေါ်တက်
ဝယ်နေကျ မွေးမြူရေးဆေးဆိုင်ပိုင်ရှင်သမီးမစန္ဒာဆိုသူနှင့် လူငယ်ချင်း မေတ္တာမျှနေသော သတင်းသဲ့သဲ့ ကြားလာရသည်။ မစန္ဒာကိုယ်တိုင် တစ်ဦး တည်းသော သမီးတက္ကသိုလ်ဘွဲ့ရဖြစ်ကာ မိဘနှစ်ပါးမှာလည်း အငြိမ်းစား ကျောင်းဆရာ၊ ဆရာမများဖြစ်သည့်အပြင် မျိုးရိုးဂုဏ်သတင်းကောင်းမွန် သူများ ဖြစ်ကြ၏။
သို့ဖြစ်ရာသားတော်မောင်၏ဆန္ဒအရမိဘတို့ဝတ္တရားရှိသည့်အတိုင်း တောင်းရမ်းထိမ်းမြားပေးခဲ့ရ၏။ အားရစရာကောင်းသည်မှာ ချွေးမဖြစ်သူ မစန္ဒာကိုယ်တိုင် မွေးမြူရေးလုပ်ငန်းအပေါ်အထူးစိတ်ဝင်စားပြီး နေ့မအား ညမနားကြိုးစားဆောင်ရွက်တတ်သူ ဖြစ်နေခြင်းပင်။

သို့ပေသည့် ကျွန်ုပ်တို့ မိဘများအလိုချင် အတောင့်တဆုံး အရာတစ်ခု မှာကား ရွှေပြည်တော်မျှော်တိုင်း ဝေးနေပါတော့၏။ အခြားတော့ မဟုတ်၊ အဘိုးအဘွားတို့၏လည်ရွဲရတနာမြေးလေးတစ်ယောက်ကတော့တစ်နှစ် နေလည်းပေါ်မလာ၊ နှစ်နှစ်ကြာလည်းမမြင်ရ။

လင်မယားနှစ်ယောက်သူ့အပြစ်လိုလိုကိုယ့်အပြစ်လိုလိုသံသယပွားစ
ပြုချိန် မမျှော်လင့်သော ကြမ္မာဂြိုဟ်ဆိုးတစ်ခုလား ဗုံမဆင့်ဆိုင်းမဆင့် ရုတ် တရက်ကြီး ဝင်ချလာပါတော့၏။ ဖြစ်ရပ်က မယုံနိုင်စရာ၊ သူတို့နှစ်ယောက် မြို့ပေါ်မွေးမြူရေးဆေးဝယ်ထွက်ပြီးအပြန်လမ်းတွင်ကား အက်ဆီးဒင့်ဖြစ်ခဲ့
သည်တဲ့။

ထိုအက်ဆီးဒင့်ကြောင့် ကျွန်ုပ်တို့၏ တစ်ဦးတည်းသော သားကြီး လူ့ လောကမှစောစီးစွာထွက်သွားရရှာသည်။ ထို့နောက်မှာတော့ချွေးမဖြစ်သူ သူ့မိဘအိမ်သို့ ကြေကွဲဝမ်းနည်းစွာ ပြန်သွားရလေတော့၏။ မွေးမြူရေးခြံ ကြီးမှာလည်း ပိုင်ရှင်မဲ့ဘဝ ရောက်သွားသည်။ သားသူငယ်ချင်းဆရာဝန် ဒေါက်တာမျိုးဝင်း ကိုယ်တိုင်ဝင်ရောက်ကြီးကြပ် ကျားကန်ပေးနေ၍သာ ယနေ့အထိ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်၏။
“အေးကွာ – သူငယ်ချင်း ဒီလို အိမ်ထောင်သက်နှစ်လေးဆယ်ပြည့်တဲ့ အထိ ကျန်းကျန်းမာမာနဲ့ ချစ်ချစ်ခင်ခင်နေနိုင်တဲ့ လင်မယားမျိုးက ခုခေတ် မှာအရှားသားလားကွာ။ ဒါ့ကြောင့် -မင်းတို့လင်မယားကိုငါအလေးအနက် ဂုဏ်ပြုတယ် သူငယ်ချင်း။ အေး- ဒါပေမဲ့အနိစ္စအမြဲမရှိခြင်းတရားသဘော ကိုတော့ မင်းလည်း သိသားပဲဟာ။ အဲဒီ့အတွက်တော့ မင်း အဆင်သင့် ပြင် ဆင်ထားရလိမ့်မကွဲ့နော်”
ကျွန်ုပ်တို့မင်္ဂလာအထိမ်းအမှတ်ပွဲတက်ပရိသတ်များကိုတစ်စားပွဲချင်း လိုက်လံနှုတ်ဆက်နေခိုက်ငယ်သူငယ်ချင်းမုဆိုးဖိုဦးကျော်၏ချီးမွမ်းဂုဏ်ပြု
သယောင်ယောင်နှင့် ခြိမ်းခြောက်လှောင်ပြောင်လေသံပါနေသောစကားက ကျွန်ုပ် ရင်ဝသို့ တိုက်ရိုက်ထိမှန်သလို တထိတ်တလန့် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော ကာယကံရှင်ဇနီး ကိုယ်တိုင်မသိသေးသော သတင်းဆိုးတစ်ခုကိုကျွန်ုပ်တစ်ယောက်ထဲတိတ်တခိုးသိနေသောကြောင့်
ဖြစ်လေ၏။
ထိုသတင်းဆိုးမှာကားအခြားမဟုတ်။ ကျွန်ုပ်၏ချစ်ဇနီးမြင့်တွင် အစာ အိမ်ကင်ဆာ ရှိနေခြင်းပင်။ သက်ဆိုင်ရာပါရဂူ ညွှန်ကြားသောဆေးများကို သာမန်ရောဂါတစ်ခု ဖြစ်နေဘိသကဲ့သို့ ဇနီးသည်မြင့်အား အသိမပေးရဲဘဲ ခပ်ပေါ့ပေါ့တိုက်ကျွေးကုသနေရခြင်းပါပေ။

ကျွန်ုပ်ကဇနီးသည်မြင့်ကိုဟန်ဆောင်အပြုံးမျက်လုံးများဖြင့်တစ်ချက်
စောင်းငဲ့ အကဲခတ်လိုက်ပြီးမှ ငယ်သူငယ်ချင်းဦးကျော်၏ မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ဒီမှာ-မောင်ကျော်၊ အနိစ္စအမြဲမရှိခြင်းတရားဆိုတာ တို့လင်မယားနဲ့
တော့မသက်ဆိုင်ဘူးထင်ပါရဲ့”
ဦးကျော်၏မျက်လုံးများပြူးဝိုင်းသွားကာ…
“ဟ-မြင့်မောင်၊ ဘယ့်နှယ် – မသက်ဆိုင်ရမှာလဲကွ။ ဒါ – ဘုရားဟော တရားနော်။ မင်းတို့တင် မဟုတ်ဘူး။ တစ်လောကလုံးမှာရှိတဲ့ ဝေနေယျ သတ္တဝါအားလုံးနဲ့ သက်ဆိုင်တာကိုကွ”
ဦးကျော်၏ အသံပင် အနည်းငယ်ကျယ်လာသည်။ ကျွန်ုပ်ကလည်း လုံးဝမလျှော့။
“ဘာပဲပြောပြော အဲဒီတစ်လောကလုံးက သတ္တဝါတွေထဲမှာ တို့ လင် မယားမပါတာတော့ အမှန်ပဲသူငယ်ချင်း”
ဦးကျော်၏မျက်နှာ ရဲခနဲဖြစ်သွားကာ မကျေနပ်သောလေသံဖြင့်… “ကဲ- ဒါဆိုမင်းကိုငါတည့်တည့်ပဲပြောတော့မယ်မြင့်မောင်။လူဆိုတာ သေမျိုးဖြစ်သလိုဘယ်လောက်ချစ်တဲ့လင်မယားဖြစ်ဖြစ်တစ်နေ့နေ့သေကွဲ
ကွဲရမှာမြေကြီးလက်ခတ်မလွဲပဲကွ။ တခြားလူမကြည့်နဲ့ငါကိုပဲကြည့်လေ။ တစ်မြန်နှစ်ကတည်းက မိန်းမ တီဘီရောဂါနဲ့ ဆုံးပါးသွားလို့ မုဆိုးဖိုဘဝ ရောက်ခဲ့ရတာ မဟုတ်လား။ အဲဒါကြောင့်- ဘယ်လင်မယားမဆို သေခြင်း တရားက ခွဲပစ်ရင် မုဆိုးဖို၊ မုဆိုးမဖြစ်ပြီး ကျန်ရစ်ခဲ့ရမှာဓမ္မတာပဲကွ” ကျွန်ုပ်ကခေါင်းကိုတွင်တွင်ယမ်းခါပြလိုက်သည်။
“ဒါပေမဲ့ – တို့ကိုတော့ ဘယ်သေခြင်းတရားကမှ မုဆိုးဖို၊ မုဆိုးမ ဖြစ် အောင် ခွဲနိုင်မှာမဟုတ်ဘူး မောင်ကျော်”
ဦးကျော်က ကျွန်ုပ်အား ထူးဆန်းသော သတ္တဝါတစ်ကောင်သဖွယ် မျက်လုံးဝိုင်းကြီးဖြင့်ကြည့်ကာ …
“မြင့်မောင် – မင်း အိမ်ထောင်သက်လေးဆယ်ပြည့်လို့ ဦးနှောက်ပျက်
သွားတာတော့မဟုတ်လောက်ပါဘူးနော်။ ဟေ့ကောင်မြင့်မောင် – သေခြင်း တရားဆိုတာ မင်းတို့ ငါတို့လို သာမန်ပုထုဇဉ်တွေကို မဆိုထားနဲ့ သုံးလူ့ ထွတ်ထား သဗ္ဗညုတဘုရားရှင်ကိုတောင် မသက်ညှာဘဲ ခွဲပစ်ခဲ့တာမျိုးကွ သိလား”
ကျွန်ုပ်ကမချိပြုံးပြုံးလိုက်ကာ …
“အေး- သေခြင်းတရားကဘုရားရှင်ကိုခွဲပစ်နိုင်ပေမယ့်တို့လင်မယား ကိုတော့ မခွဲနိုင်လောက်ဘူးမောင်ကျော်”
ဦးကျော်မျက်ထောင့်ကြီး နီရဲသွားကာ ဒေါသသံဖြင့်… “ဟာ-ဟေ့- ဒီကောင် မင်း တကယ်ငရဲမကြောက်တာလား။ ဘုရားနဲ့ နှိုင်းပြီးတော့များကွာ၊ နေပါဦး – ပြောစမ်းပါဦးကွ၊ သေခြင်းတရားက မင်းတို့ ကို ဘာလို့မခွဲနိုင်ရမှာလဲဟေ့”
“မခွဲနိုင်ဆို ငါတို့လင်မယားက သေရင်တောင်မခွဲဘဲ အတူတူတစ်ပြိုင် တည်းသေကြမှာလို့ပဲ”
“ဘာ- အတူတူတစ်ပြိုင်တည်းသေမယ်ဟုတ်လား၊အံ့ရော – မင်းနှယ် ဒီမှာဘုရားဟောရှိတယ်လေ။လူဆိုတာဘယ်အသက်အရွယ်၊ ဘယ်ဒေသ
မှာ၊ ဘယ်အချိန်မှာ ဘယ်လိုအဖြစ်မျိုးနဲ့သေမယ်ဆိုတာကြိုတင်မသိနိုင်ဘူး တဲ့ကွ။ အဲဒါကို ဆန့်ကျင်ပြီး မင်းတို့က အတူတူတစ်ပြိုင်တည်း သေမယ်ဆို တာဖြစ်နိုင်မှလည်း ပြောစမ်းပါ မြင့်မောင်ရာ”
ပေါ့”
“အေးလေ-ငါပြောတာမှန်မမှန်ဆိုတာမင်းတို့စောင့်ကြည့်ရင် သိမှာ
ကျွန်ုပ်တို့လင်မယား၏ မင်္ဂလာအထိမ်းအမှတ်ဧည့်ခံပွဲမှာ ထိုနေ့က ထိုမျှဖြင့်နိဂုံးချုပ်သွားခဲ့သည်။ သို့သော်- ညအိပ်ရာဝင်ချိန်မှာတော့ဇနီးသည် ၏ပြန်လှန်မေးခွန်းများနှင့် ရင်ဆိုင်ရပါတော့၏။

“မြင့် – စဉ်းစားလို့မရတာကရှင်ဒီနေ့ကျမှဘာလို့သေစကားတွေချည်း ပြောနေရာလဲရှင့်”
“ဒါကတော့ – ဟိုကောင် မောင်ကျော်လာစ,လာပြောဖို့ ပြန်ပြောရတာ ပါကွယ်”
ကျွန်ုပ်က ခပ်ပေါ့ပေါ့ဖြေလိုက်မိသည်။
“အင်း – ဒါဆို ရှင်နဲ့၊ မြင့်နဲ့အတူတူ တစ်ပြိုင်တည်း သေမယ်။ ဆိုတာက ဘာစကားလည်း မြင့်တို့ တကယ်ပဲသေရက်နီးနေလို့များလားရှင် ဟင်” ဇနီးသည်က ဒီလိုမေးလာမှာတော့ ကျွန်ုပ် ဆိုင်းငံ့ဖင်နွဲမနေသင့်တော့။ ပွင့်ပွင့်လင်းလင်း အသိပေးပြောပြလိုက်ချင်တော့သည်။ သို့သော်- ယခု တော့ တစ်နေကုန်ပင်ပန်းခဲ့ရသမျှ အိပ်စက်အနားယူရမည့်အချိန် ရောက် နေလေပြီဖြစ်ရာ…
“အင်း – ခုတော့ကိုယ်လည်းအိပ်ချင်နေပြီ။မြင့်မေးခွန်းကိုမနက်ဘုရား ရှိခိုးပြီးမှပဲ ဖြေပါရစေတော့ကွယ်”
နောက်တစ်နေ့နံနက်အာရုံတက်ချိန်ဝယ် ဘုရားရှင်အား ဆီမီးရေချမ်း ကပ်လှူပူဇော်၍ငါးပါးသီလခံယူခြင်း၊ ဂုဏ်တော်ကိုးပါး ပုတီးစိပ်ခြင်း၊ ပရိတ် ကြီး(၁၁)သုတ်ရွတ်ဖတ်ပူဇော်ခြင်းစသည့်နေ့စဉ်ကိုးကွယ်ဆည်းကပ်မှုများ ပြုကြ၏။ အလုံးစုံပြီးစီးမှ ဇနီးသည် ခံစားနေရသော အစာအိမ်ကင်ဆာ၏ အခြေအနေကို မခြွင်းမချန် ရှင်းပြလိုက်မိတော့၏။
“အို- ရှင်ပြောသလိုသာဆို လူ့လောကမှာနေရဖို့ ဘာမှမကျန်တော့ပါ လားဟင်။ အလွန်ဆုံးနေရလှ သုံးလလောက်ပါလားရှင့်”
ဇနီးသည်မှာတရားသမားပီပီအရမ်းကြီးအံ့ဩသွားဟန်မတွေ့ရသော် လည်း ရှင် သေမင်းနှင့် နဖူးတွေ့၊ ဒူးတွေ့ တွေ့ရတော့မည်မို့ လူ့သဘာဝ အလျှောက်အသံများတိုးကာ တုန်တုန်ရင်ရင် ဖြစ်နေရှာသည်။
“ဒါကိုတော့- ကိုယ့်ကိုခွင့်လွှတ်ပါကွယ်၊လွန်ခဲ့တဲ့ခြောက်လကတည်း က ဆရာဝန်ပြောပြလို့ ကိုယ်သိနေခဲ့ပေမယ့် မြင့် စိတ်ဓာတ်ကျသွားမှာ ကြောက်တာနဲ့ ကိုယ့်နှုတ်က မထွက်ရဲခဲ့ဘူး မြင့်ရယ်”

“ဟင် – ဒါဆို ရှင်တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားရင်း မြင့်ကို တစ်နေ့ တစ်နေ့လူသေလိုကြည့်နေခဲ့မှာပေါ့နော်”
“အဲလိုတော့မဟုတ်ပါဘူး။ကိုယ်ကတော့မြင့်ကိုအမြဲတမ်းရှင်သန်နေ
စေချင်တာပေါ့ကွယ်”
“ဒါနဲ့ – နေပါဦး၊ ကျွန်မ မရှိတော့တဲ့နောက် ရှင် တစ်ယောက်တည်း ဘယ်လိုနေထိုင်ဖို့ စိတ်ကူးထားလဲဟင်”
သည်။
ဇနီးသည်က ကျွန်ုပ် လက်မောင်းကိုလှုပ်၍ အားမလိုအားမရ မေး
“အာ – မြင့် မရှိမှတော့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ဘာ လုပ်ဖို့နေတော့မလဲ”
“ဟင် – ဒါဖြင့် ရှင်က ဘယ်လိုလုပ်မှာတုံး”
“ဘယ်လိုလုပ်ရမလဲ – မြင့်နဲ့အတူတူလိုက်သေပစ်လိုက်မှာပေါ့”
“ရှင်”
ဇနီးသည်ကကျွန်ုပ်ရှေ့တည့်တည့်တွင်ရပ်ကာကျွန်ုပ်၏မျက်လုံးများကို မျက်တောင်မခတ်စူးစူးရဲရဲ စိုက်ကြည့်ကာ …
“ရှင့်ကြည့်ရတာ မြင့်တို့နှစ်ယောက်စလုံး အဖန်ငါးရာငါးကမ္ဘာ ခံရမယ့် အဖြစ်မျိုး ကြံစည်နေတာတော့ မဟုတ်တန်ကောင်းပါဘူးနော်” ကျွန်ုပ်က မြင့်၏ မျက်လုံးအကြည့်ကိုရှောင်လွဲကာ ခပ်လှမ်းလှမ်းရှိ မွေးမြူရေးခြံဆီသို့ ငေးမျှော်ကြည့်နေလိုက်သည်။ အတန်ငယ်ကြာမှ… “ဘဝအဆက်ဆက်မြင့်နဲ့သာမခွဲမခွာဘဲနေရမယ်ဆိုရင်ဘယ်လိုနည်း
လမ်းမျိုးမဆို အသုံးပြုမိမှာပဲ”
“ရှင် – တကယ်”
“ပြီးတော့ – အဖန်ငါးရာငါးကမ္ဘာ ခံရမယ်ဘာညာဆိုတာ ဘုရားဟော မဟုတ်ဘူး။ အဓိကက ကိုယ်လူ့ဘဝမှာ ပြုခဲ့တဲ့ကုသိုလ်၊ အကုသိုလ်အတိုင်း တမလွန်မှာ ခံရမှာဘဲ”
“ဒါဆို – မြင့်တို့အခုလုပ်နေတဲ့မွေးမြူရေးအလုပ်ကရော ဘယ်ထဲမှာပါ လဲ၊ ကုသိုလ်လား၊ အကုသိုလ်လားဟင်”

“အမှန်တော့ – မွေးမြူရေးလုပ်တယ်ဆိုတာသတ္တဝါတွေကိုသေဘေးက ကယ်တင်ခြင်းတစ်မျိုးပဲကွယ့်။ ပြီးတော့-ကိုယ်တို့မွေးထားတဲ့ကြက်၊ဝက်၊ နွား စတာတွေကို အသားပေါ်ဖို့ ဈေးထဲမှာရောင်းမစားဘူး။ သူတို့ကို မျိုးပွား ပေးပြီး ကိုယ်တို့လို ဆက်မွေးမြူချင်တဲ့ ခြံငယ်လေးတွေဆီပဲ တစ်ဆင့်ဖြန့်ဖြူး ပေးတယ်။ရောဂါဖြစ်လို့သေဆုံးရင်လည်းသူတို့ကိုမျိုးပွားပေးပြီးကိုယ်တို့လို ဆက်မွေးမြူချင်တဲ့ခြံငယ်လေးတွေဆီပဲတစ်ဆင့်ဖြန့်ဖြူးပေးတယ်။ ရောဂါ ဖြစ်လို့သေဆုံးရင်လည်းသူတို့အသားကိုမစားဘဲဒီအတိုင်းမြေမြှုပ်သင်္ဂြိုဟ်
ပေးတဲ့အပြင် ဘဝကူးကောင်းဖို့ပါကောင်းမှုကုသိုလ်လုပ်ပေးတယ်မဟုတ်
လား-
– မြင့်”
“အင်း – ရှင် ပြောသလိုဆိုတော့လည်း မြင့်တို့က တကယ်မွန်မြတ်တဲ့ ကုသိုလ်ကြီးလုပ်နေသလိုခံစားရတယ်။ ဘာပဲဖြစ်ဖြစ်မြင့်ကလည်းသံသရာ မဆုံးသရွေ့ရှင်နဲ့အတူတူနေချင်သေးတယ်။ ဒါနဲ့ – ရှင် ဘယ်လိုဆက်လုပ်ဖို့
စိတ်ကူးထားလဲဟင်”
“ဒါကိုတော့ – မြင့် စိတ်ပူမနေပါနဲ့ကိုယ်ပြောတဲ့အတိုင်းသာတိတိကျကျ
လိုက်လုပ်၊အရေးကြီးတာကကိုယ်တို့နှစ်ယောက်နောင်ဘဝမှာမလွဲမသွေ
ပြန်တွေ့ကြဖို့ပဲမဟုတ်လားကွယ်”
“အင်း- အင်း”
မြင့်ထံမှ နောက်ထပ်မည်သည့်မေးခွန်းမှထပ်ပေါ်မလာတော့။ ထူးခြား သည်မှာမြင့်၏ရောဂါမှာထိုနေ့မှစ၍တစ်နေ့တခြားခံစားမှုပြင်းထန်လာနေ ခြင်းပင်။ သက်ဆိုင်ရာပါရဂူနှင့်ပြသ၍ဆေးအမျိုးမျိုးပြောင်းလဲကုသပါသော် လည်း အခြေအနေမှာ တိုးတက်မလာဘဲ အနုတ်လက္ခဏာများသာ ပြလာ သည်။
“အင်း- ကျွန်တော်တို့ ကြိုတင်မှန်းဆထားတာထက်စောပြီး ကင်ဆာ ဆဲလ်တွေပျံ့နှံ့တာ အရမ်းမြန်နေတယ်ဗျ။ စိတ်ကို ပြင်ဆင်ထားသင့်ပြီ ထင် တယ်”

ပါရဂူကမြင့်အားသေချာစမ်းသပ်စစ်ဆေးပြီးကျွန်ုပ်အားနှစ်ကိုယ်ကြား
အသိပေးသည်။ ထိုခဏ၌ကျွန်ုပ်ဦးနှောက်တွင်းမှလျှပ်စစ်လှိုင်းများဝင်းခနဲ လက်ခနဲတောက်ပလင်းထိန်သွားသည်။ကျွန်ုပ်ရည်မှန်းချက်ကိုပြင်ဆင်ရန်
အချိန်ရောက်လာပါလေပြီ။
“ကျုပ်ကို ပိုးသတ်ဆေးတစ်ပုလင်းလောက် ရောင်းစမ်းပါဒေါက်တာ” နောက်တစ်နေ့ နံနက်စောစော တစ်ဖက်ရွာရှိ ဒေါက်တာမျိုးဝင်း၏ တိမွေးကုဆေးခန်းသို့သွားကာ တောင်းဆိုလိုက်သည်။
“ဗျာ-ပိုးသတ်ဆေးလား၊ ဘာလုပ်ဖို့လည်း – ဦး” ဒေါက်တာမျိုးဝင်းက အံ့အားတသင့်မေးသည်။
“ခုတစ်လောကြက်တွေရော၊ဝက်တွေရောနည်းနည်းနာချင်သလိုဖြစ်
နေတယ် ဒေါက်တာ၊ အဲဒါ- ရောဂါပိုးတွေ ပျံ့နှံ့ နေတဲ့သဘောပဲ မဟုတ်
လား”
“အာ -စိတ်မပူပါနဲ့ ဦး၊ ဒါ – ရာသီပူပြင်းလို့ တိရစ္ဆာန်သဘာဝငိုက်မျည်း တတ်တဲ့သဘောပါဗျာ။ပြီးတော့ပြီးခဲ့တဲ့အပတ်ကပဲကျွန်တော်ခြံတွင်းခြံပြင် ပိုးသတ်ဆေးဖြန်းပြီး သန့်ရှင်းရေးလုပ်ထားပြီးသားပါ ဦးရယ်။ ကျွန်တော် လည်းမကြာခင် လာခဲ့ပါဦးမယ်”
ဒေါက်တာမျိုးဝင်းကစိတ်ချနေရန်ခပ်အေးအေးပြောသည်။ကျွန်ုပ်ကမူ
သူ့စကားကိုနားမဝင်နိုင်။ ကျွန်ုပ်လက်ထဲပိုးသတ်ဆေးရောက်ဖို့ကသာစိတ် စောနေမိသည်။
မလဲ”
ကျွန်ုပ်က အသံကျယ်ကျယ်ဖြင့်…
“မောင်ရင် မလာခင် ကျုပ် တစ်ခြံလုံးမျိုးပြုတ်သွားရင် ဘယ်လိုလုပ်
“ခင်ဗျာ”
ဒေါက်တာမျိုးဝင်း၏မျက်လုံးများအဆမတန်ပြူးကျယ်သွားကြသည်။ ကျွန်ုပ်ကိုလည်းထူးဆန်းသောသတ္တဝါတစ်ကောင်သဖွယ်စူးစိုက်ကြည့်နေ သေးသည်။ အတန်ငယ်ကြာမှ စိတ်လျှော့လိုက်ဟန်ဖြင့်…

“အေးလေ – ဦး ဒီလောက် စိတ်လောနေမှတော့ ကျွန်တော် မတားနေ တော့ပါဘူး။ တစ်ပုလင်းတော့ပေးလိုက်ပါ့မယ်။ သုံးစွဲနည်းကိုတော့ဦးသိပါ တယ်နော်”
“သိတာပေါ့- ကျုပ် သုံးနေကျပဲဟာ”
ကျွန်ုပ်က စိတ်မရှည်ဟန်ပြောရင်း ပိုးသတ်ဆေးပုလင်းကိုယူကာ လှည့်ထွက်မည်အပြုတွင်…
“အော် – ဒါနဲ့ ပြောရဦးမယ်”
“ဘာများလဲကွယ့်”
“ကျွန်တော် တစ်နေ့က ဦးချွေးမ မစန္ဒာကို မမျှော်လင့်ဘဲ တွေ့လိုက်ရ တယ်။ (၄)၊(၅)နှစ်အရွယ် ကောင်လေးတစ်ယောက်လည်းပါတယ်။ သူ့ ကြည့်ရတာ နောက်အိမ်ထောင်တွေ ဘာတွေပြုလိုက်သလိုပဲဦး” “မဆိုင်တာတွေ ပြောမနေပါနဲ့၊ ကျုပ် – ပြန်မယ်”
ကျွန်ုပ်က ခပ်မာမာပြောရင်း ဆတ်ခနဲ လှည့်ထွက်လာသည်။ ကျွန်ုပ် အိမ်ပြန်ရောက်တာနဲ့ပြက္ခဒိန်ရှေ့ချပြီးနေ့ကောင်းရက်သာရွေးရတော့သည်။ အင်းလေ – ရယ်စရာတော့ အကောင်းသားဗျ။ သေမှတော့ နေ့ကောင်းရက် သာလိုသေးလို့လား။ ကျွန်ုပ်ကတော့လိုသည်ဟုယူဆသည်။ နေ့ကောင်းမှာ သေမှကျွန်ုပ်တို့ လင်မယားကောင်းရာမွန်ရာ ရောက်နိုင်မယ် မဟုတ်လား။ လာမယ့်သီတင်းကျွတ်လဆန်း (၁)ရက်နေ့က ရက်ရာဇာကျသည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်ုပ်တို့ လင်မယားနှစ်ယောက်စလုံးရဲ့ မွေးနံ ကြာသပတေးနေ့လည်း ဖြစ်နေသည်။ ဒါကြောင့် – အဲဒီနေ့ည (၉)နာရီမှာ သေကြဖို့ဆုံးဖြတ်လိုက်သည်။
“အဟွတ် – အဟွတ် – ဟုတ်-ဟွတ်”
ကျွန်ုပ်ဇနီး မြင့်ကတော့ ချောင်းတဟွတ်ဟွတ် သလိပ်တကပ်ကပ်၊ ချွဲ တထွေးထွေးနဲ့ အိပ်ရာထဲကမထနိုင်တော့တာလေးငါးရက်ရှိနေပြီ။ ဆေးကို

အချိန်မှန်တိုက်နေပေမယ့် အာနိသင်က သိပ်အစွမ်းမထက်တော့ပြီ။ ရေ တစ်ငုံ၊ ဆန်ပြုတ်တစ်ဇွန်း ဝင်အောင်တောင် မနည်းကြိုးစားတိုက်နေရတဲ့ အခြေအနေလေ။
ကျွန်ုပ်စာကြည့်စားပွဲမှာထိုင်ပြီးစာသုံးစောင်ရေးဖို့ပြင်ဆင်လိုက်သည်။
ပထမဆုံး ရေးမိတဲ့စာကတော့ ကျွန်ုပ်ချွေးမ မစန္ဒာဆီကိုပါပဲ။ တကယ် စဉ်း စားကြည့်တော့ မစန္ဒာဆိုတာ ကျွန်ုပ်နဲ့ သွေးတစ်စက်မှမစပ်တဲ့ သူစိမ်းတွေ ဆိုပေမယ့်သွားလေသူသားကြီးရဲ့အရင်းနှီးဆုံးသွေးသားစပ်ယှက်ဖော်လင် မယားဖြစ်ခဲ့တာ မဟုတ်လား။ သည်တော့ ဘာဆွေမျိုးသားချင်းမှ မရှိသည့် ကျွန်ုပ်တို့ဇနီးမောင်နှံဘက်ကကြည့်လျှင် မစန္ဒာဟာ သမီးတစ်ယောက်ပဲ
လေ။ဒါ့ကြောင့်-
ဘယ်လောက်မှတန်ဖိုးမရှိလှတဲ့ကျွန်ုပ်တို့အိမ်နဲ့မွေးမြူရေး ခြံကိုမစန္ဒာကို အမွေအဖြစ်ပေးခဲ့ကြောင်းထည့်ရေးလိုက်သည်။
ဒုတိယစာကတော့ ဒေါက်တာမျိုးဝင်းအသက်(၆၆)နှစ် ဦးမြင့်မောင်နဲ့ အသက် (၆၁)နှစ် ဒေါ်မြင့်မြင့်တို့ရဲ့နာရေးကြော်ငြာပါ။ ဒီ ကြော်ငြာတွေကို လာမယ့်သီတင်းကျွတ်လဆန်း(၁)ရက်နေ့ည(၁၀)နာရီအရောက်သတင်း
တိုက်ကို ပို့ပေးဖို့ပါပဲ။
တတိယနောက်ဆုံးစာက ငယ်သူငယ်ချင်းမောင်ကျော်အတွက် ဖြစ်ပါ သည်။ ကျွန်ုပ်တို့လင်မယား၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်များကို မြန် မာ့ဓလေ့ထုံးတမ်းနှင့်အညီ သူကိုယ်တိုင် ဦးဆောင်သင်္ဂြိုဟ်ပေးပါရန်နှင့် ရက်လည်ဆွမ်းသွတ်သည့် ကိစ္စအဝဝကိုပါ ကူညီဆောင်ရွက်ပေးပါမည့် အကြောင်းမေတ္တာရပ်ခံစာပေတည်း။
ထိုစာအားလုံးကို စိတ်ချရသော တပည့်တစ်ဦးအား သီတင်းကျွတ် လဆန်း(၁)ရက်နေ့ည(၉)နာရီနောက်ပိုင်းအချိန်သက်ဆိုင်သူအသီးသီးထံ အရောက်ပေးပို့ရန် စီစဉ်စေလွှတ်ထား၏။
“ကဲ-လာမြင့်ရေ၊ကိုယ်တို့ဘဝကူးကောင်းအောင် ဘုရားရှိခိုးပြီးငါးပါး
သီလခံကြရအောင်”
ထိုနေ့ ည (၈း၄၅) နာရီတွင် ဇနီးသည်နှင့်အတူ အိမ်ဘုရားကျောင်း ဆောင်ရှေ့၌ ဩကာသခံကာ ငါးပါးသီလယူကြ၏။ ပြီးမှ မေတ္တသုတ်ကို သံပြိုင်ရွတ်ဆိုကြ၏။ ထို့နောက် အသင့်ပြင်ထားသော ပိုးသတ်ဆေးခွက် များကိုဘုရားရှင်ထံကပ်လှူပြီးသည်နှင့်ပြန်စွန့်ကာကိုယ်စီကိုယ်ငသောက်ချ
လိုက်ကြပါတော့၏။
အလွန်ပူပြင်း၍ရှတတချဉ်ပြုံးပြုံးအရသာကိုလည်ချောင်းတစ်လျှောက် ခံစားလိုက်ရပြီးနောက်ခေါင်းထဲဝယ်မူးနောက်နောက်ရီဝေဝေဖြစ်လာကာ တဖြည်းဖြည်း အိပ်ပျော်သွားသလိုထင်မိသည်။
ကျွန်ုပ်တို့စိတ်ထဲ၌မူ ဘဝသစ်တစ်ခုသို့ကူးပြောင်းကာတမလွန်ဘဝ၌ နှစ်ယောက်သား အသွင်သစ် အမြင်သစ်ဖြင့် ပြန်ပေါ်လာကြမည်ဟု မျှော်လင့် နေမိကြလေသည်။
“အမလေး – ဖြစ်ရလေ – အဖေနဲ့အမေတို့ရယ်အဖေတို့မရှိတော့ သမီး တို့က ဘယ်သူနဲ့ နေရတော့လည်းလို့ အီး- ဟီး – ဟီး – ဟီး”
အချိန်မည်မျှကြာသွားသည်မသိ။အနီးကပ်၍စူးစူးရဲရဲအော်ဟစ်ငိုကြွေး လိုက်သောအသံကြောင့် ကျွန်ုပ် လန့်ဖျပ်ကာ မျက်လုံးဖွင့်ကြည့်လိုက်မိ သည်။
အလို – မစန္ဒာ ပြီးတော့လေ-ပြီးတော့- လူတွေ တစ်ယောက်ပြီး တစ် ယောက် ကျွန်ုပ်တို့ဆီသို့ တစ်လှမ်းချင်း တရွေ့ရွေ့စုဝေးလာနေကြသည်ကို တအံ့တဩမြင်နေရပါလေသည်။
ကျွန်ုပ်က ညာဘက်သို့ ငဲ့စောင်းကြည့်လိုက်ရာ ကျွန်ုပ်နံဘေးတွင် ခွေ ခွေလေးအိပ်ပျော်နေသောဇနီးသည်မြင့်ကို တွေ့လိုက်ရသည်။
“ဟင် – မြင့်ရေ၊ ထ – ထစမ်းပါဦး။ ခု ကိုယ်တို့ ဘယ်ရောက်နေကြလဲ၊ ဒီလူတွေကကော ဘာလုပ်ဖို့ လာနေကျတာလဲ”
“ရှင်-ဘာ- ဘယ်လို-နေ- နေပါဦး – မြင့်တို့ အခု ဘယ်တမလွန်ကို ရောက်နေကြပြီလဲဟင်”
သည်။
ကျွန်ုပ်ကဘေးဘီသို့ လှည့်ကြည့်ကာ …
“ကြည့်ရတာ ကိုယ်တို့ အိပ်ခန်းထဲပြန်ရောက်နေသလိုပဲ” “အို-ဒါ-ဒါက- ဘယ်လို ဖြစ်ရတာလည်းရှင့်”
မြင့်လာပါလှည့်ကြည့်ရင်းမေးသည်။
“ဦးတို့နှစ်ယောက်ကိုကျွန်တော်ပြန်ရွှေ့ပေးထားခဲ့တာပါ ခင်ဗျား” ရင်းနှီးပြီးသား အသံကြားလိုက်ရ၍ ကျွန်ုပ်ကို မော့ကြည့်မိလိုက်ကြ
“ဟင် – ဒေါက်တာမျိုးဝင်း”
ကျွန်ုပ်တို့အားပြုံးပြုံးကြီးကြည့်နေသော တိမွေးကုဆရာဝန်ဒေါက်တာ မျိုးဝင်းအား တွေ့လိုက်ရ၏။
“ဟုတ်ပါတယ်- မနေ့ညပိုင်းက ဦးပေးလိုက်တဲ့စာကိုရရချင်း ကျွန်တော် အိမ်က ထွက်လာခဲ့တာပါ။ ဒီရောက်တော့ ညသန်းခေါင်နေပြီလေ။ ဦးနဲ့ ဒေါ်ဒေါ်တို့နှစ်ယောက်ကိုဘုရားခန်းထဲမှာစောင်မပါတာဘာမပါနဲ့ အိပ်မော ကျနေကြတာ တွေ့လိုက်ရတယ်။ အဲဒါကြောင့် – အအေးပတ်မှာစိုးလို့ ကျွန်တော်ကိုယ်တိုင် အိပ်ခန်းထဲရွှေ့ပေးခဲ့တာပါ”
“ဟုတ်လား၊ ဒါနဲ့-ကျုပ်ရေးပေးလိုက်တဲ့နာရေးကြော်ငြာတွေသတင်း စာတိုက်ကို ပို့ဖြစ်ခဲ့သေးလား”
“ပို့စရာမှမလိုတော့တာပဲ။ ဦးစာရရချင်းဒီကိုပဲ တန်းလာခဲ့တာပါ။
“အော်-ဒါဆိုမောင်ရင်ကျုပ်ကိုပေးလိုက်တဲ့ပိုးသတ်ဆေးဆိုတာက”
“ဟုတ်ပါတယ် – အဲဒီနေ့က အလောတကြီး ပိုးသတ်ဆေး အတင်း တောင်းနေတာကိုမသင်္ကာတာနဲ့ ပိုးသတ်ဆေးအစား ပျားရည်ထဲ အရက်နဲ့ အိပ်ဆေးစပ်ပြီးထည့်ပေးလိုက်တာပါ ခင်ဗျား”
ကျွန်ုပ်ကဒေါက်တာမျိုးဝင်းကိုတအံ့တသြကြည့်နေစဉ်မစန္ဒာကငိုကြီး
ချက်မဖြင့် –
“ဒါ-ဒါကကျွန်မသားဖေဖေ့မြေးလေးပါရှင်” “ဟေ့-ဒီကလေးလာငါ့မြေးဟုတ်လား”
“ဟုတ်ကဲ့- သမီးလည်း မောင် ရုတ်တရက်ဆုံးပြီးမှ ကိုယ်ဝန်ရှိနေတာ
သိရတာပါ”
မြင့်က တအံ့တသြဖြင့်…
“ဒါဆိုတို့ကို ဘာလို့မပြောခဲ့လဲဟင်”
“ဟိုလေ..အဖေနဲ့အမေတို့ သမီးဆီကလုယူသွားမှာစိုးလို့ပါရှင်။ အခု အဖေတို့သေတော့မယ့် စာရမှ အီး – ဟီး-ဟီး-ဟီး”
မစန္ဒာမှ အခုမှကြေကွဲဝမ်းနည်းနေရှာ၏။ မြင့်ကမူ မြေးလေးကို တယု တယလှမ်းဖက်ရင်းက သက်ပြင်းမောတစ်လုံးရှည်လျားစွာရှိုက်ထုတ်လိုက်
ကာ
“အင်း – ကျွန်မအတွက်တော့သေခါနီးဆဲဆဲမှမြေးလေးကိုတွေ့ရတာ ဆိုတော့ သိပ်လည်းအကြောင်းမထူးတော့ပါဘူးရှင်”
ထိုအခိုက် ဘုရားခန်းထဲသို့ သူစိမ်းတစ်ဦး ဝင်ရောက်လာကာ … “ဒေါ်ဒေါ်- မသေနိုင်သေးပါဘူးဗျာ”
ကျွန်ုပ်က အသံရှင်ကို မော့ကြည့်လိုက်သည်။ “ဟင်-ပါ-ပါရဂူကြီးက ဘယ်လိုလုပ်ပြီး…
ဇနီးသည်မြင့်၏ အစာအိမ်ကင်ဆာကို တာဝန်ယူကုသပေးနေသော ပါရဂူကြီးကိုယ်တိုင် ဖြစ်နေပါလေသည်။
“ကျွန်တော်လည်း သိသိချင်း ထွက်လာခဲ့ချင်တာပါ။ အရေးထဲ ကျွန် တော့်ကားပျက်နေတာနဲ့ကြုံရာကားနဲ့လိုက်လာရလို့ခုလိုမိုးလင်းမှရောက်
လာရတာကိုတော့ ခွင့်လွတ်ပါဗျာ”
ကျွန်ုပ်က နားမလည်ဟန်ဖြင့် …
“ဒါနဲ့ – ပါရဂူကြီးက ဘာကိစ္စနဲ့
ပါရဂူနဲ့အညိုရောင်စာအိတ်ကြီးတစ်လုံးကိုကျွန်ုပ်အားလှမ်းပေးသည်။
ကျွန်ုပ်က အတွင်းက စာရွက်ခေါက်ကို ထုတ်ဖတ်ကြည့်ရာ အင်္ဂလိပ်လိုဖြစ် နေသဖြင့် ..

“ဒါက – ဘာလည်းပါရဂူကြီး”
“အမှန်ကကျွန်တော့်အမှားပါဦးမြင့်မောင်၊ဒေါ်မြင့်မြင့်မှာ ဘာကင်ဆာ
မှ မရှိပါဘူး။ တခြားလူနာအမျိုးသမီးကြီးတစ်ယောက်ရဲ့ဆေးစစ်ချက်မှတ် တမ်းနဲ့မှားယွင်းပြီး ဆုံးဖြတ်မိတာပါ ဦးမြင့်မောင်။ ဒါ့ကြောင့် – ဒေါ်ဒေါ့်ကို သက်သက်စိတ်ဆင်းရဲအောင်လုပ်မိလို့ကျွန်တော်ကိုယ်တိုင်လာတောင်းပန်
ရတာပါ”
“ဟုတ်လား- ဝမ်းသာလိုက်တာ”
ဘုရားခန်းထဲ ရောက်နေသူအားလုံးက ဝမ်းသာအားရ သံပြိုင်ပြော လိုက်ကြ၏။ ငယ်သူငယ်ချင်းမောင်ကျော်က
“ဟ-မြင့်မောင်၊ဒါဆို- မင်းဟာကဒီနေ့ဈာပနအခမ်းအနားဘယ်ဟုတ်
တော့မလဲကွ”
ကျွန်ုပ်က ဇနီးသည်လက်ကိုဆွဲကာနေရာမှထရပ်လိုက်ပြီး… “ဟုတ်တယ် – သူငယ်ချင်း၊ မြေးအရင်းလည်းပြန်တွေ့ရငါ့မိန်းမလည်း
မသေတော့ဘူးဆိုတော့ဒီနေ့တော့(၄၁)နှစ်မြောက်မင်္ဂလာအထိမ်းအမှတ် ကြိုလုပ်ရမယ့်နေ့ပဲဟေ့ -ဟား-ဟား-ဟား”
“ဟား-ဟား- ဟားဟား”

Zawgyi Version

အသုဘမဂၤလာ(စ/ဆုံး)
—————————-
ကြၽႏ္ုပ္ ၏အိမ္ေထာင္သက္ႏွစ္ေပါင္း (၄၀)ျပည့္သည့္ေန႔တြင္တစ္သက္
တာလက္တြဲလာခဲ့သာခ်စ္ဇနီးႏွင့္အတူ မဂၤလာအထိမ္းအမွတ္
အခမ္းအနားတစ္ခု က်င္းပျဖစ္ခဲ့သည္။ အခမ္းအနားဆိုေသာ္လည္း သိပ္ ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္။ တတိယအ႐ြယ္ ေရာက္ေနၿပီျဖစ္ေသာ ကြၽႏ္ုပ္၏ငယ္ေပါင္းႀကီးေဖာ္မိတ္သဂၤဟတစ္စုမွ်သာ ျဖစ္၏။
က်င္းပသည့္ေနရာကလည္းၿမိဳ႕နယ္ခန္းမလိုသီးသီးသန႔္သန႔္ေနရာမ်ိဳး
မဟုတ္ဘဲ တိရစာၦန္ရနံ႔မ်ားျဖင့္ သင္းထုံေနသည့္ ေမြးျမဴေရးၿခံမ်ား ဝန္းရံ လ်က္ရွိေသာကြၽႏ္ုပ္တို႔ဇနီးေမာင္ႏွံ၏မဂၤလာအိမ္ေဂဟာခန္းမတြင္သာျဖစ္
ေလသည္။
နယ္ၿမိဳ႕ျဖစ္သည့္အျပင္ေမြးျမဴေရးလုပ္ရန္ၿမိဳ႕အစြန္အဖ်ားကိုေ႐ြးခ်ယ္
ထား၍လည္း ၿခံဝင္းက်ယ္က်ယ္တြင္ ႏွစ္ထပ္တိုက္ႀကီးတစ္လုံးကို သပ္ရပ္ ထည္ဝါစြာ ေဆာက္ထားႏိုင္ခဲ့၏။ အမွန္တကယ္ဆိုလွ်င္ သည္ေမြးျမဴေရး

လုပ္ငန္းကိုကြၽႏ္ုပ္ဝါသနာလည္းမပါ။စိတ္လည္းဝင္စားသည္ေတာ့မဟုတ္၊
ကြၽႏ္ုပ္တို႔၏ တစ္ဦးတည္းေသာသား တိေမြးကုဆရာဝန္ ေဒါက္တာေက်ာ္ ထြဋ္တင္၏ ဆႏၵအရ သည္ၿမိဳ႕သည္႐ြာ သည္ေနရာ၌ သည္ေမြးျမဴေရးၿခံႀကီး ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္းသာ ျဖစ္၏။
သားေတာ္ေမာင္အဓိကေမြးျမဴသည္ကႏြားေကာင္းမ်ိဳးသန႔္မ်ားျဖစ္ၿပီး ဝက္၊ ၾကက္၊ ဘဲႏွင့္ ငါးကန္ကိုပါ တြဲဖက္ထားသည္။ လုပ္ငန္းေထာက္အကူ အျဖစ္တပည့္ႏွစ္ေယာက္ကိုတာဝန္ေပးထားကာေအာက္ေျခသိမ္းအလုပ္ ၾကမ္းသမားတခ်ိဳ႕ကိုေတာ့ ေဒသခံမ်ားထဲမွ ရံဖန္ရံခါဆိုသလို ငွားရမ္းသုံးစြဲ
ရ၏။
တစ္လတစ္ခါဆိုသလိုသူၿမိဳ႕ေပၚတက္ၿပီးေမြးျမဴေရးေဆးႏွင့္အစာမ်ား တက္ဝယ္ရသည့္အခါတိုင္း အခ်ိန္သုံးေလးရက္ ၾကာတတ္သည္။ ထိုအခါ မ်ိဳးတြင္ တစ္ဖက္႐ြာတြင္ တိရစာၦန္ေဆးကုခန္း ဖြင့္လွစ္ထားေသာ သူ႔ ေက်ာင္းေနဖက္သူငယ္ခ်င္းေဒါက္တာမ်ိဳးဝင္းကို အေရးေပၚကိစၥရွိလွ်င္ လွမ္းအကူအညီ ေတာင္းရတတ္သည္။
ေမြးျမဴေရးလုပ္ငန္းစတင္၍တစ္ႏွစ္သာသာအၾကာတြင္သူၿမိဳ႕ေပၚတက္
ဝယ္ေနက် ေမြးျမဴေရးေဆးဆိုင္ပိုင္ရွင္သမီးမစႏၵာဆိုသူႏွင့္ လူငယ္ခ်င္း ေမတၱာမွ်ေနေသာ သတင္းသဲ့သဲ့ ၾကားလာရသည္။ မစႏၵာကိုယ္တိုင္ တစ္ဦး တည္းေသာ သမီးတကၠသိုလ္ဘြဲ႕ရျဖစ္ကာ မိဘႏွစ္ပါးမွာလည္း အၿငိမ္းစား ေက်ာင္းဆရာ၊ ဆရာမမ်ားျဖစ္သည့္အျပင္ မ်ိဳး႐ိုးဂုဏ္သတင္းေကာင္းမြန္ သူမ်ား ျဖစ္ၾက၏။
သို႔ျဖစ္ရာသားေတာ္ေမာင္၏ဆႏၵအရမိဘတို႔ဝတၱရားရွိသည့္အတိုင္း ေတာင္းရမ္းထိမ္းျမားေပးခဲ့ရ၏။ အားရစရာေကာင္းသည္မွာ ေခြၽးမျဖစ္သူ မစႏၵာကိုယ္တိုင္ ေမြးျမဴေရးလုပ္ငန္းအေပၚအထူးစိတ္ဝင္စားၿပီး ေန႔မအား ညမနားႀကိဳးစားေဆာင္႐ြက္တတ္သူ ျဖစ္ေနျခင္းပင္။

သို႔ေပသည့္ ကြၽႏ္ုပ္တို႔ မိဘမ်ားအလိုခ်င္ အေတာင့္တဆုံး အရာတစ္ခု မွာကား ေ႐ႊျပည္ေတာ္ေမွ်ာ္တိုင္း ေဝးေနပါေတာ့၏။ အျခားေတာ့ မဟုတ္၊ အဘိုးအဘြားတို႔၏လည္႐ြဲရတနာေျမးေလးတစ္ေယာက္ကေတာ့တစ္ႏွစ္ ေနလည္းေပၚမလာ၊ ႏွစ္ႏွစ္ၾကာလည္းမျမင္ရ။

လင္မယားႏွစ္ေယာက္သူ႔အျပစ္လိုလိုကိုယ့္အျပစ္လိုလိုသံသယပြားစ
ျပဳခ်ိန္ မေမွ်ာ္လင့္ေသာ ၾကမၼာၿဂိဳဟ္ဆိုးတစ္ခုလား ဗုံမဆင့္ဆိုင္းမဆင့္ ႐ုတ္ တရက္ႀကီး ဝင္ခ်လာပါေတာ့၏။ ျဖစ္ရပ္က မယုံႏိုင္စရာ၊ သူတို႔ႏွစ္ေယာက္ ၿမိဳ႕ေပၚေမြးျမဴေရးေဆးဝယ္ထြက္ၿပီးအျပန္လမ္းတြင္ကား အက္ဆီးဒင့္ျဖစ္ခဲ့
သည္တဲ့။

ထိုအက္ဆီးဒင့္ေၾကာင့္ ကြၽႏ္ုပ္တို႔၏ တစ္ဦးတည္းေသာ သားႀကီး လူ႔ ေလာကမွေစာစီးစြာထြက္သြားရရွာသည္။ ထို႔ေနာက္မွာေတာ့ေခြၽးမျဖစ္သူ သူ႔မိဘအိမ္သို႔ ေၾကကြဲဝမ္းနည္းစြာ ျပန္သြားရေလေတာ့၏။ ေမြးျမဴေရးၿခံ ႀကီးမွာလည္း ပိုင္ရွင္မဲ့ဘဝ ေရာက္သြားသည္။ သားသူငယ္ခ်င္းဆရာဝန္ ေဒါက္တာမ်ိဳးဝင္း ကိုယ္တိုင္ဝင္ေရာက္ႀကီးၾကပ္ က်ားကန္ေပးေန၍သာ ယေန႔အထိ ဆက္လက္ရပ္တည္ႏိုင္ခဲ့ျခင္းျဖစ္၏။
“ေအးကြာ – သူငယ္ခ်င္း ဒီလို အိမ္ေထာင္သက္ႏွစ္ေလးဆယ္ျပည့္တဲ့ အထိ က်န္းက်န္းမာမာနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနႏိုင္တဲ့ လင္မယားမ်ိဳးက ခုေခတ္ မွာအရွားသားလားကြာ။ ဒါ့ေၾကာင့္ -မင္းတို႔လင္မယားကိုငါအေလးအနက္ ဂုဏ္ျပဳတယ္ သူငယ္ခ်င္း။ ေအး- ဒါေပမဲ့အနိစၥအၿမဲမရွိျခင္းတရားသေဘာ ကိုေတာ့ မင္းလည္း သိသားပဲဟာ။ အဲဒီ့အတြက္ေတာ့ မင္း အဆင္သင့္ ျပင္ ဆင္ထားရလိမ့္မကြဲ႕ေနာ္”
ကြၽႏ္ုပ္တို႔မဂၤလာအထိမ္းအမွတ္ပြဲတက္ပရိသတ္မ်ားကိုတစ္စားပြဲခ်င္း လိုက္လံႏႈတ္ဆက္ေနခိုက္ငယ္သူငယ္ခ်င္းမုဆိုးဖိုဦးေက်ာ္၏ခ်ီးမြမ္းဂုဏ္ျပဳ
သေယာင္ေယာင္ႏွင့္ ၿခိမ္းေျခာက္ေလွာင္ေျပာင္ေလသံပါေနေသာစကားက ကြၽႏ္ုပ္ ရင္ဝသို႔ တိုက္႐ိုက္ထိမွန္သလို တထိတ္တလန႔္ ခံစားလိုက္ရသည္။ အဘယ္ေၾကာင့္ဆိုေသာ ကာယကံရွင္ဇနီး ကိုယ္တိုင္မသိေသးေသာ သတင္းဆိုးတစ္ခုကိုကြၽႏ္ုပ္တစ္ေယာက္ထဲတိတ္တခိုးသိေနေသာေၾကာင့္
ျဖစ္ေလ၏။
ထိုသတင္းဆိုးမွာကားအျခားမဟုတ္။ ကြၽႏ္ုပ္၏ခ်စ္ဇနီးျမင့္တြင္ အစာ အိမ္ကင္ဆာ ရွိေနျခင္းပင္။ သက္ဆိုင္ရာပါရဂူ ၫႊန္ၾကားေသာေဆးမ်ားကို သာမန္ေရာဂါတစ္ခု ျဖစ္ေနဘိသကဲ့သို႔ ဇနီးသည္ျမင့္အား အသိမေပးရဲဘဲ ခပ္ေပါ့ေပါ့တိုက္ေကြၽးကုသေနရျခင္းပါေပ။

ကြၽႏ္ုပ္ကဇနီးသည္ျမင့္ကိုဟန္ေဆာင္အၿပဳံးမ်က္လုံးမ်ားျဖင့္တစ္ခ်က္
ေစာင္းငဲ့ အကဲခတ္လိုက္ၿပီးမွ ငယ္သူငယ္ခ်င္းဦးေက်ာ္၏ မ်က္လုံးမ်ားကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္သည္။
“ဒီမွာ-ေမာင္ေက်ာ္၊ အနိစၥအၿမဲမရွိျခင္းတရားဆိုတာ တို႔လင္မယားနဲ႔
ေတာ့မသက္ဆိုင္ဘူးထင္ပါရဲ႕”
ဦးေက်ာ္၏မ်က္လုံးမ်ားျပဴးဝိုင္းသြားကာ…
“ဟ-ျမင့္ေမာင္၊ ဘယ့္ႏွယ္ – မသက္ဆိုင္ရမွာလဲကြ။ ဒါ – ဘုရားေဟာ တရားေနာ္။ မင္းတို႔တင္ မဟုတ္ဘူး။ တစ္ေလာကလုံးမွာရွိတဲ့ ေဝေနယ် သတၱဝါအားလုံးနဲ႔ သက္ဆိုင္တာကိုကြ”
ဦးေက်ာ္၏ အသံပင္ အနည္းငယ္က်ယ္လာသည္။ ကြၽႏ္ုပ္ကလည္း လုံးဝမေလွ်ာ့။
“ဘာပဲေျပာေျပာ အဲဒီတစ္ေလာကလုံးက သတၱဝါေတြထဲမွာ တို႔ လင္ မယားမပါတာေတာ့ အမွန္ပဲသူငယ္ခ်င္း”
ဦးေက်ာ္၏မ်က္ႏွာ ရဲခနဲျဖစ္သြားကာ မေက်နပ္ေသာေလသံျဖင့္… “ကဲ- ဒါဆိုမင္းကိုငါတည့္တည့္ပဲေျပာေတာ့မယ္ျမင့္ေမာင္။လူဆိုတာ ေသမ်ိဳးျဖစ္သလိုဘယ္ေလာက္ခ်စ္တဲ့လင္မယားျဖစ္ျဖစ္တစ္ေန႔ေန႔ေသကြဲ
ကြဲရမွာေျမႀကီးလက္ခတ္မလြဲပဲကြ။ တျခားလူမၾကည့္နဲ႔ငါကိုပဲၾကည့္ေလ။ တစ္ျမန္ႏွစ္ကတည္းက မိန္းမ တီဘီေရာဂါနဲ႔ ဆုံးပါးသြားလို႔ မုဆိုးဖိုဘဝ ေရာက္ခဲ့ရတာ မဟုတ္လား။ အဲဒါေၾကာင့္- ဘယ္လင္မယားမဆို ေသျခင္း တရားက ခြဲပစ္ရင္ မုဆိုးဖို၊ မုဆိုးမျဖစ္ၿပီး က်န္ရစ္ခဲ့ရမွာဓမၼတာပဲကြ” ကြၽႏ္ုပ္ကေခါင္းကိုတြင္တြင္ယမ္းခါျပလိုက္သည္။
“ဒါေပမဲ့ – တို႔ကိုေတာ့ ဘယ္ေသျခင္းတရားကမွ မုဆိုးဖို၊ မုဆိုးမ ျဖစ္ ေအာင္ ခြဲႏိုင္မွာမဟုတ္ဘူး ေမာင္ေက်ာ္”
ဦးေက်ာ္က ကြၽႏ္ုပ္အား ထူးဆန္းေသာ သတၱဝါတစ္ေကာင္သဖြယ္ မ်က္လုံးဝိုင္းႀကီးျဖင့္ၾကည့္ကာ …
“ျမင့္ေမာင္ – မင္း အိမ္ေထာင္သက္ေလးဆယ္ျပည့္လို႔ ဦးေႏွာက္ပ်က္
သြားတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္။ ေဟ့ေကာင္ျမင့္ေမာင္ – ေသျခင္း တရားဆိုတာ မင္းတို႔ ငါတို႔လို သာမန္ပုထုဇဥ္ေတြကို မဆိုထားနဲ႔ သုံးလူ႔ ထြတ္ထား သဗၺညဳတဘုရားရွင္ကိုေတာင္ မသက္ညႇာဘဲ ခြဲပစ္ခဲ့တာမ်ိဳးကြ သိလား”
ကြၽႏ္ုပ္ကမခ်ိၿပဳံးၿပဳံးလိုက္ကာ …
“ေအး- ေသျခင္းတရားကဘုရားရွင္ကိုခြဲပစ္ႏိုင္ေပမယ့္တို႔လင္မယား ကိုေတာ့ မခြဲႏိုင္ေလာက္ဘူးေမာင္ေက်ာ္”
ဦးေက်ာ္မ်က္ေထာင့္ႀကီး နီရဲသြားကာ ေဒါသသံျဖင့္… “ဟာ-ေဟ့- ဒီေကာင္ မင္း တကယ္ငရဲမေၾကာက္တာလား။ ဘုရားနဲ႔ ႏႈိင္းၿပီးေတာ့မ်ားကြာ၊ ေနပါဦး – ေျပာစမ္းပါဦးကြ၊ ေသျခင္းတရားက မင္းတို႔ ကို ဘာလို႔မခြဲႏိုင္ရမွာလဲေဟ့”
“မခြဲႏိုင္ဆို ငါတို႔လင္မယားက ေသရင္ေတာင္မခြဲဘဲ အတူတူတစ္ၿပိဳင္ တည္းေသၾကမွာလို႔ပဲ”
“ဘာ- အတူတူတစ္ၿပိဳင္တည္းေသမယ္ဟုတ္လား၊အံ့ေရာ – မင္းႏွယ္ ဒီမွာဘုရားေဟာရွိတယ္ေလ။လူဆိုတာဘယ္အသက္အ႐ြယ္၊ ဘယ္ေဒသ
မွာ၊ ဘယ္အခ်ိန္မွာ ဘယ္လိုအျဖစ္မ်ိဳးနဲ႔ေသမယ္ဆိုတာႀကိဳတင္မသိႏိုင္ဘူး တဲ့ကြ။ အဲဒါကို ဆန႔္က်င္ၿပီး မင္းတို႔က အတူတူတစ္ၿပိဳင္တည္း ေသမယ္ဆို တာျဖစ္ႏိုင္မွလည္း ေျပာစမ္းပါ ျမင့္ေမာင္ရာ”
ေပါ့”
“ေအးေလ-ငါေျပာတာမွန္မမွန္ဆိုတာမင္းတို႔ေစာင့္ၾကည့္ရင္ သိမွာ
ကြၽႏ္ုပ္တို႔လင္မယား၏ မဂၤလာအထိမ္းအမွတ္ဧည့္ခံပြဲမွာ ထိုေန႔က ထိုမွ်ျဖင့္နိဂုံးခ်ဳပ္သြားခဲ့သည္။ သို႔ေသာ္- ညအိပ္ရာဝင္ခ်ိန္မွာေတာ့ဇနီးသည္ ၏ျပန္လွန္ေမးခြန္းမ်ားႏွင့္ ရင္ဆိုင္ရပါေတာ့၏။

“ျမင့္ – စဥ္းစားလို႔မရတာကရွင္ဒီေန႔က်မွဘာလို႔ေသစကားေတြခ်ည္း ေျပာေနရာလဲရွင့္”
“ဒါကေတာ့ – ဟိုေကာင္ ေမာင္ေက်ာ္လာစ,လာေျပာဖို႔ ျပန္ေျပာရတာ ပါကြယ္”
ကြၽႏ္ုပ္က ခပ္ေပါ့ေပါ့ေျဖလိုက္မိသည္။
“အင္း – ဒါဆို ရွင္နဲ႔၊ ျမင့္နဲ႔အတူတူ တစ္ၿပိဳင္တည္း ေသမယ္။ ဆိုတာက ဘာစကားလည္း ျမင့္တို႔ တကယ္ပဲေသရက္နီးေနလို႔မ်ားလားရွင္ ဟင္” ဇနီးသည္က ဒီလိုေမးလာမွာေတာ့ ကြၽႏ္ုပ္ ဆိုင္းငံ့ဖင္ႏြဲမေနသင့္ေတာ့။ ပြင့္ပြင့္လင္းလင္း အသိေပးေျပာျပလိုက္ခ်င္ေတာ့သည္။ သို႔ေသာ္- ယခု ေတာ့ တစ္ေနကုန္ပင္ပန္းခဲ့ရသမွ် အိပ္စက္အနားယူရမည့္အခ်ိန္ ေရာက္ ေနေလၿပီျဖစ္ရာ…
“အင္း – ခုေတာ့ကိုယ္လည္းအိပ္ခ်င္ေနၿပီ။ျမင့္ေမးခြန္းကိုမနက္ဘုရား ရွိခိုးၿပီးမွပဲ ေျဖပါရေစေတာ့ကြယ္”
ေနာက္တစ္ေန႔နံနက္အာ႐ုံတက္ခ်ိန္ဝယ္ ဘုရားရွင္အား ဆီမီးေရခ်မ္း ကပ္လႉပူေဇာ္၍ငါးပါးသီလခံယူျခင္း၊ ဂုဏ္ေတာ္ကိုးပါး ပုတီးစိပ္ျခင္း၊ ပရိတ္ ႀကီး(၁၁)သုတ္႐ြတ္ဖတ္ပူေဇာ္ျခင္းစသည့္ေန႔စဥ္ကိုးကြယ္ဆည္းကပ္မႈမ်ား ျပဳၾက၏။ အလုံးစုံၿပီးစီးမွ ဇနီးသည္ ခံစားေနရေသာ အစာအိမ္ကင္ဆာ၏ အေျခအေနကို မႁခြင္းမခ်န္ ရွင္းျပလိုက္မိေတာ့၏။
“အို- ရွင္ေျပာသလိုသာဆို လူ႔ေလာကမွာေနရဖို႔ ဘာမွမက်န္ေတာ့ပါ လားဟင္။ အလြန္ဆုံးေနရလွ သုံးလေလာက္ပါလားရွင့္”
ဇနီးသည္မွာတရားသမားပီပီအရမ္းႀကီးအံ့ဩသြားဟန္မေတြ႕ရေသာ္ လည္း ရွင္ ေသမင္းႏွင့္ နဖူးေတြ႕၊ ဒူးေတြ႕ ေတြ႕ရေတာ့မည္မို႔ လူ႔သဘာဝ အေလွ်ာက္အသံမ်ားတိုးကာ တုန္တုန္ရင္ရင္ ျဖစ္ေနရွာသည္။
“ဒါကိုေတာ့- ကိုယ့္ကိုခြင့္လႊတ္ပါကြယ္၊လြန္ခဲ့တဲ့ေျခာက္လကတည္း က ဆရာဝန္ေျပာျပလို႔ ကိုယ္သိေနခဲ့ေပမယ့္ ျမင့္ စိတ္ဓာတ္က်သြားမွာ ေၾကာက္တာနဲ႔ ကိုယ့္ႏႈတ္က မထြက္ရဲခဲ့ဘူး ျမင့္ရယ္”

“ဟင္ – ဒါဆို ရွင္တစ္ေယာက္ထဲ ႀကိတ္မွိတ္ခံစားရင္း ျမင့္ကို တစ္ေန႔ တစ္ေန႔လူေသလိုၾကည့္ေနခဲ့မွာေပါ့ေနာ္”
“အဲလိုေတာ့မဟုတ္ပါဘူး။ကိုယ္ကေတာ့ျမင့္ကိုအၿမဲတမ္းရွင္သန္ေန
ေစခ်င္တာေပါ့ကြယ္”
“ဒါနဲ႔ – ေနပါဦး၊ ကြၽန္မ မရွိေတာ့တဲ့ေနာက္ ရွင္ တစ္ေယာက္တည္း ဘယ္လိုေနထိုင္ဖို႔ စိတ္ကူးထားလဲဟင္”
သည္။
ဇနီးသည္က ကြၽႏ္ုပ္ လက္ေမာင္းကိုလႈပ္၍ အားမလိုအားမရ ေမး
“အာ – ျမင့္ မရွိမွေတာ့ ေလာကႀကီးမွာ ကိုယ္တစ္ေယာက္တည္း ဘာ လုပ္ဖို႔ေနေတာ့မလဲ”
“ဟင္ – ဒါျဖင့္ ရွင္က ဘယ္လိုလုပ္မွာတုံး”
“ဘယ္လိုလုပ္ရမလဲ – ျမင့္နဲ႔အတူတူလိုက္ေသပစ္လိုက္မွာေပါ့”
“ရွင္”
ဇနီးသည္ကကြၽႏ္ုပ္ေရွ႕တည့္တည့္တြင္ရပ္ကာကြၽႏ္ုပ္၏မ်က္လုံးမ်ားကို မ်က္ေတာင္မခတ္စူးစူးရဲရဲ စိုက္ၾကည့္ကာ …
“ရွင့္ၾကည့္ရတာ ျမင့္တို႔ႏွစ္ေယာက္စလုံး အဖန္ငါးရာငါးကမာၻ ခံရမယ့္ အျဖစ္မ်ိဳး ႀကံစည္ေနတာေတာ့ မဟုတ္တန္ေကာင္းပါဘူးေနာ္” ကြၽႏ္ုပ္က ျမင့္၏ မ်က္လုံးအၾကည့္ကိုေရွာင္လြဲကာ ခပ္လွမ္းလွမ္းရွိ ေမြးျမဴေရးၿခံဆီသို႔ ေငးေမွ်ာ္ၾကည့္ေနလိုက္သည္။ အတန္ငယ္ၾကာမွ… “ဘဝအဆက္ဆက္ျမင့္နဲ႔သာမခြဲမခြာဘဲေနရမယ္ဆိုရင္ဘယ္လိုနည္း
လမ္းမ်ိဳးမဆို အသုံးျပဳမိမွာပဲ”
“ရွင္ – တကယ္”
“ၿပီးေတာ့ – အဖန္ငါးရာငါးကမာၻ ခံရမယ္ဘာညာဆိုတာ ဘုရားေဟာ မဟုတ္ဘူး။ အဓိကက ကိုယ္လူ႔ဘဝမွာ ျပဳခဲ့တဲ့ကုသိုလ္၊ အကုသိုလ္အတိုင္း တမလြန္မွာ ခံရမွာဘဲ”
“ဒါဆို – ျမင့္တို႔အခုလုပ္ေနတဲ့ေမြးျမဴေရးအလုပ္ကေရာ ဘယ္ထဲမွာပါ လဲ၊ ကုသိုလ္လား၊ အကုသိုလ္လားဟင္”

“အမွန္ေတာ့ – ေမြးျမဴေရးလုပ္တယ္ဆိုတာသတၱဝါေတြကိုေသေဘးက ကယ္တင္ျခင္းတစ္မ်ိဳးပဲကြယ့္။ ၿပီးေတာ့-ကိုယ္တို႔ေမြးထားတဲ့ၾကက္၊ဝက္၊ ႏြား စတာေတြကို အသားေပၚဖို႔ ေဈးထဲမွာေရာင္းမစားဘူး။ သူတို႔ကို မ်ိဳးပြား ေပးၿပီး ကိုယ္တို႔လို ဆက္ေမြးျမဴခ်င္တဲ့ ၿခံငယ္ေလးေတြဆီပဲ တစ္ဆင့္ျဖန႔္ျဖဴး ေပးတယ္။ေရာဂါျဖစ္လို႔ေသဆုံးရင္လည္းသူတို႔ကိုမ်ိဳးပြားေပးၿပီးကိုယ္တို႔လို ဆက္ေမြးျမဴခ်င္တဲ့ၿခံငယ္ေလးေတြဆီပဲတစ္ဆင့္ျဖန႔္ျဖဴးေပးတယ္။ ေရာဂါ ျဖစ္လို႔ေသဆုံးရင္လည္းသူတို႔အသားကိုမစားဘဲဒီအတိုင္းေျမျမႇဳပ္သၿဂႋဳဟ္
ေပးတဲ့အျပင္ ဘဝကူးေကာင္းဖို႔ပါေကာင္းမႈကုသိုလ္လုပ္ေပးတယ္မဟုတ္
လား-
– ျမင့္”
“အင္း – ရွင္ ေျပာသလိုဆိုေတာ့လည္း ျမင့္တို႔က တကယ္မြန္ျမတ္တဲ့ ကုသိုလ္ႀကီးလုပ္ေနသလိုခံစားရတယ္။ ဘာပဲျဖစ္ျဖစ္ျမင့္ကလည္းသံသရာ မဆုံးသေ႐ြ႕ရွင္နဲ႔အတူတူေနခ်င္ေသးတယ္။ ဒါနဲ႔ – ရွင္ ဘယ္လိုဆက္လုပ္ဖို႔
စိတ္ကူးထားလဲဟင္”
“ဒါကိုေတာ့ – ျမင့္ စိတ္ပူမေနပါနဲ႔ကိုယ္ေျပာတဲ့အတိုင္းသာတိတိက်က်
လိုက္လုပ္၊အေရးႀကီးတာကကိုယ္တို႔ႏွစ္ေယာက္ေနာင္ဘဝမွာမလြဲမေသြ
ျပန္ေတြ႕ၾကဖို႔ပဲမဟုတ္လားကြယ္”
“အင္း- အင္း”
ျမင့္ထံမွ ေနာက္ထပ္မည္သည့္ေမးခြန္းမွထပ္ေပၚမလာေတာ့။ ထူးျခား သည္မွာျမင့္၏ေရာဂါမွာထိုေန႔မွစ၍တစ္ေန႔တျခားခံစားမႈျပင္းထန္လာေန ျခင္းပင္။ သက္ဆိုင္ရာပါရဂူႏွင့္ျပသ၍ေဆးအမ်ိဳးမ်ိဳးေျပာင္းလဲကုသပါေသာ္ လည္း အေျခအေနမွာ တိုးတက္မလာဘဲ အႏုတ္လကၡဏာမ်ားသာ ျပလာ သည္။
“အင္း- ကြၽန္ေတာ္တို႔ ႀကိဳတင္မွန္းဆထားတာထက္ေစာၿပီး ကင္ဆာ ဆဲလ္ေတြပ်ံ႕ႏွံ႔တာ အရမ္းျမန္ေနတယ္ဗ်။ စိတ္ကို ျပင္ဆင္ထားသင့္ၿပီ ထင္ တယ္”

ပါရဂူကျမင့္အားေသခ်ာစမ္းသပ္စစ္ေဆးၿပီးကြၽႏ္ုပ္အားႏွစ္ကိုယ္ၾကား
အသိေပးသည္။ ထိုခဏ၌ကြၽႏ္ုပ္ဦးေႏွာက္တြင္းမွလွ်ပ္စစ္လႈိင္းမ်ားဝင္းခနဲ လက္ခနဲေတာက္ပလင္းထိန္သြားသည္။ကြၽႏ္ုပ္ရည္မွန္းခ်က္ကိုျပင္ဆင္ရန္
အခ်ိန္ေရာက္လာပါေလၿပီ။
“က်ဳပ္ကို ပိုးသတ္ေဆးတစ္ပုလင္းေလာက္ ေရာင္းစမ္းပါေဒါက္တာ” ေနာက္တစ္ေန႔ နံနက္ေစာေစာ တစ္ဖက္႐ြာရွိ ေဒါက္တာမ်ိဳးဝင္း၏ တိေမြးကုေဆးခန္းသို႔သြားကာ ေတာင္းဆိုလိုက္သည္။
“ဗ်ာ-ပိုးသတ္ေဆးလား၊ ဘာလုပ္ဖို႔လည္း – ဦး” ေဒါက္တာမ်ိဳးဝင္းက အံ့အားတသင့္ေမးသည္။
“ခုတစ္ေလာၾကက္ေတြေရာ၊ဝက္ေတြေရာနည္းနည္းနာခ်င္သလိုျဖစ္
ေနတယ္ ေဒါက္တာ၊ အဲဒါ- ေရာဂါပိုးေတြ ပ်ံ႕ႏွံ႔ ေနတဲ့သေဘာပဲ မဟုတ္
လား”
“အာ -စိတ္မပူပါနဲ႔ ဦး၊ ဒါ – ရာသီပူျပင္းလို႔ တိရစာၦန္သဘာဝငိုက္မ်ည္း တတ္တဲ့သေဘာပါဗ်ာ။ၿပီးေတာ့ၿပီးခဲ့တဲ့အပတ္ကပဲကြၽန္ေတာ္ၿခံတြင္းၿခံျပင္ ပိုးသတ္ေဆးျဖန္းၿပီး သန႔္ရွင္းေရးလုပ္ထားၿပီးသားပါ ဦးရယ္။ ကြၽန္ေတာ္ လည္းမၾကာခင္ လာခဲ့ပါဦးမယ္”
ေဒါက္တာမ်ိဳးဝင္းကစိတ္ခ်ေနရန္ခပ္ေအးေအးေျပာသည္။ကြၽႏ္ုပ္ကမူ
သူ႔စကားကိုနားမဝင္ႏိုင္။ ကြၽႏ္ုပ္လက္ထဲပိုးသတ္ေဆးေရာက္ဖို႔ကသာစိတ္ ေစာေနမိသည္။
မလဲ”
ကြၽႏ္ုပ္က အသံက်ယ္က်ယ္ျဖင့္…
“ေမာင္ရင္ မလာခင္ က်ဳပ္ တစ္ၿခံလုံးမ်ိဳးျပဳတ္သြားရင္ ဘယ္လိုလုပ္
“ခင္ဗ်ာ”
ေဒါက္တာမ်ိဳးဝင္း၏မ်က္လုံးမ်ားအဆမတန္ျပဴးက်ယ္သြားၾကသည္။ ကြၽႏ္ုပ္ကိုလည္းထူးဆန္းေသာသတၱဝါတစ္ေကာင္သဖြယ္စူးစိုက္ၾကည့္ေန ေသးသည္။ အတန္ငယ္ၾကာမွ စိတ္ေလွ်ာ့လိုက္ဟန္ျဖင့္…

“ေအးေလ – ဦး ဒီေလာက္ စိတ္ေလာေနမွေတာ့ ကြၽန္ေတာ္ မတားေန ေတာ့ပါဘူး။ တစ္ပုလင္းေတာ့ေပးလိုက္ပါ့မယ္။ သုံးစြဲနည္းကိုေတာ့ဦးသိပါ တယ္ေနာ္”
“သိတာေပါ့- က်ဳပ္ သုံးေနက်ပဲဟာ”
ကြၽႏ္ုပ္က စိတ္မရွည္ဟန္ေျပာရင္း ပိုးသတ္ေဆးပုလင္းကိုယူကာ လွည့္ထြက္မည္အျပဳတြင္…
“ေအာ္ – ဒါနဲ႔ ေျပာရဦးမယ္”
“ဘာမ်ားလဲကြယ့္”
“ကြၽန္ေတာ္ တစ္ေန႔က ဦးေခြၽးမ မစႏၵာကို မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရ တယ္။ (၄)၊(၅)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္လည္းပါတယ္။ သူ႔ ၾကည့္ရတာ ေနာက္အိမ္ေထာင္ေတြ ဘာေတြျပဳလိုက္သလိုပဲဦး” “မဆိုင္တာေတြ ေျပာမေနပါနဲ႔၊ က်ဳပ္ – ျပန္မယ္”
ကြၽႏ္ုပ္က ခပ္မာမာေျပာရင္း ဆတ္ခနဲ လွည့္ထြက္လာသည္။ ကြၽႏ္ုပ္ အိမ္ျပန္ေရာက္တာနဲ႔ျပကၡဒိန္ေရွ႕ခ်ၿပီးေန႔ေကာင္းရက္သာေ႐ြးရေတာ့သည္။ အင္းေလ – ရယ္စရာေတာ့ အေကာင္းသားဗ်။ ေသမွေတာ့ ေန႔ေကာင္းရက္ သာလိုေသးလို႔လား။ ကြၽႏ္ုပ္ကေတာ့လိုသည္ဟုယူဆသည္။ ေန႔ေကာင္းမွာ ေသမွကြၽႏ္ုပ္တို႔ လင္မယားေကာင္းရာမြန္ရာ ေရာက္ႏိုင္မယ္ မဟုတ္လား။ လာမယ့္သီတင္းကြၽတ္လဆန္း (၁)ရက္ေန႔က ရက္ရာဇာက်သည္။ တိုက္တိုက္ဆိုင္ဆိုင္ ကြၽႏ္ုပ္တို႔ လင္မယားႏွစ္ေယာက္စလုံးရဲ႕ ေမြးနံ ၾကာသပေတးေန႔လည္း ျဖစ္ေနသည္။ ဒါေၾကာင့္ – အဲဒီေန႔ည (၉)နာရီမွာ ေသၾကဖို႔ဆုံးျဖတ္လိုက္သည္။
“အဟြတ္ – အဟြတ္ – ဟုတ္-ဟြတ္”
ကြၽႏ္ုပ္ဇနီး ျမင့္ကေတာ့ ေခ်ာင္းတဟြတ္ဟြတ္ သလိပ္တကပ္ကပ္၊ ခြၽဲ တေထြးေထြးနဲ႔ အိပ္ရာထဲကမထႏိုင္ေတာ့တာေလးငါးရက္ရွိေနၿပီ။ ေဆးကို

အခ်ိန္မွန္တိုက္ေနေပမယ့္ အာနိသင္က သိပ္အစြမ္းမထက္ေတာ့ၿပီ။ ေရ တစ္ငုံ၊ ဆန္ျပဳတ္တစ္ဇြန္း ဝင္ေအာင္ေတာင္ မနည္းႀကိဳးစားတိုက္ေနရတဲ့ အေျခအေနေလ။
ကြၽႏ္ုပ္စာၾကည့္စားပြဲမွာထိုင္ၿပီးစာသုံးေစာင္ေရးဖို႔ျပင္ဆင္လိုက္သည္။
ပထမဆုံး ေရးမိတဲ့စာကေတာ့ ကြၽႏ္ုပ္ေခြၽးမ မစႏၵာဆီကိုပါပဲ။ တကယ္ စဥ္း စားၾကည့္ေတာ့ မစႏၵာဆိုတာ ကြၽႏ္ုပ္နဲ႔ ေသြးတစ္စက္မွမစပ္တဲ့ သူစိမ္းေတြ ဆိုေပမယ့္သြားေလသူသားႀကီးရဲ႕အရင္းႏွီးဆုံးေသြးသားစပ္ယွက္ေဖာ္လင္ မယားျဖစ္ခဲ့တာ မဟုတ္လား။ သည္ေတာ့ ဘာေဆြမ်ိဳးသားခ်င္းမွ မရွိသည့္ ကြၽႏ္ုပ္တို႔ဇနီးေမာင္ႏွံဘက္ကၾကည့္လွ်င္ မစႏၵာဟာ သမီးတစ္ေယာက္ပဲ
ေလ။ဒါ့ေၾကာင့္-
ဘယ္ေလာက္မွတန္ဖိုးမရွိလွတဲ့ကြၽႏ္ုပ္တို႔အိမ္နဲ႔ေမြးျမဴေရး ၿခံကိုမစႏၵာကို အေမြအျဖစ္ေပးခဲ့ေၾကာင္းထည့္ေရးလိုက္သည္။
ဒုတိယစာကေတာ့ ေဒါက္တာမ်ိဳးဝင္းအသက္(၆၆)ႏွစ္ ဦးျမင့္ေမာင္နဲ႔ အသက္ (၆၁)ႏွစ္ ေဒၚျမင့္ျမင့္တို႔ရဲ႕နာေရးေၾကာ္ျငာပါ။ ဒီ ေၾကာ္ျငာေတြကို လာမယ့္သီတင္းကြၽတ္လဆန္း(၁)ရက္ေန႔ည(၁၀)နာရီအေရာက္သတင္း
တိုက္ကို ပို႔ေပးဖို႔ပါပဲ။
တတိယေနာက္ဆုံးစာက ငယ္သူငယ္ခ်င္းေမာင္ေက်ာ္အတြက္ ျဖစ္ပါ သည္။ ကြၽႏ္ုပ္တို႔လင္မယား၏ ႂကြင္းက်န္ရစ္ေသာ ႐ုပ္ကလာပ္မ်ားကို ျမန္ မာ့ဓေလ့ထုံးတမ္းႏွင့္အညီ သူကိုယ္တိုင္ ဦးေဆာင္သၿဂႋဳဟ္ေပးပါရန္ႏွင့္ ရက္လည္ဆြမ္းသြတ္သည့္ ကိစၥအဝဝကိုပါ ကူညီေဆာင္႐ြက္ေပးပါမည့္ အေၾကာင္းေမတၱာရပ္ခံစာေပတည္း။
ထိုစာအားလုံးကို စိတ္ခ်ရေသာ တပည့္တစ္ဦးအား သီတင္းကြၽတ္ လဆန္း(၁)ရက္ေန႔ည(၉)နာရီေနာက္ပိုင္းအခ်ိန္သက္ဆိုင္သူအသီးသီးထံ အေရာက္ေပးပို႔ရန္ စီစဥ္ေစလႊတ္ထား၏။
“ကဲ-လာျမင့္ေရ၊ကိုယ္တို႔ဘဝကူးေကာင္းေအာင္ ဘုရားရွိခိုးၿပီးငါးပါး
သီလခံၾကရေအာင္”
ထိုေန႔ ည (၈း၄၅) နာရီတြင္ ဇနီးသည္ႏွင့္အတူ အိမ္ဘုရားေက်ာင္း ေဆာင္ေရွ႕၌ ဩကာသခံကာ ငါးပါးသီလယူၾက၏။ ၿပီးမွ ေမတၱသုတ္ကို သံၿပိဳင္႐ြတ္ဆိုၾက၏။ ထို႔ေနာက္ အသင့္ျပင္ထားေသာ ပိုးသတ္ေဆးခြက္ မ်ားကိုဘုရားရွင္ထံကပ္လႉၿပီးသည္ႏွင့္ျပန္စြန႔္ကာကိုယ္စီကိုယ္ငေသာက္ခ်
လိုက္ၾကပါေတာ့၏။
အလြန္ပူျပင္း၍ရွတတခ်ဥ္ၿပဳံးၿပဳံးအရသာကိုလည္ေခ်ာင္းတစ္ေလွ်ာက္ ခံစားလိုက္ရၿပီးေနာက္ေခါင္းထဲဝယ္မူးေနာက္ေနာက္ရီေဝေဝျဖစ္လာကာ တျဖည္းျဖည္း အိပ္ေပ်ာ္သြားသလိုထင္မိသည္။
ကြၽႏ္ုပ္တို႔စိတ္ထဲ၌မူ ဘဝသစ္တစ္ခုသို႔ကူးေျပာင္းကာတမလြန္ဘဝ၌ ႏွစ္ေယာက္သား အသြင္သစ္ အျမင္သစ္ျဖင့္ ျပန္ေပၚလာၾကမည္ဟု ေမွ်ာ္လင့္ ေနမိၾကေလသည္။
“အမေလး – ျဖစ္ရေလ – အေဖနဲ႔အေမတို႔ရယ္အေဖတို႔မရွိေတာ့ သမီး တို႔က ဘယ္သူနဲ႔ ေနရေတာ့လည္းလို႔ အီး- ဟီး – ဟီး – ဟီး”
အခ်ိန္မည္မွ်ၾကာသြားသည္မသိ။အနီးကပ္၍စူးစူးရဲရဲေအာ္ဟစ္ငိုေႂကြး လိုက္ေသာအသံေၾကာင့္ ကြၽႏ္ုပ္ လန႔္ဖ်ပ္ကာ မ်က္လုံးဖြင့္ၾကည့္လိုက္မိ သည္။
အလို – မစႏၵာ ၿပီးေတာ့ေလ-ၿပီးေတာ့- လူေတြ တစ္ေယာက္ၿပီး တစ္ ေယာက္ ကြၽႏ္ုပ္တို႔ဆီသို႔ တစ္လွမ္းခ်င္း တေ႐ြ႕ေ႐ြ႕စုေဝးလာေနၾကသည္ကို တအံ့တဩျမင္ေနရပါေလသည္။
ကြၽႏ္ုပ္က ညာဘက္သို႔ ငဲ့ေစာင္းၾကည့္လိုက္ရာ ကြၽႏ္ုပ္နံေဘးတြင္ ေခြ ေခြေလးအိပ္ေပ်ာ္ေနေသာဇနီးသည္ျမင့္ကို ေတြ႕လိုက္ရသည္။
“ဟင္ – ျမင့္ေရ၊ ထ – ထစမ္းပါဦး။ ခု ကိုယ္တို႔ ဘယ္ေရာက္ေနၾကလဲ၊ ဒီလူေတြကေကာ ဘာလုပ္ဖို႔ လာေနက်တာလဲ”
“ရွင္-ဘာ- ဘယ္လို-ေန- ေနပါဦး – ျမင့္တို႔ အခု ဘယ္တမလြန္ကို ေရာက္ေနၾကၿပီလဲဟင္”
သည္။
ကြၽႏ္ုပ္ကေဘးဘီသို႔ လွည့္ၾကည့္ကာ …
“ၾကည့္ရတာ ကိုယ္တို႔ အိပ္ခန္းထဲျပန္ေရာက္ေနသလိုပဲ” “အို-ဒါ-ဒါက- ဘယ္လို ျဖစ္ရတာလည္းရွင့္”
ျမင့္လာပါလွည့္ၾကည့္ရင္းေမးသည္။
“ဦးတို႔ႏွစ္ေယာက္ကိုကြၽန္ေတာ္ျပန္ေ႐ႊ႕ေပးထားခဲ့တာပါ ခင္ဗ်ား” ရင္းႏွီးၿပီးသား အသံၾကားလိုက္ရ၍ ကြၽႏ္ုပ္ကို ေမာ့ၾကည့္မိလိုက္ၾက
“ဟင္ – ေဒါက္တာမ်ိဳးဝင္း”
ကြၽႏ္ုပ္တို႔အားၿပဳံးၿပဳံးႀကီးၾကည့္ေနေသာ တိေမြးကုဆရာဝန္ေဒါက္တာ မ်ိဳးဝင္းအား ေတြ႕လိုက္ရ၏။
“ဟုတ္ပါတယ္- မေန႔ညပိုင္းက ဦးေပးလိုက္တဲ့စာကိုရရခ်င္း ကြၽန္ေတာ္ အိမ္က ထြက္လာခဲ့တာပါ။ ဒီေရာက္ေတာ့ ညသန္းေခါင္ေနၿပီေလ။ ဦးနဲ႔ ေဒၚေဒၚတို႔ႏွစ္ေယာက္ကိုဘုရားခန္းထဲမွာေစာင္မပါတာဘာမပါနဲ႔ အိပ္ေမာ က်ေနၾကတာ ေတြ႕လိုက္ရတယ္။ အဲဒါေၾကာင့္ – အေအးပတ္မွာစိုးလို႔ ကြၽန္ေတာ္ကိုယ္တိုင္ အိပ္ခန္းထဲေ႐ႊ႕ေပးခဲ့တာပါ”
“ဟုတ္လား၊ ဒါနဲ႔-က်ဳပ္ေရးေပးလိုက္တဲ့နာေရးေၾကာ္ျငာေတြသတင္း စာတိုက္ကို ပို႔ျဖစ္ခဲ့ေသးလား”
“ပို႔စရာမွမလိုေတာ့တာပဲ။ ဦးစာရရခ်င္းဒီကိုပဲ တန္းလာခဲ့တာပါ။
“ေအာ္-ဒါဆိုေမာင္ရင္က်ဳပ္ကိုေပးလိုက္တဲ့ပိုးသတ္ေဆးဆိုတာက”
“ဟုတ္ပါတယ္ – အဲဒီေန႔က အေလာတႀကီး ပိုးသတ္ေဆး အတင္း ေတာင္းေနတာကိုမသကၤာတာနဲ႔ ပိုးသတ္ေဆးအစား ပ်ားရည္ထဲ အရက္နဲ႔ အိပ္ေဆးစပ္ၿပီးထည့္ေပးလိုက္တာပါ ခင္ဗ်ား”
ကြၽႏ္ုပ္ကေဒါက္တာမ်ိဳးဝင္းကိုတအံ့တၾသၾကည့္ေနစဥ္မစႏၵာကငိုႀကီး
ခ်က္မျဖင့္ –
“ဒါ-ဒါကကြၽန္မသားေဖေဖ့ေျမးေလးပါရွင္” “ေဟ့-ဒီကေလးလာငါ့ေျမးဟုတ္လား”
“ဟုတ္ကဲ့- သမီးလည္း ေမာင္ ႐ုတ္တရက္ဆုံးၿပီးမွ ကိုယ္ဝန္ရွိေနတာ
သိရတာပါ”
ျမင့္က တအံ့တၾသျဖင့္…
“ဒါဆိုတို႔ကို ဘာလို႔မေျပာခဲ့လဲဟင္”
“ဟိုေလ..အေဖနဲ႔အေမတို႔ သမီးဆီကလုယူသြားမွာစိုးလို႔ပါရွင္။ အခု အေဖတို႔ေသေတာ့မယ့္ စာရမွ အီး – ဟီး-ဟီး-ဟီး”
မစႏၵာမွ အခုမွေၾကကြဲဝမ္းနည္းေနရွာ၏။ ျမင့္ကမူ ေျမးေလးကို တယု တယလွမ္းဖက္ရင္းက သက္ျပင္းေမာတစ္လုံးရွည္လ်ားစြာရႈိက္ထုတ္လိုက္
ကာ
“အင္း – ကြၽန္မအတြက္ေတာ့ေသခါနီးဆဲဆဲမွေျမးေလးကိုေတြ႕ရတာ ဆိုေတာ့ သိပ္လည္းအေၾကာင္းမထူးေတာ့ပါဘူးရွင္”
ထိုအခိုက္ ဘုရားခန္းထဲသို႔ သူစိမ္းတစ္ဦး ဝင္ေရာက္လာကာ … “ေဒၚေဒၚ- မေသႏိုင္ေသးပါဘူးဗ်ာ”
ကြၽႏ္ုပ္က အသံရွင္ကို ေမာ့ၾကည့္လိုက္သည္။ “ဟင္-ပါ-ပါရဂူႀကီးက ဘယ္လိုလုပ္ၿပီး…
ဇနီးသည္ျမင့္၏ အစာအိမ္ကင္ဆာကို တာဝန္ယူကုသေပးေနေသာ ပါရဂူႀကီးကိုယ္တိုင္ ျဖစ္ေနပါေလသည္။
“ကြၽန္ေတာ္လည္း သိသိခ်င္း ထြက္လာခဲ့ခ်င္တာပါ။ အေရးထဲ ကြၽန္ ေတာ့္ကားပ်က္ေနတာနဲ႔ႀကဳံရာကားနဲ႔လိုက္လာရလို႔ခုလိုမိုးလင္းမွေရာက္
လာရတာကိုေတာ့ ခြင့္လြတ္ပါဗ်ာ”
ကြၽႏ္ုပ္က နားမလည္ဟန္ျဖင့္ …
“ဒါနဲ႔ – ပါရဂူႀကီးက ဘာကိစၥနဲ႔
ပါရဂူနဲ႔အညိဳေရာင္စာအိတ္ႀကီးတစ္လုံးကိုကြၽႏ္ုပ္အားလွမ္းေပးသည္။
ကြၽႏ္ုပ္က အတြင္းက စာ႐ြက္ေခါက္ကို ထုတ္ဖတ္ၾကည့္ရာ အဂၤလိပ္လိုျဖစ္ ေနသျဖင့္ ..

“ဒါက – ဘာလည္းပါရဂူႀကီး”
“အမွန္ကကြၽန္ေတာ့္အမွားပါဦးျမင့္ေမာင္၊ေဒၚျမင့္ျမင့္မွာ ဘာကင္ဆာ
မွ မရွိပါဘူး။ တျခားလူနာအမ်ိဳးသမီးႀကီးတစ္ေယာက္ရဲ႕ေဆးစစ္ခ်က္မွတ္ တမ္းနဲ႔မွားယြင္းၿပီး ဆုံးျဖတ္မိတာပါ ဦးျမင့္ေမာင္။ ဒါ့ေၾကာင့္ – ေဒၚေဒါ့္ကို သက္သက္စိတ္ဆင္းရဲေအာင္လုပ္မိလို႔ကြၽန္ေတာ္ကိုယ္တိုင္လာေတာင္းပန္
ရတာပါ”
“ဟုတ္လား- ဝမ္းသာလိုက္တာ”
ဘုရားခန္းထဲ ေရာက္ေနသူအားလုံးက ဝမ္းသာအားရ သံၿပိဳင္ေျပာ လိုက္ၾက၏။ ငယ္သူငယ္ခ်င္းေမာင္ေက်ာ္က
“ဟ-ျမင့္ေမာင္၊ဒါဆို- မင္းဟာကဒီေန႔ဈာပနအခမ္းအနားဘယ္ဟုတ္
ေတာ့မလဲကြ”
ကြၽႏ္ုပ္က ဇနီးသည္လက္ကိုဆြဲကာေနရာမွထရပ္လိုက္ၿပီး… “ဟုတ္တယ္ – သူငယ္ခ်င္း၊ ေျမးအရင္းလည္းျပန္ေတြ႕ရငါ့မိန္းမလည္း
မေသေတာ့ဘူးဆိုေတာ့ဒီေန႔ေတာ့(၄၁)ႏွစ္ေျမာက္မဂၤလာအထိမ္းအမွတ္ ႀကိဳလုပ္ရမယ့္ေန႔ပဲေဟ့ -ဟား-ဟား-ဟား”
“ဟား-ဟား- ဟားဟား”