အောက်လမ်းဆရာ ဦးဘလူ (စ/ဆုံး)
———————————–
အမှောင်ထု ကြီးစိုးနေသော ည
အချိန်တွင် ဦးဘလူ တစ်ယောက် ရွာ
ကွင်းစပ်တွင် အလုပ် ရှှှုပ်နေလေ၏။
“ကဲ ကန်တော့ ပွဲနဲ့ ဖယောင်းတိုင်
တော့ ထွန်းပြီးပြီ လုပ်ငန်းစဖို့ပဲ ကျန်တော့တယ်”
ဦးဘလူလည်း ဤသို့ ရေရွတ်၍
ဘေးရှိ ကန်တော့ပွဲအား လက်နှစ်ဖက်ဖြင့် သေချာ မလိုက် သည်။ဤအချိန်
ွဦးဘလူ ဆီသို့ ကွင်းပြင်ဆီမှ လေအေး
များ တိုးဝင်လာခဲ့သည်။ကန်တော့
ပွဲတွင် ထိုးစိုက် ထားသော နီရဲရဲ
အမွှေးတိုင်၏ ရနံ့မှာလည်း လေအေး
များနှင့် ပေါင်းစပ်၍ မွှေးကြိုင်နေ
လေ၏။ထို့နောက် ဦးဘလူသည်
ေမြာက်ဘက် ရှင်မအား ပင့်ဖိတ်
လိုက်သည်။
“ကျုပ်တို့ အရှင်မ ဖြစ်သူ
ယောကတော် မြောက်ဘက် ရှင်မကို ကျုပ် ဘလူမှ ရိုသေစွာ ကန်တော့၍
ပင့်ဖိတ်ပါတယ် ”
ဦးဘလူသည် နှုတ်မှ ဤသို့ ရေရွက်၍
ကန်တော့ပွဲအား လက်နှစ် ဖက်ဖြင့် အပေါ်သို့ မြောက်လိုက်သည်။ပြီးနောက် ကန်တော့ပွဲအား အောက်သို့
ပြန်ချ၍ ဂါထာ တစ်ပုဒ်အား ရွက်ဆို
လိုက်သည်။ဦးဘလူ၏ ဂါထာ ရွက်ဆို
နေသော အချိန်တွင် လေပြင်းများတိုက်ခိုက် လာလေသည်။
လေပြင်း
များ၏ အရှိန်ကြောင့် သစ်ပင်ကြီးများ
လေယူရာ ယိမ်းနွဲ့ နေကြ လေသည်။
ဤအချိန် ကောင်းကင်ယံမှ လျှပ်စီးများ ၀င်းလဲ့ နေကြလေ၏။တစ်ချက်
တစ်ချက် ဝင်းလဲ့နေသော လျှပ်စီး
များ၏ အလင်းရောင်ကြောင့် အုံမှိုင်း
နေသော သစ်ပင် ကြီးများအား မြင်နေ
ရေလသည်။လေပြင်းများ တိုက်ခိုက်နေသော်လည်း ဦးဘလူ
ထွန်းထားသော ဖယောင်းတိုင်မှာ
မီး မငြိမ်းသွားပေ။လင်းမြဲ အတိုင်းသာ
လင်းနေလေ၏။ထိုအချိန် မိုးခြိမ်းသံ
အကျယ်ကြီး ထွက်ပေါ် လာလေသည်။
“ဂျိန်း…တလိန်း…ဂျိန်း…ဂျိန်း…
မိုးခြိမ်း သံကြှီးသည် ပတ်ဝန်းကျင်
တစ်ခုံလုံးအား ပဲ့တင် ထပ်သွားလေသည်။ကျယ်လောင်စွာ မြည်ဟိန်းသွားသော မိုးချိန်း သံကြီးနှင့် အတူ ဦးဘလူ
ရှိရာသို့ အရိပ် မဲမဲကြီးတစ်ခု ပြေးဝင်
လာသည်။ဦးဘလူလည်း မိမိထံ ဝင်
လာသော အရိပ်မဲမဲကြီးအား မျက်
မှောင် ကြုတ်၍ ကြည့်လိုက်သည်။နီရဲသော မျက်လုံး နှစ်လုံးဖြင့် လာနေသော အရိပ် မဲမဲကြီး ဦးဘလူ ရှေ့သို့ ရောက်ေသာအခါ ရပ်လိုက်သည်။ဤအခါ ဦးဘလူလည်း ဒူးထောက်၍
အရိုအသေ ပေးလိုက်သည်။နောက်
နောက် အရိပ်မဲမဲကြီးသည် ဦးဘလူ
အား ကြည့်၍ စကား စလိုက်သည်။
“ဘလူ မင်းသခင်မကို ဖိတ်ပြီး ဘာအကူညီ တောင်းမလို့လဲ။မြောက်ဘက်
ရှင်မက သူ့အစား ညာလက်ရုံး ငါ့ကို လွတ်လိုက်တယ်”
ဤအခါ ဦးဘလူသည် ခေါင်းအား
ငုံ့၍ ပြန်ပြော လိုက်သည်။
” အရှင်မကို ကျွန်တော်မျိုး ဖိတ်တာက ကိုးကျင်း အောက်လမ်း ကျင့်စဉ်ကျင့်ဖို့ တစ်ရက်ပဲ လိုတော့တယ်။
အဲ့ဒါကြောင့် အရှင်မဆီက ခွင့်ပြုချက်တောင်းတာပါ။ပြီးတော့ ကျွန်တော်မျိုး ကျင့်စဉ် ကျင့်ရင် အနှောက် အယှက်တွေလည်း ပေါ်လာမှာ ကျိန်းသေတယ်။အဲ့ဒါကြောင့် ကူညီ စောင့်ရှောက်
ပေးဖို့ အရှင်တို့ကို အကူညီ တောင်းတာပါ”
ထို့အခါ အရိပ် မဲမဲကြီးသည် ဦးဘလူ
စကားအား နားလည်သည့် ဟန်ဖြင့်
ပြန်ပြော လိုက်သည်။
“အရှင်မက သူ့ကို ယုံကြည် ကိုးကွယ်
တဲ့ သင်တို့လို ကျေးကျွန်တွေကို
ကူညီ စောင့်ရှောက် မှာပါ။အသင်
ကျင့်စဥ် အောင်ဖို့ပဲ အာရုံထား”
အရိပ် မဲမဲကြီးသည် အသံနက်ကြီးဖြင့်
ပြောလိုက်သည်။ဤသို့ ကြားရသော
အခါ ဦးဘလူ၏ မျက်နှာမှာ ပြုံးပျော်သွားလေသည်။
“ကျွန်တော်မျိုး ကျင့်စဥ်ဝင်ဖို့ အပျို
သွေးရော နေရာ ထိုင်ခင်းကအစ
အကုန် ပြင်ဆင်ထားပါတယ်။အရှင်
တို့ရဲ့ ကူညီ စောင့်ရှောက် မှုတွေနဲ့
ဒီပညာတွေ တိုးတတ်အောင် လုပ်ပါ့မယ်”
အရိပ် မဲမဲ ကြီးသည် ဦးဘလူ
စကားအား နားထောင်၍ လက်နှစ်ဖက်
လက်နှစ်ဘက်အား ဆန့်လိုက်သည်။
ထို့နောက် လက်ထဲမှာ အနိီရောင်
အလင်းတန်း များ ထွက်လာလေသည်။ဤသို့ ထွက်လာသော အနီရောင်တန်း
များသည် စက်ဝိုင်း တစ်ခုကဲ့သို့ ဦးဘလူ ရှေ့တွင် လည်နေလေသည်။ဦးဘလူလည်း ဤမြင်ကွင်းအား ကြည့်၍
ပါးစပ် အဟောင်းသား ဖြစ်နေလေ၏။
ထိုနောက် အရိပ်မဲမဲ ကြီးသည် ဦးဘလူ
အား ကြည့်၍ လိုက်သည်။
“ကဲ အသင် ဒီစက်ဝိုင်းထဲမှာ ဘာမြင်လည်း”
ဦးဘလူလည်း အနီရောင် စက်ဝိုင်း
ကြီးအား အာရုံ စုစည်း၍ သေချာ
ကြည့်လိုက်သည်။
” အရှင် ဒီစက်ဝိုင်းထဲမှာ အင်မတန်
တည်ငြိ်မ်ပြီး ကိုယ်ရောင်တွေ ေတာက်
နေတဲ့ လူငယ် တစ်ဦးကို မြင်ရပါတယ်။ဘာလို့ ဒီလူငယ်က ကိုယ်ရောင်တွေ ေတာက်နေရတာလဲ ”
ဦးဘလူသည် နားမလည်သင့် ဟန်ဖြင့်
အရိပ် မဲမဲကြီးအား မေးလိုက်သည်။
အရိပ် မဲမဲကြီးသည် ဦးဘလူ၏ စကား
နားထောင်၍ အသံနက် ကြီးဖြင့်
ရယ်လေသည်။
“ဟား ဟား ဒီလူငယ်က ကိုယ်ရောင်
တွေ ထွက်နေမှာပေါ့ အရင်ဘဝက
နတ်ဘီလူး စစ်သူကြီးပဲ။နတ်ဘီလူး
ဘဝကနေ ဒဏ်သင့်ပြီး လူပြည်ရောက်
နေတာ။ပြီးတော့ သူက အရှင် မဟာရဲ့
သားတော်ပဲ ဒီလောက်တော့ ရှိမှာပေါ့”
“အရှင် ဒီလူငယ်ကို ပြတာက ကျွန်တော်မျိူးနဲ့ ဘာသက်ဆိုင်လို့လည်း”
ဤအခါ အရိပ် မဲမဲကြီးသည် ဦးဘလူ
အား ပြန်ပြောလိုက်သည်။
“ဆိုင်တာပေါ့ အသင်ရဲ့။ဒီလူငယ်က
အသင် ကျင့်စဥ် မအောင်ရအောင်
ဖျက်စီးလိမ့်မယ်။အဲ့ဒီလို သင့်ကို တားစီး ခိုင်းတာကလည်း အထက်က သူ့ကို.တာဝန်ပေးလို့ ”
ထိုအခါ ဦးဘလူလည်း နားလည်
သွားသည့် ဟန်ဖြင့် ခေါင်းညိတ်ပြ
လိုက်သည်။ထို့နောက် အရိပ်မဲမဲ
ကြီးသည် ဦးဘလူအား သတိပေး၍
ပျောက်ကွယ် သွားလေသည်။
ဤအချိန် ဦးဘလူ၏ ခေါင်းပေါ်မှ ငှက်စုန်း တစ်ကောင် ဖြတ်ပြန် သွားလေသည်။ထိုအခါ ဦးဘလူလည်း ဒေါသထွက်သွားလေသည်။
“တောက် ငါ့ခေါင်း ပေါ်က ဖြတ်ပြန်
ရဲတဲ့ ငှက်စုန်း တွေ့မယ် ”
ဦးဘလူသည် ပါးစပ်မှ ဤသို့
ပြော၍ မြေပြင်အား ဖနောင့်ဖြင့်
နသုံးချက် ပေါက်လိုက်သည်။ထိုအခါ
ကောင်းကင် ပေါ်မှ တစ်စုံတစ်ခု
ပြတ်ကျ လာလေသည်။
“ဘုတ်….”
ဦးဘလူလည်း မြေပြင်ပေါ်သို့
ပြတ်ကျလာသော အရာအား ကြည့်
လိုက်သော အခါ ငှက်စုန်း
တစ်ကောင် ဖြစ်နေလေ၏။ထို့နောက်
ဘလူသည် မိမိ ကိုယ်အား ကျေနပ်သည့် အသံဖြင့် ရယ်မော လိုက်သည်။
“ဟား ဟား ဒီနယ်မှာ ဘလူကို ဘာကောင် မှတ်နေလဲ ကြိုက်တဲ့ ကောင်လာ အကုန် အသေ သတ်ပစ်မယ်”
ဦးဘလူသည် ပညာ ဂုဏ်မောက်သည့်
အသံဖြစ် အော်ပြောလိုက်သည်။ထို့
နောက် ဦးဘလူသည် ရွာနီး ချုပ်စပ်မှ
တပည့်များအား ခေါ်လိုက်သည်။
“ကဲ ငါဆရာ အမိန့် ဒီနယ်က မယ်လှနဲ့
မယ်မြတို့ ငါ့ရှေ့ ခုရောက်စမ်း”
ဦးဘလူသည် ဤသို့ ပြော၍ ပတ်ဝန်း
ကျင်အား ကြည့်နေလိုက်သည်။ထိုအချိန် မင်းမဟာရွာ ကွင်းစပ်သို့
မီးလုံး နှစ်လုံးခန့် ပျံလာလေသည်။
မီးလုံး နှစ်လုံးသည် ဦးဘလူ၏ ရှေ့သို့
ရောက်သောအခါ မြေပြင်ပေါ်သို့
ကျလာပြီး မိန်းမ နှစ်ယောက် အဖြစ်
ပြောင်းလဲသွားသည်။ဤမိန်းမ နှစ်ယောက်သည် ထမိ်န် အနက် များဝတ်ဆင်ထားကြသည်။ထို့နောက်
ဦးဘလူအား ကြည့်၍ မေးလိုက်သည်။
” ဆရာ ကျွန်မတို့ကို ဘာအကြောင်းနဲ့
ခေါ်တာလဲ ”
စုန်းမ နှစ်ဦး၏ အမေးကြောင့် ဦးဘလူလည်း ခေါင်းညိတ်၍ ပြန်ပြော.လိုက်သည်။
“နင်တို့ကို ညကြီး အချိန်မတော်
ငါခေါ်ရတဲ့ အကြောင်း အရင်းက
ငါကျင့်စဥ် တတ်ဖို့ လိုအပ်တာတွေ
မှာမလို့”
ဤအခါ စုန်းမ နှစ်ဦးသည် ဦးဘလူ၏
ငြိမ်သက်၍ နားထောင် လိုက်သည်။
“ငါ ပညာ အဆင့်တက် မယ့််
ကိစ္စကို တစ်ယောက်ယောက်က
နှောက်က်ယှက် မှာ။အဲ့လို ကျင့်စဥ်
ပျက်အောင် လုပ်ဖို့ လာတဲ့ သူကလည်း
တော်ရုံ ဆရာ မဟုတ်ဘူး။အရင်ဘဝ
က နတ်စစ်သူကြီး ဖြစ်ခဲ့တဲ့လူ။ ဒီတော့ကြိုတင် ပြင်ဆင် လို့ရအောင် နင်တို့ကို
ငါခေါ်လိုက်ရတာ”
“ဟုတ်ဆရာ ကျွန်မ တို့ကဆရာ
အတွက်ဆို အသက်ပင် ပေးရပါစေ အတက်နိုင်ဆုံး ကူညီဖို့ အသင့်ပါပဲ”
ဤအခါ ဦးဘလူသည် စုန်းမ နှစ်ဦး၏
စကားအား သဘော ကျသွားလေသည်။
“ဟား….ဟား…ဟုတ်ပါပြီ။တပည့်တို့ စကားကို ဆရာ ယုံတယ်။အဲ့ဒီတော့
မနက်ဖြန် ညနေ မှောင်တာနဲ့ ကျင့်စဉ်
စမယ်။ဒီတော့ ကျင့်စဥ် ဝင်နေတဲ့
အချိန် သုသာန် အဝမှာ နင်တို့ ကင်း
စောင့်ပေး။ငါနင်တို့ နှစ်ယောက်ကို
ခုည ပညာ အဆင့်တွေပါ တိုးပေး
လိုက် မယ်”
ဦးဘလူသည် ဤသို့ ပြော၍ စုန်းမနှစ်
ဦး၏ ခေါင်းပေါ်အား ညဘက်လက်.
တင်လိုက်သည်။ ထို့နောက် နှုတ်မှ
ဂါထာ တစ်ပုဒ်အား ရွတ်ဆို၍ လက်အား ဖယ်လိုက်သည်။
“ကဲ နင်တို့ကို ငါဆရာ ပညာ အဆင့်
မြင့်ပေးထားတယ်။နင်တို့ရဲ့ အသွေး
အသားထဲမှာပါ ပညာ စက်တွေ ဆူပွက်
နေလိမ့်မယ်”
ဤအခါ စုန်းမ နှစ်ဦးသည် ဦးဘလူ
အား အရို အသေပေးလိုက်သည်။
” ေကျးဇူးတင်ပါတယ် ဆရာ။ဆရာ
ကျေးဇူးတွေ မမေ့ပါဘူး။ဆရာ ကျင့်စဥ်အောင်ဖို့ အစွမ်းကုန် ကာကွယ်ပါ့မယ်”
“ဒါဆိုလည်း နင်တို့နှစ်ယောက်
ပြန်ကြတော့။ရွာနီးချုပ်စပ်မှာ ငါ့ပညာ
စက်တွေ ဖြန့်ထားတယ်။သတိရှိရှိနေကြ။ရန်သူက တို့ထက် စွမ်းအား ကြီးလွန်းတယ်”.
“ဟုတ်ဆရာ ”
စုန်းမ နှစ်ဦးသည် ဦးဘလူ စကားအား
နားထောင်၍ ထမိန်အား ခြုံလိုက်သော
အခါ မီးလုံးများ အဖြစ်သို့ ပြောင်းလဲ
သွားလေသည်။ထို့နောက် လာရာ
လမ်းအတိုင်း ပျံသွားလေသည်။
“ဟုတ်ဆရာဘလူ ဆရာပေးတဲ့
တာ၀န်ကို ကျွန်အတို့ကျေပွန်စွာ
ထမ်းဆောင်ပါမယ်လို့ ဂတိပေးပါတယ်”
“အေးကောင်းပါပြီ ခုတော့ပြန်ကြ
တော့”
“ဟုတ်ဆရာ…”
စုန်းမများသည် ဦးဘလူနှင့် နဂါးကဝေ
အားအရိုအသေပေးပြီး မီးလုံးများ
အဖြစ်သို့ပြောင်းကာ လေပေါ်သို့
ပျံသွားကြသည်။ထို့နောက် ဦးဘလူ
လည်း ကန်တော့ ပွဲများအား သိမ်း၍
မိမိ အိမ်ရှိရာသို့ ပြန်လာခဲ့သည်။ဦး
ဘလူလည်း အိ်မ်သို့ ပြန်ရောက်သော
အခါ နာရီအား ကြည့်လိုက်သည်။ထို့
နောက် အချိန်သည်လည်း ည တစ်နာရီ်ခန့် ရှိပြီ ဖြစ်၍ အိပ်ရန် ပြင်လိုက်သည်။
******************
“အော်….အီး….အီး…အွတ်….တုံ…
တုံ…တုံ….”
အာရုံတက်ချိန်တွင် လင်းကြက် တွန်သံနှင့် အတူ ရွာဦး ကျောင်းမှ မနက်လေးနာရီ အိုးမောင်း ခေါက်သံ ထွက်ပေါ် လာလေသည်။ထိုအခါ ရွာသူကြီးဦး စံကောင်း တစ်ယောက် အိပ်ရာ
ထ၍ မျက်နှာသစ် အပေါ့ သွားလိုက်သည်။ပြီးနောက် ဘုရားစင်ရှေ့
သွား၍ ဘုရား ရှစ်ခိုး လိုက်သည်။
ထို့နောက် တိတ်ဆိတ် ငြိမ်သက်သောမနက်ခင်းအား ဦးစံကောင်း၏ မင်္ဂလာ အမျှဝေသံမှ ဆီးကြို နေလေ၏။
ဤအချိန် သူကြီးအား အိမ်အောက်
မှ တစ်စုံတစ်ဦးက ခေါ်လိုက်သည်။
“သူကြီးရေ သူကြီးရေ”
ဤအခါ သူကြီး၏ မိန်းမသည် လှမ်း
ပြောလိုက်သည်။
“ဟဲ့ဖိုးပု အရေးကြီး သုတ်ပြာနဲ့
ဘာဖြစ် လာတာလဲ”
ဤအခါ ဖိုးပုသည် မောဟိုက် နေသော
အသံဖြင့် ပြန်ပြောလိုက်သည်။
“တခြား မဟုတ်ပါဘူး အရီး လေးရာ
ညကရွာပြင်မှာ စုန်းမီးလုံးတွေ တွေ့လို့
သူကြီးကို လာပြောတာ”
“အေး ဒါဆိုလည်း ခဏစောင့်ဦး
ဖိုးပုရေ။ နင့် သူကြီး ဘုရား ၀တ်ပြု
နေတယ်”
ဦးစံကောင်း၏ မိန်းမ ဖြစ်သူသည်
ဤသို့ပြော၍ မီးဖို ချောင်ထဲသို့ ၀င်သွားလေသည်။ခဏ ကြာသောအခါ
ဦးစံကောင်းလည်း အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ထို့နောက် ဖိုးပုအား ကြည့်၍
မေးလိုက်သည်။
“ဟေ့ကောင် ဖိုးပု ဘာ အရေးကြီး ကိစ္စရှိလို့လည်း”
ဤအခါ ဖိုးပုသည် သူကြီး ဘေးသို့
ထိုင်ရင်း စကား စလိုက်သည်။
“ဒီလိုသူကြီးရာ ညကေလ ကျုပ်တို့ရွာ
ကွင်းစပ်မှာ စုန်း မီးလုံးတွေ လေပေါ် ပျံနေတာကို တွေ့လို့ လာပြောတာ”
ဤအခါ သူကြီးလည်း ဖိုးပု၏ စကား
အား ဝင်၍ ဖြတ်ပြော လိုက်သည်။
“ဖိုးပု မင်းမျက်လုံးနဲ့ တပ်အပ်မြင်တာ သေချာလား ”
သူကြီး ဦးစံကောင်းသည် ရေနွေး ပူပူအား မှုတ်သောက်ရင်း ေမးလိုက်သည်။
“ကျုပ် မျက်လုံးနဲ့ သေချာ မြင်ရတာ
ပါသူကြီးရာ”
“အေး ဒါဆိုရင် မင်းမျက်လုံးနဲ့ သေချာ မြင်တာကို ထားပါဦး။ ဒီလိုဖြစ်တာက ရွာနီး ချုပ်စပ်က ပညာ
သည်တွေ ပညာ ပြိုင်ကြတာ ဖြစ်ချင်
ဖြစ်မှာပေါ့ ဖိုးပုရဲ့”
“ဟာ သူကြီးကလည်း ပညာပြိုင်
ရင်ရှှုံးတဲ့လူက အလောင်း တွေ့မှာပေါ့။
ခု ကျုပ်သွား ကြည့်ပြီးပြီ မီးလုံးတွေ့တဲ့ နေရာမှာ ဘာအလောင်းမှ မတွေ့ဘူး”
သူကြီးဦးစံကောင်းသည် ဖိုးပု၏
စကားအား နားထောင်၍ ခေါင်းညိတ်လိုက်သည်။ထို့နောက် ဖိုးပုသည်
သူကြီးအား ဆက်ပြောလိုက်သည်။
“ဒါနဲ့ သူကြီး ကျုပ်ဆက်ပြော
ရဦးမယ်”
“ပြောလေ ဖိုးပု မင်းကလည်း စကား
တစ်ခွန်း ပြောဖို့ အရေးကြီး ခွင်ကျယ်လုပ်နေတယ်”
ဦးစံကောင်းသည် ဖိုးပုအား စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီလို….သူကြီးရာ ညက အဖြစ်
အပျက်နဲ့ ရွာပြင်က အောက်လမ်း
ဆရာ ဦးဘလူ ခုရက် ခြေ ငြိမ်နေတာနဲ့ တိုက်ဆိုင် နေသားလို့ ကျုပ် ထင်တယ်”
“တယ် ဒီကောင်တော့ သေတော့
မှာပဲ ဘလူသာ ဒီစကား ကြားသွားရင်
မင်း အသက် ဘယ်က ထွက်သွားရမယ် မသိဘဲ ဖြစ်နေမယ်”
“ဟုတ်…ဟုတ်….သူကြီး ကျုပ်မေ့
ပြောမိတာ”
အမှန်မှာမူ ဦးဘလူအား မင်းမဟာ
တစ်ရွာလုံးမှ ဖိန့်ဖိန့် တုန်အောင်
ကြောက်ကြရသည်။ဦးဘလူသည်
သူနှင့် ပြသာနာ ဖြစ်သော သူအား
အောက်လမ်း နည်းဖြစ် သတ်သည့်
အကျင့်ရှိသည်။ထို့ကြောင့် မင်းမဟာ ရွာသား များသည် ဦးဘလူအား
သတ်ချင် နေသော်လည်း ကြောက်လုိ့သာ ငြိမ်နေ ကြရသည်။မင်းမဟာ
ရွာသားများ အဖို့ ဦးဘလူသည် နတ်ဆိုးကြီး တစ်ယောက်ဟု ဆိုနိုင်ပေသည်။
“ဖိုးပုမင်း ခုနက မင်းပြောတဲ့
ဘလူ ခုရက် ခြေ ငြိမ်နေတာ ဆန်းသားကွ”
“အင်းဟုတ်တယ် သူကြီးရ ခုတော့
ကျုပ်လည်း မြေအိုး ကောက်ရမှာမို့
ပြန်လိုက်ဦးမယ်”
“အေးအေး ဖိုးပု အကြောင်း ထူးရင်
ငါ့လာပြောဦး”
“ဟုတ်သူကြီး ကျုပ်အကြောင်းထူး
ရင်သူကြီးကို လာပြောပါမယ်”
ထို့နောက် သူကြီးလည်း မိန်းမ ဖြစ်သူ
ပြင်ပေးသော မနက်စာအား စား၍
ရွာထဲသို့ ထွက်လာခဲ့သည်။သစ်ပင်
ကြီးများဖြင့် စိမ်းစိုနေသော ရွာလယ်
လမ်းသို့် သူကြီးရောက်သောအခါ ရပ်
လိုက်သည်။ထို့နောက် ရွာသူကြီး၏
အကြည့်တို့သည် ခပ်လှမ်းလှမ်းမှ
လျှောက်လှမ်းလာသော လူငယ်ဆီသို့
ရောက်ရှိသွားသည်။အညိုရောင်
ဝတ်စုံဖြင့် လျှောက်လှမ်း လာသော.လူငယ်၏ မျက်နှာမှာ ကြည်လင်.သာယာနေ၏။သူကြီးလည်း
မိမိ ရှေ့တည့်တည့်သို့ လျှောက်လှမ်း
လာသော လူငယ်အား ကြည့်၍ မေး
လိုက်သည်။
” ဒီမှာ တူလေး။ဘယ်အရပ်ကို ခရီး
သွားမလို့လည်း။ငါ့တူကို ဒီနယ်မှ ဦးလေး မမြင်ဖူးဘူးကွယ့်”
လူငယ်သည် သူကြီး၏ စကားအား
ကြားရသောအခါ ပြုံးပြလိုက်သည်။
“ဦးလေးက ကျုပ်ကို ဘယ်တွေ့ဘူးမလည်း။ကျုပ်က ဒီနယ်ကို ခုမှ ရောက်ဘူးတာ ခရီးသွားပါဗျာ”
“ဦးလေးကလည်း ဒီရွာက သူကြီးဆို
တော့ ငါ့တူကို တာဝန်အရ မေးကြည့်တာ။ခုရက် ဦးလေးတို့ ရွာမှာလည်း
အောက်လမ်း ဆရာ တစ်ယောက်
သောင်းကြမ်းနေလို့ ငါ့တူရေ သတိထား ေနရတယ်။ငါ့တူလည်း အသွားအလာ သတိထား”
လူငယ်လည်း သူကြီး၏ စကားအား
ကြည့်ရသောအခါ ပတ်ဝန်းကျင်အား
မျက်လုံးဖြင့် ကြည့်လိုက်သည်။ထို့
နောက် လူငယ်၏ အကြည့်တို့သည်
ရွာထိပ်တွင် ဝဲနေသော ငှက်စုန်း နှစ်
ကောင်ဆီသို့ ရောက်ရှိ သွားသည်။
လူငယ်လည်း အခြေ အနေအား ရိပ်စား မိသဖြင့် သူကြီးအား ပြန်ပြောလိုက်သည်။
“သူကြီး ဟိုမှာ တွေ့လား ရွာထိပ်မှာ
ငှက်စုန်း နှစ်ကောင် ဝဲနေတယ်”
သူကြီးလည်း လူငယ် လက်ညိုး
ညွန်ပြရာသို့ ကြည့်လိုက်သောအခါ
ငှက်စုန်း နှစ်ကောင်အား တွေ့လိုက်ရသည်။
“သူကြီး ခုတွေ့တဲ့ ငှက်စုန်း နှစ်ကောင်က ရှေ့ ဒီရွာမှာ သွေးချောင်းစီးဖို့
ဖြစ်လာတော့မှာကို ကြိုတင် အစပြုနေတာ”
သူကြီးလည်း လူငယ်၏ စကားကြောင့်
ကြောင်သွားလေသည်။
“ငါ့တူပြောတာကို ဦးလေး နားမလည်
တော့ဘူး။ဦးလေး အိမ်လိုက်ပြီး သေချာ ရှင်းပြပါလား။အချိန်ကလဲ
နေမွန်းတည့်တော့မယ်။ အရမ်းပူတယ် ငါ့တူရေ လာလာ သွားကြမယ်”.
လူငယ်လည်း သူကြီး ခေါ်ဆောင်ရာ
သို့ မငြင်းပဲ လိုက်သွားလေသည်။
ွသူကြီးလည်း အိမ်သို့ ရောက်သောအခါ မိန်းမ ဖြစ်သူအား လှမ်းခေါ်
လိုက်သည်။
“မိန်းမရေ ရေနွေးချမ်းနဲ့ အမြည်းလေး
လုပ်ပါဦး ဧသည့်ပါလာလို့”
သူကြီးသည် ဤသို့ပြော၍ အိမ်ရှေ့ရှိ
ွခုံပေါ်သို့ ထိုင်လိုက်သည်။
“ငါ့တူရေ ထိုင်လေကွာ ဘာအားမနာနဲ့
ဦးလေး တို့်က တောသူ တောင်သားတွေပါ စေတနာ ကောင်းကြပါတယ်ကွာ”
လူငယ်လည်း သူကြီး၏ ရှေ့သို့ဝင်ထိုင်လိုက်သည်။ထို့နောက် အသက်
ငါးဆယ်ခန့် အမျိုးသမီး တစ်ဦး
ထွက်လာ၍ ရေနွေး အိုးအား သူကြီး
၏ ရှေ့သို့ လာချလိုက်သည်။ထို့နောက်
လူငယ်သည် သူကြီးအား မေးလိုက်
သည်။
“ဦးလေးတို့ ရွာမှာ အောက်လမ်း ဆရာတွေ ရှိလားဗျ။ကျူပ်လာတုန်းက ရွာ
အပေါ်မှာ အမဲရောင် အငွေ့တွေ တွေ့လို့ မဖြစ်သင့်တာ မဖြစ်အောင် ကျူပ်
ရွာထဲ ဝင်လာခဲ့တာ”
လူငယ်၏ စကားကြောင့် သူကြီးလည်း အံ့အားသင့် သွားလေသည်။
“ဦးလေးတို့် ရွာမှာ အောက်လမ်း ဆရာ
ရှိတာပေါ့ ငါ့တူရေ။သူ့နာမည်က ဘလူ
တဲ့ အမျက် ဒေါသ အရမ်းကြီးတာကွယ့်။သူ့ကြောင့် ရွာထဲက လူတွေလဲ
သေတာ မနည်းဘူး။နေပါဦး ငါ့တူက
ဒီလို အကြောင်းတွေကို သိနေတာ
တော်ရုံ လူ မဟုတ်လောက်ဘူး။ငါ့တူ
အကြောင်း ဦးလေးကို ပြောပြပါဦး”
လူငယ်လည်း သူကြီး၏ စကားအား
ကြားရသောအခါ ပြုံးပြလိုက်သည်။
“အမှန်က ကျုပ်က ခုနှစ်ရက် သားသမီးတွေကို ကယ်တင်နေတဲ့
လူပါ။ကျုပ်နာမည်က တေဇာသ။ကျုပ်
အဘ နာမည်က အရှင်မဟာပါ။ခုလည်း အဘက မန်းရွှေစက်တော်ဘက်
ကို ခရီး ဆက်ခိုင်းတာနဲ့ ဒီဘက် ကြုံလို့
ဝင်လာတာ”
“ဒါဆို ဦးလေး မှန်းတာ မှန်ပြီပဲ ငါ့တူက တော်ရုံလူ မဟုတ်ဘူးပဲ”
သူကြီးသည် ဤသို့ပြော၍ တေဇာသ
အား ရေနွေး ငှဲ့ပေးလိုက်သည်။
“ဒါနဲ့ ဦးလေး ဒီရွာက အောက်လမ်း
ဆရာ ခုရက် တစ်ခုခု လုပ်ဖို့ အကြံ
ရှိလောက်တယ်။ဘာလို့လဲ ဆိုတော့
ရွာ အဝင်မှာ ဦးလေး တွေ့တဲ့ ငှက်စုန်း
နှစ်ကောင်က သူတပည့်တွေလေ”
တေဇာသ သည် ဤသို့ပြော၍ သူကြီး
ထည့်ပေးသော ရေနွေးခွက်အား ငှဲ့
သောက်လိုက်သည်။
“ဖြစ်နိုင်တယ် ငါ့တူ။မနက်က ရွာထဲက
ကောင်လေး တစ်ယောက် လာပြောတာတော့ ညက ရွာအပြင်မှာ စုန်းမီးလုံးတွေ တွေ့တယ်ပြောတာပဲ”
တေဇာသလည်း သူကြီး၏ စကားအား
နားထောင်၍ ခေါင်းညိတ်လိုက်သည်။
“ဒါဆို သေချာပြီ ဦးလေးရေ။သူလဲ
ကျုပ်ရောက်တာကို ခုဆို သိပြီးရောပေါ့။ခုနေ့ လပြည့်ညဆိုတော့ တစ်ခုခု
ထူးလိ်မ့်မယ်”
“ငါ့တူ ဆိုလိုတာက အောက်လမ်း
ဆရာ ဘလူက လပြည့်ည တစ်ခုခု
လုပ်မယ် ပြောတာလား”
“ဟုတ်တယ် ဦးလေး။ကျုပ် အထင်တော့ ဒီအောက်လမ်းကောင် ကျင့်စဥ်
တတ်ဖို့ပဲ နေမှာ။လပြည့်နေ့ဆိုတာ
အမှောင် လောကသားတွေရဲ့ စွမ်းအား
တွေ အပြည့်ဆုံး နေ့ပဲ ဦးလေး”
“ဒါဆို ဦးလေးတို့ ရွာကို ငါ့တူ ကယ်ပါဦး။ဘလူ အကြောင်း ဦးလေး အသိဆုံး။ဒီကောင်က အရမ်း ရက်စက်တာ”
“အဲ့အတွက်တော့ စိတ်ချပါ ဦးလေး။
အထက်ကလည်း ဒီလို အောက်လမ်း
ကောင်တွေကို ဘယ်တော့မှ ပညာ
အဆင့် မတတ်ခိုင်းပါဘူး”
“ကောင်းပြီ ငါ့တူ။ငါ့တူလိုတာရှိ ဦးလေးကို ပြော။အကုန် ဖြစ်စေရမယ်။
ခုတော့ ခဏ နားပြီး ထမင်းလေး စား
ရအောင်”
“ဟုတ်ပါပြီ ဦးလေး။ခုလောက်ဆို
ဒီအောက်လမ်းကောင်လည်း ကြိုတင်
ပြင်ဆင်ထားပြီးရောပေါ့”
တေဇာသလည်း ဤသို့ပြော၍ ခန
နားလိုက်သည်။ထို့နောက် သူကြီးပြင်
ပေးသော ထမင်း ဝိုင်းအား ဝင်စားလိုက်သည်။ထမင်း စား၍ ပြီးသော
အခါ တေဇာသ တစ်ယောက် ခဏမှေး
လိုက်သည်။ဤအချိန် တေဇာသလည်း
လေများ တဟူးဟူး
တိုက်ခပ်နေသည့် တောကြီး အတွင်း
ရောက်ရှိနေ၏။စိမ်းစိုစို သစ်ပင်ကြီး
များကြောင့် အရိပ် အာဝါသ ကောင်းလှပေသည်။တေဇာသလည်း ရှေ့သို့
ဆက်လျှောက်လှမ်း လာခဲ့သည်။ဤသို့
ေလျှာက်လှမ်း လာရင်း တစ်နေရာ
အရောက်တွင် တေဇာသ၏ နောက် မှ
ခေါ်သံအား ကြားလိုက်သည်။
“လူလေး အဘ ရှိလာပါဦးကွယ့်”
တေဇာလည်း အသံ ကြားရာဆီသို့
ကြည့်လိုက်သောအခါ အဘ ဆရာ
အရှင်မဟာ ဖြစ်နေလေ၏။ထို့နောက်
အရှင်မဟာသည် တေဇာသအား စကား စလိုက်သည်။
“လူလေး လောကီ အရေးတွေကို ထမ်း
ဆောင်ရတာ ပျော်ရဲ့လားကွယ့်”
တေဇာသ သည် အဘ ဆရာ၏ အမေး
အား ပြုံးစိစိဖြင့် ပြန်ပြောလိုက်သည်။
“အဘကလည်းဗျာ ကျုပ်က ခုနှစ်ရက်
သာသမီးတွေကို ကယ်တင်ဖို့ မွေးဖွား
လာခဲ့တာပဲ ပျော်တာပေါ့”
“ဒါနဲ့ လူလေး ခုရင်ဆိုင်ရမယ့် ဘလူက
တော်ရုံ မဟုတ်ဘူး။အဲ့ဒီ ငမိုက်သားက
ကျင့်စဥ် အတော်များများ အောင်မြင်
ပြီးပြီ။အဲ့ဒါကြောင့် သတိရှိ လူလေး”
“ဒါဆို ဒီအောက်လမ်း ဆရာ ဘလူက
တော်ရုံ ဆရာ မဟုတ်ဘူးပေါ့ အဘ။ကျုပ်သတိရှိပါ့မယ်”
“ေကာင်းပါပြီ လူလေး။လောကမှာ
လူတိုင်းကို မယုံကြည်နဲ့ မာယာ များတယ်ကွယ့်”
“ဟုတ်အဘ ကျုပ် အရာရာ သတိထား
ပြီး လောကီ အကျိုး သယ်ပိုးပါ့မယ်”
တေဇာသ သည် ဤသို့ ပြော၍ အဘ
ဆရာအား ကြည့်လိုက် သောအခါ
မတွေ့ရတော့ပေ။ထို့နောက် တေဇာသ
လည်း လေဟာနယ် တစ်ခုအား ဖြတ်သန်း၍ အိပ်ယာမှ လန့်နိုး လာလေ
သည်။သူကြီးလည်း အိပ်ယာ နိုးလာ
သော တေဇာသအား ကြည့်၍ လှမ်း
ပြောလိုက်သည်။
“ငါ့တူလည်း ခရီး ပန်းလာတာ ထင်ပါရဲ့။ထမင်း စားသောက်ပြီး အိပ်မောကြ
သွားတာပဲ”
“ဟုတ်တယ် ဦးလေး။ကျုပ်လဲ ခရီး
ပန်းသွားတော့ ခဏ အိပ်ပျော်သွားတာ”
တေဇာသ သည် ဤသို့ပြော၍ မျက်နှာ
ထသစ်လိုက်သည်။ထို့နောက် အိမ်ရှေ့
မှ ပုဆိုး အပြာကွက်နှင့် ပြေးလာသော
လူငယ် တစ်ဦးအား တေဇာသ မြင်
လိုက်သည်။လူငယ်သည် အိမ်ရှေ့သို့
ရောက်သောအခါ သူကြီးအား လှမ်းခေါ်လိုက်သည်။
“သူကြီးရေ သူကြီး ကျုပ်ဖိုးပုရယ်။
အောက်လမ်း ဆရာ ဘလူရယ် ရွာအနောက်ဘက်က သုသာန်ဘက်ကို
အမဲသား အတွဲကြီး ဆွဲပြီး ထွက်သွားတာ တွေ့လိုက်တယ်”
ဖိုးပု၏ အသံကြောင့် ရွာသူကြီးလဲ
အိမ်ရှေ့သို့ ထွက်လာလေသည်။
“ဒါဆို တစ်ခုခုပြီ ထင်တဲ့ ဖိုးပုရေ။ဒီ
ကောင် ဘလူ ဘာတွေ မွှေဦးမလည်း မသိဘူးကွာ”
သူကြီးသည် ဤသို့ပြော၍ သက်ပြင်း
ရှည်ကြီး တစ်ချက်အား မှုတ်ထုတ်လိုက်သည်။ထို့နောက် တေဇာသလည်း
စကားအား ကြားဖြတ် ဝင်ပြောလိုက်
သည်။
.”အရမ်းလည်း စိတ်မညစ်နေပါနဲ့
ဦးးလေး။အချိန်ရှိတုန်း ကန်တော့ပွဲ
တစ်ပွဲ ပြင်ဆင်ပေးပါ”
တေဇာသ၏ စကားကြောင့် သူကြီး
လည်း ခေါင်းညိတ် ပြလိုက်သည်။
ထို့နောက် တေဇာသလည်း ဘုရားခန်း
အတွင်း ဝင်၍ ဝတ်ပြုလိုက်သည်။
ဘုရားအား ဝတ်ပြု၍ လွယ်အိတ်ထဲမှ
အင်းများပါ တစ်ခါထဲ နှိုးထားလိုက်သည်။
အချိန်သည် မည်မျှ ကြာသွားသည်
မသိပေ။မှောင်ခါနီး အချိန်သို့ ရောက်
သောအခါ သူကြီး၏ ေခါ်သံအား တေဇာသ တစ်ယောက် ကြားလိုက်ရသည်။
“ငါ့တူရေ ပြောထားတဲ့ ကန်တော့ပွဲတော့ရပြီ ဘာဆက် လုပ်ကြမလဲ”
“ဒါဆို ရွာထိပ်က နတ််နန်းကို သွားရ
အောင် ဦးလေး။ဘေးနားက ဖိုးပုပါ
ခေါ်ခဲ့လေ။လိုက်ရဲတယ် မလား ဖိုးပု”
တေဇာသ သည် ဖိုးပုအား ပြုံးပြ၍
မေးလိုက်သည်။
“ဟာ လိုက်ရဲတာပေါ့ ဆရာလေးရာ။
ကျုပ်က တစ်ကောင်ကြွက်ဗျ။မြေ
အိုး ကောက်ပြီး တစ်ယောက်ထဲ ဝမ်းရေး အတွက် ဖြည့်ဆည်းနေရတာ။
ဆရာလေးသာ ခေါ်မယ်ဆို အပြီး
လိုက် မှာ။ဒီလို ပညာရပ်တွေကို
အရမ်း စိတ်ဝင်စားတယ်ဗျာ”
“ဖိုးပု မင်းလိုက်ချင်ခေါ်မှာပေါ့ကွ။ခုတော့ အချိန်ရှိတုန်း သွားကြရအောင်”
တေဇာသလည်း ဤသို့ပြော၍ သုံးယောက်သား ရွာထိပ်သို့ ထွက်လာခဲ့သည်။ရွာလယ် လမ်းအတိုင်း လျှောက်
လှမ်းလာသော တေဇာသတို့အား ခွေးမဲမဲ တစ်ကောင်မှ သဲကြီးမဲကြီး
ဟောင်နေလေ၏။
“သူကြီး ဟိုခွေးကလည်း ခုနေ့မှ ဘာလို့ အရမ်း ဟောင်နေတာလည်း မသိဘူး”
ဖိုးပုသည် သူကြီးအား ပြောလိုက်ခြင်း
ဖြစ်သည်။
“ဟုတ်တယ် ဖိုးပု မောင်းလိုက်စမ်းကွာ
အဲ့ခွေးကို။ခုလို အချိန်မှာ အဖျက်ရှိတာ
မဆန်းပါဘူးကွာ”
ဖိုးပုလည်း သူကြီး ပြောစကားကြောင့်
အဆက် မပြတ်ဟောင်နေသော ခွေးအား မောင်းလိုက်သည်။တေဇာသ
လည်း ရွာထိပ်ရှိ နတ်ကွန်းသို့ရောက်
သောအခါ ကန်တော့ ပွဲအား ရှေ့ချ၍
ဖယောင်း တိုင်အား ထွန်းလိုက်သည်။
ထို့နောက် နှုတ်မှ ဂါထာ တစ်ပုဒ်အား
ရွတ်ဆိုလိုက်သည်။ဂါထာ ရွက်ဆိုပြီးသောအခါ ကန်တော့ပွဲအား လက်နှစ်ဖက်ဖြင့် မြောက်၍ ပြောလိုက်သည်။
“ဤအရပ်၌ ရှိသော ကိုးမြို့ရှင်နဲ့
နယ်ပိုင် ဘိုးဘိုကြီးတို့်ကို ကန်တော့ပါတယ်။မကောင်းမှု ဘေးမှ ဤရွာအား
ကယ်တင်ပေးပါ”
တေဇာသ သည် ဤသို့ပြော၍ ကန်တော့ပွဲအား ပြန်ချလိုက်သည်။
သူကြီးနှင့် ဖိုးပုသည် တေဇာသအား
ဘေးနားတွင် ရပ်ကြည့်နေလေ၏။
ဤအချိန် လေပြင်း တစ်ချက် ဝေ့ဝဲ
တိုက်ခက် လာလေသည်။ထို့နောက်
ေလထဲတွင် မြင်းဟီသံ တစ်ချက်
အား ကြားလိုက်ရသည်။ဤအခါ
ဖိုးပုသည် တေဇာသအား မေးလိုက်သည်။
“ဆရာလေး မြင်းဟိန်းသံ ကြားတယ်။
ွဒီနား မြင်းလည်း မရှိပါဘူး”
“ကြားမှာပေါ့ ဖိုးပုရဲ့ မင်းက ငါ့တပည့်
သာလုပ်ချင်တာ ဝေးလိုက်တာ။အဲ့ဒါက
ကိုးမြို့ရှင် လာသွားလို့ မြင်းဟိန်းသံ
ကြားရတာပေါ့”
တေဇာသ သည် ဤသို့ပြော၍ ေကာင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ဤ
အချိ်န် ငှက်စုန်း နှစ်ကောင်သည် အော်
ဟစ်၍ ရွာအနောက်ဘက် သုသာန်ဆီ
သို့ ဦးတည် ပျံသန်းသွားလေသည်။
“ကဲ ဦးလေးနဲ့ ဖိုးပု အောက်လမ်း
ကောင်ကတော့ လုပ်ငန်းစနေပြီ။ကျုပ်
သွားဖို့ပဲ လိုတော့တယ်။ဦးလေးတို့
ရွာပြန်ပါ။ရွာအပြင်မှာ ဘာသံပဲကြား
ကြား ထွက် မကြည့်ကြပါနဲ့။ကျုပ်အတွက်တော့ စိတ်ချ”
ဤအခါ သူကြီးသည် တေဇာသအား
စိတ်ပူသည့် ဟန်ဖြင့် မေးလိုက်သည်။
“ဖြစ်ပါ့မလား ငါ့တူ ။ဦးလေးတို့
စိတ်ပူတယ်”
“စိတ်မပူနဲ့ ဦးလေး ဖိုးပုကိုခေါ်ပြီး
ရွာကို ပြန်တော့ ကျုပ် ရွာအနောက်ဘက်က သုသာန်ကို သွားတော့မယ်”
တေဇာသ သည် ဤသို့ပြော၍ သုသာန်
ရှိရာသို့ ထွက်လာခဲ့သည်။ဤသို့ လျှောက်လှမ်း လာရင်း သုသာန်
အဝင်သို့ ရောက်သောအခါ တေဇာသ
လည်း ရပ်လိုက်သည်။ထို့နောက်
သစ်ပင် အကွယ်မှ သုသာန်အတွင်း
ကြည့်လိုက်သည်။အုံမှိုင်းမှိုင်း သစ်ပင်
ကြီး၏ အောက်တွင် အုတ်ဂူ တစ်လုံး
အား တွေ့လိုက်ရသည်။
ထို့နောက် အုတ်ဂူပေါ်တွင် ဖက်ဖြင့်
အမဲသားများ တင်ထားသည်ကိုပါ
တေဇာသ တွေ့လိုက်ရသည်။တေဇာသလည်း ခြောက်ကပ်နေသော သစ်ရွက် ခြောက် များအား နင်း၍ ဦးဘလူ
ရှေ့သို့ ထွက်လာခဲ့သည်။အချိန်သည်
လည်း မှောင်စ ပြုနေပြီ ဖြစ်သည်။
ပုဆိုး အပြာကွက်ကြီးနှင့် ဆံပင် ရှည်
ရှည် လူကြီးသည် တေဇာသအား မြင်
ရသောအခါ မျက်နှာထား တင်းမာ
သွားလေသည်။ထိုလူကြီးမှာ တခြားသူ
မဟုတ် ဦးဘလူပင် ဖြစ်သည်။တေဇာသ သည် ဦးဘလူအား ကြည့်၍ စကား
စလိုက်သည်။
“ဦးဘလူ ခဗျား ကျင့်စဥ်ကို တားဆီး
ဖို့ အထက်က တာဝန်ပေးလို့ ကျုပ်လည်း လာရတာ စိတ်မကောင်းပါဘူး။
ခဗျားရဲ့ မကောင်းတဲ့ ပညာတွေကြောင့် လူတွေလည်း သေကြေ ကုန်ကျပြီ။
ဒီတော့ ခဗျား ပညာတွေကို ကျုပ်
ရပ်တန့် ပေးရမယ် ဦးဘလူ”
တေဇာသ၏ စကားကြောင့် ဦးဘလူ
လည်း စိတ်တိုသွားလေသည်။
“မင်းလို ဆရာ ပေါက်စက ငါ့လို
အောက်လမ်း ဆရာကြီးကို ရာရာစစ
လာပြောရဲတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့
သေမှာ မကြောက်ဘူးလား ကောင်လေး”
“သေရမှာသာ ေကြာက်ရရင် လောကမှာ မကောင်းမှုတွေက ကြီးစိုးသွားမှာပေါ့ ဦးဘလူရဲ့”
တေဇာသ သည် လေသံ အေးအေးနှင့်
ပြန်ပြောလိုက်သည်။ဤအချိန် သုသာန်
အတွင်း လေအေးများ တိုက်ခက်
လာလေသည်။လေများ၏ အရှိန်ကြောင့် သစ်ကို်င်းများ လေယူရာ ယိမ်းနွဲ့
နေကြသည်။
“ကဲ ကောင်လေး မင်းပညာ အဆင့်က
ငါနဲ့ မတန်သေးဘူး။ရှင်းရှင်း ပြောရရင်
လူမသတ်ချင်သေးဘူး။ငါကျင့်စဥ်
တတ်ဖို့ပဲ ခေါင်းထဲ ရှိတယ်”
“ခုတော့ သေရမှာ ကြောက်နေပြီလား
ဦးဘလူ ”
တေဇာသ၏ ခပ်တင်းတင်း လေသံ
ကြောင့် ဦးဘလူလည်း တောက်ခေါက်
လိုက်သည်။
“တောက် ဒီလောက် သေချင်တဲ့ကောင်
သေရမယ်။မယ််ခနဲ့ မယ်လှ ခုလာပြီး
ဒီကောင်ကို သတ်ကြစမ်း”
ဦးဘလူ၏ စကားကြောင့် ကောင်းကင်
ပေါ်မှ ငှက်စုန်း နှစ်ကောင် အောက်သို့ဆင်းလာလေသည်။ငှက်စုန်း နှစ်ကောင်သည် မြေပြင်ပေါ်သို့ ရောက်
သည်နှင့် ထမိန် အနက်နှင့် မိန်းမ
နှစ်ဦး အသွင်သို့ ကူးပြောင်း
သွားလေသည်။ထို့နောက် တေဇာသ
လည်း လက်ဖြင့် ဘေးပတ်လည် သို့
စည်းဝိုင်း တစ်ခု တားလိုက်သည်။
“ကဲ ဦးဘလူ အချိန်ကြာတယ်။ခဗျား
တပည့် နှစ်ယောက်ကို တိုက်ခိုင်းတော့”
တေဇာသ သည် စိတ်မရှည်သည့်
အသံဖြင့် ပြောလိုက်သည်။တေဇာသ
၏ စကားကြောင့် စုန်းမ နှစ်ဦးလည်း
ေဒါသ ထွက်သွားလေသည်။
“ဒီမှာ ဆရာစုတ်။နင့်လို ပညာ အဆင့်နဲ့
ယှဥ်ပြိုင်ရမှာ မတန်လို့ ဆရာကြီးက
ငါတို့နဲ့တိုက်ခိုင်းတာ ရော့ ဒီလောက်
သေချင်တဲ့ အကောင်”
စုန်းမ နှစ်ဦးသည် တေဇာသအား ဤသို့ပြော၍ စက်ဖြင့် ပစ်လိုက်သည်။
ေတဇာသလည်း မိမိ ရှေ့သို့ တိုးဝင်
လာသော စက်အား လက်ဖြင့် အသာ
အယာ ရိုက်ချလိုက်သည်။
“ဝုန်း ဖြောင်း ဖြောင်း”
တေဇာသ၏ ရိုက်ချက်ကြောင့် စုန်းမ
များ၏ စက် များ ဘေးသို့ လွင့်စင်ကုန် ေလသည်။
“နင်လို ဆရာက အလာသားပဲ။ရော့
ငါ့တို့ နှစ်ယောက်ရဲ့ တိုက် မြွေ
ပညာကို မြည်းစမ်းကြည့်စမ်း”
စုန်းမ နှစ်ဦးသည် ဤသို့ပြော၍ ခေါင်း
မှ ဆံပင် တစ်ချောင်း ဆီအား နှုတ်၍
ဂါထာ တစ်ပုဒ်အား ရွတ်လိုက်သည်။
ထို့နောက် လက်ထဲတွင် ရှိသော ဆံပင်
များအား မြေပြင်ပေါ်သို့ ချလိုက်သော
အခါ ပေါင်လုံးခန့်ရှိသော မြွေဟောက်ကြီး နှစ်ကောင် အသွင်သို့ ပြောင်းလဲ
သွားလေသည်။တေဇာသလည်း စုန်း
မ နှစ်ဦး၏ တိုက် မြွေ ပညာအား
ကြည့်၍ တော်ရုံ အဆင့် မဟုတ်မှန်း
ရိပ်စား မိသည်။မြွေဟောက်ကြီး
နှစ်ကောင်သည် နီရဲသော မျက်လုံး
များဖြင့် တေဇာသအား ပေါက်သတ်ရန် ရှေ့သို့ တိုးလာခဲ့သည်။တေဇာသ
လည်း မိမိ ရှေ့သို့ တိုးဝင်လာသော
မြွေ နှစ်ကောင်အား ကြည့်၍ မျက်လုံး
မှိတ်လိုက်သည်။မြွေကြီး နှစ်ကောင်
သည် တေဇာသ တားသော စည်းနား
သို့ ေရာက်သောအခါ ရပ်သွားလေသည်။အဘယ့်ကြောင့် ဆိုသော် တေဇာ
သ၏ ဘေးပတ်လည်မှ မီးများ တောက်လောင် လာသောကြောင့်
ဖြစ်သည်။မြွေဆိုးများသည် မီးအပူအား ကြောက်သည် မဟုတ်ပါလား။
ထို့အခါ စုန်းမ နှစ်ဦးသည် မြွေကြီး
နှစ်ကောင်အား အမိန့်ပေးလိုက်သည်။
“မီးကို ကြောက် မနေနဲ့ ဒီ ဆရာစုတ်ကို
ခုချက်ချင်း ပေါက်သတ်ပြစ်စမ်း”
စုန်းမ နှစ်ဦး၏ စကားကြောင့် မြွေ
နှစ်ကောင်လည်း မီးထဲသို့
တိုးဝင်လာလေသည်။ပူပြင်းလှသော
မီးအရှိန်ကြောင့် မြွေကြီး နှစ်ကောင်လည်း အပိုင်းပိုင်း ပြတ်၍ ပျောက်ကွယ်သွားလေသည်။ဤမြင်ကွင်း
ကြောင့် စုန်းမ နှစ်ဦးလည်း မျက်နှာ
ပျက် သွားလေသည်။
“လူသာ ငယ်တာ ပညာက အလာသား
ပဲ ငါတို့ နှစ်ယောက်ရဲ့ နောက်ဆုံး
စက်ကို မြည်းကြည့်စမ်း ဆရာစုတ်”
စုန်းမနှစ်ဦးသည် တေဇာသအား ဤသို့
ပြော၍ လက်ခြင်း ချိတ်ပြီး အမဲရောင်
စက်တန်းကြီးအား ထုတ်လိုက်သည်။
ထို့နောက် လျှင်မြန်လှသော အရှိန်ဖြင့်.တေဇာသ ဆီသို့ ပြစ်လိုက်သည်။
တေဇာသည်း မိမိထံ တိုးဝင်လာသော
စက်အား စက်ဖျက်အင်းဖြင့် ပစ်ပေါက်လိုက်သည်။
“ဝုန်း”
ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်
လာပြီးနောက် ပတ်ဝန်းကျင်သည် သဲသဲကွဲကွဲ မမြင်ရအောင် မီးခိုးများ
လွမ်းခြုံသွားသည်။တေဇာသလည်း
ရပ်နေရာမှ နောက်သို့ အနည်းငယ်
ယိုင်သွားလေသည်။မီးခိုးလုံးများ
ရှင်းလင်း သွားသောအခါ သစ်ရွက်
ခြောက် များပေါ်တွင် သေဆုံးနေ
သော ငှက်စုန်း နှစ်ကောင်အား တွေ့လိုက်ရသည်။
“လူတွေ လူတွေ မကောင်းတဲ့ ပညာ
နောက်လိုက်ရင်း သေဆုံးသွားတဲ့အခါ
ပညာရဲ့ ဝါးမျိုခြင်းကို ခံရပြီ ငှက်စုန်း
အဖြစ် သေရတယ်လို့ ကြည့်ထား ဦးဘလူ”
တေဇာသ သည် ဦးဘလူအား ပြောလိုက်သည်။ဦးဘလူလည်း တပည့်
ွနှစ်ဦး သေဆုံးသွားသည်ကို ကြည့်၍
ဒေါသ ထွက်သွားလေသည်။
“ငါ့တပည့် နှစ်ယောက်ကို သတ်တဲ့
မင်းလိုကောင်ကို ငါ့ပညာနဲ့ သတ်ပြီး
တစ်သက်လုံး ကျွန်ပြု ပြစ်မယ်”
ဦးဘလူသည် တေဇာသအား ဤသို့
ပြော၍ အမဲရောင် ကျား ရုပ်လေး
အား ထုတ်လိုက်သည်။ထို့နောက် လက်
ဖဝါးအား ဓားဖြင့် လှီး၍ ထွက်လာ.သော သွေးများအား ကျားရုပ်
အပေါ်သို့ သုတ်လိုက်သည်။ဦးဘလူ
လည်း သွေးစများနှင့် ပေနေသော ကျားရုပ်အား ကိုင်၍ ဂါထာ တစ်ပုဒ်အား ရွက်ဆိုလိုက်သည်။ထို့နောက် ကျားရုပ်အား မြေပြင်ပေါ်သို့ ပစ်ချ
လိုက်သည်။အနက်ရောင် ကျားရုပ်
လေးသည် မြေပြင်ပေါ်သို့ ရောက်သည်
နှင်် ့ကျားကြီး တစ်ကောင် အသွင်သို့
ပြောင်းလဲသွားလေသည်။ထို့နောက်
ကျားကြီးသည် နီရဲသော မျက်လုံး
များဖြစ် တေဇာသအား ဟိန်းဟောက်
လိုက်သည်။
“ဝေါင်း ဝေါင်း”
တေဇာသလည်း မိမိရှေ့တွင် ရပ်နေ
သော ကျားကြီးအား ကြည့်၍ မှင်
သက်နေမိသည်။
“ကဲ သားကြီး ဒီမလောက်လေး
မလောက်စား ဆရာကို ကိုက်သတ်
ပြစ်စမ်း လူသွေးက ချိုတာ သိတယ်.မလား ဟား ဟား”
ဦးဘလူ၏ ရယ်သံသည် တိတ်ဆိတ်
လှသော အမှောင်ထုအတွင်း တိုးဝင်
ပျောက်ကွယ်သွားသည်။ထို့နောက်
ကျားကြီးသည် တေဇာသအား ခုန်
အုပ်လိုက်သောအခါ တစ်စုံ တစ်ဦး
၏ ဓားချက်ကြောင့် ခေါင်းကြီး
ပြတ်သွားလေ၏။တေဇာသလည်း
လျှင်မြန်လှသော အရှိန်ကြောင့်
ကြောင်ကြည့် နေမိသည်။မကြာမီ
တေဇာသ တစ်ယောက် သတိ ပြန်ဝင်လာ၍ ဘေးသို့ ကြည့်လိုက် သောအခါ မြင်းပေါ်မှ ကိုးမြို့ရှင်အား ေတွ့လိုက်ရသည်။
ကိုးမြို့ရှင်သည် ဓားနှစ်ဖက်အား
လွယ်၍ တေဇာသအား ပြုံးပြလိုက်
သည်။တေဇာသလည်း တိုက်ကျား
ေသသည်မှာ ကိုးမြို့ရှင် လက်ချက်
မှန်းသိ၍ လက်ကာ ပြလိုက်သည်။
ထို့နောက် ကိုးမြို့ရှင်သည် မြင်းဟီသံ
နှင့် အတူ အမှောင်ထဲသို့ တိုးဝင်.ပျောက်ကွယ် သွားလေသည်။ပြီးနောက် ဦးဘလူအား ကြည့်လိုက် သောအခါ ချထားသော စည်းများ ကျိုးပျက်၍
အရူး တစ်ယောက်လို ရယ်မောနေလသည်။ထို့နောက် ရယ်မော၍ သုသာန် အတွင်း တိုးဝင်
သွားလေသည်။ဤမြင်ကွင်းကြောင့် တေဇာသလည်း ဦးဘလူအား ပညာ စက်ဖြင့် ပစ်ရန် ပြင်လိုက်သည်။ဤအချိန် တေဇာသ၏ နားထဲသို့
အဘဆရာ၏ စကားသံ တိုးဝင်.လာလေသည်။
“လူလေး ဘလူကို မသတ်နဲ့။သူ့ရဲ့
မကောင်းမှု ပညာတွေကို အရူးဘဝနဲ့
ဆပ်ပါစေ ”
တေဇာသလည်း အဘဖြစ်သူ၏ စကား
သံကြောင့် ဦးဘလူအား မသတ်ပဲ
ရွာထဲသို့ ပြန်လာခဲ့သည်။
ကြိုက်နှစ်သက်ရင် Like share
ပြုလုပ်ပေးခဲ့ပါ။
ဖြိုးဧရာ (မြန်အောင်)